Saturday, February 23, 2013

ကျွန်တော်တို့နဲ့လည်း မျက်နှာပျက်ရတော့မယ်

ဟာဂျူလီ ကသာ ငြိမ်းချမ်းရေးအလံစိုက်ထူဖို့လမ်းလျှောက်
လာကြသူများကို ခွင့်ပြုချက်မရဘဲ ကိုပန်းသီးတို့အဖွဲ့ ဖျော်ဖြေပါက မျက်နှာပျက်စရာဖြစ်မည်ဟု အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ယဉ်ယဉ်သိန်း(နဘား)အားသတိပေးစကားပြောကြား(ဟာဂျူလီ-ကသာ)

ရန်ကုန်မှ လိုင်ဇာအရောက် ငြိမ်းချမ်းရေးအလံစိုက်ထူဖို့လမ်းလျှောက်လာကြသူများအား နဘားရွာ ဘုန်းကြီးအတွင်း အားပေးစကားပြောကြားခါ တစ်ကိုယ်တော် ပျက်လုံးများဖြင့် ဖျော်ဖြေ
ပြုလုပ်မည့် ကိုပန်းသီးနဲ့အဖွဲ့အား ပွဲမိန့်မပေးကြောင်းသိရပါသည်၊နဘားရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဓမ္မာရုံအထဲတွင် တစ်ရက်တာ အနားယူကြမည့် လမ်းလျှောက်လာကြသူများအား
ကိုးပန်းသီးနှင့်အဖွဲ့မှ ဖျော်ဖြေရေး ပြုလုပ်ရန်စီစဉ်ထားမှုအပေါ် သက်ဆိုင်ရာ အင်းတော်ရဲတပ်ဖွဲ့မှူးမှ မယဉ်ယဉ်သိန်းအား ဖုန်းဖြင့်ဆက်သွယ်၍ ပွဲမိန့် မပေးကြောင်းနှင့် ပွဲမိန့်မပေးဘဲဖျော်ဖြေပါပ
မျက်နှာပျက်စရာများ ဖြစ်လာနိုင်ကြောင်းကိုလည်း သတိပေးစကားပြောကြားခဲ့သည်ဟုဆိုပါသည်၊မယဉ်ယဉ်သိန်း(နဘား)မှလည်းယခုပြုလုပ်မည့် ဖျော်ဖြေမှုအတွက် သက်ဆိုင်ရာကို အသိပေးပြီးဖြစ်ကြောင်း
ပွဲမိန့်တောင်းခြင်းမဟုတ်ကြောင်း၊ယခင်ပွဲမိန့်တောင်းခဲ့သော ဘူတာအနီး စတိတ်ထိုးကပြမည့်အ စီအစဉ်ကို သက်ဆိုင်ရာက ပွဲမိန့်မပေးသည့်အတွက် ယခုလို ဘုန်းကြီးကျောင်းအတွင်းပြောင်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊
ပွဲမိန့်တောင်းရန်မှာ ပရိသတ်များကို ဖြေဖျော်ခြင်းမျိုးမဟုတ်ဘဲ ဆိုင်းမပါ ဗုံမပါ (လမ်းလျှောက်သူများနားနေသည့်နေရာ) ဓမ္မာရုံအတွင်း ဆောင်းဘောက်လောက်ဖြင့်သာ
ငြိမ်းချမ်းရေးလမ်းလျှောက်သူများကို အားပေးသည့် သဘောမျှသာလုပ်သဖြင့် ဆက်လုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်၊
စာရေးသူ၏ သဘောထားမှာလည်း မယဉ်ယဉ်သိန်းနှင့် တသဘောထဲရှိပြီး ယခုလို ကိုယ်ပိုင်နေရာ ကိုယ်ပိုင်အခန်းအတွင်းဖျော်ဖြေမှုမျိုးကို အရေးယူမည်ဆိုပါက (ဥပမာ)မန္တလေးမြို့အတွင်း လူရွှင်တော် (ဦး)ပါပါလေး
တို့ နေ့စဉ် အိမ်ဝင်းအတွင်းဖျော်ဖြေမှုကိုလည်း အရေးယူရမှာဖြစ်ပါသည်၊ဒီလိုသာအရေးယူမည်ဆိုပါက ကိုယ်အိမ်မှာ ကိုယ် ကာရာအိုကေသီဆိုသူများ၊ကိုယ့်မြေးကို ကိုယ် ဆင်လုပ်စီးထိန်းကြောင်းသူများကိုလည်း
ပွဲမိန့် မယူလို့ ဆိုပြီး အရေးယူရမှာလိုဖြစ်နေကြောင်း တွေးတောမိပါသည်၊သို့ပါသောကြောင့် မြို့နယ်ရဲတပ်ဖွဲမှူးပြောသလို မျက်နှာပျက်ကြကြေးဆိုလျှင် မယဉ်ယဉ်သိန်းနဲ့သာ မျက်နှာပျက်မည်မဟုတ်ဘဲကျွန်တော်အပါအ၀င်
ဒေသခံ အွန်လိုင်းမီဒီယာသမားများအနေဖြင့် မျက်နှာပျက်ရန် အသင့်ရှိနေပါကြောင်း အသိပေးလိုက်ရပါသည်။(ဟာဂျူလီ-ကသာ)

ငြိမ်းချမ်းရေးအလံစိုက်ထူဖို့လမ်းလျှောက်

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်း ပြန်လည်စိစစ်နိုင်ရန်အကြောင်းကြားကြပါ

88 Generation Students
လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်း ပြန်လည်စိစစ်နိုင်ရန်အတွက်
နိုင်ငံရေးနှင့်ဆက်စပ်၍ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားမိသားစုများ
အနေဖြင့် အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ မိသားစုဝင်များကိုယ်တိုင်
 တိုက်ရိုက်ဆက်သွယ်အကြောင်းကြားကြပါရန် အသိပေးအပ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

(၁) ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း

ဝ၁-၅၆၅၉၁၉၊ ဝ၉-၇၃ဝ၈၁၇ဝ၁
(မှတ်ချက်။ ။ရုံးချိန်အတွင်းသာဆက်သွယ်ကြပါရန်)

(၂) ကိုရဲအောင်( နိုင်/ကျဉ်း)
ဝ၉-၄၉၅၉ဝ၄၉၅၊ ဝ၉-၇၃၁ဝ၇၉၃၃

(၃) ကိုညိုထွန်း (နိုင်/ချုပ်)
ဝ၉-၅၁၁၆၄၄၃

(၄) ကိုဘိုကြည် (AAPP)
ဝ၉-၄၂၅၃၀၈၈၄ဝ

ဆက်သွယ်ရန် email လိပ်စာ
ppreview88@gmail.com

ဦးပိုင်နှင့်ဝမ်ပေါင်ကုမ္မဏီတို့၏ အကျိုးတူစာချုပ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်(အားလုံး)ကြည့်ရှု့ခွင့်မရ

ဖေဖော်ဝါရီ ၂၃
လက်ပ့တောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာ့စီပွားရေးဦးပိုင်လီမီတက်နှင့် တရုတ်နိုင်ငံအခြေစိုက် ၀မ်ပေါင်ကုမ္မဏီတို့၏ အကျိုးတူစာချုပ်အား လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရးအဖွဲ့ဝင်အားလုံးကြည့်ရှု့ခွင့်မရကြောင်း ပြည်သူ့ကိုယ်စားလှယ် တစ်ဦးလည်းဖြစ် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဒေါ်ခင်စန်းလှိုင်က ထုတ်ဖော်ပြာပြပါ တယ်..။
“ ဒီစာချုပ်ကြီးဟာ တရားဝင်တယ်/မ၀င်တယ်ဆိုတာ ကျွန်မတို့မသိရဘူး။ စာချုပ်ထဲမှာဘာတွေပါတယ်..။ မပါဘူးဆိုတာ ..။ စာချုပ်ရဲ့ ဆိုလိုရင်းအချက်က ဘာတွေဆိုတာ ကျွန်မအနေနဲ့ မသိဘူး..။ ဒါတွေကို တကယ်သိပြီး တကယ်တန်းကိုင်တွယ် တာက ကျွန်မတို့ရဲ့ ဥက္ကဌကိုယ်တိုင်ဖြစ်တယ် “ ဆိုတဲ့အကြောင်းကို ဒေါ်ခင်စန်းလှိုင်က ယနေ့မှာကျင်းပပြုလုပ်တဲ့ ဆားလင်းကြီး မြို့နယ်ထဲက ကျားတက်စံပြကျေးရွာ အမေ့အိမ် ပညာရေးဥယျာဉ်ဖွင့်အခမ်းအနားကို လာရောက်ချိန်မှာ သတင်းမီဒီယာများရဲ့ မေးမြန်းချက်ကို အခုလို ပြောကြားသွားခဲ့တာဖြစ်ပါတယ်..။
ရက်ပိုင်းသာကျန်ရှိတော့တဲ့ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ အချောသပ် အစီရင်ခံစာ ထွက်ပေါ်လာ ခါနီး အခုလို ပြောကြားသွားတဲ့အပေါ် ဒေသခံတောင်သူများက စိုးရိမ်မကင်းဖြစ်နေရတယ်လို့လည်း ဆည်တည်းကျေးရွာခံ တစ်ဦးက ဆိုပါတယ်..။Monywa Times

ဖေဖော်ဝါရီ ၂၃
လက်ပ့တောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာ့စီပွားရေးဦးပိုင်လီမီတက်နှင့် တရုတ်နိုင်ငံအခြေစိုက် ၀မ်ပေါင်ကုမ္မဏီတို့၏ အကျိုးတူစာချုပ်အား လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်အားလုံးကြည့်ရှု့ခွင့်မရကြောင်း ပြည်သူ့ကိုယ်စားလှယ် တစ်ဦးလည်းဖြစ် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဒေါ်ခင်စန်းလှိုင်က ထုတ်ဖော်ပြာပြပါ တယ်..။
“ ဒီစာချုပ်ကြီးဟာ တရားဝင်တယ်/မ၀င်တယ်ဆိုတာ ကျွန်မတို့မသိရဘူး။ စာချုပ်ထဲမှာဘာတွေပါတယ်..။ မပါဘူးဆိုတာ ..။ စာချုပ်ရဲ့ ဆိုလိုရင်းအချက်က ဘာတွေဆိုတာ ကျွန်မအနေနဲ့ မသိဘူး..။ ဒါတွေကို တကယ်သိပြီး တကယ်တန်းကိုင်တွယ် တာက ကျွန်မတို့ရဲ့ ဥက္ကဌကိုယ်တိုင်ဖြစ်တယ် “ ဆိုတဲ့အကြောင်းကို ဒေါ်ခင်စန်းလှိုင်က ယနေ့မှာကျင်းပပြုလုပ်တဲ့ ဆားလင်းကြီး မြို့နယ်ထဲက ကျားတက်စံပြကျေးရွာ အမေ့အိမ် ပညာရေးဥယျာဉ်ဖွင့်အခမ်းအနားကို လာရောက်ချိန်မှာ သတင်းမီဒီယာများရဲ့ မေးမြန်းချက်ကို အခုလို ပြောကြားသွားခဲ့တာဖြစ်ပါတယ်..။
ရက်ပိုင်းသာကျန်ရှိတော့တဲ့ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ အချောသပ် အစီရင်ခံစာ ထွက်ပေါ်လာ ခါနီး အခုလို ပြောကြားသွားတဲ့အပေါ် ဒေသခံတောင်သူများက စိုးရိမ်မကင်းဖြစ်နေရတယ်လို့လည်း ဆည်တည်းကျေးရွာခံ တစ်ဦးက ဆိုပါတယ်..။
Monywa Times

အရင်အစိုးရလက်ထက်ကဟာတိုင်ပါတယ်...

Shwe Eaim Si's photo.
***ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည မှ အဆက်"***
 
မတ်လ ၃  ၂၀၀၈ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။

ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။

မဇ္ဈိမသတင်းဌာန---

"ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း

(သို့မဟုတ်)

စိန်စီသောည မှ အဆက်"--------------------------------------

ယောမင်းလေး --------------------------------------

ရန်ကုန်မြို့  မိုးကုတ်သူဌေးဦးမြမောင်၏ အဆက်အနွယ်ငါးဦး တစ်ပြိုင်နက်အသတ်ခံရမှုကို အမှု  ပြန်လည်ဖော်ထုတ် စစ်ဆေးမည်ဟူသော သတင်းကို ကျွန်ုပ်တို့  သိုးသိုးသန့်သန့်ကြားသိနေရပေသည်။

၎င်းအမှုကို နအဖ၏ တရားစီရင်ရေးမှ  အမှန်တကယ်ပဲ အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်မည်လော။ အမှုမှန်ဖော်ထုတ်ရဲသော  သတ္တိလည်း အမှန်ပင် နအဖတရားစီရင်ရေးဝန်ထမ်းများ ရှိကြပါမည်လော...  ကျွန်ုပ်တို့ စိတ်ဝင်စားမိပေသည်။

ကျွန်ုပ်တို့သိရသလောက် ပထမအကြိမ်  မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ  ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို)၏ နံပါတ်များ၊ အခြား  မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရ၏။

ယခုအခါ  စစ်ဆေးမည်ဟု သတင်းထွက်လာသောအခါ အများ၏ ထင်ကြေးမှာ ကွယ်လွန်သူ  ဗိုလ်ချုပ်မောင်ဘို အပေါ် အားလုံးပုံချရန် ဖြစ်နိုင်ကြောင်း  ထင်ကြေးပေးနေကြပေသည်။

ကျွန်ုပ်တို့သိရသလောက် ကျွန်ုပ်တို့၏  အတွင်းသတင်းပေးထံမှသိရသော သတင်းအမှန်မှာ "ရွှေသမင်ဘယ်က ထွက်၊  မင်းကြီးတာမှထွက်" ဟုဆိုရပေချိမ့်မည်။

စာရှုသူ ပရိသတ်ကြီး  မှတ်မိပေဦးမည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ သမီးတော်လေး၏  မင်္ဂလာပွဲ-"စိန်စီသောည" ဗွီဒီယိုအခွေမှ စိန်တို့သည် ငါးလောင်းပြိုင်လူသတ်မှု၏  မြစ်ဖျားခံရာတို့ပေတည်း။

ဖြစ်ပုံမှာ မိုးကုတ်ဦးမြမောင်ဆိုလျှင်  ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေသည်။ ဆွေမျိုးစဉ်ဆက်မည်မျှ  ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍  ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်သည်။

၎င်းစိန်တို့မှာ  မိုးကုတ်ဦးမြမောင် ဆွေစဉ်မျိုးဆက်တို့၊ ဆွေမျိုးသမ္ပဇဉ်အဆက်ဆက်တို့  ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ရှေးစိန်များ ဖြစ်ပေသည်။

ထိုဦးမြမောင်  ဆွေမျိုး - အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ  မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘ၀က  ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်နှင့်  ခင်မင်ရင်းနှီးခွင့်ရခဲ့ကြ၏။

ထိုသို့ခင်မင်ရာမှ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင်  ငှားရမ်းပါမည့်အကြောင်း ဒေါက်တာ ဒေါ်တင်လင်းမြင့်မှတစ်ဆင့်  စကားကမ်းလှမ်းငှားရမ်းခဲ့သည်ဆို၏။ ထိုသရောအခါ မငှားပြန်လျှင်လည်း မကောင်း၊  ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အ၀ါ  ကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပေသည်။

သို့ငှားရမ်းပြီး  မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက  ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကိုရောင်းပါ။  ဈေးဘယ်လောက်ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ပေသည်။

မိုးကုတ်ဦးမြမောင်မှာ  ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင်  ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ  ငွေမလိုချေ။ "ငွေမလို၊ သည်စိန်တို့မှာ  ဆွေမျိုးအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့်  မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန်  တာဝန်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့သည်ဆို၏။

ထိုအခါ  ဗိုလ်ချုပ်မှူးကြီးသမီးများမှ "မြန်မာငွေမို့ ငြင်းသလား။  ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့ဈေးပြောပါ၊ ဒေါ်လာနှင့်ချေမည်"  ဟုပြန်ပြောတိုက်တွန်းခိုင်းပြန်၏။ ကွယ်လွန်သူတို့မှ "မည်သို့မှ  မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင်  အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ  ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုးမသေမီကပင် တာဝန်ပေး ခဲ့သော  စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း" ထပ်လောင်းပြောကြားခဲ့သည်ဟု  သိရပေသည်။

သို့ဆိုလျှင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား၍နေပေပြီ။  ထိုသို့ဖြစ်ပြီး များမကြာမီပင် ၄င်းငါးလောင်းပြိုင် လူသတ်မှုကြီး  အုတ်အော်သောင်းနင်း ပေါ်ပေါက်၍လာပေရာ မည်သို့မည်ပုံ ဖြစ်တန်ရာသည်ဆိုခြင်းကို  အရွယ်ရောက်စ လူတိုင်းပင် ပုံဖော်နိုင်ကြပေသည်။

ထိုစိန်စီသောညမှ  ကြမ္မာငင်သော စိန်တို့သည် ငါးလောင်းပြိုင် လူသတ်မှု၏ မြစ်ဖျားခံရာ  စိန်တို့ပါတည်း။ သမင်သည် လှပသော ဦးချိုကြောင့် အသက်ဆုံးရှုံးခဲ့ရ၏။  ကတိုးကောင်သည် ကောင်းမြတ်သော မိမိအမွှေးနံ့ကြောင့်  အသက်ဆုံးရှုံးခဲ့ရရှာပေသည်။

ယခုအပေါင်းပါတစ်ဦးဖြစ်သော  မောင်ဘိုသေဆုံးပြီးနောက် အမှုမှန်ဖော်ထုတ်မည်ဟု သတင်းသန့်သန့်ထွက်လာ၏။  တကယ်အမှု မှန်နိုင်ပါမည်လော... စောင့်ကြည့်ရန်သာရှိသည်။

ကျွန်ုပ်တို့သည် ဤအစိုးရလက်ထက်၌ ဤအမှုမှန် မဖော်ထုတ်နိုင်ဟု ယုံကြည်ခဲ့ပေသည်။

တလောက  မန္တလေးမြို့၊ သိပ္ပံလမ်း၊ ကညနရုံးနားရှိ နိုဘယ်လ်စားသောက်ဆိုင်မှ မန္တလေး  စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မောင်ပု (Secretary of Mandalay City  Development Committee Lt-Col Maung Pu)၏သား ပါဝင်ပတ်သက် နေသော  လူသတ်မှုကိုလည်း ယခုအခါ အမှုမှန် ပြန်လည်ဖော်ထုတ်ရန်လိုက်နေသည်ဟု  သတင်းရပေသည်။ ထိုအမှုကိုလည်း တကယ်  အမှန်အတိုင်းဖော်မည်လော....စောင့်ကြည့်ရမည့် သတင်းများပါပေ။

တကယ်ဖော်လျှင်တော့ နအဖ၏ တရားစီရင်ရေး တကယ်ပြောင်းသွားပြီဟု ဆိုရပေတော့မည်တည်း။ ။

--------------------------

ယောမင်းလေး

--------------------------

To Download as PDF file, Click the following link;

http://www.scribd.com/doc/17459010/Blood-Diamond-of-Burma

http://bigbbrown.blogspot.com/2009_07_12_archive.html !မှတဆင့်ဖေါ်ပြသည်။

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ

လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်က နာမည်ကြီး မိုးကုတ်အဆက် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူး ခေါင်းဆောင် သန်းရွှေရဲ့ မိန်းမဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့် ရဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။

မိုးကုတ်သူဋ္ဌေး ဦးမြမောင် နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြ နဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သားအစရှိတဲ့ နအဖ စစ်ဗိုလ်ချုပ် သားသမီးတွေ အပါအ၀င် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။

အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်။

ယခု မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ ကိစ္စကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့် နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချူပ်တွေအတွင်း ရာထူးအပြောင်းအလဲ အခြေအနေတွေ၊ လူသတ်မှု ကျူးလွန်စဉ်က သုံးစွဲခဲ့တဲ့ လက်နက်အမျိုးအစားတွေ နဲ့ တစ်ဦးတည်း ရှင်ကျန်ခဲ့တဲ့ ဦးသုဇော် အစရှိတာတွေကို ထောက်ချင့်ရင် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါကြောင်း ….

ကိုထိုက်ဘလောက်မှ

စိမ်းလဲ့ကန်သာလမ်း ငါးလောင်းပြိုင် လူသတ်မှု အမွေခွဲပြီ

[By Yangon PressInternational]Facebook

ရန်ကုန်၊ မေ ၁၂ ၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ၂၀၀၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ဆွေမျိုးရင်းသူ နှစ်ဦးကို မကြာမီက ခွဲဝေပေးလိုက်ပြီဟု ၄င်းတို့နှင့်နီးစပ်သူ တဦးကပြောသည်။

သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တ၀က်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ သုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။

ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်သည်ဟု နီးစပ်သူကပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်၊ မည်မျှ ကျန်ရစ်သည်ကို အတိအကျပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုသည်။

၎င်းလူသတ်မှုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ဖြစ်ပွားသည့်နေရာသည်လည်း နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် အတွက် လူစိတ်ဝင်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့သည်။

နေ့ခင်းအချိန်တွင် ကားဖြင့်ဝင်လာပြီး အိမ်ရှိမိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတ၀ိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။

အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖေါ်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့သည်။

လူသတ်သမားများ အနေဖြင့် မီးခံသေတ္တာ ၁၀ လုံးအနက် ၇ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်ကပါဝင်ခဲ့သူ ရဲဝန်ထမ်းတဦးကပြောဆိုသည်။

အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီး ၃ လကျော်အကြာတွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရဲချုပ် ခင်ရီက “နီးစပ်နေပါပြီ ၊ မှန်းဆထားသည့်အချက်များ ရှိနေပါပြီ” ဟု ပြောဆိုခဲ့သည်။

လူသတ်မှု ဖြစ်ပွားပြီး ၃နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ ယခုလို အမွေခွဲဝေခြင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်

ပုံပေါ်ကလစ်ပြီးကြည့်ပါ...

တကယ်တော့နအဖအစိုးရမဖေါ်ထုတ်ရဲခဲ့ပါ။

ဦးသိန်းစိန်အစိုးရကတော့ထိုအမှုကိုဖေါ်ထုတ်လိမ့်မည်ဟု........

 နောက်ဆက်တွဲ

[By Yangon PressInternational]Facebookမှ

 Posted by မုတ်သုံမိုးဦး

http://blossommonsoon.blogspot.com/2011/12/blog-post_26.html
http://www.facebook.com/shweaeimsi

‎***ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည မှ အဆက်"***

မတ်လ ၃ ၂၀၀၈ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။

ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။

မဇ္ဈိမသတင်းဌာန---

"ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း

(သို့မဟုတ်)

စိန်စီသောည မှ အဆက်"--------------------------------------

ယောမင်းလေး --------------------------------------

ရန်ကုန်မြို့ မိုးကုတ်သူဌေးဦးမြမောင်၏ အဆက်အနွယ်ငါးဦး တစ်ပြိုင်နက်အသတ်ခံရမှုကို အမှု ပြန်လည်ဖော်ထုတ် စစ်ဆေးမည်ဟူသော သတင်းကို ကျွန်ုပ်တို့ သိုးသိုးသန့်သန့်ကြားသိနေရပေသည်

"NLD ကျန်းမာရေးကွန်ယက် ကော်မတီငါးခုဖြင့် အကောင်အထည်ဖော်"

Popular Myanmar News Journal's photo.
"NLD ကျန်းမာရေးကွန်ယက် ကော်မတီငါးခုဖြင့် အကောင်အထည်ဖော်"

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ယက်၏ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ နံနက် ၁၀ နာရီက တော်ဝင်နှင်းဆီ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် ယင်းကွန်ယက်၏ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ကွန်ယက်၏ဖွဲ့စည်းပုံ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 

အမျိုးသားကျန်းမာရေးကွန်ယက်ကို ဘဏ္ဍရေးနှင့် ရန်ပုံငွေရှာဖွေရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုကော်မတီ၊ သတင်းနှင့်ပြန်ကြားရေး ကော်မတီနှင့် ၊ စည်းရုံးရေးနှင့် စဉ်ဆက်မပြတ်ဆေးပညာ သင်ကြားရေး ကော်မတီစသော ကော်မတီ (၅) ခုဖြင့် အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

အမျိုးသားကျန်းမာရေးကွန်ယက် (NLD) ကို အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။

မြတ်စုငြိမ်း

ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက် သူများ အမျိုးမျိုးနှောက်ယှက်ခံရ

RFA Burmese
2013-02-23

ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ KIO အဖွဲ့ရဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ လွန်ခဲ့တဲ့အပတ်အတွင်းက သွားရောက်ခဲ့တဲ့ မြန်မာ့လူမှုဘ၀ ဖွံဖြိုးတိုးတက်ရေး ကွန်ရက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ မနေ့က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကနေ ပြန်လာခဲ့ပါတယ်။

အပြန်လမ်းမှာ အစိုးရစစ်တပ် နယ်မြေကိုအဖြတ်မှာ သူတို့မော်တော်ကား ထားခဲ့တဲ့နေရာကို ပြန်လာလို့မရအောင် အဲဒီမှာရှိတဲ့ အစိုးရတပ်ဖွဲ့ဝင်တချို့က မိုင်းများချထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ ကားရပ်ထားတဲ့နေရာကို တံတားပေါ်က မဖြတ်တော့ပဲ ချောင်းဘေးကပတ်ပြီး သွားတယ်လို့သိရပါတယ်။

ကားရပ်ထားတဲ့နေရာကို ပြန်ရောက်ချိန်မှာ သူတို့ကားကို စက်နှိုးလို့မရအောင်ဘက်ထရီကြိုးတွေ ဖြုတ်ထားတာ တွေ့ကြရတယ်လို့ ဆိုပါတယ်။

အင်းစိန် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် နဲ့အောင်ဆန်းပန်းခြံ ပြုပြင်ရေး ဆွေးနွေး

အင်းစိန်၈၈၈၈နေ့သပိတ်ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုရှေ့မှာအဆုံးသတ်ခဲ့တယ်

RFA Burmese

2013-02-23

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ စက်မှုလက်မှု အထက်တန်းကျောင်းဝင်းထဲမှာ ပြုပြင်မွမ်းမံခဲ့ခြင်းမရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုနဲ့ ဗိုလ်ချုပ်အောင်ဆန်းအမည်တပ်ထားတဲ့ ပန်းခြံကို ပြန်လည်ပြုပြင်ဖို့အတွက် ဒီကနေ့အကြိုညှိနှိုင်းဆွေးနွေးပွဲကို အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။

နှစ်ပေါင်း (၅၀) ကျော်ပြီဖြစ်တဲ့ အဲဒီကြေးရုပ်ထုနဲ့ ပန်းခြံကို ပြုပြင်တာဟာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကို အမျိုးသားရေး စိတ်ဓာတ်နိုးကြားစေဖို့နဲ့ ဗိုလ်ချုပ်ကိုလည်း အမြဲအမှတ်ရစေနိုင်ဖို့ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နဲ့ ဗိုလ်ချုပ်ပန်းခြံ ပြုပြင်ရေးကော်မတီ(ယာယီ)ရဲ့ အတွင်းရေးမှူး ကိုတင်လှိုင်က RFA ကို ပြောပါတယ်။

အခုလိုပြုပြင်မွမ်းမံဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပန်းခြံကို စက်မှုလက်မှုအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းအုပ်ဆရာ ဦးမြတ်ကိုရဲ့ ခွင့်ပြုချက်ကို ဒီလ (၂၂) ရက်နေ့က ခွင့်ပြုချက် တောင်းခံထားတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်နဲ့ ဗိုလ်ချုပ်အောင်းဆန်းရဲ့ ပန်းခြံကို (၁၉၆၀) ပြည့်နှစ်မှာ ဗိုလ်ချုပ်ဇနီး ဒေါ်ခင်ကြည်ကိုယ်တိုင် ဖွင့်လှစ်ခဲ့တာပါ။

အမေရိကန် ဘဏ္ဏာရေးဌာနက မြန်မာဘဏ် ၄ ခုနဲ့ ဆက်သွယ်လုပ်ကိုင်ခွင့်ပြု

RFA Burmese
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာရှိတဲ့ဘဏ် ၄ ခုနဲ့ ငွေကြေးကိစ္စတွေဆောင်ရွက်ဖို့ သောကြာနေ့က ခွင့်ပြုလိုက်ပါတယ်။ အမေရိကန် ဘဏ္ဏာရေးဌာနရဲ့ထုတ်ပြန်ချက်မှာ အမေရိကန် ကုမ္ပဏီတွေ၊ တသီးပုဂ္ဂလိကတွေ၊ ဘဏ္ဏာရေး အဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့စီးပွါးရေးဘဏ်၊ မြန်မာရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နဲ့ ဧရာဝတီဘဏ်တွေကို ဆက်သွယ်လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ထိပ်တန်းစီပွါးရေး အမှုဆောင်အရာရှိ ၅ဝ ခန့်ပါဝင်တဲ့အဖွဲ့တခု မြန်မာနိုင်ငံကို လာမယ့်အပတ်အတွင်း သွားရောက်မယ်လို့ အမေရိကန် ကုန်သည်ကြီးများအသင်းက ကြေညာလိုက်ပါတယ်