Sunday, January 27, 2013

ဦသန်းရွှေသားကျောက်မျက်လုပ်ငန်းမီးရှို့ခံရ

Credit to Aungmyo Tun (TRUE NEWS ဂျာနယ်၊ အတွဲ ၅ ၊ အမှတ် ၁၇ ။)

တိုက်ပေါ်ကလူတစ်ယောက် ခုန်ချဖို့ လုပ်

( ၂၅ . ၁ . ၂၀၁၃ ) ရက်နေ့ ညနေ ( ၅ ) နာရီ ( ၃၀ ) မိနစ်ခန့်က ရန်ကုန်မြို့ ၊ တာမွေ သီတာမှတ်တိုင်နားမှာ တိုက်ပေါ်ကလူတစ်ယောက် ခုန်ချဖို့ လုပ်နေတဲ့မြင်ကွင်းပါ ။ မီးသတ် ကားတွေ ၊ လူနာတင်ကားတွေ ရောက်လာကြပါတယ် ။ အချိန်မီ ကယ်တင်နိုင်ခဲ့ပါသည် ။

သတင်း / ဓာတ်ပုံ ~ Suchit Zaw

ဒေါ်အောင်ဆန်းစုကြည်ကိုရီးယားခရီးစဉ်ထုတ်ပြန်ချက်

ဥပဒေအထက်မှာ အာဏာရှိတဲ့တရုတ်

အဂ္ဂမဟာ ဒီမိုဖက်တီး (The Voice Journal)

လွှတ်တော်ဥက္ကဌက အစိုးရကို ချောင်ပိတ်ရိုက်သည့် အဆို မတင်ဖို့ ပြော

ရန်ကုန်တိရစ္ဆာန်ဥယာဉ်အားရွေ့ပြောင်းမည်ဟုသတင်းများ ထွက်ပေါ်


နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိသောရန်ကုန်တိရစ္ဆာန်ဥယာဉ်အား
လှော်ကားသို့သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့်၂၀၁၃ခုနှစ်မတ်လ
အပြီးပြောင်းရွှေ့မည်ဟုသတင်းများထွက်ပေါ်နေသည်။

ရန်ကုန်၏ဖွံ့ဖြိုးတိုးတက်မှုများကြောင့်ဖြစ်ပေါ်လာသောလေထုညစ်
ညမ်းမှုသည်တိရစ္ဆာန်များ၏ကျန်းမာရေးအခြေအနေအားထိခိုက်စေ
သောကြောင့်ပြောင်းရွှေ့ခြင်းဖြစ်ကြောင်းသစ်တောဦးစီးဌာနနှင့်နီး
စပ်သူတစ်ဦးထံမှသိရှိရသည်။

နို့တိုက်၊ကျေးငှက်၊တွားတွားသတ္တ၀ါကောင်ရေပေါင်း(၁၁၀၀)ကျော်ရှိသည်။
ပြောင်းရွှေ့မှုအားသစ်တောဦးစီးဌာနရုံးချုပ်မှတိုက်ရိုက်ဦးစီးသွားမည်
ဖြစ်ပြီးအကြိုလုပ်ငန်းများအားသတ်မှတ်ပြောင်းရွှေ့ရက်မတိုင်ခင်အနည်း
ဆုံး(၂၀)ရက်ကြိုတင်ပြီးစီးရန်ပြင်ဆင်ထားကြောင်းသိရှိရသည်။

သစ်တောဦးစီးဌာနပိုင်တိရစ္ဆာန်ဥယာဉ်များအား"ထူး"အုပ်စုသို့အငှားဖြင့်
ဆောင်ရွက်စေခဲ့သည်။တိရစ္ဆာန်ဥယာဉ်(၄)ခုတွင်ရန်ကုန်တစ်ခုသာဝင်
ငွေရှိပြီးရတနာပုံနှင့်နေပြည်တော်နှစ်ခုမှာအရှုံးနှင့်လည်ပါတ်နေရ
ကြောင်းသိရှိရသည်။

 by Myanmar Evening News

အခြေခံဥပဒေအပြောင်းအလဲကို တပ်မတော်က ထောက်ခံမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြား



မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကသူမအား သမ္မတဖြစ်စေရန် ခွင့်ပြုမည့် အခြေခံဥပဒေ အပြောင်း အလဲများကို မြန်မာ့တပ်မတော်က ထောက်ခံမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့လွှတ်တော်တွင် စစ်တပ်က အဓိကနေရာများကို ထိန်းချုပ်ထား
သော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေး သုံးသပ်မှုများကို အတည်ပြုလုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြောင်းဆိုသည်။

ဟာဝိုင်ယီသို့  ခေတ္တရောက်ရှိနေသော ဒေါ်စုက “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မစိုးရိမ်မှု မရှိပါဘူး။ တိုင်းပြည်ရဲ့ တခြားသော
ပြည်သူတွေလိုပဲ ကျွန်မတို့ တပ်မတော်ကိုယ်စားလှယ်တွေဟာ လည်း မြန်မာကို ပိုပျော်စရာကောင်းတဲ့၊ ပိုအားကောင်းတဲ့၊ပိုညီ
ညွတ်မှု ရှိတဲ့တိုင်းပြည်တစ်ခုကို မြင်ချင်ကြတယ်လို့ ကျွန်မထင်ပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့တော့ အပေးအယူလုပ်
စေ့စပ်ညှိနှိုင်းမှုကနေတဆင့် အခြေခံဥပဒေ ပြင်ဆင်နိုင်တဲ့အခွင့်အလမ်းကို မပစ်ပယ်ပါဘူး” ဟု အရှေ့ အနောက်စင်တာသို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားသည်။

၂၀၁၁ တွင် သမ္မတဖြစ်လာခဲ့သည့် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်စု၏ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် အနိုင်ရခဲ့ပါက ဒေါ်စုကို သမ္မတ အဖြစ်လက်ခံမည်ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်ဝေဖန်သူများက စစ်တပ်က ပြဋ္ဌာန်းခဲ့ သော ၂၀၀၈ အခြေခံဥပဒေအောာက်တွင် သမ္မတနေရာကို ရရှိမည့်သူသည် အိမ်ထောင်ဖက်နှင့် ကလေးများမှာ အခြားနိုင်ငံသားအဖြစ် ခံယူ ထားသူ မဖြစ်ရဟု ပါဝင်နေရာ၊ ဗြိတိန်နိုင်ငံသား ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထားသော ဒေါ်စုကို ဦးတည်၍ သမ္မတ မဖြစ်နိုင်အောင် ဦးတည်ဟန့်တားထားကြောင်း ဆိုထားသည်။
ဒေါ်စုက အခြေခံဥပဒေနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့ စည်းပုံသည် ဒီမိုကရေစီနည်းကျ မဟုတ်ကြောင်း၊ လက်ခံနိုင်ဖွယ် မဟုတ်
ကြောင်း ပြောထားသည်။

ဒေါ်စုသည် ဟာဝိုင်ယီသို့ မကြာမီကပင် အလည်အပတ်ရောက်ရှိနေပြီး တောင်ကိုရီးယားသို့ ဆက်သွားမည်ဟု သိရသည်။

REF: AFP
by  The Myanma Age 

မြေကွက်ကျယ်များ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများနှင့် ၀န်ကြီးဌာနပိုင်၊ မြို့တော်စည်ပင်ပိုင်များဖြစ်သည့် မြေကွက်အနည်းငယ်သာ ကျန်ရှိ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ ပြည်လမ်းမပေါ်မှ မြေငါးဧကကွက်အား တစ်လ ကျပ် ၃၁၁ သိန်းဖြင့် မြင့်မိုရ်လွှမ်း ကုမ္ပဏီသို့ ငှားရမ်း   

Saturday, 26 January 2013 17:24

ပုဂ္ဂလိက ကုမ္ပဏီသို့ ငှားရမ်းထားသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ မြေနေရာအား ဇန်န၀ါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ မြေ ငါးဧကအား မြင့်မိုရ်လွှမ်းကုမ္ပဏီသို့ တစ်လကျပ် ၃၁၁ သိန်းဖြင့် ငှားရမ်းခဲ့သည်ဟု သတင်းရရှိသည်။

ရန်ကုန်မြို့ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့် (မြေနီကုန်း City Mart နှင့် မျက်နှာချင်းဆိုင်ရှေ့) ရှိ  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပိုင်မြေ ငါးဧကအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာဉ်ရပ်နားစခန်း ပြုလုပ်ရန်အတွက် အငှားချထားပေးခဲ့ကြောင်း သိရသည်။

တစ်လငှားရမ်းခ ကျပ် ၃၁၁ သိန်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ယာဉ်ကြောကြပ်တည်းမှုကို အထောက်အကူ ပြုစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ယာဉ်ရပ်နားစခန်း ပြုလုပ်ရန် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ ၀င်းအထဲက မြေငါးဧကကို ငှားရမ်းခဲ့တာပါ။ ကားကြပ်တဲ့အပေါ်ကို မူတည်ပြီး ကားရပ်တာ အထောက်အကူပြုစေဖို့အတွက် ငှားရမ်းခဲ့တာပါ။ ငှားရမ်းတဲ့ နှစ်ပမာဏကို ကန့်သတ်ထားတာမရှိဘဲ အစိုးရကနေ အဲဒီနေရာမှာ စီမံကိန်းတစ်ခုခု လုပ်မယ်ဆိုရင် ငှားရမ်းမှုကို ပြန်အပ်ရမှာ ဖြစ်ပါတယ်  .  .  .

ငှားရမ်းမည့်နှစ်အား ကန့်သတ်ထားမှုမရှိဘဲ နိုင်ငံတော်စီမံကိန်းပေါ် မူတည်၍ ပြန်လည်အပ်နှံရမည့် အစီအစဉ်ဖြစ်ကြောင်း၊ ငှားရမ်းခနှုန်းအား လစဉ်ပေးသွင်းစေသည့် အစီအစဉ်ဖြင့် ငှားရမ်းခြင်းဖြစ်ကြောင်းလည်း သိရသည်။

"ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ ၀င်းအထဲက မြေငါးဧကကို ငှားရမ်းခဲ့တာပါ။ ကားကြပ်တဲ့အပေါ်ကို မူတည်ပြီး ကားရပ်တာ အထောက်အကူပြုစေဖို့အတွက် ငှားရမ်းခဲ့တာပါ။ ငှားရမ်းတဲ့နှစ် ပမာဏကို ကန့်သတ်ထားတာမရှိဘဲ အစိုးရကနေ အဲဒီနေရာမှာ စီမံကိန်းတစ်ခုခု လုပ်မယ်ဆိုရင် ငှားရမ်းမှုကို ပြန်အပ်ရမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ပြည်လမ်းမပေါ်ရှိ ထိုကဲ့သို့ တစ်ဆက်တစ်စပ်တည်း ငါးဧကရှိသည့် မြေကွက်များအား ငှားရမ်းမည်ဆိုပါက တစ်ဧကလျှင် တစ်လကျပ် သိန်း ၁၂၀ မှ ၁၅၀ အထိ ရရှိနိုင်ကြောင်းလည်း သိရသည်။

"ပြည်လမ်းမပေါ် ထောင့်ကွက် မြေကွက်ကျယ်လည်းဖြစ်တယ်၊ မြို့ထဲမှာလည်း ဖြစ်တဲ့အတွက် တစ်ဧကကို ပေါက်ဈေးက ကျပ်သိန်း ၁၂၀ ကနေ ၁၅၀ ကြားတော့ ရနိုင်တယ်။ ဒါပေမယ့် အခုက ကားပါကင် စီမံကိန်းတစ်မျိုးတည်း ဆိုရင်တော့လည်း မပြောတတ်ဘူးပေါ့" ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ယခုအခါ ငှားရမ်းထားသည့်မြေကို စတင်ရှင်းလင်းလျက်ရှိပြီ ဖြစ်ကြောင်းနှင့် ကားအစီးရေ ၁၅၀၀ အထိ ရပ်နားနိုင်သည့် အကျယ်အ၀န်းရှိသည်ဟုလည်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လက်ရှိတွင် မြေကွက်ကျယ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများနှင့် ၀န်ကြီးဌာနပိုင်၊ မြို့တော်စည်ပင်ပိုင်များဖြစ်သည့် မြေကွက်အနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ကျန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများကို ပုဂ္ဂလိကသို့ ငှားရမ်းရန်အတွက် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် အဆိုပြုလွှာများ ခေါ်ယူခဲ့ကြောင်း သိရသည်။
news-eleven.com

အမဲသားစားပြီး အစာအဆိပ်သင့်သူအမျိုးသား ၂ ဦးနှင့် ခွေး နှစ်ကောင်မှာ ပွဲချင်းပြီး


by RSV
.......................

စစ်တွေမြို့တွင် အမဲသားစားသဖြင့် ရှုပမြောက်ရပ်ကွက်မှ အမျိုးသား ၂ ဦးဆေး ရုံတက်ရပြီး ခွေး နှစ်ကောင်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရ သည်။
ယခုခါတွင် လူနှစ်ဦးမှာ ဆေးရုံသို့ရောက်ရှိနေပြီဖြစ်ပြီး လွန်စွာအော့လန်နေ ခြင်းကိုခံစားနေရကြောင်းလည်းသိရသည်။

အမဲသားစားပြီး အစာအဆိပ်သင့်သူထဲမှ တစ်ဦးကို စစ်တွေမြို့ ပြည့်သူဆေးရုံးပေါ်သို့ သယ်ယူလာစဉ်

အဆိုပါဆေးရုံသို့ရောက်ရှိနေသူ ၂ ဦးမှာ အမျိုးသားများသာဖြစ်ပြီး ခွေးသေ ၂ ကောင်အား အမှတ် ၁ ရဲစခန်းမှ စမ်းသပ်ရန်ယူဆောင်သွားကြောင်းသိ ရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆေးရုံရောက်သူများကို စုံစမ်းမေးမြန်းမှုများပြု လုပ်လျက်ရှိကြောင်းနှင့် မည်သူမှ ၀ယ်ယူပေးသည်ကို သိရှိနိုင်ရေး အတွက် စုံ စမ်းခြင်းဖြစ်ကြောင်းနှင့် အမဲသားများ မည်သည့်နေရာမှ ယူဆောင်လာ သည်ကို သေချာစွာမသိရသေးကြောင်းလည်း ဆေးရုံသို့ ရောက်ရှိနေသော လူမှုကူညီရေးအဖွဲ့ တစ်ခုမှ လူတစ်ဦးက ပြောပါသည်။
မကြာခင်ရက်များက ပြည်နယ်အစိုးရအဖွဲ့မှ ဦးဝင်းမြိုင်က အဆိပ်မရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း ထိုကိစ္စများဆက်လက်ဖြစ်ပွား
နေခြင်းအပေါ် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်းလည်းသိရပါသည်။
ဆေးရုံရောက်ရှိလာသူ ၂ ဦးမှာ အခြေအနေ မစိုးရိမ်ရကြောင်းနှင့် ဆေး ရုံ သို့ ရောက်ရှီလာသည်မှာ လျင်မြန်ခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်ပြော ကြောင်းလည်းသိရသည်။

ဆေးရုံသို့ရောက်ရှိနေသော လူနားများအခြေအနေနှင့်အမည်များကို မကြာခင် ဆက်လက်ဖော်ပြသွားပါမည်။
အမဲသားများသည် သဲချောင်းမှ ၀ယ်ယူလာခြင်းဖြစ်ကြောင်းနှင့် ၀ယ်ယူလာ သူမှာ ဆိုင်ကယ်သမားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
ယနေ့မှ စပြီး စစ်တွေမြို့တွင် အမဲသားများကို မစားသုံးသင့်ကြောင်းလည်း ဒေ သခံ တစ်ဦးက ဖုန်းဖြင့် အကြောင်းကြားပါသည်။

ယခုအခါ စစ်တွေမြို့ပြည်သူ့ဆေးရုံးသို့ အဆိပ်မိ လူနာ (၄)ဦးထိရှိသွားပြီးဖြစ်ပါသည်။ ယခုအခါ ထို(၄)ဦးလုံးမှာ သတိမရရှိဘဲ အခြေအနေမှာ စိုးရိမ်းနေရပါသည်ဟု သိရှိရပါသည်။ နောက်ထပ်လည်း လူနာများ တိုးလာနိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြပါကြောင်း စုံစမ်းသိရှိရပါသည်။

ရခိုင်ပြည်နယ်အတွင်း အစားအသောက်များတွင် အဆိပ်တွေ့ရှိရမှုကြောင့် ယခုအခါကျေးရွာများတွင် ရပ်ရွာလုံခြုံရေးအတွက် သောက်ရေ၊ သုံးရေ ရေကန်များတွင် လုံခြုံရေးအတွက် ၀င်းခပ်ပုံကို မြင်ရစဉ်။

လက်ရှိအနေအထားတွင် ဆရာဝန်များက အဆိပ်သင့်သည်မသင့်သည်ကို ထုတ် ဖော်ပြောဆိုမှုမရှိသေးသဖြင့် ဆေးရုံတက်ရသည်မှာသေချာသော်လည်း အဆိပ်သင့်ခြင်းမသင့်ခြင်းနှင့်ပတ်သက်ပြီး အခိုင်အမာပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။
သို့သော်လည်း ဤသတင်းသည် ရခိုင်ပြည်နယ်အနှံ့အပြားသို့ပျံ့နှံ့နေပြီဖြစ်
ကြောင်းနှင့် ဆရာဝန်မှ အခိုင်မာပြောဆိုရန်လိုအပ်ကြောင်းလည်း သုံးသပ် ကြ ပါသည်။
ဆေးရုံတက်ရသောလူနာများသည် အော့အန်ပြီး ရောက်ရှိလာခြင်းဖြစ်ကြောင်း လည်းသိရသည်။