Friday, February 22, 2013

ကြည်မြင်တိုင် ကမ်းနားဘက်ဘင်္ဂလားတွေ ရေကြောင်းကဝင်




BY Ko Zaw
 အခုပုံက ကြည်မြင်တိုင် ကမ်းနားဘက်ကနေ ဘင်္ဂလားတွေ ရေကြောင်းကနေ ဝင်လာတဲ့ပုံပါ။
ကျနော် ကိုယ်တိုင် ရိုက်ထားတာပါ။
 သူတို့ကို လာကြိုသူ မလာသေးလို့ နောက်ကျနေလို့ ယောင်ပေပေ ဖြစ်နေခြင်းပါ။

SSPP/SSA တပ်ရုပ်ပေးခြင်းမရှိက ထပ်တိုက်မည်ဟု အစိုးရတပ်ညွှန်ကြား




February 21, 2013 Posted by သျှမ်းသံတော်ဆင့်

နှစ်ရက်အတွင်း အစိုးရတပ် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး သည့် နောက် တပ်စခန်းမဖယ်ပေးပါက ထပ်တိုက်မည်ဟု အစိုးရ တပ်မှ ထပ်မံ ညွှန်ကြားလာကြောင်း ရှေ့တန်း ရောက် SSPP/SSA တပ်မှူးတဦးကပြောပါသည်။

“အခု တိုက်ဖို့ နှစ်ဘက်စလုံးအဆင်သင့်ဘဲ။ သူတို့လဲတက်မလာဘူး။ ကျနော်တို့လဲ ဖယ်မပေးနိုင်ဘူးလေ။ ဒါကျနော်တို့နယ်မြေပဲ။ ကျနော်တို့ဘက်က ဖယ်ပေးရတဲ့ပုံစံမျိုး အတင်းဘဲ ထပ်ပြောလာတယ်။ ဘယ်နေ့ဘယ်ရက်ဆိုတာတော့ မရှိဘူး။ ဒါပေမယ့် မဖယ်ပေးရင်တိုက်ယူမယ်ဆိုပဲ။ ထပ်တက်လာရင်လဲ ထပ်ပစ်ဖို့ဘဲရှိတယ်။ ဖယ်ဖို့ အစီအစဉ် တော့မရှိဘူး” - ဟု ရှေ့တန်းရောက်တပ်မှူးတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၁၉ ရက်မှ ကနေ့အထိ တန့်ယန်းမြို့ တောင်ဘက် နမ့်လောဝ်းကျေးရွာအုပ်စု နမ့်တောင်စိန်ရွာ အနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ လက်အောက်ခံ လွယ်လန်း တပ်စခန်းအား အစိုးရတပ်က အင်းအားသုံးတိုက်ခိုက်ခဲ့ကြောင်း၊ ၁၉ ရက် နှင့် ၂၀ ရက်အတွင်း သုံးကြိမ်တိုင် အစိုးရတပ်တက်တိုက်သော်လည်း လွယ်လန်းစခန်းအား မသိမ်းပိုက်နိုင်သေးကြောင်း၊ တပ်စခန်းမှ တပ်ရုပ် ပေးခြင်းမရှိပါက ထပ်တိုက်မည်ဟု အစိုးရဘက်က ကြားလူလွှတ်၍ အကြောင်းကြားခဲ့သော်လည်း ထပ်မံတိုက်ခိုက်ခြင်းမရှိသေးကြောင်း၊ သို့သော်အစိုးရတပ်က အင်အားဖြန့်ထားဆဲဖြစ်သော ကြောင့် SSPP/SSA အနေဖြင့် အဆင်သင့်ပြင်ထားရကြောင်း ပြောပါသည်။

“ငြိမ်းချမ်းရေးကို ဖေါက်ဖျက်တာ ကျနော်တို့မဟုတ်ဘူး။ ရန်ရှာ စတိုက်တာ အစိုးရတပ်ဘက်ကဘဲ။ အခုတိုက် ပွဲဖြစ် တာက သူတို့က တပ်ပြောင်းမယ်လို့ကျနော်တို့ဌာနချုပ်ကိုအကြောင်းကြားလာတယ်။ ဒါပေမယ့် ပြော တဲ့ အတိုင်းမဟုတ်ဘဲနဲ့ ကျနော်တို့စခန်းဘက်ကိုဦးတည်လာတာလေ။ ရှေ့ငြိမ်းချမ်းရေးခရီးစဉ်က ယုံကြည် လို့မရတော့ဘူးလေ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင်ပါဝင်သူတဦးကလည်း - အစိုးရတပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော် ပိုင်မြေ၏ တစ်စတုရန်းလက်မ မကျန် စိုးမိုးနိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး စီမံကိန်း ဆက်တိုက် လုပ် ဆောင်မည်ဖြစ်ကြောင်း၊ ယမန်နှစ် ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ဌာနချုပ်မှ သတ်မှတ်ထားသောစခန်းမှအပ စခန်း သစ်ချခွင့်မပြု၊ ထို့အတူ ၀ ပြည်သွေးစည်းရေး တပ်မတော်ထိန်းချုပ် နေမြေနှင့် SSPP/SSA တို့ နယ်မြေခြင်းထိစပ်မှုမရှိအောင် ပိုင်းခြားထားလိုခြင်းဖြစ်ကြောင်း၊ ဝ ပြည်သွေး စည်းညီညွှတ်ရေးတပ်မတော်အား အချိန်မရွေးတိုက်ခိုက်နိုင်ရန် စီမံကိန်းကြိုချထားခြင်းလည်း ဖြစ်ကြောင်း - ပြောပါသည်

SSPP/SSA နှင့်အစိုးရစစ်တပ်ကြား ယနေ့ တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်




Friday, February 22, 2013 Posted by သျှမ်းသံတော်ဆင့်
__________________________________
ယနေ့မနက်ပိုင်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း SSPP/SSA နှင့်အစိုးရစစ်တပ်ကြား တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွါးနေပြီး ရလခ တိုင်းဘက်မ စစ်ယာဉ်တန်းများလည်း မိုင်းရှူးဘက်သို့ ထပ်တက်သွားသည်ကို တွေ့ရကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA ကပြောပါသည်။

“ဒီနေ့မနက်ပိုင်း ၆ နာရီခွဲလောက်ကစပြီး ပစ်ခတ်တိုက်ခိုက်နေကြတယ်။ လွယ်လန်းထဲမှာဘဲ။ ခု မွန်းလွဲ ၂ နာရီအထိ ဖြစ်နေတယ်။ မရပ်သေးဘူး။ မနေ့ကတော့ ညနေပိုင်း ထပ်မံပစ်ခတ်တာ မရှိဘူး။ မြန်မာဘက်က အလောင်းတွေ လာသယ် ထုတ်နေတာ တွေ့တယ်။ ခန့်မှန်းထားတာထက် ပိုများမယ်လို့တော့ ထင်တာဘဲ။ ဘယ်လောက်ကျတယ်တော့ အတိအကျ မသိရသေးဘူး။ စုံစမ်းနေဆဲ” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ထို့အပြင် ယမန်နေ့က သျှမ်းပြည်တောင်ပိုင်း ခိုလမ်ဘက်မှ မြန်မာစစ်ယာဉ်တန်းတချို့လည်း မိုင်းနောင်၊ မိုင်းရှူးဘက်သို့ တက်လာကြောင်း ဆိုပါသည်။

“စစ်ကူသဘောတော့ဖြစ်မယ်မထင်ဘူး။ ကျနော်တို့တပ်တွေ ဆက်သွယ် အားဖြည့်တာတွေ မလုပ်နိုင်အောင် ဖြတ်ဖို့တက် လာတာ ဖြစ်နိုင်တယ်” ဟုလည်း ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

တဖက်၌လည်း အစိုးရစစ်တပ်၏ နယ်မြေရှင်းလင်းရေးစီမံကိန်းဟုဆိုကာ တန့်ယန်းမြို့ တောင်ဘက် နမ့်လောဝ်းကျေးရွာ အုပ်စု နမ့်တောင်ဇိမ်ရွာအနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ လက်အောက်ခံ လွယ်လန်း တပ်စခန်းအား တပ်ဆုတ်ပေးရန် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ကြားလူလွှတ်၍ ပြောဆိုခိုင်းခဲ့သည်ဟု ဆို၏။

သို့သော် SSPP/SSA မှ တန့်ယန်းဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ မိမိတို့ တပ်သားမိသားစုများ နေရာချထားရေး ဆောင် ရွက်ရန်အတွက် နိုင်ငံတော် သမ္မတထံ၌ စာတင်ထားပြီးဖြစ်သဖြင့် တပ်မဆုတ်ပေးနိုင်ကြောင်း၊ အဆိုပါ ယာဉ်တန်းများ တက်လာစဉ်ကလည်း တပ်အပြောင်းအလဲအတွက်ဟုသာ ဝမ့်ဟိုင်းရှိ SSPP/SSA ဌာနချုပ်သို့ အကြောင်းကြားခဲ့ကြောင်း၊ သို့သော် ထိုသို့မဟုတ်ဘဲ မိမိတို့အား ထိုးစစ်ဆင်ရန် တက်လာခြင်းဖြစ်သဖြင့် ယခုတိုက်ပွဲသည် မိမိတို့ဘက်မှ စတင်ကျူး လွန်ခြင်း မဟုတ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

ဘင်္ဂလီ မွတ်စလင်၂သိန်းခန့် ၁၂/ ရန်ကုန်မှတ်ပုံတင်ရှိ



ဘင်္ဂလီ မွတ်စလင်၂သိန်းခန့် ၁၂/ ရန်ကုန်မှတ်ပုံတင် လက်ကိုင်ထားပြီး ရန်ကုန်နှင့် အနှံတွင်နေထိုင်လျှက်ရှိကြောင်းသိ ရှိရသည်။ ၁၂/ မှတ်ပုံတင်မှာ မြန်မာတိုင်းရင်းသား စစ်စစ်များတောင် လုပ်ဆေင်ရန်ခက်ခဲသော ရန်ကုန်မှတ်ပုံတင် ဖြစ်သည်။ကျောက်တံတား ရဲစခန်းမှ ဒုရဲအုပ်တစ်ယောက်မှ” ဘယ်သူတွေ ထုတ်ပေးတယ်ဆိုတာသိတယ် တစ်ချို့တွေဆို မြန်မာစကား လည်း မပြောတတ်သေးဘူး အများစုက ရခိုင်ဖက်ကလာတာများ တယ် လ၀က အကြီးအကဲနှင့် ရန်ကုန်တိုင်းတိုင်းမှုးအဆင့်လောက် ကို အိပ်ကပ်ထဲထည့်ပြီး ခိုင်းစားနိုင်တယ် father land လို naing group လို မွတ်စလင်လုပ်ငန်းရှင်တွေဖန်တီးချက်တွေပေါ့ တိုင်းပြည် ပြောင်းလဲတယ်ဆိုပေမေ့ တစ်ချို့လူကြီးတွေက မပြောင်းလဲသေး တော့ ကျွန်တော်တို့ အရေးယူလို့မဖြစ်နိုင်သေးဘူး မကြာခင်တော့ အရေးယူလာနိုင်မှာပါ ဒီမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့လူတွေကို အရေးယူဖို့က ထုတ်ပေးတဲ့လူတွေ အာဏာရှိနေသမျ မဖြစ်နိုင်သေးဘူး” ဟုပြောပြပါသည်။ ကျောက်တံတား၊ ပုဇွန်တောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့် စသည့် ရန်ကုန်မြို့၏ အဓိက အချက်အချာ ကျသည့်နေရာများတွင် မြန်မာလူမျိုးများထက် မွတ်စလင်များ ပိုများနေကြောင်းလည်းသိရှိရသည်။

Maung Tha Dins

နျူကလီးယား ဓာတ်ပေါင်းဖို ထောက်ခံမဲ ၂၉ မဲဖြင့် ရှုံးနိမ့်


အနာဂတ် စွမ်းအင်လိုအပ်ချက်ကို နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထုတ်ယူ ဖြည့်ဆည်းသင့်ကြောင်း အဆိုကို အမျိုးသား လွှတ်တော်တွင် ယမန်နေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၉မဲ၊ ကန့်ကွက်မဲ ၁၁၀ မဲဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။

ယင်းအဆိုကို ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဒေါက်တာ မြင့်ကြည်က တင် သွင်းခြင်းဖြစ်ပြီး ကရင်ပြည်နယ် မဲဆန္ဒ နယ်အမှတ် (၅) မှ ဦးစောထွန်းမြင့်အောင် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးကြခြင်း ဖြစ်သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာ များတွင် ပါရှိသည်။

စက်မှုလယ်ယာသို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ဖူလုံရေးမှာ အရေးကြီးရာ ထို့အတွက် ကာဗွန် လုံးဝ မထွက်ဘဲ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိသည့် နျူကလီး ယားဓာတ်ပေါင်းဖိုများကို အသုံးပြုသင့်ကြောင်း၊ နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ၏ ခွင့်ပြုချက်ကို ရယူပြီး လုံခြုံသည့်နေရာ ရှာဖွေကာ ပညာရှင်များ၊ ကုန်ကြမ်းများကို စုဆောင်းပြီး သုတေသန ပြုသင့်ကြောင်း၊ ထို့အတွက် လူထုထောက်ခံမှု ရရှိရန် ပညာပေး ဆွေးနွေးမှုများ လုပ် သင့်ကြောင်း ဆွေးနွေးကြသည်။