တဖက်ကလည်းဖက်ဒရယ်ဆိုပြီးကိုယ်ပိုင်ပြဌာန်းခွင့်ကပါလာတယ်။
ကိုယ်ပိုင်စစ်တပ်ကလည်းရှိချင်သေးတယ်။ဖက်ဒရယ်စနစ်ဆိုတာ
ပြဌာန်းချက်တွေကိုပြည်သူကရွေးကောက်ထားတဲ့လွှတ်တော်က
တဆင့်သွားရတယ်။သူတို့လိုချင်တဲ့ဖက်ဒရယ်စနစ်ကအသစ်လား။
တဖက်ကလည်းဆွေးနွေးဖို့သွားရင်သားကဘာမုန့်ကြိုက်လဲပြော။
ဖေကြီးက၀ယ်ကြွေးမှာပေါ့..မပြောရင်ဖေကြီးကဘယ်သိမှာလဲ...။
နယ်ခြားစောင့်တပ်လုပ်ကွာ..သားကလိမ္မာပါတယ်...အဖေနဲ့သား
ဇတ်လမ်းပဲခင်းတယ်...ဖြစ်နေပုံကနှစ်၆၀အလွဲများ.......
ဟိုဖက်ကလည်းနိုင်ငံရေးအခင်းအကျင်းထဲယုံယုံကြည်ကြည်ဝင်မ
လာနိုင်သေးဖူး။ဒီဖက်ကလည်းပစ်..တက်...စစ်ပဲတိုက်တတ်တဲ့ပါးစပ်
တွေကငြိမ်းချမ်းရေးစကားနိုင်ငံရေးစကားပြောချင်တယ်။
တကယ်ဆိုစစ်တပ်ရော(စစ်)အစိုးရရောလက်ရှောင်ပြီးတိုင်းရင်းသား
အစုအဖွဲ့နဲလွှတ်တော်ကိုယ်စားပြုအဖွဲ့ဆွေးနွေးသင့်တယ်။လက်ရှိ
ဖကိဒရယ်စနစ်ကိုပဲပြုပြင်ပြီးညှိနိုင်းတိုင်ပင်ကြရင်စစ်တပ်ကိုမယုံတာ
တွေ၊ကိုယ်ပိုင်စစ်တပ်တွေ၊ကိုယ်ပိုင်ပြဌာန်းခွင့်တွေအကုန်ရှင်းသွာမယ်။
ဦးသန်းရွှေလက်ထက်တလျောက်လုံးဘာသံမှမထွက်ပဲငြိမ်ကုပ်နေသူ
တွေကလည်းဖွင့်လိုက်တာနဲ့အခွင့်အရေးမျိုးစုံထအော်နေတယ်...
အကင်းပဲရှိသေးတယ်တံခြူနဲ့ရိုက်ချစားသုံးနေကြပြီ။
အနှစ်၂၀ကျော်အော်လာပြီးထောင်ကိုအိမ်လုပ်လာသူတွေဆီက
တော့ဘာအော်သံမှမကြားရတော့ဖူး။လမ်းပေါ်လဲမတက်တော့ဖူး။
ခရိုနီတွေကျပြန်တော့ဟိုဖက်ပေါင်ကနွေးတယ်ဟေ့.......
ဆိုဟိုဖက်ပြေးကပ်လိုက်ကြ...
ဒီဖက်ပေါင်ကနွေးတယ်ဟေ့.....
ဆိုဒီဖက်ပြေးကပ်လိုက်ကြ.... ဟုတ်နေတာပဲ။
ဒို့ပြည်သူတွေကတော့မျက်လုံးလေးကလယ်ကလယ်၊ပါးစပ်
လေးအဟောင်းသားနဲ့၊သီဟတင်စိုးဇာတ်ကားထိုင်ကြည့်နေ
ရသလိုပါပဲလားကွယ်....၊
ရဲရင့်ငယ်
(2/17/2013)
Sunday, February 17, 2013
နှစ်၆၀အလွဲများ.......
၈၈အဖွဲ့ ရံပုံငွေ နဲ့ ထောက်ပံ့ကြေး ကိစ္စနဲ့ အသုံးပြုမှုကိုပြုံးချိုရှင်းပြ
အော်စလိုတွေ့ဆုံပွဲ
Ko Nyo
၂၀၁၅ဟာ ပန်းတိုင်မဟုတ်ဖူး။
“2015 ဟာ ကျနော်တို့ပန်းတိုင်မဟုတ်ဖူး..ဖြတ်သန်းသွားရမဲ့ မိုင်တိုင်တခုသာဖြစ်တယ်”
ကိုမင်းကိုနိုင်ရဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး တိုက်ပွဲ သဏ္ဍန် ကို ရှင်းလင်းခြင်း..။
ကိုမင်းကိုနိုင်ရဲ့ ပြည်ထောင်သစ်သဘောထား။
ပြည်ထောင်စုသစ်နဲ့ တန်းတူညီမျှရေးအပေါ် ကိုမင်းကိုနိင် ရဲ့အမြင်နဲ့ သဘောထား။
ပြည်ပရောက်တွေ..ဘယ်တော့ပြန်လာမှာလဲ?
ခင်ဗျားတို့တတ်ထားတဲ့ပညာနဲ့ လုပ်စရာတွေ လိုအပ်နေတယ်။
ဘယ်တော့ပြန်လာမှာလဲလို့ ကိုမင်းကိုနိုင်က ပြည်ပရောက် မြန်မာတွေကို
အော်စလိုတွေ့ဆုံပွဲမှာမေးခွန်းထုတ်သွားတယ်။
၈၈အဖွဲ့ ရံပုံငွေ နဲ့ ထောက်ပံ့ကြေး ကိစ္စနဲ့ အသုံးပြုမှုကို
မေးခွန်းကို ကိုပြုံးချိုကရှင်းပြနေတာပါ..
ခရိုနီတွေ နဲ့ ၈၈အနေအထားလည်းရှင်းထားတယ်။
မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရန်ကြိုးစား
Ahman Tayar's photo.
ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ
လက်ရှိကာချုပ်မင်းအောင်လှိုင်ကို
တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့
ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၇။ ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည် ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့်တွင် အေးရှားဝေါလ်ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ်အားပေးစက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှ အမှုဆောင်ဒါရိုက်တာ ဦးစိုးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ မီးစက်တစ်စုံတွင် ပစ္စည်းခုရေ စုစုပေါင်း ၅၈၉ခုရှိပြီး အလေးချိန်အနေဖြင့် တန်ချိန် ၅၀၀ကျော်အား ဗိုလ်အောင်ကျော်ဆိပ်ခံတံတား၌ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အထိ သယ်ချခဲ့ကြောင်း သိရကာ တန်ချိန်အများဆုံးဖြစ်သည့် ၇၀၊ ၁၂၀၊ ၂၁၈နှင့် ၂၂၀တန်တို့အား ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ပစ္စည်း ၄ခုသယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့နောက် အဆိုပါ လေးလံပစ္စည်း ၄ခုအား အေးရှားဝေါလ်ဆိပ်ကမ်းမှ ရွာမဓါတ်အားပေးစက်ရုံသို့ ဖေဖော်ဝါရီလ ၁၇ရက်မှစတင်၍ ၂၀ရက်နေ့အထိ သယ်ယူပို့ဆောင်ကာ နှစ်စုံတပ်ဆင်ပြီးပါက ပြည်သူများအတွက် လျှပ်စစ်မီးအပြည့်အဝအသုံးပြုရန် တိုးမြှင့်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း MEC မှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ TMA
By: The Myanma Age
မီးစက်ကြီးကိုဂုဏ်ပြုသောအားဖြင့်တိုက်ခန်းတွေအားလုံးအမှောင်ချပေးထားတာတွေ့ရမှာပါ...။
"၈၈မျိုးဆက်","ရခိုင်"၊ "ကမန်" နှင့် "မရမာကြီး"
BBC Burmese
ရခိုင်တိုင်းရင်းသားတွေ အကြား နားလည်မှု တည်ဆောက်
ရခိုင်ပြည်နယ်မှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေအကြား စိတ်ဝမ်းကွဲပြား မှုတွေ ရှိခဲ့တာကို ပြေလည်အောင် လုပ်နိုင်ရေး၊ နားလည်မှု ပြန်လည်တည်ဆောက် နိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ဘာသာရေး၊ လူမှုရေး အဖွဲ့တွေ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်မှာ နေထိုင်တဲ့( တိုင်းရင်းသားတွေ)အကြား.....ဆိုပြီး
ဘီဘီစီကရောလွှတ်လိုက်တာ...အမှန်က..
88 Generation Students's photo.
၈၈မျိုးဆက်ကျောင်းသားများ၏
"၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း"က
စီစဉ်ပြုလုပ်သော ရခိုင်ပြည်နယ်အတွင်း "ရခိုင်"၊ "ကမန်" နှင့်
"မရမာကြီး"တို့ အကြား အပြန်အလှန်
နားလည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကို ယနေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက် (တနင်္ဂနွေနေ့)
မွန်းလွဲ ၁း ၀၀ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းတည်ရှိရာ
အမှတ် ၁၀၃၉ ၊ ၁၀၄၀ ၊ သုမင်္ဂလာလမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၌
ကျင်းပပြုလုပ်ရာ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(၁၉၉၀)၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန်အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(၁၉၉၀)၊ မရမာကြီး လူမျိုးများနှင့် ၈၈မျိုးဆက်မှ
ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အခြေခံဥပဒေများအရ
နှင့် ပေါ်ပေါက်တည်ရှိခဲ့သော သမိုင်းရေးဆိုင်ရာ အချက်အလက်များအရ
တိုင်းရင်းသားအဖြစ် သတ်မှတ်တည်ရှိပြီးသော လူမျိုးစုများအကြား
ပုံမှန်အခြေအနေပြန်လည်ရောက်ရှိေ
................................................
ဘီဘီစီ၊အာအက်ဖ်အေ..ဘယ်တော့မှဖြစ်မလာနိုင်တဲ့တိုင်းရင်းသားဖြစ်ရေးမူကိုစွဲကိုင်ထားသ၍
မချစ်သော်လည်းအောင့်ခါနားထောင်အဆင့်မှာပဲတသက်လုံးရပ်တည်သွားရမယ်ဆိုတာမှတ်ပါ...။
Ko Nyo
အော်စလို မြန်မာမိသားစုနဲ့ ၈၈ခေါင်းဆောင်..
ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံမှာ ရောက်
Voa Burmese
ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး တနင်္လာနေ့မှာ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ပြည်ပအစိုးရတွေနဲ့ လွှတ်တော်တွေက တာဝန်ရှိသူတွေ မြန်မာနိုင်ငံဆီ လာရောက်တဲ့အခါ လူမျိုးစုပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ လာကြတာဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ လူမျိုးစုတွေရဲ့အခန်းကဏ္ဍကို ပိုပြီး အသိအမှတ်ပြုလာတဲ့ပုံ ရှိတယ်လို့ လူမျိုးစုပါတီတခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန် ဒီးပါ့က် အော့ဘ်ရိုင်း (Deepak Obhrai) ဦးဆောင်တဲ့ ကနေဒါနိုင်ငံရေး ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံဆီ လာရောက်မယ့်အကြောင်းကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ် (John Baird) က ဖေဖော်ဝါရီလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာပါ။
ဒါဟာ မြန်မာနဲ့ကနေဒါ နှစ်နိုင်ငံ လွှတ်တော်တွေအကြား အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ အစီအစဉ်တခုရဲ့ ပထမခရီးဖြစ်တယ် လို့လည်း ဆိုပါတယ်။ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတဲ့အစီအစဉ်ကို ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး RNDP ပါတီရဲ့ အတွင်းရေးမှူး ဦးဦးလှစောက ဗွီအိုအေကို အခုလိုပြောပါတယ်။
“ကနေဒါက ရောက်နေတဲ့ လွှတ်တော်အဖွဲ့ဟာ ကျနော်တို့ RNDP အပါအ၀င်ပေါ့လေ၊ တိုင်းရင်းသားဒီမိုကရေစီပါတီတွေနဲ့ မနက်ဖြန် ၃ နာရီကနေ ၅ နာရီ ပါ့က်ရွိုင်ရယ် ဟိုတယ်မှာ တွေ့ဖို့ဆိုပြီး ကျနော်တို့ကို ချိန်းထားပါတယ်။ အဲဒီကနေ သူတို့က သွားပြီးတော့ နေပြည်တော်ရောက်လို့ ရှိရင် နေပြည်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အမတ်တွေနဲ့လည်း တွေ့ဖို့အစီအစဉ် ရှိပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း တွေ့မှာပေါ့လေ။”
ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လက မြန်မာနိုင်ငံဆီ လာရောက်ခဲ့ချိန် အတွင်း အခု အစီအစဉ်ကို အဆိုပြုခဲ့တာဖြစ်ပါတယ်။ လွှတ်တော်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေအပေါ် သူတို့ရဲ့အတွေ့အကြုံတွေ နဲ့ အမြင်တွေကို မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသူတွေနဲ့ မျှဝေနိုင်ဖို့ ဒီလိုအစီအစဉ်မျိုးကို အဆိုပြုခဲ့တာဖြစ် တယ်လို့ ဂျွန် ဘာ့ဒ်ကပြောပါတယ်။
နိုင်ငံတကာကနေ မြန်မာနိုင်ငံဆီ လာရောက်ကြတဲ့ ကိုယ်စားလှယ်အဖွဲ့တွေက တိုင်းရင်းသားပါတီတွေနဲ့ သီးခြား တွေ့လာကြ တယ်ဆိုတာဟာ ဒီပါတီတွေရဲ့ အခန်းကဏ္ဍကို ပိုပြီး အလေးထားလာကြပုံရတာကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ ဦးဦးလှစောက သုံးသပ်ပါတယ်။
“ကျနော် ထင်တာကတော့ မြန်မာပြည်ရဲ့နိုင်ငံရေးမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသားပြဿနာ ဆိုတာလည်း မြန်မာပြည် ဒီမိုကရေစီ အကူးအပြောင်းကာလရဲ့ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းကြီးတရပ်လို့ ယူဆပုံ ရပါတယ်။ အရင်တုန်းကဆိုရင် တိုင်းရင်းသားပါတီတွေကို တွေ့စရာမလိုဘူးဆိုတဲ့ သဘောထားမျိုး ရှိတာပေါ့။ ခုတော့ အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ နိုင်ငံတကာက လာတဲ့အဖွဲ့အစည်း အတော်များများ၊ NGO ပဲဖြစ်ဖြစ်၊ အီးယူကပဲ ဖြစ်ဖြစ်၊ တခြား ပါတီတွေကပဲ ဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ပြီး သဘောထားပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေးသဘောထား၊ လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောထား၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး သဘောထားတွေကို သူတို့ မေးမြန်းတာတွေ၊ ဆွေးနွေးတာတွေတော့ ရှိပါတယ်။”
ကနေဒါ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာ့နိုင်ငံရေးပါတီအသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၀န်ထမ်းတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ ကနေဒါနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်ကဖြစ်လာခဲ့တဲ့ အပြောင်းအလဲတွေဟာ မြန်ဆန်ပြီး အားတက်ဖွယ်ကောင်းတဲ့အကြောင်း၊ ကနေဒါနိုင်ငံရဲ့အတွေ့အကြုံအရ ဘယ်ကိစ္စတွေဟာ အလုပ်ဖြစ်ပြီး ဘယ်လိုကိစ္စတွေက အလုပ်မဖြစ်ဘူးဆိုတာကို မျှဝေတာဟာ မြန်မာလူထု ကာလရှည်ကြာ တောင့်တလာခဲ့ကြတဲ့ စစ်မှန်တဲ့ကိုယ်စားပြုမှုနဲ့ ဒီမိုကရေစီနည်းကျ အစိုးရ ပေါ်ထွန်းရေး လုပ်ငန်းစဉ် လျင်မြန်စေ ဖို့အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Obhrai ကပြောပါတယ်။
အခု ကနေဒါလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ပြီးတဲ့နောက် မြန်မာလွှတ်တော် ကိုယ်စားလှယ် တဖွဲ့ဟာလည်း ဒီနှစ် နှောင်းပိုင်းမှာ အပြန်အလှန် ခရီးစဉ်တစ်ခုအနေနဲ့ သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ကနေဒါနိုင်ငံရေးပါတီစုံက အဖွဲ့ဝင် ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။
ကျူးကျော်စေတီဆိုပြီးဖျက်စီး...
နေပြည်တော်ကောင်စီနယ်မြေမှ ဘုန်းတော်ကြီးကျောင်းများ သတင်းစာရှင်း
Burma VJ Media Network
မန္တလေးတိုင်းဒေသကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျူးကျော်အဖြစ် မတရား သတ်မှတ်ခံရသော ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတရပ်ကို ဒီကနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့ မြန်မာသတင်းများကွန်ယက်ရုံးခန်းမှာ ကျင်းပခဲ့ပါသည်။
လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေ ပြင်ဖို့ ကင်တားနားပြော
Published on 17 Feb 2013
မြန်မာနိုင်ငံကို ၅ ရက်တာရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုရာ အထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေး ကင်တားနားက လူ့အခွင့်အရေးနှင့်မကိုက်ညီတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ခရီးစဉ်နောက်ဆုံးနေ့ ရန်ကုန်လေဆိပ်က သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။
https://www.youtube.com/watch?feature=player_embedded&v=m_KfQFqnTG0
ပလေးဘွိုင် သန်းနိုင် အား ရဲချုပ်ဟောင်း စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီး
by Myo Chit Myanmar on Sunday, February 17, 2013 at 7:14am ·
သို့
နိုင်ငံတော်သမ္မတ
ပြည်သူ့လွှတ်တော်ဥက္ကဌ
တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ
မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ
"
တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း
မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အာဏာအလွဲသုံးစားပြု၍
ဖမ်းဆီးခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း "
အခင်းဖြစ်ပွားသည့်နေရာ။ ၉ မိုင် Golf Club | ရန်ကုန် ၊ ၁၆ ရက် ဖေဖေါ်ဝါရီလ ၂၀၁၃ ခုနှစ် ။
ယနေ့ ညဦးပိုင်းခန့်က ၉ မိုင် Golf ကွင်းတွင် အဆိုတော် Playboy (ဦး) သန်းနိုင် နှင့် မိတ်ဆွေဟောင်းတစ်ချို့ တေးသီဆိုဖျော်ဖြေမှု အစီအစဉ်တစ်ခု ကျင်းပခဲ့ပါသည်။
ထိုအချိန်မှာပင် ဧည့်သည် တစ်ဦးသီဆိုနေစဉ်အတွင်း အဆိုပါ Golf Club ၏ Captain ဆိုသော ရဲချုပ်ဟောင်း စိုးဝင်း ဆိုသူက Stage အောက်နားတွင် ထိုင်နေသော ပွဲစီစဉ်သူ ဦးတင်အောင်မိုး အား ယ္ခုဆိုနေသူပြီးလျင် သူတက်ဆိုမည်ဟု အမိန့်ပေး ညွှန်ကြားခဲ့ပါသည်။
သို့သော်
သီချင်းပြီးဆုံးချိန်တွင် ထိုကြားဖြတ် စေခိုင်းမှုအား မသိသေးသော
ဦးသန်းနိုင်အား သီချင်းသီဆိုပေးပါရန် ၄င်း ၏ မိတ်ဆွေများ အပါအဝင် အခြား
ဧည့်သည်များကပါ အားတက်သရော ဝိုင်ဝန်းတောင်းဆိုလာကြသဖြင့် ဦးသန်းနိုင်မှ
တက်ရောက်သီဆိုစဉ်မှာပင် ရဲချုပ်ဟောင်းစိုးဝင်း က ၄င်း၏သီချင်းဆိုရန်
အလှည့်အား စောင့်နေသည်ကို ဦးသန်းနိုင် မှ ကြားဖြတ်ပါသည်ဟုဆိုကာ ..
" ဒီပွဲကို စီစဉ်တာ ငါကွ ဒီကောင်က ဘာမို့လို့ ငါ့နာမည်ကြေငြာထားရဲ့သားနဲ့ တက်ဆိုရအောင် ဘာစောက်ဆင့်ရှိလို့လဲ " ဟုဆဲဆိုလျက် ဦးသန်းနိုင် သီချင်းဆိုနေချိန်အတွင်း စင်ပေါ်ထိတက်ကာ " ဒီသီချင်းဆိုနေတာကို ခုရပ် " ဟု တစ်ချက်လွှတ် အမိန့်ပေးလေတော့သည်။
သို့သော်
ဦးသန်းနိုင် မှ အနုပညာအရ ဖျော်ဖြေစဉ်တွင် ပရိသာတ်အားလေးစားမှုအရ
မရပ်တန့်ပေးခဲ့သည့်အတွက် ဦးသန်းနိုင် စင်ပေါ်မှဆင်းလာသည့်အခါတွင် Captain
စိုးဝင်းမှ ရိုင်းစိုင်းစွာ စတင် ဆဲရေးတိုင်းထွာ စော်ကားလေတော့သည်။
ထို့ကြောင့် ဦးသန်းနိုင် မှလဲ ရှက်စိတ် မခံချင်စိတ်တို့ဖြင် စင်ပေါ်သို့ပြန်တက်၍
"
၎င်းသည် ထိုပွဲဖြစ်မြောက်ရေးကို စေတနာဖြင့် ကူညီခြင်းသာဖြစ်ပြီး
တန်ဖိုးများသောစက်များကိုလဲ ဈေးပေါပေါဖြင့် စီဆင်ကူညီပေးခဲ့သည့်အကြောင်း "
" ယ္ခုလို တေးသီဆိုနေစဉ် စင်ပေါ်မှဆင်းခိုင်းခြင်းကဲ့သို့ အာဏာရှင်ဆန်ဆန် စေခိုင်းခြင်းမှာ အောက်တန်းကျသော အပြုအမူဖြစ်ကြောင်း "
" ထိုကဲ့သို့ နောက်နောင် အနုပညာသမား များအား မစော်ကားရန်နှင့် ဒီမိုကရေစီ တည်ဆောက်နေဆဲ အချိန်သမယတွင် အာဏာရှင်ဆန်၍ မရတော့ကြောင်း "
" အဆိုပါ Captain စိုးဝင်း ဆိုသည့်ကောင်ကိုလဲေ#ာက်ဂရုမစိုက်သဖြင့် --ီး ဘဲ " ဟုဆဲပြီး
" သတ္တိရှိရင်စင်ပေါ်တက်လာပါ တစ်ယောက်ချင်းချမည် " ဟု ပြောဆိုလိုက်သဖြင့် Captain စိုးဝင်း ၏ လက်ပါးစေများက ဦးသန်းနိုင်အား စင်အောက်သို့ အတင်းဆွဲချလေတော့သည်။
စင်အောက်ရောက်သွားသည့်အခါ ..
" အဲဒီကောင်ကို ဖမ်းကွာ လက်ထိပ်ခပ်လိုက် " ဟု အနီးရှိရဲများကိုအမိန့်ပေးပြီး ရဲများမှ ဦးသန်းနိုင်အား ဖမ်းဆီးပါတော့သည်။
သို့သော်
ဦးသန်းနိုင်အား ချစ်ခင်လေးစားသော ရဲများမှ ဘာမျှ မလုပ်ခဲ့သဖြင့်
ရဲများကိုပါ Captain စိုးဝင်း ၏ အဖွဲ့မှလူက ရိုင်းစိုင်းစွာ
ဆဲဆိုကြိမ်းမောင်းခဲ့ပါသည်။
ထို့အပြင် ဦးသန်းနိုင် အား
စင်ပေါ်မှ နှင်ချမှုကြောင့် တေးဆိုသူအမျိုးသမီးငယ်များမှ စိုးရိမ် အားနာ သနား
စိတ်တို့ဖြင့် တိတ်တစ်ဆိတ် ဝိုင်းဝန်းကြည့်ရှုနေသည်ကို ၄င်း Captain
စိုးဝင်း တို့မှ
" စောက်ကောင်မတွေ စောက်ပဲမများ နဲ့ အေးဆေးနေ " ဟု
ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းသွားသဖြင့် အမျိုးသမီး
တေးသံရှင်များအားလုံး ရှက်ဒေါသဖြစ်ပြီး မခံမရပ်နိုင်ဖြစ်ခဲ့ကြရကြောင်း
မျက်မြင်သက်သေ လူဦးရေ အများအပြားက ထွက်ဆိုခဲ့ပါသည်။
ယ္ခုလို သက်ကြီးဝါကြီး အနုပညာရှင်တစ်ဦး အား လူပုံအလည်တွင် စော်ကားမော်ကားပြု၍ အာဏာသုံးပြီးမတရား ဖမ်းဆီးခြင်း
တူမအရွယ် သမီးအရွယ် ဂီတပညာရှင် အမျိုးသမီးငယ်များအား ငွေပေးထားသည့် ပြည့်တန်ဆာကဲ့သို့ ရိုင်းပျစွာ နှိမ့်ချစော်ကားဆက်ဆံခြင်း တို့အား ပြုလုပ်ခဲ့သည့် Captain စိုးဝင်း ဆိုသူ၏ လုပ်ရပ်တို့သည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကြိုးပန်းတည်ဆောက်နေသည့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး နှင့် လားလားမှ မညီညွတ်သည့်အပြင်
လက်နက်ကိုင်အဖွဲ့အစည်း၏ အာဏာကိုအလွဲသုံးစားပြုခြင်း
အမျိုးကောင်းသမီးတို့အား နှုတ်ဖြင့် အသရေဖျက်ခြင်း
အလိုမတူဘဲ ကာယိနြေ္ဒပျက်စေခြင်း
ပြစ်မှုထင်ရှားခြင်းမရှိဘဲ လက်နက်မဲ့ အရပ်သားအား လက်နက်ကိုင်အာဏာသုံး၍ ကိုယ်ထိလက်ရောက် စော်ကားခြင်း စသည်တို့အပါအဝင် အခြား ပုဒ်မ များစွာ နှင့် ငြိစွန်းနေကြောင်း ထင်ရှားပါသဖြင့် တရားခံ ဖြစ်သူ ၉ မိုင် Golf Club Captain ရဲချုပ်/ဗိုလ်မှူးဟောင်း (ဦး) စိုးဝင်းဆိုသူအား တည်ဆဲတရားဥပဒေအရ ထိရောက်စွာအရေးယူပေးပါရန် အများပြည်သူမှတဆင့် နိုင်ငံတော်အစိုးရ တရားဥပဒေ စိုးမိုးရေး ကော်မရှင် သို့ တိုက်ရိုက် အိပ်ဖွင့်အသိပေးလိုက်ပါသည်။
မျက်မြင်သက်သေများ ၏ ပြန်လည် ထွက်ဆိုချက်အရ တရားဥပဒေဘောင်အတွင်းမှပြည်သူများ ၏ ကိုယ်စား
မျိုးချစ်မြန်မာ
(တရားဥပဒေစိုးမိုးရေးသည် မြန်မာအမျိုးသားအားလုံး၏တာဝန်ဖြစ်သည်)
ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ်
Burma VJ Media Network's photo.
Sunday, February 17, 2013
The Voice Weekly
သာကေတမြို့နယ် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ ကြား အနောက်ဘက်တွင် ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ဒေသခံ ၁၀၀ ကျော်နှင့် အုပ်ချုပ်သူများ အကြား အငြင်း ပွားမှုများ ပေါ်ပေါက် ခဲ့သည်။
ယင်းဆောက်လုပ်ဆဲ ဗလီသည် မွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အဖြစ် ယခင်က အသုံးပြု ခဲ့ကြောင်း၊ ယခုအခါ ဗလီအဖြစ် ဆောက်လုပ်ရန် ရုပ်လုံးဖော်ဆဲ အဆင့်တွင် သာကေတ မြို့နယ် ရန်ပြေလမ်း အတွင်း ရှိ ပြည်သူ ၁၀၀ ကျော်က သိရှိကာ ပြန်လည် ဖျက်သိမ်းပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သာကေတ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။
ယင်းမွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း ကို လွန်ခဲ့သော တစ်နှစ်ခန့်က ဗလီအဖြစ် ဆောက်လုပ်ရန် ကြိုးပမ်း
သော်လည်း ဒေသခံ ပြည်သူများ၏ ဝိုင်းဝန်း ကန့်ကွက်မှု ကြောင့် ပျက်ပြယ် သွားကြောင်း၊ ယခု ဆောက်လုပ်မှုတွင် စည်ပင်သာယာ၏ ခွင့်ပြုချက် အရ ဆောက်လုပ်ခြင်း မဟုတ်ကြောင်း သာကေတ မြို့နယ် ရန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်းနေ ပြည်သူများ ထံမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကနဦး စုံစမ်းမှု အရ သိရသည်။
“တရားပွဲ လုပ်ရင်တောင် ခွင့်ပြုချက် တောင်းရပြီး သူတို့ ဗလီဆောက်တော့မှ ခွင့်ပြုချက်မရှိဘဲ ဆောက်နေတာ” ဟု သာကေတနေ ပြည်သူ တစ်ဦးကဆိုသည်။
လူအုပ်စုကြီးသည် ဆောက်လုပ်ဆဲ ဗလီအား ဖျက်သိမ်းပေးရန်တောင်းဆို နေကြပြီး ရပ်ကွက်လူကြီး များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ထိန်းသိမ်းရန် ကြိုးစားလျက်ရှိရာ သုံးရက်အတွင်း ဖျက်ပေးရန် ညှိုနှိုင်းနေသည်ဟု ဒေသခံများ ထံမှ သိရသည်။
ပဋိပက္ခ ဖြစ်ပွားရာ အဆောက်အဦးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဗလီ မဟုတ်ကြောင်း၊ ဘာသာရေး စာသင်ကျောင်းသာ ဖြစ်ပြီး အမိုးပြင်နေခြင်းသာဖြစ်ကြောင်း အဆောက်အဦး ပိုင်ရှင် ဦးသန်းတင်က The Voice Weekly သို့ ပြောကြားသည်။
ယခုအချိန်တွင် သာကတ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းက အဆောက်အဦးကို ဖျက်ခိုင်းရန် ခံဝန် ထိုးခိုင်းကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်ထောက် ဌာနမှူး ဦးငွေစိုးသောင်းက ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင်ပင် ယင်းအဆောက်အဦး ကို အပြီး ဖျက်ခိုင်းနေကြောင်း ယင်းအဆောက်အဦး၏ ပိုင်ရှင်ဖြစ်သူ မြန်မာ-မွတ်စလင် အမျိုးသားရေး အဖွဲ့ ဥက္ကဌ ဖြစ်သူ ဦးသန်းတင်က The Voice Weekly သို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပြောကြားသည်။
ယင်းဗလီကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဆောက်လုပ်မှု ရပ်နားထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြား ခဲ့သော်လည်း လူမမြင်အောင် အကာများ ကာ၍ ညဘက်တွင် ခိုးဆောက်နေသည်ဟု ကြားသိရကြောင်း၊ အဆောက်အဦး ဆောက်ရန် တင်ပြရာတွင် စာသင်ကျောင်း အဖြစ် တင်ပြ ခဲ့သော်လည်း စာသင်ကျောင်း အမည်ခံ ဗလီအဖြစ် အမြင့်နှင့် မြေနေရာ အကျယ်အဝန်းကို လိုသည်ထက် ပိုယူထားကြောင်း အမှတ် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ၏ ပြောစကားကို ကိုးကား၍ ဆရာတော် ဦးဝီရသူက ပြောကြားသည်။
“ဟုတ်တယ်၊ ညဘက်မှာ ခိုးဆောက်နေတဲ့ ဗလီတွေ ရှိတယ်။ အထဲမှာမြေအောက်ခန်းတွေ၊ ကျင်းတွေနဲ့ စစ်စခန်း တစ်ခုလို ဆောက်နေတဲ့ ဗလီတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ခန့်မှ စတင်ကာ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲကား သုံးစီးနှင့် အတူ ရဲတပ်ဖွဲ့ဝင် အင်အား သုံးဆယ် ခန့်က ပဋိပက္ခ တွင် ပါဝင်သူ များကို လူစုခွဲရန် ကြိုးစားသော်လည်း ယခု သတင်းရေးသားချိန် မွန်းလွဲ ၄နာရီခွဲ အထိ လူစု မကွဲသေးကြောင်း အဆိုပါ နေရာသို ရောက်ရှိ နေသူ သတင်းထောက်များ ထံမှ သိရသည်။
သာကေတ မြို့နယ် ဗလီ ဆောက်လုပ်နေခြင်းနှင့် ပဋိပက္ခ ဖြစ်ပွား (ရုပ်/သံ)
ဗလီ ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ နှင့် ပဋိပက္ခ ဖြစ်ပွား
လူထု မောင်ကာဠု's photo.
သာကေတ
မြို့နယ် မာန်ပြေ (၁၈/၁၉) လမ်းကြား၌ ဗလီ ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍
ဒေသခံ ပြည်သူများ နှင့် ပဋိပက္ခ ဖြစ်ပွား နေသည်ကို ဖေဖော်ဝါရီလ ၁၇ရက်နေ့
နေ့လယ်ပိုင်း က တွေ့ရစဉ်
==============================
သာကေတ မာန်ပြေ(၁၉)လမ်း အနောက်မှာ မူစလင်ကုလားအိမ်တစ်အိမ်မှ အာရဗီစာသင်ကျောင်းသို့တဖြေးဖြေး
နင်တို့ဗမာသူတောင်းစားတွေက ဘာတွေမနာလိုဖြစ်နေတာလဲ" ဟု စတင်ပြောဆိုရာမှ
ပြဿနာဖြစ်ကာ ယခုအခါ ထိုအာရဗီကျောင်းအား သာကေတနေမြန်မာများမှ
ဝိုင်းဝန်းဖြိုဖျက်နေကြောင်းသတင