Wednesday, February 20, 2013

၆၅နှစ်မြောက်ချင်းအမျိုးသားနေ့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

ဓါတ်ပုံ ကိုဘန်းနီ

သာကေတရှိမူဆလင်ပိုင်ဆိုင်အချို့အကြမ်းဖက်ခံရ



အာအက်ဖ်အေနဲ့ဒေါက်တာဆိတ်ဖွားအမှုတွဲလို့ရပြီ....


ရိုဟင်ဂျာ ဟူ၍မရှိ ဘင်္ဂလီသာ ရှိကြောင်း ပြည်သူ့လွှတ်တော်တွင် ဖြေကြားချက်

http://www.rfa.org/burmese/news/rohingya-second-minister-02202013104803.html/b0220eek.mp3

မှာအသံဖိုင်နားထောင်နိုင်ပါတယ်...နောက်ပိုင်းအာအက်ဖ်အေသတင်းတွေမှာရိုဟင်ဂျာ
လုပ်ရင်တော့လွှတ်တော်ကိုမလေးမစားလုပ်မှုနဲ့ကော်မရှင်ဖွဲ့ပြီးဆိတ်ဖွားအမှုတွဲနဲ့တွဲလို့ရပြီ....

တပ်မတော်နဲ့ ပါတ်ီတွေ တိုင်ပင်လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော



2013-02-20
RFA
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံ ပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင် ရွက်ရင် တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြား လိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ယခု လတ်တလောမှာ သူနဲ့တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ဖြစ်နိုင်ကြောင်း သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။

တဆက်တည်းမှာပဲ လွတ်တော်အမတ်တွေ မေးမြန်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တိတိကျကျ ဖြေကြားခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့သဘောထားကို မေးမြန်းရာမှာတော့ ပြည်ထောင်စု လွတ်တော်နာယက ဦးခင်အောင်မြင့်က ဒီကိစ္စအတွက် တိုက်တွန်းပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေကြားချက်တွေဟာ တိုးတက်လာကြောင်းနဲ့ လွှတ်တော်သက်တမ်း နုနယ်သေးတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ စိမ်းနေတာကြောင့် ခုလိုပေါ်ပေါက်ခဲ့တာဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအကြောင်း



Apk Cartoonist
အိမ်နီးချင်းနိုင်ငံတွေအကြောင်း တွေးမိလို့ ၂၀၀၃ခုနှစ်က ရနံ့သစ်မဂ္ဂဇင်းမှာ ရေးခဲ့တာ။

မခံချင်စိတ်နဲ့မှားတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်(ပလေးဘွိုင်းသန်းနိုင်)

8 DAYS A WEEK ENTERTAINMENT's photo.

ပလေးဘွိုင်းသန်းနိုင်
မခံချင်စိတ်နဲ့မှားတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်
----------------------------------------------------------------
ပလေးဘွိုင်းသန်းနိုင်ကို ဖေ ဖော်ဝါရီ ၁၆ရက် ညနေကပြုလုပ် ခဲ့တဲ့ဖျော်ဖြေပွဲတစ်ခုမှာ ဥက္ကဌဦးစိုး ၀င်းဆိုသူကဆဲခဲ့တာကြောင့်နိုင်ငံ တော်သမ္မတရုံးအထိတိုင်စာပို့အမှု ဖွင့်အရေးယူခဲ့တယ်ဆိုတဲ့သတင်း တစ်ခု ဖေဖော်ဝါရီ (၁၈)ရက် နံနက် က facebook စာမျက်နှာထက်မှာ ရောက်ရှိပြန့်နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီသတင်းက မှားယွင်း ပြီး ပလေးဘွိုင်းသန်းနိုင်က စင်ပေါ်မှာဆဲခဲ့တာကို ဦးစိုးဝင်းက မရမ်း ကုန်းရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးစာနယ်ဇင်းရှင်းလင်းပွဲကို ဖေဖော်ဝါရီ(၁၈)ရက် နေ့လယ်(၃) နာရီက ကိုးမိုင်ဂေါက်ကွင်းမှာ ပြု လုပ်ခဲ့ပါတယ်။
``ကျွန်တော်လည်းအမှန်တော့ အဲဒီနေ့က သီချင်းမဆိုဘူးလို့တောင် ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ အောက်ကပရိသတ်တွေက `သန်းနိုင်´ဆိုပြီးကျွန်တော့်နာမည်ကိုအော် ခေါ်နေကြတော့ ငါ့ပရိသတ်တွေရှိ နေပါလား၊ ငါမဆိုရင်မကောင်းဘူးဆိုပြီး စင်ပေါ်မှာတက်ဆိုခဲ့ပါတယ်။ တစ်ပုဒ်ဆိုအပြီးမှာ ကျွန်တော့်သူ ငယ်ချင်းလိုခင်ရတဲ့သူက လာရပ် ခိုင်းပါတယ်။ ဘာလို့လဲလို့ကျွန်တော် ကမေးတော့ ကပ္ပတိန်ကရပ်ခိုင်းတာ လို့ပြောပါတယ်။ ကပ္ပတိန်ဆိုတာ ဘယ်သူ့ကိုပြောမှန်းလည်း ကျွန် တော်မသိပါဘူး။ အဲဒီအချိန်မှာ အ ရက်ကလည်းနည်းနည်းသောက်ထား တယ်။ မူးတော့မမူးပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာမခံချင်ဖြစ်သွားတယ်။ အဲ ဒါနဲ့ စင်ပေါ်ပြေးတက်တယ်။ ကျွန် တော့်ကိုဝိုင်းချုပ်ကြတယ်။ ၀ိုင်းချုပ် လေဒေါသပိုထွက်လေဖြစ်ပြီး စင် ပေါ်မှာအခုလိုပြဿနာမျိုးဖြစ်ခဲ့ပါ တယ်။ ကျွန်တော်ပြန်သွားပြီးတဲ့ နောက် ကျွန်တော့်အမှားကိုသိပြီး ကားနဲ့ပြန်လှည့်လာပြီးတောင်းပန် ပါတယ်။ ဒါပေမဲ့ ပွဲဆိုတော့ သိတဲ့ အတိုင်းအခြေအနေမပေးတာနဲ့ပြန် သွားခဲ့ပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ Facebook မှာတင်ထားတဲ့စာတွေကိုလည်း မ နေ့ကမှကျွန်တော်သိရတယ်။ ကျွန် တော့်အမှားတွေအတွက် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ TY

ပလေးဘွိုင်းသန်းနိုင်
မခံချင်စိတ်နဲ့မှားတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်
----------------------------------------------------------------
ပလေးဘွိုင်းသန်းနိုင်ကို ဖေ ဖော်ဝါရီ ၁၆ရက် ညနေကပြုလုပ် ခဲ့တဲ့ဖျော်ဖြေပွဲတစ်ခုမှာ ဥက္ကဌဦးစိုး ၀င်းဆိုသူကဆဲခဲ့တာကြောင့်နိုင်ငံ တော်သမ္မတရုံးအထိတိုင်စာပို့အမှု ဖွင့်အရေးယူခဲ့တယ်ဆိုတဲ့သတင်း တစ်ခု ဖေဖော်ဝါရီ (၁၈)ရက် နံနက် က facebook စာမျက်နှာထက်မှာ ရောက်ရှိပြန့်နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီသတင်းက မှားယွင်း ပြီး ပလေးဘွိုင်းသန်းနိုင်က စင်ပေါ်မှာဆဲခဲ့တာကို ဦးစိုးဝင်းက မရမ်း ကုန်းရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးစာနယ်ဇင်းရှင်းလင်းပွဲကို ဖေဖော်ဝါရီ(၁၈)ရက် နေ့လယ်(၃) နာရီက ကိုးမိုင်ဂေါက်ကွင်းမှာ ပြု လုပ်ခဲ့ပါတယ်။
``ကျွန်တော်လည်းအမှန်တော့ အဲဒီနေ့က သီချင်းမဆိုဘူးလို့တောင် ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ အောက်ကပရိသတ်တွေက `သန်းနိုင်´ဆိုပြီးကျွန်တော့်နာမည်ကိုအော် ခေါ်နေကြတော့ ငါ့ပရိသတ်တွေရှိ နေပါလား၊ ငါမဆိုရင်မကောင်းဘူးဆိုပြီး စင်ပေါ်မှာတက်ဆိုခဲ့ပါတယ်။ တစ်ပုဒ်ဆိုအပြီးမှာ ကျွန်တော့်သူ ငယ်ချင်းလိုခင်ရတဲ့သူက လာရပ် ခိုင်းပါတယ်။ ဘာလို့လဲလို့ကျွန်တော် ကမေးတော့ ကပ္ပတိန်ကရပ်ခိုင်းတာ လို့ပြောပါတယ်။ ကပ္ပတိန်ဆိုတာ ဘယ်သူ့ကိုပြောမှန်းလည်း ကျွန် တော်မသိပါဘူး။ အဲဒီအချိန်မှာ အ ရက်ကလည်းနည်းနည်းသောက်ထား တယ်။ မူးတော့မမူးပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာမခံချင်ဖြစ်သွားတယ်။ အဲ ဒါနဲ့ စင်ပေါ်ပြေးတက်တယ်။ ကျွန် တော့်ကိုဝိုင်းချုပ်ကြတယ်။ ၀ိုင်းချုပ် လေဒေါသပိုထွက်လေဖြစ်ပြီး စင် ပေါ်မှာအခုလိုပြဿနာမျိုးဖြစ်ခဲ့ပါ တယ်။ ကျွန်တော်ပြန်သွားပြီးတဲ့ နောက် ကျွန်တော့်အမှားကိုသိပြီး ကားနဲ့ပြန်လှည့်လာပြီးတောင်းပန် ပါတယ်။ ဒါပေမဲ့ ပွဲဆိုတော့ သိတဲ့ အတိုင်းအခြေအနေမပေးတာနဲ့ပြန် သွားခဲ့ပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ Facebook မှာတင်ထားတဲ့စာတွေကိုလည်း မ နေ့ကမှကျွန်တော်သိရတယ်။ ကျွန် တော့်အမှားတွေအတွက် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ TY

Myanmar

I Am Myanmar and Proud To Be

Myanmar
-----------
Filmed & Edited by Patrik Wallner
Motivation by Tobias Ulbrich and Tommy Zhao
Music by Jean-Claude Vannier
Illustrations by Dan Zvereff


A tilt-shift film,
shot by Joerg Daiber
♫ Tchaikovsky's Concerto #1 - Tonight We Love

in Rangoon (Yangon), Kalaw, Inle Lake, Mandalay and Bagan in Burma (Myanmar).

မသန်ပေမယ့် စွမ်းတဲ့ စုပုံချစ်




 မသန်စွမ်းကျောင်းသူ မစုပုံချစ် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ
 Wednesday, 20 February 2013 17:38


သြစတြေးလျနိုင်ငံသို့ မထွက်ခွာမီ မစုပုံချစ်ကို မိဘများနှင့်အတူ တွေ့ရစဉ်

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် မသန်စွမ်းကျောင်းသူ မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်အတွက် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲက မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

သြစတြေးလျ အစိုးရက ပညာသင်ဆုကို  ၂၀၁၀ တုန်းက Engineering ဘာသာရပ်နှင့် ပထမအကြိမ် လျောက်ခဲ့ရာ Shortlist သာ ပါခဲ့ပြီး အင်တာဗျူး မပါခဲ့ကြောင်း၊ ယင်းနောက် Master of Public Administration နှင့်  Master of Policy Studies ကို လျောက်ခဲ့ရာ Master of Policy Studies ကို ရခဲ့ကြောင်း မစုပုံချစ်က ပြောသည်။၎င်းကပင် ''မူဝါဒပိုင်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်ရှစ်ခုကို သင်ကြားရမယ်လို့ သိထားပါတယ်။  အဓိက မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကို လေ့လာဖို့ပါ။ သမီးနဲ့အတူ အစ်မတစ်ယောက်လည်း လိုက်မှာဖြစ်ပြီး သူ့အတွက် နေထိုင်ဖို့ကိုလည်း အဲဒီအဖွဲ့ကပဲ ထောက်ပံ့သွားမှာပါ'' ဟု လေယာဉ်မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်အတွင်းရှိနေသူ မစုပုံချစ်က ပြောသည်။

မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ မဟာတန်းကို  သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့ရှိ University of New South Wales တွင် တစ်နှစ်ရှစ်လကြာ ပညာသင်ကြားရမည်ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်း ကျောင်းသား/သူများအနက် ပထမဆုံးအကြိမ် နိုင်ငံခြား ပညာသင်ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ယခုလို မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားရခြင်းမှာ မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ဥပဒေများကို သိရှိ နားလည်စေရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို လေ့လာရန်တို့ ပါဝင်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှု ရရှိမှုအပေါ် မစုပုံချစ်၏ မိဘများဖြစ်သူ ဒေါက်တာအုန်းကျော်နှင့် ဒေါ်ခင်ဆွေလဲ့ တို့ကလည်း ''သူများတွေ နိုင်ငံခြားမှာ ကျောင်းတက်နေတာတွေ မြင်တဲ့အခါမှာ သူ့အနေနဲ့ တက်ချင်စိတ်တွေ ဖြစ်ခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုပြီး ပြောခဲ့ဖူးတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အခုလို ရလာတော့လည်း မိဘတွေအနေနဲ့ အတိုင်းမသိ ၀မ်းသာရတာပေါ့။ သူ့မှာ သူ့ထက် တစ်ဆင့်မြင့်တာကို လိုချင်တဲ့ ပညာလောဘ ရှိတာကြောင့်ရယ်၊ သင်ချင်တဲ့စိတ် ရှိတာကြောင့် ဒီလိုဖြစ်လာတာပါ'' ပြောပြခဲ့သည်။
ထို့ပြင် မစုပုံချစ်သည် ကိုယ်လက်အင်္ဂါ မပြည့်စုံသူ ဖြစ်သည့်နည်းတူ ပြည်ပတွင် ပညာသင်ယူရမည်ဆိုသည့် စိုးရိမ်စိတ်များ ရှိသော်လည်း စုပုံချစ်၏ အရည်အချင်းနှင့် သူမကိုယ်သူမ ယုံကြည်ချက် ရှိနေခြင်းကြောင့်  မိဘများအနေဖြင့်လည်း  အဆိုပါ အခက်အခဲများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း မစုပုံ ချစ်၏ မိဘများက ထပ်လောင်း ပြောပြကြသည်။

မွေးရာပါ လက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးဖြစ်သူ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ဘ၀ကို အရှုံးမပေးဘဲ စာပေပညာများ လေ့လာသင်ယူခဲ့ရာ ၂၀၁၀ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ B.Tech (IT) ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ မဟာတန်း ပထမနှစ်ကို တက်ရောက်နေစဉ် ယခုလို ပညာသင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

အမည်     မစုပုံချစ်
မွေးသက္ကရာဇ်     ၅.၉.၁၉၈၉
မိဘအမည်     ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်) +ဒေါ်ခင်ဆွေလဲ့
ဆယ်တန်းအောင်သည့်ခုနှစ်     ၂၀၀၅ / သချာင်္၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ
အမှတ်ပေါင်း     ၄၇၉ ၊ အ.ထ.က (၃) လှိုင်သာယာ
ရရှိခဲ့သည့် ဘွဲ့များ     B.Tech (IT) , B.E (IT)
ရရှိခဲ့သည့်ဆုများ     စိတ်ဓာတ်ကြံ့ခိုင် ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနား )
    အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)
    ဆယ်စုနှစ် ထူးချွန်ဆုကျောင်းသူ(၂၀၀၄ခုနှစ်)
    ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)
    ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်

first-11.com

နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ (ခင်ရွှေ၊ ဇေကမ္ဘာ)



ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ်အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်းဇေကမ္ဘာဦးခင်ရွှေမေးခွန်းထုတ်

February 19, 2013

မြေသိမ်းမှုများ၌ အမှန်တ ကယ်သိမ်းယူသော အိုးအိမ်ဦးစီး  ဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာန  မှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူ များမှအထင်လွှဲမှားလာစေရန် ရည်ရွယ်၍နိုင်ငံရေးလှုံ့ဆော်သူ   အချို့ရှိနေပြီး။ယင်းသို့သော နိုင်ငံ ရေးလှုံ့ဆော်သူအချို့အား အစိုးရ မှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေး ယူခြင်းမပြုရကြောင်း ဇေကမ္ဘာ   ကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေမှမေးခွန်း ထုတ်ပြောကြားလိုက်သည်။
““ကျွန်တော်အနေနဲ့နိုင်ငံရေး   တိုက်ကွက်ကြီးကိုကောင်းကောင်း ခံနေရတယ်။ပြောရရင်နိုင်ငံရေး   လှုံ့ဆော်နေသူတွေက နည်းနည်း လေးပါ အဲဒီမှာရန်ကုန်မှာဆို နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို  ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ သူတို့က နည်းနည်းဆို ဇေကမ္ဘာ    မြေသိမ်းတယ်။ ဇေကမ္ဘာမတရား  လုပ်တယ်ဆိုပြီး လှုံ့ဆော်ကြတာ    ဇေကမ္ဘာမတရားလုပ်တာ ဘာမှ မရှိပါဘူး။ဒီရက်ထဲမှာ နေမျိုးဝေ က စာအုပ်ကြီးထုတ်လိုက်တာ အဲဒီမှာ ဇေကမ္ဘာက မတရားလုပ် တယ်ဆိုပြီးပါရော ဇေကမ္ဘာမတရား  လုပ်တာလုံးဝမရှိပါဘူး။နည်းနည်း ဆို ခင်ရွှေ၊ ဇေကမ္ဘာ၊ခရိုနီ လွှတ် တော်ကိုယ်စားလှယ်ပြီးတော့ အကြောင်းကြောင်းတွေလည်းရှိ တယ်။ အဓိကက လှုံ့ဆော်နေတဲ့ သူ ၄ယောက်လောက်လိုပါ ဒီ လေးယောက်လောက်ကို နိုင်ငံ တော်က ဘာကြောင့် မထိန်းနိုင် သလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူးဗျာ””ဟု ဇေကမ္ဘာ ဦးခင်ရွှေမှ လွှတ်တော်လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်းခံ ရမှုစုံစမ်းရေးကော်မရှင်နှင့်လုပ်ငန်း ရှင်များတွေ့ဆုံပွဲ၌ ပြောကြားသွား   ခဲ့သည်။
ဇေကမ္ဘာဦးခင်ရွှေ ရှေ့မှ ဆက်လက်ပြောကြားရာ၌ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄၌ ယခင်အစိုးရလုပ် ထားဆောင်ရွက်ထားသည်များ အား ယခုအစိုးရမှ ဃသမလေ ပြုရ မည့် သဘောရှိကြောင်း လက်ရှိ   လုပ်ငန်းစီမံကိန်းများမှာ ယခင် အစိုးရလုပ်ထားတာ လုပ်ငန်းများ    ဖြစ်သည့်အတွက် ယခုအစိုးရမှ     ဃသမလေ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း  နှင့်ယင်းသို့ နိုင်ငံရေးလှုံ့ဆော်မှု များ၊ လယ်သမားများအား မြှောက် ပင့်နေမှုများနှင့်အခြားသောကိစ္စ များအတွက် မိမိအနေဖြင့် တရား စွဲဆိုထားသော အမှုပေါင်း၂၀ခန့် ရှိနေပြီး ယင်းအမှုများအားလည်း   တရားရုံးများမကိုင်ရဲ၊ရဲစခန်းမှလည်း ဘာမှမလုပ်ပေးသည့်အတွက် တရားဥပဒေစိုးမိုးရေးဟူသည်မရှိ တော့ပြီလားဟု ထပ်မံမေးခွန်း  ထုတ်ပြောကြားသွားခဲ့သည်။


ခန့်ခန့်(ဒဿနိက)
hotnewsweekly.com

နေပြည်တော် ဆေးရုံခြောက်ရုံ စီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

လက်ရှိအစိုးရဆေးရုံ၊ ဆေးခန်းများတွင် အခြေခံကျန်းမာရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘဲ နေပြည်တော်၌ ကျပ် ၁၂ ဘီလျံကျော် အကုန်အကျခံကာ ထပ်မံတည်ဆောက်မည့် ဆေးရုံခြောက်ရုံ စီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

Sunday, 17 February 2013 10:02
weekly-17-2-1
ဆေးကုသမှု ခံယူရန်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်းရှေ့တွင် ညအိပ်စောင့်ဆိုင်းနေသူများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
တည်ရှိပြီး ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးများ၊ သူနာပြုများ ပြည့်စုံစွာ ဖြည့်ဆည်းနိုင်ခြင်း မရှိသေးဘဲ နေပြည်တော်၌ ငွေကျပ် ၁၂ ဘီလျံကျော် အကုန်အကျခံကာ ထပ်မံတည်ဆောက်မည့် ဆေးရုံခြောက်ရုံကို ဖေဖော်ဝါရီလ ၁၄၊ ၁၅ ရက်များတွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက "ဦးစားပေး အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုကို မှန်ကန်စွာ Sequence ကျစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါတယ်။ ဥပမာ ပြီးခဲ့သော ဘဏ္ဍာနှစ်မှ စတင်ဆောက်လုပ်စပြုနေသော နေပြည်တော်ရှိ ခုတင် ၅၀၀ ဆံ့ ဗဟိုအမျိုးသမီးဆေးရုံ၊ ကုတင် ၅၀၀ ဆံ့ ကလေးဆေးရုံ၊ ခုတင် ၅၀၀ ဆံ့ အရိုးအထူးကုဆေးရုံ၊ ခုတင် ၅၀၀ ဆံ့ မျက်စိ၊ နှား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့ကို ဆက်လက်ရင်းနှီးမြှုပ်နှံရန် အဆိုပြုခြင်းမျိုးကို နိုင်ငံတော်၏ ဦးစားပေးအဆင့်ထားရန် သင့်၊ မသင့်၊ တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရန် စီမံကိန်းကို လောလောဆယ် ဆိုင်းငံ့ရန် သင့်၊ မသင့် အထူးအလေးထား စဉ်းစားရန် လိုအပ်ကြောင်း သုံးသပ်ရရှိပါတယ်။ ဆိုင်းငံ့သင့်သော လုပ်ငန်းစီမံကိန်းများကို ဆိုင်းငံ့သင့်ပါတယ်။ မိမိတို့ခေတ်သစ်၊ စနစ်လုပ်ငန်း စီမံကိန်းများကို အရေအတွက်အရ မဟုတ်ဘဲ အရည်အသွေးအရ အဆင့်မြှင့်တင်ခြင်းမျိုးကို ဦးစားပေးသင့်ကြောင်း သုံးသပ်ရရှိပါတယ်" ဟု ပြောကြားခဲ့သည်။
ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက "ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး တင်ပြရရင် ပြီးခဲ့တဲ့နှစ်က ၂၁၃ ဒသမ ၅ ဘီလျံ သုံးပါတယ်။ ၂၀၁၃-၂၀၁၄ မှာ ၁၉၇ ဒသမ ၉ ဘီလျံ သုံးမယ်လို့ တွေ့ရပါတယ်။ ဆေးရုံနဲ့ပတ်သက်လို့ လာမယ့်နှစ်မှာ ဆေးရုံ ၅၂ ရုံ၊ ဆေးခန်း ၃၈ ခန်း၊ ကျေးလက် ကျန်းမာရေးဌာန  ၆၁ ခုအတွက် သုံးမှာဖြစ်ပါတယ်။ အလားတူ နေပြည်တော်မှာ တင်ပြထားတဲ့အတိုင်းပဲ ဆေးရုံတွေဆောက်မှာ သိရပါတယ်။ စုစုပေါင်း ဆေးရုံခြောက်ရုံအတွက် ကုန်ကျငွေသည် ၁၂ ဒသမ ၇ ဘီလျံ ရှိပါတယ်။ ဒါ့ကြောင့် ပထမအချက်အနေနဲ့ ဒီဆေးရုံတွေသည် အမှန်တစ်ကယ် လိုသလား။ နေပြည်တော်မှာရှိတဲ့ လူဦးရေနဲ့ လက်ရှိရှိတဲ့ ဆေးရုံများနဲ့ လုံလောက်တယ်ဆိုရင်တော့ ဒါတွေဟာ ဆိုင်းငံ့ပြီးတော့ လုပ်သင့်တဲ့ကိစ္စတွေလို့ ထင်ပါတယ်။ ဘာကြောင့် အခုလို ကျွန်တော်တင်ပြရသလဲဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနသည် ပြီးခဲ့တဲ့နှစ်က သုံးခဲ့တဲ့ငွေတွေ များပြားသော်လည်း ကျွန်တော်တို့ နေတဲ့မြို့နယ်တွေမှာ ဘာမှပြောင်းလဲမှု မရှိပါဘူး။ ဒါ့ကြောင့် ဒီလိုနေရာမျိုးမှာ ပြန်ပြီးတော့ အသုံးချမယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ နောက်တစ်ခုက ရန်ကုန်ဆေးရုံကြီး ပြုပြင်တာကိုလည်း  ကျွန်တော်တို့ ကြိုဆိုပါတယ်။ သို့သော် ရပ်ကွက်တွေ၊ ကျေးရွာတွေမှာရှိတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ကျေးလက်ကျန်းမာရေး ဌာနတွေကို လိုအပ်တဲ့ ဆေးဝါးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ ပြည့်စုံအောင် ဦးစားပေး ဆောင်ရွက်ဖို့လိုပါတယ်။ ဒါတွေပြီးမှသာလျှင် ယခုတင်ပြတဲ့ ဆေးရုံအသစ် ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ဖို့ လိုမယ်လို့ တင်ပြလိုပါတယ်" ဟု ဆွေးနွေးပြောကြားခဲ့သည်။
ရန်ကုန်ဆေးရုံကြီး ပြုပြင်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ သို့သော် ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ ရှိတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ကျေးလက် ကျန်းမာရေး ဌာနတွေကို လိုအပ်တဲ့ ဆေးဝါးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ ပြည့်စုံအောင် ဦးစားပေး ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါတွေပြီးမှသာလျှင် ယခုတင်ပြတဲ့ ဆေးရုံအသစ် ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ဖို့ လိုမယ်လို့ တင်ပြလိုပါတယ်
"နိုင်ငံသားတိုင်း အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှု ခံစားနိုင်ရန် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေး ဌာနများ နှစ်စဉ်တိုးချဲ့ ဖွင့်လှစ်နေသည်မှာ ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။ သို့သော် ၀န်ထမ်းမပြည့်စုံခြင်း၊ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ လူနာဆောင်များကို ဆေးရုံအဆင့်အတန်းနဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်သဖြင့် ပြည်သူလူထုအတွက် အကျိုးမရှိလှပါ။ သို့ဖြစ်ပါ၍ ဆေးရုံ၊ ဆေးခန်းများ အသစ်တိုးချဲ့တိုင်း ၎င်းတို့၏ လိုအပ်ချက်များကို တစ်ပါတည်း ဖြည့်ဆည်းပေးနိုင်မှသာ တိုးချဲ့သင့်ပါတယ်လို့ သုံးသပ် တင်ပြအပ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်သန်းက ဆွေးနွေးခဲ့သည်။
ထို့ပြင် နိုင်ငံပိုင် အခန်းကဏ္ဍ ကျန်းမာရေးဆိုင်ရာ စီမံကိန်းများအတွက် ငွေကျပ်သန်း ၁၉၇၉၃၁ ဒသမ ၃၈၇ လျာထားပြီး အများစုမှာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ တည်ဆောက်ရန်နှင့် မြို့နယ်ဆေးရုံများ တည်ဆောက်ရန်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် စာရင်းများအရ အထူးကုဆေးရုံ ၂၃ ရုံ၊ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံ ခြောက်ရုံ၊ ခုတင် ၁၀၀၀ ဆေးရုံ တစ်ရုံ၊ ခုတင် ၃၀၀ ဆေးရုံ ငါးရုံ၊ ခုတင် ၂၀၀ ဆေးရုံ ၃၁ ရုံ၊ ခုတင် ၁၀၀ ဆေးရုံ ၃၂ ရုံ၊ ခုတင် ၅၀ ဆေးရုံ ၆၁ ရုံ၊ ခုတင် ၂၅ ဆေးရုံ ၁၉၄ ရုံ၊ တိုက်နယ်ဆေးရုံ ၅၀၅ ရုံ၊  ကျေးလက်ကျန်းမာရေးဌာန ၁၅၀၄ ခု၊ ဒေသန္တရ ကျန်းမာရေးဌာန ၈၆ ခုရှိကြောင်း သိရသည်။
   first-11.com  

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပြင်ဆင်ရန် မလိုအပ်

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င် ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို ကာကွယ်ထားခြင်းဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တိုင်းရင်းသားများ ပြောကြား
Wednesday, 20 February 2013 10:30 Biweekly-2-feb20
၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ရေယာဉ်ပျက်၍ ကျောက်ဖြူကမ်းခြေသို့ ၀င်ရောက်လာသည့် ဘင်္ဂါလီများအား စစ်ဆေးနေစဉ်
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င်ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို ကာကွယ်ပေးထားခြင်းဖြစ်၍ ပြင်ဆင်ရန်မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များနှင့် တိုင်းရင်းသားများက ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေးကင်တားနားက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်နှင့် တိုင်းရင်းသားဖြစ်မှုနှင့် ကိုးကွယ်သည့် ဘာသာအပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှု မရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့ တိုက်တွန်းပြောဆိုခဲ့မှုအပေါ် ၎င်းတို့က ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတယ်။ ဒါပေမယ့် လူတိုင်းဟာ ဘယ်နိုင်ငံမှာပဲနေနေ အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေတွေကိုတော့ လေးစားလိုက်နာရမယ့်အပြင် အဲဒီနိုင်ငံရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရပါမယ်  . . . သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ် . . . မြန်မာနိုင်ငံတွင် ဥပဒေများ ရေးဆွဲရန်၊ ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန်အတွက် အာဏာရှိသော ပြည်ထောင်စုလွှတ်တော်ရှိကြောင်း၊ ကင်တားနားအနေဖြင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်ဆင်ရန် တိုက်တွန်းပြောဆို၍ မရကြောင်း၊ ထိုသို့ပြောဆိုခြင်းမှာ ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပြောဆိုခြင်းဖြစ်ကြောင်းလည်း ဝေဖန်ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးသိန်းညွန့်က "သူပြင်ချင်တယ်ဆိုတာ သူပြောပုံအရဆိုရင် နိုင်ငံသားဥပဒေရဲ့ အနှစ်သာရကြီး တစ်ခုလုံးကို ထိခိုက်မယ့် အပြောမျိုး၊ ဒီဥပဒေက ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အင်မတန်အရေးကြီးတဲ့ ဥပဒေ။ ကျွန်တော်တို့က သန်းထောင့်သုံးရာရှိတဲ့ တရုတ်ပြည်၊ သန်းထောင်ကျော်ရှိတဲ့ အိန္ဒိယ၊ သန်းတစ်ရာ့ခြောက်ဆယ်ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကြားထဲမှာနေရတာ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြီးတစ်ခုလုံးက ရှမ်းပြည်လောက်ပဲ ရှိတယ်။ ဒါကြောင့် နိုင်ငံသားဥပဒေက ခိုင်မာဖို့လိုတယ်။ ခိုင်မာဖို့ဆိုတာက ကျွန်တော်တို့နိုင်ငံထဲကို နိုင်ငံသား မဟုတ်တဲ့သူတွေ အလွယ်တကူ မ၀င်နိုင်အောင်၊ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ မူဝါဒချမှတ်တဲ့နေရာမှာ နိုင်ငံခြား သွေးရောတဲ့သူတွေက အဆုံးအဖြတ် မပေးနိုင်အောင်က အရမ်းအရေးကြီးတယ်။ဒီနေ့ မြန်မာနိုင်ငံသားဥပဒေမှာ ငွေဒဏ်ကိစ္စ ငါးသောင်းသတ်မှတ်ထားတယ်။ အဲဒါကိုငါးသိန်းတို့၊ ငါးသန်းတို့ ပြင်မယ်ဆိုရင်တော့ ပြင်သင့်တယ်။ ကျန်တာတွေကတော့ အခုအချိန်ထိ ဆက်လိုနေသေးတယ်" ဟုပြောသည်။
"၁၉၈၂ နိုင်ငံသားဥပဒေက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ပဲ ပတ်သက်တယ်။ နိုင်ငံတစ်ခုရဲ့ နိုင်ငံသား ဥပဒေဆိုတာ သူ့ရဲ့ပထ၀ီနိုင်ငံရေး အခြေအနေကို မူတည်ပြီးကာမှ ပြဋ္ဌာန်းရတာရှိတယ်။ အမေရိကန်နဲ့ တူချင်မှတူမယ်။ တခြားနိုင်ငံတွေနဲ့ တူချင်မှ တူမယ်။ အဲဒါတွေတော့ သဘောပေါက်ဖို့လိုတယ်။ သူ့ဟာသူ ပြင်ချင်တယ်ဆိုပြီး ပြင်လို့ရချင်မှ ရမယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ဆိုသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်မဲများသောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် ခြောက်နှစ်ကျော် အချိန်ယူ၍ ကွင်းဆင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုကို ချပြကာ ဆန္ဒခံယူပြီးမှသာ အတည်ပြုထားသော ဥပဒေတစ်ခုဖြစ်ကြောင်း ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်၌ ပြောကြားခဲ့သည်။
"နိုင်ငံတစ်နိုင်ငံမှာ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားက ပိုအရေးကြီးတယ်ဆိုတာ ကင်တားနားအနေနဲ့ သိဖို့လိုပါတယ်။ မြန်မာနိုင်ငံကို တစ်ဖက်နိုင်ငံက ကျူးကျော်ဝင်ရောက်လာတဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရှုထောင့် တစ်ခုတည်းက ကြည့်လို့မရပါဘူး။ လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းက ကြည့်မယ်ဆိုရင် အကြမ်းဖက်သမားတွေ ၀င်ရောက်လာနိုင်ပါတယ်" ဟု ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။
ထို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြဋ္ဌာန်းရာ၌ မိမိတို့နိုင်ငံ၏ ပထ၀ီအနေအထားအရ အင်အားကြီးနိုင် ငံနှစ်ခုကြားတွင် တည်ရှိနေသည်ကို ထည့်သွင်းစဉ်းထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါနှစ်နိုင်ငံ၏ရန်ကို ကြောက်၍ အရာအားလုံး တားမြစ်သည့် ဥပဒေလည်း မဖြစ်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ဆိုသည်။
"သူက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်သာလျှင် ဖြစ်တယ်။ UN အလုပ်ပဲ လုပ်ရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်သင့်တယ်။ ဒါတွေ သူပြောခွင့်မရှိဘူး။ နောက်တစ်ခုက ၈၂ ခုနှစ် ဥပဒေဆိုတာ မနေ့တစ်နေ့က ဆွဲထားတဲ့ ဥပဒေမဟုတ်ဘူး။ စစ်အစိုးရ လက်ထက်က ဆွဲထားတာလည်း မဟုတ်ဘူး။ ဥပဒေဆွဲခဲ့တဲ့သူက ဥပဒေမှာ ဆရာတစ်ဆူလို့ ပြောလို့ရတဲ့ ဒေါက်တာမောင်မောင်ကိုယ်တိုင် မြန်မာနိုင်ငံအနောက်ဘက်က ဘင်္ဂါလီတစ်မျိုးတည်းကို ကြည့်ပြီးတော့ ဆွဲခဲ့တာမဟုတ်ဘူး။ အရှေ့ဘက်က တရုတ်ရယ်။ အနောက်မြောက်က အိန္ဒိယလူမျိုးတွေ။ မြ၀တီ၊ ကရင်ပြည်နယ်ဘက်က ဆိုလို့ရှိရင် ထိုင်းလူမျိုးတွေ ခိုးပြီးတော့ မတရားဝင်လာတာတွေကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာ။ ဘင်္ဂါလီကိစ္စ တစ်ခုပဲကြည့်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေပြုကဏ္ဍကို လာပြီးပြင်သင့်တယ်။ ဒါတွေလာပြောတာဟာ မှားယွင်းတဲ့ ပြောဆိုမှုလို့ ပြောလို့ရတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုပ်ပိုင်ခွင့်မှာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းရေးကို လာပြီးစွက်ဖက်လို့ မရဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က ပြောပါသည်။
မစ္စတာကင်တားနား၏ ကိုးကွယ်သည့်ဘာသာအပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှုမရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း ပြောကြားမှုနှင့် ပတ်သက်၍လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသည့် နိုင်ငံများတွင် မိခင်ဘာသာအပေါ် လွှမ်းမိုးနိုင်သည့် လုပ်ဆောင်ချက်များမှာ လက်ခံနိုင်သည့် အနေအထားမဟုတ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
"သူတို့နိုင်ငံမှာ ဗုဒ္ဓဘာသာ အဆောက်အဦတွေ ဆောက်ခွင့်ရှိပါသလား။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အဆောင်အယောင်ပေါ့။ ဘုရားပုံဖြစ်ဖြစ်။ ဥပမာဆိုပါတော့ သင်္ဃန်းဝတ်ထားတဲ့ ဘုန်းကြီးတစ်ပါးတောင် ကြွချီခွင့်ရှိပါသလား။ သူတို့မက္ကာကို တခြားဘာသာဝင်တွေ ၀င်ခွင့်ပေးသလား။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့အခါမှာ မည်သည့်ဘာသာမဆို ၀င်ခွင့်ရှိတယ်။ အဲဒါမျိုးတွေ လွတ်လပ်ခွင့်ရှိပါတယ်။ အဲဒါကျရင် ဘယ်လိုစံနဲ့ တိုင်းကြမလဲ။ ဘာသာသုံး၊ လေးမျိုးရှိရင် ရှိမယ်လေ။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ဟာကို ကိုယ့်လူထုကပဲ ဆုံးဖြတ်ခွင့်ရှိမှာပါ" ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကလည်း "ဦးဇင်းတို့နိုင်ငံမှာ ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတယ်။ ဒါပေမယ့် လူတိုင်းဟာ ဘယ်နိုင်ငံမှာပဲနေနေ အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေတွေကိုတော့ လေးစားလိုက်နာရမယ့်အပြင် အဲဒီနိုင်ငံရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရပါမယ်။ ဘာသာရေး အဆောက်အဦတွေ ဆောက်လုပ်တဲ့အခါမှာလည်း သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်" ဟု မိန့်ကြားသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင်လည်း မူလ မြို့တော်စည်ပင်၏ ခွင့်ပြုမိန့်ဖြင့် ဘာသာရေး စာသင်ကျောင်းပုံစံကို ယာယီသာ ခွင့်ပြုခဲ့သည့်အပေါ် ဗလီပုံစံဆန်သော အစိတ်အပိုင်းများ ပါဝင်လာသည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများနှင့် အဆောက်အဦ ဆောက်လုပ်သူတို့အကြား ဖေဖော်ဝါရီလ ၁၇ ရက်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာမှ ပူးပေါင်းကာ ယင်းအဆောက်အဦအား ပြန်လည်ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ကိုမြအေးက "ကျွန်တော်တို့နိုင်ငံမှာ ပြဋ္ဌာန်းပြီးသား ဥပဒေတွေ ရှိပြီးသားပဲ။ ဥပမာအားဖြင့် အဆောက်အဦတစ်ခုကို ဆောက်မယ်ဆိုရင်လည်း ကိုယ့်သဘောနဲ့ကိုယ် ဆောက်လို့မရဘူး။ ထပ်ခိုးလေးပြင်တာတောင်မှ စည်ပင်သာယာကို တင်ရသေးတာပဲ။ အဆောက်အဦ ဆောက်တဲ့အခါမှာလည်း တိတိကျကျ တင်ရပြုရတာ ရှိသလို။ အာဏာပိုင်ကနေ ချမှတ်ပေးလိုက်တဲ့ပုံစံ၊ ကိုယ်တင်တဲ့အတိုင်း ဆောက်ရမယ် ဆိုတာလည်း ရှိပြီးသားပဲ။ အကယ်၍များ တင်တဲ့ဟာထက် ပိုပြီး၊ ကျူးပြီးဆောက်ထားမယ် ဆိုရင်လည်း အရေးယူရမယ့် ဥပဒေ ပြဋ္ဌာန်းပြီးသား ရှိပြီးသားပဲ။ ဥပဒေပြဋ္ဌာန်းထားတာ ရှိတဲ့အတွက်ကြောင့် ဥပဒေအတိုင်း တိတိကျကျပဲ အကုန်လုံးကို ဖြစ်စေချင်ပါတယ်" ဟု ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပြီးဖြစ်ကြောင်း၊ သို့သော် မည်သည့်ဘာသာမဆို ချမှတ်ထားသော သက်ဆိုင်ရာ တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက် မရသည်ကို ကျော်လွန်လုပ်ဆောင်၍ မရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က ပြောသည်။
 first-11.com

ရိုဟင်ဂျာ ဟူ၍မရှိ ဘင်္ဂလီသာ ရှိကြောင်း ပြည်သူ့လွှတ်တော်တွင် ဖြေကြား


“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုမေးမြန်းရာတွင်-

ရခိုင်ပြည်နယ် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား ခေါ် ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာတွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လိုအပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊ လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများကြောင့် အေးချမ်းစွာ နေလိုသော ဒေသခံ ရခိုင်တိုင်းရင်းသား များမှာ မိမိတို့ ပိုင်ဆိုင်သော ပိုင်နက်ကို ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊ ပြည်ထောင်စုကို ကာကွယ်သည့် အနေသည့်လည်းကောင်း ကျူးကျော်ရန်စမှုကို မခိုင်ဘဲ ဆန္ဒအရ ကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို ကြည့်ကြ မည်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီ လုပ်ရန်လည်းကောင်း၊ ဝန်ထမ်းလုပ်ရန်လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား ကုလားခေါ် ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ယူသွင်းလာခဲ့တာ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူ မူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ပိုင်နက် နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ မောင်းထုတ်ခဲ့ပါတယ်။ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော ဘိုးဘွာပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူ သိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီများသည် ဖြစ်ကြပါတယ်။ ရခိုင်များက ဘင်္ဂါလီများ ကို မျိုးတုန်းသတ်ဖျက်သည်ဟု အယ်ဂျာစီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့်သည်မှာ လုံးဝ မမှန်ကန်ပါ။ ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးတုန်းသတ်ဖြတ်ခြင်း မဟုတ်ပါဘူး။ မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ မှ ဘာသာတူများကိုစုစည်း၍ ဘာသာရေးပဋိပက္ခအသွင်ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လန့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့သော် ဥပမာ- ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက်ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကုလားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင် ပါသော ကုလားတို့မှာ ကုလားဝေါဟာရများ ဖြစ်ကြပါတယ်။ ကုလားသည် လူ၏ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွတ်ခနဲ အလိုလို ကုလားဟုထွက်သော ကုလားဟူသော ဝေါဟာရကို ထုတ်၍မရပါဘူး။ လွတ်လပ်ရေးရပြီး နောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေးသည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာမှာ အစ်စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့ က သူတို့က အစစ်ခံထားတာပါ။ ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရက္ခိ ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာ ဟုခေါ်ပါတယ်။ ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါသည်။ ဤဝေါဟာရများကို မည်သည့်‌ အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။ နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။ မြန်မာ နိုင်ငံ၏ ဥပဒေကို လိုက်နာမည်ဟုပြောလျှင် ပြည်ထောင်စုမြန်မာနိုင်ငံကို သစ္စာရှိရပါမည်။ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြားသား မြန်မာနိုင်ငံကို ဝါးမြိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (၁) မြန်မာနိုင်ငံတော်သမိုင်းတွင် ကုလား သို့မဟုတ် ဘင်္ဂါလီ ရှိသည်ဟု အသိအမှတ်ပြုပါသလား။ (၂) ကုလား ဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား။ အားလုံးကိုကျေးဇူးတင်ပါတယ်။

 Pyithu Hluttaw - ပြည်သူ့လွှတ်တော်

https://www.facebook.com/photo.php?fbid=428069030601252&set=a.342798145795008.76536.342747972466692&type=1&relevant_count=1


“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုမေးမြန်းရာတွင်-

ရခိုင်ပြည်နယ် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား ခေါ် ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာတွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လိုအပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊ လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများကြောင့် အေးချမ်းစွာ နေလိုသော ဒေသခံ ရခိုင်တိုင်းရင်းသား များမှာ မိမိတို့ ပိုင်ဆိုင်သော ပိုင်နက်ကို ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊ ပြည်ထောင်စုကို ကာကွယ်သည့် အနေသည့်လည်းကောင်း ကျူးကျော်ရန်စမှုကို မခိုင်ဘဲ ဆန္ဒအရ ကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို ကြည့်ကြ မည်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီ လုပ်ရန်လည်းကောင်း၊ ဝန်ထမ်းလုပ်ရန်လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား ကုလားခေါ် ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ယူသွင်းလာခဲ့တာ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူ မူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ပိုင်နက် နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ မောင်းထုတ်ခဲ့ပါတယ်။ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော ဘိုးဘွာပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူ သိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီများသည် ဖြစ်ကြပါတယ်။ ရခိုင်များက ဘင်္ဂါလီများ ကို မျိုးတုန်းသတ်ဖျက်သည်ဟု အယ်ဂျာစီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့်သည်မှာ လုံးဝ မမှန်ကန်ပါ။ ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးတုန်းသတ်ဖြတ်ခြင်း မဟုတ်ပါဘူး။ မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ မှ ဘာသာတူများကိုစုစည်း၍ ဘာသာရေးပဋိပက္ခအသွင်ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လန့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့သော် ဥပမာ- ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက်ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကုလားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင် ပါသော ကုလားတို့မှာ ကုလားဝေါဟာရများ ဖြစ်ကြပါတယ်။ ကုလားသည် လူ၏ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွတ်ခနဲ အလိုလို ကုလားဟုထွက်သော ကုလားဟူသော ဝေါဟာရကို ထုတ်၍မရပါဘူး။ လွတ်လပ်ရေးရပြီး နောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေးသည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာမှာ အစ်စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့ က သူတို့က အစစ်ခံထားတာပါ။ ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရက္ခိ ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာ ဟုခေါ်ပါတယ်။ ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါသည်။ ဤဝေါဟာရများကို မည်သည့်‌ အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။ နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။ မြန်မာ နိုင်ငံ၏ ဥပဒေကို လိုက်နာမည်ဟုပြောလျှင် ပြည်ထောင်စုမြန်မာနိုင်ငံကို သစ္စာရှိရပါမည်။ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြားသား မြန်မာနိုင်ငံကို ဝါးမြိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (၁) မြန်မာနိုင်ငံတော်သမိုင်းတွင် ကုလား သို့မဟုတ် ဘင်္ဂါလီ ရှိသည်ဟု အသိအမှတ်ပြုပါသလား။ (၂) ကုလား ဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား။ အားလုံးကိုကျေးဇူးတင်ပါတယ်။

---------------------------------------------


“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက် ရှိသဖြင့် ရှေးပဝေသဏီ ကာလမှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးသွာလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယနိုင်ငံဘက်မှ ကူးလာသူများကို ကုလားလူမျိုးဟူ၍ လည်းကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့ လာကြသည့် အင်္ဂလိပ်လူမျိုးများအား ကုလားဖြူ ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြကြောင်း သိရပါတယ်။ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့အား အင်္ဂလိပ်ကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့စဉ် ရခိုင်နှင့်တနင်္သာရီဒေသများကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်းခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသအား အနောက် ဘင်္ဂလားသို့ သွတ်သွင်းခဲ့ကာ ရခိုင်ပြည်နယ်ထဲသို့ ဘင်္ဂလားနယ်မှ မူဆလင်အများအပြား ဝင်ရောက် အခြေချလာခဲ့ကြကြောင်းနှင့် ဘင်္ဂလားနယ်မှ လာကြသူများဖြစ်၍ ၎င်းတို့အား ဘင်္ဂလီဟု ခေါ်ဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ၍ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက်လာကြပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အ‌ခြေချနေထိုင်လာခဲ့ကြသည်များလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြောင်းရွှေ့ရောက်ရှိနေထိုင်လာကြသူများအား ၎င်းတို့၏ မိဘဘိုးဘွားအစဉ်အဆက် နေထိုင်လာခဲ့သည့် မူရင်းနိုင်ငံအပေါ် အ‌ခြေခံလျက်ခေါ်ဆို ခဲ့ကြရာ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည့် နီပေါနိုင်ငံမှ လူမျိုးများအား နီပေါလ်ခေါ် ဂေါ်ရခါးဟု ခေါ်ဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားသားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ်လူမျိုးများဖြင့် မှတ်တမ်းတင်ထားခဲ့ပါသည်။ ထို့အပြင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများတွင်လည်း တိုင်းရင်းသား မဟုတ်သည့် နိုင်ငံခြားလူမျိုး အမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ် လူမျိုးများဟူ၍ တရားဝင်မှတ်တမ်း ထားရှိခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား ထုတ်ပေးရေးဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁)မှတ်တမ်းများတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခေတ်အဆက်ဆက် ရောက်ရှိနေထိုင်ခဲ့ကြသူများအား မူဆလင်လူမျိုးများဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်းတွင် မူဆလင်သည် ဘာသာ ဖြစ်၍ ပုံစံ(၁)များတွင် ဘင်္ဂလီလူမျိုးများဖြင့်သာ မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့်အတိုင်း မိမိဌာနအနေဖြင့် ဘင်္ဂလီလူမျိုး များဖြင့်သာ မှတ်တမ်းတင်ထားရှိကြောင်း ဖြေကြားအပ်ပါတယ်။ ယနေ့အချိန်အထိ စာရင်းဇယား ကောက်ယူခြင်း၊ စိစစ်ခြင်းများဆောင်ရွက်ရာတွင်လည်း နောက်ကြောင်းမရှိ တီထွင်ပြောဆိုနေသော လူမျိုးအမည်သစ်စာရင်းများကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ရှေးနှစ်ပေါင်းများစွာကတည်းကပင် အတည်ပြုထားသော အမည်နာမအခေါ်အဝေါ်အတိုင်းပင် အသိအမှတ်ပြုခေါ်ဝေါ် အသုံးပြုဆဲ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။




“မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အားရသေတောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ မေးမြန်းရာတွင်-

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ နှစ်ပေါင်းရှည်ကြာ ဖြတ်သန်းခဲ့ရသော သမိုင်းဆိုင်ရာ ရှေးဟောင်းစေတီ ပုထိုးလက်ရာများဖြင့် ယနေ့ထက်တိုင် ပြည့်စုံကြွယ်ဝတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။ ရခိုင်ဒေသဟာ ၁၈၂၄ ခုနှစ် ရခိုင်ပိုင် ရှင်မဖြူမကျွန်းကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့များက လက်နက်အားကိုးဖြင့် အဓမ္မလုယူခြင်းမှ စပြီးတော့ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပေါ်ကာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလား၊ စစ်တကောင်းအနေနဲ့ တစ်ဆက် တစ်စပ်တည်းလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကိုလိုနီစနစ်လက်အောက်မှ ကျရောက်ရခြင်းဆိုးမွေအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ နိုင်ငံ မတည်ငြိမ်တဲ့ အခြေအနေများကြောင့် လည်းကောင်း၊ ယခင်ခေတ်အဆက်ဆက်က နိုင်ငံရေးပါတီများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့်လည်းကောင်း၊ ဒေသဝန်ထမ်းတချို့၏ နိုင်ငံရေး၊ အမျိုးသားရေး ခံယူချက်အားနည်းမှုကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားတိုင်းတစ်ပါးသားများ တရားမဝင် လာရောက်မှု စဉ်ဆက်မပြတ် ရှိနေခဲ့ပါတယ်ရှင့်။ တိုင်းရင်းသား မဟုတ်တဲ့ တိုင်းတစ်ပါးသားတို့ရဲ့ လူဦးရေ ပျံ့ပွားမှု များ၊ တရားမဝင် ဝင်ရောက်လာသူများ တိုးပွားများပြားလာတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့ ပဋိပက္ခများကို ပြင်းထန်စွာရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ရှင့်။ ၁၉၈၂ ခုနှစ် ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် (၄) အဖြစ် ပြဋ္ဌာန်းတဲ့ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ တွင် နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ ၁၈၂၃ ခုနှစ်မတိုင်မီကစ၍ ပင်းရင်းနိုင်ငံအဖြစ် မှီတင်းနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ မြန်မာနိုင်ငံသားများဖြစ်တယ်လို့ တိကျစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာအပေါ်မူတည်ပြီး တော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပြောဆိုသုံးနှုန်းခြင်း၊ သူတို့က ဘင်္ဂါလီဆိုတဲ့အသုံးနှုန်းကို သုံးနှုန်းပြောဆိုကြခြင်းများ ပြုနေကြကြောင်းကိုလည်း တွေ့မြင်သိရှိနေရပါတယ်ရှင်။ အဲ့ဒီအခေါ်အဝေါ်ပေါ် မူတည်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာများနှင့်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိနေတာကိုလည်း သိနေရပါတယ်ရှင်။ အဲ့ဒီအတွက်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်သောဝန်ကြီးဌာနကို အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်ရှင်။ (က) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးရှိပါသလားရှင်။ (ခ) ရှိသည်ဆိုပါက မည်သူများဖြစ်ကြပါသလဲ။ (ဂ) မရှိဘူးဆိုပါက အထောက်အထားနဲ့ ညွှန်းဆိုပြောပြနိုင်ပါသလားရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
---------------------------------------------------------------------------------------------------


    အားရသေတောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ၏ “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနှင့်နယ်မြေဆက်စပ်လျက်ရှိသောကြောင့် ပဝေသဏီကာလမှပင် တစ်နိုင်ငံနှင့်တစ်နိုင်ငံကူးလူးသွားလာဆက်ဆံမှုများ ရှိခဲ့ကြပါတယ်။ သမိုင်း ကြောင်းကို ပြန်ပြောင်းလေ့လာကြည့်‌မယ်ဆိုလျှင် ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့ အား အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ခဲ့စဉ်က ရခိုင်နှင့် တနင်္သာရီဒေသများကို အင်္ဂလိပ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်း ခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသ အား အနောက်ဘင်္ဂလားသို့ သွတ်သွင်းခဲ့သဖြင့် ရခိုင်ပြည်နယ်သို့ ဘင်္ဂလားနယ်မှ မူစလင်များ အများအပြားဝင်ရောက်အခြေချလာခဲ့ကြခြင်း ဖြစ်ပါတယ်။

ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှလက်‌အောက်ကျရောက်ခဲ့ ပြီးနောက် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ မီးရထားလမ်း၊ မော်တော်ကားလမ်းများ ဖောက်လုပ်ခြင်း၊ သ‌င်္ဘောဆိပ်များတွင် ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အင်္ဂလိပ်စစ်တပ်နှင့် အစိုးရဌာနများတွင် ဝန်ထမ်းများလိုအပ်ခြင်း၊ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် အကြောင်းများကြောင့် အိန္ဒိယမှ အိန္ဒိယနွယ်ဖွားများ အလုံးအရင်း ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လာခဲ့ကြပါတယ်။ ၎င်းအပြင် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဘင်္ဂလားဒေ့ရှ်မှ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက် လာပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်လာခဲ့ကြပါတယ်။

ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ။ ရိုဟင်ဂျာဟူသော လူမျိုးဖြင့် နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ၊ မှတ်တမ်းများ၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများအရ လူမျိုး ဖော်ပြရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ဗြိတိသျှခေတ် Result များ၌လည်း ပါဝင်ခဲ့ခြင်းမရှိ၍ ရုံးလက်ခံ အိမ်ထောင်စု လူဦးရေစာရင်းများတွင်လည်း ရေးသွင်းထားခြင်းမရှိခဲ့ပါ။

၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးများသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ် တစ်ရာကျော်တွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မပါရှိခဲ့ပါ။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ထုတ်ပေးရေး ဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁) မှတ်တမ်းများ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ခေတ်အဆက်ဆက်ကရောက်ရှိနေထိုင်လာခဲ့သူများမှာ မူစလင်လူမျိုးဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက် ပုံစံ(၁)များတွင် ဘင်္ဂါလီလူမျိုးအဖြစ်သာ မှတ်တမ်းတင်ခဲ့ပါ ကြောင်း ရိုဟင်ဂျာ သို့မဟုတ် ရိုအင်ဂျာလူမျိုးဟူ၍ မှတ်တမ်းတင်ထားရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြည်သူ့ လွှတ်တော်

http://www.rfa.org/burmese/news/rohingya-second-minister-02202013104803.html/b0220eek.mp3

မှာအသံဖိုင်နားထောင်နိုင်ပါတယ်...နောက်ပိုင်းအာအက်ဖ်အေသတင်းတွေမှာရိုဟင်ဂျာ
လုပ်ရင်တော့လွှတ်တော်ကိုမလေးမစားလုပ်မှုနဲ့ကော်မရှင်ဖွဲ့ပြီးဆိတ်ဖွားအမှုတွဲနဲ့တွဲလို့ရပြီ....

ဤလွှတ်တော်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေသား


ခိုင်အောင်ကျော် ( နယူးယောက် )
ကျွန်တော့်အနေဖြင့် အမေရိကနိုင်ငံမှ နေပြီး မြန်မာနိုင်ငံ နေပြည်တော်ရှိ
ပြည်သူ့ လွှတ်တော်ကို ဤသို့ ချီးမွမ်းခြင်းမှာ အကြောင်းရှိသည် ။
မနက်ပိုင်းအိပ်ရာကနိုးလျှင် တရားသံဖွင့်ထားပြီး စိတ်နှလုံးတွင် သာသာနာ၏
ဓမ္မတေးသံဖြင့် အာရုံပြုနေတတ်ပါသည် ။ မနက်တိုင်းတွင် မြန်မာနိုင်ငံအတွင်းက
သတင်းများ-အထူးသဖြင့် ရခိုင်ပြည်နယ်က သတင်းများ-ကချင်ပြည်နယ်က
သတင်းများကို ကြားရမြင်ရနေ၍ စိတ်မချမ်းမြေ့ ဖြစ်ရတတ်သည်လည်း ကြုံနေရသည် ။
 ပူလောင်နေသော စိတ်များဖြင့် သတင်းများကို ဖတ်နေရ၍
စာပေရေးသားရသည့်အခါတိုင်းလည်း စိတ်လက်မအီမသာ ဖြစ်ရတတ်သည် ။
ကံကောင်းချင်တော့ ယနေ့ ၌ ကျွန်တော်သည် ခါတိုင်းထက်
စိတ်လက်ပေါ့ပါးနေဖြစ်သည် ။ ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုသာ
ချန်လှပ်ပြီး ပြောရလျှင် ယနေ့ ကား မင်္ဂလာသတင်းနှစ်ပုဒ်ကို ကြားရသည်မှာ
စိတ်နှလုံးကို ပျော်မြူးကြည်လင် ဖြစ်စေပါသည်။
      ပထမသတင်းတပုဒ်မှာ ၀န်ကြီးဦးအောင်မင်းတို့ ငြိမ်းချမ်းရေးအဖွဲ
့နှင့် -UNFC- အဖွဲ့ တို့  ငြိမ်းချမ်းရေးဆွေးနွေးသော
သဘောတူအကြမ်းဖျဉ်းစာချုပ်ကို ထုတ်ပြန်ခြင်းမြင်ရသော သတင်းဖြစ်ပြီး
ဒုတိယသတင်းတပုဒ်မှာ ပြည်သူ့ လွှတ်တော်၌ မြန်မာနိုင်ငံတွင် ရိုဟင်၈ျာဆိုသော
လူမျိုးမရှိကြောင်း ဆိုသော သတင်းဖြစ်သည် ။ တိတိကျကျ ပြောရလျှင်
ကျွန်တော်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပြည်တွင်းစစ်ကို
ရပ်စဲရေးအတွက် အဓိပ္ပါယ်ရှိသော နိုင်ငံရေးဆွေးနွေးပွဲကို ဆွေးနွေးရန်
လိုလားသူဖြစ်သည် ။ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် -UNFC- မှ
တာဝန်ရှိသူအဖွဲ့ ဝင်များနှင့်လည်း ပြောဆိုဆွေးနွေးဖြစ်သည် ။
နိပွန်ဖေါင်းဒေးရှင်းရှင်း- ( ဂျပန် ) နိုင်ငံမှ ကြားဝင်တွေ
့ဆုံဆွေးနွေးပေးလိုကြောင်း ကမ်းလှမ်းထားခြင်းကိုလည်း လွန်ခဲ့ သော
အပါတ်ပေါင်းများစွာကပင် ကျွန်တော့်ကို ပြောဆိုထားခြင်းလည်း ရှိသည် ။ သို
့သော် -UNFC- မှ ၄င်းသတင်းကို မထုတ်ပြန်သောကြောင့် ကျွန်တော်သည်လည်း
မထုတ်ဖေါ်ချေ။ ကချင်ပြည်နယ် ပြည်တွင်းစစ်သည် တိုင်းရင်းသားရေးရာ
ပြသနာဖြစ်သော နိုင်ငံရေးပြသနာကို အခြေခံသည် ။ ထို့ ကြောင့် နှစ်ဖက်
တိုက်ခိုက်နေသော အပစ်အခပ်ရပ်စဲရေးကို ချက်ချင်းဆောင်ရွက်ရမည်ဖြစ်သည် ။
ပြီးလျှင် နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးရေးကို တတိယနိုင်ငံတခုခုတွင်
သက်သေကောင်းကောင်းများနှင့် ခိုင်မာသော စာချုပ်ကို ချုပ်ဆိုသင့်သည်ဟု
ကျွန်တော်အကြံပြုစာများ ရေးသားဖူးပါသည်။
     ဤနေရာ၌ နှစ်ဖက် အပစ် အခပ် ရပ်စဲရေးဆိုသည်မှာ ရှေ့တန်း၌
စစ်တိုက်နေကြသော သူများ၏ အမိန့် နာခံသူများဖြစ်သော စစ်သားများနှင့်
တော်လှန်ရေးရဲဘော်များ ဆိုလိုရင်းမဟုတ် ။ အမိန့် ကို ထုတ်ပြန်နေသော
ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင်နှင့် ကချင်စစ်ဦးချုပ် ဂွမ်မော်တို
့၏ အပစ်အခပ်ရပ်စဲရေးအတွက် အမိန့် များ ရပ်တန့် ရေးဖြစ်သည် ။ တနေ့ က
ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်က ကချင်စစ်ခေါင်းဆောင်များအား
ငြိမ်းချမ်းရေးအတွက် အချိန်မရွေး တွေ့ ဆုံဆွေးနွေးရန် လာနိုင်သည်ဟု
ဖိတ်ခေါ်သော သတင်းကို ကြားရသည် ။ သို့ သော် ၄င်းကဲ့ သို့  လမ်းကြုံ၍ မိန်
့ခွန်းပြောချိန်၌ ထည့်သွင်းပြောဆိုခြင်းများသည် ယထာဘူတကျသော်လည်း
ကချင်ပြည်နယ်၏ ပြည်တွင်းစစ်သည် ၄င်းစကားမျိုးနှင့် မလုံလောက်ပေ။
ကေအိုင်အို-ကချင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အား မြန်မာ့တပ်မတော်မှ
လူရိုသေ ရှင်ရိုသေ လေးလေးစားစား ဖိတ်ကြားပြီး တည်တည်တန့် တန့် 
ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ကြားရန်လိုသည် ။
      ယခုဝန်ကြီး ဦးအောင်မင်းတို့ ၏ ငြိမ်းချမ်းရေးအဖွဲ
့ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံပြည်တွင်းစစ်ကို ငြိမ်းချမ်းစွာဖြင့်
ရပ်တန့် သွားလိုသည်မှာ သံသယမဖြစ်လို ။ ဆက်လက်ပြီး
ငြိမ်းချမ်းရေးဖြစ်မြောက်အောင် ဆောင်ရွက်သင့်ကြောင်း ပြောလိုပါသည် ။
တချိန်တည်းမှာပင် အဓိက ခရာကျသော ကာကွယ်ရေးစစ်ဦးချုပ်
မင်းအောင်လှိုင်မှလည်း တလေးတစားဖြင့် ကေအိုင်အိုစစ်ဦးချုပ်များကို
ဖိတ်ခေါ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးပွဲကို ပြုလုပ်ရန် တိုက်တွန်းလိုသည်
။ မည်သို့ ပင်ဆိုစေ ခေတ်၏ ရေစီးကြောင်းတို့ သည် အချိန်နှင့် တပြေးညီ
မြန်ဆန်စွာဖြင့် ပြောင်းလဲစီးဆင်းနေပြီဖြစ်သည် ။ ကျွန်တော်တို့ သည်
ခေတ်ရေစီးကြောင်းကို မည်သည့်နည်းနှင့်မျှ တားဆီး၍ မရတော့ ။ ထို့ ကြောင့်
ခေတ်၏ သားသမီးများက တောင်းဆိုနေသော အချက်အလက်များကို မိဖဖြစ်သူ
အုပ်ချုပ်သူအစိုးရမင်းများက ၄င်းအချက်ကို ကြည့်ရှူစဉ်းစားသင့်သည့်
အချိန်အခါဖြစ်သည် ။ ယခုငြိမ်းချမ်းရေးဆွေးနွေးသော နှစ်ဖက် အဖွဲ့ အစည်းသည်
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်
ဥပဒေများနှင့် တန်းတူညီတူ အခွင့်အရေးကို မည်သို့ မည်ပုံ
ရရှိခံစားရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို
ဖေါ်ဆောင်ရေးအတွက်သာ ဆွေးနွေးကြမည်ဆိုပါက ပြည်တွင်းစစ်ရပ်စဲပြီး အဓွန်
့ရှည်သော ငြိမ်းချမ်းရေးကို ရရှိကြမည်ဖြစ်သည် ။ သို့ ဖြစ်၍
တပ်မတော်ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင် အနေဖြင့် မြန်မာနိုင်ငံ၏
ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါအချက်အလက်အရ မြန်မာနိုင်ငံမှာ
လက်နက်ကိုင် တပ်မတော် တခုတည်းသာ ရှိရမည် ဖွင့်ဆိုထားသော်လည်း
တိုင်းရင်းသားလူမျိုးများ၏ လက်နက်ကိုင်အဖွဲ့ အစည်းကို
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဖွဲ့ စည်းထားပိုင်ခွင့် ပေးရန်လိုသည် ။
သို့ မှသာ စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးသည် မလွဲမသွေ
ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။
      UNFC-နှင့် ၀န်ကြီး ဦးအောင်မင်းတို့ ၏
ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဆွေးနွေးနေကြသော သတင်းအပြင် ပြည်သူ
့လွှတ်တော်မှ ရခိုင်ပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ရသေ့တောင်
မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် စစ်တွေမြို့ နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုတို့ ၏ မေးမြန်းတင်ပြချက်များ ၊
လူဝင်မှုကြီးကြပ်ရေးဋ္ဌါနနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန-ဒုဝန်ကြီး
ဦးကျော်ကျော်ဝင်း၏ ပြန်လည်ဖြေကြားချက်များကို ကြားရသည် ။ ဤအခါ ကျွန်တော်
့အနေဖြင့် အတိုင်းထက်အလွန် ၀မ်းသာပီတိ ဖြစ်ရပါတော့သည်။ ပြည်သူ
့လွှတ်တော်သည် ပြည်တွင်းရေးရာများကို တိကျစွာ ဆောင်ရွက်ပြီး ပြည်သူများ၏
ဆန္ဒနှင့်အညီ တပြေးညီ ပြုမူဆောင်ရွက်သင့်သည်မှာ ကြာပြီဖြစ်သည် ။
ရုန်းရင်းဆန်ခပ်ပြသနာများ ဖြစ်နေချိန်မှာ မူလတန်းကျောင်း မရှိ၍
ကျောင်းဆောက်ခွင့် ပေးမည်လားဆိုသော မေးခွန်းမျိုးကို
လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းနေပုံများအား ပြည်သူလူထုမှာ
စိတ်ပျက်လှပါသည် ။ ဥပဒေအထက်မှာ မည်သူမျှ မရှိရဆိုသော်လည်း ဥပဒေဖြင့်
တားမြစ်ပိတ်ပင်ရမည့် ပြသနာများကို ငဲ့ ကွက်ပြီး ဥပဒေအထက်မှာ
အာဏာပိုင်အဖွဲ့ အစည်းများက ရှိနေသည်ဆိုတော့ ၄င်းအခြေအနေတို့ မှာ
အစိုးရအဖို့ ရော လွှတ်တော်အတွက်ပါ သိက္ခာကျရပါတတ်သည် ။
         ယခုတော့ နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်ကို ကျွန်တော့်အနေဖြင့်
ကျေးဇူးတင်သည် ။ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးဖြေကြားသော ဒုဝန်ကြီး
ဦးကျော်ကျော်ဝင်းကိုလည်း မှတ်မှတ်ရရ ဂုဏ်ပြုကျေးဇူးတင်ပါသည် ။
မည်သည့်အတွက်ဆိုလျှင် ယခုပြသနာသည် မြန်မာနိုင်ငံအတွက်
အလွန်ပင်အရေးကြီးသော အချက်အလက်ဖြစ်သည် ။ ရခိုင်ပြည်နယ်မှာ တခါဖူးမျှ
မကြားဖူးသော နာမည်တခုကို ကမ္ဘာသို့  တက်လိမ်ခြင်းများအား
သမ္မတဦးသိန်းစိန်သည်၎င်း ၊ အစိုးရ၀န်ကြီးများသည်၎င်း ၊ ယခုလွှတ်တော်သည်ပင်
ရှင်းလင်းရပြီဖြစ်သည် ။ လွန်ခဲ့ သောအပါတ်က ကုလသမ္မဂ လူ
့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားက ကုလားများကို
နိုင်ငံသားဖြစ်ရေးအတွက် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပေးရမည်ဟု ရန်ကုန်ကအပြန်မှာ
လေဆိပ်၌ သတင်းစားရှင်းလင်းပွဲမှာ ပြောဆိုခဲ့ သည် ။ ထို့ ကြောင့် ယနေ
့လွှတ်တော်ညီလာခံတွင် တိကျသော ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း၏
ဖြေရှင်းပြောဆိုသံကို မစ္စတာကင်တာနား တယောက် ကြားမိလေမည်ဖြစ်သည် ။
နောင်မည်သည့်အချိန်ဖြစ်စေ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း၏ ဖြေဆိုသံကို
သူသတိရအောင် ပြုလုပ်ထားပေးမှ သင့်တော့မည်ထင်သည် ။
       ယခုအချိန်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားရေးရာ
နိုင်ငံရေးပြသနာများနှင့် သမိုင်းလိမ်ဘင်္ဂလီပြသနာ နှစ်ခုသာ ရှိနေသည် ။
ဤနှစ်ခုစလုံးမှာ မကြာခင် ပြီးဆုံးသွားတော့မည်ထင်ရသည် ။ UNFC- နှင့်
စစ်မှန်သော နိုင်ငံရေးပြသနာများကို စေတနာရှိရှိ တွေ
့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးတေးသံများ လွှမ်းသွားနိုင်သည် ။ သို
့အတူ -၂၀၁၄-ခုနှစ် သန်ကောင်စာရင်း ကောက်ယူသောအခါ ယနေ့  ပြည်သူ့ လွှတ်တော်၌
ဆုံးဖြတ်အတည်ပြုကြေညာသော ရခိုင်ပြည်နယ်မှ သမိုင်းလိမ်လူမျိုးများအား
တိကျသော ဥပဒေများဖြင့် ကောက်ယူရန်လိုသည် ။ အကယ်၍ မြန်မာနိုင်ငံအတွင်း၌
မရှိသော လူမျိုးကို သန်ကောင်စာရင်းကောက်ယူချိန် ထည့်သွင်းပါက ခိုးဝင်သော
လူမျိုးအဖြစ် အရေးယူဖမ်းဆီးရေး ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ
့အင်အားဦးစီးဋ္ဌါနမှ မှတ်ပုံတင်စစ်ဆေးလျှင် အသိအမှတ်ပြု
မှတ်ပုံတင်မရှိသူများအား အရေးယူဖမ်းဆီးအရေးယူရေး များကို ဥပဒေဖြင့်
တိကျစွာ ဆောင်ရွက်ရန်သာလိုသည် ။ တချိန်တည်းမှာ ဥပဒေဖြင့်
အရေးယူဖမ်းဆီးခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်းများကို ပြုလုပ်ပြီး
အမျိုးဘာသာ သာသနာအဓွန့် တည်တန့်ခိုင်မြဲရေးအတွက် ဆောင်ရွက်သင့်ရန်
လိုကြောင်း အသိပေးလိုပါသည် ။ ယင်းသို့ သာ ဆက်လက် ဆောင်ရွက်ကြမည်ဆိုပါက
ဤလွှတ်တော်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စံပါစေသားဟု ကျွန်တော်
ဆက်လက်ချီးမွမ်းပြောဆိုနိုင်ပါသည် ။။

ခိုင်အောင်ကျော် ( နယူးယောက် )