Thursday, February 7, 2013

နိုင်ငံရေးလှည့်ကွက်များနောက်ကွယ်၌ ဖုံးဖိထားသော အထုံးများရှိနေကြောင်း တပ်မတော်ခေါင်းဆောင်ဟောင်းတစ်ဦး သုံးသပ်

February 7, 2013

လက်ရှိဖြစ်ပေါ်ပြောင်းလဲလျက် ရှိသော မြန်မာနိုင်ငံ၏ နိုင်ငံရေး လှည့်ကွက်များ၏ နောက်ကွယ်၌ ဖုံးဖိထားသော အထုံးများရှိနေ ကြောင်းနှင့်ယင်းသို့သော အထုံး များပြေသွားပါက ထာဝရငြိမ်း ချမ်းရေး ရရှိတည်ဆောက် နိုင်မည်ဖြစ်ကြောင်း စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယဗိုလ် ချုပ်ကြီးချစ်ဆွေ(ငြိမ်း)က Hot News သတင်းထောက်နှင့်တွေ့ဆုံ စဉ်သုံးသပ်ပြောကြားသွားခဲ့သည်။
“လက်တလော ကချင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဘိုးဘိုး ကြီးအနေနဲ့ ပြောရရင် ဟိုဘက် KIA, KIO ခေါင်းဆောင်တွေ ကိုလည်း သမိုင်းမှာ နာမည်သေ ခဲ့တာမျိုးမဖြစ်စေချင်ဘူး။ ဒီဘက် ကိုလည်းနာမည်သေတာမျိုး သမိုင်းမှာမဖြစ်စေချင်ဘူး။ နှစ်ဖက်လုံးကို သမိုင်းမှာ နာမည် ကောင်း တွင်ခဲ့စေချင်တယ်။ပြော ရရင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး လှည့် ကွက်တွေရဲ့နောက်ကွယ် မှာ ဖုံးဖိထားတဲ့ အထုံးလေးတွေရှိ နေ တယ်။ ဒီအထုံးတွေကြောင့်ပဲ ငြိမ်းချမ်းရေးက အလှမ်းဝေးနေ တာ။ KIA,KIO ကိစ္စမှာလည်း ပယောဂတစ်ခုခုဝင်နေတယ်လို့ ထင်တယ်။ လက်ရှိမှာက မြန်မာ့ တပ်မတော်နဲKIA, KIO ကြား တိုက်ပွဲတွေဖြစ်နေတယ်။ ဒါပေမဲ့ နှစ်ဖက်လုံးပစ်သာပစ်နေတယ်။ သေနတ်သံထွက်မှပဲ ရန်သူဆို တာပေါ်တယ်။ ပြောရရင် ကိုယ့် သွေးချင်းညီအစ်ကိုအချင်းချင်းတွေ ပါပဲ။ ဒါကြောင့် ရှိနေတဲ့အထုံး တွေကိုဖြေပြီး သွေးချင်းညီအစ် ကို တွေနှစ်ဖက်အပြန်အလှန်နား လည်မှုတည်ဆောက်သွားဖို့ကို မျှော်လင့်ပါတယ်။ အဲသလိုဆို ရင်အရာအားလုံး ငြိမ်းချမ်းသွား မှာပါ”ဟု ဒုတိယဗိုလ်ချုပ်ကြီးချစ် ဆွေက ပြောကြားသွားခဲ့သည်။
KIA,KIO နှင့် အစိုးရ တပ် မတော်သို့ ကြားတိုက်ပွဲများ အရှိန်မြင့်စွာ ဖြစ်ပွားလျက်ရှိနေ ပြီး နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးအဖြေ ရှာမှသာ ငြိမ်းချမ်းမှုရရှိနိုင်မည် ဖြစ်ပြီး ယင်းကိစ္စအတွက် တစ်ချိန်က တပ်မတော်၌ ဒုတိယ ဗိုလ်ချုပ်ကြီးချစ်ဆွေ၏ တပည့် ရင်းဖြစ်ခဲ့သော လက်ရှိနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က အပြည့် အ၀စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း မိမိအနေဖြင့် အပြည့်အ၀ ယုံကြည်ပါကြောင်း ဗိုလ်ချုပ်ကြီး ချစ်ဆွေက ထပ်လောင်းပြော ကြားခဲ့သည်။

ခန့်ခန့်(ဒဿနိက) hotnewsweekly.com

လယ်သမားအရေး ဆောင်ရွက်နေသူတွေကို ဇေကမ္ဘာကုမ္ပဏီက ထပ်မံတရားစွဲ

RFA Burmese

ဇန်န၀ါရီလ ၂၄ ရက်နေ့ ကနေစတင်ပြီး အငြင်းပွား လယ်ယာမြေတွေနားမှာ ကင်းတဲတွေ တည်ဆောက်ပြီး ကင်းစောင့်နေခြင်း၊ လုံခြုံရေးတဲတွေကို ၀င်ရောက်စီးနင်းထားခြင်း စတဲ့ကိစ္စရပ်တွေနဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးနေမျိုးဝေ အပါဝင် ၇ ဦးကို ဇေကမ္ဘာကုမ္ပဏီကနေ မင်္ဂလာဒုံမြို့နယ် ရဲစခန်းနဲ့ ထောက်ကြံ့ရဲစခန်းတွေမှာ တရားမဝင် ဝင်ရောက်ကျူးကျော်နေထိုင်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဇေကမ္ဘာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

တရားစွဲခံထားရတဲ့ ၇ ဦးထဲက ကိုနိုင်ဝင်းထွန်း ပြောတာက ဦးနေမျိုးဝေ အပါအ၀င် အားလုံးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ အစစ်ခံဖို့မရှိကြောင်း အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

လယ်သမားအရေးဆောင်ရွက်သူ ဦးနေမျိုးဝေ ဟာ အခုအမှုအပြင် ပြီးခဲ့တဲ့ လတွေကတည်းက ဇေကမ္ဘာကုမ္ပဏီက တရားစွဲဆိုထားတဲ့အတွက် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရှမ်းပြည်နယ်နေ.အထိမ်းအမှတ် မိတ်ဆုံစားပွဲသိုတက်ေ၇ာက်

rNational League for Democracy
အမျိုးသားဒီမိုကရေစိအဖွဲ.ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သပြေကုန်းဈေးရှိမောဂ်ခမ်းနွံ စားသောက်ဆိုင်တွင် ကျင်းပသည့် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ.အထိမ်းအမှတ် မိတ်ဆုံစားပွဲသိုတက်ေ၇ာက်၊ အဆိုပါမိတ်ဆုံစားပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် \ ရှမ်းတိုင်းရင်းသားပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကျင်းပသည့် အခမ်းအနားဖြစ်ပြီြး ပည်ထောင်စုလွတ်တော်နာယက ဦးခင်အောင်မြင့် ၊ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွေမန်း၊နှင်.ဒုဥက္ကဌ များ ပြည်သူလွတ်တော်ကိုယ်စားလှယ်များ ၊အမျိုးသားလွတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းစာပေနှင်ယဉ်ကျေးမှု့.အဖွဲများ၊ ရှမ်းတိုင်းရင်းသားများတက်ရောက်သည်။

မြန်မာနိုင်ငံဆိုင်ရာဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ နှီးနှော ဖလှယ်ပွဲ

By National League for Democracy

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်သင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုမိုးရေး ကကျင်းပသော မြန်မာနိုင်ငံဆိုင်ရာဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ဖေဖေါ်ဝါရီ ၇ ရက် မွန်းလွဲ ၂နာရီက နေပြည်တော် တော်ဝင်ကုမုဒြာ ဟိုတယ်စည်းဝေးခမ်းမတွင် တရားဥပဒေဆိုးမိုးရေးကော်မတီဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊ တရားစီရင်ရေးကော်မတီ ဥက္ကဌ သူရ ဦးအောင်ကို၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးတီခွန်မြတ်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတက်ရောက်ကြသည်။အမေရိကန်ပြည်ထာင်စု ကိုလံဘီယာ တက္ကသိုလ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါမောက္ခ ဆရာ အိပ်ကလိပ်လင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခွဲချမ်းစိတ်ဖြာ ကြည့်ခြင်း၊ အခြားဖွဲ့စည်းပုံများနှင့် နိုင်းယှဉ်ကြည့်ခြင်း၊ပြုပြင်စရာလိုအပ်ချက်များ၊ ပြုပြင်ရန်နည်းလမ်းများ စသည်ဖြင့်ဆွေးနွေးကြသည်။ တရားဥပဒေစိုးမိုးရေးဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်တို့က ပါဝင်ဆွေးနွေးကြသည်။

အသက် ၁၇ နှစ်တွင် မိဘဖြစ်သူက တင်ရှိနေသောကြောင့် သူ့ အဖိုး အရွယ်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုကို ဖြည့်ပေးခဲ့ရ

Nay Myo Zin's photo.
ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၂ အား စီစဉ်ထားသော ဘုန်းတော်ကြီးကျောင်း အတွင်း ဖွင့်လှစ်ခွင့် မရအောင် နှောက်ယှက် ဖိအားပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး မကူညီချင်နေပါ မနှောက်ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မယားကြိး ရှိပါလျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ်သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင်သော မိဘဖြစ်သူကို အကြပ်ကိုင်ပြီး သမီးကို သိမ်းယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ်သည်။ ထိုလို လူများသည် ဒေသ ဖွံ့ဖြိုးရေး အတွက် နည်းပညာလာရောက် အခမဲ့သင်ပေးသော မိမိတို့ အဖွဲ့ကို ရိုင်းစိုင်းစွာ ဆက်ဆံ တုန့်ပြန်သဖြင့် ကျနော်နှင့် ပါလာသော အလှူရှင်များ နှင့် အတော်ပင် အခြေအတင် ဖြစ်ပွားခဲ့ရသည်။ သူတို့ ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက် ကူညီပေးသော မိမိတို့ကိုပင် ရန်သူသဖွယ် ဆက်ဆံသည်။ ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက ရွံ့မုန်းသော်လည်း အာဏာပိုင်နေသူမို့ ဘယ်သူကမှ မပြောရဲကြပေ။ ကျေးရွာ အုပ်ချုပ်ရေးမှူး မှ ကျူးလွန်မယားပြုပြီး ကိုယ်ဝန်ရခါမှ စွန့်ပစ်လိုက်သောကြောင့် တဲစုတ်လေး တခုပေါ်တွင် သားကင်းငယ်လေးနှင့် အတူ မကျန်းမမာ ဝေဒနာ ခံစားနေရသော မိန်းကလေးငယ်။ သူ့ အသက် ၁၇ နှစ်တွင် မိဘဖြစ်သူက တင်ရှိနေသော အကြွေးခြောက်သိန်းကြောင့် သူ့ အဖိုး အရွယ်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုကို ဖြည့်ပေးခဲ့ရသော မိန်းကလေးငယ်။ ယခု ကလေး ငယ်ဖြင့် ဒီလိုနေနေရပါသည်။ ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၂ အား စီစဉ်ထားသော ဘုန်းတော်ကြီးကျောင်း အတွင်း ဖွင့်လှစ်ခွင့် မရအောင် နှောက်ယှက် ဖိအားပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး မကူညီချင်နေပါ မနှောက်ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မယားကြိး ရှိပါလျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ်သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင်သော မိဘဖြစ်သူကို အကြပ်ကိုင်ပြီး သမီးကို သိမ်းယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ်သည်။ ထိုလို လူများသည် ဒေသ ဖွံ့ဖြိုးရေး အတွက် နည်းပညာလာရောက် အခမဲ့သင်ပေးသော မိမိတို့ အဖွဲ့ကို ရိုင်းစိုင်းစွာ ဆက်ဆံ တုန့်ပြန်သဖြင့် ကျနော်နှင့် ပါလာသော အလှူရှင်များ နှင့် အတော်ပင် အခြေအတင် ဖြစ်ပွားခဲ့ရသည်။ သူတို့ ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက် ကူညီပေးသော မိမိတို့ကိုပင် ရန်သူသဖွယ် ဆက်ဆံသည်။ ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက ရွံ့မုန်းသော်လည်း အာဏာပိုင်နေသူမို့ ဘယ်သူကမှ မပြောရဲကြပေ။ ကျေးရွာ အုပ်ချုပ်ရေးမှူး မှ ကျူးလွန်မယားပြုပြီး ကိုယ်ဝန်ရခါမှ စွန့်ပစ်လိုက်သောကြောင့် တဲစုတ်လေး တခုပေါ်တွင် သားကင်းငယ်လေးနှင့် အတူ မကျန်းမမာ ဝေဒနာ ခံစားနေရသော မိန်းကလေးငယ်။ သူ့ အသက် ၁၇ နှစ်တွင် မိဘဖြစ်သူက တင်ရှိနေသော အကြွေးခြောက်သိန်းကြောင့် သူ့ အဖိုး အရွယ်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုကို ဖြည့်ပေးခဲ့ရသော မိန်းကလေးငယ်။ ယခု ကလေး ငယ်ဖြင့် ဒီလိုနေနေရပါသည်။

ပညာရေး-ဒုဝန်ကြီး ဦးအေးကြူအား အိတ်ဖွင့်ပေးစာ

rသို့ 
 ဦးသိန်းစိန်-
သမ္မတ
နေပြည်တော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ရက်စွဲ---၅-၂-၂၀၁၃---

အကြောင်းအရာ ။         ။  Hot News -ဂျာနယ်ပါ လူမျိုးဂုဏ်သိက္ခာအား
စော်ကားရေးသားဖေါ်ပြ ခြင်းအတွက် ရခိုင်လူမျိုးများအား
ပြန်လည်ဖြေရှင်း တောင်းပန်ပေးပါရန် ။
လေးစားစွာဖြင့်   ။        ။  ( က )-  မြန်မာနိုင်ငံ ရန်ကုန်မြို့ ထုတ်
-Hot News -ဂျာနယ်ပါ ပစ်တိုင်းထောင်- ဆောင်းပါးရှင်သည် မြန်မာနိုင်ငံအတွင်း
မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုး များ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်
လူမျိုးဂုဏ်သိက္ခာကို ထိပါးစေလောက်အောင် ရေးသားဖေါ်ပြခဲ့ ခြင်းကြောင့်
ရခိုင်လူမျိုးများမှာ စိတ်အနှောင့်အယှက် ခံစားဖြစ်ကြ ရပါသည် ။
                                  ( ခ) ပစ်တိုင်းထောင်-ဆောင်းပါးရှင်သည်
ရခိုင်လူမျိုးများအပေါ် စေတနာကောင်း ဖြင့် ရေးသားမိခြင်းဖြစ်သည်ဟု
ပြောနိုင်သော်လည်း စာရေးသားရာ၌ သတင်းအချက်အလက်များ ၊ အတည်ပြုချက် ယူခြင်းများ ၊
လူမျိုးတမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ နှင့်ရခိုင်လူမျိုးတို့ ၏ အမျိုးသီလဂုဏ်ကို
စောင့်ထိမ်းခြင်း ဆိုသော စံများအား လက်လွတ် စပ္ပါယ် ပြုမူရေးသားခြင်းကို တွေ့ ရှိရပါသည်
။ ၄င်းကဲ့ သို့ ရေးသားချက်များသည် ယခု အချိန်တွင် အထူးသတိပြု
ရေးသားရန်လိုအပ်နေသည်ကို သတိထားရမည်မှာ ထုတ်ဖေါ်  ပြောဆိုရန် သင့်သည်ဟု မထင်မိပါ ။ ဥပမာ-
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၏
                            စာစောင်ပါ ဆောင်းပါးကြောင့်ဗဟိုရွေးကောက်ပွဲကော်မရှင်-ဥက္ကဋ္ဌ-ဦးတင်အေးမှ
                           ပါတီမှ ထင်ရှားသောခေါင်းဆောင်များအားခေါ်ယူသတိပေးခြင်းများ ရှိခဲ့ ပါသည် ။
                                ( ဂ ) ပစ်တိုင်းထောင်-ဆောင်းပါးရှင်သည်စာရေးကောင်းသော သတင်းစာဆရာ
                           တဦးဖြစ်ကြောင်း ကျွန်ုပ်တို့ လေ့လာသိရှိပြီးဖြစ်ပါသည် ။ တချိန်တည်းမှာပင် ယခု
                          ဆောင်းပါးအား ရေးသူမှာ ပစ်တိုင်းထောင် အမည်ခံပညာရေးဝန်ကြီးဋ္ဌာနမှ ဒုဝန်ကြီး -
                          ဦအေးကြူဖြစ်ကြောင်းနှင့် ၄င်းအချက်အလက်သည်မှားယွင်းကြောင်း ပြန်လည်ဖြေရှင်း
                          ရေးသားတောင်းပန်ရန် လိုအပ်နေပါသည် ။
                             ( ဃ ) သို့ ဖြစ်ပါ၍ ပြန်ကြားရေးဋ္ဌါန-ဒုဝန်ကြီး -ဦးအေးကြူ ခေါ် သတင်းစာဆရာ
                          ပစ်တိုင်းထောင်မှ အမြန်ဆုံးရေးသားရမည်ဖြစ်ပါသည် ။ ယခုအချိန်
                          တွင် ရခိုင်လူမျိုးများသည် ဤကိစ္စနှင့်ပါတ်သက်၍ အထူးမခံမရပ်နိုင်ဖြစ်ကြောင်းကိုလည်း
                          သိစေအပ်ပါသည် ။
                             အထက်ဖေါ်ပြပါ အကြောင်းအရာများကိုမြန်မာနိုင်ငံအစိုးရ၏ သမ္မတမှအစ
                          အောက်ပါ အမည်တပ်ထားသော တာဝန်ရှိသူများကိုပါဆောင်ရွက်နိုင်ကြပါရန်
                          မေတ္တာရပ်ခံ ရည်ညွှန်းရေးသား  အနူးအညွတ်တင်ပြလိုက်ရပါသည် ။
        ဦးခိုင်အောင်ကျော်
        နယူးယောက်
       အမေရိကပြည်ထောင်စု

သိသာစေရန်
၂- ဦးအောင်ကြည်-ပြန်ကြားရေးဝန်ကြီး-နေပြည်တော်-မြန်မာနိုင်ငံ ။
၃-ဦးတင်အေး- ဥက္ကဋ္ဌ-ဗဟိုရွေးကောက်ပွဲ ကော်မရှင်-မြန်မာနိုင်ငံ။
၎- ဦးအေးကြူ- ဒု-၀န်ကြီး -ပြန်ကြားရေးဝန်ကြီးဋ္ဌါန-နေပြည်တော် -မြန်မာနိုင်ငံ။
၎- ဦးရဲထွဋ်- ပြောရေးဆိုခွင့်ရှိသူ-မြန်မာနိုင်ငံအစိုးရ ။
၅- အယ်ဒီတာချုပ်- Hot News - ရန်ကုန်မြို့ 

ရခိုင် အမျိုးသမီးများ ကုလားမယားဖြစ်ရသည်ဟု ရေးသည့် Hot News ဂျာနယ်မှ တောင်းပန်မည်

r

ဇန်နဝါရီလ၂၄ ရက်နေ့ထုတ် The Hot News ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ပစ် တိုင်းေ ထာင် ရေး သားသော“ အမျိုးဂုဏ်ကို စောင့်ထိန်းပါ” အမည်ရ ဆောင်းပါးသည် ရခိုင် အမျိုးသမီး ထု၏ ဂုဏ် သိက္ခာ ကို ထိခိုက် နစ်နာစေသည်ဟု ရခိုင် အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က ပြောကြားသည်။

အဆိုပါ ဆောင်းပါးတွင် စာရေးသူ ရခိုင်ပြည်နယ်တွင် ဗိုလ်ကြီး ဘဝဖြင့် တာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည် နယ် တွင် ရခိုင်ကွန်မြူနစ် သောင်းကျန်း သူများသည် အစိုးရကို ပုန်ကန် တိုက်ခိုက် နေသော်လည်း ရခိုင် မလေး များကို ခေါ်တော ကုလား များ၏ ဘေးအန္တရာယ်မှ မကာကွယ် နိုင်ခြင်းမှာ ရယ်စရာ ဖြစ်ကြောင်း၊ ရခိုင်သမလေး အများအပြားမှာ ခေါ်တော မယားများ ဖြစ်ကုန်ကြပြီး ကုလား မယား ဖြစ်ရသော ရခိုင် အမျိုး သမီးများမှာလည်း မုတ်ဆိတ်မွှေး ဖြူနေပြီ ဖြစ်သော ကုလားကြီးများ၏ ဘယ်နှစ်ယောက်မြောက် မယား ဖြစ် ရသည်ကို မသိဘဲ လက်ထပ်ခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြသကဲ့သို့ ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ၏ မယား များ ဖြစ်ခဲ့ကြ သည်ဆိုသည်မှာ ရခိုင်ပြည်နယ် အခြေ အနေ နှင့် လုံးဝဆန့်ကျင် နေကြောင်း ရခိုင် အမျိုးသမီးအသင်းထံမှ သိရသည်။

“ရခိုင်အမျိုးသမီးအများအပြား မယားဖြစ်ဖို့ မပြောနဲ့ လက်တစ်ဖက်ကို လက်ချိုးရေ ရင်တောင် မပြည့် ပါ ဘူး။ ဆောင်းပါးမှာ ပါသလို လက်ထပ်တယ် ဆိုတာ လုံးဝ မရှိပါဘူး။ သူတို့နဲ့ လက်ထပ်ဖို့ ဘယ်မိသားစုက မှလ ည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဒေါ်စောခင်တင့်က ပြောကြားသည်။

ရိုးရာ အဝတ်အစားကို ဝတ်ဆင်ထားသော ရခိုင် အမျိုးသမီး နှစ်ဦး၏ ဓါတ်ပုံကို ဆောင်းပါးတွင် အသုံးပြုခဲ့ မှုမှာ အထင် အမြင် လွဲမှားမှု ဖြစ်စေ သောကြောင့် တောင်းပန်ပေးရန် ဓါတ်ပုံပါ အမျိုးသမီးနှစ်ဦး၏ မိ ခင် ဒေါ်သန်းသန်းအောင်က ပြောကြားသည်။

အဆိုပါ ထိခိုက် နစ်နာမှု များနှင့် ပတ်သက်၍ Hot News ဂျာနယ်တွင် တရား ဝင် တောင်းပန်မှုများ ပြုလုပ် သွားမည် ဟု အဆိုပါ ဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဦးကျော်စိန်က ဆိုသည်။

The Voice Weekly

ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေနဲ့ပေါင်းပြီး ဘယ်လောက်တောင် အချောင်နှိုက်ခွင့် ရနေသလဲ

Thar Lay

ရန်ကုန်မြို့လည်ခေါင်ဧရိယာတွေမှာ တစ်စတုရန်းပေလျှင်
 ဒေါ်လာ (၆၀၀၀) ဈေးပေါက်ပါသည်။
ထို့ကြောင့် 21,100 sq ft ရှိသော ကျောက်တံတား မြို့နယ်
 လ၀ကပိုင်အဆောက်အဦးသည် ဒေါ်လာ(၁၂၆)သန်း တန်ပါသည်။
မြန်မာငွေအားဖြင့် (၁၀၈,၈၇၆) သန်း တန်ပါတယ်။
ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေနဲ့ပေါင်းပြီး ဘယ်လောက်တောင်
အချောင်နှိုက်ခွင့် ရနေသလဲဆိုတာ အောက်ပါ status ကို ကြည့်ပါ။

---------------------------------------------------------------
Mdy Boy posted in Shwe Myo Daw

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
အမိန့်ကြေငြာစာအမှတ် ၁၇/၂၀၁၂

၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်
( ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် )

၁။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သော
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အစည်းအဝေးအမှတ် (၁/၂၀၁၁) ၏
သဘောတူအတည်ပြုချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရှိရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်၊
မဟာဗန္ဓုလလမ်း၊ အမှတ် (၄၁၆)၊ မြေ (၂၁,၁၀ဝ) စ/ပေရှိ
ပြည်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦဟောင်းအား
ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မက်စ်မြန်မာကုမ္ပဏီလီမိတက်) သို့
ကျပ် (၁၅,၀ဝ၀) သန်း ဖြင့် အပြီးအပြတ်ရောင်းချလိုက်သည်။

တက္ကသိုလ်ပညာရေးဥပဒေရေးဆွဲရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

rBurma VJ Media Network
တက္ကသိုလ် ပညာရေးဥပဒေ ရေးဆွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ရေးရာဆောင် I- 12 တွင် ဖေဖေါ်ဝါရီလ ၆ ရက်နေ့ နေ့လည် ၁း၃၀ အချိန်က ကျင်းပပြုလုပ်ရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်တဲ့ ဒေါက်တာ ချမ်းငြိမ်း၊ ဒေါက်တာ စိုးရင်၊ ဒေါက်တာ မောင်မောင်ဝင့် ၊ ဒေါက်တာ မြဦး၊ ဦးသန်းနွယ်၊ ဒေါက်တာ ဒေါ်အေးမြင့်၊ ဦးဝင်းမောင်၊ ဒေါက်တာ မြင့်ကြည်၊ ဒေါက်တာ မျိုးမြင့် (ပညာရေးဝန်ကြီးဌာန)၊ ဦးဇော်ဌေး (ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာ အောင်ကျော်မြတ် ၊ ဒေါက်တာ တင်တင်လေး ၊ ဒေါက်တာ စိုးဝင်း၊ ဒေါက်တာ တင်ထွန်း၊ ဒေါက်တာ အောင်သူ၊ ဒေါက်တာ မြင့်သူမြိုင်၊ ဒေါက်တာ မျိုးသိန်းကြီး၊ ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော် တက်ရောက်ခဲ့ကြသည်။ —

နိုင်ငံရေးအကျဉ်းသားဆိုတဲ့ဝေါဟာရကို သဘောတူပြီ

by Ye Htut

နောက်ပြန်လှည့် မဖော်ထုတ် အရေးမယူနို်င်တော့သည့်အကျပ်အတည်း

by ငရဲ သား's photo.

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ 

“ပြည်ထောင်စု မြန်မာနိုင်ငံ တော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များ ကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့် များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ။”
=====================================================================
(ထို ဥပဒေတွင်ပါဝင်သော ပုဒ်မ တစ်ခုတည်း၏အကျိုးသက်ရောက်မှုများ)

--------------------------------------------------------------------------
ရဲတပ်ဖွဲ့အနေနှင့် တရားမ၀င် စက်သုံးဆီ တင်သွင်းနေတဲ့ သင်္ဘောများ (ဥပမာ၊ ရွှေသံလွင်ကုမဏီပိုင်သဘောင်္၊)ကို စစ်ဆေးခွင့်မရှိ..။

အဘယ့်ကြောင့်ဆိုသော်..။ ၂၀၀၉ ခုနှစ် ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးရုံးမှ ထုတ်ပြန်ထားသော အမိန့်အရ စက်သုံးဆီတင် သင်္ဘောများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် စစ်ဆေးခွင့်မရှိပါ..။
(ရဲအုပ်ကျော်ကျော်ထွန်း)

ထိုအမိန့် .. အဘယ့်ကြောင့် ယနေ့အချိန်အထိ အာဏာသက်ရောက်နေသည်းကို မည်သည့် တာဝန်ရှိုပုဂိုလ်မှ မရှင်းပြနိုင်ပါ..။

-----------------------------------------------------------------------------
* န.၀.တ၊ န.အ.ဖ အုပ်ချုပ်ဆဲကာလတွင် နိုင်ငံတော် ရ/သုံးစာရင်းကို ၀န်ကြီးဌာန အလိုက် မည်သည့် မူဝါဒများနှင့် ခွဲဝေ သတ်မှတ် သုံးစွဲပါသနည်း။
* ယင်းသို့ခွဲဝေသုံးစွဲခြင်းများသည် ပြည်သူလူထုအကျိုး အတွက် သက်ရောက်မှု ရှိ/မရှိ။
* ရ/သုံးမှန်းခြေငွေစာရင်းပါ သုံးခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြုခြင်း ရှိ/မရှိ။
* ရန်ကုန်မြို့တော်မှ ပျဉ်းမနားမြို့တော်သို့ ပြောင်းရွှေ့ခြင်းမှာ မည်သည့် မူဝါဒအရ ပြောင်းရွှေ့ခြင်းနှင့် ထိုသို့ ပြောင်းရွှေ့၊ မြို့တော်သစ် တည်ဆောက်ရာတွင် မည်သည့် ဘဏ္ဍာငွေများကို သုံးစွဲ၍၊ ထိုသို့သုံးစွဲသည့် ဘဏ္ဍာငွေ များကိုလည်း မည်သူတို့ အပ်နှင်းသည့် အခွင့်အာဏာအရ သုံးစွဲသနည်း။ 

ဒေါ်လာ သန်း ထောင်ပေါင်းများစွာသော နိုင်ငံခြားကြွေးမြီများအား မည်သည့်နေရာတွင် သုံးစွဲသနည်း... ။စသည် ……….

(ထိုပုဒ်မကြောင့် ... ပြည်သူ့ငွေစာရင်း ကော်မတီမှ ..အထက်ပါကိစ္စများအား စုံစမ်းဖော်ထုတ်မှုပိုင်ခွင့်ရှိ- မရှိ)
-------------------------------------------------------------------------------------
လယ်သိမ်း ယာသိမ်း ခြင်းများအား ယခင်အစိုးရ လက်ထက် တရားဝင် ဆောင်ရွက်ခဲ့ခြင်း၊ စက်မှုမြေအဖြစ် ရောင်းချပြီး ဖြစ်သောကြောင့် လယ်သမားများ အားလယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်း..

(ဦးခင်ရွှေ) 
----------------------------------------------------------------------------------------
ပုဒ်မ (၄၄၅) ကြောင့် .. ဘာမှ မတတ်နိုင်တော့သည့်၊ နောက်ပြန်လှည့် မဖော်ထုတ် အရေးမယူနို်င်တော့သည့် ..
သမိုင်းတွင်မည့် .....အဆိုးဝါးဆုံးသော အကျပ်အတည်း ..။

(နိုင်ငံမဲ့ နှင့် ခိုးဝင်) ဘင်္ဂါလီများအား ယာယီသက်သေခံကဒ်ပြားများထုတ်ပေးမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်တွင် မေးခွန်းထုတ်သည်ကို ပြည်နယ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ၁၉၅၄ မှတ်ပုံတင်ရေး နည်းဥပဒေအရ ထုတ်ပေးခဲ့သည် ဟု ဖြေကြားခဲ့သော်လည်း၊ ၄င်း ရည်ညွှန်းပြောကြားသော ဥပဒေ နည်းဥပဒေ တို့အရ ယင်းကဲ့သို့ ထုတ်ပေး၍ မရကြောင်းတွေ့ရသည် ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးက Coral Arakan အားပြောကြားသည်။

ပဉ္စမအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် (၁၂)ရက်မြောက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က နှုတ်ဖြင့် ဖြေကြားရာတွင် ၁၉၅၁-ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ ၁၃/၁ ပုဒ်မခွဲ (က)(ခ)(ဂ) တို့အရ ထုတ်ပေးခဲ့သည် ဟု ဖြေကြားခဲ့သည် ဟု ဆိုသည်။

သို့ရာတွင် ထိုပုဒ်မများသည် “ယခင် ရှိနှင့်ပြီးသော” သက်သေခံကဒ်ပြား ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ မထင်မရှားဖြစ်ခြင်း စသည့် တစ်ခုခု အတွက် သက်သေခံကဒ်ပြားပိုင်ရှင်အနေဖြင့် ယာယီ အသုံးပြုရန် အတွက်သာ ထုတ်ပေးပိုင်ခွင့်ရှိကြောင်းတွေ့ရပြီး၊ ယခင်က သက်သေခံကဒ်ပြား ပိုင်ဆိုင်မှု မရှိဖူးသူများကို အလွယ်သဘော ထုတ်ပေးရန် ခွင့်ပြုထားခြင်း မရှိ ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၏ လွှတ်တော် အထောက်အကူပြု ကော်မတီ က လေ့လာ တွေ့ရှိထားသည့်အတွက် မည်ကဲ့သို့ဆက်လုပ်သင့်သည်ကို စဉ်းစားနိုင်ကြရန် ဗဟိုကော်မတီဝင်များအားလုံး နှင့် မြို့နယ် ဥက္ကဌများ အားလုံးထံ စာရွက်စာတမ်းများ ပေးပို့ထားသည် ဟု အဆိုပါ ဗဟိုကော်မတီဝင်က Coral Arakan အား ပြောကြားသည်။

၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အချိန်ကလေးတွင်ကပ်၍ ကုလားများမဲပေးနိုင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးအတွက် ဘူးသီးတောင်၊ မောင်တော ၊ ရသေ့တောင်နှင့် အခြားသော ခိုးဝင်ဘင်္ဂါလီများရှိနေသော မြို့နယ်များတွင် နိုင်ငံမဲ့ နှင့် ခိုးဝင် ဘင်္ဂါလီများကို (အဖြူရောင်) ယာယီသက်သေခံကဒ်ပြားများ ထုတ်ပေးပြီး မဲပေးစေရာ ဘူးသီးတောင် နှင့် မောင်တောမြို့နယ် တို့တွင် အစ္စလမ်မစ်ဝါဒီ လွှတ်တော်အမတ်များ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုကာ အနိုင်ရလာခဲ့ကြသည်။ 

ထို အစ္စလမ်မစ်ဝါဒီများ လွှတ်တော်ထဲသို့ ရောက်သည့် အချိန်မှစ၍ ဗလီဆောက်ခွင့်ပြုရေး၊ ခိုးဝင်ကုလားများ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိရေး စသည်တို့ကိုသာ တကျော်ကျော် အော်ဟစ် အဆိုတင်သွင်းခဲ့ကြသည်။ 

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဒူရော်စက် (ခေါ်) ဦးရွှေမောင် ဆိုလျှင် တိုင်းရင်းသားလူမျိုးများအားလုံး နှင့် လက်ရှိအစိုးရ တို့၏ သဘောဆန္ဒအား ဆန့်ကျင်၍ အယ်ဂျာဇီးယား ရုပ်သံအစီအစဉ်တွင် “ရိုဟင်ဂျာ” ဆိုသော လုပ်ကြံဖန်တီး လူမျိုးအတွက် မထီမဲ့မြင် စော်ကားမော်ကားပြောဆိုခြင်း တို့ကို ကျုးလွန်သော်လည်း အစိုးရ နှင့် လွှတ်တော်က မည်သို့မှ အရေးမယူသည်မှာ ကုလားများက သိန်းထောင်ချီပေးကာ ၀ယ်ထားသော မြန်မာအရာရှိကြီးများသည် ပေါက်ရောက်ထိန်းချုပ်နိုင်သော နေရာများတွင် ရှိနေဆဲဖြစ်ကြောင်းကို ညွှန်ပြသည် ဟု စစ်တွေ အခြေစိုက် စောင့်ကြည့်သုံးသပ်သူ တစ်ဦးက Coral Arakan အား ပြောကြားသည်။ 
-------------------------------------------------------------------------------
===========================================================

အဲဒီလို ပုဒ်မတွေ ပါဝင်တဲ့ အခြေခံဥပဒေကို မထိနဲ့ လို့ ...ကာကွယ်စောင့်ရှောက်နေသူတွေ ... ရှိသေးသဗျ..။

ပုဒ်မ (၄၄၅) ကြောင့် .. ဘာမှ မတတ်နိုင်တော့သည့်၊ နောက်ပြန်လှည့် မဖော်ထုတ် အရေးမယူနို်င်တော့သည့် ..သမိုင်းတွင်မည့် .....အဆိုးဝါးဆုံးသော အကျပ်အတည်း ..။