Tuesday, February 26, 2013

NLD ကြေညာချက်

ပလောင်ကျေးရွာတွင်လုံခြုံရေး တပ်ဖွဲ့များအားရိုက်နည်းသင်ပေးနေသောရဲအရာရှိ

မအူပင်မြို့နယ် မလက်တိုကျေးရွာ အုပ်စု ၊ ပလောင်ကျေးရွာတွင်လုံခြုံရေး တပ်ဖွဲ့များ
The Voice Weekly

ဘုန်းတော်ကြီးဒက်စမွန်တူတူအမေစုအတွက်ဆုတောင်းပေး



မြန်မာနိုင်ငံကိုရာက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ၃ နာရီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အသက် ၈၂ နှစ်အရွယ်ရှိတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး အမှန်တရားနဲ့ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတံဆိပ်များစွာ လက်ခံရရှိထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
သူဟာမြန်မာ့နိုင်ငံရေးကို အထူးအလေးထား စိတ်ပါဝင်စားသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျရောက်နေတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမြဲတစေ တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။
ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ဖေဖော်ဝါရီ ၂၅ ရက်က နိုင်ငံတကာလှည့်လည် ပညာရှာမှီးရေးအစီအစဉ်နဲ့ ပင်လယ်ရေကြောင်း ကမ္ဘာပတ်နေသော Semester at Sea သင်္ဘောနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပြီး သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၈၄ ခုနှစ်က ရရှိခဲ့ပါတယ်။
ရိုက်ကူး - ကိုခန့်၊ ကျော်ဇေယျာဝင်းDVB TV News

မလက်တိုကျေးရွာတွင် သေနတ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦးကျည်ဆံထိမှန်

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့
____________________________________
မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား သိမ်းယူခံခဲ့ရသော လယ်မြေများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦးရရှိသော သတင်းများအရ သိရှိရသည်။

ဖြစ်စဉ်မှာ မလက်တိုကျေးရွာအတွင်း သိမ်းယူခံထားရသော လယ်မြေများ ပြန်လည်ရရှိရေးနှင့် လက်ရှိလုပ်ကိုင်နေသော လယ်များအတွက် ရေအလုံလောက်စွာ ရရှိရေးအတွက် ဒေသခံလယ်သမားများက လွန်ခဲ့သည့် ၇ ရက်ခန့်ကတည်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ အခင်းဖြစ်ပွားရာနေရာသို့ ရန်ကုန်မှ ရဲတပ်ဖွဲ့အင်အား ၂၀၀ ခန့်နှင့် မအူပင်မှ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့် လာရောက် စောင့်ကြပ်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လာရောက်ထိန်းသိမ်းလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံလယ်သမားများအကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သဖြင့် မွန်းလွဲ ၁ နာရီချိန်မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရကာ ညနေ ၆ နာရီအချိန်တွင် သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်နှင့် ဒေသခံ ရွာသူရွာသား ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး မအူပင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။ ''ဆေးရုံကို လူနာတင်ယာဉ်တွေနဲ့လာတာ ၇ ခေါက်လောက်ရှိပါပြီ၊ ဒေသခံ အမျိုးသမီးနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။ တစ်ဦးက ကျည်ဆံဖောက်ဝင်သွားတယ်လို့ သိရတယ်။ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း အရေးပေါ်အခန်းမှာ ကုသနေတယ်လို့ သိရပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စုအတွင်းရှိ ပလောင်ကျေးရွာမှ ရွာခံလူတစ်ဦးက ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။
__________________________________
Ref:http://news-eleven.com/local/mandalay-news-and-local/18281



ဧရာဝတီတိုင်း၊ မအူပင်မြို့မှ (၁၂)မိုင်ဝေးသည့် ပလောင်ရွာတွင် လယ်သမားများ၏ ဆန္ဒဖော်ထုတ်မှုကိုရဲများကတားဆီးရာမှ အရပ်သား(၁၁) ယောက်နှင့်ရဲ (၂၉)ယောက် ဒါဏ်ရာ အပြင်းအထန်ရရှိပြီး မအူပင်ဆေးရုံကြီးသို့ တင်ထားရကြောင်း မအူပင်ဆေးရုံမှ သတင်းရရှိသည်။

မလက်တို ကျေးရွာအုပ်စု အတွင်းရှိ ရွာ(၆)ရွာမှ လယ်သမားများသည် သူတို့၏လယ်ဧက(၁၀၀၀)ကို၂၀၀၄ခုနှစ်ကတည်းက လျော်ကြေးမရပဲ သိမ်းခံထားခဲ့ရ၍ လယ်မြေများ ပြန်လည်ရရှိရေးအတွက် တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ ဆန္ဒဖော်ထုတ်သည်မှာယနေ့(၆)ရက်မြောက်နေ့ဖြစ်ကြောင်း၊ ညနေ(၂း၀၀)နာရီတွင် ရဲဌာနမှ ပုဒ်မ(၁၄၄) ထုတ်ပြန်ကြေငြာခဲ့ပြီး ညနေ(၅း၀၀)နာရီခန့်တွင် ရဲအင်အား(၃၀၀)ခန့်ဖြင့် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်းသိရသည်။

"အရပ်သားတစ်ဦးဖြစ်တဲ့ ကိုနိုင်ဝင်းကတော့ နောက်ကျောမှာ သေနတ်ဒါဏ်ရာ ရထားတယ်၊ ဦးခေါင်းကိုလည်းရိုက်ခံထားရတယ်၊ လက်မောင်းမှာလည်း သေနတ်ဒါဏ်ရာ ရထားလို့ ဒါဏ်ရာပြင်းထန်ပြီး မအူပင်ဆေးရုံကိုပို့ထား ရပါတယ်။အခြားဒါဏ်ရာရတဲ့ ရွာသားတွေလည်း ကြောက်ပြီးပုန်းနေကြတယ်။ အခုအဲဒီလို ဒါဏ်ရာ ပြင်းထန်ရပြီး ပုန်းနေတဲ့ရွာသားတွေကို ကူညီ ကုသပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ လိုက်ရှာနေကြပါတယ် ” ဟု ပျိုးခင်းသစ်ဖောင်ဒေးရှင်းမှ ကိုထိုက်ထိုက်က ပြောကြားသည်။

ယခုသိမ်းဆည်းခံထားရသော လယ်မြေဧက(၁၀၀၀)ကို ဒေါက်တာမြင့်စိန်ဆိုသူက ပိုင်ဆိုင်လျက်ရှိကာ ဧက(၅၅၀) ကို ငါးကန်များတူးထားပြီး၊ ကျန်ဧက(၄၅၀)ကို သီးစားချပေးထားကြောင်း ကိုလယ်(၁၅)ဧကသိမ်းခံထားရသည့် ပလောင်ရွာသား ကိုငြိမ်းမောင်ကပြောပြခဲ့ပါသည်။ ______________________



26-2-2013

Ref: Myanmar Age News Journal





Nay Wai

မအူပင် အဓိရုန်း ရဲ ၂၅ ဦးဒဏ်ရာရ လယ်သမား ၆ ဦးသေ

ကိုမင်းဇော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွှတ်တော် ကိုယ်စား လှယ်ရုံး အဖွဲ့ဝင် ) တယ်လီဖုန်းနှင့် ဆက်သွယ်ပြောဆိုချက်

နေ့လည် ၁၂ နာရီခန့်မှာ ကျနော့်ကိုဖုန်းဆက်ခေါ်တယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာကိုသွားတယ် ။ အဲဒီမှာ ပုဒ်မ ၁၄၄ ထုတ်ထားတယ် ကျနော်ရောက်တဲ့အချိန်က ၂ နာရီလောက်ရှိပြီ ။ ရဲချုပ်နဲ့ စစ်တိုင်းမှူးကို ၁၄၄ ရပ်ထားပေးဖို့မေတ္တာရပ်ခံတယ် ။ ကျနော်ကြားဝင်ပြီးပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ပြောပါတယ် ။ တောင်သူတွေက လက်ခံပါတယ် ။ ပြည်သူတွေထဲက လေးယောက် ကျနော်အပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူး တိုင်းဒေသ ၀န်ကြီး ရာယ်ဆွေးနွေးကြတဲ့အခါ ပြေလည်တယ် ။ တောင်သူတွေက သိမ်းဆည်းခံလယ်ယာတွေကိ လယ်ပြန်စိုက်ချင်တယ် ။ တောင်းဆိုတာကို စာနဲ့တောင်းဆိုပါ ဆောင်ရွက်ပေးမယ်လို့ပြောပါတယ် ။ အဲဒါနဲ့ပြေလည် သွား တယ် ။ ကျနော်က ရဲတွေတားထားတဲ့ခြံစည်းရိုးထဲကနေ သွားပြီး ပြည်သူ တွေကြားထဲမှာငြိတယ် ။ ဥပဒေဘောင်အတွင်းကနေ ပြန်တောင်း ဆိုမယ် စာတင်မယ် ။ လို့ပြောတဲ့ အခါ တောင်သူအများစုကလက်ခံတယ် ။ အဲဒီအချိန်မျာ ကိုမောင်စိုးဆိုသူက ((( နောက်ကြောင်းပြန်လှည့်ရင် ဘယ်လို လုပ် မလဲ ပြည်သူတွေအာဏာပိုင် ကိုမယုံနဲ့ ))) လို့ထပြောတယ် ။ ကျနော် ဥပဒေအတိုင်းမှမဆောင်ရွက်ရင် အသက်ဆုံးရှုံးမယ် ကိုယ်လိုချင်တာ ကိုမရ ဘူး ဖြစ်မယ် အဲလိုပြောတော့ မောင်စိုးက ((( အခုချက်ခြင်း မရရင် ကျနော်တို့က မယုံဘူး )))လို့ပြောတယ် ။ အဲဒါနဲ့ ငြိနှိုင်းပေးလို့မှမရရင် ကျနော်ပြန်မယ် ။ ကျနော်လည်းပြန်လို့ ရဲတွေသတ်မှတ်ထားတဲ့ ခြံစည်းရိုး အတား အဆီးအပြင်ကို ကျနော်ရောက်တာနဲ့ ( ၅ - ၄၄ ) အတိ စပြီး - ရဲတွေက ဒိုင်းတွေ သူတို့မှာပါလာတဲ့ တုတ်တွေနဲ့ ညာသံပေးပြီးရိုက်တယ် ။ အဲဒီအချိန်မှာ ရဲတွေကို ရွာသားတွေက ၀င်ရိုက်တယ် ။ တုတ်တွေကော ဓါးတွေကောတွေ့တယ် ။ ရွာသားအင်အား ၂၀၀ ခန့်လောက်ရှိလိမ့်မယ် ။ ရဲအင်အားကတော့ ၂၀၀ ကျော်လောက်ရှိတယ် ။ ရိုက်နှက်တဲ့ အချိန် ၁၅ မိနစ်လောက်ဝန်းကျင်လောက်ဖြစ်နေပါတယ် ။ ပထမ ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး ၅ မိနစ်လောက်မျာ သေနတ်သံတွေကြား ရပါတယ် ။ သေနတ်သံ ဆယ့်လေးငါးချက်လောက်တော့ကြားတယ် ။ ကျနော် တို့လည်း အခင်းဖြစ်တဲ့ချောင်းရဲ့ တစ်ဘက်ကမ်းကို ထွက်ပြေး ခဲ့တယ် ။ NLD လူငယ် ကျနော်အပါအ၀င် လေးငါးဆယ်ဦး လောက်ရှိတယ် ။ ကျနော်တို့ ဟိုဘက်ကမ်းရောက်တဲ့အချိန်မှာဘဲ ရဲလူနာတွေသယ်ထုတ်လာတာတွေ့ရတယ် - ကျနော်ပြန်တဲ့အချိန်အထိကို ၂၅ ဦးဒဏ်ရာရနေပြီ ။ ပထမဆုံးတွေ့လိုက်တဲ့ရဲက စောင်ပုခက်နဲ့သယ်လာ တာ မျက်နှာမှာသွေးသံရဲရဲတွေ့တယ် ။ အခုဆို လယ်သမား ၆ ဦးသေတယ်လို့သတင်းရနေပါပြီ ။

________________________________________________________________

_Ko Shin

လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။ အကြောင်းစုံကို ဆက်လက်ရှိချင် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။