Friday, February 15, 2013

ရေနွေးပူလောင်း နှိပ်စက်ခဲ့တဲ့ ထိုင်းအလုပ်ရှင် လင်မယား ထွက်ပြေး

ရေနွေးပူလောင်း နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေး ရဲ့ထိုင်းအလုပ်ရှင် လင်မယား ထွက်ပြေးသွားသဖြင့် တ္ဓေ့ရှိပါက သက်ဆိုင်ရာသို့အမြန်အကြောင်းကြားပေးပါရန်

အခြေခံပညာရေးစနစ်အား ၁၂ တန်းအထိ တိုးမြှင့်ရန်သမ္မတဦးသိန်းစိန်က ယနေ့ပြောကြား


7Day News Journal

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်အကောင်အထည်ဖော်ရန်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မှာကြားထားကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က
ယနေ့ပြောကြားသည်။

နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသားများသည်ဘွဲ့ရ၍အလုပ်ခွင်ဝင်သည်နှင့် အင်္ဂလိပ်စာအား
ကျွမ်းကျင်စွာပြောနိုင်၍ အနိမ့်ဆုံးအာဆီယံအဆင့်တွင် ၀င်ရောက်ဆွေးနွေးနိုင်သည်အထိလေ့ကျင့်သင်
ကြားပေးရန်စီစဉ်မည်ဖြစ်ကြောင်း သမ္မတကပြောသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ၏
 ကလေး-ဟားခါး ဖွံ့ဖြိုးရေး ခရီးစဉ်တွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။

.............................................................................

ကနေဒါမှာလည်း၁၂တန်းအထိတက်ရတယ်။။အခြေချမိသားစုကလေးတွေ
လိုက်မမှီတာရှိရင်နောက်တနှစ်ထပ်တက်ရတယ်...
၁၀တန်း၁၂တန်းဆိုတာထက်သင်ကြားမှုအဆင့်အတန်းကပိုအရေးကြီးပါတယ်။
သင်ကြားမှုအဆင့်အတန်းမြင့်ဖို့ဆရာတွေဘယ်လောက်တတ်ထားလဲ...
သူတို့ဘယ်မှာသင်ခဲ့လဲ...
ဆရာတယောက်ရဲ့အရည်အသွေးဆိုတာလည်းသတ်မှတ်ရတော့ပါမယ်..၊
ကနေဒါမှာမူလတန်းပြရဖို့တောင်ဘွဲ့ရတွေခက်ခက်ခဲခဲလျှောက်ရတယ်..။
ရသွားရင်လည်းတနာရီဒေါ်လာ၃၀ကစတယ်၊
အထောက်အကူပြုပစ္စည်းတွေလည်းလိုအပ်ပါတယ်။
မြန်မာမှာတနာရီ၃၀မပေးနိုင်ပေမယ့်လစာအမြင့်တခုသတ်မှတ်ပြီးအရည်အချင်း
ပြည့်တဲ့ဆရာတွေဖြေးဖြေးချင်းအစားထိုးသွားဖို့အချက်ကအဓိကကျမယ်
ထင်ပါတယ်။ အဲဒါကိုအကောင်အထည်ပေါ်ချင်ရင်တော့စစ်အသုံးစရိတ်နဲ့
ပညာရေးအသုံးစရိတ်နေရာချင်းလဲရပါမယ်။။။
ကဲ...ရဲသလားဘပြောင်.....၊။

ရုရှားတွင်အကြီးစားကြယ်မိုးရွာချ၍လူအများအပြားဒါဏ်ရရှိ

မြန်မာနိုင်ငံတွင်တွေ့ရလေ့ရှိသောတောက်လောင်နေသောဥက္ကာပျံ(ခေါ်)ကြယ်တံခွန်မျိုးအကြီးစားဖြစ်ပြီးပေါက်ကွဲမှုကြောင့်
အနဲဆုံးလူ၄၀၀ခန့်ဒါဏ်ရာရရှိခဲ့သည်။အများစုမှာပြူတင်းပေါက်မှန်ကွဲစများထိမှန်ခဲ့သည်။
သာမန်အားဖြင့်ကမ္ဘာ့လေထုအတွင်းမှာပင်ငြိမ်းသတ်သွားရမည်ဖြစ်သော်လည်း
ဤပမာဏအရွယ်အစားသည်ကြီးမားလွန်း၍မြေပြင်အထိကျရောက်သည်ဟုယူဆရသည်။ပြီးခဲ့သည့်
သီတင်းပတ်အနည်းငယ်ခန့်ကလည်းငြိမ်းသတ်ပြီးဥက္ကာပျံအစိတ်အပိုင်းငယ်များသီရိလင်္ကာနိုင်ငံပေါ်ကျရောက်ခဲ့သေးသည်။
ကနေဒါရှိပြတိုက်တခုတွင်ပြသထားသောmeteorအပိုင်းအစတခု