Saturday, February 16, 2013

ဦးအောင်မင်းဘေးမှ ပွဲစားများ အကြောင်းတစေ.တစောင်း----

Aye Aye Soe Win

Photo: ဦးအောင်မင်းဘေးမှ ပွဲစားများ အကြောင်းတစေ.တစောင်း----

လွှတ်တော်၏လားရာ၊ သေနတ်ကိုင်အစိမ်းတွေ နဲ. နိုင်ငံရေးပွဲစားတွေ ဝေစုမတဲ.ခြင်း။ 

ကျော်ရင်လှိုင်၊ လှမောင်ရွှေနဲ. မရှိတော.တဲ.နေ၀င်းမောင် အရပ်သားအကြီးစား စီးပွားရေးသမားတို.၏ ထရီယို ဥာဏ်ပညာ ခံတပ်က၊ ဒေါ်စု အခက်အခဲတွေရေရှည်မှာ ကယ်ထုတ်သွား ဖို. ရှိုးထားပြထားတဲ. သူတို. ရည်မှန်းချက်အချို. အောင်မြင်ချင်သလိုလို ဗျူဟာတွေ ရှိနေပုံ ရတယ်။  ဒေါ်စုကလည်းသူတို. လုပ်နေတာ ဦးဆောင်နေတာတွေကို  အတွင်းအပြင် လက်ခံထားပုံရတယ်။ ၀ိုင်းတော်သားတွေ အားတောင်.စေဖို. လူသစ်တွေ ထပ်ငှားတိုးချဲ.နေတယ်ဆိုတဲ. သတင်းတွေလဲ ထွက်နေတယ်။ 

အချို.ဆို (ဓါတ်ပုံကိုကြည်.ပါ။) တန်ရာတန်ရာ သဘောမထားပဲ။ ဂွင်တွေ.တုန်းအမြတ်ထုတ်မဲ. ရည်ရွယ်ချက်တွေ နဲ. ဦးအောင်မင်း စီတောင်းတဲ. လခ များ တလအမေရိကန်  ဒေါ်လာ ၁၀၀၀၀ ဆိုပဲ။ 
ကချင်တွေ ကို အပြုတ် ရှင်းဖို. အကြံပေးခဲ.တာလည်း ဒီလူတွေပါပဲ။ ဒါ တောင် သူတို. ခရီးသွားစဉ် တင်တောင်းတဲ. တီအေ ဒီအေ တွေ ပါ ဦးမယ်မထင်။ အင်း-  ကောင်းလေစွ။ 
ဘယ်သူတွေ ပရိုပိုဆယ်တင်နေတယ်ဆိုတာ ဆက်တင်ပြပေးပါ.မယ်။ငြိမ်းချမ်းရေးစင်တာမှာတော. ခု လူတွေပြုံနေတယ်။

မြန်မာလွှတ်တော်ဇာခန်းစီးနောက်ကွယ်မှာတော. မကျေနပ်သံတွေ တိုးသထက်တိုးလို.လာနေပါတယ်။

တဖက်မှာလည်း ခုရေပန်းစားနေတဲ. ငြိမ်းချမ်းရေးဆိုတဲ. ဖြစ်စဉ်ကိုပြန် ဆန်းစစ်ဖို.လိုလိမ်.မယ်။ ငြိမ်းချမ်းရေးဆိုတဲ. အမည်သက်သက်ကအရေးပါနေတာလား၊ ဒါမှမဟုတ်  အလားတူ တခြား ကျန်နေသေး၊ လူအများမသိသေးတဲ. အာဂျန်ဒါတွေ က အရေးပါနေတာလား။ တွဲစဉ်းစားရ မှာဖြစ်ပါတယ်။

ပုံထဲက သူဟာ သမ္မတဘေးက ဇော်ဦးတပည်. မင်းဇော်မင်းဖြစ်ပါတယ်။ စကင်ဒီနေးဗီးယန်းနိုင်ငံများ၊ နော် ဝေ အပါအ၀င် အခြား နိုင်ငံတွေက အပြုံလိုက်ရမဲ. ငွေတွေကို တက်ညီလက်ညီ ဝေစု မခွဲခင်၊သူ.အတွက်  တလအမေရီကန် ဒေါ်လာ ၁၀၀၀၀၊ တနှစ် ၁၂၀၀၀၀၊ အောင်မင်းစီတောင်းထားပါတယ်။ ကချင်စစ် မရပ်ခင်အထိ  မြန်မာ စစ်တပ်က တပ်ချုပ်ကြီးတွေကို ကချင်တွေကို အပြုတ်ဖြုတ်ဖို.ဘေးတီးနေခဲ.သူဖြစ်ပါတယ်။ သူ. အာ ဂျန်ဒါမှာ၊ စစ်တပ်အကြိုက် ကချင် ကို အသေပြုတ်အောင်တိုက်ဖို.၊သူ.ကိုယ်သူ ဈေး အမြင်.ဆုံးနဲ.ရောင်းဖို.၊  အကြံပေးခဲ.သူဖြစ်ပါတယ်။
 ဒေါ်မိုရင်းအောင်သွင်ကို အလွန် မျက်နှာလုပ်ပြီး၊ ဘက်တိုင်းကျ တစ်ခု မှ မကျန် အမြတ်ထုတ်နိုင်သူဖြစ်ပါတယ်။ 

ခု- ပညာရေး ၊ ငြိမ်းချမ်းေ၇းခေါင်းစဉ်တွေနဲ. အလုပ်တွေ ပေါ်တော.မယ်။  နိုင်ငံတကာ က ဖိအားကြောင်. ကချင် ကို ထိုးစစ် ရပ်သွားတဲ. အခါဒီလူတွေပဲ  ငြိမ်းချမ်းရေး စင် တာ မှာ အကောင်းဆုံးလခယူဖို. ပြင်ဆင်နေပြန်ပါတယ်။
 အောင်မင်းတို.  စပွန်ဆာထားသော အယုတ် အယုတ်ခြင်းပူးပေါင်းတဲ. ပွဲပါ။ 

 မြန်မာ ပြည် က ဗိုလ်ချုပ်တွေက လူရာ မ၀င် ခပ်အအ၊ ခပ်တုံးတုံးတွေဆိုတော.၊ သူ. ကိုယ်သူ အာဖဂန်က စပါယ်ရှယ်လစ်တ် လုပ်၊ လိမ်ညာ ပြောဆိုခဲ.ပြီး၊  စစ်တပ် အာ ဂျန်ဒါ ကို သူ. ပါဆင်နယ် အခွင်.အရေးအတွက် လို တိုး ပို လျှော. လုပ်သွား ကစား သွားသူတစ်ဦးဖြစ်ပါတယ်။ 

ခု ငြိမ်းချမ်းရေး စင်တာ မှာ လူ လို တဲ. အခါ အောင်မင်းတို. က နိုင်ငံခြား က ၀င်လာ မဲ. အန် ဂျီ ငွေ ငွေ တွေ နဲ. ဒီ လို ကိုယ် ကျိုး ရှာ စစ်ဝါဒီများနဲ. ပူးပေါင်းပြီး  မီးစတစ်ဖက် ရေ မှုတ် တဖက် လှုပ်ရှားနေကြတာသာ ဖြစ်တယ်။ 

အစိမ်းလိုင်းတွေ အတွက်တော. အသဲနာစရာပါ။ အမျိုးသားရေးအကြောင်းပြ၊ ဗိုမင်းအောင်လှိုင်ခမြာ နံမည်အပျက်ခံပြီး တိုက်လိုက် ရတဲ.စစ်၊ လေယဉ်ပျံတင်.ကား အမြှောက် အကုန်သုံး ပစ်လိုက်ရတဲ. အပြစ်မဲ.လူများ၊ ထိုးကျွေးလိုက်သော စစ်သားများ။ အများကြီး။ ဒိတော.-  တပ်ထဲမှာ ၂၀၁၂ အတွင်းနောက်တန်းတပ်ဝင်းတွေထဲမှာ-- မုဆိုးမတွေ အများကြီး ကျန်ခဲ.တယ်။

ခေါင်ပိုင်း အပေါ်ပိုင်းအထိ သူ.ဖက်ကိုယ်.ဖက် ယှဉ်ပြိုင်မှု၊ နှစ်ဖွဲ.မက ၃ဖွဲ.အထိ အတွင်းမှာ အားပြိုင်မှု၊ ခွက်စောင်းခုတ်မှုတွေ ပို၍ပို၍အားကောင်းလျှက်ရှိနေတယ်လို.ကြားသိနေရပါ တယ်။ 

ဒီအခြေအနေဟာ-ဒီမိုကရေစီမနက်ခင်းရောက်ဖို. သိပ်အရေးပါတဲ. အချက်တစ်ချက်ဖြစ်တယ်။ ပြေချိန်တန်ပြေ၊ ကြွေချိန်တန်ကြွေဆိုတဲ. သဘောတရား ပါပဲ။ မည်သူမပြုမိမိမှုလို.ဆိုချင်လည်း ဖြစ်ပါတယ်။

အစိမ်းတွေဖက်ကတော. တော်တာ် မကျေနပ်ဖြစ်နေကြောင်းကြားသိရပါတယ်။ 
လွှတ်တော်၏လားရာ။ အစိမ်းလိုင်းလား၊ ပွဲစားလူလည် ကိုယ်ကျိုးရှာ  အရပ်သားဒေါက်ခြာတွေလက်ထဲမှာလား။ ဆက်ကြည်.ရမှာဖြစ်ပါတယ်။

အေးအေးစိုးဝင်း
ဖေဖေါ်ဝါရီ ၁၆ ၂၀၁၃Photo: ဦးအောင်မင်းဘေးမှ ပွဲစားများ အကြောင်းတစေ.တစောင်း----

ဖေဖေါ်ဝါရီ ၁၆ ၂၀၁၃

ဗုံးထဲမှာ မီးလောင်စေတဲ့ မီးစုံးဖြူ ပါဝင်တဲ့ကိစ္စ မြန်မာအစိုးရ လက်မခံ

rfa.org
2013-02-16

လက်ပန်တောင်းတောင် သပိတ်ဖြိုခွဲ မှုမှာ ရဲတပ်ဖွဲ့က သုံးလိုက်တဲ့ဗုံးဟာ White Phosphorus ဆိုတဲ့ မီးလောင်စေတဲ့ မီးစုံးဖြူပါဝင်တယ် ဆိုတဲ့ကိစ္စကို မြန်မာအစိုးရက လက်မခံ ပယ်ချလိုက်တယ်လို့ AFP သတင်းတစ်ပုဒ် မှာ ဖေါ်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့  သူတို့နဲ့ပူးပေါင်းပါဝင်ထားတဲ့ အမေရိကန် ပြည်ထောင်စုအခြေစိုက် Justice Trust ဆိုတဲ့အဖွဲ့က မီးစုံးဖြူပါဝင်တယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖေါ်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်ကို ဒီကိစ္စနဲ့ပတ်သက်လို့ မေးတဲ့အခါ မိမိတို့အနေနဲ့ လူတစ်ဦးချင်း၊ တဖွဲ့ချင်းရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့  မှတ်ချက်တစုံတရာ ပေးမှာမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ အစီရင်ခံစာကိုပဲ အသိအမှတ်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံရွာသားတွေကို အရေးယူတဲ့ကိစ္စမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ကို နားလည်မှုလွဲပြီး အသုံးပြုခဲ့တာဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုတဲ့ အကြောင်းလဲ AFP သတင်းက ဖေါ်ပြထားပါတယ်။

ဂျော်ဒန် နိုင်ငံ CMJ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများ၏ အခက်အခဲများကိုတင်ပြခြင်း

by Ever Learner on Saturday, February 16, 2013 at 7:03am ·

မြန်မာနိုင်ငံမှ ဂျော်ဒန်နိုင်ငံCMJ အထည်ချုပ်စက်ရုံသို့  သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ်သမားများတွင် အောက်ပါ အခက်အခဲများရှိနေပါသည်။

    အလုပ်လုပ်ကိုင်ရာတွင် ဘာသာစကားမတူညီမှုကြောင့် အခက်အခဲများစွာရှိခြင်း။
    မြန်မာ အလုပ်သမားများအားကျွေးသောအစားအသောက်မှာ မြန်မာလူမျိုးများနှင့် ကိုက်ညီမှုမရှိခြင်း။
    ဂျော်ဒန်နိုင်ငံ ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့်ရှိသည့်လစာ လုံလောက်မှုမရှိခြင်း။
    မြန်မာ အလုပ်သမားများအပေါ် နှိမ်ချဆက်ဆံခြင်း။

ထို ပြဿနာများ ကြောင့် မြန်မာအလုပ်သမားများ အားလုံး တညီတညွတ်တည်း တောင်းဆို နေကြသည်မှာ −

    အခြေခံလစာကို Dollar 200 သို့ တိုးမြှင့်ပေးပါရန်
    ဘာသာစကားမတူညီမှုကြောင့် နေ့ စဉ်လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နေသော အခက်အခဲ များကို ဖြေရှင်းပေးရန်
    မြန်မာလူမျိုးများအပေါ်ဖိနှိပ်ခြင်းမပြုဘဲ နိုင်ငံခြားမှ လာရောက်အလုပ်လုပိသော အခြားနိုင်ငံသား အလုပ်သမားများ ကဲ့ သို့ တန်းတူညီမျှ အခွင့်အရေးပေးရန်

တို့ ဖြစ်ကြပါသည်။

အထက်ပါ အချက်အလက်များကို CMJ အထည်ချုပ်စက်ရုံမှ ဖြေရှင်းပေးခြင်း မပြုပါက မြန်မာ အလုပ်သမားများ အနေဖြင့် ရွေးချယ်စရာ နည်းလမ်းမရှိပါသဖြင့်  အဆိုပါ သပိတ်မှောက်  မြန်မာ အလုပ်သမားများ အားလုံး အလုပ်ထွက်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဂျော်ဒန်တွင် မြန်မာ သံရုံး မရှိသဖြင့် အဆိုပါ အလုပ်သမားများ၏ အရေးမှာ စိုးရိမ်ဖွယ်ရာ ရှိသဖြင့် ဝိုင်းဝန်း ကူညီနိုင်ကြပါရန် မေတ္တာရပ်ခံပါသည်..

Dear Brothers and Sisters

Kindly share this note and help our brothers and sisters..

Thanks you so much.

Hlwan Moe ...အဆိုပါစက်ရုံတွင်မြန်မာအလုပ်သမား ၂၃၀၀ ရှိနေပါသည် လောလောဆယ် အလုပ်မဆင်းဘဲ သပိတ်မှောက် နေကြပါသည်

ဘာမျော်လင့်ချက်နဲ့ ဂယောင်ဂတန်းအော်နေတာလဲ

အဂ္ဂမဟာ ဒီမိုဖက်တီး

ကျနော် မနေ့တနေ့ကပဲ ပြောပါရောလား ၊ ဗိုလ်ချုပ် ဂန်ဒူး ၊ ဂန်ဒူး ဗိုလ်ချုပ်တွေပါလို့ ။

သူ့ကိုပဲ ပြန်မေးကြည့်ပါ .... ၁၉၉၅ ကနေ ၂၀၀၅ အထိ သူပြောခဲ့သမျှမိန့်ခွန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဘယ်နှစ်ခါပါသလဲလို့ ....

န၀တ နအဖ လက်ထက် ကော်မတီ ကော်မရှင်အားလုံးမှာ သူနဲ့ သူ့မိန်းမ အပါအ၀င် ဥက္ကဌနေရာ အားလုံးကို ယူထားတာလေ ၊ အခုမှ ရူးချင်ယောင်ဆောင်နေတယ် ။

ဝါရှင်တန်ပြည်နယ် နျူကလီးယားဓာတ်ကြွပစ္စည်း ယိုစိမ့်

ဗွီအိုအေ (မြန်မာဌာန)
burmese.voanews.com

16.02.2013
အမေရိကန်နိုင်ငံက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမြင့်မားလှတဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရေးစခန်းတခုရဲ့ သိုလှောင်ကန်ကနေ ရေဒီယိုသတ္တိကြွ ဘေးထွက်ပစ္စည်းတွေ ယိုစိမ့် ထွက်နေတာကြောင့် နိုင်ငံ အနောက်မြောက်ဘက် ၀ါရှင်တန်ပြည်နယ်က Handford နျူကလီးယား သိုလှောင် ထိန်းသိမ်းရေးစခန်းက သိုလှောင်မှု အခြေအနေတွေအတွက်လည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။

အကာတထပ်ပါ သိုလှောင်ကန်တခုကနေ တနှစ်အတွင်း ရေဒီယိုသတ္တိကြွ ဘေးထွက်ပစ္စည်း ၁,၁၃၅ လီတာ အထိ ယိုစိမ့်နိုင်ပြီး ဒီယိုစိမ့်မှုကြောင့် မြေအောက်ရေကြောနဲ့ မြစ်တွေကို ရေရှည် ထိခိုက်မှု ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒီပြဿနာကို လွန်ခဲ့တဲ့နှစ် အတော်ကြာကတည်းက ပြေလည်အောင် စီစဉ်ထားတယ်လို့ သိရကြောင်း ၀ါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Inslee က သောကြာနေ့က ပြောဆိုပါတယ်။ ခုလို နျူကလီးယား စခန်းတွေကို သန့်စင်ဖို့အတွက် ဒေါ်လာ ဘီလျံ ပေါင်းများစွာ ကုန်ကျမှာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က Hanford စခန်းက သိုလှောင်ကန်တွေ အခြေအနေတည်ငြိမ်အောင် ထိန်းသိမ်းခဲ့ရတဲ့ အချိန်ကစလို့ ခုတကြိမ်ဟာ ရေဒီယိုသတ္တိကြွ ဘေးထွက်ပစ္စည်းတွေ ယိုစိမ့်မှု ပထမဆုံး ပြန်ဖြစ်လာတာကို အတည်ပြုလိုက်တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

၉မိုင်ဂေါက်ကွင်းမှာ playboyသန်းနိုင်ကိုရဲဖမ်း

Andrew Soe
‎"Su Pyae Mhuu Eaim နှင့် Htike Htike Melodyworld မှ ကောက်နှုတ်ချက် "

" အောင်မလေး အခုပဲ၉မိုင်ဂေါက်ကွင်းမှာ သီချင်းဆိုပြီးပြန်လာတာ ဒေါသဖြစ်လိုက်တာ။လူကြီးဖြစ်ပြီး သူဆိုမဲ့ အလှ့ည်ဲ့သီချင်းကို uncle playboyသန်းနိုင်က ဆိုသွားလို့တဲ့..ပွဲစီစဉ်ပေးတဲ့ဦးတင်အောင်မိုးကိုခေါ်ပြီးမကျေနပ်ကြောင်းပြောတယ်။ဒါကိုဦးသန်းနိုင်ကပြန်ကြားပြီး ဘယ်captainကပြောတာလဲ.သတ္တိရှိရင်stageပေါ်လာခဲ့လို့ပြောတော့ တယောက်မှတက်မလာဘူး..ဒီတော့ ဦးသန်းနိုင်ကဆဲလိုက်တယ်..ဆဲတုန်းရှိသေး ဘယ်အချိန်ထဲကခေါ်ထားမှန်းမသိတဲ့ရဲတွေရောက်လာပြီးဖမ်းကြတယ်..ရဲတွေကခေါ်လို့သာရောက်လာတယ် သူတို့ကြိုက်တဲ့အနုပညာရှင်ဆိုတော့ မထိရက်ကြဘူး..ဒါကိုမဖမ်းရကောင်းလားဆ်ုပြီး ရဲကိုသူတို့ကဆဲတယ်..အော် ဦးသန်းနိုင်ကြတော့ အသရေဖျက်မှုနဲ့ တရားစွဲတယ်. သူတို့ကိုရောပြန်ဆွဲလို့မရဘူးလား? ဦးသန်းနိုင်ကပြောတယ် ဒီမိုကရေစီခေတ်ကွ မင်းတို့အာဏာရှိတိုင်းပိုက်ဆံရှိတိုင်း လုပ်လို့မရဘူးကွ..ဦးသန်းနိုင်ခမျာ သိန်း800တန်sound systemကိုဆင်းပေးထားပြီး ၂သိနးတောင်ပြန်မရတဲ့ပွဲကိုစေတနာပါပါလုပ်ပေးခဲ့တာ အဲ့ဒိ စောက်အဆင့်အတန်းမရှိတဲ့ဟာတွေနဲ့မတန်ဘူး..အနုပညာရှင်တွကိုစော်ကားတယ်..ကျန်တဲ့အနုပညာရှင်တွေကိုလည်ုး စောက်ကောင်မတွေစောက်ပဲများမနေနဲ့တဲ့ ကဲ တွက်ကြည့်လိုက်ကြတော့ ပွဲကဘယ်လောက်လှသွားပြီလဲလို့အားလုံးကိုပိုးစိုးပက်စက်ပြောပြီးပြန်လာခဲ့တယ် မကျေနပ်ရင် ဆုပြည့်မှုးအိမ်ကို ကြိုက်သလိုလုပ်လို့ရတယ် စောက်ဂရုကိုမစိုက်တာ,အားလုံးပဲ ဦးသန်းနိုင်အတွက် ဝိုင်းဆုတောင်းပေးလိုက်ရအောင် ဘာမှမဖြစ်ပါစေနဲ့လို့။

Playboy ဦးသန်းနိုင်ဘက်က ကြည့်ရင်ဒေါသမထိန်းနိုင်လို့ ဆဲလိုက်တာကလွဲပြီးး အကုန်မှန်တယ် ဒီသီချင်းမဆိုရတာလေးတစ်ခုထဲနဲ့ လူကြီးမဆန်စွာအရှက်မရှိပြောထွက်တာအံ့သြတယ် ပြောတော့ Captain တဲ့ ! 'ဒီပွဲကို ငါစီစဉ်တာ အဲ့ဒီ့ကောင် က ငါ့နာမည်ကြေညာထားတာ ဘာ စောက်ဆင့်နဲ့တက်ဆိုတာလဲ ဆိုတဲ့ ' ယောကျာ်းမဆန် သဘောထားကျဉ်းမြောင်းလွန်းတဲ့ စိတ်ကို ဖေါက်ထွင်းမြင်ပြီးရွံ့လိုက်တာ . ရန်ဖြစ်နေတာကိုဒေါသတွေအလိပ်လိပ်တက်ပြီးကြည့်နေရင်းတန်းလန်း ဘုမသိဘမသိတစ်ကောင်က ပဲမများနဲ့ ဟိုမိန်းမတွေ ငြိမ်ငြိမ်နေဆိုပြီး မိန်းခလေးတွေဘက်လက်ညှိုးထိုးပြီးလဲပြောရော ကျနော့်ဒေါသ က စားပွဲပေါ်က လက်သီးအဖြစ်ပြောင်းသွားတယ် ! အဲ့ဒီ့စကားပြောတာ ဘယ်သူလဲ ! တစ်ကွင်းးးးးလုံး ငြိမ်ပြီးကြည့်နေတယ်ဲ ဒီမှာ အားလုံးမိကောင်းဖခင်သားသမီးတွေချည်းလာဆိုနေတာ မိန်းကလေးတွေဖြစ်လို့ ငြိမ်ခံနေမဲ့ခေတ်ကုန်သွားပြီ ခင်ဗျားတို့သတ္တိရှိရင်ဦးသန်းနိုင်ကို တရားစွဲကြည့် အဲ့ဒီ့ တရားစွဲမယ်ပြောတဲ့သူရဲ့နာမည်နဲ့ရာထူးကိုသိချင်တယ် ခင်ဗျားတို့ဒီလိုပွဲကိုလုပ်နေပြီးဒီလောက်မှ အဆင့်အတန်းမရှိရင်လဲ လူကြီးလူကောင်းယောင်ဆောင်မနေနဲ့တော့ ! အနုပညာနဲ့ခင်ဗျားတို့ကိုဖျော်ဖြေနေတာ ပေးတဲ့ပိုက်ဆံယူပြီး ပါးစပ်ပိတ်နေမဲ့သူတစ်ယောက်မှမပါဘူး . .ခုဒီစကားပြောတာ ခင်ဗျားတို့သမီးအရွယ်ပဲရှိတယ် ! လူလေးစားရမဲ့နေရာမှာနေချင်ရင် လေးစားစရာကောင်းအောင်ကျင့်ကြံပါ . .

Su Pyae Mhuu Eaim

Htike Htike Melodyworld

ဒီတခါ၊စစ်အာဏာအသက်သွင်းရင် ကျနော်တို့  ခေတ်ထက် ပိုရဲရင့်တဲ့ လူငယ်တွေနဲ့ တိုးမယ်။

အာဖဂန်နစ္စတန်တွင် ဗုဒ္စသာသနာ ကွယ်ပျောက် သွားခြင်း အကြောင်း

Ko Nyi

‎(မူဆလင်များမကြိုက်သော News Watch ဂျာနယ်ပါကျွန်တော်.ဆောင်းပါး)
သရ၀ဏ်(ပြည်)

အစ္စလမ်ဝါဒမထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာ မှာ ဗုဒ္စဘာသာဖြစ်ပါသည် ။ အာဖဂန် နိုင်ငံ ဟင်ဒုကတ်ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္စဘာသာ သည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့.ပါသည် ။

ကမ္ဘာ. ပထမဆုံးသော ဗုဒ္စရုပ်ပွားတော်မြတ် ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် တည်ထားခဲ.ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ဟုခေါ်ကြသည် ။သမိုင်းဆိုင်ရာသက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလမ်ဝါဒ မထွန်းကားမီ (ခရာဇ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု) ကပင် ဗုဒ္စဘာသာ အခြေတည်ခဲ.ကြောင်း သုတေသီတို.ကသုံးသပ်ကြသည် ။ ထိုသို. စောစီးစွာ အခြေတည်ခဲ.သော ဗုဒ္စသာသနာမှာ အေဒီ (၇) ရာစုတွင် စတင်မှေးမှိန်လာခဲ.ပြီး ၊ အေဒီ (၁၁) ရာစုတွင် လုံးဝကွယ်ပျောက်ချုပ်ငြိမ်းသွားခဲ.လေသည် ။ ဤဒေသမှာ တရုတ်တို.၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည် ။ ဂရေကိုဘက်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာ ဘုရင်ကြီးလက်ထက်တွင် ထေရ၀ါဒ ဗုဒ္စဘာသာ သည် အာဖဂန်နစ္စတန်တွင်ထွန်းကားခဲ.ပါသည် ။

မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ.ရှိချက် များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို.တောင်ဘက်) တွင် ဗုဒ္စ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ.ရှိခဲ.ပါသည် ။ ဗုဒ္စ သာသနိက အဆောက်အအုံ များကိုလည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ.ရှိခဲ.ပါသည် ။ လော်ဂျာပြည်နယ် ၌ ရှာဖွေတွေ.ရှိခဲ.သမျှ ပစ္စည်းများထဲတွင်ရှေးဟောင်းစေတီတော် နှစ်ဆူ ၊ ဗုဒ္စ ရုပ်ပွားဆင်းတုတော်များ ၊ နံရံ ပန်းချီများ ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများ ၊ ရှေးဟောင်း ပုတီးများပါဝင်ပါသည် ။

ဘက်တားရီးယန်း စာပေပညာရှင်နှင်.စစ်သည်တော် ( မိလိန္ဒပဥှာ ကျမ်းအရ မိလိန္ဒမင်းကြီး ) တစ်ဦးသည် အိန္ဒိယ မှ ရောက်လာသော နာဂသေနဟု အမည်ရသောမထေရ် တစ်ပါးနှင်.တွေ.ပြီး ဗုဒ္စဘာသာဝင်အဖြစ် ကူးပြောင်းရောက်ရှိခဲ.ကြောင်းသိရပါသည် ။ မြတ်ဗုဒ္စ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင်.ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို.၏ ဇာတိမြို.ဖြစ်သော ဘာသ်မြို. တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ.ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံး တည်ထားကိုးကွယ်သော ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်လာပါသည် ( ရွှေတိဂုံ စေတီတော်ကြီးသမိုင်းပါဇာတ်ကောင်များနှင်.နာမည်ဆင်တူနေသည်မှာ စဉ်းစားစရာဖြစ်ပေသည်။ ဘာသာပြန်သူ၏ စကားချပ် )။

ဘာမီယန်တောင်တန်းသည် လိုဏ်ဂူများပေါများလှသော တောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး ၎င်း တောင်များအတွင်းရှိလိုဏ်ဂူများတွင်သီတင်းသုံးကြသော ဗုဒ္စဘာသာ ရဟန်းတော်များသည် ဗုဒ္စ၀င် နိပါတ်တော်များ ကို ကျောက်ဂူနံရံများတွင် နံရံပန်းချီများအဖြစ်ရေးချယ်ခဲ.ကြပါသည် ။ ဘာမီယန်တောင်ကြားဒေသရှိကျောက် ဂူနံရံများတွင်ထွင်းထုထားသော ဗုဒ္စရုပ်ပွားတော်များကို ဘာမီယန် ဗုဒ္စရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍မရအောင် အလွန်ရှားပါးအဖိုးတန်လှပေသည် ။

ထိုဗုဒ္စရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင်. အရွယ်အစားအကြီးဆုံးမှာ ညဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည် ။ ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ.သော ၁၁ နှစ် (၂၀၀၁ ခုနှစ်) က တာလီဘန်သူပုန်များက ဒိုင်းနမိုက်ဖြင်.ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ.သည် ။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှုမပြုရဟု အယူရှိသောကြောင်. တာလီဘန်တို.သည် ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ ဖြစ်ခဲ.ပုံရသည် ။
ထိုလုပ်ရပ်ကိုတားဆီးရန် ထိုစဉ်က ပါကစ္စတန်နိုင်ငံတွင်ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် က “ တာလီဘန်တို.သည် ကိုယ်.ကိုယ်ကိုသာမက အစ္စလမ်ဝါဒအတွက်ပါ အကျိုးမဲ.စေသော လုပ်ရပ်ကိုလုပ်ခဲ. လေပြီ “ ဟု ပြောကြားခဲ.ပါသည် ။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တားဆီးနေသည်.ကြားမှ ၂၀၀၁ ခု မတ်လ(၁၁)ရက်တနင်္ဂနွေနေ.တွင်ရုပ်ပွားတော်ကြီး နှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ.ဆင်.နောက်ဆင်. ဒိုင်းနမိုက်ဖြင်.ဖြိုခွဲဖျက်ဆီးခဲ.သည်
ထိုကိစ္စနှင်.ပါတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ ၊ ဂျပန် တို.မှ ကိုယ်စားလှယ်အဖွဲ.များလွှတ်ကာ ထိုသို.မလုပ်ဖို. စေ.စပ်ဆွေးနွေးခဲ.သော်လည်းမအောင်မြင်ခဲ.ပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ.မညီလို. ဖယ်ရှားရတာပါဟု တာလီဘန်တို.က အကြောင်းပြခဲ.သည် ။ UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ
“အစ္စလာမ်နာမည်ကိုခုတုန်းလုပ်ပြီး ဘယ်သူ.ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ.အလုပ်ကို သူတို. လုပ်နေကြတယ် ။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ် “ ဟု ပြောခဲ.သည် ။

အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ.အမွေအနှစ်များ အာဖဂန် သမိုင်းတွင် ပြန် အဖတ်ဆယ်၍မရအောင်ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင်သူတို.နှမျောကောင်းနှမျော တသနေပါလိမ်.မည်။ ကမ္ဘာ.ဗုဒ္စဘာသာနိုင်ငံများသည် ကုလသမဂ္ဂ ၊ ယူနက်စကို တို.နှင်.ပူးပေါင်း၍ ထိုစဉ်ကပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.ပါမူ ထိုအဖြစ်ဆိုးမှရှောင်လွဲကောင်းရှောင်လွှဲနိုင်ပါလိမ်.မည် ။ တာလီဘန်တို.သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီး များကိုသုံး၍ ၂၀၀၁ ခုမတ်လတွင် ဗုဒ္စရုပ်ပွားတော်များကိုဖျက်ဆီးခဲ.ပါသည် ။ ထိုဖျက်ဆီးခံရသော ဘာမီးယန်းဗုဒ္စရုပ်ပွားတော်နှင်.တစ်ပုံစံထဲတူသော( ညာဏ်တော်ပို၍မြင်.သော) ပုံစံတူ သြကာန ရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခဲ.ကြပါသည် ။

ရှေးအခါကလည်းအာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများ ရှိခဲ.ကြ ၊ကိုးကွယ်ခဲ.ကြဖူးပါသည်။သို.သော် ဘာသာတစ်ခုကအခြားဘာသာများကိုလေးစားခဲ.ကြသည် ။ ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster ( အီရန်နိုင်ငံတွင်စတင်ခဲ.သော ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာဝါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ) ၏ မူလဘူတစတင်မွေးဖွားရာနေရာဖြစ်နေသည်။ နောင်သောအခါဤ၀ါဒမှာ အီရန်သို.ရောက်ရှိပျံ.ပွားသွားပြီး မကောင်းသူပါယ်ကောင်းသူကယ်ဝါဒ Zoroastrianism. ဟု ထင်ရှားခဲ.သည် ။ ဂရေ.(စ်)ကို ဘက်ထရီယန် လက်ထက်တွင် ဗုဒ္စဘာသာ နှင်.ဇောရိုးဝါဒ မှာ ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ.ကြသည် ။

တမန်တော်မိုဟာမက်ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ ( အေဒီ ၆၀၀ ) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီး နောက်ဘက်တားရီးယားဒေသ ကိုဆက်လက်တိုက်ခိုက်ပြီး ဗုဒ္စဘာသာထွန်းကားရာ ဘော်လ်ကာဒေသ ( Balka )သို.ပါ ရောက်ရှိလာခဲ.သည် ။ ၎င်းတို.အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္စဘာသာဝင်များကို လူခွန်စတင်ကောက်ခံခဲ.သည် ။ ဘုရားကျောင်းကန်စေတီ ပုထိုးများသို.သွားရောက်ဖူးမျှော်ပူဇော်ကန်တော.သူများကိုလည်းဘုရားဖူးခွန်များကောက်ခံခဲ.သည် ။ကဘူးရှိဘုန်းကြီးကျောင်းများကို ၀င်ရောက်လုယက်ဖျက်ဆီးကြပြီး ဗုဒ္စရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျည်းဖွယ်အနိုင်ကျင်.ခံရမှုသည် ဤမှာပင်စသည် ။ ကဘူးတွင် ဗုဒ္စဘာသာသည် တဖြည်းဖြည်းအားးနည်းလာပြီး နောက်ဆုံးတွင်အာဖဂန်နစ္စတန်မှ လုံးဝ ပျောက်ကွယ်သွားရတော.သည် ။

အေဒီ (၇) ရာစုတွင် အာဖဂန်သို. မူဆလင်များစတင်ရောက်ရှိလာပြီး (၁၀)ရာစုသို.ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလမ်ဘာသာ သို.ရောက်ရှိခဲ.သည် ။ ၁၁ ရာစု တွင်ကား ဗုဒ္စဘာသာသည် အာဖဂန်နစ္စတန်မှ လုံးဝ ချုပ်ငြိမ်းထွက်ခွာခဲ.ရသည် ။ (မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို. ဗုဒ္စဘာသာရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္စဘာသာ ချုပ်ငြိမ်းချိန်ဖြစ်နေပေသည် ။ စကားချပ် )

အာရပ် တို.အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလမ်ဝါဒကို သယ်ဆောင်လာဖို. စစ်ရေးဖြင်.ကျူးကျော်ဝင်ရောက်လာသောအခါ အာ ဖဂန်ဒေသခံတောင်ပေါ်သားတို.သည် ၎င်းတို.၏ ပိုင်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ.ကြပေသည် ။ ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္စဘာသာ ၊ ဟန္ဒူဘာသာ၊ ဇောရိုးဝါဒ ၊ ဂျူးဘာသာ များကို မိမိ ယုံကြည်ရာကိုးကွယ်ခဲ.ကြပေသည် ။

အာရပ်များသည် ဒေသခံများကို အစ္စလမ်ကိုးကွယ်သူများဖြစ်စေရန်အတင်းအကြပ်ဘာသာပြောင်းစေရန် ကြံဆောင်မှု မှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ်အပြင်းအထန် ခုခံ တော်လှန်မှုကြောင်.မအောင်မြင်ခဲ.ပေ။ အေဒီ (၈၇၀)တွင်မူ ယနေ.ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာ တော်တော်များများကို ရာကွတ် ဘင်လာသီ ဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ.ပြီး အစ္စလမ်ဝါဒ ကို စစ်ရေးဖြင်.တိုးချဲ.နိုင်ခဲ.သည် ။အတင်းအကျပ်ဘာသာပြောင်းခံရသူများသည် အခွင်.သာသည်နှင်.သူပုန်ထကြပြီး သူတို.၏ မူလ ဘာသာ ကို ပြန်လည်ဆည်းကပ်ကြသည် လည်းရှိခဲ.သည် ။ အေဒီ (၈) ရာစုနှင်.(၉) ရာစုကြားကာလများတွင် ယနေ.ခေတ် အာဖဂန်နစ္စတန် ၊ပါကစ္စတန် နှင်. အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများမှဒေသခံများမှာ ဆွန်နီ အစ္စလာမ် ဘာသာသို. သွတ်သွင်းခြင်းခံကြရသည် ။ အေဒီ (၉၉၈ နှင်. ၁၀၃၀ ) ကြားတွင်အုပ်ချုပ်ခဲ.သော တူရကီမင်းဆက်စူလတန်မိုဟာမက်သည် အန္ဒိယနိုင်ငံ ကို ၁၇ ကြိမ်ခန်. ၀င်ရောက်တိုက်ခိုက်ခဲ.ပြီး အိန္ဒိယ နှင်. အာဖဂန်နစ္စတန်တွင် လူအစုလိုက်အပြုံလိုက် အစ္စလမ်ဘာသာသို. အတင်းအဓမ္မပြောင်းလဲဝင်ရောက်စေခဲ.သည် ။

တောင်ကုန်.တောင်တန်းများပေါ်တွင်နေထိုင်ကြသော ဒေသခံ အာဖဂန်များကတော. အစ္စလမ်ဘာသာသို.မ၀င်ပဲ နေခဲ.ကြသည် ။ ထိုဒေသတွင်တော. အုပ်ချုပ်သူ ပြည်နယ် ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒို ၊ မူဆလင် ၊ အာဖဂန် မိန်းမများစွာ ကို ယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင်လုပ်ခဲ.ကြသည် ဟု အေဒီ ၉၈၂ တွင် ရေးသားသော ဟူဒတ်အယ်အလမ်(Hudud-al-Alam ) ဆိုသော စာအုပ်တွင် ဖော်ပြခဲ.သည် ။

လုပ်သက် ၃၄ နှစ်ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှုး ဖြစ်သူ အိုမာခန် မက်ဆိုဒီ က အာဖဂန်၏ ခေတ်အဆက်ဆက်မှအလွန်လက်ရာမြောက်သော ဗုဒ္စရုပ်တုများကို သူတို. လျှို.၀ှက်စုဆောင်းနိုင်ခဲ.သောကြောင်.အလွန်ဂုဏ်ယူကြောင်း။ သူတို.သည် ဗုဒ္စရုပ်ပွားတော် အဆူ၃၀၀ ခန်.ကို ပြတိုက်အနီးမြေအောက်ခန်းထဲတွင် လျှို.၀ှက်သိမ်းဆည်းထားပြီး ပြတိုက်ဝန်ထမ်းများကကာကွယ်စောင်.ရှောက်ထားကြောင်း ပြောကြားခဲ.သည် ။ ဘာမီယန် ဗုဒ္စရုပ်ပွားတော်ကြီးဖျက်ဆီးခံရမှု ကို သူတို.အလွန်စိတ်မကောင်းဖြစ်မိကြောင်း ၊ အဘယ်ကြောင်.ဆိုသော် ဤ ရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏ သမိုင်းကြောင်းဖြစ်နေသောကြောင်.ဖြစ်သည် ဟုလည်းပြောကြားခဲ.ပါသည်။

ဂန်ဒါရာ ဗုဒ္စ ရုပ်ပွားတော်မြတ်ကြီးကို စတင် မတည်ထားခင်ကအထိ ဗုဒ္စ ဘာသာ ပေါ်ထွန်းစ ကာလများတွင် မည်သူမျှ ဗုဒ္စ ကို ရုပ်တု ၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခဲ.ကြပါ ။ကနဦးတွင် လူ.ပုံသဏ္ဍန်ကို ရှောင်ရှားပြီး အခြား သင်္ကေတများကိုသုံး၍ ကိုးကွယ်ပူဇော်ခဲ.ကြသည် ။လူတို.သည် ရှေးဦးစွာ ဗုဒ္စဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ ) ကို ပုံတူပြု၍ ကိုးကွယ်ခဲ.ကြသည် ။ခြေတော်ရာပုံထဲတွင် မဟာယာနဗုဒ္စဘာသာမှ အန္တရာယ်ကင်းအင်းကွက်များနှင်.ဆင်တူသော အင်းများကို ကို ထည်.သွင်းရေးဆွဲခဲ.ကြသည် ။ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာတွင် သင်္ကေတများထည်.သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာ သင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို. အဓိပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာသုတေသနလုပ်ခဲ.သည် ဒေါက်တာ ၀ဲဓမ္မဆေလာ ကပြောပါသည် ။

ဗုဒ္စဘာသာရဟန်းတော်တစ်ပါးရေးခဲ.သော ဂေါသ ကျမ်း၌ လည်း ဗုဒ္စဘုရားရှင်သည် သူ၏ လက်ဝဲဘက်ခြေတော်ရာကို သမ္မန်နိုလာ(သီရိလကာင်္) အရပ် တွင်ချတော်မူပြီး၊ လက်ယာဘက်ခြေတော်ရာကို ယိုနာကာပူရ် ( ဆော်ဒီအာရေဗျ ) နိုင်ငံ မက္ကာမာ ( မက္ကာ ) တွင်ချတော်မူသည်ဟုအထူးအလေးထားဖော်ပြထားပါသည် ။ ဤအချက်သည် မူဆလင်တို.က ကဘာ ဟုခေါ် သော မက္ကာရှိခြေရာတစ်ခု ကိုရည်ညွှန်းပုံ ရသည် ။ မူဆလင် ၊ ခရာဇ်ယန်နှင်. ဂျူး ဘာသာဝင်တို.ကအလေးအမြတ်ထားကြသော အေဘရာဟမ် ဆိုသည်. ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကို တစ်ချိန်က ချထားခဲ.သည် ဆို၏ ။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည်ရှိနှင်.နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ.ပြီး ကျောက်တုံးတစ်ခုနှင်. ဖုံးအုပ်ထားခဲ.ပြီး ခြေရာအမည်ကို ကဘာ ဟုအမည်ပေးခဲ.သည်ဟုဆို၏။
ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ.ကြသည် ။ ထိုနေရာကိုမြင်.မြတ်သောနေရာအဖြစ်သတ်မှတ်ပြီး မူဆလင်များသာ ၀တ်ပြုပူဇော်ရန်ဝင်ခွင်.ပြုသည် ။ဗုဒ္စဘာသာဝင်များကတော. ထိုနေရာသို. မြတ်စွာဘုရားခြေတော်ရာ ဖူးမျှော်ရန်ဘယ်တုန်းကမှ မသွားခဲ.ကြပါ။သို.သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံး ပြုကိုးကားနေကြရဆဲဖြစ်သည် ။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါအကြောင်းများကိုတော. မည်သူမှ မှားသည် မှန်သည် မဆန်းစစ်နိုင်ခဲ.ပါ။ သံဃာယနာတင်ရာတွင် ထည်.သွင်းမဖော်ပြခဲ.သော်လည်း မဟာဝံသ ကျမ်းများအလိုအရ ဗုဒ္စဘုရားသခင်သည် သီရိလင်္ကာ ( သီဟိုကျွန်း) သို. သုံးကြိမ်ခန်. ကြွရောက်ခဲ.သည်ဟုမှတ်တမ်း တင်ထားပါသည် ။ ဤကိစ္စသည် အသေးစိတ်ဆက်လက် လေ.လာသုတေသနပြုသင်.သော ကွင်းဆက်တစ်ခုဖြစ်ပါသည် ။

အာဖဂန်နစ္စတန်ကဲ.သို.ပင် ဗုဒ္စ သာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာအိန္ဒယနိုင်ငံတောင်ပိုင်းဖြစ်ပါသည်။ပါရဂူဘွဲ.အတွက်ကျမ်းပြုရန်ကွင်းဆင်းလေ.လာခဲ. သော ဒေါက်တာ ဟီကိုဆာကီ ၏ အဆိုအရ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင်. ထေရ၀ါဒ ရဟန်းတော်များသီတင်းသုံးခဲ.သည်. ဘုန်းတော်ကြီးကျောင်းပေါင်းများစွာကို တွေ.ခဲ.ရသည်ဟုပြောပါသည် ။ ယခုအခါ ဗုဒ္စဘာသာနှင်. ဟိန္ဒူဘာသာမှာ အိန္ဒိယမှာရော ၊ သီရိလင်္ကာ မှာရော ရောထွေးနေပေသည် ။ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္စ ရုပ်ပွားတော်တွေ.ရမည်ဖြစ်ပြီး ၊ ဗုဒ္စဘာသာ ဘုရားပုထိုးများမှာလည်းဟိန္ဒူ နတ်ရုပ်များ ရှိလေသည် ။ဗုဒ္စဘာသာ ကိုရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ.သော အာဖဂန်နစ္စတန်နှင်.ယှဉ်၍ သုံးသပ်ကြည်.စေလိုပါသည် ။

ဗုဒ္စဘာသာ သာသနာပြု မင်းကြီး ဖြစ်သော သီရိဓမ္မာသောကမင်းကြီး ၏ စကားကို ယူ၍ သုံး ရလျှင်
“ အကြင်သူသည် မိမိကိုးကွယ်ရာဘာသာကိုသာချီးမြှင်.မြောက်စားလျက် အခြားဘာသာများကို ကဲ.ရဲ. မရှုတ်ချထိုက် ၊ အခြားဘာသာအယူဝါဒများကိုလည်း သူတို.ကိုးကွယ် ယုံကြည်မှုနှင်.အညီ လေးစား အသိအမှတ်ပြုရမည် ။ ဤသို.ပြုခြင်းဖြင်. ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင်.မတူသူများကို ပြစ်တင်ရှုတ်ချခြင်းမလုပ်ရာ ။ မိမိဘာသာ အယူဝါဒကိုသာချီးမြှောက်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒ ကို ပိတ်ပင်နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ်.အယူဝါဒကိုပင် နိမ်.ကျပျက်ဆီးစေ၍ ရှောင်ကျဉ်ရပေမည်။
သရ၀ဏ်(ပြည်)

ကိုးကား
၁။ Buddhist History of Afghanistan and South India
Written By Dr. Sripali Vaiamon

(Sri Lanka Guardian on May 29, 2012)
၂။ Wikipedia
၃။ Islamic conquest of Afghanistan
၎။ bbc news (Sunday, 11 March, 2001, 23:12 GMT )

Factors worth considering behind the Peace Process

Aye Aye Soe Win

1- The trio of Kyaw Yin Hlaing, Hla Maung Shwe, and late Nay Win Maung seems to have a wonderful strategy through their intellectual schemes in order to help Daw Su in the long run. It seems Daw Su has accepted this complex arrangement in and out. Allegedly there is the strength of new recruits added to the team. Truly wonderful!

(Behind the scenes of the Burmese parliament is growing resentment among one another and a sense of intense competition between two groups, perhaps three groups at the high end. It’s time to view it as a factor, towards the Dawn of democracy in Burma. Things meant to give way are by all means bound to fall away in due time.)

On the other hand, any initiative, whoever launched it in the name of peace or similar packages conveniently marketed to manipulate public sentiments, will come to an end in no time, as the criticism of the day is getting stronger, not benefiting those on the wrong path and the opportunists. The literature of this kind proves to be either a bowl of chicken soup or a useful torch. Unless you are inclined to embrace it, you may go past it.

2. It is also time to stretch the scenario into one better and bigger for the time to come yet. Place yourself a few feet further off the picture being looked at. A better perspective of all these things that affect the peace process matter, won’t escape. THE TIME IS UP.

3. Touting for Assets and Power
Assets are no longer reliable as access to power is no longer reliable. It is as simple as it looks. Another factor is that the time is up for a lot of things. Factions out of the same group have witnessed their heads going grey, weak and dying, managing in vain to secure a smooth operating system of gaining more assets and power. However, as it has been the talk of the strong critics, their designs have proven to be wrong, they can no longer optimize their access to power, and they just happen to be inefficient in using up power-chips in the maintenance of a system breaking down, because everything and all their moves in the current complex Parliament Building will bear political repercussions, and it is going to affect the whole country soon. The operating system being, of course, a major factor is what will determine the state of all affairs in NayPyiDaw.

Go past the meals of criticism, balanced, straightforward and nourishing, unless it suits you. The current complex issue has got legs on its own, but no one has caused it. It is too early to say who and which forces will earn the fare to represent the average Burmese people in the long run. One’s genuine political material and capital is one’s own people, and the lack of the ability to glue oneself to their roots will bring a blow in a far worse time. The operating system of Thein Sein's government is breaking down all ready, perhaps far up to higher levels SOON.

The events presumably to come in the course of 2013 will be shedding light on uncertainty. Cheers!
aye aye soe win
Feb 16, 2013

်ရခိုင်ပြည်နယ်မှ ခိုးဝင်လာသည့် ဘင်္ဂါလီ(၁၂)ဦး နေပြည်တော်တွင် ဖမ်းမိ

Myo Morn Tun

နေပြည်တော် နိုင်လွန်ကတ္တရာလမ်းများပေါ်တွင် ကုန်တင်နှင့် အနှေးယာဉ်များ တက်ရောက်မောင်းနှင်က ထောင်ချပစ်သည်အထိ အရေးယူမည်ဟုဆို

r

by CJMyanmar, 15.2.2013

နေပြည်တော်စည်ပင်သာယာရေးကော်မတီက နေပြည်တော်ရှိ နိုင်လွန်ကတ္တရာလမ်းများပေါ်တွင် ကုန်တင်နှင့် အနှေးယာဉ်များ တက်ရောက်မောင်းနှင်က ထောင်ဒဏ်(၃)လ သို့မဟုတ် ကျပ်တစ်သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးကျခံရသည်အထိ အရေးယူမည်ဖြစ်ကြောင်း (၂၁၊ ၁၂၊ ၁၂)ရက်စွဲဖြင့် အမိန့်ကြော်ငြာစာတစ်ရပ်ထုတ်ပြန်လိုက်ကြောင်း CJMyanmar က သတင်းရရှိသည်။

(၂၁၊ ၁၂၊ ၁၂)ရက်စွဲဖြင့်ထုတ်ပြန်သော နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာ (၁၀၅/၂၀၁၂)အပိုဒ်(၁)တွင်-
"နေပြည်တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ(ဆ)၊(ဇ)နှင့် ပုဒ်မ ၃၈(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မော်တော်ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းသူများ၊ ယာဉ်နောက်လိုက်များနှင့် လမ်းအသုံးပြုသူများလိုက်နာနိုင်ရန် အောက်ပါစည်းကမ်းချက်များကို ထုတ်ပြန်လိုက်သည်-
(က) နိုင်လွန်ကတ္တရာခင်းထားသော လမ်းများပေါ်သို့ ကိုယ်ပိုင်လူစီးယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ၀န်ထမ်းကြို/ပို့ယာဉ်များမှအပ ကျန်မည်သည့်ယာဉ်မျှ တက်ရောက်မောင်းနှင်ခြင်းမပြုရန်၊
(ခ) မည်သည့်ယာဉ်မဆို မျက်နှာချင်းဆိုင်ယာဉ်ကြောသို့ကွေ့ရန် လိုအပ်မှသာ နိုင်လွန်ကတ္တရာလမ်းပေါ်မှ ဖြတ်သန်းမောင်းနှင်ရန်၊
(ဂ) အထက်အပိုဒ်ခွဲ (က)၊ (ခ)အရ နိုင်လွန်ကတ္တရာလမ်းများပေါ်သို့ တက်ရောက်မောင်းနှင်သော ယာဉ်များသည် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း မောင်းနှင်ရန်။"ဟုဖော်ပြထားပြီး အပိုဒ်(၂)တွင်လည်း-
"မည်သူမဆို ဤအမိန့်ကြော်ငြာစာပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖောက်ဖျက်ကျူးလွန်ပါက (သို့မဟုတ်) လိုက်နာရန်ပျက်ကွက်ပါက နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၆ အရ (၃)လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း"ဖော်ပြပါရှိသည်။

ယခုအခါ နေပြည်တော်တွင် လေယာဉ်ကွင်းမှ ဟိုတယ်ဇုံများကိုဖြတ်၍ သပြေကုန်းအ၀ိုင်းအထိ ရာဇသင်္ဂဟလမ်းတစ်လျှောက် နိုင်လွန်ကတ္တရာများ ခင်းလျက်ရှိသော်လည်း အဆိုပါ နိုင်လွန်ကတ္တရာလမ်းများသည် လမ်းတစ်ဝက်သာ ခင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မူလခင်းထားပြီးဖြစ်သော ကွန်ကရစ်လမ်းပေါ်၌ နိုင်လွန်ကတ္တရာထပ်ပိုးလွှာအုပ်ထားခြင်းဖြစ်ရာ လမ်းနှစ်ခုအကြား မျက်နှာပြင်မညီမျှခြင်းများ ရှိနေ၍ ထိုမညီမျှသော အနားသတ်ပေါ် ယာဉ်ဘီးများကျရောက်သည်ဖြစ်စေ၊ ထိုအနားသတ်များပေါ် ယာဉ်များ ကူးဖြတ်ရာတွင်ဖြစ်စေ ယာဉ်များအတွက် အခက်အခဲများရှိနေကြောင်းသိရသည်။

(၁၅၊ ၂၊ ၂၀၁၃) ညနေ ၅ နာရီခန့်က အဆိုပါ ကွန်ကရစ်-နိုင်လွန်လမ်းမျက်နှာပြင်မညီမျှခြင်းများရှိနေသော ရာဇသင်္ဂဟလမ်းပေါ် (တုံဂပူရီ ဟိုတယ်အနီး) တွင် ကျောက်သယ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသော လူ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းလည်း CJMyanmar က သိရပါသည်။

့အလုပ်အကိုင်ရှားပါးမှုပြသနာကိုဒီလိုနည်းနဲ့ချောင်းနေကြတဲ့သူတွေ

Sithu Maung's photo.
ဒီမြင်ကွင်းကိုမြင်ရတော့ကျနော်ဓာတ်ပုံမရိုက်ပဲမနေနိုင်တော့တာနဲ့ရိုက်လာလိုက်တယ်ဒကျနော်တို့နိုင်ငံရဲ့အလုပ်အကိုင်ရှားပါးမှုပြသနာကိုဒီလိုနည်းနဲ့ခြောင်းနေကြတဲ့သူတွေလဲရှိတ

အကယ်ဒမီ မော့(စ်) ၏ ဈာပန

ဓာတ်ပုံ-Popular Myanmar

ဒေါ်အောင်ဆန်းစုကြည်၏ကော့မှူးမြို့ နယ်ခရီးစဉ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၉ နာရီမှာ ကော့မှူးမြို့နယ်ကို သွားရောက်ခဲ့ပါတယ်၊
ကော့မှူးမြို့ရှိ NLD ရုံးခန်းမှာ ဒေသခံလယ်သမားတွေနဲ့ တွေ့ဆုံပြီး လယ်ယာမြေပြဿနာများ၊ အကြွေးကင်းကင်းနဲ့ ဘယ်လိုတိုးတက်အောင် ဆက်လုပ်ရမလဲဆိုတဲ့ ကိစ္စများရပ်များကို ဆွေးနွေးခဲ့ပါတယ်၊
ဆက်လက်ပြီး ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးကို သွားရောက်ပြီး လယ်သမားကိစ္စများနဲ့ ကော့မှူးမြို့နယ် တိုးတက်ရေးတို့ကို မြို့နယ်ဦးစီးမှူးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊

ဓါတ်ပုံ ကိုဆန်နီ
ဘားမားဗွီဂျေ

(၁၆.၂.၂၀၁၃)