Wednesday, February 27, 2013

နိုင်ငံခြားသူလေး နန်းမွေငင်းရဲ့ မြန်မာဘာသာနဲ့ဆိုတဲ့ ရှမ်းသီချင်း



ပြည်သူ ကို မကူညီ တဲ့ ရဲ တပ် ဖွဲ့ 

Freedom News Group(Burma)'s photo.
ပြည်သူ ကို မကူညီ တဲ့ ရဲ တပ် ဖွဲ့  
_________________________________________
၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့သည်။ ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှ အဆိုပါကိစ္စကို မိမိတို့ရဲစခန်းမှ တာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိပြည်သူတယောက် အနေဖြင့် သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေသည်။
ထိုသို့ တာဝန်ကျရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ်အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင်များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့်မှတ်တမ်းယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သောအလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။

via - New Myanmar Foundation 
သတ္တိခဲ ( Myanmar Police Force )

ပြည်သူ ကို မကူညီ တဲ့ ရဲ တပ် ဖွဲ့ 
_________________________________________
၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့သည်။ ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှ အဆိုပါကိစ္စကို မိမိတို့ရဲစခန်းမှ တာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိပြည်သူတယောက် အနေဖြင့် သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေသည်။
ထိုသို့ တာဝန်ကျရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ်အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင်များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့်မှတ်တမ်းယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သောအလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။

via - New Myanmar Foundation
သတ္တိခဲ ( Myanmar Police Force )

ကျည်ကာကားနှင့် ဇိမ်ခံကား ဝယ်ရန် အစိုးရတောင်းခံငွေမှ ၅ဝ ရာခိုင်နှုန်းဖြတ်ရန် လွှတ်တော်တွင်းတင်ပြချက် ပြည်သူ့ဘက်မှ ရပ်တည်မှုဟု ဆို



Popular Myanmar News Journal

အစိုးရအဖွဲ့သုံးမည့် နောက်ဆုံးပေါ် ဇိမ်ခံကားများနှင့် မာစီးဒီးကျည် ကာကားများ ဝယ်ယူရေးအတွက်အစိုးရ၏တင်ပြ ငွေ ၅ဝ ရာခိုင်နှုန်း ကို ဖြတ်တောက်ရန် ဦးမင်းဆွေ (ဒိုက်ဦးမဲ ဆန္ဒနယ်)၏တင်ပြချက် သည် ပြည်သူ့ဘက်မှရပ်တည်ချက် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။

''လူထုဘက်က ရပ်တည် ပြီးပြောတာပဲ။ သူကတပ်မတော် မှာ ဗိုလ်မှူးကြီးရာထူးနဲ့ တာဝန်ထမ်းဖူးတယ်။ ဗကပ တွေနဲ့ဖြစ်နေတဲ့အချိန် ၁၁၅မိုင် ကို အခုအချိန်နဲ့ ထင်ဟပ်ပြီး ပြသွားတာ ရှင်းနေတာပဲ။ ကျည်ကာကားငါးစီးဝယ်တာ ဘယ်သူ့အတွက်လဲ ရှင်းလင်း ဖို့လိုတယ်။ ရှင်းထားရင် ဒီလို ဖြစ်မလာပါဘူး။ ဦးမင်းဆွေ ရဲ့ ဆွေးနွေးချက်ကို ကိုယ် စားလှယ် တော်တော်များများ က လက်ခံပါတယ်'' ဟု ဦးသိန်းညွန့်က ဆိုသည်။
ဖေဖော်ဝါရီလ ၂၅ရက် နေ့တွင် ကျင်းပသော ပြည် ထောင်စု လွှတ်တော် အစည်း အဝေးတွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၏ အမျိုးသား စီမံကိန်းဥပဒေကြမ်း နောက် ဆက်တွဲတွင်ပါဝင်သော အစိုးရ အဖွဲ့မှ တင်ပြတောင်းခံငွေပါ အချက်များနှင့် ပတ်သက်၍ ¤င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''လုံခြုံရေးအရ လိုအပ် လို့Bullet Proof ကား တွေ ဝယ်မယ်ဆိုရင်တော့ ကန့်ကွက်စရာ မရှိပါဘူး။ အဆောင်အယောင် အနေနဲ့ ဝယ်မယ်ဆိုရင်တော့ ပြည် ထောင်စုလွှတ်တော် ကိုယ်စား လှယ်ကြီးများ တစ်နေ့ကျပ် ၅ဝဝ ပေးပြီးတော့ ဘတ်စ် ကားစီးပြီးတော့ လွှတ်တော် တက်နေရတဲ့ အချိန်၊ လယ် သမားတွေလည်း ...

တစ်နေ့ ထမင်းတစ်နပ်စားပြီး အလုပ်လုပ်ဖို့ လမ်းညွှန်မှု ပေးခံရတဲ့ အချိန်မှာ ဝယ်သင့်မဝယ်သင့် ချင့် ချိန်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒါ ကြောင့်မို့လို့ Bullet Proof ကား အပါအဝင် ၅ဝရာခိုင်နှုန်း လျှော့ချ သင့်ပါကြောင်း တင်ပြပါတယ်''ဟု ၄င်းက ပြောသည်။

၁၉၄၉ ခုနှစ် ရန်ကုန်အစိုးရဟု အခေါ်ခံရသည့် အချိန်အပြင် ၁၉၇ဝမှ ၁၉၇၅ ခုနှစ်ဝန်းကျင်၊ ဗကပအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက် ခိုက်နေသည့်အချိန်၌ပင် ကျည်ကာ ကားများ အသုံးပြုခဲ့ရသည်ကို မ ကြားဖူးကြောင်း ¤င်းကထပ်လောင်း ပြောသည်။

၂ဝ၁၃-၂ဝ၁၄ ရင်းနှီးမြှုပ်နှံမှု လျာထားချက် (အခြားအသုံး စရိတ် ခေါင်းစဉ်အောက်) တွင် Toyota Camry XLE ၂ဝ၁၂ မော်ဒယ် ၅ဝ စီးဝန်ဆောင်မှုအတွက် ကုန်ကျစရိတ် ကျပ်(၄ဝ၆၆ ဒသမ ၂၅) သန်း၊ B6 Armored sedan based on Mercedes S500L (V221) Bullet Proof ၅ စီးဝယ်ရန်အတွက် ကုန် ကျစရိတ် ကျပ် ၄၁၈၄ ဒသမ ၆ သန်း၊ Mercedes Pullman ၂ဝဝ၂-၂ဝ၁၂ မော်ဒယ် ၂ စီး အတွက်ဝန်ဆောင်မှုအတွက် ကုန် ကျစရိတ်ကျပ် ၁ဝ၅၇ ဒသမ ၈၂၅ သန်း၊Mercedes S350 Bluetec ၂ဝ၁၂ မော်ဒယ် ၄ဝ စီးဝယ်ရန် အတွက်ကုန်ကျစရိတ် ကျပ် ၇ဝ၇ဝ ဒသမ ၈ သန်းနှင့် Audi A-6 ၂ဝ၁၂ မော်ဒယ် ၃ဝ စီးအတွက် ကုန်ကျ စရိတ် ကျပ် ၂ဝ၉၁ ဒသမ ဝ၂၉ သန်း၊ စုစုပေါင်း ၁၈၄၇ဝ ဒသမ ၅ဝ၄ သန်း လျာထား တောင်းခံထားကြောင်းသိရသည်။

''ဒါနဲ့ ပြီးပြီလားဆိုတော့ မပြီး သေးပါဘူး။ ကြည့်လိုက်တဲ့အခါမှာ ကာလတို ၅ နှစ်စီမံကိန်းမှာ ကား ဝယ်ဖို့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွက် ကားဝယ်ဖို့ ကျပ် ၁၃၈၃၂ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် ကားဝယ်ဖို့ ကျပ် ၁၅၂၁၅ ဒသမ ၃ သန်း လျာထားတာ တွေ့ ရပါတယ်။ကားသစ်ကြီးတွေ latest model ကိုဝယ်ထားတာ တစ်နှစ် လောက်နဲ့ မပျက်ဘူး ထင်ပါတယ်'' ဟု ၄င်းက ပြောသည်။

ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ်တွင် အစိုးရမှဝယ်ခဲ့သည့် ကား များ၏တန်ဖိုးမှာ စုစုပေါင်း ကျပ် ၁ဝ၆၁၈ ဒသမ ဝဝ၅ သန်း၊ နိုင်ငံ ပိုင်ကန်ဒေါ်လာ ၁ဝ သန်း ကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ၄င်း၏ ပြော ကြားချက်အရ သိရသည်။

ဦးမင်းဆွေ၏ ပြောကြား ချက်နှင့်ပတ်သတ်၍ တရားလွှတ် တော်ေ ရှ့နေဦးကိုနီက''ခုလို ပွင့် လင်းလာတဲ့အချိန်မှာ နိုင်ငံခြားက အကြီးအကဲတွေလာရင် ဒီလိုကျည် ကာကားတွေလိုအပ်လာမယ်၊ လုံ ခြုံရေးအရ လိုအပ်တာက အမှန်ပဲ၊ လွှတ်တော်က အတည်ပြုသင့်ပါ တယ်၊ ဘတ်ဂျတ်ကိစ္စကိုတော့ မ ပြောလိုပါဘူး၊ ကိုယ့်နိုင်ငံမှာ ဆင်း ရဲနေလို့သာ၊ ကိုယ့်နိုင်ငံခေါင်းဆောင် အတွက်လည်းလိုပါတယ်''ဟု ပြော သည်။

အောင်ထက် ( NYK )၊ စိုင်းနောင်

၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ပါကလည်း တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာ ဖော်ပြ

Wednesday, 27 February 2013 10:00
မြန်မာ့ဒီမိုကရက်တစ် အကူးအပြောင်းသည် အာရှ၌ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားများအတွက် စစ်မြေပြင်သစ် ဖြစ်လာကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ပါကလည်း မြန်မာနိုင်ငံ၏
တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာ ဖော်ပြ
Biweekly-2-feb27
မြန်မာ့ဒီမိုကရက်တစ် အကူးအပြောင်းသည် အာရှ၌ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားများအတွက် စစ်မြေပြင်သစ် ဖြစ်လာကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
ဆောင်းပါးရှင် Bi Shihong ၏ 'No need to create false gulf between Beijing, Nay Pyi Taw' ဆောင်းပါးကို The Global Times သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ဒေသတွင်း လွှမ်းမိုးမှုကို တားနိုင်ရန်အတွက် မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရန် အမေရိကန်က ရည်ရွယ်လာကြောင်း၊ ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအား ကြွေးလျှော်ပစ်ခြင်း၊ ချေးငွေသစ်ထုတ်ချေးခြင်း စသည့် စီးပွားရေး အကူအညီများဖြင့် ဆွယ်ရန် အသည်းအသန် ကြိုးစားနေကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ အနေနှင့် အိန္ဒိယ-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကို အားထုတ်ကြိုးပမ်းလာကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင်ပြီး အမေရိကန်အနေနှင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်ဆောင်ရွက်မှု အမျိုးမျိုးကို ကျင့်သုံးလာကြောင်း၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်နှင့် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားတို့သည် မြန်မာနိုင်ငံသို့ ဆက်တိုက်လာရောက် လည်ပတ်ခဲ့ပါကြောင်း၊ ၀ါရှင်တန်အနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းခဲ့ပါကြောင်း၊ ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကို စေလွှတ်ခြင်းဖြင့် သံတမန် ဆက်ဆံရေးကို နဂိုအတိုင်း ပြန်ဖြစ်စေခဲ့ကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ အပေါ်ယံဆက်ဆံရေးသစ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပျားရည်ဆမ်းခရီးဟု အဓိပ္ပာယ် မသက်ရောက်ပါကြောင်းဟု The Global Times သတင်းစာက ဖော်ပြခဲ့သည်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေစဉ်အတွင်း မြန်မာနိုင်ငံသည် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဦးသိန်းစိန် အစိုးရလက်ထက်၌ အနောက်နိုင်ငံများ အနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ အားလုံးကို အလုံးစုံ ရုပ်သိမ်းသွားရေး မဖြစ်နိုင်ကြောင်း ထို့ပြင် အမေရိကန်အနေနှင့် မြန်မာအစိုးရကို သင့်လျော်သည့်ဆုလာဘ် မချီးမြှင့်သေးပါကြောင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအားလုံးကို အပြည့်အ၀ မရုပ်သိမ်းသေးပါကြောင်းနှင့် မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန်စီးပွားရေး လုပ်ငန်းများသည် အပြင်ပန်းအသွင်သဏ္ဌာန်သာ ရှိပြီး ရင်းနှီးမြှုပ်နှံမှုများ ရှိမလာသေးကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အမေရိကန်က ပေးထားသည့် ထောက်ခံမှုများအတွက် မြန်မာအစိုးရအနေနှင့် အမေရိကန်အပေါ် မနာလို မုန်းတီးမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သည့် မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံအပေါ် မှီခိုအားထားလိုစိတ် မရှိသလို အမေရိကန်ကဲ့သို့ စူပါပါဝါတစ်ခုအပေါ် အလွန်အကျွံ မှီခိုရမှုကိုလည်း မလိုလားကြောင်း၊ ဂျပန်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂနှင့် အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန်အတွက် စုစည်းဆောင်ရွက်နိုင်ခဲ့ပြီး တရုတ်- မြန်မာ ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ စီးပွားရေး အသာစီးရမှုကို အားနည်းစေခဲ့ကြောင်းနှင့် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အနည်းနှင့်အများ သက်ရောက်မှု ရှိစေခဲ့ကြောင်း The Global Times သတင်းစာက ဆက်လက်ဖော်ပြခဲ့သည်။
Biweekly-3-feb27
အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယတို့တွင် တရုတ်နိုင်ငံအား ထိန်းချုပ်ရန် တူညီသည့် ပန်းတိုင်ရှိသော်လည်း ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မလိုလားကြောင်း၊  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေစဉ်အတွင်း မြန်မာနိုင်ငံသည် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဦးသိန်းစိန် အစိုးရလက်ထက်၌ အနောက်နိုင်ငံများအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ အားလုံးကို အလုံးစုံ ရုပ်သိမ်းသွားရေး မဖြစ်နိုင်ကြောင်း The Global Times သတင်းစာက ရေးသားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံ၏ အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် ခိုင်မာသည့် အခြေခံအပေါ် တည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်လာသည့် အတွက်ကြောင့် အလွယ်တကူ သက်ရောက်မှုများ မရှိနိုင်ပါကြောင်း သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် ပြောင်းလဲမှု ရှိလိမ့်မည်မဟုတ်ကြောင်းကို ကတိပြုပြောကြားခဲ့ကြောင်း၊ အကယ်၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အားလုံးကို အနောက်နိုင်ငံများက အလုံးစုံ ရုပ်သိမ်းခဲ့ပါကလည်း မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုကို လိုအပ်နေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံမှ တဖြည်းဖြည်း ဝေးကွာလာခဲ့ပါက တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရလိမ့်မည် ဖြစ်ကြောင်း The Global Times သတင်းစာက ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်-မြန်မာ ဆက်ဆံရေးတွင် နယ်စပ်ဒေသ လုံခြုံရေးသည်လည်း ဆတ်ဆတ်ထိမခံသော သတိထားရမည့် ကိစ္စရပ်အဖြစ် တည်ရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဖော်ပြခဲ့သည်။
 news-eleven.com

"မအူပင်ရောက် သတင်းသမားများအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"

Popular Myanmar News Journal's photo.
"မအူပင်ရောက် သတင်းသမားများအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ သတင်းသွားယူသော Popular News ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော 
ရဲများတာဝန်ယူစောင့်ကြပ်နေသည့်ပုံများ၊ စုစည်းကာထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီးတစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေးခဲ့ရကြောင်းသိရသည်။

"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ပုံမျိုးတွေကိုတော့ရိုက်ခွင့်မပေးဘူး။ကျွန်တော်ရိုက်ထားတဲ့ ပုံတွေကိုဖျက်ခိုင်းတယ်။ ပြောတာကတော့ 
ပြေပြေလည်လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်းတစ်ယောက်ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့ 
သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု  အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အခြားသတင်းဌာနများမှ ဓာတ်ပုံဆရာများအားလည်း ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းသိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း) အခန်း(၃)၊ ပုဒ်မ၁၁ တွင် "နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊ 
သတင်းပေးခွင့်ရှိခြင်း"၊ ပုဒ်မ၁၂ တွင် "နိုင်ငံသားများသိခွင့်ရှိသောသတင်းအချက်အလက်များကိုတားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ်ကိုင် ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ 
လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ရေးသားခွင့်၊ ထုတ်လွှင့်ခွင့်ရှိခြင်း"၊ ပုဒ်မ ၂၃ တွင် "အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရယူနေသော သတင်းထောက်များကို 
ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊ စာရွက် စာတမ်းများ) တို့ကိုသိမ်းဆည်းခြင်းအာဏာပိုင်များမှ မှတ်တမ်းတင်ထားခြင်းတို့မှ ကင်းလွတ်ခွင့် ရှိခြင်း" စသည်ဖြင့်ဖော်ပြထားသည်။

"Format ချလိုက်လဲ ကိစ္စမရှိဘူးလေ။ ရုံးက ကွန်ပျူတာ ဌာနကို အဲဒီကပ်ပေးလိုက်ရင် ပုံတွေ ပြန်ဖော်လို့ရတဲ့ ဆော့ဖ်ဝဲရှိတယ်။ ဒီတော့သူတို့ဘာပဲလုပ်လုပ် ကျွန်တော် လုပ်ခွင့်ပေးလိုက်ပါတယ်၊ အခုလဲ ပုံတွေ အကုန်ပြန်ရပါတယ်"ဟု  အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အောင်နိုင်စိုး(ကစ္ဆပ)သည် အမျိုးသားသတင်းဆုကော်မတီက ချီးမြှင့်သော ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးသတင်းဓာတ်ပုံဆု ရရှိခဲ့သူဖြစ်သည်။

PP



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ သတင်းသွားယူသော Popular News ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော
ရဲများတာဝန်ယူစောင့်ကြပ်နေသည့်ပုံများ၊ စုစည်းကာထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီးတစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေးခဲ့ရကြောင်းသိရသည်။

"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ပုံမျိုးတွေကိုတော့ရိုက်ခွင့်မပေးဘူး။ကျွန်တော်ရိုက်ထားတဲ့ ပုံတွေကိုဖျက်ခိုင်းတယ်။ ပြောတာကတော့
ပြေပြေလည်လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်းတစ်ယောက်ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့
သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အခြားသတင်းဌာနများမှ ဓာတ်ပုံဆရာများအားလည်း ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းသိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း) အခန်း(၃)၊ ပုဒ်မ၁၁ တွင် "နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊
သတင်းပေးခွင့်ရှိခြင်း"၊ ပုဒ်မ၁၂ တွင် "နိုင်ငံသားများသိခွင့်ရှိသောသတင်းအချက်အလက်များကိုတားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ်ကိုင် ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ
လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ရေးသားခွင့်၊ ထုတ်လွှင့်ခွင့်ရှိခြင်း"၊ ပုဒ်မ ၂၃ တွင် "အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရယူနေသော သတင်းထောက်များကို
ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊ စာရွက် စာတမ်းများ) တို့ကိုသိမ်းဆည်းခြင်းအာဏာပိုင်များမှ မှတ်တမ်းတင်ထားခြင်းတို့မှ ကင်းလွတ်ခွင့် ရှိခြင်း" စသည်ဖြင့်ဖော်ပြထားသည်။

"Format ချလိုက်လဲ ကိစ္စမရှိဘူးလေ။ ရုံးက ကွန်ပျူတာ ဌာနကို အဲဒီကပ်ပေးလိုက်ရင် ပုံတွေ ပြန်ဖော်လို့ရတဲ့ ဆော့ဖ်ဝဲရှိတယ်။ ဒီတော့သူတို့ဘာပဲလုပ်လုပ် ကျွန်တော် လုပ်ခွင့်ပေးလိုက်ပါတယ်၊ အခုလဲ ပုံတွေ အကုန်ပြန်ရပါတယ်"ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အောင်နိုင်စိုး(ကစ္ဆပ)သည် အမျိုးသားသတင်းဆုကော်မတီက ချီးမြှင့်သော ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးသတင်းဓာတ်ပုံဆု ရရှိခဲ့သူဖြစ်သည်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးရန်ကုန်မြို့ အမေရိကန်စင်တာမှတွေ့ဆုံပွဲ


DVB TV News
တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ဖေဖော်ဝါရီလ ၂၇ရက်နေ့က ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ မီဒီယာသမားတွေနဲ့ ၁နာရီကျော်ကြာတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လွတ်လပ်ခြင်းဟာ ဖိနှိပ်ခြင်းထက်ဈေးပေါပါတယ်လို့ ပြောကြားသွားပါတယ်။ (Freedom is cheaper than oppression)

ဖားအောက်တောရ အဓွန့်ရှည်စေရန်ငွေကျပ်သိန်းပေါင်း ၉၅ဝဝ အား ၁၇ နှစ်အရွယ်လူငယ်တစ်ဦးမှလှူဒါန်း

Popular Myanmar News Journal's photo.
"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း 
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု 
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် 

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။                
 
PN-051
‎"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း ၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြလိုက်ခြင်းဖြစ်သည်ဟုဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။

ပလောင်ကျေးရွာသားများပြောစကားရုပ်သံ



ကိုစိုင်းသိစေရန်.....

Bright Aungaung's photo
ကိုစိုင်းသိစေရန်.....

ဂျော်ဒန်နိုင်ငံဆိုတာဟာ မြန်မာသံရုံးလုံးဝမရှိပါဘူး

ဒီလိုနိုင်ငံမျိုးကို ကိုစိုင်း စပြီး ပို့စဉ်အခါတည်းက တစ်ခုခုဖြစ်လာခဲ့ရင်

ဘယ်လိုကူညီဆောင်ရွက်ပေးရမည်ဆိုတာကို ကိုစိုင်း မစဉ်းစားခဲ့ဘူးလား

ယခုလိုဖြစ်လာတဲ့အခါမှာအလုပ်သမားတွေဘက်ကနေတာဝန်ယူဖြေရှင်းပေးခြင်း

လုံးဝမရှိဘူးဆိုရင်တော့ ကိုစိုင်းမှာ လုံးဝတာဝန်ရှိသွားပါပြီ နောက်ထပ်စောင့်လို့

ယခုလိုပဲ တာဝန်မယူဘူးဆိုရင်တော့ အလုပ်သမားတွေရဲ့ မိဘဆွေမျိုးများမှ

လက်ပိုက်ကြည့်နေလို့လုံးဝမရတော့ပါ လှည်းတန်းမှာ ဖွင့်လစ်ထားသောရုံးခန်း

သို့လာရောက် ရှင်းလင်းရပါလိမ့်မည်ဟု အသိပေးလိုက်ပါသည်။

အလုပ်သမားများ၏ မိဘဆွေမျိုးများ
ဂျော်ဒန်ယောက်မြန်မာ cmj အလုပ်ဆန္ဒပြအလုပ်သမားများကိုnew sai ကုပ္မဏီတာဝန်ရှိသူကိုစိုင်းကတာဝန်ယူဖြေရှင်းပေးမည်ဆိုပြီး ၁၄ ရက်ကြာရှိနေပြီးဘာမှထူးခြားမှုမရှိသေးပါသူဌေးဘက်ကရက်တည်ပေးနေပြီးအချိနကိုကြာမြင့်စွာစွဲထားပါသည် သူချင်းများအားလုံးနီးစပ်ရာမီဒီယာများသို့သတင်းပို့ပေပြီးအကူအညီတောင်းခံပါသည် အထက်ပါပုံနှင့်တကွသူသည် New SAI မှတာဝန်ရှိသူကိုစိုင်းဖြစ်ပါသည်။


ဂျော်ဒန်နိုင်ငံဆိုတာဟာ မြန်မာသံရုံးလုံးဝမရှိပါဘူး
ဒီလိုနိုင်ငံမျိုးကို ကိုစိုင်း စပြီး ပို့စဉ်အခါတည်းက တစ်ခုခုဖြစ်လာခဲ့ရင်
ဘယ်လိုကူညီဆောင်ရွက်ပေးရမည်ဆိုတာကို ကိုစိုင်း မစဉ်းစားခဲ့ဘူးလား
ယခုလိုဖြစ်လာတဲ့အခါမှာအလုပ်သမားတွေဘက်ကနေတာဝန်ယူဖြေရှင်းပေးခြင်း
လုံးဝမရှိဘူးဆိုရင်တော့ ကိုစိုင်းမှာ လုံးဝတာဝန်ရှိသွားပါပြီ နောက်ထပ်စောင့်လို့
ယခုလိုပဲ တာဝန်မယူဘူးဆိုရင်တော့ အလုပ်သမားတွေရဲ့ မိဘဆွေမျိုးများမှ
လက်ပိုက်ကြည့်နေလို့လုံးဝမရတော့ပါ လှည်းတန်းမှာ ဖွင့်လစ်ထားသောရုံးခန်း
သို့လာရောက် ရှင်းလင်းရပါလိမ့်မည်ဟု အသိပေးလိုက်ပါသည်။

အလုပ်သမားများ၏ မိဘဆွေမျိုးများ

ဂျော်ဒန်ရောက်မြန်မာ cmj အလုပ်ဆန္ဒပြအလုပ်သမားများကိုnew sai ကုပ္မဏီတာဝန်ရှိသူကိုစိုင်းကတာဝန်ယူဖြေရှင်းပေးမည်ဆိုပြီး ၁၄ ရက်ကြာရှိနေပြီးဘာမှထူးခြားမှုမရှိသေးပါသူဌေးဘက်ကရပ်တည်ပေးနေပြီးအချိန်ကိုကြာမြင့်စွာဆွဲထားပါသည် သူငယ်ချင်းများအားလုံးနီးစပ်ရာမီဒီယာများသို့သတင်းပို့ပေးရန်အကူအညီတောင်းခံပါသည်။ အထက်ပါပုံသည် New SAI မှတာဝန်ရှိသူကိုစိုင်းဖြစ်ပါသည်

…. ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် ….




စုစုနွေး

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။ မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။

ဧရာဝတီတိုင်း ဒုရဲမှူးကြီး၊ခရိုင်အုပ်ချုပ်ရေးမှူးတို့နဲ့ ဆွေးနွေးစဉ်




 မအူပင် လယ်မြေပဋိပက္ခ သေဆုံးထိခိုက်မှုရှိ

မအေးအေးမာ, အောင်ရဲ မောင်မောင်

27.02.2013
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုဝင် ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ မှာ လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေတွေကို ပြန်ပြီး ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးသွားပြီးတော့ အရပ်သား အမြောက်အများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ က မအူပင်မြို့နယ်ထဲက လယ်သမားတွေနဲ့ ရဲတွေရဲ့ နောက်ဆုံး အခြေအနေကို တင်ပြထားပါတယ်။

မအူပင်မြို့နယ်ထဲက ကျေးရွာပေါင်း ၆ ရွာကနေ သိမ်းဆည်းထားတဲ့ လယ်မြေဧက ၅၀၀ ကျော်ကို Orchard ကုမ္ပဏီက ၁၉၉၆ ခုနှစ်က သိမ်းဆည်းခဲ့ပြီးတဲ့နောက် ငါးကန်များ တူးထားရာကနေ အခုနောက်ပိုင်း အသုံးမပြုတော့တဲ့အတွက် မူလပိုင်ရှင် လယ်သမားတွေက လယ်မြေတွေကို ပြန်ရဖို့အတွက် ကြိုးစားရင်းနဲ့ ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။

ဒေသခံလယ်သမားတွေကို အကူအညီပေးနေတဲ့ လမ်းပြကြယ်အဖွဲ့က ဦးထွန်းနိုင်ကတော့ လယ်သမားတွေဘက်က ထိခိုက်ခံရမှု အခြေအနေကို အခုလို ပြောပါတယ်။

“ကိုသန်းရွှေ ခေါင်းကို သူက ဒုတ်နဲ့ အရိုက်ခံထားရတယ်။ ကိုနိုင်ဝင်း ကျောပြင်ကို သေနတ်မှန် တယ်။ စိုးမင်းဦး မေးစေ့တို့ နားထင်တို့ ကျည်ဆန် ရှပ်မှန်ထားတယ်။ ကိုဝင်းနိုင် သူကတော့ ခေါင်း အရိုက်ခံရတယ်။ သုံးချက် အချုပ်ခံရတယ်။ ဒေါ်တင်တင်နွယ်က ဗိုက်ကို ရိုက်တယ်။ ဖိနပ်တွေ နဲ့ ဆောင့်ကန်တယ်။ အဲ့ဒါ ကလေးပျက်ကျသွားတယ်။ အခုအချိန်ထိ သတိမရသေးဘူး။ အဲ့ဒီ ကလေးမက။ ဒေါ်ဥမ္မာစမ်း အမျိုးသမီးပေါ့နော် သူက လက်ကျိုးသွားတယ်။ ဒေါ်အေးအေးခိုင် ဆိုတာကတော့ ညာဘက်က နံရိုးကို ထိသွားတာပေါ့နော်။ နံရိုးကို အရိုက်ခံရတာ။ ဒေါ်မူမူဝင်း ကတော့ ခေါင်း ၆ ချက် ချုပ်ရတယ်။ ဒေါ်နွယ်စိမ်းက နှုတ်ခမ်းရဲ့ ထိပ်ကို သူက သေနတ် ရှပ်မှန် သွားတယ်လေ။ အခုလောလောဆယ် စုစုပေါင်းကတော့ ၁၉ ဦး ၂၀ လောက်တော့ ရှိတယ်။ အားလုံးပေါင်း။ သေနတ်မှန်တာက ၃ ဦး အတိအကျရတယ်။”

ရဲတွေဘက်ကလည်း လယ်သမားတွေရဲ့ ရိုက်နှက်မှုကို ပြန်ပြီးတော့ ခံခဲ့ရတာပါ။ လူနာတွေကို အကူအညီ ပေးနေတဲ့ ပျိုးခင်းသစ် ဖောင်ဒေးရှင်း တည်တောင်သူ ကိုထိုက်ထိုက် ကတော့ မအူပင်ဆေးရုံကို မနက်ပိုင်းမှာ လူနာတွေ ထပ်ရောက်လာတဲ့ အကြောင်းကို အခုလို ပြောပြ ပါတယ်။

“ဒီမနက် လူနာ ၄ ယောက် ထပ်ရောက်တယ်။ ၁၂ နာရီဝန်းကျင်လောက်မှာပေါ့။ ၂ ယောက်က သေ နတ်မှန်တဲ့ ဒဏ်ရာနဲ့ပေါ့။ သေနတ်မှန်တဲ့ဒဏ်ရာက အခုဘယ်လောက်ရှိသွားပြီလဲဆိုတော့ ကျနော် ထင်တယ်၊ ညကကျနော်တို့ သယ်လာတာက ၂ ယောက်ဆိုတော့ ဒီနေ့ ၂ ယောက်ဆိုတော့ ၄ ယောက်အမ။ ရန်ကုန်ကိုမနေ့က ပို့လိုက်ရတဲ့ရဲတယောက် ဆုံးသွားပြီအမ။”

အာဏာပိုင်တွေဘက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေလည်ပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဖယ်ရှားခိုင်းနေပေမဲ့ လယ်သမားတွေက လယ်ပြန်ရရှိရေး တောင်းဆိုနေတဲ့အတွက် ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ဖြစ်ခဲ့ရတာပါ။  မအူပင်မြို့နယ် ရဲစခန်းမှူး ဦးသိန်းဝင်းကို ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်သွယ်မေးမြန်း ကြည့်ခဲ့ပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေပါတယ်ခင်ဗျ။

မေး။          ။ အရပ်သားတွေထဲကရော။
“အရပ်သားတွေမှာ အသေအပျောက် မရှိပါဘူးခင်ဗျာ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အရာရှိ ၂ ဦးနဲ့ အခြားအဆင့် ၂၆ ဦး အားလုံးပေါင်း ဒဏ်ရာရပါတယ်။”

မေး။          ။ ဟုတ်ကဲ့ အရပ်သားတွေမှာရော ဒဏ်ရာရတဲ့သူ ဘယ်လောက်များ ရှိပါလဲရှင့်။
“ဒဏ်ရာရတာက ယောက်ကျား၊ မိန်းမ ၁၅ ယောက်လောက် ရှိပါတယ်။”

မေး။          ။ သူတို့မှာရော သေနတ်ဒဏ်ရာကြောင့် ပြင်းထန်တာမျိုး ရှိပါသလားရှင့်။
“ပြင်းထန်ဒဏ်ရာမရှိပါဘူး၊ သာမန်ဒဏ်ရာတွေ များပါတယ်၊ ပွန်းရုံပဲ့ရုံပါ။”

မေး။          ။ ဆိုတော့ အခု ဒီအခြေအနေကို ဘယ်လိုများ ထိန်းသိမ်းထားမှု ရှိပါသလဲရှင့်။
“အခုလက်ရှိကတော့ ကျနော်တို့ စစ်ဆေး ဖော်ထုတ်ဆဲပါပဲခင်ဗျ။ အခု လူအုပ်နဲ့ဆိုတော့လေ အဲဒါကို စုံစမ်း ဖော်ထုတ်ဆဲပါပဲ။”

မေး။          ။ အခြေအနေတွေက တင်းမာမှုတွေ ဆက်ရှိနေတုန်းပဲလားရှင့်။
“အခုတော့ လူလည်း မရှိတော့ဘူးပေါ့နော်။ ဒါပေမဲ့လို့ ပြီးတော့မပြီးသေးဘူးပေါ့။”

မေး။          ။ မနေ့က ပစ်ခတ်မှုက ဘယ်လို အခြေအနေကြောင့် ဖြစ်သွားတာလဲရှင့်။
“သူတို့ဘက်က ဒုတ်တွေ၊ ဓားတွေနဲ့ ကိုင်ဆောင်ပြီးတော့ အတင်းအဓမ္မ အကြမ်းဖက် လာလို့ပါ။”

ဒါကတော့ ရဲစခန်းမှူးရဲ့ ပြောကြားချက်ပါ။ လယ်သမားတွေ အခြေအနေကတော့ နေ့လည်ပိုင်း အထိ ကန်ဘောင်ပေါ်ကို လူ ၅၀ ခန့် တက်လာသေးတယ်လို့ ဆိုပါတယ်။ အခြေအနေတွေကတော့ ပြီးသွားတာမျိုးမဟုတ်ဘဲ ညှိနှိုင်းတာမျိုးတွေလည်း မရှိတာကြောင့် ပြေလည်မှုတွေ မရသေးဘူးလို့ ဦးထွန်းနိုင်ကတော့ ဆိုပါတယ်။

“ဟုတ်ကဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိသေးပါဘူးခင်ဗျ အခုအချိန်အထိ။”

ညနေပိုင်းမှာတော့ ရွှေည၀ါဆရာတော်နဲ့ အရှင်ဝီရသူတို့က အဲ့ဒီ မအူပင်ကို လာရောက်ဖို့ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အခုလို အခင်းဖြစ်ပွားတဲ့ အဲ့ဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အခြေအနေတွေဟာ ငြိမ်သက်နေပေမဲ့ ပြီးဆုံးသွားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ပုဒ်မ ၁၄၄ ဆိုတာ မတည်ငြိမ်တဲ့ အနေအထားမှာ ထုတ်တာဖြစ်တဲ့အတွက် နှစ်ဘက် အဓိက ရုဏ်းတွေ ဖြစ်တဲ့အခါမှာ ပုဒ်မ ၁၄၄ ဥပဒေပါ အချက်အလက်တွေအတိုင်း ဖြေရှင်းကြဖို့ လိုတယ် လို့ ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ထောက်ပြပါတယ်။

“အများပြည်သူသိအောင် ကြေညာပေးရမယ်။ အဲဒီလိုကြေညာပေးတဲ့နောက် စုလာလို့ရှိရင် သူတို့ Riot Manual လို့ခေါ်တဲ့ လုပ်ထုံး လက်စွဲစာအုပ်မှာ ပါတဲ့အတိုင်း တဆင့်ပြီး တဆင့်ပေါ့ဗျာ။ ဒီနေရာ မလာရဘူး၊ ဒီနေရာ ရပ်ရမယ် စသဖြင့်ပေါ့လေ။ အဲ့ဒီလိုမျိုး နောက်ဆုံးတော့ ပစ်ခတ် အရေးယူမယ်ဆိုရင် သတိပေးပြီးတော့ အပေါ်ကို ပစ်ရမယ်၊ နောက်တော့မှ အောက်ကိုဆို တာတောင် အသက်အန္တရာယ် မထိခိုက်နိုင်လောက်တဲ့ နေရာတွေကို ရွေးပြီးတော့ပစ်ရမယ်။ ရာဘာကျည်ဆံတွေ ဘာတွေ ကျနော်တို့ သုံးမယ်။ နောက်တခါ မျက်ရည်ယို မီးခိုးဗုံးတို့ ဘာတို့ မျက်ရည်ယိုဗုံးတို့ ဘာတို့သုံးမယ်။ ဒီလိုမျိုးပေါ့လေ စနစ်တကျ လှဲရတယ်။”

လက်ရှိ အချိန်မှာ အစိုးရဘက်က ပုဒ်မ ၁၄၄ ထုတ်ထားတာကြောင့် လယ်သမားတွေအနေနဲ့ သတိထား ဆောင်ရွက်ရမယ့် အနေအထားမှာ ရှိတယ်လို့လည်း ကိုမောင်စိုးက ပြောပါတယ်။

“ညကျလို့ရှိရင်တော့ တခုခုတော့ စီစဉ်ရမှာပေါ့။ ရှောင်သင့်ရင်လည်း ရှောင်ပေးရမှာပေါ့။ ကိုယ်က လက်နက် မရှိတဲ့သူ၊ သူတို့က လက်နက်ရှိတဲ့သူ။ သွားပြီးတော့ ဟိုဒင်းဖြစ်နေလို့လည်း မဟုတ်သေးဘူးလေ။”

အခုလို ငါးကန် ဖော်မယ်ဆိုပြီး သိမ်းထားတဲ့ မြေတွေမှာ အမှန်တကယ် အလုပ်မလုပ်တာကြောင့် လယ်သမားတွေက သိမ်းဆည်းခံရတဲ့ သူတို့တွေရဲ့ မြေယာတွေကို ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးဖို့ ကြိုးစားနေတဲ့အတွက် ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးပွဲ လုပ်ခဲ့သလို၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လူစု မခွဲရင် ပစ်ခတ်မယ်လို့ ရဲတွေဘက်က အသံချဲ့ စက်တွေနဲ့ နေ့လည်ပိုင်းက စပြီး ကြေညာခဲ့ပါတယ်။

လယ်သမား အင်အား ၅၀၀ ကျော်ကို ရဲအင်အား ၃၀၀ လောက်က ပစ်ခတ်မယ်ဆိုတဲ့ အကြောင်း ကို နေ့လည်ပိုင်း ကတည်းက တောက်လျောက် သတိပေး ပြောကြားနေခဲ့ တာဖြစ်တယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အခြေအနေမှာ နှစ်ဖက်ညှိနှိုင်းမှုတွေ ရဖို့အတွက် အာဏာပိုင်တွေနဲ့ လယ်သမားအဖွဲ့က တာဝန်ရှိသူတွေအကြား စေ့စပ်ပေးဖို့တွေ ရှိနေတယ် လို့လည်း မအူပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုမင်းဇော် က ပြောပါတယ်။

“တောင်သူတွေဘက်ရော၊ ကုမ္ပဏီဘက်ရော၊ အာဏာပိုင်တွေဘက်ရော၊ ၁၄၄ ထုတ်ထားတဲ့အခါ ကျတော့ အခု လောလောဆယ် ဘာမှ လုပ်လို့မရဘူး။ ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲ။ ဥပဒေဘောင်အတွင်းကပဲ ဖြစ်ရမယ်။ အကြမ်းဖက်မှုမျိုး မဖြစ်ရဘူး။”

လယ်သမားတွေဘက်ကို အာဏာပိုင်အဖွဲ့တွေက ပြေလည်မှု ရဖို့အတွက် ညှိနှိုင်းတာမျိုးတွေ ရှိပေမဲ့ လယ်မြေသိမ်းထားတာကို လက်ခံလိုက်ပြီး လယ်သမားတွေဘက်က လက်လျှော့လိုက်ပါဆိုတဲ့ သဘောမျိုးတွေ သက်ရောက်လို့ သူတို့အနေနဲ့ လက်မခံဘဲ မိမိတို့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ လယ်သမား ခေါင်းဆောင်ပိုင်းတွေက ပြောလာပါတယ်။
http://burmese.voanews.com