Friday, January 25, 2013

လယ်သမားကြီးများကို အမှုဆင်ဖမ်းဆီး

Su Su Nway's photo.
၁၉၉၃ ခုနှစ်က ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊
လှာပကစ်ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်းများကို 
ကျေးရွာနေ တောင်သူလယ်သမား(၅၂)ဦးက မိမိတို့လုပ်အားဖြင့် 
ခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင်ခဲ့ကြပါသည်။
၁၉၉၄ ခုနှစ်ကုန်ပိုင်းတွင် စစ်တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာ
 ဗိုလ်ကြီးမျိုးစိမ့်က အဓမ္မသိမ်းယူခဲ့ပါသည်။ 
သို့သော် ထိုလယ်ယာမြေများပေါ်တွင်စစ်တပ်ကသော်လည်းကောင်း၊
 နိုင်ငံတော်ကသော်လည်းကောင်း မည်သည့်စီမံကိန်း၊ 
မည်သည့်အဆောက်အဦမျှ ဆောက်လုပ်ခဲ့ခြင်း
မရှိသဖြင့် မူလခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေဖော်ထုတ်ခဲ့ကြသော 
လယ်သမားကြီးအချို့က ၂၀၁၁ ခုနှစ်တွင် လယ်ယာလုပ်ငန်းပြန်လည်
လုပ်ကိုင်ရန် ကြိုးစားခဲ့ကြပါသည်။
ထိုအခါကျမှ ယခင်က လယ်ယာမြေသိမ်းယူခဲ့သော 
ဗိုလ်ကြီးမျိုးစိမ့်၏သမီးဆိုသူ ဒေါ်ခင်စံပယ်စိမ့် ရောက်ရှိလာပြီး
၎င်းပိုင်လယ်မြေများဖြစ်သည်ဆိုကာ ဌာနဆိုင်ရာ
အာဏာပိုင်ပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ အကောက်ကြံကာ 
လယ်သမားကြီးများကို အမှုဆင်ဖမ်းဆီး၍ 
အချုပ်ထဲထည့်ခြင်းပင်ဖြစ်ပါသည်။ လယ်သမားကြီးဦးတင်စိုးကို
၅/၁(စ)(ဆ) ခြေချုပ်ပုဒ်မဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်က ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊
လှာပကစ်ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်းများကို
ကျေးရွာနေ တောင်သူလယ်သမား(၅၂)ဦးက မိမိတို့လုပ်အားဖြင့်
ခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင်ခဲ့ကြပါသည်။
၁၉၉၄ ခုနှစ်ကုန်ပိုင်းတွင် စစ်တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာ
ဗိုလ်ကြီးမျိုးစိမ့်က အဓမ္မသိမ်းယူခဲ့ပါသည်။
သို့သော် ထိုလယ်ယာမြေများပေါ်တွင်စစ်တပ်ကသော်လည်းကောင်း၊
နိုင်ငံတော်ကသော်လည်းကောင်း မည်သည့်စီမံကိန်း၊
မည်သည့်အဆောက်အဦမျှ ဆောက်လုပ်ခဲ့ခြင်း
မရှိသဖြင့် မူလခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေဖော်ထုတ်ခဲ့ကြသော
လယ်သမားကြီးအချို့က ၂၀၁၁ ခုနှစ်တွင် လယ်ယာလုပ်ငန်းပြန်လည်
လုပ်ကိုင်ရန် ကြိုးစားခဲ့ကြပါသည်။
ထိုအခါကျမှ ယခင်က လယ်ယာမြေသိမ်းယူခဲ့သော
ဗိုလ်ကြီးမျိုးစိမ့်၏သမီးဆိုသူ ဒေါ်ခင်စံပယ်စိမ့် ရောက်ရှိလာပြီး
၎င်းပိုင်လယ်မြေများဖြစ်သည်ဆိုကာ ဌာနဆိုင်ရာ
အာဏာပိုင်ပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ အကောက်ကြံကာ
လယ်သမားကြီးများကို အမှုဆင်ဖမ်းဆီး၍
အချုပ်ထဲထည့်ခြင်းပင်ဖြစ်ပါသည်။ လယ်သမားကြီးဦးတင်စိုးကို
၅/၁(စ)(ဆ) ခြေချုပ်ပုဒ်မဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ပါသည်။

၂၀၁၃ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန် ရပ်ဆိုင်းမည်

KIC (Karen Information Center)'s photo. ၂၀၁၃ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန် ရပ်ဆိုင်းမည်
ဇန်နဝါရီလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ယခု ၂၀၁၃ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေးကိစ္စ ရပ်ဆိုင်းတော့မည်ဟု ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များဆိုင်ရာ အမေရိကန် အကြီးအကဲ (Principal Deputy Assistant Secretary for Bureau of population refugees and migration US Department of state) ဒေးဗစ်ရောဘင် ဆန် (Mr.David Robinson)က ယနေ့ ပြောကြားလိုက်သည်။

ဒုက္ခသည်များအား ခေါ်ယူခြင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံတစ်ခုတည်းသာ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ဒေးဗစ်ရော ဘင်ဆန် ပြောဆိုခဲ့ကြောင်း မယ်လစခန်း ဒု-ဥက္ကဌ စောသာကဲက ကေအိုင်စီသို့ ယခုလို ပြန်လည်ပြောဆိုသည်။

“သူလာရတဲ့ အကြောင်းကတော့ ဒုက္ခသည်တွေကို အသိလာပေးတဲ့သဘောပဲ။ ဒါဟာ အမေရိကန်နိုင်ငံ တနိုင်ငံအတွက်ပဲ သူ လာပြောသွားတာဖြစ်တယ်။ ကျန်နိုင်ငံတွေကတော့ မဆိုင်ဘူး။ ဒီနေ့ကနေ ဇွန်လ ၅ရက်နေ့အထိ အမေရိကန်နိုင်ငံ သွားလိုသူ တွေကို နာမည်စာရင်းလာပေးရမယ်။ နောက်ဆိုရင် မလက်ခံတော့ဘူး။ စာရင်းပိတ်တော့မယ်ပေါ့”ဟု စောသာကဲက ပြောသည်။

ထို့အပြင် အမေရိကနိုင်ငံသို့ သွားရောက်အခြေချလိုသည့် ဒုက္ခသည်များသည် နာမည်စာရင်းလာသွင်းပါက ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသောသူဖြစ်ပြီး UNCHR မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးသည့် PAB လက်မှတ်ကိုင်ဆောင်ထားသည့် ဒုက္ခသည်များ မပါဝင်ကြောင်း သိရ သည်။

သို့သော် PAB လက်မှတ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များအတွက် နာမည်စာရင်း ပြန်လည်စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ပြန်လည်လုပ်ပေးသင့်မသင့်ကို UNHCR အနေဖြင့် ပြန်လည်ပြုလုပ်ပေးသွားရန် ရှိကြောင်းလည်း စောသာကဲက ဖြည့်စွက်ပြော ဆိုသည်။

ဆက်လက်၍ စခန်းအတွင်းရှိ ဒုက္ခသည်လက်မှတ်မရှိသော လူသစ်များအား အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနိုင်မည့် အခွင့်အလမ်းမရှိသလို ၎င်းနိုင်ငံအနေဖြင့်လည်း လက်ခံသွားမည့် အစီအစဉ် ရှိတော့မည်မဟုတ်ကြောင်း သိရသည်။

ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် မရှိသေးသူ မယ်လစခန်းနေ အောင်ခိုင်ထွန်းက “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် လူဟောင်း အဖြစ် အခွင့်အရေးရချင်တယ်။ အခု လာရှင်းပြတာက လူသစ်အတွက် ဘာမှပြောသွားတာ မရှိဘူး။ တကယ်လို့ မသွားဖြစ် လည်း မြန်မာနိုင်ငံကိုတော့ ပြန်မှာမဟုတ်ဘူး။ သူတို့စီစဉ်တဲ့အတိုင်း၊ ထားတဲ့အတိုင်း နေသွားမယ်”ဟု ပြောသည်။

အမေရိကန်နိုင်ငံသို့ သွားရောက်ခိုလှုံခွင့် ရက်သတ်မှတ်လိုက်သည်နှင့် ပတ်သက်၍ ယနေ့မနက်တွင် မယ်လစခန်း ဘောလုံး ကွင်း၌ ဒုက္ခသည်များအား လာရောက်ရှင်းလင်းပြောဆိုရာတွင် US Embassy, UNHCR, IOM နှင့် RSC ကိုယ်စားလှယ်များ လည်း ပါဝင်သည်။

ယခုလ ဇန်န၀ါရီ ၁၆ရက်နေ့ကလည်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး (နိုင်ကျာရုဖုန် ရေယန်ဆုဝမ်)က မယ်လဒုက္ခသည်စခန်းအ တွင်း ဒုက္ခသည်၏ အခြေအနေများကို လာရောက်လေ့လာခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်များကို အတင်းပြန်ခိုင်းမည် မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ နို့ဖိုး၊ အုန်းဖျန်၊ ဘန့်ဒုံယမ်းနှင့် ထမ်းဟင် စသည့် UNHCR မှ အသိအ မှတ်ပြုထားသော ကရင်ဒုက္ခသည်စခန်း ၇ခုရှိပြီး ၂၀၀၆ခုနှစ်မှစ၍ အမေရိကန် ပြည်ထောင်စုအစိုးရက ဒုက္ခသည်များကို ၎င်းတို့ နိုင်ငံသို့ သွားရောက်အခြေချနေထိုင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များကို အမေရိကန်အပြင် သြစတြေးလျား၊ ကနေဒါ၊ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံများမှလည်း ခေါ်ယူလျှက်ရှိသည်။

မဲဆွယ်တုန်းက စိုက်ပျိုးစားရိတ် ချေးငွေ အရစ်ကျသာပြန်ဆပ်လို

Farmers from Hlegu Warned over Loans Payback Time
KamayutMediaTVKamayutMediaTV
Published on 25 Jan 2013

မဲဆွယ်တုန်းက စိုက်ပျိုးစားရိတ် ချေးငွေ အရစ်ကျသာပြန်ဆပ်လိုဟု လှည်းကူးလယ်သမားများဆို
ရွေးကောက်ပွဲမှာ မဲပေးဖို့ ကြံ့ခိုင်ရေးပါတီက တစ်ဧက သုံးသောင်းနဲ့ ထုတ်ချေးခဲ့တဲ့ငွေကို လာမယ့် ဇန်နဝါရီ ၂၇ရက်နေ့ နောက်ဆုံးထား ပြန်မဆပ်ရင် တရားစွဲခံရမယ့်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ လှည်းကူးက လယ်သမား ၁ဝယောက်က ပြောဆိုခဲ့ပါတယ်။
စိုက်ပျိုးငွေ ထုတ်ချေးထားတဲ့ လှည်းကူးမြို့နယ် မအူကျေးရွာက လယ်သမား ၁ဝယောက်က အရင်ကျ ပြန်လည်ပေးဆပ်လိုပြီး အတိုးနှုန်းကို လျော့ပေါ့ပေးလိုတယ်လို့ ရန်ကုန်မြို့ ပန်းဆိုးတန်းမှာ သတင်းမီဒီယာတွေဆီ ရှင်းလင်းပြောပြခဲ့ပါတယ်။

ဥတုရာသီ မြန်မာပြည်( အောင်ဆန်းစုကြည်)

Eternal Light Magazine
January 2013

https://www.facebook.com/photo.php?fbid=209789189146186&set=a.169208766537562.16276.169198946538544&type=1&theater

ဆရာမ ငွေဒဏ်တစ်ထောင်မဆောင်က ထောင် ဒဏ်တစ်လ ပြစ်ဒဏ်ချ

The Hot News's photo.
ဆရာမဖြစ်သူသည် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၃ ကို ကျူးလွန်ကြောင်း တွေ့ရှိသဖြင့် ငွေဒဏ်တစ်ထောင် ကျပ်ပေး ဆောင်စေ၊ မဆောင်က ထောင် ဒဏ်တစ်လ ကျခံစေရန် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံး က ဇန်န၀ါရီလ (၃)ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အမှုမှာ ၁၃-၉-၂၀၁၂ နေ့ မွန်းလွဲ ၂နာရီ ၃၀ အချိန် ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်နေ ဦးထွန်းတင်၏ မြေး ဖြစ်သူသည် ဒဂုံမြို့သစ် မြောက် ပိုင်းမြို့နယ်ရှိ၊ အခြေခံပညာ မူလ တန်းကျောင်းမှ သူငယ်တန်း ကျောင်းသားဖြစ်ပြီးကျောင်းမှ ပြန်လာရာ ၎င်းင်း၏ ၀ဲဘက် ခြေ သလုံးနှင့်၊ ယာဘက်ခြေသလုံး တွင် ဖူးရောင်ဒဏ်ရာ ၂ ချက်စီ ရရှိထားသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာ အတန်းပိုင်ဆရာမက ၀ါးခြမ်းပြားဖြင့် ရိုက်၍ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ဆရာမကို အရေးယူပေးပါရန် ဦးထွန်းတင် က ရုံးတော်သို့ ဦးတိုက်လျှောက်ထားရာမှ ပေါ် ပေါက်လာသော အမှုဖြစ်ကြောင်း  သိရသည်။
ဆရာမဘက်က ဆုံးမ သည့်အနေဖြင့် ရိုက်နှက်ခြင်း ဖြစ်သဖြင့် အပြစ်မရှိကြောင်း ထုချေထားသည်ကို တွေ့ရမည်။ သို့သော် ဆရာမဘက်က ထိုသို့ ရိုက်နှက်ပြီးဆုံးမနိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်သည်ကို မတွေ့ရပေ၊ တစ်နည်းအားဖြင့် ကျောင်းသား ဖြစ်သူကို ဆရာဖြစ်သူက ရိုက် နှက်ဆုံးမခြင်းမပြုနိုင်သည်မှာ မြင်သာကြောင်း၊ ဆရာနှင့်တပည့် ကြားတွင် စာမရ၍သော်လည်း ကောင်း၊ ရန်ဖြစ်၍သော်လည်း ကောင်း ရိုက်နှက်ဆုံးမသည့် အစဉ်အလာများ ရှိခဲ့ဖူးသည်မှာ အငြင်းမပွားသော်လည်း စနစ် အခြေအနေများ ပြောင်းလဲလာ သဖြင့် ယင်းပြောင်းလဲမှုနှင့်အညီ လိုက်နာဆောင် ရွက်သင့်သည်ကို လည်း အလေးဂရုပြုသင့် ကြောင်း၊ တရားသူကြီး၏ အမိန့် ချမှတ်ရာတွင် ထည့်သွင်း ဖော်ပြထားသည်။
ဆရာမသည် အသက် ၅၂ နှစ်အရွယ်ရှိနေသူဖြစ်ပြီး လုပ် သက်အားဖြင့် (၃၁)နှစ်ရှိသူ ဆရာမတစ်ဦးဖြစ်ခြင်း၊ ယခင်က အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက် မှုမရှိခြင်း၊ အမှုတွဲတွင် ပေါ်ပေါက် နေသောပြစ်မှုကျူးလွန်သည့် ပမာဏအတိမ်အနက် အလေး အပေါ့တို့ကို ထည့်သွင်းစဉ်းစား ကာ ပြစ်မှုထင်ရှားသဖြင့် အထက် ပါအတိုင်း အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားရုံးစီရင်ချက် တွင် ဖော်ပြထားကြောင်း သိရ သည်။
ဝင်းမြင့်ထွန်း(တောင်ဥက္ကလာ) ဆရာမဖြစ်သူသည် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၃ ကို ကျူးလွန်ကြောင်း တွေ့ရှိသဖြင့် ငွေဒဏ်တစ်ထောင် ကျပ်ပေး ဆောင်စေ၊ မဆောင်က ထောင် ဒဏ်တစ်လ ကျခံစေရန် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံး က ဇန်န၀ါရီလ (၃)ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အမှုမှာ ၁၃-၉-၂၀၁၂ နေ့ မွန်းလွဲ ၂နာရီ ၃၀ အချိန် ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်နေ ဦးထွန်းတင်၏ မြေး ဖြစ်သူသည် ဒဂုံမြို့သစ် မြောက် ပိုင်းမြို့နယ်ရှိ၊ အခြေခံပညာ မူလ တန်းကျောင်းမှ သူငယ်တန်း ကျောင်းသားဖြစ်ပြီးကျောင်းမှ ပြန်လာရာ ၎င်းင်း၏ ၀ဲဘက် ခြေ သလုံးနှင့်၊ ယာဘက်ခြေသလုံး တွင် ဖူးရောင်ဒဏ်ရာ ၂ ချက်စီ ရရှိထားသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာ အတန်းပိုင်ဆရာမက ၀ါးခြမ်းပြားဖြင့် ရိုက်၍ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ဆရာမကို အရေးယူပေးပါရန် ဦးထွန်းတင် က ရုံးတော်သို့ ဦးတိုက်လျှောက်ထားရာမှ ပေါ် ပေါက်လာသော အမှုဖြစ်ကြောင်း သိရသည်။
ဆရာမဘက်က ဆုံးမ သည့်အနေဖြင့် ရိုက်နှက်ခြင်း ဖြစ်သဖြင့် အပြစ်မရှိကြောင်း ထုချေထားသည်ကို တွေ့ရမည်။ သို့သော် ဆရာမဘက်က ထိုသို့ ရိုက်နှက်ပြီးဆုံးမနိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်သည်ကို မတွေ့ရပေ၊ တစ်နည်းအားဖြင့် ကျောင်းသား ဖြစ်သူကို ဆရာဖြစ်သူက ရိုက် နှက်ဆုံးမခြင်းမပြုနိုင်သည်မှာ မြင်သာကြောင်း၊ ဆရာနှင့်တပည့် ကြားတွင် စာမရ၍သော်လည်း ကောင်း၊ ရန်ဖြစ်၍သော်လည်း ကောင်း ရိုက်နှက်ဆုံးမသည့် အစဉ်အလာများ ရှိခဲ့ဖူးသည်မှာ အငြင်းမပွားသော်လည်း စနစ် အခြေအနေများ ပြောင်းလဲလာ သဖြင့် ယင်းပြောင်းလဲမှုနှင့်အညီ လိုက်နာဆောင် ရွက်သင့်သည်ကို လည်း အလေးဂရုပြုသင့် ကြောင်း၊ တရားသူကြီး၏ အမိန့် ချမှတ်ရာတွင် ထည့်သွင်း ဖော်ပြထားသည်။
ဆရာမသည် အသက် ၅၂ နှစ်အရွယ်ရှိနေသူဖြစ်ပြီး လုပ် သက်အားဖြင့် (၃၁)နှစ်ရှိသူ ဆရာမတစ်ဦးဖြစ်ခြင်း၊ ယခင်က အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက် မှုမရှိခြင်း၊ အမှုတွဲတွင် ပေါ်ပေါက် နေသောပြစ်မှုကျူးလွန်သည့် ပမာဏအတိမ်အနက် အလေး အပေါ့တို့ကို ထည့်သွင်းစဉ်းစား ကာ ပြစ်မှုထင်ရှားသဖြင့် အထက် ပါအတိုင်း အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားရုံးစီရင်ချက် တွင် ဖော်ပြထားကြောင်း သိရ သည်။
ဝင်းမြင့်ထွန်း(တောင်ဥက္ကလာ)

ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ယှဉ်ပြိုင်ရန်ရက် တိုး၍ သတ်မှတ်

Thaung Su Nyein
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ဆောင်ရွက်ခွင့် ရရှိမည့် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် (Telecommunication Operator License) တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြရန် (Expression of Interest) ဖိတ်ကြားထားခြင်း၏ နောက်ဆုံးရက် သတ်မှတ်ချက်ကို ၁၀ရက် တိုး၍ သတ်မှတ်မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ကြေညာထားသည်။

ယခင်က ၂၅.၁.၂၀၁၃ နောက်ဆုံးထား၍ စိတ်ဝင်စားမှုကို ဖော်ပြပေးပို့ရန် ကြေညာခဲ့သော်လည်း ယနေ့ ထပ်မံ၍ ၁၀ရက် တိုးပေးခဲ့ပြီး နောက်ဆုံးထား၍ ပေးပို့ရမည့် နေ့ရက်/အချိန်မှာ ၈.၂.၂၀၁၃ ရက် ညနေ ၃နာရီ ဖြစ်သည်။

လူဦးရေ သန်း ခြောက်ဆယ် ခန့်မှန်းရှိသော်ငြား မိုဘိုင်းဖုန်း သုံးစွဲသူ ၄သန်းခန့်သာ ရှိသေးသည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်မှာ နိုင်ငံအများအပြားမှ စိတ်ဝင်စားမှု အများဆုံး ရရှိခဲ့သည်။ နိုင်ငံတကာမှ ထိပ်သီး ဆက်သွယ်ရေးလုပ်ငန်းများ၏ အဆိုအရ အဆိုပါကဲ့သို့ စားသုံးသူသစ် သန်း ငါးဆယ်ကျော်ကို ဈေးကွက်တစ်ခု၊ နယ်နမိတ်တစ်ခုထဲတွင် တစ်စုတစ်စည်းတည်း ရနိုင်မည့် အခွင့်အလမ်းမျိုး ကမ္ဘာမှာ သိပ်မရှိတော့သည့် အတွက် ဤကဲ့သို့ စိတ်ဝင်စားရခြင်း ဖြစ်ကြောင်း သိရသည်။

၂၅.၁.၂၀၁၃ ရက်စွဲဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ သက်တမ်းတိုးကြောင်း ကြေညာချက် (http://www.mcpt.gov.mm/mcpt/extension-deadline-expression-interest-regarding-tender-two-telecommunications-service-licenc-0)

၁၅.၁.၂၀၁၃ ရက်စွဲဖြင့် သတင်း (http://www.mcit.gov.mm/mcpt/%E1%80%86%E1%80%80%E1%80%B9%E1%80%9E%E1%80%BC%E1%80%9A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%81%80%E1%80%94%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%82%88-%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%84%E1%80%94%E1%80%B9%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%85%E1%80%84%E1%80%B9-%E1%80%90%E1%80%84%E1%80%B9%E1%80%92%E1%80%AB%E1%80%B1%E1%80%81%E1%81%9A%E1%80%9A%E1%80%B0%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8.htm)

တင်ဒါအတွက် Expression of Interest (EOI) ဖိတ်ခေါ်ခြင်း (http://www.mcit.gov.mm/mcpt/tenders)