Friday, February 1, 2013

ဗိုလ်ကြီးနေမျိုးဇင်လက်ထိပ်ခတ်ဖမ်းဆီးခံရ





Nay Myo Zin
ပုဒ် မ ၁၈ ကျူးလွန်သည်ဟု ဆိုကာ ကျနော့်အား ပန်းတနော်မြို့ အထွက် ဗိုလ်မြတ်ထွန်း တံတားထိပ်တွင် ပန်းတနော် စခန်းမှူး ကျော်အေးထူး က လက်ထိပ်ခတ်ကာ ဖမ်းဆီး ပြီး သုံးမိုင်ခန့် ဝေးသည့် ပန်းတနော်မြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
၈ ရက် နေ့ က ကျနော် သွားရောက်ခဲ့သော သရက်နှစ်ပင်ကျေးရွာနှင့် အောက် ကန်စင်းကုန်း ကျေးရွာတို့တွင် ခွင့်ပြုချက် မရပဲ လူထု အား စကားပြောဆိုခဲ့မှုနှင့် ယနေ့ ကျင်းပ ပြုလုပ်သော လွှတ်တော် ဥက္ကဌကြီး သရေစည်သူ ဦးဆန်းဆင့်အား လက်ရှိ နေရာမှ မပြောင်းရွေ့ပဲ ဧရာဝတီတိုင်း ဒေသကြီးပြည်သူတို့ အကျိုးစီးပွားကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း လူထု စုပေါင်း ဆန္ဒ ဖေါ်ထုတ်ပွဲတွင် ခွင့်ပြုချက် မရပဲ ပြုလုပ်ခဲ့သည့် အကြောင်းများကို လက်ထိပ် တန်းလန်းဖြင့် တစ်နာရီကျော်ခန့် ထားပြီး စစ်မေးပါသည်။
မြို့နယ်မှူး ဒုရဲမှူး ၀င်းမြင့်ထူး ကိုယ်တိုင် အနီးကပ် ကွပ်ကဲပြီး စစ်ဆေးမေးမြန်းစေသည်။
ပုဒ်မ ၁၈ ကျူးလွန်သည့် ကျနော်ကို ခံဝန်ဖြင့် သော်လည်းကောင်း ၊ အာမခံသူဖြင့် သော်လည်းကောင်း ပြန်လွှတ်ပေးနိုင်သည် ၊ အာမခံ ယူမည်လား မေးသည်။ ကျနော်က မယူလို။ ခံဝန်လက်မှတ် ရေးထိုးပါ ဆိုသည် ကျနော်က မထိုး။ ၂၄ နာရီ ချုပ်နှောင်ထားပိုင်ခွင့် ရှိသည်ဟု ဆိုသည်။ ကျနော်ကလည်း အချုပ်ထဲ ၀င်ရန် အသင့်။ အခြေ အတင် တင်းမာမှုဖြစ်သည်။
သူတို့ ရဲတပ်ဖွဲ့ က လုပ်ပိုင်ခွင့်ထက်ပိုသော ၀ရမ်းမပါ။ ဗလာချည်ဖြင့် ကျနော့်ကို လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပြီး၊ ပုဒ် မ ၁၈ ဟု အတင်းစွပ်စွဲကာ ကျနေိာ့ကိုဖမ်းဆီးခြင်း အတွက် ရဲတပ်ဖွဲ့ လုပ်ဆောင်ချက် မှန်ကန်သည်ဆိုလျှင် ဖမ်းဆီးထားနိုင်သည်။ ကျနော်ကတော့ ခံဝန်လည်း မထိုး၊ အာမခံမည့်သူလည်း လက်ခံမည် မဟုတ်။ ဟု ဆိုသည်။
ဖုန်းများ တရစပ် ၀င်လာသည်။ ရဲမှူးနှင့် စခန်းမှူး တို့ တိုးတိုး တိုးတိုးဖြင့် အကြာကြီးများ ပြောကြသည်။ ရဲ စခန်းတွင် ကျနော် တနာရီခန့် ကြာလာပြီ လက်ထိပ်က မဖြုတ်ပေးသေ။
မကြာမှီ မြို့နယ် မှူးဝင်လာပြီး ပြန်လွှတ်ပေးလိုက်သော တင်းမာသော နှဖူးကြောကြီးများ၊ မျက်ဝန်းဒေါသကြီးများဖြင့် လာပြောသည်။ မိထားသော အမဲ တကောင် လွတ်လေပြီလား။။
ကျနော်က အပြစ်ရှိတယ် ဆိုလျှင် အရေးယူပါ။ အပြစ်မရှိလို့ ပြန်လွတ်မယ် ဆိုလည်း သုံးမိုင် အကွာအဝေးတွင် ထားခဲ့ရသည့် ( ရန်ကုန်မှ ကျနော် ငှားယူ မောင်းနှင်လာသည့် ဂျစ်ကားဟောင်းလေးဆီ) ပြန်လိုက်ပို့ပေးရန် တောင်းဆိုသည်။
ရဲမြို့နယ်မှူးက မင်းဟာမင်း ကြိုက်သလိုပြန် လိုက်မပို့နိုင်ဟု ဆိုသည်။
သခင် အားရ ကျွန်ပါုးဝ သော မျက်နှာပေးဖြင့် စခန်းမှူးက မင်းဟာမင်း လေးဘက် ထောက်ပြီး ပြန်။ လိုက်မပို့နိုင်ဟု ဆိုသည်။
ပြည်ထဲ ရေး ၀န်ကြီးဌာန လက်အောက် ခံမြန်မာနိုင်ငံ ရဲတပ်ဖွဲု့ဧ။် မူလ စရိုက်များ ပီပြင်အောင် ဖေါ်ပြတော့သည်။
ကျနော်က လိုက် မပို့လျှင် မပြန်နိုင်ကြောင်း ရဲစခန်း ဂိတ် အနီးတွင်ပင် ထိုင်နေရာ ၊ ရဲအင်အားများဖြင့် အင်အားသုံး ဆွဲမ ထုတ်ရန် မြို့နယ်မှူး က အမိန့်ပေးသည်။
ရဲ ခြောက်ယောက်ခန့်က ကျနော်ကို ဆွဲမက ရဲစခန်း အပြင်ပသို့ ပစ်ချသည်။
ကျနော်က လက်ကောက်ဝတ်မှ လက်ထိပ်ရာကို ပြ ရင်း မပြန်နိုင်ကြောင်း စခန်း အရှေ့ တွင်ပင် အိပ်မည့် အကြောင်း ပြောသည်။
ဒေါသ အလွန် ထွက်နေသော မြို့နယ်မှူးက ကား ထုတ်ရန် အမိန့်ပေးပြီး ဖမ်းခေါ်လာရာ ဗိုလ်မြတ်ထွန်း တံတား သို့ ပြန်လိုက်ပို့ရန် ဒေါသများဖြင့် ဆဲဆို အမိန့်ပေးသည်။
ဗိုလ်မြတ်ထွန်း တံတားနားသို့ ရောက်လာသည်။ ကျနော်တို့ လယ်သမား များ အဖွဲ့က ကျနော့် တို့ ဂျစ်ကားလေးကို ရွေ့မောင်း ယူထားသည်ကို တွေ့ရသည်။ မိုင်တိုင်အမှတ် ၄၆ ငါးဖါလုံ တွင် ကားရပ်ရန် ကျနော်က ပြောသော အခါ လိုက်ပို့သည့် စခန်းမှူးက ရပ်မပေးနိုင် အတင်းဆက်မောင်းရန် ပြောသည်။ ကျနော်က ဒါဆို ကျမ်းမာရေး အရ ကျူပ် ဆီးသွားချင်လို့ ခွင့်တောင်းတယ်။ ရပ်ပေးပါ ဆိုလည်း မရပ်ပေးပဲ စွတ်မောင်းရန်သာ အမိန့်ပေးသည်။
သို့ဖြင့် ကျနော်က ဘောင်းဘီး ဇစ်ကို ချွတ်ပြီး သူ့ ကျောပြင်ပေါ် ဆီးစွန့်ရန် ဟန်ပြင်တော့မှ ကားကို ရပ်ပေးလေတော့သတည်။
ယခု ရန်ကုန်သို့ ပြန်လာနေပါပြီ။ မနက်ဖြန် မြင်ကွင်း အားလုံးကို အသေးစိတ် ပြန်လည် တင်ပြပါမည်။

နေမျိုးဇင်

အမေရိကန်နိုင်ငံခြားရးဝန်ကြီး ဟီလာရီ ကလင်တန် နုတ်ဆက်ပွဲ



သူတို့ဆီမှာရာထူးကဆင်းပေးတာအလွယ်လေးပဲ.....

၂၀၁၃ရဲ့အလှပဆုံးစုံတွဲဆုရရှိသူ...

"မြန်မာကပေးရမယ့် ကြွေးမြီ ဒေါ်လာ ၅၈၅ သန်း နော်ဝေးနိုင်ငံ အစိုးရက လျော်ပစ်"

RFA Burmese

မြန်မာနိုင်ငံရဲ့ စတုတ္ထအကြီးဆုံး မြီရှင်နိုင်ငံဖြစ်တဲ့ နော်ဝေးနိုင်ငံ က မြန်မာနိုင်ငံကသူ့ကိုပေးဖို့ရှိတဲ့ ကြွေးမြီအားလုံးကိုလျော်ပစ်လိုက်ပြီဖြစ်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက နော်ဝေးနိုင်ငံကို စုစုပေါင်းကြွေးမြီ အမေရိကန်ဒေါ်လာ ၅၈၅ သန်းကျော် ပေးဖို့ရှိပြီး ကြွေးမြီအားလုံးဟာ နော်ဝေးသင်္ဘောကုမ္ပဏီက တဆင့်ပေးရမှာဖြစ်ပါတယ်။

အခုလို ကြွေးမြီတွေ လျော်ပစ်လိုက်တာနဲ့ ပတ်သက်ပြီး ဒါဟာ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံကို ပေးအပ်တဲ့ အကြီးမားဆုံး လက်ဆောင်တစ်ခုဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံစလုံးအတွက် သမိုင်းဝင်မှတ်တမ်းတစ်ခုလို့ဆိုရမှာဖြစ်ကြောင်း နော်ဝေး နိုင်ငံတကာဖွံ့ဖြိုးမှုတိုးတက်ရေး ဝန်ကြီး Holmas က ပြောပါတယ်။

နော်ဝေးအစိုးရဟာ ၁၉၇၆ ခုနှစ် ကနေ ၁၉၈၀ ခုနှစ်အတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံကို သင်္ဘော ၁၅၆ စင်းနဲ့ စက်ပစ္စည်းတွေကို အကြွေးရောင်းချ ပေးခဲ့ပါတယ်။

အဲဒီနောက် အကြွေးပြန်မဆပ်နိုင်ကြတဲ့ နိုင်ငံတွေကို နော်ဝေးအစိုးရက ၂၀၀၇ ခုနှစ်ကစတင်ပြီး ဒီကြွေးမြီလျော်ပစ်တဲ့အစီအစဉ် ချမှတ်ခဲ့တာဖြစ်ပါတယ်

ဆီးရီးယား သုတေသန အဆောက်အအုံ အစ္စရေး ဗုံးကြဲ တိုက်ခိုက်


မြ၀တီ
ဒမတ်စကပ်စ် ဇန်နဝါရီ ၃၁
ဆီးရီးယား နိုင်ငံ ဒမတ်စကပ်စ်မြို့ အနီး ဂျမ်ရာယာ ဒေသရှိ သိပံ္ပပညာ ဆိုင်ရာ သုတေသန အဆောက်အအုံ တစ်ခုကို အစ္စရေး တိုက်လေယာဉ် များက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း ဆီးရီးယား စစ်တပ်မှ ပြောကြား ခဲ့သည်။

အစ္စရေး တိုက်လေယာဉ် များသည် ဆီးရီးယား လေပိုင်နက် အတွင်းသို့ ဇန်နဝါရီ ၃ဝ ရက် အရုဏ် တက်ချိန်က ကျူးကျော် ဝင်ရောက်၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဇန်နဝါရီ ၃ဝ ရက်က ထုတ်ပြန်သော အစီရင် ခံစာ တစ်စောင်တွင် ဆီးရီးယား စစ်တပ်မှ ပြောကြား ထားကြောင်း AFP သတင်း ဌာနက ဖော်ပြခဲ့သည်။

ထိုသို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အဆောက် အအုံသည် အကြီးအကျယ် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ဆီးရီးယား နိုင်ငံမှ ဓာတုလက်နက် များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေး အစိုးရက အစောပိုင်းတွင် ပြောကြား ခဲ့သည်။

ဆီးရီးယား ပြည်တွင်းစစ်သည် ယခုအခါ တစ်စထက်တစ်စ ဆိုးရွားလာလျက် ရှိပြီး အတိုက်အခံ များသည် ယခုအခါ နိုင်ငံ အတွင်း စစ်ရာဇဝတ်မှု များကို ကျူးလွန်လျက် ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်း များက စွပ်စွဲထားကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/global/item/5863-2013-02-01-09-08-33#.UQwwu2flzbx

ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်သူသမ္မတဟောင်းကင်မ်ဒေးဂျုံရဲ့ ဇနီး လီဟီးဟိုနှင့် တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယား မှ မြန်မာမိသားစုများ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ ပွဲမှ



1.20.2013 ဆိုးလ်အမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခြင်း အခမ်းအနား

ရန်ကုန်မြို့ သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက်ရှိ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံများသို့ ၈ ရက်ကြာ ခရီးသွားရောက်ခဲ့ ပြီး ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက် ည ၁၀ နာရီ ၄၅မိနစ်ခန့် တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )

popular news journal

ဒေါ်အောင်ဆန်းစုကြည်ပိုင်ကားမှအထုပ်တစ်ထုပ် ပျောက်ဆုံးနေ

''အန်တီက ဒီနေ့ (ဖေဖော်ဝါရီလ ၁ရက်နေ့) မှာ နိုင်ငံခြားက ပြန်လာမယ်။သူပြန်လာတဲ့ အခါမှာ လာကြိုမယ့် သူတွေကို နေပြည်တော်က အိမ်ကနေ အထုပ်တစ်ထုပ် ယူလာဖို့ ပြောထားတယ်။အဲဒီအထုပ်ကို သယ်လာတဲ့ အန်တီရဲ့ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့အချိန်မှာ ၁၁၅ မိုင် စားသောက်ဆိုင်တစ်ခုမှာ ကားရပ်ပြီး ခဏ၀င်နားတယ်။သူပြန်လာတော့ ရပ်ထားတဲ့ကားပေါ်က အထုပ် မတွေ့ရတော့ဘူး။ ဒါ့ကြောင့် ဖြူးရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်''ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးထံမှ သိရှိရသည်။

အခိုးခံရသည့် အထုပ်တွင် တန်ဖိုးကြီးပစ္စည်းများ ပါဝင်နိုင်ဖွယ် မရှိကြောင်း ၊ မည်သည့်ပစ္စည်းများ ပါဝင်သည်ကို အတိအကျ မသိရှိရသေးကြောင်း အဆိုပါ လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။

(ဆူးလှည်းကြီး ဂျာနယ်)


တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ
Friday, 01 February 2013 15:48


ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ မှ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ Double cup ပုံစံမျိုး ကားက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင်မှာ ၀င်နားနေတုန်း အခုလို အခိုးခံခဲ့ရတာပါ။ ကားပေါ်မှာ ပုံးအလွတ်၊ ခွက်အလွတ်တွေ တင်ထားတယ်။ ကားမောင်းတဲ့သူနဲ့ အခြားကားပေါ် ပါလာတဲ့ သူနှစ်ယောက်က ကားကိုရပ်ထားခဲ့ပြီး လက်ဖက်ရည် ဆင်းသောက်တယ်။ ပြန်လာတော့ ပစ္စည်းတစ်ချို့ မတွေ့ရတော့ဘူး။ အဲလိုဖြစ်တာကို ရဲတွေသိသွားပြီး အနီးအနား ရွာတွေအထိ လိုက်ရှာပေးပါတယ်။ ကျွန်တော်တို့ကလည်း သေချာစိစစ်လိုက်တော့ အခိုးခံရတဲ့ ပစ္စည်းက တန်ဖိုးကြီးတဲ့ ပစ္စည်း မဟုတ်တာကြောင့် ရဲစခန်းမှာ အမှုမဖွင့်တော့ပါဘူး။ အခိုးခံရတဲ့ ပစ္စည်းက ဒေါ်အောင်ဆန်းစုကြည် ပစ္စည်းတော့ မဟုတ်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားခဲ့သည်။
first-11.com