Wednesday, January 16, 2013

တပ်မတော်ပိုင် ဟိုတယ်နှင့် မြေနေရာများအား ဟိုတယ်လုပ်ငန်းအဖြစ် ငှားရမ်းရန် စစ်ထောက်ချုပ်ရုံးမှ တင်ဒါခေါ်


 Eleven Media Group
Wednesday, 16 January 2013 13:46

ဦးခင်ရွှေ လုပ်ကိုင်နေသည့် မြရိပ်ညိုဟိုတယ် အပါအ၀င် တပ်မတော်ပိုင် ဟိုတယ်နှင့် မြေနေရာများအား ဟိုတယ်လုပ်ငန်းအဖြစ် နှစ်ရှည်ငှားရမ်းရန် စစ်ထောက်ချုပ်ရုံးမှ အဆိုပြုတင်ဒါ ခေါ်ယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်းမြို့နယ်၊ ပုလဲလမ်းတွင်ရှိသော တပ်မတော်ပိုင် မြရိပ်ညို ရွိုင်ရယ် ဟိုတယ်မြေ ၁၃ ဒသမ ၇၉၄ ဧကနှင့် အဆောက်အအုံ ခြောက်လုံး၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ တပ်မတော်ပိုင် ယုဇနဂါးဒင်းဟိုတယ် မြေ ၄ ဒသမ ၁၂ ဧကနှင့် အဆောက်အအုံတစ်လုံး၊ ပန်းပဲတန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၁၆ စီ၃၊ မြေကွက်အမှတ် ၃ဒီရှိ တပ်မတော်ပိုင်မြေ ၂ ဒသမ ၅၀၉ ဧကနှင့် အဆောက်အအုံတစ်လုံးကို ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရန်အ တွက် တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။

ပန်းပဲတန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၁၆စီ၃၊ မြေကွက်အမှတ် ၃ဒီရှိ တပ်မတော်ပိုင်မြေ ၂ ဒသမ ၅၀၉ ဧကနှင့် အဆောက်အအုံတစ်လုံးကိုမူ ဟိုတယ်နှင့် Shopping Mall လုပ်ငန်းများ ဆောင်ရွက်နိုင်ကြောင်း တင်ဒါခေါ်ယူမှုအရ သိရသည်။

အဆိုပါ တပ်မတော်ပိုင် မြေနေရာနှင့် ဟိုတယ်များအား နှစ်ရှည်ငှားရမ်းကာ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တင်ဒါလျောက်ထားလိုသူများအနေဖြင့် မြေအသုံးချခနှုန်းထား(Land Used Premium)၊ ကုမ္ပဏီမှတ်ပုံတင်နှင့် ငွေကြေးပိုင်ဆိုင်မှု၊ ငှားရမ်းလိုသည့်စနစ်၊ ဆောင်ရွက်မည့်လုပ်ငန်း၊ နှစ်စဉ်ငှားရမ်းခနှုန်း (Annual Rent)၊ ရင်းနှီးမြှုပ်နှံမှု ပမာဏတို့ဖြင့် စစ်ထောက်ချုပ်ရုံး၊ ရုံးအမှတ်(၉)၊ နေပြည်တော်သို့ ပေးပို့ရမည်ဟု သိရသည်။

မြရိပ်ညိုရွိုင်ရယ် ဟိုတယ်မှာ ဦးခင်ရွှေ(ဇေကမ္ဘာ)မှ လုပ်ကိုင်နေသည့် ဟိုတယ်ဖြစ်ပြီး လက်ရှိတွင် ကိုဇေသီဟမှ တာဝန်ယူ လုပ်ကိုင်နေသည်။ လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်က တပ်မတော်ဧည့်ဂေဟာအဖြစ် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေငှားရမ်းခ၊ နှစ်စဉ်ငှားရမ်းခများ ပေးဆောင်ရန် မလိုဘဲ ၀င်ငွေပေါ်တွင် အကျိုးအမြတ်ခွဲသည့် စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် တပ်မတော်နှင့် မြရိပ်ညိုဟိုတယ်ကြား ၀င်ငွေ၏ ၅၀ ရာခိုင်နှုန်းအား တပ်မတော်သို့ ပေးသွင်းရကြောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းအား မြရိပ်ညိုဟိုတယ် လုပ်ကိုင်သူမှ ရရှိကြောင်း၊ မြရိပ်ညိုရွိုင်ရယ် ဟိုတယ်ဘက်မှ အခွန်အရပ်ရပ် ပေးဆောင်ရန် သတ်မှတ်ကာ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု သိရသည်။

ဗုံးခိုကျင်းပြို ဒုက္ခသည် ကလေး ၃ ဦးသေ


VOA
မိုးဇော်
16.01.2013

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းက မိုင်ဂျာယန် ဒုက္ခသည်စခန်းမှာ လုံခြုံရေးအတွက် ဗုံးခိုကျင်း တူးဖော် နေစဉ် တွင်းပြိုကျတာကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရစစ်တပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ဒီလို ဗုံးခိုကျင်းတွေ တူးဖော်နေကြ တာလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အတွင်းမှာ ရထားမိုင်းခွဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ စစ်လေယာဉ် တွေ သုံးတိုက်ခိုက်တာတွေရှိပြီး စစ်ရေးအရှိန်မြင့်လာနေတဲ့တချိန်တည်းမှာတော့ KIO ထိန်းချုပ်ရာ ဒေသမှာ ခိုလှုံရောက်ရှိနေတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ လုံခြုံရေး အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်လာနေကြရပါတယ်။

အထူးသဖြင့်တော့ ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်က KIO ဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူ၃ယောက်သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ် လာပြီးတဲ့နောက်မှာ KIA တပ်မဟာ ၃ နယ်မြေ မိုင်ဂျာယန်ဒေသက ဒုက္ခသည်စခန်းတွေ မှာလည်း လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ တူးဖော် လာကြပါတယ်။ မနေ့ကတော့ ဗုံးခိုကျင်း တူးဖော်နေဆဲမှာ တွင်းပြိုကျခဲ့တာကြောင့် ကလေးငယ် ၃ ယောက်သေဆုံးခဲ့တယ်လို့ မိုင်ဂျာယန်က ဒုက္ခသည်တွေကို ကူညီနေတဲ့ ၀မ်ပေါင်နိမ်းထွဲခေါ် ဘ၀အလင်းကူညီရေးအဖွဲ့က မမေလီအောင်က ပြောပါတယ်။

“ဒုက္ခသည်တွေ အခြေအနေက တရုတ်ဖက်ကလည်း အစတည်းက မောင်းထုတ်ထားတာ ရှိတော့ ဟိုဖက်ကမ်း မကူးနိုင်ဘူးလေ။ လက်မခံတဲ့ဟာမျိုးဆိုတော့။ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါးဖြစ်နေလည်း ဒုက္ခသည်တွေက ကိုယ့်စခန်းမှာ ဒီတိုင်းပဲရှိနေတယ်။ တချို့က လေယာဉ်လာတိုက်တယ်ဆိုတော့ ကတုတ်ကျင်းတွေ တူးတာပေါ့။ မိုင်ဂျာယန် ဒီဘက်နားမှာရှိတဲ့ စခန်းတွေမှာလည်း ကတုတ်ကျင်းတူးတယ်။ တူးတော့ မနေ့က ကတုတ်ကျင်း တူးရာကနေ မြေပြိုပြီးတော့ ကလေး ၃ ယောက်သေသွားတယ်။ ဒီနေ့ အသုဘ ချပြီးသွားပြီ။”

သေဆုံးသွားတဲ့ကလေးတွေဟာ အသက် ၁၀ နှစ်နဲ့ ၁၃ နှစ် ကြားအရွယ်တွေ ဖြစ်ကြောင်းနဲ့ ဖြစ်ပျက်ပုံကို သူက အခုလို ဆက်ပြောပါတယ်။

“ကတုတ်ကျင်းက တူးနေရင်းတန်းလန်း၊ သစ်တုံးတွေလည်း ဘာတွေလည်း မခုရသေးဘူးလေ။ အဲလိုလည်း မလုပ်ရသေးတဲ့အချိန်မှာ ကလေး ၄ ယောက်လောက်က သွားဆော့တာ။ တူးဆော့တာ။ လူကြီးတွေ ထမင်းစား နေတုန်း ကလေးတွေက ကျင်းထဲ ၀င်သွားလိုက်တာ။ အဲဒါနဲ့ ပြိုကျပြီးတော့ တယောက်က လွတ်သွားတယ်။ ၃ ယောက်က အဲဒီမှာပဲ ပွဲချင်းပြီး သေသွားတယ်။ မိုင်ဂျာယန်မှာက အစတုန်းက မတူးပါဘူး။ လိုင်ဇာမှာက ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်တုန်းက အရပ်သားတွေ ထိတယ်လေ။ ၃ ယောက်ထိတဲ့ကိစ္စလေ။ အဲဒါဖြစ်ပြီးတော့ မဖြစ်တော့ဘူး ဆိုပြီးတော့ မိုင်ဂျာယန်ဘက်က စခန်းတွေလည်း တူးကြတာ။”

မိုင်ဂျာယန်ဒေသဘက်မှာ မနေ့ညကအထိတိုက် ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အရင် ၃ ရက်လောက်ကတော့ လေယာဉ်သုံးပြီး တိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောပါတယ်။
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဘက်မှာလည်း ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေပြန်လည် ဖြစ်ပွား နေကြောင်းနဲ့ လက်ရှိအခြေအနေကိုတော့ ဖားကန့်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဖားကန့်အခြေအနေကတော့ မှော်ထဲဘက်တွေတော့ လက်နက်ငယ်သံတွေကြားရတယ်။ ဒီနေ့ပါဆိုရင် ပြောမယ်ဆိုရင် ၃ ရက်လို့ ပြောရမှာပေါ့။ ပြောက်ကျားပြောက်ကျားလေးတွေပါ။ နာရီဝက်ခြားလိုက် တနာရီခြားလိုက် အဲလိုတွေပါ။ ဒါပေမဲ့ တဖက်နဲ့ တဖက် အသေအပျောက် သတင်းတော့ မရပါဘူး။ မနေ့တုန်းက ကျောင်းပိတ်တယ်လေ။ မနေ့တုန်းက ပိတ်ရတဲ့ အကြောင်းရင်းက ဗျူဟာကုန်းနဲ့ ဖားကန့် အထက်တန်းကျောင်းနဲ့က နီးတယ်လေ။ ဗျူဟာကုန်းက သေနတ်သံက မကြားတာက ကြာနေပြီလေ။ လေးချက်။ ၅ ချက်လောက် ကြားတဲ့အတွက် ကျောင်းသားတွေနဲ့ နီးလို့ ကျောင်းဆရာ၊ ဆရာမတွေက ပိတ်ပေးတာပါ။ မနေ့က တရက်ပဲ ပိတ်ပါတယ်။ ဒီနေ့ ပုံမှန် အနေအထားပြန်ဖွင့်ပါတယ်။”

ဖားကန့်နဲ့ မိုးကောင်းကားလမ်းကတော့ ပိတ်ထားတာ ၈ ရက်လောက်ရှိနေပြီး အနီးပတ်ဝန်းကျင်က မှော်တွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဖားကန့်နဲ့လုံးခင်းကို တိမ်းရှောင်လာသူ အနည်းဆုံး ၅၀၀ ကျော်လောက် ရှိနေတယ်လို့ ပြောပါတယ်။
KIO ဌာနချုပ် လိုင်ဇာဒေသဘက်က အခြေအနေကိုတော့ ကျောင်းသားတပ်မတော်က ဗိုလ်မှူးမင်းဌေးက အခုလို ပြောပါတယ်။

“လေယာဉ်နဲ့ကိုတောက်လျှောက်ပစ်နေတယ်။ အခု ၄ နာရီကျော်တဲ့အထိ တောက်လျှောက် မရပ်မနား ပစ်နေ တယ်။ တောက်လျှောက်ပဲ လေယာဉ် ၂ စီးလာလိုက် ပစ်လိုက်။ နောက်ထပ် ၂ စီးက ကျည်သွား ပြန်ဖြည့်လိုက် တောက်လျှောက်ပစ်နေတယ်။ ခါရာတောင်။ ခါရာဘွမ်လို့ ခေါ်တယ်။ လေယာဉ်နဲ့ လာပစ်တာနေ့တိုင်းနီးနီးပါပဲ။ အောက်ကနေ မြေပြင်က တက်ပြီဆိုတာနဲ့ လေကြောင်းက အမြဲတမ်းပါပါတယ်။ မနေ့ကလည်း လာတယ်။”
ဒီကနေ့ မနက်အစောပိုင်းကလည်း လိုင်ဇာမြို့ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အသံတွေ ကြားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က လိုင်ဇာမြို့အတွင်းကို အစိုးရတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျခဲ့တာကြောင့် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူက ပြော ဆိုပြီး မြန်မာအစိုးရရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဒါဟာမမှန်ကြောင်း Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကတဆင့် တုံ့ပြန်ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ အစိုးရပိုင်သတင်းစာတွေမှာ KIA က အရပ်သားတွေကို ဖမ်းဆီးတာ၊ ပစ်ခတ်တာအပြင် မြစ်ကြီးနား- မန္တလေး မီးရထားဗုံးခွဲတိုက်ခိုက်တာ၊ လမ်း တံတားတွေ ဖောက် ခွဲဖျက်ဆီးတာနဲ့ မိုင်းထောင်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ရကြောင်း သတင်းတွေကို ဖော်ပြနေပါတယ်။

တရုတ်၊ အမေရိကန်နဲ့ နိုင်ငံကြီးတွေ အပါအ၀င် ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှု အရှိန် လျှော့ချဖို့အတွက် တိုက်တွန်းခဲ့ပေမဲ့ ဒီကနေ့ထိတော့ တိုက်ပွဲတွေ ဟာ ပြင်းထန်နေပြီး KIA နဲ့ အစိုးရတပ် အကြား တစ်နှစ်ခွဲကျော် ကြာမြင့်လာတဲ့စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည်ပေါင်းဟာလည်း တသိန်းခွဲလောက်အထိ တိုးမြင့် လာနေပါတယ်။

The Ion Ratiu Award နှင်းဆီစံအိမ်မှာ လာရောက်ပေးအပ်

ခွန် ဒီးယမ်'s photo.

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို The Ratiu Family Charitable Foundation က“The Ion Ratiu Award”ဆုကို (ဇန်န၀ါရီလ ၁၆ ရက်နေ့) ညနေ ၆နာရီခွဲမှာ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နှင်းဆီစံအိမ်မှာ လာရောက်ပေးအပ်ခဲ့သည်။

KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၁ မိနစ်

ချင်းမိုင်(မဇ္စျိမ)။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း မှ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံ ကမ်းလှမ်း
မည် ဖြစ်ကြောင်း Myanmar Peace center (MPC)မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက နေပြည်တော် MPC တွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

“ဦးအောင်မင်းအနေနဲ့တော့ သူ့အနေနဲ့ တောက်လျှောက်ကမ်းလှမ်းနေတယ်။ အခုလည်း ဒီလလယ်ကျော်လို့မှ ကျနော်တို့ တဖက် အဖွဲ့အစည်းဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင် သူ ထပ်ပြီးတော့ ကမ်းလှမ်းမယ်လို့ ဒီနေ့ မနက်ပဲ ကျနော်တို့ကို ရှင်းပြပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလဆန်းတွင် ထပ်မံ တွေ့ဆုံရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကမ်းလှမ်းခဲ့ဖူးသော်လည်း KIO ဘက်မှ ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့သည့်အပေါ် ထပ်မံ ကမ်းလှမ်းမည်ဟုဆိုခြင်း ဖြစ်သည်။

“ဆိုလိုတာကတော့ တိုက်ပွဲအရှိန် မြင့်နေသော်လည်း ကျနော်တို့ ဖြတ်သန်းရတဲ့ထဲမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဝန်ကြီး ဦးအောင်မင်း ရှင်းပြတာကတော့ ငြိမ်းချမ်းရေးအတွက်ကို တဖက်က အကြောင်းမပြန်နိုင်သေးရင် သူ့အနေ
နဲ့ ထပ်ကမ်းလှမ်းမယ်လို့ ရည်ရွယ်ထားတယ်လို့ ရှင်းပြပါတယ်” ဟု ဦးလှမောင်ရွှေ က ဆက်ပြောသည်။

KIO ဘက်ကမူ ဝန်ကြီး ဦးအောင်မင်း ဘက်မှ ဒီဇင်ဘာလပိုင်းက ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်း အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်မှု ပြင်းထန်လာသဖြင့် တွေ့ဆုံရန် တုံ့ပြန်ခြင်း မရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမ
ကို ပြောဆိုခဲ့ဖူးသည်။

အင်္ဂါနေ့ကလည်း နေပြည်တော် MPC တွင် ဝန်ကြီး ဦအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလအတွင်း KIO အပါအဝင် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုအဆင့်
တွေ့ဆုံရန်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC နှင့် နိုင်ငံရေး ဆွေးနွေးမှုအတွက် မူဘောင် (Frame Work) ဆွေးနွေးရန်နှင့် KIO နှင့် ငြိမ်းချမ်ရေး ဆက်လက် ဆွေးနွေးရန် ရည်မှန်းထားပြီး အကောင်အထည်ဖော်ရန် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဦးလှမောင်ရွှေ က ဆိုသည်။

“အစိုးရ စစ်တပ်တွေဘက်ကလည်း မှားတာ မရှိဘူး မဟုတ်ဘူး။ စစ်တပ်ဘက်ကလည်း လိုမှပဲ။ ဒါပေမယ့် အစိုးရ
ဘက်က ငြိမ်းချမ်းရေး တကယ်ရစေဖို့ ကြိုးစားတယ်လို့ ကျနော် လုံးဝ ယုံတယ်။ ကျနော်နားလည်သလောက် မကြာမီ ရက်ပိုင်းတွေမှာ ကမ်းလှမ်းတဲ့အပြင် အခြား အပြုသဘော ဆောင်တာတွေလည်း ဆောင်ရွက်နိုင်တယ်။
သေချာပေါက် ပြောနိုင်တာကတော့ ဒီလမှာ ဒီအဖွဲ့ သုံးဖွဲ့နဲ့ တွေ့ဖို့ လုပ်ဖို့ ရည်မှန်းထားတယ်။ ဒါပေမယ့် အချိန်ပဲ အပြောင်းအလဲ ရှိမယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။

ဝန်ကြီး ဦးအောင်မင်းဘက်မှ UNFC နှင့် တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု သူက မဇ္စျိမကို ပြောသည်။

သို့သော် UNFC ဘက်ကမူ ဝန်ကြီး ဦအောင်မင်းနှင့် တွေ့ဆုံသည့်အခါ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား မဆွေးနွေးဘဲ အစိုးရ စစ်တပ်ဘက်မှ KIO အပေါ် ထိုးစစ်ဆင်မှု ရပ်ဆိုင်းရေးကိုသာ ဆွေးနွေးမည်ဟု UNFC ၏
ပြောခွင့်ရသူ နိုင်ဟံသာ က မကြာမီက မဇ္စျိမကို ပြောဆိုထားသည်။
mizzimaburmese.com

"လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး"( ဦးရဲထွဋ်နှင့်အင်တာဗျူး)

7Day News Journal's photo.
"လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး"

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်အင်တာဗျူး

ရေးသားသူ- အားမာန်

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင်ခန့်အပ်တာဝန်ပေးခြင်းခံရသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို 
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် 
ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မေး- အစိုးရနဲ့ကေအိုင်အိုကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က အခု အခြေအနေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာ 
တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အဖြေပြန်ရှာနိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းရှိရင် သိလိုပါတယ်။

ဖြေ- နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကနေ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ပထမဆုံး လုပ်ဆောင်သင့်တာကတော့ 
အပစ်အခတ်ရပ်စဲရေး စတင်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင် တိုက်ခိုက်နေမှုများကို 
အရင်ရပ်ဆိုင်းပြီးမှ နောက်အဆင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရဘက်က 
အပစ်အခတ်ရပ်စဲရေးကို အရင်သဘောတူပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်ပြောဆိုကမ်းလှမ်းခဲ့တာလည်း အပစ်အခတ်ရပ်စဲရေး 
အောင်မြင်ပြီးရင် လက်နက်ကိုင် ပဋိပက္ခများကို အဖြေရှာဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ 
ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကိုလည်း ချန်လှပ်မထားဘဲ အပစ်အခတ်ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများမှာပါ ပါဝင်လာနိုင်ဖို့အတွက် 
တံခါးဖွင့်ထားကြောင်း ထပ်မံပြောကြားထားပြီး ဖြစ်ပါတယ်။

မေး- တွေ့ဆုံဆွေးနွေးမှု အဆင်ပြေအောင် တတိယအဖွဲ့အစည်း ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို အကူအညီတောင်းဖို့အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။

ဖြေ- မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများက အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ 
အချင်းချင်းတွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ကော်မတီများ၊ အဖွဲ့အစည်းများလည်း 
ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ တတိယအဖွဲ့အစည်း၊ တတိယနိုင်ငံမျိုးက တွေ့ဆုံနိုင်မယ့်နေရာစီစဉ်ပေးတာမျိုးတော့ ရှိနိုင်ပါတယ်။

မေး- နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်က တပ်မတော်ကို ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းဖို့ မှာလိုက်တယ်လို့ သိရပါတယ်။ 
ဒါပေမဲ့ လိုင်ဇာမြို့ ပတ်ပတ်လည်က ကေအိုင်အေ အမာခံတပ်စွဲထားတဲ့ တောင်ကုန်းတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတာ သိရပါတယ်။ 
အစိုးရတပ်မတော်ရဲ့ ရည်မှန်းချက်ကို  သိချင်ပါတယ်။ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းရေးလား။ ဒါမှမဟုတ်ဘာပါလဲ။ ကေအိုင်အို/ကေအိုင် အေနဲ့ 
ပတ်သက်ပြီး နိုင်ငံတော် သမ္မတရဲ့ နောက်ဆုံးညွှန်ကြားချက်ကို သိလိုပါတယ်။

ဖြေ- အခု လဂျားယန်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ ပြီးခဲ့တဲ့ လပေါင်းများစွာအတွင်းမှာ ကေအိုင်အေအဖွဲ့က ခြေကုတ်ယူပြီး လဂျားကန်စခန်းမှာရှိတဲ့ 
တပ်မတော်အဖွဲ့ဝင်များ၊ လဂျားယာန်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်တဲ့ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေခဲ့တဲ့ နေရာများကို မိမိတပ်ဖွဲ့ဝင်များက 
လုံခြုံရေးနဲ့ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်း ပြန်လည်အသုံးပြုနိုင်ဖို့အတွက် ရှင်းလင်းတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ လဂျားယန်စခန်းပတ်ဝန်းကျင်က 
တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး။ 
တပ်မတော်အနေနဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးအတွက် 
လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အမိန့်ဖြစ်တဲ့ 
မိမိကိုယ်မိမိခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်မှုမပြုလုပ်ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။


မေး- ကေအိုင်အို/ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၆၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ 
စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အရင်ကကူညီထောက်ပံ့မှု လုံးဝမရှိဘူးလို့ ကေအိုင်အိုဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အကူအညီတွေ 
ပိုနည်းသွားသလို ရာသီဥတုဒဏ်ကြောင့် အခက်ခဲဆုံးအခြေအနေ ရင်ဆိုင်နေရတဲ့ အဲဒီစစ်ပြေး ဒုက္ခသည်တွေအတွက် ဘယ်လို ကူညီပံ့ပိုးမှုတွေပေးဖို့ ရှိပါသလဲ။ 

ဖြေ- ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ 
ဒုက္ခသည်အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါနေသလဲဆိုတာ သေသေချာချာ 
စိစစ်သင့်တယ်လို့ ထင်ပါတယ်။

မေး- ဇန်န၀ါရီ ၁၄ (ယနေ့နံနက်) တပ် မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ အမြောက်ဆံထိမှန်လို့ လိုင်ဇာမြို့ ခံသုံးဦးသေပြီး လေးဦးကို ဆက် 
လက်ဆေးကုသနေတယ်လို့ လိုင် ဇာဆေးရုံက သိရပါတယ်။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလိုပါတယ်။

ဖြေ- အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ 
လွတ်လပ်တဲ့အတည် ပြုချက်များရရှိဖို့လိုပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက် 
ကြီးနဲ့ပစ်ခတ်မှုလုံးဝမရှိဘူး၊ အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူးလို့ကာကွယ်ရေးဝန်ကြီးဌာနကနေစုံစမ်း သိရှိရပါတယ်။
လိုင်ဇာမြို့တွင်းမှာလည်း ကေအိုင်အေက လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေတာကြောင့်  ဒီပေါက်ကွဲမှုဟာ တပ်မတော်က ပစ်ခတ်မှုလား၊ တစ်ခြား 
မတော်တဆပေါက်ကွဲမှုလား၊ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အ တည်ပြုချက် များရရှိဖို့လိုပါတယ်။ 

မေး- ပြည်သူတွေအားလုံးက မလိုလားပေမယ့်  အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေက   ဒီရက်ပိုင်းမှာပဲ ပိုပြီးတင်းမာပြင်းထန်လာတာ တွေ့ရပါတယ်။ 
တွေ့ဆုံဆွေးနွေးမှု ပြန်လုပ်လို့ရအောင် အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ နှစ်ဖက်စလုံး စစ်ရေးအရှိန်ကို ဘယ်လိုလျှော့နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- တိုက်ခိုက်မှုတွေ အရှိန်လျှော့ဖို့အတွက်ဆိုရင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တပ် ပိုင်းဆိုင်ရာကိစ္စတွေမှာ အဆုံးအဖြတ်ပေးနိုင်မယ့်သူတွေပါဖို့ 
လိုပါတယ်။ ရွှေလီမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးတုန်းက တပ်မတော်ဘက်က အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးဖို့ သွားရောက်ခဲ့ပေမယ့် ကေအိုင်အေဘက်က 
ဦးဂွန်မော်တို့ လာရောက်ခြင်း မရှိတဲ့အတွက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။  International Crisis Group အဖွဲ့ကလည်း ကေအိုင် အေဘက်က ဒီလိုဆွေးနွေးဖို့ 
ပျက်ကွက်ခြင်းဟာ တိုက်ပွဲတွေ အရှိန်မြင့်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ်ထောက်ပြထားပါတယ်။

မေး- ရှေ့တန်းတိုက်ပွဲတွေမှာ  တပ်မတော်အနေနဲ့ တိုက်လေယာဉ် တွေကိုအသုံးပြုခဲ့တဲ့အပြင် ဒီနောက်ပိုင်း ဓာတုလက်နက်တွေ သုံးတော့မယ်၊ သုံးနေပြီလို့ 
လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်ပါလဲ။

ဖြေ- တပ်မတော်အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက် မသုံးခဲ့ပါဘူး။ အခုလည်း သုံးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခု အင်တာနက်ပေါ်မှာ ပေါ်ပေါက်နေတဲ့ 
စွပ်စွဲချက်များဟာ လုံးဝမှားယွင်းပါတယ်။ ကေအိုင်အေ ဒါမှမဟုတ် ကေအိုင်အေကို ထောက်ခံတဲ့သူများက ကေအိုင်အေတပ်ဖွဲ့ဝင်တွေ 
တိုက်လိုခိုက်လိုစိတ်မရှိတော့လို့ စခန်းများ စွန့်ခွာခဲ့ရတဲ့ အခြေအနေကို ဖုံးကွယ်ချင်လို့ ဒီလိုမမှန်သတင်းတွေ ထုတ်လွှင့်နေတာလို့ ထင်ပါတယ်။

မေး- အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက်ကစပြီး မိုင်းခွဲခံရတဲ့ ရထားနဲ့ တံတား အကြိမ်ရေ ဘယ်လောက်ရှိပါပြီလဲ။ 
အချို့မိုင်းခွဲတာတွေမှာ စစ်သားတွေနဲ့ စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွေမို့သာ စစ်ပွဲတွေထုံးစံအတိုင်း ကေအိုင်အေက မိုင်းခွဲတယ်လို့ 
ပြောတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးလိုပါသလဲ။

ဖြေ- ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားတဲ့အချိန်ကစပြီး ယခု ဇန်န၀ါရီ ၁၃ ရက်အ ထိ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ကေအိုင်အေက 
မိုင်းခွဲတိုက်ခိုက်မှု ၅၄ ကြိမ်နဲ့ မန္တလေး- မြစ်ကြီးနားရထားလမ်းမှာ မိုင်းခွဲ တိုက်ခိုက်မှုနှစ်ကြိမ် စုစုပေါင်း ၅၆ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ 
အဲဒီရထားတွေအားလုံးဟာ လူစီးရထားနဲ့ အရပ်ဘက်ကုန် တင်ရထားများသာဖြစ်ပါတယ်။ ကုန်တင်ရထားတိုက်ခိုက်ခံရတုန်းက မြန်မာ့မီးရထားက ကုန်ပစ္စည်း 
စာရင်းတောင် အသေးစိတ်ထုတ် ပြန်ခဲ့ပါသေးတယ်။ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ရထားများပေါ်မှာ ခရီးသည်တွေပါသလို ပတ်ဝန်းကျင် မှာလည်း 
ဒေသခံပြည်သူတွေရှိပါတယ်။ တကယ်လို့ အဲဒီရထားများဟာ စစ်ရထားဆိုရင် သူတို့ကိုယ် တိုင်ကပြောမှာဖြစ်ပါတယ်။ ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ 
ရထားများက အရပ်ဘက်လူစီးနဲ့ ကုန်ရထားများသာ ဖြစ်ပါတယ်။

မေး- နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက် သက်တမ်းတစ်နှစ်နဲ့ ကိုးလကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ 
ပြုပြင်ပြောင်းလဲမှုများစွာ လုပ်နိုင်ခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့လည်း  ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။ 
အောက်ခြေပြည်သူလူထုဆီကိုပါ သက်ရောက်မှုရှိမယ့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို အစီအစဉ်တွေရှိပြီး ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ- စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဟာ မက်ခရိုအဆင့်မှ စတင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု အောက်ခြေအထိရောက်အောင် 
အချိန်အတိုင်းအတာတစ်ခု ယူရပါတယ်။ သမ္မတကြီးလည်း ဒီအချက်ကို သတိပြုမိတဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ 
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေးတိုးတက်မှု မူဘောင်များအရ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာမှာလည်းကောင်း၊ နိုင်ငံတကာ 
အကူအညီများ ရယူဆောင်ရွက်ရာမှာလည်းကောင်း ပြည်သူများ တိုက်ရိုက်လက်တွေ့ အကျိုးခံစားခွင့် ရရှိစေမယ့် စီမံကိန်းလုပ်ငန်းများကို 
ဦးစားပေးဆောင်ရွက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ထုတ်ပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုများကို ဦးစားပေးဖို့ မူဝါဒအဖြစ် လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ 
အလားတူပဲ ထောင်စုနှစ် ရည်မှန်းချက်များအတိုင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်ဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့  ဆင်းရဲမှု 
လျှော့ချရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်အင်တာဗျူး

ရေးသားသူ- အားမာန်

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင်ခန့်အပ်တာဝန်ပေးခြင်းခံရသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မေး- အစိုးရနဲ့ကေအိုင်အိုကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က အခု အခြေအနေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာ
တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အဖြေပြန်ရှာနိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းရှိရင် သိလိုပါတယ်။

ဖြေ- နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကနေ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ပထမဆုံး လုပ်ဆောင်သင့်တာကတော့ အပစ်အခတ်ရပ်စဲရေး စတင်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင် တိုက်ခိုက်နေမှုများကို အရင်ရပ်ဆိုင်းပြီးမှ နောက်အဆင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို အရင်သဘောတူပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်ပြောဆိုကမ်းလှမ်းခဲ့တာလည်း အပစ်အခတ်ရပ်စဲရေး အောင်မြင်ပြီးရင် လက်နက်ကိုင် ပဋိပက္ခများကို အဖြေရှာဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့
ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကိုလည်း ချန်လှပ်မထားဘဲ အပစ်အခတ်ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများမှာပါ ပါဝင်လာနိုင်ဖို့အတွက်
တံခါးဖွင့်ထားကြောင်း ထပ်မံပြောကြားထားပြီး ဖြစ်ပါတယ်။

မေး- တွေ့ဆုံဆွေးနွေးမှု အဆင်ပြေအောင် တတိယအဖွဲ့အစည်း ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို အကူအညီတောင်းဖို့အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။

ဖြေ- မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများက အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့
အချင်းချင်းတွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ကော်မတီများ၊ အဖွဲ့အစည်းများလည်း
ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ တတိယအဖွဲ့အစည်း၊ တတိယနိုင်ငံမျိုးက တွေ့ဆုံနိုင်မယ့်နေရာစီစဉ်ပေးတာမျိုးတော့ ရှိနိုင်ပါတယ်။

မေး- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တပ်မတော်ကို ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းဖို့ မှာလိုက်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လိုင်ဇာမြို့ ပတ်ပတ်လည်က ကေအိုင်အေ အမာခံတပ်စွဲထားတဲ့ တောင်ကုန်းတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတာ သိရပါတယ်။
အစိုးရတပ်မတော်ရဲ့ ရည်မှန်းချက်ကို သိချင်ပါတယ်။ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းရေးလား။ ဒါမှမဟုတ်ဘာပါလဲ။ ကေအိုင်အို/ကေအိုင် အေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရဲ့ နောက်ဆုံးညွှန်ကြားချက်ကို သိလိုပါတယ်။

ဖြေ- အခု လဂျားယန်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ ပြီးခဲ့တဲ့ လပေါင်းများစွာအတွင်းမှာ ကေအိုင်အေအဖွဲ့က ခြေကုတ်ယူပြီး လဂျားကန်စခန်းမှာရှိတဲ့ တပ်မတော်အဖွဲ့ဝင်များ၊ လဂျားယာန်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်တဲ့ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေခဲ့တဲ့ နေရာများကို မိမိတပ်ဖွဲ့ဝင်များက လုံခြုံရေးနဲ့ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်း ပြန်လည်အသုံးပြုနိုင်ဖို့အတွက် ရှင်းလင်းတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ လဂျားယန်စခန်းပတ်ဝန်းကျင်က
တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး။
တပ်မတော်အနေနဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးအတွက်
လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အမိန့်ဖြစ်တဲ့
မိမိကိုယ်မိမိခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်မှုမပြုလုပ်ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။


မေး- ကေအိုင်အို/ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၆၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ
စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အရင်ကကူညီထောက်ပံ့မှု လုံးဝမရှိဘူးလို့ ကေအိုင်အိုဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အကူအညီတွေ
ပိုနည်းသွားသလို ရာသီဥတုဒဏ်ကြောင့် အခက်ခဲဆုံးအခြေအနေ ရင်ဆိုင်နေရတဲ့ အဲဒီစစ်ပြေး ဒုက္ခသည်တွေအတွက် ဘယ်လို ကူညီပံ့ပိုးမှုတွေပေးဖို့ ရှိပါသလဲ။

ဖြေ- ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့
ဒုက္ခသည်အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါနေသလဲဆိုတာ သေသေချာချာ
စိစစ်သင့်တယ်လို့ ထင်ပါတယ်။

မေး- ဇန်န၀ါရီ ၁၄ (ယနေ့နံနက်) တပ် မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ အမြောက်ဆံထိမှန်လို့ လိုင်ဇာမြို့ ခံသုံးဦးသေပြီး လေးဦးကို ဆက်
လက်ဆေးကုသနေတယ်လို့ လိုင် ဇာဆေးရုံက သိရပါတယ်။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလိုပါတယ်။

ဖြေ- အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ
လွတ်လပ်တဲ့အတည် ပြုချက်များရရှိဖို့လိုပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက်
ကြီးနဲ့ပစ်ခတ်မှုလုံးဝမရှိဘူး၊ အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူးလို့ကာကွယ်ရေးဝန်ကြီးဌာနကနေစုံစမ်း သိရှိရပါတယ်။
လိုင်ဇာမြို့တွင်းမှာလည်း ကေအိုင်အေက လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေတာကြောင့် ဒီပေါက်ကွဲမှုဟာ တပ်မတော်က ပစ်ခတ်မှုလား၊ တစ်ခြား
မတော်တဆပေါက်ကွဲမှုလား၊ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အ တည်ပြုချက် များရရှိဖို့လိုပါတယ်။

မေး- ပြည်သူတွေအားလုံးက မလိုလားပေမယ့် အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေက ဒီရက်ပိုင်းမှာပဲ ပိုပြီးတင်းမာပြင်းထန်လာတာ တွေ့ရပါတယ်။
တွေ့ဆုံဆွေးနွေးမှု ပြန်လုပ်လို့ရအောင် အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ နှစ်ဖက်စလုံး စစ်ရေးအရှိန်ကို ဘယ်လိုလျှော့နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- တိုက်ခိုက်မှုတွေ အရှိန်လျှော့ဖို့အတွက်ဆိုရင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တပ် ပိုင်းဆိုင်ရာကိစ္စတွေမှာ အဆုံးအဖြတ်ပေးနိုင်မယ့်သူတွေပါဖို့
လိုပါတယ်။ ရွှေလီမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးတုန်းက တပ်မတော်ဘက်က အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးဖို့ သွားရောက်ခဲ့ပေမယ့် ကေအိုင်အေဘက်က
ဦးဂွန်မော်တို့ လာရောက်ခြင်း မရှိတဲ့အတွက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။ International Crisis Group အဖွဲ့ကလည်း ကေအိုင် အေဘက်က ဒီလိုဆွေးနွေးဖို့
ပျက်ကွက်ခြင်းဟာ တိုက်ပွဲတွေ အရှိန်မြင့်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ်ထောက်ပြထားပါတယ်။

မေး- ရှေ့တန်းတိုက်ပွဲတွေမှာ တပ်မတော်အနေနဲ့ တိုက်လေယာဉ် တွေကိုအသုံးပြုခဲ့တဲ့အပြင် ဒီနောက်ပိုင်း ဓာတုလက်နက်တွေ သုံးတော့မယ်၊ သုံးနေပြီလို့
လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်ပါလဲ။

ဖြေ- တပ်မတော်အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက် မသုံးခဲ့ပါဘူး။ အခုလည်း သုံးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခု အင်တာနက်ပေါ်မှာ ပေါ်ပေါက်နေတဲ့
စွပ်စွဲချက်များဟာ လုံးဝမှားယွင်းပါတယ်။ ကေအိုင်အေ ဒါမှမဟုတ် ကေအိုင်အေကို ထောက်ခံတဲ့သူများက ကေအိုင်အေတပ်ဖွဲ့ဝင်တွေ
တိုက်လိုခိုက်လိုစိတ်မရှိတော့လို့ စခန်းများ စွန့်ခွာခဲ့ရတဲ့ အခြေအနေကို ဖုံးကွယ်ချင်လို့ ဒီလိုမမှန်သတင်းတွေ ထုတ်လွှင့်နေတာလို့ ထင်ပါတယ်။

မေး- အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက်ကစပြီး မိုင်းခွဲခံရတဲ့ ရထားနဲ့ တံတား အကြိမ်ရေ ဘယ်လောက်ရှိပါပြီလဲ။
အချို့မိုင်းခွဲတာတွေမှာ စစ်သားတွေနဲ့ စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွေမို့သာ စစ်ပွဲတွေထုံးစံအတိုင်း ကေအိုင်အေက မိုင်းခွဲတယ်လို့
ပြောတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးလိုပါသလဲ။

ဖြေ- ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားတဲ့အချိန်ကစပြီး ယခု ဇန်န၀ါရီ ၁၃ ရက်အ ထိ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ကေအိုင်အေက
မိုင်းခွဲတိုက်ခိုက်မှု ၅၄ ကြိမ်နဲ့ မန္တလေး- မြစ်ကြီးနားရထားလမ်းမှာ မိုင်းခွဲ တိုက်ခိုက်မှုနှစ်ကြိမ် စုစုပေါင်း ၅၆ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီရထားတွေအားလုံးဟာ လူစီးရထားနဲ့ အရပ်ဘက်ကုန် တင်ရထားများသာဖြစ်ပါတယ်။ ကုန်တင်ရထားတိုက်ခိုက်ခံရတုန်းက မြန်မာ့မီးရထားက ကုန်ပစ္စည်း
စာရင်းတောင် အသေးစိတ်ထုတ် ပြန်ခဲ့ပါသေးတယ်။ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ရထားများပေါ်မှာ ခရီးသည်တွေပါသလို ပတ်ဝန်းကျင် မှာလည်း
ဒေသခံပြည်သူတွေရှိပါတယ်။ တကယ်လို့ အဲဒီရထားများဟာ စစ်ရထားဆိုရင် သူတို့ကိုယ် တိုင်ကပြောမှာဖြစ်ပါတယ်။ ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့
ရထားများက အရပ်ဘက်လူစီးနဲ့ ကုန်ရထားများသာ ဖြစ်ပါတယ်။

မေး- နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက် သက်တမ်းတစ်နှစ်နဲ့ ကိုးလကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့
ပြုပြင်ပြောင်းလဲမှုများစွာ လုပ်နိုင်ခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။
အောက်ခြေပြည်သူလူထုဆီကိုပါ သက်ရောက်မှုရှိမယ့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို အစီအစဉ်တွေရှိပြီး ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ- စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဟာ မက်ခရိုအဆင့်မှ စတင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု အောက်ခြေအထိရောက်အောင်
အချိန်အတိုင်းအတာတစ်ခု ယူရပါတယ်။ သမ္မတကြီးလည်း ဒီအချက်ကို သတိပြုမိတဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေးတိုးတက်မှု မူဘောင်များအရ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာမှာလည်းကောင်း၊ နိုင်ငံတကာ
အကူအညီများ ရယူဆောင်ရွက်ရာမှာလည်းကောင်း ပြည်သူများ တိုက်ရိုက်လက်တွေ့ အကျိုးခံစားခွင့် ရရှိစေမယ့် စီမံကိန်းလုပ်ငန်းများကို
ဦးစားပေးဆောင်ရွက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ထုတ်ပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုများကို ဦးစားပေးဖို့ မူဝါဒအဖြစ် လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။
အလားတူပဲ ထောင်စုနှစ် ရည်မှန်းချက်များအတိုင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်ဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှု
လျှော့ချရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အစိုးရတပ်များ ကချင်စစ်မျက်နှာသို့ အင်အားဖြည့်


January 16, 2013 Posted by သျှမ်းသံတော်ဆင့်

လတ်တလော KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည့် ကချင်ပြည်နယ် အတွင်းသို့ သျှမ်း ပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ပို့ဆောင်နေကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည် ။

သျှမ်းပြည် (မြောက်ပိုင်း) သိန်းနီမြို့ အခြေစိုက် စကခ (၁၆) လက်အောက်ခံ တပ်ရင်း ၂ ရင်း ယခုရက် ပိုင်း အတွင်း ကချင် ပြည်နယ်သို့ ပို့ဆောင်ခဲ့ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“စကခ ၁၆ အောက်က ခမရ ၅၂၂ ရယ် နောက်ထပ်တစ်ရင်းပေါ့။ ဒီရက်ပိုင်း ကချင်ဘက်ကိုကူး သွား တယ်။ မန့်ဝိန်းကြီး ဘက်က နေသွားလိုက်တယ်။ ဗမာတပ်ဘက်က အကျအဆုံးများနေတာလည်း ပါတယ်။ နောက်တစ်ခုက ထိုးစစ်အရှိန် ထပ် မြှင့်မဲ့ အနေအထားလည်း ဖြစ်နိုင်တာပေါ့ ” ဟု သူက ဆိုသည် ။

ဒီဇင်ဘာလလယ်ပိုင်းကစ၍ အစိုးရတပ်များက ကချင်ပြည်နယ်အတွင်းရှိ KIO / KIA ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတစ်ဝိုက် KIA တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေရာ နှစ်ဘက် တိုက်ပွဲများ ယနေ့အထိ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ် သည် ။

လက်ရှိ နှစ်ဘက်တိုက်ပွဲ အခြေအနေကို KIA နှင့်အတူ တိုက်ပွဲဝင်နေသည့် ABSDF ကျောင်းသားတပ်မှူး တစ်ဦးက - “ဒီမနက် ၇ နာရီလောက်က စပြီး လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်။ လဂျာ ယန်တစ်ဝိုက် လိုင်ဇာတစ်ဝိုက် လျှောက်ပစ်နေတာပေါ့။ မနေ့ကတော့ လိုင်ဇာကိုကာထားတဲ့ ခါရာပို့စ်ကို သူတို့အင်အား အလုံးအရင်းနဲ့ တက်ထိုးတယ် ။ လေယာဉ်နဲ့က ၂ ကြိမ်ပစ်တာပေါ့ လိုင်ဇာအပေါ်ကုန်း KIA စစ်ရုံးချုပ်ရှိတဲ့ အလင်းဘွန်ကိုလည်း ၀င်ပစ်သွားတယ် ” ဟု ဆိုသည်။

ယမန်နေ့က ခါရာဘွမ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်သည့် အစိုးရ တပ်မ ၁၀၁ လက်အောက်ခံ တပ် များ အကျအဆုံး များသဖြင့် ရှေ့ဆက်မတိုးနိုင်ပဲ ဆုတ်ခွာသွားကြောင်း သူက ဆိုသည် ။

“တိုက်ပွဲက မနေ့ မနက်ပိုင်းကနေစဖြစ်တာပေါ့။ လေကြောင်းပစ်ကူက ညနေ ၂ နာရီ ၄၀ လောက်မှာ တစ်ကြိမ် ၊ ၄ နာရီ လောက်မှာ တစ်ကြိမ် ပစ်ကူပေးတယ်။ သူတို့ဘက်က ၄၀ ကျော်လောက်ကျ သွား တယ်။ လက်နက်ခဲယမ်းတွေလည်း ရတယ်။ ရှေ့မတိုးနိုင်တော့လို့ မနေ့က ညနေပိုင်းမှာ တပ်တွေပြန် ဆုတ်သွားတယ် ” ဟု ဆိုသည် ။

ယခုအခါ KIAကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အစိုးရတပ်ရင်းပေါင်း ရာဂဏန်းကျော်ရှိနေပြီး မြစ်ကြီး နားမြို့ အခြေစိုက် မပခစစ်တိုင်း လက်အောက်ခံတပ်များ အပြင် အခြား စစ်တိုင်းလက်အောက်ခံ တပ်ရင်းများနှင့် ပြည်မရှိ တပ်မ ၄ ခုခန့် ပါဝင်ကြောင်း သိရသည်

ကချင်စစ်ပွဲ ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်း စုကြည် ပြောပြီ



(14-1-2013 နံနက်ပိုင်း လွှတ်တော်သို့ ရောက်ရှိလာစဉ်-)
post by   burma.irrawaddy.org
သာလွန်ဇောင်းထက်| January 16, 2013 |

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း အရပ်သား သေဆုံးထိခိုက်မှုများ ရှိလာခြင်းကြောင့် စစ်ပွဲများ ရပ်တန့်ပြီး ညှိနှိုင်းဖြေရှင်းမှုဖြင့် အဖြေရှာကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနနှင့် ခေတ္တတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။ ကိုယ့်အချင်းချင်း ဘာပဲပြောပြော ပြည်ထောင်စုသား အချင်းချင်း ဒီလိုတိုက်ရတဲ့အထိ မဖြစ်အောင်လို့ အချင်းချင်းကြားမှာ ဆွေးနွေးညှိုနှိုင်းမှု ရှိသင့်တယ်ဆိုတာ ခဏခဏ ပြောနေတဲ့ ကိစ္စပဲ။ ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲနိုင်မှာပါ။ အခု ကချင်စစ်ပွဲနဲ့ ပတ်သက်လို့ တကမ္ဘာလုံးက စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေကြပြီ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “နောက်ဆုံးကျတော့ တိုင်းရင်းသားအရေးဆိုတာက အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု စဖို့ဆိုတာ လေးစားမှုနဲ့ စရမယ်။ တယောက်နဲ့တယောက် လေးစားမှ ယုံကြည်တဲ့အဆင့်ကို ရှိသွားမယ်။ အန်တီတို့အနေနဲ့ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်ကို တကယ်ပဲ နားလည်ရဲ့လား၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကရော နားလည်ရဲ့လား၊ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ရဲ့လား၊ ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အချင်းရှိရဲ့လား၊ အဲဒါတွေက အများကြီး စကားပြောသွားတယ်” ဟု ပြောသည်။

ဗြိတိသျှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Alistair Burt က ဗြိတိပါလီမန်တွင် ကချင်စစ်ပွဲအရေးကြောင့် မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထားသော စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်းထားခြင်းများကို ပြန်လည် သုံးသပ်ရနိုင်ခြေ ရှိနေကြောင်း မကြာသေးမီရက်ပိုင်းက ပြောဆိုလိုက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အံ့သြမှုမရှိကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ခေတ္တဆိုင်းငံ့ထားသော နိုင်ငံများအနေနှင့် မြန်မာနိုင်ငံ အခြေအနေသည် ၎င်းတို့ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ညီ၊ မညီ လေ့လာဆန်းစစ် ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။

“ဖြစ်မှာပဲလေ။ သူတို့အနေနဲ့ အစကတည်းက စီးပွားရေးပိတ်ဆို့မှုကို လုံးဝ ဖယ်ရှားတာမှ မဟုတ်ဘဲ။ ရပ်ဆိုင်းထားတယ် ဆိုကတည်းက သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီလား ကြည့်မှာပေါ့။ သူတို့ပြောတာက ဘာမှ အံ့သြစရာမရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပါအ၀င် တိုင်းရင်းသားများ၏ အရေးကိစ္စသည် လွှတ်တော် ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ မီဒီယာများ၊ ပြည်သူများ အားလုံးနှင့် သက်ဆိုင်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် တာဝန် အကန့်အသတ်များရှိနေပြီး ထိန်းသိမ်း လုပ်ဆောင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

“ကချင်မှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် အဆိုတင်သွင်းသွားတယ်။ အန်တီက တိုင်းရင်းသားရေးရာ ကော်မတီက မဟုတ်ဘူး။ ဒီလိုပြောခြင်းအားဖြင့် တာဝန်ရှောင်တာ၊ ခေါင်းရှောင်တာ မဟုတ်ဘူး။ ကိုယ့်စည်းဆိုတာ ရှိတယ်။ ကိုယ့်ကော်မတီ၊ ကိုယ့်လုပ်ငန်းနဲ့ရှိတယ်။ တခြားကော်မတီတွေရဲ့ လုပ်ငန်းတွေထဲမှာ ဘယ်လိုပြောရမလဲ၊ အများအသိအမှတ် ပြုထားတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ၀င်ပြီးတော့ မလိုအပ်လို့ရှိရင်တော့ လုံးဝ မစွတ်ဖက်ရဘူး။ လိုအပ်လို့ရှိရင်တောင် ချင့်ချင့်ချိန်ချိန် ကိုယ့်စည်းကိုယ် ထိန်းရမယ်။ အန်တီ့မှာလည်း တခြား ကော်မတီတာဝန်တွေ ရှိသေးတယ်။ တိုင်းရင်းသားအရေးက လူတိုင်းအရေးပါ။ လွှတ်တော်ထဲက လူတွေရဲ့ အရေးတင် မဟုတ်ဘူး။ မီဒီယာတွေရဲ့ အရေးလည်းဖြစ်တယ်။ ကျန်တဲ့ပြည်သူတွေရဲ့ အရေးလည်းဖြစ်တယ်။ တိုင်းရင်းသားအရေးကို ခေါင်းရှောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်လည်း လုပ်တဲ့ကိုင်တဲ့နေရာမှာ ကိုယ့်စည်းကိုယ် ထိန်းလုပ်ရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် တာဝန်ပေးလျှင် KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စ ကူညီဆောင်ရွက်ပေးလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည်။

၁၈ လကြာ ဖြစ်ပွားလျက်ရှိသော KIA နှင့် အစိုးရအကြား တိုက်ပွဲများကြောင့် ကချင်စစ်ဘေးဒုက္ခသည် တသိန်းနီးပါး ရှိနေပြီး အရပ်သားများလည်း ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

စောင့်ကြည့်သတင်းဂျာနယ် မျက်နှာဖုံးပါ သတင်းတစ်ပုဒ်

Nyo Gyi's photo.

"စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ပျက်ပြားခဲ့ရ"

စောင့်ကြည့်သတင်းဂျာနယ် မျက်နှာဖုံးပါ သတင်းတစ်ပုဒ်
အတွဲ(၇)၊ အမှတ်(၇၇)၊ ၂၅-၁၂-၂၀၁၂၊ အင်္ဂါ

(စောင့်ကြည့်သတင်းဂျာနယ်သည် ပြည်တွင်းတွင် ထုတ်ဝေဖြန့်ချိနေသော ဂျာနယ်တစ်စောင်ဖြစ်ပြီး စစ်အစိုးရအုပ်ချုပ်မှုကာလ ညံ့ဖျင်းမှုများအကြောင်းကို ဦးသန်းရွှေနှင့် ဦးမောင်အေးတို့၏ ဓာတ်ပုံနှင့်တွဲလျက် ယခုကဲ့သို့ ပုံနှိပ်ဖော်ပြခဲ့ခြင်းသည် ပြည်တွင်းထုတ်ဂျာနယ်များတွင် ပထမဦးဆုံး ဂျာနယ်ဖြစ်လာဖွယ်ရှိသည်)

‎"စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ပျက်ပြားခဲ့ရ"

စောင့်ကြည့်သတင်းဂျာနယ် မျက်နှာဖုံးပါ သတင်းတစ်ပုဒ်
အတွဲ(၇)၊ အမှတ်(၇၇)၊ ၂၅-၁၂-၂၀၁၂၊ အင်္ဂါ

(စောင့်ကြည့်သတင်းဂျာနယ်သည် ပြည်တွင်းတွင် ထုတ်ဝေဖြန့်ချိနေသော ဂျာနယ်တစ်စောင်ဖြစ်ပြီး စစ်အစိုးရအုပ်ချုပ်မှုကာလ ညံ့ဖျင်းမှုများအကြောင်းကို ဦးသန်းရွှေနှင့် ဦးမောင်အေးတို့၏ ဓာတ်ပုံနှင့်တွဲလျက် ယခုကဲ့သို့ ပုံနှိပ်ဖော်ပြခဲ့ခြင်းသည် ပြည်တွင်းထုတ်ဂျာနယ်များတွင် ပထမဦးဆုံး ဂျာနယ်ဖြစ်လာဖွယ်ရှိသည်)

ဘင်္ဂါလီများအား ယာယီသက်သေခံကဒ် (white card) ထုတ်ပေးခွင့် ကို ဥပဒေတွင် ပြဌာန်းထားခြင်း မရှိ

By Nang Si Phaung Yi

စစ်တွေ ၊ ၁၅ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

(နိုင်ငံမဲ့ နှင့် ခိုးဝင်) ဘင်္ဂါလီများအား ယာယီသက်သေခံကဒ်ပြားများထုတ်ပေးမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်တွင် မေးခွန်းထုတ်သည်ကို ပြည်နယ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ၁၉၅၄ မှတ်ပုံတင်ရေး နည်းဥပဒေအရ ထုတ်ပေးခဲ့သည် ဟု ဖြေကြားခဲ့သော်လည်း၊ ၄င်း ရည်ညွှန်းပြောကြားသော ဥပဒေ နည်းဥပဒေ တို့အရ ယင်းကဲ့သို့ ထုတ်ပေး၍ မရကြောင်းတွေ့ရသည် ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးက Coral Arakan အားပြောကြားသည်။

ပဉ္စမအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် (၁၂)ရက်မြောက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က နှုတ်ဖြင့် ဖြေကြားရာတွင် ၁၉၅၁-ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ ၁၃/၁ ပုဒ်မခွဲ (က)(ခ)(ဂ) တို့အရ ထုတ်ပေးခဲ့သည် ဟု ဖြေကြားခဲ့သည် ဟု ဆိုသည်။

သို့ရာတွင် ထိုပုဒ်မများသည် “ယခင် ရှိနှင့်ပြီးသော” သက်သေခံကဒ်ပြား ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ မထင်မရှားဖြစ်ခြင်း စသည့် တစ်ခုခု အတွက် သက်သေခံကဒ်ပြားပိုင်ရှင်အနေဖြင့် ယာယီ အသုံးပြုရန် အတွက်သာ ထုတ်ပေးပိုင်ခွင့်ရှိကြောင်းတွေ့ရပြီး၊ ယခင်က သက်သေခံကဒ်ပြားပိုင်ဆိုင်မှု မရှိဖူးသူများကို အလွယ်သဘော ထုတ်ပေးရန် ခွင့်ပြုထားခြင်း မရှိ ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၏ လွှတ်တော် အထောက်အကူပြု ကော်မတီ က လေ့လာ တွေ့ရှိထားသည့်အတွက် မည်ကဲ့သို့ဆက်လုပ်သင့်သည်ကို စဉ်းစားနိုင်ကြရန် ဗဟိုကော်မတီဝင်များအားလုံး နှင့် မြို့နယ် ဥက္ကဌများ အားလုံးထံ စာရွက်စာတမ်းများ ပေးပို့ထားသည် ဟု အဆိုပါ ဗဟိုကော်မတီဝင်က Coral Arakan အား ပြောကြားသည်။

၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အချိန်ကလေးတွင်ကပ်၍ ကုလားများမဲပေးနိုင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးအတွက် ဘူးသီးတောင်၊ မောင်တော ၊ ရသေ့တောင်နှင့် အခြားသော ခိုးဝင်ဘင်္ဂါလီများရှိနေသော မြို့နယ်များတွင် နိုင်ငံမဲ့ နှင့် ခိုးဝင် ဘင်္ဂါလီများကို (အဖြူရောင်) ယာယီသက်သေခံကဒ်ပြားများ ထုတ်ပေးပြီး မဲပေးစေရာ ဘူးသီးတောင် နှင့် မောင်တောမြို့နယ် တို့တွင် အစ္စလမ်မစ်ဝါဒီ လွှတ်တော်အမတ်များ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုကာ အနိုင်ရလာခဲ့ကြသည်။

ထို အစ္စလမ်မစ်ဝါဒီများ လွှတ်တော်ထဲသို့ ရောက်သည့် အချိန်မှစ၍ ဗလီဆောက်ခွင့်ပြုရေး၊ ခိုးဝင်ကုလားများ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိရေး စသည်တို့ကိုသာ တကျော်ကျော် အော်ဟစ် အဆိုတင်သွင်းခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဒူရော်စက် (ခေါ်) ဦးရွှေမောင် ဆိုလျှင် တိုင်းရင်းသားလူမျိုးများအားလုံး နှင့် လက်ရှိအစိုးရ တို့၏ သဘောဆန္ဒအား ဆန့်ကျင်၍ အယ်ဂျာဇီးယား ရုပ်သံအစီအစဉ်တွင် “ရိုဟင်ဂျာ” ဆိုသော လုပ်ကြံဖန်တီး လူမျိုးအတွက် မထီမဲ့မြင် စော်ကားမော်ကားပြောဆိုခြင်း တို့ကို ကျုးလွန်သော်လည်း အစိုးရ နှင့် လွှတ်တော်က မည်သို့မှ အရေးမယူသည်မှာ ကုလားများက သိန်းထောင်ချီပေးကာ ၀ယ်ထားသော မြန်မာအရာရှိကြီးများသည် ပေါက်ရောက်ထိန်းချုပ်နိုင်သော နေရာများတွင် ရှိနေဆဲဖြစ်ကြောင်းကို ညွှန်ပြသည် ဟု စစ်တွေ အခြေစိုက် စောင့်ကြည့်သုံးသပ်သူ တစ်ဦးက Coral Arakan အား ပြောကြားသည်။

အလားတူပင် ဖဆပလခေတ်ကလည်း ရခိုင်အခြေစိုက် ရတညပါတီကို အနိုင်ရရေးအတွက် ဖဆပလ ဦးကျော်ငြိမ်း၏ ညွှန်ကြားချက်ဖြင့် ခိုးဝင်ကုလားများကို မဲပေးခွင့်ပေးသည်သာမက သမ္ဗာန်ကြီးများဖြင့် တစ်ဖက်နိုင်ငံမှ ကုလားများကို ဒေသခံဖဆပလများ ကိုယ်တိုင်ခိုးသွင်းကာ မဲပေးစေခဲ့သည်။

မြန်မာပြည်မ ပါတီကြီးတစ်ခုဖြစ်သည့် NLD ၏ ဘူးသီးတောင် မောင်တော အဖွဲ့ဝင် တို့၏ အများတကာ့ အများစုတို့မှာ နိုင်ငံမဲ့ နှင့် ခိုးဝင် ဘင်္ဂါလီများဖြစ်နေရသည့်အထဲ၊ ဒေါ်အောင်ဆန်းစုကြည်က လူများစုက လူနည်းစုကို အနိုင်ယူတာကို လက်မခံဘူး ဆိုသည့်သဘော ပြောကြားလိုက်သည်ကို ခိုးဝင်လင်္ဂါလီများက မိမိတို့ဘက်မှ ဒေါ်အောင်ဆန်းစုကြည် လိုက်နေပြီဟု အထင်ရောက်သွားကာ၊ ၂၀၁၂-ခုနှစ် ဇွန်လ ရှစ်ရက်နေ့တွင် မောင်တောမြို့နယ်အတွင်းရှိ ရခိုင် ဗမာ တိုင်းရင်းသားကျေးရွာ ဆယ်ရွာကို လူဦးရေ အသာစီးရထားသည့် ခိုးဝင်ဘင်္ဂါလီများက အချိန်ကိုက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ စစ်တွေမြို့တွင်လည်း တပြိုင်တည်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

၂၀၁၂-ခုနှစ် ဇွန်လအတွင်း ထိုကဲ့သို့ ဘင်္ဂါလီများ ဆူပူတိုက်ခိုက်နေကြစဉ် ကာလအတွင်း ဒေသခံများက NLD အား အမျက်ရှကာ NLD ရုံးခန်း ဆိုင်းဘုတ်ကို ကျောက်ခဲဖြင့် ပစ်ပေါက်ဖြိုဖျက်လိုက်ကြရာ ယနေ့ထက်တိုင် NLD ဆိုင်းဘုတ်တင်ထားခြင်းကို စစ်တွေမြို့ လမ်းမများတွင် မတွေ့ရပေ။

(နန်းစီဖောင်းရီ က CORAL ARAKAN အတွက် ရေးသားသည်။)

http://www.facebook.com/photo.php?fbid=538838229469089&set=a.537044512981794.123895.536963452989900&type=1&relevant_count=1

တို့ကျောင်းကြီးကိုလွှတ်ပေးပါ

By ကို ထွန်းသူ

(၁၉၀၈) ခုနှစ် မတိုင်မှီကတည်းက ဆောက်ခဲ့တဲ့ ဝိတိုရိယခေတ် ဗိသုကာလက်ရာ ပင်မဆောင်ကြီးမှ၊ အင်ဂျင်နီယာအတတ် ပညာရှင်တွေရဲ့ စာသင်ခန်းနဲ့ လက်တွေ့စမ်းသပ်ခန်းတွေဟာ၊ (၂၀၀၇) ခုနှစ်မှာတော့ ယာယီအကျဉ်းစခန်းဖြစ်ခဲ့ဖူးသလို၊ အခုတော့လည်း 'စည်ပင်' ဓမ္မာရုံတဲ့....

 လွမ်းစိတ်ရယ်ဘယ်မပြေ..
အပြေးသာလှမ်းလာချင်ပ..
ရင်ခွင်နန်းတော်ဆီ...

(ဒီထဲမှာရဲရင့်ငယ်ပါတယ်)
တီချယ်ကြီးနဲ့ တပည့်များ...

အမေစုကိုပြောပေးကြပါ၊ရန်ကုန်တက္ကသိုလ်ပြီးရင်အင်းစိန်ဂျီတီအိုင်ကိုလဲပြန်အသက်သွင်းပေးပါလို့......


လိုင်ဇာ-တရုတ် နယ်စပ်တွင် ကင်းလှည့်နေသော တရုတ်စစ်သားများ

http://www.youtube.com/watch?v=MrHifFTbmJc&feature=player_embedded

သိန်းပေါင်းများစွာ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးချခဲ့တဲ့ MPT ၀န်ကြီး ဦးသိန်းထွန်း

Nathan Maung

အခုတော့ MPT ၀န်ကြီး ဦးသိန်းထွန်းကို ရှင်းလိုက်ပြီဆိုတော့ သူလာဘ်စားထားတဲ့ ကိစ္စ အများပြည်သူသိအောင် အထောက်အထားတွေ တင်ပြလိုက်ပါတယ်။ လာဘ်ထိုးသူကတော့ ဘဏ်ချလန်ထဲမှာ ပေးပို့သူပါပဲ။ ဆင်းကတ်တစ်ကတ်ကို သိန်းနဲ့ချီ တောင်းပြီး သိန်းပေါင်းများစွာ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးချခဲ့တဲ့ ဦးသိန်းဝင်းပါ။