Tuesday, February 19, 2013

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှ လူစုခွဲပေးဖို့ လာရောက်မေတ္တာရပ်ခံ

ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ်အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အား အိန္ဒိယနိုင်ငံမှ သတိပေး

Won Thar Nu's photo.

၂၀၁၂ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း တလျှောက်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်ဌာနေ တိုင်းရင်းသားများနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီမူဆလင်များ၏ အဓိကရုဏ်းကဲ့သို့သော ဖြစ်ရပ်များတွင် ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ အိန္ဒိယအစိုးရမှ ၎င်း၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအား သတင်းအချက်အလက်များ မျှဝေပေးလိုက်ကြောင်း ဇန်န၀ါရီ ၃၀ရက်နေ့ အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်းမ်သတင်းစာမှ ဖော်ပြခဲ့သည်။ ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ်အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အား အိန္ဒိယနိုင်ငံမှ သတိပေး

၂၀၁၂ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း တလျှောက်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်ဌာနေ တိုင်းရင်းသားများနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီမူဆလင်များ၏ အဓိကရုဏ်းကဲ့သို့သော ဖြစ်ရပ်များတွင် ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ အိန္ဒိယအစိုးရမှ ၎င်း၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအား သတင်းအချက်အလက်များ မျှဝေပေးလိုက်ကြောင်း ဇန်န၀ါရီ ၃၀ရက်နေ့ အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်းမ်သတင်းစာမှ ဖော်ပြခဲ့သည်။

အဆိုပါ ပါကစ္စတန်အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုများထဲတွင် အထင်ရှားဆုံး အကြမ်းဖက်အဖွဲ့အစည်းမှာ Lashkar-e-Taiba ဖြစ်သည်။ အိန္ဒိယအစိုးရ၏ ထိပ်တန်းထောက်လှမ်းရေး သတင်းအချက်အလက်များအရ ရိုဟင်ဂျာဘင်္ဂလီမူဆလင် အကြမ်းဖက်လှုပ်ရှားမှုများအား နောက်ကွယ်မှ အဓိကငွေကြေး ထောက်ပံ့ပေးနေသည်မှာ ဆော်ဒီအာရေဗီယားနိုင်ငံမှ အစ္စလာမ်မစ်အဖွဲ့အစည်းများဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအထူးလေ့ကျင့်ထားသည့် အကြမ်းဖက်သမားများသည် ပါကစ္စတန်နိုင်ငံ အခြေစိုက်အကြမ်းဖက်အုပ်စုများထံတွင် စခန်းသွင်းလေ့ကျင့်ခဲ့သူများဖြစ်ပြီး လိုအပ်သည့် လက်နက်ခဲယမ်းမီးကျောက်များကို ထိုင်းနိုင်ငံရှိ အစ္စလာမ်မစ်အုပ်စုများမှ တဆင့်ရရှိကြောင်း သိရှိရသည်။

ဘင်္ဂလီရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် စီးပွားရေးနှင့် လူမှုရေးအခက်အခဲများနှင့် ဆက်စပ်မှုမရှိပဲ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးမှောင်ခို ကုန်သွယ်ရေးတွင် အဆိုပါလူနည်းစု၏ ပါဝင်ပတ်သက်မှု၊ လေ့ကျင့်ရေးစခန်းထူထောင်ခြင်းအပါအ၀င်  အကြမ်းဖက်အုပ်စုများအတွက် လုံခြုံစိတ်ချရသည့် နေရာများဖန်တီးပေးမှု စသည့်အချက်များသည် ဒေသတွင်း တည်ငြိမ်ရေးအား အဓိကအကြမ်းဖက်အုပ်စုများက စိမ်ခေါ်နိုင်စေရန် ဖန်တီးပေးလျှက်ရှိသည်ဟု အိန္ဒိယအစိုးရထိပ်တန်း အရာရှိတစ်ဦးကပြောကြားသွားသည်။

နယူးဒေလီ၏ အဓိကစိုးရိမ်ပူပန်သည့်အချက်မှာ ပါကစ္စတန်အကြမ်းဖက်အုပ်စုများမှ  ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ မူဆလင်များကို စုဆောင်းလေ့ကျင့်ပေးပြီး အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန်နှင့် ဒေသတွင်းတွင် အာသံအဓိကရုဏ်းကဲ့သို့ ဆူပူအုံကြွသတ်ဖြတ်မှုများကို ဖန်တီးလာစေရန် နောက်ကွယ်မှကြိုးကိုင် အသုံးချမည်ကို ဖြစ်သည်။

ဘင်္ဂလီရိုဟင်ဂျာ ဒုက္ခသည်အမြောက်အမြားရှိနေသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် Pakistani Inter-Services Intelligence နှင့် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ Lashkar-e-Taiba တို့၏ အရှိန်မြင့်လာသော ပူးပေါင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ခဲ့ကြပြီးဖြစ်သည်။ အစိုးရနှစ်ခုစလုံးက စစ်တကောင်းတောင်တန်းဒေသအတွင်း ဘင်္ဂလားအစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ Jaish-e-Mohammed (JeM) ၏ အကြမ်းဖက်လှုပ်ရှားမှုများ ရှိကြောင်း ယုံကြည်ထားကြသည်။ ထိုအဖွဲ့သည် အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် Cox's Bazaar ခရိုင်မှ Teknaf sub-division အတွင်း လှုပ်ရှားလျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ဒေသ ဆူပူအုံကြွမှုဖြစ်ပွားပြီးနောက် Lashkar-e-Taiba နှင့် ၎င်း၏မိခင်အဖွဲ့အစည်းဖြစ်သော Jammaat-ud-Dawwa (JuD) တို့မှ ဦးဆောင်၍ ဖိုရမ်တစ်ခုကျင်းပခဲ့ပြီး ၎င်းဖိုရမ်၏အမည်မှာ Difa-e-Musalman Arakan-Burma Conference (Defence of Muslims in Myanmar) ဖြစ်ကြောင်း၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဏာရမြန်မာအစိုးရအား ဆန့်ကျင်ရန် မူဆလင်များအား စုစည်းမည့် ကမ်ပိန်းဖြစ်ကြောင်း သိရှိရသည်။

Lashkar-e-Taiba နှင့်  Jammaat-ud-Dawwa (JuD) တို့မှ သြဂုတ်လ၁၀ရက်၊၂၀၁၂ခုနှစ်တွင် အဖွဲ့ဝင်နှစ်ဦးပါ အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းတို့နှစ်ဦးမှာ  Jammaat-ud-Dawwa (JuD)၏ ပြောရေးဆိုခွင့်ရှိသူ Nadeem Awari နှင့် လူမှုဆက်သွယ်ရေးအဖွဲ့မှ Shahid Mehmood Rehmatullah တို့ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့၏တာဝန်မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာရေးကျောင်းများမှ စီနီယာကိုယ်စားလှယ်များနှင့် ချိတ်ဆက်လှုပ်ရှားမှုကို တိုးမြှင့်ရန်ဖြစ်သည်။

အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေးသတင်းများအရ Lashkar-e-Taiba ခေါင်းဆောင် Hafeez Saeed အပါအ၀င် စီနီယာအစွန်းရောက် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံအား ပစ်မှတ်ထားလျှက်ရှိပြီး နိုင်ငံအတွင်းမှ အလားအလာရှိသည့် မူဆလင်များအား စုဆောင်းရန်နှင့် အကြမ်းဖက်လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရန် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါအကြမ်းဖက်အဖွဲ့မှ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းလျှက်ရှိသည့် သမ္မတဦးသိန်းစိန်အစိုးရအား ရခိုင်ဒေသရှိ မူဆလင်များ၏ အတိဒုက္ခရောက်မှုအတွက် အဓိကတာဝန်ရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ 

Lashkar-e-Taiba ခေါင်းဆောင်များသည် ရခိုင်ဒေသရှိ ဘင်္ဂလီရိုဟင်ဂျာများထံ Harkat ul Jihadi al Islami (HUJI), JeM နှင့် Jammaat ul Mujahideen Bangladesh (JMB) စသည့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များနှင့်အတူ အလည်အပတ်လာရောက်ရန် စီစဉ်နေကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ RSO(Rohingya Solidarity Organisation) နှင့် ဆက်ဆံရေးတိုးမြှင့်ပြီး အကြမ်းဖက်လှုပ်ရှားမှုများကို တိုးမြှင့်မည့် အစီအစဉ်များရေးဆွဲရန်နှင့် အိန္ဒိယအရှေ့ဖက်ဒေသ အစွန်အဖျားတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ထိပ်တန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများမှ Jammaat ul Arakan (JuA)တည်ထောင်ခြင်း၊ JAM မှလေ့ကျင့်ထားသည့် အကြမ်းဖက်သမားများအကြောင်းနှင့် တခြားဘင်္ဂလီရိုဟင်ဂျာ အစွန်းရောက် အကြမ်းဖက်အုပ်စုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား ၀န်ကြီးချုပ်မန်မိုဟန်ဆင်း အစိုးရအဖွဲ့ထံ အစီအရင်ခံ တင်ပြပြီးဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယထောက်လှမ်းရေးသတင်းများအရ JAM အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီး Bandarban district အတွင်းရှိ လူသူအရောက်အပေါက်နည်းပါးသည့် ဝေးလံသော တောတွင်းတစ်နေရာ၌ လေ့ကျင့်ရေးစခန်းတစ်ခုတည်ဆောက်ကာ လူသစ်များအား စုဆောင်းလေ့ကျင့် သင်ကြားပေးခြင်းတွင် ပါဝင်ပတ်သက်နိုင်ကြောင်းနှင့် ၎င်းတို့တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ကာ လျှို့ဝှက်လှုပ်ရှားမည့် အစီအစဉ်များရှိနေကြောင်း ၎င်းအရာရှိမှဆက်လက်ပြောကြားသွားသည်။

ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် ဘင်္ဂလီရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့အစည်းများ ဆက်စပ်မှုအား အိန္ဒိယထောက်လှမ်းရေးမှ စတင်ခြေရာခံမိခြင်းမှာ စက်တင်ဘာ၁၁ရက်နေ့၊ ၂၀၁၂ခုနှစ်တွင် Cox's Bazaar ခရိုင်၊ Idgah madarassa  ဒေသတွင် ဖမ်းဆီးရမိခဲ့သော Noor-ul-Amin ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဘာသာရေးဆရာသည် ပါကစ္စတန်နိုင်ငံ၊ Karachi မြို့အခြေစိုက် Dar-ul-Uloom Islamiya madarassa  တွင် လေ့ကျင့်ခဲ့သူဖြစ်ပြီး ယခင်က အရည်အသွေးရှိသည့် စစ်သွေးကြွများအား ရှာဖွေစည်းရုံးသည့် တာဝန်နှင့် ဘင်္ဂလီရိုဟင်ဂျာများအား စည်းရုံးကာ အကြမ်းဖက်အဖွဲ့အဖြစ် စုဆောင်းလေ့ကျင့်ပေးခဲ့သူဖြစ်သည်။

၎င်းအား အခန်းပိတ်စစ်ဆေးသည့်အချိန်တွင် သူ၏အဖွဲ့အစည်းသည် ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် ပတ်သက်မှုရှိသည့်အပြင် Karachiမြို့ အခြေစိုက် HUJI (Arakan)၏ စစ်ဦးစီးချုပ် Maulana Abdus Qudus Burmi နှင့်လည်း ပတ်သက်မှုရှိကြောင်း ၀န်ခံပြောကြားခဲ့သည်။  ဆက်လက်ပြီး ၎င်းက ပါကစ္စတန်စစ်ထောက်လှမ်းရေးအဖွဲ့သည် ဘင်္ဂလီရိုဟင်ဂျာများအတွက် စစ်လက်နက်များ အရောင်းအ၀ယ်လုပ်ရာတွင်လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။ အောက်တိုဘာ ၈ရက်၊ ၂၀၁၂ခုနှစ်တွင် Noor-ul-Amin၏ အနီးစပ်ဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ Ali Ahmed aka Abu Jibral အား ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။ HUJI ၏ လက်ရှိအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Ahmed aka Abu Jibral အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပတ်စပို့စာအုပ်နှင့်အတူ ပါကစ္စတန်နိုင်ငံဆိုင်ရာ စာရွက်စာတမ်းများနှင့် လက်ရဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့်လအနည်းငယ်က ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် Karachi မြို့အခြေစိုက် Islamiya madarassa နှင့် ငွေကြေးအလွှဲအပြောင်းပြုလုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ Ali Ahmed aka Abu Jibral အား အခန်းပိတ်စစ်ဆေးစဉ် ၎င်းက အာဖကန်နစ္စတန်နိုင်ငံ အတွင်း ဂျီဟတ်စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းနှင့် ၎င်း၏အဖွဲ့သည် ၁၉၈၅ခုနှစ်မှ ၁၉၉၄ခုနှစ်အထိ   Waziristanမြောက်ပိုင်း၊ Miranshah ဒေသတွင် တာလီဘန်များနှင့် လက်တွဲခဲ့ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။ 

ဒါကာနှင့်နေပြည်တော် အစိုးရများသို့ ဘင်္ဂလီရိုဟင်ဂျာ အကြမ်းဖက်ကွန်ယက်များနှင့် ပတ်သက်၍ တပ်လှန့်ပြီးချိန်တွင် အိန္ဒိယအစိုးရအနေဖြင့် ပါကစ္စတန်စစ်ထောက်လှမ်းရေး (ISI)မှ Lashkar-e-Taiba,Jaish-e-Mohammed (JeM),Harkat ul Jihadi al Islami (HUJI) နှင့် Tehrik-e-Azadi Arakan (TAA) ကဲ့သို့သော ဒေသတွင်း အစ္စလာမ်မစ်အစွန်းရောက် အဖွဲ့အစည်းများမှတဆင့် ဘင်္ဂလီမူဆလင်ဒုက္ခသည်များအား အစွန်းရောက်အကြမ်းဖက် အဖွဲ့ဝင်များအဖြစ် စုဆောင်းလေ့ကျင့်ကာ လုံခြုံရေးအားနည်းသည့် အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် နောက်ကွယ်မှကြိုးကိုင်မည်ကို အထူးစိုးရိမ်ပူပန်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလီရိုဟင်ဂျာမူဆလင်များထံမှ ဘာသာရေးအစွန်းရောက်များစွာ တိုးပွားလာခြင်းသည် ရရှိထားသော သက်သေခံ သတင်းအချက်အလက်များအရ ၎င်းတို့အား ပါကစ္စတန်အခြေစိုက် ဖောက်ခွဲရေးပါရဂူများထံမှ အသေခံစစ်သွေးကြွများအဖြစ် လေ့ကျင့်မွေးထုတ်ပေးလျှက်ရှိပြီး ဖောက်ခွဲရေးပစ္စည်းများအား ထုတ်လုပ်ခြင်းနှင့် မြန်မာ့တပ်မတော်အား ရင်ဆိုင်သည့်အခါ မည်သို့အသုံးချရန် စနစ်တကျလေ့ကျင့်ပေးလျှက်ရှိကြောင်း အခိုင်အမာသိရှိရပါသည်။

Source - LeT seeks foothold in Myanmar 
Shishir Gupta, Hindustan Times
ဘာသာပြန်ဆိုသူ - မြတ်သိန်းထွန်း (၀ံသာနု)

အိန္ဒိယထောက်လှမ်းရေးသတင်းများအရ JAM အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီး Bandarban district အတွင်းရှိ လူသူအရောက်အပေါက်နည်းပါးသည့် ဝေးလံသော တောတွင်းတစ်နေရာ၌ လေ့ကျင့်ရေးစခန်းတစ်ခုတည်ဆောက်ကာ လူသစ်များအား စုဆောင်းလေ့ကျင့် သင်ကြားပေးခြင်းတွင် ပါဝင်ပတ်သက်နိုင်ကြောင်းနှင့် ၎င်းတို့တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ကာ လျှို့ဝှက်လှုပ်ရှားမည့် အစီအစဉ်များရှိနေကြောင်း ၎င်းအရာရှိမှဆက်လက်ပြောကြားသွားသည်

ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် ဘင်္ဂလီရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့အစည်းများ ဆက်စပ်မှုအား အိန္ဒိယထောက်လှမ်းရေးမှ စတင်ခြေရာခံမိခြင်းမှာ စက်တင်ဘာ၁၁ရက်နေ့၊ ၂၀၁၂ခုနှစ်တွင် Cox's Bazaar ခရိုင်၊ Idgah madarassa ဒေသတွင် ဖမ်းဆီးရမိခဲ့သော Noor-ul-Amin ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဘာသာရေးဆရာသည် ပါကစ္စတန်နိုင်ငံ၊ Karachi မြို့အခြေစိုက် Dar-ul-Uloom Islamiya madarassa တွင် လေ့ကျင့်ခဲ့သူဖြစ်ပြီး ယခင်က အရည်အသွေးရှိသည့် စစ်သွေးကြွများအား ရှာဖွေစည်းရုံးသည့် တာဝန်နှင့် ဘင်္ဂလီရိုဟင်ဂျာများအား စည်းရုံးကာ အကြမ်းဖက်အဖွဲ့အဖြစ် စုဆောင်းလေ့ကျင့်ပေးခဲ့သူဖြစ်သည်။

၎င်းအား အခန်းပိတ်စစ်ဆေးသည့်အချိန်တွင် သူ၏အဖွဲ့အစည်းသည် ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် ပတ်သက်မှုရှိသည့်အပြင် Karachiမြို့ အခြေစိုက် HUJI (Arakan)၏ စစ်ဦးစီးချုပ် Maulana Abdus Qudus Burmi နှင့်လည်း ပတ်သက်မှုရှိကြောင်း ၀န်ခံပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ပါကစ္စတန်စစ်ထောက်လှမ်းရေးအဖွဲ့သည် ဘင်္ဂလီရိုဟင်ဂျာများအတွက် စစ်လက်နက်များ အရောင်းအ၀ယ်လုပ်ရာတွင်လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။ အောက်တိုဘာ ၈ရက်၊ ၂၀၁၂ခုနှစ်တွင် Noor-ul-Amin၏ အနီးစပ်ဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ Ali Ahmed aka Abu Jibral အား ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။ HUJI ၏ လက်ရှိအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Ahmed aka Abu Jibral အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပတ်စပို့စာအုပ်နှင့်အတူ ပါကစ္စတန်နိုင်ငံဆိုင်ရာ စာရွက်စာတမ်းများနှင့် လက်ရဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့်လအနည်းငယ်က ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် Karachi မြို့အခြေစိုက် Islamiya madarassa နှင့် ငွေကြေးအလွှဲအပြောင်းပြုလုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ Ali Ahmed aka Abu Jibral အား အခန်းပိတ်စစ်ဆေးစဉ် ၎င်းက အာဖကန်နစ္စတန်နိုင်ငံ အတွင်း ဂျီဟတ်စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းနှင့် ၎င်း၏အဖွဲ့သည် ၁၉၈၅ခုနှစ်မှ ၁၉၉၄ခုနှစ်အထိ Waziristanမြောက်ပိုင်း၊ Miranshah ဒေသတွင် တာလီဘန်များနှင့် လက်တွဲခဲ့ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

ဒါကာနှင့်နေပြည်တော် အစိုးရများသို့ ဘင်္ဂလီရိုဟင်ဂျာ အကြမ်းဖက်ကွန်ယက်များနှင့် ပတ်သက်၍ တပ်လှန့်ပြီးချိန်တွင် အိန္ဒိယအစိုးရအနေဖြင့် ပါကစ္စတန်စစ်ထောက်လှမ်းရေး (ISI)မှ Lashkar-e-Taiba,Jaish-e-Mohammed (JeM),Harkat ul Jihadi al Islami (HUJI) နှင့် Tehrik-e-Azadi Arakan (TAA) ကဲ့သို့သော ဒေသတွင်း အစ္စလာမ်မစ်အစွန်းရောက် အဖွဲ့အစည်းများမှတဆင့် ဘင်္ဂလီမူဆလင်ဒုက္ခသည်များအား အစွန်းရောက်အကြမ်းဖက် အဖွဲ့ဝင်များအဖြစ် စုဆောင်းလေ့ကျင့်ကာ လုံခြုံရေးအားနည်းသည့် အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် နောက်ကွယ်မှကြိုးကိုင်မည်ကို အထူးစိုးရိမ်ပူပန်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလီရိုဟင်ဂျာမူဆလင်များထံမှ ဘာသာရေးအစွန်းရောက်များစွာ တိုးပွားလာခြင်းသည် ရရှိထားသော သက်သေခံ သတင်းအချက်အလက်များအရ ၎င်းတို့အား ပါကစ္စတန်အခြေစိုက် ဖောက်ခွဲရေးပါရဂူများထံမှ အသေခံစစ်သွေးကြွများအဖြစ် လေ့ကျင့်မွေးထုတ်ပေးလျှက်ရှိပြီး ဖောက်ခွဲရေးပစ္စည်းများအား ထုတ်လုပ်ခြင်းနှင့် မြန်မာ့တပ်မတော်အား ရင်ဆိုင်သည့်အခါ မည်သို့အသုံးချရန် စနစ်တကျလေ့ကျင့်ပေးလျှက်ရှိကြောင်း အခိုင်အမာသိရှိရပါသည်။

Source - LeT seeks foothold in Myanmar
Shishir Gupta, Hindustan Times
ဘာသာပြန်ဆိုသူ - မြတ်သိန်းထွန်း (၀ံသာနု)

ဗေဒင်ဆရာလားမသိဖူး ၁၉၉၀ကရေးတာ၂၀၁၃မှာကွက်တိပဲ...

ဆောင်းပါးရေးသူရှေ့ဖြစ်နောက်ဖြစ်ဟောတဲ့ဗေဒင်ဆရာလားမသိဖူး ၁၉၉၀ကရေးတာ၂၀၁၃မှာကွက်တိပဲ...

by Nayt Thit

စစ်တပ်စီးပွားရေးဦးပိုင်လီမိတက

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ငြိမ်၊ ပိအစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (The Union of Myanmar Economic Holdings limited) ဆိုသည်ကို ဖွဲ့စည်း လိုက်ကြောင်း အမိန့်ကြေငြာစာအမှတ် ၇/၉၀ ဖြင့် ကြေငြာသွားသည်။ အမှတ်တမဲ့ဆိုလျင်တော့ အခုတလော စစ်အစိုး ရကြေငြာနေသည့် ကုမ္ပဏီတည်ထောင်ခြင်းစသည့် သတင်းမျိုးများထဲက တခုဟုသာထင်စရာရှိသည်။ သို့သော် ဂရုပြု နားထောင်လိုက်သူများအဖို့မူ ရေဒီယိုသတင်းကြားလိုက်သည့်နှင့်ပင် အောက်ပါထူးခြားချက် နှစ်ချက်ကို သတိပြုမိလိုက် သည်။
- ကြီးမားလှသော အရင်းအနှီးပမာဏ
- ပိုင်ဆိုင်မှု

ဧရာမအရင်းအနှီး

ကျပ်ကုဋေတထောင်။ ဗမာပြည်သမိုင်းတွင် စတင်တည်ထောင်စလုပ်ငန်းတစ်ခုအဖို့ အကြီးမားဆုံးအရင်းအနှီး အဖြစ် စံချိန်သစ်တင်လိုက်သည်။ ငွေစက္ကူဖေါင်းပွမှုတန်ဘိုးကို ထိန်းညှိလိုက်လျင်ပင် ဤအရင်းအနှီးပမာဏမှာ ဗမာပြည်သ မိုင်းတွင် အကြီးမားဆုံးဖြစ်မြဲဖြစ်နေသေးသည်။ ဤပမာဏကို အခြားသောလုပ်ငန်းများနှင့် နှိုင်းယှဉ်လိုက်လျှင် အောက် ပါဇယားတွင် ဖော်ပြထားသည့်အတိုင်းတွေ့နိုင်သည်။

လုပ်ငန်းကိုင်ငန်းအမည်

အရင်းအနှီးပမာဏ (ကျပ်ကုဋေပေါင်း)

ပြည်/စီး/လီ ၏
အရင်းအနှီးနှင့်နှိုင်းယှဉ်ချက်အချိုးစား
မှတ်ချက်
ဖက်စပ်အမှတ် (၅)
၅.ဝ
၁း၂၀၀

မြန်မာဟောင်ကောင်ဖက်စပ် ကုမ္ပဏီလီမိတက်
၁.၅
၁း ၆၆၆.၇

မြန်မာစင်္ကပူဖက်စပ်ကုမ္ပဏီလီမိတက်
၂.၅
၁း ၄၀၀

မြန်မာအင်န်စီသစ်သားထည်လုပ်ငန်းကုမ္ပဏီလီမိတက်
၁.၁
၁း ၁

ကျန်နှိုင်းယှဉ်စရာများအနေဖြင့် ပြရလျင် ဤအရင်းအနှီးပမာဏသည် အစိုးရ၏ဘတ်ဂျက်တွင် ပါရှိသော တတိုင်းပြည် လုံး၏ တနှစ်စာ ရင်းနှီးမြှုပ်နှံမှုထက်ပင် များနေသေးသည်။ ၁၉၈၈-၈၉ခုနှစ် အတွင်း တပြည်လုံးအတွက် ရင်းနှီးမြှုပ်နှံရန် လျာထားချက်မှာ ဤဦးပိုင်လီမိတက် အရင်းအနှီးထက် ၁၇၉.၂ ကုဋေ လျော့နည်းသည်။ ကုဋေတထောင် ဆိုသည်မှာ ၁၉၈၈-၈၉ခုနှစ် ပြည်ပပို့ကုန်မှရငွေ စုစုပေါင်း၏ ခြောက်ဆရှိပြီး များပြားလှပါသည်ဆိုသော စစ်အစိုးရ၏ စစ်သုံးစရိတ် (သူတို့ပြထားသော ကိန်းဂဏန်းအတိုင်း) ရဲ့ ငါးဆမျှရှိသည်။

ယနေ့ကဲသို့ တိုင်းပြည်ဆင်းရဲမွဲတေနေချိန်တွင် ဤမျှများပြားလှသော အရင်းအနှီးကြီးကို ဘယ်ကရရှိမည်နည်း။

အဆိုပါ ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၇/၉၀ အရဆိုလျှင် အပိုဒ် ၄၊၅၊၆ တို့တွင် ဆိုထားသည့် အ တိုင်း အရင်းအနှီး၏ ၄၀% ကို အစိုးရကထည့်ဝင်ပြီး ကျန် ၆၀% ကို စစ်တပ်အသိုင်းအ၀ိုင်းများက ထည့်ဝင်ကြမည်ဟု ဆိုသည်။ အစိုးရဆိုရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးဟု နာမည်ခံထားလိုက်သည်။
ဤစာပိုဒ်ကို ကြည့်ခြင်းအားဖြင့် ဤလီမိတက်တွင်ပါရှိသော “အစိုးရ” ဆိုသည်၏ အဓိပ္ပာယ်နှင့် အခန်းကဏ္ဍကို စဉ်း စားစရာရှိလာသည်။ သေချာနေသည်မှာ ဤမျှများပြားသော အရင်းအနှီးကို သူတို့ စစ်တပ်အ၀န်းအ၀ိုင်းမှချည်း ထုတ် လာ နိုင်စရာမရှိပေ။ (ဦးနေ၀င်း လို လူကလည်း သူ့အခြေအနေကို ပေါ်လွင်စေမည့် ပြည်တွင်းက လုပ်ငန်းကိုင်ငန်းတွင် ရှယ်ယာတွေကို ထင်ထင်ရှားရှား အများအပြားဝယ်ယူလိမ့်မည် မဟုတ်ချေ။) ထို့ကြောင့် အစိုးရကပါဝင်သည်ဟု ဆိုပြီး နိုင်ငံတော်ငွေကို နားလှည့်ပါးလှည့်နှင့် ယူသုံးခြင်းသာဖြစ်သည်။ ပိုရှင်းအောင်ပြောရလျှင် စစ်တပ်အ၀န်းအ၀ိုင်းက ပိုင် ဆိုင်ခံစားကြမည့် (ရှေ့တွင်ထပ်မံရှင်းလင်းပါဦးမည်) ရင်းနှီးမြှုပ်နှံမှုကြီးအတွက် ပြည်သူလူထု၏ ငွေကျပ် ကုဋေ ၄၀၀ ကို အတိုးမရှိ ဆွဲသုံးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ဤကုဋေ ၄၀၀ အတွက် ပြည်သူ့ဘက်မှ (အစိုးရဘက်မှ) ကိုယ်စားပြုမည့် သူမှာ ယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ်၂(က) တွင် ဖော်ပြထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြား ရေးမှူးစသော စစ်ဗိုလ်ကြီးများပင်ဖြစ်နေသည်။

ဒါတင်မကသေးပါ ကျန်ရာခိုင်နှုန်း ၆၀ ကိုလည်း တဦးချင်းဝယ်ယူသော ရှယ်ယာများကလွဲ၍ အဖွဲ့အစည်းနာမည်ခံသော (ဤသို့သော ရှယ်ယာမျိုးမှာ အများစုဖြစ်လာနိုင်သည်) ရှယ်ယာများအတွက် အရင်းအနှီးကို ဘဏ်များမှချေးယူပေ လိမ့် ဦးမည်။ သူတို့၏အဖွဲ့အစည်းတခု (ဥပမာ တိုင်းစစ်ဌာနချုပ်တခု သို့မဟုတ် ထောက်လှမ်းရေး တပ်ရင်းတခုခု)က ငွေချေး မည်ဆိုသောအခါ ဘယ်ဘဏ်ကမချေးဘဲနေ၀ံ့မည်နည်း။ ယခုအထိဆိုလျင်ဘဏ်များ၏ အာဏာကိုလည်း စစ်အစိုးရ ကပင် ကိုင်ထားသည်မဟုတ်ပါလော။ ထို့ပြင် မကြာမီကာလအတွင်း ဤဦးပိုင်လီမိတက်မှ ရှယ်ယာများဝင်ထားသော သို့မဟုတ် ကိုယ်တိုင်ထူထောင်ထားသော ဘဏ်များလည်းပေါ်ထွက်လာစရာ ရှိပေသေးသည်။ အောက်ခြေတပ်မှူး၊ တပ်သားများအဖို့မှု အစုရှယ်ယာဝင်ဖို့ဆိုပြီး မိမိတို့၏ မလောက်မငှ လခလေးထဲမှာ ရာခိုင်နှုန်းဖြင့် ဖြတ်တောက်ခြင်း ခံ ကြရရှာပေဦးတော့မည်။

ယခုကဲ့သို့သော ဘဏ်မှချေးယူသည့်နည်းကို သုံးမည်ဆိုလျှင် ဤမျှများပြားသောငွေ (ဗမာပြည် အတိုင်းအတာအရ ဆို ခြင်းဖြစ်သည်) ကိုဘဏ်များက မည်သို့ဖန်တီးလေမည်နည်း။ “အစိုးရ” မှ ထည့်ဝင်ငွေဆိုသော ကျပ်ကုဋေ ၄၀၀ မှာ ဗဟိုဘဏ်မှပင် ထုတ်လာစရာရှိသည်။ သို့ဆိုလျှင် အခြားသော ရှယ်ယာများဝယ်ရန် ငွေကို အခြားဘဏ်များထံမှ ချေး ယူနိုင်ရန် ထိုဘဏ်များသို့ ဗဟိုဘဏ်မှထုတ်ချေးယူနိုင်ရန် ထိုဘဏ်များသို့ဗဟိုဘဏ်မှ ထုတ်ချေးမည်လော။ သို့မဟုတ် စီစဉ်ထိန်းညှိပေးမည်လော။ မည်သည့်ဘဏ်မှ မည့်သည့်ပုံစံနှင့်ပင် ထုတ်ထုတ် အဆုံးတွင် ၀ါဇီ ဂိုဒေါင်သို့သာ တန်းစီ ရောက်မည့်သဘောရှိနေသည်။

ငွေစက္ကူဖောင်းပွမှု

၁၉၈၈ ခုနှစ် စာရင်းဇယားများအရ ပြည်တွင်း၌ လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏသည် ကျပ်ကုဋေ၁၂၀၀ မျှ သာရှိသည်။ ဤသည်ပင် ငွေစက္ကူဖောင်းပွမှုဒါဏ်ကို ပြည်သူတွေ အလူးအလဲခံစားရစေသည်။ ယခုကဲ့သို့သာ နောက် ထပ် ကျပ်ကုဋေ ၁၀၀၀ သို့မဟုတ် လက်ရှိလည်ပတ်နေသည့် ၈၃% ကျော်ကို ထပ်ထုတ်ဝေလိုက်သည်ဆိုလျင်။

ယနေ့အခါ ဗမာပြည်သူလူထုအား အဆိုးဝါးဆုံးနှိပ်စက်နေသော ရောဂါတခုဖြစ်သည့် ငွေစက္ကူဖောင်းပွမှု ပြဿနာအား ပိုမိုဆိုးဝါးလာနိုင်သည့် ဦးပိုင်လီမိတက်ပါတကား။

အတိတ်အား တစေ့တစောင်း

တကယ်တော့ ဗမာပြည်တွင် ဤကဲ့သို့စစ်တပ်(သို့) စစ်တပ်အ၀န်းအ၀ိုင်းကနေ စီးပွားရေး လုပ်ငန်းကိုင်ငန်းကြီးများ တည်ထောင်ခဲ့ခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ချေ။ ဒင်းတို့ ပထမဆုံးအကြိမ်အာဏာသိမ်းခဲ့သည့် ကာလတ၀ိုက်ကို ပြန်ကြည့်လိုက်စေချင်သည်။

လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်လောက်ကဗမာပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း (Burma Economic Development Corporation) ခေါ် အများအခေါ်အဝေါ်အရ ဘီအီးဒီစီ ဆိုသည့် စီးပွားရေးလုပ်ငန်းကိုင်ငန်းကြီး တရပ် ပေါ်ပေါက်ခဲ့ဖူးသည်။ သွင်းကုန်ပို့ကုန်လုပ်ငန်းနှင့် အင်းဝဘဏ်၊ အင်းဝစာအုပ်တိုက်မှအစ ဘီအီးဒီစီ အရက်ဆိုင်အထိ ခြေလှမ်းကျဲခဲ့သော အရင်းအနှီးတရပ်ပင်ဖြစ်သည်။ ဗမာ့စီးပွားရေးနယ်ပယ်တွင် အတော်ကြီးတွင်ကျယ်တော့မည့် အဖွဲ့ အစည်းတရပ်ဟူ၍ အများကသိမြင်စောင့်ကြည့်နေခဲ့ကြသည်။

ဤအရင်းအနှီးသည် အာဏာနှင့်ပေါင်းစပ်ထားသော ဗျူရိုကရက်အရင်းအနှီးတရပ်ဖြစ်သဖြင့် အခွင့်ထူးအခွင့်ကောင်း များလည်း အများအပြားခံစားခွင့်ရခဲ့သည်။ အလွယ်ဆုံး ဥပမာအနေဖြင့်ပြရလျှင် စစ်တပ်အရာရှိများ၏ လစာမှန်သမျှ အင်းဝဘဏ်မှ တဆင့်ထုတ်ယူနိုင်ရန် စီစဉ်နိုင်ခဲ့သည်။ နောက်ပြီး ရန်ကုန်နှင့် ပြည် အကြားရှိ စပါးစက် အချို့နှင့် စပါး များ ကိုလက်ဝါးကြီးအုပ်ဝယ်ပြီး ပြည်ပတင်ပို့ခွင့်ရခဲ့သည်။ သွင်းကုန်လိုင်စင်များလည်း အမြောက်အမြားရခဲ့သည်။ သေ နတ်ကိုင်သောလက်ကချိန်ခွင်ကိုကိုင်ပါသည် ဆိုသောအခါ၌ သေနတ်မှာခါးတွင်ချိတ်လျှက်သားပါ နေသေးပါကလား။

ထိုစဉ်က ဘီအီးဒီစီ ပေါ်ပေါက်လာမှုသည် သာမန်ဖြစ်ပေါ်တိုးပွားမှုတရပ်ဟု ယူဆလျှင် အမှားကြီးမှားပေလိမ့်မည်။ အင်မတန် အခိုင်အမာကျသော နောက်ခံနိုင်ငံရေး အကြောင်းအရင်းများရှိနေပေသည်။ ထိုအချိန်က ဗမာပြည်နိုင်ငံ ရေးလောကမှာ မတည်မငြိမ်ကသောင်းကနင်းရှိလှသည်။ တပြည်လုံးတွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အားကောင်းဆဲရှိနေသလို ဖဆပလအဖွဲ့မှာမူ နှစ်ခြမ်း ကွဲထွက်သွားခဲ့လေပြီ။ ဤတွင်စစ်တပ်အတွင်းမှ စစ်ဗိုလ်များ အနေဖြင့် ကိုယ့်အစွမ်းကိုယ် စမ်းသပ်ကြည့်လိုစိတ်များ တဖွားဖွားပေါ်နေသည်။ နိုင်ငံရေးဇာတ်ခုံပေါ်တက်၍ ဗလပြရန် ပင် တာဆူလျှက်ရှိသည်။ ပြောရလျှင် ၅၈ ခုနှစ် အာဏာသိမ်းပွဲမှာ ၆၂ ခုနှစ် အာဏာသိမ်းပွဲအတွက် ဝတ်စုံပြည့်ဇာတ် တိုက်ခြင်းဟုဆိုနိုင်သည်။

တိုင်းပြည်အတွင်း၌သော်လည်းကောင်း၊ နိုင်ငံတကာမြင်ကွင်း၌သော်လည်းကောင်း၊ မိမိကိုယ်မိမိ နိုင်ငံရေးအင်အားစု တရပ် အဖြစ် ဗြောင်ထွက်ရပ်ပြမည်ဆိုလျှင် စစ်ရေးအင်အား သာမကဓနအင်အားပါ ကျောထောက်နောက်ခံရှိဖို့လို သည်ဟု ယူဆခဲ့ကြဟန်ရှိသည်။ သို့တည်းမဟုတ် “နိုင်ငံရဲ့အာဏာကို တည်ဆောက်ထိန်းသိမ်းရာမှာ ငါတို့လည်းပါ တယ်။ ဒါကြောင့်မိုငါတို့လဲပဲအကျိုးအမြတ်တွေခံစားသင့်၊ စံစားသင့်တယ်”ဟုယူဆကြဟန်ရှိသည်။ သို့ဖြင့် ဒီအက်အိုင် (D.S.I) ခေါ် တပ်မှဦးစီးခဲ့သော ကုန်ပစ္စည်းအရောင်းဆိုင်များမှ အတွေ့အကြုံရထားသော စစ်ဗိုလ်များသည် ဘီအီးဒီစီ ကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က အရင်းအနှီးယူရာတွင် စစ်သားများလစာထဲမှ လစဉ်ဖြတ်ယူသည် လည်း ပါခဲ့သည်။ သို့သော်ပြည်ပထွက်ပြီဆက်သွယ်ခြင်း၊ ထိုမှတဆင့် လာဘ်လာဘသာမက အခြားသောပွဲစားခံစားခွင့် (လက် ဝေခံစားခွင့်) စသည့် အခွင့်ထူးများကို ခံစားရသူများမှာမူ လက်တဆုပ်စာ ထိပ်ပိုင်းမှအရာရှိကြီး များသာဖြစ်ခဲ့သည်။

ဘီအီးဒီစီကိုဦးစီးသော စစ်ဗိုလ်များက နိုင်ငံတကာ့နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွင် ၀င်ဆန့်လာအောင်လုပ်ကြသည်။ နိုင်ငံခြားမှနိုင်ငံရေး၊ စီးပွားရေးအင်အားစုများနှင့် ဆက်သွယ်မှု၊ရင်းနှီးမှု (အထူးသဖြင့် ဂျပန်နိုင်ငံရေးလောက ၊စီးပွား ရေးလောကနှင့် ရင်းနှီးမှု) ရှိလာအောင် လုပ်ကြသည်။ ယခုတလောမဲဆွယ်ပွဲများတွင် ဂျပန်ပြည်နိုင်ငံရေး၊ စီးပွားရေး လောကမှ အာဏာပိုင်များ၏ စာနာမှုရရှိခြင်းကို ၎င်းတို့၏ အားသာချက်တရပ်အဖြစ် ဘီအီးဒီစီဟောင်များက ဟော ပြောစည်းရုံးနေကြသည်ကိုတွေ့ရသည်

သို့သော်….။ စစ်အုပ်စုဟူ၍ နိုင်ငံရေးစစ်မြေပြင်သို့ ထွက်လာရာတွင် ၎င်းတို့အတွင်းရှိ မွေးရာပါရောဂါကို မကုစားနိုင်ပဲ ထွက်ခဲ့ခြင်းသာဖြစ်သည်။ ယင်းရောဂါမှာအခြားမဟုတ်၊ စစ်အုပ်စုအတွင်း၌ စစ်အုပ်စုများ ထပ်မံကွဲနေခြင်းပင်။ ဘီအီးစီ ပေါ်ခဲ့ခြင်းသည်ပင်လျှင် ထိုစဉ်က စစ်အုပ်စုအတွင်း၌ ဗိုလ်ချုပ်နေ၀င်းတဦးတည်း ပြည်တွင်းပြည်ပ၀င်ငွေများနှင့် ကြွယ် ဝနေခြင်းကို မကျေနပ်သဖြင့် နောက်အုပ်စုတခုမှ ထိပ်ပိုင်းကစီစဉ်ခဲ့ခြင်းဖြစ် သည်ဟုဆိုကြသည်။ ထို့ကြောင့် ဘီအီးဒီစီ ကို ဦးနေ၀င်းကအင်မတန်မျက်စိစပါးမွေးစူးခဲ့သည်ဟုအဆိုရှိခဲ့သည်။

ထို့ကြောင့်…….။ ၁၉၆၂ခုနှစ်အာဏာသိမ်းပြီးသည့်နောက် ဗိုလ်ချုပ်ကြီးနေ၀င်းက နိုင်ငံတော်အာဏာကို လက်ဝါးကြီး အုပ်သိမ်းပိုက်ပြီး အခြားနိုင်ငံရေးအင်အားစုများကို နှိပ်ကွပ်ခြင်းနှင့်အတူ စစ်တပ်အတွင်း၌လည်း အခြားသော စစ်အုပ်စု ၀င်များကိုလည်း အပြတ်နှိမ်နင်းတော့သည်။ တဂူထဲတွင် ခွေးခြင်္သေ့နှစ်ကောင်မအောင်းဘူးဟု မကြုံးဝါးရုံတမယ်သာ။ သို့သော်သူသည် “ကျနော်ကတော့ဒီကောင်တွေရဲ့ ပါးစပ်ထဲကဟာတွေအကုန်ကော် ထုတ်ပစ်မှာပဲ” ဟု ခေါင်းဆောင် ချင်းဆွေးနွေးပွဲ တခုတွင် ထုတ်ပြောခဲ့သည်။ သို့ဖြင့် အထက်တွင်ပြောခဲ့သော ဘီအီးဒီစီ၊ အင်းဝဘဏ် စသည့် လုပ်ငန်း အားလုံး ပြည်သူပိုင် စာရင်းတွင်းပါသွားတော့သည်။ နိုင်ငံရေး အကြောင်းရင်းဖြင့် ပေါ်ပေါက်ခဲ့သော အဆောက်အအုံ များ နိုင်ငံရေး အကြောင်းရင်းကြောင့်ပင် ပျောက်ပျက်သွားရခြင်းပါတကား။

ဘာကြောင့်တည်ထောင်သနည်း

ငြိမ်/ပိအစိုးရက ထုတ်ဖော်ကြေငြာသည်ဖြစ်စေ၊ မကျေငြာသည်ဖြစ်စေ၊ ဤအဖွဲ့အစည်းကို တည်ထောင်လိုက်ခြင်း ကြောင့် အောက်ပါအကျိုးဆက်များ ဖြစ်ထွန်းလာပေလိမ့်မည်။ သူတို့၏ရည်မှန်းချက်ဟုလည်းဆိုနိုင်သည်။

စီးပွားရေး……။

တော်လှန်ကောင်စီနာမည်ပဲခံခံ၊ မဆလ နာမည်ပဲခံခ၊ံ နောင်မှာ တစည ဒါမဟုတ် အခြားနာမည် တခုခုပဲခံခံ နိုင်ငံတော် အာဏာကို စစ်တပ်ဖြင့်သိမ်းယူထားချိန်တွင် စစ်ဗျူရိုကရက်များ၏ စီးပွားရေးအတွက် အစစအရာရာ အာမခံ ချက်ရှိနေ သည်။ ပြည်တွင်းပြည်ပကြိုက်သလို ရင်းနှီးမြှုပ်နှံကြသည်။ ကြိုက်ရာအရင်းရှင်၊ ကြိုက်ရာနိုင်ငံနှင့် ဆက်သွယ်နိုင်သည်။ ဖုံးချင်သလောက်ဖုံး၊ ထုတ်ပြောချင်သလောက် ထုတ်ပြောနိုင်သည်။ စေတလုံးပိုင်နေကြသည်။ ထို့ပြင် “နိုင်ငံရေး၊ ပင်စင် ဥပဒေ” ဆိုသည်မျိုး အပါအ၀င်သူတို့ ထင်သလို ဥပဒေများ ထုတ်ပြန်ပြီးကြိုက်သလိုခံ စားနိုင်ကြသည်။

သို့သော် ယခုအရပ်သားအစိုးရလက်သို့ အာဏာလွှဲရမည်လိုလို ဖြစ်လာသောအခါတွင်မူ ယခင်အခွင့်အရေးမျိုးများ အ တွက် အာမခံချက်များနည်း လာနိုင်သည်။ ထို့ကြောင့် စစ်တပ်အ၀န်းအ၀ိုင်းတခုလုံးအတွက် စီးပွားရေးအရ လဒ တသောင်းနားနိုင်သော သစ်ပင်ကြီးတပင်ရှိဖို့လိုလာသည်။ အနည်းဆုံးခြေမမြဲတောင် လက်တော့မြဲရစေမည်။ ဤ သို့သော ဟာကွက်ကို ဖြည့်ဆည်းရန်မှာ ကိုယ့်လက်ထဲအာဏာရှိတုန်း စီစဉ်ဖန်တီးရလျှင် အလွယ်ဆုံး၊ အကောင်းဆုံး မဟုတ်လား။ ထို့ပြင် ဤဦးပိုင်လီမိတက်ကို လက်ညှိုးထိုးပြီး စစ်ဗိုလ်များအနေဖြင့် ၎င်းတို့နည်းမျိုးစုံရရှိထားသော “ငွေမည်း” များကို “တရားဝင်” အောင်ပွဲထုတ်နိုင်ပေတော့မည်။ ယခင်လို ထီ လက်မှတ်ဝယ်ရန် လိုချင်မှလိုတော့မည် ဖြစ်သည်။

နိုင်ငံရေး…။

လူတိုင်းသိမြင်နေသည့် အချက်တချက်မှာ ယခုနောက်ပိုင်းသူတို့တပ်တွင်း၌ ပိုမိုများပြားသထက်များပြားလာသော မဆလ၊ တစညနှင့် ငြိမ်/ပိဆန့်ကျန်ရေး နိုင်ငံရေးနိုးကြားမှုကို ထိုင်းမှိုင်းသွားစေရေးဆိုသော ရည်ရွယ်ချက်ဖြစ်သည်။ ထိုင်း၊ဖိလစ်ပိုင်စသည့် နိုင်ငံများမှစစ်အုပ်စုများ လုပ်လေ့ရှိသလိုအောက်ခြေကို စားကြွင်းစားကျန်လေးများနှင့် ချွေး သိပ်ရန် စီစဉ်ခြင်းပင်။

နောက်ပြီး မူလက ကြေးးစားဆံဆံ လစာ ဆိုသည့် အနှောင်အတဲတခု ထဲနှင့်ဖွဲ့စည်းထားသည့် စစ်တပ်အား စည်းလုံး စေရန် နောက်ထပ် သံယောဇဉ် အနှောင်အတဲတခု ထပ်ဖြည့်လိုက်ခြင်းဟု လည်းဆိုနိုင်သည်။ တပါထဲတွင် တပ်ထဲမှာပဲ ဆက်ရှိရှိ၊ တပ်အပြင်မှာပဲ ရှိရှိ အားလုံးတလှေထဲစီး၊ တခရီးထဲသွားချည်ပဲ။ ထို့ကြောင့် စစ်အုပ်စုထိပ်သီး ပိုင်း၏ တသွေး၊ တသံ၊တမိန့်ကို နာခံရန်အမြဲအသင့်ရှိရေးဆိုသော စိတ်ဓာတ်ကို ခံစားခွင့်ပြပြီး ရိုက်သွင်းပေးနေခြင်း လည်းဖြစ်သည်။

ထို့ပြင် ပြည်သူလူထု၏ ဘက်ပေါင်းစုံဆန်ကျင့်မှု မကျေနပ်မှုတွေ ပြင်းထန်သထက် ပြင်းထန်လာပြီး စစ်အုပ်အစုအဖို့ အထီးကျန် ဖြစ်သထက်ဖြစ်လာချိန်တွင် မိမိအင်အားကို နည်းမျိုးစုံဖြင့်အားဖြည့်ပြီး သေဘော်ညှိသည့် လုပ်ရပ်တခု လည်းဖြစ်သည်ဟု ဆိုနိုင်သည်။

အရေးကြီးသည့်နောက် အကြောင်းတစ်ကြောင်းမှာ နောင်မှာပေါ်ပေါက်လာနိုင်သည့် အရပ်သားအစိုးရအပေါ်တွင် စစ် အုပ်စုနှင့် စစ်တပ်ကဘက်စုံ၌ မားမားကြီးမိုးနေနိုင်အောင် ပြင်ဆင်နေသည့် အစီအစဉ်များထဲမှတခုဖြစ်သည် ဆိုသည့် အချက်ဖြစ်သည်။ နောက်အစိုးရအဖို့ စစ်အုပ်စုနှင့် စစ်ဗျူရိုကရေစီယန္တယားမှာ စစ်အေရးအရ (ထို့ကြောင့် နိုင်ငံရေးအရ ပါ) မလွှဲမရှောင်သာ အသိအမှတ်ပြုရသော အင်အားတရပ်သာ မကတော့ပဲ စီးပွားရေးအရပါ အသိအမှတ်ပြုနေရာပေး ရသည့် အဖြစ်မျိုး ဆိုက်လာပေရော့မည်။ ကုဋေတထောင်ဆိုသည်မှာ (နောင်ပွားများလာမှာကို ထည့် မတွက်လျှင်ပင်) ဗမာပြည်၏ သာသာထိုးလိုးတွက်ထားသည့် အမျိုးသားထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဘိုးနီးပါး မဟုတ်လား။

လူမှုရေး။

အလွယ်ကူဆုံး ပြောရရင် သူတို့အသိုင်းအဝိုင်းထဲကလူတွေ၊ သားသမီးတွေအတွက် ဝင်ငွေကောင်း၊ အခွင့်အရေး ကောင်းသော အလုပ်အကိုင်များအာမခံချက် ရှိလာပါလိမ့်မည်။ နိုင်ငံခြားထွက်ခြင်း၊ နိုင်ငံခြားငွေပိုင်ဆိုင်ခြင်း၊ (ဤသည် တို့မှာ ဗမာပြည်အနေအထားအရတော့ လာဘ်ကြီးတစ်ပါးပါတစ်ကား) စသည် အခွင့်အရေးများလည်း ရကြပေမည်။ သဘောင်္သားခေတ်မှ စစ်တပ်ဦးပိုင်လီမိတက် အမှုထမ်းခေတ်သို့ ပင်ရောက်လေဦးမည်လားမသိ။ နောက်ပြီး စစ်ဗျူရို ကရက်များသည် စစ်အစိုးရလက်ထက် မဟုတ်တာတောင်မှ စီးပွားရေးဗျူရိုကရက်ကြီးများ အဖြစ်နှင့်လည်း စီးပွားရေး နယ်ပယ်တွင် ချယ်လှယ်တွင်ကျယ်ကြပါလိမ့်ဦးမည်။

ချုပ်ရလျှင် ဗမာပြည်၏ဤသမိုင်းတကွေ့အား စစ်အုပ်စုအနေဖြင့် မချောင်သောကွေ့ချိုးတခုအဖြစ် အသိအမှတ်ပြု ပြင် ဆင် စိုင်းပြင်းနေရလေပြီ။

ဦးပိုင်ဆိုသည်မှာ ...

စီးပွားရေးဦးပိုင်လီမိတက်ဆိုတော့ ပုဂ္ဂလိကလုပ်ငန်းများကို နှစ်ပေါင်း၃၀နီးပါးကြီးထွားခြင်း မရှိအောင် ပိတ်ပင်ခြင်းခံ နေရသည့် ဗမာပြည်တွင်း လူအချို့အတွက် နားဆန်းနေသလိုရှိသည်။ ယင်းကုန်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော် ညာစာထွက်လာစဉ်က ဤစကားလုံးကို သတိမထားလိုက်သူ၊ သို့မဟုတ် တကယ့်အဓိပ္ပါယ်ကို နားမလည် သူများအဖို့ စစ်အုပ်စု၏ အကြံအစည်ကို သုံးဘက်မြင် ရုပ်လုံးပေါက်အောင်ကြည့်မြင်နိုင်ကြဖို့မလွယ်ချေ။

ဦးပိုင်ဆိုသည်မှာ သာမန်စီးပွားရေးလုပ်ငန်းတစ်ခု၊ သို့မဟုတ် စက်မှုလုပ်ငန်းတစ်ခုကို လုပ်ကိုင်သည့် ငွေအရင်းအနှီး မဟုတ်ချေ။ ရှိသမျှ အရင်းအနှီးအားလုံးကို လုပ်ငန်းတစ်ခုခု တွင်မြှုပ်ပြီးလုပ်ခြင်း မဟုတ်ချေ။ လုပ်ငန်းကိုင်ငန်း အ မြောက်အများတွင်း စိုးမိုးသည့် အနေအထားရရန် (ဤသည်မှာလည်း ရှယ်ယာအားလုံး၏ ၄၀% ထက်ပိုပြီး လိုအပ်ခဲ့ သည်) အရင်းအနှီးကို ဖြန့်ခွဲပြီးချုပ် ကိုင်လိုက်သည်။ တစ်ခါတစ်ရံချေးငွေပုံစံမျိုးမှ စတင်ပြီး အဆင့်ဆင့် တိုးဝင်ခြင်း လည်းရှိတတ်သည်။ ၎င်းတို့ ပထမဆုံးအစုစပ် ဖော်ထုတ်လိုက်သည် ဖရဇ်ဝါနာ၊ ဒေဝူးတို့နှင့် ဖက်စပ်လုပ်ငန်းများဆိုလျင် အခြားပြင်ပမှ ရှယ်ယာပိုင်ရှင်များ ပါဝင်စရာမရှိသဖြင့် နိုင်ငံခြားအရင်းရှင်ကုမ္မဏီကြီးများနှင့် ၎င်းတို့သာထင်သလို ချယ် လှယ်နိုင်ကြဘွယ်ရာရှိသည်။

ဤသို့အစုဝင်ပြီး ချုပ်ကိုင်ထားသော လုပ်ငန်းများက တစ်ဖန်အခြားသော လုပ်ငန်းကိုင်ငန်းများကို တည်ထောင်ခြင်း၊ အစုရှယ်ယာဝယ်ယူခြင်း၊ စသည့် နည်းများဖြင့် ချုပ်ကိုင်လာပါလိမ့်ဦးမည် (ဤသည့်အတွက်လည်း ရှယ်ယာ အားလုံး တန်ဖိုး၏ ၄၀% ထက်ပို၍မလိုချေ။) “ဦးပိုင်” စနစ်ဆိုသည်မှာ ဤနည်းဖြင့် မိမိအရင်းထက် အဆ ပေါင်းများစွာ ပိုသော လုပ်ငန်းကိုင်ငန်းများကို ချုပ်ကိုင်သည့်လက်ဝါးကြီးအုပ် အရင်းအနှီးဖြစ်သည်။ ရဲဘော်လီနင်၏ အရင်းရှင်စနစ်၏ အမြင့် ဆုံးအဆင့် နယ်ချဲ့စနစ်ကျမ်းထဲတွင် “ငွေတစ်သန်းက တစ်ဆယ့်ခြောက်သန်းကို ချုပ်ကိုင်နိုင်စေသည်” ဟုထောက်ပြခဲ့ သောစနစ်ဖြစ်သည်။ G.E.C. ခေါ် အထွေထွေလျှပ်စစ်ကုမ္မဏီကြီးသည် ၁၉၁၂ ခုနှစ်တွင် အခြားကုမ္ပဏီ ပေါင်း ၁၇၅မှ၂၀၀ အတွင်း၌ရှယ်ယာများပါဝင်စိုးမိုးချုပ်ကိုင်ထားသည်။

ဦးပိုင်စနစ် ပေါ်ပေါက်ခြင်းနှင့် တွင်ကျယ်ခြင်းသည် အရင်းရှင်စနစ်၏ လက်ဝါးကြီးအုပ်အဆင့်သို့ ကူးပြောင်းခြင်းနှင့် ဆက်စပ်နေသည်။ ထိုအချိန်တွင်မူ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ဘဏ္ဍာအရင်း၏ကဏ္ဍ ထွန်းကားလွှမ်း မိုး လာသောအချိန်တွင်ဖြစ်သည်။ အရင်းရှင်စနစ်အား ဘဏ္ဍာအရင်းက ချုပ်ကိုင်စိုးမိုးလာသည့် အချိန်တွင် “ဦးပိုင်” ကုမ္မဏီ များ သဏ္ဌာန်မျိုးစုံဖြင့်ပေါ်လာကြသည်။ “ဦးပိုင်”ဟု နာမည်မခံသည်လည်း ရှိတတ်သည်။ မည်သို့ပင်ဆိုစေ ဦးပိုင်စနစ် ဆိုသည်မှာ “တကယ်ကျတော့” ဘဏ္ဍာသက်ဦးဆံပိုင်စနစ်၏ စွမ်းအားကိုတိုးဖြည့်သည့် နည်းနာတရပ်ဖြစ်သည်ဟု ရဲဘော်လီနင်က အထက်ပါကျမ်းထဲတွင် ရှင်းပြခဲ့သည်။

ဗမာပြည်စစ်အုပ်စု၏ ဦးပိုင်လီမိတက်သည် ဖရစ်ဝါနာ၊ ဒေဝူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ သေးသေး မွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ် မသေချာသော ရေနံတူးဖော်ရေးလုပ်ငန်းမျိုးတွင် မပါဝင်ကြချေ။ ထို့ပြင် စစ်အုပ်စု၏ သခင်ရင်းများ ဆိုနိုင်လောက်သည့် ကုမ္မဏီများနှင့် လုပ်ကိုင်ခြင်းဖြစ်သည်ဆိုသော အချက်ကိုလည်း သတိပြုသင့်သည်။ အမှန်ပဲ အရင်းရှင်စနစ်ဆိုသည်မှာ မြတ်မည်ထင်လျှင် ဘာမဆိုလုပ်မည်သာဖြစ်သည်။ အနောက်နိုင်ငံမှ လက်ဝါးကြီး အုပ် အရင်းအနှီးများထဲတွင် စက်မှုလုပ်ငန်း၊ ကမ္ဘာကျော်အရက်လုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်း၊ ကြေးစားဘော လုံးအ သင်း စသည်တို့ကို တပြိုင်နက်ထဲ ပိုင်ဆိုင်ထားခြင်းမျိုးများရှိသည်။ ထို့ကြောင့် ဘီအီးဒီစီ အရက်ထုတ်လုပ်ဖူးသော၊ ကွမ်းယာဆိုင်ကိုပင် ပြည်သူပိုင်သိမ်ဘူးသော စစ်အုပ်စုသည် ကုဋေတထောင်ဟူသော အရင်းအနှီးကြီးဖြင့် တိုင်းပြည်ရှိ အရေးပါသော၊ အမြတ်ရသော လုပ်ငန်းကိုင်ငန်းများတွင် ရှယ်ယာဝင်ပါကာ ချုပ်ကိုင်ပါလိမ့်မည်။

ဤအတိုင်းသာ ဆက်လက်တိုးချဲ့သွားပါက နောင်ဆယ်နှစ်ခန့်ကြာသောအခါ၊ တခုသောမနက်ခင်း၌ ကြက်တွန်သံ ကြား၍ ထကြည့်လိုက်ရာဝယ် ဗမာပြည်၏စီးပွားရေး အသက်သွေးကြောများအား စစ်အုပ်စုနှင့် ဤ ဦးပိုင်လီမိတက် တို့က ချုပ်ကိုင်ထားသည်ကို မြင်ရလျှင် မျက်စိပွတ်ပြီး တပ်ကြည့်စရာမလိုဟု ပြောလိုပါသည်။

ဤတွင် ယင်းစီးပွါးရေး ဦးပိုင်လီမီတကအားမည်သူတွေကပိုင်ဆိုင်မည် ချုပ်ကိုင်မည်ဆိုသော ပြဿနာကို ဆက်ပြော စရာလိုလာသည်။ ဤလီမီတက်တွင် အစုရှယ်ယာဝင်တိုင်း မဲပေးခွင့်ရှိသည်ဆိုသော “လွတ်လပ်မှု” မျိုးကြောင့် သာမန် စစ်သားကလေးနှင့် စစ်ပြန်တပ်ကြပ်အို ကြီးတို့ကလည်း လီမီတက်၏ ပေါ်လစီများ၊ လုပ်ငန်းများကို ချယ်လှယ် ဆုံးဖြတ် ခွင့်ရကြမည်လော။ သည်အခွင့်အရေးမျိုးကို အစုရှယ်ယာဝင်တိုင်း ခံစားရလိမ့်မည်ဟု ၁၉ ရာစုနှစ် ကတဲကပင် မယုံ ကြည်ခဲ့ကြဟု ဖြေရပါလိမ့်မည်။

ယခု စစ်တပ်ဦးပိုင်လီမီတက်တွင် အစုရှယ်ယာဝင်များက ဒါရိုက်တာ ရွေးချယ်ခွင့်မည်သို့ရှိကြောင်း ရှင်းအောင် မကြေ ငြာသေးချေ။ ယေဘူးယျအားဖြင့်တော့ မဲပေးခွင့်မှာ အစုရှယ်ယာ ပိုင်ဆိုင်မှုနှင့်အညီဖြစ်တတ်သည်။ ဥပမာ တစုပိုင်သူ က တမဲ၊ အစု ၁၀၀ ပိုင်သူက မဲ၁၀၀ ပေးခွင့်ရှိသည်မျိုးဖြစ်သည်။ ဒါဖြင့် အရွေးခံခွင့်ကရော မည်သို့ရှိပါသနည်း “ယင်းအ မိန့်ကြော်ငြာစာ၏ အပိုဒ် (၆) တွင် "အစုရှယ်ယာ ကျပ်တစ်သိန်းပိုင်ဆိုင်သူ မည်သူမဆို ဒါရိုက်တာအဖြစ် ရွေးခံနိုင် သည်" ဟု ဖေါ်ပြထားသည်။ စစ်တပ်အ၀န်းအ၀ိုင်းတွင် ကုမ္မဏီတခု၌ ရှယ်ယာ တသိန်းဖိုး ပါဝင်နိုင်သူ (လူတဦးလျှင် သုံးသိန်းဖိုးအထိ ရှယ်ယာဝယ်ယူနိုင်သည်ဟုဆိုသည်) ဆိုသည်မှာ မည်သို့သော လူစားများဖြစ် မည်နည်း။ အကယ်၍ တပ်ရင်း၊ တပ်မစသည်” အဖွဲ့အစည်းများက အမိန့်ကြော်ခြာစာ၏ အပိုဒ် (၆) အစုရှယ်ယာ တန်ဘိုး တသိန်းထက် ၀ယ် ယူပြီးတဲ့၊ ယင်းအဖွဲ့အစည်းများ ကိုယ်စား တပ်ထောက် အရာခံဗိုလ်ကို ၀င်ရောက် အရွေးခံနိုင်မည်လော။ ထို့ပြင် အပိုဒ် (၂) တွင် “ပထမအဖွဲ့ဝင်” များအဖြစ်ပါဝင်ရမည့်သူများစာရင်း၌ စစ်အရာရှိကြီးပေါင်း ၁၄ ဦး ပါပြီးဖြစ်နေသည်ကိုလည်း သတိပြုသင့်သည်။

နောက်စဉ်းစားစရာအချက်မှာ ဤဦးပိုင်လီမီတက်၏ အစုရှယ်ယာများကို တစုလျှင် ကျပ် ၁၀၀၀ နှုန်း သတ်မှတ်ထား ခြင်းဖြစ်သည်။ လက်ရှိကျပ်ငွေတန်ဘိုးအရဆိုလျှင် ဤသည်မှာ သာမန်စစ်သားများ ၀ယ်ယူပါဝင်နိုင်အောင် စီစဉ်ထား ခြင်းဖြစ်သည်ဟု စဉ်းစားစရာရှိသည်။ သို့သော် ဤလုပ်ငန်းမျိုးနှင့် ဤလောကမျိုးကို ထိတွေ့ဖြတ်သန်းဖူး သူများကမူ ပြုံးမိကြပေလိမ့်မည်။ အထက်၌ ကိုးကားခဲ့သော ကျမ်းထဲ၌ပင် ရဲဘော်လီနင်သည် ဤကိစ္စကို သရော်ခဲ့ဘူးလေပြီ။ ထိုစဉ်က ဂျာမဏီနိုင်ငံတွင် ရှယ်ယာတခုလျှင် မတ် ၁၀၀၀/ ဟု အနည်းဆုံး သတ်မှတ်ထားသည်။ ဗြိန်တိန်တွင်မူ တပေါင်သာ သတ်မှတ်ထားသည်ဖြစ်ရာ ရှယ်ယာကို ၀ယ်ယူနိုင်သူပိုများသည်။ ထိုအခါ ရှယ်ယာပိုင်ဆိုင်မှုအပေါ် မူ တည်ပြီး ရွေးချယ်သော ဒါရိုက်တာဘုတ်အဖွဲ့ စသည်တို့တွင် ရှယ်ယာများကို လက်ဝါးကြီးအုပ်ပိုင်ဆိုင်သူများမှာ မဲကို အစိုင်အခဲ ဖြင့်ရရန် အာမခံချက်ရှိပြီးဖြစ်နေသည်။ ကျန်အရွေးချယ်ခံနိုင်ခွင့်မရှိ သူတို့၏ မဲများမှာမူ သူတပေါက် ကိုယ် တပေါက် ကြဲကွဲသွားတော့သည်။ ဘယ်လိုမှစုစည်း၍မရနိုင်ချေ။ ထို့ကြောင့်လည်း ဂျာမဏီနိုင်ငံမှ အကြီးဆုံးစက်မှု လုပ်ငန်းရှင်ကြီးနှင့် ဘဏ္ဍာအရင်းရှင်ကြီးတဦးဖြစ်သူ စီးမန် (Siemans) က “ဗြိတိသျှနယ်ချဲ့စနစ်ရဲ့အုတ်မြစ်ဟာ တပေါင်တန် ရှယ်ယာစနစ်ပဲ” ဟု မနာလိုစွာဖြင့် ပြောခဲ့ခြင်းဖြစ်သည်။

တကယ်တော့“ဦးပိုင်”လီမိတက်ကို ငြိမ်/ပိတို့ စစ်အုပ်စုက တည်ထောင်လိုက်သည့် ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ ချယ်လှယ်အကျိုးခံစားရရေး တပ်သားများ၏ လခကိုပြတ်ပြီး အရင်းပြုကာ သွေး စုတ်ရေးစသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေသည်။ အောက်ခြေ တပ်မှူးတပ်သားများ၏ ဘ၀ကို အသေခံ ပဲစားဘ၀မှ မြှင့်တင်မည့် ရည်ရွယ်ချက်လုံးဝမပါဝင်ချေ။

အံ့သြစရာကောင်းသည်မှာ ဗမာပြည်မှစစ်အုပ်စုသည် သူ့တပ်သားများအား နိုင်ငံရေးလိုက်စားခြင်းကို တော့တားမြစ်ပြီး သီးခြားငွေရှာတာကိုတော့ အားပေးခွင့်ပြုသည်။ ဒါနှင့်များ လူထုက ကြေးစားတပ်ဟု ခေါ်တော့လည်း နာကြသည်။ ဟုတ်ပါ့။

အခြားနိုင်ငံများတွင် ယခုကဲ့သို့ စစ်ဗျူရိုကရက်များက စီးပွားရေးလုပ်ငန်းများ ဇောက်ချလုပ်လာကြခြင်းမှာ ဒုတိယ ကမ္ဘာ စစ် ဒီဘက်ပိုင်း မဖွံ့ဖြိုးသေးသော နိုင်ငံများရှိ စစ်အုပ်စုများ၏ ထူးခြားသော နိယာမဟု ဆိုနိုင်သည်။ ဤသည်ကို ယင်း နိုင်ငံများ၌ မကြာခဏ စစ်အာဏာသိမ်းပွဲများဖြစ်ပွားခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ်တွေးတောနိုင်သည်။ တတိယ ကမ္ဘာစစ်ဟု ခေါ်သော ကိုလိုနီထမ်းပိုးအောက်မှ မလွတ်တလွတ် နိုင်ငံများတွင် နယ်ချဲ့သမားများ၏ ဖန်တီးချက်ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးမှာ အစည်းပြေနေလေ့ရှိသည့်အပြင် အမျိုးသားစီးပွားရေးမှာလည်း ကြံ့ခိုင်တောင့်တင်းမှု မရှိဖြစ်နေတတ်သည်။ အာဏာရ ဓနရှင်လူတန်းစားအနေဖြင့် တိုင်းပြည်ကို တူတူတန်တန် ထူထောင်နိုင်ခြင်းမရှိသည် က များသည်။ ဤသို့သော အခြေအနေအောက်တွင် စစ်တပ်များ၏ ခြေလှမ်းများသည် စစ်တန်းလျားများ အပြင်ဘက် သို့ရောက်ရှိလာသည်။ ၎င်းတို့သည် ၀န်ကြီးများရုံးတ၀ိုက်သို့ ရောက်လာသလို စတော့ရှယ်ယာဈေးကွက်များသို့လည်း ရောက်လာတတ်သည်။ မကပါ။ ထိုနယ်ပါယ်များကို မရအရ တက်သိမ်းပြီး ကတုတ်ကျင်းတူး တပ်စွဲကြတော့သည်။

ဤအချင်းအရာမျိုးကို အသားကျနေသော အရင်းရှင်နိုင်ငံကြီးများမှအပ အခြားသောကိုလိုနီတပိုင်း၊ ပဒေသရာဇ် တပိုင်း နိုင်ငံတိုင်းလိုလိုတွင် တွေ့ရသည်။ အထူးသဖြင့် စစ်အုပ်စုများ အင်အားကြီးသော၊ မကြာခဏ အာဏာသိမ်းကြသော လက်တင်အမေရိကတိုက်၊ အာဖရိကတိုက်နှင့် ဗမာပြည်အပါအ၀င် အရှေ့အာရှပိုင်းတွင် အတွေ့ရများသည်။

စစ်ဗျူရိုကရက်များအနေဖြင့် စစ်ဗျူရိုကရက်စီးပွားရေး ထူထောင်ရာတွင် ယေဘုယျအားဖြင့် နည်းနှစ်နည်းရှိသည်။ တ နည်းမှာ တဦးချင်း၏ စီးပွားရေးကို နည်းသဏ္ဌာန်မျိုးစုံဖြင့် တိုးချဲ့ခြင်းဖြစ်သည်။ ဥပမာ ဦးနေ၀င်း၊ နိုရီယေးလား၊ မိုဘူတူ၊ မာ့းကိုစ့် စသည့် နောက်တနည်းမှာ ဤဦးပိုင်လီမိတက်ကဲ့သို့သော အဖွဲ့အစည်းလိုက် ထူထောင်ခြင်းမျိုးဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ အောက်ပါ ဥပမာကိုကြည့်ပါ။

ဖိလစ်ပိုင်စစ်တပ်၏ ရန်ပုံငွေအဖွဲ့သည် ၁၉၇၆ခုနှစ်တွင် RSBS ခေါ် ပင်စင်နှင့် ခွဲခွာမှု အကျိုးခံစားမှုစနစ် ဆိုသည့် အရင်း အနှီးတရပ်ကို တည်ထောင်ခဲ့သည်။ တည်ထောင်သည့် အဓိကရည်ရွယ်ချက်မှာ ထိုစဉ်က အမေရိကန်နိုင်ငံ အပါအဝင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီများနှင့် လူထုများက ဆန့်ကျင်နေသော သမ္မတမာ့ကိုစ့် ချမှတ်ကျင့်သုံးနေသည့် စစ်အုပ်ချုပ် ရေးကို စစ်တပ်အရာရှိများ ကိုယ်တိုင်က ထောက်ခံလာကြစေရန်ဖြစ်သည်။ သည့်အတွက် မားကိုစ့် က အမိန့်ကြော်ငြာ စာတရပ် ထုတ်ပြန်ကာ ဖိလစ်ပိုင် ပီဆို သန်း၂၀၀ (အမေရိကန်ဒေါ်လာ၉သန်းနီးပါး) ကို ပင်စင်ရံပုံငွေဟု သတ်မှတ်ပြီး ရင်းနှီးမတည်ပေးခဲ့သည်။ ထို့ပြင်ဤအဖွဲ့အစည်း၏ အရင်းအနှီးအတွက် စစ်သားပေါင်း ၁၅၀,၀၀၀ တို့၏ လစာထဲမှ ၅% ကိုလည်း လစဉ်ပုံမှန်ဖြတ်ယူခဲ့သည်။ ၎င်း၏ ပိုင်ဆိုင်မှု တန်ဘိုးမှာ ၁၉၈၃ခုနှစ်ဆီတွင် ပီဆို ၉၅၄.၄သန်း ရှိခဲ့ရာမှ ၁၉၈၈ ခုနှစ်သို့ ရောက်သောအခါ ပီဆို ၂,၇၀၆.၀သန်း ဖြစ်လာသည်။ ၅နှစ်အတွင်း ၁၈၃.၈% တိုးပွားလာခြင်းဖြစ်သည်။

ဤအဖွဲ့အစည်းသည် ငြိမ်/ပိ၏ လီမိတက်ကဲ့သို့ပင် ငွေအရင်းအနှီးကိုကိုင်ပြီး ဦးပိုင်လုပ်ငန်းများ လုပ်ခဲ့သည်။ မူလက အခြားကုမ္ပဏီကြီးများ၊ လုပ်ငန်းကိုင်ငန်းကြီးများကို ငွေချေးပေးခြင်းများလုပ်ခဲ့ရာမှ နောက်ပိုင်းတွင် ရှယ်ယာဝယ်ယူ ခြင်း၊ ရင်းနှီးမြှပ်နှံခြင်းများ အကြီးအကျယ် လုပ်လာခဲ့သည်။ သံမဏိလုပ်ငန်းမှအစ ပက်ပ်စီကိုလာ ဘိလပ်ရေပုလင်း စက်ရုံ၊ ဘဏ်လုပ်ငန်း စသည်တို့တွင် အရင်းအနှီးဝင်ပါခဲ့ကြသည်။ ဤကဲ့သို့အခြားလုပ်ငန်းကိုင်ငန်းများတွင် ပါဝင်သည့် ရှယ်ယာတန်းဖိုးချည်းကိုက ၂၄၀ဘိုးမျှရှိသည်။ အခွန်လွတ်ငြိမ်းခွင့်ရသော ဘွဲ့ရစစ်ဗိုလ်များချည်းလိုလို ဦးစီးသော ဤ အရင်းအနှီးသည် မူလကမပြောပလောက်သည့် အဆောက်အုံတခုဘ၀မှနေ၍ ၁၃နှစ် ဆိုသောကာလအတွင်း ဖိလစ် ပိုင်နိုင်ငံ၌ အကြီးဆုံးသောငွေကြေး အဆောက်အအုံများစာရင်းတွင် ပါဝင်လာတော့သည်။

တကယ်က ဗမာပြည်တွင် စစ်အုပ်စုက အာဏာရထားသည်ဖြစ်သဖြင့် စစ်တပ်ဗျူရိုကရက်အရင်းအနှီးနှင့် နိုင်ငံတော် အရင်းအနှီးတို့မှာ ထွေးရောယှက်တင်ဖြစ်နေပြီး ဤသို့သော ငွေကြေးအဆောက်အဦးမျိုး မတည်ထောင်ခဲ့ကြ ခြင်းဖြစ် သည်။ ယခုတော့ အဆန်းလိုဖြစ်နေသည်။ အထက်တွင် ဆိုခဲ့သောနိုင်ငံများတွင်မူ ဤသို့သော စစ်တပ်ပိုင်အရင်းအနှီး ကြီးများကြောင့်ပင်တည်ရှိနေကြသည်။ ရှက်စရာဟူ၍ပင်မယူဆကြချေ။ ဒါတင်မကထိုင်းနိုင်ငံလို စစ်အုပ်စုများ ဗြောင် ကွဲနေသောနိုင်ငံမျိုးတွင် သူတို့၏ စီးပွားရေးအဆောက်အဦးမှာလည်း ဗြောင်ပြိုင်ဆိုင်နေကြလေသည်။

ဗမာပြည်တွင် “စစ်တပ်တခုလုံး” ၏ အကျိုးစီးပွားများတည့်သွင်းထားသော စီးပွားရေးလီမိတက်တရပ် ပေါ်ပေါက်လာ သဖြင့် စစ်တပ်တွင်း ကွဲပြဲမှုများကို ထိန်းချုပ်နိုင်မည်လော လက်ဝါးကြီးအုပ်အရင်းရှင်စနစ်သည် အရင်းအနှီးငယ် သူများ၊ စီးပွားပျက်သူများကို သူ့အောက်ဆွဲသွင်းကာ စုစည်းလိုက်သည်မှာမှန်သည်။ သို့သော်အရင်းရှင်စနစ်၏ အခြေခံမှာ လက်ဝါးကြီးအုပ်စနစ်ဖြစ်သလို အရင်းရှင်စနစ်၏ ပျက်စီးခြင်းကိုလည်း လက်ဝါးကြီးအုပ်စနစ်ကပင် ဆောင်ကျဉ်းသည် ဆိုသော အချက်ကိုမမေ့အပ်ပေ။ ဤစစ်တပ်ဦးပိုင်လီမိတက်သည် လက်တွေ့တွင်နဂိုမှ အဆင့်အတန်း အင်မတန်ကွာ ခြားနေသော စစ်တပ်ထိပ်ပိုင်းနှင့် အောက်ခြေတို့အား ပိုမိုကွားခြားစေမည်သာဖြစ်ရာ ရေရှည်တွင် အောက်ခြေက ထိပ် ပိုင်းကို မကျေနပ်မှုများ ပေါ်ပေါက်စရာ အကြောင်းတကြောင်းလည်း ဖြစ်လာမည်မှာ သေချာသည်။ ထို့ အပြင်ထိပ်ပိုင်း တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးသော “တောင်ကျရေ နွားနှစ်ကောင်မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရ သော်ကြောင့်” ဆိုသည်မျိုး ၎င်းတို့ချင်း အဝေမတည့်သည့် ပြဿနာများလည်း ပေါ်ပေါက်လာပါလိမ့်ဦးမည်။ဤသို့သော စီးပွားရေးအဆောက်အအုံများ စစ်တပ်အတွက် ကြီးကြီးမားမားနှင့် အခြေတကျရှိသည့် အကြားမှ ပင်အကြိမ်ကြိမ် အာ ဏာသိမ်းမှုများ၊ အပြန်အလှန်အာဏာသိမ်းမှုများ ဖြစ်နေသော တတိယကမ္ဘာနိုင်ငံများ၏ သာဓကများ၊ အပုံအပင်မ ဟုတ်ပါလား။

နိဂုံး

ကြိုက်ချင်ကြိုက်- မကြိုက်ချင်နေ သဘောတူချင်တူ - မတူချင်နေ ယခုတော့ စောမောင်- ခင်ညွန့်တို့၏ “ချိန်ခါရှိခိုက် လုံ့ လစိုက်” မှုကြောင့် သူတို့ကြေးစားတပ်အတွက် ကုဋေတထောင်တန် ဦးပိုင်လုပ်ငန်းကိုင်ငန်းကြီးတခု ပိုင်ပိုင် ရရှိလိုက် ကြပြီ။ ရွေးကောက်ပွဲမှတက်လာမည့် နောက်အစိုးရအနေဖြင့် ပြည်သူတို့၏ သွေးများဖြင့်ပေကျံနေသော ဤလီမိတက် ကြီးကို အောင့်ကာနမ်းရပေဦးတော့မည်။ ဤစစ်ဗျူရိုကရက်ထိပ်သီးများနှင့် ဤစစ်တပ်တို့ တွဲလျက်သားတည်ရှိနေသမျှ ၎င်းတို့အာဏာရှိတုန်းပြဋ္ဌာန်းခဲ့သည့် ယခုကဲ့သို့သော အမိန့်ကြော်ငြာစာများကို မည်သည့်အရပ်သားအစိုးရက တရားမ ၀င်ဟု ကြော်ငြာပယ်ပျက်ဝံ့မည်နည်း။ ထို့ပြင် နိုင်ငံခြားနှင့်စာချုပ်ထားသော သဘောထူညီမှုများကလည်း ပါရှိနေသေး တော့ အဖက်ဖက်လည်းထောက်ထားရဦးမည်။

နောက်တက်လာမည့် အစိုးရခမျာ မဆလနှင့် ငြိမ်/ပိတို့ ထင်တိုင်းလုပ်ခဲ့သဖြင့် ဖရိုဖရဲ ပျက်စီးချင်တိုင်းပျက်စီးနေသော နိုင်ငံ၏စီးပွားရေးကို ကြိုးစားပမ်စားစုစည်းရာတွင် အရင်းအနှီးရှာဖွေစုဆောင်းရေး၊ ငွေစက္ကူဖောင်းပွမှုထိန်းချူပ်ရေးတို့ ကို မဖြစ်မနေလုပ်ရပေမည်။ သို့သော် ဤစစ်တပ်၏ ဦးပိုင်လီမိတက်ကြီးသည် တိုင်းပြည်၏ ရှားပါးသည့် ငွေအရင်းအနှီး ကိုလည်းယူသုံး ငွေစက္ကူ ဖောင်းပွမှုကိုလည်း ပိုမိုဆိုးဝါးစေပေဦးမည်။ သေချာသည်မှာတော့ ဤစစ်တပ်ပိုင် ဦးပိုင်လီမိ တက်ကြီးသာ အတောင်အတက်စုံလာပြီဆိုပါက စစ်တပ်နှင့် စစ်အုပ်စုသည် ဗမာပြည်တွင်အကြီးဆုံးသော လက်ဝါးကြီး အရင်းရှင်အုပ်စုကြီဖြစ်လာကြောင်း “တရားဝင်” ကမ္မည်း ထိုးပြီး ဖြစ်လာပေလိမ့်မည်။

(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော် ပြည်သူ့အာဏာဂျာနယ် အမှတ် ၆ (၁၉၉၀ ခုနှစ်၊ မေ၊ ၉) တွင်ပါရှိ သောဆောင်းပါး)

ကိုမင်းကိုနိုင်၊ ကိုပြုံးချို နော်ဝေး ခရီးစဉ်။ ထရွန်ဟိန်းမြို့ မေးမြန်းခန်း

DVB TV News
ကိုမင်းကိုနိုင်၊ ကိုပြုံးချို ၈၈ မျိုးဆက်ကျောင်းသား များ နော်ဝေး ခရီးစဉ်။ ထရွန်ဟိန်းမြို့ တွင် မြန်မာမိသားစုများနှင့် တွေ့ ဆုံ

ကိုမင်းကိုနိုင် တောင်းဆိုလို့ ကိုမွန်းအောင်..ဆိုပြတဲ့နဒီမင်္ဂလာ

 by Ko Nyo

ရန်ကုန်မြို့မှာ နွေရာသီကာလအတွင်း လျှပ်စစ်အလုံအလောက် ရနိုင်ဖွယ်ရှိ

ဟေမာ့သီချင်းလေးညီးဖြစ်တယ်..(ယုံလား......ယုံရင်ပြောပြဖို့စိတ်ကူးပြီးသား.....)(မယုံရင်တော့........)

RFA Burmese

ရန်ကုန်မြို့အတွင်း အခုလာမယ့် နွေရာသီမှာ လျှပ်စစ်ဓာတ်အားတွေ လုံလုံလောက်လောက် ရရှိဖို့အတွက် မီဂါဝပ်အား ၅၀ ရှိတဲ့ Gas Engine သုံး ဓာတ်အားပေးစက်ရုံ ၄ ရုံကို အမြန်တည်ဆောက်နေပြီ လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီကနေ့ ပြည်ထောင်စု လွှတ်တော် မှာ ပြောကြားလိုက်ပါတယ်။

၂၀၁၃-၂၀၁၄ အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်မှာ အခုလို ပြန်လည်ရှင်းပြခဲ့တာပါ။

ဒီကနေ့ လွှတ်တော်မှာ စီမံကိန်းဥပဒေကြမ်းနဲ့ ပတ်သက်ပြီး နောက်ဆုံးဆွေးနွေးတဲ့နေ့မှာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက ဝန်ကြီး၊ ဒုဝန်ကြီးတွေ အပါအဝင် (၁၄) ဦးက လွှတ်တော်မှာ ပြန်လည်ဆွေးနွေးတင်ပြခဲ့တာပါ။

စီမံကိန်း ဥပဒေကြမ်းတစ်ခုလုံးကို ပြည်ထောင်စုလွှတ်တော်ညအစည်းအဝေး ပြန်လည်ကျင်းပတဲ့ (၁၃) ရက်မြောက်နေ့မှာ ဆွေးနွေးဆုံးဖြတ်အတည်ပြုသွားမယ်လို့ လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဒီကနေ့မှာ အသိပေးကြေညာခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရ တိုက်ပွဲဖြစ်

DVB TV News

ကိုထွေး DVB ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတပ်ဖွဲ့တွေ ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် မိုင်းကောင်မှာ ဒီနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲကနေ ၅ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးလုပ်ထားပြီးမှ ဒီလိုတိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ ဆွေးနွေးပွဲကို ထိခိုက်နိုင်တယ်လို့ သူက အခုလို ပြောပါတယ်။

“ပန်ယန်းမြို့နယ်ထဲမှာ အရင်တုန်းက တိုက်ပွဲဖြစ်ပြီး ၇ မိုင်စခန်းကို သူတို့အခြေပြုထားတယ်။ တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်း ၁၉၉ ရှိတဲ့ တောင်ကုန်းပွိုင့်ကို သူတို့ဆက်တိုက်တယ်။ ခမရ ၃၄၂ ပါ။ ကချင်ဘက်ရပ်ပြီး ကျနော်တို့ဘက်လာတိုက်တာ စဉ်းစားစရာပဲ။ ပစ်ခတ်မှုတွေဖြစ်တော့ ဆက်ဆွေးနွေးဖို့ အဟန့်အတားဖြစ်တာပေါ့။”

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲထားပြီးတဲ့နောက်မှာတော့ တိုက်ပွဲတွေ အကြိမ် ၈၀ ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းနိုင်ငံချင်းမိုင်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့နဲ့ တွေ့ဆုံနေစဉ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင် စစ်တပ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွား

တကယ်ဟုတ်မဟုတ်တော့မသိ....အမျိုးတွေအကုန်ပါတယ်..
ဖတ်လို့အကောင်းသား....ကောလဟာလခေါင်းစဉ်အောက်မှာ
ပဲထားတာနော်..ဖတ်မိရင်ဖတ်မိတယ်လို့မှတ် :D

Ahman Tayar's photo.
ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင် စစ်တပ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွား

တပ်ချုပ်သန်းရွှေ၏အသိုင်းအဝိုင်းမှ ကာချုပ်မင်းအောင်လှိုင်အပေါ် မလိုလားဟန်များထွက်ပေါ်လာပြီးနောက်မှာ ကာချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်း သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်သည် ၊

ကာချုပ်မင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသင့်သော အချိန်ဖြစ်နေပြီဟု ညှိကွပ်လှဌေးဝင်းက အကြံပြုခဲ့ခြင်းဖြစ်သည်ဟု တီတိုးသတင်းများအရထပ်မံသိရှိရသည်  .  .

ဒီသတင်းထွက်လာတဲ့အတွက် ကထစမှူး တိုင်းမှူး နဲ့ တပ်မမှူးတွေ ရဲ့ အသိုင်းအဝိုင်းတွေကြားမှာလည်း အားလုံးက သာဓုခေါ်နေကြတယ်လို့ သိရပါတယ်  .  .  

အငယ်တန်းတပ်မှူးတွေ အထူးသဖြင့် ရှေ့တန်းမှာ ကိုင်တွယ်နေရတဲ့ တပ်မှူးတွေကလည်း ကာချုပ်ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံမယ် ဆိုတဲ့သတင်းအပေါ် အားရပါးရထောက်ခံ နေကြကြောင်း သိရှိရပါတယ်  . .  .

လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တော့ အခြေအနေကိုစောင့်ကြည့်လျှက်ရှိပြီး ကာချုပ်ကို အကြံပေးခဲ့တဲ့ ညှိကွပ် လှဌေးဝင်း နဲ့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကို 
ကျေးဇူးတင်နေကြကြောင်းသိရပါတယ်  . .  .

လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်နေတာဟာ သန်းရွှေကို ကာကွယ်ဖို့မဟုတ် နုနုထွတ်ထွတ်ဗမာနိုင်ငံကို အန္တရာယ်တွေ ကြားက ကယ်တင်နိုင်အောင် ဝှက်ဖဲတစ်ခုအဖြစ် အသုံးချဖို့သာရည်ရွယ် ထားတာဖြစ်ကြောင်း 
လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ် အသိုင်းအဝိုင်းက တီတိုးသတင်းထွက်လာပါတယ်  .  .

လွှတ်တော်ထဲရောက်နေတဲ့ ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကလည်း ဒီသတင်းကိုကြိုဆိုလိုက်ကြပြီး နိုင်ငံရေးကို စိတ်မဝင်စားတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကလည်း မြန်မြန်အဆင်ပြေချင်ပါပြီဗျာ လွှတ်တော်ထဲမှာ ကျနော်တို့က တကယ်ကြားညပ်နေတာ 
ကျနော်တို့ဒီဘဝကကျွတ်ချင်နေကြပါပြီ လို့ ပြောခဲ့ကြောင်းသိရပါတယ်  .  .

လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ယမန်နေ့က လွှတ်တော်မှာ ကိုယ်စားလှယ်များရဲ့ မေးမြန်းချက်များကို ဝန်ကြီးဌာနများမှ ဝေ့လည်ကြောင်ပတ်ဖြေဆိုနေမှုများကို ရပ်တန်းကရပ်ဖို့ ဝန်ကြီးဌာန ကိုယ်စားလှယ်များကို သတိပေးပြောကြားလိုက်ခြင်းအားဖြင့် 
ကာချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဖြစ်တော့မယ် ဆိုတဲ့သတင်းအပေါ် သဘောတူကြောင့် သူ့ သဘောထားကို တဖက်လှည့် ထုတ်ဖော်ပြသလိုက်ပါတယ်  .

သူက ဘယ်လောက်သိဘယ်လောက်တတ်လို့ ဒါမျိုးတွေလျှောက်လုပ်နေရတာလဲ သူကို အဘဆွဲတင်လို့ ဒီနေရာရောက်လာတာ သူကဘာကောင်မို့လဲ ဟု ယခင်ပြန်ကြားရေးဝန်ကြီး ယခုသမဝါယမဝန်ကြီးဦးကျော်ဆန်းက တုန့်ပြန်သည်ဟု သမဝါယမ အသိုင်းအဝိုင်းမှ 
သိရပါတယ်  . .  . 

ဒီကိစ္စက သူဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူး ဘယ်အချိန်မှာ သွားတွေ့ရမလဲဆိုတာ အဘသန်းရွှေပဲ ဆုံးဖြတ်ရမယ့်ကိစ္စပါ အဘသန်းရွှေက ကျနော်တို့ကို ပြုစုစောင့်ရှောက်လာတာပါ အဘသန်းရွှေက ကျနော်တို့ထက်ပိုပြီး အမျှော်အမြင်ရှိပါတယ် 

အဘစိတ်ကွက်စေမယ့်အလုပ်မျိုးကို ကျနော်တို့ မလုပ်သင့်ပါဘူး လို့ လက်ရှိကြံ့ဖွံ့ခေါင်းဆောင်လည်းဖြစ် တပ်ချုပ်သန်းရွှေဆီ ဝင်ထွက်သွားလာဖြစ်နေသော ဦးဌေးဦးက သူ့ကို တီးခေါက်လာသူများကို ဖြေကြားခဲ့ပါတယ်  .  .

ဒါကြောင့်အစောကတည်းက ဒီကောင့်ကို ဒီနေရာမပေးဖို့ အဘကို အတန်တန်တားခဲ့သေးတာ  .  .  ဟို ရွှေမန်းဆိုတဲ့အကောင်ကလည်း မြှောက်ထိုးပင့်ကော်လုပ်နေလို့ ဒီကောင်ဘဝင်ဟပ်သွားတာ ဖြစ်မှာ  .  . အဘသန်းရွှေကို ကျော်ရဲလို့လား အဘကိုကျော်ရင် 
ဒီကောင် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ ရှေ့က အကောင်တွေကို ကြည့်ရင် အသိသာကြီးပါ  ဒီကောင်တကယ်သတ္တိမရှိပါဘူး လို့ ဦးအောင်သိန်းလင်းက တီးတိုးမေးမြန်းလာသူကို ဒေါသတကြီးတုန့်ပြန်တယ်လို့လည်း သိရပါတယ် .  . 

တပ်ချုပ်သန်းရွှေ၏ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းမှလည်း ကာချုပ်မင်အောင်လှိုင်အပေါ် ဖိအားပေး အရေးယူမှုတစ်ခုခုလုပ်ရန် သန်းရွှေ၏ လုံခြုံရေးအရ နေပြည်တော်တွင် တပ်မတော်နေ့အမ်းအနား ပြုလုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းပစ်ရန် နှင့် 
တပ်မတော်နေ့မတိုင်ခင် ကာချုပ်မင်းအောင်လှိုင်ကို ထိရောက်သော ဖိအားပေးမှု အရေးယူမှုတစ်ခုခု အလျှင်အမြန် ဆောင်ရွက်ရန် တပ်ချုပ်သန်းရွှေကို တောင်းဆိုမှုများပြုလုပ်လျှက်ရှိသည်ဟု သတင်းရရှိသည်  .  .

တရုတ်ထောက်လှမ်းရေးများကလည်း အခြေအနေများကို တရုတ်ပြည်သို့ သတင်းပေးပို့လျက်ရှိပြီး လောလောဆယ်တွင် တရုတ်ပြည်မှ စောင့်ကြည့်အနေအထား နှင့် သတင်းများ လူဟောင်းများ၏ သဘောထားများ ကို လိုက်လံစုံစမ်းပေးပို့ရန် 
ညွှန်ကြားထားကြောင်းသိရသည်  .   .

ကာချုပ်မင်းအောင်လှိုင်အနေနဲ့ ဒီကာလမှာ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ အငြိမ်းစား သူငယ်ချင်းများမှ အကြံပြုထားကြောင်း သိရသည်  .  .  .

(၁၄၈၇)နှစ်မြောက် တမန်တော်နေ့အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးပြောကြားခဲ့သော အမှာစကား

Harry Mdy's photo.
(၅၉)လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ်သော (၁၄၈၇)နှစ်မြောက် တမန်တော်နေ့အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးပြောကြားခဲ့သော အမှာစကား

အားလုံးမင်္ဂလာပါ။ ဘုရားသခင်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း သင်တို့အားလုံးအပေါ်မှာ ကျရောက်ပါစေ။ ဒီနေ့ တမန်တော်နေ့အခမ်းအနားမှာ အခုလိုလာရောက်စကားပြောကြားခွင့် ရတဲ့အတွက်ကြောင့် အခမ်းအနားဖြစ်မြောက်အောင် စီစဉ်ကြတဲ့ ပုဂ္ဂိုလ်တွေရော၊ တက်ရောက်အားပေးကြတဲ့ ပရိသတ်အားလုံးကိုပါ အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တို့ ၈၈မျိုးဆက် ကျောင်းသားတွေအနေနဲ့ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာပြီး တစ်နှစ်စွန်းစွန်းလေး ရှိလာတဲ့အချိန်မှာ နိုင်ငံအနှံ့၊ ဒေသအနှံ့ကို သွားရောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ဟောပြောတာတွေလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ဒေသအလိုက် ဆွေးနွေးဟာပြောတာတွေရှိသလို အခါအားလျော်စွာ မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြားမှာ interfaith အပြန်အလှန် ဆက်သွယ်နိုင်ဖို့ ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ မန္တလေးမှာဆိုရင် ဘာသာပေါင်းစုံ စုစည်းထားတဲ့ interfaith နဲ့ ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်။

ကျွန်တော်တို့ဟာ တစ်လျှောက်လုံး အမှောင်ခေတ်ထဲမှာ အထူးသဖြင့် အာဏာရှင်လက်အောက်မှာ နေခဲ့ကြရတဲ့အတွက် အခု ဒီမိုကရေစီကို ဦးတည်တော့မယ်ဆိုရင် ကျွန်တော်တို့ရည်မှန်းချက်က ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့။ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား၊ တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုးကြား၊ ဘာသာဝင်တစ်ခုနဲ့တစ်ခုကြား အပြန်အလှန် ယုံကြည်လေးစားမှုတည်ဆောက်ဖို့ အင်မတန်အရေးကြီးပါတယ်။

အဲဒီတော့ နိုင်ငံသစ်တည်ဆောင်တဲ့နေရာမှာ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သဟဇာတဖြစ်တဲ့၊ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်နိုင်မယ့် လူ့အဖွဲ့အစည်းမျိုးအဖြစ်ဘဲနဲ့ ကျွန်တော်တို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုနည်းနဲ့မှ ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ကချင်ဒေသမှာဖြစ်နေတဲ့ ကချင်လူမျိုးဆိုတဲ့ တိုင်းရင်းသားအမှတ်အသားသရုပ်တင် မကဘဲနဲ့ အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်နေတဲ့အတွက် ဘာသာရေးအမှတ်အသား သရုပ်တွေ ရှိနေပါတယ်။ ရခိုင်ဒေသဖြစ်နေရင်လည်း လူမျိုးရေး မဟုတ်ဘဲနဲ့ ဘာသာရေးအမှတ်အသားသရုပ်တွေပါ ပါလာပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်နိုင်ငံမှာ နိုင်ငံသားစိတ်ဓါတ်၊ နိုင်ငံသားဆိုတဲ့ ယုံကြည်မှုကို လေးလေးနက်နက်
မွေးမြူပြီးတော့ တစ်ဘက်မှာလည်း ဒုက္ခရောက်နေတဲ့သူတွေအားလုံးကို လူမျိုးဘာသာမခွဲဘဲနဲ့ တပြေးညီ ကူညီပေးနိုင်ဖို့၊ ထောက်ပံ့ပေးနိုင်ဖို့ ဦးတည်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ တလျှောက်လုံးမှာ ပြောရေးဆိုခွင့်မရှိခဲ့၊ တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ခွင့်မရခဲ့တဲ့အခါကျတော့ ယုံထင်ကြောင်ထင် တစ်ယောက်နှင့်တစ်ယောက် အထင်မှားမမြင်မှားတွေ၊ အထင်အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ရတာ အများကြီး ရှိခဲ့ပါတယ်။ အဲဒီမှာ ဘာသာရေးနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ ၈၈မျိုးဆက်များရဲ့အယူအဆက ဒါဟာတစ်ဦးချင်းရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ယုံကြည်ခွင့် ဖြစ်တယ်။ အဲဒီမှာမှ ကျွန်တော်တို့က နိုင်ငံရေး ရှုထောင့်ကကြည့်တဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းဟာ စာထက်အက္ခရာ၊ ကျောက်ထက်အက္ခရာ တင်တဲ့ကာလကနေ ပြန်ကြည့်နေသလိုပဲ နှစ်ပေါင်းထောင်ချီပြီး ရှိနေပါပြီ။

အဲဒီတော့ ထူးခြားတာက ကျွန်တော်တို့က နိုင်ငံသေးသေးလေး။ လူဦးရေကလည်း နည်းပါတယ်။ ဘေးပတ်ဝန်းကျင်က ဧရာမ လူဦးရေများတဲ့နိုင်ငံတွေ တရုတ်တို့၊ အိန္ဒိယတို့ ကြားထဲမှာ ဒီနိုင်ငံလေး နှစ်ပေါင်းထောင်ချီအောင် ဘယ်လိုရပ်တည်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ ပြန်တွေးကြည့်ဖို့ကောင်းပါ တယ်။ အဲဒါက ဒီနိုင်ငံရဲ့ထူးခြားချက်ပါ။ တရုတ်တွေအများကြီးဝင်လာလို့ ကျွန်တော်တို့ဟာ တရုတ်တွေ ဖြစ်မသွားဘူး။ အိန္ဒိယနဲ့အတူတူ အင်္ဂလိပ်လက်အောက်မှာနေခဲ့လို့ အိန္ဒိယဖြစ်မသွားဘူး။ အဲဒါ ဒီနိုင်ငံရဲ့ ထူးခြားချက်ပဲ။

ဘာကြောင့်လဲဆိုတော့ ဘာသာအယူအဆတွေ၊ ဘာသာတရားတွေ ၀င်လာပေမယ့်လို့ မြန်မာဆိုတဲ့ အမှတ်အသားသရုပ်ကို ထိန်းသိမ်းနိုင်ခဲ့တာဟာ ထူးခြားချက်တစ်ရပ်ပါပဲ။ ဥပမာ ကျွန်တော်တို့ အမျိုးသားဝတ်စုံဆိုပြီးတော့ ၀တ်လာတဲ့အခါ ယေဘုယျပုံသဏ္ဍာန်ကိုကြည့်ရင် ဒါဟာ (အင်္ကျီ ကော်လံ) တရုတ်ဘက်က လာတဲ့ပုံစံပါ။ ဒါဟာ(ပုဆိုး) အိန္ဒိယဘက်က လာတဲ့ပုံစံပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အမျိုးသားဟန်ဖြစ်အောင် မွေးထားနိုင်ခဲ့တယ်။ ဒင်္ဂါးဆိုလည်း ဒီအတိုင်းပဲ။ စာပေဆိုလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ဟာ အဲဒါကိုက ထူးခြားတာ။

ကျွန်တော်တို့ဟာ တစ်ခါတစ်လေကျတော့ ကိုယ့်နိုင်ငံထဲမှာ အချင်းချင်း စည်းတွေထားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားနေတဲ့အချိန်မှာ အခုပဲ ကျွန်တော်ပြောဖြစ်တယ်။ ဟို တစ်ချို့နေရာတွေမှာ ထင်သာမြင်သာအောင်ပြောတဲ့နေရာမှာ အသုံးအနှုံးနဲ့ ပတ်သက်လို့ ကျွန်တော့်ကိုခွင့်လွှတ်စေချင်ပါတယ်။ ကုလား၊ ဗမာ အဲဒီလိုတွေပြောနေကြပြီးတော့ ဟဂ်ျကို ဘုရားဖူးသွားတဲ့အခါမှာ ဗမာပြည်ကလာတဲ့ အစ္စလာမ်ဘာသာဝင်မို့လို့ ပါကစ္စတန်တစ်ယောက်လိုမျိုး၊ အာရပ်တစ်ယောက်လိုမျိုး မဖြစ်နိုင်ပါဘူး။ သူတို့ကို ဗမာပြည်ကလာတဲ့ အစ္စလာမ်ဘာသာဝင်တွေအဖြစ်၊ မြန်မာနိုင်ငံသားတွေအဖြစ်ပဲ ဆက်ဆံပါတယ်။

ဥပမာ ဟာ တရုတ် ဘာညာနဲ့ပြောကြတယ်။ ကျွန်တော်တို့ ဒီက လသာကနေ အမေရိကကို ရွှေ့ပြောင်းသွားတဲ့ တရုတ်တွေကို ဘယ်သူကမှ တရုတ်ပြည်က လာတဲ့တရုတ်တွေလို့ မသတ်မှတ်ပါဘူး။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် မြန်မာနိုင်ငံကလာတဲ့ မြန်မာနိုင်ငံသားတွေ အဖြစ်ပဲ သတ်မှတ်ပါတယ်။ နောက်ကိုယ့်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ နောက်ကျတဲ့ အောက်ကျနောက်ကျဖြစ်ရတဲ့ ဒဏ်ကိုလည်း အဲဒီခုနက အခေါ်အဝေါ်တွေ တရုတ်တို့၊ ကုလားတို့လို့ အခေါ်ခံရတဲ့သူတွေလည်း အတူတူပဲ ခံရပါတယ်။

ဥပမာအားဖြင့် နိုင်ငံကူးလက်မှတ် passport အနီကိုင်သွားတာနဲ့ ဒီနိုင်ငံထဲမှာ အချင်းချင်းခေါ်ဝေါ်နေတဲ့ တရုတ်ခေါ်ခေါ် ကုလားခေါ်ခေါ် ဗမာခေါ်ခေါ် ဘေးဖယ်ထားလိုက်တာ။ show money ပါသလား။ ဟိုမှာ ဘယ်လောက်နေမှာလဲ။ အပြန် လေယာဉ် လက်မှတ် တစ်ခါတည်းပါသလား။ ဘယ်သူက ဒီမှာနေတဲ့အတောအတွင်းမှာ တာဝန်ယူမှာလဲ ဆိုတာတွေ ကို တစ်ခြားနိုင်ငံသား passport စာအုပ်တွေ ဆက်ဆံခံရသလို အဆက်ဆံမခံရဘဲနဲ့ သီးခြားနှိမ်ချပြီး ဆက်ဆံခံရတာချင်း အားလုံးအတူတူပါပဲ။ နိုင်ငံအပြင်ထွက်သွားရင် ပိုသိပါတယ်။

အဲဒီတော့ ကျွန်တော်တို့ ဟာ နိုင်ငံအသစ်တည်ဖို့ကြိုးစားနေတဲ့အချိန်မှာ ဒဏ်ခံရတော့လဲ ဗမာရယ်၊ တရုတ်ရယ်၊ ကုလားရယ်၊ ရခိုင် ရယ်၊ မွန်ရယ် မခွဲပါဘူး။ အကုန်လုံးခံရတာပါပဲ။ အဲဒါကို ကျွန်တော်တို့ တလှေတည်းစီးတယ် အတူတူပဲလို့ မြင်တယ်။ လှိုင်းထဲ လေထဲမှာ အတူတူနေရတဲ့သဘာဝကို the same boat လို့ပြောတာ။ အဲဒီ လှိုင်းထဲ လေထဲမှာ နေရတဲ့သဘာဝချင်းဟာ အားလုံးအတူတူပါပဲ။

အဲဒီတော့ ကျွန်တော်တို့နိုင်ငံကို ပြန်တည် ဆောက်နေတဲ့အခါမှာ ကျွန်တော်တို့ဟာ ဘာသာရေးယုံကြည်မှုတွေနဲ့၊ လူမှုရေး တစ်ယောက်နဲ့တစ် ယောက် ဆက်ဆံမှုတွေကို ခွဲထားစေဖို့လိုပါတယ်။ ဘာသာရေးဟာ ကျွန်တော်တို့ရဲ့ယုံကြည်မှု။ ဒါ ဗလီတစ် ခုမှာ ကိုယ်ယုံကြည်ရာ တူညီတဲ့သူတွေ စုဝေးကြမယ်။ ဘုရားကျောင်းမှာ သက်ဆိုင်ရာယုံကြည်တဲ့သူတွေ စုဝေးကြမယ်။ တခြား သာရေးနာရေးကိစ္စတွေမှာ၊ လူမှုရေးကိစ္စတွေမှာ အားလုံးမှာ တစ်သားတည်း ကျွန်တော်တို့ အစည်းအတားမရှိ၊ တံတိုင်းမရှိ ဆက်ဆံနိုင်တဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ တည်ဆောက်ကြရမယ်။

ကျွန်တော်တို့၊ ကိုမြအေးတို့ ဖိလစ်ပိုင်နိုင်ငံကို လေ့လာရေး သွားခဲ့ပါတယ်။ အဓိကက ငြိမ်းချမ်းရေးဖြစ်စဉ် ကြိုးပမ်းတဲ့နေရာမှာ လေ့လာဖို့ကောင်းတဲ့ model တစ်ခုအနေနဲ့၊ ပုံစံတစ်ခုအနေနဲ့ ဟိုမှာက ခရစ်ယာန်အများစုနေတဲ့နိုင်ငံမှာ မွတ်စလင်တွေနဲ့ ငြိမ်းချမ်းရေးဘယ်လို တည်ဆောက် ထားသလဲ။ လက်နက်ကိုင်ပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့သူတွေ။ အခု သူတို့ပြောပုံအရဆိုရင် 90 ရာခိုင်နှုန်းကျော်လောက် သဘောတူညီမှုရပြီးပြီ။ ကျွန်တော်တို့ အဲဒါကို လေ့လာစရာတစ်ခုအနေနဲ့ သွားတဲ့ အခါမှာ အဲဒီမှာ ဆော်ဒီကနေပြန်လာတဲ့ အိုလမာပညာရှင်တွေနဲ့ ကျွန်တော်တို့တွေ့ခဲ့ပါတယ်။ မုတ်ဆိတ်တွေ၊ အာရပ်ဝတ်စုံတွေနဲ့ မဟုတ်ဘူး။ ကြည့်လိုက်ရင် ဖိလစ်ပိုင်နိုင်ငံသား တခြားသူတွေနဲ့ ဘာမှ မထူးဘူး။ ဒါပေမယ့် သူဟာ အစ္စလာမ်ပညာရှင်။

အဲဒီတော့ ဆိုလိုတာက အီမာန်ဆိုတာ ကျွန်တော်တို့ နားလည်သလောက်က အကျင့်သီလပဲ။ အီမာန်နဲ့ social နဲ့ ကျွန်တော်တို့ ရောထွေးလိုက်တဲ့အခါမှာ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲစရာတွေ၊ ပဋိပက္ခဖြစ်စရာတွေ ကြုံရတဲ့အခါကျတော့ နှစ်ပေါင်းထောင်ချီပြီး ဒီလောက် ရေရှည်တည်တံ့လာတာကို၌က ကျွန်တော်တို့ရဲ့ အားလုံးဘုံသဘောဆောင်တဲ့ ဒီအမှတ်အသား သရုပ်ကို ကျွန်တော်တို့ ထိန်းသိမ်းနိုင်ခဲ့လို့။

သို့သော် ဒီထဲမှာ တိုင်းရင်းသားမျိုးနွယ်စုအမျိုးမျိုးပါတယ်။ ဘာသာယုံကြည်မှုအမျိုးမျိုးပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော အမှတ်အသားသရုပ်က မြန်မာနိုင်ငံသားဆိုတဲ့ အမှတ်အသားသရုပ်။ အဲဒါကို ကျွန်တော်တို့က ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ နိုင်ငံသားအခွင့်အရေးလို့ပြောရင် လူမျိုးကြောင့်၊ ဘာသာကြောင့် ခွဲခြား ခံရတာမျိုးမရှိတဲ့ မြန်မာနိုင်ငံလူ့အဖွဲ့အစည်း ဖြစ်အောင်လုပ်တဲ့နေရာမှာ တစ်ခါတစ်လေမှာ စိတ်ခံစားမှု တွေလွန်ကဲပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပြောကြ၊ ဆိုကြ၊ တုံ့ပြန်ကြတာတွေဟာ နားလည်မှုကို ပိုပြီးတော့ ဝေးသွားစေတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကျောချင်း ကပ်လို့ရမယ့်၊ ရင်ချင်းအပ်လို့ရမယ့်၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တဲ့၊ ရင်းနှီးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
‎(၅၉)လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ်သော (၁၄၈၇)နှစ်မြောက် တမန်တော်နေ့အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးပြောကြားခဲ့သော အမှာစကား