Tuesday, January 22, 2013

မိုင်ပေါင်း ၈၀၀ ကျော် ချီတက် လမ်းလျှောက်သူတွေ ပဲခူးမှာ တားဆီးခံရ


RFA Burmese

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ လမ်းလျှောက်ဆန္ဒပြ သူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဝင်မှာ ပဲခူးတိုင်းအာဏာပိုင်တွေ က ရှေ့ဆက်သွားခွင့်မပေးပဲ တားဆီးပိတ်ပင်ခဲ့ပါ တယ်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေ သွားခွင့်မပေးဖို့ တားဆီးခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလမ်းလျှောက်ဆန္ဒပြရာမှာပါဝင်သူ ဦးအောင်မြင့် က RFA ကို အခုလို ပြောပါတယ်။

"ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အစပ်ရောက်တဲ့အခါကျတော့ ပဲခူးတိုင်းအာဏာပိုင်တွေကတားတယ်၊ ကျွန်တော်ကြားတာကတော့ ရန်ကုန်တိုင်းမှာပဲ ခွင့်ပြုချက်ယူပြီးတော့ ပဲခူးတိုင်းမှာ ခွင့်ပြုချက်မယူထားတဲ့အတွက်လို့ကြားတယ်၊ သူတို့တားတဲ့တပ်ဖွဲ့ဝင် အင်အားကတော့ ၃၀လောက်ရှိတယ် ခင်ဗျ"

လမ်းလျှောက်ပွဲကို ဦးဆောင်တဲ့ ရဟန်း၊ သံဃာတော်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ နေ့လည်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာတော့ ငြိမ်းချမ်းရေးလိုလားသူတွေရဲ့ လမ်းလျှောက်ပွဲကို ဆက်သွားခွင့်ပြုလိုက်ပေမယ့် ငြိမ်းချမ်းရေး အလံတွေကိုတော့ ကိုင်ဆောင်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ တောင်းဆိုကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ လူဦးရေ ၈၀လောက်ဟာ တရုတ်-မြန်မာနယ်စပ် အနီးမှာရှိတဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့အထိ မိုင်ပေါင်း ၈၀၀ကျော် ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမှာဖြစ်ပြီး ဒီလမ်းလျှောက်ပွဲကို မနေ့က မနက်ပိုင်းကစလို့ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။
မိုင်ပေါင်း ၈၀၀ ကျော် ချီတက် လမ်းလျှောက်သူတွေ ပဲခူးမှာ တားဆီးခံရ

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ လမ်းလျှောက်ဆန္ဒပြ သူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဝင်မှာ ပဲခူးတိုင်းအာဏာပိုင်တွေ က ရှေ့ဆက်သွားခွင့်မပေးပဲ တားဆီးပိတ်ပင်ခဲ့ပါ တယ်။ 

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေ သွားခွင့်မပေးဖို့ တားဆီးခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလမ်းလျှောက်ဆန္ဒပြရာမှာပါဝင်သူ ဦးအောင်မြင့် က RFA ကို အခုလို ပြောပါတယ်။

"ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အစပ်ရောက်တဲ့အခါကျတော့ ပဲခူးတိုင်းအာဏာပိုင်တွေကတားတယ်၊ ကျွန်တော်ကြားတာကတော့ ရန်ကုန်တိုင်းမှာပဲ ခွင့်ပြုချက်ယူပြီးတော့ ပဲခူးတိုင်းမှာ ခွင့်ပြုချက်မယူထားတဲ့အတွက်လို့ကြားတယ်၊ သူတို့တားတဲ့တပ်ဖွဲ့ဝင် အင်အားကတော့ ၃၀လောက်ရှိတယ် ခင်ဗျ"

လမ်းလျှောက်ပွဲကို ဦးဆောင်တဲ့ ရဟန်း၊ သံဃာတော်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ နေ့လည်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာတော့ ငြိမ်းချမ်းရေးလိုလားသူတွေရဲ့ လမ်းလျှောက်ပွဲကို ဆက်သွားခွင့်ပြုလိုက်ပေမယ့် ငြိမ်းချမ်းရေး အလံတွေကိုတော့ ကိုင်ဆောင်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ တောင်းဆိုကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ လူဦးရေ ၈၀လောက်ဟာ တရုတ်-မြန်မာနယ်စပ် အနီးမှာရှိတဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့အထိ မိုင်ပေါင်း ၈၀၀ကျော် ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမှာဖြစ်ပြီး ဒီလမ်းလျှောက်ပွဲကို မနေ့က မနက်ပိုင်းကစလို့ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ  စတင်ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။


DVB TV News
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်မြို့ ကနေ ကချင်ပြည်နယ်လိုင်ဇာအထိ ခရီးရှည် လမ်းလျှောက်တဲ့သူတွေကို ပဲခူးတိုင်း အ၀င်မှာ ဒေသခံ အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။

၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်း ပြောင်းရွှေ့ဖွင့်လှစ်မည်

Ko Marky
၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းကို ဖေဖော်ဝါရီလမှ စတင်၍ ပြောင်းရွှေ့ဖွင့်လှစ်ပါတော့မည်။ ၈၈မျိုးဆက်ကျောင်းသားများနှင့် ဆက်သွယ်လိုသူ အခက်အခဲဖြင့်ရင်ဆိုင်နေရသည့် ပြည်သူများ၊ ရဲဘော်များ၊မိတ်ဆွေများ၊သူငယ်ချင်းများ၊ချစ်သူများ၊မုန်းသူများ၊ရန်သူများ ... မည်သူမဆို
အမှတ်(၁၀၃၉/၁၀၄၀) ၊ သုမင်္ဂလလမ်း ၊ ၁၆/၁ ရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့သို့ ဆက်သွယ်နိုင်ပါသည် ... .

လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းမှုလွှတ်တော်ဥက္ကဋ္ဌသဘောထား


လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသော အဆိုများ၊ မေးခွန်းများ၊ အစီရင်ခံစာများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားသုံးသပ်ချက်



ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  ဦးဖေသန်းရဲ့ ဆွေးနွေးမှု၊ အကြံပေးမှုဟာ ပွင့်လင်းမြင်သာပြီး တာဝန်ခံတာဝန်ယူစေလိုတဲ့ စေတနာပါလို့ တာဝန်ရှိတဲ့သူများ လည်း ပွင့်လင်းမြင်သာအောင်ဆောင်ရွက်ပြီး တာဝန်ခံနိုင်ဖို့ တင်ပြသွားတဲ့အတွက် ချီးကျူးပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ထိုနည်းတူစွာပဲ မိမိလွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လွှတ်တော်နှင့် ဆိုင်တဲ့ကိစ္စများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ပြီး တာဝန်ခံတာဝန်ယူတယ်ဆိုတာလည်း လွှတ်တော် ကို တင်ပြလိုပါတယ်။ ဒီနေရာမှာ ဒီနေ့မနက် ၉း၁၅ မိနစ်က မေးခွန်း၊ အဆိုကိစ္စနှင့် ပတ်သက်ပြီးတော့ မိမိလွှတ်တော်ဥက္ကဋ္ဌထံကို အကြောင်းကြားမှု၊ သတင်းပေးမှုပေါ်မှာမူတည်ပြီးတော့ မေးခွန်းတွေ မေးခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ အဆိုတွေတင်သွင်းခဲ့တဲ့ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီးတော့ ဆွေးနွေးရှင်းပြခဲ့တာကို လည်း လွှတ်တော်အနေနဲ့ သိအောင် ဒီမှာတင်ပြချင်ပါတယ်။ ကျွန်တော်တို့ ဆဋ္ဌမပုံမှန်အစည်းအဝေး မှာ နိုင်ငံနှင့်ပြည်သူများအတွက် အင်မတန်မှ အရေးကြီးတဲ့ စီမံကိန်း၊ ဘတ်ဂျက် သို့မဟုတ် ရ/သုံးနှင့် အခွန်ဥပဒေများကို ပြဋ္ဌာန်းအတည်ပြုပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာလည်း ခုန ဦးဖေသန်း ဆွေးနွေး သလိုပဲ ဒီဥပဒေများဟာ ကျွန်တော်တို့အတွက် အင်မတန်မှအရေးကြီးတဲ့ ဥပဒေများဖြစ်တဲ့အတွက် ဒီဥပဒေတွေပြဋ္ဌာန်းတဲ့နေရာမှာ မှန်မှန်ကန်ကန်စနစ်တကျ ပြဋ္ဌာန်းပြီးနိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဖြစ်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ လွှတ်တော်အစည်းအဝေးတွေကို ခါတိုင်း ပုံမှန်အစည်းအဝေးတွေမှာ တစ်နေ့လုံးဆောင်ရွက်ပြီး ဒီတစ်ပတ်မှာတော့ နေ့တစ်ဝက် အစည်းအဝေး လုပ်မယ်၊ ကျန်တစ်ဝက်ကိုတော့ ကော်မတီများအလိုက် အစည်းအဝေးတွေ ညှိနှိုင်းမှုတွေလုပ်ဖို့ ဆုံးဖြတ်ပြီးဒီအတိုင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် လွှတ်တော်ပုံမှန်အစည်းအဝေးဟာ လွှတ်တော် ရတဲ့အချိန်ကာလရဲ့ တစ်ဝက်ပဲရပါတယ်။ ပြီးရင် ဒီတစ်ပတ်မှာ မဖြစ်မနေပြဋ္ဌာန်းပေးရမယ့် ဥပဒေ ပြဋ္ဌာန်းပေးဖို့ တာဝန်တွေလည်း ကျွန်တော်တို့ လွှတ်တော်ထဲမှာရှိပါတယ်။ ဥပမာအားဖြင့် သမ္မတကြီး မေတ္တာရပ်ခံထားတဲ့ ထားဝယ်စက်မှုဇုန်ကိစ္စမျိုး၊ ဘဏ်ဥပဒေကိစ္စမျိုးအပါအဝင် အရေးတကြီးပြဋ္ဌာန်း ရမယ့် အရေးတကြီးဆိုတဲ့နေရာမှာ လွှတ်တော်ကာလမှာ ပြဋ္ဌာန်းပေးရမယ့် ၆ ခု ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လွှတ်တော်တွေမှာ ဥပဒေပြဋ္ဌာန်းဖို့ အကြွေးတင်နေတာက အကြွေးတင်တယ်ဆိုတာ ဟိုဘက်ဒီဘက်ဆောင်ရွက်ပြီးမှ ပြီးမယ်ကိစ္စတွေက ၉၀ ရှိပါတယ်။ ဒါကြောင့် ဒီဥပဒေ တွေပြဋ္ဌာန်း နိုင်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့ အချိန်ပေးရမယ်၊ အချိန်ပေးရမှာဖြစ်တဲ့အတွက် ဒီတစ်ပတ် ဆဋ္ဌမပုံမှန် အစည်းအဝေးမှာ ဆောင်ရွက်မယ်ဆိုရင် လွှတ်တော်မှာဆောင်ရွက်နေတဲ့ မေးခွန်း၊ အဆိုအပိုင်းကို ထိုက်သင့်တဲ့ အချိန်ပေးမှာသာ ခုနက အရေးကြီးတဲ့ဥပဒေတွေ ပြဋ္ဌာန်းနိုင်မှာဖြစ်ပါတယ်။ တစ်ဘက် ကလည်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေးမဆုံးရှုံးစေချင်ပါဘူး။ ဒါကြောင့်လည်း ပြည်သူ့လွှတ်တော်ကို ရောက်ရှိလာတဲ့မေးခွန်းများကို မိမိလွှတ်တော်ဥက္ကဋ္ဌတာဝန်ယူ တာဝန်ခံ ဆောင်ရွက်မှာနဲ့အညီ မေးခွန်းမှန်သမျှကိုမစိစစ်ဘဲတော့ ပြည်ထောင်စုအစိုးရ သက်ဆိုင်တဲ့ အဖွဲ့အစည်းများသိအောင် အကုန်လုံးမေးခွန်းမှန်သမျှကို ပေးပို့ခဲ့ပါတယ်။ ကြယ်ပွင့်ပြရော၊ ကြယ်ပွင့် မပြရော၊ အဆိုနှင့်ပတ်သက်လို့တော့ စဉ်းစားဆောင်ရွက်ရတာဖြစ်ပါတယ်။ မေးခွန်းတွေ၊ အဆိုတွေ နောက် Agenda အစီအစဉ်တွေ ဆောင်ရွက်တဲ့နေရာမှာလည်း ပိုမိုပြီးစနစ်ကျပြီးတော့ ပိုမိုပြီးတော့ ကောင်းအောင်ဆောင်ရွက်နိုင်ဖို့ လွှတ်တော်ဒုတိယဥက္ကဋ္ဌရယ်၊ ဥပဒေနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌရယ်၊ လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ရယ် တာဝန်ပေးပြီးတော့ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ အဆိုနှင့်ပတ်သက်ပြီးတော့ ကျွန်တော့်ဘက်ကထားရှိတဲ့သဘောထား အခြေအနေလေးကို တင်ပြချင်ပါတယ်။ အဆိုတစ်ရပ်ဟာ ဒီအဆိုအောင်မြင်သွားပြီဆိုလို့ရှိရင် တချို့ဥပဒေဖြစ်သွားပါတယ်။ တချို့မူဝါဒဖြစ်သွားပါတယ်။ တိတိ ကျကျဆောင်ရွက်ဖို့ဆိုရင် ဥပဒေအထိဆောင်ရွက်ရတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အဆိုတင်တဲ့ အခါမှာ ကျွန်တော့်ဘက်က စဉ်းစားထားတဲ့ စေတနာနဲ့ ရည်ရွယ်ချက်က ဒီအဆိုတင်လိုက်တဲ့အပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အပေါ် အထင်သေးခြင်းမခံရစေလိုဘူး။ ဒုတိယအချက်က ကျွန်တော်တို့ လွှတ်တော်အပေါ် အထင်သေး၊ အမြင်သေးမဖြစ်စေချင်ဘူး။ တတိယ အချက်က ကျွန်တော်တို့ လွှတ်တော်မှာ ဒီနေ့ခံယူဆောင်ရွက်နေတဲ့ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့မူအစွဲမထားဘဲနှင့် အများအတွက်၊ တိုင်းပြည်အတွက်၊ ပြည်ထောင်စုအတွက် အကျိုးရှိတဲ့ အဆိုမျိုးဖြစ်စေချင်ပါတယ်။ နောက်တစ်ခုကျတဲ့အခါကျတော့ ကျွန်တော်တို့ ပြောပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပျက်စေချင်ဘူး ပိုကောင်းစေချင်တယ်။ ဒီအပြင်ဘာဖြစ်သေးလဲ။ အရေးကြီးတဲ့ကိစ္စတစ်ခုက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း ဖြစ်စေချင်တယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ အဓိကလိုနေတာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတစ်ခုတည်းတင် မဟုတ်ဘဲ အမျိုးသားပြန်လည်စည်းလုံးရေးဟာ မိမိတို့နိုင်ငံမှာ တကယ်ကို လိုအပ်နေတာဖြစ်ပါတယ်။ နောက်တစ်ခုက အဆိုတင်လိုက်လို့ ဒီအဆိုအောင်မြင်သွားတယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရနှင့်အဖွဲ့အစည်းတွေက ဒီအဆိုပေါ်မူတည်ပြီးတော့ လိုက်ပါဆောင်ရွက်ရတာ၊ အဲ့ဒီလို လိုက်ပါ ဆောင်ရွက်ရတဲ့နေရာမှာ အစိုးရအတွက် အခက်အခဲဖြစ်စေသော၊ အကျပ်အတည်းဖြစ်စေသောကိစ္စ များမဖြစ်စေလိုဘူး။ ဘာကြောင့်လဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးပြောနေတဲ့အချိန်မှာပဲ ကျွန်တော်တို့လွှတ်တော်နဲ့ အစိုးရနဲ့ မလိုလားအပ်သော အထင်အမြင် လွှဲမှားမှု မဖြစ်စေချင်ဘူး။ အစိုးရကို အကျပ်ကိုင်ခြင်း၊ ချောင်ပိတ်စေခြင်းစတဲ့ ဒီလိုအဆိုမျိုးတွေလည်း မဖြစ်စေချင်ဘူး။ မလုပ်ပေးနိုင်တဲ့ကိစ္စများကိုလည်း ကျွန်တော်တို့အားနဲ့၊  လွှတ်တော်အားနဲ့ အတင်း အဆိုကို အတည်ပြုတာမျိုးလည်း မဖြစ်စေချင်ဘူး။ ဒါကြောင့် အဆိုနှင့်ပတ်သက်တဲ့အခါမှာ ဒီအဆိုကို အဆိုအဖြစ်ဆက်လက်ပေးပို့ပြီးတော့ ဖြေကြားစေဖို့၊ လွှတ်တော်မှာဆွေးနွေးစေဖို့၊ တိုက်တွန်းစေဖို့ကိစ္စ ကျတော့ အလေးအနက်ထားစဉ်းစားပါတယ်။ စဉ်းစားတဲ့နေရာမှာ ကျွန်တော် စဉ်းစားပြီးတဲ့အခါမှာ ခုနကဖွဲ့ပေးထားတဲ့ အဖွဲ့တွေဖွဲ့ပြီးတဲ့အခါမှာ သက်ဆိုင်ရာအဆိုတင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များခေါ်ယူတွေ့ဆုံပါ။ တွေ့ဆုံပြီးလို့ရှိရင် ဒီအဆိုအစား မေးခွန်းမေးလို့မရဘူးလား။ မေးခွန်းမေးလိုရရင် မေးခွန်းအဖြစ်မေးပါဆိုပြီးတော့ ဆွေးနွေးညှိနှိုင်းခိုင်းပါတယ်။ အမိန့်ပေးပြီးတော့ ဒီအဆိုမတင်ရ ဒီလိုမရှိပါဘူး။ ဒါက အဆိုနှင့်ပတ်သက်ပြီးတော့ အဲ့တော့ ဒီအဆိုနှင့်ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ စတုတ္ထအကြိမ်တုန်းက အခုလိုပဲညှိနှိုင်းပြီးတဲ့အခါမှာ အဆို ၆ ခုက သက်ဆိုင်ရာတာဝန်ရှိတဲ့ သူများနဲ့ ခေါ်ယူတွေ့ဆုံတဲ့အခါ မေးခွန်းအဖြစ် ၅ ခုပြောင်းပါတယ်။ တစ်ခုကျန်ပါတယ်။ ပဉ္စမအကြိမ် မှာ အားလုံးပေါင်းအဆို ၁၁ ခုက ၁၀ ခုအဖြစ် မေးခွန်းပြောင်းသွားပါတယ်။ တစ်ခုကျန်ပါတယ်။ ဆဋ္ဌမ အကြိမ်မှာတော့ အဆို ၅ ခုပဲတင်ထားတာရှိပါ။ ဒါအဆိုနှင့်ပတ်သက်လို့ရှင်းလင်းတင်ပြတာ ဖြစ်ပါ တယ်။ နောက် မေးခွှန်းနှင့်ပတ်သက်လို့ ကျွန်တော်တို့ ပြန်ကြားပါတယ်။ ကြယ်ပွင့်ပြမေးခွန်းတွေကို အခုလိုစာနှင့်ရေးသားပြောဆိုပေးတဲ့အတွက် စိတ်ထဲမှာကျေနပ်မှုမရှိဘူးဆိုတဲ့ သတင်းလည်း ပြန်ကြား ပါတယ်။ အခုလည်း ဦးဖေသန်းပြောတဲ့နေရာမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဦးဖေသန်းဆွေးနွေး တာတွေ အားလုံးမှန်ပါတယ်။ မေးခွန်းတစ်ခုကို လွှတ်တော်မှာမေးခွန်းရလို့ မေးလိုက်တဲ့အခါမှာ ဒီမေးခွန်းအပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ်ရင် ပြည်ထောင်စုအဖွဲ့ဝင်တွေက ဖြေကြားရပါတယ်။ အဲ့ဒီလိုဖြေကြားလိုက်တဲ့အခါမှာ ဘာအခွင့်အရေးတွေရသလဲဆိုရင် မဲဆန္ဒရှင် ပြည်သူတွေက ငါတို့လွှတ်တော်ကိုယ်စားလှယ်တော့ ငါတို့အတွက်လွှတ်တော်မှာ ဒီလိုမေးခွန်းတွေ မေးတယ်ဆိုတာကို အသံနှင့်သော်လည်းကောင်း၊ ရုပ်နှင့်အသံရောကြားရတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်ပေါ်မှာ ယုံကြည်မှုအားကိုးမှုပိုတဲ့ အခွင့်အရေးတစ်ခုရတယ်။ ဒါတင်လားမဟုတ်ပါဘူး သက်ဆိုင်ရာအဖွဲ့အစည်းကနေ ပြန်လည်ဖြေတဲ့အခါမှာ မရှင်းလို့ပြန်မေးတယ်ဆိုရင် မေးနိုင်တဲ့ အခွင့်အရေးလေးပိုရပါတယ်။ စာဖြင့်မေးတယ်၊ စာဖြင့်ဖြေတယ်ဆိုတာကတော့ ခုနအခွင့်အရေးတွေ မရပါဘူး။ ဒါလည်း မိမိနားလည်လက်ခံပါတယ်။ မေးခွန်းမေးတယ်ဆိုတဲ့နေရာမှာလည်း လွှတ်တော် ဥက္ကဋ္ဌကိုပဲ မေးရတာ၊ လွှတ်တော်ဥက္ကဋ္ဌမှ ဒါနှင့်ဆက်ပြီးတော့ သက်ဆိုင်ရာကို ပေးပို့ရတာဖြစ်ပါတယ်။ အဲ့ဒီတော့ ပြီးခဲ့တဲ့အပတ်ဆိုတာပဉ္စမအကြိမ်မှာ ကျွန်တော်တို့ဆီကို မေးခွန်းပေါင်း ၈၁၉ စောင်ရောက် ပါတယ်။ အဲ့ဒီ ၈၁၉ စောင်က ဒီမေးခွန်းအပေါ်မှာ ကြယ်ပွင့်ပြွဖေဆိုပြီးတာ၊ ဖြေဆိုနိုင်တာ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ၈၅ ခုပဲ ရှိပါတယ်။  ဖြေဆိုဖို့ကျန်တာ ၅၁၄ ခုကျန်ပါတယ်။ အဲ့ဒီကမှ တစ်ခါသက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပြန်ပြီးတော့ ညှိနှိုင်းတဲ့အခါမှာ လောလောဆယ် သူတို့ ဖြေနိုင်ပြီ ဆိုတဲ့ မေးခွန်းဟာ ၁၆၇ ခုရှိပါတယ်။ ပြန်ပြီးတော့ ဖြေဖို့အသင့်ဖြစ်ပြီလိုပြောဖို့ကျန်တာ ၉၀ ကျန်ပါ တယ်။ ဒါသည် ပြီးခဲ့တဲ့ ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးရဲ့ ကြွေးကျန်မေးခွန်းများ ဖြစ်ပါတယ်။ တစ်ခါ စာဖြင့်ဖြေမေးခွန်းအားလုံးပေါင်း ၂၅၇ ခုရှိပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ လာမည့်ဆဋ္ဌမ အကြိမ် အစည်းအဝေးမှာ ဒီမေးခွန်းတွေ၊ ဒီအဆိုတွေဆက်ပြီးတော့ တင်မယ်ဆိုရင် ကျွန်တော်တို့ ရရှိတဲ့ အချိန်၊ တချို့မေးခွန်းကျတော့ ပြီးခဲ့တဲ့ကာလက မေးမြန်းထားတာ တချို့ကိစ္စတွေကပြီးပြီ ဒီမှာပြန်တင် မယ်ဆိုလို့ရှိရင် အချိန်အနေနဲ့ လုံလောက်၊ မလုံလောက်စဉ်းစားလိုရပါတယ်။ စဉ်းစားပြီးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေးမဆုံးရှုံးနိုင်ဖို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် များကိုဖြေပါ။ ကြယ်ပွင့်ပြရော၊ ကြယ်ပွင့်မပြရော ဖြေပါ။ ဖြေပြီးလို့ရှိရင် အဲ့ဒီမေးခွန်းရဲ့အဖြေတွေ လွှတ်တော်ကိုပေးပါ။ လွှတ်တော်ကိုပေးတဲ့အခါမှာလည်း လွှတ်တော်ကလည်း ဒီအတိုင်းမထားဘဲနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ဖြတ်ပါတယ်။ ပြီးတဲ့ အခါမှာ ဒီကော်မတီကနေ သက်ဆိုင်ရာကိုယ်စားလှယ်တွေကိုပေးပါဆိုပြီးတော့ လွှတ်တော် အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေးမဆုံးရှုံးအောင်လည်း အချိန်ကိုလုံလောက် စွာ တောင်းဖို့၊ သုံးနိုင်ဖို့ ဒီလိုဖြစ်ပါတယ်။ လွှတ်တော်အချိန်နှင့်ပတ်သက်ပြီးတော့ အင်မတန်တန်ဖိုးရှိတဲ့ အချိန်တွေကို ကျွန်တော်တို့က မှန်မှန်ကန်ကန်အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်လို့ တစ်ချိန် တုန်းကလည်း မေးဖူးပါတယ်။ လွှတ်တော်က အချိန်ဒီလောက်ကြာကြာကြီးလုပ်နေတာ ဒါကြောင့်မို့လို့ ၆ လလောက်လုပ်လို့ မရဘူးလားစသဖြင့် မေးခွန်းတွေ၊ အဆိုတွေလည်းရှိပါတယ်။ ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်တဲ့အခါမှာ မိမိတို့ဒီနေ့ တွေ့ကြုံနေရတဲ့အခြေအနေဟာ လုံးထွေးပြီးတော့ အလုပ်တွေ ဘယ်လောက်အထိလုပ်နေတယ်။ ဒါတကယ်လုပ်တဲ့လူတွေ၊ လွှတ်တော် လုပ်ငန်းနှင့်ပတ်သက်လို့ တကယ်စေတနာပါပြီးတော့ လုပ်တဲ့သူတွေသိပါတယ်။ ဘယ်လောက်ထိ ပင်ပန်းတယ်။ အစည်းအဝေးခန်းမတင်မဟုတ်ဘူး အစည်းအဝေးခန်းမအပြင်ရောက်တဲ့အခါမှာ လေ့လာဖတ်ရှုရတာ၊ ဆွေးနွေးရတာ အဆောင်ရောက်သွားတဲ့အခါမှာ ဖတ်ရတာ၊ မှတ်ရတာ၊ မေးခွန်း မေးဖို့၊ အဆိုတင်သွင်းဖို့ ဘယ်လောက်အထိ ပင်ပန်းတယ်ဆိုတာကိုလည်း တကယ်လက်တွေ့မှာ လုပ်တဲ့သူတှေ သိပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေကို လွှတ်တော်ထဲမှာထည့်ပြီးတော့ ပြီးခဲ့တဲ့ ဟာတွေဆက်ပြီးတော့ မေးနေမယ်ဆိုရင် ဒီနေ့အရေးကြီးတဲ့ဟာတွေမေးနိုင်တဲ့ အနေအထားမရှိတဲ့ အတွက် ခုနကဲ့သို့ လွှတ်တော်အခွင့်အရေးများမဆုံးရှုံးအောင် ဒီလိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနှင့်ပတ်သက်လို့ အခြေအနေကို မြင်သာအောင်ရှင်းလင်းတင်ပြတယ်။ ဒါနှင့်ပတ်သက် လို့ တာဝန်ရှိရင် ကျွန်တော်မှာ တာဝန်ရှိတယ်။ တာဝန်ရှိတာနှင့်အညီ ကျွန်တော် ရှင်းပြတယ်။ ဒါက ဦးဖေသန်းရဲ့တင်ပြချက်ပေါ်မူတည်ပြီးတော့ မနက်က ၉း၁၅ မှာခုနက ဒီလိုပဲ ကျွန်တော်ဆီကို တချို့ လည်းစာနှင့်ရေးပြီးပြောပါတယ်။ ကျွန်တော် မေးခွန်းတွေ ဘယ်လောက်မေးခဲ့တယ်။ ဒါပေမယ့် ဒီမေးခွန်းတွေ ဖြေတာမရှိသေးဘူး။ ကျွန်တော်ကြည့်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသားသင့်‌မြတ်ရေးအတွက် ဒီလိုကြည့်ပြီးလုပ်တာပါ။ အလွတ်မဲ့ မဟုတ်ပါဘူး။ ဒါပေမယ့် အခွင့်အရေးမဆုံးရှုံးအောင် အဲ့ဒီစကားတွေကို ကျွန်တော်တို့က ပြောဆိုဆွေးနွေးတယ်ဆိုရင် ထိခိုက် နိုင်စရာတွေရှိတဲ့အတွက် ဒါမျိုးကျတဲ့အခါကျတော့ လွှတ်တော်ထဲမှာ မေးခြင်းမြန်းခြင်း မဟုတ်ဘဲနှင့် စာလေးနဲ့ရေးဖြေလိုက်တယ်ဆိုလို့ရှိရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရော၊ အမျိုးသားပြန်လည် သင့်‌မြတ်ရေးရော မထိခိုက်ဘူးဆိုတဲ့ စေတနာနဲ့ ရည်ရွယ်ချက်နှင့်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေ့ လည်း မနက်က အစည်းအဝေးမှာပဲ ခုနက ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်က တင်ပြတဲ့ ကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်ရှင်းပြပါတယ်။ အဲ့ဒီအဆိုနှင့်ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁ ထဲမှာပါပြီးပြီ။ (က)ကနေပြီးတော့ အပိုဒ်ခွဲ (ဈ) အထိရှိတယ်။ အဲ့ဒီအထဲမှာ လုပ်နည်းအဆင့် ဆင့်ပါပြီးပြီ။ ပြီးရင် ဒီမေးခွန်း၊ ဒီအဆိုဟာ ကြည့်‌လိုက်မယ်ဆိုလို့ရှိရင် နိုင်ငံတော်သမ္မတအပါအဝင် ကျန်တဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများကို စွပ်စွဲပြစ်တင်ဖို့အတွက် လုပ်နည်းစည်းမျဉ်းစည်းကမ်း ချက်တွေကို ပြည်ထောင်စုလွှတ်တော် တိုက်တွန်းဖို့ဆိုတဲ့နေရာမှာ ဒီခေါင်းစဉ်ကြည့်လိုက်တာနဲ့ ပတ်ဝန်းကျင်အနေနဲ့ မကောင်းဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်အမြင်ပြောရမယ်ဆိုရင် ဒါဟာ မတင်သင့်ပါဘူးလို့ ဒီလိုပြောပါတယ်။ ပြောတဲ့အချိန်မှာ ဦးအောင်ဇင်က ဒုတိယဥက္ကဋ္ဌနဲ့လည်း တွေ့ပြီး ပါပြီ။ ဒီကိစ္စဟာ ကျွန်တော်တို့ပါတီကနေပြီးတော့ တင်ခိုင်းတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော် ဆက်ပြီး တော့တင်ပါရစေလို့ ပြောပါတယ်။ အဲ့ဒီမှာ ကျွန်တော်က ပြောမယ်လုပ်တဲ့အခါမှာ အဲ့ဒီပါတီက ပုဂ္ဂိုလ် တစ်ဦးကပဲ ဒါနှင့်ပတ်သက်လို့ ပါတီဥက္ကဋ္ဌဆီ တယ်လီဖုန်းဆက်ပါမယ်။ ခုပြောတဲ့ဟာ ဒီလိုဖြစ်တဲ့ အတွက် တင်ပြပါမယ်။ တယ်လီဖုန်းနဲ့တင်ပြပါမယ်။ ကျွန်တော်လည်း အဲ့ဒီအချိန်မှာ တစ်ဆက်တည်းပဲ ပြောပါတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲမထားဘဲနှင့် ဆောင်ရွက် နေတဲ့ကိစ္စရပ်မှာ အဲ့ဒီပါတီက ခုနပြောတဲ့ ကိစ္စအတွက်ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီလိုအကျိုးဆက် တွေဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာတင်ရင် ကျွန်တော်ကန့်ကွက်မယ်။ အဲ့ဒီအတိုင်းပဲ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ကျန်တဲ့ပါတီများလည်း ကျွန်တော်ဘက်က ဆန္ဒရှိတယ်ဆိုရင် သိအောင် ကျွန်တော်ပြောမယ်ဆိုပြီးတော့ ဒီလိုပြောလိုက်ပါတယ်။ အဲ့ဒီတော့ ပါတီစွဲသာထားရမယ် ဆိုရင် ဒီနေ့ လွှတ်တော်မှာ ပါတီကြီးတစ်ခုက ကြီးစိုးထားပါတယ်။ ဘာပါတီဆိုလည်း သိပါတယ်။ ခုနက ကျန်တဲ့ပါတီက တင်ပြလာတဲ့ကိစ္စမှာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးဖြစ်တဲ့ကိစ္စကို ပါတီစွဲထားပြီး တော့ သူ့ပါတီက ဒီလိုကန့်ကွက်လိုက်မယ်ဆိုလို့ရှိရင် ဘယ်လိုမှမတရားဘူး၊ မမျှတဘူး၊ နိုင်ငံ့အကျိုး လည်းမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့အယူ မထားကြပါနဲ့လို့ ပြောပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီဟာလည်း ကျွန်တော်ရှင်းလင်းတင်ပြဖို့ မူလမရှိပါဘူး။ သို့ရာတွင် မနက်က ၉း၁၅ မှာ ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ခုနက ဦးဖေသန်းရဲ့ တင်ပြချက်ပေါ် မူတည်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဘယ်လိုစဉ်းစားတယ်၊ ဘယ်လိုဆောင်ရွက် တယ်ဆိုတာသိအောင် လွှတ်တော်သို့ တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒီလွှတ်တော်အစည်းအဝေးကြီးမှာ တော့ ဒီလောက်ပဲ တင်ပြတယ်။ မနက်ကတော့ ဒီထက်ပိုပြီးတော့ ရှင်းပြလိုက်တာရှိပါတယ်။ ဒါမတင် ပြရဲလို့မဟုတ်ဘူး။ သို့ရာတွင် ဒီလိုရှင်းအောင်ပြောတဲ့နေရာမှာ ပိုပြီးတော့ ရှုပ်သွားပြီးတဲ့အခါမှာ ပဋိပက္ခအသွင်မရောက်ချင်ဘူး။ ဘယ်လုပ်ငန်းလုပ်လုပ် ကျွန်တော်တို့က တစ်ဘက်နှင့်တစ်ဘက် ညှိညှိနှိုင်းနှိုင်းပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ်လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ပြီးတော့ တင်ပြ ရမယ်ဆိုရင် ဦးဖေသန်း ဆွေးနွေးပေးတဲ့နေရာမှာ ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ခံခြင်း၊ တာဝန်ယူခြင်းကို ဆောင်ရွက်ဖို့လိုလားတယ်လို့ ဒီလိုပဲ ပြောပါတယ်။ ကျွန်တော်လည်း လိုလားတယ်။ လိုလားတယ်ဆိုရင် လွှတ်တော်ရေးရာကိစ္စနှင့်ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဒီလို တာဝန်ခံပါတယ်။ တာဝန်ယူပါတယ်။ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာလည်း လွှတ်တော်ကို တင်ပြ ခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လွှတ်တော်ဆိုတာ အရေးကြီးတယ်။ ဘတ်ဂျက် လူတိုင်း နားမလည်ဘူး။ ဒါကြောင့်မို့လို့ ကျွမ်းကျင်တဲ့လူများနဲ့ ဘတ်ဂျက်ကိစ္စကို စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ဖို့ဆိုတဲ့ အကြံပေးချက်ပါပဲ။ မှန်ပါတယ်။ ဒီဘတ်ဂျက် သို့မဟုတ်ရင် စီမံကိန်း ပြီးတဲ့အခါမှာ ဘတ်ဂျက်နဲ့ဆက်စပ်တဲ့ အခွန်ကိစ္စများဟာလည်း နိုင်ငံအတွက် အရေးကြီးပါတယ်။ နိုင်ငံတကာမှာ လည်း ဒီလိုလွှတ်တော် စကားတွေများနေကြတယ်။ အဆုံးအဖြတ်မပေးနိုင်ခင်မှာ ငွေသုံးဖို့ကိစ္စ ရပ်ဆိုင်းထားရတယ်။ သာမန်အသုံးစရိတ်ကလွဲလို့ ဒါလည်းတွေ့နေရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့ စီမံကိန်းဘတ်ဂျက်ကိစ္စနှင့်ပတ်သက်လို့ ကော်မတီဥက္ကဋ္ဌများ အစည်းအဝေး နှစ်ကြိမ်လုပ်ပြီးပါပြီ။ မနေ့က တစ်ကြိမ်လုပ်ပါတယ်။ ဆက်ပြီးလည်း ကျွန်တော်တို့ လုပ်ပါအုန်းမယ်။ အဲ့ဒီတော့ လွှတ်တော် မှာ ဖွဲ့စည်းထားတဲ့ ကော်မတီ ၄ ခုရှိပါတယ်။ ကော်မတီ ၁၉ ခုရှိပြီးတဲ့အခါမှာ ကော်မရှင် ၁ ခုရှိပါတယ်။ ကော်မတီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေက ဖွဲ့ခိုင်းတဲ့ပုံစံအတိုင်းပဲ စတမ်းတင်း ကော်မတီ ၄ ခုဖွဲ့ပါတယ်။ ကျန်တဲ့ ၁၉ ခုကတော့ တကယ်လိုအပ်လို ကော်မတီတွေ ဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကော်မတီ ၁၉ ခုနှင့် ပတ်သက်လို့ ပြန်ကြည်မယ်ဆို ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁)မှာပါတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများက ကျင့်သုံးနေတဲ့ ဥပဒေ များပေါ်အခြေခံပြီးတော့ ဒီကော်မတီတွေ ဖွဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီကော်မတီများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စုအဖွဲ့အစည်းများက ကျင့်သုံးဆောင်ရွက်နေတဲ့ ဥပဒေများကို လေ့လာသုံးသပ်ပြီးတော့ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ အသစ်ပြဋ္ဌာန်းဖို့အတွက်လည်း တစ်ခု ရှိပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ အချင်းချင်းအပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်နေမှုကို အဲ့ဒီကော်မတီအလိုက်ပြန်ပြီးတော့ အင်္ဂလိပ်လိုပြောရင် Check and Balance လုပ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မနေ့ကနဲ့ ဟိုဘက်ကအစည်းအဝေးတွေမှာ သက်ဆိုင်ရာကော်မတီများဟာ သူ့ကော်မတီဆိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့၊ အစိုးရအဖွဲ့၊ ဝန်ကြီးဌာနပြီးတဲ့ အခါမှာ အခြားဌာနများကို တင်လာတဲ့စီမံကိန်းတွေ တင်လာတဲ့ဘတ်ဂျက်တွေကို သေချာစစ်ဆေးပြီးတဲ့ အခါမှာ ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်ပေးဖို့ ဒီထက်ပိုပြီးဆောင်ရွက်ပေးမယ်ဆိုရင် ဒီထက်ပေးပြီးတော့ ဆောင်ရွက်ခွင့်ပေးဖို့၊ တိုက်တွန်းဖို့၊ မလိုတဲ့ကိစ္စတွေကို ဆိုင်းတဲ့နေရာမှာလည်း ဒီလိုကြီးသာမန်ဆိုင်းတာမဟုတ်ဘဲနှင့် ဒါကိုလေ့လာပြီးတော့ ဒီကာလလေးမှာတော့ ခဏဆိုင်းပါဆိုတဲ့ အနေအထားလေးဖြစ်အောင် မနေ့က အစည်းအဝေးမှာ အကျယ်တဝင့်ဆွေးနွေးပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကော်မတီများသည် လွှတ်တော်ထဲက လွှတ်တော်အမြင်များဖြစ်တယ်။ မိမိတို့နဲ့ သက်ဆိုင်တဲ့ဥပဒေများ၊ ဌာနဆိုင်ရာများနဲ့ အချင်းချင်း အပြန်အလှန်ညှိနှိုင်းထိန်းကျောင်းဖို့ကိစ္စ ကော်မတီများရဲ့ တာဝန်များဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကော်မတီအလိုက် သက်ဆိုင်ရာကို စူးစူး စိုက်စိုက်လေ့လာတဲ့အခါမှာ ပိုပြီးတော့လည်း ထိရောက်အောင် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ နေရာတွေမှာ ပါဝင်တဲ့ ကော်မတီအဖွဲ့အဝင်များပါဝင်ပြီးတဲ့အခါမှာ သေသေချာချာ စိတ်ပါဝင်စားစွာနဲ့ ဆောင်ရွက်ဖို့ ဒီထက်အရေးကြီးတဲ့ဒီနှစ်အတွက် ဥပဒေမရှိပါဘူး။ ပြည်သူ့ငွေလည်း ဘယ်သူ့အတွက် သုံးမလဲ ပြည်သူ့အတွက်သုံးမယ်။ ပြည်သူ့အတွက် အကျိုးရှိတာတွေ သုံးမယ်။ အဲ့ဒီအတွက် လွှတ်တော်ကိုယ်စားလှယ်တိုင်းမှာ တာဝန်ရှိပါတယ်။ ဒါငါတို့နဲ့မဆိုင်ဘူး။ ကျွမ်းကျင်တဲ့လူပဲ လုပ်လိမ့် မယ် မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ ဆိုင်ပါတယ်။ ခုန ဦးဖေသန်းပြောသလိုပဲ ကတိကဝတ်ပေးသွားတယ်။ ပေးသွားပြီးအခါမှာအခုမပါဘူးဆိုလို့ရှိရင် ကိုယ့်ကော်မတီမှာ သို့မဟုတ် ဆိုင်တဲ့ကော်မတီမှာ သွားပြီးတော့ ကျွန်တော်ကို ကတိပေးထားပါတယ်။ ဒါပေမယ့် ဒီထဲမှာ မပါပါဘူး။ ဒါကြောင့်မို့လို့ ဒီဟာ ကို ဆောင်ရွက်ပေးပါ။ ဆောင်ရွက်ပေးနိုင်ဖို့အတွက်လည်း ဘတ်ဂျက်ခွင့်ပြုပေးပါလို့လည်း သက်ဆိုင်ရာကို သွားပြီးတော့ တင်ပြလို့ရတယ်။ အဲ့ဒီလို လုပ်ဖို့ဆိုရင် ကာလက အရေးကြီးပါတယ်။ အရေးကြီးတဲ့အတွက် ဘယ်မှာအားထည့်ရမလဲ။ ဒီကော်မတီအလိုက် အစည်းအဝေးတွေလည်း သက်ဆိုင်ရာ လုပ်ရမယ်၊ အားထည့်‌ရမယ်။ ဒါကြောင့်ခုနက ပြန်ဆက်မယ်ဆိုရင် လွှတ်တော်မှာ မေးခွန်းနဲ့ အဆိုကို ပေးနိုင်တာမဟုတ်ဘဲနဲ့ စီမံကိန်းဘတ်ဂျက်ကိစ္စအတွက် သေချာစဉ်းစား ဝေဖန် သုံးသပ်ပြီးတဲ့အခါမှာ လိုတာဆောင်ရွက်ဖို့အတွက် ဦးစားပေးခြင်းဖြစ်ပါတယ်။ ဒါဘတ်ဂျက်ကိစ္စနှင့် ပတ်သက်လို့ ကော်မတီတွေမှာ တာဝန်ရှိတယ်။ ကော်မတီအလိုက် အကုန်လည်းတာဝန်ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီနေ့လို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးအစီရင်ခံစာဖတ်ကြားတဲ့အချိန်မှာ ဒီအစီရင်ခံစာပေါ်မူတည်ပြီးတော့ အဓိက ပါဝင်နားထောင် ရမယ့် ဝန်ကြီးဌာနများကိုလည်း နောက်ပိုင်းကျွန်တော်တို့ ဖိတ်ကြားဖို့ လိုပါတယ်။ ဒါကျွန်တော်တို့ ဘက်က လိုအပ်ချက်ပါ။ အဲ့ဒီအခါကျတော့ သူတို့ကတိပေးခဲ့တယ်၊ ဒါပေမယ့်မလုပ်သေးဘူး။ ဒီလိုပေါ် လာမှာ ဖြစ်ပါတယ်။ ဒါအားလုံးလဲ ကြားသွားမယ်။ သို့ရာတွင် အလုပ်လုပ်တာက ဒီအစီရင်ခံစာပေါ် မူတည်ပြီးတော့ ဆွေးနွေးချက်တွေကို အစိုးရအဖွဲ့ကို ပေးပါတယ်။ ဘယ်ဟာတော့ ကတိဖြစ်တယ်၊ ဘယ်ဟာတော့ လုပ်ပြီးသွားပြီ။ ကတိပေးပြီးတော့ ဒါတော့မလုပ်သေးဘူး။ အဲ့ဒီတော့ ကျွန်တော်တို့က မြန်မာစကားမှာရှိပါတယ်။ လူမှာကတိ၊ မင်းမှာသစ္စာ ဒီလိုဟာတွေရှိပါတယ်။ အဲ့ဒီတော့ ကတိလည်း လွယ်လွယ်မပေးသင့်ဘူး။ ပေးပြီးတဲ့ကတိလည်း ဖြစ်မြောက်အောင်လုပ်ရမယ်။ အဲဒါမှာပဲ ကျွန်တော်တို့ ဘာလဲ။ Good Governance ဖြစ်မယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးဖေသန်း တချို့ ဆွေးနွေးထောက်ပြတာတွေလည်း သက်ဆိုင်ရာ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များစိစစ်ရေးကော်မတီအနေနဲ့ မှတ်သားပြီးတဲ့အခါမှာ ပို၍ ပို၍ကောင်းအောင်၊ တိကျအောင်၊ ခိုင်မာအောင်ဆောင်ရွက်သွားဖို့လိုကြောင်း လွှတ်တော်ကို တင်ပြအပ်ပါတယ်။
အားလုံးကျေးဇူးတင်ပါ တယ်။ (သြဘာသံများ)
http://www.pyithuhluttaw.gov.mm/news/2048#.UP8ZEmdU2Sp

သံဖြူဇရပ် ဈေးမီးလောင်မှု ရှို့မီးဟု သံသယရှိ


DVB TV News
ဒီဗွီဘီ၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၃

မွန်ပြည်နယ် သံဖြူဇရပ် မြို့မဈေးမီးလောင်တာဟာ ရှို့မီးလို့ သံသယရှိနေတဲ့အကြောင်း သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ အာဏာပိုင်တွေက မီးလောင်ခဲ့တဲ့ ဈေးအတွင်းကို သွားရောက် စစ်ဆေးစဉ် ရာဘာအစီးခြစ်ရာမှာ သုံးတဲ့ ဓာတုဗေဒဆေးတမျိုးဖြစ်တဲ့ ကာဗိုက်ဘူးတွေ ဈေးရဲ့ နေရာအနှံ့အပြားမှာ တွေ့ရတဲ့အတွက် အခုလို သံသယ ဖြစ်တာလို့ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးနိုင်ဦးက ပြောပါတယ်။

အထည်ဆိုင်တန်း နေရာတွေမှာလည်း လုပ်ငန်းနဲ့ မပတ်သက်တဲ့ ဘူးတွေ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“ဒီနေ့မနက်ပဲ အာဏာပိုင်တွေနဲ့ ကျနော်လည်းပါတယ်။ ဈေးဝင်းထဲ တံခါးဖွင့်ဝင်ကြည့်တော့ သံသယဖြစ်စရာ ဘူးလေးတွေတွေ့တယ်။ ကာဗိုက်ဘူးတွေပေါ့။ အစေးခြစ်သမားတွေ သုံးတဲ့ ဘူးတွေလေ။ အဲဒါတွေကို တဈေးလုံး နေရာအနှံ့ပဲ တွေ့ရတယ်။ ဈေးခန်း ၂ ခန်း ၃ ခန်းကြား ၁ လုံး ၂ လုံး တော်တော် အနှံ့အပြားတွေ့တယ်။ အစေးခြစ်သမားတွေဆိုရင် ဘူးထဲကို ကာဗိုက်အတုံးလေးတွေထည့်တယ်၊ ရေထည့်တယ်။ ရေနဲ့ ကာဗိုက်အတုံးတွေ့ရင် သဘောက မီးထွက်တာပေါ့။ တချို့အထည်ဆိုင်တွေမှာ ဘာမှ မပတ်သက်တဲ့ အဲဘူးတွေတွေ့တော့ သံသယဖြစ်စရာပေါ့။ ဘူးတွေ့တာကို တာဝန်ရှိသူတွေရော၊ အားလုံးစိတ်ထဲ ထူးဆန်းနေကြတာ။”

ဒီမီးလောင်တာဟာ သွေးရိုးသားရိုး လောင်ကျွမ်းတာ မဟုတ်ဘူးလို့ တချို့ဈေးသူဈေးသားတွေရဲ့ ယူဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက ဈေးကို စစ်ဆေးနေပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တစုံတရာ သုံးသပ်ချက် ပေးတာမရှိသေးပါဘူး။

မီးစလောင်စဉ်မှာ အနီးအနားက လူတွေငြှိမ်းသတ်ဖို့ ကြိုးစားပေမယ့် ဈေးစောင့်က အထဲကို ပေးမ၀င်လို့ မြို့ခံတွေ ဒေါသထွက်ခဲ့ရတဲ့အကြောင်းနဲ့ လတ်တလော အစောင့်တာဝန်ကျသူကို ဖမ်းဆီးထားတယ်လို့ ဦးနိုင်ဦးက ပြောပါတယ်။

သံဖြူဇရပ် မြို့မဈေးမှာ ဇန်န၀ါရီ ၁၉ ရက်နေ့ည ၁၁ နာရီ ပတ်ဝန်းကျင်လောက်ကစပြီး နောက်နေ့ မနက် ၅ နာရီလောက်ထိ မီးလောင်ခဲ့တာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရတာပါ။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ဒီကေဘီအေနဲ့ ပထမဆုံးတွေ့ဆုံ


RFA Burmese

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) အဖွဲ့ က ခေါင်းဆောင်တွေ ဒီကနေ့ မနက်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

DKBA နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အရင်က ဝန်ကြီးဦးအောင်သောင်းတို့အဖွဲ့က တာဝန်ယူ စကားပြောခဲ့တာဖြစ်ပြီး ဝန်ကြီးဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ဒီတစ်ကြိမ်ဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ဒီကနေ့ မြဝတီမြို့ ဆွေးနွေးပွဲဟာ အစိုးရနဲ့ ဒီကေဘီအေ၊ နယ်ခြားစောင့်တပ် BGF စတဲ့အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့ တွေ့ဆုံဆွေးနွေမှု ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက အာအက်ဖ်အေကို ပြောပါတယ်။

အဲဒီ နှစ်ဖက် ဆွေးနွေးပွဲမှာ ဒီကေဘီအေ ခေါင်းဆောင်တွေဖက်က ကချင်ပြည်နယ်က စစ်ပွဲကိစ္စ မေးမြန်းခဲ့ပါတယ်။

KIO က တဖွဲ့ချင်း အနေနဲ့ မဆွေးနွေးလိုပဲ တိုင်းရင်းသား ၁၁ ဖွဲ့နဲ့ဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ အကြောင်းပြန်ထားပါတယ်။

အဲဒီလို KIO က ပြောဆိုချက်အတိုင်း ဖြစ်သင့်တယ်လို့ DKBA ခေါင်းဆောင်တွေက ပြောရာမှာ ဝန်ကြီးဦးအောင်မင်းတို့ဖက်က အကြံပေးတာဝမ်းသာကြောင်းနဲ့ ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောတယ်လို့ သိရပါတယ်။

ဒီကနေ့ မြဝတီမြို့က အစိုးရနဲ့ DKBA တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရတပ်၊ DKBA တပ်နဲ့ BGF တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၂၀၀ လောက်က လက်နက်အင်အား အပြည့်အစုံနဲ့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့် ဂူဗိမာန် ယနေ့ ဖွင့်လှစ်

TunTun Kyaw

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့် ဂူဗိမာန် ယနေ့ ဖွင့်လှစ်ထားကြောင်း သိရလို့ဝင်ကြည့် ဂါရ၀ပြုခဲ့တာပါ။
ယနေ့ (ဇန်န၀ါရီ ၂၂ ရက်) ကျရောက်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၁၀၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားလမ်းရှိ ၎င်း၏ဂူဗိမာန်ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထားသည်။ —

ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရ

ဈာန်'s photo.

တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငြားလိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။

ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။

ရေချိုးဇလုံဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။

"ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။

၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။

ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။

ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။

သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။

ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။

ဒါကြောင့် မှောင်ခိုသမားများဟာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။

Source: http://www.bubblews.com/news/52295-young-women-and-men-tourists-students-and-to-all


တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငြားလိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။

ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။

ရေချိုးဇလုံဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။

"ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။

၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။

ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။

ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။

သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။

ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။

ဒါကြောင့် မှောင်ခိုသမားများဟာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။

Source: http://www.bubblews.com/news/52295-young-women-and-men-tourists-students-and-to-all

ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စား ဆေးခန်း အကြောင်း ...


by Khin Nay Zaw

ရန်ကုန်မြို့  လသာမြို့နယ် ရှိ စဉ့် အိုးတန်းလမ်း အောက်ဘလောက်မှာရှိတဲ့ " ခေတ်မှီ " ဆေးခန်း အကြောင်း နဲ့ ပတ်သက်လို့  သိသမျှ ဖောက်သည်ချ လိုက်ချင်ပါတယ် ...ဖြစ်ရပ်မှန် ကိုယ်တွေ့ ပါ
ခုတစ်လော ...ဂျာနယ်တွေ မှာ ဆက်တိုက်ဆိုသလို ကြော်ငြာအားကောင်းကောင်းနဲ့  တွေ့ နေရတော့ ...
အနာနဲ့ ဆေး တည့် မလားဆိုပြီး တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားခဲ့တယ်
စရောက်တည်းက သတိထားမိတာက ....ဆေးခန်းအပြင်ဘတ်မှာ အထွေထွေရောဂါကုဆရာဝန်၂ယောက်အမည်ပဲဆိုင်းဘုတ်ချိတ်
ထားတာတွေ့  ရတယ်
အဲ့ဒီ ဆရာဝန်၂ယောက် က မြန်မာ နာမည် နဲ့ .... ပါ
နောက် တစ်ချက်က ....လူနာမှတ်တမ်း စာအုပ်ယူပြီးတာနဲ့ 
ပိုက်ဆံ ၅၀၀၀/ စတောင်းပါတယ် ဒါလဲ ထားတော့ ...
နောက်တစ်ချက် က .... ဆရာ လာပြီတဲ့ ဆိုပြီးနာမည်ခေါ်တော့ ....
ကျမ အထင်က မြန်မာဆရာဝန်ပဲထင်ခဲ့တာပါ
အဲ့ဒီမှာ စတွေ့ တော့တာပါပဲ .... ဆရာဝန်က တစ်ရုတ် လူမျိုး
အသက် ၃၀ ခန့်  မြန်မာ စကားမတတ်ဘူး မြန်မာ တရုတ်
ကောင်မလေး တစ်ယောက်က စကားပြန်လုပ်ပေးတယ် ...
အရင်က ကျှီးပေါင်း ဖြစ်ဖူးလို့  မြန်မာဆရာဝန်နဲ့  ပြတာ ပျောက်သွားပြီး
ကာမှ .... အခန့် မသင့်တော့
ပြန်ဖြစ် ချင်သလို ဖြစ်တာနဲ့  ခုတစ်လော ဂျာနယ်တွေ မှာ ကြော်ငြာ ကောင်းတာကြောင့် ဒီဆေးခန်းကို လာခဲ့မိတာ ..
မေးကြည့် တော့ တရုတ်တိုင်းရင်းဆေး ဆရာလို့ ပြောတယ်
ဒါပေမယ့် ....
ဘာအထောက်အထားမှ မရှိ ဘူး အနည်းဆုံး တိုင်းရင်းဆေး
အသိအမှတ်ပြု လက်မှတ် တစ်ခုခုပေါ့ ...အဲ့ဒါလည်းမတွေ့ ရပါဘူး ....
အဓိကပြောပြချင်တာက ဆေးကို ရက်၃၀ သောက်ရမယ်ပြောတယ် ..
ပုခုံး ၂ဖတ် ကိုလည်းဆေးထိုးရမယ်လို့ ပြောတယ် ...
ဘာမှလဲ သေချာ စစ်ဆေးပေးတာမျိုးလည်းမရှိဘူး
ဒါပေမယ့် သောက်ရမယ့် ဆေးဖိုးက လေးသောင်း
ကျမယ်လို့ ပြောတယ်
ထင်လိုက်တာက ရက် ၃၀ စာကို ဆေးဖိုး ငွေ လေးသောင်း လို့ ထင်လိုက်တာ ... အဲ့ဒီအချိန်မှာ ဆရာဝန် ကို လည်း
သိပ်မကြိုက်တော့ ..ဆေးလည်းမထိုးချင်ဘူး သောက်ဆေး
ကို လည်း၁၅ ရက်စာပဲ ယူမယ်လို့ ပြောလိုက်တယ် ....
အဲ့ဒီ တော့ ကောင်မလေးက ပိုက်ဆံ အရင်ရှင်းရမယ် လို့ ပြောတယ် ဘောင်ချာမှာ ရေးထားတာ ကြည့် လိုက်တော့600000(ခြောက်သိန်း)တိတိဖြစ်နေတာ
ကိုတွေ့ လိုက်ရတယ် ..
သေချာအောင် မေးကြည့်လိုက်တော့မှ ဆေးတစ်ရက် စာ ကို
လေးသောင်း ဆိုပြီးပြောတယ် .....
အံ့ သြ လွန်းလို့ ယုံတောင် မယုံ နိုင်ပါဘူး
သောက်သေး ၃မျိုး နှင့် ကပ်ခွာ တစ်ခု တစ်ရက် စာ ကို လေးသောင်းကျ တယ် ဆိုတာ .... ဘယ်လိုဆေးမျိုး ပါလဲ စိတ်ဝင်စားစရာပါပဲ
အဲ့ဒါနဲ့ စကားအချေအတင်မပြောချင်တော့တာနဲ့ ၂ရက်စာ
ရှစ်သောင်းဖိုး ၀ယ်လာခဲ့ရပါတော့တယ် ....
ဒါပေမယ့် အဲ့ဒီဆေးကိုမသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ် .... ကိုယ် မသိတာတွေ သိခဲ့ရလို့  ရှစ်သောင်းတန်တယ်လို့ ပဲ စိတ်ဖြေလိုက်ပါတယ် မနက်ဖြန်ကစပြီးအဲ့ဒီ ဆေးခန်းကိုဆက်လက်စုံစမ်းသွား ပြီးအမှန်တရား
ကိုဖော်ထုတ်သွား မှာဖြစ်ပါတယ်
ကိုယ့်လိုမဖြစ်ရလေအောင် ဓာတ်ပုံနှင့် တကွ တင်ပြ လိုက်ပါတယ်

ရန်ကုန် - လေလွင့်ခွေးများရဲ့ သုခမြို့တော်



Published on 22 Jan 2013

http://www.youtube.com/watch?v=YOKuP_aNaHI

ရန်ကုန် - လေလွင့်ခွေးများရဲ့ သုခမြို့တော် (ဖီချာ)

လူဦးရေ ၆သန်းရှိတဲ့ ရန်ကုန်မြို့ဟာ မြို့တော်ရဲ့အလှအပတွေနဲ့ ကင်းဝေးခဲ့တာ တော်တော်ကို ကြာမြင့်ခဲ့ပါပြီ။ အစိုးရရုံးစိုက်ရာမြို့တော်အဖြစ် ၂ဝဝ၅ခုနှစ်မှာ နေပြည်တော်ကို ပြောင်းရွှေ့သွားကတည်းက ရန်ကုန်မြို့တော်ကြီးဟာ အစိုးရရဲ့ လျစ်လျူရှုမှုကို နှစ်အတော်ကြာ ခံခဲ့ရပါတယ်။

အခုတော့ အရပ်သားအစိုးရသစ် တက်လာပြီး ရန်ကုန်ကို အစစအရာရာ ပြန်လည်မွမ်းမံဖို့ အားထုတ်လာကြပါပြီ။ ဒါပေမယ့် အမှိုက်ပုံကြီးလိုဖြစ်နေတဲ့ ရန်ကုန်မှာ လမ်းပေါ်က ခွေးလေခွေးလွင့် ပေါက်ဖွားမှုနှုန်းက ကြောက်ခမန်းလိလိ ဖြစ်လာနေပါတယ်။
Yangon: City of Joy for Stray Dogs


KamayutMediaTV




နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး





“နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှုအား သတင်းထုတ်ပြန်ခြင်း

Tue, 01/22/2013 - 07:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၁၃ )
၂၀၁၃ ခုနှစ်၊  ဇန်နဝါရီလ    ၂၂     ရက်
၁၃၇၄ ခု၊ ပြာသိုလဆန်း     ၁၁    ရက်

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှုအား သတင်းထုတ်ပြန်ခြင်း

၁။          “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် အတည်ပြုပြီး  နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် (၁၈-၁၁-၂၀၁၂) ရက်တွင် ပေးပို့သည်။ နိုင်ငံတော်သမ္မတက ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်သော ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ပြုရန်ဖြစ်သည့် ဒီမိုကရေစီ ကျင့်စဉ်ကို ဆန့်ကျင်သော ပြဋ္ဌာန်းချက်များ ပါရှိခြင်းကြောင့် ပြင်ဆင်ပေးပါရန် သဘောထား မှတ်ချက်ပြု၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်သို့ (၂၃-၁၁-၂၀၁၂) ရက်တွင် ပြန်လည်ပေးပို့ခဲ့သည်။ [အဆိုပါ သတင်းအပြည့် အစုံအား (၂၈-၁၁-၂၀၁၂) ရက်ထုတ် သတင်းစာတွင် ဖော်ပြပြီးဖြစ်သည်။]

၂။     အဆိုပါ ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ထပ်မံဆွေးနွေးပြီး  အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတ အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်အရ ပြန်လည်ပေးပို့လာသည်။  ယင်း ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များသည် ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ်ပေးပို့လာသော ပြင်ဆင် ပြဋ္ဌာန်းချက် များအတိုင်းပင် ပြန်လည် အတည်ပြုထားခြင်း ဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစု၏ သဘောဆန္ဒဖြင့် အတည်ပြုထားခြင်းဖြစ်ရာ အများဆန္ဒအား အလေးဂရုပြုသော အားဖြင့် နိုင်ငံတော်သမ္မတက အတည်ပြု လက်မှတ်ရေးထိုး၍ ဥပဒေနှင့်အညီ ပြန်လည် ပေးပို့ခဲ့သည်။ ထိုသို့ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံအား အများပြည်သူ သိရှိနိုင်ရန် အောက်တွင် ဖော်ပြသည်-  

“ရည်ညွှန်းချက်။
  
(၁)    နိုင်ငံတော်သမ္မတ ထံသို့ ပြည်ထောင်စုလွှတ်တော် နာယက က ၁၈ - ၁၁ - ၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၁/ပထ(စည်းဝေး) ၉/ ၂၀၁၂-   ၇၉ ဖြင့် ပေးပို့သည့် သဝဏ်လွှာ

(၂)နိုင်ငံတော်သမ္မတ မှ ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ၂၃-၁၁-၂၀၁၂ ရက်စွဲပါစာအမှတ်၊  ၁၀၇(၃)/၈/သမ္မတရုံး ဖြင့် ပေးပို့သည့် သဝဏ်လွှာ

(၃)နိုင်ငံတော်သမ္မတ ထံသို့  ပြည်ထောင်စုလွှတ်တော် နာယက က        ၁၅-၁-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၁/ပထ(စည်းဝေး)၉/ ၂၀၁၃-၄ ဖြင့် ပေးပို့သည့် သဝဏ်လွှာ

 ၁။  ရည်ညွှန်း(၂)ပါစာဖြင့် မိမိက သဘောထား မှတ်ချက်ပြု၍ ပြန်လည် ပေးပို့သည့် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အပေါ် ရည်ညွှန်း(၃)ပါစာဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြန်လည် ပေးပို့လာသော ဥပဒေကြမ်းအား လက်ခံရရှိပါသည်။

၂။    အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် “တည်ဆဲ ဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားချက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က) ပါ ပြဋ္ဌာန်းချက် ဖြစ်သည့် “နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်” ဆိုသည့် ဒီမိုကရေစီ ကျင့်စဉ်ဆိုင်ရာ ပြဋ္ဌာန်းချက်တို့ကို ဆန့်ကျင်လျက် ရှိကြောင်း သဘောထား မှတ်ချက် ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

၃။           သို့ရာတွင် အဆိုပါ ဥပဒေကြမ်းအား ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အဝေးတွင် ဒုတိယရှေ့နေချုပ်၊ ပြည်သူု့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးနှင့် အမျိုးသားလွှတ်တော် မှ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးတို့က ဆွေးနွေးကြပြီး  မဲခွဲဆုံးဖြတ်ရာ လွှတ်တော် ကိုယ်စားလှယ် အများစု၏ သဘောတူညီချက်အရ ပြည်ထောင်စုလွှတ်တော်က ပေးပို့သည့် မူလပြဋ္ဌာန်းချက်များအတိုင်း အတည်ပြုရန် ဆုံးဖြတ်ကြောင်း သိရှိရပါသည်။

၎။         ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း၊ မညီညွတ်ခြင်းသည် ဖြစ်ပေါ်လာမည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ်အပေါ်၌သာ မူတည်ပါမည်။ မိမိအနေဖြင့် လွှတ်တော် ကိုယ်စားလှယ် အများစု၏ သဘောဆန္ဒအရ အတည်ပြုထားသော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အပေါ် အများဆန္ဒအား အလေးဂရုပြုသော အားဖြင့် အတည်ပြု လက်မှတ်ရေးထိုး၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက် အရ ပြန်လည် ပေးပို့အပ်ပါသည်။

၅။        ဖွဲ့စည်းပုံ အခြေခံဥပဒေ “ဥပဒေပြုရေးအခန်း”တွင် ဥပဒေများ၏ အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၉၈၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်သည် အထူးအလေး ဂရုပြုသင့်ကြောင်း အောက်တွင် ဖော်ပြပါသည်-

“၁၉၈။          လွှတ်တော် အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဦးစီးအဖွဲ့ များက ပြဋ္ဌာန်းသည့် ဥပဒေ များ၏ အကျိုး သက်ရောက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ် လွှတ်တော်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက် သည့် ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊ တည်ဆဲ ဥပဒေတစ်ရပ်ရပ်သည် လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ  ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း လိုက်နာ ကျင့်သုံးရမည်၊ ”

၆။  သို့ပါ၍ နိုင်ငံတော်သမ္မတ အတည်ပြု လက်မှတ်ရေးထိုးပြီး သော “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” အား ဆက်လက် ဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာ ပေးပို့အပ်ပါသည်။”

၃။         နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် အထက်အပိုဒ်(၂) ရည်ညွှန်းချက်(၁)ပါသဝဏ်လွှာ ဖြင့် ပေးပို့လာသည့် အဆိုပါဥပဒေကြမ်း၏ မူလပြဋ္ဌာန်းချက်များ၊ ရည်ညွှန်းချက်(၂)ပါ သဝဏ်လွှာဖြင့် ပြန်လည်ပေးပို့သည့် ပြဋ္ဌာန်းချက်အလိုက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များ၊ ရည်ညွှန်း ချက်(၃)ပါသဝဏ်လွှာဖြင့် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ)ပါပြဋ္ဌာန်းချက်အရ ပြန်လည်ပေးပို့လာသည့် အပြီး သတ် အတည်ပြုချက်တို့ကို နှိုင်းယှဉ်လျက် အောက်တွင် ဖော်ပြသည်-

ပြည်ထောင်စုလွှတ်တော်၏

မူလပြဋ္ဌာန်းချက်

(အထက်အပိုဒ် ၂၊ ရည်ညွှန်းချက် ၁ သဝဏ်လွှာပါ။)

နိုင်ငံတော်သမ္မတ၏

သဘောထားမှတ်ချက်

(အထက်အပိုဒ် ၂၊ ရည်ညွှန်းချက် ၂ သဝဏ်လွှာပါ။)

အပြီး သတ်

အတည်ပြုချက်

(အထက် အပိုဒ် ၂၊ ရည်ညွှန်းချက် ၃ သဝဏ်လွှာပါ။)


  


  



၂။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေတွင်-

(က)ပုဒ်မ ၆ ကို အောက်ပါ အတိုင်း အစား ထိုးရမည်-

         “၆။ နိုင်ငံတော် သမ္မတသည် မိမိရွေးချယ် ထားသည့် အဖွဲ့ ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ ဝင် ၃ ဦးနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ် ထားသည့် အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ရွေးချယ်ထားသည့်  အဖွဲ့  ဝင် ၉ ဦး၏ အမည်စာရင်းကို လည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တို့နှင့်ညှိနှိုင်း၍ရွေးချယ်သည့် အဖွဲ့  ဝင်တစ်ဦး၏ အမည်ကို လည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး  သဘောတူညီချက် ရယူရမည်။”

ဥပဒေကြမ်း၏ ပုဒ်မ၂၊ ပုဒ်မခွဲ(က) နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂၁ ၌ "နိုင်ငံတော်သမ္မတသည် မိမိ ရွေးချယ် ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ် ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည် စာရင်းကို လည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ရန် အဖွဲ့ဝင် တစ်ဦး၏ အမည်ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။" ဟု ပြဋ္ဌာန်းထားပါသည်။ လွှတ်တော်၏ ပြင်ဆင်ပြဋ္ဌာန်းလိုချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်လျက် ရှိရ်ာဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ၂၂ ခုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မဆန့်ကျင်သော ပြဋ္ဌာန်းချက်သာလျှင် အတည်ဖြစ်သည်ဟု ပုဒ်မ ၄၄၆ တွင် ပြဋ္ဌာန်းပြီး ဖြစ်ရာ ဆန့်ကျင် ပြဋ္ဌာန်းလျှင် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ပါသည်။
  
ပြည်ထောင်စုလွှတ်တော်၏ မူလ ပြဋ္ဌာန်းချက် အတိုင်း အတည်ပြုသည်။

၂။(ခ) ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဇ)၏ နောက်တွင် ပုဒ်မခွဲ (ဈ)ကို အောက်ပါအတိုင်းဖြည့်စွက် ရမည်-

“(ဈ)  မိမိတို့၏ လုပ်ငန်း တာဝန်များဆောင်ရွက် ချက်နှင့် စပ်လျဉ်း၍ မိမိတို့အား ရွေးချယ် သည့် သက်ဆိုင်ရာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံသို့ အသီးသီး အစီရင်ခံခြင်း။”
  
ဥပဒေကြမ်း၏ ပုဒ်မ၂၊ ပုဒ်မခွဲ (ခ) နှင့်စပ် လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၂ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၂ နှင့် ၃၂၃ တို့၏ ပြဋ္ဌာန်းချက်များတွင် ပါရှိသော ခုံရုံး၏ လုပ်ငန်းတာဝန်များအား စုစည်းဖော်ပြ ထားခြင်း ဖြစ်ပါသည်။ ဖြည့်စွက်သည့် ပုဒ်မခွဲ(ဈ)ပါ ဖော်ပြချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်း မရှိသည့် အပြင် ထိုသို့ဖြည့်စွက် ပြဋ္ဌာန်းပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမြင့်ဆုံး တရားရုံးဖြစ်သည့် ထိုခုံရုံး၏ လွတ်လပ်စွာ တရားစီရင် ဆုံးဖြတ်နိုင်ခွင့် ကို ထိခိုက်မည်ဖြစ်ပါသည်။ တနည်းအား ဖြင့် တရားစီရင်ရေးကဏ္ဍအား ဝင်ရောက် စွက်ဖက်မှုဖြစ်လာပါမည်။်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်း ချက်အရ လွတ်လပ်စွာ တရားစီရင်ရေးမူ ကိုလည်း ဆန့်ကျင်နေပါသည်။ ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)ပါပြဋ္ဌာန်းချက်အား ဆန့်ကျင်လျက် ရှိရာ ဒီမိုကရေစီအနှစ်သာရ ပီပြင်စေရေး အထူးစောင့်ထိန်းရမည့် အချက်ဖြစ်သဖြင့် ဖြည့်စွက် ပြဋ္ဌာန်းရန်မသင့်ကြောင်း တွေ့ရှိ ရပါသည်။
  
ပြည်ထောင်စုလွှတ်တော်၏ မူလ ပြဋ္ဌာန်းချက် အတိုင်း အတည်ပြုသည်။

၃။    နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင် ပုဒ်မ ၂၃ ကို ပုဒ်မ ၂၄ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၄ ကို ပုဒ်မ၂၃ အဖြစ်လည်းကောင်း ပြန်လည် အမှတ်စဉ် ရမည်။ ထိုသို့ ပြန်လည်အမှတ်စဉ် သည့်ပုဒ်မ ၂၄ ကို အောက်ပါ အတိုင်း အစားထိုးရမည်-

“၂၄။  ပုဒ်မ ၂၃ အရ ချမှတ် သော ခုံရုံး၏ ဆုံးဖြတ်ချက် သည် အပြီး အပြတ် ဖြစ်စေ ရမည်။”
  
ဥပဒေကြမ်း၏ ပုဒ်မ ၃ နှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၄ ကိုပြင်ဆင် အစားထိုးပါက အပြီး အပြတ် အတည်ဖြစ် သောခုံရုံး၏ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဆ)ပါ တရားရုံးတစ်ရုံး ကတင်သွင်းသော အကြောင်းကိစ္စအပေါ် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တစ်ခုနှင့် သာ သက်ဆိုင်စေမည်ဖြစ်ပါသည်။ ကျန် အကြောင်းကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ၏ ဆုံးဖြတ်ချက်များသည် အပြီး အပြတ် ဖြစ်မည်မဟုတ်သဖြင့် အယူခံပြင်ဆင် တက်ရောက်နိုင်ခွင့်ရှိသော ဆုံးဖြတ်ချက် အဖြစ်သို့ သက်ရောက်စေပါသည်။ ယင်း ပြင်ဆင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ ပါ ပြဋ္ဌာန်းချက်ဖြစ်သော "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည် ဖြစ်သည်"ဆိုသည့် ပြဋ္ဌာန်း ချက်အား ဆန့်ကျင်သဖြင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ ပျက်ပြယ်မည်သာ ဖြစ်ပါသည်။
  
ပြည်ထောင်စုလွှတ်တော်၏ မူလ ပြဋ္ဌာန်းချက် အတိုင်း အတည်ပြုသည်။

၎။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံးရုံးဥပဒေတွင် ပုဒ်မ ၂၅ ကို ပယ်ဖျက်ရမည်။
  
ဥပဒေကြမ်း၏ ပုဒ်မ ၄ နှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၅ မှာ ခုံရုံးဆုံးဖြတ်ချက် များသည် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့ အစည်းနှင့် ပုဂ္ဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့ လည်းကောင်း အာဏာသက်ရောက်စေ ရန် ပြဋ္ဌာန်းချက်ဖြစ်ပါသည်။ ပုဒ်မ ၂၅ ၏ အနှစ်သာရမှာ ခုံရုံး၏ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှုအပေါ် အငြင်းပွားမှု မရှိစေရန်ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ ပြဋ္ဌာန်းထားခြင်းမရှိပါက ခုံရုံး၏ အကျိုးသက်ရောက်မှုအပေါ် အငြင်းပွားခြင်း၊ အဓိပ္ပာယ် ဖွင့်ဆိုရခြင်းများ ရှိလာနိုင် သဖြင့် မူလဥပဒေ ပြဋ္ဌာန်းချက်ပုဒ်မ ၂၅ ကို ပယ်ဖျက်၍ မရကြောင်း တွေ့ရှိရပါသည်။
  
ပြည်ထောင်စုလွှတ်တော်၏ မူလ ပြဋ္ဌာန်းချက် အတိုင်း အတည်ပြုသည်။

၎။         “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှုအား အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန်အပ်ပါသည်။

http://m.president-office.gov.mm/zg/briefing-room/news/2013/01/22/id-2423