Thursday, January 24, 2013

စာမူခမရလိုက်တဲ့ဆိတ်ဖွား

ဒေါ်အောင်ဆန်းစုကြည်ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူ မြို့သို့ေ၇ာက်ရှိ

တည်းခိုရာ The Kahala Resort Hotel
ဓါတ်ပုံ Bunny

amazing performance..

မူရင်းလင့်
https://www.facebook.com/photo.php?v=273340362700841&set=vb.170555075632&type=2&theater

စာပေစိစစ်ကို ဖျက်သိမ်း

သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် တကယ်ပဲ သဘောထားကွဲလွဲနေသလား

Published on January 24, 2013 by တိုင်းကျော်

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့သစ်တက်လာပြီး နောက်ပိုင်း ကချင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားလာတဲ့အပေါ် နိုင်ငံရေးဝေဖန်သူတွေနဲ့ ပြည်သူတွေအကြား ဝေဖန်သုံးသပ်မှု အမျိုးမျိုး ပေါ်ပေါက်နေပါတယ်။

သမ္မတက စစ်တပ်ကို ထိုးစစ်တွေ မဆင်ဖို့ အမိန့်ထုတ်ထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတဲ့အပေါ် သမ္မတက တမျိုး စစ်တပ်က တဖုံ ဖြစ်နေသလား၊ သမ္မတက စစ်တပ်အပေါ် ဩဇာမညောင်း ဖြစ်နေသလား၊ အခုနောက်ဆုံး လဂျားယန်ဒေသမှာ စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ ပြီးဆုံးပြီ။ ဒါကြောင့် ထိုးစစ်ဆင်တာတွေ မလုပ်တော့ဘူးလို့ သမ္မတက ပြောနေတဲ့တိုင် အဲဒီ ဒေသအပါအ၀င် ကချင်ပြည်နယ် အနှံ့အပြား တိုက်ပွဲတွေ အရှိန်ပြင်းပြင်း ဆက်ဖြစ်နေတာ ဘာကြောင့်လဲ စတဲ့မေးခွန်းတွေ အများကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအကြောင်းတွေကို ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

တကယ်တော့ သမ္မတဦးသိန်းစိန်အစိုးရ ဆိုတာ အရင် မြန်မာနိုင်ငံကို ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ပြီး ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့၊ ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင် အစိုးရရဲ့အဆက် ဖြစ်ပါတယ်။

ဒါကို လက်ရှိ နိုင်ငံတာဝန်ရှိတဲ့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပါတီခေါင်းဆောင် ဦးဌေးဦး တို့ ၃ ဦးစလုံးဟာ ပြည်တွင်းနဲ့ ပြည်ပခရီးစဉ်တွေမှာ မြန်မာနိုင်ငံ ခုလို အပြောင်းအလဲ ဖြစ်လာအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အရင် စစ်ခေါင်းဆောင်တွေက လုပ်ပေးခဲ့တာ၊ လမ်းခင်းပေးခဲ့တာ စသဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်။

လက်ရှိ အခြေအနေဟာ မြန်မာပြည် ပြည်မ နိုင်ငံရေးအခင်းအကျဉ်းမှာ တရားဝင် ၀န်ခံတာ မရှိပေမယ့် ဒိုင်ယာလော့လို့ ခေါ်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် ဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ စစ်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်၊ စစ်တပ်၊ တရားရုံးအပါအ၀င် အဖွဲ့အစည်းအသီးသီးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံတွေ ပုံစံတမျိုးနဲ့ ဒိုင်ယာလော့ လုပ်နေကြတယ် ဆိုရင် မမှားပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကြံ့ခိုင်ရေးပါတီ ကြီးစိုးထားတဲ့ လွှတ်တော်၊ ဗဟိုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းအစိုးရတွေမှာပါ စစ်အာဏာပိုင်ဟောင်းတွေ အာဏာချုပ်ကိုင်ထားတဲ့ အစိုးရအဖွဲ့အသီးသီး၊ အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်တပ် အဲဒီ အခင်းအကျင်းအပေါ်မှာ လုပ်ကိုင်ကြရတဲ့ ဒိုင်ယာလော့ ဖြစ်ပါတယ်။

ဒီအခြေအနေဖြစ်လာအောင် အရင် စစ်အာဏာရှင်ဟောင်းတွေဟာ ဟန်ပြ အမျိုးသားညီလာခံကို နှစ်ရှည်လများခေါ်ယူ၊ သူတို့ လိုချင်တာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းထဲ အတင်းအကျပ်ထည့်၊ နောက်တော့ ၂၀၀၈ ခုနှစ်မှာ မတရားမှု လိမ်လည်အကောက်ကြံမှုပေါင်းများစွာနဲ့ ဖွဲ့စည်းပုံကို အတည်ပြု၊ ၂၀၁၀ မှာ မသမာတဲ့ နည်းပေါင်းစုံ အသုံးပြုပြီး ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် ဖန်တီး၊ အဲဒီ မတရားတဲ့ ရလဒ်တွေကနေ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့၊ သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်အဖွဲ့တွေကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် စစ်အာဏာရှင်တွေဟာ ဒီလို နေရာအားလုံးမှာ အသာစီးရတဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ နိုင်ငံရေးလုပ်ခွင့်ပေးတာ၊ အန်အယ်လ်ဒီနဲ့ အတိုက်အခံ နည်းနည်းပါးပါးကို လွှတ်တော်ထဲရောက်အောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။ ပြောရရင် အရာရာမှာ အသာစီးယူထားပြီးမှ ဒိုင်ယာလော့ လုပ်ခွင့်ပေးထားတဲ့ ပုံစံ ဖြစ်ပါတယ်။

စစ်ရေးကိစ္စမှာလည်း စစ်အာဏာရှင်ဟောင်းတွေဟာ ဒီအတိုင်း စဉ်းစားတာ ဖြစ်ပါတယ်။ ကချင်မှအပ အခြား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ပိုနေမြဲ ကျားနေမြဲ အခြေအနေအပေါ်မှာ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးစကား ပြောနေတာ ဖြစ်ပါတယ်။ ကချင်အရေးကို စဉ်းစားတော့လည်း ဒီအတိုင်းပါပဲ။ ရွေးကောက်ပွဲ မတိုင်ခင် အရင်စစ်အစိုးရက ကေအိုင်အေကို နယ်ခြားစောင့်တပ်လုပ်ဖို့ ဖိအားပေးရင်း ပဋိပက္ခတွေ အရှိန်မြင့်တက်လာနေချိန် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တဲ့ ကချင်ပါတီ ၃ ပါတီစလုံးကို ပါတီထောင်ခွင့်တောင် မပေးခဲ့ပါဘူး။ ဒီနည်းနဲ့ လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ အစိုးရအဖွဲ့ထဲမှာ အရင်တုန်းကလို အစိုးရ အလိုတော်ရိတွေကိုပဲ နေရာပေးထားတဲ့ အခင်းအကျင်းကို ဖန်တီးခဲ့ပါတယ်။

အလားတူ ရှမ်းပြည်နယ်နဲ့ အောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးယူ၊ ဒိုင်ယာလော့ လုပ်သလို၊ ကေအိုင်အေ၊ ကေအိုင်အိုနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေး၊ ဒိုင်ယာလော့ လုပ်တဲ့အခါ အပေါ်စီးက လုပ်နိုင်အောင် နေရာတကာ အသာစီးရယူတဲ့ အနေအထားနဲ့ လုပ်လိုစိတ် ပိုင်းဖြတ်ထားပုံ ရပါတယ်။ ဒါကြောင့်လည်း တိုက်ပွဲတွေဖြစ်နေတဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်း အစိုးရတပ်ဖွဲ့အင်အား အတော်များများ ကချင်ပြည်နယ်ထဲ ရွှေ့ပြောင်းခဲ့သလို ခုခံစစ်ပဲ လုပ်မယ် ပြောပေမယ့် ထိုးစစ်ဆင်လာလိုက်တာ လေယာဉ်အကူအညီ၊ ရဟတ်ယာဉ်အကူအညီနဲ့ တိုက်ပွဲဝင်တဲ့အထိ ကြမ်းတမ်းလာတာကို တွေ့နိုင်ပါတယ်။

တကယ်တော့ ဒီလိုဖြစ်လာတာဟာ သမ္မတက စစ်တပ်အပေါ် ဩဇာမညောင်းတာ မဟုတ်သလို သမ္မတနဲ့ စစ်တပ်ခေါင်းဆောင် သဘောထားကွဲလွဲတာမျိုးလည်း မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ပြည်မမှာ အရာအားလုံးကို အပေါ်စီးရယူတဲ့ အခင်းအကျင်းဖန်တီးပြီးမှ ဒိုင်ယာလော့ လုပ်သလို စစ်ရေးမှာလည်း အသားစီး အလွန်အကျွံရယူပြီးမှ စေ့စပ်ဆွေးနွေးတာ လုပ်လိုတဲ့ သဘောကို ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ ဒီလို အရင် စစ်အာဏာရှင်ဟောင်းတွေရဲ့ မရိုးသားတဲ့ လုပ်ရပ်တွေကြောင့် နောင်လာမယ့် အနာဂတ်မှာ နိုင်ငံရေးအရရော စစ်ရေးအရပါ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အဖြေတခု ရလာမှာ မဟုတ်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။
Burmese.dvb.no

ဒေသတည်ငြိမ်မှုမရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်

RFA Burmese
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် တစ်လပြည့်သွားပြီ ဖြစ်ပေမယ့် မီးပုံမှန်အတိုင်း ပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရနဲ့ ကေအိုင်အေ တို့နှစ်ဖက်ကြားက တိုက်ပွဲတွေအပေါ်မှာ မူတည်နေတယ် လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက RFA ကို ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ မှာရှိတဲ့ ဘူးဂါးကုမ္ပဏီပိုင် မလိရေအားလျှပ်စစ် စက်ရုံနားတစ်ဝိုက်မှာ လုံခြုံရေး အခြေအနေမရှိမှု၊ မြေမြှုပ်မိုင်း အန္တရာယ်တွေအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က နှစ်ဖက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့အတွက် လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးဖို့ အတိအကျ မပြောနိုင်သေးဘူးလို့ ဘူးဂါးကုမ္ပဏီရဲ့ လျှပ်စစ်မီး ဖြန့်ဖြူးရေးမန်နေဂျာ ဦးဇာမဲခင် က RFA ကို အခုလိုပြောပါတယ်။

"တိုက်ပွဲတွေ မရှိတော့ဘူးဆိုရင် တိုင်နှစ်တိုင်ကို အဆင်သင့်လဲဖို့ သံတိုင်တွေကို စီစဉ်ထားတယ်၊ အခုအဲဒီမှာ အရပ်သားဆိုတော့ လွတ်လွတ်လပ်လပ် သွားလို့မရတော့၊ မိုင်းတွေလည်း ထောင်ထားတော့ အဲဒီပတ်ဝန်းကျင်ကို သွားလို့မရတော့ ဒီအတိုင်းပဲ အဆင်သင့်စောင့်နေတဲ့ အနေအထားပဲ ရှိပါတယ်"

ဒီအတောအတွင်း ပျက်စီးသွားတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့ အခိုက်အတန့် ကာလမှာတော့ ဘူးဂါးကုမ္ပဏီက ၅၀၀ကေဗွီအေ အင်ဂျင်စက် ၃လုံးနဲ့ အချိန်ပိုင်းအလိုက် မီးပေးဖို့ စီစဉ်နေတယ်လို့ ဦးဇာမဲခင်က ပြောပါတယ်။
> ဒေသတည်ငြိမ်မှုမရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်

ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား

(VOA) (24-1-2013)
_____________________________________________________

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ အင်အားသုံး နှိမ်နင်းဖို့ လိုလားနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။
မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကြား တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတရပ်ကို ဆွေးနွေးကြတာပါ။ ကချင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းလာတဲ့ အဆိုကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြရာမှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အစိုးရ အဆက်ဆက် လက်ထက် ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး အကျိုးဆက်အဖြစ် ဆွေးနွေးခဲ့ကြတာပါ။ ကချင်ပြည်နယ်က အခုနောက်ဆုံး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဆိုရင်လည်း တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အဖြေရနိုင်မယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ယုံကြည်ကြတဲ့အကြောင်း ကိုယ်တိုင် ၀င်ရောက် ဆွေးနွေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

“အဓိကကတော့ ပြည်တွင်းစစ်ကို ရပ်စေချင်တာပေါ့၊ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဟာ တွေ့ဆုံညှိနှိုင်းဖြေရှင်းနည်းပဲ ဆိုတဲ့သဘောကို ဆွေးနွေးကြပါတယ်။ ဒါကျနော်တို့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတယ်။ တော်တော်များများ အဲ့ဒီ့အမြင်နဲ့ပါ။ နောက်တော့ ပြည်ခိုင်ဖြိုးပါတီဘက်က တချို့၊ တပ်မတော်အငြိမ်းစားပုဂ္ဂိုလ်တွေကတော့ဖြင့် အပြုတ်ချေမှုန်းရေးဆိုတဲ့ ဦးတည်ချက်ဘက်ကို သွားတယ်လို့ယူဆပါတယ်။ ကျနော်တို့ဆွေးနွေးတဲ့အခါမှာကျတော့ ဒီနယ်မြေကို ခဏတာ အောင်လံစိုက်ပြီးခါမှ သိမ်းရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးကို မရနိုင်ဘူး။ နယ်မြေစိုးမိုးရေးကို မရနိုင်ဘူးဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျနော်တို့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ယဉ်ကျေးမှု တည်ဆောက်ဖို့လိုတယ်ဆိုတဲ့ အဲ့တာလေးနဲ့ ကျနော်တို့ ဆွေးနွေးပါတယ်။”

ကြာသပတေးနေ့က လွှတ်တော်တွင်း ဆွေးနွေးစဉ်မှာလည်း စစ်တပ် ကိုယ်စားလှယ်တွေနဲ့ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်တွေက အလားတူ စွပ်စွဲချက်တွေနဲ့အတူ ပြဿနာကို အင်အားသုံး ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။
“တပ်မတော်သားတွေဖက်က ဆွေးနွေးတဲ့အခါကျတော့ ပြည်တွင်းဒီစစ်ပွဲနဲ့ပတ်သက်လို့ ကေအိုင်အေ၊ ကေအိုင်အိုတို့ရဲ့ စတင်ပစ်ခတ်မှုတွေ၊ မိုင်းခွဲမှုတွေ၊ အဲ့တာမျိုးတွေကို ချပြပြီးကာမှ ရှင်းတာပေါ့ဗျာ။ တိုင်းရင်းသားတွေဖက်ကတော့ ဟိုဘက်၊ ဒီဘက် အကြောင်းပြနိုင်မှာပဲ စစ်ပွဲဆိုတာ၊ နော် စစ်ပွဲဆိုတာ အကြောင်းရင်းကို ရှာဖို့လိုတယ်။ အဲ့ဒီ့နည်းဟာ နိုင်ငံရေးအရ ဖြေရှင်းနည်းပဲ။ တကယ်တမ်း ကျနော်တို့ တိုင်းပြည်ကိုသာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ကျော် မငြိမ်းချမ်းသေးတာ၊ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြ ဖြစ်ကြတာ၊ အမှန်တော့ ကျနော်တို့ပြန်လည်သုံးသပ်ဖို့ လိုပြီ။ ကျနော်တို့ တွေ့ဆုံညှိနှိုင်း အဖြေရှာပြီးကာမှ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပြီဆိုတာကို ကျနော်တို့ကို ပြန် တပ်လှန့်လိုက်တဲ့ သဘောပါပဲလို့ ဆွေးနွေးကြပါတယ်။ အကုန်လုံး ငြိမ်းချမ်းရေးကို ရစေချင်တယ်။ ဦးခတ်ထိန်နန်အဆိုတင်သွင်းတဲ့ အချက်သုံးချက်လုံးကို တိုင်းရင်းသားလွှတ်တော်အမတ်တွေက ထောက်ခံခဲ့ကြပါတယ်။ ”

ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ သောကြာနေ့အထိ ဆက်လက် ဆွေးနွေးဦးမှာပါ။-

ကိုစည်သူမောင်ပုံမှန်အတန်းမှာ ဆက်လက်ပညာသင်ကြားခွင့် ငြင်းပယ်ခံခဲ့ရ

DagonUniversity StudentsUnion's photo.
၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်
ရန်ကုန်စီးပွားရေးတက္ကသိုလ် B.Econ(stat) တတိယနှစ်  
ပုံမှန်အတန်းမှာ ဆက်လက်ပညာသင်ကြားခွင့် ငြင်းပယ်ခံခဲ့ရ......

ယနေ့ ၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat) သင်တန်းကို Y.I.E (ရန်ကုန်စီးပွားရေး) တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁) ဦးသန်းစိုးဦး
နှင့်သင်တန်းရေးရာမှ မော်ကွန်းထိန်းဦးတင်အောင်မှ ခေါ်ယူတွေ့ဆုံ
စကားပြောခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကျနော့်အား တတိယနှစ်ပုံမှန်
အတန်းမှာ ဆက်လက်တက်ရောက်ခွင့်နှင့် ပတ်သတ်ပြီး ငြင်းပယ်ခံခဲ့ရပြီး
အဝေးသင်တက္ကသိုလ်သို့ ပြောင်းရန်အတွက် ပညာရေးဝန်ကြီးဌာန နှင့်
အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ ညွန်ကြားချက်စာ အား
ပေးခဲ့ပါသည်။ အဘယ်အတွက်ကြောင့် နေ့သင်တန်း(Day)အား တက်ရောက်
ခွင့်မပြုခဲ့ရပါသနည်း ဟု မေးမြန်းကြည့်သောအခါ အကြောင်းပြချက်ကို ဆရာတို့အနေနှင့် မသိပါကြောင်း ယခုညွန်ကြားစာကိုသာ လက်ခံရရှိပါ
ကြောင်းနှင့် အဝေးသင်တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ဖြင့် ဆက်လက်
ပညာသင်ကြားခွင့်ပေးထားပါကြောင်း၊ ထိုသို့တက်ရောက်ခွင့်ပြုသော်လည်း
ကျောင်းပြန်လည်အပ်နှံသည့်အခါ မိဘများကိုယ်တိုင်လိုက်ပါ အပ်နှံပြီး
ခံဝန်ကတိလက်မှတ် ရေးထိုးဖို့ လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်
အဝေးသင်တက္ကသိုလ်သို့ ဆက်လက်ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေး
လိုပါကြောင်းပြောကြားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့်၂၀၀၇ ရွှေဝါရောင်
တော်လှန်ရေး ကျောင်းသားလှုပ်ရှားမှု ဖြင့် စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်း
ခံခဲ့ရစဉ်က မပြီးပြတ်သေးသော နေ့သင်တန်းကိုသာ ဆက်လက်တက်ရောက်
နိုင်ရေး ထပ်မံကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဝေးသင်တက္ကသိုလ်စီးပွားရေးဘာသာရပ်မှာ ကျွန်တော့်၃နှစ်တိတိ
ကြိုးစားသင်ယူခဲ့ရသော Institute မှပေးမည့် B.Econ(stat) မေဂျာလုံးဝ
မရှိပါကြောင်းနှင့် သင်ကြားရမည့် ဘာသာရပ်များ သင်ရိုးများ လုံးဝမတူညီ
သည့်အတွက်ကြောင့် ကျွန်တော့်အနေဖြင့် ၄င်းအဝေးသင်တက္ကသိုလ် ကို
လုံးဝ(လုံးဝ) တက်ရောက်လိမ့်မည်မဟုတ်ဟု ငြင်းပယ်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတကြီးမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် ဟု
ကြွေးကြော်၍ ပြည်ပသို့ရောက်ရှိနေသော သူများကိုပင် နာမည်ပျက်စာရင်း
(BlackList)မှပယ်ဖျက်ပေးပြီး ပြည်တွင်းသို့ပြန်လည်ဖိတ်ခေါ်ကာ အမျိုးသား
ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ပြုလုပ်
နေသည်ဆိုသော်လည်း ယ္ခုကဲ့သို့ပညာရေးဝန်ကြီးဌာန အပါအဝင်
သက်ဆိုင်ရာ အာဏာပိုင်များမှ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်
လာသော တက္ကသိုလ်ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေးအား
ငြင်းပယ်လိုက်ခြင်းသည် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်နိုင်ပါသည် ဟု ယူဆမိပါသည်။
ယ္ခု ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသော
ယုံကြည်ချက်ဖြင့် အကျဉ်းကျခံရသည့် ကျောင်းသား/ကျောင်းသူများစုပေါင်း
၍ သက်ဆိုင်ရာကျောင်းများတွင် သင်ကြားနေဆဲဘာသာရပ် အတန်းများတွင်
ဆက်လက် သင်ကြားခွင့်ရရေးအတွက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်
ပါသည်။ သက်ဆိုင်ရာသတင်းမီဒီယာများ၊ နိုင်ငံတော်သမ္မ အပါအဝင်
အာဏာပိုင်အဖွဲ့အစည်းများ၊ လွတ်တော်များ၊ လူ့အခွင့်အရေးစောင့်ကြည့်
လေ့လာနေသူများအားလုံး ထံသို့ ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။ စည်သူမောင် 3rdyear B.Econ(stats.)Y.I.E 2007.Sep 
၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်
ရန်ကုန်စီးပွားရေးတက္ကသိုလ် B.Econ(stat) တတိယနှစ်
ပုံမှန်အတန်းမှာ ဆက်လက်ပညာသင်ကြားခွင့် ငြင်းပယ်ခံခဲ့ရ......

နေ့ ၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို
 ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat) သင်တန်းကို
 Y.I.E (ရန်ကုန်စီးပွားရေး) တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ခွင့်နှင့်
ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁) ဦးသန်းစိုးဦး
နှင့်သင်တန်းရေးရာမှ မော်ကွန်းထိန်းဦးတင်အောင်မှ ခေါ်ယူတွေ့ဆုံ
စကားပြောခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကျနော့်အား တတိယနှစ်ပုံမှန်
အတန်းမှာ ဆက်လက်တက်ရောက်ခွင့်နှင့် ပတ်သတ်ပြီး ငြင်းပယ်ခံခဲ့ရပြီး
အဝေးသင်တက္ကသိုလ်သို့ ပြောင်းရန်အတွက် ပညာရေးဝန်ကြီးဌာန နှင့်
အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ ညွန်ကြားချက်စာ အား
ပေးခဲ့ပါသည်။ အဘယ်အတွက်ကြောင့် နေ့သင်တန်း(Day)အား တက်ရောက်
ခွင့်မပြုခဲ့ရပါသနည်း ဟု မေးမြန်းကြည့်သောအခါ အကြောင်းပြချက်ကို  
ဆရာတို့အနေနှင့် မသိပါကြောင်း ယခုညွန်ကြားစာကိုသာ လက်ခံရရှိပါ
ကြောင်းနှင့် အဝေးသင်တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ဖြင့် ဆက်လက်
ပညာသင်ကြားခွင့်ပေးထားပါကြောင်း၊ ထိုသို့တက်ရောက်ခွင့်ပြုသော်လည်
ကျောင်းပြန်လည်အပ်နှံသည့်အခါ မိဘများကိုယ်တိုင်လိုက်ပါ အပ်နှံပြီး
ခံဝန်ကတိလက်မှတ် ရေးထိုးဖို့ လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်
အဝေးသင်တက္ကသိုလ်သို့ ဆက်လက်ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေး
လိုပါကြောင်းပြောကြားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့်၂၀၀၇ ရွှေဝါရောင်
တော်လှန်ရေး ကျောင်းသားလှုပ်ရှားမှု ဖြင့် စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်း
ခံခဲ့ရစဉ်က မပြီးပြတ်သေးသော နေ့သင်တန်းကိုသာ ဆက်လက်တက်ရောက်
နိုင်ရေး ထပ်မံကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဝေးသင်တက္ကသိုလ်စီးပွားရေးဘာသာရပ်မှာ ကျွန်တော့်၃နှစ်တိတိ
ကြိုးစားသင်ယူခဲ့ရသော Institute မှပေးမည့် B.Econ(stat) မေဂျာလုံးဝ
မရှိပါကြောင်းနှင့် သင်ကြားရမည့် ဘာသာရပ်များ သင်ရိုးများ လုံးဝမတူညီ
သည့်အတွက်ကြောင့် ကျွန်တော့်အနေဖြင့် ၄င်းအဝေးသင်တက္ကသိုလ် ကို
လုံးဝ(လုံးဝ) တက်ရောက်လိမ့်မည်မဟုတ်ဟု ငြင်းပယ်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတကြီးမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် ဟု
ကြွေးကြော်၍ ပြည်ပသို့ရောက်ရှိနေသော သူများကိုပင် နာမည်ပျက်စာရင်း
(BlackList)မှပယ်ဖျက်ပေးပြီး ပြည်တွင်းသို့ပြန်လည်ဖိတ်ခေါ်ကာ အမျိုးသား
ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ပြုလုပ်
နေသည်ဆိုသော်လည်း ယ္ခုကဲ့သို့ပညာရေးဝန်ကြီးဌာန အပါအဝင်
သက်ဆိုင်ရာ အာဏာပိုင်များမှ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်
လာသော တက္ကသိုလ်ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေးအား
ငြင်းပယ်လိုက်ခြင်းသည် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်နိုင်ပါသည် ဟု ယူဆမိပါသည်။
ယ္ခု ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသော
ယုံကြည်ချက်ဖြင့် အကျဉ်းကျခံရသည့် ကျောင်းသား/ကျောင်းသူများစုပေါင်း
၍ သက်ဆိုင်ရာကျောင်းများတွင် သင်ကြားနေဆဲဘာသာရပ် အတန်းများတွင်
ဆက်လက် သင်ကြားခွင့်ရရေးအတွက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်
ပါသည်။ သက်ဆိုင်ရာသတင်းမီဒီယာများ၊ နိုင်ငံတော်သမ္မတ အပါအဝင်
အာဏာပိုင်အဖွဲ့အစည်းများ၊ လွတ်တော်များ၊ လူ့အခွင့်အရေးစောင့်ကြည့်
လေ့လာနေသူများအားလုံး ထံသို့ ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။    

စည်သူမောင် 3rdyear B.Econ(stats.)Y.I.E 2007.Sep

ကိုမင်းကိုနိုင်..နော်ဝေးနဲ့ ဥရောပခရီးစဉ် နိုဝင်ဘာမှာစတင်မယ်။

Ko Nyo's photo.
ကိုမင်းကိုနိုင်..နော်ဝေးနဲ့ ဥရောပခရီးစဉ်
နိုဝင်ဘာမှာစတင်မယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်..ကိုမင်းကိုနိုင်ရဲ့ဒုတိယအကြိမ်ပြည်ပခရီးစဉ်ကို
လာမဲ့ဖေဖ၀ါရီလ(၁၃)ရက်ကနေ့စတင်မှာဖြစ်တယ်။
နော်ဝေးနိုင်ငံထရွန်ဟင်းမ်မြို့ကျောင်းသားအဖွဲ့အစည်းကချီးမြှင့်ခဲ့တဲ့
နိုင်ငံတကာကျောင်းသားငြိမ်းချမ်းရေးဆုကိုလက်ခံယူဖို့
 ဖေဖ၀ါရီ(၁၄)ရက်မှာနော်ဝေးနိုင်ငံရောက်ရှိမှာဖြစ်တယ်လို့ကိုမင်းကိုနိုင်ကပြောပါတယ်။ 
 နော်ဝေးနိုင်ငံအော်စလိုမြို့ကိုတော့ဖေဖ၀ါရီ(၁၆-၁၇)မှာရောက်ပြီးအော်စလိုရဲ့ပြည်သူ့လွှတ်တော်ကိုလေ့လာကြည့်ရှုပြီး
အဝေးရောက်မြန်မာတွေနဲ့ လည်းတွေ့ဆုံဖို့ရှိပါတယ်။နော်ဝေးမြန်မာကော်မတီ(NBC)ရဲ့ဖိတ်ခေါ်ချက်နဲ့အလည် အပတ်လာမှာဖြစ်ပြီးသူရဲ့ဥရောပနိုင်ငံများလေ့လာရေးအစီအစဉ်ကိုတော့ဖေဖ၀ါရီ၁၈ရက်ကစပြီး
ဒိန်းမတ်၊ဆွီဒင်၊ပြင်သစ်..နိုင်ငံအပါဝင်နိုင်င်တချို့ကိုသွားလည်မယ်လို့သိရတယ်။
ကိုမင်းကိုနိုင်နဲ့၈၈မျိုးဆက်အဖွဲ့ဟာပြီးခဲ့တဲ့သတင်းပတ်ကပဲဖိလစ်ပိုင်နိုင်ငံကလေ့လာရေး
ခရီးထွက်ခဲ့ပါတယ်။

သေဒဏ်ကျခံထားရတဲ့ PSO. ဗိုလ်မှူးဝင်းနိုင်ကျော် ရဲ့  ခဲပန်းချီလက်ရာ

သာယာဝတီထောင်မှာ သေဒဏ်ကျခံထားရတဲ့ နအဖ အတွင်းရေးမှူး (၂). ဗိုလ်ချုပ်ကြီးတင်ဦး ရဲ့  PSO. ဗိုလ်မှူးဝင်းနိုင်ကျော်  ရဲ့  ခဲပန်းချီလက်ရာ

By - Ni Lynn , စုဧကရီ , အုတ်ခဲ

အမေဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဟောပြောမယ်

Tun Wai's photo.
အမေဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဟောပြောမယ်

စာရေးဆရာမတစ်ဦးလည်းဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဟောပြောမယ့် စာပေပွဲတော်ကို ဖေဖ၀ါရီလ ၁ရက်နေ့ကနေ ၃ရက်နေ့အထိရန်ကုန်မြို့အင်းယားလိတ်ဟိုတယ် မှာ ကျင်းပမှာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

အဲဒီပွဲတော်ကိုနိုင်ငံတကာက စာရေးဆရာ၊ကဗျာဆရာ စတဲ့စာပေပညာရှင် ၂၅ရောက်နဲ့အတူ မြန်မာစာပေပညာရှင် ၂၅၀ကျော် တက်ရောက်ဟောပြောမှာဖြစ်တယ်လို့သိရပါတယ်။

ဒီလိုစာပေပွဲတော်ကို မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတာဖြစ်တယ်လို့လည်း စာရေးဆရာ ဖေမြင့်ကပြောပါတယ်။

စာပေပွဲတော်အပြင် အနုပညာနဲ့ဆက်စပ်တဲ့ မြန်မာ့ရိုးရာခြင်းလုံး ရုပ်သေးစတဲ့ဖျော်ဖြေမှုတွေပါ အင်းယားလိတ်ဟိုတယ်ရဲ့မျက်ခင်းပေါ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီမျက်ခင်းပေါ်မှာကျင်းပမယ့် ပွဲတွေကိုတော့ ဘယ်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပေမယ့် ဟောပြောပွဲတွေနားထောင်မယ်ဆိုရင်တော့ သုံးရက်ပေါင်း ၁၅၀၀ပေးရတဲ့ လက်မှတ်ဝယ်ရမှာဖြစ်တယ်လို့ သတင်းပါးအပ်ပါတယ် ခင်ဗျား။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲ ဖိတ်စာ

By Burma VJ Media Network

ပုလောမြို့နယ်ကျောက်ကာကျေးရွှာတွင်အုပ်ချုပ်ရေးမှူးကန့်ကွက်ခံရ

အကြောင်းအရာ။     ။ပုလောမြို့နယ်ကျောက်ကာကျေးရွှာတွင်အုပ်ချုပ်ရေးမှူးအသစ်ရွှေးချယ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့အတ္တဆန်တဲ့ အာဏာရှင်လူနည်းစုများအကြောင်း။

                            3.1.2013 ကျောက်ကာကျေးရွှာတွင်ဒီမိုကရေစီနည်းလမ်းတကျအုပ်ချုပ်ရေးမှူးရွှေးချယ်ရာတွင်ပုလောမြို့နယ်အမျိုးသား
လွတ်တော်အမတ်ဦးလှစိုးနှင့်ဒုဦးစီးဦးတင်လင်းဌေးတို့တရားနည်းလမ်းတကျလာရောက်ရွှေးချယ်ပေးကြပါသည်ရွှေးချယ်မှုများ
ကိုရွှာသူ၊ရွှာသားများကကျေနပ်ကြပါသည်။ဆယ်အိမ်စုဝင်(78)ယောက်မှဦးဌေးအောင်နှင့်ဦးသန်းဦးတို့ယှဉ်ပြိုင်ကြရာ
ဦးဌေးအောင်ကဦးသန်းဦးကို(13)မဲအကွာနှင့်အနိုင်ရရှိခဲ့သည်။ရွှေးချယ်မှုကိုအများလက်ခံကျေနပ်ကြပါသည်။ဦးတင်ဂွမ်ဦးဆောင်
၍ကြီးကြပ်ရေးမှူး(5)ယောက်နှင့်တကွလူ(15)ယောက်ကန့်ကွက်စာတင်ခဲ့သဖြင့်(11.1.2013)နေ့(11)နာရီတွင်ပလရုံးတွင်ခေါ်ယူ
စစ်ဆေးရန်အကြောင်းကြားလာပါသည်။ဦးဌေးအောင်ဘက်မှဦးကြည်လွင်၊ဦးချစ်ရအောင်၊ဦးစိုးငယ်တို့ပါတယ်။
ကန့်ကွက်တဲ့အဓိကအကြောင်းကတော့

(1)ရာဘာတောမှာစစ်ကြေးပေးတဲ့အကြောင်း
(2)တာတံမံရောင်းတဲ့အကြောင်း
(3)ဦးဌေးအောင်ယောက်ဖကိစ္စ၊

၎င်းကိစ္စနှင့်ပတ်သက်၍ကန့်ကွက်သူများပြောချင်တာကတော့သူများနောက်ကြောင်းအပြစ်ကိုဖော်ချင်ရင်
ကိုယ့်ရဲ့နောက်ကြောင်းသမိုင်းဘယ်လောက်ကောင်းသလဲဘာတွေလုပ်ခဲ့သလဲဆိုတာကိုသုံးသပ်စေချင်ပါတယ်။ကျွန်တော်
သိရသလောက်တော့ဦးဌေးအောင်တို့မကောင်းသတင်းတွေကြေးမုံသတင်းစာတွေနှင့်တီဗွီဖန်သားပြင်မှာတစ်ခါမှပါတာမတွေ့ဖူးပါ။
ကန့်ကွက်သူတွေထဲမှာမကောင်းသတင်းကိုကြေးမုံသတင်းစာနှင့်တီဗွီဖန်သားပြင်မှာပါခဲ့တဲ့သူတွေရှိပါတယ်။အမှန်တရား
ကိုမြတ်နိုးသောမီဒီယာသမားများ၊ပြည်သူများအတွက်ဒီသတင်းကိုပို့ပေးလိုက်ပါတယ်။

                      ကျောက်ကာကျေးရွှာသူ၊ရွှာသားများ
                  ပုလောမြို့နယ်၊တနင်္သာရီတိုင်းဒေသကြီး၊