Saturday, January 12, 2013

"အမေရိကန် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ"

Popular news
_________________________________


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နေ့လည် ၁၂ နာ၇ီ ၃၀ မိနစ်တွင် Pacific Council မှ ရင်းနှီမြုပ်နှံမှု ဆိုင်ရာ လုပ်ငန်းရှင်များနှင့် နေပြည်တော် လွှတ်တော် အဆောက်အအုံ ရှိ ( I.12)တွင် တွေ့ဆုံ

"ရင်းနှီးမြုပ်နှံ မှု အခြေအနေတွေ ကို လာပြီးလေ့လာတာပါ၊ အခြေအနေတွေ ဘယ်လို ရှိနေပြီလဲ ဆိုတာ သိချင်တဲ့ သဘောပါပဲ၊အားလုံးက အမေရိကန်က ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေချည်းပါပဲ၊ ဆက်သွယ်ရေး၊ ပြတိုက်လုပ်ငန်း၊မြို့ပြစီမံကိန်းလုပ်ငန်းရှင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ကမ္ဘာကျော်(NIKE/OKEY)စတဲ့ အ၀တ်အထည် တံဆိပ်တွေထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေပါ"ဟု ၄င်းအဖွဲ့နှင့် လိုက်ပါလာသော DR. Miemie Winn Byrd (Associate professor) ကပြောသည်။
ယင်းအဖွဲ့တွင် လုပ်ငန်းရှင် စုစုပေါင်း ၁၆ ဦးပါဝင်ကြောင်းသိရသည်။-

ငါးလောင်းပြိုင်လူသတ်မူ့တရားခံဘယ်သူလဲ..?

                          "လွမ်းဆွတ်သတိရခြင်း"

                    ဦးစ၀်ကြည်ဖ(ခ)ဦးချာလီ၊ဒေါ်စန်းစန်းမြ

                    မြစန္ဒာ(ခ)ပီးပီး၊နှင်းပွင့်အေး(ခ)ပူးပူး

      ချစ်ဇနီး ပီးလေး၊အဖေ၊အမေစန်းနဲ့ညီမလေးတို့(၁၁)လတိတိပြည့်ခဲ့ပေမယ့်လည်း"အထူးသ

ဖြင့် ပီးလေးရဲ့လှုပ်ရှားဟန် စကားသံလေးတွေကိုမြင်ယောင်ကြားယောင်ပြီး သတိရကြေကွဲ

နှမြောတသ လွမ်းဆွတ်ရဆဲပါ"

    ပီးလေးတို့မိသားစုအားလုံးအတွက် ရည်ဇူးပြီး နေ့စဉ် လစဉ်မပြတ်ပြုပေးနေသော ကုသိုလ်

ကောင်းမူ့အစုစုတို့၏ အဖို့ဘာဂကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်ဆိုနိုင်ကြပါစေ.....

                                                                                ပီးလေးချစ်သော-မောင်ကြီး(ကိုသုဇော်)နှင့်

                                                                                 Fuji Coffee House မိသားစု

     ဒီကြော်ငြာလေးကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ထုတ် နအဖ မြန်မာ့အလင်းသတင်း

စာရဲ့ စာမျက်နှာ(၁၈)မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ 2008ခုနှစ်က  ရန်ကုန်

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာလမ်းသွယ် အမှတ်(126)နေအိမ်မှာ

အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ရတဲ့ မိသားစုအတွက် ကျန်ရစ်သူ ကိုသုဇော်

က ၀မ်းနည်းကြေကွဲစွာနဲ့ အမျှဝေလိုက်တဲ့ ကြော်ငြာတိုလေးဖြစ်ပါတယ်။

    ဒီမြို့လယ်ခေါင် အစုလိုက်အပြုံလိုက် လူသတ်မူ့ကြီးဟာ လွန်ခဲ့တဲ့(2008)မတ်လ(3)ရက်နေ့

ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသတ်ခံရတဲ့မိသားစုဟာ ပါလီမန်ခေတ်က မြန်မာနိုင်

ငံမှာ အချမ်းသာဆုံးဖြစ်ခဲ့ပြီး စာရေးဆရာသော်တာဆွေက "ငွေကိုရေလိုသုံးသူ"လို့ တင်စားပြော

ဆိုခံရတဲ့ မိုးကုတ်သူဌေးဦးမြမောင်နဲ့ဒေါ်အုန်းကြီတို့ရဲ့ တစ်ဦးတည်းသောသမီး ဒေါ်စန်းစန်းမြ

(58)နှစ်၊သူမရဲ့ခင်ပွန်း ဦးစ၀်ကြည်ဖ(ခေါ်)ဦးချာလီ(59)နှစ်၊မွေးစားသမီး(တူမအရင်း) တွေဖြစ်

ကြတဲ့ မမြစန္ဒာ(ခ)ပီးပီး(35)နှစ်၊မနှင်းပွင့်အေး(ခ)ပူးပူး(27)နဲ့အိမ်ဖော်မလေး မအယ်ဖော(15)နှစ်

တို့ ဖြစ်ပါတယ်။

       အလောင်းတွေကို စတင်တွေ့ရှိသူကတော့ မမြစန္ဒာရဲ့ခင်ပွန်း ကိုသုဇော်ဖြစ်ကြောင်း သိရှိရ

ပါတယ်။ကိုသုဇော်ဟာ Mr.Serge Punရဲ့ (S.P.A Group)မှာ အဓိက အစုရှယ်ယာရှင်တစ်ဦး

ဖြစ်တဲ့အပြင် မိဘဖြစ်သူ ဦးမင်းလှိုင်၊ဒေါ်တင်တင်ဝင်းတို့ရဲ့ Fuji Coffee Houseလုပ်ငန်းတွေ

ကိုလည်း ဦးဆောင်လုပ်ကိုနေသူတစ်ဦးဖြစ်ကြောင်း သိ၇ှိရပါတယ်။ အခင်းဖြစ်ပွားချိန်မှာ ကိုသု

ဇော်ဟာ တက္ကသိုလ်ရိပ်သာလမ်းမှာ၇ှိတဲ့ Fuji Coffee House မှာရောက်ရှိနေပြီး ညနေ(6)နာ

ရီခွဲလောက်မှာ  အိမ်ကိုပြန်လာစဉ် ပြန့်ကျဲနေတဲ့အလောင်းတွေကို တွေ့ရှိရတာဖြစ်ပါတယ်။

သူ့ရဲ့အကြောင်းကြားချက်အရ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေဟာ အဲဒီညနေ(7)နာရီလောက်

မှာ အခင်းဖြစ်ပွားတဲ့နေရာကို လာရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။

  အမျိုးသားတစ်ဦးအပါအ၀င် အမျိုးသမီးလေးဦးရဲ့အလောင်းတွေကို အခင်းဖြစ်ပွားရာနေအိမ်ရဲ့

အပေါ်ထပ်လှေခါးထိပ်၊အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်နဲ့ ခုတင်ရဲ့ဘေး ၀ဲ၊ယာတွေမှာ သေနတ်

ဒဏ်ရာတွေနဲ့ တွေ့ရှိရတယ်လို့ဆိုပါတယ်။ ထူးခြားချက်က ပစ်သတ်ခံရသူအားလုံးဟာ ၀ဲ/ယာ

နားထင်တွေကို တေ့ပြီးမှ သွေးအေးအေးနဲ့ပစ်ခတ်သတ်ဖြတ်တာကိုခံခဲ့ရခြင်း ဖြစ်ပါတယ်။

စစ်ဆေးတွေ့၇ှိရတဲ့ကျည်ဖူးတွေနဲ့ ကျည်ခွံတွေအရ လူသတ်သမားတွေဟာ တပ်မတော်အရာရှိ

တွေ အများဆုံးအသုံးပြုတဲ့ ၉မမ(9mm)ပစ္စတိုသေနတ်တွေကို အသုံးပြုပြီး (18)ချက်တိတိ ပစ်

ခတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ကျည်ဆံခွံတွေမှာ (က-ပ-စ)ဆိုတဲ့ နိုင်ငံတော်ကာကွယ်ရေး

ပစ္စည်းစက်ရုံရဲ့ အမှတ်အသားတွေကိုတွေ့ရှိရတဲ့အပြင် ကျည်ခွံတွေပေါ်က မောင်းရိုက်ချက်တွေ

အရ လူသတ်မူ့ကျူးလွန်ရာမှာ (9mm)ပစ္စတိုသေနတ် အနည်းဆုံးသုံးချက်လောက်ကို အသုံးပြု

ခဲ့ကြောင်း သိရှိရပါတယ်။ အသံတိတ်ကရိယာ(Silencer)တပ်ဆင်ထားတဲ့ ပစ္စတိုသေနတ်တွေ

ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုသွားခဲ့တာကို ထောက်ရူခြင်းအားဖြင့် သေနတ်သမားတွေဟာ

အထူးလေ့ကျင့်ထားတဲ့ သုတ်သင်သတ်ဖြတ်ရေးသမားတွေ (Assasins)ဖြစ်နိုင်တယ်လို့ဆိုပါ

တယ်။

      အခင်းဖြစ်ပွားခဲ့တဲ့ နေအိမ်နဲ့ခြံဝမှာ တပ်ဆင်ထားတဲ့လုံခြုံရေးကင်မရာတွေကို စစ်ဆေးကြည့်

ရူရာမှာလည်း အခင်းဖြစ်ပွားချိန်လောက်က ရိုက်ကူးထားတဲ့ ပုံရိပ်မှတ်တမ်းတွေကိုမတွေ့ရပဲ

အခင်းဖြစ်ပွားပြီးနောက်ပိုင်းရိုက်ကူးထားတဲ့ ပုံရိပ်မှတ်တမ်းတွေကိုသာတွေ့၇ှိရတဲ့အတွက် လူ

သတ်မူ့ကျူးလွန်ချိန်မှာ လူသတ်သမားတွေက လုံခြုံရေးကင်မရာတွေကို ကြိုတင်ပိတ်ထားတာ

ဖြစ်နိုင်ကြောင်း၊လူသတ်သမားတွေဟာ မျက်မြင်သက်သေတစ်ဦးမှမကျန်ရအောင်လည်း နေ

အိမ်အတွင်းမှာ တွေ့တဲ့သူမှန်သမျှ အသက်(15)နှစ်အ၇ွယ် အိမ်ဖော်မလေးကိုတောင်မချန်ပဲ

အပြတ်ရှင်းခဲ့တာတွေ့ရကြောင်း ၊လက်ဗွေရာတွေ မကျန်ရစ်ခဲ့အောင်လည်း ကြိုတင်ပြင်ဆင်ပြီး

သတိထားလုပ်ဆောင်သွားခဲ့တဲ့ အထောက်အထားမျိုးတွေကို တွေ့ရှိရကြောင်း အခင်းဖြစ်ပွား

ရာနေရာကို စစ်ဆေးရာမှာပါဝင်ခဲ့တဲ့ လုံခြုံရေးအရာ၇ှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

     အခင်းဖြစ်ပွားတဲ့နေအိမ်ဟာ နိုင်ငံတော်အစိုးရရဲ့ စိမ်းလဲ့ကန်သာဧည့်ဂေဟာနဲ့ ကြံ့ဖွံ့ဗဟို

ဌာနချုပ်ရုံးတို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုအကျယ်ချုပ်ချထားတဲ့ သူမရဲ့နေအိမ်နဲ့လည်း

သိပ်မဝေးတဲ့အတွက် ဒီလူသတ်မူ့ကြီးကို ကျူးလွန်ခဲ့သူ တွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ လုံ

ခြုံရေးအနေထားတွေကိုပါ သေသေချာချာသိရှိနေသူတွေ ဖြစ်နိုင်ပါတယ်။

    ဒီသတင်းကို အစိုးရက ချက်ချင်းထုတ်ပြန်ကြေငြာခြင်းမပြုပဲ မတ်လ(6)ရက်နေ့ကျမှ သတင်း

စဉ်ဆိုတဲ့ အမည်တပ်ပြီး တိုတိုတုတ်တုတ် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီအမူ့ကို မြန်မာနိုင်ငံ

ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်လျှက်ရှိတာကြောင့် အဖြစ်မှန်ပေါ်ပေါက်

ဖို့နဲ့ တရားခံတွေကိုဖမ်းဆီးရမိဖို့အတွက် သတင်းပေးချင်တဲ့သူရှိရင် သက်ဆိုင်ရာကို လာ

ရောက်သတင်းပေးနိုင်တယ်လို့လည်း အဲဒီကြေငြာချက်မှာ ထည်းသွင်းဖော်ပြခဲ့တာ တွေ့ရပါ

တယ်။ န အ ဖကတားမြစ်ပိတ်ပင်ထားတဲ့အတွက် ကျန်ရစ်သူမိသားစုက သေဆုံးသူရဲ့နာရေး

ကြော်ငြာတွေကို မီးသင်္ဂြလ်မဲ့ မတ်လ(7)ရက်နေ့ကျမှ  သတင်းစာတွေမှာ ထည့်သွင်းဖော်ပြခွင့်

ရရှိခဲ့ပါတယ်။

အိမ်ဖော်မလေးမအယ်ဖောရဲ့အလောင်းကို မတ်လ(5)ရက်နေ့မှာကတည်းက ခရစ်ယာန်ထုံးစံအရ

ရေဝေးသုသာန်မှာ မြေမြုတ်သင်္ဂြိုလ်ခဲ့ပြီး အိမ်ရှင်မိသားစုရဲ့အလောင်း(4)လောင်းကိုတော့ မတ်လ

(7)ရက်နေ့ရောက်မှ ရေဝေးသုသာန်မှာ မီးသင်္ဂြိုလ်ခဲ့ရပါတယ်။ အလောင်းတွေကို မီးသဂြိုလ်မဲ့နေ့

က ရေဝေးသုသာန်ကို "'ဒုရဲမူးရွှေမန်း"ဆိုသူနဲ့ အခြားအရာရှိနှစ်ဦးရောက်၇ှိလာကြောင်း ၊ဒုရဲမူး

ရွှေမန်းက အလောင်းတစ်ခုစီရဲ့မျက်နှာကိုကြည့်ပြီး ခင်ဗျားတို့ကိုသတ်သွားတဲ့ တရားခံကို အမြန်

ဆုံးတွေ့အောင်ရှာပေးပါ လို့ အမိန့်ပေးခဲ့ကြောင်း၊ သတင်းထောက်ငြိမ်းငြိမ်းနိုင်က (2008)မတ်လ

(13)ရက်ထုတ် 7 Day New ဂျာနယ် အတွဲ အမှတ်(7) အမှတ်(1)မှာ ထုတ်ဖော်ရေးသားခဲ့တဲ့အ

တွက် (သိက္ခာမရှိတဲ့ရဲတပ်ဖွဲ့က) သူတို့ကိုသိက္ခာချမူ့နဲ့ အဲဒီစာစောင်ကို တရားစွဲခဲ့ကြောင်း သိရှိ

ခဲ့ရပါတယ်။ဒါပေမယ့် သတင်းထောက်က ဒုရဲမူးရွှေမန်းရဲ့ လုပ်ဆောင်ချက်တွေကို ဓါတ်ပုံရိုက်

၊အသံဖမ်းပြီး စနစ်တကျမှတ်တမ်းတင်ထားတဲ့အတွက် နောက်ကိုဒီသတင်းမျိုးမရေးဖို့ သတိပေး

ပြီး ရဲတပ်ဖွဲ့က အမူ့ကို ပြန်ရုပ်သိမ်းသွားကြောင်း သိရှိရပါတယ်။

ဒီအမူ့နဲ့ပတ်သက်ပြီး ကောလဟလသတင်းတွေ အမျိုးမျိုးပေါ်ထွက်ခဲ့တာ တွေ့ရပါတယ်။

ပထမဆုံးသံသယဖြစ်ခံရသူကတော့ မမြစန္ဒာ(ခေါ်)ဒေါ်ပီးပီးရဲ့ခင်ပွန်း ကိုသုဇော်ကိုယ်တိုင်ပဲဖြစ်

ပါတယ်။ကိုသုဇော်ဟာ အခင်းဖြစ်ပွားချိန်က အိမ်မှာမရှိပဲ အပြင်ကိုထွက်နေပြီး ၊ညနေ(6)နာရီ

ခွဲလောက်မှ အိမ်ကိုပြန်ေ၇ာက်လာတယ်လို့ဆိုပါတယ်။ အလောင်းတွေကိုတွေ့၇ှိရတဲ့အချိန်မှာ

အနီးမှာရှိတဲ့ နိုင်ငံတော်ဧည့်ဂေဟာက လုံခြုံရေးတပ်ဖွဲ့ကို အကြောင်းကြားခဲ့သူဖြစ်ပါတယ်။

မမြစန္ဒာနဲ့ Fuji Coffee House လုပ်ငန်းရှင် ကိုသုဇော်တို့ဟာ လွန်ခဲ့တဲ့နှစ်နည်းငယ်ကမှ

လက်ထပ်ခဲ့ကြတာဖြစ်ပြီး ကိုသုဇော်ဟာ အလောင်းအစားဝါသနာကြီးသူဖြစ်ကြောင်း ၊ဗိုလ်ချုပ်

သာအေးရဲ့သား အပါအ၀င် အခြားစစ်ဗိုလ်ချုပ်ကြီးတွေရဲ့သားသမီးတွေနဲ့လည်း လေးကောင်ဂျင်

ကစားလေ့ရှိကြောင်း၊လောင်းကစားဝိုင်းတစ်ခုမှာ အကြီးအကျယ်ရှုံးခဲ့တဲ့အတွက် ယောက္ခမတွေ

ပိုင်တဲ့ ကျောက်မျက်ရတနာတွေ၊လက်ဝတ်လက်စားတွေနဲ့ ငွေသားတွေအပြင် အမွေအားလုံးကို

အပိုင်စီးဖို့ရည်ရွယ်ပြီး လူသတ်သမားတွေကို ငှားရမ်းကာ ဒီလူသတ်မူ့ကို စနစ်တကျ ကျူးလွန်

ခဲ့တာဖြစ်နိုင်ကြောင်း၊ထင်ကြေးပေးပြောဆိုမူ့တွေ ပေါ်ထွက်ခဲ့ပါတယ်။

(အလောင်းတွေကို မီးသဂြိုလ်တဲ့နေ့က သုသာန်ကို ကိုသုဇော် လာရောက်တာ မတွေ့ရပါဘူး

အဲဒီအချိန်က ကိုသုဇော်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးမူ့တွေ ပြုလုပ်နေတာကြောင့်ဖြစ်နိုင်

ပါတယ်။ဒါပေမယ့် ဒီနှစ် ဖေဖော်ဝါရီလ(2)ရက်နေ့ထုတ် နအဖသတင်းစာတွေမှာပါလာတဲ့ သူရဲ့

ကြော်ငြာလေးကို ကြည့်ခြင်းအားဖြင့် လက်ရှိကာလမှာတော့ သူ့ကို ဖမ်းဆီးထားခြင်းမရှိဘူးလို့

ယူဆရပါတယ်။)

ယောက္ခမတွေဖြစ်ကြတဲ့ ဒေါ်စန်းစန်းမြနဲ့ ဦးစ၀်ကြည်ဖ(တောင်ပိုင်းစောဘွားကြီးခွန်ပန်းစိန်

ရဲ့သား)တို့ဟာ နှစ်ဘက်မိဘတွေထံက ဆက်ခံရရှိတဲ့ အမွေအနှစ်တွေကြောင့် နဂိုလ်ထဲက

ချမ်းသာကြွယ်ဝသူတွေဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် သူတို့ကိုယ်တိုင်ကလည်း ကျောက်

မျက်ရတနာ အရောင်းဝယ်လုပ်ငန်းနဲ့ အိမ်ယာခြံမြေအရောင်းဝယ်လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်

နေသူတွေဖြစ်ကြောင်း သိရှိရပါတယ်။ လူသတ်သမားတွေယူဆောင်သွားတဲ့ ငွေသားတွေထဲမှာ

ဖေဖော်ဝါရီ 29ရက်နေ့ ကမှ ကျပ်သိန်းတစ်သောင်းကျော်နဲ့ အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ ဒေါ်စန်း

စန်းမြပိုင် ၀င်ဒါမီယာ ဗောဓိရိပ်သာက မြေကွက်ကြီးတစ်ခုအတွက်ရရှိထားတဲ့ စရံငွေကျပ်သိန်း

(2)ထောင်လည်း ပါဝင်ကြောင်း စုံစမ်းသိရှိရပါတယ်။

အချို့ကလည်း လူသတ်မူ့ကို ကျူးလွန်ခဲ့သူတွေဟာ ထိုင်းလူမျိုး ကြေးစားလူသတ်သမားတွေ

ဖြစ်သလိုလို၊၀နဲ့ကိုးကန့်မူးယစ်ဆေးဝါးဂိုဏ်းတွေက ဖြစ်သလိုလို ထင်ကြေးပေးပြောဆိုမူ့တွေ

လည်း ပေါ်ပေါက်ခဲ့တာ တွေ့ရပါတယ်။

အိမ်နီးချင်းတွေရဲ့ထွက်ဆိုချက်အရ အခင်းဖြစ်ပွားတဲ့နေ့က တိုရိုတာလင့်ခရူဇာ ဆိုက်ဂနက်

အမျိုးအစား အနက်ရောင် မော်တော်ယာဉ်တစ်စီးဟာ ဒေါ်စန်းစန်းမြတို့ရဲ့ ခြံဝင်းအတွင်းကို

(5)ကြိမ်လောက်ထိ ၀င်ထွက်ခဲ့တာကို မြင်တွေ့ခဲ့ရကြောင်း သိရှိရပါတယ်။ လက်ရှိပေါက်ဈေး

ကျပ်သိန်း(3000)ကျော်ရှိတဲ့ အဲဒီကားအမျိုးစားကို ပိုင်ဆိုင်သူအများစုဟာ အစိုးရထိပ်တန်းဗိုလ်

ချုပ်ကြီးတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမူ့တွေကို ကျယ်

ကျယ်ပြန့်ပြန့် ဆက်မလုပ်ရဲကြဘူးလို့ ဆိုပါတယ်။ ဒီအမူ့မှာ နအဖ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေရဲ့

မိသားစုတွေ ပါဝင်ပါတ်သက်နေတဲ့ အထောက်ထားတချို့ကို မူ့ခင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိ

တဲ့အတွက် ပြည်ထဲရေးဝန်ကြီးကို တင်ပြခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးကလည်း

သူကိုယ်တိုင်မဆုံးဖြတ်ရဲတဲ့အတွက် ၀န်ကြီးချုပ်ကတစ်ဆင့် ဗိုလ်ချုပ်မူးကြီးသန်းရွှေထံကို ဆက်

လက်တင်ပြပေးဖို့ လွှဲအပ်ခဲ့ကြောင်း၊ဒါပေမယ့် အခုချိန်ထိ အထက်က ဘာညွန်ကြားချက်မှ မရ

တဲ့အတွက် ဒီအမူ့တွဲဟာ ၀န်ကြီးချုပ်ဆီမှာပဲ လမ်းဆုံးသွားသလား၊ ဗိုလ်ချုပ်မူးကြီးသန်းရွှေထံ

မှာပဲ လမ်းဆုံးသွားသလားဆိုတာ အတိအကျမသိနိုင်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့

သတင်းတွေအရ သိရှိရပါတယ်။

    ဗိုလ်ချုပ်အသိုင်းဝိုင်းနဲ့နီးစပ်သူတစ်ချို့ အဆိုအရကတော့ ဒီလူသတ်မူ့ကို နောက်ကွယ်ကစီစဉ်ညွန်

ကြားခဲ့သူဟာ နိုင်ငံတော်အကြီးကဲဆိုသူရဲ့ဇနီး မယ်တော်ကြီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင်ဖြစ်တယ်လို့  ယုံ

ကြည်နေကြပါတယ်။ 2006ခုနှစ် ဇူလိုင်လ(3)ရက်နေ့က ရန်ကုန်မြို့ ကုန်းမြင့်သာယာရှိ ဇေယျာသီရိ

ဗိမ္မာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်မူးကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့သမီးထွေး မသန္တာရွှေနဲ့ ဗိုလ်

မူးဇော်ဖြိုးဝင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲမှာ သတို့သမီးဝတ်ဆင်ထားတဲ့ စိန်ထည်ပစ္စည်းတစ်ချို့ဟာ ဒေါ်စန်း

စန်းမြနဲ့ဦးစ၀်ကြည်ဖတို့ထံက ခေတ္တငှားရမ်းအသုံးပြုခဲ့တာဖြစ်ကြောင်း ၊ဒီလိုငှားရမ်းအသုံးပြုဖို့အတွက်

ဒေါ်စန်းစန်းမြနဲ့ရင်းနှီးတဲ့ အမှတ်(1)ကစထမူး ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ဇနီး ဒေါက်တာဒေါ်တင်လင်း

မြင့်က ကြားဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် မင်္ဂလာပွဲပြီးသွားသော်လည်း မယ်တော်

ကြီးဒေါ်ကြိုင်ကြိုင်က နည်းအမျိုးမျိုးနဲ့အချိန်ဆွဲပြီး ငှားရမ်းထားတဲ့ပစ္စည်းတွေကို ပြန်မပေးပဲ ထားခဲ့

ကြောင်း၊ဒေါက်တာဒေါ်တင်လင်းမြင့်က ပြန်ပေးဖို့ပြောဆိုတဲ့အခါမှာလည်း စိတ်ဆိုးဒေါသထွက်ပြီး

ကြိမ်းမောင်းဆဲဆိုတာကိုခံရတာကြောင့် နောက်ထပ်မပြောရဲတော့ကြောင်း၊ဗိုလ်ချုပ်ကတော်အသိုင်း

အ၀ိုင်းမှာ ပြောဆိုနေကြပါတယ်။

    မသန္တာရွှေနဲ့ဗိုလ်မူးဇော်ဖြိုးဝင်းရဲ့ မင်္ဂလာဧည့်ခံပွဲကို မြန်မာ့ရုပ်မြင်သံကြားအဖွဲ့၊တပ်မတော်ပြန်ကြား

ရေးနဲ့ပြည်သူ့ဆက်သွယ်ရေးအဖွဲ့နဲ့စိုင်းဘုန်းထူးဗွီဒိယိုလုပ်ငန်းတို့ပူးပေါင်းပြီး မှတ်တမ်းတင်ဗွီဒီယို

တွေ ရိုက်ကူးကြရပါတယ်။ တည်းဖြတ်အချောကိုင်ထားတဲ့ဗွီဒီယိုခွေတွေကို ဒေါ်ကြိုင်ကြိုင်လက်ကိုအပ်

ရပါတယ်။ ဒေါ်ကြိုင်ကြှိုင်နဲ့သူ့သမီးတွေက သူတို့နဲ့ရင်းနှီးသူတစ်ချို့ရဲ့အမည်စာရင်းကို ပြုစုပြီး

မင်္ဂလာမှတ်တမ်းဗွီစီဒီခွေတွေကို ကော်ပီကူးကာ မင်္ဂလာလက်ဆောင်အဖြစ်နဲ့ ပြန်လည်ဖြန့်ဝေပေးခဲ့

ကြောင်း၊ သိ၇ှိရပါတယ်။ ဒေါ်ကြိုင်ကြိုင်လက်ဆောင်ပေးခဲ့သူတွေထဲမှာ သူ့ကိုစိန်ထည်ပစ္စည်းတွေ

ငှားရမ်းပေးခဲ့တဲ့ အပြင် အဖိုးတန်မင်္ဂလာလက်ဆောင်ပစ္စည်းတွေပါ လက်ဖွဲ့ခဲ့တဲ့ ရတနာကုန်သည်

ဒေါ်စန်းစန်းမြလည်း တစ်ဦးအပါဝင်ဖြစ်ကြောင်းသိရှိရပါတယ်။

     2006ခုနှစ် နှစ်ကုန်ပိုင်းမှာ ဒီမင်္ဂလာပွဲအကြောင်းရိုက်ကူးထားတဲ့ "စိန်စီသောည"အမည်ရှိ ဗွီစီဒီအ

ခွေတွေ ပြည်တွင်းပြည်ပမှာ ပြန့်နှံ့လာတဲ့အတွက် မယ်တော်ကြီးဒေါ်ကြိုင်ကြိုင်တို့မိသားစုဟာ

အကြီးအကျယ်မကျေမနပ်ဖြစ်ခဲ့ကြပြီး ဘယ်နေရာကပေါက်ကြားသလဲဆိုတာကို စုံစမ်းစစ်ဆေးမူ့တွေ

လျို့ဝှက်ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ဘယ်နေရာက ပေါက်ကြားသလဲဆိုတာကို အထောက်ထားနဲ့

တကွ အတိအကျမသိရပေမယ့် ဒေါ်စန်းစန်းမြနဲ့ဦးစ၀်ကြည်ဖတို့က  သူတို့မိသားစုအပေါ်မကျေနပ်လို့

လက်စားချေတဲ့အနေနဲ့ပြည်ပကိုပို့ပြီး ဖြန့်ဝေခဲ့တာဖြစ်နိုင်တယ်လို့ ဒေါ်ကြိုင်ကြိုင်နဲ့သူ့သမီးတွေက

ယူဆခဲ့ကြောင်း သိရှိရပါတယ်။

           ဒါကြောင့် လောဘရမက်ကြီးပြီး ရက်စက်တဲ့စိတ်သဘောထားရှိသူ မယ်တော်ကြီးဒေါ်ကြိုင်ကြိုင်

နဲ့သမီးတော်တွေက  သူတို့ခေတ္တငှားထားတဲ့ စိန်ထည်ပစ္စည်းတွေကိုလည်းပြန်မပေးရအောင်၊မိုးကုတ်

သူဌေးကြီးဦးမြမောင်မိသားစု အဆက်ဆက်ပိုင်ဆိုင်ခဲ့တဲ့ မိုးကုတ်ပတ္တမြားကြီးအပါအ၀င် အဖိုးတန်

ကျောက်မျက်ရတနာတွေနဲ့ စိန်၊ရွှေ၊ငွေ လက်ဝတ်လက်စားတွေကို လည်း ထပ်မံရရှိအောင်ဆိုပြီး ဒေါ်

စန်းစန်းမြအိမ်ကို ဓါးပြတိုက်ဖို့၊အိမ်သားအားလုံးကို အပြတ်ရှင်းခဲ့ဖို့ ၊ နိုင်ငံတော်အကြီးကဲရဲ့စစ်ဘက်

လက်ထောက် ဗိုလ်ချုပ်နေ၀င်းကို လျို့ဝှက်အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလုပ်ရပ်တွေကို ရိပ်မိနေပုံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲ့မြင့်ရဲ့ မိသားစုကိုလည်း ကြိုတင်ခြိမ်းခြောက်

သတိပေးတဲ့အနေနဲ့ ဖခင်ဖြစ်သူကို ကစထမူးအဖြစ်ကနေ ဌာနလက်ကိုင်မရှိ လုပ်ပိုင်ခွင့်မရှိတဲ့ ကက/

ကြည်း(တွဲဘက်)ဒုဗိုလ်ချုပ်ကြီးအဖြစ် ချောင်ထိုးပြခဲ့သလို၊သူရဲ့သား အောင်ဇော်ရဲမြင့်ကိုလည်း မူးယစ်

ဆေးဝါးမူ့နဲ့ ခေတ္တဖမ်းဆီးပြခဲ့တာဖြစ်နိုင်တယ်လို့ ဗိုလ်ချုပ်ကတော်အသိုင်းဝိုင်းမှာ ပြောဆိုနေကြ

ကြောင်း  သိရှိရပါတယ်။

       2008ခုနှစ် ဇွန်လကုန်ပိုင်းက  နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ (သတင်းစာတွေမှာမပါတဲ့) သတင်းစာ

၇ှင်းလင်းပွဲတစ်ခုမှာ ဒီအမူ့နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းချက်တွေကို  ရဲချုပ်ခင်ရီက

ပြန်လည်ဖြေဆိုရာမှာ ရန်ကုန်မြို့ငါးလောင်းပြိုင်လူသတ်မူ့နဲ့ပတ်သက်ပြီး စစ်ချက်တွေအမြောက်အများ

ရရှိထားပြီဖြစ်ကြောင်း ၊ဒီအမူ့ဟာ မူးယစ်ဆေးဝါး၊လောင်းကစား၊ကျောက်သံပတ္တမြား၊မိသားစုအမွေစတဲ့

ကိစ္စတွေနဲ့လည်း ဆက်နွယ်နေနိုင်တဲ့အတွက် ဘယ်ကိစ္စနဲ့ပတ်သက်နေသလဲဆိုတာကို အတိအကျ

ဖော်ထုတ်နိုင်ဖို့၊နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊တရားခံအစစ်ကို ဖော်ထုတ်အရေးယူ

နိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ဝေ့လည်ကြောင်ပတ် ပြောဆိုသွား

ခဲ့တာကလွဲလို့ တစ်နှစ်ပြည့်ခါနီးအချိန်ထိ  ဘာမှထူးခြားခြင်းမရှိသေးတာကို တွေ့ရပါတယ်။

    ရန်ကုန်မြို့ လူကုန်တန်ရပ်ကွက်တစ်ခုက နေ့ခင်းကြောင်တောင် ငါးလောင်းပြိုင်ဒီလူသတ်မူ့ဟာ

"သူတစ်လူငါတစ်မင်း"ဖြစ်ချင်သလိုဖြစ်နေကြတဲ့ စစ်အုပ်စုအတွင်းက အဖြေမ၇ှိတဲ့ "X-File"တစ်ခု

သာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု....သုတေသနနှင့်မှတ်တမ်းတင်ဌာန)

posted by    ကိုလင်း
At  http://forverfriends.ning.com

တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိ

rနောက်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်လာခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိကြောင်း The Global Time သတင်းစာတွင် ဖော်ပြ   


အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ရန်ကုန်မြို့၌ နိုဝင်ဘာလ ၁၉ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းသည် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ The Global Times သတင်းစာက ဇန်န၀ါရီလ ၆ ရက်က ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ မဟာဗျူဟာ အနေအထားပေါ်တွင်လည်း ဖိအားရှိလာနိုင်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား တူညီသည့်မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအမြတ်များ ရှိနေပါကြောင်းလည်း ဖော်ပြခဲ့သည်။

The Global Times သတင်းစာ၏ 'Ethnic conflicts highlight Myanmar’s uncertain transition' ဆောင်းပါးတွင် ယင်းကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲများ အရှိန်မြင့်တက်လာမှုကြောင့် စစ်ပွဲပဋိပက္ခကို လျှော့ချရန်ဖိအားများ ရှိနေသော်လည်း မြန်မာနိုင်ငံအနေနှင့် သံတမန်ရေးအရ ထောက်ခံမှုများ ရရှိနေမှုတွင် ထိခိုက်မှုမရှိကြောင်း၊ ဂျပန်ဒုတိယ၀န်ကြီးချုပ် တာရိုအာဆိုသည် ၎င်း၏မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံက ပေးဆပ်ရမည့် အကြေွး ယန်းဘီလျံ ၅၀၀ ကို လျော်ပစ်ခြင်း၊ ကြေွးမြီသစ်ယန်းဘီလျံ ၅၀ ကို ခွင့်ပြုခြင်း စသည်တို့သည် တရုတ်နိုင်ငံကို ပစ်မှတ်ထားလုပ်ဆောင်သည်ဟု ယူဆနိုင်ကြောင်း ယင်းဆောင်းပါး၌ ရေးသားခဲ့သည်။

ထို့ပြင် အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီသည်လည်း နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာကို တန်ပြန်ရန် နေပြည်တော်သို့ လာရောက်ရန်ရှိကြောင်းလည်း ယင်းဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေပါကြောင်း၊ လေ့လာသူအချို့က မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးများ တဖြည်းဖြည်းအားကောင်းလာနေသည်ဟု ဆိုပါကြောင်း၊ ယင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေးကို လျှော့တွက်ရာရောက်ပါကြောင်းဟု ယင်းဆောင်းပါး၌ ဆက်လက်ရေးသားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းကို အနောက်နိုင်ငံများက မျက်နှာသာပေးပါကြောင်း၊ မြန်မာနိုင်ငံတွင်းရှိ အချို့သော အနောက်လိုလားသူ အင်အားစုများက မြန်မာနိုင်ငံကို အနောက်နှင့်နီးကပ်စွာ နေစေလိုကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ လက်ရှိထောက်ခံအားပေးမှုသည် အခြေအနေအရ သို့မဟုတ် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်မည့်အကြောင်းရင်းခံများ ရှိနေပါကြောင်းလည်း ယင်းဆောင်းပါးတွင် ရေးသားခဲ့သည်။

အစိုးရနှင့် KIA အကြား ပဋိပက္ခအရှိန် မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် မသေချာမရေရာဆိုသည်ကို ထင်ဟပ်နေကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်သို့ ပြောင်းလဲသွားနိုင်သည့် ရှုပ်ထွေးလှသည့် လူမျိုးရေးပြဿနာကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန့်ပွားရေးကို စိတ်အားထက်သန်နေသည့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံနှင့် ကပ်လျက်တည်ရှိနေခြင်း မဟုတ်ကြောင်း၊ ၎င်းတို့အနေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကမောက်ကမဖြစ်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကို စိုးရိမ်နေစရာ မလိုကြောင်း၊ သို့ရာတွင် အဆိုပါပြဿနာများကို ကောင်းမွန်စွာ ကိုင်တွယ်မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း ယင်းဆောင်းပါးက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်တွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခသည် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာများကို ဖြေရှင်းရာတွင် ပိုမိုတက်ကြွစွာ ဆောင်ရွက်သင့်ကြောင်း ယင်းဆောင်းပါး၌ ရေးသားခဲ့သည်။

http://www.news-eleven.com/myanmar/myanmar/17235--the-global-times-

ရဟတ်ယာဉ်ပေါ်တွင် ပါရှိခဲ့သည့် အရာရှိနှစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တာလောကြီး ကျေးရွာအနီး၌ တပ်မတော် ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရဟု သိရ   
Saturday, 12 January 2013 12:21


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တာလောကြီးကျေးရွာအနီး၌ တပ်မတော် ရဟတ်ယာဉ်တစ်စီး ဇန်န၀ါရီ ၁၁ ရက် ညနေပိုင်းက စက်ချို့ယွင်းသဖြင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုသာ ဖော်ပြထားပြီး ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

သို့ရာတွင် ပြင်ပသတင်းများ၌မူ ရဟတ်ယာဉ်ပျက်ကျကာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

အလားတူ တပ်မတော်ပိုင် မြ၀တီသတင်းဌာန၏ Facebook စာမျက်နှာတွင်လည်း မြစ်ကြီးနားမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ တာလောကြီးကျေးရွာအနီးတွင် ဇန်န၀ါရီ ၁၁ ရက် ညနေပိုင်းက  အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်နေသော တပ်မတော်ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် အရေးပေါ်ဆင်း သက်ခဲ့ရပြီး ရဟတ်ယာဉ် ဆင်းသက်ရာနေရာသို့ အခြားရဟတ်ယာဉ်များနှင့် တပ်မတော်တပ်ဖွဲ့များ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။

Updated

ဇန်န၀ါရီလ ၁၂ ရက်နေ့ ညဦးပိုင်းက မြ၀တီသတင်းဌာန၏ facebook တွင် ဖော်ပြထားချက်အရ ရဟတ်ယာဉ်ကို ဒီဇင်ဘာလ ၁၁ရက်နေ့ ည၉နာရီအချိန်က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် ပါရှိခဲ့သည့် အရာရှိနှစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရပါသည်။

http://www.news-eleven.com/myanmar/mandalay/45-2009-11-10-07-45-41/17308-2013-01-12-05-53-08

ပြည်သူ့ရင်ပြင်တွင်ကျင်းပခဲ့သောမာမာအေး၏ရသနှလုံးသားပေးဆပ်ပွဲ

Popular Myanmar News Journal
ဇန်န၀ါရီ၁၂ရက်ည ၇နာရီ

ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ် နှစ်သစ်ကူးနေ့အထိမ်းအမှတ် နေပြည်တော်၌ပြုလုပ်သော ညစာစားပွဲ

US Congressman Bill Richardson met Ko Min Ko Naing at the Insein Prison in August 1993

Ingjin Oo's photo.

photo by AI