Tuesday, January 15, 2013

Eleven Media Group မှ အသိပေးကြေညာခြင်း



Eleven Media Group ၀က်ဘ်ဆိုက်အား Red-Army Team အမည်ဖြင့် (Hacker အဖွဲ့ခြောက်ခုအမည်ဖော်ပြကာ) ဇန်န၀ါရီလ ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ပါသည်။

Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်မှ သတင်းတင်ထားပြီးနောက် ယခုကဲ့သို့ Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

Myanmar Express ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းသည် လိုင်ဇာမြို့တွင် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် ပတ်သက်၍ ရေးသားခဲ့သော သတင်းအပေါ် မူတည်၍ Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ်စွပ်စွဲမှုများစွာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထို့အပြင် EMG အား အောက်တန်းစားမီဒီယာဟု လေ့လာစောင့်ကြည့်သူအဖြစ် မှတ်ချက်ပေးထားသော ဒေါက်တာဆိတ်ဖွားက အစိုးရ၏ ၀ါဒဖြန့်ချိရေး အမည်ခံ Voice Of Myanmar ဘလော့ဂ်တွင် ရေးသားထားသည်ကို myanmarexpress.net တွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။
Voice Of Myanmar တွင် အဆိုပါသတင်းကို ဇန်န၀ါရီလ ၁၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် တင်ထားခြင်းဖြစ်ပြီး Myanmar Express က နောက်ထပ် တစ်နာရီအကြာတွင် တင်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် Eleven Media Group ၀က်ဘ်ဆိုက်အား ခေတ္တမျှ ၀င်ရောက်ကြည့်ရှုနိုင်ခဲ့ခြင်း မရှိဘဲ EMG Technical Team မှ ပြန်လည် ပြင်ဆင်ခဲ့ရပါသည်။ အချိန်လေးနာရီမျှအကြာတွင် Eleven Media Group ၀က်ဘ်ဆိုက်ကို ပုံမှန်အတိုင်း ပြန်လည် ကြည့်ရှုနိုင်ခဲ့ပါသည်။

Eleven Media Group ၀က်ဘ်ဆိုက်ကို hack လုပ်ခြင်းသည် Cyber Crime ဖြစ်ပြီး တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တစ်ဆင့် တရားဝင် တိုင်ကြားသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အစိုးရနှင့် ဆက်နွှယ်သူများဟု သံသယရှိဖွယ်ရာ အနေအထားများ၊ အစိုးရကိုပါ သိက္ခာကျဆင်းစေရန် ခုတုံးလုပ်နေသူများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆစရာများ ရှိနေသည့်အတွက် အများပြည်သူအား အသိပေး၍ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် တိုင်ကြားခြင်းဖြစ်ပါသည်။

သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊ အရာရှိကြီးများအနေဖြင့်လည်း မိမိဌာန၊ အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မကျဆင်းစေရန် မိမိလက်အောက်ရှိ အရာရှိငယ်များ၊ ၀န်ထမ်းများက တရားဝင်ရပ်တည်နေသော မီဒီယာများအပေါ် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်ခြင်းများ မရှိစေရေး သတိပေး ထိန်းသိမ်းတားဆီးရန် လိုအပ်မည်ဖြစ်ကြောင်း Eleven Media Group က တိုက်တွန်းအပ်ပါသည်။

Eleven Media Group

ကြမ္မာဆိုးတွေကြားထဲအအပြစ်မဲ့ကချင်ပြည်သူတွေ

အရာအားလုံးတစ်ကပြန်စလို့ရရင်အခုဆိုတိဘက်န်ုင်ငံတော်ဆိုတာပြန်ဖြစ်နေလောက်ရောပေါ့။
ပင်လုံကိုသက်သေပြုလို့ကချင်နိုင်ငံတော်အသစ်လည်းပေါ်ပေါက်ခဲ့တာကြာရောပေါ့။
ပြန်ဖြစ်နိုင်မဖြစ်နိုင်ကိုတော့စာရှု့သူသုံးသပ်လို့ရလောက်မှာပါ။
နိုင်ငံကခွဲမထွက်ပါလို့တော့ကတိပေးထားတာတော့ရှိပါတယ်။
ဒါပေမယ့်ကိုလိုနီနိုင်ငံတခုလိုနေချင်တယ်။ဆက်ကြေးအခွန်ပဏာပသမယ်။သီးသန့်လေးတော့နေချင်တယ်။
ကံဆိုးတာကတရုတ်နဲ့ပြည်မကြားပဲလှော်ဆားညှပ်တာပဲ။မြန်မာအစိုးရရဲ့လက်ရှိအကြီးဆုံးကုန်သွယ်ဖက်က
တရုတ်၊လမ်းကြောင်းတွေကများလာလေကေအိုင်အေနယ်မြေကကျဉ်းလာလေ..ပြသာနာကဒီကစတာပဲ။
ဆွေးနွေးပွဲတခုမှာစစ်တပ်ကအဖေနဲ့သားအဖြစ်ပဲဆက်ဆံသွားတယ်။အဲဒီသဘောထားအတိုင်းပဲရှိနေအုံးမှာပဲ။
မိမိပြည်၊မိမိမြေအတွက်နောက်ဆုံးတသက်အထိခံတိုက်မယ်ဆိုရင်လည်းကေအိုင်အေအတွက်ဂုဏ်ယူပေးရမှာ
ပဲ။သမိုင်းရေးမယ့်ဘေးလူတွေကတော့ကလောင်တမြမြနဲ့ပေါ့။
စစ်နိယာမအရမိမိတပ်သားတွေပုံမှန်အတိုင်းတိုက်ပွဲဝင်နိုင်ဖို့သတင်းအမှန်ပေးလေ့မရှိပါဖူး။စစ်ဆင်ရေးနဲ့ဗျူဟာ
မှုးတွေလောက်ပဲအတိအကျသိကြပါတယ်။
ကေအိုင်အေသတိချပ်ရမှာကလက်နက်ကိုလက်နက်ခြင်းပြန်တိုက်တာတရားသောစစ်ပါ။
လက်နက်ကိုလက်နက်နဲ့ပြန်မတိုက်လိုတဲ့သာမန်ကချင်ပြည်သူတွေလည်းရှိပါတယ်။
သူတို့ကိုစစ်နဲ့ဝေးရာသွားခိုင်းပါ။မင်းအောင်လှိုင်တပ်တွေကလိုင်ဇာထဲလှမ်းပစ်လို့ရတဲ့နေရာမှာပါ။
ကေအိုင်အေတပ်နဲ့ကချင်သာမန်ပြည်သူရောမထားသင့်ပါဖူး။ကချင်အရပ်သားသေတာဓါတ်ပုံရိုက်ပြီးတင်၊
ကမ္ဘာကအရေးယူအောင်လုပ်တာမှန်ပေမယ့်ဘောင်မ၀င်ရင်အကျိုးရလဒ်ဘာမှမရပါဖူး။
လက်နက်မရှိတဲ့သူတွေချည်းကိုပဲဦးတည်ပြီးသတ်မှနိုင်ငံတကာကပါလို့ရပါတယ်။
ကေအိုင်အေအတွက်ရွေးစရာသုံးလမ်းရှိပါတယ်။

(၁)တယောက်ပဲကျန်သည်အထိအသေခံတိုက်ရန်၊
(၂)နယ်ခြားစောင့်တပ်လုပ်ရန်
(၃)ရွေးကောက်ပွဲဝင်နိုင်အောင်ကျိုးစား၊ပြည်နယ်စီမံခန့်ခွဲခွင့်ရယူခြင်းတို့ပဲဖြစ်ပါတယ်။

ဒီအတိုင်းပဲကချင်ပြည်နယ်ရဲ့တစိတ်တဒေသ(လိုင်ဇာဝန်းကျင်)မှာကိုယ်ပိုင်တပ်၊ကိုယ်ပိုင်
ဓါတ်အားပေးစက်ရုံလေးနဲ့နေနိုင်ဖို့ဆိုတာကတော့ခြေတလှမ်းကျော်လိုက်ရင်ရောက်တဲ့ဟိုဖက်မှာတရုတ်ပြည်ကြီး
မရှိခဲ့ရင်ပေါ့။
ကြမ္မာဆိုးတွေကြားထဲအအပြစ်မဲ့ကချင်ပြည်သူတွေအသေအပျောက်မရှိဖို့လောလောဆယ်ဆုတောင်းရုံကလွဲလို့
အခြားအဖြေတခုမရှိသေးကြောင်းပါ။

ရဲရင့်ငယ်(1/15/2013)

ကိုရီးယားနိုင်ငံ မှာ 2013 Asia New Star Model Contest ထွန်းကိုကို က ပထမဆုရရှိ

Myarnatmg Myanmar Entertainment's photo.
2013 Asia New Star Model Contest ကို ကိုရီးယားနိုင်ငံ မှာ ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာ ပြည်မှ အမျိုးသား မော်ဒယ် ထွန်းကိုကို က ပထမဆုရရှိသွားပါတယ်။
မော်ဒယ် ထွန်းကိုကို ဟာ ဒီဆု ကို ရရှိခဲ့တာကြောင့် အာရှကိုယ်စား နောင်လာမယ့် အီတလီ ၊ မီလန် မြို့ မှာ ကျင်းပမယ့် နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲကိုယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါပြီ။
မြန်မာ နိုင်ငံ မှ အားလုံးပေါင်း အမျိုးသား ၂ ယောက် ၊ အမျိုးသမီး ၂ ယောက် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ထွန်းကိုကို က ထိုက်ထိုက်တန်တန် ဆုရရှိခဲ့တာဖြစ်ပါတယ်။


အောင်မြင်မှု အတွက် ဂုဏ်ယူပါတယ် ထွန်းကိုကို ‎2013 Asia New Star Model Contest ကို ကိုရီးယားနိုင်ငံ မှာ ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာ ပြည်မှ အမျိုးသား မော်ဒယ် ထွန်းကိုကို က ပထမဆုရရှိသွားပါတယ်။
မော်ဒယ် ထွန်းကိုကို ဟာ ဒီဆု ကို ရရှိခဲ့တာကြောင့် အာရှကိုယ်စား နောင်လာမယ့် အီတလီ ၊ မီလန် မြို့ မှာ ကျင်းပမယ့် နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲကိုယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါပြီ။
\ မြန်မာ နိုင်ငံ မှ အားလုံးပေါင်း အမျိုးသား ၂ ယောက် ၊ အမျိုးသမီး ၂ ယောက် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ထွန်းကိုကို က ထိုက်ထိုက်တန်တန် ဆုရရှိခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့အရှင်ဆန္ဒာဓိက ကျပ်သိန်း၁၂၀လှူဒါန်း

ပါကစ္စတန် တရားရုံးချုပ်က ၀န်ကြီးချုပ် ကို ဖမ်းဖို. အမိန်.ကို ပြတ်သားစွာကြေငြာ

Aye Aye Soe Win's photo.

ပါကစ္စတန်မှာ အကျင်.ပျက်မှုတိုက်ဖျက်ရေး ကို ပီပီ ပြင်ပြင် စလုပ်နေကြပါပြီ။ သူတို.နိုင်ငံမှာ အခွန်မဆောင်၊ ပိုင်ဆိုင်မှု မပြတဲ. လွှတ်တော်က အမတ် ၃၅%-၄၅% တွေ ဘေးကြပ်နံကြပ်ဖြစ်နေကြပါတယ်။   

ခြစားမှုကြီးတွေမှာ တကယ်တာဝန်ရှိသူတွေဟာ  လွှတ်တော်က အမတ်မင်း ၃၅%-၄၅% သာမက  ခြစားဝန်ကြီးချုပ် အက်ရှ်ရာ.ဖ် လဲပါပါတယ်။  ပါကစ္စတန် ၏အမြင်.ဆုံး အစိုးရတရားရုံး စူပရင်းကုတ်တ် က ဒီနေ. ပဲ  ၀န်ကြီးချုပ်ကို အမှုတွဲ ၁၅ခုဖြင်. အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး  ခု ချက်ခြင်း ဖမ်းရမယ်လို.  အမိန်.ထုတ်ပြန်လိုက်ပါတယ်။  

ဝန်ကြီးချုပ်  Raja Pervez Ashraf ရာဂျာ ပါဗက်စ် အက်ရှ်ရာ.ဖ် ကတော. ၂၀၁၃ မှာ လုပ်မဲ. ရွေးကောက်ပွဲ နား ကပ်နေတဲ. အချိန်မှာဒီအမိန်.ကြောင်. အထိနာ သွားပါတယ်။ 

နိုင်ငံတခု၏ အကျင်.သီလနဲ.  တိုးတက်မှုကို ပြောမယ်ဆိုလျှင်  သူ.ဆိုင်ရာ နိုင်ငံ တရားစီရင်မှုပိုင်း က ထိပ်ဆုံးခေါင်ပိုင်း ရှိအစိုးရ ၀န်ထမ်းတွေ၏ပြစ်မှုအ၀၀ ကို ကျောသားရင်သားမခွဲ စီရင်ချက်ချနိုင်တဲ. အခွင်.အလမ်း ရှိမရှိ ဆိုတာနဲ. တိုင်းတာရမှာ ဖြစ်ပါတယ်။ ခေါင်ပိုင်းကထိပ်သီးတွေ အကျင်.ပျက်မှုကို သူတို. ဥပဒေအရ ခွင်.မလွှတ်နိုင်တော.တဲ. အခါ အဲဒီ. နိုင်ငံမှာ   တိုးတက်မှု အစစ် နဲ. ကိုယ်ကျင်.သီလပါတဲ. အုပ်ချုပ်ရေးစနစ် ရှိလာပြီ လို. ပြောနိုင်ပါတယ်။ 

ဒီနေ. ပါကစ္စတန် တရားရုံးချုပ်က ၀န်ကြီးချုပ် ကို ဖမ်းဖို.  အမိန်.ကို ပြတ်သားစွာကြေငြာလိုက်တဲ. အခါ မှာ တနိုင်ငံလုံးက သတင်းစောင်.ကြည်.နေတဲ. ပြည်သူတွေ ပျော် လွန်းးလို.၊ အော် ကြဟစ်ကြ၊ ထ ခုန်ကြ၊ ပိတိမျက်ရည်တွေ ကျ တဲ. အထိ ဖြစ်သွားကြပါတယ်။ 

မြန်မာပြည်မှာတော. အမှားတွေချည်းပါပဲ။ အစိုးရသစ်ဟု အမည်ခံထားသော်လည်း သစ်ဆန်း တိုးတက်လာတာ ဘာတစ်ခု မှ မတွေ.ရသေးပါ။ ဒေါ်စုကို ဆွဲ စည်းရုံးထားနိုင် တာတခု ပဲ အသစ်အဆန်း ဖြစ်နေပါတယ်။ 

မြန်မာနိုင်ငံမှာ  ထိပ်သီးအစိုးရအဖွဲ့ဝင်များ၏ အကျင့်ပျက် ခြစားမှုများ က ၁၉၈၈ မတိုင်ခင်ကတည်းက ရှိပါတယ်။ သို.သော်--၁၉၈၈နဲ. ၂၀၁၂ ကြား ဦးသန်းရွှေလက်ထက် မှာ အကျင်.ပျက်မှု တွေက အဆိုးတကာ အဆိုး ဆုံးဖြစ်လာခဲ.ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျင်.ပျက်ဆုံး ၄ နိုင်ငံစာရင်းထဲဝင်သွားပါတယ်။ ခု ၂၀၁၃ ရောက်တဲ. အထိ-- ခေါင်ကဖေါက်ပြန်နေသူများကို အရေးယူ နိင်သည်. အဖွဲ. အစည်းမပေါ်သေးပါ။ 

မြန်မာပြည်မှာ ဟိုးထိပ်ဆုံး ခေါင်ပိုင်းက အကြီးအကျယ်  ခြစားနေ တဲ. စစ်ဗိုလ်ချုပ်ကြီးတွေကို  တို.မရ ထိမရ ။ တရားစီရင်ရေး မျက်လုံးနဲ. ကြည်.လျှင်  ဗီလိန်တွေကို သားကောင် က ပြန်ကြောက်နေရတဲ. တိုးတက်မှု ဆို ဘာဆိုဘာမှ မရှိတဲ. ကျောက်ခေတ်မှာပဲ ရှိနေပါသေးတယ်။ 

ခြစားတဲ.သူတွေ  ပြည်သူ့ ဘဏ္ဍာခိုးသူတွေ၊ လက်နက်အားကိုးဖြင်.ကြမ်းကြုပ်နေသူတွေ၊ အတိုက်အခံခေါင်းဆောင်ကို ပူးသတ် ပြီး ဟေးလားဝါးလား လုပ်နေတဲ. မြန်မာ.လွှတ်တော်မျိုး ကမ္ဘာမှာ ဒီ တစ်ခု ပဲ ရှိနေမယ်ထင်ပါရဲ.။ ပါကစ္စတန်မှာ အကျင်.ပျက်မှုတိုက်ဖျက်ရေး ကို ပီပီ ပြင်ပြင် စလုပ်နေကြပါပြီ။ သူတို.နိုင်ငံမှာ အခွန်မဆောင်၊ပိုင်ဆိုင်မှုမပြတဲ.လွှတ်တော်ကအမတ်၃၅%-၄၅% တွေ ဘေးကြပ်နံကြပ်ဖြစ်နေကြပါတယ်။

ခြစားမှုကြီးတွေမှာ တကယ်တာဝန်ရှိသူတွေဟာ လွှတ်တော်က အမတ်မင်း ၃၅%-၄၅% သာမက ခြစားဝန်ကြီးချုပ် အက်ရှ်ရာ.ဖ် လဲပါပါတယ်။ ပါကစ္စတန် ၏အမြင်.ဆုံး အစိုးရတရားရုံး စူပရင်းကုတ်တ် က ဒီနေ. ပဲ ၀န်ကြီးချုပ်ကို အမှုတွဲ ၁၅ခုဖြင်. အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ခု ချက်ခြင်း ဖမ်းရမယ်လို. အမိန်.ထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးချုပ် Raja Pervez Ashraf ရာဂျာ ပါဗက်စ် အက်ရှ်ရာ.ဖ် ကတော. ၂၀၁၃ မှာ လုပ်မဲ. ရွေးကောက်ပွဲ နား ကပ်နေတဲ. အချိန်မှာဒီအမိန်.ကြောင်. အထိနာ သွားပါတယ်။

နိုင်ငံတခု၏ အကျင်.သီလနဲ. တိုးတက်မှုကို ပြောမယ်ဆိုလျှင် သူ.ဆိုင်ရာ နိုင်ငံ တရားစီရင်မှုပိုင်း က ထိပ်ဆုံးခေါင်ပိုင်း ရှိအစိုးရ ၀န်ထမ်းတွေ၏ပြစ်မှုအ၀၀ ကို ကျောသားရင်သားမခွဲ စီရင်ချက်ချနိုင်တဲ. အခွင်.အလမ်း ရှိမရှိ ဆိုတာနဲ. တိုင်းတာရမှာ ဖြစ်ပါတယ်။ ခေါင်ပိုင်းကထိပ်သီးတွေ အကျင်.ပျက်မှုကို သူတို. ဥပဒေအရ ခွင်.မလွှတ်နိုင်တော.တဲ. အခါ အဲဒီ. နိုင်ငံမှာ တိုးတက်မှု အစစ် နဲ. ကိုယ်ကျင်.သီလပါတဲ. အုပ်ချုပ်ရေးစနစ် ရှိလာပြီ လို. ပြောနိုင်ပါတယ်။

ဒီနေ. ပါကစ္စတန် တရားရုံးချုပ်က ၀န်ကြီးချုပ် ကို ဖမ်းဖို. အမိန်.ကို ပြတ်သားစွာကြေငြာလိုက်တဲ. အခါ မှာ တနိုင်ငံလုံးက သတင်းစောင်.ကြည်.နေတဲ. ပြည်သူတွေ ပျော် လွန်းးလို.၊ အော် ကြဟစ်ကြ၊ ထ ခုန်ကြ၊ ပိတိမျက်ရည်တွေ ကျ တဲ. အထိ ဖြစ်သွားကြပါတယ်။

မြန်မာပြည်မှာတော. အမှားတွေချည်းပါပဲ။ အစိုးရသစ်ဟု အမည်ခံထားသော်လည်း သစ်ဆန်း တိုးတက်လာတာ ဘာတစ်ခု မှ မတွေ.ရသေးပါ။ ဒေါ်စုကို ဆွဲ စည်းရုံးထားနိုင် တာတခု ပဲ အသစ်အဆန်း ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ထိပ်သီးအစိုးရအဖွဲ့ဝင်များ၏ အကျင့်ပျက် ခြစားမှုများ က ၁၉၈၈ မတိုင်ခင်ကတည်းက ရှိပါတယ်။ သို.သော်--၁၉၈၈နဲ. ၂၀၁၂ ကြား ဦးသန်းရွှေလက်ထက် မှာ အကျင်.ပျက်မှု တွေက အဆိုးတကာ အဆိုး ဆုံးဖြစ်လာခဲ.ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျင်.ပျက်ဆုံး ၄ နိုင်ငံစာရင်းထဲဝင်သွားပါတယ်။ ခု ၂၀၁၃ ရောက်တဲ. အထိ-- ခေါင်ကဖေါက်ပြန်နေသူများကို အရေးယူ နိင်သည်. အဖွဲ. အစည်းမပေါ်သေးပါ။

မြန်မာပြည်မှာ ဟိုးထိပ်ဆုံး ခေါင်ပိုင်းက အကြီးအကျယ် ခြစားနေ တဲ. စစ်ဗိုလ်ချုပ်ကြီးတွေကို တို.မရ ထိမရ ။ တရားစီရင်ရေး မျက်လုံးနဲ. ကြည်.လျှင် ဗီလိန်တွေကို သားကောင် က ပြန်ကြောက်နေရတဲ. တိုးတက်မှု ဆို ဘာဆိုဘာမှ မရှိတဲ. ကျောက်ခေတ်မှာပဲ ရှိနေပါသေးတယ်။

ခြစားတဲ.သူတွေ ပြည်သူ့ ဘဏ္ဍာခိုးသူတွေ၊ လက်နက်အားကိုးဖြင်.ကြမ်းကြုပ်နေသူတွေ၊ အတိုက်အခံခေါင်းဆောင်ကို ပူးသတ် ပြီး ဟေးလားဝါးလား လုပ်နေတဲ. မြန်မာ.လွှတ်တော်မျိုး ကမ္ဘာမှာ ဒီ တစ်ခု ပဲ ရှိနေမယ်ထင်ပါရဲ.။

ထမင်းဆိုင်များမှ အဆင်ပြေအောင် ကျပ် (၅၀)၊ (၁၀၀) ဖိုးအထိ ရောင်းပေး

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်းထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး၊ ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် ကျပ် (၅၀)၊ (၁၀၀) ဖိုးအထိ ရောင်းပေးရကြောင်း သိရ
ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်သော လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်း ထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် (၅၀)၊ (၁၀၀) ဖိုးခန့် အထိ ရောင်းပေးရကြောင်း သိရသည်။

ပန်းရံနေ့စားသမားများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၊ စက်ရုံးအလုပ်သမားများတို့သည် ၀င်ငွေပေါ်မူတည်၍ ခွဲဝေသုံးစွဲနေရပြီး ချက်ပြုတ်စားသောက်ခြင်းထက် ၀ယ်ယူစားသောက်ခြင်းက ၄င်းတို့အတွက် ပိုမိုအဆင်ပြေကြောင်း ငွေ ၂၀၀ မှ ၃၀၀ ခန့်ရှိလျှင် တစ်နပ်စာအတွက် လုံလောက်ကြောင်း ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။

"ကျွန်တော်က ပန်းရံလုပ်ပါတယ်။ နေ့စားဆိုတော့ ၃၀၀၀ လောက်ရတယ် နေ့ပြန်တိုးပေးရ ဟိုအကြွေး ဒီအကြွေးပေးရနဲ့ နောက်ဆုံး ထမင်းမချက်နိုင်ဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်က ခုနှစ်နာရီလောက်ရှိတော့ ချက်ရင်လည်း ဆာလို့ မစောင့်နိုင်ဘူး။ ဆိုင်မှာက ထမင်းတစ်ရာဖိုး၊ ဟင်းတစ်ရာဖိုးဗျာ လိုက်ပွဲကငါးဆယ် တစ်ကိုယ်ရေဆို လောက်တယ်။ မိန်းမနဲ့ကလေးပါလာရင် တစ်ထောင်လောက် ကုန်တယ်" ဟု မြောက်ဥက္ကလာပတွင် နေထိုင်သော အသက်သုံးဆယ်ခန့်ရှိ ကိုညိုလုံးက ပြောသည်။

မနက်တွင် အပေါင်ဆိုင်များ၊ ပိုက်ဆံချေးသူများက မိမိတို့ကျေးဇူးရှင်များ ဖြစ်ကြောင်း၊ ထိုမှရသည့်ငွေများကို ဈေးရင်းဖို့နှင့် မနက်ပိုင်းဝမ်းစာအတွက် ဖြေရှင်းရကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သော ဈေးသည်တစ်ဦးကလည်း ပြောပြခဲ့သည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ထမင်းဆိုင်ရှင် တစ်ဦးကလည်း "ဒီမှာတော့ အနည်းဆုံး ၃၀၀ ဖိုးရောင်းတယ်၊ ဒါပေမဲ့ ၅၀၊ ၁၀၀ ဖိုးကိုပဲ လာဝယ်စားကြတာ များတယ်၊ တစ်နေ့ကို လူလေးဆယ်ငါးဆယ်လောက် စားတာဆိုတော့ သူတို့ဝယ်တဲ့ဈေးကို ရောင်းရတာပေါ့၊ မရောင်းရင်လည်း ၀ယ်စားမယ့်သူတောင် ရှိမှာမဟုတ်ဘူး၊ လက်ဖက်သုပ် နှစ်ရာဖိုးဝယ်တယ်။ နောက်ထပ်တစ်ရာဖိုး ပေးပါဆိုလည်း ရောင်းပေးရတယ်။ တစ်ခါတစ်လေဆို ထမင်းစာပြီးမှ အကြွေးဆိုပြီး မှတ်ခိုင်းတယ်။ စားပြီးမှတော့ ဘာပြောလို့ရမှာလဲ၊ ဆာနေတဲ့သူတွေဆိုတော့လည်း မပြောချင်တော့ဘူး" ဟု ပြောပြခဲ့သည်။

news eleven