Thursday, January 31, 2013

ဓာတုပစ္စည်းရောစပ်သည့် ငံပြာရည်အတု ဈေးကွက်ရှိဟု ငါးပိငံပြာရည်လုပ်ငန်းရှင်များဆို

ဓာတုဗေဒ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ငံပြာရည်အတုဈေးကွက်မှာ မြို့ကြီးများနှင့် ကျေးလက်ဒေသများပါမကျန် ပျံ့နှံ့ရောက်ရှိနေပြီး မိရိုးဖလာငါးပိငံပြာရည်လုပ်ငန်းများ ကြီးပွားချမ်းသာ ရန်မလွယ်ကူ
တော့ကြောင်း ဟင်္သာတမြို့မှ ငါးပိငံပြာ ရည်လုပ်ငန်းရှင်များက ပြောသည်။

မိရိုးဖလာငံပြာရည်ကိုငါးပိမှတစ်ဆင့်လနှင့်ချီ၍ နှစ်ပေါက်အောင်ထုတ်လုပ်ရပြီးဓာတုဗေဒငံပြာရည်မှာမူဆားနှင့် ရေကိုဓာတုဗေဒငံပြာရည်အနံ့နှင့်အရောင်ရောစပ်ကာချက်ချင်းဗူးသွတ်၍ ဈေးကွက်အတွင်းသို့ ဖြန့်ချိနိုင်ပြီး ဈေးနှုန်း မှာလည်း ကျပ်၂၀၀ ခန့် သက်သာကြောင်း၊ ဖြန့်ချိပေးသောဆိုင်များကို လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ကြောင်း ၎င်းတို့ကပြောသည်။

“အတုကိုဝယ်တဲ့လူက တုတာကို အတုလို့လုံးဝမသိလို့တော့မဟုတ်ဘူး။ ဒါ ပေမယ့် ငံပြာရည်အစစ်က တစ်ပုလင်းကို ကျပ် ၅၀၀၊ အတုက ကျပ် ၃၀၀၊ သူ့ကိုကျပ် ၅၀၀ ရောင်းရင် ကျပ် ၂၀၀ မြတ်မယ်။ ကျွန်တော်တို့ ကျပ် ၅၀၀ကိုကျပ် ၇၀၀ ရောင်းရင် စားသုံးသူက မတတ်နိုင်တော့ဘူး။ စားသုံးသူက ဟင်းအိုးထဲကို ငံပြာရည်လောင်းလိုက်တယ် ဆိုတဲ့စိတ်ကလေးပဲ။
အဲဒီတော့ အတုနဲ့အစစ်နဲ့ ယှဉ်လို့မရဘူး။ စားဝတ်နေရေးအတွက် သမ္မာအာဇီဝရှာလို့ရတယ်။ ကြီးပွားချမ်းသာဖို့ကမရဘူး”ဟုဟင်္သာတမြို့နေ ငါးပိ၊ ငံပြာရည်လုပ်ငန်းမှ ဦးနေ၀င်းက ပြောသည်။

ဓာတုဗေဒငံပြာရည်များကိုစားသုံး ခြင်းကြောင့် အသည်းရောဂါများ ဖြစ်ပွားတတ်သဖြင့် အထူးသတိပြုရန် လိုအပ်သည်ဟု သိရသည်။
“အရက်သမား တစ်ယောက်က အရက်သောက်ရင်သူတစ်ယောက်တည်းပဲ ခံရမယ်။ ငံပြာရည်အတုထွက်တဲ့ အတွက်ကြောင့် ငံပြာရည်အတုစားရင် အိမ်ကမိသားစုတစ်ခုလုံးခံရမှာ။ အဓိကပြောချင်တာက အတုစားမယ့်အစား ဆားနဲ့စား၊ ဘာမှမဖြစ်ဘူး။ ငံပြာရည်အတုတွေထွက် နေတဲ့အပေါ်မှာနိုင်ငံတော်ကဒါကိုအလေး မထားဘူး””ဟု ဦးနေ၀င်းက ဆက်ပြောသည်။

မိရိုးဖလာငါးပိလုပ်ငန်းမှာ စားသုံးမှုအတွက် ဖူလုံမှုရှိသော်လည်း ငံပြာရည်မှာဖူလုံမှုမရှိဟုသိရသည်။ ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တွင် ငါးပိ၊ ငံပြာရည်အများဆုံးထွက်ရှိပြီး ဖျာပုံ၊ ပုသိမ်၊ ဟိုင်းကြီးကျွန်းဒေသတို့တွင်လည်း ထွက်ရှိသည်ဟုသိရသည်။

“ငံပြာရည်တု၊ မတုတော့မသိဘူး။တစ်ချို့ငံပြာရည်တွေက နည်းနည်း လောက်စားရုံနဲ့ သွေးတိုးလို့မစားဖြစ်တာကြာပြီ။ထိုင်းက ထုတ်တဲ့ငံပြာရည်ပဲ ဈေးကြီးပေးပြီး ၀ယ်စား တယ်”ဟု မရမ်းကုန်းမြို့နယ် မှ စားသုံး သူ တစ်ဦးကလည်း ပြောသည်။

- ရူပါအောင်ဝင်း
http://thefarmermedia.com/

လုံးခင်း ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံတွေထံက ပစ္စည်းတွေ သိမ်းယူ

RFA Burmese

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု လုံးခင်း နဲ့ မှော်စီစာရွာကြားမှာရှိတဲ့ လုံးခင်းဆက်သွယ်ရေး တာဝါတိုင် လုံခြုံရေးရဲကင်း နားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီခန့်က လုံခြုံရေးအင်အား ၂၀ လောက်က ဒေသခံပြည်သူ ၄၀ လောက်ကို တာဝန်အရ စစ်ဆေးတယ်ဆိုပြီး သူတို့မှာပါလာတဲ့ ရွှေဆွဲကြိုး၊ လက်စွပ်၊ ဟန်းဖုန်းကအစ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းယူသွားခဲ့ပါတယ်။

လုံးခင်းကနေ သာယာကုန်း ကျေးရွာဘက်အသွား လုံးခင်းကျေးရွာနဲ့ တစ်မိုင်အကွာ ဂေါက်ကွင်းအနီးမှာ ဒေသခံ ပြည်သူတွေကို အချိန်သုံးနာရီကြာတဲ့အထိ မြေပြင်မှာဝမ်းလျားမှောက် ရိုက်နှက်စစ်ဆေးပြီး ပစ္စည်းတွေ ယူသွားတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆိုင်ကယ်စီးရင်းနဲ့ ကားလမ်းပေါ် မှောက်ဆိုလို့ မှောက်လိုက်တယ်၊ ၈ နာရီကျော်ကနေ ၁၁ နာရီ ၄၀ ထိ မှောက်ရတယ်၊ ပြီးတော့ ဆွဲကြိုးတွေ၊ ဓာတ်မီးတွေရယ် ပိုက်ဆံ နှစ်သောင်းပေးခဲ့ရတယ်၊ ကျွန်တော်တို့ ခေါင်းမော့လို့မရဘူး၊ တုတ်နဲ့လည်းရိုက်တယ်၊ ရှိသမျှပစ္စည်းတွေလဲ အကုန်လုံးယူသွားကြတယ်"

ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို တစွန်းတစ ကြားနေရပေမယ့် ကာယကံရှင်တွေ ကိုယ်တိုင်က လာရောက် တိုင်ကြားတာမျိုး မရှိသေးတဲ့အတွက် အဲဒီကိစ္စကို အတိအကျ မပြောနိုင်ဘူးလို့ အခုလို ဖြေကြားခဲ့ပါတယ်။

"အသံတွေတော့ ကြားနေရတယ်၊ စုံစမ်းကြည့်တော့ ဘာမှဖြစ်တာမရှိဘူး၊ ဘယ်သူကမှ ကျွန်တော်တို့ ဒီလိုဖြစ်တယ်လို့ သက်သေနဲ့ လာမပြောကြဘူး၊ မျက်မြင်ရှိတယ်ဆိုရင်တော့ တမျိုးပေါ့ ကောလဟာလဆိုတော့ အတိအကျပြောလို့ကို မရဘူးဖြစ်နေတယ်"

လုံထိန်းတပ်ဖွဲ့ဟာ တာဝန်အရပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းရတာလို့ ဒေသခံတွေကို ပြောကြားခဲ့ပြီး ပစ္စည်းတွေကို နောက်နေ့ ပြန်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ်တမ်း ဒေသခံတွေ သွားပြန်ယူတဲ့အခါမှာ အဲဒီလုံထိန်းတပ်ဖွဲ့က ပစ္စည်းတွေပြန်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ကိုးရီးယားနိုင်ငံ အာဇာနည်ဗိမာန်ရောက် ဒေါ်အောင်ဆန်းစုကြည်

ပေါက်တော ပိန္နဲချောင်းကျွန်းသားများအသနားခံစာတင်

Coral Arakan News

ပေါက်တော ပိန္နဲချောင်းကျွန်းသားများက ဘင်္ဂါလီများကို ရွှေ့ပြောင်းပေးစေလိုကြောင်း အသနားခံစာတင်

By Yu Thandar Khin

စစ်တွေ ၊ ၃၁ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

မိမိတို့နေရင်းအရပ်တွင် ဘင်္ဂါလီလူဦးရေအဆမတန် တိုးပွားလာမှုကြောင့် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း (ခေါ်) အလယ်ဖရုံကာကျွန်းသူကျွန်သားများမှာ လုံခြုံရေး၊ နေထိုင်ရေး၊ ပညာရေး၊ ၀မ်းစာရှာဖွေရေး အစရှိသည်များ ခက်ခဲလာသဖြင့် အဆိုပါ ဘင်္ဂါလီလူဦးရေထုအား မိမိတို့ဒေသမှ ပြောင်းရွှေ့နေရာချထားပေးပါရန် အသနားခံစာကို ယနေ့ ဇွန်န၀ါရီလ (၃၁) နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့လိုက်ပြီဖြစ်ကြောင်း အသနားခံစာတင်ကြသူများက Coral Arakan အားပြောကြားသည်။

ဒေသခံရခိုင်တိုင်းရင်းသားပေါင်း (၆၅၅၀) လက်မှတ်ထိုးထားသော အဆိုပါ အသနားခံစာကို တင်ရခြင်းမှာ တောသူတောင်သား ရခိုင် နှင့် ခမီ တိုင်းရင်းသားများမှာ ဘင်္ဂါလီများက တိုက်ခိုက်ရန်ရှာတတ်သဖြင့် ငါးရှာ ကဏန်းနှိုက် မလုပ်ရဲတော့ ဒေသခံများမှာ စားဝတ်နေရဲခက်ခဲလာကြသည် ဟု ဦးဆောင်သူတစ်ဦးက Coral Arakan အား ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂-ခုနှစ် နှစ်ကျော့နှစ်ကြိမ် ဘင်္ဂါလီဆူပူမှုအတွင်း ဘင်္ဂါလီမူဆလင်များသည် ၄င်းတို့အင်အားကောင်းရာနေရာများသို့ လူဦးရွှေ့ပြောင်းမှုပြုကြရာမှ ပေါက်တောမြို့နယ် တွင် ဘင်္ဂါလီလူဦးရေ အထူးများပြားလာခဲ့ပြီး ရခိုင် နှင့် ခမီး တိုင်းရင်းသား ရေလုပ်သားများကို အင်အားသာပါက အလစ်တိုက်ခိုက်ခြင်း တို့ကို ပြုတတ်ကြလေ့ရှိသည်။

( Coral Arakan News အတွက် ယုသန္တာခင် ရေးသားသည်။ )

ဒေါ်အောင်ဆန်းစုကြည် "ဂွမ်ဂျူး လူ့အခွင့်အရေးဆု" ကို လက်ခံရယူ

RFABurmeseVideoRFABurmeseVideo
Published on 31 Jan 2013

တောင်ကိုရီးယား နိုင်ငံကို ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၁၃ ဇန်နဝါရီလ (၃၁)ရက် ဒီကနေ့ "ဂွမ်ဂျူး လူ့အခွင့်အရေးဆု" ကို လက်ခံရယူခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။

ဖေ့စ်ဘုတ်ကသတင်းတွေကို ဖတ်ပြီး စဉ်းစားမိတာလေးတစ်ခုပါ

Moe Zay Nyein's photo.
ဖေ့စ်ဘုတ်ကသတင်းတွေကို ဖတ်ပြီး စဉ်းစားမိတာလေးတစ်ခုပါ
မိုးဇေညိမ်း

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်းက ရော့စ်ဒန်ကလီဆိုတဲ့ နိုင်ငံခြားသားက တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးက အရာရှိကြီးတွေနဲ့ပေါင်းပြီး မြန်မာတိုင်းမ်ဂျာနယ်ကို ထုတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးတွေ တပ်ပျက်တော့ မြန်မာတိုင်းမ်မှာ အယ်ဒီတာချုပ်လုပ်နေတဲ့ ဆန်နီဆွေ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျသွားတယ်။ ဆန်နီဆွေက လားရှိုးထောင်မှာပါ။ ဆန်နီဆွေရဲ့ အဖေ၊ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံး၊ ပြည်ပထောက်လှမ်းရေးဌာနကြီးရဲ့ ဌာနကြီးမှူး ဗိုလ်မှူးချုပ်သိန်းဆွေ (လေ) လည်း အဖမ်းခံရပြီး (၅) ကျွန်းနဲ့ (၄၉) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ ခုတော့မြင်းခြံထောင်မှာပါ။ ဗိုလ်မှူးချုပ် သိန်းဆွေဟာ ဦးခင်ညွန့်ရဲ့ အထူးယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်တာမို့ သူ နိုင်ငံခြားခရီးစဉ်လိုမျိုး သွားတဲ့အချိန်ဆိုရင် ဗိုလ်မှူးချုပ်သိန်းဆွေကို သူ့ရဲ့ တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်တာဝန်မှာ ခေတ္တလွှဲအပ်ခဲ့တာမျိုးရှိခဲ့ပါတယ်။ ထောက်လမ်းရေးတွေတပ်ပျက်တော့ ထောက်လှမ်းရေးတွေနဲ့ စပ်ဆက်ပတ်သတ်နေတဲ့ လုပ်ငန်းတွေလည်း ဦးသန်းရွှေရဲ့ မျက်မာန်တော်နေ မလွတ်ခဲ့ရှာပါဘူး။

ဒီ့အရင်က ထောက်လှမ်းရေးက ဗိုလ်ချုပ်တွေနဲ့ လုပ်ငန်းပတ်သတ်သလိုလို၊ ရှယ်ယာပါသလိုလို လုပ်နေတဲ့ Eleven အုပ်စုက ဒေါက်တာသန်းထွဋ်အောင်ကတော့ ဦးခင်ညွန့်ကို ဖြုတ်ချတဲ့ ဗိုလ်ချုပ်တွေကို အဘပြောင်းခေါ်ပြီး ချဉ်းကပ်လို့ ထွက်ပေါက်ရှာလိုက်ပါတယ်။ အဲသလို ထောက်လှမ်းရေးနဲ့ပတ်သတ်သူတွေကို ကွပ်ညှပ်တဲ့ထဲမှာ ထောက်လှမ်းရေးနောက်ခံနဲ့ ထုတ်ဝေနေတဲ့ မြန်မာတိုင်းမ်ဂျာနယ်က ရော့စ်ဒန်ကလီတစ်ယောက်လည်း မလွတ်ခဲ့ပါဘူး။ သူလည်း မြန်မာနိုင်ငံသားဆိုရင်တော့ ခုလောက်ဆို ထောင်ထဲမှာ အနားယူနေရပြီပေါ့။ ဒါပေသိ နိုင်ငံခြားသားတစ်ယောက်ဖြစ်နေတာမို့ ဖမ်းလို့ဆီးလို့မရတာကြောင့် မြန်မာပြည်ကို သူ့ဘာသာစိတ်ပျက်ပြီး စွန့်ခွာသွားအောင် နည်းလမ်းပေါင်းစုံနဲ့ ကြံစည်ပါတော့တယ်။

ယခင် ထောက်လှမ်းရေးက ပိုင်ဆိုင်ခဲ့တဲ့ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ရှယ်ယာတွေကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းရဲ့ စီစဉ်မှုအရ ဒေါက်တာတင်ထွန်းဦး က ၀ယ်ယူခဲ့ပါတယ်။ ရော့စ်ဒန်ကလီ တစ်ယောက်လုပ်ချင်တိုင်းလုပ်မရအောင် ဗိုလ်မှူးချုပ်ကျော်ဆန်းက သူ့လူယုံတစ်ယောက်ကို ထည့်ပေးပြီး ရော့စ်ဒန်ကလီရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ်လိုက်တဲ့ သဘောပါပဲ။ စစ်တပ်ကအရာရှိကြီးတွေက ဒေါက်တာတင်ထွန်းဦးကိုနာမည်ခံခိုင်းပြီး ၀ယ်ယူခဲ့တဲ့ ရှယ်ယာတွေလည်း ရှိတယ်လို့ အဲဒီ့တုန်းက သတင်းထွက်ခဲ့ဖူးပါတယ်။ အရင်တုန်းကတော့ ဒေါက်တာတင်ထွန်းဦးက သူ့သမီးကြီး စုမြတ်စန္ဒီဦးကို မြန်မာတိုင်းမ်ဂျာနယ်မှာ ရုံးထိုင်ခိုင်းခဲ့ပါတယ်။ ဒေါက်တာတင်ထွန်းဦးနဲ့ စုမြတ်စန္ဒီဦးတို့ရဲ့ စီစဉ်မှုနဲ့ မြန်မာတိုင်းမ် ဂျာနယ်အပြင်  Crime မှုခင်းသတင်း ဂျာနယ်၊ Now ဖက်ရှင်ဂျာနယ်နဲ့ Chic မဂ္ဂဇင်းတွေ ထုတ်ခဲ့ပါတယ်။ ခုတလော ဖတ်ရတဲ့ သတင်းတွေအရတော့ ရော့စ်ဒန်ကလီတစ်ယောက် မြန်မာပြည်ကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားအောင်လုပ်ဖို့ စီစဉ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ စီမံကိန်းက ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ရဲ့ အရပ်သား အစိုးရခေတ်အထိ ပါလာပုံရပါတယ်။ ဒေါက်တာတင်ထွန်းဦး၊ မြန်မာတိုင်းမ်နဲ့ရော့စ်ဒန်ကလီတို့ရဲ့ ဇာတ်လမ်းဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။

(မှားနေသည့် အချက်အလက်များအား ထောက်ပြပေးသည့် ကို @[100004226743094:2048:Min Han] အားကျေးဇူးတင်ပါသည် ခင်ဗျား)

(မှားနေသည့် အချက်အလက်များအား ထောက်ပြပေးသည့် ကို Min Han အားကျေးဇူးတင်ပါသည် ခင်ဗျား)

ကိုရီးယား ဒရမ်မာ ကား ထဲက ဇာတ်ဝင်ခန်းလား အောက်မေ့ရတယ်

By Miko Zan

ဒီည သရုပ်ဆောင်များ နဲ.ညစာစား ပွဲ ကို အသွား

ဒီည အမေနဲ. ထမင်း အတူစား မည်. သရုပ်ဆောင်များ

ဆုလက်ခံရယူစဉ်

white phosphorus ခေါ် မီးစုန်းအဖြူ ၂၅% ပါဝင်

RFA Burmese
လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှု ရှေ့နေများကွန်ရက် ထုတ်ပြန်ပြောဆို

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က သူတို့တွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ထံ ပေးပို့ထားတယ်လို့ ရှေ့နေများကွန်ရက်က RFA ကို ပြောပါတယ်။

သူတို့ တွေ့ရှိချက်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းကိုဖြိုခွင်းရာမှာ ဂျီနီဗာပြဌာန်းချက် (Geneva Convention) အရ တားမြစ်ထားတဲ့ မီးစုန်းအဖြူ (White Phosphorus) တွေသုံးတာ တွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။

အမေရိကန်နိုင်ငံက လူ့အခွင့်အရေး ရှေ့နေတစ်ချို့နဲ့ မြန်မာနိုင်ငံက ရှေ့နေတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ကြေးနီတောင်စီမံကိန်း ဒေသခံတွေနဲ့ တွေ့ဆုံပြီး သက်သေခံပစ္စည်းတွေ ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ သက်သေခံ ပစ္စည်းတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဓါတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ သပိတ်စခန်း ဖြိုခွင်းချိန်မှာအသုံးပြုတဲ့ မျက်ရည်ယိုဗုံးမှာ white phosphorus ခေါ် မီးစုန်းအဖြူ ၂၅% ပါဝင်တာ တွေ့ရတယ်လို့ပြောပါတယ်။

သပိတ်စခန်းကို ဖြိုခွင်းရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းရှိမရှိအပြင်၊ ပုဒ်မ ၁၈ အရ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသား အခွင့်အရေးကို ထိခိုက်မူရှိမရှိ စတဲ့ အချက်အလက်များကို စုစည်းပြီး စုံစမ်းရေး ကော်မရှင်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။

အခုစားရင်ကောင်းမလား... ညနေကျမှဘဲ စားရင်ကောင်းမလား

Kaungsetlin Ksl Tcl

ထမင်းတစ်နပ်ဘဲ စားပါဆိုလို့... စဉ်းစားနေတာ။