Sunday, February 3, 2013

ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ဧရာဝတီလင်းပိုင်များ ပြန်လည် ရောက်ရှိ

မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဆယ်စုနှစ်တစ်ခုကြာ လာရောက်ခြင်းမရှိခဲ့သည့် လင်းပိုင်များ အုပ်စုလိုက် ကျင်လည်ကျက်စားနေပြီး နိုင်ငံခြားသားခရီးသည် အများအပြား နေ့စဉ် လာရောက် လေ့လာလျက်ရှိ

မင်းကွန်းနှင့် ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းရှိ ရေပြင်တွင် ကျက်စားလေ့ရှိသော ဧရာဝတီလင်းပိုင်များသည် ဇန်န၀ါရီလပိုင်းတွင် မင်းကွန်းတစ်ဝိုက်ရေပြင်တွင် အုပ်စုလိုက် ပြောင်းရွှေ့ကျက်စား လာလျက်ရှိကြောင်း သိရှိရသည်။

မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း၌ လင်းပိုင်များ ယခုကဲ့သို့ အုပ်စုဖွဲ့ နေထိုင်ကျက်စားခဲ့ခြင်းကို ၂၀၀၃-၀၄ခုနှစ်ဝန်းကျင်က နောက်ဆုံးတွေ့မြင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ပြန်လည် ရောက်ရှိ ကျက်စားလာခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားခဲ့သည်။ ယင်းသို့ ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင်များ အုပ်စုဖွဲ့နေထိုင်ကျက်စားခြင်းကို မင်းကွန်းသွား နိုင်ငံခြားသားခရီးသည်များမှ စိတ်ဝင်တစား လာရောက်လေ့လာလျက်ရှိသည်ဟုလည်း ခရီးသွားလုပ်ငန်း အသိုင်းအ၀န်းမှ သိရသည်။

''မင်းကွန်းဝန်းကျင်မှာ ဧရာဝတီလင်းပိုင်ကောင်ရေ ၁၈ ကောင်လောက်ကို ဇန်န၀ါရီလပိုင်းမှာ ပြောင်းရွှေ့ကျက်စားလာတာ တွေ့ရတယ်။ အများအားဖြင့် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းလောက်မှာရှိတဲ့ မတ္တရာမြို့နယ်၊ ၀က်လက်မြို့နယ်ပိုင်းက မြစ်ကြောင်းအတွင်းမှာ တွေ့ရပေမယ့် ဒီနှစ်မှာ ထူးထူးခြားခြား စစ်ကိုင်း-မင်းကွန်းဘက်ကို ပြောင်းရွှေ့လာတာ တွေ့ရတယ်။ခုလို အုပ်စုလိုက်ရေပြင်မှာ ဆော့ကစားတာမျိုးကလည်း တွေ့ရခဲပါတယ်။ ပုံမှန်ဆိုရင် နှစ်ကောင်သုံးကောင် အုပ်လိုက်ပဲ တွေ့ရတာ။ ခုဆိုရင် ငါးကောင်၊ ခြောက်ကောင် အုပ်စုဖွဲ့တွေ့ရပြီး နိုင်ငံ ခြားခရီးသွားတွေ စိတ်ဝင်စားမှု မြင့်တက်နေပြီး လင်းပိုင်ကြည့် မော်တော်တွေနေ့တိုင်းရှိတယ်''ဟု ဦးဟန်ဝင်းက ပြောကြားခဲ့သည်။

''ဒီနှစ် ဧရာဝတီမြစ်ကြောင်းမှာ ပုံမှန်ရှိရိုးရှိစဉ် ရေအမြင့်ထက် သုံးပေလောက် လျော့ကျနေတယ်လို့ ပညာရှင်တွေ ပြောထားတာရှိသလို အခု ရေနည်းရာသီမှာ အရင်က လင်းပိုင်တွေ ကျက်စားတဲ့နေရာတွေမှာ ရေတိမ်တာ၊ ရေကြောင်းကြပ်တာတွေ ဖြစ်ပေါ်လာတဲ့အတွက် ရေပြင်ကျယ်ပြီး လင်းပိုင်တွေ ပျော်တတ်တဲ့ ရေအောက်သောင်(စည်း)တွေရှိတဲ့ မင်း ကွန်းဘက်ကို ပြောင်းရွှေ့လာတယ်လို့ ယူဆရတယ်။ နောက်တစ်ခုက အခုချိန်က ငါးပုန်းတဲ့ရာသီဖြစ်တဲ့အတွက် အစာနောက်ကိုလိုက်ရင်း ရောက်လာတာလည်း ဖြစ်နိုင်တယ်။အဓိကကတော့ အစာနဲ့ ရေကြောင့်လို့ကောက်ချက်ချရမှာပါ''ဟု ဦးဟန် ၀င်းက ဆက်လက် ပြောကြားခဲ့သည်။

မန္တလေးနှင့် မင်းကွန်းကြား ဧရာဝတီမြစ်ကြောင်းတွင် ရှော့ခ်တိုက် ငါးဖမ်းလှေများ လာရောက် လုပ်ကိုင်လေ့မရှိခြင်းကြောင့် လင်းပိုင်များအတွက် အန္တရာယ်ကင်းရှင်းမှုရှိစေသလို နိုင်ငံခြားခရီးသွားများ သွားရောက်လေ့ရှိရာ ရေကြောင်းပေါ်တွင် ဖြစ်သောကြောင့် ခရီးသည်အား ဆွဲဆောင်မှုတစ်ရပ် ဖြစ်စေကြောင်း သိရသည်။

EMG Photo: မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဆယ်စုနှစ်တစ်ခုကြာ လာရောက်ခြင်းမရှိခဲ့သည့် လင်းပိုင်များ အုပ်စုလိုက် ကျင်လည်ကျက်စားနေပြီး နိုင်ငံခြားသားခရီးသည် အများအပြား နေ့စဉ် လာရောက် လေ့လာလျက်ရှိ

EMG

အလှူရှင်များနှင့် လူမှုရေးသမားများကို စိတ်ညစ်အောင်လုပ်နေသည်ဟု ဦးကျော်သူဆို

ပြည်တွင်း၊ ပြည်ပရှိ အလှူ ရှင်အသီးသီးက ပြည်တွင်းရှိလူမှု ရေးအဖွဲ့အစည်း များအားလှူဒါန်း ခြင်း၊ ဒုက္ခသည်စခန်းများအား လှူဒါန်းခြင်းများကို စေတနာသန့် သန့်ဖြင့် ကူညီထောက်ပံ့ပေးနေ သော်လည်း တစ်ဖက်မှ ယင်းတို့ ၏ တာဝန်အရ စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကန့်ကွက်ခြင်း၊ တားမြစ်ခြင်းများသည် လွတ်လပ် ခြင်းဟု အဓိပ္ပာယ်ရသော ဒီမိုက ရေစီနိုင်ငံတွင် မဖြစ်သင့်တော့ ကြောင်း နာရေးကူညီမှုအသင်းမှ ဦးကျော်သူကပြောကြားသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအပေါ် ပြောကြားရာတွင် ““ကျွန်တော်တို့ လက်ပံတောင်ကိစ္စဆိုရင် ဖြစ်ဖြစ် ခြင်းနောက်ရက် မုံရွာဆေးရုံကို သွားတယ်။ အဲဒီက ဆေးရုံအုပ် ကြီးကိုယ်တိုင်က ဒီလက်ပံတောင် ကိစ္စနဲ့ ဆေးဝါးလှူတာလက်မခံ ဘူး၊ လက်မခံဘူးလို့ပြောလို့ ဒါ ဟာ လူတွေမဟုတ်ဘူး၊ သံဃာ တော်တွေ၊ ဘုရားသားတွေဖြစ်တဲ့ ကိစ္စကို ဒါကိုလက်မခံဘူး၊ ဒီပြင် ကိစ္စနဲ့ လာလှူချင်လှူပါလို့ပြော တယ်။ ဒါဗုဒ္ဓဘာသာအနေနဲ့ မဖြစ်သင့်တော့ဘူး၊ လူသားချင်း စာနာတဲ့စိတ်မွေးရမယ်။ ပြည်က သုခကုသိုလ်ဖြစ်ဆေးခန်းက ကားတစ်စီးအလှူရှင်က လှူ တယ်။ လှူတဲ့ကားက ဟိုလည်း ရောက်ကော ထောက်လှမ်းရေး က လာမေးတယ်။ ““အလှူရှင် ဘယ်သူလဲ၊ ဒီကားကို ဘာ ရည်ရွယ်ချက်နဲ့လှူတာလဲ။ ဘာ လုပ်ငန်းလုပ်လဲ ကားတန်ဖိုး က ဘယ်လောက်လဲ၊ ဒါက မေးစရာမလိုဘူး၊ တရားဝင်တင် သွင်းခွင့်ရလို့ ပြည်ပကနေသွင်း လာတယ်။ က.ည.န ရုံးက လည်း လိုင်စင်ပေးပြီးပြီ၊ တရား ၀င်ပြီ။ တရားမ၀င်ခိုးသွင်းလာတဲ့ ကားမှမဟုတ်တာ။ ဒါတွေကို မေးစရာမလိုဘူး။ ဒါတွေက အလှူရှင်တွေကို စိတ်ပျက်အောင် လုပ်တာပဲ။ လူမှုရေးသမားတွေ ကိုလည်း စိတ်ညစ်အောင် လုပ် တာပဲ၊ ကျွန်တော်တို့အသင်း ကနေ မူလတန်းကျောင်းတွေ ဆောက်မယ်၊ အလယ်တန်း ကျောင်းတွေဆောက်မယ်။ တချို့ ဒေသတွေကနေ အကူအညီ တောင်းတယ်။ ကောင်းပြီ ဆောက်ပေးမယ်လို့ပြောတော့ နယ်ကအာဏာပိုင် အဖွဲ့အစည်း ကနေပြီး သစ်ဘယ်နှတန်သုံး မှာလဲ၊ သံဘယ်နှ ချောင်းသုံးမှာလဲ၊ ဘိလပ်မြေ ဘယ်နှအိတ်သုံးမှာလဲ၊ ဒါကို နေ့စဉ်တင်ပေးရမယ်လို့ပြော တယ်။ မဟုတ်တော့ဘူး တိုင်းပြည်ကိုပျက်အောင် လုပ် နေတာ။ ဒီလူတွေပဲ””ဟု ပြော ကြားခဲ့သည်။

ဖြိုးအောင်

The Hot News
အဖြူရောင်မီဒီယာ

ဝန်ကြီး၂ဦး၊ဆက်သွယ်ရေး အရာရှိ အချို့ နှင့်ပတ်သက်၍ နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည်

Ponnya Swe's photo.
နှုတ်ထွက်သွားသော ၀န်ကြီး၂ဦးကိစ္စနှင့် ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းအား စာနယ်ဇင်းများနှင့်တွေဆုံပွဲတွင်မေးမြန်းရာ မဖြေကြားနိင်သေးကြောင်း
ပြောကြား............

နေပြည်တော်ရှိစက်မှုဝန်ကြီးရုံးတွင်ယခုပြုလုပ်လျက်ရှိသည့် စာနယ်ဇင်း များနှင့်တွေဆုံပွဲတွင်   နှုတ်ထွက်သွားသော ၀န်ကြီး၂ဦး၊ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ မေးမြန်းရာ
သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းက ယခုအချိန်တွင် မဖြေကြားနိင်သေးကြောင်း
အပြည်အစုံ ကို နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည် ဟု ပြောသည်။

Popular Myanmar News နှုတ်ထွက်သွားသော ၀န်ကြီး၂ဦးကိစ္စနှင့် ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းအား စာနယ်ဇင်းများနှင့်တွေဆုံပွဲတွင်မေးမြန်းရာ မဖြေကြားနိင်သေးကြောင်း
ပြောကြား............

နေပြည်တော်ရှိစက်မှုဝန်ကြီးရုံးတွင်ယခုပြုလုပ်လျက်ရှိသည့် စာနယ်ဇင်း များနှင့်တွေဆုံပွဲတွင် နှုတ်ထွက်သွားသော ၀န်ကြီး၂ဦး၊ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ မေးမြန်းရာ
သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းက ယခုအချိန်တွင် မဖြေကြားနိင်သေးကြောင်း
အပြည်အစုံ ကို နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည် ဟု ပြောသည်။

Popular Myanmar News

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့ ရှေ့နေတွေ တိုက်တွန်း

Burma VJ Media Network

တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ
ကော်မတီ ၊ ရှေ့နေများကွန်ယက် နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းများကွန်ယက်တို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ က
ရန်ကုန်မြို့ UMFCCI ခန်းမမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ရှေ့နေတွေ တင်ပြလာတဲ့
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အချက်အလက်တွေ နောက် ဆန္ဒထုတ်ဖော်သူတွေ
အပေါ် တင်းကျပ်ထားတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ
ကော်မတီအနေနဲ့ လွှတ်တော်မှာ တင်ပြဆွေးနွေးသွားဖို့ရှိသလို ၂၀၀၈ ဖွဲ့စည်းပုံပါ ပြင်ဆင်ဖို့လိုအပ်ချက်တွေကို
သေခြာ ပြုစုပေးထားဖို့ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် ကြိုးစားပေးသွားမယ်လို့ ဆိုပါတယ်။

လှည်းတန်းကုန်းကျော်တံတားကမေတ္တာရပ်ခံ

Mandalay Voice

"ဦးမြင့်လှိုင် မျက်နှာ ငယ်ရခြင်း"

photoအောင်ထက်
ယမန် နေ့ ရန်ကုန်.နေပြည်တော် အမြန်လမ်း၊၁၀၇ မိုင်မှာ သမ္မတ ဦးသိန်းစိန်က တောင်သူတွေနဲ့ သွားတွေ့ပြီး စိုက်ခင်းတွေကို လိုက်ကြည့်ပါတယ်၊ နေ့လည်စာ စားမယ့် အချိန် ရောက်လာတော့...၊
လယ်/ဆည် ၀န်ကြီး ဦးမြင့်လှိုင်က နေ့လည်စာ စားဖို့ ခေါ်ပါလေရောဗျာ ။ သမ္မတ ကြီးက ဘေးမှာ ရှိတဲ့ ၀န်ကြီးတွေကို ပါရော ပြီးပြောလိုက်တယ်၊" နေ့လည်စာ စားရင်တော့ ခင်ဗျားတို့ပါ တစ်နပ်ပဲ စားရမယ် ထင်တယ်
တဲ့...၊"ဦးမြင့်လှိုင် မျက်နှာလည်း ဇီးရွက်လောက် ဖြစ်သွားတယ်။
(မှတ်ချက် သမ္မတ မှ ရီ(ရယ်) ပြီးပြောခြင်းဖြစ်သည်။

 Ko Soe Kyaw Thu

နယ်စပ်တည်ငြိမ်ရေး နဲ့ ဗမာစစ်တပ် ကြီးစိုးရေး

တရုတ်-မြန်မာနယ်စပ်မှာ ဗမာအစိုးရတပ်နဲ့ KIA ကချင်တပ်တွေ တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းကြဖို့ တရုတ်အစိုးရက လွန်ခဲ့တဲ့လမှာ နှစ်ကြိမ်တိုက်တွန်းပါတယ်။ နယ်စပ်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးတွဲတာဝန်ယူကြဖို့လည်း ပန်ကြားပါတယ်။ အနောက်တောင် နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ပြီး အိမ်နီးချင်းနဲ့ သဟဇာနဖြစ်မှသာ ငြိမ်းချမ်းစွာ တိုးတက်နိုင်မယ်လို့ တရုတ်ခေါင်းဆောင်ပိုင်းက ယုံကြည်ပါတယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း သဘောတူညီချက်ယူပြီး ညှိနှိုင်းဆွေးနွေးရင်း ပြဿနာရှင်းနိုင်ဖို့ တရုတ်က စီစဉ်ထားပါတယ်။

တရုတ် နိုင်ငံခြားရေးလမ်းစဉ်ဟာ 'ဟားပင်ကွန့်ချောင်' (ခေါ်) ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဖြစ်ကြောင်း တရုတ်ခေါင်းဆောင်တွေ မကြာခဏ ပြောလေ့ရှိပါတယ်။ နိုင်ငံခြားရောက် တရုတ်တွေရဲ့  အသက်အိုးအိမ်၊ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်ကို အားသွန်ခွန်စိုက် ကာကွယ်ရမယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ မြန်မာပြည်ရောက် တရုတ်တွေကို ဂရုစိုက်ဖို့ တရုတ်ပြည်ကိုလာတဲ့ ဗမာအစိုးရ ကိုယ်စားလှယ်ကို တရုတ်ခေါင်းဆောင်ပိုင်းက မှာကြားလေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်မျှော်လင့်သလို ဖြစ်မလာတာကို ၂၀၀၉ ခုနှစ် ကိုးကန့်ထိုးစစ်၊ မြစ်ဆုံဆည်နဲ့ ကချင်ပြည်နယ် ထိုးစစ်က သက်သေပြနေပါတယ်။

ကိုးကန့်ဒေသမြို့ တော်ဖြစ်တဲ့ 'လောက်ကိုင်' ကို ဗမာအစိုးရတပ် သိမ်းပိုက်စဉ်က တရုတ်ပိုင်ဥစ္စာပစ္စည်း အများအပြား လုယက်ခံရတဲ့သတင်း ထွက်ခဲ့ပါတယ်။ ကိုးကန့်ထိုးစစ်ကြောင့် ဒုက္ခရောက်တဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရက ဗမာစစ်တပ်နဲ့ လက်တွဲတဲ့အဖွဲ့ခွဲ ရှိလာတာမို့ ကိုးကန့်ကို ကြီးစိုးဖို့ ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့  ခွဲထွက်တဲ့ အုပ်စုများလာလေလေ ဗမာစစ်တပ်ကြီးစိုးဖို့ အခွင့်သာလေလေ ဖြစ်တာမို့ အကွဲကွဲအပြဲပြဲဖြစ်အောင် သပ်လျှိုတဲ့နည်းကို ဗမာစစ်တပ်က ကျင့်သုံးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့  အင်အားကိုလိုက်ပြီး ဗမာစစ်တပ်က တဖွဲ့တမျိုး အမျိုးမျိုးအဖုံဖုံ ခွဲခြားဆက်ဆံတတ်ပါတယ်။

တရုတ်အစိုးရရဲ့  နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဗမာစစ်တပ်ရဲ့  နယ်စပ်ဒေသ ကြီးစိုးရေးလမ်းစဉ်ဟာ ဆန့်ကျင်ဘက် အယူအဆတွေ ဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ ထိုးစစ်ဆင်တာဟာ တရုတ်-မြန်မာ မဟာဗျူ ပူးပေါင်းဆောင်ရွက်ရေး သဘောတရားကို ကဏ္ဍကောစ လုပ်ရာရောက်တယ်လို့မြင်တဲ့ တရုတ်တွေ ရှိပါတယ်။ တရုတ်အကျိုးစီးပွား ကာကွယ်ဖို့အတွက် နယ်စပ်နေ တိုင်းရင်းသားတွေကို အားကိုးနိုင်ကြောင်း ယူနန် ရဲကောလိပ် နိုင်ငံရေးသိပ္ပံပါမောက္ခ 'လျန်ကျင်ယွန်း' က ၂၀၁၁ မှာ စာတမ်းရေးပြီး အကြံပေးခဲ့တယ်လို့ တရုတ်အမျိုးသမီး သုတေသီ ယွန့်စွန် က ဇန်နဝါရီ (၁၅) ရက်ထုတ် Foreign Policy စာစောင်မှာ ဖော်ပြါတယ်။ ယူနန်သုတေသီ ဂျူဂျန့်မင်ကလည်း လက်နက်ကိုင် တိုင်းရင်းသားအပါအဝင် နိုင်ငံရေးအင်အားစုမျိုးစုံနဲ့ ဆက်ဆံဖို့ ဇန်နဝါရီ (၂၈) ရက်ထုတ် Global Times မှာ ရေးထားပါတယ်။

ကချင်ပြည်နယ် ထိုးစစ်စတင်ပြီး သုံးလအကြာမှာ တရုတ်ကို မှီခိုနေရတဲ့ ဝ အဖွဲ့ မိုင်းလားအဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့ ငြိမ်းချမ်းရေးသဘောတူချက် ရယူနိုင်တာကိုကြည့်ရင် နယ်စပ်စစ်ပွဲကျယ်ပြန့်မှာ စိုးရိမ်ပုံရပါတယ်။ အရင်လို အစိုးရတပ်အောက်မှာ နယ်ခြားစောင့်တပ်လုပ်ဖို့၊ လက်နက်ချဖို့ မပြောဘဲ ၁၉၈၉ အပစ်ရပ်စဲရေးမူကို ပြန်လည်ကျင့်သုံးဖို့ သဘောတူကြပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် အထူးဒေသ (၂) ဝ နယ်မြေနဲ့ အထူးဒေသ (၄) မိုင်းလားဒေသမှာ အစိုးရစစ်တပ်ဟာ လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ ကချင်ပြည်နယ်မှာလည်း စေံစပ်ညှိနှိုင်းပြီး အလားတူသဘောတူညီချက်မျိုး ရယူဖို့ ဝ မိုင်းလားနဲ့ ရှမ်းပြည်နယ် အထူးဒေသ (၃) SSPP တို့က ဇန်နဝါရီလ (၁၀) ရက်နေ့က ကြေညာချက်ထုတ်ပါတယ်။

ဝ ပြည် သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဟာ သူတို့ဒေသမှာ ရင်းနှီးမြုပ်နှံတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့ သန္နိဋ္ဌာန်း ချထားသူတွေ ဖြစ်ပါတယ်။ မိုင်းလားတပ်ကို တရုတ်စစ်ဗိုလ်ဟောင်း လင်မင်းရှင် ခေါ် ဦးစိုင်းလင်း ဦးဆောင်ပြီး ဝ တပ်ဖွဲ့ကို ဘောက်ယူရှန်း က ဦးဆောင်ပါတယ်။ ဘောင်ယူရှန်း ဟာ ဝ အကြီးအကဲ တာပန် ရဲ့  တရုတ်အမည် ဖြစ်တာကိုကြည့်ရင် တရုတ်လွှမ်းမိုးမှုကို ခန့်မှန်းနိုင်ပါတယ်။ တရုတ် လိုချင်တဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေးကို တရုတ် အကူအညီ အပြည့်အဝရတဲ့ ဝ နဲ့ မိုင်းလားက ဆောင်ရွက်ပေးနိုင်တာ တွေ့ရပါတယ်။ အစိုးရ ထိုးစစ်ကို တုံ့ပြန်ဖို့ ဝတပ်ဖွဲ့မှာ လေယာဉ်ပစ် ဒုံးလက်နက် ရှိပါတယ်။

တရုတ် အကူအညီ အပြည့်အဝရပြီး စစ်အင်အားတောင့်တင်းတဲ့ ဝ နဲ့ မိုင်းလားလို နေရာမျိုးမှာ နယ်စပ်တည်ငြိမ်ပြီး ဗမာစစ်တပ် ကြီးစိုးဖို့ ကြိုးစားတဲ့ဒေသမှာ မတည်မငြိမ် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ နယ်စပ်တည်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို အားသစ်လောင်းဖို့ တရုတ်ဘက်မှာ ပြောဆိုနေတာ ဖြစ်ပုံရပါတယ်။ ကချင်ပြည်နယ်က သဘာဝသယံဇာတကို ချုပ်ကိုင်လိုတဲ့ ဗမာစစ်အုပ်စုနဲ့ တရုတ်စီးပွားရေးသမားအကြားမှာ ညပ်မသွားအောင် နည်းလမ်းရှာနိုင်မှ KIO/KIA အနေနဲ့ ဆက်လက်ရှင်သန်နိုင်မယ့် သဘောမျိုး ဖြစ်နေပါတယ်။

 VOA Burmese/ ဦးအောင်ခင်, ကိုဇော်ဝင်းလှိုင်

02.02.2013

http://burmese.voanews.com/content/news-analysis-sino-burmese-border/1595725.html

နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်

Voa Burmese

အစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကြား ဆွေးနွေးပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင်ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေးထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားတာပါ။

နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်လို့လည်း အဲဒီ သတင်းထဲမှာ ဖော်ပြထားပါတယ်။ KIO နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အရင်ကလည်း ရွှေလီမှာ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။

အရင် စစ်အစိုးရထက်ထက်က KIO နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၂၀၁၁ ခုနှစ်ထဲမှာ ပျက်ပြားသွားခဲ့တဲ့နောက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကြားမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့တာမှာ ပြီးခဲ့တဲ့ လအတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ အထူးဒေသထဲမှာ KIO ကချင်အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ နှစ်ဘက်လုံးက လက်ခံသဘောတူတယ် ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ UWSA က ပြောကြားခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားနာမည်ကျော်များ

ဓါတ်ပုံ ကိုဘန်နီ

ကလိန်ကကျစ် The Reporter ဂျာနယ်

ဂျာနယ်အထဲမှာမျက်နှာဖုံးကအကြောင်းမပါရှိဖူးလို့ဆိုပါတယ်။