Thursday, January 17, 2013

ဒေါက်တာဆိတ်ဖွားအမည်ခံဗိုလ်မှုးလှစိုးမဲဆောက်မြို့သိုထွက်ပြေးရောက်ရှိ



facebookသတင်းတပုဒ်။
ဟုတ်မဟုတ်မသေချာသေးပါ။



by Sit Bo Naing

ဒေါက်တာဆိတ်ဖွားအမည်ခံ၍  http://www.doctorsatephwar.blogspot.com/
တွင်ဆောင်းပါးများရေးသားနေသော
တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးနှင့်ပြည်သူ့ဆက်ဆံရေး
ညွှန်ကြားရေးမှုးရုံးမှဦးစီးအရာရှိတတိယတန်းဗိုလ်မှုးလှစိုးဆိုသူသည်
ထိုင်းနိုင်ငံမဲဆောက်မြို့သိုထွက်ပြေးရောက်ရှိလာကြောင်း
ထိုင်းမြန်မာနယ်စပ်မှသတင်းရရှိပါသည်။
ဗိုလ်မှုးလှစိုးကလွှတ်တော်ဥက္ကဌများဖြစ်သောသူရရွှေမန်းနှင့်
ဦးခင်အောင်မြင့်တို့၏အတွင်းရေးများကိုဖော်ထုတ်ရေးသားတော့မည်
ဟုပြောဆိုလိုက်ပါသည်။

ကမ္ဘာ့အကောင်းဆုံးပရိသတ်ဆုမြန်မာနိုင်ငံကရရှိ




by Nang Khin Zay Yar



TheIdealBeauty
Congratulations! #TIBAward2012 "BEST FANS IN THE WORLD" 2012 is... MYANMAR!   http://www.theidealbeauty.info/winners/2012/
TheIdealBeauty မှကြီးမှူးကျင်းပတဲ့ TIBAward2012 အစီအစဉ်မှာ ၂၀၁၂ ခုနှစ်ရဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများအတွက် ကမ္ဘာ့အကောင်းဆုံးပရိသတ်ဆု "Best Fans In The World" ကိုတော့ ညီမတို့ရဲ့မြန်မာနိုင်ငံကရရှိခဲ့ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာနိုင်ငံသားများ အားလုံးရဲ့ ညီမအပါအ၀င် မြန်မာနိုင်ငံသူပြိုင်ပွဲဝင်များကိုတစ်ခဲနက်အားပေးမှုကြောင့် ရရှိတဲ့ဆုဖြစ်လို့ ဒီဆုအတွက် ညီမ အတိုင်းမသိပျော်ရွှင် ဂုဏ်ယူမိပါတယ်။ ဒီထက်ပိုပြီးဂုဏ်ယူစရာကောင်းတာကတော့ ဒီဆုဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးလေးရပ်မှ အချက်အလက်များကို အခြေခံပြီးအမှတ်ပေးတဲ့ ဆုဖြစ်ပြီး၊ ညီမတို့နိုင်ငံသားတွေ ၀င်ရောက်အားပေးခဲ့တဲ့ပြိုင်ပွဲကတော့ ညီမကို အားပေးခဲ့ကြတဲ့ Miss International 2012 ပြိုင်ပွဲတစ်ပွဲတည်းသာရှိခဲ့တာပါ။ ဒါပေမယ့် ထိုပြိုင်ပွဲတစ်ပွဲတည်းမှာ သာအားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားများရဲ့ အားပေးမှုကတော့ ပြိုင်ပွဲတစ်ပွဲမကယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံသားများရဲ့ အားပေးမှုကို ကျော်လွန်ပြီး ဒီဆုကိုချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ညီမကိုအားပေးခဲ့ကြတဲ့ ပရိသတ်များနဲ့ထပ်တူ၊ မြန်မာနိုင်ငံသား အားလုံးနဲ့ထပ်တူ ညီမအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်လို့ ဒီနေရာကပြောကြားလိုက်ပါတယ်။

တရုတ်စီးပွားကူးသန်းဝန်ကြီးကြော်ငြာဝင်ထိုး

rစီမံကိန်းများရပ်ဆိုင်းပါက မြန်မာနိုင်ငံကပို၍ နစ်နာဖွယ်ရှိဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား

ကျော်ဇင်ထွန်း(မြစ်မခ)
by Myit Makha Mediagroup on 17 Jan, 2013

ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ နေအိမ်၌  ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်က  သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်၊ တရုတ်သံအမတ်ကြီး မစ္စတာ ယွန်းဟာ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့် တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊တာဝန်ရှိသူများနှင့်စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကြောင့် တရုတ်ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှုအားကို မထိခိုက်နိုင်ကြောင်း၊ လုပ်ငန်းကြီးတိုင်း အခက်အခဲရှိတတ်ကြသည်မှာ ဓမ္မတာ ပင်ဖြစ်ပြီး ပြဿနာဖြစ်ပေါ်ရသည့် အကြောင်းအရင်းကို စေ့စပ်သေချာစွာ သုံးသပ်စဉ်းစားရန် လိုကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အခက်အခဲများ ဖြေရှင်းနိုင်ပြီး ယင်းဖြစ်ရပ်များ ကြောင့်   နှစ်နိုင်ငံစီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်မှုရှိစရာအကြောင်းမရှိကြောင်း  ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်က ပြောကြားခဲ့သည်။
‘ကျွန်တော်တို့ CNPC ကုမ္ပဏီက ဂက်(စ) ပိုက်လိုင်းချတဲ့နေရာမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာပါ။ ပိုက်လိုင်းတွေကို   မြေအောက် ၁.၂ မီတာအနက်မှာမြှုပ်ပြီး ချထားတာ ဖြစ်ပါတယ်။ စီမံချက်လုပ်ငန်းဒေသတွင်းက ထိခိုက်နစ်နာတဲ့ လူထုအတွက်   လျော်ကြေးပေးရာမှာ လည်း ဒေသအာဏာပိုင်များ၊ ဒေသခံတောင်သူလယ်သမားများနဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးမှ ပေးခဲ့တာ   ဖြစ်ပါတယ်။’ ဟု ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် သဘာဝဓါတ်ငွေ့တူးဖေါ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် CNPC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံလိုသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ  ဥပဒေများနှင့် ဒေသဓလေ့ထုံးစံ များအား လေးစားရ မည်ဖြစ်ကြောင်း ဒေသခံလူထုအတွက်စီမံချက်လုပ်ငန်းတွေများမှအကျိုးအမြတ်ရရှိခံစားနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို
လည်း သိရသည်။
 “မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ ဒေသဓလေ့ထုံးစံတွေကို လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ကုမ္ပဏီတွေကို လိုအပ်သလို အရေးယူဆောင်ရွက် သွားမှာပါ။ တချို့ကောလာဟာလတွေ၊ ပုံကြီးချဲ့ပြောဆိုမှုတွေကြောင့်တော့ ကုမ္ပဏီအပေါ်အတိုင်းအတာ တစ်ခုထိ ဂယက်ရိုက်မှုရှိပါတယ်။ CNPC ကုမ္ပဏီအနေနဲ့ လည်း စာနယ်ဇင်းသမားတွေကို ကုမ္ပဏီလုပ်ငန်းခွင်တည်ရှိတဲ့နေရာကို လာရောက်လေ့လာနိုင်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။’ ဟု ဒုတိယ၀န်ကြီးချန်းကျန့်က အကြံပြု ပြောကြားခဲ့သည်။
 ‘နိုင်ငံတိုင်းကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတချို့ရှိတာကလွဲလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အတော်လေးတိုးတက်   ကောင်းမွန်လာတာကို တွေ့ရပါတယ်။ မြန်မာအစိုးရဟာ အဲဒီအခက်ခဲတွေကို ဖြတ်ကျော်ဖို့  ကြိုးပမ်းအားထုတ်နေတာကို   တွေ့ရမှာဖြစ်ပါတယ်။ ဒီအခက်အခဲတွေဟာ ယာယီ အခက်အခဲတွေပါ။ သဘာဝသယံဇာတတွေ ပေါကြွယ်လှတဲ့ မြန်မာနိုင်ငံအဖို့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ ‘ ဟု ဒုတိယ၀န်ကြီးက ဆက်ပြောသည်။
 ဂျပန်အပါအ၀င် အနောက်နိုင်ငံများ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့်အတွက် တရုတ်နှင့်မြန်မာတို့၏ အကျိုးစီးပွားကို ထိခိုက်မှု မရှိနိုင်ကြောင်း တရုတ်နိုင်ငံ၌လည်း အနောက်နိုင်ငံနှင့် ဂျပန်မှကုမ္ပဏီ များစွာရှိကြောင်း ၄င်းကဆိုသည်။
 ‘ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။ စာနယ်ဇင်းသမားတွေအနေနဲ့လည်း စီမံချက်ဒေသတွေကို ကိုယ်တိုင်သွားရောက် လေ့လာ သင့်ပါတယ်။ တိုးတက်ချင်ရင် ကျွန်တော်တို့ အပြန်အလှန်ထိတွေ့ ဆက်ဆံဖို့လိုပါတယ်။  ဒါမှသာ ကျွန်တော်တို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်ကြမှာ ဖြစ်ပါတယ်။ အရှိကို အရှိအတိုင်း လက်ခံဖို့လည်း လိုပါတယ်။ တချို့စီမံချက်ဒေသတွေမှာ ဆန္ဒပြတဲ့သူတွေဟာ ဒေသခံတွေ မဟုတ်ဘဲ အဝေးကလာတဲ့သူတွေဖြစ်နေတာတွေ့ရတယ်။’ ဟု ဒုတိယ၀န်ကြီးက မှတ်ချက်ပြုပြောကြားခဲ့သည်။
တရုတ်စီမံကိန်းလုပ်ငန်းများရပ်ဆိုင်းသွားပါက တရုတ်အနေဖြင့် ထိခိုက်နစ်နာမှုရှိသည်ထက် မြန်မာနိုင်ငံအတွက်ပို၍ ထိခိုက်နစ်နာဖွယ်ရှိကြောင်း ပြောကြားကာ သတင်းစာရှင်းလင်းပွဲကို နံနက် ၁၀ နာရီ ၁၀ ခန့်တွင် ရုပ်သိမ်းခဲ့သည်။
myitmakhamediagroup.com

Moro Islamic Liberation Front (MILF) ၏ ဗဟိုတပ်မဟာသို့ ၈၈မျိုးဆက်ကျောင်းသားများ ရောက်ရှိ

--------------------------------------------------------------
ဖိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ (ဇန်န၀ါရီလ၊ ၁၇ ရက်) နံနက် ၈း ၁၅ နာရီက The Bangsamoro Leadership and Management Institute (BLMI) မှဖွင့်လှစ်ထားသည့် သင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့ကြပြီးနောက် နံနက် ၉း ၂၀ နာရီခန့်တွင် ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း Moro Islamic Liberation Front (MILF) ၏ ဗဟိုတပ်မဟာ (Bangsamoro Arm Force)သို့ ရောက်ရှိခဲ့ကြပြီး တပ်ချုပ် Commder, Rasid Ladiasan နှင့် ၎င်း၏ ဗိုလ်မှူးကြီးများနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံကြရာတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Von Al-Haq က ဖိလစ်ပိုင်နိုင်ငံ တပ်မတော်နှင့် ၎င်းတို့ လက်နက်ကိုင်တပ်တို့ ငြိမ်းချမ်းရေးရယူခဲ့ပုံအဆင့်ဆင့် နှင့် လက်ရှိအခြေအနေအထိ ရောက်ရှိလာစေရန် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းနှင့် ကြိုးပမ်းခဲ့ကြရပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ၈၈မျိုးဆက်ကျောင်းသားများမှ သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများသည် တပ်စခန်းအတွင်း လှည့်လည်လေ့လာခဲ့ကြပြီး နံနက် ၁၁း ၀၀ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် Moro Islamic Liberation Front (MILF) အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ
-------------------------------------------------------------
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ (ဇန်န၀ါရီလ၊ ၁၆ ရက်) နံနက် ၆း ၀၀ နာရီတွင် မနီလာမြို့မှ လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံ တောင်ဘက်စွန်းရှိ ကိုတာဘာတို (Cotabato)မြို့သို့ နံနက် ၈း ၁၀ နာရီတွင်ဆိုက်ရောက်ခဲ့ကြသည်။ ၎င်းနောက် ကိုတာဘာတိုမြို့တွင် ဌာနချုပ်ဖွင့်လှစ်ထားသော Moro Islamic Liberation Front (MILF) လက်နက်ကိုင်အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဦးဆောင်သူများဖြစ်ကြသည့် အမှုဆောင်ဒါရိုက်တာ Prof. Abhoud Syed Lingga နှင့် အတွင်းရေးမှူးချုပ် Datu Jun Mantawil တို့နှင့် Institute of Bangsamoro Studies (IBS) ရုံးသို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံကြရာတွင် ဖိလစ်ပိုင်နိုင်ငံ၌ MILF လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာပုံ၊ တော်လှန်ရေးအသွင်ဖြင့် အနှစ်၃၀ ကျော် ရပ်တည်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစတင်၍ အခက်အခဲအများအပြားကြားမှ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပုံနှင့် ယနေ့အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးအောင်မြင်မှုမှာ ၉၀ ရာခိုင်နှုန်းကျော် လက်ခံကျေနပ်နိုင်ဖွယ်ရရှိနေပြီး မင်ဒါနာအို (Mindanao) ဒေသဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးကိစ္စများကို The Bangsamoro Leadership and Management Institute (BLMI) အဖွဲ့မှ ဦးစားပေးဆောင်ရွက်နေပုံတို့ကို MILF ဦးဆောင်သူနှစ်ဦးက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများကလည်း MILF နှင့် ဖိလစ်ပိုင်တပ်မတော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ကြရာတွင် တွေ့ကြုံခဲ့ကြရသော အခက်အခဲနှင့် ပဋိပက္ခများ၊ လက်ရှိကာလအထိ ဖော်ဆောင် အောင်မြင်နေမှုများနှင့် မပြီးပြတ်နိုင်သေးသည့် ကိစ္စရပ်များအကြောင်းတို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ နံနက် ၁၁း ၃၀ နာရီတွင် တွေ့ဆုံဆွေးနွေးမှုကိုရုပ်သိမ်းပြီး မွန်းတည့် ၁၂း ၀၀ နာရီခန့်တွင် ကိုတာဘာတိုမြို့ရှိ ခေတ္တတည်းခိုရာ Al Nor Hotel သို့ ရောက်ရှိခဲ့ကြသည်။


ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ
---------------------------------------------------
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ ၁၅ ရက် ) ညနေ ၃း ၃၀ နာရီက ဗြိတိန်သံအမတ်ကြီး Stephen Lillie အပါအ၀င် သံရုံးတာဝန်ရှိသူများဖြစ်ကြသော Thomas Phipps နှင့် Steph Lysaght တို့နှင့် မနီလာမြို့ရှိ ဗြိတိန်သံရုံးတွင် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် ဗြိတိန်သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဗြိတိန်နိုင်ငံ၏ ကူညီပံ့ပိုးပေးခဲ့မှုများကို ရှင်းလင်းပြောဆိုခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ယနေ့ မွန်းလွဲပိုင်း ၁၂း၃၀ နာရီကလည်း (BMFI) Balay Mindanao Foundation မှ ဥက္ကဋ္ဌဖြစ်သူ Mr. Kaloy Manlupig နှင့် တွေ့ဆုံခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိနိုင်ရေး ကြိုးပမ်းမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ သမ္မတ၏ အကြံပေးဖြစ်သူ ပါမောက္ခ Mirian Ferrer နှင့် တွေ့ဆုံပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေသော Moro Islamic Liberation Front (MILF) နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေပုံများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မနက်ဖြန် (ဇန်န၀ါရီလ ၁၆ ရက်) နံနက်အစောပိုင်းတွင် ၈၈မျိုးဆက်ကျောင်းသားများသည် ဖိလစ်ပိုင်နိုင်ငံ Cotabato မြို့သို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်ပြီး လက်ရှိလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Moro Islamic Liberation Front (MILF) အဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။


၈၈မျိုးဆက်ကျောင်းသားများနှင့် ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ တွေ့ဆုံဆွေးနွေး
---------------------------------------------------------------------------
ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ၊ ၁၅ ရက် ) ဒေသစံတော်ချိန် နံနက် ၁၀း ၀၀ နာရီက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်တပ်မတော် ဌာနချုပ်သို့ ရောက်ရှိခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ အစည်းအဝေးခန်းမတွင် Commanding General , Lt. General Emmanuel T Bautista အပါအ၀င် ဖိလစ်ပိုင် တပ်မတော်အရာရှိကြီးများနှင့် တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုကိုကြီးက တက်ရောက်လာကြသူ တစ်ဦးချင်းနှင့် မိတ်ဆက်ပေးခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဖော်ဆောင်နေမှုများနှင့် ပတ်သက်၍ Secretary Army General Staff ဖြစ်သည့် Col. Gilbert I Gapay က ရှင်းလင်းတင်ပြခဲ့သည်။ ယင်းတင်ပြချက်များအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ ပြန်လှန်မေးမြန်းချက်များကို ဖိလစ်ပိုင်တပ်မတော်၏ သက်ဆိုင်ရာဌာန အသီးသီးမှ တပ်မတော်အရာရှိကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ပြန်လည်ဖြေကြားပေးသွားခဲ့သည်။ ၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင်က နှုတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဖိလစ်ပိုင် တပ်မတော်မှ Lt. General Emmanuel T Bautista က နှုတ်ဆက်စကား ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအခမ်းအနားကို နံနက် ၁၂း ၀၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနီးကပ်ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းထားသည့် CCCH အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများတွေ့ဆုံ
-------------------------------------------------------------
ဖိလစ်ပိုင် လက်နက်ကိုင် MILF တပ်စခန်းကို သွားရောက်လေ့လာခဲ့ကြပြီး ယနေ့ ( ဇန်န၀ါရီလ၊ ၁၇ ရက်) နံနက် ၁၁း ၀၀ နာရီက ပြန်လည်ထွက်ခွာလာခဲ့ကြသည့် ၈၈မျိုးဆက်ကျောင်းသားများသည် ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနီးကပ်ဖော်ဆောင်နိုင်ရန် ဖိလစ်ပိုင်သမ္မတရုံးမှ ဖွဲ့စည်းပေးထားသည့် Coordinating Committee on the Cessation of Hostilities (CCCH) အဖွဲ့ရုံးခန်းသို့ သွားရောက်ခဲ့ကြပြီး တာဝန်ရှိသူ Maj Carlos T Sol နှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဗိုလ်မှူး Sol က ဖိလစ်ပိုင်နိုင်ငံတွင်ရှိခဲ့သော လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ရှိသည့်အနက် MILF အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိရန် ၁၉၉၇ ခုနှစ်မှစ၍ ကြိုးပမ်းခဲ့ကြပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မွန်းလွဲ ၁၂း ၁၅ နာရီတွင် CCCH ရုံးခန်းမှ ပြန်လည်ထွက်ခွာလာခဲ့ကြပြီး မွန်းလွဲ ၁း ၁၅ နာရီတွင် ကိုတာဘာတိုမြို့မှ မနီလာမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။

၈၈မျိုးဆက်ကျောင်းသားများနှင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သြစတြေးလျ သံတမန်များ တွေ့ဆုံ
-------------------------------------
ဖိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ၊ ၁၇ ရက် ) ညနေ ၂း ၅၀ နာရီတွင် မနီလာမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြပြီးနောက် ညနေ ၄း ၀၀ နာရီအချိန်တွင် မနီလာမြို့၊ RCBC plaza ရှိ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးသို့ ရောက်ရှိခဲ့ကြပြီး Minister & Deputy Head of Mission , Andrew Byrne အပါအ၀င် သံတမန်အရာရှိများနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံကြရာတွင် သြစတြေးလျ သံတမန်တို့က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြသောဖြစ်စဉ်တိုင်းကို စိတ်ဝင်စားပါကြောင်း၊ ယခု ၈၈မျိုးဆက်ကျောင်းသားများ လာရောက်လေ့လာသော ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှလည်း မြန်မာနိုင်ငံအတွက် အကျိုးတစ်စုံတစ်ရာ ရရှိလာစေနိုင်မည်ဟု မျှော်လင့်ပါကြောင်းတို့ကို ပြောကြားခဲ့သည်။ ၎င်းနောက် ငြိမ်းချမ်းရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ညနေ ၅း ၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြသည်။
ယနေ့ည ၇း ၀၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား ပညာတော်သင်ကျောင်းသားများ နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံညစာစားပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများသည် မနက်ဖြန် နံနက် ၈း ၃၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ထွက်ခွာလာကြမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ည ၁၀း ၃၀ ခန့်တွင် ပြန်လည်ရောက်ရှိကြမည် ဖြစ်သည်။

အိမ်သုတ်ဆေးများအောက်ကပေါ်ထွက်လာတဲ့  နှစ်ပေါင်းတစ်ထောင်လောက်က နံရံဆေးရေးပန်းချီများ

by May Popa

    အစားထိုးမရတဲ့ ဆုံးရှုံးမှု

    မနေ့ကကျမသူငယ်ချင်းတွေနဲ့ပုဂံကို ဘုရားဖူးရောက်ခဲ့ရာမှာ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးကိုတွေ့ခဲ့ရပါတယ်။ငယ်ငယ်က မကြာခဏရောက်ပေမဲ့ သတိမထားမိခဲ့ပါ ယခုအခေါက်မှမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရလို့ဝမ်းနည်းပက်လက်ဖြစ်ခဲ့ ရပါတယ်။
    နာမည်ကြီးလှတဲ့ သမိုင်းဝင် အာနန္ဒာဘုရားကမြင်ကွင်းလေးပါ ဓာတ်ပုံထဲကပညာရှင်များကိုကျေးဇူးတင်ရှိပါတယ်
    ယခင်အစိုးရ နဝတ လက်ထက်က ပုဂံဘုရားများအားလုံးကို လှပအောင် နိုင်ငံခြားသားများစိတ်ဝင်စားအောင် အသစ်ဖြစ်သွားအောင် ဆိုပြီး ဆေးသုတ်ခဲ့ ပါတယ်။ ဦးခင်ညွန့်အမိန့်အရဟုထင်ပါသည်၊ ရှေးဟောင်းဌာနမှ ပညာရှင်များကလည်း ပြန်ပြောရဲခဲ့ မည်မထင်ပါ
    "ယခုအခါကျမှ ပြည်သူတွေတွေ့ရှိ တာကတော့ သူတို့သုတ်လိုက်တဲ့ ခေတ်သစ်အိမ်သုတ်ဆေးများအောက်ကပေါ်ထွက်လာတဲ့  နှစ်ပေါင်းတစ်ထောင်လောက်က နံရံဆေးရေးပန်းချီများပါပဲ၊ "
    ယခုအခါကျမှ ပြန်လည်ပြီးဆေးအဟောင်းများကိုတစ်ဖတ်ချင်း အနုစိတ်ပြန်လည် ခွါယူနေရပါတယ်။ နိုင်ငံရဲ့သမိုင်း ယဉ်ကျေးမှုအမွေအနှစ်များကိုဖျက်ဆီးခဲ့တဲ့ နဝတ အစိုးရပါ၊ နိုင်ငံရဲ့ဘဏ္ဍာငွေ တွေလည်း အများကြီးဆုံးရှုံးရပါတယ်။
    အသစ်စက်စက်ဖွဲ့လိုက်တဲ့ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်တဲ့ ကော်မတီ ကြီးရယ် တာဝန်ရှိသူတွေကိုထောင်ချပစ်လိုက်စမ်းပါ တစ်နိုင်ငံလုံး တစ်ကမဘာလုံး ကိုဝန်ချတောင်းပန်လိုက်စမ်းပါ မြန်မာ့ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးခဲ့တဲ့စစ်အာဏာရှင်ကြီးများရယ် ဘိုးဘေးတွေနဲ့ နောင်လာနောက်သားတွေကို ဦးခိုက်ကန်တော့လိုက်ကျပါဦး။ ပုဂံ ဘုရားတွေကကျိန်စာတွေ ကရော မစူးလေရော့သလား မသိ၊
    ဆေးသုတ်ခဲ့တဲ့ဘုရားပေါင်း မြောက်များစွာကို ဘယ်လိုများပြန်လည်ထိန်းသိမ်းရမလဲမသိ။ ဂျာနယ်၊မီဒီယာတွေ ကရော ပေါချောင်ကောင်းသတင်း တွေပဲလိုက်ရေးနေသလားရန်ကုန်လောက်မှာပဲ ရပ်နေတော့မှာလား ပုဂံဆိုတာ ပထမမြန်မာ နိုင်ငံတော်ကြီး ပါ၊ မြန်မာဆို ပြီးလက်မထောင်ရမဲ့ နေရာပါ ဝိုင်းဝန်းထိန်းသိမ်း ကြပါရှင်၊တာဝန်ရှိသူတွေကို ပြစ်တင်ရှုတ်ချကျပါရှင်၊

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

Wednesday, 16 January 2013 14:51
Written by မွန်အေဂျင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူ တစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်း ထားလျက် ရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒ ပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင် နေထိုင် သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောက်ျားလေး အဖော်လူငယ်တစ်ဦးလည်း အတူ ရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူး ရဲအရာရှိတစ်ဦးက ပြောသည်။
မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်း ဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။
ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီး ရရှိခဲ့သည်ဟုလည်း သိရသည်။
အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့် တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှု ရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာ လက်နက်ငယ်တွေ ကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါး သုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသား လွှတ်တော် အမတ်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။
လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ဖိလစ်ပင်း ရောက်နေတဲ. ၈၈၈၈စီနီယာအဖွဲ.က အကိုတို. သိကောင်းစရာ--

by Aye Aye Soe Win on Thursday, January 17, 2013 at 3:32pm ·



၈၈၈၈ စိနီ ယာ အုပ်စု က အကို တို. ဖိလစ်ပင်း ကို ရောက် နေပါပြီ။ သူတို. ကို သောင်းသောင်းဖျဖျ ကြိုဆ်ုကြပါတယ်။ ၀မ်းသာပါတယ်။ အတွေးလေး တစ်စ ပေါ်လာလို.၊ သိပ်မတတ်သော်လည်း အကိုတို. ဓါတ်ပုံတွေကြည်.၊ တမျိုးတမည်သော inspiration အင်စပိုင်ယားရေးရှင်း ရလို. မနေနိုင်လို. တစ်ကြောင်း နှစ်ကြောင်းရေးဖြစ်ပါတယ်။ အပြုသဘော နဲ. အလွတ်ပြောခြင်းသက်သက်ဖြစ်ပါတယ်။


မနီလာေေ၇ာက်နေသော ၈၈၈၈ စိနိယာ အကိုကြီးများ၊ ဓါတ်ပုံ--၈၈၈၈ မျိုးဆက်ကျောင်းသားများ စာမျက်နှာမှ
မျက်မှောက် မြန်မာ ပြည်နဲ.မျက်မှောက်  ဖိလစ်ပင်း နိုင်ငံရေး လမ်းကြောင်း တွေ တစစ ဖြစ်ပေါ်  ပြောင်းလဲပုံတွေ တော် တော် ကွာပါတယ်။ အကိုတို. ရောက်နေတဲ. ဖိလင်းပင်း ဟာ စစ်အေး ကာလ (ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၅-၁၉၉၁ အထိ) ပြီးတော. ၂၀၁၃ ခုချိန်ထိ တောက် လျှောက် အမေရိက နဲ. သဟဇာတ ရှိပြီး အမေရိကန် ဂျပန် စတဲ. နိုင် ငံတွေ စီ က စီးပွားရေး၊ နိုင်ငံဖွံ.ဖြိုးရေး ဆိုင် ရာ အကူ အညီ တွေ အများကြီး ရခဲ.တဲ. နိုင်ငံဖြစ်ပါတယ်။ ၁၉၈၆ က စလို. ဖိလစ်ပင်းဟာ ဒီ မို ကရေစီ လမ်းကြောင်း ပေါ် မှာ  တစတစ အခြေခိုင်လာတာဖြစ်တဲ. အတွက် မြန်မာ ပြည် ထက်
 နှစ် ၃၀ နီး ပါး တာထွက်စော ပါတယ်။

ပြီးတော. ဖိလစ်ပင်း ဖွဲ.စည်းပုံ အခြေခံ ဥပဒေဟာ သူတို. လူ မျိုးတွေ ထောက်ခံထားတဲ.  ခိုင် မာ တဲ.  ဥပဒေ ဖြစ်ပါတယ် ၊(သွေးစွန်းသော ၂၀၀၈နာဂစ် ဥပဒေ နဲ. လုံး ၀ မတူပါဘူး၊ ဖတ်ကြည်.ပါ အကိုတို.။)
 ပြီးတော. ဖိလစ်ပင်းစစ်တပ်၏ အဓိက တာဝန်ဟာ ပြည်ပရေးရာ လုံခြုံမှု အတွက် အဓိက ဖြစ်ပြီး၊ ပြည်တွင်း ပဋိပက္ခတွေမှာ ( မြန်မာ စစ်တပ်လို) နေရာ တကာ ပါဝင်မှု မရှိပါဘူး။

ဖိလစ်ပင်းဟာ(  မြန်မာ ပြည်နဲ.လုံးလုံး မတူပဲ) တရုတ်နဲ.တော် တော် ကင်း တဲ. နိုင်ငံဖြစ်ပါတယ်။ သူ. နိုင်ငံစီ်းးပွားရေး ဦးမော.လာအောင် အကူအညီ ပေးခဲ.တဲ. နိုင်ငံတွေမှာ--  တရုတ် စီစီ ပီ ရဲ.  နိုင်ငံရေး အိုင်ဒီရောလော်ဂျီ နဲ. လားလားမှ မတူတဲ. အမေရိကန်၊ နှင်. ဂျပန် ၊ ဥရောပက နိုင်ငံ အချို.  ဖြစ်ပါတယ်။

ဖိလစ်ပင်းဟာ ပြည်ပမှာ နေထိုင်တဲ. ဖိလစ်ပင်း လူမျိုး ၁၁-၁၃ သန်း ၏ အကျိုး စီးပွား လုံခြုံရေးကို တန်ဖိုးထားပြီး၊ လွန်ခဲ.တဲ. နှစ်ပေါင်း ၃၀-၅၀ အတွင်း အကြောင်းအမျိုးမျိုးကြောင်.  ပြည်ပရောက် အခြေကျနေတဲ. ဖိလစ်ပင်း နိုင်ငံသားတွေ ၏ အကျိုးပြန်ပြုမှုတွေ စစ်မှန်စွာ ကို ရယူနိုင်ခဲ.ပါတယ်။

 ပြီးတော.  ဖိလစ်ပင်းအစိုးရ ဟာ လူသား အရင်း အမြစ် နဲ. ပတ်သက်၍ အမြော် အမြင် ကြီးပါတယ်။ ပြည်ပရောက် ဖိလစ်ပင်းတွေ  သူတို.မွေးရပ်တိုင်းပြည် အပေါ် စာပေ၊ စီးပွား၊ နိုင်ငံရေး၊ လူ မှု ရေး၊ ပရဟိတ လုပ်ငန်း  ဒီ နေရာတွေ မှာ ထိထိ ရောက်ရောက်   ပြန်. နှုံ. သက်ဝင်စေဖို. ဘာ အဟန်. အတားမှ လဲ မလုပ်ခဲ.ပါဘူး။ ( ဦးသိန်းစိန် လက်သတ်မွေး ဦးအောင် မင်း နဲ.  သမ္မတ အကြံပေး ကလိန်ခြုံ အဖွဲ. နဲ. အတိုက်အခံ အချို. မျက် လှည်.ပြသလို ၊ ကိုယ်.လူ အချင်းချင်း ထသတ်ခိုင်း၊ ပြည်ပ က ပညာ တတ် မှန်သမျှ ဒို. ရန်သူ ဆို တဲ. ဆောင် ပုဒ် နဲ. သွေး ခွဲခြင်း တွေ ဖိလစ်ပင်း အစိုး ရ မလုပ်တတ် ပါ။  ပြည်ပက အချောင်သမား ခေါင်ချုပ် A dirty dozen ကို သမ္မတဘေးထားပြီး တနပ်စားများ၊  ခရိုနီများ၊ တဖက်သတ် အစိုးရမီဒီယာများ နှင်. စစ်ဘီလူး များ  ပေါင်းစပ် စီစဉ်ထားသော  အကြံဥာဏ်တို.ဖြင်. ရာပေါင်းထောင်ပေါင်း များစွာသော ဒီမို ကရေစီ တပ်သားစစ်စစ်တွေကို နား လှည်.ပါး ရိုက် လုပ်တာမျိုး ဖိလစ်ပင်း သမိုင်းမှာ မရှိပါ။)

ဖိလစ်ပင်းဟာ အမေရိကန်နဲ. သူ နိုင်ငံကြား ဆက်ဆံရေးကို အလွန်တန်ဖိုးထားပါတယ်။(မြန်မာ စစ် အစိုး ရကတော. အတိုက်အခံခေါင်းဆောင်ကို အသုံးချပြီး အနောက် ခြမ်း က ရ သမျှ အကူ အညီ အကုန်လိုချင်ပါတယ်၊  ပြီးတော. တရုတ် ကို သစ္စာ စောင်.သိရမယ် ဆိုတဲ. မက်ဆေခ်ျ ကို သူ.တို. မီ ဒီယာက တွင်တွင် ကြေငြာနေ ပါတယ်။ ဒီလို ရှေ.နောက်မညီ၊ တချိန်ထဲမှာ ၂ ဖက် ကို အသေခုတ် အမြတ်ထုတ်မဲ.  အသွား ၂ဖက်နဲ. မောင်းချဓါး ပေါ်လစီ ဖိလစ်ပင်းမှာ မရှိပါဘူး)


မနီလာ ရှိ မာလာကန်နန်း နန်းတော်တွင် ၂၀၁၀ ဂျွန်လ ၃၀ လွှတ်တော် မှာ ကျမ်းသစ္စာကျိန်ဆို နေသော လက်ရှိ ဖိလစ်ပင်း သမ္မတ Benigno Aquino မစ္စတာ ဘန်နိခ်နို အကီနို (သူ. မိဘ နှစ် ဦး က ၁၉၈၃ မှာ လုပ်ကြံ အသတ်ခံလိုက်ရတဲ. ဗိုလ်ချုပ် အကီနို နဲ. နောက်ပိုင်းသမ္မတ ဖြစ်လာတဲ. ကိုရာဇန် အကီနို ) အကျင်.ပျက်ခြစားမှုများ တိုက်ဖျက်ရေး သည် ဤသမ္မတ၏ အဓိက နိုင်ငံရေး ရည်မှန်းချက် ဖြစ်ပါတယ်။ Philippine President Benigno "Noynoy" Aquino III swears in his cabinet officials during the oath-taking ceremony at the Malacanang palace in Manila June 30, 2010. Aquino, the son of two democracy heroes, told hundreds of thousands of people he would deliver on his promise to tackle entrenched corruption when he was sworn in as the Philippines' 15th president on Wednesday. REUTERS/Cheryl Ravelo-POOL (PHILIPPINES - Tags: POLITICS) REUTERS
--ခု ၈၈၈၈ စီနီ ယာတွေ ကို လက်ခံ ဂုဏ်ပြု ခရီး ကြိုနေတဲ. ဖိလစ်ပင်း စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ ဟာ၊ သူတို. လက်ရှိသမ္မတ မစ္စတာ ဘန်အကီ နို၏ အမိန်. လက်အောက် မှာပဲ ရှိပါတယ်။ (သမ္မတ သိန်းစိန်လို ဖိလစ်ပင်းသမ္မတ က စစ်တပ်အောက်စွဲ မဟုတ် ပါဘူး။ မြန်မာပြည် သမ္မတလို အဖြစ်မရှိတဲ. ဦးအောင်မင်း ဦးဆောင်တဲ.  ငြိမ်းချမ်းရေး အဖွဲ. ကို မဲဆောက် တွင်တွင်လွှတ်၊ နိုင်ငံရေးပွဲစားတွေ ကို ၀ဲ ယာ ရံထား၊  သည်လိုနဲ. တိုင်းရင်းသား လက်နက်ကိုင်တွေကို မပေးအယူနဲ. မြှား၊ နောက် တဖက် မှာတော. စစ်သွေးကြွ ဗိုမင်းအောင်လှိုင် လုပ်သမျှခံကြပေတော. ဆိုတဲ. ဗလောင်းဗလဲ လုပ်ရပ်မျိုး  ဖိလစ်ပင်း လွှတ်တော် က မလုပ်ပါဘူး)

--လက်ရှိ ဖိလစ်ပင်း သမ္မတ Benigno Aquino မစ္စတာ ဘန်နိခ်နို အကီနို ဟာ (  ဦးသိန်းစိန် လို လေ သမ္မတ မဟုတ်ပဲ) သူ. မိဘ နှစ် ဦး က ( ၁၉၈၃မှာ လုပ်ကြံအသတ်ခံလိုက်ရတဲ. ဗိုလ်ချုပ် အကီ နို နဲ. နောက်ပိုင်းသမ္မတ ဖြစ်လာတဲ. ကို ရာ ဇန် အကီ နို ) တို. ဖြစ်ပြီး မိဘ တွေစီက လူသားဝါဒ တွေကို ဆက် ခံ ရထားသူ၊  ၂၀၁၀ ရွေးကောက်ပွဲမှာ ထိုက်ထိုက်တန်တန် သမ္မတ ဖြစ်လာ ခဲ. သူ ဖြစ်ပါတယ်။ (မြန်မာပြည် မှာ တော. ဒေါ်စု ဟာ လွှတ်တော် မှာ ခုံ ၄၃ ခုံ ရထားတာက လွဲလို.၊ လက်တွေ.မှာ သူ.ကို စစ်အစိုးရက ပူးသတ်ဖျက်ဆီး အသုံးချ နေတာ ကိုသာ တွေ.ရမှာ ဖြစ်ပါတယ်) ၊

ဖိလစ်ပင်း သမ္မတဟာ ဖွဲ. စည်းပုံ ဥပဒေအရ  ပြည်သူတွေ အသဲ ကြား က မဲ တပြားနဲ. ထိုက်တန်စွာ နိုင်ငံအကြီးအကဲ  ဖြစ် လာခဲ.တာဖြစ်ပါတယ်။ ဦးသိန်းစိန် နဲ. တော် တော် မူကွဲပါတယ်။ သူ. သမ္မတ မဲ ဆွယ် ပွဲ မှာ အဓိက ဆောင်ပုဒ် က အကျင်. ပျက် မှု ခြစားမှု ပပျောက်ရေး၊ အစိုး ရ ၀န်ထမ်းများ ကြား ခြစားမှု တိုက်ဖျက်ခြင်းဖြင်. ဆုပေးဒဏ်ပေး စနစ်နဲ. နိုင်ငံ. အထွေထွေ စွမ်းဆောင် ရည် မြှင်.တင်ရေးတွေပါပဲ။ Truth Campaign ဆိုတာ လက်ရှိသမ္မတ ဘန် အကီ နို ၏ တွန်းအားပေး ဦးဆောင် မှု တရပ်ဖြစ်ပါတယ်။ အဓိပ္ပယ်ကတော.---ငါသမ္မတ ကိုယ်တိုင် အကျင်.ပျက်မှု ခြစားမှုတွေကို ဦးဆာင် တိုက်မယ်တဲ.။ သူဦးဆောင်တဲ. အကျင်.ပျက်မှု ပပျောက်ရေး ကို Truth campaign  အမှန်တရား အတွက် လှုပ်ရှားမှု (သို.မဟုတ်) သစ္စာကမ်ပိန်း လို.ခေါ်ကြပါတယ်။

ခြုံပြောရ ရင် မြန်မာ ပြည် မှာ စစ်ခရိုနိတို. ၏ ပြည်ဖျက် ၀ိသမလုပ်ငန်းများကို နည်းစေ၊ လျှော.စေ၊ ပပျောက်စေ သော တားမြစ်ထိန်းချုပ် ချင်စိတ်ရှိသော ခေါင်းဆောင် ကောင်း မရှိသေးပါ။

ဖိလစ်ပင်း ဟာ စစ် အာဏာ ရှင် အုပ်ချုပ်ရေး က ဒီ မို ကရေစီ ကို အသွင် ပြောင်း ခဲ. တာ မို. ဖိလစ် ပင်း မို ဒယ်မှာ လေ.လာစရာတွေ အများကြီး ရှိတယ်ထင်လို. လေ.လာနေကြတယ်ဆိုလျှင်လည်း   ဖိလစ်ပင်းက စစ်အာဏာ ရှင်တွေ ဒီမိုကရေစီ လမ်းပေါ် တရွေ.ရွေ. ကူးခဲ.တယ်ဆိုတဲ. ဒီ အချက် သေးသေးလေး တစ်ခုထဲကို ရွေး မကြည်. ကြပါနဲ.။ အဲလို ရွေးကြည်.မယ်ဆိုရင်မိမိတို. လေ.လာမှု အသီးသီးဟာ  ယုတ္တိ မရှိ တဲ. အပြင်၊ over-generalization များလွန်းနေတဲ.အတွက် ဖေါက်ထွင်းမြင်ရမဲ. ဆင်ခြင်မှု ယုတ်လျှော.သွားနိုင်ပါတယ်။

ပြည် ပ က ဟော.ရှော. စံပြ ခေါင်းဆောင် များ၊ သူတို. နည်း စနစ်တွေနဲ.သူတို. လက်တွေ. လုပ်ဆောင်မှုတွေ အကြောင်း လေ. လာ တဲ. အခါ မှာ လည်း၊ တကယ်ယူရမဲ. တန်ဖိုးတွေ ကို ယူ နိုင်ပါစေ။

မြန်မာ ပြည် ကို နည်းပေါင်းစုံနဲ. ဖျက်ဆီးနေတာ ထိုင်ခုံ နေရာက ဘယ်တော.မှ မဆင်းမဲ. စစ်အာဏာ ရှင်များနဲ. သူတို. ၏ ၂၀၀၈ နာဂစ် ဥပဒေဖြစ်ပါတယ်။ အဲတာ ကို  အစဉ်အလာ အလွန်ကြီးသော အကိုတို. တည်.တည်. ကြည်. သင်.ပါတယ်။ အဲတာ ကိုသာ အဓိကတာဝန်အနေနဲ.  ပြည်တွင်းမှာ ငြိမ်းချမ်းစွာ တိုက်ပွဲ ၀င်သင်.ပါတယ်။   

ရိုးသားစွာ အကြံပေးချင်တာကတော.--

၁--စစ်တပ်တွင်း စစ်တပ်စတိုင်လ်နဲ.  လုံခြုံရေး ပိုင်းသာမက အရပ်အုပ်ချုပ်ရေးမှာပါ လုပ်သက်  ကြာလွန်းမက ကြာနေတဲ.  သူယုတ်စစ်ဗိုလ်များ ကို အားမပေးရ။ စစ်ဝတ်စုံချွတ်ထားသော်လည်း၊ နေရာတိုင်းမှာ သူတို.ချည်းကြီးစိုး ဗိုလ်ကျနေဆဲပါ ။  ဒါကို  မမြင်ချင်ယောင် ဆောင်မနေကြပါနဲ.။ခေါင်ပိုင်း ကစ ထိပ်သီးအကျင်.ပျက် ခြစားမှုတွေ မတိုက်ဖျက်ချင်နေ၊ သူတို.ကို အားမပေးပါနဲ.၊ မထောက်ခံပါနဲ.။

၂-- ၈၈၈၈စီနီယာတွေ နိုင်ငံတကာ ရေး ရာ သုတေသန ဌာနကောင်းကောင်း  ထားပါ။ ဘာမှ မလုပ်နိုင်သေးရင်တောင်မှ၊ အရာ ရာ ကို ပိုင်းခြား စိတ်ဖြာ ပေးနိုင်တဲ. အမြင်တွေ စိတ်ဓါတ်တွေ လုပ်ရပ်တွေကို ပဲ အဓိက ပျိုးထောင်ပေးပါ။ ရန်တကာ. ရန်ကြား    မှန်မှန်ကန်ကန် မမေးနိုင် သေးရင် တောင် (မိမိတို.၏ အလွန်ကြီးမားခဲ.တဲ. အစဉ်အလာနဲ. သမိုင်းကြောင်း ပိုမိုအားကောင်းစေဖို.အတွက်)  မှန်မှန် ကန်ကန်တွေး တတ်ဖို. လိုပါတယ်။  

သာမန် ordinary citizen ဖြစ်သော ကျွန်ုပ် ၏ အတွေး နဲ. စဉ်းစားမိသမျှပါ။
အေးအေးစိုးဝင်း
ဂျန်န၀ါရီ ၁၇ ၂၀၁၃

ဒေါက်တာဆိတ်ဖွားနာမည်ပါသောမင်းသိင်္ခဘုတ်အုပ်များအရေးယူမည်။



Pyithu Hluttaw

ကမာရွတ်မဲဆန္ဒနယ် ဒေါက်တာစိုးရင်မှ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆ (က)နှင့်အညီ အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သတ်၍ ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးဆောင်ရွက်ပေးနိုင်ရန် အရေးကြီး အဆိုတစ်ရပ်တင်သွင်း
ဒေါက်တာစိုးရင်။ ။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၆၆ နည်းဥပဒေခွဲ(က)အရ အရေး ကြီး အဆိုတင်သွင်းရန် တင်ပြမည်ဖြစ်ကြောင်း၊ တင်သွင်းရသည့်အကြောင်းရင်းမှာ ယနေ့အင်တာနက်ဝဘ်ဆိုဒ်တွင် ရေးသားထားသော ဒေါက်တာဆိတ်ဖွား၏ “Above the Law” ဥပဒေအထက်တွင်လွှတ်တော်ရှိနေသလား ဆိုသည့် ဆောင်းပါးပါ ဝေဖန်ချက်များကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ၁၄-၁-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌မဲခွဲဆုံးဖြတ်လိုက်သော ပြင်ဆင်သည့်ဥပဒေကြမ်း ၂ခုဖြစ်သည့် ၁။ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ၂။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်ဆက်စပ်၍ ပြည်ထောင်စုလွှတ်တော်မှ အများသဘောတူမဲဆန္ဒနှင့် ဆွေးနွေးဆုံး ဖြတ်ခဲ့သော လုပ်ငန်းစဉ်အပေါ်တွင် ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် လွှတ်တော်၏ လုပ်ဆောင်ချက်များအား ထင်ယောင်ထင်မှားဖြစ်စေရန်၊ အထင်လွဲစေရန်ရည်ရွယ်ချက်ဖြင့် လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိသေးဟုဆို၍ ပါရှိကြောင်း မိမိအနေနှင့် သိရသောကြောင့် အရေးကြီးအဆိုတင်သွင်းရခြင်းဖြစ်ကြောင်း၊
မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၉၂ အရ လွှတ်တော် အတွင်းတွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် မဲဆန္ဒပေးနိုင်ခွင့် ရှိကြကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များရသည့် အခွင့်အရေးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၆ အရ ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့်ဥပဒေကြမ်းများ၊ အကြောင်းအရာများနှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်သည့်နေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်းလမ်းဖြင့် ပြဋ္ဌာန်းထားခြင်းမရှိခင် အစည်းအဝေးသို့တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏များရာဆန္ဒဖြင့် ဆုံးဖြတ်ရမည် ဟုပြဌာန်းထား ကြောင်း၊ ယင်းပြဌာန်းချက်နှင့်အညီ မိမိတို့သည် လွှတ်တော်အတွင်းတင်သွင်းသောဥပဒေကြမ်းများ၊ အဆိုများ၊ အခြားအကြောင်းအရာများအားလုံးအား လွှတ်တော်အကြီးအကဲများ၏ ဦးဆောင်မှုနှင့်အတူ ဆုံးဖြတ် ဆောင်ရွက်နေကြကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆောင်ရွက်နေကြသည်ကို နိုင်ငံတကာအသိ ပြည်သူအသိဖြစ်ကြောင်း၊ ယနေ့အင်တာနက်ပေါ်တွင် ရေးသားနေကြသော ဝေဖန်ချက်များထဲတွင် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များသည် လုပ်ထုံးလုပ်နည်းနှင့် အညီမဆောင်ရွက်ဟု ဖော်ပြနေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်ပဲ ဆုံးဖြတ်ဆောင်ရွက်နေကြ သည် မဲပေးဆောင်ရွက်နေကြသည်ဟု စွပ်စွဲရေးသားထားသည်ကို တွေ့ရကြောင်း၊
ပြည်ထောင်စုလွှတ်တော်အတွင်း ဆုံးဖြတ်ဆောင်ရွက်နေကြသော ဥပဒေပြုသူ မိမိတို့သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြကြောင်း၊ ဥပဒေပြုရေးကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့်အညီ ပြဌာန်းဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ မိမိတို့အား အင်တာနက်စာမျက်နှာများ တွင် လွှတ်တော်ဥက္ကဋ္ဌများနှင့်အပေါင်းအပါများ ဟု စွပ်စွဲ၍ မဲပေးဆောင်ရွက်နေကြကြောင်း ဆို၍ လွှတ်တော် နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာထိခိုက်စေသော အသုံးအနှုန်းများသုံးထားကြောင်း၊ အပေါင်းအပါဟူသော စကားရပ်သည် အင်မတန်ရင့်သီးသောစကားလုံးဖြစ်ကြောင်း၊ ဤစကားရပ်အား အထူး ဖော်ပြလိုကြောင်း၊
မိမိတို့လွှတ်တော်တွင် ဥပဒေနှင့်ဆိုင်သောကိစ္စများ၊ တင်သွင်းလာသောအကြောင်းအရင်းကိစ္စများ ဆွေးနွေးဆုံး ဖြတ်သည့်အခါတွင် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်လွတ်လပ်စွာဆွေးနွေးတင်ပြ၍ မိမိသဘောထား ကို ဖော်ထုတ်ခွင့်ရှိကြောင်း၊ ဖော်ထုတ်ချက် ဆွေးနွေးချက်တို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက ဂရုစိုက်အလေးထား၍ မဲပေးရမည့်ကိစ္စများ ဆုံးဖြတ်ရမည့်ကိစ္စများကို လွတ်လပ်စွာ ဆောင်ရွက်ကြကြောင်း၊ တင်ပြသော အကြောင်းအရာ၊ဥပဒေမူကြမ်းနှင့်ပတ်သတ်၍ လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဥပဒေကြမ်း ကော်မတီ၊ ပူးပေါင်းဥပဒေကြမ်းကော်မတီ (ပြည်ထောင်စုလွှတ်တော်) မှ ယင်းအချက်အလက်၊ ဥပဒေကြမ်းများ ကို အသေအချာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှုရှိမရှိ ဆွေးနွေးသုံးသပ်ပြီးမှသာ ယင်းကော်မတီများ၏ သုံးသပ်ချက်၊ သဘောထားများ ၊ ထောက်ခံချက်များအား လွှတ်တော်ကိုယ်စားလှယ်များ သိနိုင်ရန် လွှတ်တော်တွင် တင်ပြထားကြောင်း၊၎င်း တို့၏ တင်ပြချက်၊ ဆွေးနွေးချက်များ၏ အပိုဒ်တစ်ပိုဒ်ချင်းစီသည် အခြေခံဥပဒေနဲ့ ညီညွှတ်ကြောင်း သေသေချာချာ ထောက်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များအား ထောက်ပြတင်ပြလေ့ရှိကြောင်း၊
၁၃-၁-၂၀၁၃ ဥပဒေကြမ်းနှစ်ခုတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များနှင့် ကိုက်ညီကြောင်း၊ ဆန့်ကျင်ခြင်းမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းပြီးတော့ ပူးပေါင်း ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ ကြားနိုင်ရန် တင်ပြထားပြီဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိရဲ့ အခွင့်အရေးဖြစ်သော မဲပေးခွင့်ကို ပြည်ထောင်စု လွှတ်တော်နာယက၏ ကြီးကြပ်မှုနဲ့အညီ လွှတ်တော်မှ မဲဆန္ဒပေး၍ ဆုံးဖြတ်ချက်ချ ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ဆုံးဖြတ်သောကြောင့် အခြေခံဥပဒေကို ဖောက်ဖျက်ကျုးလွန်ခြင်း လုံးဝမရှိပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေများသည် အမြဲတမ်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အင်တာနက်ပါတဲ့ ဒေါက်တာဆိတ်ဖွား၏ ဝေဖန်ချက်များသည် လွှတ်တော်၏ လုပ်ဆောင်ချက်များ၊ လွှတ်တော်နှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို စော်ကားခြင်း ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော်အပေါ်တွင် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်မည်ကို လက်မခံနိုင်ကြောင်း၊ ထို့အတူ နိုင်ငံတကာမှ မိမိတို့ အရှိုန်အဟုန်နှင့် သွားနေသော ဒီမိုကရေစီ စနစ် အားဖော်ဆောင်သည့်နေရာတွင် မရှိမဖြစ်သော လွှတ်တော်လုပ်ငန်းစဉ်များကို ဆောင်ရွက်သော နေရာတွင်လည်း မိမိတို့အပေါ် ထင်ယောင်ထင်မှား ဖြစ်မည်ကို မိမိတို့မလိုလားကြောင်း၊ ရေးသားချက်များသည် ရည်ရွယ်ပြီးတော့ ရေးသားထားသည်မှာ သိသာကြောင်း၊ ရေးသားတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဟာ မခံမရပ်နိုင်အောင်ဖြစ်၍ လွှတ်တော်အခွင့်အရေး ကော်မတီကို အားတင်ပြကြကြောင်း၊ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိကြောင်း၊
ယနေ့ အရေးတကြီးအဆိုအနေနှင့် အင်တာနက်ပါ ဝေဖန်ချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်ဖွဲ့ ဆောင်ရွက်ပေးနိုင်ပါရန် အရေးကြီးအဆို တင်သွင်းအပ်ပါကြောင်း တင်ပြ၍ နိဂုံးချုပ်လိုက်ပါသည်။
................................................................................................................................


ဒေါက်တာစိုးရင်၏ အရေးကြီးအဆိုအား ပြည်ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ်ခြင်း

နယက။ ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အခု တင်သွင်းသွားတဲ့ အရေးကြီးဆိုဟာ လက်ခံဆွေးနွေးရန် တင်သွင်းခြင်မဟုတ်ပဲ အင်တာနက်ပါ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီး ရေးယူဆောင်ရွက်ပေးနိုင်ပါရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးနိုင်ပါရန် ဆိုတဲ့ အဆိုဖြစ်ပါတယ်။ ဒါ့ကြောင့် ယခု လွှတ်တော်ရဲ့ ဆန္ဒရယူပါတော့မယ်။ ဒီအဆိုကို နယက ကနေပြီးတော့ ကော်မရှင်ဖွဲ့စည်းပေးဖို့ သို့မဟုတ် ဒီအဆိုကို ဆွေးနွေးပြီးတော့မှ လက်ခံဆွေးနွေးပြီးတော့မှ ဆောင်ရွက်ဖို့ ဒီနှစ်ခုကို ဦးစွာ လွှတ်တော်ရဲ့ သဘောရယူပါမယ်။

(ကိုယ်စားလှယ်များ ဆန္ဒမဲ ပေးကြပါသည်။)

နာယက။ ။ ထောက်ခံမဲ (၃၄၇) ၊ ကန့်ကွက် (၁၅၇)၊ ကြားနေ (၄၂) ဖြစ်ပါတယ်။ ထောက်ခံဆန္ဒမဲ များတဲ့အတွက် အရေးအဆိုပါအတိုင်းအတိုင်း နာယက ကနေ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးကာ လွှတ်တော်သို့ ပြန်လည် တင်ပြီပြီးမှ လွှတ်တော်ရဲ့ အဆုံးအဖြတ် အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ပါတယ်။


.....................................................................................................................................
အဂ္ဂမဟာ ဒီမိုဖက်တီး
http://doctorsatephwar.blogspot.com
ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို (ဘောဂဗေဒ) ဖြစ်ပါသည်။
အဆိုတင်သွင်းဖို့ နောက်မှ ပံ့ပိုးသူ ၊ အဆိုတင်သွင်းသူ ၊ အဆိုပါ အဆိုကို မဲပေးသူများ နှင့် အတည်ပြုသူ ဥက္ကဌ ကိုယ်တိုင်ကိုက အိုင်တီနည်းပညာကို နလုံးဝမှ မသိတော့ .... ရှက်ဖွယ်
Blogspot ကို IP Trace လို့ ရလား ၊ Googel က ပေးသိမယ်တဲ့လား ၊ ဆိတ်ဖွားဆိုတာ သူ့မှတ်ပုံတင် ထဲက နာမည်လား .... ရှုးတာ ရှုးတာ ....
ကမ္ဘာရွတ်က အမတ်က အရေးကြီး ဆိတ်ဖွား အဆိုတင်သွင်းတာထက် .... အဲသည် အဆိုကို ကန့်ကွက်ဆွေးနွေးနိုင်လောက်တဲ့ အမတ်ကလေး တစ်ယောက်လောက်တောင် မရှိတာကိုက ဂွမ်းတာပဲ ..............................................................................................................................................................
အစိမ်းရောင် လွင်ပြင်
စကားမစပ် မသိလို့မေးပါရစေ ပြည်သူ့လွှတ်တော် ဆိုတာကြီးကို စကားနဲ့တောင် ပြောဆို ဝေဖန်လို့ မရတော့ဘူးတဲ့လားဟင်.. ဘယ်သူမှန်းမသိ ဘယ်ကမှန်းမသိတဲ့သူက ဝေဖန်တာကိုဘဲ တစ်ခမ်းတစ်နား အရေးတယူလုပ်ပြီး လွှတ်တော်မှာတောင် ဆွေးနွေးရတယ်ဆိုတော့ လွှတ်တော်ဆိုတာ လာမထိနဲ့ မဝေဖန်နဲ့ ဝေဖန်ရင်၊ ထိရင် မီးပွင့်သွားမယ် ဆိုတဲ့သဘောလားလို့ သိချင်မိပါတယ်။ ဒီမိုကရေစီခေတ်လို့ ပြောနေတဲ့ ခေတ်ကြီးမှာ လွှတ်တော်ကို ဝေဖန်ရင်လဲ အပြစ်ဖြစ်တာဘဲလား မသိဘူးနော်။ ဒီစာကို ရေးသာ ရေးရတယ်တော်ကြာ လွှတ်တော်မှာ အဆိုတင်သွင်းပြီး ကိုယ့်ပါ လာအရေးယူမှာ ကြောက်ရသေး.. ဘွားတေးနော်
.......................................................................................................................................................
 ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ လွှတ်တော်မှာ မဲခွဲ
Thursday, January 17, 2013  Sithu Linn 
ခင်ဦးသာ ~
ဘလော့တခုမှာ ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို  ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ မကြာမီ ပေါ်ပေါက်လာဖွယ်ရှိနေပါပြီ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က  ကော်မရှင်ဖွဲ့၍ စုံစမ်းစစ် ဆေးဆောင်ရွက်ပေးဖို့  အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။

လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲရောက်လာပါပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊  စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။

“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။

အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။

လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
http://irrawaddy.org/2013/01/blog-post_2028.html
............................................................................................................................

 Pinkgold Poegint

လွှတ်တော်အမတ်တွေက တစ်လ (၆) သိန်းရကြတယ်။ (၃) သိန်းက လစာ .. နောက် (၃) သိန်းက ရက်မှန်ကြေးလိုလို ၊ လွှတ်တော်တက်ကြေးလိုလို ဆုချတဲ့ အပိုဆုပေါ့ ။
ကျွန်မတို့က လူငယ့်ရေးရာမူဝါဒဆိုတာကို လွှတ်တော်အမတ်တစ်ယောက် ၊ နှစ်ယောက်ကို သွားပြောရင်း ၊ Myanmar Youth Forum Statement ကိုလည်း သွားပေးရင်း သူတို့နဲ့ စကားပြောရင်း သိခဲ့ရတာပါ။ လွှတ်တော်အမတ်တွေက တစ်လ (၆) သိန်းရကြတယ်။ (၃) သိန်းက လစာ .. နောက် (၃) သိန်းက ရက်မှန်ကြေးလိုလို ၊ လွှတ်တော်တက်ကြေးလိုလို ဆုချတဲ့ အပိုဆုပေါ့ ။ လစာကတော့ လွှတ်တော်တက်လည်းရတယ် ၊ မတက်လည်းရတယ် ။ မတက်ရင် (၃) သိန်းထပ်မရဘူးပေါ့။ ရေးရာကော်မတီ ဥက္ကဋ္ဌတွေကျတော့ ကားတွေ ဘာတွေလည်း ရတယ်ပြောပါတယ်။ တစ်ချို့အမတ်တွေဆိုတာများ (၃) သိန်းယူပြီး နှပ်နေတာတဲ့ တော်ရေ ။ လွှတ်တော်တက်လည်း အဆိုတွေကို သူနဲ့မဆိုင်သလို ကြားနေတွေပဲ လုပ်နေရတာနဲ့ ၊ အိပ်ငိုက်နေရတာနဲ့ ...... ခက်ပါတယ် အမတ်မင်းများရယ်..... ရှင်တို့တွေ အိပ်ငိုက်နေတဲ့ အချိန်မှာ လူငယ်တွေဆိုလည်း ဘ၀တိုးတက်ရေးကို ပြူးပြဲလုပ်နေရတယ် ။ တောသူတောင်သားတွေဆိုလည်း စီးပွားရေး သမားတွေရဲ့ လွှမ်းမိုးခြင်းကို ခံနေရတယ် ။ ကလေး သူငယ်တွေ ပညာရေးအတွက် ရတက်မအေး ဖြစ်နေကြရတယ်။ ၂၀၁၅ မှာရော တစ်ကယ့် ကိုယ်စားလှယ် အစစ်တွေ ထွက်လာနိုင်အုံးမှာလား မသိပါဘူး။

...................................................................................................................................

City Hall ရှေ့ ဆူဆူညံညံမြင်ကွင်း

Su Mie Aung's photo.
မနက်ခင်းတစ်ခုမှာ ရုံးလာတော့ 
City Hall ရှေ့ မှာ ဆူဆူညံညံမြင်ကွင်းနဲ့တိုးတယ်
နိုင်ငံခြားသားက ခါးထောက်ထားတယ် ဒေါသတအားထွက်နေတယ်
သူ့ပါးစပ်က တရစပ်ပြောတယ်။
" Give back my money"
ဘေးက မြန်မာနိုင်ငံသားကလည်း တရစပ် ပြန် ပြောနေတယ်။
"I don't care, Go to police , go to police "တဲ့။
ငွေကြေးကို မျှမျှတတ မှန်မှန်ကန်ကန် လဲလှယ်မပေးတဲ့ ပြဿနာ။
စိတ်မချမ်းသာစရာ ကောင်းလှတယ်။ ပိုဆိုးတာက မြို့တော်ရဲ့ အထင်ကရ နေရာကြီးမှာ။ မကောင်းမှုဒုစရိုက်လုပ်ကိုင်နေကြတယ်။
အဲဒီလူတွေဟာ ဆူးလေဘုရားရဲ့ အရိပ်အာဝါသ ကိုခိုတယ်၊
ဧမာနွေလ ဘုရားကျောင်းရဲ့ အရိပ်အာဝါသကို ခိုတယ်။ နိုင်ငံခြားသားကိုလည်း ဖျံကျတယ်၊ မြန်မာအချင်းချင်းအပေါ်လည်း ဖျံကျတယ်။ 
ဒီလိုနေရာမျိုးတွေမှာ ဒီလို မကောင်းတဲ့ အနိဌာရုံမြင်ကွင်းတွေ ရှိနေတာ တော်တော် စိတ်ပျက်စရာကောင်းတယ်။ 
ဘယ်ပြည်သူ့ရဲကို ခေါ်မှာလဲ ....ဘယ်လို ဖြေရှင်းမလဲ....ဘယ်သူတွေမှာ တာဝန်ရှိလဲ...... မနက်ခင်းတစ်ခုမှာ ရုံးလာတော့
City Hall ရှေ့ မှာ ဆူဆူညံညံမြင်ကွင်းနဲ့တိုးတယ်
နိုင်ငံခြားသားက ခါးထောက်ထားတယ် ဒေါသတအားထွက်နေတယ်
သူ့ပါးစပ်က တရစပ်ပြောတယ်။
" Give back my money"
ဘေးက မြန်မာနိုင်ငံသားကလည်း တရစပ် ပြန် ပြောနေတယ်။
"I don't care, Go to police , go to police "တဲ့။
ငွေကြေးကို မျှမျှတတ မှန်မှန်ကန်ကန် လဲလှယ်မပေးတဲ့ ပြဿနာ။
စိတ်မချမ်းသာစရာ ကောင်းလှတယ်။ ပိုဆိုးတာက မြို့တော်ရဲ့ အထင်ကရ နေရာကြီးမှာ။ မကောင်းမှုဒုစရိုက်လုပ်ကိုင်နေကြတယ်။
အဲဒီလူတွေဟာ ဆူးလေဘုရားရဲ့ အရိပ်အာဝါသ ကိုခိုတယ်၊
ဧမာနွေလ ဘုရားကျောင်းရဲ့ အရိပ်အာဝါသကို ခိုတယ်။ နိုင်ငံခြားသားကိုလည်း ဖျံကျတယ်၊ မြန်မာအချင်းချင်းအပေါ်လည်း ဖျံကျတယ်။
ဒီလိုနေရာမျိုးတွေမှာ ဒီလို မကောင်းတဲ့ အနိဌာရုံမြင်ကွင်းတွေ ရှိနေတာ တော်တော် စိတ်ပျက်စရာကောင်းတယ်။
ဘယ်ပြည်သူ့ရဲကို ခေါ်မှာလဲ ....ဘယ်လို ဖြေရှင်းမလဲ....ဘယ်သူတွေမှာ တာဝန်ရှိလဲ......