Monday, January 21, 2013

ကနေဒါကမြန်မာကိုသွားသူရဲ့ဖြစ်အင်...

မလေး အိမ့်ချမ်းမြေ့

ဒီမနက် ပစ်ထားတဲ့ ဘဏ်အကောင့်ထဲဝင်ပြီး ဝင်/ထွက် ငွေလေးဘာလေးစစ်ရန်ကြံတဲ့အခိုက်....
Unauthorized location သို့မဟုတ် စီးပွားရေးပိတ်ဆို့ခြင်း ခံထားရတဲ့ တိုင်းပြည်မှ အကောင့်ထဲဝင်ရန်ကြိုးစားနေသောကြောင့်....
ဆိုတဲ့ စာတမ်းနီကြီးကို မြင်ရပါတော့တယ်။



TD bank ဟာ၇ရက်လုံးဖွင့်တဲ့နာမည်ကြီးဘဏ်တခုပါ။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်


by 7Day News Journal

ဆိုးလ်၊ ဇန်န၀ါရီ-၂၁

မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။ ပက်ဂျွန်ဟေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၉ ရက်တွင် တွေ့ဆုံဖွယ်ရှိကြောင်း တောင်ကိုရီးယားအရာရှိတစ်ဦးကို ကိုးကား၍ ယွန်ဟပ်သတင်းကဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌ ကျင်းပမည့် ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူသွားမည်ဖြစ်သည်။
Ref: Yonhap

လိုင်ဇာအနီး ခါရာ တောင်ကြောမှာ တိုက်ပွဲ ပြင်းထန်



January 21,2013 by BBC news

ပွိုင့် (၇၇၁)တောင်ကုန်း အနီးက ကုန်းကို အစိုးရ တပ်တွေက သိမ်းဖို့ ကြိုးစားနေ

ကချင် လွတ်လပ်ရေး အဖွဲ့ အေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာ အနီး လဂျားယန် တဝိုက် ခါရာ တောင်ကြော မှာ တနင်္လာနေ့က တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေခဲ့ ပါတယ်။

တနင်္ဂနွေ ညက (၇)နာရီ ခွဲ ကျော် အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ သလို၊ တနင်္လာနေ့ မှာလည်း မနက် ကတည်းက တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေကြောင်း ရှေ့တန်း စစ်ဖက် ရပ်ကွက်တွေ အဆိုအရ သိရပါတယ်။

အစိုးရ တပ်ဖွဲ့တွေဟာ သူတို့ သိမ်းပိုက်ထားပြီး ဖြစ်တဲ့ ပွိုင့် (၇၇၁)တောင် ကုန်း အနီးက အဲဒီကုန်းထက် ပိုမြင့်တဲ့ ကုန်း တခုကို ထပ်မံ သိမ်းပိုက် နိုင်ရေး ကြိုးပမ်း နေတာ ကြောင့် ရင်ဆိုင် တိုက်ပွဲ တွေလည်း ဖြစ်ပွား နေခဲ့ပါတယ်။

ကေအိုင်အေ တပ်မဟာ (၃)နယ်မြေ စိန်လုံ - လွယ်ဂျယ် အကြား ဒေသဘက် တွေမှာလဲ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွား နေကြောင်း သိရပါတယ်။

အဓိက ဖြစ်ပွားတဲ့ နေရာ ကတော့ ‘ခင်းမုဒန်’ ရွာ အနီးမှာ ဖြစ်ပြီး၊ ကေအိုင်အေ တပ်မဟာ (၃)လက်အောက်ခံ တပ်ရင်းတွေနဲ့ အစိုးရ စစ်တပ် က အင်အား (၃၀ဝ ကျော် ၄၀ဝ)လောက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လဂျားယန် ဒေသ ထိုးစစ်တွေကို ၁၉ ရက်နေ့ ကစပြီး ရပ်ဆိုင်း မယ်လို့ အစိုးရက လူသိ ရှင်ကြား ကျေညာပြောဆို ခဲ့ပေမဲ့၊ လက်တွေ့ မှာတော့ တိုက်ပွဲတွေ ဟာ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130121_kia_gov_fighting_continues.shtml



လိုင်ဇာ အနီးရှိ KIA စခန်းများအား အစိုးရ တပ်ဖွဲ့မှ ပြင်းထန်စွာ စစ်ဆင်နေဆဲ

ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၂၁, ၂၀၁၃

အစိုးရ တပ်ဖွဲ့များသည် လိုင်ဇာ အနီးရှိ ခယားတောင်နှင့် လာဂတ်တောင်ရှိ KIA တပ်များအား ပြင်းထန်စွာ စစ်ဆင်ခဲ့ သည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း အရာရှိတဦးက ပြောပါသည်။
“ ဒီခယာတောင်က ကျနော်တို့ စခန်းကိုလေ မနေ့မနက် (၇) နာရီ ကနေ ဒီနေ့ညနေ (၅) နာရီ အထိကို စစ်ဆင်နေတုန်းပါဘဲ။ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကလည်း မိုးချိန်း သလိုမျိုး မြေကြီးတွေ တုန်ခါနေတာ ပါဘဲ။ ကျနော်တို့ကလည်း ဘယ်ဆုတ်မှာလဲ၊ သူတို့ဖက်က အထိနာ နေတယ်ဆိုတာ တွေ့နေရတယ်။ တိုက်လေယာဉ် ၂ စင်း ကလည်း လာသေးတယ်။ ဒါပေမဲ့ ပစ်ခတ် မသွားပါဘူး။ ၀ဲပြီးတော့ ပြန်သွားကြတယ်။” ဟုဆိုပါသည်။
ဗန်းမော်မြို့နယ်၊ မိုင်ဂျာယန် ကျေးရွာ အနီးရှိ လဂတ်တောင်ရှိ KiA စခန်းကို တပ်ရင်း (၃) ရင်းဖြင့် ယနေ့မနက် (၁၀)နာ ရီ မှ ညနေပိုင်း (၅) နာရီ အထိ စစ်ဆင်နေဆဲဖြစ်ပြီး မည်သည့်စခန်းမှ သိမ်းဆည်းနိုင်ခြင်း မရှိဟု KIA ဖက်က ဆိုပါသည်။
စစ်ဆင်ရေးသည် မဆုတ်တမ်း စစ်ဆင်ရေးဖြစ်သည့်အတွက် အထိနာခဲ့ပြီး၊ လက်နက်ကြီး အသုံးပြုမှုသည် ထိရောက်မှု မရှိဟု ဆိုပါသည်။
ပွိုင့် (၇၇၁) ရှိ အစိုးရတပ်များသည် ၄င်းတို့ စခန်းများအား ခြံခတ်ပြီး ကာရံနေသည်ဟု ဆိုပါသည်။ ယနေ့တိုက်ပွဲတွင် လေကြောင်း ပါဝင် တိုက်ခိုက်မှု မရှိသဖြင့် KIA တပ်များ အနေဖြင့် စိုးရိမ် စရာမရှိဟု ဆိုပါသည်။ ထို့အပြင် အစိုးရတပ် များ၏ (၂၄) နာရီအတွင်း အပစ်ရပ်ရန် ညွှန်ကြားမှုကိုလည်း ယုံကြည်နိုင်ဖွယ်မရှိဟု KIA တပ်မှူးများက ဆိုပါသည်။
အစိုးရသည် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်လိုပါက KIA အား စစ်ဆင်နေမှုကို လျှော့ချ သင့်ကြာင်းနှင့် နိုင်ငံရေး ဆွေး နွေးမှုကို သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွှဲအား ဆွေးနွေးစေလို ကြောင်း KIA မှ ထုတ်ပြန် ကြေညာပြီး ဖြစ်ပါသည်။

အန်တီစု ငယ်ငယ်က မိခင် ဒေါ်ခင်ကြည် နှင့်အတူ ရှားရှားပါးပါးပုံလေး



by May Zin Htet
https://www.facebook.com/photo.php?fbid=131796020319164&set=a.101269280038505.3221.100004662992921&type=1&theater

ရေအဆုံးကုန်းတ၀က်





လက်ရှိအချိန်မှာခရိုနီနဲ့ပတ်သက်ပြီးဝေဖန်မှုတွေ
ရှိနေပါတယ်။ဘယ်လိုဥပမာပေးရမလဲ....
ကိုယ်စီးတဲ့မြင်းအထီးလားအမလားကွဲဖို့လိုပါတယ်။
ဘယ်နေရာကစရမလဲဆိုတော့...အမေစုတို့လွတ်လာ
ပြီးရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်တာကစကြရအောင်...

အာဇာနည်ဘလော့ရေးသူကဆိုရင်သဘောမတူလို့
ဘယ်ဘက်မှမပါဖူးဆိုပြီးဘာမှမတင်တော့ပဲကိုယ်
ယောင်ဖျောက်သွားဖူးတယ်....အပြစ်မဟုတ်ပါ၊သူ့ရဲ့ခံ
ယူချက်ပါ။သင့်ရဲ့ခံယူချက်ကကောသူနဲ့တူလား...
အဲ့ဒီအပေါ်မှာအခုသင့်ရဲ့ဝေဖန်မှုတွေကအခြေခံမှာလေ..

လက်ရှိသွားနေတဲ့နိုင်ငံရေးကနှစ်ဖက်လုံးနောက်ကြောင်း
ပြန်မလှည့်ကြေးလေ...ကိုမင်းကိုနိုင်တို့တောင်ငြိမ်ပေး
နေရတာ..ရန်ပွဲဖြန်ဖြေသူတွေဘ၀တောင်ရောက်ရ၇ှာတယ်။

အမေစုရောသူတို့ပါသွေးစွန်းလက်တွေကိုနုတ်ဆက်နေ
ရပြီ။နုတ်မဆက်ချင်ရင်ထိပ်တိုက်ရင်ဆိုင်ရမယ်...။
ဘာဖြစ်မလဲ...ခင်ဗျားလဲသိပါတယ်။မုန့်လုံးစက္ကူကပ်
ပြန်မပြောတော့ပါဖူး။

သွေးစွန်းလက်တောင်လက်ဆွဲနုတ်ဆက်နေရတာဗျာ။
ခရိုနီအဆင့်လောက်ဘာလို့ဝေဖန်နေရတာလဲ။
ခရိုနီတွေတိုက်ခိုက်တာဟာနောက်ကြောင်းပြန်လှည့်
တာရဲ့တစိတ်တဒေသဖြစ်မနေဖူးလား။။။

ရေအဆုံးကုန်းတ၀က်...တချို့တ၀က်ပြန်ရတာ
အမြတ်လို့ပဲတွေးလိုက်ကြပါတော့......။

ရဲရင့်ငယ်(၁-၂၁-၂၀၁၃)


ပြည်ထောင်စုဝန်ကြီးနှစ်ပါး တာဝန်မှ နှုတ်ထွက်သွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ ပွင်းလင်းမြင်သာမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆို


by hotnewsweekly.com

January 21, 2013

ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော်သမ္မတ ရုံး၏ အမိန့်အမှတ် (၂/၂၀၁၃) အရ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော သူရဦးမြင့်မောင်နှင့် ဦးသိန်းထွန်းတို့ ယင်းတို့၏ သဘောဆန္ဒအလျောက် တာဝန် မှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ် သက်၍ ယင်းတို့တာဝန်ကျရာ ဆက်စပ်ဌာနများ၌ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ ချိန်၌ ယခုကဲ့သို့ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းသည် မည်သည့် အကြောင်းကြောင့် နုတ်ထွက်ရ ခြင်းဖြစ်သည်ကို ပြည်သူသို့ တင်ပြခြင်း မရှိမှုက အစိုးရ၏ ပွင့်လင်းမြင် သာမှု အားနည်းခြင်းကြောင့် ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုသည်။
““ပြည်ထောင်စုအဆင့်ဝန် ကြီးနှစ်ဦး နုတ်ထွက်သွားတယ်၊ လက်ရှိအနေအထားအရ ဆက် သွယ်ရေးကဏ္ဍဆိုလည်း အရှိန် အဟုန်နဲ့ ဆောင်ရွက်နေတဲ့ အချိန်၊ ဒါပေမဲ့ ဒီပြည်ထောင် စုဝန်ကြီးတွေတာဝန်က နုတ်ထွက် ခွင့်ပြုတာနဲ့ပတ်သက်ပြီး၊ ဘာ အကြောင်းကြောင့်လဲ၊  ဘာ အားနည်းချက်ရှိလို့လဲ၊  ပြည် သူကို အစိုးရက တင်ပြရမယ်၊ ပွင့်လင်းမြင်သာမှုဆိုတာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့မှာကို မရှိသေးဘူး၊ ဒီလို ပွင့်လင်းမြင်သာမှုဆိုတာဟာ ယခင်ပါတီလမ်းစဉ်ခေတ်တည်းက  ၀န်ကြီးတွေ နုတ်ထွက်သွားရင် ဘာကြောင့်မှန်းမသိလိုက်ဘဲ အစိုးရကလည်း ပြည်သူကို ဘာမှ မတင်ပြတာ ခု အစိုးရလက်ထက် ထိပဲ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဆိုရင် နုတ်ထွက်ခွင့်ပြု လိုက်ရတဲ့ ၀န်ကြီးတွေမှာ ဘာ အားနည်းချက်တွေရှိနေလဲ၊  ဘာကြောင့်များ ပေးလိုက်ရတာ လဲ၊ ပြည်သူကိုတင်ပြရမယ်”” ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်ကHot News သတင်းထောက်ဖြင့်  တွေ့ဆုံစဉ် ပြောကြားသွားခဲ့ သည်။
သမ္မတရုံး၏ ကြေညာချက် အရ တာဝန်မှ အနားယူခွင့်ပြု လိုက်သော ပြည်ထောင်စုဝန်ကြီး များအနက် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်သည် ယခင် အစိုးရလက်ထက်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၊ ဗိုလ်မှူးချုပ်၊ ဒုဝန်ကြီး နှင့် ၀န်ကြီးအဆင့်များထိ အဆင့် ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းထွန်းသည်လည်း ယခင် အစိုးရလက်ထက်၌ ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၌ ဒုဝန်ကြီး၊ ဗိုလ်ချုပ်အဖြစ် အဆင့်ဆင့် တာဝန်ယူခဲ့ရာ အစိုး ရသစ်တက်ပြီးသည့်အချိန်တွင် အစိုးရအဖွဲ့သစ်၌လည်း ပြည် ထောင်စုဝန်ကြီးများအဖြစ် ပါဝင် ခဲ့သူများဖြစ်သည်။

ခန့်ခန့်(ဒဿနိက)

ဒီလှိုင်းကို သတိပေးချင်တယ်..............။



အမေစုပုံနဲ့ ဒီလှိုင်းအဖွဲ့ကိုတွေ့ရတာ အင်မတန်ကျက်သရေရှိပါတယ်။
ဒါပေမယ့် ပုံထဲမှာ ကြံ့ဖွတ်က မိလဲ့ (လဲ့လဲ့ဝင်းဆွေ)ပုံတွေ့ရတော့ စိတ်တော်တော်ဆင်းရဲသွားတယ်။
ခင်ဗျားတို့ကို သတိပေးချင်တယ်။ သတိထားဗျ။ ဒီမိန်းမက ရုပ်ရှင်မင်းသမီးလုပ်ခဲ့တာ။
အရှက်မရှိ သရုပ်ဆောင်တာတော်တော်ကောင်းတယ်။
သူ့တစ်ချိန်က နာမည်က နေနီနန်းမိုးတဲ့။
အခုလည်း အမေစု အမေစု ဆိုပြီး ရပ်ကွက်ကြံ့ဖွတ်ကလူတွေတောင်မသိဘဲ
 သူတစ်ယောက်ထဲ ဒီလှိုင်းဖွင့်ပွဲကိုသွားတယ်လို့ သိရတယ်။ သတိထားဗျ။
အင်ဖော်မာဖြစ်နေအုံးမယ်။သူ့အကြောင်း တာမွေတစ်မြို့နယ်လုံး ရဲကအစ
ကလေးအဆုံး အားလုံးသိတယ်။ဒီလှိုင်းလည်း စုံစမ်းအုံး။
ရမ်းယုံမနေနဲ့ဗျာတို့။

KKT

၂၀၁၅ မှာသမ္မတဖြစ်ဖို့ ပြိုင်ဆိုင်နေကြပြီလား

By ရဲရင့်သူ

    ယခုတလော Online စာမျက်နှာများတွင် သမ္မတဦးသိန်းစိန်နှင့် ၎င်း၏ မိသားစုများနှင့်ပတ်သက်၍ မသိမသာရောသိသိ
သာသာပါ ချီးကျူးရေးသားထားသည့်စာများ မကြာခဏတွေ့လာရပါသည်။ ၎င်းစာများတွင် ဦးသိန်းစိန် ရိုးသားပုံ၊ စိတ်ထားနူးညံ့ပျော့ပျောင်းပြီး ပြည်သူလူထုအပေါ်ဂရုစိုက်ပုံ၊ ဦးသိန်းစိန်၏ မိသားစုဝင်များ ကလည်း ယခင် စစ်အစိုးရခေါင်းဆောင်
၏ မိသားစုဝင်များနှင့်ကွာခြားပုံ စသည်တို့ကို အထူးအလေးပေး ရေးသားလာကြသည့်အပြင် ဦးသိန်းစိန် စစ်သားဘ၀၊ ဦးသိန်းစိန်၏ လက်အောက်ငယ်သားများကိုငဲ့ညှာပုံ၊အမိန့်နာခံတတ်ပုံတို့ကိုအမွှန်းတင်ရေးသားလာသည်ကို တွေ့လာရသည်။ ပြည်သူတို့ကို
စည်းရုံးရင်း ဆန္ဒကို လည်းတတ်နိုင်သမျှလိုက်လျောနေသည့်အတွက် ယခု ဆက်သွယ်ရေးကချပေးမည့် ဖုန်းများပင်
ဆက်သွယ်ရေး ၀န်ကြီးပြုတ်သွားသဖြင့် ၅၀၀၀ တန်ဖုန်းများထွက်လာမည်ဟု ပြည်သူအများက ယူဆနေကြသည်။ ၅၀၀၀ တန် ဖုန်းများရောင်းနိုင်ပါက ပြည်သူတို့၏မေတ္တာကို ပိုရပေဦးမည်။ နောက်ဆုံး Online တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရသည့် မုန့်ဟင်းခါးရောင်းစားမည့် မြန်မာနိုင်ငံ၏ First Lady ဟူသော ဆောင်းပါးလေး ကလဲ ဦးသိန်းစိန်ကို ထောက်ခံသည့်လူများအတွက် မနောခွေ့စရာပင်။ သို့သော် မြန်မာနိုင်ငံ၏ သမ္မတကတော် တစ်ဦးကတော့ မုန့်ဟင်းခါးရောင်းစားလိမ့်မည်ဟုတော့ မထင်ပါ။ အစိုးရ
သစ် တာဝန်ယူကာစတွင်  သမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတတာဝန်ဝတ္တရားများကို ယခု ပထမငါးနှစ် သမ္မတသက်တမ်းအတွက်
သာ တာဝန် ထမ်းဆောင်မည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူလူထု ဆန္ဒရှိပါက နောက်သက်တမ်း အတွက်ပါ တာဝန်ယူကောင်းယူမည်ဟု ပြောဆိုလာပြန်သည်။ သတင်းထောက်များနှင့်တွေ့ဆုံ မေးမြန်းရာတွင် လည်း ၎င်းသည် နှလုံးမကောင်းသဖြင့် နှလုံးခုန်စက်ဖြင့် အသက်ဆက်နေရကြောင်း ပြည်သူလူထုမှ ဂရုဏာ စိတ်ဝင်အောင် မကြာခဏ ရှင်းပြလေ့ရှိသည်။ ထို့ကြောင့် ဦးသိန်းစိန်အနေဖြင့် ၎င်း၏ ငယ်စဉ်ဘ၀က ရိုးဂုဏ်ကို ဆယ်ကာ ပြည်သူလူထု၏ သနားဂရုဏာမှတဆင့် ထောက်ခံမဲရရှိအောင် ယခုကတည်းက မဲဆွယ်စည်းရုံး နေပြီလားဟု စဉ်းစားစရာဖြစ်လာပါသည်။
        ထိုကဲ့သို့ သမ္မတဦးသိန်းစိန်မှ နောက်တစ်ဆက်အတွက် ပြည်သူတို့၏ သနားကြင်နာမှုကို ရယူ စည်းရုံးနေသလို ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းတစ်ယောက်ကလည်း ပြည်သူတို့၏ ထောက်ခံမှု ရအောင် ယခုတည်းက
ပင် ကြိတ်စည်းရုံးနေသည်။ လွှတ်တော်ဥက္ကဌ တစ်ယောက်ဖြစ်သော်လည်း အုပ်ချုပ်ရေး အာဏာပိုင်များသဖွယ် နယ်တကာလှည့်
၍ လူထုနှင့်တွေ့သည်၊ လူထုနှင့် စကားပြောသည်။ လွှတ်တော် အားသည့်ရက်များတွင်လည်း နိုင်ငံအ၀ှမ်း ခရီးဆန့်ပြီးစည်းရုံးရေးခရီးဆန့်လိုက်သေးသည်။ ပြည်သူလူထု၏ ထောက်ခံမှုကို အလွန်လိုချင်သောကြောင့်(၁၈-၁-၂၀၁၃)
ရက်နေ့က ကချင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လွှတ်တော် တွင် ဒေါ်ဒွဲဘူ တင်သွင်းသော အဆိုကို လွှတ်တော်ကိုယ်စားလှယ်
များ သဘောထားတောင်မှ မတောင်းဆိုတော့ဘဲ ချက်ချင်းပင်သဘောတူကာ ကြေငြာချက်ထုတ်ပြန်ပေးခဲ့သည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်း မတူတဲ့ အချက်များ ရှိသည်။ ၎င်းအချက်များကြောင့်ပင် ဦးသန်းရွှေက ဦးသိန်းစိန်ကို သမ္မတအဖြစ် တွန်းတင်ပေးခဲ့ဟန်တူသည်။ ဦးသိန်းစိန်ရော၊ ဦးရွှေမန်းပါ စစ်တပ်တွင် တာဝန်ထမ်းဆောင်စဉ် နာမည်ကောင်းရခဲ့သော်လည်း ဦးရွှေမန်း၏ မိသားစုများသည်စီးပွားရေးနှင့်ပတ်သက်၍ နာမည်အလွန်ထွက်သည်။ ၎င်း၏သားများမှာလည်း နိုင်ငံ၏ ခရိုနီ များဖြစ်နေသဖြင့် ယခင်အစိုးရခေါင်းဆောင်တို့က ဦးရွှေမန်းထက် ဂျူနီယာကျသော ဦးသိန်းစိန်ကို သမ္မတ ရာထူးလမ်းကြောင်းပေါ် တွန်းတင်ပေးခဲ့ဟန်တူသည်။ ယခုတော့ အစိုးရသက်တမ်းလည်း ဘာလိုလိုနဲ့ တစ်ဝက် ကျိုးတော့မည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းလည်း မကြာမီ အလှည့်ကျစနစ်အရ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ထမ်းဆောင်ရတော့မည်။ ဦးရွှေမန်းမှ လုပ်ပိုင်ခွင့်အာဏာပိုရလာမည်။ ပြည်သူ အတွက်လိုအပ်ပြီး အစိုးရမှ လက်တလော မဖြေရှင်းပေးနိုင်သော ကိစ္စများနှင့် အစိုးရကို အခက်တွေ့အောင် လုပ်လာတော့မည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတမဖြစ်နိုင်။ ဒီတော့ ရွေးချယ်စရာ လူနည်းသွားမည်။ ထို့ကြောင့် ယခုအချိန်တည်းက ကြိုတင်ပြင်ဆင်နေကြပြီး ၂၀၁၅ သမ္မတ အရွေးခံနိုင်ရေးအတွက် ယခုကတည်းက နည်းဗျူဟာပေါင်းစုံသုံးပြီး အပြိုင်အဆိုင် မဲဆွယ်နေကြပြီ ဖြစ်ပါကြောင်း ….

ရဲရင့်သူ