Sunday, January 20, 2013

ကချင်စစ်ဘေးဒုက္ခသည်များအတွက်ဗကသမှ အလှူငွေကောက်ခံ

Young Zin
တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သောကချင်ပြည်နယ်အတွင်းရှိပြည်တွင်းစစ်ဒါဏ်ကြောင့်တိမ်းရှောင်ထွက်ပြေးနေရသော
ကချင်တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များအတွက်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
မှကျောင်းသား/သူများကရန်ကုန်မြို့ရှိမြို့နယ်တချို့တွင်အလှူငွေများ လိုက်လံကောက်ခံနေကြပါသည်။၁၇.၁.၂၀၁၃
ကြာသပတေးနေ့တွင်အလှူငွေကောက်ခံခြင်းပထမနေ့အဖြစ်လှည်းတန်းလမ်းဆုံနှင့်ကမာ၇ွတ်မြို့နယ်တွင်လှည့်လည်
အလှူခံခဲ့ကြရာအ၀တ်အစားများ၊အသုံးအဆောင်ပစ္စည်းများအထုပ်(၂၀)ရရှိပြီးငွေသားအလှူငွေ (၃၁၁၈၀၀)
သုံးသိန်းတစ်သောင်းတစ်ထောင့်ရှစ်ရာကျပ်ရရှိခဲ့ပါသည်။ယနေ့(၁၈.၁.၂၀၁၃)သောကြာနေ့တွင်ဒုတိယနေ့အဖြစ်စမ်းချောင်းမြို့နယ်
အတွင်းလိုက်လံအလှူခံခဲ့ရာအ၀တ်အစား၊စောင်နှင့်အသုံးအစောင်ပစ္စည်းများအထုပ်ပေါင်း(၂၅)ထုပ်ရရှိပြီးငွေသားသီးသန့်အလှူငွေ
အဖြစ်(၄၅၂၀၀၀)လေးသိန်းငါးသောင်းနှစ်ထောင်ကျပ်ရရှိခဲ့ပါသည်။ဗကသများအဖွဲ့ချုပ်အနေဖြင့်ကချင်စစ်ဘေးသင့်ပြည်သူများ
အတွက်အလှူငွေဆယ်သိန်းရရှိသည်အထိဆက်လက်အလှူခံသွားမည်ဖြစ်ပြီးလာမည့်လကုန်ပိုင်းတွင်ကချင်ပြည်နယ်အတွင်းရှိ
ဒုက္ခသည်စခန်းများသို့ ဗကသများအဖွဲ့ချုပ်မှကျောင်းသားကိုယ်စားလှယ်ငါးဦးသည်မိမိတို့စားစရိတ်နှင့်မိမိတို့ကိုယ်တိုင်ကိုယ်ကျသွားရောက်
လှူဒါန်းကြမည်ဖြစ်ပါသည်။ယနေ့တွင်ဗကသများအဖွဲ့ချုပ်မှကျောင်းသား/သူများသည်စမ်းချောင်းမြို့နယ်တွင်အလှူငွေကောက်ခံခြင်း
အပြင်ပြည်တွင်းစစ်ရပ်စဲရေး Performanceတစ်ခုကို"ပြေးနေရတာတစ်နှစ်ကျော်ပြီ"ဟူသောစာသားဖြင့်သရုပ်ဖော်တင်ဆက်ခဲ့ကြပါသည်။ —

ဒေါ်အောင်ဆန်းစုကြည် ဖြူးမြို့သို့ ရောက်

rဖြူး၊ ဇန်နဝါရီ ၂၀။
ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိခဲ့ကြောင်း
သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော်မှ
ထွက်ခွါလာခြင်းဖြစ်ကြောင်း သိရပြီး ပဲခူးတိုင်း၊ ရွှေကျင်ဒေသဘက်
သို့သွားရောက်မည် ဖြစ်ကြောင်းသိရသည်။

ဖြူးမြို့ ဘိုးဘွားရိပ်သာရှေ့သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က
ဘိုးဘွားရိပ်သာ၏ လိုအပ်ချက်များကို မေးမြန်းရာတွင် ဘိုးဘွားရိပ်သာရှိ
တာဝန်ရှိသူများက "တစ်နှစ်လုံးမှာ အလှူငွေ ၃ သိန်းလောက်ပဲရတယ်။
တကယ်လိုအပ်တာက ၁၁ သိန်းလောက် လိုအပ်တယ်" ဟုပြောကြားခဲ့
ကြောင်း သိရသည်။

ယခုအချိန်တွင် ရွှေကျင် ကျောက်ကြီး လမ်းကြောင်းအတွင်းရှိ မုန်းမြို့နယ်
သို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

စူးရှ

ဓါတ်ပုံ - သက်ထူး၊ မိုးလှိုင်ည၊ စူးရှ
The Myanma Age

ဒေါက်တာဆိတ်ဖွားဝန်ခံပြီ

ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည် ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင်ဆင် ဖေါ်ပြအပ်ပါသည် ။

http://doctorsatephwar.blogspot.sg/2013/01/blog-post_20.html?m=1

KNU ဆက်ဆံရေးရုံးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေး


ကျောက်ကြီး မြို့ရှိ KNU ဆက်ဆံရေး ရုံးမှ တာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် မိုင်းရှင်းရန်အတွက် အုပ်ချုပ်ရေးအာဏာပိုင်များနှင့်လည်း တွေ့ဆုံပြီးဖြစ်ကြောင်း, KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီ မှုရယူထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

တရားဝင်ငွေဆို လက်မခံနိုင်စရာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


NLD ရန်ပုံငွေအတွက် ခရိုနီများမှ ငွေကြေးထောက်ပံ့မှုများ မရှိဖူးကြောင်း၊ ထောက်ပံ့လျှင်လည်း တရားမ၀င်ငွေ မဟုတ်သဖြင့် လက်မခံနိုင်စရာ အကြောင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား   

Saturday, 19 January 2013 15:52

NLD ရန်ပုံငွေအတွက် ခရိုနီများမှ ငွေကြေးထောက်ပံ့မှုများ မရှိဖူးကြောင်း၊ ထောက်ပံ့လျှင်လည်း တရားမ၀င်ငွေ မဟုတ်သဖြင့် လက်မခံနိုင်စရာ အကြောင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၁၈ ရက်တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

သတင်းထောက် တစ်ဦးက “အခု အပြင်မှာ ခရိုနီထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး misunderstanding တွေ ဖြစ်နေပါတယ်။ ပညာရေး ရန်ပုံငွေနဲ့ NLD ရန်ပုံငွေကို မကွဲပြားတဲ့ ပုံစံဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများ ထပ်ပြောစရာ ရှိပါသလဲ” ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “လှူတဲ့ငွေက အကောင်းအတွက် လှူရင် လှူပါစေပေါ့။ အရင် ၈၈ တို့ ပညာရေး ရန်ပုံငွေ တုန်းကလည်း ဒီလိုပဲ လေလံပစ်ပြီး လုပ်ကြတာပဲ မဟုတ်လား။ NLD ရန်ပုံငွေက NLD ရန်ပုံငွေပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် သတင်းထောက် တစ်ဦးက “အဲဒါဆို NLD ရန်ပုံငွေ အတွက်ဆိုရင် ဒီခရိုနီ ပိုက်ဆံတွေကို လက်မခံဘူးဆိုတဲ့ သဘောလား” ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “NLD ရန်ပုံငွေ အတွက်ဆိုရင် ခရိုနီပိုက်ဆံကို လက်ခံမှာမဟုတ်ဘူး လို့လည်း အန်တီမပြောပါဘူး။ ပေးလည်း မပေးဖူးပါဘူး။ ဘာဖြစ်လို့ လက်မခံရမှာလဲ။ အန်တီ သိပ်နားမလည်ဘူး။ ဒီငွေက တရားမ၀င်ငွေဆို အန်တီလက်မခံဘူး။ တရားဝင် ငွေဆိုရင် ကောင်းတဲ့ ကိစ္စအတွက် ပေးတာပဲ” ဟု ဆက်လက် ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အစည်းအဝေးများ စတင်သည့် ဇန်န၀ါရီလ ၉ ရက် တွင် သတင်းထောက်များ၏ မေးမြန်းချက်အရ ခရိုနီကိစ္စများကို ဖြေကြားခဲ့ဖူးသည်။

ထိုသို့ ဖြေကြားပေးရာတွင် ခရိုနီများနှင့် ပတ်သက်၍ “ခရိုနီလို့ အခေါ်ခံရတဲ့ သူတွေက NLD နဲ့ တခြား လူမှုရေး လုပ်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုရင် ပံ့ပိုးပါစေပေါ့။ ဒီပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့ နေရာကို ပံ့ပိုးဖို့အတွက် သုံးတယ်ဆိုရင် ကောင်းတဲ့ကိစ္စပါပဲ။ NLD ကို ချဉ်းကပ်လာတာလား ဆိုတာ မစဉ်းစားဘူး။ NLD ကို ချဉ်းကပ်တာလား။ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလဲ ဆိုတာကို မကြည့်ဘူး။ လုပ်တာက ဘာအတွက် လုပ်တာလဲ။ ဘာကို ထောက်ပံ့တာလဲ။ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူ့ကို အကျိုးပြုမယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အကျိုးပြုမယ်။ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေကို အကျိုးပြုမယ် ဆိုရင် ဒါဟာ ကြိုဆိုရမယ့် ကိစ္စပါပဲ။ နိုင်ငံရေး လုပ်သည့်နေရာမှာ အာဃာတကို အခြေခံပြီး လုပ်တာမျိုးကို မကြိုက်ဘူး။ ခရိုနီဆိုတာလည်း ခရိုနီ အမျိုးမျိုး ရှိပါတယ်။ ခရိုနီလို့ ဘာလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖ ခေတ်မှာတုန်းက ချမ်းသာလာခဲ့ကြလို့ပေါ့။ သူတို့ ချမ်းသာပုံ ချမ်းသာလာကြ နည်းကလည်း တစ်ယောက်နဲ့ တစ်ယောက်မှ မတူကြတာပဲ။ ချမ်းသာလာတဲ့ နေရာမှာ မတရားမှုတွေ ပါသလား၊ မပါသလား ဆိုတာကို ကြည့်ရမယ်။ ကျွန်မအမြဲ ပြောနေကျ စကားကိုပဲ ပြောရပါမယ်။ ပြစ်မှု မထင်ရှားသရွေ့ အပြစ်မဲ့တယ်လို့ပဲ သတ်မှတ်ရပါမယ်” ဟု ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်များက ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေရှာ ဂီတပွဲတော်အတွက် Sky Net, Air Bagan နှင့် AGD ဘဏ်တို့မှ အဓိက အလှူရှင်များအဖြစ် ကျပ်သိန်း ၂၀၀၀ ကို လှူဒါန်းခဲ့သည်။
http://news-eleven.com

EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင်စက်ချွတ်ယွင်း


မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ်ပွား
  
Saturday, 19 January 2013 17:20


EMBRAER 190 လေယာဉ်ကို ထားဝယ်လေဆိပ်တွင် တွေ့ရစဉ်

ဇန်န၀ါရီလ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေဆိပ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထားဝယ်လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ လာခဲ့ပြီး ခရီးသည်များကို တင်ဆောင်၍ မြိတ်လေဆိပ်သို့ ဆက်လက်ထွက်ခွာရန် လေယာဉ်၏ စက်ပိုင်းဆိုင်များကို စစ်ဆေးစဉ် လေယာဉ်၏ တောင်ပံနှစ်ဖက်တွင်ရှိသော အရှိန်လျှော့သည့် ကိရိယာ(flap)မှာ အလုပ်မလုပ်သည့် အတွက် ထားဝယ်လေဆိပ်တွင် ရပ်နားထားခဲ့ပြီး ရန်ကုန်မြို့ရှိ လေယာဉ် အင်ဂျင်နီယာများကို ခေါ်ယူပြင်ဆင် ခဲ့ရကြောင်း သိရှိရသည်။

“လေယာဉ်တော့ ကြီးကြီးမားမား ဘာမှဖြစ်တာ မဟုတ်ပါဘူး။ ထားဝယ်ကွင်းကို ရောက်ပြီး မြိတ်ကိုဆက်သွားဖို့ ခရီးသည်အားလုံး တင်ပြီး လေယာဉ်က စက်ပိုင်းဆိုင်ရာတွေကို စစ်ဆေးတဲ့အခါမှာ လေယာဉ် ဆင်းသက်တဲ့ အချိန်မှာ အသုံးပြုရတဲ့ တောင်ပံ နှစ်ဖက်မှာရှိတဲ့ အရှိန်လျှော့တဲ့ ကိရိယာတွေက အလုပ်မလုပ်လို့ လေယာဉ်ပျံ တက်မှု မလုပ်ဘဲ ရန်ကုန်က လေယာဉ် အင်ဂျင်နီယာတွေကို ခေါ်ယူပြင်ဆင်ခဲ့ပါတယ်။ ရန်ကုန်ကနေ F-28 နဲ့ လေယာဉ် အင်ဂျင်နီယာတွေ ညနေ ၄ နာရီ ၅၀ မိနစ်မှာ ရောက်လာပြီး ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ခရီးစဉ်တွေ ကိုတော့ F-28 လေယာဉ်နဲ့ အစားထိုး ပြေးဆွဲပေးခဲ့ပါတယ်။ EMBRAER 190 လေယာဉ်က ထားဝယ်ဘက်က ခရီးစဉ်တွေကို ဒီနေ့မှစပြီး ပြေးဆွဲတာပါ” ဟု ထားဝယ်လေဆိပ် မျှော်စင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည် ၉၀ ဦး တင်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ ခရီးသည် ၆၃ ဦး လိုက်ပါရန် ရှိကြောင်း၊ ယင်းလေယာဉ်ကို အင်ဂျင်နီယာများမှ စစ်ဆေးပြုပြင်ခဲ့ပြီး ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မြန်မာ့လေကြောင်းမှ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့် F-28 လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန်အတွက် မြန်မာ့လေကြောင်းမှ ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များကို အငှားဝယ်ယူ ထားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
by http://news-eleven.com/

သမ္မတကြီကို ကျောခိုင်းလိုက်ကြတယ်

r
ဒီနေ့အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ သမ္မတတွေ့မယ်ဆိုပြီးခေါ်လို့ YSPS ကိုယ်စားလှယ်အနေနဲ့ ကိုမြတ်ကို၊ ကိုဝင်းညီတို့နဲ့အတူ သွားတက်တယ်။ ကျောင်းမှာလူအင်အားမရှိလို့သာ သွားတက်ရ တယ်..စိတ်နဲ့တွေ့မယ်ဟာ မဟုတ်ဘူးဆိုတာ ထွက်ကတည်းက အားလုံးအလိုလိုသိနေပြီးသား။ ပွဲ ကတော့လူစုံတက်စုံပဲ။ ရန်ကုန်အခြေစိုက်CSOs တွေအားလုံးနီးပါးလာကြတယ်။ နိုင်ငံရေး နဲ့နှီးနွယ်တဲ့အဖွဲ့အစည်းတွေလည်းအများသား။ ပွဲမစခင်ကတည်းက ဘာပြောမယ်၊ ဘာလုပ်ရမယ် ဆိုတာဘယ်သူမှမသိဘူး။ ဘာမှသာမသိတာ ဆွေးနွေးချင်တဲ့လူတွေ အရင်ဆုံးစာရင်းလာပေးကြပါ ဆိုပြီးလုပ်တယ်။ ဘာဆွေးနွေးရမှန်းလည်းမသိဘူး။ လူတွေကတော့ စာရင်းတော့ပေးကြတာပဲ။ စတော့ သမ္မတက မိန့်ခွန်းစပြောတယ်။ ခုနှစ်ပိုင်းအတွင်းကြားနေကြစကားလုံးတွေနဲ့ပဲပေါ့။ ထားပါ။ သည်းခံရပေမပေါ့။ ဒါပေမဲ့ တက်လာမယ့်လူတွေထဲက ဆွေးနွေးကြမယ့်အပိုင်းရောက်လာတော့ သည်းခံနိုင်စွမ်းက တော်တော် အားနည်းလာပြီး။ UMFCCI တို့၊ အမျိုးသမီးရေးရာတို့ ဘာတို့ညာတို့က လူတွေကတော့ ဖောင်ဖွဲ့အောင် ပြောဆိုဆွေးနွေးကြတယ်။ ချီးကျူးစရာပါ။ မမောနိုင်မပန်းနိုင် ပြောနိုင်ဆိုနိုင်ကြတာကိုး။ နောက်ပြီး သမ္မတကြီး ကိုအကြံပေးခွင့်ရတာဆိုတော့လည်း ပိုပြီးတော့ စိတ်အားတက်နေကြမှာပေါ့။ ပေးလိုက်ကြတဲ့အကြံတွေ၊ ဆွေး နွေးလိုက်ကြတဲ့အချက်တွေ။ အဲ…. ဆွေးလည်းဆွေးနွေး...သမ္မတကြီးကိုချီးလိုက်မြှောက်လိုက်ကလဲလုပ်တာ ပေါ့ ...ဧရာဝတီတိုင်းသားတစ်ဦးက သမ္မတကြီးလို ဧရာဝတီတိုင်းသားတစ်ဦးရှေ့မှာ စကားပြောခွင့်ရတာ အရမ်းဝမ်းသာပါတယ်ဆိုတာကပါသေးတယ်။ ထားပါဦးလေ..ဒါတွေ။ လူ့သဘော လူ့မနောကိုး။ ဒါပေမဲ့ အချက် နှစ်ချက်ကိုတော့ ထင်ထင်ရှားရှားကြီးသွားတွေ့မိတော့ နည်းနည်းစိတ်ပူပန်မိတယ်။ အဲလိုစိတ်ပူလို့လည်း ခုစာကိုရေးဖြစ်တယ်။ အဲ့အချက်နှစ်ချက်ကတော့ ……..

(၁) လူတော်တော်များများက သမ္မတကြီး၊ သမ္မတရုံးဝန်ကြီးတွေကို အရမ်းအားကိုးလွန်းနေတယ်…..ဘယ် လောက်ထိအားကိုးလဲဆိုတော့ ပါစင်နယ်အရအားကိုးတဲ့ပုံစံမျိုးဖြစ်လာတယ်။ အဲဒီတော့ သမ္မတကြီးလုပ်ပေးပါ၊ သမ္မတရုံးဝန်ကြီးတွေလုပ်ပေးပါဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်။ သမ္မတကြီးရဲ့အစိုးရအဖွဲ့ကလုပ်ပေးပါ၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ဗျူရိုကရေစီယန္တရားက လည်ပတ်ပေးပါဆိုပြီး ပြောတာဆိုတာမတွေ့ရဘူး။ ကြီးကြီး ကျယ်ကျယ်ပြောရရင်တော့ state က institutionalization ဖြစ်ဖို့မလွယ်ဘူး။ လူ့အဖွဲ့အစည်းရဲ့ဒီမိုကရက်တစ် စံနှုန်းတွေကို ကိုယ်စားပြုနိုင်တဲ့လူတွေကတောင် ပါစင်နယ်ဆက်ဆံရေးအပေါ်အလေးပေးမှုအဲလောက်ကြီးနေ ရင် ရေရှည်ခက်ဖို့ရှိတယ်။
(၂) နောက်တစ်ခုကတော့ NGOs လုပ်နေတဲ့ဆရာတွေ ကိုယ်လုပ်နေတဲ့ နယ်ပယ်ရဲ့ Conceptေ၀၀ါးနေကြ တယ်။ သူတို့က အမြဲတမ်း state ဆီးပဲပြေးကပ်ချင်နေကြပုံပဲ။ အစိုးရက လုပ်ပေးဖို့တောင်းဆိုကြသလို အစိုးရရဲ့ဘောင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နေဖို့ပဲစိတ်အားထက်သန်ကြတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေရဲ့ကွန်ဖရင့်ကြီးကို အစိုးရကကျင်းပပေးဖို့ အစိုးရမဟုတ် သောအဖွဲ့အစည်းတက်ကြွလှုပ်ရှားသူများက လေးလေးနက်နက်တောင်းဆိုတာလည်းတွေ့ရတယ်။ အဲဒါဆို လည်း အစိုးရမဟုတ်သောအဖွဲ့အစည်းအဖြစ်မရပ်တည်တာက ပိုကောင်းမလားလို့ပါ။ State / Authority / Social Actor တွေကြားထဲကစည်းလေးကို ကျကျနနမခွဲခြားနိုင်ရင်တော့ အုတ်ရောရောကျောက်ရောရောနဲ့ပဲ ပြီးသွားမလားပဲ။ တစ်လောက ပြောခဲ့သလို NGO နိုင်ငံရေးပုံစံမျိုးပေါ့။

ဒီအချက်နှစ်ချက်က သေသေချာချာဆင်ခြင်စရာကောင်းတယ်လို့မြင်ဆတယ်။ နောက်ပြီး အသင်းအပင်းဖွဲ့စည်းခ ငါးသိန်းကိုလျှော့ခိုင်တာမျိုးတွေလည်း ဒီနေ့အစည်းအဝေးမှာတွေ့ရတယ်။ အစိုးရက အသင်းအပင်းတွေကို မှတ်ပုံတင်ခိုင်းတာဟာ ဘာကြောင့်လဲ..အဲလိုမှတ်ပုံတင်ခိုင်းရင် Associational freedom ကိုဘယ်လောက်ထိ ထိခိုက်နိုင်လဲ..ဒါမျိုးတွေဆွေးနွေးတာမတွေ့ဘူး။ နာမည်ကြီးစာရေးဆရာမလည်းဖြစ်၊ လူမှု ရေးသမားကြီးလည်းဖြစ်သူတစ်ဦးကတော့ မှတ်ပုံတင်ကြေးငါးသိန်းကို လျှော့ခိုင်းပြီး အဲဒီငါးသိန်းကြောင့် ရပ်ထဲ ရွာထဲက လူမှုရေးအသင်းတွေ၊ ဆွမ်းလောင်းဆန်လောင်းအသင်းတွေ တရားဝင်ဘ၀မရောက်ရရှာဘူးလို့ရင်ထု ပြီးပြောတယ်။ ဒုက္ခော…ရပ်ထဲရွာထဲက ဆွမ်းလောင်းဆန်လောင်းအသင်းတွေကိုလည်း မှတ်ပုံတင်ထိန်းချုပ်ခိုင်း နေပါလားဆိုပြီးတော့ တော်တော်လည်းအကျပ်ရိုက်သွားမိတယ်။ လူတွေစုပေါင်းပြီးအသင်းအဖွဲ့နဲ့ ကိုယ်ကျိုးမ ဖက်တဲ့ရည်ရွယ်ချက်တစ်ခုကိုဖော်ဆောင်ပြီဆိုပါစို့၊ လူစုပြီဆိုတာနဲ့ ဒါအာဏာပိုင်အတွက်/ အစိုးရအတွက် အန္တရာယ်ရှိတာပဲလို့စမတွေးရင် ဒီလူတွေကို ထိန်းချုပ်ရမယ်ဆိုတဲ့အတွေးကလည်း ဖိစီးမှာမဟုတ်ဘူး။ ဒါဟာ ဒီမိုကရေစီရဲ့အသင်းအပင်းဖွဲ့စည်းမှုအပေါ်ထားရှိတဲ့ အယူအဆအခြေခံလို့မြင်တယ်။
စာလည်းရှည်လှပါပြီ။ ကျွန်တော်တို့လည်းသည်းခံနိုင်စွမ်းကနည်းသထက်နည်းလာတယ်။ ဒီတော့ ကျွန်တော်တို့ YSPS ကွန်မန်ဒို(၃)ဦးတိုင်ပင်လိုက်တယ်။ ကျွန်တော်တို့နဲ့သိပ်မဆိုင်တော့ဘူးထင်တယ်လို့။ ပြောပြီးမကြာပါဘူး။ (၃) ယောက်သားခြေလှမ်းတွေက သမ္မတကြီးနဲ့ခန်းမကြီးကို ကျောခိုင်းလိုက်ကြတယ်။ အခမ်းအနားတက်ရောက်လာသူတွေထဲမှာ အဲလိုထိပ်ဆုံးက ထွက်သွားတာလဲ ကျွန်တော်တို့ပဲဖြစ်သွားတော့ တယ်။- By (Ye Myo Hein)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ် တွေ့ဆုံ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ခေါင်းဆောင်များသက်သက် လက်မှတ်ရေးထိုးရုံ၊ လက်ဆွဲနှုတ်ဆက်ရုံနှင့် မလုံလောက်ဘဲ လူထုကလည်း ပါဝင်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

Sunday, 20 January 2013 02:14
1.20.04
နိုင်ငံတော်သမ္မတ အဖွင့် နှုတ်ဆက်စကား ပြောကြားနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အရပ်ဘက် လူမှုအဖွဲ့အစည်း ၉၀ ခန့်နှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ လွှတ်တော် အဆောက်အဦတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ခေါင်းဆောင်များသက်သက် လက်မှတ်ရေးထိုးရုံ၊ လက်ဆွဲနှုတ်ဆက်ရုံနှင့် မလုံလောက်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်စေရန် လူထုလည်း ပါဝင်ရန်လိုကြောင်း အဖွင့်နှုတ်ဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဆိုတာ ခေါင်းဆောင်များသက်သက် လက်မှတ်ရေးထိုးရုံ၊ လက်ဆွဲနှုတ်ဆက်ရုံနဲ့ မလုံလောက်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ဆိုတာ လူထုလည်း ပါဝင်ဖို့ လိုပါတယ်။ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု၊ နားလည်မှုတွေကို လူထုဆီရောက်အောင် ပေးပို့နိုင်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍လည်း နိုင်ငံတကာ အတွေ့အကြုံများကို ပြန်ကြည့်ပါက ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ဆယ်စုနှစ်များစွာ အချိန်ယူ တည်ဆောက် ကြရကြောင်း၊ ယင်းကာလအတွင်း ပဋိပက္ခ အရှိန်အဟုန် အတက်အကျ ဖြစ်လေ့ရှိကြောင်း၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို လိုလားပါက စားပွဲပေါ်တွင် ဆွေးနွေးသည့် နည်းလမ်းကို အခြေခံပြီး ဖြေရှင်းသွားရမည် ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်း ကစပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း စသည်ဖြင့် ၎င်းကပြောခဲ့သည်။
KIO/KIA နှင့် အပစ်အခတ် ရပ်စဲရေးအတွက် ဖိတ်ခေါ်ထားခြင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးကို ပြည့်ပြည့်စုံစုံ အကောင်အထည် ဖော်နိုင်ရန် ဖြစ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ တောင်းဆိုနေသည့် တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးကို မိမိတို့ အစိုးရ စတင်တာဝန်ယူ ကတည်းက ကမ်းလှမ်းတာ ဖြစ်ကြောင်း၊ လိုင်ဇာဌာနချုပ်ကို အပြီးအပိုင် ချေမှုန်းသိမ်းယူခြင်း မပြုရန် အမိန့်ပေးထားပြီး ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက “KIO/KIA တပ်တွေ လိုင်ဇာဌာနချုပ်မှာ ကျွန်တော်တို့တပ်တွေနဲ့ လက်တစ်ကမ်း အကွာမှာ ကျွန်တော်တို့ ရှိနေပါတယ်။ လိုင်ဇာဌာနချုပ်ကို အပြီးအပိုင် ချေမှုန်းသိမ်းယူခြင်း မပြုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုတွင် အခြားနိုင်ငံများကို အမီလိုက်နိုင်ရန် နိုင်ငံတော် တည်ဆောက်ရေး၊ အမျိုးသား ပြန်လည်ညီညွတ်မှု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ရန် အခြေအနေ မပေးသည့်အတွက် တစ်ပြိုင်နက် ကြိုးပမ်းအကောင် အထည်ဖော် သွားရမည့် စိန်ခေါ်မှုကြီး ရှိနေကြောင်း၊ ပွင့်လင်း လွတ်လပ်သည့် လူ့အဖွဲ့အစည်းဖြစ်ရန် ယခု ရရှိထားသည့် နိုင်ငံရေး ပွင့်လင်းလွတ်လပ်မှုများကို ကျင့်သုံးရာတွင် တစ်ဦးချင်း၊ အဖွဲ့အစည်းချင်း အနေဖြင့် ယင်းစိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ပြည်တွင်းပြဿနာ အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံ အနေဖြင့် ခေတ်မီသည့် လူ့အဖွဲ့အစည်း နှင့် အမျိုးသား စီးပွားရေး စနစ်များ ပိုင်ဆိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကြိုးပမ်းခဲ့သည့် အမျိုးသားအင်အား စုစည်းမှုမျိုးနှင့် တူသည့် အင်အားမျိုး ရရန်လိုကြောင်း၊ ယနေ့ ရရှိထားသည့် နိုင်ငံရေး ပွင့်လင်းမှုသည် ယင်းကဲ့သို့ စုစည်းမှုမျိုးကို အကောင်အထည် ဖော်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသော လူမှုအဖွဲ့အစည်း ခေါင်းဆောင်များကလည်း နိုင်ငံတော်သမ္မတနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မှတ်ပုံတင်ကြေး ငါးသိန်း လျှော့ချပေးရန် ကိစ္စများ၊ ကချင်ငြိမ်းချမ်းရေး ကိစ္စများ၊ လူမှုအဖွဲ့အစည်းများ၏ လိုအပ်ချက်များ စသည်ဖြင့် ဆွေးနွေးခဲ့ပြီး ယခုတွေ့ဆုံမှုကဲ့သို့ပင် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့်လည်း တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးသွားနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြန်လည် ပြောကြားခဲ့သည်။
 http://news-eleven.com

ဝေဖန်ရေးလုပ်နေသူများကို ပြန်မေးချင်ပါတယ်(ဦးအုန်းကြိုင်)

အဂ္ဂမဟာ ဒီမိုဖက်တီး

ဦးအုန်းကြိုင်ပြောတာကို ကျနော် အကြိမ်ကြိမ် နားထောင်ပြီး သေချာမှ တင်ပေးလိုက်ပါတယ် ။ ဦးအုန်းကြိုင်ပြောတာ အလွန်ကို မပါပါဘူး ။ သူရှင်းပြတာ ခရိုနီပိုင် လုပ်ငန်းအချို့ ရဲ့ ပညာရေး ရန်ပုံငွေပွဲ ရယူခြင်းဟာ " သွေးလိုတဲ့သူ နဲ့ သွေးလှူတဲ့သူ" လိုပါပဲတဲ့ ။

ခင်ဗျားတို့ ပေးမှာလားဆိုတာ ... ပြည်သူတွေ ၊ သတင်းထောက်တွေကို ရည်ညွှန်းခြင်း မဟုတ်ဘူး ၊ ဝေဖန်ရေး ဂွင်ဖန်ရေးလုပ်နေသူများကို ပြန်မေးချင်ပါတယ်လို့ အသံဖိုင်မှာ ပြတ်သားကြည်လင်စွာ ကြားနိုင်ပါတယ် ။

အချိန် ၂ မိနစ်လောက်ရှိရင် သေချာနားထောင်ပေးပါ ။ ဦးအုန်းကြိုင် ပြောတာ ဒေါ်စု ပြောတာလောက် နားဝင်ချိုချင်မှ ချိုမယ် ။ Diplomacy ရှိချင်မှ ရှိမယ် ။ ဒါပေမယ့် အပိုအလိုမရှိ ဒဲ့ဖြေသွားတာပါ ။ ဖားရိုက်တာ ကို ကျားကိုက်တယ်လို့တော့ စကားတွေ မကားကြပါနဲ့ ....

RFA သတင်းပြောသူကတော့ အရက်မူးနေလား မသိဘူး ၊ သန်း ၅၀၀ တဲ့ ။ သိန်း ၅၀၀၀ ပေါ့ ။ ဟုတ်ရဲ့လားဗျာ ၊ သေချာပြန်စစ်ဆေးလိုက်ပါအုံး ။

တရုတ်ဒုဝန်ကြီးအားသမ္မတဦးသိန်းစိန်ရန်ကုန်တွင်တွေ့ဆုံ

On Jan 19th, Mme Fu Ying, Special Envoy of the Chinese Government and Vice Foreign Minister called on President U Thein Sein in Yangon. The two sides had an in-depth exchange of views on the further deepening of the China-Myanmar comprehensive strategic partnership and reached agreement on the safeguarding of peace and stability in border areas.

http://www.fmprc.gov.cn/eng/zxxx/t1006355.shtml

လူလည်ကျသော အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ



ကျွန်တော်တို့သည် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ပါသည်။ ကျွန်တော်တို့ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီ၏ လူလည်ကြပုံများကို တင်ပြတိုင်ကြားလိုပါသည်။

ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်သည် ရပ်ကွက်စာရေးမနှင့်ပူးပေါင်းပြီး ဆယ်အိမ်စု မဲစာရင်းများခွဲရာတွင် ၄င်းတို့လိုအပ်သလို ဆယ်စုမှူးများဖွဲ့ပြီး ပြုလုပ်ပါသည်။ နောက်ဆုံးတွင် ဆယ်စုမှူးအလိုက် ဖွဲ့စည်းနိုင်ခြင်းမရှိသည့်အခါ အိမ်ထောင်စု (၆)ဦး-(၇)ဦးတို့ဖြင့်ဖွဲ့ပြီး ဆယ်စူမှူးများ ရွေးချယ်ခဲ့ပါသည်။ လက်ရှိအုပ်ချုပ်ရေးမှူး ``မြင့်ကျော်´´သည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ဆယ်စုမှူးများရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင်စီစဉ်ကာ ထိုဆယ်အိမ်စုမှူးများအား မဲဆွယ်စည်းရုံးပြီး အုပ်ချုပ်ရေးမှူးအဖြစ်ပြန်လည်နေရာရရန် စီစဉ်ဆောင်ရွက်သွားသည် ကို တွေ့ရှိရပါသည်။ ကျွန်တော်တို့် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် ဆယ်အိမ် စုမှူး (၆၄)ဦးရွေးချယ်ခဲ့ရာ (၅၀)ဦးသည် ကြံ့ခိုင်ရေး ပါတီဝင်များ ဖြစ်ကြပါသည်။

ရွေးချယ်ထားသောဆယ်စုမှူးများထဲတွင် ဒုစရိုက်မှု့ဖြင့် ထောင်ဒဏ်ကျခံခဲ့သူများပါဝင်ပြီး ယခုလက်ရှိ ဒူစရိုက်မှု့များ ပြုလုပ်နေသူများလည်း ပါဝင်နေပါသည်။ ထိုသူများမှာ-

(၁)။ ဦးကြူလွင် (ခ) ရဲခေါင်သည် ပုဒ်မ (၁၅-က)ချဲထီလောင်းကစားမှု့ဖြင့် ထောင်ဒဏ် (၃)နှစ်ကျခံဘူးသူဖြစ်ပြီး ယခုအခါ ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် စည်းရုံးရေးမှူးတာဝန်ယူထားသူ နာမည်ပျက်ရှိသူဖြစ်ပါသည်။ ၄င်းသည် ဆယ်စုမှူးအဖြစ်ဝင်ရောက်အရွေးချယ်ခံနိုင်ရန် ရပ်ကွက်နေပြည်သူများအား ပါတီမှချေးငွေများကို (၁)ဦးလျှင် အတိုး (၈၀၀၀)ကျပ်လျော့ပေးမည်ဟုပြောပြီး မဲဆွယ်စည်းရုံးကာ လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား ပြန်လည်ရွေးချယ်မဲပေးရန် လိုက်လံစည်းရုံးခဲ့ပါသည်။

(၂)။ ဦးညွန့်ရှိန်သည် အိုးပိုင်အိမ်ပိုင်မရှိဘဲ အိမ်ငှားဖြင့်နေထိုင်ပြီး  ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် အမှု့ဆောင်တာဝန်ယူထားသူ ဖြစ်ပါသည်။ ၄င်းသည် ကားစပယ်ယာတစ်ဦးဖြစ်ပြီး ယာဉ်တိုက်မှု့ကြောင့် အချုပ်ခံခဲ့ဘူးသူတစ်ဦး ဖြစ်ပါသည်။

(၃)။   ဦးချိုအေး (ခ) ရေခဲသည် ဆယ်စုမှူးအဖြစ် အရွေးချယ်ခံရရန် လက်ရှိ အုပ်ချုပ်ရေးမှူး မြင့်ကျော်မှ မဲဆွယ်စည်းရုံးပြီး ရေခဲမှတစ်ဆင့် ၄င်းအုပ်ချုပ်ရေးမှူး ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ ချိုအေး (ခ) ရေခဲသည် ရပ်ကွက်ထဲတွင် ယခုအချိန်အထိ ချဲဒိုင်ခံနေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်ကြံ့ခိုင်ရေး ပါတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။

(၄)။   ဦးခင်မြင့်ဆိုသူမှာလည်း ပုဒ်မ(၁၅-က)နှင့်လည်းကောင်း၊ ပြည့်တန်ဆာခေါင်းပုဒ်မဖြင့်လည်းကောင်း ထောင်(၂)ကြိမ်ကျဘူးသူတစ်ဦးဖြစ်ပြီး ရပ်ကွက်၏နယ်နှင်ဒဏ်ခံထားရသူတစ်ဦး ဖြစ်ပါသည်။ ၄င်းကိုလည်း မြင့်ကျော်မှ ဆယ်စုမှူးဖြစ်အောင်စီစဉ်ဆောင်ရွက်ပေးပြီး သူ(မြင့်ကျော်)းအား အုပ်ချုပ်ရေးမှူး ပြန်ဖြစ်အောင် မဲပေးစေခဲ့ပါသည်။

လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်နိုင်ရန်အတွက် ``ရဲခေါင် (ခ) ကြူလွင်´´နှင့် ``ညွန့်ရှိန်´´တို့သည် ဆယ်စုမှူးများထဲတွင် ၄င်းတို့ ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင် ဆောင်ရွက်ပြီး မသမာမှု့များဖြင့် ``မြင့်ကျော်´´မဲရရှိအောင် ဆောင်ရွက်ခဲ့သည်ကို ရပ်ကွက်နေပြည်သူများအားလုံးအသိဖြစ်ပါသည်။

အုပ်ချုပ်ရေးမှူး ``မြင့်ကျော်´´သည် အုပ်ချုပ်ရေးမှူးအင်္ဂါရပ်များနှင့် ပြည့်စုံသူမဟုတ်ပါ။ သူသည် မိန်းမမသေဆုံးခင် မယားပြိုင်အဖြစ် ``စန်းစန်းဦး´´ဆိုသူ မိန်းကလေးကို လက်ထပ်ပေါင်းသင်းယူထားပါသည်။ ယခုအခါတွင် ``မရီ´´ဆိုသော မိန်းကလေးကို တရားဝင်ယူပြီး ၄င်း၏နေအိမ်တွင် အတိအလင်းနေထိုင်နေသူဖြစ်ပါသည်။ ``စန်းစန်းဦး´´ဆိုသည့် မိန်းကလေးနှင့် ``မြင့်ကျော်´´သည် သာကေတ ရှု့ခင်းသာအိမ်ရာ တိုက် (အေ) အခန်းအမှတ် (၅၀၈)တွင် ယာယီသန်းခေါင်စာရင်းဖြင့် နေထိုင်နေပါသည်။ ၄င်းယာယီသန်းခေါင် စာရင်းအား အပိုင်ဆယ်အိမ်မှူး တိုက် (အေ) အခန်းအမှတ် (၁၀၄)နေ ``ဦးမျိုးသန့်ဇင်´´ဆိုသူမှ ထုတ်ပေးထားသည်ဟု စုံစမ်း သိရှိရပါသည်။ ``စန်းစန်းဦး´´သည် ကျွန်တော်တို့ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ တိုက်အမှတ် (၁၅)တွင် လက်ရှိနေထိုင်နေသူဖြစ်ပါသည်။ မြင့်ကျော်နှင့် စန်းစန်းဦးတို့အကြောင်းကိုလည်း ပတ်ဝန်းကျင်ရှိသူများ အားလုံးအသိဖြစ်ပြီး စုံစမ်းမေးမြန်းကြည့်နိုင်ပါသည်။

ထိုအကြောင်းအရာများကို ရပ်ကွက်ကော်မရှင်ထံ တင်ပြတိုင်ကြားခဲ့သော်လည်း ရပ်ကွက်ကော်မရှင်မှလည်း မည်သို့မျှအရေးမယူဘဲ မြင့်ကျော်အား အတည်ပြုလိုက်သည်ကို တွေ့ရှိရပါသည်။ ထိုကော်မရှင်ထဲတွင်ပါသူ (၅)ဦးအနက် (၃)ဦးသည် ဆယ်စုမှူးအဖြစ် ရွေးချယ်ခံပြီး မြင့်ကျော်ကိုပင် မဲပေးခဲ့သည်ကို စုံစမ်းသိရှိရပါသည်။ နောင်မှသိရသည်မှာ ထို ရပ်မိရပ်ဖ (၃)ဦးသည်လည်း မြင့်ကျော်စည်းရုံးထားသည့်သူများဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါသဖြင့် ထိုတရားမျှတမှု့မရှိသည့် ရွေးကောက်ပွဲအား အသိအမှတ်မပြုပါရန်နှင့် မသမာမှု့ပြုခဲ့သည့် ရပ်ကွက်ရပ်မိရပ်ဖများ၊ နာမည်ပျက်ရှိ သည့် ကြံ့ခိုင်ရေးပါတီမှလူများအား အရေးယူပေးပါရန် လူကြီးမင်းတို့ထံမှတဆင့် တင်ပြ တောင်းဆိုအပ်ပါသည်။

ကေကေတီ



ကချင်အရေး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက်



Sunday, 20 January 2013 08:17

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခဒုက္ခသည်များ အတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက် အမှတ် (၁/၂ဝ၁၃)ကို ဇန်နဝါရီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ကချင်ပြည်နယ် ပဋိပက္ခဒုက္ခသည်များအတွက်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သော
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက်

ထုတ်ပြန်ချက်အမှတ် (၁/၂ဝ၁၃)

၁။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ အဖွဲ့ဝင်(၄)ဦးပါ အဖွဲ့တစ်ဖွဲ့သည် လက်နက်ကိုင် တိုက်ပွဲများကြောင့် မိမိ နေထိုင်ရာဒေသမှ စွန့်ခွာ တိမ်းရှောင်နေကြရသည့် အရပ်သားများ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျလေ့လာနိုင်ရန် ကချင်ပြည်နယ်သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ပထမဆုံးအကြိမ် စတင် သွားရောက်ခဲ့ပါသည်။ ထိုခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ  လက်အောက်ခံ အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များမှ လိုင်ဇာမြို့တွင်းနှင့် ပတ်ဝန်းကျင်ရှိ ရပ်ရွာ စွန့်ခွာ တိမ်းရှောင်နေသူများသို့ ပေးအပ်သည့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးပို့နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ် ညှိနှိုင်းနိုင်ခဲ့ပါသည်။

၂။ ကချင်ပြည်နယ် အတွင်းရှိ ရပ်ရွာ စွန့်ခွာ တိမ်းရှောင်နေသူများထံသို့ အကူအညီ တိုးမြှင့်ပေးနိုင်ရေး အတွက် ကြိုးပမ်း အားထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဟူ၍လည်း ကော်မရှင်က ဖော်ပြခဲ့ပါသည်။

၃။ ဤခရီးစဉ်ပြီးသည့်နောက် ကော်မရှင်သည် ဖြစ်ပွားနေသော ပဋိပက္ခ၏ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာသော လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကချင်ပြည်နယ် အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို အသိအမှတ်ပြုပြီး အခြား တိုက်တွန်းမှုများအပြင် ဤကြိုးပမ်း အားထုတ်မှုများကို စီးပွားရေး လုပ်ငန်းများကလည်း ကူညီပံ့ပိုးရန် တိုက်တွန်းခဲ့သကဲ့သို့ ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးမှုများကို အောင်မြင်မှု ရသည်အထိ ဆက်လက် ဆောင်ရွက်သွားရန်လည်း အလေးအနက် တိုက်တွန်းခဲ့ပါသည်။

၎။ ဤညှိနှိုင်း  ဆွေးနွေးမှုများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကော်မရှင်က ကောင်းစွာ သိရှိသကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အကြားမှ ညှိနှိုင်းဆွေးနွေးမှုများကို မဆုတ်မနစ် ဆက်လက် ပြုလုပ်နေသည့် အတွက် ကော်မရှင်အနေဖြင့် အားတက်မိပါသည်။ တစ်ချိန်တည်းမှာပင် ပဋိပက္ခများကြောင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အခြေအနေသည် ပိုမို ဆိုးရွားနေသည်ကို လည်းကောင်း၊ ကချင်ပြည်နယ် အတွင်းနှင့် နယ်စပ် တစ်လျှောက်ရှိ ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိရေးမှာ အခက်အခဲ ဖြစ်နေသည်ကို လည်းကောင်း၊ ကော်မရှင်က များစွာ စိုးရိမ်လျက် ရှိပါသည်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ရောက်ရှိရေး ပြဿနာကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူ အားလုံးက အရေးတကြီး ဆောင်ရွက်ခြင်းများ မပြုလုပ်ပါက ပဋိပက္ခ ပြင်းထန်လာမှုကြောင့် ကလေးများ၊ အမျိုးသမီးများနှင့် အသက်အရွယ် ကြီးရင့်သူများကဲ့သို့ ထိခိုက် လွယ်သူများကို အထူး သက်ရောက်မှု ရှိသော လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအခြေအနေမှာ ပိုမို ဆိုးရွားလာဖွယ်ရာ ရှိသည်ဟု ကော်မရှင်က ထင်မြင် ယူဆပါသည်။

၅။ သို့ဖြစ်၍ ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ရောက်ရှိရေးနှင့် လုံခြုံချောမွေ့စွာ ပို့ဆောင်ရေးကို မည်သို့တာဝန် ယူနိုင်မည်ဆိုသည့် ပြဿနာကို နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အရေးကြီးသော ကိစ္စတစ်ရပ် အဖြစ် ကိုင်တွယ်ေ ဖြရှင်းကြရန် ကော်မရှင်က အလေးအနက် တိုက်တွန်းအပ်ပါသည်။ ကမ္ဘာ့ အလှူရှင် အသိုက်အဝန်းကလည်း အကူအညီ ပေးရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြမည် ဖြစ်ပါသည်။

၆။ ကချင်ပြည်နယ် ပဋိပက်ခသည် လူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်း အားထုတ်မှုများ အပေါ်တွင် လည်းကောင်း ထိခိုက်မှု ရှိနေသည်ကို ထောက်ရှုလျက် ပဋိပက္ခ နှင့် ပတ်သက်သည့် နှစ်ဖက် လက်ခံနိုင်သောေ ဖြရှင်းချက်တစ်ရပ် အမြန်ဆုံးရရှိရေး အတွက် အရှိန်မြှင့် ကြိုးပမ်း အားထုတ် သွားကြပါရန် ကော်မရှင်က တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

http://www.ministryofinformation.gov.mm/index.php/announcement/2065-2013-01-20-01-47-21.html

ဆရာတော် ဦးပါမောက္ခဂုဏ်သိက္ခာကို မည်သည့်နည်းနှင့်မျှ မနှိမ့်ချသင့်


နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအားအရည်အချင်း ပျက်ယွင်းသည်ဟုဆိုကာ မြို့နယ် သံဃနာယကအဖြစ်မှ လည်းကောင်းမြို့နယ် သံဃာ့ဝန်ဆောင်အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေးတိုင်းသံဃနာယကအဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

သံဃာနာယက အဖွဲ့၏ အကျိုးတော်ဆောင်လည်းဖြစ်သူ ဆရာတော် ဦးပါမောက္ခအားထုတ်ပယ်သည့် ဆုံးဖြတ်ချက်အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ ၄၇
ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။   ဤသတင်းကို ဖတ်ရကြားရတော့ ဗုဒ္ဒဘာသာဝင် တဦးဖြစ်သူအနေနှင့်ရောနိုင်ငံရေးသမားတဦးနေနှင့်ပါ လုံးဝစိတ်မကောင်းလှပါ ။ တချိန်တည်းတွင်မြန်မာနိုင်ငံ
တိုင်းရင်းသားစစ်တဦးအနေနှင့်၎င်း လွန်စွာစိတ်ဆင်းရဲရပါတော့သည် ။ ကျေးဇူးရှင်ဆရာတော် ဦးပါမောက္ခအား
အရည်အချင်းပျက်ယွင်းသည်ဟု ဆိုကာ သံဃအဖွဲ့ မှ ထုတ်ပယ်ခြင်းသည်ဂုဏ်သိက္ခာပိုင်းဆိုင်ရာကျင့်ဝတ်တို့ ကို များစွာထိခိုက်စေပါသည် ။
ဗုဒ္ဒဘာသာဝင် ရဟန်း၏သားတော်တပါးဖြစ်သော ဆရာတော်ဦးပါမောက္ခသည် ဗုဒ္ဒဘာသာသာသနာတော်ကို ညိုးငယ်အောင် ပြုလုပ်လေခဲ့ လျှင် သာသနာအကျိုးကိုမဆောင်ရွက်သင့်တော့သော်လည်း ယခုဆရာတော် ဦးပါမောက္ခအား စွပ်စွဲပြောဆိုကာအရည်အချင်းပျက်ယွင်းသည်ဟု ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် လွန်စွာမှားယွင်းခြင်းပင်ဖြစ်ပါသည် ။
   ဗုဒ္ဒမြတ်စွာ ဘုရားသခင်ပွင့်တော်မူရာ ဗုဒ္ဒဂါယာဟု လူသိများသောအိန္ဒိယပြည်နယ် ဘီဟာမြို နယ်တွင် ယခင်က ခြုံနွယ်ပိတ်ပေါင်းများဖြင့်၎င်းအရပ်ကို လူအများ မသွားဝံ့ မလာဝံ့ခဲ့ ကြ ။ ထို့ အတူ ဗုဒ္ဒမြတ်စွာဘုရား
ပရိနိဗ္မန်ပျံလွန်တော်မူရာဖြစ်သော ကုသိနာရုံမှာလည်း မှောင်နဲမည်းမည်းနေရာဒေသများသာဖြစ်သည် ။ ၄င်းနေရာဒေသကို ကျေးဇူးတော်ရှင် ဆရာတော်ဦးစန္ဒြမုနိက ဗုဒ္ဒမြတ်စွာဘုရား၏ ဗုဒ္ဒဘာသာသာနာတော် ထွန်းကားအောင်အတွက်
သာသာနာပြုခြင်း ၊ ဘုရားပရ၀ုဏ် ကျောင်းကန် စေတီများဆောက်လုပ်တည်ထားခွင့်ရအောင် အိန္ဒိယနိုင်ငံ၌ တရားတပေါင်စွဲပြီး
ဆန္ဒပြတောင်းဆိုခဲ့ ရပါသည် ။  ထို့ ကြောင့် ဗုဒ္ဒကျောင်းကန်စေတီပုထိုးများကို တည်ထားဆောက်လုပ်ရခဲ့ ကြကာ ပျောက်ကွယ်နေသော
ဗုဒ္ဒဘာသာလည်း ပြန်လည်ပေါ်ပေါက်ခဲ့ ရပါသည် ။ မွတ်ဆလင်ဘာသာဝင်တို့ ၏ မီးရို့ဖျက်ဆီးခဲ့ သောကြောင့် နာလန္ဒတက္ကသိုလ်ကျောင်းတော်ကြီးသည်လည်းပျက်စီးမီးလောင်ခဲ့ ရသည်ကို ယခုအချိန်တွင် ပြတိုက်သဘွယ်
အများပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များကို ပြသထားသည် ။ ယင်းသို့ အယူသည်းသော မွတ်ဆလင်ဘာသာဝင်တို့ ၏ ဖျက်ဆီးမှုကြောင့် ဗုဒ္ဒဘာသာပျောက်နေခဲ့သော အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ဗုဒ္ဒဘာသာပြန်လည် ထွန်းကားအောင်
တဖန်ထွန်းကားခဲ့ ရပါသည် ။
      အိန္ဒိယနိုင်ငံတွင် ပျောက်ကွယ်နေသော ဗုဒ္ဒဘာသာကိုပြန်လည်ထွန်းကားအောင် သက်တော်( ၁၃ ) နှစ်သားကနေပြီး ကြိုးစားခဲ့ သောဆရာတော် စန္ဒြမုနိသည် ဘ၀နတ်ထံပျံလွန်တော်မူသောအခါ မြတ်စွာဘုရား
ပရိနိဗ္မန်ပျံလွန်တော်မူသော ကုသိနာရုံ၌ ခန္ဒမြေချခဲ့ ရသည် ။ ဆရာတော်ဦးစန္ဒြမုနိကြောင့် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဒဘာသာထွန်းကားခဲ့ ရသည်မှာမွတ်ဆလင်ဘာသာဝင်များကြောင့် မပျောက်ပျက်သွားရအောင် ထွန်းကားရန်
ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည် ။
      ယခုလည်း ဆရာတော် ဦးပါမောက္ခသည် ဗုဒ္ဒဘာသာ သာသနာတော်ကိုမပျောက်ပျက်ရအောင် မြန်မာနိုင်ငံတော်၌ ဆက်လက်ထွန်းကားနေအောင်ကြိုးပမ်းဆောင်ရွက်သော သာသနာ့အာဇါနည်တပါးဖြစ်သည် ။ အကယ်၍ ဆရာတော်
ဦးပါမောက္ခကဲ့ သို့  ဗုဒ္ဒ၏ ရဟန်းသားတော်များက အနာဂါတ်ကို ကြည့်၍ ယခုလို (OIC ) ရုံးကို မကန့် ကွက်ခဲ့ လျှင် မြန်မာနိုင်ငံသည် ဗုဒ္ဒဘာသာကိုယုံကြည်ကိုးကွယ်သော နိုင်ငံဖြစ်သည်ဟု သမိုင်းမှာ သင်ကြားခဲ့ ရမည့်အခြေအနေများတွင်ရှိနေသည် ။ အဘယ့်ကြောင့်ဆိုသော် ( OIC ) သည် ကမ္ဘာတခုလုံး၌မွတ်ဆလင်ဘာသာကို သွတ်သွင်းနေသော အဖွဲ့ အစည်းကြီးဖြစ်ရာ ၄င်းအဖွဲ
့အစည်းကို မြန်မာနိုင်ငံ၌ မည်သည့်နည်းနှင့်မျှ ခြေချခွင့် မပေးသင့်ချေ ။ပေးမည်ဆိုလျှင် ယခုလို ကန့် ကွက်ကြရမည်ဖြစ်သည် ။ ကန့် ကွက်သည့်အခါတွင်ဗုဒ္ဒဘုရားရှင်၏ သားတော်များပါရှိနိုင်သလို ကျောင်းသားကျောင်းသူပြည်သူပေါင်းစုံ ပါဝင်ပါတ်သက်ပြီး ကန့် ကွက်ရပါလိမ့်မည် ။ ယင်းသို့  ကန်ကွက်ရခြင်းသည် ဓမ္မအရ လက်ခံနိုင်သလို တရားဥပဒေအရလည်းလက်ခံနိုင်စရာဖြစ်သည် ။
     ဆရာတော် ဦးပါမောက္ခ၏ ( OIC ) ကို ဆန့် ကျင်ကန့် ကွက်ခြင်းဖြင့်ဆရာတော်၏ သိက္ခာပိုင်းဆိုင်ရာ နှိမ့်ချမှုသည် တဖက် ( OIC ) အဖွဲဝင်များနှင့် ဘာသာဝင်တို့ အား မြှောက်ပေးထောက်ခံ လိုက်ခြင်းဖြစ်သည်ဟုထင်မြင်ပါသည် ။ သို့ ဖြစ်ပါ၍ အမျိုးဘာသာ သာသနာတော်ကိုကာကွယ်စောင့်ရှောက်ပေးသော ဆရာတော် ဦးပါမောက္ခအား နိုင်ငံတော်သံဃနာယက အဖွဲ
့မှ၎င်း ၊ တခြားသက်ဆိုင်သော အဖွဲ့ အစည်းအသီးသီးမှ၎င်းပြန်လည်သတိတရားရရှိပြီး ဆရာတော် ဦးပါမောက္ခ၏ ဂုဏ်သိက္ခာကို
ပြန်လည်ချီးမြှင့်ပေးရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည် ။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )


နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ်သံဃာ နာယက အဖြစ်မှ ထုတ်ပယ်

Friday, 18 January 2013 16:44
1.19.01
ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်
နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ် သံဃနာယက အဖြစ်မှ လည်းကောင်း မြို့နယ် သံဃာ့ဝန်ဆောင် အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေး တိုင်းသံဃနာယက အဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
သံဃာနာယက အဖွဲ့၏ အကျိုးတော်ဆောင်လည်း ဖြစ်သူ ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်သည့် ဆုံးဖြတ်ချက်အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက် နေ့တို့တွင် ကျင်းပခဲ့သည့် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ ၄၇ ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်ရေး ကိစ္စနှင့် ပတ်သက်ြပီး ဇန်န၀ါရီလ ၁၈ ရက် နေ့လည်ပိုင်းက ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခအား ခေါ်ယူခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသည့် လူပုဂ္ဂိုလ်များ လာရောက်ခြင်း မရှိခြင်းကြောင့်ဟု ဆိုကာ တိုင်းသံဃာ နာယက ဥက္ကဋ္ဌက ဆရာတော် ဦးပါမောက္ခအား ရက်သတ္တပတ် အကြာတွင် ပြန်လည် လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။
1.19.02
ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်
နိုင်ငံတော် သံဃာနာယက အဖွဲ့မှ ထုတ်ပယ်ခြင်း ခံရသော ဆရာတော် ဦးပါမောက္ခက “နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ပြောတဲ့ အရည်အချင်း ပျက်ယွင်းမှု ဆိုရာမှာ မြို့နယ် သံဃာနာယက အရည်အချင်း ၁၀ ချက်ထဲမှာ ဘုန်းကြီးအနေနဲ့ တစ်ချက်မှ ငြှိစွန်းတာမျိုး မရှိဘူး။ ဘုန်းကြီးက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ဆန္ဒမထုတ်ဖော်ဖို့ လက်မှတ် ထိုးခိုင်းတယ်။ အဲဒီအချိန်တုန်းက ဘုန်းကြီးက လက်မှတ် မထိုးခဲ့ဘူး။ အဲဒီတုန်းက သူတို့က ပြောတာက မြို့နယ် သံဃာနာယကသည် တိုင်းသံဃာနာယကရဲ့ စကားကို နားထောင်ရမယ်တဲ့။ ဘုန်းကြီးက ဓမ္မ ၀ိနိယနဲ့ ညီရင် ကိုရင်လေးရဲ့ စကားကိုတောင် နားထောင်မှာပါ” ဟု မိန့်ကြားခဲ့ပါသည်။
“ဘုန်းကြီးအနေနဲ့ အမျိုးဘာသာ သာသနာ ကောင်းစားဖို့ လုပ်သင့် လုပ်ထိုက်တာ လုပ်မှာပါ။ အမျိုးဘာသာ သာသနာ စိတ်ဓာတ်ရှိတယ် ဆိုရင် နိုင်ငံတော် သံဃာမဟာ နာယက အဖွဲ့က ဆရာတော်များက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် သူတို့ ကိုယ်တိုင် တားမြစ်ရမှာပါ။ ဘုန်းကြီး အနေနဲ့ကတော့ ဘာသာ သာသနာ အတွက်ဆိုရင် ရာထူးက ထုတ်ပယ် ခံရရုံတင်မက အသက်ပါ သေပါစေ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မကွေးဆရာတော် ဦးပါမောက္ခက ဆက်လက် မိန့်ကြားခဲ့ပါသည်။
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခသည် မြန်မာနိုင်ငံတွင် OIC ရုံး မစိုက်ထူရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရဟန်းသံဃာတော်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့သည့် အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင် သံဃာတော်တစ်ပါး ဖြစ်သည်။
http://www.news-eleven.com

ပြန်ဒုဦးရဲထွဋ်ကြိုက်တဲ့ဒါကိုလီ


The best dote htoe at NPT night market. I visited this evening.


MY OFFICE.


my family at donation event.

link ... https://www.facebook.com/ye.htut.988

အစိုးရတပ်၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် KIA တပ်စခန်းတချို့နောက်ဆုတ်လိုက်ရ


စနေနေ့၊ ဇန်နဝါရီလ 19 ရက် 2013 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီး တပ်မဟာ (၅) နယ်မြေအတွင်း အစိုးရတပ်နှင့် အနည်းဆုံး နေရာ ၃ ခု၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး KIA တပ်စခန်းတချို့ နောက်ဆုတ်လိုက်ရသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်၏ ရှေ့တန်းစခန်းတခုဖြစ်သော မဆဲန် (Ma Sen) စခန်းသို့ အစိုးရတပ်များ လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ ၁၂ နာရီချိန်တွင် နောက်ဆုတ်လိုက်ရကြောင်း ရှေ့တန်းမှ အရာရှိက ဆိုသည်။

ထို့အပြင် ဖွန်းပျဲန်ဘွမ် (Hpun Pyen Bum) အနီး လကန်းဘွမ် (Lakang Bum) တောင်ခြေတွင်လည်း ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ အစိုးရခြေလျင်တပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ နှစ်ဘက်တပ်များ ကျဆုံးမှုရှိခဲ့သည်ဟုလည်း ဆိုသည်။

အစိုးရတပ်ဖက်မှ သေဆုံးမှုတိကျစွာမသိရသေးသော်လည်း ကချင်လွတ်လပ်ရေးတပ်မှ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း KIA အရာရှိပြောသည်။

အလားတူ ဌာနချုပ်လိုင်ဇာမြို့နှင့် ၂ မိုင်ခန့်သာရှိသည့် လဝါယန် (Lawa Yang) တွင် ယမန့်နေ့ နံနက် ၄ နာရီချိန်မှ မြန်မာအစိုးရတပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး  တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။

KIA တပ်မဟာ (၅) နှင့် အစိုးရတပ်၏ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် စကခ (၂၁)၊ တပ်မ ၈၈ တပ်ပေါင်းစု အင်အားအများဆုံးနှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်ဖက်မှ သေဆုံးမှုမရှိသော်လည်း ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိက ဆက်ပြောသည်။

အစိုးရတပ်မှလည်း သေဆုံး ဒဏ်ရာရရှိမှုများကြောင်း သိရသော်လည်း စာရင်းအတိကျ မသိရပေ။

ခရာဘွမ် (Hkaya Bum) တောင်တွင်ဖြစ်သော တိုက်ပွဲတွင် အစိုးရတပ်မှ jet တိုက်လေယာဉ် ၂ စင်းဖြင့် အကူပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဌာနချုပ်နယ်မြေအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဒုက္ခသည် များခိုလှုံရာ စခန်းအနီး လိုင်ဇာနှင့် ၃ မိုင်အကွာခန့်နှင့် မိုင်ဂျာယန် (Mai Ja Yang) အနီး ၇ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် ပြင်းထန်စွာ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အဆိုပါနယ်မြေအနီးရှိ ဒုက္ခသည်များသည် မိမိ၏လုံခြုံရေးအတွက် ကတုတ်ကျင်း၊ ကျောက်ဆောင်များ ၊ လိုဏ်ခေါင်းများတွင် အသီးသီး ကြောက်လန့် တကြား ပုန်းခိုခဲ့ရကြောင်း ဒုက္ခသည်စခန်းမှသိရသည်။

“ဒီမနက်အစောကနေ ပစ်နေတာ။ တစ်နေ့လုံးပစ်နေတာ အိမ်တွေတောင် လှုပ်တယ်။ ဒီနေ့ကအပြင်းထန်ဆုံး ဘဲ။ လိုင်ဇာမြို့နဲ့ မဝေးတော့ဘူး။ သေနက်ငယ်များ ပစ်တာတောင်ကြားနေတယ်။ အရမ်းကြောက်တယ်။” ဟု လိုင်ဇာဒေသခံတစ်ဦးပြောသည်။

ယနေ့အစိုးရဖက်မှ တိုက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ (၃/ ၂၀၁၃) ဖြင့် အချက် (၈)ချက် ထုတ်ပြန်ခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/KIA ခြေကုတ် စခန်းများအား တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရကြောင်းပါရှိသည်။

ထိုသို့ အစိုးရတပ်မှ တိုက်ခိုက်ခြင်းသည် လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံ ပိတ်ဆို့ထားခြင်း၊ လဂျားယန် စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးကို အများပြည်သူများ အသုံးမပြု နိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နိုင်ငံတော် အစိုးရသည် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

သို့သော် ကချင်ပြည်နယ်တွင်း ၁ နှစ်ကျော်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အခြေစိုက်ရာနယ်မြေများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်သည် ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှစ၍ လက်နက်အင်အား စစ်အင်အားများကို အလုံးအရင်းတိုးချကာ KIA ဌာနချုပ်ကို ဦးတည်၍ ၀ိုင်းရံတိုက်ခိုက် ခြင်းသည် KIA အား အမြစ်ပြုတ် တိုက်ခိုက်ခြေမှုန်းခြင်းသာ ဖြစ်ကြောင်း KIO ဒု-အထွေထွေ အတွင်းရေးမှူး-၂ ဦးလနန်က (Salang Kaba Lah Nan) ပြောဆိုသည်။

“ဘာ့ကြောင့်တိုက်တာလဲဆိုတဲ့ကိစ္စက တွေးဖို့ကိုမရှိပါဘူး။ တိုင်းရင်းသားတွေ လက်နက်ကိုင်အားလုံးကို သူတို့ကလက်နက်ဖျက်သိမ်းရေး ဆိုတာ သူတို့ဆီမှာ မူချမှတ်ပြီးသားပါ။ အဲဒီလက်နက်ဖျက်သိမ်းရေးဆိုတဲ့ ကိစ္စကိုပဲ အကောင်အထည် ဖော်တဲ့ကိစ္စလို့ပဲေ ပြောလို့ရမယ်ထင်တယ်။ တိုင်းရင်းသားအားလုံးဟာ လက်နက်ကိုင် အဖွဲ့တွေအားလုံးဟာ နောက်ဆုံးကျရင်ဒီပုံစံပဲ ရင်ဆိုင်ရမှာပါ။ ဒါကတော့ လက်နက်ကိုင် တိုင်းရင်းသားအားလုံးကို အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ အသွင်ရဲ့ မူသဘောထားကို အခြေခံပြီးမှပဲ လုပ်ဆောင်နေတယ်လို့ပဲ သတ်မှတ်လို့ရတယ်။” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA သည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု ဆက်လက်လုပ်ဆောင်ရန် သဘောထား တူညီသော်လည်း အစိုးရလိုလားသော အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်ကိစ္စ ထက် KIA သည် တိုင်းရင်းသားများ လိုလားသော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် နှစ်ဖက်ခေါင်းဆောင်များ စစ်မှန်သောနိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်သာ ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်။

တချိန်တည်းတွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် လှုပ်ရှားမှုကို လဂျားယန် ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ဘဲ ကချင်ဒေသ အနှံ့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် လှုပ်ရှားမှုများကို လျှော့ချသင့်သည်ဟု ယနေ့ ရက်စွဲဖြင့် KIA က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထို့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှတဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျော်လင့်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြထားသည်။
http://burmese.bnionline.net/index.php/news/kng/12756--kia-.html

ကချင်ဒေသစစ်ပွဲအတွင်း တပ်မတော်သားအများအပြား ကျဆုံးဒဏ်ရာရရှိဟု သတင်းထုတ်ပြန်ချက်တွင်ဖေါ်ပြ


တနင်္ဂနွေနေ့၊ ဇန်နဝါရီလ 20 ရက် 2013 ခုနှစ် မွန်အေဂျင်စီ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ

(ဇန်နဝါရီ-၁၉)- ၂၀၁၁ ခုနှစ်ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO တိုက်ပွဲများ အတွင်း မြန်မာ့တပ်မတော်မှ အရာရှိ စစ်သည်အများအပြား ကျဆုံး၊ ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့စွဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) တွင် ဖေါ်ပြသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ KIO/KIA အဖွဲ့နှင့် အစိုးရ တပ်မတော်တိုက်ပွဲ ၁၀၉၅ ကြိမ်ထိတွေ့မှုဖြစ်ပေါ်ခဲ့ရာတွင် လမ်းတံတား ဖျက်ဆီးခံရမှု ၁၂၂ ကြိမ်၊ တပ်စခန်း အား လာရောက်ပစ်ခတ်မှု ၆၄ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လဂျားယန်ရှိ အစိုးရ၏တပ်မတော် စစ်စခန်းသို့ ရိက္ခာများပို့ ဆောင်ရာတွင် KIO/KIA လက်နက်ကိုင်အဖွဲ့ ၃ ကြိမ် ချုံခိုတိုက်ခိုက်ခဲ့မှုကြောင့် တပ်မတော်သား ၃၅ ဦးကျဆုံး ကာ ၁၉၀ ဦး ဒဏ်ရာရရှိခဲ့သည် ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

တရုပ်နယ်စပ်အခြေစိုက် စစ်ရေးလေ့လာ စောင့်ကြည့်သူ ဦးအောင်ကျော်ဇောက “ လွတ်လပ်ရေးရပြီး မြန်မာပြည်စစ်ပွဲ သမိုင်းမှာ အင်းစိန်တိုက်ပွဲပြီးလျှင် အခုကချင်စစ်ပွဲက အပြင်းထန်ဆုံး၊ အရက်စက်ဆုံးဖြစ် တယ်၊ ကျနော်တို့ လေ့လာမိသလောက်ဆိုရင် နိုဝင်ဘာလ ၁၅ ရက်ကနေ အခုဇန်နဝါရီလ ၁၅ ရက် ဒီ ၂ လအတွင်း မြန်မာစစ်တပ်က သုံးစွဲခဲ့တဲ့ စစ်စရိတ်ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ သန်းရှိခဲ့တယ်” ဟု ယမန်နေ့ညပိုင်း BBC မြန်မာပိုင်းသတင်းဌာန မြန်မာ့အရေး ကမ္ဘာ့အရေးဆွေးနွေးခန်းတွင် ထည့်သွင်းပြော ကြားခဲ့သည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်း ခရစ်စမတ်ကာလမှစတင်၍ KIO ဌာနချုပ်အနီး လဂျားယန်ဒေသတိုက်ပွဲများအတွင်း မြန်မာအစိုးရတပ်ဖွဲ့က စစ်ဂျက်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်ရဟတ်ယာဉ်တစ်စီးသည် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအနီး၌ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ပျက်ကျခဲ့သည်။

လဂျားယန်ရှိ မြန်မာ့တပ်မတော် စခန်းအပြင်ဖက်တွင် KIO/KIA တပ်ဖွဲ့ဝင်များ သံဆူးကြိုးကာ၍ စခန်းကို အဆက်အသွယ် ဖြတ်တောက်ထားသဖြင့် စစ်သည်များ ရိက္ခာပို့ရန် စစ်ရေးအရ လေကြောင်းပစ်ကူ ရယူခဲ့သည်ဟုလည်း အစိုးရ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တဖက်တွင်လည်း ယနေ့ဇန်နဝါရီ ၁၉ နေ့စွဲဖြင့် KIO ဗဟိုကော်မတီမှ ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် မြန်မာ့တပ်မတော်အနေဖြင့် စစ်လှုပ်ရှားမှုများကို ရပ်ဆိုင်းသည်ဆိုရာတွင် လဂျားယန်တွင်သာမက ကချင်ဒေသ အနှံ့ဖြစ်သင့်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှတဆင့် ရှေ့အလားလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း စသည့်အချက်များပါရှိသည်။

ထို့အတူ သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ပါကြောင်း၊ တပ်မတော်က ဆောင်ရွက်လျက်ရှိသော စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် ၎င်းအနေဖြင့် အမိန့်ပေးလိုက် ပြီဖြစ်ပြီး ကေအိုင်အေအနေနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ အစိုးရနှင့်အပစ်အခတ် ရပ်စဲထား သော လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုများကို ယခုနှစ်နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ်မည် ဟုလည်းနေပြည်တော်ရှိ MICC ခန်းမအခမ်းအနား၌ ယနေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့က သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်း တစ်ရပ်တွင် “ကာကွယ်ရေးဦးစီးချုပ်သို့ အောက်ခြေ တပ်များကို ထိုးစစ်မဆင်ရန် ညွန်ကြားထား သော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း” ဟုထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်ဝန်းကျင်တွင် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများသည် စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့ပြောင်းလဲမည့် အစီအစဉ်အား ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် အစိုးရနှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အသီးသီးတွင် တိုက်ပွဲများပြန်လည်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မြန်မာအစိုးရသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIO မှအပ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း အပစ်အခတ် ရပ်စဲမှု သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

ဦးသိန်းစိန် သမ္မတလက်ထက်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIO နှစ်ဖက်ကိုယ်စား လှယ်တို့ ၁၁ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲမှု လက်မှတ်မရေးထိုးနိုင်ခဲ့ကြပေ။
http://burmese.bnionline.net/index.php/news/imna/12760-2013-01-20-02-32-04.html

နောက်ကြောင်းပြန်မလှည့်သောအသွင်ကူးပြောင်းရေး

Aungmyo Tun


+ - x # အသွင်ကူးပြောင်းရေး (အောင်ရမည်.. အောင်ရမည်)

အဖွားမေးတဲ့ စကားတခွန်း“စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့

April Maung Maung's photo.
သည်ဓါတ်ပုံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေဖက်သူငယ်ချင်း ကချင်ပြည်နယ်စစ်ဆင်ရေးကနေ တပ်ပြောင်းပါလို့ မန္တလေးမှာ ပေးခဲ့တာပါ
ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို ပြန် share တာပါ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်ရတယ်ဆိုပဲ ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲထည့်ပြီးတော့ အဆင်ပြေတဲ့အချိန်စားရတာပေါ့။ ရွာအထွက်နားလေးမှာ ကင်းပတ်ပတ်လည်ချပြီးတော့ နားကြတာ။ ခဏနေတော့ လူလေးယောက်လမ်းလျောက်လာနေတာ ကင်းသားတစ်ယောက်က ဘယ်သူလဲရပ် လို့ အော်လိုက်တာ တစ်ဖွဲ့လုံး သေနတ်နဲ့ ချိန်ပြီးသွားပြီ အဲဒီက အန်တီတစ်ယောက်က သူ့မျက်နှာကို ဓါတ်မီးနဲ့ထိုးပြပြီးတော့ ကျွန်မတို့ပါ ရေလာပို့တာပါ ဒါနဲ့ ဗိုလ်ကြီးတစ်ယောက်က လာလာ အန်တီတို့ လာခဲ့ပါ လို့ လှမ်းခေါ်လိုက်တယ် ရောက်လာတော့ ရေပုံးနှစ်ပုံး အဖွားကတစ်ပုံး အန်တီကတစ်ပုံး ကလေးနှစ်ယောက်ပါလာတယ် ၁၂နှစ်အရွယ် သားလေးတစ်ယောက်နဲ့ ၁၀ နှစ်အရွယ် သမီးလေးတစ်ယောက် ကျွန်မတို့က သည်ရွာကပါ.. ရေဆာလောက်မယ်ထင်လို့ ယူလာတာပါ။ ဒီလိုအချိန်မျိုးမှာ ပင်းပန်းတာနဲ့ တွင်းရေအေးအေးလေး သောက်လိုက်ရရင် ဆိုပြီး အာသီသ ရှိနေကြတာပါ။ ရေလည်းတွေ့ရော သောက်ရတာ အရသာ ရှိလိုက်တာ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သောက်လဲသောက်ပြီးရော အဖွားက မေးတယ် တူလေး ထမင်းစားပြီးပြီလားတဲ့ ကျွန်တော်ကခေါင်းခါလိုက်တယ် ဒါနဲ့ သူ့မြေလေးကို ကချင်စကား တစ်ခွန်းပြောလိုက်တယ် သားလေးက ချက်ခြင်း အိမ်ပြန်သွားရော ဒါနဲ့ ကျွန်တော်က အဖွားကို မေးလိုက်တယ် ဘာဖြစ်လို့လဲ အဖွား အိမ်မှာ ကျန်တဲ့ ထမင်းတွေ ဟင်းတွေယူခိုင်းလိုက်တာ။ ကျွန်တော့်မှာလေ ရင်ထဲမှာ ဆို့နင့်နေအောင် ခံစားလိုက်ရတယ်။ ချက်ခြင်းပဲ ထိုင်ရှိခိုးလိုက်တယ် ပင်ပန်းပြီးတော့ ရေလဲဆာ ဗိုက်လဲဆာ နေတဲ့အချိန်မှာ တအားခံစားရတယ် ကျွန်တော့်မှာ ပြန်ပြီး ဂါရဝပြုစရာ ဘာမှမပါဘူး ဒီအတိုင်းထိုင်ရှိခိုးလိုက်တာ လေးစားလွန်းလို့။ ခဏနေတော့ ရွာဘက်ကနေ သားလေးအပြင် ၁၁ ယောက်လောက် ပါလာတယ် ထမင်းအိုးတွေ ဟင်းခွက်တွေရော ရေပုံးတွေရော ထပ်ရောက် လာတယ် ဒီမှာတင်ပဲ ထိုင်စားလိုက်တာ အားရလိုက်တာ။ ရဲဘော်တွေလဲ ပြုံးစိစိနဲ့ အချင်းချင်းကြည့်နေကြတာ ခဏက ချီတက်ခဲ့ရလို့ မောတာတွေ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ သိကြတဲ့အတိုင်း အိမ်ထမင်းအိမ်ဟင်း မစားရတာကြာပြီလေ။ ဟန်းကောထဲကထမင်းလဲ ချွေးတရွဲရွဲနဲ့ သိုးနေလောက်ရောပေါ့။ ခရီးဆက်ထွက်မယ်ဆိုတော့ ရဲဘော်တွေက မိသားစုတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောလို့ကို မဝဘူး။ ကျွန်တော်ကလဲ အဖွားကိုကျေးဇူးတင်တဲ့ အကြောင်း ပြောတာပေါ့ အဖွားကလည်း ဘေးကင်းပါစေ၊ ကျန်းမာပါစေ၊ အောင်မြင်ကြီးပွားပါစေ လို့ဆုတွေပေးလို့။ ဒီနေရာမှာ အဖွားလည်း မျက်ရည်ဝဲတယ် ကျွန်တော်လဲ မျက်ရည်ဝဲတယ်ဗျ။ ဒီကြားထဲမှာ အဖွားမေးခဲ့တဲ့ စကားတခွန်းကို အခုထက်ထိမေ့မရဘူး။ “စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။

ဒီဓါတ်ပုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော့်သူငယ်ချင်း မန္တလေးရောက်တုန်းပြောပြခဲ့တာပါ 
စစ်ဖြစ်ရင် အဖွဲ့ အစည်းတိုင်းက သူ့ဆင်ခြေသူပေးနေကြမှာပဲ နိုင်ငံရဲ့စစ်တပ်က စစ်အသုံးစရိတ်တက်သလို KIA ကပြန်တိုက်ဖို့ ကျည်ဆံတွေ လက်နက်တွေ ရိက္ခာတွေက ကချင်ပြည်နယ်ရဲ့ သယံဇာတတွေပါ။ နောက်ဆုံးတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေပဲနစ်နာတာပါ။

လက်ရှိအခြေအနေနဲ့ မြန်မာ့တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲထားပါပြီ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝင်လာအောင် ကျွန်တော်တို့ပြည်သူတွေ တိုက်တွန်းလိုက်ကြရအောင်။
Photo taken by my friends
Written by Myanmar Flashs 

Phay Sit Gyi ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေဖက်သူငယ်ချင်း ကချင်ပြည်နယ်စစ်ဆင်ရေးကနေ တပ်ပြောင်းပါလို့ မန္တလေးမှာ ပေးခဲ့တာပါ
ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို ပြန် share တာပါ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်ရတယ်ဆိုပဲ ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲထည့်ပြီးတော့ အဆင်ပြေတဲ့အချိန်စားရတာပေါ့။ ရွာအထွက်နားလေးမှာ ကင်းပတ်ပတ်လည်ချပြီးတော့ နားကြတာ။ ခဏနေတော့ လူလေးယောက်လမ်းလျောက်လာနေတာ ကင်းသားတစ်ယောက်က ဘယ်သူလဲရပ် လို့ အော်လိုက်တာ တစ်ဖွဲ့လုံး သေနတ်နဲ့ ချိန်ပြီးသွားပြီ အဲဒီက အန်တီတစ်ယောက်က သူ့မျက်နှာကို ဓါတ်မီးနဲ့ထိုးပြပြီးတော့ ကျွန်မတို့ပါ ရေလာပို့တာပါ ဒါနဲ့ ဗိုလ်ကြီးတစ်ယောက်က လာလာ အန်တီတို့ လာခဲ့ပါ လို့ လှမ်းခေါ်လိုက်တယ် ရောက်လာတော့ ရေပုံးနှစ်ပုံး အဖွားကတစ်ပုံး အန်တီကတစ်ပုံး ကလေးနှစ်ယောက်ပါလာတယ် ၁၂နှစ်အရွယ် သားလေးတစ်ယောက်နဲ့ ၁၀ နှစ်အရွယ် သမီးလေးတစ်ယောက် ကျွန်မတို့က သည်ရွာကပါ.. ရေဆာလောက်မယ်ထင်လို့ ယူလာတာပါ။ ဒီလိုအချိန်မျိုးမှာ ပင်းပန်းတာနဲ့ တွင်းရေအေးအေးလေး သောက်လိုက်ရရင် ဆိုပြီး အာသီသ ရှိနေကြတာပါ။ ရေလည်းတွေ့ရော သောက်ရတာ အရသာ ရှိလိုက်တာ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သောက်လဲသောက်ပြီးရော အဖွားက မေးတယ် တူလေး ထမင်းစားပြီးပြီလားတဲ့ ကျွန်တော်ကခေါင်းခါလိုက်တယ် ဒါနဲ့ သူ့မြေလေးကို ကချင်စကား တစ်ခွန်းပြောလိုက်တယ် သားလေးက ချက်ခြင်း အိမ်ပြန်သွားရော ဒါနဲ့ ကျွန်တော်က အဖွားကို မေးလိုက်တယ် ဘာဖြစ်လို့လဲ အဖွား အိမ်မှာ ကျန်တဲ့ ထမင်းတွေ ဟင်းတွေယူခိုင်းလိုက်တာ။ ကျွန်တော့်မှာလေ ရင်ထဲမှာ ဆို့နင့်နေအောင် ခံစားလိုက်ရတယ်။ ချက်ခြင်းပဲ ထိုင်ရှိခိုးလိုက်တယ် ပင်ပန်းပြီးတော့ ရေလဲဆာ ဗိုက်လဲဆာ နေတဲ့အချိန်မှာ တအားခံစားရတယ် ကျွန်တော့်မှာ ပြန်ပြီး ဂါရဝပြုစရာ ဘာမှမပါဘူး ဒီအတိုင်းထိုင်ရှိခိုးလိုက်တာ လေးစားလွန်းလို့။ ခဏနေတော့ ရွာဘက်ကနေ သားလေးအပြင် ၁၁ ယောက်လောက် ပါလာတယ် ထမင်းအိုးတွေ ဟင်းခွက်တွေရော ရေပုံးတွေရော ထပ်ရောက် လာတယ် ဒီမှာတင်ပဲ ထိုင်စားလိုက်တာ အားရလိုက်တာ။ ရဲဘော်တွေလဲ ပြုံးစိစိနဲ့ အချင်းချင်းကြည့်နေကြတာ ခဏက ချီတက်ခဲ့ရလို့ မောတာတွေ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ သိကြတဲ့အတိုင်း အိမ်ထမင်းအိမ်ဟင်း မစားရတာကြာပြီလေ။ ဟန်းကောထဲကထမင်းလဲ ချွေးတရွဲရွဲနဲ့ သိုးနေလောက်ရောပေါ့။ ခရီးဆက်ထွက်မယ်ဆိုတော့ ရဲဘော်တွေက မိသားစုတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောလို့ကို မဝဘူး။ ကျွန်တော်ကလဲ အဖွားကိုကျေးဇူးတင်တဲ့ အကြောင်း ပြောတာပေါ့ အဖွားကလည်း ဘေးကင်းပါစေ၊ ကျန်းမာပါစေ၊ အောင်မြင်ကြီးပွားပါစေ လို့ဆုတွေပေးလို့။ ဒီနေရာမှာ အဖွားလည်း မျက်ရည်ဝဲတယ် ကျွန်တော်လဲ မျက်ရည်ဝဲတယ်ဗျ။ ဒီကြားထဲမှာ အဖွားမေးခဲ့တဲ့ စကားတခွန်းကို အခုထက်ထိမေ့မရဘူး။ “စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။

ဒီဓါတ်ပုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော့်သူငယ်ချင်း မန္တလေးရောက်တုန်းပြောပြခဲ့တာပါ
စစ်ဖြစ်ရင် အဖွဲ့ အစည်းတိုင်းက သူ့ဆင်ခြေသူပေးနေကြမှာပဲ နိုင်ငံရဲ့စစ်တပ်က စစ်အသုံးစရိတ်တက်သလို KIA ကပြန်တိုက်ဖို့ ကျည်ဆံတွေ လက်နက်တွေ ရိက္ခာတွေက ကချင်ပြည်နယ်ရဲ့ သယံဇာတတွေပါ။ နောက်ဆုံးတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေပဲနစ်နာတာပါ။

လက်ရှိအခြေအနေနဲ့ မြန်မာ့တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲထားပါပြီ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝင်လာအောင် ကျွန်တော်တို့ပြည်သူတွေ တိုက်တွန်းလိုက်ကြရအောင်။
Photo taken by my friends
Written by Myanmar Flashs

Phay Sit Gyi

Not For Sale (ဗျူဟာ+နေမ၀င်+ရာဇ၀င်)

 By Music မြို့ တော် (မြန်မာသီချင်းများသာ)


Not For Sale (ဗျူဟာ+နေမ၀င်+ရာဇ၀င်)
သီချင်းနာမည်လေးက not for sale တဲ့ ဗျူဟာ black hole တို့ဆိုထားတာပါ
မြန်မာနိုင်ငံက ရောင်းကုန်ပစ္စည်းမဟုတ်ကြောင်းဆိုထားတဲ့ သီချင်းလေးပါ စာသားတွေကတော့ မိုက်ပါတယ်ဗျ နားထောင်ပေးကြပါနော်

Not for Sale (ဗျူဟာ black hole)

နိုင်ငံခြားက ကာတွန်းဆရာတွေတောင် နားလည်ကြတယ်