Wednesday, January 23, 2013

UNFC ကတဆင့် ကချင်အရေးဆွေးနွေးဖို့ အစိုးရလက်ခံမည်

r Voa Burmese 21 minutes ago · မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လက်နက်ကိုင် တပ်တွေကြား တိုက်ခိုက်မှုတွေ ဆက် လက် ဖြစ်ပွားနေချိန်မှာပဲ အစိုးရကတော့ ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးသွားဖို့ ဆန္ဒရှိနေဆဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ တိုက်ခိုက်မှုတွေ အပြင်း အထန် ဖြစ်ပွားမယ့် အရိပ်အယောင်တွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်နေကြတဲ့ ဒေသခံတွေလည်း ဆက်လက် တိမ်းရှောင် နေကြရတာပါ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာတွေ ဘယ်လောက် ရှိနိုင်မလဲ ဆိုတာကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။ မြန်မာအစိုးရက ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်ပေ မဲ့လည်း ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့် ထားဆဲ ဖြစ်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီအဖွဲ့က ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး ဆွေးနွေးဖို့ ကမ်းလှမ်း ထားတာကို တဖွဲ့ချင်း အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တွေနဲ့ အတူ တွေ့ဆုံဖို့ ကချင်လက်နက်ကိုင် အဖွဲ့ဘက်က တုံ့ပြန်ထား တာပါ။ မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ တွေ့ဆုံဖို့ အတွက်လည်း အသင့်ရှိတဲ့အကြောင်း ပြောပါတယ်။ "ကျနော်တို့ကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ။ ကမ်းလှမ်းထားပြီးပြီ။ နိုင်ငံတော် သမ္မတ ကလည်း အကြိမ်ကြိမ်ပြောတယ်။ နောက်ပြီးတော့ လုပ်ငန်းကော်မီတီကလည်း ကမ်းလှမ်း ထားပြီးပြီ။ KIO ကတော့ ပထမတော့ သူတို့ အကောင်းဘက်ကို မျှော်လင့်တယ်လို့ ပြော တယ်။ နောက်ပိုင်းမှာ သဘောထားပြောင်းပြီးတော့မှ UNFC ကပဲ ပြောမယ်ဆိုပြီးတော့ တုံ့ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဘယ်လိုပဲ ဆွေးနွေးရ၊ ဆွေးနွေးရ-လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ဆိုရင် ဆွေးနွေးဖို့ အသင့်ရှိပါတယ်။" KIO ကတော့ အစိုးရတပ်တွေက ထိုးစစ်တွေ ဆက်လက် ဆင်နွှဲနေတဲ့အတွက် ဆွေးနွေးဖို့ မဖြစ်နိုင်သလောက် အခြေအနေ ကြုံနေရတာလို့လည်း ပြောဆိုထားတာပါ။ အစိုးရက ထိုးစစ်တွေရပ်ပြီး ဆွေးနွေးဖို့ ကြေညာခဲ့တာ ၅ ရက်မြောက်လာတဲ့ အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး KIO ထိန်းချုပ်ရာ မဟာဗျူဟာမြောက် တောင်ကုန်း တခုကို လည်း မြန်မာစစ်တပ်က သိမ်းယူဖို့ ကြိုးပမ်းနေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ခေါ် ကျောင်းသားတပ်မတော်က ဗိုလ်မှူးမင်းဋ္ဌေး ကပြောပါတယ်။ "ဒီဒေသမှာ ရှိနေတဲ့ တောင်ကုန်းတွေ တော်တော်များများက ပွိုင့် ၇၇၁ ပေါ့နော်။ အဲဒါလည်း သူတို့ သိမ်းပြီးသွားပြီ။ နောက် ဖုန်းပြင်ဘွမ် ဆိုတဲ့ အမြင့်တောင်ကုန်းကိုလည်း သူတို့ တက်ယူပြီးသွားပြီ။ အခု ဒီမှာ ကျန်နေတာက ခါယာတောင်က သူတို့နဲ့ level ရှိနေတာပေါ့နော်။ အဲဒီ ခါယာတောင်ကို ရရင် သူတို့က ဒီဒေသတစ်ခုလုံး လိုင်ဇာ၊ ဘာ-ညာ အကုန်လုံးကို စိုးမိုးနိုင်ပြီပေါ့။ ဒီ တောင်ကုန်း တစ်ကုန်း ကျန်နေတာ။ အဲဒီ တောင်ကုန်း တစ်ကုန်းကို KIA ကလည်း ခုခံနေကြတယ်။ တတ်နိုင်တဲ့ဘက်ကနေ။ အဲဒီတော့ ဒီဒေသ ကျရေး မကျရေးဆိုတာ အဲဒီ တောင်ကုန်းနဲ့ပဲ ဆိုင်တယ်။ ခါယာတောင်ကုန်းကို သူတို့ သိမ်းပြီးသွားရင်တော့ လိုင်ဇာဒေသအကုန်လုံးဟာ စစ်ရေးအရ ကျသွားပြီလို့ ပြောလို့ ရတာပေါ့နော်။" ဒါပေမဲ့လည်း စစ်ရေးအရ အခရာကျတဲ့ ခါယာတောင်ကုန်းကို မြန်မာစစ်တပ်က သိမ်း ပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုချက်ဟာ မမှန်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ကပြောခဲ့တာပါ။ ဒီလိုပဲ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာ စစ်တပ်ကို ခြုံခိုတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ထိခိုက်မှုတွေတောင် ကြုံနေရတယ် လို့ ပြောပါတယ်။ "မနေ့က ညနေဘက်မှာ လဂျားယန်မှာရှိတဲ့ ကျနော်တို့တပ်တွေ နေရာယူထားတဲ့ တောင် ကုန်း တစ်ကုန်းကို KIA ၅၀ လောက်က နာရီဝက်လောက် လာပစ်တာ ရှိပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာ။ မနေ့က မိုးမိတ်ကျောက်စခန်းမှာလည်း ကျနော်တို့ဆီကနေပြီး တပ်ရင်းကို ပြန်လာနေတဲ့ တပ်မတော်စစ်ကြောင်းတွေ စီးလာတဲ့ ကားတွေကို KIA က မိုင်းခွဲ တိုက်ခိုက်တာ ရှိပါတယ်။ ရဲဘော်တချို့ ထိခိုက် ဒဏ်ရာရတာ ရှိပါတယ်။ ခါယာတောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ ကျနော်တို့တပ်တွေ ရှိတယ်။ အဲဒီတပ်တွေကို သူတို့က တောက်လျှောက်ပစ်တော့ ကျနော်တို့ဘက်က အဲဒီဘက်ကို ပြန်ပစ်တာတော့ ရှိတာပေါ့ဗျာ။ အဲဒါမျိုးတော့ ရှိပါတယ်။ အဲဒီနားမှာ သူတို့တပ်တွေနဲ့ ကျနော်တို့တပ်တွေက ကပ်နေတာကိုး။ ကပ်တော့ သူတို့ကပစ်လိုက်၊ ကျနော်တို့ဘက်က ခုခံတဲ့အနေနဲ့ ပြန်ပစ်တယ်။ အဲဒါမျိုးတော့ ရှိပါတယ်။" ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ပျက်ပြားပြီး တစ်နှစ်ခွဲလောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ ဒီနှစ်ဆန်းပိုင်းကစလို့ ကြီးထွားလာခဲ့တာပါ။ မြန်မာ အာဏာပိုင်တွေကတော့ အစိုးရရဲ့စစ်ကြောင်းတွေကို ကချင်လက်နက်ကိုင် တပ်တွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ စစ်ရေးရည်မှန်းချက်တွေ ရရှိပြီး ဖြစ်တဲ့ အတွက်လည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး ထိုးစစ်တွေ ရပ်မယ်လို့ ကြေညာခဲ့တာပါ။ လတ်တလောမှာတော့ အပြန်အလှန် စွပ်စွဲချက်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့ ဒေသခံတွေကတော့ အထိတ်တလန့်နဲ့ ဆက်လက် တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် နာမည်ကျော် ကျောက်စိမ်းထွက်ရာ ဖားကန့်၊ လုံးခင်း စတဲ့နေရာတွေက ဒေသခံ အမြောက်အများဟာလည်း ဒီရက်ပိုင်းမှာပဲ ဘေးလွတ်ရာ တိမ်းရှောင် နေကြရတယ် လို့ ဒေသခံတယောက်က ပြောပြပါတယ်။ "အခု လောလောဆယ်တော့ တိုက်ပွဲတွေ ဖြစ်နေတာပေါ့လေ။ ရွာမှာလည်း မီးရှို့ပစ်မယ်လို့ -အဲလိုလည်း ပြောကြတယ်။ သတင်းကြားတယ်။ ဘယ်လိုမှန်းလည်း မသိသေးဘူး။ အခု ကျမတို့တောင်မှ အောင်ရာရပ်ကွက်မှာပဲ လာနေနေပါတယ်။ လူဦးရေကတော့ ၂၀၀- ၃၀၀ လောက်တော့ ရှိမယ်။" သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူ တချို့ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ပဋိပက္ခတွေ အဆုံးသတ်စေရေး ချီတက်လှုပ်ရှားမှုတွေ တနင်္လာနေ့ ကပဲ စတင်လိုက်သလို ဒေသတွင်းနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်း အ၀ိုင်းကလည်း သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မြန် မာအစိုးရက တိုက်ခိုက်မှုတွေ ရပ်ဖို့ ကြေညာထားတဲ့ နေ့မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ရောက်သွားခဲ့တဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Fu Ying က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံပြီး ပြဿ နာတွေ ပြေလည်စေရေးနဲ့ ၂ နိုင်ငံ နယ်ခြားဒေသမှာ တည်ငြိမ်မှု ရစေရေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။ ဒီမတိုင်မီမှာ တုန်းကတော့ တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျည်ဆံတွေ နယ်ခြားဖြတ်ကျော် ကျရောက်လာတဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေးခဲ့သလို တိုက်ခိုက် မှုတွေ အမြန်ဆုံး ရပ်စဲပြီး ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့နဲ့ နယ်စပ်ဒေသ တည်ငြိမ်မှု ရှိစေရေး နှစ်ဘက်စလုံးက ကြိုးပမ်းကြဖို့လည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ============================================================= UNFC ကတဆင့် ကချင်အရေးဆွေးနွေးဖို့ အစိုးရလက်ခံမည် ကိုအောင်လွင်ဦး 23.01.2013 မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လက်နက်ကိုင် တပ်တွေကြား တိုက်ခိုက်မှုတွေ ဆက် လက် ဖြစ်ပွားနေချိန်မှာပဲ အစိုးရကတော့ ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးသွားဖို့ ဆန္ဒရှိနေဆဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ တိုက်ခိုက်မှုတွေ အပြင်း အထန် ဖြစ်ပွားမယ့် အရိပ်အယောင်တွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်နေကြတဲ့ ဒေသခံတွေလည်း ဆက်လက် တိမ်းရှောင် နေကြရတာပါ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာတွေ ဘယ်လောက် ရှိနိုင်မလဲ ဆိုတာကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။ မြန်မာအစိုးရက ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်ပေ မဲ့လည်း ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့် ထားဆဲ ဖြစ်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီအဖွဲ့က ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး ဆွေးနွေးဖို့ ကမ်းလှမ်း ထားတာကို တဖွဲ့ချင်း အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တွေနဲ့ အတူ တွေ့ဆုံဖို့ ကချင်လက်နက်ကိုင် အဖွဲ့ဘက်က တုံ့ပြန်ထား တာပါ။ မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ တွေ့ဆုံဖို့ အတွက်လည်း အသင့်ရှိတဲ့အကြောင်း ပြောပါတယ်။ "ကျနော်တို့ကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ။ ကမ်းလှမ်းထားပြီးပြီ။ နိုင်ငံတော် သမ္မတ ကလည်း အကြိမ်ကြိမ်ပြောတယ်။ နောက်ပြီးတော့ လုပ်ငန်းကော်မီတီကလည်း ကမ်းလှမ်း ထားပြီးပြီ။ KIO ကတော့ ပထမတော့ သူတို့ အကောင်းဘက်ကို မျှော်လင့်တယ်လို့ ပြော တယ်။ နောက်ပိုင်းမှာ သဘောထားပြောင်းပြီးတော့မှ UNFC ကပဲ ပြောမယ်ဆိုပြီးတော့ တုံ့ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဘယ်လိုပဲ ဆွေးနွေးရ၊ ဆွေးနွေးရ-လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ဆိုရင် ဆွေးနွေးဖို့ အသင့်ရှိပါတယ်။" KIO ကတော့ အစိုးရတပ်တွေက ထိုးစစ်တွေ ဆက်လက် ဆင်နွှဲနေတဲ့အတွက် ဆွေးနွေးဖို့ မဖြစ်နိုင်သလောက် အခြေအနေ ကြုံနေရတာလို့လည်း ပြောဆိုထားတာပါ။ အစိုးရက ထိုးစစ်တွေရပ်ပြီး ဆွေးနွေးဖို့ ကြေညာခဲ့တာ ၅ ရက်မြောက်လာတဲ့ အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး KIO ထိန်းချုပ်ရာ မဟာဗျူဟာမြောက် တောင်ကုန်း တခုကို လည်း မြန်မာစစ်တပ်က သိမ်းယူဖို့ ကြိုးပမ်းနေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ခေါ် ကျောင်းသားတပ်မတော်က ဗိုလ်မှူးမင်းဋ္ဌေး ကပြောပါတယ်။ "ဒီဒေသမှာ ရှိနေတဲ့ တောင်ကုန်းတွေ တော်တော်များများက ပွိုင့် ၇၇၁ ပေါ့နော်။ အဲဒါလည်း သူတို့ သိမ်းပြီးသွားပြီ။ နောက် ဖုန်းပြင်ဘွမ် ဆိုတဲ့ အမြင့်တောင်ကုန်းကိုလည်း သူတို့ တက်ယူပြီးသွားပြီ။ အခု ဒီမှာ ကျန်နေတာက ခါယာတောင်က သူတို့နဲ့ level ရှိနေတာပေါ့နော်။ အဲဒီ ခါယာတောင်ကို ရရင် သူတို့က ဒီဒေသတစ်ခုလုံး လိုင်ဇာ၊ ဘာ-ညာ အကုန်လုံးကို စိုးမိုးနိုင်ပြီပေါ့။ ဒီ တောင်ကုန်း တစ်ကုန်း ကျန်နေတာ။ အဲဒီ တောင်ကုန်း တစ်ကုန်းကို KIA ကလည်း ခုခံနေကြတယ်။ တတ်နိုင်တဲ့ဘက်ကနေ။ အဲဒီတော့ ဒီဒေသ ကျရေး မကျရေးဆိုတာ အဲဒီ တောင်ကုန်းနဲ့ပဲ ဆိုင်တယ်။ ခါယာတောင်ကုန်းကို သူတို့ သိမ်းပြီးသွားရင်တော့ လိုင်ဇာဒေသအကုန်လုံးဟာ စစ်ရေးအရ ကျသွားပြီလို့ ပြောလို့ ရတာပေါ့နော်။" ဒါပေမဲ့လည်း စစ်ရေးအရ အခရာကျတဲ့ ခါယာတောင်ကုန်းကို မြန်မာစစ်တပ်က သိမ်း ပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုချက်ဟာ မမှန်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ကပြောခဲ့တာပါ။ ဒီလိုပဲ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာ စစ်တပ်ကို ခြုံခိုတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ထိခိုက်မှုတွေတောင် ကြုံနေရတယ် လို့ ပြောပါတယ်။ "မနေ့က ညနေဘက်မှာ လဂျားယန်မှာရှိတဲ့ ကျနော်တို့တပ်တွေ နေရာယူထားတဲ့ တောင် ကုန်း တစ်ကုန်းကို KIA ၅၀ လောက်က နာရီဝက်လောက် လာပစ်တာ ရှိပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာ။ မနေ့က မိုးမိတ်ကျောက်စခန်းမှာလည်း ကျနော်တို့ဆီကနေပြီး တပ်ရင်းကို ပြန်လာနေတဲ့ တပ်မတော်စစ်ကြောင်းတွေ စီးလာတဲ့ ကားတွေကို KIA က မိုင်းခွဲ တိုက်ခိုက်တာ ရှိပါတယ်။ ရဲဘော်တချို့ ထိခိုက် ဒဏ်ရာရတာ ရှိပါတယ်။ ခါယာတောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ ကျနော်တို့တပ်တွေ ရှိတယ်။ အဲဒီတပ်တွေကို သူတို့က တောက်လျှောက်ပစ်တော့ ကျနော်တို့ဘက်က အဲဒီဘက်ကို ပြန်ပစ်တာတော့ ရှိတာပေါ့ဗျာ။ အဲဒါမျိုးတော့ ရှိပါတယ်။ အဲဒီနားမှာ သူတို့တပ်တွေနဲ့ ကျနော်တို့တပ်တွေက ကပ်နေတာကိုး။ ကပ်တော့ သူတို့ကပစ်လိုက်၊ ကျနော်တို့ဘက်က ခုခံတဲ့အနေနဲ့ ပြန်ပစ်တယ်။ အဲဒါမျိုးတော့ ရှိပါတယ်။" ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ပျက်ပြားပြီး တစ်နှစ်ခွဲလောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ ဒီနှစ်ဆန်းပိုင်းကစလို့ ကြီးထွားလာခဲ့တာပါ။ မြန်မာ အာဏာပိုင်တွေကတော့ အစိုးရရဲ့စစ်ကြောင်းတွေကို ကချင်လက်နက်ကိုင် တပ်တွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ စစ်ရေးရည်မှန်းချက်တွေ ရရှိပြီး ဖြစ်တဲ့ အတွက်လည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး ထိုးစစ်တွေ ရပ်မယ်လို့ ကြေညာခဲ့တာပါ။ လတ်တလောမှာတော့ အပြန်အလှန် စွပ်စွဲချက်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့ ဒေသခံတွေကတော့ အထိတ်တလန့်နဲ့ ဆက်လက် တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် နာမည်ကျော် ကျောက်စိမ်းထွက်ရာ ဖားကန့်၊ လုံးခင်း စတဲ့နေရာတွေက ဒေသခံ အမြောက်အများဟာလည်း ဒီရက်ပိုင်းမှာပဲ ဘေးလွတ်ရာ တိမ်းရှောင် နေကြရတယ် လို့ ဒေသခံတယောက်က ပြောပြပါတယ်။ "အခု လောလောဆယ်တော့ တိုက်ပွဲတွေ ဖြစ်နေတာပေါ့လေ။ ရွာမှာလည်း မီးရှို့ပစ်မယ်လို့ -အဲလိုလည်း ပြောကြတယ်။ သတင်းကြားတယ်။ ဘယ်လိုမှန်းလည်း မသိသေးဘူး။ အခု ကျမတို့တောင်မှ အောင်ရာရပ်ကွက်မှာပဲ လာနေနေပါတယ်။ လူဦးရေကတော့ ၂၀၀- ၃၀၀ လောက်တော့ ရှိမယ်။" သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူ တချို့ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ပဋိပက္ခတွေ အဆုံးသတ်စေရေး ချီတက်လှုပ်ရှားမှုတွေ တနင်္လာနေ့ ကပဲ စတင်လိုက်သလို ဒေသတွင်းနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်း အ၀ိုင်းကလည်း သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မြန် မာအစိုးရက တိုက်ခိုက်မှုတွေ ရပ်ဖို့ ကြေညာထားတဲ့ နေ့မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ရောက်သွားခဲ့တဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Fu Ying က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံပြီး ပြဿ နာတွေ ပြေလည်စေရေးနဲ့ ၂ နိုင်ငံ နယ်ခြားဒေသမှာ တည်ငြိမ်မှု ရစေရေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။ ဒီမတိုင်မီမှာ တုန်းကတော့ တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျည်ဆံတွေ နယ်ခြားဖြတ်ကျော် ကျရောက်လာတဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေးခဲ့သလို တိုက်ခိုက် မှုတွေ အမြန်ဆုံး ရပ်စဲပြီး ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့နဲ့ နယ်စပ်ဒေသ တည်ငြိမ်မှု ရှိစေရေး နှစ်ဘက်စလုံးက ကြိုးပမ်းကြဖို့လည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။ http://burmese.voanews.com

အီရန်နိုင်ငံကနေပြီး မြန်မာနိုင်ငံမှာသံရုံးဖွင့်ဖို့ ခွင့်တောင်းထားတဲ့ကိစ္စကိုကန့်ကွက်လိုပါလျှင်

http://www.president-office.gov.mm/contact

အသေးစားနဲ့ အလတ်စားတွေကျတော့ အစွမ်း ကုန် နှိပ်စက်တယ်

အကောက်ခွန်ဦးစီးဌာန၏ ကြိုးနီစနစ်ဆန်သည့် လုပ်ထုံး လုပ်နည်းအချို့မှာ လာဘ်ပေး လာဘ်ယူမှု ဖြစ်စေသည့် အသွင်မျိုးဆောင်နေပြီး သာမန် သွင်းကုန် လုပ်ငန်းရှင်များအပေါ် ထိခိုက်မှုရှိနေ   

Tuesday, 22 January 2013 15:34


အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်များအပေါ် စိစစ်သည့် လုပ်ထုံးလုပ်နည်းအချို့မှာ လာဘ်ပေးလာဘ်ယူမှုကို ဖြစ်စေနိုင်သည့် အသွင်မျိုး ဆောင်နေပြီး ပြုပြင်သင့်ပြီဖြစ်သည်ဟု နစ်နာသူ သာမန် သွင်းကုန်လုပ်ငန်းရှင်များက သုံးသပ်ခဲ့သည်။

အထူးသဖြင့် စံသတ်မှတ်ချက်မရှိဘဲ လိုသလို အတိုးအလျော့ ပြုလုပ်နိုင်သည့် လုပ်ထုံးလုပ်နည်းအချို့၊ မလိုအပ်ဘဲ ဆက်လက်ထားရှိနေသည့် လုပ်ထုံးလုပ်နည်း အချို့ကြောင့် သွင်းကုန်လုပ်ငန်းရှင်များ ထိခိုက်နေရခြင်းဟု သုံးသပ်ကြသည်။အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း အချို့ ပြုပြင်ပြောင်းလဲရန် လိုအပ်မှုရှိမရှိ ဆိုသည်ကို အချက်လေးချက်ဖြင့် ပိုင်းခြားကြည့်နိုင်ကြောင်း ထောက်ပြလာကြသည်။

လုပ်ထုံး လုပ်နည်းကြောင့် အများပြည်သူအပေါ် ထိခိုက်မှု၊ ပြုပြင်ပြောင်းလဲမှု ပြုသည့်ဌာနနှင့် မပြုသည့်ဌာနများ နှိုင်းယှဉ်မှု၊ စနစ်နှင့် လူနှိုင်းယှဉ်မှု၊ ထိခိုက်ခံရသည့် နယ်ပယ်အမျိုးအစား ဟူသည့် အချက်လေးချက်ဖြင့် ပြန်လည်သုံးသပ်သင့်ပြီဟု သုံးသပ်ကြခြင်းဖြစ်သည်။
သူတို့ ခရိုနီတွေကျတော့ MIC  ကိုတင်ပြီး အခွန်ကင်းလွတ်ခွင့်နဲ့ စက်ပစ္စည်းတွေ သွင်းတယ်။ သူတို့ အခွန်ကင်းလွတ် သက်သာသွားတဲ့ ပမာဏကျတော့ ကျွန်တော်တို့ထက် အဆ ရာထောင်ချီတယ်။ ကျွန်တော်တို့ အသေးစားနဲ့ အလတ်စားတွေကျတော့ အစွမ်း ကုန် နှိပ်စက်တယ်...

လုပ်ထုံးလုပ်နည်း လွဲမှားမှုအ အနေဖြင့် လက်တလောတွင် တရားဝင်လိုင်စင်ဖြင့် တရားဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများမှာ အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအချို့ကြောင့် ထုတ်ယူမရဘဲ အချိန်ကြန့်ကြာခြင်း၊ ငွေကုန်ကြေးကျ များပြားခြင်းများဖြင့် ကြုံတွေ့နေသည်ဟု လုပ်ငန်းရှင်များက ပြောကြားသည်။

ပင်ရင်းဝယ်ယူခဲ့သည့် ပြည်ပနိုင်ငံမှ ၀ယ်ရင်းဈေးအမှန်ဖြင့် တရားဝင် လိုင်စင်ပြုလုပ်ကာ တင်သွင်းလာသည့် စက်ပစ္စည်းများအား တန်ဖိုးပြန်လည် သတ်မှတ်ရာတွင် တင်သွင်းသူအား နစ်နာစေသည့် ဈေးနှုန်းများအထိ ပြန်လည်တိုးမြှင့်သတ်မှတ်ကာ အခွန်ကျခံစေသည့်အတွက် များစွာနစ်နာသည့် ဖြစ်စဉ်၊ သတ်မှတ်ချက်အတိုင်း တင်သွင်းလာသည့် မော်တော်ယာဉ်များအား ရသည့်နည်းဖြင့် ကန့်သတ်ထားသည့် အတွက် တင်သွင်းသူများ နစ်နာရသည့် ပြဿနာများမှာ အများဆုံးဖြစ်ပေါ်နေသည့် ပြဿနာများဟု ထောက်ပြခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတမှ အထူးအစီအစဉ်အရ တင်သွင်းခွင့်ပြုရာတွင် မော်တော်ယာဉ် ကြီးကြပ်မှ သတ်မှတ်ညွှန်ကြားထားသည့် ၁၃၅၀ စီစီအောက် ယာဉ်များအား မည်သည့်ယာဉ်အုပ်စုမဆို အမေရိကန်ဒေါ်လာ၅၀၀၀ဖြင့် တင်သွင်းနိုင်ကြောင်း သတ်မှတ်ထားသည်။

မော်တော်ယာဉ် ကြီးကြပ်အဖွဲ့တွင် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများပါ ပါဝင်သတ်မှတ်ထား ခြင်း ဖြစ်သော်လည်း အမှန်တကယ် တင်သွင်းလာသည့်အခါတွင်မူ အကြောင်းပြချက် အလွဲများဖြင့် ကန့်သတ်ထားသည့်အတွက် အများပြည်သူ နစ်နာနေရသည်ဟု ကိုယ်တိုင်ခံစားရသူများက ပြောကြားသည်။

စက်ပစ္စည်း တင်သွင်းထားသူ က'' သတင်းစာထုတ်ဝေခွင့် လျောက်ထားနိုင်တယ်ဆိုလို့ ပုံနှိပ်စက်ကလေးတစ်လုံး သွင်းပါတယ်။ လေးရောင်ရိုက်တဲ့ စက်မဟုတ်ပါဘူး။ တစ်ရောင်တည်း ရိုက်တဲ့စက်ပါ။ ပြည်ပက ၀ယ်ရတဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၇၈၀၀ ကျော်(၂၉၀၀၀ ယူရို)ပေးရတယ်။ အဲဒီဈေးအတိုင်းပဲ ကုန်သွယ်ရေးမှာ လိုင်စင်လျောက်တယ်။ ၀ယ်တဲ့ ဈေးအတိုင်းလျောက်တာပါ။

ရန်ကုန်ကိုစက်ရောက်တော့ ဈေးအရင်းဈေး အမှန်ထက် ၂၀ ရာခိုင်နှုန်း တန်ဖိုးထပ်တင်ပြီး အမေရိကန်ဒေါ်လာ ၄၆၄၄၄ ကျော် ပေါ်မှာ အခွန်ဆောင်ဖို့ပြောတယ်။ ဘာကြောင့်လဲမေးတော့ တန်ဖိုးပြန်သတ်မှတ်ရလို့ပါလို့ ပြောတယ်။ ဒါပေမယ့် ဘယ်ကဈေးနဲ့ ကိုက်ပြီး တန်ဖိုးသတ်မှတ်တယ် ဆိုတာလည်း မသိရဘူး။ ဘယ်လိုမှ ရှင်းပြလို့မရတဲ့အဆုံး ကွန်တိန်နာကိုပါ ဖောက်ပြီး စစ်ဖို့ ပြောလည်းမရပါဘူး။ အမှန်ကို အမှန်အတိုင်း လုပ်လို့မရတာတော့ တော်တော်စိတ်ပျက်ပြီးရင် နာတယ်။ ပုံနှိပ်လောကမှာ လိမ်နေတဲ့လူတွေ လျော့သွင်းတာကျတော့ အကောက်ခွန်က လျော့ပြတယ်။ အမှန်ကျတော့ Revaluation လုပ်တယ်။ အခု လာဘ်ပေးလာဘ်ယူ ကော်မရှင် ဥက္ကဋ္ဌကို တရားဝင်တိုင်တယ် သဘောထားပြီး စစ်ကြည့်ပါ။ စီးပွားကူးသန်းက တစ်ခါစိစစ်ပြီးသားဟာကို အကောက်ခွန်ဦးစီးဌာနက Revaluation ဆိုတာ လုံးဝမလိုတာပါ။ သူတို့တွေက စာအုပ်ကြီးထုတ်ပြီး စိတ်တိုင်းကျ သတ်မှတ်တယ်။ ဘာမှလည်း Complaint တက်ခွင့်မရဘူး။တက်ရင်လည်း ကိုယ့်ပစ္စည်းက ဆိပ်ကမ်းရောက်နေပြီ။ သူတို့က အချိန်အများကြီးယူတယ်။ ဒဏ်ကြေးနဲ့ ဆိပ်ကမ်းက ရက်ကျော်ရင် လေလံပစ်မှာဆိုတော့ ဘာမှ မငြင်းနိုင်ဘူး။ ဒီတော့ လာဘ်ပေးလာဘ်ယူ မလုပ်လို့ မရတော့ဘူးလေ''ဟု ပြောပြခဲ့သည်။

ကားတင်သွင်းလာသူ ဦးမောင်စိုးက''၁၃၅၀ စီစီအောက် ဘယ်ကားသွင်းသွင်း ဒေါ်လာ ၅၀၀၀ သတ်မှတ်ထားတယ်။ အကောက်ခွန်ကလည်း သိတယ်။ ကျွန်တော်က အင် ဂျင်ပါဝါ ၆၅၀ စီစီပဲရှိတဲ့ Suzuki Carry ကားလေးကို သွင်းလာတယ်။ Pick-Up အမျိုးအစားဖြစ်လို့ Pick-Up နဲ့ လျောက်တယ်။ သွင်းလာခဲ့တယ်။ ဒီရောက်တော့ အဲဒီကားသေးသေးလေးကို  Truck ကားဖြစ်လို့ဆိုပြီး Truck ကားဈေးနှုန်းဖြစ်တဲ့ ဒေါ်လာ ၁၈၀၀၀ လောက်နဲ့ အခွန်ဆောင်ခိုင်းတယ်။ မဆောင်နိုင်လို့ ထုတ်ခွင့်မပေးဘူး။ ကောင်းပြီ။ ကျွန်တော်သွင်းတဲ့ကားက Truck ကား အမျိုးအစားဖြစ်တော့ရော ဘာဖြစ်လဲ၊ ၁၃၅၀ စီစီအောက်ဆိုရင် မည်သည့် ယာဉ်အုပ်စုမဆို ဒေါ်လာ ၅၀၀၀ နဲ့ သွင်းလို့ အတိအကျ သတ်မှတ်ထားတာ။ ကျွန်တော်မှားတာ ဘာမှမရှိဘူး ဘာကြောင့် အကောက်ခွန်က သိသိကြီးနဲ့ အလွဲကြီးထလုပ်တာလဲပဲ သိချင်တာ။ သူတို့အလွဲကြောင့် ကျွန်တော်တို့တွေ မကုန်သင့်တာတွေ ကုန်ရတော့မယ်'' ဟု ပြောကြားခဲ့သည်။

ဒုတိယအချက်အနေဖြင့် ပြုပြင်ပြောင်းလဲမှု ပြုသည့်ဌာနနှင့် ပြုပြင်ပြောင်းလဲမှုမရှိဘဲ ဆက်လက်ရပ်တည်နေသည့် ဌာနများအချင်းချင်း နှိုင်းယှဉ်ပါကလည်း အကောက်ခွန်ဦးစီးဌာနတွင် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၌ လုပ်ငန်းဆောင်ရွက်ရသည့် ပုံစံမှာ ကွာခြားမှုရှိလာသည်ကို တွေ့မြင်ရမည်ဟု သိရသည်။

ယခုနှစ်ပိုင်းများအတွင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်ဆိုင်ရာ ဥပဒေများနှင့် အခွန်ပေးဆောင်ရသည့် စနစ်များအား အများပြည်သူနှင့် ကိုက်ညီသည့်ပုံစံ၊ အများပြည်သူ လိုက်နာနိုင်မည့် ပုံစံများသို့ ပြောင်းလဲကျင့်သုံးခဲ့သည့်အတွက် အခွန်ပေးဆောင်မှု လုပ်ငန်းအဆင့်ဆင့် အဆင်ပြေခြင်း၊ နိုင်ငံတော်အခွန် ပိုမိုရရှိသည့် အကျိုးများရရှိခဲ့သည်။

အကောက်ခွန် ဦးစီးဌာနအနေဖြင့်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပြုပြင်ပြောင်းလဲသည့် ပုံစံများအတိုင်း ကြိုးနီစနစ်များကို လျော့ချပစ်ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ၀င်ငွေခွန်နှင့် ကုန် သွယ်လုပ်ငန်းခွန်များကို အများပြည်သူနှင့် လိုက်လျောညီထွေ ဖြစ်စေရန်၊ အများပြည်သူ လိုက်နာနိုင်သည့် စံနှုန်းများဖြစ်စေရန် ပြင်ဆင်လိုက်သည့် အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းက နိုင်ငံတော်မှ အခွန်ငွေရရှိမှု ကျပ်သန်းပေါင်းများစွာ ပိုရခဲ့ပြီး အခွန်ပေးဆောင်ရန် တာဝန်ရှိသူများလည်း အခွန်ပေးဆောင်နိုင်လာခဲ့သည်။

ထိုသို့ ပြုပြင်ပြောင်းလဲမှုကြောင့် ယခင်နှစ်က ကျပ် ၁၅၀၀ ဘီလျံကျော်သာရရှိခဲ့ရာမှ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံပေါင်း၂၀၀၀ ကျော်အထိပင် ရရှိတော့မည်ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ်အစပိုင်းက ကျပ်ဘီလျံ ၁၉၀၀ ကျော်အထိသာ ရမည်ဟု မှန်းထားသော်လည်း ဘီလျံ ၁၉၀၀ ၀န်းကျင်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန် ၌ပင် အပြည့်အ၀ရရှိခဲ့ပြီဟု သိရသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ''အများပြည်သူနဲ့ မကိုက်ဘူး၊ ခေတ်နဲ့ မလျော်ညီလို့ ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ပြင်တယ်၊အခွန်ပေးဆောင်ရတာ လွယ်အောင်လုပ်ပေးတယ်။အများပြည်သူ အရင်လောက်မဖိစီးတဲ့အတွက် အဆင်ပြေတယ်။ အကောက်ခွန်မှာ အဓိကပြောချင်တာက Revaluation လုပ်တဲ့ကိစ္စလို မလိုအပ်ဘဲ အဆင့်တွေ များနေတာ။ တကယ်ဆိုရင် တန်ဖိုးပြန်လည်သတ်မှတ်ဖို့အတွက် စံသတ်မှတ်ချက်ဆိုတာ ရှိသင့်တယ်။ ကားပဲဖြစ်ဖြစ် လျှပ်စစ်ပစ္စည်းပဲဖြစ်ဖြစ် အစကတည်းက ဈေးနှုန်းကို တစ်နှစ်စာအတွက် စံသတ်မှတ်ထားပြီး လုပ်သင့်တယ်။ အခုက မလိုရင်တိုးမယ်၊ လိုရင် ခွင့်ပြုလိုက်လို့ရတဲ့ စနစ်မျိုးဖြစ်နေတယ်။ ကားတစ်စီးထုတ်ရင် ဘယ် လောက်ကုန်တယ်ဆိုတာ သွင်းတဲ့သူတိုင်း သိပါတယ်''ဟု သုံးသပ်ခဲ့သည်။

ထိုသို့ အခက်အခဲ အကြပ်အတည်းများမှာ ၀န်ထမ်းများကြောင့်ထက် စနစ်ကြောင့်သာဖြစ်ကြောင်း၊အကောက်ခွန်ဦးစီးဌာနတွင် ခေတ်အဆက်ဆက် အရေး ယူမှု အများအပြား ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း တိုင်ကြားပါက ၀န်ထမ်းအား အရေးယူပေးနေကြောင်း၊ သို့သော်အရေးယူခံရသည့် ၀န်ထမ်းနေရာသို့ အသစ်တစ်ဦး ရောက်လာသည့်တိုင် အများပြည်သူ လွယ်ကူမသွားဘဲ ယခင်အတိုင်း အခက်အခဲဖြင့် တွေ့ကာ ထပ်မံတိုင်ကြားရပြန်ကြောင်း၊ ထို့အတွက် ၀န်ထမ်းကြောင့်ဆိုခြင်းထက် ပြုပြင်သင့်သည့်စနစ်ကို မပြုပြင်ခြင်းကြောင့် မှားယွင်းနေခြင်းဖြစ်ကြောင်း ထောက်ပြသည်။

"လူမှားနေတာ မဟုတ်ဘူး။ စနစ်မှားနေတာ။ တိုင်လို့ ခဏခဏနေရာ ပြောင်းတယ်၊ အရေးယူတယ်။ အဲဒီနေရာရောက်လာတဲ့လူ လက်ထက် ကောင်းပြီ၊ သက်သာပြီမှတ်တယ်။ အရင်အတိုင်း ပြန်ဖြစ်သွားတာပဲ။ စနစ်မှားနေတဲ့အတွက် ဒီလိုပဲဖြစ်မှာပဲ။ မလိုအပ်တဲ့ အဆင့်အများပြည်သူကို ဖိစီး တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်သင့်ပြီဆိုတာ ဒီတစ်ချက်တည်းနဲ့တင် လုံလောက်နေပြီ။ အများပြည်သူက ခဏခဏမှားမှ လိုက်တိုင်ရမလား ဒီလို မဖြစ်အောင် ပြုပြင်မလားဆိုတာတော့ သုံးသပ်မိကြမှာပါ။ တိုင်ရင်လည်း ၀န်ထမ်းတွေပဲ နစ်နာရတာ။ နောက်တစ်ချက်အရေးကြီးတာ အကောက်ခွန်မှာ ၀န်ထမ်းက အင်အားနည်းတယ်။ ဒါကို မတိုးချဲ့ဘူး ရသလောက်နဲ့ လုပ်နေတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်လာတော့မယ်၊ သွင်းကုန်တွေ အများအပြားလာမယ်၊ ဒီအင်အားလောက်နဲ့ လုပ်လို့ရမရဆိုတာတော့ တွက်ထားသင့်ပါတယ်''ဟု အကောက်ခွန် ဦးစီးဌာနဖြင့် မပြတ် ထိတွေ့လုပ်ကိုင်နေရသူ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

အကောက်ခွန်ဦးစီးဌာန၏ ပြုပြင်ပြောင်းလဲမှု မရှိသည့်အတွက် နစ်နာရသည့် လုပ်ငန်းရှင်အလွှာအား ပြန်ကြည့်လျင် စီမံကိန်းပေါင်းများစွာ ရယူလုပ်ကိုင်နေသည့် လုပ်ငန်းရှင်ကြီးများ၊ကုမ္ပဏီကြီးများ မပါဝင်ဘဲအလတ်စား၊ အသေးစား သာမန်လုပ်ငန်းရှင်များသာ နစ်နာနေရခြင်းကိုလည်း ထည့်သွင်း သုံးသပ်သင့်သည်ဟု ဆိုသည်။

''ကုမ္ပဏီအကြီးတွေက စီမံကိန်းနဲ့ဆက်စပ်ပြီး MIC ခွင့်ပြုမိန့်နဲ့ အခွန်လွတ်သွင်းတော့ ဘာလို့ဖြစ်ဖြစ် ခံရစရာမရှိဘူး။ ကျွန်တော်တို့ သာမန်အလတ်တန်းစား လုပ်ငန်းရှင်တွေပဲ ခံရတာ။ လုပ်ငန်းရှင် ၁၀၀ မှာ လုပ်ငန်းရှင်ကြီးက ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး။ ဒီတော့ ဒီဒဏ်ကိုခံရတာ ၉၀ ရာခိုင်နှုန်းသော အလွှာပါပဲ။ အခြားဌာနတွေလိုပဲ ပြုပြင်သင့်တာ ပြုပြင်ပေးဖို့သင့်တယ်''ဟု ယန္တရားတင်သွင်းထားသူ လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

''သူတို့ ခရိုနီတွေကျတော့ MIC  ကိုတင်ပြီး အခွန်ကင်းလွတ်ခွင့်နဲ့ စက်ပစ္စည်းတွေ သွင်းတယ်။ သူတို့ အခွန်ကင်းလွတ် သက်သာသွားတဲ့ ပမာဏကျတော့ ကျွန်တော်တို့ထက် အဆ ရာထောင်ချီတယ်။ ကျွန်တော်တို့ အသေးစားနဲ့ အလတ်စားတွေကျတော့ အစွမ်း ကုန် နှိပ်စက်တယ်''ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
news-eleven.com

Western Union၀န်ဆောင်မှုလုပ်ငန်း စတင်


ကမ္ဘာ့ထိပ်တန်း ငွေလွှဲပို့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သော Western Union နှင့် ပြည်တွင်းပုဂ္ဂလိက ဘဏ် ၇ ခုတို့ ချိတ်ဆက်၍ ပြည်ပငွေလွှဲအ၀င် ၀န်ဆောင်မှုလုပ်ငန်း စတင် Tuesday, 22 January 2013 17:40 ha-23-1-6
ကမ္ဘာထိပ်တန်း ငွေလွှဲပို့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သော Western Union နှင့် ပြည်တွင်းပုဂ္ဂလိဘဏ် ၇ ခုဖြစ်သော ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့အရှေ့ဆောင်ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ယူနိုက်တက်အမရာဘဏ်တို့နှင့် ချိတ်ဆက်၍ ပြည်ပငွေလွှဲဝင် ၀န်ဆောင်မှုလုပ်ငန်းအား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇန်န၀ါရီလ ၁၂ ရက်နေ့က သိရပါသည်။
"Western Union လို ကမ္ဘာ့နံပတ်တစ် ငွေလွှဲလုပ်ငန်းဖွဲ့အစည်းနဲ့ ပြည်တွင်းဘဏ်တွေ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တာဟာ အောင်မြင်မှုတစ်ခုပါ။ မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေသူဟာ ၂ သန်းကျော် ၃ သန်းနီးပါး ရှိတဲ့အတွက် မြန်မာပြည်ကို ငွေလွှဲဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေနဲ့ Western Union နဲ့ ချိတ်ဆက်လိုက်တဲ့အတွက် မြန်မာနိုင်ငံကို ငွေပြန်ပို့တဲ့နေရာမှာ အဆင်ပြေစေပါတယ်။ နိုင်ငံခြားက တခြားလုပ်ငန်းတွေလည်း ချိတ်ဆက်လုပ်ဆောင်မှာဖြစ်လို့ ဘဏ်စနစ်ကို နိုင်ငံတကာဘဏ်စနစ်အဖြစ် တိုးမြှင့်ဖို့ဆောင်ရွက်နေတဲ့အချိန်မှာ Western Union နဲ့ ချိတ်ဆက်လိုက်ခြင်းဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒု-၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားပါသည်။
Western Union မှ အာရှပစိဖိတ်၏ မန်နေးဂျင်းဒါရိုက်တာနှင့် စီနီယာ ဒုတိယဥက္ကဌဖြစ်သူ Drina Yue က မြန်မာနိုင်ငံအတွက် အရှိန်အဟုန်တိုးမြှင့်ရာတွင် ငွေကြေးအကောင့်ဖွင့်ခြင်းနှင့် လိုအပ်သည့်အချိန်တွင် ငွေပေးချေခြင်း ပြုလုပ်နိုင်သည်အထိ ဆောင်ရွက်ပေးရန်ရည် ရွယ်ထားကြောင်း၊ နိုင်ငံတကာ ငွေလွှဲမှုသည် နိုင်ငံခြားရှိ မြန်မာလူမျိုးများ၏ မိသားစုများအတွက် မရှိမဖြစ် အရေးပါသော ၀န်ဆောင်မှုတစ်ခုဖြစ်ကြောင်း၊ မြန်မာလူမျိုးများအနေဖြင့် အရှေ့တောင်အာရှ၊ မြောက်အာရှ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ သြစတြေးလျ စတဲ့မည်သည့်နေတွင် ရှိသည်ဖြစ်စေ Western Union မှ ၀န်ဆောင်မှုပေးနိုင်ကြောင်း ထည့်သွင်းပြောကြားပါသည်။
'နိုင်ငံတကာ ငွေလွှဲမှုလုပ်ငန်းက ဒီနေ့ဖွင့်ပြီဆိုတော့ မနက်ဖြန် စတင်လုပ်ဆောင်လို့ရပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ အရင်က နိုင်ငံခြားမှာသွားလုပ်နေတဲ့ မိဘပြည်သူတွေ အနေနဲ့အရင်က ငွေလွှဲတဲ့အခါ လုံခြုံစိတ်ချရမှု နည်းပါတယ်။ ငွေလွှဲတဲ့အခါမှာလည်း နည်းလမ်းအမျိုးမျိုးနဲ့ ငွေလွှဲနေရတယ်။ အခုချိန်မှာ Western Union နဲ့ပြည်တွင်းက နိုင်ငံတော်အသိအမှတ်ပြု ဘဏ်တွေလုပ်တာ ဖြစ်တဲ့အတွက် ငွေကြေးကို ယုံကြည်စွာ မြန်မြန်ဆန်ဆန်နဲ့ ငွေပို့လို့ရပါပြီ" ဟု ယူနိုက်တက်အမရာဘဏ်မှ Chief Executive Officer ဦးသန်းဝင်းဆွေက ပြောကြားပါသည်။
ကမ္ဘောဇဘဏ်မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဠ်က "ဘဏ်တွေဘက်ကကြည့်ရင် Product အသစ်တစ်ခု ဈေးကွက်ကို မိတ်ဆက်ပေးနိုင်တယ်။ အခုလိုမိတ်ဆက်ပေးတဲ့အတွက် ဒီ Product အပေါ်ကနေ ဘဏ်တွေက ၀င်ငွေရနိုင်တယ်။ စားသုံးသူဘက်ကကြည့်ရင် နိုင်ငံတကာက ငွေတွေကို အရင်က တရားမ၀င်အနေနဲ့ လွှဲနေရာကနေ အခု တရားဝင်လွှဲလို့ရတဲ့အတွက် ငွေရောက်မလာဘူးဆိုတဲ့စိတ်ကို ပူမစရာလိုတော့ဘူး။ အခုဆို Formal Channel က လွှဲတာဖြစ်တဲ့အတွက် လုံခြုံစိတ်ချမှုကို ပြည်သူတွေရလာမယ်" ဟု ပြောကြားပါသည်။
"ဒီဇင်ဘာ ၁၄ ရက်နေ့က Western Union နဲ့ လက်မှတ်ရေးထိုးပြီး jပည်ပငွေလွှဲလုပ်ငန်းကို စတင်လုပ်ဆောင်နေပါပြီ။ အခုဆို မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်နဲ့ ငွေလွှဲလို့ရပါပြီ။ ငွေလွှဲနှုန်းပေါ်မူတည်ပြီး ၀န်ဆောင်မှုအနေနဲ့ Western Union က ၇၅ ရာခိုင်နှုန်း၊ သမ၀ါယမဘဏ်က ၂၅ ရာခိုင်နှုန်း အကျိုးအမြတ် ရမှာပါ" ဟု သမ၀ါယမဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။
 အမေရိကန်အခြေစိုက် Western Union သည် အာရှပစိဖိတ်တွင် ၂၁ နှစ်ကြာ လည်ပတ်ခဲ့ပြီး ဒေသတွင်း ၁၉ နေရာတွင် ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း၊ ဘဏ်များ၊ နိုင်ငံခြားငွေကြေး လဲလှယ်ရေးနေရာများ၊ လက်လီနှင့်ခရီးသွားလုပ်ငန်းများ အပါအ၀င် အမျိုးအစားစုံလင်သော ကုန်သွယ်မှုများအတွက်လည်း ၀န်ဆောင်မှုပေးနေကြောင်း သိရသည်။
Western Union သည် Vigo, Orlandi Valuta, Pago Facil တို့ကဲ့သို့ နာမည်ရငွေပေးချေမှု ၀န်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် ၂၀၁၁ ခုနှစ်တွင် Western Union သည် ကမ္ဘာအနှံ့အပြားရှိ သုံးစွဲသူအချင်းချင်း ငွေကြေးချိတ်ဆက်မှု ၂၂၆ မီလျံ ဆောင်ရွက်ခဲ့ပြီး ဖောက်သည်ချင်း ငွေလွှဲမှုမှာ အမေရိကန်ဒေါ်လာ ၈၁ ဘီလျံနှင့် စီးပွားရေးဆိုင်ရာ ငွေပေးချေမှု ၄၂၅ မီလျံကို ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် နိုင်ငံပေါင်း ၂၂၀ ကျော်နှင့်ချိတ်ဆက်၍ ငွေလွှဲပို့ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အေးဂျင့်ပေါင်း ငါးသိန်းနှစ်သောင်း ၀န်းကျင်ခန့်ရှိကြောင်းနှင့် ကမ္ဘာဇဘဏ်၏ သဘောတူညီချက် ရလာမည့်လတွင် Western Union ၏ အေးဂျင့်နေရာကို ၂၅၀ ၀န်းကျင်ခန့် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
news-eleven.com

စစ်တွေမှ ဟင်းသီးဟင်းရွက်များတွင် အဆိပ်တွေ့

January 23, 2013 at 1:03 pm
စစ်တွေမှ ဟင်းသီးဟင်းရွက်များတွင် အဆိပ်တွေ့၍ ရဟန်းတော် အဖွဲ့က ပြည်နယ် အစိုးရကို တင်ပြ

ရခိုင်ပြည်နယ် စစ်တွေမြို့သို့  နယ်မှ တင်သွင်းနေသော ဟင်းသီးဟင်းသီးများတွင် အဆိပ်များ ပါဝင်နေသဖြင့် စစ်ဆေး ဆောင်ရွက်ရန် ရဟန်းတော်များက ပြည်နယ် အစိုးရ အဖွဲ့ကို ယနေ့တွင် တင်ပြ တောင်းဆိုခဲ့သည်ဟု ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးကေသာရက ပြောသည်။

Sittwe-Vegetable-markets

“ ဦးဇင်းတို့က အဆိပ်တွေ ပါနေတဲ့ ဘူးသီးတွေကို လူကြီးတွေဆီကို ယူသွားတယ်။ သူတို့ကို တင်ပြတယ်။ ဒီမှာကြည့်ကြပါ။ လက်တွေ့ပြပြီး ဘူးသီးတွေမှာ အဆိပ်ပါနေတယ်ဆိုတာကို သူတို့ကို တင်ပြခဲ့ပါတယ်” ဟု ဦးကေသာရက ပြောသည်။

သွားရောက်တင်ပြခဲ့ကြသော ရဟန်းတော်များ အထဲတွင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဥက္ကဌ ဦးဥာဏ၊ အတွင်းရေးမှူး ဦးကေသာရ၊ အရှင် ဦးဓမ္မဓဇ၊ အရှင် ပညာဓဇ စသည့် ရဟန်းတော် (၅) ပါး ပါဝင်သည်ဟု ဆိုသည်။

“ ဦးဇင်းတို့ဆီက ရဟန်း ၅ ပါး ပါဝင်တယ်။ အစိုးရဘက်ကတော့ နယ်စပ်ရေးရာနှင့် လုံခြုံရေး  ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ပါတယ်။ ပြည်နယ် ရဲမှူးကြီးလည်း ပါတယ်။ အထွေထွေ အုပ်ချုပ်ရေးမှူးလည်း ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်နယ် အစိုးရ အဖွဲ့မှ လူကြီးများကို တင်ပြရခြင်းမှာ အာဏာပိုင်များဘက်မှ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်နေ၍ ဖြစ်ကြောင်း ဦးဇင်းက ဆိုသည်။

“ စစ်တွေမှာ သဲချောင်းဘက်က ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ပါနေတဲ့ အတွက် ရဟန်းတော်တွေက မနက်တိုင်း  စစ်တွေကို ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဆေးတယ်။ ဒါကို ရဲအဖွဲ့က ရဟန်းတော်တွေ လုပ်စရာ မလိုဘူး။ သူတို့ဘဲ လုပ်ပါမယ်လို့ ပြောတယ်။ အခုကျတော့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ထပ်တွေ့ရတယ်။ အထူးသဖြင့် ဘူးသီးတို့မှာ ပါလာတယ်။ ဒါကြောင့် အာဏာပိုင်တွေကို ပိုပြီး အရေးစိုက်ပြီး လုပ်ဆောင်နိုင်အောင် တင်ပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အာဏာပိုင်များက အဆိပ်ပါသည်ဟု တင်ပြထားသော ဘူးသီးများကို လက်ခံ ယူထားလိုက်ပြီး ရန်ကုန်သို့ ပို့ကာ ဓါတ်ခွဲစမ်းသပ်သွားမည် ဟု သိရသည်။

ယမန်နေ့ကလည်း စစ်တွေမြို့မှ ဘူးသီးကြော်ဆိုင် တစ်ခုတွင် ဘူးသီးကြော်နေစဉ် ဘူးသီးကြော်များ ညိုစိမ်းသွားသဖြင့် အဆိုပါ ဘူးသီးကြော်များကို သက်ဆိုင်ရာသို့ စစ်ဆေးရန် ပို့ပေးခဲ့သည်ဟု ရတပ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ အဆိပ်ပါတဲ့ ဘူးသီးကြော်တွေကို ဆိုင်ရှင်က ကျွန်တော်ကို လာပေးတဲ့ အတွက် ကျွန်တော် သိမ်းထား ပါတယ်။ ဒါကို ဒီကနေ့ ပြည်နယ် အစိုးရ အဖွဲ့ဝင် လူကြီးတွေကို တင်ပြသွားပါမယ်” ဟု ဆိုသည်။

စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ( ဒုံးတိုက်ကွင်း ) မောင်မဲ ( ဘ) ဦးမောင်လှဝင်းသည် (၂၁ ) ရက် မေယူဈေးမှ ၀ယ်လာသော ဘူးသီးစားရာမှ အဆိပ်မိ၍ ဆေးရုံ တင်ပို့ခဲ့ရသည်ဟု သိရ သည်။

ယခုကဲ့သို့ စစ်တွေတွင် ဟင်းသီးဟင်းရွက်များတွင် အဆိပ်ခတ်မူများ ရှိနေသဖြင့် ယခုအခါ ဟင်းသီးဟင်းရွက်ကို ၀ယ်ယူစားသုံးရန် ဒေသခံများအကြား စိုးရိမ်စိတ်များ တိုးပွားနေကြ သည်ဟု သိရသည်။

narinjara.com

ဖါးကန့်မြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာ


2013-01-23

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဒီကနေ့မနက်ပိုင်း ၁၁ နာရီကနေ ညနေ ၅ နာရီအထိ အစိုးရတပ် နဲ့ ကေအိုင်အေ တပ်တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ရာမှာ လက်နက်ကြီး ကျည်ဆံပေါက်ကွဲ ထိမှန်မှုကြောင့် ဝှေခါကျေးရွာရပ်ကွက် ၁ နား က မြေစာပုံမှာ ရေးမဆေးကျောက်ရှာနေတဲ့ ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

Photo: Google Map
ဖားကန့် နေရာပြမြေပုံ

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ပစ်တဲ့လက်နက်ကြီးဟာ ရေမဆေးကျောက်ရှာနေတဲ့ ၃ယောက်ကို ထိပြီးမှ ပွဲချင်းပြီးသေသွားတာ၊ အခုလေးတင်ပဲ တစ်လုံးပစ်တယ်ဗျာ၊ ၁၁ လောက်ကနေပြီးတော့မှာ ၅ နာရီခွဲလောက်အထိ ပစ်နေတုန်းပဲ၊ အခုပစ်တာကတော့ တောင်တန်းကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တာ၊ နောက်ပတ်ချာလည် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ အတွင်းမှာ အလုံး ၂၀ ကျော်ကျနေတာ၊ ပြည်သူတွေက အခုမနေရဲတဲ့အခါကျတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြတယ်”

အလားတူ ဒီကနေ့မနက်ပိုင်း ၆ နာရီလောက်ကလည်း ဝှေခါကျေးရွားနဲ့ ၂ မိုင်လောက်ဝေးတဲ့ မှော်ဂဠုန်ကျေးးရွာဘက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဆိပ်မူနဲ့ မှော်ဂဠုန်ရွာကြား ဆိုင်းတောင်ရွာဟောင်းက ဒေသခံပြည်သူတစ်ရွာလုံးလည်း တိုက်ပွဲပြင်းထန်တာကြောင့် ဆိပ်မူကျေးရွာဖက်က ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရာရှိခိုးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သတင်းရရှိပါတယ်။
http://www.rfa.org/burmese/news/pharkant-battle-again-01232013090725.html

ကိုးရီးယားအမျိုးသားလွတ်တော်ဥက္ကဌနှင့်အတူတွေ့ရသောဒေါ်အောင်ဆန်းစုကြည်နှင့်ဦးရွေမန်း

National League for Democracy

၂၂.၁.၁၃နေ.ညနေ၄း၃၀ကပြည်သူလွတ်တော်ဝင်းအတွင်းရှိ စည်းဝေးအဆောင်တွင်ကျင်းပသောကိုးရီးယားနိုင်ငံ အမျိုးသားလွတ်တော်ဥက္ကဌဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့်ပြည်သူလွတ်တော်ဥက္ကဌ သူရဦးရွေမန်း ဦးဆောင်သည်.လွတ်တော်ရေးရာကော်မတီဥက္ကဌများဆွေးနွေးပွဲသို့အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်
တက်ရောက်ဆွေးနွေး



ကိုးရီးယားနိုင်ငံအမျိုးသားလွတ်တော်ဥက္ကဌအားဂုဏ်ပြုဧည်ခံသောညစာစားပွဲသို့အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

လိုင်ဇာဒေသသို့ ငြိမ်းချမ်းရေးအမာခံလူငယ် (၁၇) ယောက် ဒေသခံ တို့မှ ချိတ်ဆက် အကူအညီများ ပေး

Kyaw Thu

ငြိမ်းချမ်းပါစေ လိုင်ဇာမြေ

၂၁.၁.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတစ်ရပ်အနေဖြင့် လမ်းလျှောက်ထွက်ခွာခဲ့ကြသော ကိုရန်နိုင်ထွန်း၊ ကိုမီးသွေး(ခ) ကိုဇော်မင်းနိုင်၊ ကိုဇင်ကိုကို၊ ကိုရဲထွဋ်အောင်၊ ကိုဖိုးကျော် အစရှိသည့် လူငယ်များမှဦးဆောင်၍ အမာခံလူငယ် (၁၇) ယောက်ဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွါခဲ့ရာ လှည်းကူးမြို့သို့ ည (၉း၃ဝ) နာရီအချိန်တွင် ရောက်ရှိခဲ့ကြပြီး လှည်းကူးမြို့တွင် ညအိပ်ရပ်နားခဲ့ကြသည်။ ၂၂.၁.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှ လှည်းကူးမြို့မှ ပဲခူးမြို့သို့ ဆက်လက်ထွက်ခွါခဲ့ရာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့အား ယင်းနေ့ နံနက် (၁ဝး၄၅) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား (၅ဝ) ကျော်တို့သည် လမ်းလျှောက်ထွက်ခွါသူများ၏ ကျောပိုး အိတ်နှင့် လက်များတွင်ကိုင်ဆောင်ထားသော ငြိမ်းချမ်းရေးအလံများကို ဖြုတ်သိမ်းမှသာ ဆက်လက်ထွက်ခွါ ခွင့်ပြု မည်ဆိုခဲ့ရာ နောက်ဆုံး၌ အလံများကိုဖြုတ်၍ ဆက်လက်ပြီး မိမိတို့၏ ခရီးအား ဆက်လက်နှင်ခဲ့ကြပြီး ည (၈း၃ဝ) နာရီအချိန်တွင် ပဲခူးမြို့ ဆရာတော် ဘန္ဒဒ္ဒတိလောက၏ သီရိမင်္ဂလာတပ်ဦးဝင်္ကပါ ဘုရားကျောင်းတွင် ညအိပ် ရပ် နားခဲ့သည်။ ထိုသို့ ညအိပ်ရပ်နားစဉ် ၄င်းတို့ကြုံတွေ့ခဲ့ရသော အခက်အခဲများ လိုအပ်ချက်များကို နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ဆက်သွယ် အကူအညီတောင်းခံလာခဲ့ရာ အသင်းရှိ အလုပ်အမှုဆောင်များနှင့် ပြည်ပသို့ ရောက်ရှိနေကြသော ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ အကူအညီပေးရန် ဆုံးဖြတ်ခဲ့ကြပြီး (၂၃.၁.၂ဝ၁၃) ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်မှ စတင်ထွက်ခွါ ခဲ့ကြပြီး အလုပ်အမှုဆောင် ဒေါ်စောသဉ္ဇာစိုးမှဦးဆောင်၍ အသင်းသား/သူအချို့လိုက်ပါ၍ ငြိမ်းချမ်းရေး လမ်း လျှောက်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ထွက်ခွာခဲ့ကြသည်။ ၄င်းငြိမ်းချမ်းရေးအတွက် လမ်း လျှောက်သူများ၏ အရေးပေါ်လိုအပ်လျှက်ရှိသော ဆေးဝါးများ၊ ဖိနပ်၊ လက်အိတ်၊ ဦးထုပ်၊ ဓါတ်မီးနှင့် အခြား လိုအပ်သော အသုံးအဆောင်များအပြင် လမ်းခရီးတွင်လိုအပ်သည်များ အသုံးပြုနိုင်ရန် အလှူငွေကျပ် (၁ဝ) သိန်း ကျပ်တိတိအား ပံ့ပိုးကူညီပေးခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့အား နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)မှ တာဝန်ခံ ဆရာဝန်မကြီး ဒေါက်တာရွှေပုံနှင့် ဆေးခန်းတာဝန်ရှိသူ များနှင့် သူနာပြုဆရာဝန်များမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြပြီး လိုအပ်သော ကျန်းမာရေး ဆေးဝါးများ ဖြည့်ဆည်း အကူအညီပေးခဲ့သည်။ ထို့နောက်ပဲခူးမြို့ရှိ သီရိမင်္ဂလာတပ်ဦးဝင်္ကပါ တပ်ဦးကျောင်းမှ ဆရာတော် ဘန္ဒဒ္ဒတိလောက အပါအဝင် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သားများအား နေ့လည်စာ (ထမင်း+ဟင်း)များဖြင့် ဧည့်ခံကျွေးမွေး ခဲ့သည့်အပြင် ချီတက်ရာ လမ်းတလျှောက် အစစအရာရာ အဆင်ပြေချောမွေ့စေရန် ဖြတ်သန်းရာ လမ်းတလျှောက်မြို့များရှိ လူမှုရေးအသင်းအဖွဲ့များ ဒေသခံ လူမှုရေးအဖွဲ့အစည်းများတို့မှ လိုအပ်သော အကူအညီများရရှိနိုင်စေရန် ချိတ်ဆက် အကူအညီများ ပေးခဲ့ကြသည်။ ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ထွက်ခဲ့ကြသူအများစုမှာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှားကြသော လူငယ်များဖြစ်ပြီး ခရီးပန်းတိုင်သို့ရောက်နိုင်စေရန်မှာ အခက်အခဲများစွာအား ကျော်ဖြတ်ရဦးမည်ြ ဖစ်သည်။ ထို့ကြောင့် ၄င်းတို့အတွက် ငွေကြေး၊ ဆေးဝါးနှင့် အဝတ်အထည်များအပြင် အခြားအသုံးအဆောင် ပစ္စည်းများလည်း လိုအပ်ဦးမည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်ချီတက်လှုပ်ရှားနိုင်ရန် အကူ အညီများလည်း လိုအပ်လျှက်ရှိသည်။ အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းလိုပါက - ပြန်ကြားရေး - ကိုဇင်ကိုကို 09 – 420 70 3339 ဆက်သွယ်ရေး - ကိုအောင်အောင် 09 – 420 26 0191 ကိုရဲထွဋ်အောင် 09 – 730 03 893 ဘဏ္ဍာရေး - ကိုကျော်မင်းကျော် 09 – 421 11 1426 မခိုင်အေးဖြူ 09 – 425 02 0156 သို့ တိုက်ရိုက်ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အနစ်နာခံကာ စွန့်စားကြသော လူငယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လူသားချင်း စာနာထောက်ထားသောအားဖြင့် ပြည်တွင်းစစ်၏ အနိဌာရုံများ အမြန်ဆုံး ရပ်တန့်စေရန်အလို့ဌာ ကူညီခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လမ်းလျှောက်၍ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ခရီးနှင်ကြမည့်လူငယ်များ လမ်းခရီးတွင် ရင်ဆိုင်ကြုံတွေ့ရမည့် သဘာဝအခက်အခဲ အနှောက်အယှက်၊ အတားအဆီးများအား ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းကာ အစစအရာရာ အဆင် ပြေ ချောမွေ့စွာ ခရီးပန်းတိုင်သို့ ရောက်ရှိနိုင်ပါစေကြောင်းနှင့် ပြည်တွင်းရှိ စစ်ပွဲများလည်း အမြန်ဆုံး ရပ်တန့်ကာ စစ်၏သားကောင် တိုင်းရင်းသား တောရိုင်းပန်းကလေးများ လှပစွာ ဖူးပွင့်ဝေဆာ၍ အနာဂတ်မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းခြင်း အုတ်မြစ်များ ခိုင်မာစွာ တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတော့သည်။

“သယံဇာတကျိန်စာ မြန်မာတွင် ဖြစ်ပေါ်နေပြီဟု ဆို”

r Popular Myanmar News Journal's photo.
“သယံဇာတကျိန်စာ မြန်မာတွင် ဖြစ်ပေါ်နေပြီဟု ဆို”

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ
	
မြန်မာနိုင်ငံသည် သယံဇာတကျိန်စာဖြစ်ပေါ်နေပြီဟု ပညာရှင်အချို့က သုံးသပ်ကြောင်း Spectrum မြန်မာမှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံသည် သယံဇာတ ရောင်းချမှု ၃၅ ရာခိုင်နှုန်းကျော်ဖြင့် တိုင်းပြည်ဝင်ငွေရှာဖွေပါက သယံဇာတ ကျိန်စာ ဖြစ်ပေါ်လာကြောင်း၊ မြန် မာ နိုင်ငံအနေနှင့် သယံဇာတရောင်းချမှုဖြင့် တိုင်းပြည် ဝင်ငွေ ၇ဝ ရာ ခိုင်နှုန်းကျော် ရှာဖွေနေခြင်းကြောင့် သယံဇာတကျိန်စာများ ဖြစ်ပေါ်နေပြီဟု ပညာရှင်များ သုံးသပ်ကြောင်း ၄င်းထံမှသိရသည်။

သယံဇာတအလွန်အကျွံထုတ်ယူ သောနိုင်ငံများသည် သယံဇာတ ကျိန်စာ များဟုဆိုသော လူမှပြုလုပ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခြင်း (ဥပမာ-မြေဖို့ထားသောတောင်များ ပြိုခြင်း၊ သယံဇာတထုတ်ယူမှုကြောင့် ကမ်းပါးများပြိုကျခြင်း)၊ နိုင်ငံတကာ ငွေကြေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း သုံးငွေတန်ဖိုး တက်လာခြင်း၊ သယံ ဇာတထုတ်ယူမှု၏ ဘေးထွက်ဆိုးကျိုး များကြောင့် ဒေသခံကလေးများတွင် အင်္ဂါချို့တဲ့မှုများ ဖြစ်ပေါ်ခြင်း၊ သယံ ဇာတပိုင်ဆိုင်လိုမှုကြောင့် ပြည်တွင်းစစ် များဖြစ်ပေါ်ခြင်း၊ လူကုန်ကူးမှု များ ပေါ်ပေါက် လာခြင်းများကို တွေ့ရှိရ သည်ဟု သိရသည်။
ထို့အပြင်အစိုးရသည် သယံဇာတ များရောင်းချခြင်းဖြင့် အလွယ်တကူ ဝင်ငွေရရှိလာခြင်းကြောင့် တိုင်းပြည် အတွက် ငွေကြေးသုံးစွဲမှုတွင် ချင့်ချိန်မှု မရှိဘဲ မလိုလားအပ်သော စီမံကိန်း ကြီးများ ရေးဆွဲဖော်ဆောင်မှု ပြုလုပ် သည်။ 

(မြန်မာနိုင်ငံတွင်မူ နေပြည်တော်အစိုးရရုံး အခြေစိုက် မြို့တော်ကြီး တည်ထောင်ခြင်း) အစိုးရသည် ငွေကြေးသုံးစွဲမှု မဆင်ခြင်နိုင်သောကြောင့် နိုင်ငံတကာ ချေးငွေများကို လက်ခံကာ တိုင်း ပြည်တွင် အကြွေးထူပြောလာခြင်း များဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းအချက်အလက်များ အားလုံး ကိုက်ညီမှုရှိသည်ကို တွေ့ရှိရသည် ဟု ပညာရှင်များသုံးသပ်ကြကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံ၌ လူကုန်ကူးမှုများ ပြားနေခြင်းမှာ သယံဇာတအလွန်အကျွံ ထုတ်ယူသုံးစွဲသောနိုင်ငံများ တွင်ဖြစ်လေ့ရှိသော အကြောင်းအရာဟု သိရသည်။

''သယံဇာတရောင်းတဲ့နိုင်ငံတွေက ရောင်းစရာကုန်ရင် လူရောင်း တာတွေ ဖြစ်လာတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှု၏ အများဆုံးရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လက်ထပ်ရန် ရောင်းစားမှုများဖြစ်သည်။ ပတ်ဝန်းကျင်နိုင် ငံများတွင် စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လစာငွေ နည်းပါးခြင်း ရပ်တည်ရန် ခက်ခဲခြင်း စသည့်အချက်များကြောင့် ဗီယက်နမ်၊ လာအို၊ မြန် မာတို့မှ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ လူကုန်ကူးခံနေရကြောင်း သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''သယံဇာတ ရှိတဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ လာအိုတို့၊ ကမ္ဘောဒီးယား တို့မှာလည်း လူကုန်ကူးမှုတွေဖြစ်နေ တာပဲ။ တကယ်တော့ လူကုန်ကူးမှုဆိုတာ က နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖြစ်တာ''ဟု ပြောသည်။

ကမ္ဘာတွင် တစ်မိနစ်လျှင် ၅ ဦးနှုန်းဖြင့် လူကုန်ကူးခံနေရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်က လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ တွင်မူ ၁၂ဝ မှုဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တိုက်ဖျက် ရေးဗဟိုအဖွဲ့မှ သိရသည်။

ဝေယံမိုးမြင့်

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ

မြန်မာနိုင်ငံသည် သယံဇာတကျိန်စာဖြစ်ပေါ်နေပြီဟု ပညာရှင်အချို့က သုံးသပ်ကြောင်း Spectrum မြန်မာမှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံသည် သယံဇာတ ရောင်းချမှု ၃၅ ရာခိုင်နှုန်းကျော်ဖြင့် တိုင်းပြည်ဝင်ငွေရှာဖွေပါက သယံဇာတ ကျိန်စာ ဖြစ်ပေါ်လာကြောင်း၊ မြန် မာ နိုင်ငံအနေနှင့် သယံဇာတရောင်းချမှုဖြင့် တိုင်းပြည် ဝင်ငွေ ၇ဝ ရာ ခိုင်နှုန်းကျော် ရှာဖွေနေခြင်းကြောင့် သယံဇာတကျိန်စာများ ဖြစ်ပေါ်နေပြီဟု ပညာရှင်များ သုံးသပ်ကြောင်း ၄င်းထံမှသိရသည်။

သယံဇာတအလွန်အကျွံထုတ်ယူ သောနိုင်ငံများသည် သယံဇာတ ကျိန်စာ များဟုဆိုသော လူမှပြုလုပ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခြင်း (ဥပမာ-မြေဖို့ထားသောတောင်များ ပြိုခြင်း၊ သယံဇာတထုတ်ယူမှုကြောင့် ကမ်းပါးများပြိုကျခြင်း)၊ နိုင်ငံတကာ ငွေကြေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း သုံးငွေတန်ဖိုး တက်လာခြင်း၊ သယံ ဇာတထုတ်ယူမှု၏ ဘေးထွက်ဆိုးကျိုး များကြောင့် ဒေသခံကလေးများတွင် အင်္ဂါချို့တဲ့မှုများ ဖြစ်ပေါ်ခြင်း၊ သယံ ဇာတပိုင်ဆိုင်လိုမှုကြောင့် ပြည်တွင်းစစ် များဖြစ်ပေါ်ခြင်း၊ လူကုန်ကူးမှု များ ပေါ်ပေါက် လာခြင်းများကို တွေ့ရှိရ သည်ဟု သိရသည်။
ထို့အပြင်အစိုးရသည် သယံဇာတ များရောင်းချခြင်းဖြင့် အလွယ်တကူ ဝင်ငွေရရှိလာခြင်းကြောင့် တိုင်းပြည် အတွက် ငွေကြေးသုံးစွဲမှုတွင် ချင့်ချိန်မှု မရှိဘဲ မလိုလားအပ်သော စီမံကိန်း ကြီးများ ရေးဆွဲဖော်ဆောင်မှု ပြုလုပ် သည်။

(မြန်မာနိုင်ငံတွင်မူ နေပြည်တော်အစိုးရရုံး အခြေစိုက် မြို့တော်ကြီး တည်ထောင်ခြင်း) အစိုးရသည် ငွေကြေးသုံးစွဲမှု မဆင်ခြင်နိုင်သောကြောင့် နိုင်ငံတကာ ချေးငွေများကို လက်ခံကာ တိုင်း ပြည်တွင် အကြွေးထူပြောလာခြင်း များဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းအချက်အလက်များ အားလုံး ကိုက်ညီမှုရှိသည်ကို တွေ့ရှိရသည် ဟု ပညာရှင်များသုံးသပ်ကြကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံ၌ လူကုန်ကူးမှုများ ပြားနေခြင်းမှာ သယံဇာတအလွန်အကျွံ ထုတ်ယူသုံးစွဲသောနိုင်ငံများ တွင်ဖြစ်လေ့ရှိသော အကြောင်းအရာဟု သိရသည်။

''သယံဇာတရောင်းတဲ့နိုင်ငံတွေက ရောင်းစရာကုန်ရင် လူရောင်း တာတွေ ဖြစ်လာတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှု၏ အများဆုံးရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လက်ထပ်ရန် ရောင်းစားမှုများဖြစ်သည်။ ပတ်ဝန်းကျင်နိုင် ငံများတွင် စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လစာငွေ နည်းပါးခြင်း ရပ်တည်ရန် ခက်ခဲခြင်း စသည့်အချက်များကြောင့် ဗီယက်နမ်၊ လာအို၊ မြန် မာတို့မှ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ လူကုန်ကူးခံနေရကြောင်း သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''သယံဇာတ ရှိတဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ လာအိုတို့၊ ကမ္ဘောဒီးယား တို့မှာလည်း လူကုန်ကူးမှုတွေဖြစ်နေ တာပဲ။ တကယ်တော့ လူကုန်ကူးမှုဆိုတာ က နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖြစ်တာ''ဟု ပြောသည်။

ကမ္ဘာတွင် တစ်မိနစ်လျှင် ၅ ဦးနှုန်းဖြင့် လူကုန်ကူးခံနေရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်က လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ တွင်မူ ၁၂ဝ မှုဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တိုက်ဖျက် ရေးဗဟိုအဖွဲ့မှ သိရသည်။

ဝေယံမိုးမြင့်

ဖိလစ်ပိုင် နိုင်ငံ ငြိမ်းချမ်းရေး ခရီးစဉ် ၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာ ရှင်းလင်းပွဲ

r88 Students leaders Press Conference
BurmaVJMediaBurmaVJMedia
Published on 23 Jan 2013
ဖိလစ်ပိုင် နိုင်ငံကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများရဲ့
ခရီးစဉ် နဲ့ ပတ်သက်လို့ ရန်ကုန်မြို့ သင်္ကန်းကျွန်း မြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ
ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဒီသတင်းစာ ရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ ဖိလစ်ပိုင်နိုင်ငံကို ဘာကြောင့်
သွားခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အရင်ဦးဆုံး ရှင်းပြခဲ့ပြီး သူတို့ သိမြင်ခဲ့ရတာတွေကို ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကရှင်းပြခဲ့ပါတယ်။၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ သူတို့ရဲ့
ခရီးစဉ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင်
ငြိမ်းချမ်းရေး အစီအစဉ်တွေမှာပါဝင်တဲ့ နှစ်ဖက် လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေ ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ
ကြားခံ ညှိနှိုင်းဆောင်ရွက်ပေးသူတွေ ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ၊ ဒေသတွင်း ဖွံ့ဖြိုးရေးနှင့်
ကယ်ဆယ်ထောင်မရေး အေဂျင်စီတွေ ၊ နိုင်ငံတကာ ကူညီထောင်မရေးအဖွဲ့တွေ နောက်
လူ့အခွင့်အရေးဖော်ဆောင်မှုဆိုင်ရာ အဖွဲ့တွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ချစားမှု နေပြည်တော်မှာ စစ်ဆေးနေ

Wednesday, January 23, 2013

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့RFA က စုံစမ်းသိရှိရပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မှုခင်းစုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ BSI စတဲ့ အဖွဲ့တွေပါဝင်ပြီး၊နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက်လာဘ်စားမှုကို စုံစမ်းစစ်ဆေးနေတာလို့ သိရှိရပါတယ်။

ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာအကျယ်ချုပ် ချထားပြီး၊စစ်ဆေးမေးမြန်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှ တို့အပြင် ရန်ကုန်အခြေစိုက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေ
က စုံစမ်းစစ်ဆေးမှုတွေလုပ်နတယ်လို့ သိရပါတယ်။

တရုတ်ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့ ZTE နဲ့ Huaweiကုမ္မဏီတို့နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကြား အကျိုးတူလုပ်ကိုင်
နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေးကိစ္စတွေမှာ ဆက်စပ်လုပ်ကိုင်နေတဲ့Elite ၊ Asia Mega Link ၊ တာမိုးညဲ စတဲ့ ကုမ္မဏီ
၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။

RFA Burmese