Monday, January 14, 2013

စင်္ကာပူရောက်(ဒုတိယ) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြ၀တီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် LIEUTENANT GENERAL NEO KIAN HONG က ဂုဏ်ပြု ကြိုဆိုခြင်း အခမ်း အနား တက်ရောက်ပြီး တွေ့ဆုံ ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Neo Kian Hongမှ ဂုဏ်ပြု ကြိုဆို ခြင်း အခမ်း အနားကို ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ပိုင်းတွင် စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ၀န်ကြီး ဌာနတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်း အနားသို့ တက်ရောက်ရန် ကာကွယ်ရေး ၀န်ကြီး ဌာနသို့ ရောက်ရှိရာ စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Neo Kian Hong မှ ခရီးဦး ကြိုဆို နှုတ်ဆက်ပြီး အလေးပြုခံ စင်မြင့်သို့ သွားရောက် နေရာယူကာ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူ ကြသည်။

ထိုအချိန်တွင် စင်ကာပူ သမ္မတ နိုင်ငံ စစ်တီးဝိုင်းမှ ဂုဏ်ပြု တီးမှုတ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးကြပြီး ဂုဏ်ပြု ကြိုဆိုပွဲ တက်ရောက် လာကြသူ များနှင့် အပြန်အလှန် မိတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် တပ်မတော် အရာရှိကြီးများ၊ စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ စင်ကာပူ တပ်မတော်မှ တပ်မတော် အရာရှိ ကြီးများ တက်ရောက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ကာကွယ်ရေး ၀န်ကြီးဌာန ဧည့်ခန်းမ၌ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီး ကမ္ဘာ့ ရေးရာနှင့် ဒေသတွင်း လုံခြုံရေး ဆိုင်ရာ အမြင်များ ဖလှယ်ခြင်း၊ နှစ်နိုင်ငံ တပ်မတော် ပူးပေါင်း ဆောင်ရွက်မှုနှင့် အခြေခံ အဆောက် အအုံများ ဖော်ဆောင်ရေး ကိစ္စရပ်များ၊ လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေ ယာဉ်များ အပြန်အလှန် စေလွှတ် လေ့လာရေး ကိစ္စရပ်များ၊ အာဆီယံ အစည်းအဝေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ် ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား Joint Staff Conference Room တွင် စင်ကာပူ တပ်မတော်မှ တာဝန်ရှိ သူများက စင်ကာပူ တပ်မတော် အား အဆင့်မြှင့် တင် ဆောင်ရွက်ခြင်းနှင့် ဒေသတွင်း လုံခြုံရေး တည်ဆောက်မှု အခြေအနေ များအား ရှင်းလင်း တင်ပြပြီး နှစ်ဖက် အမြင်ချင်း အပြန်အလှန် ဆွေးနွေး ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား Jiang Nan Chun, Four Seasons Hotel၌ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်က ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံ ခဲ့ကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/headline/item/4382-2013-01-15-08-10-39

ရှောင်စေချင်သည် တညင်းသီး

Royal Hero Media's photo.

ရှောင်စေချင်သည် တညင်းသီး

=================
 
အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။

တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင် ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာ ကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ် ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ. အစားအစာ တစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilismလို. ခေါ်ပါတယ်။ အဆိုးရွားဆုံး ကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံး တွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်. မှုကြောင်. အသက်ဆုံးရှုံး မှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက် ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင် သေဆုံးဖို.လမ်းပိုများတယ်လို. ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီး အဆိပ်ရဲ. ဖွဲ.စည်းပုံ မော်လီကျုး ကတော. အပ်ချောင်း ပုံလေးတွေကို ပုတီးသီသလို သီထားတဲ. ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ. တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေ ၀င်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေး ပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ. အဆိပ်တွေဟာ သွေးထဲကို အရင်ရောက် သွားပါတယ်။ ပြီးတဲ.အခါ အသည်းကို ရောက်ပါ တယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ် အောင် လုပ်ပေး နိုင်ပေမယ့် တညင်းသီးမှာ ပါတဲ. အဆိပ်ကိုတော. ပျက်ပြယ် အောင် မလုပ်နိုင်ဘူးလို. ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်. ထုတ်ဖို. ကြိုးစား ရပါတယ်။ ဒါပေမယ်. တညင်းသီး အဆိပ် မော်လီကျုး ရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို. တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို. သွေးကြော လေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ. အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝ သွားလို.မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ် နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံး နိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure)လို. ခေါ်ပါတယ်။ ကျောက်ကပ် သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာ ပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည်.၀ သွားတဲ. အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ. ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာ ဖြစ်ပါ တယ်။ ပြုတ်ပြီ တဲ. ရေတွေ ကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ် တော်တော် လျော.သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်. ဘယ်လိုမှ ဓာတ်မပြယ် နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော. 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော. အဆိပ်တွေ တော်တော်လေး လျော.နည်း သွားတယ် လို.ဆိုပါတယ်။

တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီး စားပြီးတဲ.အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာ တွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီး အဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine (1978) စသဖြင်. ထုတ်ပြန် ရေးသား ထားတာတွေလည်း ရှိပါတယ်လို. ဆိုတယ်။ ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခ ပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင် သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

ဒေါက်တာ ခင်မောင်လွင်

မြဝတီ ကျန်းမာရေးကဏ္ဍ

ရန်ကုန်တရားရုံးချုပ်အတွင်း နံရံတွေအား ဟော်တယ်အသွင်ပြောင်းလဲရန် လျှို့ဝှက်ပြီးစတင်ဖြိုဖျက်

Victor Tan's photo.

သမိုင်းဝင် ရန်ကုန်တရားရုံးချုပ် အဆောက်အဦးအား ဟော်တယ်လုပ်ရန် အစိုးရက ပုဂ္ဂလိက ကုမ္မဏီကို လွှဲပေးထားလိုက်ပြီး ပုဂ္ဂလိက ကုမ္မဏီက ရန်ကုန်တရားရုံးချုပ်အတွင်း နံရံတွေအား ဟော်တယ်အသွင်ပြောင်းလဲရန် လျှို့ဝှက်ပြီးစတင်ဖြိုဖျက်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ရန်ကုန်တရားရုံးချုပ် ရှေ့နေများ နှင့် ပြည်သူလူထုအများမှ တရားဝင်ကန့်ကွက်ထားကြသော်လည်း လုံးဝရပ်တံ့ခြင်းမရှိဘဲ သမိုင်းဝင် ရန်ကုန်တရားရုံးချုပ် အဆောက်အဦးအား ဟော်တယ်အဆောက်အဦးလုပ်ပစ်ဖို့ စီးပွါးရေးဆန်ဆန်စဉ်းစားလုပ်ဆောင်နေမှုကို အချိန်မီဟန့်တားကြရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

သမိုင်းဝင်ပစ္စည်းများ ထိန်းသိမ်းကြ

သမိုင်းဆိုတာ ဖြစ်လာသမျှ
လူ့ဘ၀ရဲ့ အထင်ကရ
ခန်းကဏ္ဍအဖြစ် တွင်ရစ်ခဲ့တာ
သမိုင်းဝင်ပါ…။

သမိုင်းထဲရောက် ဖျောက်လို့မရ
သမိုင်းထဲဝင် ပြင်လို့မရ
ဖြစ်အင်မှန်သမျှ အနဂ္ဃအဓိပ္ပါယ်
အမြစ်တွယ်သမို့ ပစ်ပယ် ဖယ်ထုတ်
မလုပ်သင့်ပါ နောင်လာနောင်သား
အမှားအမှန် ဝေဖန်နိုင်ရန်
ကျန်ရှိသမျှ အဆောက်ဦက အစ
ထိန်းကြသိမ်းကြ အမွေရသကဲ့သို့
တိတိပပ ထိန်းကြရမည်…။

တက္ကသိုလ်ဘုန်းကြွယ်(၁-၁၄-၁၃) သမိုင်းဝင် ရန်ကုန်တရားရုံးချုပ် အဆောက်အဦးအား ဟော်တယ်လုပ်ရန် အစိုးရက ပုဂ္ဂလိက ကုမ္မဏီကို လွှဲပေးထားလိုက်ပြီး ပုဂ္ဂလိက ကုမ္မဏီက ရန်ကုန်တရားရုံးချုပ်အတွင်း နံရံတွေအား ဟော်တယ်အသွင်ပြောင်းလဲရန် လျှို့ဝှက်ပြီးစတင်ဖြိုဖျက်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ရန်ကုန်တရားရုံးချုပ် ရှေ့နေများ နှင့် ပြည်သူလူထုအများမှ တရားဝင်ကန့်ကွက်ထားကြသော်လည်း လုံးဝရပ်တံ့ခြင်းမရှိဘဲ သမိုင်းဝင် ရန်ကုန်တရားရုံးချုပ် အဆောက်အဦးအား ဟော်တယ်အဆောက်အဦးလုပ်ပစ်ဖို့ စီးပွါးရေးဆန်ဆန်စဉ်းစားလုပ်ဆောင်နေမှုကို အချိန်မီဟန့်တားကြရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

သမိုင်းဝင်ပစ္စည်းများ ထိန်းသိမ်းကြ

သမိုင်းဆိုတာ ဖြစ်လာသမျှ
လူ့ဘ၀ရဲ့ အထင်ကရ
ခန်းကဏ္ဍအဖြစ် တွင်ရစ်ခဲ့တာ
သမိုင်းဝင်ပါ…။

သမိုင်းထဲရောက် ဖျောက်လို့မရ
သမိုင်းထဲဝင် ပြင်လို့မရ
ဖြစ်အင်မှန်သမျှ အနဂ္ဃအဓိပ္ပါယ်
အမြစ်တွယ်သမို့ ပစ်ပယ် ဖယ်ထုတ်
မလုပ်သင့်ပါ နောင်လာနောင်သား
အမှားအမှန် ဝေဖန်နိုင်ရန်
ကျန်ရှိသမျှ အဆောက်ဦက အစ
ထိန်းကြသိမ်းကြ အမွေရသကဲ့သို့
တိတိပပ ထိန်းကြရမည်…။

တက္ကသိုလ်ဘုန်းကြွယ်(၁-၁၄-၁၃)

ကချင်ပဋိပက္ခ နိုင်ငံတကာမှကမ်းလှမ်းခဲ့ခြင်း မရှိကြောင်းဦးအောင်မင်း ပြောကြား

Khant Nyi Phae

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ၊ ပဋိပက္ခများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ၀ိုင်းဝန်း ဖြေရှင်းရန် ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်း၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၅ ရက်နေ့ ကေအင်န်ယူနှင့် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
" ဘယ်နိုင်ငံကမှ ဒီကိစ္စနဲ့ ပတ်သက်လို့ ၀ိုင်းပြီး ဖြေရှင်းဖို့ ဒီနေ့ ဒီအချိန်ထိ ကမ်းလှမ်းတာ မရှိခဲ့ပါဘူး။ သူတို့ဘက်က ကမ်းလှမ်းခဲ့ရင်တော့ စဉ်းစားရမှာပေါ့ " ဟု ပြောကြားခဲ့သည်။

" ၁၀၊ ဇန်န၀ါရီ၊ ၂၀၁၃ ၊ ကြာသပတေးနေ့ ၊ အတွဲ ၃ ၊ အမှတ် ၁၂၈...ပြည်သူ့ခေတ် ဂျာနယ် "

တို့ဗမာအစည်းအရုံး

လက်နက်အချို့အား အသုံးပြုမှု ကန့်သတ်ထားရခြင်း အခြေခံအကြောင်းရင်း

Sai Thein Win
    --------------------------------------------------------------------------------
    အဓိက အချက် သုံးချက် ရှိသည်။ တစ်အချက် နှိုင်းချိန်မှုမဲ့သော လက်နက် မဖြစ်စေရ။ နှစ်အချက် မလိုအပ်ပဲ ဝေဒနာခံစားရစေနိုင်သည့် သို့မဟုတ် မလိုလားအပ်သော ဒဏ်ရာမျိုး ရရှိစေသည့် လက်နက်များ မဖြစ်စေရ။ သုံးအချက် လက်နက်အသုံးပြုရာတွင် “အတန်းအစားခွဲခြားခြင်း၊ အချိုးအစားမျှတမှုနှင့် စစ်ရေးလိုအပ်ချက်ဆိုင်ရာ အခြေခံဥပဒေသများ”၏ လမ်းညွှန်ချက် အတိုင်းသာ ဖြစ်ရမည်။ အဆိုပါ အကြောင်းအရာများက နည်းပညာဆန်ကောင်း ဆန်လိမ့်မည်ဖြစ်သော်လည်း နောက်ဆက်တွဲ ရှင်းလင်းချက်များမှ အသေးစိတ် သိနားလည်နိုင်စေရန် အထောက်အကူပြုပါလိမ့်မည်။

    နှိုင်းချိန်မှု မဲ့သော လက်နက်ဟု ဆိုရာဝယ်..
    ---------------------------------------------
    ပစ်မှတ်တစ်ခုအား သီးခြားချိန်ရွယ် ပစ်ခတ်နိုင်စွမ်းမရှိသည့် လက်နက် သို့မဟုတ် ၎င်း၏ အကျိုးသက်ရောက်မှုအား ထိန်းချုပ်နိုင်စွမ်းမရှိသည့် လက်နက်မျိုးကို နှိုင်းချိန်မှု မဲ့သော လက်နက်ဟု သတ်မှတ်သည်။ ဥပမာ- အန္တရာယ် တစုံတရာ မရှိလေဟန် ပြုလုပ်ထားပြီး အနားကပ်လာသော သတ္တဝါများကို သေစေသည်အထိ ဒဏ်ရာရရှိစေသော တောတွင်းထောင်ချောက်မျိုးမှာ အထိန်းအချုပ်မရှိသည့် လက်နက်အမျိုးအစားဖြစ်သည်။ ၎င်းကို အချိန်အဆ မရှိသော၊ နှိုင်းချိန်မှု မဲ့သော လက်နက်ဟု သတ်မှတ်သည်။ မြေမြုပ်လူသတ်မိုင်းများကို အသုံးပြုမှု တားမြစ်ပိတ်ပင်ထားရသည့် အကြောင်းရင်း တစ်ခုမှာလည်း သာမန်အရပ်သားနှင့် ရန်သူ့တပ်သားများကို ခွဲခြားထိခိုက်စေနိုင်မှု မရှိခြင်းကြောင့် ဖြစ်သည်။

    မလိုအပ်ပဲ ဝေဒနာခံစားရစေနိုင်သည့် လက်နက် သို့မဟုတ် မလိုလားအပ်သော ဒဏ်ရာမျိုး ရရှိစေသည့် လက်နက်များ..
    ---------------------------------------------------------------------------------
    စစ်ရေးလိုအပ်ချက်ထက် ကျော်လွန်အကျိုးသက်ရောက်သည့် လက်နက်များကို ဆိုလိုသည်။ သာမန်လူတယောက်အနေဖြင့် သေနတ်ဒဏ်ရာ တချက် ရရှိလိုက်ပြီဆိုပါက ရင်ဆိုင်တိုက်ပွဲများတွင် ဆက်လက်ပါဝင်လိုစိတ် ရှိတော့မည်မဟုတ်မှန်း အများလက်ခံထားကြပြီး ဖြစ်၏။ သို့ဖြစ်ရာ ထိမှန်သည့်နေရာတွင် ထပ်ဆင့်ပေါက်ကွဲနိုင်သည့် ကျည်ဆံတတောင့်မှ အကျိုးထူး ရနိုင်စရာ မရှိ။ ထိုသို့သော လက်နက်မျိုးကို လွန်လေပြီးသည့် ၁၉ ရာစုခန့်က တီထွင်အသုံးပြုခဲ့ကြပြီး ဒဏ်ရာကို အလွန်အကျူး ဆိုးဝါးစေသော်လည်း အသုံးပြုသူအား ထိရောက်သည့် စစ်ရေးအသာစီး ရရှိမှု မပေးစွမ်းခဲ့ပါ။ သို့ဖြစ်၍ လူသားချင်းစာနာထောက်ထားမှုအရ ထိကွဲကျည်ဆံများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သည်။
    အခြားသိသာထင်ရှားသော တားမြစ်ပိတ်ပင်ထားသည့် လက်နက်များမှာ အိတ်စ်ရေးရောင်ခြည်ဖြင့် စမ်းသပ်ရှာဖွေ၍ မရနိုင်သော အစအနများဖြင့် လူကို ထိခိုက်ဒဏ်ရာရရှိစေသည့် လက်နက်များဖြစ်သည်။ ၎င်းလက်နက်များအနေဖြင့် ဝေဒနာကို တာရှည်ခံစားရစေခြင်း၊ ကုသမှုကို ခက်ခဲစေခြင်းက လွဲပြီး မည်သည့် အကျိုးကျေးဇူးကိုမျှ ဖြစ်ထွန်းစေခြင်း မရှိ။

    အတန်းအစား ခွဲခြားခြင်း၊ အချိုးအစား မျှတမှုနှင့် စစ်ရေးလိုအပ်ချက်ဆိုင်ရာ ဥပဒေသများ..
    ---------------------------------------------------------------------------------
    လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နေရာတွင် တိုက်ပွဲဝင်နေသူများနှင့် စစ်ရေးပစ်မှတ်များ ရှိနေနိုင်သလို အရပ်သားများနှင့် အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများ၊ အရာဝတ္ထုများလည်း ရှိနေနိုင်သည်။ အတန်းအစား ခွဲခြားခြင်းဟု ဆိုရာဝယ် စစ်ဖက်နှင့် အရပ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အရာဝတ္ထုတို့၏ မတူခြားနားမှုအား ရွေးထုတ်ခြင်းနှင့် အလေးဂရုပြုခြင်းကို ဆိုလိုသည်။ အရပ်သားများကို စစ်ဆင်ရေးကြောင့် အထိအခိုက်မရှိစေရန် ကာကွယ်ပေးအပ်သည်။ ၎င်းတို့အား ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုသင့်။ “အရပ်ဖက်နှင့် စစ်ဖက် ပစ်မှတ်တို့ကို ခွဲခြားထိခိုက်စေနိုင်ခြင်းမရှိသည့် လက်နက် အသုံးပြုမှု နည်းလမ်းများအား တရားမဝင် အသုံးပြုမှုအဖြစ် မှတ်ယူနိုင်သည်။”

    မှတ်ချက် - အရပ်သား ထိခိုက်သေကြေ ဒဏ်ရာရမှုတိုင်းမှာ ထို ဥပဒေသများကို ကျူးလွန်ဖောက်ဖျက်ခြင်းကြောင့် မဟုတ်။

    လက်နက်ကိုင်တပ်ဖွဲ့များကို အမိန့်ပေးစေခိုင်းနေသူများအနေဖြင့် (နိုင်ငံရေးဆိုင်ရာ၊ စစ်ဖက်ဆိုင်ရာ အရာရှိ မဟူ) အရပ်သားလူထုကို ထိခိုက်မှု မရှိစေရန် အမြဲတစေ ဂရုပြုရမည်။ ၎င်းတို့အား တိုက်ရိုက်ပစ်မှတ်မထားရန် လိုအပ်သည့်အပြင် တိုက်ခိုက်ရာတွင် အရပ်သားများ မတော်တဆ ထိခိုက်သေကြေဒဏ်ရာရမှုနှင့် အရပ်ဖက် ဝတ္ထုပစ္စည်းများ ပျက်စီးမှု မရှိရန် သို့မဟုတ် နည်းနိုင်သမျှ နည်းစေရန် တတ်နိုင်သမျှသော ကြိုတင်ကာကွယ်မှုများ “အားလုံး”ကို ရယူထားရမည်။

    တပ်မတော်တရပ်အနေဖြင့် ၎င်း၏ စစ်ရေးရည်မှန်းချက်များကို ရယူမည်ဆိုပါက အရပ်သား ထိခိုက်သေကြေပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းပြီး ဥပဒေနှင့်လျော်ညီစွာ စစ်ဆင်နိုင်သည်။ လမ်းညွှန် အခြေခံ သဘောတရားမှာ “အချိုးအစား မျှတမှု”ဖြစ်ပြီး အရပ်သား သေကြေဒဏ်ရာရမှု၊ အရပ်ဖက်ဆိုင်ရာ ဝတ္ထုပစ္စည်းများ ထိခိုက်ပျက်စီးမှုနှင့် တင်ကြိုမျှော်မှန်းထားသော စစ်ရေးအသာစီးရမှုတို့က သင့်တော်သည့် အချိုးအစားအတွင်း ရှိနေရမည်။

    ထို့နည်းတူစွာပင် အရပ်ဖက် အဆောက်အအုံများအား တိုက်ခိုက်ဖျက်ဆီးတိုင်း (လမ်း၊ တံတား၊ အသံလွှင့်ဌာန စသည်..) ဥပဒေနှင့် ဆန့်ကျင်သည်ဟု မဆိုနိုင်။ “တိုက်ခိုက်စဉ်ကာလအတွင်း ထိုအရာများက စစ်ရေးအတွက် တနည်းတဖုံ အသုံးချခြင်း ခံနေရလျှင် ဥပဒေကြောင်းအရ လက်ခံနိုင်ဖွယ်ရှိသော တိုက်ခိုက်ဖျက်ဆီးမှုအဖြစ် ယူဆသည်။” အကျိုးအမြတ်နှင့် ပျက်စီးဆုံးရှုံးမှု အချိုးအစား မျှတရန် လိုအပ်သည်ကိုသာ အစဉ်သတိပြုရမည်။

    လက်နက်များကို အမျိုးအမည်လိုက် စာရင်းအင်း အတိအကျဖြင့် တားမြစ်ပိတ်ပင်ထားခြင်း ရှိ/မရှိ..
    ---------------------------------------------------------------------------------
    မရှိပါ။ မြေမြုပ်လူသတ်မိုင်း ကဲ့သို့သော လက်နက်အနည်းငယ်ကို အသုံးပြုခွင့် လုံးဝ တားမြစ်ပိတ်ပင်ထားပြီး တောတွင်းထောင်ချောက် ကဲ့သို့သော လက်နက် အများစုကို အကန့်အသတ်ဖြင့် ခွင့်ပြုသည်။ မည်သို့ဆိုစေ လက်နက်များ၏ မူကွဲ၊ မျိုးကွဲများပြားမှုကြောင့် စာရင်းအတိအကျပြုစုရန် မဖြစ်နိုင်။ ၎င်းအစား အခြေခံသဘောတရားများကိုသာ ကျောရိုးပြုဆင်ခြင်၍ ဥပဒေအားဖြင့် ကျင့်သုံးသည်။

    အထက်ပါ ဆွေးနွေးတင်ပြထားချက်များအရဆိုလျှင် လက်နက်များ၏ ပင်ကိုယ် အကျိုးသက်ရောက်မှု နည်းတူ အသုံးပြုသည့် နည်းလမ်းကလည်း အရေးကြီးသည်သာ ဖြစ်၏။ လောင်မီးလက်နက်ကဲ့သို့ မီးလောင်ရန် သို့တည်းမဟုတ် မီးလောင်ကျွမ်းမှု ပိုမိုပျံ့နှံ့စေရန် တီထွင်ပြုလုပ်ထားသော လက်နက်များကို အရပ်ဖက်နှင့်ဆိုင်သော ပတ်ဝန်းကျင်အခြေအနေမျိုးတွင် အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော်လည်း ရန်သူ့တပ်သားများအပေါ် အသုံးပြုတိုက်ခိုက်ခြင်းကိုမူ ဥပဒေအရ ခွင့်ပြုကောင်း ပြုနိုင်သည်။ အချို့သော လက်နက်များအနေဖြင့် ရန်သူ နေရာယူထားသည့် အဆောက်အဦး၊ ရန်သူ့တင့်ကားများကို တိုက်ခိုက်ရာတွင် အသုံးပြုရန် ဘောင်ဝင်ကောင်း ဝင်မည်ဖြစ်သော်လည်း ရန်သူ့တပ်သားများကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ရာတွင်မူ ဥပဒေချိုးဖောက်ရာကျနိုင်သည်။

    နျူကလီးယားလက်နက် အသုံးပြုမှု တရားဝင်/မဝင်..
    --------------------------------------------------------------------------------
    အဖြေမရှိသည့် ပုစ္ဆာဖြစ်သည်။ နျူလက်နက်သုံးခြင်းကြောင့် အရပ်သားသေကြေပျက်စီးမှု ကြီးမားသည့်အတွက် “နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနှင့် အခြေခံသဘောတရားများကို ဆန့်ကျင်ရာရောက်”သော်လည်း နိုင်ငံတနိုင်ငံအနေဖြင့် ၎င်း၏ ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း ခံနေရပါက နျူလက်နက်ဖြင့် ခုခံကာကွယ်ခြင်းသည် ရန်သူကို အောင်နိုင်ရန် အကောင်းဆုံးနှင့် အလိုအပ်ဆုံးနည်းလမ်းဖြစ်ကြောင်း လျှောက်လဲချက်ပေးနိုင်သည်။ ကျွမ်းကျင်သူများက ထိုအချက်ကို လက်မခံသော်ငြားလည်း လက်ရှိအခြေအနေတွင်မူ နျူလက်နက်အသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားခြင်း မရှိပါ။

    ဇီဝ၊ ဓါတုလက်နက် အသုံးပြုမှု ခွင့်ပြုထားသည့် အခြေအနေမျိုး ရှိနိုင်/မရှိနိုင်..
    ---------------------------------------------------------------------------------
    မရှိပါ။ ဇီဝနှင့် ဓါတုလက်နက်အသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားသည်။ ထိုကဲ့သို့သော လက်နက်များ တိုးတက်တီထွင် ထုတ်လုပ်ခဲ့ကြသည့် ဗြိတိန်အပါအဝင် နိုင်ငံအတော်များများမှ ၎င်းတို့၏ စီမံကိန်းများကို စွန့်လွှတ်ခဲ့ကြပြီး ဖြစ်သည်။ ကမ္ဘာ့တနေရာရာတွင် ထိုသို့သော တိုးတက်တီထွင်မှုများကို ပြုလုပ်နေသည် ဆိုပါက ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေခြင်းသာ ဖြစ်မည်။

    ဇီဝနှင့် ဓါတုလက်နက် အသုံးပြုမှု တားမြစ်ပိတ်ပင်ထားခြင်းမှာ အကြွင်းမဲ့သည်ဖြစ်၍ သေစေသည့်အထိ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ သို့တည်းမဟုတ် နိုင်ငံတနိုင်ငံချင်းစီ၏ ဥပဒေအရ ခွင့်ပြုထားသည့်ဖြစ်စေ၊ ခွင့်မပြုထားသည်ဖြစ်စေ အသုံးပြုခဲ့ပါက နိုင်ငံတကာဥပဒေနှင့် ငြိစွန်းသည်။ ဥပမာ “CS ဓါတ်ငွေ့ကို အရပ်သား ဆူပူအုံကြွမှု ထိန်းသိမ်းရန် ရဲမှ အသုံးပြုနိုင်သော်လည်း လက်နက်ကိုင် ပဋိပက္ခများတွင် စစ်တပ်မှ အသုံးပြုပိုင်ခွင့် မရှိ။”

    Credits
    This briefing was written by PJ White.
    This resource and other free educational materials are available at redcross.org.uk/education

၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ရောက်ရှိ

rယနေ့(၂ဝ၁၃ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၄ ရက်) နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာလာခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ Centrer Peace and Conflict Studies မှ တာဝန်ရှိသူများနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများက လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် မနီလာမြို့ရှိ ခေတ္တ တည်းခိုရာ The Richmonde Hotel သို့ ဒေသစံတော်ချိန် ၈း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် Centrer Peace and Conflict Studies ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ လေ့လာရေးစင်တာ CPCS ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် မနက်ဖြန် ( ဇန်န၀ါရီလ၊ ၁၅ ရက်) နံနက်တွင် ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Lt. General Emmanuel T Bautista နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု ပြုလုပ်နေကြသည့် လူမှုအဖွဲ့အစည်းများဖြစ်ကြသော BMFI , MILF , TAF စသည့် အဖွဲ့များနှင့်လည်း တွေ့ဆုံကြမည်ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံရှိ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Stephen Lille နှင့် ပထမအတွင်းဝန် Thomas Philpps တို့နှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။

88 Generation Students
Photos

“တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ ခေါင်းစဉ်ဖြင့် ထပ်မံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်”

Popular Myanmar News Journal

တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ ၁၅ ရက်တွင် ၃၆ လမ်း(အလယ် ဘလောက်)ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ညနေ ၃ နာရီမှ ၆ နာရီထိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဥပဒေ၏ အထက်၌ ဘယ်သူမှ မရှိရဘူးဆိုသည့် အကြောင်းအပါအ၀င် ယမန်နေ့က ၎င်းအားရိုင်းပြစွာ ဆက်ဆံခဲ့သည့် လူတစ်ဦးအကြောင်းကို အကျယ်တ၀င့် ကိုထင်ကျော်မှ ရှင်းလင်းမည်ဟု ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကိုဇေယျာလင်းကပြောသည်။

တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ ၁၃ ရက်တွင် တော်ဝင်နှင်းဆီ၌ ညနေ ၃ နာရီမှ ၆ နာရီထိ ကျင်းပရန် စီစဉ်ထားသော်လည်း မပြုလုပ်ခဲ့ပေ။

ကရင်ပြည်နယ်ရောက် ဒဲရစ်မစ်ချယ်လ်

Popular Myanmar News Journal's photo.

ကရင်ပြည်နယ်သို့ရောက်ရှိနေကြသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးင့် ဇနီးတို့အား ဘားအံမြို့ရှိ ခရစ်ယာန်ဘုန်းတော်ကြီး ဘိရှော့စတိုင်လိုနှင့်အတူတွေ့ရစဉ်(Photo-U.S. Embassy Rangoon)

ကမ္ဘောဇဘဏ် မှ စက္ကူစုတ်များ

Tun Tun Lwin's photo.

ကမ္ဘောဇဘဏ် (မကွေးဘဏ်ခွဲ) တွင် 07/01/2013 နေ့က ကျွန်တော်၏ဇနီးဖြစ်သူ မအေးအေးမာသည် ငွေလွှဲ ၃၅သိန်းအား သွားရောက်ထုတ်ယူခဲ့ပါသည်။ ၁သိန်းအုပ် တစ်အုပ်ထဲတွင် စက္ကူများ ရောညှပ်ထားသည်ကို ပုံပါအတိုင်း တွေ့ရပါသည်။ ငွေသား ၅ သောင်းကျပ်သာ ပါရှိပါသည်။ ဘဏ်သို့ သွားရောက်ပြောသောအခါ ဘဏ်မန်နေဂျာနှင့် ၀န်ထမ်းများက ၀ိုင်းဝန်းပြောဆိုပြီး ငြင်းခဲ့ပါသည်။ လူသိများသော ဘဏ်ကြီးမှ ဤကဲ့သို့ ပြုလုပ်သည်မှာ လွန်စွာ သိက္ခာ ကျသော လုပ်ရပ်ဖြစ်ပါသည်။ အကြောင်းစုံအသေးစိတ် သိရှိလိုပါက မအေးအေးမာ (hp: 09 40156 2108) သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။ အခြားသူများအားလုံး သတိထားနိုင်စေရန် အသိပေးခြင်းဖြစ်ပါသည်။

ထွန်းထွန်းလွင်
065 81898434

ကျည်သင့်ကချင်ပြည်သူ၃ယောက်...

ချမ်းလို့မီးလှုံနေစဉ်ထိမှန်ပုံရပါတယ်။။
ကချင်တပ်မြေထဲဖြစ်နိုင်ပါတယ်။။
ကယ်ဆယ်ဖို့ထက်ဝါဒဖြန့်ဖို့ဓါတ်ပုံအလုအယက်အရင်ရိုက်
နေတာလည်းတွေ့ရမှာပါ

ဓါတ်ပုံ- (ပုံပေါ်မှာရှု့ပါ)

Burma Army has killed Kachin civilians....."14 January 2013, 8:30 AM.. The weapons shot from Myanmar Government Army hit a house in Hka Kyang Quarter, Laiza town, claimed 3 civilian lives killed and injured 6 persons."AFP သတင်းဌာနမှ ထုတ်လွှင့်သောအစိုးရ စစ်တပ်မှ လှိုင်ဇာမြို့ ထဲသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၊ အရပ်သား (၃)ဦးသေ၊(၇)ဦးဒဏ်ရာရ၊ မှတ် တမ်းရုပ်သံ။(14/1/2013)

မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အသုံးပြုရန် အမေရိကန် ဒေါ်လာ (၁) သိန်းသမ္မတ ဦးသိန်းစိန်၏ဇနီးလက်ခံ

Hmuu Zaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး ချူကွန်ဖွန်း ( H.E. Mr. Chu Cong Phug ) နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ Viettle Group ဒုတိယဥက္ကဋ္ဌ မစ္စတာငူယင်မန်ဟန်း ( Mr. Nguyen Manh Hung ) တို့ ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ
==================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း နာယက ဒေါ်ခင်ခင်ဝင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး ချူကွန်ဖွန်းနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ Viettle Group ဒုတိယဥက္ကဋ္ဌ မစ္စတာ ငူယင်မန်ဟန်းတို့ ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက်(၁၀) နာရီတွင် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ခင်ခင်ဝင်းမှ ပြန်လည်ဆွေးနွေးရာတွင် Viettle Group ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ပါကြောင်း၊ ယခုကဲ့သို့ ပညာရေး ကဏ္ဍအတွက် ကွန်ပျူတာများ လှူဒါန်းပေးခြင်းနှင့် ဆက်လက်ကူညီပေးသွားမည့် ပညာရေးကဏ္ဍဖွံ့ဖြိုးမှု ကိစ္စရပ်များ အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အလားတူ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ ဆောင်ရွက်မှု လုပ်ငန်းကဏ္ဍများတွင် အသုံးပြုရန် အမေရိကန် ဒေါ်လာ (၁) သိန်း လှူဒါန်းခြင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အနေဖြင့် အဆိုပါ လှူဒါန်းငွေကို ပညာရေး ကဏ္ဍ၌သာ အသုံးပြုသွားမည် ဖြစ်ပါကြောင်းနှင့် အသင်း၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများတွင် ပါဝင်ကူညီ ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/01/11/id-2297

ကချင်အတွက်အမေစုရဲ့ပထမခြေလှမ်း

ဒီနေ့လွှတ်တော်တက်ကချင်ဝတ်စုံ