Wednesday, February 6, 2013

ဂဏန်းစတိုင်က တော်တော် ပေါက်တာပဲ ... မယုံရင် ကြည့်

by Thida Fan Page
https://www.facebook.com/photo.php?v=10200090937949144&set=vb.228539527209097&type=2&theater

ဥရောပတက္ကသိုလ်မှ ပါမောက္ခများအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီနှင့်ဆွေးနွေး

ခေတ်သတင်း's photo.

ပညာရေးပြုပြင်ပြောင်းလဲရေး ဥရောပတက္ကသိုလ်မှ ပါမောက္ခများ ပညာရေးကော်မတီနှင့်ဆွေးနွေး

ဥရောပနိုင်ငံ တက္ကသိုလ်များမှ ပါမောက္ခများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကော်မတီမှ ဦးဟန်သာမြင့်၊ ဒေါက်တာ သိန်းလွင် နှင့် ဒေါက်တာတင်လှိုင် တို့သည် ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါမောက္ခများက မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှု၌ ပညာရေးကော်မတီ၏ပါဝင်မှု၊ တက္ကသိုလ် ဥပဒေပြဌာန်းချက်များ နှင့် ပညာရေးကော်မတီ၏လက်ရှိဆောင်ရွက်ချက်များကို မေးမြန်းခဲ့သည်။ ဒေါက်တာသိန်းလွင်နှင့် ဦးဟန်သာမြင့်တို့မှ ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်ရေးမူကြမ်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်တင်သွင်းရာတွင်ထောက်ခံမဲ ၂၈၆မဲဖြင့် အောင်မြင်ခဲ့ကြောင်း ပညာရေးကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ ဗဟိုထိန်းချုပ်မှုကင်းမဲ့သောပညာရေးစနစ် နှင့် တက္ကသိုလ် များကိုယ်တိုင် တက္ကသိုလ်ဥပဒေများ ပြဌာန်းနိုင်စေရန်ဖြစ်သည်ဟုရှင်းပြခဲ့သည်။ ထို့ကြောင့်ပညာရေးကော်မတီအနေဖြင့် လူထုအမြင်ကို စုဆောင်းထားသော အခြားပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆွေးနွေးပွဲများကို ၂၀၁၃နှစ်လယ်ပိုင်းတွင်ပြုလုပ်၍ ပညာရေးမူကြမ်းကို ၂၀၁၄အမှီ လွှတ်တော်တွင် အဆိုပြုနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်းဆွေးနွေးခဲ့သည်။ ထို့အပြင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးကော်မတီတို့ ပူးပေါင်း၍ ကော့မှူးမြို့နယ်တွင် အသက်မွေးမှု ပညာသင်တန်းကျောင်းကိုစတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထိုမှ တဆင့် ဒေသတစ်ခုခြင်းစီဧ။် စီးပွားရေးနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်းများကို မန္တလေးနှင့် အခြား တိုင်းရင်းသားဒေသများ တွင်ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ဆက်လက်၍ ဒေါက်တာတင်လှိုင်မှလည်း လက်ရှိ ပညာရေးမူဝါဒကြောင့် နှစ်ပေါင်း ၂၀ကျော်အတွင်း မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍသည် တဖြေးဖြေးမှေးမှိန်လာသည့်အတွက် အရည်အသွေးပြည့်ဝသောဆရာ/ဆရာမများကို ပျိုးထောင်ပေးရန်လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်

Nld Central

မန်းဆေးကျောင်းမှ ထုတ်ခံရသူများ နစ်နာဟု ပြောဆို

Kamyut MediaTV
Published on 6 Feb 2013

မန္တလေးဆေးတက္ကသိုလ်မှာ ၄နှစ်အတွင်း ကျောင်းသား ၅ဝဝလောက် ကျောင်းထုတ်ခံနေရတာကြောင့် နစ်နာတယ်လို့ ကာယကံရှင်ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက ဖေဖော်ဝါရီ ၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ဦးပိုင်လီမီတက် အခွန်ဆောင်ရတော့မည်

နှစ်ပေါင်း ၂ဝ ကျော် ဝင်ငွေခွန် ကင်းလွတ်ခဲ့သော ဦးပိုင်လီမီတက် လာမည့်ဘတ်ဂျက်တွင် အခွန်ဆောင်ရတော့မည်
Posted by

စီးပွားရေးဦးပိုင်လီမိတက်၏ မြို့တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှ ပါရမီ အဓိပတိယာဉ်နှစ်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၎
၂၃နှစ်နီးပါးဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိထားသောဦးပိုင်လီမိတက်သည်လည်း အခွန်ပေးဆောင်ရတော့မည်ဟု သိရသည်။ ၁၉၉ဝ ခုနှစ် ဧပြီလ ၄ ရက် နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ဦးပိုင် လီမိတက်မှာ ကုန်သွယ်လုပ်ငန်း ခွန်ကို ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက် နေ့တွင်မှ စတင်ပေးဆောင်ခဲ့ရာ ကျန် ရှိနေသေးသော ဝင်ငွေခွန်ကိုပါ ပေးဆောင်ရတော့မည်ဟု ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ပြော ကြားချက်အရ သိရသည်။
”ဘယ်သူမဆို နိုင်ငံသား တိုင်း ပေးဆောင်ရမယ့် အခွန်တွေ ကို ပေးဆောင်ရဖို့ တာဝန်ရှိပါတယ်။ ဒါ့ကြောင့် ဦးပိုင်ကိစ္စကလည်း ပါ သွားပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီး က ပြောသည်။ကုန်သည်/စက်မှုမှ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ”မည်သူ မဆို ရရှိတဲ့ အမြတ်ဝင်ငွေခွန်ထဲက ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ရ တယ်။ ဒါက ဘယ်သူ့ အတွက်လည်း သန်း ၆ဝ ကျော်သော ပြည်သူ့အ တွက်သုံးတာလေ။ ဒါဆို ပေးသင့် လား၊မပေးသင့်ဘူးလား ဆိုတာ ရှင်းနေတာပဲ”ဟု ပြောသည်။စီးပွားရေးဦးပိုင်လီမိတက် ကို လက်ရှိ တာဝန်ထမ်းဆောင်နေ သော တပ်မတော်သားများ၊ အငြိမ်း စား တပ်မတော်သားများနှင့် မိသား စုဝင်များ၏ ထည့်ဝင်ငွေများဖြင့် လုပ်ကိုင်နေကြောင်း လွှတ်ေ တာ် အစည်းအဝေးတစ်ခုတွင် တပ်မ တော်ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး က ပြောကြားခဲ့သည်။ ဦးပိုင်လီမိ တက်သည် သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ သတ္တုတူးဖော်ေ ရးလုပ် ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်း များ၊ အချိုရည်နှင့် ယမကာလုပ် ငန်းများအပါအဝင် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်း အများစု ကို လုပ်ကိုင်လျက်ရှိပြီး တပ်မတော် အစိုးရလက်ထက်ကာလတွင် နိုင်ငံ ၏ အရပ်ရပ်စီးပွားရေးလုပ်ငန်းများ ကို ဦးဆောင်လုပ်ကိုင်ခဲ့သည်။လက်ရှိတွင် ဦးပိုင်လီ မိတက် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ခင်ဇော်ဦး (စစ်ရေးချုပ်)က တာဝန်ယူထားပြီး ၄င်းသည် ၂ဝ၁ဝ ခုနှစ်က ဥက္ကဋ္ဌရာ ထူးကို လက်ခံခဲ့သည်။
 popularmyanmar.com

ယင်ကောင်တွေလည်းဖမ်းမယ်။ ကျားတွေကိုလည်းဖမ်းမယ်

Aye Aye Soe Win

ဒီနေ.သတင်း တစ်ပုဒ်ဖတ်ပြီးပေါ်လာတဲ. အတွေးပါ။
တရုပ်အစိုးရက သူခိုးအားပေးလုပ်တဲ. ပစ္စည်းကြော်ငြာမှုတွေကို တီဗွီ၊သတင်းစာ တွေမှာ ခွင်.မပြု ဖို.၊ တားဖို.--
မက်ဆေ.ခ်ျ စ ပေးပြီ။

ဂျန်န၀ါရီ ၂၃ရက်နေ. မိန်.ခွန်းမှာ သမ္မတသစ် ရှီဂျင်ပင်းက
သူ. anyi-corruption campaign မှာ ယင်ကောင်တွေလည်းဖမ်းမယ်။ ကျားတွေကိုလည်းဖမ်းမယ် လို.ပြောကြားခဲ.ပါတယ်။

ဒီနေ. ဖေဖေါ်ဝါရီ ၆ ရက် သတင်း မှာ အစိုးရ
ပိုင် မီဒီယာတွေက တဆင်. တန်ဘိုးကြီးပစ္စည်း ကြော်ငြာတွေကို တရားဝင် စတားမြစ်လိုက်ပြီလို. ထုတ်ပြန်ပါတယ်။

တရုပ်သမ္မတသစ် ကတော. ရာဒစ်ကဲလ် ဆန်စွာ စနေပြီ လို.ထင်မြင်မိပါတယ်။ ၀မ်းသာရမှာလား။ အစကောင်းပါတယ်။သို.သော်- စောင်.ကြည်.ရဦးမယ်။

အစိုးရပိုင် သတင်းစာတွေ၊ တီဗွီတွေမှာ လာကြေငြာခွင်. မရှိတဲ. ဇိမ်ခံပစ္စည်းတွေ က ဘာလဲ။
ရတနာ ကုန်သည်တွေ ၏ ပစ္စည်းများဖြစ်တယ်။ သိပ်ဈေးကြီးတဲ. အလှပစ္စည်းတွေ၊ နာရီတွေဖြစ်တယ်။
တန်ဖိုးကြီး စိန်စီကျောက်စီ နာရီ ဆိုင်တွေ ကို အထိနာစေမဲ. အစိုးရပိတ်ပင်မှု ဖြစ်ပါတယ်။

ကျောက်မျက် ရတနာကြိုက်လွန်းတဲ. တရုပ်ပြည်မှာ၊
တန်ဖိုးကြီး တန်စိုးလက်ဆောင်ပစ္စည်းတွေ ပေးကြယူကြတယ်။ ဒီ ယဉ်ကျေးမှုက ခိုင်ခံ.နေတဲ.အခါ နေရာတိုင်းမှာ
ယင်ကောင်တွေများလာတယ်။ ယင်ကောင်တွေအထက်က ကျားကြီးများ အစွယ်ပို ထက်လာတယ်။ ဒါကို-
သမ္မတ ရှီကျင်ပင်း မျက်ခြေမပြတ်ဘူးလို. ထင်ပါတယ်။

အခွင်.အရေးနဲ. အမြတ်အစွန်းများတဲ. စီးပွားရေးလုပ်ငန်းတွေ၊ ကန်ထရိုက်တွေ ကြားမှာ လက်ဆောင်တွေကြောင်. အလုပ်ဖြစ်နေပေမဲ.၊ ပုတ်ဟောင်နံစော်နေတဲ. ဒီ business culture ယဉ်ကျေးမှုကို မထိန်းရင် မရတော. လို.သာ၊ ၊ ဗဟိုက စထိန်းချုပ် ကိုင်တွယ်မဲ. လက္ခဏာ ပြခဲ.တာလည်းဖြစ်နိုင်ပါတယ်။ တရုပ်ခေါင်းဆောင်သစ် များ အနေနဲ. သူတို.၏ ပထမနှစ်မို. အထူး နိုင်ငံရေးအာဂျန်ဒါကို ထုတ် ရှိုးလိုက်တာလည်းဖြစ်နိုင်ပါတယ်။

တွံတေးသိန်းတန်ကားတစ်ကားမှတ်မိတယ်။ ငယ်ငယ်က ကြည်.ဖူးတဲ. ရုပ်ရှင်တစ်ကားပါ။ (ပိုက်ဆံရှိတဲ. သူငယ်ချင်းတွေ တွေက ဆင်းရဲတဲ. လင်မယားနဲ. တူတူ ထမင်းစားကြတယ်။ ထမင်းတူတူစားအပြီး ချမ်းသာတဲ.သူငယ်ချင်းတွေ အပြန်၊ နွမ်းပါးတဲ. မိန်းကလေးက အားငယ်ပြီး အိပ်ခန်းထဲ ၀င်ပြီး တရှုံ.ရှုံ ငိုတယ်။ အဲ ဒီတော.-သူ.ယောင်္ကျားက စိတ်ထိခိုက်ပြီး သူ.အလုပ်က ပစ္စည်းတွေ ထုတ်ရောင်း၊ အကြံအဖန်လုပ်တယ်။ မိန်းမကို ဆင်ဘို.။ မိန်းမ ကို ကျေနပ်စေဖို.။ ဇတ်လမ်း အဆုံးမှာ ယောင်္ကျားထောင်ကျတယ်။) အဲလို ရုပ်ရှင်မျိုး ကိုပေါ်လစီ ၀ါဒဖြန်.ချီရေးလို.ခေါ်ပါသလား။

စားသုံးသူပထမလို. ဈေးရောင်းတဲ.သူတွေက ဟန်ဆောင်ထားကြပေမဲ. အရင်းရှင်ဝါဒ နဲ. အတူ အတူတကွ တွဲဖြစ်ပေါ်တဲ. ပထမ ဘေးထွက်ပစ္စည်းဆိုး က unethical marketing and advertisement ဖြစ်ပါတယ်။ ကျင်.၀တ်နည်းပါး ကြော်ငြာဈေးရောင်းခြင်း ဘာလဲ ဆိုတာ ခေတ်ကို မျက်ခြေမပြတ်သူတိုင်း သိလွယ်ကြပါတယ်။ တီဗွီဖန်သားပေါ်မှာ တန်ဘိုးကြီးပစ္စည်းတွေ မလှ လှအောင်ပြ၊ ဒါတွေကိုမှ မရရင် လူဖြစ်ရှုံးတော.မတတ်လိမ်ညာပြောဆို
ကြေငြာ ရောင်းဝယ်မှုတွေ ၏ နောက်မှာ ကမ္ဘာ ပျက်စေ မဲ. လောဘ ကပ်ပါနေတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။

သိပ်လွန်လွန်ကျူးကျူး ဖြစ်တဲ. ကုန်ပစ္စည်းကြော်ငြာတွေမပြောနဲ.။ တော် ရုံပစ္စည်း တွေကအစ ကြော်ငြာမှုတွေနဲ. ရုပ်ပုံတွေက- လူ. ဆိုက်ကီကို လွှမ်းမိုးပြုပြင် စေနိုင်တာကတော. အမှန်ပါပဲ။

ဥပမာတစ်ခုပေးချင်ပါတယ်။

တထည် ဒေါ်လာ ၁၂၀ကျော် တန် မိချောင်း လကောစ်တ် ဘရန်းဒ် မျိုး အချို. ၀တ်ရလို. တံဆိပ်လေး တပြပြ လူသားမျိုး ရှိရင်ရှိမယ်။ တချိန်ထဲမှာပဲ မိချောင်းတံဆိပ် ပါတဲ. အ၀တ်အစားမျိုး ၀တ်ရမှာ ရှက်တဲ. လူတန်းစားလည်း ရှိနေနိုင်တာပါပဲ။ ပထမ အမျိုးအစားက-မီးချောင်းတံဆိပ်လေးကို ချစ်ရတာ၊ မိချောင်းတံဆိပ်ကိုချစ်တာလား။ မိချောင်းတံဆိပ်ကပေးတဲ.အရသာ တစ်ခုခု လား။

ဒုတိယ အမျိုးအစားကတော.×× ရှင်းပါတယ်။ ဘာမှ မခိုင်တဲ. လောကကြီးမှာတော် ရုံတန်ရုံပဲတဲ.။ ကိုယ်.ထမင်း ကိုယ် ရှာစားပြီးမိချောင်းတွေအတွက် ကြော်ငြာဝင်မပေးနိုင်ဘူးတဲ.။ ဒုတိယအမျိုး အစား က ဒေါ်လာ ၁၂၀ အပေါ် တွန်.ဆုတ်တာ မဟုတ်ပဲ ၊ မိချောင်းတံဆိပ် ကို ကိုယ်ပေါ်မှာ လူမြင်ခံ မတပ်ထားချင်တဲ.သဘောပါပဲ။ ရှင်းပါတယ်။ ကိုယ်.စားရိတ်နဲ.ကိုယ်၊ သူများပစ္စည်း ကို ကြေငြာပေးစရာ လို မှ မလိုပဲ။

ဆင်းရဲတဲ.နိုင်ငံတွေ၊ ပြာပုံ ဘ၀ က ခဲ.တဲ. နိုင်ငံတွေ၊ အကျင်.ပျက်မှုခေါင်ခိုက်တဲ.နိုင်ငံတွေမှာ ကုန်ပစ္စည်း ဘရန်းခရေဇီ ဖြစ်မှုက ထင်ရှားတယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ပါ။

ခု ဇိမ်ခံပစ္စည်းကြော်ငြာတွေကို တရုပ် အစိုးရမီဒီယာ က စပိတ်ပါပြီ။ ဘာကြောင်.ဖြစ်နိုင်ပါသလဲ။
ခြစားမှုတွေတိုက်ဖျက်မယ်လို. အာဂျန်ဒါ ရှိထားတဲ. သမ္မတသစ် ရှီဂျင်ပင်းနဲ. corruption czar CCDI အကြီးအကဲ မစ္စတာဝမ်ကီရှိန် တို.ဟာ- သူတို. ပြောထားသည်.အတိုင်း--anti-corruption battle မှာ (တကဲ.လိုအပ်ချက်အရ) -ခြေလှမ်းကြဲကြဲ လှမ်း
ဘီးစိတ်စိတ်နဲ. တိုက်၊ ဒီလို radical strategy နည်းဗျူဟာနဲ. သွားနေကြတာလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်-- မီဒီယာတင်ပြမှုမှာ သေးသေးမွှားမွှားလေးတွေကအစ
အစိုးရက ကန်.သတ်နိုင်သေးတယ်၊ တရုပ်အုပ်ချုပ်ရေးစတိုင် ဗဟိုအာဏာ စက်ဝန်းထဲမှာပဲ တည်ဆောက်နိုင်သေးတယ်၊ လို. မက်ဆော.ခ်ျပေးတာလည်းဖြစ်နိုင်တယ်။ ဆက်ရန် ကျန်ပါသေးတယ်။

မြန်မာပြည်မှာ အဖြစ်ဖွဲ.ထားတဲ. အကျင်.ပျက်မှု တိုက်ဖျက်ရေးကော်မရှင်ဆိုကတော. ဘာလုပ်နေမှန်းမသိရပါ။
ထိုအရပ်က ယင်ကောင် တွေ၊ ကျားတွေ၊ ကြွက်ကြီးတွေလည်း အရွယ်အစားအမျိုးမျိုး နဲ.အထင်ကရပါ ပဲ။ သူတို.က---ကြင်နာတတ်တဲ.အတိုက်အခံအချို.ကို ခံတပ်ပြုလျှက် လွှတ်တော်ရင်ပြင်မှာပဲ ဆက်လက်သားပေါက်၊ မျိုးပွား မဲ. သဏ္ဍန်ရှိနေပုံ ရပါတယ်။

နိုင်ငံတ၀ှမ်းက အကျင်.ပျက်မှု ပြဿနာ ကို လူသိရှင်ကြား ၀န်ခံခဲ.တဲ. သမ္မတဦးသိန်းစိန်နဲ. ဦးရွှေမန်း။ လွှတ်တော်ထဲက သမန်းကျားတွေကို ဘယ်လိုနည်းနဲ.ရှင်းမှာလဲ။

မြန်မာပြည်သူတွေ၏ အဓိ က ရန်သူကတရုပ်လည်း မဟုတ် ကုလားလဲမဟုတ် ခု ဆက်လောဘဇောတိုက် ညစ်ပတ်နေဆဲဖြစ်တဲ. မြန်မာ အစိုးရနဲ. ခရိုနီများသာဖြစ်တယ်။ 
Feb 6th 2013

Ref:
Reuters ( Feb6, 2013). China bans ads for pricey gifts in anti-corruption push.
ဒီနေ.သတင်း တစ်ပုဒ်ဖတ်ပြီးပေါ်လာတဲ. အတွေးပါ။
တရုပ်အစိုးရက သူခိုးအားပေးလုပ်တဲ. ပစ္စည်းကြော်ငြာမှုတွေကို တီဗွီ၊သတင်းစာ တွေမှာ ခွင်.မပြု ဖို.၊ တားဖို.--
မက်ဆေ.ခ်ျ စ ပေးပြီ။

ဂျန်န၀ါရီ ၂၃ရက်နေ. မိန်.ခွန်းမှာ သမ္မတသစ် ရှီဂျင်ပင်းက
သူ. anyi-corruption campaign မှာ ယင်ကောင်တွေလည်းဖမ်းမယ်။ ကျားတွေကိုလည်းဖမ်းမယ် လို.ပြောကြားခဲ.ပါတယ်။

ဒီနေ. ဖေဖေါ်ဝါရီ ၆ ရက် သတင်း မှာ အစိုးရ
ပိုင် မီဒီယာတွေက တဆင်. တန်ဘိုးကြီးပစ္စည်း ကြော်ငြာတွေကို တရားဝင် စတားမြစ်လိုက်ပြီလို. ထုတ်ပြန်ပါတယ်။

တရုပ်သမ္မတသစ် ကတော. ရာဒစ်ကဲလ် ဆန်စွာ စနေပြီ လို.ထင်မြင်မိပါတယ်။ ၀မ်းသာရမှာလား။ အစကောင်းပါတယ်။သို.သော်- စောင်.ကြည်.ရဦးမယ်။

အစိုးရပိုင် သတင်းစာတွေ၊ တီဗွီတွေမှာ လာကြေငြာခွင်. မရှိတဲ. ဇိမ်ခံပစ္စည်းတွေ က ဘာလဲ။
ရတနာ ကုန်သည်တွေ ၏ ပစ္စည်းများဖြစ်တယ်။ သိပ်ဈေးကြီးတဲ. အလှပစ္စည်းတွေ၊ နာရီတွေဖြစ်တယ်။
တန်ဖိုးကြီး စိန်စီကျောက်စီ နာရီ ဆိုင်တွေ ကို အထိနာစေမဲ. အစိုးရပိတ်ပင်မှု ဖြစ်ပါတယ်။

ကျောက်မျက် ရတနာကြိုက်လွန်းတဲ. တရုပ်ပြည်မှာ၊
တန်ဖိုးကြီး တန်စိုးလက်ဆောင်ပစ္စည်းတွေ ပေးကြယူကြတယ်။ ဒီ ယဉ်ကျေးမှုက ခိုင်ခံ.နေတဲ.အခါ နေရာတိုင်းမှာ 
ယင်ကောင်တွေများလာတယ်။ ယင်ကောင်တွေအထက်က 
ကျားကြီးများ အစွယ်ပို ထက်လာတယ်။ ဒါကို-

aasw
Feb 6th 2013

Ref:
Reuters ( Feb6, 2013). China bans ads for pricey gifts in anti-corruption push. ဒီနေ.သတင်း တစ်ပုဒ်ဖတ်ပြီးပေါ်လာတဲ. အတွေးပါ။

အသက်မပြည့်သေးသော မိန်းကလေးကို အတင်း ပေါင်းသင်းလက်ထပ်ယူ

နန္ဒ ထွန်း
အသက်မပြည့်သေးသော မိန်းကလေးကို အတင်း ပေါင်းသင်းလက်ထပ်ယူတယ်။ ကိုယ်ဝန်ရလာတော့ စွန့်ပစ်လိုက်တဲ့ အဖိုးအရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး (မယားကြီးလည်း ရှိ၊ သူ့သမီးဖြစ်သူကတောင် အသက်သုံးဆယ်လောက် ရှိ) ပြီး အသက် ဆယ်ခုနှစ်သမီး ကို မယားပြုကာ ယခု လသား အရွယ် ကလေးငယ် ဖြင့် အတိဒုက္ခရောက်နေရသည့် မှတ်တမ်းဖိုင်ဖြစ်ပါသည်။ မိန်းကလေး ဧ။် ဂုဏ်သိက္ခာကို ထိခိုက်စေလိုသည့် သဘောမရှိပါ။ နစ်နာဆုံးရှုံးနေသည့် မြန်မာ့ သမီးမိန်းကလေး တဦး အဖြစ် ကျေးလက်နေ ပြည်သူတို့ ဘ၀ လက်ရှိဖြစ်စဉ်များစွာ အနက်မှ သာဓက တခု အနေဖြင့်သာ တင်ပြခြင်းဖြစ်ပါသည်။

မနေ့က ဖေဖေါ်ဝါရီလ ၇ ရက် နေ့လည်ပိုင်းက သွားရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်ပါသည်။ လောလောဆယ် အားဖြင့် လ သားအရွယ် သားကလေး အတွက် ကူညီထောက်ပံ့မှု ဘာမှ မရှိသောကျေးရွာ အုပ်ချုပ်ရေးမှူး အား ဥပဒေ အရ တိုင်ကြားလိုပါသော်လည်း မည်သူ့ထံ အကူအညီတောင်းရမှန်း မသိ ဖြစ်နေကြသည်။

အမျိုးသမီးချင်း ကိုယ်ချင်းစာစိတ်ဖြင့် နားလည်ပေးကြပါရန်နှင့် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော သဘောဖြင့် တင်ပြခြင်း မဟုတ်ကြောင်း တင်ကြို အသိပေးအပ်ပါသည်။

မိန်းကလေး မျက်နှာ ဖုံးကွယ် ပေးရန်၊ ယခုကဲ့သို့ တိုက်ရိုက် မတင်ပြသင့်ကြောင်း ဝေဖန်လာသူများကို ထို လသား ကလေးသူငယ်လေး အတွက် ဘာဆက်လုပ်သင့် ဘယ်လို ဘယ်သူက ကူညီပေးမည်လဲ ဆိုတာကို မေးမြန်းလိုပါသည်။

ထိုမိန်းကလေးသည် မိဘ ဖြစ်သူ အကြွေးနစ်နေသောကြောင့် သူ့ ဘ၀ ပေးဆပ်ခဲ့ရသော အပြစ်မဲ့သူဖြစ်သည်။ ကိုယ် ကို ရောင်းစား ခဲ့သူမဟုတ်ပါသဖြင့် သူ့ မျက်နှာ် ဖေါ်ပြရန် မ၀ံ့မရဲစရာမရှိပါဟု ထင်ပါသည်။

နစ်နာဆုံးရှုံးနေသော နိုင်ငံသား တဦးကို နိုင်ငံသားချင်း စိတ်ဓါတ်ဖြင့် လူသားခြင်း စာနာစိတ်ထားကာ မရားမှုတခုကို ဖေါ်ထုတ်ရင်း ရိုးသားစွာ ကူညီပေးခြင်းသာဖြစ်ပါသည်။
http://www.youtube.com/watch?v=oe8TKkZ4O5s&feature=youtu.be
 
"ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော"

RFA Burmese

ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကမ်းလှမ်းထားတာလဲရှိသလို အစိုးရဖက်ကလက်ခံမယ်ဆိုရင်သူ့အနေနဲ့ပါဝင်ဖို့အဆင်သင့်ပဲလို့ ဖေဖေါ်ဝါရီလ၆ရက်နေ့ဒီကနေ့ ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါ တယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ရှိ၊ မရှိ သတင်းမီဒီယာတွေက မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။
"ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော" ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းကကမ်းလှမ်းထားတာလဲရှိသလိုအစိုးရဖက်ကလက်ခံမယ်ဆိုရင်သူ့အနေနဲ့ပါဝင်ဖို့အဆင်သင့်ပဲလို့ ဖေဖေါ်ဝါရီလ၆ရက်နေ့ဒီကနေ့
 ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါ တယ်။ အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ ပါဝင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖေဖေါ်ဝါရီလ၆ရက်နေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားနေစဉ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ရှိ၊ မရှိ သတင်းမီဒီယာတွေက မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။ အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကတရုတ်နိုင်ငံ၊ ရွှေလီမြို့မှာအလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်နိုင်ရေး၊ နှစ်ဖက် အခြေအနေကို လေ့လာ စောင့်ကြည့်အဖွဲ့တွေ ထားရှိရေး၊ ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

"မဏ္ဍိုင်ဥပဒေအဖွဲ့က ၈၈မျိုးဆက်နဲ့ ပူးပေါင်းပြီး ဥပဒေရေးရာကိစ္စတွေ ကူညီမည်"

၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းကို လာရောက်တိုင်ကြား အကူအညီတောင်းခံလာ တဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ “မဏ္ဍိုင်ဥပဒေအကယ်ဒမီ” က အခမဲ့ အကူအညီပေးသွားမယ်လို့ သိရပါတယ်။

အဲဒီလို ကူညီနိုင်ဖို့အတွက် မဏ္ဍိုင်ဥပဒေအဖွဲ့က ရှေ့နေ ၂၅ ဦးဟာ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ အလှည့်ကျ ရုံးထိုင်သွားမယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ မဏ္ဍိုင်ဥပဒေ အကယ်ဒမီရဲ့ ရှေ့နေတွေဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းအသစ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့ကြတာပါ။

ဒီစေတနာ့ဝန်ထမ်း ဥပဒေအကျိုးဆောင်ရှေ့နေတွေဟာ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေမှာ အလှည့်ကျရုံးထိုင်မှာဖြစ်ပြီး၊ တိုင်ကြားမှု အများဆုံးကိစ္စတွေဖြစ်တဲ့လယ်ယာသိမ်းယူခံထားရတဲ့ ပြဿနာ၊ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကအစ နစ်နာမှုတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။