Tuesday, February 12, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ထောင်စုနေ့ မိန့် ခွန်း

https://www.youtube.com/watch?feature=player_embedded&v=PoM78pyuANg#!

ဗိုလ်ချုပ်မွေးနေ့တွင်ရုပ်ရှင်သရုပ်ဆောင်မော့စ်ကွယ်လွန်

Messenger News Journal

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

ရုပ်ရှင်သရုပ်ဆောင်မော့စ်သည်ယနေ့နံနက်လေးနာရီကSSC အထူးကုဆေးရုံတွင်ကွယ်လွန်သွားပြီဖြစ်ကြောင်းရုပ်ရှင်သရုပ်ဆောင်(ဦး)မော့စ်၏သားဖြစ်သူ(ကို)ထိုက်စံ ၏ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြထားသည်။
ဓာတ်ပုံ-(ကို)ထိုက်စံဖေ့စ်ဘုတ်

ဗိုလ်ချုပ်မွေးနေ့တွင်ရုပ်ရှင်သရုပ်ဆောင်မော့စ်ကွယ်လွန်
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

ရုပ်ရှင်သရုပ်ဆောင်မော့စ်သည်ယနေ့နံနက်လေးနာရီကSSC  အထူးကုဆေးရုံတွင်ကွယ်လွန်သွားပြီဖြစ်ကြောင်းရုပ်ရှင်သရုပ်ဆောင်(ဦး)မော့စ်၏သားဖြစ်သူ(ကို)ထိုက်စံ ၏ဖေံစ်ဘုတ်စာမျက်နှာတွင်ဖော်ပြထားသည်။
                                  ဓာတ်ပုံ-(ကို)ထိုက်စံဖေ့စ်ဘုတ်

တပ်မတော် အရာရှိအချို့၌ တာဝန်ရှိခဲ့သည် ဆိုပါကသမ္မတ ဦးသိန်းစိန် အနေဖြင့် ၎င်းတို့အား ဥပဒေအရ အပြစ်ပေး အရေးယူစေလို




 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် Myanmar Express ၀က်ဘ်ဆိုက်တို့၏ အီးမေးလ်များသို့ Google မှ ပေးပို့သော သတိပေးစာများ ရောက်ရှိခဲ့သည်ဟုဆို

    Created on Tuesday, 12 February 2013 17:07

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် Myanmar Express ၀က်ဘ်ဆိုက်တို့၏ Gmail Account များထံသို့လည်း Google မှ ပေးပို့သော သတိပေးစာများ ရောက်ရှိခဲ့ကြောင်း ၎င်းတို့၏ ထုတ်ဖော် ပြောဆိုမှုများ အရ သိရှိရပါသည်။

မြန်မာ ဂျာနယ်လစ်များ ၏ Gmail Account များကို State-sponsored attackers များက ၀င်ရောက်ရန် ကြိုးပမ်းနေကြောင်း သတင်းများကို နိုင်ငံတကာ သတင်းစာမျက်နှာများ၌ ခေါင်းကြီး သတင်းအဖြစ် ဖော်ပြလာချိန်တွင်   Myanmar Express ၀က်ဘ်ဆိုက်နှင့် ဦးရဲထွဋ်တို့ကလည်း အဆိုပါ သတိပေးချက်များကို ၎င်းတို့လည်း လက်ခံ ရရှိခဲ့သည်ဟု ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က Google ထံမှ သတိပေးစာကို လက်ခံရရှိကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။ ထို့အတူ Myanmar Express ၀က်ဘ်ဆိုက်ကလည်း Google ၏ သတိပေးစာကို  Myanmar Express ၏ အီးမေးလ်ဖြစ်သော mm.exps@gmail.comထံသို့ ၂၀၀၉ ခုနှစ်မှ စတင်ပြီး ယနေ့အချိန်အထိ ရောက်ရှိနေသည်ဟု ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပင် ၎င်းတို့၏ ၀က်ဘ်ဆိုက်၌
ဖော်ပြခဲ့ပါသည်။

"မနက်ထဲက Google ကနေ State Sponsored attacked သတိပေးစာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ဖြေခဲ့ရတယ်။ ကျွန်တော်က ဒီလို တိုက်ခိုက်တာ မျိုးဟာ အစိုးရရဲ့ မူဝါဒ မဟုတ်ဘူး။ အခု သတိပေးချက်ဟာ အရင် Google ကပို့ဖူးတဲ့ မေးလ် သတိပေးချက်နဲ့ ပုံစံ ကွာတယ်။ တကယ်လို့ Google က ပို့တယ်ဆိုရင်လည်း ဘယ် နိုင်ငံ အစိုးရ၊ ဘယ် အဖွဲ့အစည်းလည်း ဆိုတာ တိတိကျကျ ပြောဖို့ ကောင်းတယ်၊ ဒီလို ယျေဘူယျရေးတာဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ပုံရိပ်ကို ထိခိုက်စေတယ် လို့ ဖြေကြားခဲ့ပါတယ်။ အခုညနေ လေးနာရီ ဆယ့်ငါးမိနစ်မှာတော့ ကျွန်တော်လည်း အတိုက်ခံရ နိုင်ကြောင်း အခုလို သတိပေးချက် လက်ခံ ရရှိပါတယ်။ ဒီတော့ မြန်မာ အစိုးရက attacked လုပ်တာဆိုတာ မဟုတ်တာတော့ သေချာပါတယ်လို့ပဲ ပြောချင်ပါတယ်"ဟု ဦးရဲထွဋ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရေးသားခဲ့ပါသည်။

Eleven Media Group ၏ ၀က်ဘ်ဆိုက်၊ Facebook နှင့် The Voice Weekly ဂျာနယ်၏ Facebook တို့ နည်းပညာသုံး တိုက်ခိုက်ခံရမှုများ အပါအ၀င် ဂျာနယ်လစ်များ၏ Gmail Account  များ တိုက်ခိုက်ခံရနိုင်ချေ သတိပေးချက်များ လက်ခံရရှိမှုအပေါ် နိုင်ငံတကာ ဂျာနယ်လစ်များဖြင့် ဖွဲ့စည်းထားသော နယူးယောက် အခြေစိုက် CPJ (Committee to Protect Journalists) အဖွဲ့ကလည်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သတင်း ရေးသားခဲ့ပါသည်။

"မြန်မာနိုင်ငံတွင် ဆင်ဆာပြေလျော့ သွားချိန်၌ ဆိုက်ဘာ တိုက်ခိုက်မှုများ မြင့်မားလာ" ဟု ခေါင်းစဉ်ပေးထားသော CPJ ၏ ဖော်ပြချက်တွင် သတင်း ၀က်ဘ်ဆိုက်များနှင့် ဂျာနယ်လစ်တို့၏ အီးမေးလ်များကို အစိုးရနှင့် ဆက်နွှယ်နေသည်ဟု ယူဆရ သော hacking ပြုလုပ်မှုများက မြန်မာနိုင်ငံတွင် မီဒီယာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ဂုဏ်သိက္ခာ အပေါ် မေးခွန်း အသစ်များ ပေါ်ထွက်လာစေသည်ဟု ဖော်ပြခဲ့ပါသည်။

"သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက ယင်း တိုက်ခိုက်မှုများသည် ၎င်းတို့နှင့် သက်ဆိုင်မှု မရှိကြောင်း အဆက်မပြတ် ငြင်းဆိုခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းတို့ အနေဖြင့် အမှန်တကယ် လွတ်လပ်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သင့်ကြောင်း အရေးပါသည့် လှုံ့ဆော်မှုများ ရှိလာခဲ့သည်”ဟု CPJ က ရေးသားခဲ့သော သတင်းတွင် ဖော်ပြခဲ့ပါသည်။

ပြည်တွင်း မီဒီယာများအား နည်းပညာသုံး တိုက်ခိုက်မှုများတွင် တပ်မတော် အရာရှိအချို့၌ အမှန်တကယ် တာဝန်ရှိခဲ့သည် ဆိုပါကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ၎င်းတို့အား ဥပဒေအရ အပြစ်ပေး အရေးယူကာ မီဒီယာများအား ပဋိပက္ခများနှင့် ပတ်သက်၍ လွတ်လပ်စွာ ဖောပြနိုင်ခွင့် ပြုလျက် သူ၏ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ကတိပြုချက်များအတိုင်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း ပြသနိုင်ပေလိမ့်မည်ဟု CPJ က ဆိုသည်။

ပြည်တွင်း မီဒီယာများ နည်းပညာသုံး တိုက်ခိုက်ခံရခြင်းကို တိုက်ခိုက်မှုအပြီး မိနစ်ပိုင်း အတွင်းမှာပင် Myanmar Express ၀က်ဘ်ဆိုက်၌ သတင်းဖော်ပြမှုများကို တိုက်ခိုက်ခံရသည့် အကြိမ်တိုင်း ပြုလုပ်လေ့ရှိပြီး  Myanmar Express နည်းတူ အများပြည်သူ အလွယ်တကူ မသိရှိနိုင်သော တပ်မတော် ဆိုင်ရာ သတင်းအချက်အလက်များကို ရေးသားနေသော Opposite Eye၊ Nay Min၊ Ko John နှင့် Golden Land Myanmar အစရှိသူတို့ကလည်း ပြည်တွင်း မီဒီယာများ နည်းပညာသုံး တိုက်ခိုက်ခံခဲ့ရခြင်းများကို တိုက်ခိုက်ခံရပြီး မိနစ်ပိုင်းအတွင်းမှာပင် ပြည်တွင်း မီဒီယာများကို အပုပ်ချ စကားလုံးများ သုံးစွဲပြီ ဖော်ပြလေ့ရှိသည်ကို တွေ့ရှိရသည်။



 State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ Google မှ သတိပေးချက်များ ပေးပို့နေ

    Created on Friday, 08 February 2013 17:02



Google မှ ပေးပို့လာသော သတိပေးစာကို တွေ့ရစဉ်

State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ ယခု ရက်ပိုင်းများ အတွင်း Google မှ သတိပေးချက်များ ပေးပို့နေကြောင်း သိရှိရပါသည်။

ပေးပို့လာခဲ့သော သတိပေးစာတွင် "Warning: We believe state-sponsored attackers may be attempting to compromise your account or computer" ဟု ဖော်ပြထားပြီး ဂျာနယ်လစ်များထံသို့ ကနဦးအနေဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Google မှ ပေးပို့လာသည့် သတိပေးစာကို ပြည်တွင်း ဂျာနယ်လစ်များ၏ အလုပ်နှင့် သက်ဆိုင်သော Gmail Account များထံ ရောက်ရှိခဲ့သည့် အပြင် သတင်းနှင့် ဆက်နွှယ်သော ကွန်ပြူတာ ပညာရှင်အချို့၊ Gmail သုံးစွဲသူ အချို့ထံသို့လည်း ရောက်ရှိခဲ့ကြောင်း သိရပြီး လက်ခံရရှိသူ အများဆုံးမှာ ဂျာနယ်လစ်များ ဖြစ်နေကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် Eleven Media Group ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး အပါအ၀င် သတင်းအယ်ဒီတာများ၏ Gmail Account များထံသို့ State-sponsored attackers များက ၀င်ရောက် ကြိုးပမ်းနေသည်ဆိုသော သတိပေးချက်များ ရောက်ရှိခဲ့ပါသည်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် ဂျာနယ်လစ် ဘာတေး လစ်တနာက သူ၏ Gmail Account သို့ ၀င်ရောက်ရန် ကြိုးပမ်း နေသူများ ရှိနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆန်ဖရန်စစ္စကိုရှိ Google ရုံးသို့ အကြောင်း ကြားထားကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က အီးမေးလ်မှ တစ်ဆင့် ပြောကြားခဲ့သည်။

Gmail ၏ သတိပေးစာသည် The Voice Weekly ဂျာနယ်၏ အယ်ဒီတာ ကိုအောင်စိုး၊ AP သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဒေါ်အေးအေးဝင်းနှင့် ကျိုဒိုသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ကိုမြတ်သူရ အစရှိသူတို့ထံလည်း ရောက်ရှိခဲ့ကြောင်း သိရပါသည်။

"ဖေဖော်ဝါရီ ၆ ရက်နေ့က ကျွန်မဆီကို သတိပေးစာ ရောက်လာပါတယ်။ State-sponsored attackers လို့ ပြောထားတော့ အရမ်းစိုးရိမ်သွားပြီး Password ကို ချက်ချင်း ပြောင်းလိုက်ရပါတယ်။ ကျွန်မတို့က အဆက်အသွယ် များတဲ့အတွက် Gmail ကို ၀င်ဖို့ ကြိုးစားပုံ ရပါတယ်။ Google ကတော့ ဘယ်အဖွဲ့အစည်းက လုပ်နေသလဲ ဆိုတာကို သိတဲ့အတွက် သတိပေးစာ ပို့ခဲ့တာပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာ မသိပေမဲ့ သူတို့ ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ Gmail Account တွေက ဂျာနယ်လစ်တွေ ဖြစ်နေပါတယ်"ဟု AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောပါသည်။

"ဒီလို သတိပေးစာ ရောက်လာတာဟာ မကောင်းဘူးလို့ ခံစားရပါတယ်။ လုံခြုံမှု မရှိဘူးလို့ ခံစားရပါတယ်။ တစ်ချိန် မဟုတ် တစ်ချိန်တော့ ဒီလို လုပ်လာမယ် ဆိုတာတော့ မှန်းထားပြီးသားပါ။ အဓိက ကတော့ သတိပေးစရာကို ကိုယ်တစ်ယောက်တည်းက ရတာဆိုရင် တစ်မျိုးပေါ့။ အခုက ဂျာနယ်လစ်တွေကို ရည်ရွယ်ချက် ရှိရှိ လုပ်သလို ဖြစ်နေတယ်။ The Voice ကို hacked တယ်။ Eleven ကို hacked တယ်။ Gmail က သတိပေးစာတွေ ပို့လာတယ်။ အားလုံးကို လိုက်လုပ်နေတဲ့ သဘောရှိတယ်။ ကျွန်တော့် အီးမေးလ်ကို ၀င်ဖတ်ချင်လို့ လုပ်တယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်ပါ တွေ့လာရတော့ ဒါဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ပဲ ပြောချင်ပါတယ်"ဟု ကျိုဒို သတင်းဌာနမှ ကိုမြတ်သူရ က ပြောပါသည်။

ထို့အတူ ပြည်တွင်း မီဒီယာတစ်ခု ဖြစ်သော The Voice Weekly ဂျာနယ် ၀က်ဘ်ဆိုက်အတွက် တာဝန်ယူ လုပ်ဆောင် ပေးနေသော Myanmar's Net ၏ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး Hacked ပြုလုပ်ခံရသည့်  The Voice Weekly Facebook ကို ပြန်လည် ရရှိစေရန် ကြိုးပမ်း ကူညီ လုပ်ဆောင် ပေးနေသူ ဦးဇော်ထွဋ် ထံသို့လည်း Gmail မှ ပေးပို့သည့် သတိပေးစာ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။

"Gmail က ပို့လာတဲ့ သတိပေးစာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ စပြီး တွေ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အသုံးပြုနေတဲ့ Gmail Account ကို ရောက်လာခဲ့တာပါ။ State-sponsored attackers ဆိုပြီး ပို့လာတာကို တစ်ခါမှ မကြုံဖူးပါဘူး။ ပိုပြီး ထူးခြားတာက အလုပ်နဲ့ ပတ်သက်ပြီး သုံးနေတဲ့ Account ကို ရောက်လာတာပါ။ Personal အတွက် သုံးတဲ့ Gmail Account မှာတော့ ဒီလို သတိပေးစာ ရောက်မလာပါဘူး။ စက်တစ်လုံးတည်းမှာ သုံးတာချင်းအတူတူ အလုပ် အတွက် သုံးနေတဲ့ Account ဆီကို ရောက်လာခဲ့တာပါ"ဟု Myanmar's Net မှ ဦးဇော်ထွဋ်က ပြောပါသည်။

Gmail မှ ပေးပို့ခဲ့သော သတိပေးစာတွင် State-sponsored attackers ဟု ဆိုထားသည့်အတွက် အစိုးရမှ ထောက်ပံ့ထားသော အဖွဲ့အစည်းမှ လုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံမှ အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းက လုပ်ဆောင်သည် ဆိုသည်ကို Gmail မှ သတင်းထုတ်ပြန်ခြင်း မပြုဘဲ သတိပေးစာ အနေဖြင့်သာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၂ခုနှစ် ဇွန်လအတွင်းကလည်း ယခုကဲ့သို့ သတိပေးစာများကို Google မှ ထုတ်ပြန်ခဲ့ဖူးကြောင်း အောက်တိုဘာလ အတွင်းက ဖော်ပြခဲ့သော နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်ကလည်း အဆိုပါ သတိပေးစာကို အမေရိကန် ဂျာနယ်လစ်များ၊ နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များစွာက လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

ထိုအချိန်က Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်က ပြောကြားခဲ့ရာတွင် Google သည် အစိုးရ ထောက်ပံ့သော အဖွဲ့အစည်းများ၏ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ Gmail အသုံးပြုသူများကို သတိပေးခဲ့ကြောင်း၊ ထိုအချိန်မှ စတင်ပြီး တိုက်ခိုက်ပုံ နည်းလမ်းနှင့် ပတ်သက်သည့် အသိပညာ ဆိုင်ရာ အချက်အလက် အသစ်များကို စုဆောင်းခဲ့ကြောင်း၊ Google အနေဖြင့် အစိုးရက ထောက်ပံ့ထားပုံရသည့် အဖွဲ့အစည်းများမှ လုပ်ဆောင်သော ဆိုက်ဘာ တိုက်ခိုက်မှုများကို မျှော်လင့်ထားသည်ထက် ပိုမိုကြုံတွေ့ခဲ့ရကြောင်း နယူးယောက်တိုင်း(မ်) သတင်းစာသို့ ပြောကြားခဲ့သည်။

ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် စပ်လျဉ်းပြီး တိုက်ခိုက်မှုအတွက် ပစ်မှတ်ဖြစ်လာနိုင်သော Gmail အသုံးပြုသူများထံသို့ သတိပေးစာများ ပေးပို့ခဲ့ကြောင်း မိုက်ဝီယာဆက်က ပြောကြားခဲ့ပြီး အဆိုပါ သတိပေးစာကို အမေရိကန်ဂျာနယ်လစ်များနှင့် နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူများစွာက လက်ခံ ရရှိခဲ့သည်ဟု ၎င်းတို့၏ Twitter စာမျက်နှာများတွင် ရေးသား ခဲ့ပါသည်။

ထိုသို့ တိုက်ခိုက်ရန် ကြိုးပမ်းမှုအား Wired အမျိုးသား လုံခြုံးရေး ဘလော့ဂ်၏ အယ်ဒီတာ နိုအာ ရှအက်မန်က "အန္တရာယ် သတိပေးချက်၊ အစိုးရက ထောက်ပံ့သော အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည့် သားကောင် ဖြစ်နိုင်ချေ သတိပေးချက်ကို Google ထံမှ ရရှိခဲ့သည်"ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်၏ ပြောကြားချက်အရ အရှေ့အလယ်ပိုင်း ဒေသမှ ဖြစ်နိုင်ချေရှိသော အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများ ပိုမိုများပြား လာသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံများ၏ အမည်ကို အတိအကျ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။

ပြည်တွင်း သတင်းမီဒီယာများ၏ Website နှင့် Facebook များကို hacked ပြုလုပ် တိုက်ခိုက်ခြင်းများမှ ယခု လပိုင်း အတွင်း ပိုမို ဖြစ်ပွားလျက် ရှိပါသည်။

ဇန်န၀ါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များက Eleven Media Group ၏ ၀က်ဘ်ဆိုက်ကို Red-Army Team ဟု အမည်ပေးထား သော အဖွဲ့မှ တိုက်ခိုက်(hacked) မှုများ ပြုလုပ်ခဲ့ဖြင့် Eleven Media Group ၀က်ဘ်ဆိုက်ကို စာဖတ်ပရိသတ်များ အချိန် လေးနာရီခန့် ၀င်ရောက်ကြည့် ရှုနိုင်ခြင်းမရှိခဲ့ဘဲ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ မတိုက်ခိုက်မီ အချိန်က Eleven Media Group ကို DDoS တိုက်ခိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်တွင် သတင်း ဖော်ပြခဲ့ပါသည်။ Myanmar Express ၀က်ဘ်ဆိုက်သည် တပ်မတော် အရာရှိအချို့နှင့် ဌာနအချို့မှ လုပ်ဆောင်နေဟု ယူဆချက်များ ထွက်ပေါ်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။ ယင်းဝက်ဘ်ဆိုက်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးသမားများ၊ မီဒီယာများ (အထူးသ ဖြင့် Eleven Media Groupနှင့် The Voice Weekly) ကို ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရပြီး MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့များက တိုက်ခိုက်(hacked) ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် တိုက်ခိုက်ခဲ့သူများမှ The Voice Weekly Facebook စာမျက်နှာမှ Admin account အားလုံးကို ဖြုတ်ချလိုက် ပြီး ထိုစာမျက်နှာကို ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ် Facebook စာမျက်နှာ၌ Myanmar Express ၀က်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်ဖော်ပြ ရေးသားခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့ ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပရိသတ် တစ်သိန်းကျော် ရရှိထား သည့် The Voice Weekly ၏ Facebook Page စာမျက်နှာမှာ Facebook လူမှုကွန်ယက်၌ ပျက်စီးသွားခဲ့ပါသည်။

ထို့အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက Eleven Media Group ၏ Facebook စာမျက်နှာကို နည်းပညာသုံး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို မိနစ်ပိုင်းအတွင်း Eleven Media Group IT Team မှ အချိန်မီ ပြန်ထိန်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Myanmar Express ၀က်ဘ်ဆိုက်နှင့် ပတ်သက်၍ ဒီမိုကရေစီ ဖော်ဆောင်ရေးကို မလိုလားသော တပ်မတော် အရာရှိ အချို့နှင့် ဌာန အချို့မှ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆ သံသယ ဖြစ်ဖွယ် အချို့ တွေ့ရှိ နေသဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တစ်ဆင့် နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အစရှိသည့် အစိုးရ တာဝန်ရှိသူများထံသို့ မေတ္တာရပ်ခံ ညှိနှိုင်းဖြေရှင်းပေးရန် တိုင်ကြားစာကို Eleven Media Group က ပေးပို့ထားကြောင်း သိရှိရပါသည်။

by news-eleven.com

ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့ အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။


(၉၈)နှစ်မြောက် မွေးနေ့မှာအမှတ်တယလေးပါ



by Heinn FiveStrings facebook
https://www.facebook.com/heinn.fivestrings


ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။

နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

..................................

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

.................................

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

.................................

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

...................................

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

......................................

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

.....................................

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

......................................


ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

..................................

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

................................

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

......................................

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

....................................

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

..............................

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

.......................................

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

.............................................

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

...........................................

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

...........................................
...........................................

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

(ရဲမြတ်သူရဲ့ကွန့်မန့်လေးပါရောခံစားကြည့်ပါ)

ကျောက်ဆည်
မင်းဘာမှထပ်မလုပ်နဲ့ 
 သန်းရွှေကို ငါတို့ဆီပေးပြီးကတည်းက
 ဆယ်ကမ္ဘာစာလောက် အီစလံဝေနေပြီ။ :D

...................................................

ဦးခင်ရီက မန်းငြိမ်းမောင်ကို ဖမ်းထားဆဲ

by အဂ္ဂမဟာ ဒီမိုဖက်တီး


န၀ရတ်လက်စွပ်က ဘုန်းရှိတယ်၊ ထမီနဲ့ မထိစေနဲ့


ဦးအောင်မင်း ။ ။
မင်းဖြစ်မယ့် ဇာတာရှင်တွေက ဒီလက္ခဏာ လမ်းကြောင်း ပါတယ် အစ်မကြီးရဲ့

ဒေါ်အောင်ဆန်းစုကြည် ။ ။
ဒီလူရဲ့ ရတနာကိုးမျိုး လက်စွပ်ကလည်း ပြူးနေတာပဲ ။ ရိုးရိုးသားသား ရှာဖွေလို့ ရထားတာမှ ဟုတ်ရဲ့လား မသိ ။


ကအက္ခရာစလို့ကချင်ကိုရှေ့ဆုံးမှာထိုင်ခိုင်းတာပါ။။။
အကွက်ရွေ့တယ်လိုအဝေဖန်မစောစေချင်။။။

ဒီနေ့ကတပ်မတော်နေ့မဟုတ်တာတော့သေချာပါတယ်။။။

ရိုင်းသည်ဟုမဝေဖန်စေလို

 
Credit to Kyaw Naing Win

စစ်အစိုးရမဟုတ်တော့ပါ။( )လေးတော့ထည့်ပါရစေ။

ဓါတ်ပုံ - ကိုအောင်မျိုးထွန်း

အန်အယ်လ်ဒီ ပြည်လုံးကျွတ်ညီလာခံ ကျင်းပမည်



Published on February 11, 2013 by ပီတာအောင် 

ပါတီခေါင်းဆောင်သစ်တွေ ပြန်လည်ရွေးချယ်မယ့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့် မတ်လမှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုညီလာခံကို  ရန်ကုန်မြို့မှာ လာမယ့် မတ်လ ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျင်းပဖို့ရှိတယ်လို့ ပါတီအတွင်းရေးမှူးက ဒီနေ့ ထုတ်ပြန်ကြေညာထားတာပါ။

ညီလာခံတက်ရောက်မယ့် ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့ ဗဟိုညီလာခံ ကိုယ်စားလှယ်တွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး သတင်းပို့ကြဖို့လည်း ညွှန်ကြားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီညီလာခံတွေကို ယခင် စစ်အစိုးရလက်ထက်က လွတ်လပ်စွာကျင်းပခွင့်မရဘဲ ညီလာခံကျင်းပချိန်ရောက်တိုင်း  အာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။

အခုအစိုးရသစ်လက်ထက်မှာမှ  လွတ်လပ်စွာကျင်းပခွင့်ရတာဖြစ်ပြီး  ဒီညီလာခံဟာ  ဒီမိုကရေစီရေးအတွက်  အရေးပါတဲ့ညီလာခံတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

“ဒီညီလာခံက အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ပါတီက ဒီမိုကရေစီပါတီဆိုတော့ ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ပွဲတွေကို အောက်ခြေအကျဆုံးဖြစ်တဲ့ ရပ်ကွက်ကျေးရွာတို့အထိ အားလုံး ၁၆၇၈၀ မှာ ညီလာခံတွေ လုပ်ပြီးတော့မှ နောက်ဆုံး ဗဟိုညီလာခံ လုပ်မှာဖြစ်ပါတယ်။ ကျနော်တို့ပါတီရဲ့ ဒီမိုကရေစီနည်းကျ တည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်လို့ ပြောချင်တယ်။ ဒီလုပ်ငန်းတွေက အခုမှ စိတ်ကူးပေါ်ပြီးတော့ ထလုပ်တာမဟုတ်ဘူး။ ပါတီထောင်ပြီးတဲ့နောက်ပိုင်း ၈၈ ခု အောက်တိုဘာလလယ်မှာ ညီလာခံစီမံချက်များ ရေးဆွဲခဲ့တာ။ ရေးဆွဲခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ညီလာခံတွေ မလုပ်ဖြစ်ခဲ့ဘူး။ လုပ်ဖြစ်ပြန်တော့လည်း ရပ်ကျေးတွေ မလုပ်ရဘူး။ ရပ်ကျေးတွေ မလုပ်ရလို့ မြို့နယ်တွေ လုပ်ပြန်တော့လည်း ရန်ကုန်မြို့ပေါ် ၅ မြို့နယ်လောက် လုပ်လည်းပြီးရော ကျနော်တို့အကုန်လုံး ထောင်ထဲရောက်ကုန်တယ်။ အဲဒီအချိန်ကစပြီး ပါတီဟာ နောက်ဆုံးကျတော့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်မှုတွေ၊ ဟန့်တားမှုတွေ၊ ပိတ်ဆို့မှုတွေ ကြုံခဲ့ရာကနေပြီးတော့ နောက်ဆုံး ၂၀၁၀ မှာ ပါတီဖျက်သိမ်းခံရတဲ့အထိ ရောက်ခဲ့တယ်။ အဲဒီကနေပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့မှာ ပါတီကို တရားဝင် မှတ်ပုံတင်ခွင့်ရခဲ့တယ်။ မှတ်ပုံတင်ခွင့်ရတာကို ယူပြီးတော့ ကျနော်တို့ ညီလာခံတွေ လုပ်တာပဲ။ အဲတော့ ညီလာခံတွေဟာ အခုမှ စိတ်ကူးပေါ်ပြီးလုပ်တာ မဟုတ်ဘူး။ ပါတီကို ဒီမိုကရေစီနည်းကျ လျှောက်မယ်၊ ကျနော်တို့ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ ခံယူထားတဲ့အတိုင်းပဲ ဒီမိုကရေစီနည်းကျ လျှောက်မယ်လို့ လုပ်တာဖြစ်တယ်။ ခေါင်းဆောင် လူ ၁၀၀၊ ၂၀၀ စုပြီးတော့ လုပ်တာမဟုတ်ဘူး။ အခု ညီလာခံ လှုပ်ရှားမှုကြီးဟာ ပါတီဝင် အနည်းဆုံး ၆ သိန်း၊ ၇ သိန်းလောက်နဲ့ လုပ်တဲ့ လှုပ်ရှားမှုကြီးဖြစ်တယ်။”

ဒီညီလာခံကနေ ဒေါ်အောင်ဆန်းစုကြည်ပါအ၀င် ပါတီရဲ့ခေါင်းဆောင်သစ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်အသစ်တွေကို မဲပေးရွေးချယ်ကြမှာလည်း ဖြစ်ပါတယ်။ ညီလာခံအလွန်ကာလတွေမှာတော့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မူဝါဒသဘောထားသစ်တွေ ချမှတ်နိုင်လိမ့်မယ်လို့လည်း ဦးဝင်းတင်ကပြောပါတယ်။

“ကျနော်တို့ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကလည်း ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်း၊ စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက်တဲ့လုပ်ငန်းဆိုတဲ့ အဓိကကျဆုံးလုပ်ငန်းတွေမှာ လုပ်ငန်းအသစ်တွေ၊ စီမံချက်အသစ်တွေ၊ အယူအဆသစ်တွေနဲ့ သဘောထားအသစ်တွေ အများကြီးပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ဟာ ရပ်ကျေးအဆင့် ညီလာခံတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက စတင်ကျင်းပနေတာဖြစ်ပြီး  တိုင်းနဲ့ပြည်နယ်အဆင့် ပါတီညီလာခံတွေကိုတော့  ခုလဆန်းပိုင်းကမှ စတင်ကျင်းပနေတာပါ။  မြို့ နယ် တချို့မှာတော့  ရပ်ကျေးညီလာခံကျင်းပရေးကော်မရှင်တွေကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။

burmese.dvb.no

ကိုနေမျိုးဝေ ကို ကြိုးချည်ဖို့ ပြင်ထားတယ်

၁၈ နှစ်ပြည့်ပြီးရင်တော့ ဖြစ်ချင်တာဖြစ်လို့ရပြီ

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

Published on February 12, 2013 by နန်းမြနဒီ   ·   burmese.dvb.no
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း  ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက  ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေးဌာနက ပြောပါတယ်။ ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူတို့ရဲ့ လူမှုကယ်ဆယ်ရေးဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင်ဖစ်မြို့  လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက  ဒီဗွီဘီကို ပြောပါတယ်။ (Photo_ Dailynews) အလုပ်ရှင် အမျိုးသမီးဖြစ်သူက  ဒီမိန်းကလေးကို  ခွေးလှောင်အိမ်ထဲ ထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူနဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး  ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက  ကြံခင်းထဲမှာ အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက  ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး  အိမ်ကနေ ဘယ်မှပေးမသွားဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ  အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက်  ၅ နှစ် လောက်အကြာမှာ ထွက်ပြေးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ  ထွက်ပြေးခဲ့ဖူးပြီး ထိုင်းရဲက  ဒီအိမ်ကို ပြန်ပို့ခဲ့ပါတယ်။ ထိုစဉ်က  ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။ ကလေးရဲ့ မိဘတွေကတော့  ကလေးခေါ်သွားတာ သိနေပေမယ့်  အလုပ်ရှင်ရဲ့ ဩဇာကြီးမားမှုကို ကြောက်ပြီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ  အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို  ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။ ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ  တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက်  အမှတ် ၁၉၃  မှာ နေထိုင်သူ နန်းရတ်နာ့ကန်  အသက် ၃၃ နှစ်နဲ့ ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန်  အသက်  ၃၅   ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး   ခုလောလောဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ  ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ  လင်မယား ၂ ဦးကို  အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု  စွဲချက်တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်းဌာနကို ပြောကြား သွားပါတယ်။