Saturday, February 9, 2013

တရားသူကြီးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာလည်း ဗုန်းဗုန်းကျ၊ အရေးယူတာလည်း ခံရတယ်။

မန္တလေးခေတ်'s photo.

တရားသူကြီး ဦးမင်းသော်ထွေး အကြောင်းရေးဖို့ ခွင့်တောင်းတော့ အစက သူငြင်းပါတယ်။ သူ့အထက်အရာရှိတွေကို ခွင့်တောင်းပြီးမှ ဖြေတာကောင်းမယ်ထင်တယ်လို့လည်း ပြောတယ်။ မီဒီယာတွေမှာ ပွင့်လင်းစွာ ပြောကြားနိုင်ကြောင်း ရှင်းပြတော့မှ သူဖြေကြားဖို့ သဘောတူတယ်။ အကြောက်တရားတွေ ဖြစ်နေတာက သူအနေအထိုင်မှန်ပေမယ့် အထက်က အရေးယူထားလို့ ဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။ 

 စစ်ကိုင်းတိုင်းဒေသကြီး ၊ အရာတော်မြို့နယ်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဲ့သူ ဦးမင်းသော်ထွေးနှင့် တွေ့ဆုံခြင်း

ဆရာ အခုလက်ရှိလုပ်ကိုင်နေတဲ့ရာထူးကို ပြောပေးပါဦး။ 

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးရုံးမှာ ဒုဦးစီးအနေနဲ့ လုပ်ကိုင်နေပါတယ်။ မြို့နယ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ရာကနေ အခု အမှုမစစ်ရတော့ဘဲ တိုင်းရုံးရဲ့ဦးစီးလုပ်ငန်း။ ရုံးလုပ်ငန်းတွေကို လုပ်နေပါတယ်။ 

-ဒါဆိုဆရာက တရားသူကြီးဖြစ်ပြီး အမှုမစစ်ရဘူးပေါ့။ 
-ဟုတ်ပါတယ်။ အမှုမစစ်ရတော့ပါဘူး။ 

-ဆရာ့ကို အထက်က ခုံဖွဲ့စစ်တယ်လို့ သိရပါတယ်။ အဲဒါနည်းနည်းလောက် ပြောပြပေလို့ ရမလား။ 
-နိုင်ငံတော်အစိုးရကလည်း သန့်ရှင်းဖို့၊ အဂတိမလိုက်စားဖို့ ၊ တရားသူကြီးတွေ မှန်မှန်ကန်ကန်တရားစီရင်ဖို့ ၊ တရားမျှတဖို့ ပြောနေတယ်။ အဓိက က လာဘ်ပေးလာဘ်ယူ မလုပ်ဖို့ ဆိုတာပါပဲ။ အားလုံးကလည်း ပြောနေကြတာပါပဲ။ နိုင်ငံတော်သမ္မတ က အစပေါ့။ သတင်းစာထဲမှာလည်း ရေးတယ်။ ဌာနတွေမှာလည်း ညွှန်ကြားတယ်။ တရားသူကြီးချုပ်အပါအ၀င် တိုင်းခရိုင်အဆင့်တွေမှာလည်း ပြောကြားထားတယ်။ ကျွန်တော်တို့လည်း အဲဒီကျင့်စဉ်နဲ့ အညီနေလာခဲ့ကြတယ်။ ကြိုးစားတယ်။ ကိုယ်တိုင်လည်း မှန်မှန်ကန်ကန် တရားစီရင်ခဲ့တယ်။ အကျင့်ပျက်လာဘ်စားတာလည်း မလုပ်ခဲ့ဘူး။ 
         ဒါပေမယ့် မှန်ကန်စွာ နေထိုင်ပြီး မှန်ကန်စွာ စီရင်ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော့ကို မြို့နယ်တရားသူကြီး အနေနဲ့ အမှုစီရင်ရာကနေ ခရိုင်ကခုံဖွဲ့စစ်ပြီး အခုလိုလုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းခံရပြီး ရုံးလုပ်ငန်းကို လုပ်နေရပါတယ်။ 

-ဆရာစီရင်ခဲ့တဲ့ အမှုအခြေအနေလေးတွေ ပြောပြပေးပါလား။ 
-ကျွန်တော်စီရင်ခဲ့တဲ့ အမှုက ဘာမှတော့မဟုတ်ပါဘူး။ အရမ်းရှုပ်ထွေးတဲ့ အမှုလည်း မပါဘူး။ စီရင်ခံရသူတွေကလည်း ကျေနပ်ကြတယ်။ ငွေနဲ့ ကန်တော့တာမျိုး လုပ်ဖို့ကြိုးစားတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်လုံးဝမလုပ်ဘူး။ မကျေနပ်တဲ့ သူတွေက ဒီလိုပြစ်ဒဏ်ခံရမယ့် သူတွေကို လွတ်အောင်လုပ်ပေးမယ်ဆိုပြီး တာဝန်ခံထားတဲ့ အမှုပွဲစားလိုမျိုးတွေပါ။ နိုင်စေရမယ်ဆိုပြီး လာဘ်ယူထားတဲ့ အမှုပွဲစားတွေဟာ မကျေနပ်ကြဘူး။ တရားခ့ဘက်ကလည်း ဒီလိုလူတွေအပေါ် ကျေးဇူးပြုထားတာတွေ ရှိပါလိမ့်မယ်။ သူတို့(အမှုပွဲစား) မှန်းထားသလိုအမှုကနေ ကွင်းလုံးကျွတ် လွှတ်မပေးနိုင်တဲ့အပေါ် မကျေမနပ်ဖြစ်ပြီး ၀ိုင်းဝန်း လုပ်ကြံကြတာပါ။ 
        အဂတိလိုက်စားထားသူ လူတစ်စုက မှန်ကန်စွာ တရားစီရင်သူကို ၀ိုင်းပြီး ဒုက္ခပေးကြတဲ့ သဘောပါပဲ။ ဒီလိုမှန်ကန်စွာ ၊ ရဲဝံ့စွာ တရားစီရင်တဲ့ တရားသူကြီးကိုရော ဘာက အကာအကွယ်ပေးမှာလဲ။ အခုလက်တွေ့ ကျွန်တော်ခံနေရပြီလေ။ လောလောဆယ်မှာ အရေးယူခံထား၇တယ်။ ဘယ်သူမှ ဖြေရှင်းမပေးဘူး။ တရားသူကြီးဝန်ထမ်းဆိုတာလည်း ပြည်သူပြည်သားတစ်ဦးပါပဲ။ ပြည်သူပြည်သားတိုင်းဟာ ဥပဒေအကာအကွယ်ကို ရရမယ်။ မှန်မှန်ကန်ကန် တရားစီရင်သူကို အကာအကွယ်ရေး၇မယ့်အစား ဘာအကာအကွယ်မှ မရဖြစ်နေတယ်။ အဂတိလိုက်စား ဘက်လိုက်ပြီး အနိုင်ရချင်တဲ့ အမှုပွဲစားရဲ့ လုပ်ရပ်ဟာ မှန်ကန်တဲ့တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်တွေကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်တဲ့ သဘောဖြစ်နေတယ်။ 
         ဥပဒေနဲ့ မညီတာလုပ်ဆောင်လို့ မရပါဘူး။ ဒီလိုသာ ၀ိုင်းဝန်းလုပ်ကြံနေမယ်ဆိုရင် ဘယ်တရားသူကြီးက တရားစီရင်ရေးမှာ ဖြောင့်မတ်နိုင်တော့မလဲ။ ပွင့်ပွင့်လင်းလင်းပြောရ၇င်  မကျေနပ်တဲ့ အမှုပွဲစားတစ်ချို့ရဲ့ လိမ်ညာတိုင်တန်းတဲ့အပေါ် စစ်ဆေးခဲ့ပြီး လုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းခံ၇တာပါ။ တရားသူကြီးတစ်ယောက်ဖြစ်ပါလျှက် ဥပဒေရဲ့ အကာအကွယ်ကို မရသလိုဖြစ်နေတယ်။ 
  ပြသနာက ကောလဟာဟ ကျော်ဇောသတင်းဆိုတာနဲ့ တိုင်းတရားသူကြီးအမိန့်အရ စစ်ဆေးခဲ့ရတာပါ။ 

-တိုင်းတန်းစာပါ အချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်ဆိုတဲ့ သဘေားဆရာ။ 
-ဟုတ်ပါတယ်။ သူတို့စွပ်စွဲတာက ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အရာတော်မြို့နယ်) ဥက္ကဌနဲ့ ဆက်သွယ်တယ်၊ နောက်တစ်ခုကတရားခွင်မှာ အချိန်ပြည့် မထိုင်ဘူးဆိုတာရယ်၊ ခေါင်းပေါင်းမပေါင်းဘူး ဆိုတာရယ်ကိုပါ။ 
    အရာတော်မြို့နယ် အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့  စားနေကြ ထမင်းဆိုင်လေးမှာ တွေ့တယ်။ လူကြီးတစ်ယောက်နဲ့ စကားစမြည် ပြောတဲ့အဆင့်ပဲ။ တရားခွင်မှာ မနက်မိုးလင်းကနေ ညနေအထိစစ်တယ်။ ဘာလို့လည်းဆိုတော့ သူတို့ခဗျာ တစ်နယ်တစ်ကျေးကနေ လာရတဲ့သူတွေရှိတယ်လေ။ ခ၇ီးစ၇ိတ်တွေလည်း ရှိတယ်။ ဒါကြောင့် သက်သေဆိုရင် အကုန်စစ်ပေးတယ်။ သူတို့အလုပ်ပျက်တာ သက်သာပါစေဆိုတဲံသဘောနဲ့ပါ။ အဲဒီလို လုပ်တဲ့သူကို တရားခွင်အချိန်ပြည့် မထိုင်လို့ တိုင်တယ်တဲ့။ 

-ခေါင်းပေါင်းမပေါင်းဘူးဆိုတာကရော ဆရာ။ 
-အညာနေပူတဲ့ အချိန်မှာတော့ တစ်ခါတစ်ရံ ခေါင်းပေါင်းချွတ်ခဲ့မိတာကို ၀န်ခံပါတယ်။ 

-မဟုတ်မမှန် တိုင်တန်းတယ်လို့ ဆရာက ပြောတယ်နော်။ ဒါဆိုကိုယ်မှန်တယ်ဆိုတာကိုရော ပြန်မဖြေရှင်းဘူးလား။ 
-ဖြေရှင်းခဲ့တယ်။ ခရိုင်က တိုင်းအမိန့်နဲ့ လာစစ်တာ။ စွပ်စွဲတာတွေလည်း အဓိပ္ပာယ်မရှိဘူး။ တိုင်တဲ့သူကိုလည်း မပြနိုင်ဘူး။ ကောလဟာလ ကျော်ဇောသတင်းလို့ပဲ ပြောတယ်။ တရားသူကြီးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာလည်း ဗုန်းဗုန်းကျ၊ အရေးယူတာလည်း ခံရတယ်။ 

-အခု အမှုပွဲစားအုပ်စုက မြို့နယ်တရားသူကြီးကို ပြောင်းအောင်လုပ်နိုင်တယ်ဆိုတော့ နောက်တက်လာမယ့် တရားသူကြီးကိုရောဒီလိုထပ်လုပ်နိုင်တဲ့ အနေအထားမျိုးလား။ 
-ဟုတ်တယ်။ အဲလိုပဲ။ သူတို့ကြောင့် ပြည်သူတွေနစ်နာတာတွေ ရှီတယ်။ ခေတ်အဆက်ဆက် သူတို့နှိပ်စက်ကြတာပဲ။ တရားသူကြီးကိုလည်း သူတို့က နှိပ်စက်ကြဦးမှာပဲ။ သေသေချာချာ စုံစမ်းဖော်ထုတ်သင့်တဲ့ ကိစ္စပါ။ 

-ဆ၇ာမှန်တယ်လို့ ထင်ရင် အထက်အဆင့်ဆင့်ကို ဒီကိစ္စ အမှန်ပေါ်ဖို့ တင်ပြတာမျိုးကော ရှိလားဗျ။ 
-ဌာနတွင်းတော့ တင်ပြထားတာရှိပါတယ်။ နိုင်ငံတော်သမ္မတဆီလည်း တင်ပြထားတယ်။ ခုထိ ဘာမှ ဆောင်ရွက်ပေးတာမရှိဘူး။ အဲဒီနေရာကို ကွင်းဆင်းပြီး စစ်ဆေးသင့်တယ်။ ဘယ်သူတွေ ဆိုးနေတာလဲ၊ ဘယ်သူတွေ နှောင့်ယှက်နေတာလဲဆိုတာ အမှန်အတိုင်းသိရအောင်ပါ။ 

-ဆရာ့နေရာကို ဖယ်ထုတ်ပြီး အခြားသူကို အစားထိုးချင်လို့ ဒီလိုလုပ်ဆောင်တယ်လို့ကော ထင်လားဗျ။ 
-ဒါတော့ မဟုတ်နိုင်ဘူး။ ဒီနယ်မြို့လေးကို လာချင်တဲ့သူတောင်မ၇ှိဘူး။ ဒီရုံးက ခဏတိုင်းပြသနာတက်နေတော့ ကြောက်ပြီး လာတောင်မလာရဲကြဘူး။ ကိုယ်သာ မှန်မှန်ကန်ကန် စီရင်မယ်။ မကြောက်ဘူးဆိုပြီး လာခဲ့တာ။ ကိုယ့်ကျမှ ပိုဆိုးနေတယ်။ 

-ဆရာနောက်ထပ် ပြောချင်တာများရှိရင်။ 
-ဟုတ်ကဲ့ပါ။ အခုကိစ္စ အမှုမှန်ပြန်လည်ပေါ်ပေါက်ပြီး နစ်နာတာတွေကို ပြန်လည်ဆန်းစစ်ပေးဖို့ တောင်းဆိုပါတယ်။ သမ္မတဆီ စာတင်ထားတာလည်း မထူးသေးဘူး။ နောင်ဒီလိုအမှုတွေ မှန်မှန်ကန်ကန် အမိန့်ချမှတ်နိုင်ဖို့အတွက် တရားစီရင်ရေးကို နှောင့်ယှက်နေတဲ့သူကို လည်း ဖော်ထုတ်အရေးယူသင့်တယ်လို့ မြင်ပါတယ်။ 

ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ဘင်္ဂလီကုလားများဝင်ရောက်တိုက်ခိုက်။ ရခိုင်အနည်းဆုံးတစ်ဦးသေ

Coral Arakan News

မောင်တောတွင် ဘင်္ဂလီကုလားများရခိုင်ရွာတစ်ရွာကို ဓါး၊ သေနတ်များဖြင့်ဝင်ရောက်တိုက်ခိုက်။ ရခိုင်အနည်းဆုံးတစ်ဦးသေ
၁၀ ဖေဖေါ်ဝါရီလ ၂၀၁၃။

ဖေဖော်ဝါရီလ (၉)ရက် ယမန်နေ့ ည ၁၂ နာရီဝန်းကျင်ခန့် တွင် ဘင်္ဂလီကုလား(၁၅) ယောက်ခန့်သည် မောင်တောမြို့ နယ် ငခူရရွာသစ် ( ရောင်ဘူ)ရွာသို့ ရောက်ရှိလာပြီး ဓါး၊ သေနတ်များဖြင့်

တိုက်ခိုက်သဖြင့် ရခိုင်အမျိုးသားတစ်ဦး သေဆုံးပြီး အခြားရခိုင်လူမျိုးသုံးဦးဒဏ်ရာရရှိသွားသည်။

သေဆုံးသူမှာစစ်တွေဇာတိဖြစ်သူ ဦးမောင်အေးဖြစ်ပြီး အလုပ်ကိစ္စဖြင့် ရောက်ရှိနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူ သုံးဦးအနက် ဒဏ်ရာပြင်းထန်သော ဦးဘတင်အား ခွဲစိတ်ဆရာဝန်ရှိသော ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်ရန်စီစဉ်နေပြီး ကျန်နှစ်ဦးအား မောင်တောဆေးရုံတွင် တက်ရောက်ကုသနေရသည်။

ထိခိုက်သေဆုံးသူများစာရင်း
(၁) ဦးမောင်အေး (၅၅)နှစ် (သေဆုံး)
(၂) ဦးဘတင် (၅၅)နှစ် (အရေးပေါ်အခြေအနေ)
(၃) ဦးစောညွန့်အောင် (၃၉-နှစ်)
(၄) ဦးနေထွန်းအောင် (၂၃-နှစ်)

============================

ဓါတ်ပုံရည်ညွှန်းစာ - သေဆုံးသူ ဦးမောင်အေး ၊ ဒဏ်ရာရသူ ကိုနေထွန်းအောင်နှင့် ကိုစောညွန့်အောင်
Photo: မောင်တောတွင် ဘင်္ဂလီကုလားများရခိုင်ရွာတစ်ရွာကို ဓါး၊ သေနတ်များဖြင့်ဝင်ရောက်တိုက်ခိုက်။ ရခိုင်အနည်းဆုံးတစ်ဦးသေ

၁၀ ဖေဖေါ်ဝါရီလ ၂၀၁၃။

ဖေဖော်ဝါရီလ (၉)ရက် ယမန်နေ့ ည ၁၂ နာရီဝန်းကျင်ခန့် တွင် ဘင်္ဂလီကုလား(၁၅) ယောက်ခန့်သည် မောင်တောမြို့ နယ် ငခူရရွာသစ် ( ရောင်ဘူ)ရွာသို့ ရောက်ရှိလာပြီး ဓါး၊ သေနတ်များဖြင့်
တိုက်ခိုက်သဖြင့် ရခိုင်အမျိုးသားတစ်ဦး သေဆုံးပြီး အခြားရခိုင်လူမျိုးသုံးဦးဒဏ်ရာရရှိသွားသည်။

သေဆုံးသူမှာစစ်တွေဇာတိဖြစ်သူ ဦးမောင်အေးဖြစ်ပြီး အလုပ်ကိစ္စဖြင့် ရောက်ရှိနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူ သုံးဦးအနက် ဒဏ်ရာပြင်းထန်သော ဦးဘတင်အား ခွဲစိတ်ဆရာဝန်ရှိသော ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်ရန်စီစဉ်နေပြီး ကျန်နှစ်ဦးအား မောင်တောဆေးရုံတွင် တက်ရောက်ကုသနေရသည်။

ထိခိုက်သေဆုံးသူများစာရင်း
(၁) ဦးမောင်အေး (၅၅)နှစ် (သေဆုံး)
(၂) ဦးဘတင် (၅၅)နှစ် (အရေးပေါ်အခြေအနေ)
(၃) ဦးစောညွန့်အောင် (၃၉-နှစ်)
(၄) ဦးနေထွန်းအောင် (၂၃-နှစ်)

============================

ဓါတ်ပုံရည်ညွှန်းစာ - သေဆုံးသူ ဦးမောင်အေး ၊ ဒဏ်ရာရသူ ကိုနေထွန်းအောင်နှင့် ကိုစောညွန့်အောင်

တရုပ်နဲ. မြောက်ကိုရီးယား သိပ်မတဲ့တော့ပါ။

By Aye Aye Soe Win

၂၀၁၃ နှစ်အစ မှာ တရုပ် ပြည်မကြီး၏ နိုင်ငံရေးမျက်နှာစာဟာ တမျိုးတဖုံ အသွင်ရောက်နေ ရှိနေသလိုပါပဲ။ တရုပ်က စလို. အများနည်းတူ
 မြောက်ကိုရီးယားကို ညင်ညင်သာသာ soft sanction နဲ. စ အရေး ယူ မဲ. ကာလ ဖြစ်ပါတယ်။

ကမ္ဘာက မြောက်ကိုရီးယားကိုစီးပွားရေးပိတ်ဆို.တဲ.ဆံုးဖြတ်ချက် အသစ် တစ်ခု မကြာခင်ထပ်ချပါတော.မယ်။ ဒီတခါ တရုပ်ကြီးကိုယ်တိုင်
ဝင်ရောက်လက်မှတ်ထိုးနိုင်တဲ. အလားအလာရှိနေတာ သေချာနေပြီ။

ကုလသမဂ္ဂ ၏ မြောက်ကိုရီးယားအပေါ် စီးပွားရေးဒဏ်တပ်မှု ဆုံးဖြတ်ချက် မှာ တရုပ်ကြီးပါ ပါဝင်လာပြီ ဆိုလျှင် ၂၀၁၃ နှစ် အ၀င်မှာ
တရုပ်ဘာလဲ။ တရုပ် ဘယ်လမ်းသွားနေလဲဆိုတာ သိသာနေပါပြီ။

အနောက်လေ west wind အရှေ.ကိုတိုက်ခတ်မှု အားသာတဲ.နှစ်လို. ဆိုနိုင်ပါတယ်။ အိုင်ဒီရော်လော်ဂျီ အဆိုးအကောင်း အားပြိုင်မှုဆိုတာထက်
 နိုင်ငံ အသီးသီးမှာ ကိုယ်.နိုင်ငံကို ရေရှည်အကျိုး ရှိစေမဲ. စီးပွားရေး ရည်မှန်းချက်တွေကြောင်. ---ဒီလိုဖြစ်လာတာလို.ထင်ပါတယ်။
 အရှည်ကြည်.တဲ. နိုင်ငံရေးပေါ်လစီတွေလို.ပဲ ဆိုရပါတော.မယ်။

တရုပ်ဟာ နောက် နှစ် ၂၀ အတွင်း ပါတီ နှင်. နိုင်ငံ အုပ်ချုပ်ရေးပိုင်း အသီးသီး၏ လိုအပ်ချက်တွေ မှာ (ပထမနှင်. ဒုတိယ မျိုးဆက်များ နဲ.
 လုံးလုံး မတူတဲ.)တတိယ မျိုးဆက်တွေပဲ ကျန်တော.တာကို သိနေပါတယ်။ ဒီတော. ကျန်ခဲ.မဲ. မျိုးဆက် ကို ပဲ ဖြစ်နေတဲ. ကမ္ဘာ. လူမှု
စီးပွားရေစီးကြောင်းမှာ အားထားရုံက လွဲလို. တခြား ရွေးစရာ မရှိတဲ. အချိန်ဖြစ်နေပါတယ်။

တရုပ်ကြီးက မြောက်ကိုရီးယားကို အရင်ကပေးနေကြ လူမှုရေး အကူအညီမျိုးတော.ဆက်ပေး ဆက်ကူညီနေဦးမှာ ဖြစ်ပါတယ်။
စိုသောလက် မခြောက် စေချင်တာတစ်ကြောင်း၊ရင်းနှီးစွာ ဆက်ဆံခဲ.တဲ. အစဉ်အလာတွေ ကို ထိန်းထားလိုဆဲ ဆန္ဒကတစ်ကြောင်း ဖြစ်နိုင်ပါတယ်။

ချောင်ပိတ်ခံရတော.မဲ. မြောက်ကိုရီးယား ကလည်း နပ်ပါတယ်။ ဒီတခါ ကမ္ဘာ.ဆန်ရှင် စီးပွားရေးဒဏ်ခတ်မှု အသစ် ထဲ တရုပ်
ပါ ၀င်လာပြီဆိုလျှင် သူဘာလုပ်ရမလဲဆိုတာ သိပုံရပါတယ်။ တရုပ် ပြည်က ဘဏ်တွေ မှာ ရှိတဲ.
မြောက်ကိုရီးယား ၏ပိုင်ဆိုင်မှုတွေကို အခဲမခံရခင် မြောက်ကိုရီးယား အာဏာပိုင်တွေ၊ ပြန် ထုတ်ယူစပြုနေပါပြီ။

ထူးခြားချက်က--တရုပ်ထောက်ခ့တဲ.-ဆန်ရှင် အသစ် အသက်ဝင်လာလျှင်

၁- မြောက်ကိုရီးယားနိုင်ငံအတွင်းသို. တရုပ်တွေ ခရီးသွားလာခွင်.၊စီးပွားလုပ်ခွင်. ပိတ်ပင်တာတွေလည်း ဆန်ရှင်အသစ်နဲ.အတူပါလာပါလိမ်.မယ်။

၂- မြောက်ကိုရီးယား ကုမ္ပဏီတွေ တရုပ်ပြည်မှာ တရားဝင်စီးပွားရေး လုပ်လို. မရနိုင်တော.တဲ. အလားအလာဖြစ်ပါတယ်။

မြောက်ကိုရီးယားကို တိုက်ရိုက်ထိမဲ.အချက်က နံပါတ်၂ အချက်ဖြစ်ပါတယ်။
မြောက်ကိုရီးယားကုမ္ပဏီတွေဟာ ခု တရုပ်ဘဏ်တွေက သူတို. ပိုင်ဆိုင်မှုများနဲ. ငွေ တွေကို စထုတ်ယူနေကြပါပြီ။
အချို. က တော.--ကုမ္ပဏီ နံမည်ပြောင်း ရုပ်ပြောင်းရုပ်လွဲ နဲ. လွတ်ရာလွတ်ကြောင်း စလုပ်နေပါပြီ။

နူကလီယား စမ်းသပ်မှုတွေနဲ.ပါတ်သက်ပြီး ကမ္ဘာကြီးက ခေါင်းမာပြီးပြောစကားနားမထောင်တတ်တဲ. မြောက်ကိုရီးယားကို ခပ်ကြမ်းကြမ်း
အပြစ်ပေးချင်တဲ. အချိန်မှာ၊ (အရင်ကလို) တရုပ်ကြီးက တမင် ကန်.လန်.တိုက် ပြီး--နိုးလို. မပြောတော.မဲ. အချိန်ရောက်နေပါပြီ။
အဆန်းတကျယ်တော. မဟုတ်ပါ။ တရုပ်ပါ ကမ္ဘာကြီးနဲ. အတူ (သူ.စီးပွားနဲ. သူ. မျိုးဆက်သစ် တို. အနာဂတ်လားရာကို သူကာကွယ်ရင်း)
ဒီမိုကရေစီ ယိမ်း အနည်းငယ် ကချင်နေတဲ. သဘောပါ။

ပြီးခဲ.တဲ. ဒီဇင်ဘာ က မြောက်ကိုးရီးယားက ကောင်းကင်ကို လွှင်.ခဲ.တဲ. ဒုံးပျံ ရောကက် က တရုပ်အတွက် ချော်လဲရောထိုင်
ဆင်ခြေကောင်းတခု ဖြစ်နေပါတယ်။
မြောက်ကိုရီးယားအတွက် အနွေးထွေးဆုံး၊ အနီးဆုံး မဟာမိတ်ဖြစ်ခဲ.တဲ. တရုပ် ကြီးအနေနဲ. အရင်ကလို ကြားခံ ရပ်တည် ပေးမဲ.
 အလားအလာ အနာ ဂတ်မှာ မရှိနိုင်တော.ပါ။

စီးပွားရေးဒဏ်တပ်မှု တွေမှာ လားရာ အရပ်ကို တည်မှီပြီး ဒီဂရီ အလေးအပျော. တော. ကွဲ ချင် ကွဲ နိုင်ပါတယ်။
ကုလသမ္မဂ ဦးစီးတဲ. ကမ္ဘာ. အနောက်ခြမ်းက ဆန်ရှင် သစ်က ပြင်းထန်သလောက် တရုပ် က မြောက်ကိုးရီးယား
အပေါ် ပြင်းထန်စွာ နှိပ်ကွပ်မှာ တော. မဟုတ်ပါ။

သို.သော်- သို.သော်-

1940's နှစ်တွေ အပြီး မျိုးဆက် ၂ ခု နဲ. လက်လွှဲ ပျိုးထောင်ထောက်တည် ထားတဲ. ကွန်မြူနစ်ပါတီဟာ--ခု ပေါ်လစ်ဗျူရို ထိပ်သီး
အဖွဲ. ၀င်ကြီးတို.၏ သားသမီးများ (တတိယမျိုးဆက်) အသက် ၃၅ နှစ် မကျော် ခင်မှာ--တရုပ်နိုင်ငံ အတွက် မရှောင်မလွှဲနိုင်တဲ.
နိုင်ငံရေးရေစီးကြောင်းများကို ကြုံရမှာဖြစ်ပြီး၊ ဒါကို လူကြီးများက ကြို ပြင်ဆင် တွက်ဆပြီးသား ရှိပုံ ရပါတယ်။

တရုပ်က အနောက်ကမ္ဘာနဲ.ပဲ ပို အဆင်ပြေချင်ပါတယ်။

တရုပ်က မြန်မာအစိုးရလုပ်သမျှထောက်ခံတယ် ဆိုတာ မဖြစ်နိုင်ပါ။ တရုပ် ၏မြန်မာနိုင်ငံတွင်းက တိုက်ရိုက် ရင်းနှီး မြှပ်နှံမှုဆိုတာ
 သန်းရွှေ သားသမီး ၂ ယောက်၏ ဘဏ်.အကောင်. ကို ခဲ လိုက်တာနဲ. ပြန်ကြေနိုင်တဲ. ပမာဏပါ။

၂၀၀၈- ၂၀၁၀ သူတို. နာ ဂစ် ဥပဒေကို စ အသက်သွင်းပြီးကာမှ တရုပ်၏ FDI foreign direct investment in Burma က
၂၀၀၄ ကထက် အဆပေါင်း ကိုးထောင်ကျော် ထိုးတက်လာခဲ.တာဖြစ်တယ်။

၂၀၀၄ မှာ အမေရိကန်ဒေါ်လာ FDI သန်း ၂၀ ပဲ ရှိခဲ.ရာက ၂၀၁၀ အရောက်မှာ Chinese Stocks in Burma က သန်း ပေါင်း $1947 million
( အမေရိကန်ဒေါ်လာ၂ ဘီလီယံနီးပါး) ဖြစ်ခဲ.တာကိုကြည်.ရင်၊ ရာခိုင်နှုန်းအရ အဆပေါင်း ၉၇၃၅ % ထိုးတက်ခဲ.တယ်။ ဒီနေရာမှာ- ဘာက
လက်သည်လည်း၊ ဘာကြောင်.လည်း၊ ဘယ်လုပ်ငန်းတွေက ငွေ တွေလည်းဆိုတာ၊ သိသာပါတယ်။
ငါဲးဲကြင်းဆီနဲ.ငါးပြန်ကျော် နိုင်တဲ. အနေအထားမှာ၊ ဆုံးခြင်းဆုံး၊ မြန်မာ စစ်အာဏာ ရှင်ကြီးတွေသာ ပို ထိမှာ ဖြစ်ပါတယ်။

တရုပ်ကိုကြောက်ရတယ်လို. အောင်မင်း နှပ်ကြောင်းပေးသွားတာဟာ၊
ဗဟုသုတနည်းပါးပြီး အတိုင်းအဆမရှိ နက်ရှိုင်းလွန်းတဲ. ဆင်း ရဲတွင်းမှာ လုံးလုံး မလှုပ်နိုင်တဲ. ပြည်သူတွေကို သက်သက် ခြောက်စားပြနေ
တာသာဖြစ်တယ်။ ၂၀၀၈- ၂၀၁၃ အတွင်း အများပြည်သူကို နိုင်ငံရေးပွဲစားများ၊ အစိုးရ မီဒီယာ နှင်. ဆိုင်ဘာ စစ်ဝန်ထမ်းများ
မှတဆင်. မျက်လှည်.ပြစားနေခြင်းမျာ၊ ရပ်သင်.ပြီ။ လက်ပန်းတန်းတောင် မှာ သွေးမြေကျစေသော ဖြစ်ရပ် အစီရင်ခံစာ ကိုလည်း၊
 (ထိန်ချန်မှာ၊ လိမ်မှာသေချာသော်လည်း) လူတွေက မျှော်နေကြပါတယ်။

မြန်မာနိုင်ငံသားတွေ-တရုပ်ကို မကြောက်ပါနဲ.။ ဦးပိုင်ကိုသာ ရအောင်ဖြိုကြပါ။ မြန်မာပြည်က တရုပ်ကုမ္ပဏီတွေဆိုတာ
မြန်မာစစ်အာဏာရှင်တွေဝိသမလောဘ ခံတပ်၏ အစွယ်အပွားသာဖြစ်တယ်။

တရုပ်အုပ်ချုပ်ရေးဟာ မြန်မာ နဲ. လုံးလုံး မတူတဲ. meritocratic society လူ.စွမ်းအင်၊ လူ. အရည်အချင်းနှင်.
စွမ်းဆောင်မှု ကို ပဓာနထားသောလူ. အဖွဲ. အစည်း ဖြစ်တယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။

aasw
feb 9 2013

Ref:

Chinese Commerce Ministry Statistic Data China's Stocks in Asian Countries. (2010)

Wong, E (2011). “U.S. Motives in Myanmar Are on China’s Radar.” New York Times. 22 April 2012.

The Economists( Oct 27, 2012) . "Xi Jinping. The man who must change."

Mick Richman (Feb 9, 2013). China Likely to Support New Sanctions Against N. Korea.

“Trilateral Contract Reached for Gas Exploration in Myanmar.” (2012) Xinhua State News.

ဒေါက်တာဆိတ်ဖွားကို လာရောက်ဝန်ခံ ခိုင်းနေတဲ့ ဦးခင်မောင်ရီ (NDF)

AZG ဟာ အချုပ်အချာအာဏာကို ထိပါးနေတဲ့ အဖွဲ့အစည်း

Coral Arakan News's photo.
“MSF(Holland) (ခေါ်) AZG ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးနေတဲ့ အဖွဲ့အစည်းဖြစ်တယ်” 

By Shila Kumari

စစ်တွေ ၊ ၀၈ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်းဆောင်းပါး ]

MSF(Holland) (ခေါ်) AZG က ရန်ကုန်မှာ  ယမန်နေ့ ဖေဖော်ဝါရီ (ရ)ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သွားတာတွေဟာ တစ်ဖက်သတ်ဆန်ဆန် လှည့်ဖြားပြောဆိုနေတာတွေဖြစ်ပြီးတော့ တကယ်တော့ AZG ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးပြီးတော့ ခိုးဝင်ဘင်္ဂါလီတွေ အရေးကို စိုက်လိုက် မတ်တတ် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ်သာ မိမိတို့က မှတ်ယူကြောင်း ရခိုင်တိုင်းရင်းသား အသိုက်အ၀န်းက ပြောကြားပါတယ်။

ရခိုင်လူမှုတက်ကြွလှုပ်ရှား ဦးဆောင်သူတစ်ဦးက AZG ရဲ့ ပြောဆိုချက် အခြေအမြစ်မရှိဘူးလို့ ဒီလို ငြင်းဆိုပါတယ်။ “လူနည်းစုကလေးကသာ သူတို့ကို ဆန့်ကျင်နေတဲ့ သဘောပြောသွားတာ တကယ်တော့ မမှန်ပါဘူး။ ရခိုင် အမျိုးသားအမျိုးသမီးတွေ အားလုံးက AZG ကို သဘောမကျတာပါ။ နောက်ပြီးတော့ အခုလို လိမ်တာကို ပိုလို့တောင် သဘောမကျပါဘူး” လို့ Coral Arakan ကို ပြောပြပါတယ်။

တကယ်တော့ AZG ဟာ ရခိုင်အသိုက်အ၀န်းထဲမှာ ခိုးကြောင်ခိုးဝှက်မဟုတ်ပဲ လူထုလက်ခံမှုနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် မောင်တောမြို့ နဲ့ မြေပုံမြို့တို့မှာ ရခိုင်မြို့မိမြိုဖတွေ ဆရာတော်တွေနဲ့ကို အစည်းအဝေး ခေါ်တွေ့ဆုံပြီး မိမိတို့ဟာ ဘက်မလိုက်ကြောင်း ရခိုင်လူ့အဖွဲ့အစည်းအတွက်လည်း ဆေးခန်းဖွင့်ကာ ကုသပေးလိုကြောင်းပြောကြပေမယ့် မြို့နှစ်မြို့စလုံးက မြို့မိမြို့ဖတွေက လက်မခံခဲ့ကြပါဘူး။ ကူလည်း မကူညီပါနဲ့၊ လာလည်းမလာပါနဲ့ ဆိုတဲ့ သဘောကို ပြောခဲ့ကြတယ်။ (မောင်တောတွေ့ဆုံမှုမှာ ၂၀၁၂-ခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့ပြီး၊ မြေပုံတွေ့ဆုံမှုကတော့ ၂၀၁၃-ခုနှစ် ဇွန်န၀ါရီလ အတွင်းမှာ ပြုလုပ်ခဲ့တယ်။)

၂၀၁၃-ခုနှစ် ဇွန်န၀ါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ မြေပုံမြို့တွေ့ဆုံမှုမှာ ပါဝင်ခဲ့သူ မြေပုံမြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးဖေညွှန့် က အဲဒီအကြောင်းနဲ့ပတ်သက်လို့ Coral Arakan ကို ဒီလို ပြန်ပြောင်း ပြောပြပါတယ်။ “ကျွန်တော်တို့ ပြောတဲ့သဘောက AZG ကလုပ်ဆောင်နေတာတွေဟာ ရိုးသားမှုမရှိဘူး လို့ မြို့သူမြို့သားတွေက ယူဆတယ် လို့ပြောတယ်။ မင်းတို့ ငါတို့ကို ဆေးလာကုပေးနေစရာမလိုဘူး။ ဆေးလှူချင်တယ် ဆိုလည်း ဆေးကို လှူပြီးတော့ အထုပ်ကိုချပြီး ပြန်သွား၊ အဲဒါသာ အကောင်းဆုံးပဲ ဆိုတဲ့သဘောမျိုး မြေပုံမြို့ရဲ့ ဦးစီးခေါင်းဆောင်တွေက ပြောခဲ့ကြတယ်” လို့ ရခိုင်လူမှုကွန်ရက်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဖေညွန့်က Coral Arakan ကို ပြောပြပါတယ်။  

ထိုတွေ့ဆုံမှုတွင် ရှိနေခဲ့သည့် မြေပုံမြို့နယ် အမျိုးသမီးကွန်ရက် အဖွဲ့ဝင်တစ်ယောက်က “ဘယ့်နှယ်ရှင်၊ ဘင်္ဂါလီတွေသေသွားတာရှိ မရှိကို စုံစမ်းတာတို့၊ အလောင်းကို ဘယ်မှာ မြှုပ်ထားသလဲလို့ လိုက်မေးနေတာတို့က သူတို့လုပ်နေတယ်ဆိုတဲ့ ဆေးကုတဲ့အလုပ်နဲ့ ဘာမှ ဆိုင်မှ မဆိုင်တာ။ သူလျှို လိုလို ဘာလိုလို နဲ့ ရိုးသားမှု မရှိဘူး။ ဒီဘက်မှာ ဖြစ်ကြတဲ့အထဲမှာ အသက်ဆုံးရှုံးမှု ဘာမှ မဖြစ်ခဲ့ပဲနဲ့ သူတို့က သက်သက်မဲ့ ဘင်္ဂါလီတွေဘက်ကို လိုက်ပြီးတော့ ပြောချင်နေတာ” လို့ Coral Arakan ကို ပြောပြပါတယ်။

၂၀၁၂-ခုနှစ် ဒီဇင်ဘာလအတွင်း အယ်ဂျာဇီးယား က ထုတ်ဝေဖြန့်ချိခဲ့တဲ့ ခိုးဝင်ဘင်္ဂါလီတွေဘက်ကနေ တစ်ဖက်သတ် တင်ပြထားတဲ့ The Hidden Genocide မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးတို့ အင်တာဗျူးတွေ ချိတ်ဆက်ပေးရေးတို့ကို AZG က လုပ်ဆောင်ပေးခဲ့တယ်ဆိုတာ ရာနှုန်းပြည့် သေချာသလောက်ရှိတယ်လို့ မှတ်ယူနိုင်ကြောင်း မောင်တောမြို့နယ်က အမည်မဖော်လိုသူ စုံစမ်းစစ်ဆေးရေးဆိုင်ရာအရာရှိ တစ်ဦးက ပြောကြားဖူးပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ AZG ဟာ စစ်တွေမြို့တွင်းတစ်နေရာမှာ ဆေးပေးခန်းဖွင့်ဖို့ စီစဉ်ပြီးခါမှ ဆေးခန်းမဖွင့်ဖို့ကို စစ်တွေ မြို့သူမြို့သားတွေက သူတို့ဆေးခန်းရှေ့မှာ လာရောက်ဆန္ဒပြကြတဲ့အတွက် ဆေးခန်းဖွင့်ဖို့ အစီအစဉ် ပျက်သွားခဲ့တယ်။ အဲသည်နေ့မတိုင်ခင် AZG က ဖြန့်ဝေထားတဲ့ စာရွက်တွေမှာ မြို့က လူကြီးတွေ ဆရာတော်ကြီးတွေ သဘောတူတဲ့သဘော ရေးသားထားတယ်။ စစ်တွေမြို့နယ် ကျန်းမားရေးအရာရှိ ဒေါက်တာကြည်ကြည်သာ ကိုယ်တိုင် ခွင့်ပြုသဘောတူထားတဲ့သဘော ရေးသားထားတယ်။ ဒါပေမဲ့ ဒေါ်ကြည်ကြည်သာ က အဲဒီသဘော သူကိုယ်တိုင်မပြောခဲ့ပဲနဲ့ ပြောတယ်လို့ AZG က ရေးသားထားတဲ့အတွက် စိတ်ဆိုးတယ်လို့ ဒေါ်ကြည်ကြည်သာ နဲ့ နီးစပ်သူတစ်ဦးက Coral Arakan ကို ပြောပါတယ်။ 

အဲသလိုဖြစ်ပြီးနောက်ပိုင်းမှာ AZG ရဲ့ အဲသည်အချိန်က မြန်မာနိုင်ငံရုံးခွဲ ဒုတိယအကြီးအကဲ မစ္စ ဗစ်ကီ ဟော့ကင်းစ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုက ဦးဆောင်သူတွေ တွေ့ဆုံ ဆွေးနွေး ကြရာမှာ စစ်တွေအဖွဲ့ဘက်က ပါဝင်ခဲ့သူ တစ်ဦးက Coral Arakan ကို အခုလို ပြောပြပါတယ်။ “AZG ဟာ OIC ခေါ် အစ္စလမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အလုပ်လုပ်နေတယ် ဆိုတာ မဟုတ်ဘူး လို့ ဗစ်ကီ ကပြောတယ်။ ကျွန်တော် ပြန်ပြောတာက ခင်ဗျားကို စစ်တွေမြို့သားတွေက အဲသလိုစွပ်စွဲနေတာ မဟုတ်လောက်ဘူး ထင်တယ်လို့၊ OIC ကနေ တိုက်ရိုက်လာတာကို ပြောနေတာ မဟုတ်လောက်ဘူး ထင်တယ် လို့၊ ခင်ဗျားတို့ဆီကို အစ္စလမ္မစ်ဝါဒီ ဘာသာရေး ချဲ့ထွင်ရေးသမားတွေ (Agents of Islamization) တွေဆီက နည်းလမ်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ငွေကို ခင်ဗျားတို့ ကိုင်ပြီး အလုပ်လုပ်နေကြတာကို ပြောတာဖြစ်ပါလိမ့်မယ် လို့ ပြောလိုက်တော့ သူက ဘာမှပြန်မပြောနိုင်ဘူး မျက်နှာ တွေတွေကလေး ဖြစ်သွားတယ်။

“ကျွန်တော်တို့က အကြံပေးတယ်။ ကျွန်တော်တို့က ဘာမှ အာမမခံပေးနိုင်ဘူး။ လုပ်မပေးနိုင်ဘူး။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ လိပ်ပြာသန့်ရင် ကျွန်တော်တို့ကို ခင်ဗျားတို့အခု လာတွေ့သလိုမျိုး စစ်တွေက အခြားအဖွဲ့တွေကိုလည်း လိုက်တွေ့ပါ စကားပြောပါ ဆိုတော့၊ ဗစ်ကီက ပြန်ပြောတယ်။ ငါတို့က အစိုးရနဲ့ MoU ထိုးပြီးသားဖြစ်တဲ့အတွက် တခြားဘယ်သူနဲ့မှ စကားပြောစရာမလိုဘူး လို့ပြန်ပြောတယ်။ ဒီတော့ ကျွန်တော်က မင်းတို့သဘောက ငါတို့မြန်မာအစိုးရနဲ့ ပိုင်တယ်၊ လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့သဘောလား ဆိုတော့ မဟုတ်ပါဘူး မဟုတ်ပါဘူး ဆိုပြီး ကဗျာကယာ လျှောချတယ်” လို့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့သူတစ်ယောက်က Coral Arakan ကို ပြောတယ်။

အဲသည် တွေ့ဆ၊ုံမှုမှာပါခဲ့တဲ့ အင်္ဂလိပ်လူမျိုး မစ္စဗစ်ကီဟာ မြန်မာပြည်ထဲမှာ မိမိတို့ အဖွဲ့အစည်း နဲ့ နိုင်ငံရေးပတ်သက်မှုတွေကို ကိုင်တွယ်ဖို့အတွက် MSF (Holland) ရဲ့ ရုံးချုပ်ကနေ တိုက်ရိုက်ခန့်အပ်ထားသူဖြစ်ပါတယ်။ သူမရဲ့ ပညာရေးနောက်ခံက နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးကို အထူးပြုလေ့လာခဲ့သူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက ပရောဂျက်နှစ်ခုကို သူမ တိုက်ရိုက်ကွက်ကဲ စီမံပါတယ်။

AZG အကြောင်းကို ဆောင်းပါးရေးဖူးတဲ့ ဦးကျော်ဇောဦးကတော့ AZG မှာ ဆေးကုသရေးအပြင် advocacy လို့ ခေါ်တဲ့ တောင်းဆိုလှုပ်ရှားမှုအသွင် နိုင်ငံရေးကဏ္ဍ ပါဝင်မှုရှိတာကို ထောက်ပြပါတယ်။ “သူတို့ရဲ့ မြန်မာနိုင်ငံကို ၀င်လာရာမှာ အဓိကရည်ရွယ်ထားတာက ခိုးဝင်ဘင်္ဂါလီတွေအရေးကို ဆောင်ရွက်ပေးဖို့ဆိုတာ အဓိကအချက် အနေနဲ့ ပါတယ်။ အဲဒီအကြောင်းကို MSF မှာ ဦးဆောင်သူတစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းကျမှ အလုပ်ကထွက်သွားခဲ့တဲ့ Fiona Terry ဆိုတဲ့ သြစတေးလျန်း အမျိုးသမီးတစ်ယောက် ရေးသားတဲ့  Golfing with Generals (ဗိုလ်ချုပ်ကြီးများနဲ့အတူ ဂေါက်ရိုက်ခြင်း) ဆိုတဲ့ဆောင်းပါးမှာ ခရေစေ့တွင်းကျ ရေးသားထား တယ်” သူက ဆိုပါတယ်။

MSF(Holland) မှာ အလုပ်လုပ်ဖူးတဲ့ မြန်မာလူမျိုးတစ်ယောက်ရဲ့ ပြေကြားချက်တွေအရ MSF(Holland) ဟာ ခိုးဝင်ဘင်္ဂါလီတွေအပေါ် ခွဲခြားဆက်ဆံမှု ရှိမရှိကို မှတ်တမ်းတင်ဖို့ကို အလွန်ပင် စိတ်အားထက်သန်ကြတယ် လို့ ဆိုပါတယ်။ 
ရခိုင်ပြည်နယ်မှာ ခန့်အပ်ထားတဲ့ MSF က မြန်မာမူဆလင် ဆရာဝန်တွေနဲ့ သူတို့လေ့ကျင့်ပေးထားတဲ့ ဘင်္ဂါလီမူဆလင် ကျန်းမာရေး ၀န်ထမ်း တွေဟာ အပတ်စဉ်အပတ်တိုင်း အစည်းအဝေးလုပ်ကြပါတယ် တဲ့။ အဲသည် အစည်းအဝေးတွေရဲ့ အဓိက ရည်ရွယ်ချက်တွေထဲက တစ်ခုက ဘာလဲဆိုတော့ ဒေသအာဏာပိုင်တွေက ဘင်္ဂါလီမူဆလင်တွေအပေါ်မှာ (သူတို့ သတ်မှတ်ချက်အရ) လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာတွေကို မှတ်တမ်းတင်ကြဖို့ဖြစ်ပါတယ်။ 

အဲသလိုမှတ်တမ်းတင်ရရှိတဲ့ မှတ်တမ်းတွေကို (ပထမအဆင့်) မူရင်းစာရွက်စာတမ်း အဖြစ်မှတ်တမ်းယူ သိမ်းဆည်းပြီး၊ ရေးသားပြီးသော မှတ်တမ်းတွေကို သက်ဆိုင်ရာ နိုင်ငံခြားသားကြီးကြပ်ရေးမှူးတွေ ထံထပ်မံတင်ပြရတယ် လို့ ဆိုပါတယ်။ နိုင်ငံခြားသားကြီးကြပ်ရေးမှူးတွေက တစ်ဖန် မီးစိမ်းပြခွင့်ပြုလိုက်တဲ့ အခါ အဲသည်စာရွက်စာတမ်းတွေကို ကွန်ပျူတာစနစ်ထဲကို သွင်းရပါတယ်။ အဲသည် ဒစ်ဂျစ်တယ်ဖိုင်တွေ အဖြစ်ရောက်သွားပြီးတဲ့ ဖိုင်တွေကို ရန်ကုန်ရုံးကိုပို့တယ်၊ ဒီ့နောက် ဘန်ကောက်ရုံးကို ပို့တယ်၊ နောက်ဆုံး MSF ဌာနချုပ်ကို ပို့ရတယ် လို့ဆိုပါတယ်။ 

အရေးကြီးတဲ့ အစည်းအဝေးတွေကို မြန်မာနဲ့ ရခိုင် ဗုဒ္ဓဘာသာ ၀န်ထမ်းတွေ တက်ရောက်ခွင့်မရဘဲ နိုင်ငံခြားသားတွေနဲ့ ကြီးကြပ်အဆင့် ဘင်္ဂါလီတွေပဲ တက်ခွင့်ရပါတယ်။

MSF ရဲ့ နောက်ထပ်အရေးကြီးတဲ့ ထူးခြားအပြုအမူတစ်ရပ်ကတော့ ဆေးရုံတက်လာတဲ့ (ဘင်္ဂါလီ)လူနာတွေ ဆေးရုံကဆင်းရင် exit interview ဆိုတာလုပ်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိမရှိကို မေးမြန်းပြီး မှတ်တမ်းတင်လေ့ရှိတယ် လို့ ဆိုပါတယ်။  ဒါတွေကို တင်ဝင်းမြင့် ဆိုသူတစ်ဦးကလည်း ရေးသားဖူးပါတယ်။ 
  
သူကထောက်ပြထားသလို အမှန်တကယ်လည်း MSF(Holland) ဟာ ဆေးကုသရေးမှာ သာမက နိုင်ငံရေးအပိုင်းမှာလည်း ပါဝင်သင့်တယ်လို့ ၄င်းတို့ယူဆပါက ပါဝင်စွက်ဖက်ဆောင်ရွက်တတ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲသည်နိုင်ငံရေးအပိုင်းကို advocacy အပိုင်း (သို့မဟုတ်) witnessing အပိုင်းလို့ သူတို့အဖွဲ့အစည်းက ခေါ်ဝေါ်တယ်။ အဲသည်အကြာင်းနဲ့ ဆက်စပ်လို့ သူတို့ရဲ့ ၀က်ဘ်ဆိုဒ်မှာ အောက်ပါအတိုင် အတိအလင်း ချက်ကျလက်ကျ ရေးသားထားတယ်။ 

Advocacy
In many areas where MSF works even the most basic human rights are violated on a large scale. Refugees or displaced persons are subjected to violence or denied emergency medical aid for political or other reasons. In these cases, only giving medical assistance is not enough. MSF also appeals to those in power, including governments and international organisations, and speaks out about the abuses we encounter in the course of our work. 

MSF အနေနဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ သူတို့က သတ်မှတ်တဲ့ လူအုပ်စုဟာ အကြမ်းဖက်မှုကို ခံရတယ်လို (သူတို့ဖာသာ သူတို့) ယူဆရင်၊ ဆေးဝါးအထောက်အပံ့တွေ ငြင်းပယ်ခြင်းခံရတယ်လို့ (သူတို့ဖာသာ သူတို့) ယူဆရင် နိုင်ငံရေးနည်းလမ်း တွေကို ဆောင်ရွက်တော့မှာ ဖြစ်တယ် လို့ ဆိုလိုတယ်။ အဲသလို သူတို့ယူဆတဲ့ အခြေအနေမှာ သူတို့ဟာ ဘက်လိုက်ဆောင်ရွက်မယ်၊ မီဒီယာက အော်မယ်၊ အမေရိကန် ကွန်ကရက်လွှတ်တော်လို နိုင်ငံရေးအရ အင်အားကြီးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွဲခေါ်ကစားတော့မှာ ဖြစ်တယ် လို့ ဆိုလိုတယ်။ 

“စကားလုံးတွေက ရေးထားတာလှတယ်။ ဒါပေမဲ့ အဲဒီစကားလုံးတွေကို သုံးပြီး လက်တွေ့မှာ လုပ်တဲ့ သူတို့လုပ်ပုံကိုင်ပုံတွေက ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို နေ့စဉ်နဲ့အမျှထိပါးနေတယ်” လို့ စစ်တွေအခြေစိုက် စာရေးဆရာတစ်ယောက်က သူ့အမြင်ကို ပြောပါတယ်။

ဥပမာအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လောက်ကတည်းက AZG အဖွဲ့အစည်းဟာ ခိုးဝင်ဘင်္ဂါလီတွေကို ခိုးဝင် ဘင်္ဂါလီတွေလို့ မယူဆဘဲ၊ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ လူဝင်မှု ကြီးကြပ်ရေးကို ထိပါးနေတယ်လို့ မယူဆဘဲ၊ ဖိနှိပ်ခံရသူတွေအဖြစ်သာ ယူဆပြီး သူတို့အတွက် အဓိက ဦးစားပေး အလုပ်လုပ်လာခဲ့တယ် ဆိုတာကို မဖုံးနိုင်မဖိနိုင် ပေါ်လွင်လာလို့ ဒေသခံရခိုင်လူမျိုး မြန်မာလူမျိုးတွေက အမြင် မကြည်လင်တော့တာ ဖြစ်ပါလိမ့်မယ်လို့ သူက ပြောပြပါတယ်။

၂၀၁၀-ခုနှစ် စက်တင်ဘာလ (၂၉) ရက် အမေရိကန် ကွန်ကရက်လွှတ်တော်မှာ Christopher Smith က တင်သွင်းတဲ့ ဥပဒေကြမ်း၊ ရိုဟင်ဂျာ ဆိုသူတွေကို တင်းပြည့်မြန်မာနိုင်ငံသား ဖြစ်စေရေး တိုက်တွန်းတဲ့ ဥပဒေကြမ်းမှာ ရိုဟင်ဂျာတွေဟာ ဖိနှိပ်ခံရလို့ မျိုးတုံးပျောက်ကွယ်လုနီးပြီဖြစ်တယ်လို့ MSF က ပြောတယ် ဆိုတဲ့အကြောင်း စာသားကို ထည့်သွင်းတင်သွင်းခဲ့ပါတယ်။ ဒါဟာ ခိုးဝင်ကုလားတွေအရေးကို ကမ္ဘာလုံးချီဆက်သွယ်ဆောင်ရွက်နေကြသူတွေထဲမှာ MSF ပါဝင်နေနိုင်ကြောင်း တကယ့်သက်သေ အထောက်အထား ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံအတွင်းကို ၁၉၉၂-ခုနှစ်ကတည်းက စတင်ဝင်ရောက်လာခဲ့တဲ့ AZG (ခေါ်) MSF(Holland) ဟာ ၁၉၉၄-ခုနှစ်မှာ စစ်တွေမြို့မှာ စတင် အလုပ်လုပ်ဆောင်ခဲ့ပါတယ်။ 

၂၀၁၂-ခုနှစ် ဇွန်လ အရေးအခင်းနောက်ပိုင်းမှာ AZG အနေနဲ့ ရုံးအဆောက်အအုံတွေကို ဆိုင်းဘုတ်တင်ပြီး လှုပ်ရှားဆောင်ရွက်ခြင်းမရှိတော့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၃-ခုနှစ် ဇွန်န၀ါရီလအတွင်းမှာ  စစ်တွေမြို့အတွင်းမှာ AZG က ဆိုင်းဘုတ်မတင်ပဲ ငှားရမ်းထားပြီး အလုပ်တွေလုပ်နေကြတဲ့ အဆောက်အအုံ သုံးခုရဲ့ ဓါတ်ပုံတွေကို Coral Arakan ရဲ့ Facebook စာမျက်နှာမှာ တင်ပြလိုက်ပြီး တစ်ရက်ခွဲခန့်အကြာမှာ Coral Arakan နဲ့ RSV တို့ရဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွေဟာ ရီပို့ထိပြီး တော့ ဖေ့စ်ဘုတ်ခ် ပေါ်ကနေ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။ 

(Coral Arakan News အတွက် ရှီလာ ကုမ္မာရီ ရေးသားသည်။)

===================

ဓါတ်ပုံ - ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့က AZG ဆေးခန်းဖွင့်မည်ကို ယင်းဆေးခန်းရှေ့တွင် လာရောက်ကန့်ကွက်ကြသူ စစ်တွေမြို့သူမြို့သား (၃၀)ခန့်အနက် အချို့ကို တွေ့ရစဉ်။

ဦးဆန်းဆင့်ငြင်းမရပါနှင့်ဘုရားဖူးတွေ ထွက်ရင်း ခရီးသွား လုပ်ငန်းတွေကို သိသူ

" ပြောရင်လည်း ကိုထိုက်ပဲ လွန်ရာကြမယ် ..... "

လူကြီးတွေကို စော်ကားမော်ကား လှောင်ပြောင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ အမြင်မတော် လို့ ပြောရတာပါ။ ဒုဝန်ကြီးတွေ ခန့်တဲ့ သတင်း ကိစ္စပါ။

ဘာကြောင့် ဟော်တယ်နဲ့ ခရီးသွားလာရေး ဒုဝန်ကြီး ခန့်တယ်လို့ ထင်ပါသလဲလို့ NDF က ဒေါက်တာ တင်ရွှေကို မေးတော့ ..။

"ပြောမူဆိုမှုတွေ၊ ကျွန်တော်က မေးခွန်းတွေ မေးတဲ့အခါမှာ ရှိတဲ့ ဗဟုသုတတွေကို ပေါင်းစပ်ပြီး တင်ပြတယ်။ ဒါကြောင့် လူကြီးတွေ အကဲဖြတ်နိုင်ပါ။ ဒီဟာပါပဲ။"

ဒါဆိုလုံလာက်ပြီ ထင်ပါတယ်။ ဒါပေမယ့် ထပ်ဖြည့်ပြောတာက .. "အထူးသဖြင့် တပ်မတော်သား ကိုယ်စားလှယ်တွေက ကျွန်တော့်ကို တော်တော့်ကို ခင်ကြတယ်။"

အဲဒီမှာ နည်းနည်းလေး စ ချော်ပြီ။ ဝန်ကြီးရာထူးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေက ခင်တယ်ဆိုတာကို ဆက်စပ် ပြောတာဟာ နိုင်ငံရေးသမားအတွက် ရုပ်ဆိုးစေပါတယ်။ မဆလ အတွေးအခေါ် ဟောင်းလို့ခံစားမိတယ်။

ဒီမှာတင် မရပ်ဘဲ ထပ်ဖြည့်လာက ပိုဆိုးသွားစေပါတယ်။

"နောက်ပြီး ဘုရားဖူးတွေ ထွက်တယ်။ ဒီနှစ်ဆို ကျိုက်ထီးရိုးဆို ၁၃ နှစ် တစ်နှစ်မှ မပျက်ဘူး။ ဟိုဘက် ဇလွန်ဘုရား .. အဲဒီလို သဘောမျိုးတွေပေါ့"

ဒါကို မေးတဲ့လူက .. "ဘုရားဖူးတွေ ထွက်ရင်း ခရီးသွား လုပ်ငန်းတွေကို သိနေတယ်ပေါ့။ အဲဒီလိုလား" လို့ မေးလိုက်တော့။

"သိတယ်ဗျာ။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော်က ပြောဖူးတာတော့ မရှိဘူးလေ" တဲ့။
( ဖေဖဝါလ ၇ ရက် ဘီဘီစီ မနက်ပိုင်း သတင်း [6:58 to 9:58] )

ဟော်တယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဖြစ်ချင်ရင် ... ဘုရားဖူး ခရီးများများထွက်၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ခင်မင်အောင်နေ .. ဆိုတဲ့ ကောက်ချက်ကို ရောက်မသွား ဘူးလား။

အတိုက်အခံ ပါတီ တစ်ခုရဲ့ အမတ်က ဒုဝန်ကြီး ရာထူးကို လက်ခံတဲ့ ကိစ္စမှာ .. အဲဒီလို ဖြေ သွားတယ်ဗျာ။ နိုင်ငံရေးအရ မသင့်တော်ဘူး ထင်လို့ .. ပြန်လည် တင်ပြလိုက်တာပါ။

(ကိုထိုက်) www.facebook.com/ko.htike.31

ဦးသန်းရွှေတပည့်မဟုတ်သူလက်ညိုးထောင်

အဂ္ဂမဟာ ဒီမိုဖက်တီး

ဒါ မှန်တာပေါ့ ၊ အဖေကြီး ဘယ်သိပါ့မလဲ ၊ အဖေကြီး တာဝန်မှ မဟုတ်ပဲ ၊ အဖေကြီး အားလုံးကို မသိနိုင်ပါဘူး ၊ အဖေကြီး သားသမီးတွေ ဘာစားလည်း ဆိုတာတောင် အဖေကြီး မသိနိုင်တာ ....

"အောက်ခြေခြစားနေတာ ဗိုလ်ချုပ်မှူးကြီးမသိခဲ့"

အောက်ခြေက အခုလိုခြစားနေတာတွေကို ဗိုလ်ချုပ်မှူးကြီးက လူကြီးဆိုတော့လည်းကွာ ဒီလောက် ဘယ်သိမလဲကွ။ တပ်မတော် ဦးစီးချုပ် နောက်တစ်ခါ နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနဲ့ ဒီလောက်ကြီးမသိပါဘူး။ အောက်ခြေမှာ ဖြစ်တာတွေပေါ့။

ဦးတင်ထွတ် ၊ ပါတီဗဟိုအတိုင်ပင်ခံ ၊ ယခင်ပြည်ခိုင်ဖိုးဗဟိုအတွင်းရေးမှူး

(ဆန်းဆင့်) သံတော်ဆင့် အတွဲ ၁ ၊ အမှတ် ၄၆ ၊ ဇန်နဝါရီ ၂၆ ဖေဖေါ်ဝါရီ ၁ ၊ ၂၀၁၃ ။
(Photo Credit - Kyaw Aye)