Tuesday, January 29, 2013

လက်ပန်းတောင်း(၂)လပြည့်ဆန္ဒထုတ်ဖော်မှု မီဒီယာတွေကိုရဲတပ်ဖွဲ့မှ ဗွီဒီယို ဓာတ်ပုံရိုက်

by ThanLarWaddy Times

ယနေ့(29-1-2013)နေ့ညနေပိုင်းမှာ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးသပိတ်စခန်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရက်စက်ယုတ်မာစွာဖြင့် ဖြိုခွင်းခဲ့မှုကြီး (၂)လပြည့်သည့်နေ့ ဆန္ဒထုတ်ဖော်မှု ရုပ်သံဖိုင်ဖြစ်ပါသည်။



မီဒီယာတွေကို သေသေချာချာ ဗွီဒီယို ဓာတ်ပုံရိုက်ရန်အမိန့်ပေးတဲ့ ရုပ်သံဖိုင်တစ်ခုပါ။မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထူးခြားပြောင်မြှောက်လှတဲ့ လုပ်ရပ်ကို ရှုစားတော်မူနိုင်ပါရန်။




ABFSU CWC's photo.

သီဟ၀င်းတင်

ဗကသများအဖွဲ့ ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ပြန်ကြားရေးရာကော်မတီ တာဝန်ခံ ကိုသီဟဝင်းတင် ၏ နေအိမ်သို့ ယနေ့ (၂၉ .၁.၂၀၁၃) နေ့ လည် ၂ နာရီခန့် ကျောက်တံတားရဲစခန်းမှရဲများ နှင့် အလုံမြို့ နယ် ရယက တို့ လာရောက်ခဲ့ပြီး ကိုသီဟဝင်းတင် ကို ကျောက်တံတားရဲစခန်းတွင် ဝရမ်းကပ်ထားသည်ကိုအသိပေးကြောင်း နှင့် နေအိမ်တွင်ရှိမရှိ လာရောက်မေးမြန်းကြောင်းသိရသည်။ကိုသီဟဝင်းတင် နေအိမ်တွင်မရှိသောကြောင့် ဖမ်းဆီးခံရခြင်းမရှိပါ။ထိုကဲ့သို့  နေအိမ်သို့ အကြိမ်ကြိမ်အခါခါ လာရောက်မေးမြန်း ရှာဖွေခြင်းများပြုလုပ်နေ၍ မိသားစုဝင်များစိတ်အနှောက်အယှက်ဖြစ်နေရကြောင်းသိရပါသည်။
ကိုသီဟဝင်းတင်ကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေး ရန်ကုန်တွင်ဆန္ဒထုတ်ဖေါ်မှုနှင့်ပတ်သတ်၍ ယခုလို လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။ အသေးစိတ်သိလိုပါက မိသားစု၏ ဖုန်းနံပါတ် ၀၉၇၃၀၆၇၁၉၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဗကသများအဖွဲ့ ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ပြန်ကြားရေးရာကော်မတီ တာဝန်ခံ ကိုသီဟဝင်းတင် ၏ နေအိမ်သို့ ယနေ့ (၂၉ .၁.၂၀၁၃) နေ့ လည် ၂ နာရီခန့် ကျောက်တံတားရဲစခန်းမှရဲများ နှင့် အလုံမြို့ နယ် ရယက တို့ လာရောက်ခဲ့ပြီး ကိုသီဟဝင်းတင် ကို ကျောက်တံတားရဲစခန်းတွင် ဝရမ်းကပ်ထားသည်ကိုအသိပေးကြောင်း နှင့် နေအိမ်တွင်ရှိမရှိ လာရောက်မေးမြန်းကြောင်းသိရသည်။ကိုသီဟဝင်းတင် နေအိမ်တွင်မရှိသောကြောင့် ဖမ်းဆီးခံရခြင်းမရှိပါ။ထိုကဲ့သို့  နေအိမ်သို့ အကြိမ်ကြိမ်အခါခါ လာရောက်မေးမြန်း ရှာဖွေခြင်းများပြုလုပ်နေ၍ မိသားစုဝင်များစိတ်အနှောက်အယှက်ဖြစ်နေရကြောင်းသိရပါသည်။
ကိုသီဟဝင်းတင်ကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေး ရန်ကုန်တွင်ဆန္ဒထုတ်ဖေါ်မှုနှင့်ပတ်သတ်၍ ယခုလို လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။ အသေးစိတ်သိလိုပါက မိသားစု၏ ဖုန်းနံပါတ် ၀၉၇၃၀၆၇၁၉၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အမျိုးသမီး သမ္မတဖြစ်လာမယ့် ပတ်ဂွန်ဟေးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေး

DVB TV News

တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာမယ့် ပတ်ဂွန်ဟေးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေး
(၂၉ ဇန်န၀ါရီ ၂၀၁၃)

"I hope that we can work together to establish a freer and happier South Korea and Burma, as well as in Asia and the world in the future."
- Park Geun-hye

ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော



ခန့်ခန့်(ဒဿနိက)
The Hot News
January 29, 2013 Home, သတင်း

မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေးကိုဝင်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။
““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့ ဒေသခံပြည်သူတွေခများမှာလည်း အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီ ဒီလိုမျိုး အနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ဝေဖန်ချက်ကလုံးဝအဓိပ္ပာယ် မရှိဘူး””ဟု ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်နှင့် တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဌာနမှ ကချင်အရေးနှင့်ပတ်သက် သော ထုတ်ပြန်ချက်၌လည်း တိုက် ပွဲများကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေး အရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိကန်ပြည် ထောင်စုမှပြင်းထန်စွာကန့်ကွက် ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှကျူးလွန်သည် များအား ဖော်ပြခြင်းမရှိဘဲ အစိုး ရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည် အား ပြင်းထန်စွာကန့်ကွက်ပယ်” ချပါကြောင်း ထုတ်ပြန်ခဲ့သည်။

လယ်/ဆယ် ဝန်ကြီး တောင်သူတွေကို ထမင်းတနပ်လျှော့စားခိုင်း

The Public Image Journal (လူထုပုံရိပ် ဂျာနယ်) (Vol-1 No-19 ) Friday- 1-2-2013 Cartoon Salai Suanpi

ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

RFA Burmese

ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါဟာ ကချင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက်တာပါ။
အဲဒီ့သဘောထားထုတ်ပြန်ချက်ကို အပေါင်းလက္ခဏာဆောင်လို့ ကြိုဆိုတယ်လို့ ကေအိုင်အေ တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA က တဆင့် အခုလို တုံ့ပြန်လိုက်ပါတယ်။
“ဒါမျိုးထုတ်ပြန်လာတယ် ဆိုကတည်းကတော့ အကောင်းဘက်မှာ ရည်ညွှန်းပြီးတော့ ထုတ်ပြန်တယ်လို့ ယူဆတယ်၊ ဒီမနက်ဖြန် သဘက်ခါဆိုရင် ကျနော်တို့ ကေအိုင်အို အနေနဲ့လည်း ထုတ်ပြန်ကြေညာချက်တစ်ခု ရောက်လာမယ်လို့ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုရင် တပ်မတော်က ဒီလိုမျိုးထုတ်ပြန်တယ်ဆိုလို့ရှိရင် ကျနော်တို့ဘက်ကလည်း မထုတ်ပြန်နိုင်စရာ အကြောင်းတော့မရှိပါဘူး၊ အခုလို ပွင့်ပွင့်လင်းလင်း လုပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့တော့ အားလုံးကြိုဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ် အကောင်းဘက်မှာ အပေါင်းလက္ခဏာဆောင်ဖို့ များပါတယ်ဆိုတဲ့ အပိုင်းကို ကျနော်ကလက်ခံပါတယ်”
ဒီကနေ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အစိုးရတပ်မတော်အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်တာမျိုးမှအပ ပစ်ခတ်တိုက်ခိုက်တာတွေ မပြုလုပ်ပဲ သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်တိုင်း တိတိကျကျ လိုက်နာမယ်လို့လည်း ဖော်ပြထားပါတယ်။

"ဝ" ဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ


နန်းမြနဒီ ၂ဝ၁၃ ဇနနဝါရီလ ၂၉ ရက် ( အင်္ဂါနေ့ )
DVB TV News
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို "ဝ" ဒေသမှာ လာရောက်ဆွေးနွေးဖို့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (့UWSA) က ဖိတ်ခေါ် လိုက် တဲ့အပေါ် အစိုးရနဲ့ ကေအိုင်အိုက သဘောတူလိုက်ပါတယ်။
အစိုးရဘက်က သဘောတူကြောင်း လွန်ခဲ့တဲ့ ၃ ရက်လောက်က တုံ့ပြန်ခဲ့သလို ကေအိုင်အို ဘက်ကလည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ အကြောင်းပြန်ခဲ့တယ်လို့ UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

ဆက်သွယ်ရေးလုပ်ငန်းအရာရှိ ၈ ဦး အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုခံရ


RFA
ဆက်သွယ်ရေးနဲ့ သတင်းအချက် အလက်ဝန်ကြီးဌာန လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးသိန်းဦးနဲ့ အခြားအဆင့်မြင့်အရာရှိ ၇ ဦး ကို နေပြည်တော်မှာရှိတဲ့ ရဲစခန်းတစ်ခုမှာ နိုင်ငံပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်အရေးယူထား တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲခံထားရတဲ့ အရာရှိတွေကို မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ CID က တရားလိုပြုလုပ် စွဲဆိုထားတာဖြစ်ပြီး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဥတ္တရသီရိမြို့နယ် ရဲစခန်းတာဝန်ကျ ရဲအရာရှိတစ်ဦးက RFA ကို အခုလို ပြောကြားပါတယ်။

"ဦးသိန်းဦး ပါ တစ်အပေါင်း ရှစ်ဗျ၊ (ပ)/၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နိုင်ငံတော်ပိုင် ငွေကြေးအလွဲသုံးစားလုပ်တာဗျ၊ မှုခင်းတပ်ဖွဲ့က ကျွန်တော်တို့အပိုင်ဆိုတော့ ကျွန်တော်တို့စခန်းမှာ လာဖွင့်တာဗျ၊ အဲဒါပဲ စခန်းမှာ ဖွင့်ထားသေးတယ်ဗျ"

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုနဲ့ တရုတ်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Huawei၊ ZTE တို့အကြားက မိုဘိုင်းကွန်ရက် တည်ဆောက်ရေးလုပ်ငန်းတွေ၊ ငွေပေးငွေယူရှင်းတမ်း ကိစ္စတွေကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့တွေက စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးတေဇပိုင် Elite Tech ကုမ္ပဏီရဲ့ အကြီးအကဲ ဦးစိုင်းခင်မောင်အေး က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှနုတ်ထွက်ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာ ပြီးတဲ့နောက်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ် စတဲ့ အကြီးတန်းအရာရှိတွေကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။

Green Foundation မှ ဘက်ထရီမီးထွန်းစက် တစ်ထောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်လှူဒါန်း

r

ဇန်န၀ါရီ ၂၉ ရက် မနက်ပိုင်း ၉း၄၀ ကနေ ၁၀း၁၀ထိ ဒေါ်အောင်ဆန်းစုကြည် နဲ့ KOREA GREEN FOUNDATION တို့ လူမှုအထောက် အကူပြုဆိုင်ရာများ ဆွေးနွေးခဲ့။ ကိုရီးယား ဂရင်းဖောင်ဒေးရှင်း ဥက္ကဋ္ဌက ကိုရီးယားဝမ် သိန်းနှစ်ထောင် တန်ဖိုးရှိ ဘက်ထရီ မီးထွန်းစက် အလုံး ၁၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ထိုစက်များကို လျှပ်စစ်မီး မရှိတဲ့ ဒေသများရှိ ကျောင်းသားနဲ့
 ဆေးခန်းများသို့ ပေးလှူမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင် လူ ၅ ယောက်မှာ ၄ ယောက်က လျှပ်စစ်မီး မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

credit: ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ Photo courtesy: NLD LA Korea

ကိုရီးယားဖျောင်ချန်း အထူးအိုလံပစ်ဖွင့်ပွဲရောက် ဒေါ်အောင်ဆန်းစုကြည်

Tun Wai


DVB TV News