Monday, February 18, 2013

ကမ္ဘာစီးပွားရေးအပြောင်းအလဲလေးတခုပါ။


ကနေဒါမှာဒါမျိုးဖြစ်ပြီဆိုအခြားနိုင်ငံတွေလဲ
ကူးစက်သွားတတ်လို့ပါ။
အသားနဲ့ပါတ်သက်ရင်ကနေဒါကနာမည်ကောင်း
ရပါတယ်။ဂျပန်ကအများဆုံးဝယ်ပါတယ်။ဈေးနုန်းလဲ
အထိုက်အလျောက်ပိုပေးသလိုဂျီးလဲနဲနဲများပါတယ်။
ပြောင်းဖူးပဲသီးသန့်ကျွေးထားတဲ့အသားတို့၊ကာကွယ်
ဆေးမထိုးထားတဲ့အသားတို့(အချို့ကယားတယ်ပြော)
စသဖြင့်မှာယူတတ်ခဲ့ပါတယ်။အခုကြုံနေရတာကမွေးမြူ
ရေးစခန်းတွေကမကိုက်လို့ဈေးတင်ပါတယ်။
အစိုးရကအသစ်ပြဌာန်းတဲ့စံနုန်းတွေကြောင့်ဝန်ဆောင်မှု
ပိုလာတာတို့အစာဈေးနုန်း၊အလုပ်သမားဈေးနုန်းစသဖြင့်
ဈေးတက်သွားပါတယ်။
အသားရုံတွေကအကောင်ရေတွေလျော့ဝယ်ကြပါတယ်။
ဂျပန်အပါအ၀င်ပြည်တွင်းဈေးကွက်မှာပြင်ဆင်ပြီးသား
အသားကိုပြန်ရောင်းရာမှာတိုးမပေးနိုင်ပဲအရင်ဈေးနုန်းမှာ
တစ်နေလို့ပါ။အစိုးရကလည်းငွေကြေဖေါင်းပွမှာစိုးလို့
ဈေးနုန်းကိုထိန်းပေးထားတာလည်းပါပါတယ်။
စူပါမားကက်တွေကလည်းဈေးတိုးမ၀ယ်တဲ့အပြင်၅ဆင့်
လောက်လျော့ရင်လျော့တဲ့နေရာလိုက်ဝယ်ကြပါတယ်။
အရင်လို၆လစာချူပ်ပြီးဝယ်တာတွေမလုပ်နိုင်ကြတော့ပါဖူး၊
တပတ်စာပဲချူပ်ကြပါတယ်၊ဈေးနုန်းအပြောင်းအလဲမခံနိင်လို့ပါ။
စားသုံးသူကလည်းအစိုးရမကြေငြာသရွေ့တိုးမပေးချင်ပါဖူး။
အဓိကကတော့အလုပ်သမားလစာကြီးမြင့်တာကလည်းကုန်
ဈေးနုန်းနဲ့တိုက်ရိုက်အချိုးကျတာနေတာဖြစ်တယ်။
အခုဆိုအသားရုံတွေနေ့ဝက်လောက်ပဲလည်ပတ်နိုင်တာတွေ့
၇တော့တယ်....
...........................................

ူဒါကြောင့်လုပ်ငန်းရှင်တွေမြန်မာနိုင်ငံလိုအလုပ်သမားခသက်
သာတဲ့နိုင်ငံတွေဆီသွားရောက်ရင်းနှီးမြှပ်နှံတာများလာတာပါ။
အ၀တ်အထည်၊ဖိနပ်လိုကုန်ပစ္စည်းတွေအတွက်အခက်အခဲမ၇ှိ
ပေမယ့်အသားနဲ့ပါတ်သက်ပြီးရင်းနှီးမြှပ်နှံမှုမှာတော့စံနုန်းကိုက
အသားဖြစ်လာနိုင်မလားစဉ်းစားနေကြဆဲပါ။

စံနုန်းကိုက်ဆိုလို့မြန်မာပြည်ကလူတွေကငါတို့စားနေတဲ့အသား
ကစံနုန်းနိမ့်နေလို့လာမေးစရာရှိပါတယ်။။ဂျပန်Buyerတွေဂျီးများ
ချက်ကလက်အိတ်မပါပဲထိတဲ့အသား၊အရောင်သတ်မှတ်ချက်၊
အလုပ်ခွင်ထဲ၃ပေလောက်ကပြုတ်ကျနေတဲ့အသား
မ၀ယ်ပါဖူး၊သူတို့ဆီရောက်ရင်အသားကကြေသလိုဖြစ်ပြီး
အရောင်ပြောင်းသွားတတ်လို့ပါတဲ့..... :P

ရဲရင့်ငယ်(2/18/2013)



အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ညှိနှိုင်းပေး


The Myanma Age
ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၈။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေ ရပ်ကွက်၌ အများသဘောမတူသော အဆောက်အဦးအား ၁၇ရက်နေ့တွင် စည်ပင်မှတာဝန်ရှိသူများက ဖျက်သိမ်းပေးသော်လည်း အပြီးတိုင် မဖျက်သိမ်းသောကြာင့် ဒေသခံပြည်သူများက မကျေနပ်၍ ယနေ့ညနေတွင် ယင်းလမ်းသို့ ရောက်ရှိလာကြပြီး အပြီးသတ်ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသောကြာင့် ၈၈မျိုးဆက်ကျောင်းသားများနှင့် သံဃာတော်နှစ်ပါး လာရောက်ညှိနှိုင်းခဲ့ကြသည်။ ထိုသို့မဖြေရှင်းမီတွင် ဒေသခံများက အဆောက်အဦးအား ကိုယ်တိုင်ဖျက်လိုကြသောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးထားရပြီး ရဲများနှင့် ဒေသခံအချင်းချင်း ပဋိပက္ခအနည်းငယ် ဖြစ်ပွားခဲ့ကြသည်။ ဒေသခံများက အဆောက်အဦး လက်ကျန်အား ဖျက်သိမ်းပေးရန် တောင်းဆိုသော်လည်း တာဝန်ခံ၍ ဖြေရှင်းပေးမည့်သူ မရှိသောကြောင့် ယခုကဲ့သို့ ပြဿနာ အနည်းငယ် ရှိခဲ့ခြင်း ဖြစ်သည်ဟု တောင်းဆိုနေသူများက ပြောကြသည်။ ယခုအခါ အဆိုပါ အဆောက်အဦးအား ပြင်ဆင်ဆောက်လုပ် ထားသော လက်ကျန်များကို ဖျက်သိမ်းပြီး မူလ အဆောက်အဦးအား တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ၈၈မျိုးဆက် ကျေုာင်းသားများက ပြောကြသည်။ ထိုအဆောက်အဦးသည် စည်ပင်မှ အမိုးပြင်ဆင်ရန် ခွင့်ပြုခဲ့သော်လည်း အဆောက်အဦးတစ်ခုလုံး ပြင်ဆင်ခြင်း၊ ဘာသာရေးစာသင်ကြောင်းဟု ဆိုသော်လည်း တစ်နေ့သုံးကြိမ်ဝတ်ပြုခြင်း စသောအချက်များကြောင့် ဒေသခံများက ကန့်ကွက်ကြခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ယင်းအဆောက်အဦးအား သက်ဆိုင်ရာမှ ခွင့်မပြုမချင်း ဆက်လက်မဆောက်ရန် တားမြစ်ထားသော ဆိုင်းပုဒ်အား ကပ်ထားသည်ကိုလည်း တွေ့ရသည်။ထိုကဲ့သို့ တောင်းဆိုမှုများသည် ည(၁၂)နာရီခန့်၌ ပြေလည်သွားကြပြီ ဖြစ်သည်။

 အောင်သိုက်

သာကေတ အာရဗီစာသင်ကျောင်းကိစ္စ မြန်မာပြည်တွင်းနေမူစလင်မီဒီယာများမှ သတင်းမှားများ ထုတ်လွှင့်

By Myawady News's photo.

သာကေတ အာရဗီစာသင်ကျောင်းကိစ္စ မြန်မာပြည်တွင်းနေမူစလင်မီဒီယာများမှ သတင်းမှားများ ထုတ်လွှင့် (အရေးကြီး Share ပေးကြရန်)
++++++++++++++++++++++++++++++++++++++
ယနေ့ ညနေအချိန်ပိုင်းက ဖြစ်ပွားခဲ့သော သာကေတ ၃ ရပ်ကွက်ရှိ မူဆလင် အာရဗီစာသင်ကျောင်းအား စည်ပင်အမိန့်ဖြင့် ဖျက်ပယ်ခဲ့သည်ကို မြန်မာပြည်တွင်းနေမူဆလင်မီဒီယာများဖြစ်သော M Media မှ သတင်းအမှားများကို မြန်မာ- အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါစာသင်ကျောင်းဖျက်ခြင်းကို မင်းမဲ့စရိုက်ဆန်ဆန် အာဏာပိုင်များဖြင့် ၀ိုင်းဝန်းအနိုင်ကျင့်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာဘုန်းတော်ကြီး ၃ ရာခန့်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖျက်ဆီးနေကြောင်းနှင့် မြန်မာမီဒီယာတစ်ခုမှ လှုံ့ဆော်မှုပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာအား ၀ါဒဖြန့် ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါမီဒီယာများ၏ သတင်းဖော်ပြချက်များတွင် ဗုဒ္ဒဘာသာ အစွန်းရောက်များ Buddhist Extremist ၊ ဗုဒ္ဒဘာသာ အကြမ်းဖက်သမားများ Buddhist Terrorist ဟု စော်ကားသုံးနှုန်းထားကြောင်း သိရှိရသည်။ အဆိုပါမီဒီယာများ၏ Web site နှင့် Facebook Page Link များအား အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
http://m-mediagroup.com/en/
https://www.facebook.com/MMediaMyanmarVesion
http://myanmarmuslimsvoice.com/archives/5361
https://www.facebook.com/MyanmarMuslimMedia?ref=ts&fref=ts
http://www.myanmarmuslim.net/
---------------------------------------
People Development For Knowledge

++++++++++++++++++++++++++++++++++++++
ယနေ့ ညနေအချိန်ပိုင်းက ဖြစ်ပွားခဲ့သော သာကေတ ၃ ရပ်ကွက်ရှိ မူဆလင် အာရဗီစာသင်ကျောင်းအား စည်ပင်အမိန့်ဖြင့် ဖျက်ပယ်ခဲ့သည်ကို မြန်မာပြည်တွင်းနေမူဆလင်မီဒီယာများဖြစ်သော M Media မှ သတင်းအမှားများကို မြန်မာ- အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါစာသင်ကျောင်းဖျက်ခြင်းကို မင်းမဲ့စရိုက်ဆန်ဆန် အာဏာပိုင်များဖြင့် ၀ိုင်းဝန်းအနိုင်ကျင့်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာဘုန်းတော်ကြီး ၃ ရာခန့်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖျက်ဆီးနေကြောင်းနှင့် မြန်မာမီဒီယာတစ်ခုမှ လှုံ့ဆော်မှုပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာအား ၀ါဒဖြန့် ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါမီဒီယာများ၏ သတင်းဖော်ပြချက်များတွင် ဗုဒ္ဒဘာသာ အစွန်းရောက်များ Buddhist Extremist ၊ ဗုဒ္ဒဘာသာ အကြမ်းဖက်သမားများ Buddhist Terrorist ဟု စော်ကားသုံးနှုန်းထားကြောင်း သိရှိရသည်။ အဆိုပါမီဒီယာများ၏ Web site နှင့် Facebook Page Link များအား အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
http://m-mediagroup.com/en/
https://www.facebook.com/MMediaMyanmarVesion
http://myanmarmuslimsvoice.com/archives/5361
https://www.facebook.com/MyanmarMuslimMedia?ref=ts&fref=ts
http://www.myanmarmuslim.net/

ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုအထူးလိုအပ် - RCSS/SSA ခေါင်းဆောင်ပြော



February 18, 2013 Posted by သျှမ်းသံတော်ဆင့်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မှာထက် နိုင်ငံခေါင်းဆောင်များ၏ Mind Set စိတ်ပိုင်း ဆိုင်ရာပြုပြင်မှု လိုအပ်နေကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ကပြော ပါသည်။

“ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုမလုပ်ရင်တော့ ဥပဒေကိုဘယ်လောက်ဘဲပြင်ပြင် တနေ့နေ့ကျရင် အကျင့် ဟောင်းက ပြန်ပေါ်မှာ ဘဲ။ နောက်တခေါက်အာဏာပြန်သိမ်းဦးမှာဘဲ။ ဒါကြောင့် ဥပဒေထက် စိတ်ဓါတ် ရေးရာကို အရင်ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်” ဟု ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။

၂၀၀၈ ဥပဒေ ပြင်ဆင် ရေးလည်းအထူးလိုအပ်ကြောင်း ၊ ၎င်းအားမပြင်ဆင်ပါက နိုင်ငံရေးဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အပစ်ရပ်လိုက်ခြင်းမှာလည်းအလဟဿ ဖြစ်ရကြောင်း ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က ထောက်ပြ ပါသည်။

ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပ၌ပါ ပြင်ဆင်သင့်သည်ဟု ဆိုပါသည်။ စိတ်ပိုင်းဆိုင်ရာပြုပြင်ရန် အတွက်မူ လူထုဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်ပေးရန်နှင့် ကျောင်းသင်္ခန်းစာ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ပေး ရန်လိုအပ်ကြောင်း စဝ်ယွက်စစ်က ပြောပါသည်။

“ ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ စာရိတ္တမြင့်မားပေးတဲ့ သင်ရိုးညွှန်းတမ်းတွေ ၊ သမိုင်းမှန်ကို ပြတဲ့သင်ရိုးညွှန်းတမ်း တွေကို သင်ပေးမှ ကောင်းမယ်လေ” ဟု ဆိုပါသည်။

နိုင်ငံ့ခေါင်းဆောင်များ စိတ်ဓါတ်ရေးရာပြုပြင်နိုင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ မည်သို့ ရေးထားစေကာမူ ပြည်သူလူထုက အကောင်းပြုမည်မှာမလွဲကြောင်း သျှမ်းအမျိုးသားခေါင်းဆောင်တဦးကပြောပါသည်။

“ ကျောင်းသင်ရိုးညွှန်းတမ်းရဲ့ သမိုင်းဘာသာတွေမှာကြည့်လိုက်ရင် မြန်မာဘုရင်မင်းတွေကဘဲ ဘုန်းတန်ခိုးအာဏာ စက်ကြီးမားတယ် တော်တယ်တတ်တယ်ဖြစ်နေတယ်။ တိုင်းရင်းသား ဘုရင်မင်းမြတ်တွေတော်တာ တခါမှမသင်ဖူး သေးဘူး။ ဒီဟာကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်နိုင်ပါတော့မလဲ” ဟု လည်း ဆိုပါသည်။

ယနေ့ခေတ်အစိုးရ၏ တပ်မတော်သည် ပြည်သူလူထုနှင့် တိုင်းရင်းသားများအား ကြောက်လန့်နေသဖြင့် စစ်အင် အားဖြင့် တိုင်းရင်းသားနယ်မြေအတွင်း တိုးချဲ့နေရာယူထားသည်ကိုတွေ့ရကြောင်း၊ အင်္ဂလိပ် အုပ်ချုပ်သည့်ခေတ်က မြန်မာ တနိုင်ငံလုံးအုပ်ချုပ်ရာ၌ စစ်တပ်အင်အား ၁၅ တပ်ရင်းသာ သုံးကြောင်း သျှမ်းပြည်အတွင်း တပ်ရင်း ၂ ရင်းဖြင့်သာ အုပ်ချုပ်ကြောင်း အဆိုပါခေါင်းဆောင်က ထောက်ပြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကတည်းက လုံခြုံရေးအကြောင်းပြကာ မြန်မာအစိုးရ၏ စစ်တပ်များ တိုင်းရင်းသား နယ်မြေများ အတွင်း အင်အားတိုးချလာသည့်ကိစ္စနှင့်ပတ်သက်၍လည်း ယခုလ ၁၄ ရက်နေ့ ပထမအကြိမ် ဆဌမမြောက် ပြည်သူ့ လွှတ်တော်အစည်းအဝေး သို့ ကျားဖြူပါတီ အမတ် နန်းဝါနုက တင်ပြခဲ့သေးသည်ဟု ဆိုပါသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ကျမတို့သျှမ်းပြည်မှာ လုံခြုံရေးမရှိလို့ ငြိမ်းချမ်းရေးမရှိတာဆိုပြီး အစိုးရက ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးလာမလုပ်ပေးဘူး။ ဒါကြောင့် စစ်အင်အားတွေပို့ပို့လာတယ်။ မြေပေါ်မြေအောက်သယံဇာတ တွေကို တော့ လာယူပြီးပြန်သွားတယ်။ သို့ပေမယ့်ဘာမှ လာမပေးဘူး။ ဒါကြောင့်ကျမတို့သျှမ်းပြည်သားတွေက အလုပ် အကိုင်မဲ့ပြီး အိမ်နီးချင်းနိုင်ငံကိုထွက်ပြေးကြကုန်တယ်။ သျှမ်းပြည်သားတွေဆုံးရှုံးတယ်။ သူများနိုင်ငံမှာကျွန်ခံနေရတယ်။ ဒီနေ့မှာ ကျ တော့ ပြောင်းလဲလာပြီလို့ပြောကြပြီ။ ဆိုတော့အစိုးရကနေ ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးဇုံလုပ်ပေး သင့် တယ်။ နိုင်ငံခြားသားတွေကိုရင်းနှီးမြုပ်နှံမှုပြုဖို့ဖိတ်ခေါ်ပေးသင့်တယ် လို့ ကျမတင်ပြတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး တော့ လွှတ်တော် ဘက်က ဘာမှပြန်မဖြေသေးဘူး။ ထိုင်းရောက် သျှမ်းတွေပြန်လာနိုင်ဖို့အတွက်လဲကျမ ၂၀၁၁-၂၀၁၅ ကုန်အထိ ပဉ္စမကာလ ကုန် ၅ နှစ်အမျိုးသားစီမံကိန်း မှာတင်ပြသွားတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေကနေ ပြန်လည်ထူထောင်ရေး လုပ်ပေးဖို့ ပြည်ပ ရောက် သူတွေကို ပြည်တွင်းပြန်ဝင်လာရင်အလုပ်ရှိအောင်လို့ စက်ရုံအလုပ်ရုံတွေထူထောင်ပေးဖို့ တောင်းဆိုထားတယ်။” ဟု နန်းဝါနုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်အတွင်း၌ စစ်တိုင်း ၄ တိုင်းလက်အောက် တပ်ရင်းများ အပြင် တခြားသော ကွပ်ကဲမှုဌာနချုပ် တပ်ရင်းများ စုစုပေါင်း ၂၂၃ ရင်း ရှိကြောင်း NDD ဒီမိုကရေစီ နှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုသေသနနှင့်မှတ်တမ်း တင်ဌာနမှ ၂၀၁၁ က ထုတ်ဝေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်တွင်ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနားကော်မတီဖွဲ့စည်း

Nld Magway Pages

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ၂၀၁၃ ခုနှစ်၊ မတ်လ၊ (၈)ရက်နေ့မှ(၁၀)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင် ပြုလုပ်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

ညီလာခံကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနားကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍
ညီလာခံကျင်းပရေးဗဟိုကော်မရှင်က ဖေဖော်ဝါရီ ၁၈ ရက်နေ့စွဲဖြင့် စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

နယ်စပ်စောင့် ဂိတ်တွေ ပိုက်ဆံယူပြီး လူတွေကို ၀င်ထွက်ခွင့်


 February 17, 2013 at 11:36 am
မြန်မာက ၀င်ရောက် လာသူ ၅၇ ဦး ဘင်္ဂလာဒေခ်ျ့က နယ်စပ်ကနေ ပြန်ပို့

ဘင်္ဂလာဒေခ်ျ့နိုင်ငံထဲကို မြန်မာဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင် စုစုပေါင်း  (၅၇) ဦးကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက နယ်စပ်ကနေ မြန်မာဘက်ကို ပြန်ပို့လိုက်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။


နယ်စပ် နစက ဂိတ်တစ်ခုကို နတ်မြစ် အနောက်ကမ်း ဘင်္ဂလာဒေခ်ျ့ဘက်က မြင်ရစဉ်။

အခုလို ပြန်ပို့တယ်ဆိုပေမယ့် မြန်မာ အာဏာပိုင်တွေဆီကို လွှဲပြောင်း ပေးအပ်တာ မဟုတ်ဘဲ နယ်စပ် တောင်ကျော်လမ်းတွေက တဆင့် ပြန်လည်ပြီး မြန်မာဘက်ကို ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။

အခုဝင်လာတဲ့သူတွေဟာ တောင်ကျော်လမ်းတွေကရော၊ နတ်မြစ်ကနေ လှေနဲ့ ဖြတ်ကျော်ပီးတော့ရော ၀င်ရောက် လာတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့အထဲက ၁၈ ဦးကိုတော့ ခေါင်းတုံးနဲ့ တောင်ပြို နယ်စပ်မှာ ခြေလျင်လျှောက် ခိုးဝင်လာစဉ်မှာ သောကြာနေ့ ညနေပိုင်းမှာ ဖမ်းမိပြီး ၁၀ ဦးကိုတော့ စနနေ့က ဖမ်းမိတာ ဖြစ်တယ်လို့ ပြောပါတယ်။ လူပေါင်း ၂၉ ဦးကိုတော့ ကော့စ်ဘဇား- တက်ကနက် အဝေးပြေးကားလမ်း ပေါ်မှာရှိတဲ့ ၀ါးခွပ်ချောင်း စစ်ဆေးရေး ဂိတ်မှာ သောကြာနေ့နဲ့ စနေနေ့တွေက ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးဟာ ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်နဲ့ တက်ကနက် မြို့နယ် နယ်စပ် ဖြတ်ကျော်လမ်းတွေက ၀င်ရောက်လာသူတွေ ဖြစ်ပါတယ်။

သူတို့ ရဲ့  နယ်စပ်မှာ ပြုလုပ်နေတဲ့ အော်ပရေးရှင်း တစ်ခုမှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ကော့စ်ဘဇား အခြေစိုက် ဘင်္ဂလာ နယ်စပ်တပ်ဖွဲ့  အမှတ် ၁၇ ဘီဂျီဘီ တပ်မှူ Lt Col Md Khalekuzzaman  ဆိုပါတယ်။

မြန်မာနယ်စပ်မှာ ခြံစည်းရိုးတွေ ကာရံထားပေမယ့် မြန်မာဘက်ကို ၀င်ချင်သလိုဝင် ထွက်ချင်သလို ထွက်လို့ ရနေရတာနဲ့ ပတ်သက်ပြီး နယ်စပ်က ဒေသခံ တစ်ဦးကို မေးကြည့်တဲ့ အခါ နယ်စပ်စောင့် ဂိတ်တွေဟာ  ပိုက်ဆံယူပြီး  လူတွေကို ၀င်ထွက်ခွင့် ပြုပေးနေတယ်လို့ ပြောပါတယ်။
http://www.narinjara.com/burmese/?p=4415

နိုင်ငံသားအဖြစ် အသိအမှတ်ပြုသော်လည်း နိုင်ငံတော် အလံကို အလေးပြုနိုင်မည် မဟုတ်


ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို ရောက်ရှိနေတဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လိုင်ကို မွတ်ဆလင်ခေါင်းဆောင် တချို့က နိုင်ငံသား အဖြစ် အသိအမှတ်ပြုသော်လည်း မြန်မာ နိုင်ငံတော် အလံကို အလေးပြုနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Myanmar flag
ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က စစ်တွေမြို့မှာ ရခိုင်နဲ့ မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါက်တာ ကျော်ရင်လိုင်က “ နိုင်ငံသား အဖြစ် အသိအမှတ်ပြုရင် နိုင်ငံတော်အလံကို အလေးပြုနိုင်မှာလား”  မေးတော့ မွတ်ဆလင် ခေါင်းဆောင်တချို့က “ အလေးပြုဖို့ မဖြစ်နိုင်ဘူး” လို့ ဖြေဆိုတယ်လို့ တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ဦးသန်းထွန်းက ပြောပါတယ်။
ဦးသန်းထွန်းက ဒေါက်တာ ကျော်ရင်လိုင်နဲ့ ရခိုင်နဲ့ မွတ်ဆလင် ခေါင်းဆောင်တွေ  တွေ့ဆုံခဲ့ပုံ အသေးစိတ်ကို ခုလို ပြောပြပါတယ်။
“ တွေဆုံ ဆွေးနွေးပွဲ မဟုတ်ပါ။ နှစ်ဘက်စလုံးက လူတွေကို မေးခွန်းလေးတွေကို မေးတဲ့ အဆင့်ပါဘဲ။ သူက ဘာပြောလဲ ဆိုတော့။ အဲဒီ မွတ်ဆလင်တွေကို ဘာမေးလဲဆိုတော့ ခင်ဗျားတို့ဟာ လူမျိုးနာမည်ကို ဂရုမစိုက်ဘဲနဲ့ နိုင်ငံသား အဖြစ်ကို ရမယ်ဆိုရင် ယူမလား။ ဒါမှ မဟုတ်ဘူး၊  ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုဘဲ လိုချင်သလား။ အဲဒီ မေးခွန်းနှစ်ခုကို ကျေးဇူးပြုပြီး ပြတ်ပြတ်သားသား ခဏ ဖြေပေးကြပါဆိုပြီး မေးတယ်။”
“ အဲဒီ တက်ရောက်လာတဲ့ မွတ်ဆလင် အုပ်စုကတော့ ၁၅ ယောက်လောက် ရှိတယ်။ အဲဒီအထဲမှာ သူတို့အချင်းချင်း သဘောထား ညီညွှတ်မူ မရှိကြဘူး။ အတော်များများကတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသုံးပြုချင်ကြတဲ့ အဖြေမျိုးကို ပေးကြတယ်။  နောက် တချို့ကျတော့လည်း သူတို့ဟာ မွေးရာပါ နိုင်ငံသား အဖြစ်ကို လိုချင်ကြတယ်လို့ ပြောဆိုတဲ့သူတွေလည်း ရှိတယ်။ အဲဒီမှာ ထူးထူးခြားခြား တစ်ယောက်က ပြောတာရှိတယ်။ ရိုဟင်ဂျာဆိုတာ အထက်က ပြောခိုင်းလို့ ပြောရတာပါလို့ ဖြေတာလည်း ရှိတယ်။”
“ ဒေါက်တာ ကျော်ရင်လိုင်က  နောက်ထပ် မေးးခွန်း တစ်ခုမေးတယ်။ ခင်ဗျား တို့ဟာ အကယ်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံသားတွေ ဖြစ်လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံတော် အလံကို အလေးပြုနိုင်ပါမလားလို့ မေးတယ်။”
“ အဲဒါကို တက်ရောက်လာသူ အများစုက ဘာဖြေလဲ ဆိုတော့ သူတို့ဘာာသာရေး အရ နိုင်ငံတော် အလံကို အလေးပြုဖို့ မဖြစ်နိုင်ဘူးလို့ ဖြေတယ်။ အဲဒီမှာ ဗလီ ဆရာ တစ်ဦးလည်း ပါတယ်။ အဲဒီ ဗလီ ဆရာတစ်ယောက် အလေးပြုမယ် ဆိုရင် ဗမာတွေ အလေးပြုသလို မပြုနိုင်ဘူးလို့ ပြောတယ်။”
” အဲဒါက မွတ်ဆလင်ဘက်ကို အဓိက မေးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။”
“ အဲဒီနောက်မှာ ရခိုင်တွေဘက်ကို မေးတယ်။ ဘယ်လိုမေးလဲဆိုတော့ အကယ်၍ ဒီဥပဒေအရ နိုင်ငံသားဖြစ်လာမယ့် မွတ်ဆလင်တွေနဲ့ အတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းကို မေးတယ်။”
“ ရခိုင်တွေဘက်က ဘာပြောလဲဆိုတော့ ဒီမွတ်ဆလင်တွေဟာ အပြောအဆို အနေအထိုင် အကျင့် အကြံတွေကို မပြင်နိုင်သမျှ ကာလပတ်လုံး ရခိုင်တွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြန်ဖြေကြပါတယ်။”
” ရခိုင်ဘက်ကတော့ ၁၁ ဦး၊ မွတ်ဆလင်ဘက်က ၁၅ ဦး တက်ရောက်ပြီး ဒေါက်တာ ကျော်ရင်လိုင်က တစ်ဦးတည်းဘဲ ဖြစ်တယ်″ လို့ ဦးသန်းထွန်းက ပြောပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် နိရဉ္စရာက ဒေါက်တာ ကျော်ရင်လိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရရှိခဲ့ပါ။ အမျိုးသမီး တစ်ဦးကတော့ ဒေါက်တာ ကျော်ရင်လိုင် အစည်းအဝေး ခန်းမထဲ ရောက်နေတဲ့ အတွက် နောက်မှ မေးပါ ဆိုပြီး ဖုံးချသွားခဲ့ပါတယ်။

http://www.narinjara.com/burmese/?p=4441

ဗျိုင်းကွက်သစ်က တရားဝင် တိုင်ပြီ။

ပေးပို့သူ-KKT

ဟာသ လူရွှင်တော် မော့စ်-ကောင်းရာသုဂတိဘုံ ရောက်လေမည်



ခုတော့လည်း လူရွှင်တော် မော့စ်က ကမ္ဘာလောကမှ အပြီးအပိုင် ထွက်ခွါသွားလေပြီ
။ အကယ်ဒမီပွဲပြီးတော့ မော့စ် ဆုံးပြီ ဆိုသော သတင်းတွေ ပထမကြားခဲ့ ရသည် ။
ဖြေရှင်းသံတွေကြားတော့ ၀မ်းသာမိသည် ။ နောက်-၄၅-ရက်အကြာမှာတော့ မော့စ်
တယောက် တကယ်ပင် ဆုံးပါးကွယ်လွန်သော သတင်းကို ကျွန်တော်တို့  မကြားချင်
မမြင်ချင် မသိချင်ဘဲ ကြားရမြင်ရ သိခွင့်ရနှင့် ၀မ်းနည်းပက်လက်ဖြစ်ခဲ
့ရတော့သည် ။ မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ ခံစားရပါကြောင်း
ဤနေရာမှ နေပြီး တကူးတက မှာလိုက်ချင်ပါသည် ။ မော့်စ်၏ ပထမသတင်း ထွက်လာစက
သားဖြစ်သူ သရုပ်ဆောင် ထိုက်စံမှ ၄င်းသတင်းမှာ မဟုတ်ပါကြောင်း
ဖြေရှင်းသည်။ ထို့ ကြောင့် ကျွန်တော်သည် မော့စ်၏ သားဖြစ်သူ ထိုက်စံကို
သရုပ်ဆောင်မှန်း သိရှိသွားရာ သူပါသော ဗွီဒီိယို ကို ကြည့်ဖြစ်မိသည် ။
ထိုက်စံကို ကျွန်တော်သည် မော့စ်၏ သားမှန်းသိ၍သာ ကြည့်ချင်သော်လည်း
အကယ်စင်စစ် ကျွန်တော်ကား မော့စ်၏ ပရိတ်သတ်တယောက်ပင်ဖြစ်သည် ။
      မော့စ်၏ ပရိတ်သတ် ဆိုသည်ထက် လူရွှင်တော်များဖြစ်သော မိုးဒီ၊
ကောင်းစံ ၊ ဗေဒါ ၊ ဗေလုဝ၊ အုန်းသီး ၊ ငြိမ်းချမ်း ၊ 5 Stars အုပ်စု ၊
ဒိန်းဒေါင်၊ ဦးတင်ညွန့် ၊ သိန်းဇံ ၊ ဆင်မ ၊ ခင်လှိုင် ၊ တို့ သည်ကား တနေ
့တကြိမ် မဖြစ်သော ကျွန်တော်၏ ဇါတ်လိုက်များဖြစ်သည် ။ ယခုတလော ဗွီဒီိယို
သရုပ်ဆောင်တွေ ပေါ်ပေါက်နေသည်မှန်းကို သိရှိသော်လည်း လူရွှင်တော်တွေကိုတော့
ကျွန်တော် သေသေချာချာ သိပါသည် ။ စိတ်ထွက်ပေါက် တခုအဖြစ် ကျွန်တော်သည်
မွန်းကြပ်နေလျှင် မြန်မာဗွီဒီိယို ရုပ်ရှင်ကားများကို ထာဝစဉ်ကြည့်ဖြစ်သည်
။ ယင်းသို့ ကြည့်သောအခါ ဟာသာသရုပ်ဆောင်များက မည်သူဆိုသည်ကို ဆန်းစစ်ပြီး
ကြည့်ရှူသည်က များသည် ။ အကြောင်းမှာ ကျွန်တော်တို့ သည် နိုင်ငံခြားမှာ
အနေများသောကြောင့် မြန်မာရုပ်ရှင် ဗွီဒီိယိုကို ကြည့်သောအခါ အဆင့်အဆန်း
ရှိ မရှိ  မကြည့်တော့ ။ ကျွန်တော်တို့ ၏ ခဏတာ ရီရရင် ပြီးရော ဆိုသော
စိတ်၏ ထွက်ပေါက်ကို အလိုလိုက်၍ ဟာသပါသော ကားများကို ကြည့်ကြခြင်းဖြစ်သည်
။ သို့ သော် သရုပ်ဆောင် ဇါတ်လိုက်များက ဟာသသရုပ်ဆောင်သော-
သရုပ်ဆောင်အမျိုးသမီးက ဟာသလူရွှင်တော်လို သရုပ်ဆောင်သော ကားများကိုမူ
မကြည့်ချင်ကြ။ ကျွန်တော်တို့  ကြည့်ချင်သည်မှာ ဟာသလူရွှင်တော်များက
သရုပ်ဆောင်ပြက်လုံးများ ပျက်နေသည်ကိုသာ ကြည့်လိုမြင်လို
ကြသူများသာဖြစ်သည် ။
     ကျွန်တော်တို့ ခေတ်က လူရွှင်တော် ဦးသန်းနွဲ့  ဆိုလျှင် တကယ်ရီရသည် ။
နုတ်ခမ်းမွှေးအတုနှင့် အမျိုးသမီးကို ဖက်ပြီး ကနေစဉ်
နုတ်ခမ်းမွှေးပြုတ်ကျသော ပြကွက်ကို ကျွန်တော့်မျက်စိထဲမှာ ယနေ
့တိုင်မြင်ယောင်နေသည် ။ သူမကွယ်လွန်မှီ ကျနော် လူတွေကို ရီအောင်
ပြုလုပ်ခဲ့ ပါတယ် ဆိုသော လူရွှင်တော်သန်းနွဲ့  စကားကို ခုထိတိုင်
သတိရနေမိသည် ။ ကြယ်နီ ၊ သာဂေါင် ၊ မြင့်ဖေ စသော လူရွှင်တော်များသည်
ကျွန်တော်တို့ ခေတ်က တဦးကောင်း လူစွမ်းကောင်း လူပြက်များဖြစ်သည် ။
ဖိုးပါကြီးမှာ လူရွှင်တော်ထဲက သရုပ်ဆောင်ဖြစ်သလို သူသရုပ်ဆောင်ခဲ့ သော
ကားတွေမှာ ရီရတာများသည် ။ သို့ အတူ အမျိုးသမီးတွေထဲက ဒေါ်စိန်ခင်တို
့ဆိုလျှင် ကြီးမားလှသော တင်ပါးဆုံကို လှိမ့်ကာလှိမ့်ကာ လမ်းလျှောက်ပြပြီး
သရုပ်ဆောင်ရာမှာ အလွန်ပင် ရီကြရသည် ။ ရှေးခေတ် ဟာသ
လူရွှင်တော်အမျိုးသမီးတွေထဲက ဒေါ်စိန်ခင် ပြီးတော့ မသန်းရွှေ ဖြစ်လာသည် ။
မသန်းရွှေက သူ့ ရုပ်ကို မြင်ရပြီ ဆိုသည်နှင့် တကယ့် ရီရအောင်
ပြုလုပ်နိုင်စွမ်း ရှိသူဖြစ်သည် ။ ဦးဂျော်လီဆွေမှာ ခေတ်ဟောင်းကပင်
ခေတ်သစ်ထိ သက်တော်ရှည် ဟာသ လူရွှင်တော်ဖြစ်ခဲ့ သည် ။ လွန်ခဲ့ သော နှစ်ကသာ
ကွယ်လွန်သွားသော်လည်း မကွယ်လွန်မှီထိ လူရွှင်တော်အဖြစ် သရုပ်ဆောင်ခဲ့ သည့်
သက်တော်ရှည် ဖြစ်သည် ။ ဦးဂျော်လီဆွေ၏ သားဖြစ်သူ ထူးသာမှာ ဘခင်၏ ခြေရာကို
လိုက်နေသူဖြစ်သည် ။ နာမည်ကြီး ဟာသ လူရွှင်တော်များအဖို့  ရုပ်ရှင်တွေထဲမှာ
အမှတ်တရ ဖြစ်စေအောင် သရုပ်ဆောင်ခဲ့ ကြသည်ကို ကျွန်တော်တို့ မှာ
အမှတ်ရနေတတ်သည် ။
   ဟာသ လူရွှင်တော်ထဲက သရုပ်ဆောင် စိန်မြင့်မှာမူ အရပ်အမောင်းက ကလန်ကလားနဲ
့ ရီရသည် ။ ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်၍ မြေကျင်းဖြစ်သွားရပုံကို
လျှောက်ပြသော စိန်မြင့်အား ခုထက်ထိ  မျက်စိထဲမြင်ယောင်နေသည်။
သူပါသောကားမှာ မည်သို့ ပင် သနားစဖွယ် သရုပ်ဆောင်ခန်း ပါနေသော်လည်း
စိန်မြင့်ကို မြင်လျှင် ဘယ်အခန်းမှာ ရီစရာ ဟားစရာပါလေမည်လဲ ဆိုသည်ကိုဘဲ
ကြည့်ကြဖြစ်သည် ။ ရုပ်ရှင် အနုပညာရှင် သရုပ်ဆောင်လောကမှ
ကွယ်လွန်သွားခြင်းများကို အထူးသတိမပြုမိသော်လည်း ဟာသ လူရွှင်တော်များကိုမူ
အမှန်တကယ်ပင် သနားဂရုဏာ သက်ကြရသည် ။ လွန်ခဲ့ သောနှစ်များက ရှဲဒိုး
ကွယ်လွန်ကြောင်း ကြားရ၍ စိတ်မကောင်းဖြစ်ရသေးသည် ။ ပို၍
စိတ်မကောင်းဖြစ်ရသည်က ဖါးကန့် မှာ ဇါတ်ကနေစဉ် ကွယ်လွန်ခြင်း ဖြစ်ကြောင်း
ကြားသိရခြင်းပင်။ ရှဲဒိုးကခြေတဖက်ဖြတ်တောက်ထား
ရသည့်ကြားမှ အနုပညာကို
မြတ်နိုး၍ စီးပွါးရေးကြောင့် ဇါတ်အငြိမ့်တွင် လိုက်ပြရခြင်းဖြစ်သည် ။
အမှန်တကယ်က သူ့ ခမြာ မိသားစုနှင့်အတူ အိမ်မှာနေယင်း အေးအေးဆေးဆေးဖြင့်
ရှိနေခဲ့ ပါက သက်တမ်းရှည်နိုင်သေးသည်ဟု ထင်သည် ။ ဦးစိန်ရိုး တယောက်လည်း
လေဖြတ်နေသည်ဟု ပြဇတ်ကရာမှာ မြင်တွေ့ လိုက်ရသေးသည် ။ ကိုဖိုးဖြူ
တယောက်လည်း အသည်းရောဂါ ခံစားနေရသည်ကို စိတ်မကောင်းလှ။ သူတို့ တွေသည်
ကျွန်တော်တို့ လို အနေဝေးသူများအတွက် တကယ့်လူစွမ်းကောင်းတွေ ဖြစ်သည် ။
      ဦးဆန်နီကိုလည်း ဆုံးသွားပြီ ဆိုသော သတင်းကြားရသောအခါ သူ
့အတွဲဖြစ်သော ဦးမိုးကျော်မှာ တခြားဟာသလူရွှင်တော်များနှင့်
တွဲကပြနေရသည်ကို မြင်ရသည် ။ လူရွှင်တွေများမှာ အတွဲတွေ ရှိနေကြရသည် ။ သို
့မှသာ သူတို့ မှာ တယောက်နဲ့  တယောက် အတိုင်အဖေါက်များ ညီပြီး လူတွေကို
ဟဒယရွှင်ဆေး တိုက်ကျွေးနိုင်ကြသည် ။ ဦးသန်းနွဲ့ -ဦးမြင့်ဖေ ၊
ဦးချစ်မောင်  တို့  အတွဲ ၊ ကြယ်နီ-သာဂေါင်တို့ အတွဲ ။
ဦးသိန်းမောင်-ဒေါ်စိန်ခင်တို့ အတွဲ ၊ မော့စ် -မိုးဒီ အတွဲ ၊ ငြိမ်းချမ်း-
ကောင်းကျော်-ရှဲဒိုး-ထက်ထက် အတွဲ ၊ ကြာစိ-အောင်သော်တို့  အုပ်စု
ဦးဆန်နီ-ဦးမိုးကျော် တို့ အတွဲမှာ ချစ်စရာတွေဖြစ်သည် ။
ကျွန်တော်အမှတ်တရ ရှိနေရလောက်အောင် ဘာကြောင့် သူတို့ ကို
သတိရနေသနည်းဆိုသော် ရယ်စရာကား တွေကို ကြည့်နေတတ်၍ ဖြစ်သည် ။ ယခင်ကလည်း
ရယ်စရာကားတွေကိုသာ ကြည့်သည် ။ ယခုတော့ ပို၍ ရယ်စရာကားကို ကြည့်ဖြစ်နေသည်
။ ကျွန်တော် ကြည့်နေသော ရယ်စရာကားတွေမှာ ဟာသ လူရွှင်တော်များသာ သရုပ်ဆောင်
ပြက်သော စကားများ အမူအယာများကိုသာ နှစ်သက်သည် ။ အကယ်ဒမီပေးပွဲမှာ
မော့စ်ကိုမြင်တော့ သူ့ နုတ်ခမ်းမွှေးကို သတိထားကြည့်လိုက်သည် ။ သူတသက်တာ
မြတ်နိုးခဲ့ သော နုတ်ခမ်းမွှေးကား သူ၏ မကျန်းမာမှုကို လက်ပြနုတ်ဆက်
ထွက်ခွါသွားပြီ ဆိုသည်ကို ခန့် မှန်းမိသည် ။ ကျွန်တော်တို့ မှာ မသွားဘဲ
နီးလာသည်က သင်ချိုင်း ၊ သွား၍ ဝေးနေသည်က နိဗ္မန် ဟု ဆိုရိုးစကား ရှိကြသည်
။ ခုတော့ လူတွေကို အများကြီး ရယ်စရာ ဖြစ်အောင် စိတ်နှလုံးများကို
မွန်းကြပ်ရာမှ ဖြေသိမ့် ရအောင် လုပ်ပေးခဲ့ ရှာသော မော့စ်ကား အပြီးအပိုင်
ထွက်ခွါသွားလေပြီ ။ မော့စ်၏ ဓါတ်ပုံကားချပ်ကို ရင်ဝယ်ပိုက်ကာ ငိုကြွေးကာ
လာခဲ့ သော ခင်လှိုင်ကို မြင်ရတော့ တကယ့်စိတ်မကောင်းလှ ။ သူ့ မိသားစု သူ
့လောကမှ လူတွေအတွက် သူကား ကောင်းကျိုးတွေကို ပြုလုပ်ခဲ့ ပြီ ပေါ့။ ထို
့ကြောင့် မော့စ်မှာ ကောင်းရာသုဂတိ ဘုံသို့  လားလိမ့်မည်ဟု ကျွန်တော်
အမှန်ပင်မျှော်လင့် ပါသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )








သာကေတအာရဗီစာသင်ကျောင်းမြေတိုက်ခန်း

Ko Phyu နိင်ငံ တကာ က အရေး ယူ ခံရမှာ စိုးတယ် .....လို့ဒုတိယဦးအောင်မင်းကပြောပြန်ပါတယ်....

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားဖို့ ညွှန်ကြား

RFA Burmese's photo.
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားဖို့ ညွှန်ကြား

နိုင်ငံတော်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမေးမြန်းချက်တွေကို ဝန်ကြီးဌာနတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တိတိကျကျ ပြန်လည် ရှင်းလင်းပေးစေချင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ တိုက်တွန်း လိုက်ပါတယ်။

၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူသဘောတွေကို ဆွေးနွေးရာမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က အခုလို ပြောကြားလိုက်တာပါ။

"အခုအချိန်ဟာ ဒီမိုကရေစီစနစ် ကျင့်သုံးနေတာဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ရဲ့ ဆွေးနွေးချက်ကို ဒါကိုကျွန်တော်တို့က ဒီလိုဆောင်ရွက်ပါမယ်၊ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး၊ ဒီလိုမျိုး တိတိကျကျ ပြန်လည်ဖြေကြားမှသာ ကျွန်တော်တို့ရဲ့လုပ်ငန်းသည် အထောက်အကူပြုမှာဖြစ်ပါတယ်၊ အဲ့လိုမဟုတ်ပဲနဲ့ လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေးတာ လေထဲပျောက်သွားတယ်ဆိုတာ မဖြစ်သင့်ပါဘူး၊ ဒါကြောင့် အဆင်သင့်မဖြစ်သေးရင် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်"

ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ တိုက်တွန်းပြောကြားချက်ဟာ မှန်ကန်တဲ့ တိုက်တွန်းချက်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံပြောကြားခဲ့ပါတယ်။

လာမယ့် ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးက သုံးရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဝန်ကြီးဌာန (၁၆) ခုက သက်ဆိုင်ရာဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေက အသီးသီးပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။


နိုင်ငံတော်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမေးမြန်းချက်တွေကို ဝန်ကြီးဌာနတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တိတိကျကျ ပြန်လည် ရှင်းလင်းပေးစေချင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ တိုက်တွန်း လိုက်ပါတယ်။

၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူသဘောတွေကို ဆွေးနွေးရာမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က အခုလို ပြောကြားလိုက်တာပါ။

"အခုအချိန်ဟာ ဒီမိုကရေစီစနစ် ကျင့်သုံးနေတာဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ရဲ့ ဆွေးနွေးချက်ကို ဒါကိုကျွန်တော်တို့က ဒီလိုဆောင်ရွက်ပါမယ်၊ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး၊ ဒီလိုမျိုး တိတိကျကျ ပြန်လည်ဖြေကြားမှသာ ကျွန်တော်တို့ရဲ့လုပ်ငန်းသည် အထောက်အကူပြုမှာဖြစ်ပါတယ်၊ အဲ့လိုမဟုတ်ပဲနဲ့ လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေးတာ လေထဲပျောက်သွားတယ်ဆိုတာ မဖြစ်သင့်ပါဘူး၊ ဒါကြောင့် အဆင်သင့်မဖြစ်သေးရင် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်"

ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ တိုက်တွန်းပြောကြားချက်ဟာ မှန်ကန်တဲ့ တိုက်တွန်းချက်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံပြောကြားခဲ့ပါတယ်။

လာမယ့် ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးက သုံးရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဝန်ကြီးဌာန (၁၆) ခုက သက်ဆိုင်ရာဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေက အသီးသီးပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

လက်ပံတောင်းတောင်အား အနုပညာဖြင့်ဖွဲ့ဆိုခြင်း ရန်ပုံငွေ ပန်းချီ ၊ ဓာတ်ပုံ ပြပွဲ



88 Generation Students

လက်ပံတောင်းတောင်အား အနုပညာဖြင့်ဖွဲ့ဆိုခြင်း ရန်ပုံငွေ ပန်းချီ ၊ ဓာတ်ပုံ ပြပွဲအတွက် ချင်းတွင်းရေကြည်(မုံရွာ) ပန်းချီဆရာများ၊ မြန်မာနိုင်ငံပန်းချီဆရာများသမဂ္ဂနှင့် ရန်ကုန်ပန်းချီဆရာများ၊ လက်ပံတောင်းတောင်ကာကွယ်ရေးကော်မတီ၊ လက်ပံတောင်းဒေသခံများ အားတက်သရော ပူးပေါင်းပါဝင်၍ နွယ်နီယဉ်ကျေးမှုရပ်ဝန်းမှ စုစည်းစီစဉ်သည့် လက်ပံတောင်းတောင်အား အနုပညာဖြင့်ဖွဲ့ဆိုမှု ပန်းချီဓာတ်ပုံပြပွဲကို အမှတ် ၆၀၁ ဂျက်ဆင်ခန်းမ ပြည်လမ်း ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ၊ ၁၉ ရက်မှ ၂၁ ရက်ထိ နေ့စဉ် နံနက် ၁၀းဝဝ နာရီမှ ညနေ ၅းဝဝ နာရီထိ ပြသမည်ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၁၉ရက် နံနက် ၁၀းဝဝ နာရီ ဖွင့်ပွဲတွင် ကဗျာရွတ်ခြင်းနှင့် ဗွီဒီယိုမှတ်တမ်းတင်ဆက်မှု အစီအစဉ်လည်း ပါဝင်ကြောင်းသိရသည်။

ကနေဒါနိုင်ငံပါလီမန်အမတ်များအဖွဲ့၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံ

88 Generation Students

ကနေဒါနိုင်ငံမှ ရောက်ရှိနေသော ပါလီမန်အမတ်များအဖွဲ့သည် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက် ၁၁း၃၀ နာရီမှ မွန်းလွဲ ၁၂း၃၀ နာရီ အထိ ရန်ကုန်မြို့၊ Park Royal Hotel တွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးကြရာတွင် ယနေ့မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော လက်ရှိနိုင်ငံရေး အကူးအပြောင်းအခြေအနေနှင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည်



RFA Burmese

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံတွေ အတွက် အရင်နှစ်ကထက် (၁၄) ဆ အထိတိုးပြီး ကျပ်ငွေ ဘီလီယံ (၅၀) အထိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရင်း ပြောခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက နိုင်ငံတော်က ကျန်းမာရေးအတွက် ဘတ်ဂျက်ကို အတိုင်းအတာတစ်ခုအထိ တိုးပေးထားပေမယ့် အစိုးရဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာတွေကို တွေ့ရှိနေရတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုတွေကို မေးမြန်းခဲ့တာပါ။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ဆေးဝါးပစ္စည်းဝယ်ယူဖို့အတွက် (၃.၅) ဘီလီယံ အသုံးပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ခြိမ်းခြောက်စာပေးပို့



Monday, 18 February 2013

ကချင်အရေးနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ပြင်းပြင်းထန်ထန်
ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှ
ဆွေထံသို့ ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိလာခဲ့သဖြင့် ပြည်ထောင်စု လွှတ်တော်နာယကထံသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်စာကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲဖြင့် မြစ်ကြီးနားစာ တိုက်မှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး စာပေးပို့သူ အမည်နာမည်ကို ကချင်ဘင်လာဒင် ဟု ရေးသားထားသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် “ခင်ဗျားနဲ့ ခင်ဗျားရဲ့ သားစဉ်မြေးဆက် မျိုး ဆက်အားလုံးကို ကျုပ်ကချင်အမျိုးသားတစ်ဦးအနေနဲ့ ရာသက်ပန်ရန်သူ အဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသချိုင်္င်းဓားမဆိုင်းဘဲ ကျုပ်ရဲ့ သားစဉ်
မြေး ဆက်အတိုင်းဆက်လက်ပြီး ရန်သူအဖြစ် သတ်မှတ်ထား လိုက်တယ်။” ဟု ပါရှိကြောင်းလည်း သိရသည်။

Messenger News Journal

မိုက်တယ်..ဘပြောင်..ဦးရွှေရိုးနဲ့တူဒဲလ်......

ချင်းပြည်နယ်ခရီးစဉ် (မင်းတပ်ခရိုင်)
=================================
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့