Monday, February 25, 2013

သေနတ် တစ်ချက်မှ မဖောက်ရတဲ့ လျှက်တစ်ပြက် အာဏာသိမ်းပွဲ

မာစီဒီး ကျည်ကာကားတွေ ၀ယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ်



DVB (25-2-2013)
လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုးရအဖွဲ့အနေနဲ့ မာစီဒီး ကျည်ကာကားတွေ အပါအ၀င် တိုယိုတာ ကင်မရီ၊ မာစီဒီး ဆီဒင်နဲ့ အော်ဒီ အေစစ် စတဲ့ နောက်ဆုံးပေါ်ကားတွေ ၀ယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ့်အပေါ် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းဆွေက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း နောက်ဆုံးပေါ်ကားသစ်တွေ ၀ယ်ဖို့အတွက် ကျပ် ၁၀ ဘီလီယံနဲ့ ဒေါ်လာ ၁၀ သန်းကျော် သုံးခဲ့ပြီးဖြစ်ကြောင်း၊ သူတို့ လွှတ်တော်အမတ်တွေကတော့ တနေ့ ကျပ် ၅၀၀ ပေးပြီး ဘတ်စ်ကားနဲ့ လွှတ်တော် တက်နေရကြောင်း၊ သူတို့လွှတ်တော်အမတ် ၆၆၀ ကျော်ကို သိန်း ၁၀၀ တန်ကား ၀ယ်ပေးမယ် ဆိုရင်တောင် ကျပ် သန်း ၆ ထောင်ကျော်ပဲ ကုန်မှာဖြစ်ကြောင်း နှိုင်းယှဉ် ပြောဆိုပါတယ်။

ဒီအတွက် အစိုးရ ကားဝယ်မယ့် ဘတ်ဂျက်ကို တ၀က်လောက် ဖြတ်တောက်သင့်တယ်ဆိုပြီး သူက မှတ်ချက်ပေးခဲ့ပါတယ်။-

မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ



RFA Burmese
ရွှေလီမှာ မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ

မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တိရိစ္ဆာန်တွေ မှောင်ခိုကူးသူတွေထံက မြွေ အကောင်ရေ ၄၈၀၀ ကျော် ဖမ်းဆီးမိလိုက်တယ်လို့ ယူနန် အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက် လင်းအားကြီး ၄ နာရီလောက်မှာ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ ကားတစ်စီးကို တရုတ် ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဲဒီကားထဲမှာ ပါလာတဲ့ သေတ္တာတွေထဲမှာ မြွေအကောင်ရေ ၄၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တာပါ။

ဖမ်းမိတဲ့ မြွေအမျိုးအစားတွေကတော့ မြွေဟောက် အကောင်ရေ ၂၀၀၀ ကျော်၊ မြွေပွေး ၂၃၀ အပါအဝင် တခြားမြွေ အမျိုးအစား ၂၀၀၀ ကျော် ဖမ်းမိတာဖြစ်ပြီး အလေးချိန် ၄ တန်နီးပါး ရှိတယ်လို့ ရွှေလီ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံက တောရိုင်းတိရိစ္ဆာန်တွေ တင်လာတဲ့ကား ရွှေလီဖက်ကို ရောက်မယ်လို့ သတင်းပေးချက်ရတာကြောင့် အခုလို ဖမ်းဆီးလိုက်နိုင်တာဖြစ်ပြီး သံသယရှိသူတစ်ဦးကိုပါ ရွှေလီ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ မြွေသားကို အမြတ်တနိုးစားသုံးကြသူ များသလို မြွေ မွေးမြူရေးဟာလည်း အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာနေတယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားပါတယ်။

လိုင်ဇာမြို့ကို လမ်းလျှောက်သူများ အဖွဲ့ဝင်အင်အား ထပ်မံတိုးလာ


RFA Burmese

ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်ကြတဲ့ အမာခံလမ်းလျှောက် အဖွဲ့ဝင်တွေဟာ အခုဆိုရင် သံဃာတော်တွေအပါအဝင် အဖွဲ့ဝင်အင်အား ၅၀ နီးပါး ထပ်မံတိုးလာတာ အခုဆိုလမ်းလျှောက်တဲ့ အဖွဲ့ဝင်အင်အား တစ်ရာကျော် ရှိပြီဖြစ်ပြီလို့သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ကို ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေဟာ ဒီကနေ့ညမှာ မော်လူးကျေးရွာမှာ ရပ်နားမှာဖြစ်ပြီး လမ်းလျှောက်သူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်ပေမယ့် ဆက်သွယ်ရေးမကောင်းတဲ့ ဒေသတွေရောက်ရှိနေတာကြောင့် သတင်းအချက်အလက်ပေးတဲ့နေရာမှာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ လမ်းလျှောက်အဖွဲ့ဝင် ကိုဇင်ကိုကိုက RFA ကို ပြောပါတယ်။

"ဖုန်းလိုင်းတွေက မိလိုက်၊ ပျက်လိုက်ဆိုတော့ မီဒီယာနဲ့ အင်တာဗျူးတဲ့အခါတို့ သတင်းပေးတဲ့အခါတို့မှာ အခက်အခဲတွေဖြစ်နေတာပေါ့၊ ကျွန်တော်တို့ ဘယ်ရောက်နေလဲဆိုတာ ရန်ကုန်ကလူတွေ မသိကြဘူးဗျ၊ ဖုန်းတွေမမိတဲ့ အခါကျတော့ တော်တော်ကြီးကို အချိတ်အဆက်ပြတ်နေတယ်ဗျ"

မြင်းခြံကနေ လိုင်ဇာကို လမ်းလျှောက်ကြတဲ့ အဖွဲ့ကတော့ ရှမ်းပြည်နယ် ကျောက်မဲခရိုင်ကို ရောက်ရှိနေပြီး လိုင်ဇာကိုရောက်ရှိဖို့ မိုင်ပေါင်း တစ်ရာ့သုံးဆယ်ကျော် ခရီးဆက်လျှောက်ဖို့ ကျန်သေးတယ်လို့ မြင်းခြံလမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်က ပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ကစပြီး ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်ကြတဲ့အဖွဲ့နဲ့ မြင်းခြံမြို့ကနေ လိုင်ဇာကို လမ်းလျှောက်ကြတဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း နှစ်ဘက်ကနေ လျှောက်ကြတာဖြစ်ပါတယ်။