Sunday, February 24, 2013

လူမျိုးစု၁၃၅မျိုးထဲမှာ ရိုဟင်ဂျာမပါ....ကိုမင်းကိုနိုင်ပြောကြား


 ( ၂၁.၀၂.၂၀၁၃ ) နေ့ဒိန်းမတ် ၌ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး ( peace ) အကြောင်း တွေ့ဆုံဆွေးနွေးပွဲ


 ရိုဟင်ဂျာလို့ခံယူထားသူ ( ဘန်ကာလီ ) တဦး မှ မေး....

Miss Myanmar International 2013


The Voice Weekly
Miss Myanmar International 2013 ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညပိုင်းက မရမ်းကုန်းမြို့နယ် MCC ခန်းမတွင် ကျင်းပခဲ့သည့် မြင်ကွင်းဓာတ်ပုံများ။

Miss Myanmar International

နိုင်ငံသားဥပဒေ ပြင်ဆင်ရေးဟာ မိမိနိုင်ငံကပဲ ဆုံးဖြတ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

RFA Burmese's photo.
နိုင်ငံသားဥပဒေ ပြင်ဆင်ရေးဟာ မိမိနိုင်ငံကပဲ ဆုံးဖြတ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံခြားပညာရှင်တွေရဲ့အကြံပေး ပြောကြားချက်တွေကို ဂရုတစိုက်လေ့လာပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီအောင် ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးဖို့ မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်ခင်မှာ သတင်းထောက်တွေက မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အဲဒါလည်း သူဘယ်လို ပြင်သင့်တယ်ဆိုတာကို သူ့ပြောချက်တွေကို သုံးသပ်ရမှာပေါ့၊ ဒီလို နိုင်ငံခြားကနေပြီးတော့ ပညာရှင်တွေ ပြောတဲ့ကိစ္စတွေဆိုတာ နားထောင်သင့်တယ်၊ လေ့လာသင့်တယ်၊ သုံးသပ်သင့်တယ်၊ ကိုယ့်ရဲ့နိုင်ငံနဲ့ ဆီလျော်သည် မဆီလျော်သည်ဆိုတာကတော့ နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပေါ့"

တဆက်တည်းမှာပဲ အဲဒီလိုပြသနာတွေကို စဉ်းစားဆုံးဖြတ်ရာမှာ နိုင်ငံတကာက ချမှတ်လုပ်ဆောင်နေတဲ့ အဆင့်ကိုမီဖို့တော့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။



နိုင်ငံခြားပညာရှင်တွေရဲ့အကြံပေး ပြောကြားချက်တွေကို ဂရုတစိုက်လေ့လာပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီအောင် ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးဖို့ မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်ခင်မှာ သတင်းထောက်တွေက မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အဲဒါလည်း သူဘယ်လို ပြင်သင့်တယ်ဆိုတာကို သူ့ပြောချက်တွေကို သုံးသပ်ရမှာပေါ့၊ ဒီလို နိုင်ငံခြားကနေပြီးတော့ ပညာရှင်တွေ ပြောတဲ့ကိစ္စတွေဆိုတာ နားထောင်သင့်တယ်၊ လေ့လာသင့်တယ်၊ သုံးသပ်သင့်တယ်၊ ကိုယ့်ရဲ့နိုင်ငံနဲ့ ဆီလျော်သည် မဆီလျော်သည်ဆိုတာကတော့ နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပေါ့"

တဆက်တည်းမှာပဲ အဲဒီလိုပြသနာတွေကို စဉ်းစားဆုံးဖြတ်ရာမှာ နိုင်ငံတကာက ချမှတ်လုပ်ဆောင်နေတဲ့ အဆင့်ကိုမီဖို့တော့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရေး အကြိုညှိနှိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)

နောနော်ရဲ့ မလှည့်စားနဲ့ကို အမေရိကန်ကမြန်မာလိုသီဆို


MTV Myanmar
နောနော်ရဲ့ မလှည့်စားနဲ့သီချင်းကို အမေရိကန်တယောက် ကမြန်မာလို ပီပီသသ နဲ့တော်တော်ကောင်းအောင် သီဆိုထားတာ ဖြစ်ပါတယ်။ မြန်မာစကားကိုလေ့လာနေတဲ့ လူတယောက်လို့သိရပြီး မြန်မာလူမျိုးတွေလို
 မြန်မာစကားပြောတတ်ချင်တယ်လို့ ပြောပါတယ်။

စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ တနေ့တာ

by Soe Tun on Tuesday, February 19, 2013 at 10:53pm ·
မြန်မာသံရုံးသို့ တနေ့တာ

လွန်ခဲ့တဲ့ ၅-ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၃ မှာ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးကို နိုင်ငံကူးလက်မှတ် အသစ်လဲဖို့နဲ့ အခွန်ဆောင်ဖို့ သွားခဲ့ပါတယ်။ ပတ်စ်ပို့ အသစ်လဲခြင်း၊ အခွန်ဆောင်ဖို့အတွက် မြန်မာသံရုံး ၀က်ဆိုဒ် www.mesingapore.org.sg  မှာ ကြိုတင်ပြီး ရက်ချိန်း ယူရပါတယ်။ အနည်းဆုံး ၁၀-ရက်၊ ၂-ပတ်လောက် ကြိုယူရတတ်ပါတယ်။

ကျွန်တော် လေ့လာရသလောက်တော့ တနေ့ကို အယောက် ၂၀၀ ကျော်ကျော်လောက်အတွက် မနက် ၉-နာရီကနေ စတင် ဆောင်ရွက်ပေးနေပြီး မိမိ ရယူထားတဲ့ တိုကင်နံပါတ်ပေါ် မူတည်ကာ မနက် ၉-နာရီကနေ ၁၂-နာရီအတွင်း ချိန်ကိုက် သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ မသိခဲ့လို့ ညွှန်ကြားချက်အတိုင်း မနက် ၉-နာရီ အရောက်သွားခဲ့တာကြောင့် တိုကင်နံပါတ် ၂၀၀ ကျော်ကို တော်တော်ကြာအောင် စောင့်လိုက်ရတယ်။ အချိန်ကို တွက်ချက်ပြီး သွားရင် ဓါတ်ပုံရိုက်ဖို့အတွက် တန်းစီစရာ မလိုသလို အခွန်ဆောင်ဖို့ တွက်ချက်တာကိုလည်း အချိန်ပေး စောင့်စရာ မလိုပါဘူး။ မိမိ နံပါတ်ကျော်သွားရင်လည်း ပြန်ခေါ်ပေးပါတယ်။

ပုံမှန်အားဖြင့် ရောက်ရောက်ချင်း ဓါတ်ပုံရိုက်ဖို့ ယူဆောင်လာတဲ့ စာရွက်စာတန်းတွေ ပြင်ဆင်ပြီး တန်းစီရပါတယ်။ မိမိ ဓါတ်ပုံရိုက်ဖို့ အလှည့်ရောက်ရင် စာရေးတစ်ယောက်ယောက်က ယူလာတဲ့ စာရွက်စာတမ်းတွေ စုံမစုံ စစ်ဆေးပါတယ်။ အဲ့ဒီနောက် Service Fee ဒေါ်လာ ၂၀ ပေးဆောင်ပြီးရင် ဓါတ်ပုံ ရိုက်ရပါတယ်။

ဘာအတွက်ကြောင့် Service Fee တောင်းသလဲဆိုတာ နားမလည်ပါဘူး။ ပိုက်ဆံက မများပေမယ့် အဲ့လို အဓိပ္ပါယ် မရှိတဲ့ ကောက်ခံခြင်းမျိုးကတော့ မရှိသင့်တော့တာ အမှန်ပါပဲ။ ဓါတ်ပုံဖိုးဆိုရင်လည်း ထိုက်သင့်ငွေကို တရားဝင် ကြေညာပြီး ပေးဆောင်ခိုင်းသင့်ပါတယ်။

ဓါတ်ပုံရိုက်ပြီးတဲ့နောက် အခွန် ဘယ်လောက်ဆောင်ရမယ်ဆိုတာ သိရှိဖို့ ကြိုတင်ယူထားတဲ့ တိုကင်နံပါတ်အတိုင်း စောင့်ရပါတယ်။ တိုကင်နံပါတ်ပေါ် မူတည်ပြီး အနီးအနားမှာ သွားရောက် စားသောက်တာ၊ လျှောက်ကြည့်တာ လုပ်နိုင်ပါတယ်။

မိမိအလှည့်ရောက်ရင် ၀န်ထမ်းတစ်ယောက်ယောက်က အခွန် ဘယ်လောက် ဆောင်ရမယ်ဆိုတာ တွက်ချက် ပြောပြပြီး နေ့လယ် ၃-နာရီမှာ အခွန်လာဆောင်ဖို့ ပြောပါတယ်။ အဲ့ဒီနေ့က ဓါတ်ပုံရိုက်ခြင်း၊ အခွန်ငွေ တွက်ချက်ပေးခြင်းကို နေ့လယ် ၁-နာရီ မထိုးခင်မှာ ပြီးစီးသွားတဲ့အတွက် ပုံမှန်အားဖြင့် နေ့စဉ် နေ့လည် ၁-နာရီအတွင်း ဆောင်ရွက်ပေးပတယ်လို့ ယူဆနိုင်ပါတယ်။

နေ့လည် ၃-နာရီမှာ စတင် စောင့်နေရပြီး အခွန်ဆောင်လို့ ပြီးသွားရင် ညနေ ၅-နာရီမှာ ပိုက်ဆံ ၁၅၀ နဲ့ နိုင်ငံကူးလက်မှတ် လာထုတ်ဖို့ တခါ ပြန်လာ စောင့်ရပါတယ်။

*** ဓါတ်ပုံရိုက်ဖို့ တန်းစီတဲ့အခါ အရင်ရောက်ရင် အရင် ဓါတ်ပုံရိုက်ရပေမယ့် အခွန်ဆောင်ဖို့ ကျသင့်ငွေကို သိရှိဖို့အတွက်တော့ မိမိယူထားတဲ့ တိုကင်နံပါတ်အတိုင်း စောင့်ရကာ နိုင်ငံကူးလက်မှတ် ထုတ်ယူချိန်မှာတော့ တိုကင်နံပါတ်အတိုင်း မခေါ်ပဲ နိုင်ငံကူးလက်မှတ် အရင်ပြီးတဲ့အတိုင်း ခေါ်တယ်လို့ ယူဆရပါတယ်။

ဒါကတော့ တနေ့တာ သံရုံးမှာ အချိန်ပေး လုပ်ဆောင်ရမယ့် အစီအစဉ်ပါပဲ။


သံရုံးမှ မိမိအလှည့်အား စောင့်ဆိုင်းနေစဉ် သက်တောင့်သက်သာဖြစ်စေရန်နှင့် မပျင်းရိရစေရန်

၁။ နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊
၂။ စာအုပ်များ၊ ဂျာနယ်များ အစရှိတဲ့ ဖတ်စရာများ စီစဉ်ပေးခြင်း
၃။ သောက်ရေသန့် ထားပေးခြင်း
၎။ တိုကင်နံပါတ်ကို တီဗီဖန်သားပြင်မှာ ဖော်ပြသလို သံရုံးအတွင်းမှလည်း မိုက်ကရိုဖုန်းနဲ့ နာမည် ခေါ်ပေးခြင်း …

များကြောင့် အစစ အရာရာ အဆင်ပြေ ချောမွေ့လှသလို စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။

စတီးလ် သောက်ရေခွက် တစ်ခွက်သာ ထားရှိပေးထားခြင်းကတော့ ကျန်းမာရေးနဲ့ မကိုက်ညီလှပါဘူး။ ဆေးစရာ ရေဘုံဘိုင် အနီးနားမှာ ရှိရင် သို့ တခါသုံး စက္ကူခွက်တွေ ထားပေးရင်တော့ အဆင်ပြေမှာပါ။

ဖန်သားပြင်မှာ သတင်းအချက်အလက်တွေ စာတန်းထိုးတဲ့အခါမှာ စာလုံးပေါင်း တချို့မှားနေခြင်းနဲ့ စကားစု အဖြတ်အတောက် မမှန်ကန်ခြင်း စတဲ့အသေးအဖွဲလေးကို ပြင်လိုက်ရင်တော့ မြန်မာသံရုံးအနေနဲ့ ပိုမို ပြည့်စုံသွားမယ်လို့ ထင်မြင်မိပါတယ်။

(သံရုံးနဲ့ နီးစပ်သူများလည်း အကြံပေးကြစေချင်ပါတယ်။ ကျွန်တော်လည်း အီးမေးလ်ကနေ အကြံပြုတဲ့အနေနဲ့ စာပို့ဖို့ ရည်ရွယ်ထားပါတယ်။)


ယခုလို သံရုံးက အစစ အဆင်ပြေအောင် စီစဉ်ပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ စင်္ကာပူနိုင်ငံရောက် မြန်မာများ အနေနဲ့လည်း နိုင်ငံကြီးသားများ ပီသစွာ တဖက်တလမ်းမှ ကူညီစေချင်ပါတယ်။

အဲ့ဒီနေ့မှာ အခွန်ဆောင်သူ၊ နိုင်ငံကူးလက်မှတ် အသစ်လဲသူ အချို့ရဲ့ မသင့်တော်သော လုပ်ရပ်တချို့ကို တွေ့ရှိရပါတယ်။ ဥပမာ …

၁။ ဖတ်ပြီးသား စာစောင်များ၊ ဂျာနယ်များကို နေရာတကျ ပြန်မထားခြင်း
၂။ ထိုင်ခုံများကို စီရရီ ချပေးသော်လည်း လိုသလို ဆွဲယူထိုင်ပြီး သေသေသပ်သပ် ပြန်မထားခြင်း
၃။ တစ်သျှူးများ အပါအ၀င် အမှိုက်သရိုက်များကို အမှိုက်ပုံးထဲ မထည့်ပဲ ထိုင်ခုံအောက်ကို အလွယ်တကူ ပစ်ချထားခြင်း
၎။ ဂျာနယ်များကို ထိုင်ခုံတွင် ခင်းထိုင်ပြီး ထားခဲ့ခြင်း

(ထိုင်ခုံအားလုံးဟာ အမိုးအကာအောက်မှာ သန့်ရှင်းခြောက်သွေ့စွာ ရှိနေတာမို့ မည်သည့်အကြောင်းကြောင့် ထိုင်ခုံမှာ ခင်းထိုင်သည်ကို နားမလည်ပါ။)

အစရှိတဲ့ ကိစ္စတွေဟာ သာမန်အားဖြင့် ကြည့်ရင် ဘာမှ မဟုတ်ပေမယ့် နိုင်ငံတနိုင်ငံအနေနဲ့ ဘယ်လောက် စည်းကမ်းရှိတယ်။ နိုင်ငံသားတွေ ဘယ်လောက် ယဉ်ကျေးမှု မြင့်မားသလဲဆိုတာကို တိုင်းတာတဲ့နေရာမှာတော့ အင်မတန် တာသွားပါတယ်။

ကျွန်တော်က အဲ့ဒီနေ့မှာ နောက်ဆုံးနီးပါးမှ နိုင်ငံကူးလက်မှတ် ရတာမို့ အကုန် မြင်တွေ့နေရပါတယ်။ လူတွေအားလုံးကုန်တော့ လုံခြုံရေး ၀န်ထမ်း အဖိုးကြီးက အစအဆုံး သေသေသပ်သပ် ဖြစ်အောင် သိမ်းဆည်း၊ လှဲကျင်း ဆောင်ရွက်တာ မြင်ရတော့ စိတ်မကောင်းပါဘူး။ ကျွန်တော်လည်း စိတ်မသက်မသာ ဖြစ်ရတာမို့ အနီးအနားမှာ ရှိတဲ့ ထိုင်ခုံတွေကိုတော့ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ် ပြန်ထားပေးလိုက်ပါတယ်။

နိဂုံးချုပ် ပြောရရင် ယခုလို အစစ အရာရာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြတဲ့အချိန်မှာ၊ နိုင်ငံသားတိုင်းလည်း မိမိတို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ လိုလားတောင့်တနေကြတဲ့အချိန်မှာ မိမိတို့ကိုယ်တိုင်ကလည်း အသေးအဖွဲကအစ မိမိတို့ ဆောင်ရွက်နိုင်တဲ့ အရာတိုင်းကို တာဝန်သိသိနဲ့ လုပ်ဆောင်ကြပါ၊ မိမိကိုယ်တိုင်ရဲ့ အပြုအမှု အပြောအဆို စတာတွေကို ယဉ်ကျေးမှု မြင့်မားတဲ့သူဖြစ်အောင် ပြုပြင်ကြပါ၊ ဖြစ်နိုင်ရင် မိမိအသိုင်းအ၀ိုင်းက မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းများကိုလည်း အားပေးတိုက်တွန်းကြပါလို့ လေးစားစွာ တိုက်တွန်းလိုက်ရပါတယ်။


လေးစားခင်မင်စွာဖြင့်

စိုးထွန်း

20 Feb 2012 (2:00AM)

ချင်းအမျိုးသားနေ့ အမေစု မိန့်ခွန်း



ဦးသန်းဝင်းမှ 7 မှတ်။မစန်းလှမှ113 မှတ်ရရှိ

ဆေးတက္ကသိုလ်(မန်း)ပညာဆက်လက်သင်ကြားခွင့်ရရေးကျောင်းသားများကော်မတီ's photo.

အဂတိမလိုက်စားပါဟူသောဆေးတက္ကသိုလ်မန်းပါချုပ်ဦးသန်းဝင်းအားနိုင်ငံတော်ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့် ဒေါ်စုမှဦးဆောင်ပြီး 27.2 ရက်တွင်နေပြည်တော်မှာတရားစွဲဆိုသွားမည်ဖြစ်ပါသည်
ဦးသန်းဝင်းသူငယ်ချင်းများဖြစ်သော ကျန်းမာရေးဝန်ကြီးစိုင်းမောက်ခမ်း
ဦးသန်းဇော်မြင့်တို့ မှ အကာအကွယ်ပေးနေမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ
တွေ့ရှိကာ စစ်ဆေးနေခြင်းဖြစ်သည်
ရုံးဝန်ထမ်းမစန်းလှအား မတရား မယူမနေရပင်စင်ပေးခြင်းအပေါ်ပြန်လည်
စုံစမ်းစစ်ဆေးရာ တရားခွင်တွင်ဦးသန်းဝင်းမှ 7 မှတ်။မစန်းလှမှ113 မှတ်ရရှိခဲ့
ပြီး မစန်းလှမှအနိုင်ရခဲ့သော်လည်းနောက်တစ်နေ့တွင် ကျန်းမာရေးဝန်ကြီးမှ
အမှုပိတ်သိမ်းခိုင်းရာ ဒေါ်စုမှသိရှိသွားပြီးထပ်မံတရားစွဲဆိုလိမ့်မည်
နိုင်ငံတော်ငွေကြေးသိန်းထောင်နှင့်ချီပြီးကွာဟနေခြင်းဖြစ်သည်


အဂတိမလိုက်စားပါဟူသောဆေးတက္ကသိုလ်မန်းပါချုပ်ဦးသန်းဝင်းအား
နိုင
်ငံတော်ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့် ဒေါ်စုမှဦးဆောင်ပြီး 27.2 ရက်
တွင်နေပြည်တော်မှာတရားစွဲဆို
သွားမည်ဖြစ်ပါသည်
ဦးသန်းဝင်းသူငယ်ချင်းများဖြစ်သော ကျန်းမာရေးဝန်ကြီး/စိုင်းမောက်ခမ်း/
ဦးသန်းဇော်မြင့်တို့ မှ အကာအကွယ်ပေးနေမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ
တွေ့ရှိကာ စစ်ဆေးနေခြင်းဖြစ်သည်။
ရုံးဝန်ထမ်းမစန်းလှအား မတရား မယူမနေရပင်စင်ပေးခြင်းအပေါ်ပြန်လည်
စုံစမ်းစစ်ဆေးရာ တရားခွင်တွင်ဦးသန်းဝင်းမှ 7 မှတ်။မစန်းလှမှ113 မှတ်ရရှိခဲ့
ပြီး မစန်းလှမှအနိုင်ရခဲ့သော်လည်းနောက်တစ်နေ့တွင် ကျန်းမာရေးဝန်ကြီးမှ
အမှုပိတ်သိမ်းခိုင်းရာ ဒေါ်စုမှသိရှိသွားပြီးထပ်မံတရားစွဲဆိုလိမ့်မည်
နိုင်ငံတော်ငွေကြေးသိန်းထောင်နှင့်ချီပြီးကွာဟနေခြင်းဖြစ်သည်

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ


ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ သိရှိနိုင်ရန် ပေးပို့ အပ်ပါသည်။

ရဲရင့်


နေပြည်တော်။ ဖေဖော်ဝါရီ ၂၂။

ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန်ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့က မန်ကျည်းပင်ရိပ်အောက်မှာ အေးအေးလူလူ ဂျာနယ်တစ်စောင်ဖတ်နေတုန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့ တူတော်မောင်အရာရှိ ရောက်လာပြီး .
“ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း” လို့ မေးရာ
“အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြန်ပြောလိုက်ပါတယ်.
“ဘာတွေ သိချင်နေတာလဲ ဘကြီးရ” ဟု တူမောင်က ပြောရာ ကျွန်တော်လည်း .
“ဟို တလောကကွာ ဂျာနယ်တစ်စောင်မှာ ဘကြီးဖတ်လိုက်ရတယ်။ တူမောင်တို့ ဝန်ကြီးဌာနက ဝန်ကြီး ဦးသိန်းထွန်းနဲ့ အထွေထွေမန်နေဂျာ/အင်ဂျင်နီယာချုပ်စတဲ့ အရာရှိကြီး(၈)ဦးကို မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာမှာ ပိုမိုတွက်ချက်တင်ပြပြီး ထုတ်ယူတာကြောင့်ရယ်၊  စက်ကိရိယာ ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ဈေးလျော့ဝယ်ယူတာတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နဲ့ ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူတော့မယ်လို့ ဘကြီးဖတ်လိုက်ရတယ်ကွ၊ ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်း ဘာမှထပ်မကြားတော့လို့ ပြီးများသွားပြီလား၊ ဘာတွေဖြစ်ကုန်ပြီလဲလို့ သိချင်နေတာ ကွ တူမောင်ရ”
ဟု ပြောလိုက်ရာ ကျွန်တော့တူတော်မောင်က ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ဒါက ဒီလိုရှိတယ် ဘကြီးရဟုဆိုကာ သူတို့ဝန်ကြီးဌာနက သတင်းတွေအားလုံးကို ပြောပြပါတော့တယ်.
“ဘကြီးပြောတဲ့ ပထမသတင်းက မှန်တယ်ဘကြီးရ. အမှုလည်းဖွင့်ပြီး နောက်နေ့မှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနကို စသုံးလုံးကလူတွေရောက်လာပြီး လူကြီးပိုင်းတွေကို စပြီးစစ်တော့တာပဲ. သူတို့ရုံးခန်း တွေထဲက ကွန်ပျူတာတွေ၊ ဖိုင်တွေ၊ ဖုန်းတွေ အားလုံးကို သိမ်းဆည်းလိုက်ပြီး အကုန်စစ်တော့တာပဲ ဘကြီးရ.” ဟု ဆိုကာ ဆက်ပြောပါတယ်.
“နောက်ပြီး စစ်နေတဲ့အချိန်မှာပဲ ဝန်ကြီးဆီကို ဦးသိန်းဝင်းက ငွေလွှဲပေးတဲ့ပြေစာတွေ အင်တာနက် ပေါ်ရောက်လာတော့ ပိုဆိုးတော့တာပေါ့ ဘကြီးရာ. စစ်စစ်ချင်း အစောပိုင်းမှာတင် စာရင်းကွာတာ တွေ၊ ငွေကွာတာတွေ၊ ပစ္စည်းဈေးနှုန်းကွာတာတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေတင်သွင်းဝယ်ယူတဲ့ နေရာမှာ နိုင်ငံတော်ကိုတန်ဖိုးများများစာရင်းပြ ကုမ္ပဏီနဲ့ညှိပြီး အရည်အသွေးနိမ့်တဲ့စက်ပစ္စည်းတွေ သွင်းတာတွေ တွေ့တာပေါ့ဘကြီးရာ. ကျွန်တော်တို့လည်း ဒီတစ်ခါတော့ နိုင်ငံတော်သမ္မတကြီး တကယ်အရေးယူပြီလို့ ထင်တာပေါ့ဘကြီးရာ. အခုကြတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး ဘကြီးရ.” ဟု ပြောတော့
ကျွန်တော်လည်း အတော်စိတ်ဝင်စားသွားပြီး “ဟေ ဟုတ်လား ဘကြီးသိချင်နေတာ အဲဒါကွ. ဆက်ပြောပါအုံး” ဟု ပြောလိုက်ပါရာ
“စစချင်းတော့ သူတို့ပဲပေါ. နောက်တော့မှ ဘကြီးရေ- စစ်လိုက်တာ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပေါ့. အခုလိုအလွဲသုံးစားလုပ်မှုတွေက အခုဒီဝန်ကြီးလက်ထက်ကြမှ ရှိတာ မဟုတ်ဘူး၊ အရင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်လက်ထက်ကတည်းက ဖြစ်နေတာ ဘကြီးရ၊ ဇာတ်လမ်းက အရှုပ်ကြီးရယ်၊ စာရင်းဇယားတွေ အကုန်လုံးကို စစ်တာဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့ အပြင်ကကုမ္ပဏီတွေလည်း ပါတာပေါ့ ဘကြီးရာ၊ အဲဒီထဲမှာ ဆက်သွယ်ရေးရဲ့ Project တွေ အများဆုံးရတဲ့ ကုမ္ပဏီက RedLink ကုမ္ပဏီလေ.”
“RedLink ကုမ္ပဏီကို ဘကြီးသိလား” လို့ တူတော်မောင်က စကားဖြတ်ပြီးမေးလိုက်ရာ
”အင်း မြင်တော့ မြင်ဘူးတယ်. ကြေငြာတွေထဲမှာ တွေ့တာလေ” ဟု ပြန်ပြောလိုက်ပါတယ်. ဒါနဲ့ တူတော်မောင်က .
“အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းပိုင်တာ ဘကြီးရ၊ ဒါကြောင့်မို့ ဆက်သွယ်ရေးရဲ့ Project တွေ အများကြီးကို သူတို့ရတာပေါ့. အခုဒီမှာ ပြဿနာလည်းဖြစ်ရော ဟို.စသုံးလုံးအဖွဲ့တွေက သူတို့ကိုပါခေါ်ပြီးစစ်တာပေါ့. အဲဒါ ဆက်သွယ်ရေးနဲ့ RedLink နဲ့ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ အများကြီး အများကြီး ပေါ်လာတာပေါ့ဘကြီးရာ. ဇာတ်လမ်းက အဲဒီမှာ စတာ ဘကြီးရ. ဝန်ကြီးနဲ့ အစစ်ဆေးခံနေရတဲ့ လူကြီးတွေကလည်း သူတို့ကို ဖော်ထုတ်ရင်. သူတို့ကလည်း အရင် ဝန်ကြီးဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လာဘ်စားထားတဲ့အကြောင်း တွေ၊ သူတို့ကို ခွဲဝေပေးရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဆွေမျိုးသားသမီး.တွေကို လုပ်ကိုင်ခွင့် Project တွေ ပေးရတဲ့အကြောင်းတွေကို ဖော်ကောင်လုပ်မှာလို့ ပြောလိုက်တယ်. အခုကျွန်တော် နောက်ဆုံး သိရတာကတော့ သူတို့ကိုသာ အရေးယူမယ်ဆိုရင် သူတို့ဖော်ကောင်လုပ်မယ့် အချက်အလက်တွေကို ပြုစုပြီးပြီလို့ သိရတယ်ဘကြီးရ. အဓိကကတော့ RedLink ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတော်ကို ညာထားတဲ့အချက်တွေပေါ့ ဘကြီးရာ. အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား ပိုင်တဲ့ကုမ္ပဏီဖြစ်နေတော့ သူပါ သိက္ခာကျ၊ အရှက်ကွဲရမယ့် အခြေအနေလေ. ဒါကြောင့်မို့ အခုတော့ ဝန်ကြီး ဦးသိန်းထွန်းနဲ့ အဖွဲ့ အရေးယူမခံရဘဲ ရှိနေတာကို လွှတ်တော်ကလည်း ဘာမှမပြောရဲ၊ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာပေါ့ ဘကြီးရ”လို့ ပြောလိုက်တော့မှ ကျွန်တော်လည်းသဘောပေါက်ပါတော့တယ်။