Thursday, February 28, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် ဒေါသထွက်တဲ့နေ့

Published on February 28, 2013 by တိုင်းကျော်

လက်ရှိကျင်းပနေဆဲ လွှတ်တော်အသီးသီးရဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကျင်းပနေချိန် တရက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် အမျက်ဒေါသ ထွက်ခဲ့ပါတယ်။

သူရဦးရွှေမန်းတယောက် ဘယ်သူ့ကြောင့်များ ဒေါသထွက်ရသလဲ၊ ဘာအကြောင်းကြောင့်များ ဒေါသထွက်ရသလဲ။ ဒီ ပြဿနာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ဒုတိယပိုင်းမှာ ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ လွှတ်တော်ကို ပုံမှန်ရောက်ရမယ့် အချိန်ထက် နောက်ကျပြီးမှ ရောက်လာပါတယ်။ ဒီအတွက် အခုလို နောက်ကျရောက်လာရတဲ့အကြောင်း ရှင်းပါတယ်။ သူက အဲဒီနေ့မှာ အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ” နဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေ လုပ်မှာ ဖြစ်ကြောင်း၊ ဒီအတွက် လွှတ်တော်ထဲမှာ အချိန်ကုန်သက်သာအောင် ၀န်ကြီးဌာန တာဝန်ရှိသူတချို့၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လူတချို့နဲ့ သူကိုယ်တိုင် ပါဝင်ပြီး သူရုံးခန်းမှာ အပြင်းအထန် ညှိနှိုင်းနေရတဲ့အတွက် အချိန်ကြာသွားကြောင်း၊ ဒါကြောင့် သူ့ကိုနားလည်ပေးပါ ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ပြီးတာနဲ့ သူက အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ”ကို ပြင်ဆင်မယ့်ကိစ္စ စပြီး လုပ်ကိုင်ဖို့ ဥပဒေကြမ်းကော်မတီကို ခေါ်ယူပါတယ်။

ဒီအချိန်မှာ ထင်မှတ်မထားဘဲနဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က “နည်းဥပဒေ” ပြင်ဆင်မယ့် ကိစ္စ ဆွေးနွေးတာကို ရွှေ့ဆိုင်းပေးဖို့ အဆိုတင်သွင်းလိုတဲ့ အကြောင်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးသိန်းညွန့်တင်ပြတာက လွှတ်တော်က အတည်ပြုပြီးတဲ့ ဥပဒေတရပ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က “နည်းဥပဒေ” ထုတ်ပြန်နိုင်ကြောင်း၊ ဒီ ထုတ်ပြန်တဲ့ နည်းဥပဒေပါ အချက်တရပ်ရပ် ဒါမှမဟုတ် အချက်တချို့ဟာ မူလဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေရင် အခြခံဥပဒေ ပုဒ်မ ၁၃၇ (ခ) အရ ပယ်ဖျက်ရန်၊ ဒါမှမဟုတ် ပြင်ဆင်ရန် လွှတ်တော်က ဆုံးဖြတ်နိုင်ကြောင်း၊ ဒါပေမယ့် လက်ရှိ လွှတ်တော်ကော်မတီက ဖြန့်ဝေထားတဲ့ နည်းဥပဒေကို ပြင်ဆင်မယ့် အချက် ၆၃ ချက်ဟာ မူလဥပဒေပါ ဘယ်အချက်နဲ့ ကိုက်ညီမှုမရှိဘူး ဆိုတာ ဖော်ပြမထားကြောင်း၊ ဒါ့အပြင် အဲဒီ အချက် ၆၃ ချက်မှာ အသစ် ဖြည့်စွက်တာတွေ ပါဝင်နေပြီး ဒီလို ဖြည့်စွက်ဖို့ အခြေခံဥပဒေက ခွင့်ပြုမထားကြောင်း၊ ပြင်ဆင် ဖြည့်စွက်မှုတွေမှာလည်း မူလဥပေဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတာတွေပါကြောင်း ဥပမာတွေနဲ့တကွ တင်ပြခဲ့ပါတယ်။

ဒါတင်မက ဦးသိန်းညွန့်က စီးပွားရေးသမားတချို့ဟာ သူတို့အကျိုးစီးပွား အမြင်ကျဉ်းကျဉ်းလေးနဲ့ မူလဥပဒေကို ပြင်ဆင်ကန့်ကွက်တာတွေ လုပ်တယ်။ ဒီလိုလုပ်တာဟာ လွှတ်တော်အနေနဲ့ လုပ်ပိုင်ခွင့်ချဲ့ယူနေတာဖြစ်လို့ နောင် အစဉ်အလာ မကောင်းဖြစ်သွားမယ်၊ ဒါကြောင့် သူရဦးရွှေမန်း ရုံးခန်းထဲမှာ ညှိရုံနဲ့ မလုံလောက်ဘူး၊ ကျယ်ပြန့်တဲ့ အမြင်တွေ ရယူဖို့ ဆွေးနွေးတာတွေ ရက်ရွှေ့ဆိုင်းပေးဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းညွန့် ဒီလို ပြောလိုက်တာဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အရှိုက်ကို ထိုးနှက်လိုက်သလို ဖြစ်သွားပြီး အလွန်ဒေါသထွက်သွားခဲ့ပါတယ်။ ချက်ချင်းပဲ အခြေခံဥပဒေနဲ့ ကိုက်ညီတာ၊ မညီတာ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆိုင်တယ်။ သူကတော့ လက်မခံနိုင်ဘူး။ ဒီနည်းဥပဒေကိစ္စ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိထားလို့ အခုလို ရွှေ့ဆိုင်းဖို့ တင်ပြတာကို လက်မခံနိုင်ပါဘူး ဆိုပြီး လွှတ်တော် သဘောတောင်မယူဘဲ ယတိပြတ် ပယ်ချလိုက်ပါတယ်။ အဲဒီနောက် နည်းဥပဒေ ပြင်ဆင်တာတွေ ဆက်လုပ်ပါတယ်။

သူရဦးရွှေမန်းက ဒီလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး။ လွှတ်တော် နားပြီး နောက်တချိန် ပြန်စတော့လည်း ဦးသိန်းညွန့်ကို ရည်ရွယ်ပြီး ဒီကိစ္စ ထပ်ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပြင်ဆင်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတယ်၊ မညီဘူးဆိုတာ “ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး” နဲ့ပဲ ဆိုင်တယ် ဆိုတာလောက် ပြောပြီး ဦးသိန်းညွန့်က တင်ပြချင်ရင် ခုံရုံးကို သူတင်ပြပေးမယ်လို့တော့ မပြောခဲ့ပါဘူး။ ဖွဲ့စည်းပုံခုံရုံးကို ပြဿနာတွေ တင်ပြနိုင်တာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်၊ တရားသူကြီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ စုစုပေါင်း ၅ ယောက်ကပဲ တင်ပြပိုင်ခွင့်ရှိတဲ့အတွက် ဦးသိန်းညွန့် အနေနဲ့ ဘာမှ မတတ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါက်ပါတယ်။ ဒီအတွက် လက်ရှိ အတည်ပြုနေတဲ့ နည်းဥပဒေကို ဦးသိန်းညွန့်အနေနဲ့ ထကန့်ကွက်ရင် လွှတ်တော်အမတ် ဂုဏ်သိက္ခာ မထိခိုက်ရအောင် သတိပေးရတာ ဖြစ်တယ်လို့ ပြောပြီး မဆီမဆိုင် ဒေါနဲ့မောနဲ့ တုံးကို ခပ်ပြင်းပြင်းလေး ထုလိုက်ပါသေးတယ်။

တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ ပြဿနာ ဆိုတာ လွှတ်တော်ထဲက ခရိုနီတွေ၊ ခရိုနီကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ ကျယ်ကျယ်ဖွင့်ပေးချင်တဲ့ သမ္မတအကြံပေးအဖွဲ့တွေကြားက အားပြိုင်မှုဖြစ်ပါတယ်။ ဒီ အားပြိုင်မှုကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့ပင် ဆိုစေကာမူ အစိုးရအဖွဲ့နဲ့ ညှိပြီးလုပ်ရင်ရတယ် ဆိုတဲ့ သူရဦးရွှေမန်းကို ခရိုနီတွေ အကျိုးစီးပွားအတွက် ဥပဒေ အထက်ရောက်နေတဲ့သဘော ပြောဆိုမိခဲ့တာကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီး ဒေါသ အလွန်ထွက်ခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။
burmese.dvb.no

မအူပင်တွင် ဖြစ်ပွားခဲ့သော လယ်သမားနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပဋိပက္ခ ဖြစ်စဉ် ရုပ်သံမှတ်တမ်းတို

https://www.facebook.com/photo.php?v=531525183558339&set=vb.110828129057491&type=2&theater

နှစ်ပေါင်းများစွာကြိုးစားခဲ့တဲ့အနိုင်ရပါတီလို့ဦးဌေးဦးပြော

အဖြူရောင်မီဒီယာ

ဘင်္ဂလီများအား တူရကီမှ နေအိမ်များအခိုင်အမာဆောက်လုပ်ပေးမည်ကို စစ်တွေမြို့သူ မြို့သားများကန့်ကွက်

We Love True's photo.

ဘင်္ဂလီများအား တူရကီမှ နေအိမ်များအခိုင်အမာဆောက်လုပ်ပေးမည်ကို စစ်တွေမြို့သူ မြို့သားများကန့်ကွက်
----------------------
ထိုသို့ ဆောက်လုပ်ပေးခြင်းသည် ရခိုင့်မြေပေါ်တွင် ဘင်္ဂလီများအင်အားပို လာအောင်လုပ်ပေးခြင်းဖြစ်သည့်အပြင် ၈၂ ဥပဒေအတိုင်းစစ်ဆေးပြီးမှ သာ အိမ်နှင့်ထားသင့်သူများကို ထားပြီး အိမ်နှင့်မထားသင့်သူများကို တန်း လျားဖြင့်သော်လည်းကောင်း၊ အခြားသင့်တော်သောနေရာများတွင် သော် လည်းကောင်း ထားခွင့်ပေးမည်ဖြစ်သည်။

သို့သော်လည်း တူရကီ၏ ယခုလုပ်ရပ်များသည် မြန်မာနိုင်ငံအစိုးရကို သိက္ခာချနေသကဲ့သို့ဖြစ်နေပြီ သူတို့လက်နှင့်သူတို့ လာရောက်အိမ်ဆောက် မည်ဆိုသည်မှာ ရခိုင်ပြည်နယ်အား တူရကီ နိုင်ငံ အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ခြင်းပင်ဖြစ်ပါသည်။
ယင်းကိစ္စအား စစ်တွေမြို့သူ မြို့သားများအားလုံးနှင့် ရခိုင်ပြည်သူ ပြည် သားများအားလုံး ကန့်ကွက်လိမ့်မည်ဖြစ်သည်။

ယခုကဲ့သို့ဆောင်ရွက်နေခြင်းသည် နောက်ထပ်တစ်ကြိမ်ပြဿနာဖြစ် လာမည်ကို စိုးရိမ်သည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်းသိရ သည်။
ရခိုင်ပြည်သူတစ်ရပ်လုံး ကန့်ကွက်သွားမည်ဖြစ်ကြောင်းလည်းသိရ ပါသည်။
နည်းလမ်းပေါင်းစုံသုံးကာ ဘင်္ဂလီများ၏ အခွင့်အရေးတစ်ခုတည်းကို သာ အလေးထားပြောဆိုနေသော တူရကီနိုင်ငံသည် 0IC ၏လမ်းညွန်ချက်အ တိုင်းပြုလုပ်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် သွေးချောင်းစီးအောင် လုပ် ဆောင်ခြင်းသာ ဖြစ်သည်။ နောက်ထပ် တစ်ကြိမ်ဖြစ်လာလျင် မည် သူ တာဝန်ယူမည်နည်းဟူသောမေးခွန်းများကို မေးရတော့မည်။

အစိုးရကို နည်းအမျိုးမျိုးသုံးပြီးပြောဆိုကာ ရခိုင်ပြည်နယ်အားဘင်္ဂလီ ပြည် နယ်ဖြစ်အောင် လုပ်ဆောင်နေသည်မှာ တူရကီများသာဖြစ်သည်။
ယင်းအတွက် ရခိုင်ပြည်သူ ပြည်သားများသည် မကြာခင်နေ့များတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ကြမည်ဟုလည်း သတိရှိရပါသည်။
_____

RSV

တူရကီနိုင်ငံမှ တစ်ဘက်သတ်အနေအထားဖြင့် ဘင်္ဂလီများကို အိမ်ဆောက်ပေးမည့်အစီအစဉ်များအား စစ်တွေမြို့သူ မြို့သားများ ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာတင်မည်။ နိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို ဦးစွာဆောင်ရွက်ပြီးမှ စိစစ်လက်ခံမည်ဟုဆို

=============================
တူရကီနိုင်ငံမှ ဘင်္ဂလီများကိုသာ သီးခြား၊ တစ်ဘက်သတ်အနေအထားဖြင့် လုံးချင်းနေ အိမ်ဆောက်ပေးမည့်အစီအစဉ်များအား စစ်တွေမြို့သူ မြို့သားများ ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာတင်ရန်ရှိကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို ဦးစွာဆောင်ရွက်ပြီးမှ စိစစ်လက်ခံသွားမည်ဟုလည်း မြို့မိမြို့ဖိများနှင့် ဒေသခံပြည်သူတစ်ရပ်လုံးက သဘောတူကြောင်းသိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီးသက်ဆိုင်ရာ ပြည်ထောင်စုအစိုးရသို့ ကန့်ကွက်စာတင်ပြထားပြီးဖြစ်သော်လည်းတူရကီ အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ရန် ရှေ့တိုးလာသဖြင့် ဆန္ဒဖော်ထုတ်ရန်စီစဉ်ပြင်ဆင်လျက်ရှိပြီးမကြာခင် တွင် သက်ဆိုင်ရာဌာနသို့ တရားဝင်ခွင့်ပြုချက် တောင်းရန် စာတင်မည်ဟုလည်းသိရသည်။
'' လုံးဝကိုလက်ခံလို့မရတဲ့အတိုင်းအတာထိရောက်နေပြီလို့ မြင်တယ်။ သူတို့လုပ်ချင်သလို လာလုပ်ကြတယ်။ ဒါဟာ စည်းလုံးရေးကိုဖောက်ဖျက်တာဖြစ်တယ်။

 ဘယ်လို့မှ လက်ခံလို့မရဘူး။ တိုင်းရင်းသားတွေသဘောမတူဘဲ ဆောက် လုပ်ရင် ပြည်နယ်အစိုးရမှာရော၊ ပြည်ထောင်စုအစိုးရမှာရော တာဝန်ရှိတယ်။ နောက်တစ်ကြိမ်ပြဿနာဖြစ်မလာ ဘူးလို့ ဘယ်သူတာဝန်ယူမလဲ။ အဲဒါအရေးကြီးတယ်။ တူရကီနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီနိုင်ငံဖြစ်လာ အောင် တွန်းအားပေးနေတာဖြစ်တယ်။ ပထမတော့ ရှေးဦးသူနာပြုပုံစံနဲ့ဝင်လာတယ်။ နောက်တော့ အိမ်ဆောက် ဖို့အထိဖြစ်လာတယ်။ သူတို့လုပ်ရမှာက ကျန်းမာရေးစောင့်ရှောက်မှုတွေပါ။ အခုက နိုင်ငံရေးကိုပါ ၀င်ရောက်စွက် ဖက်နေပြီ။ ဒေသတွင်းပြဿနာကို ဒေသတွင်က လူတွေရဲ့ သဘောထားက အရေးကြီးတယ်။ သူတို့ဒီလောက် စေတနာရှိရင် ကချင်မှာအိုးမဲ့အိမ်မဲ့တွေအများကြီးပါ ။ 

သွားဆောက်ပါလား။ ပြီးတော့ ဂီရီမုန်တိုင်းဖြစ်ပြီးချိန်၊ နာဂစ်မုန်တိုင်းဖြစ်ပြီးချိန်မှာ သူတို့ဘာလုပ်နေကြလဲ။ ဘယ်သူမှဝင်မလာဘူး ။ အခုကုလားတွေနဲ့ ဖြစ်တော့ ချက် ချင်း ၀င်လာကြတယ်။ သွေးထိုးလှုပ်ဆော်တာ သူတို့ဘဲဖြစ်နိုင်တယ်" ဟု ဒက္ခောင်းကျောင်း နွေးနွေးပွဲသို့ တက်ရောက် ခဲ့သူ တစ်ဦးက ပြောပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး၂၀၁၂-ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ မွန်းလွဲ နှစ်နာရီတွင် ဒက္ခောင်းကျောင်း၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြရာတွင်၊ ကုလားများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်ခြင်းမပြုဘဲ အခိုင်အခန့် လုံးချင်းအိမ်များ ဆောက်လုပ်ပေးခြင်းကို ဆန္ဒထုတ်ဖော် ကန့်ကွက်ကြမည် ဖြစ်ကြောင်း ဆုံးဖြတ်ကြသည်ဟုသိရသည်။

ယင်းဆုံးဖြတ်ချက်အတိုင်း ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာရွက်စတမ်းများပြင်ဆင်နေကြပြီဖြစ်သည်ဟုသိရ သည်။ တူရကီနိုင်ငံမှ မဆင်မခြင်အိမ်များဆောက်လုပ်ပေးခြင်းသည် ၈၂ ဥပဒေအတိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှုပ် ထွေးအောင် ပြင်ဆင်နေခြင်းဖြစ်ပြီး ပြဿနာမဖြစ်ဖြစ်အောင် ဖမ်းတီးနေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြပါသည်။
ဒေသခံတိုင်းရင်းသားများကို လုံးဝအရေးမစိုက်ဘဲ လုပ်ချင်သည်များကို ဇွတ်လုပ်နေသော တူရကီနိုင်ငံသားများ အနေဖြင့် ဆင်ခြင်သင့်ပြီဟုလည်းပြောဆိုကြသည်။ 

ထို့အတူပင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သူတို့၏ဆန္ဒ များကို လိုက်လျောပေးနေခြင်းများအား လျော့ချသင့်ကြောင်းနှင့် ရှေ့ရေးများကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင် ရွက်သင့်ကြောင်းလည်း နိုင်ငံရေးလုပ်နေသူများက သုံးသပ်ကြသည်ကိုတွေ့ရသည်။
နေအိမ် ၄၀၀၀ ကျော်အပြင် ဆေးခန်းများ၊ စာသင်ကျောင်းများလည်း ထည့်သွင်းဆောက်လုပ်မည်ဟုသိရသည်။ မူလက အိမ်ခြေမဲ့များသည် ယခုအခါတွင် အိမ်ခန်းများနှင့် မည်သည့်အလုပ်မျှမလုပ်ဘဲ စားသောက်နေရသည်။ ယင်း သို့စားသောက်နိုင်အောင်လည်း တူရကီအဖွဲ့မှ ထောက်ပံ့ထားသည်ကိုတွေ့ရသည်။ ရေကန်အသင့်ကြာ အသင့်ဖြစ်ခဲ့သည်။

တိုင်းရင်းသားများကို စော်ကားရန်အခွင့်အလမ်းများစွာ ရရှိလာသည်။ ယင်းအတွက် ပြဿနာများဖြစ်အောင် အမြဲ ကြိုးစားနေသော ဘင်္ဂလီများအား နေရာချထားရေးသည် ကလေးကစားကစရာမဟုတ်ဘဲ လွန်စွာအရေးကြီးသော ကိစ္စရပ်များသာဖြစ်ကြောင်းလည်း ဒေသခံများနှင့်မြို့မိမြို့ဖများက ပြောဆိုပါသည်။
_____

Black Angle

သီဟတင်စိုးဇတ်ကား၂ခါပြန်မကြည့်ရဖို့...

NDF ဥက္ကဌဗိုလ်ချုပ်ကြီး ရွှေဆိုင်းက ပြည်ထောင်စုသမိုင်းမှာ ဗမာမဟုတ်တဲ့
တိုင်းရင်းသားလူမျိုးများ စုစည်းပြီး မိမိတို့ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများ
ကို မိမိတို့စိတ်တိုင်းကျ ရေးဆွဲပြဌာန်းနိုင်ဖို့ ဆိုပြီးမိန့်ခွန်းပြောဖူးတယ်...
.....................................................................................................

ဒီအကြောင်းမဆွေးနွေးခင်ကနေဒါသမိုင်းအကျဉ်းချူပ်လေးလေ့လာရရင်
လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်ကကနေဒါအရှေ့ခြမ်းကိုပြင်သစ်တွေက၀င်
ရောက်နယ်ချဲ့ခဲ့တယ်။USAနဲ့ကပ်ရက်အနောက်ဖက်အခြမ်းကိုတော့အ
င်္ဂလိပ်တွေကသိမ်းပိုက်ခဲ့တယ်၊USAနဲ့စစ်ဖြစ်တော့ဌာနေရက်အင်ဒီယန်း
တွေရယ်အင်္ဂလိပ်ရယ်ပြင်သစ်ရယ်ပေါင်းပြီးပြန်တိုက်လို့USAကိုသိမ်းထား
တဲ့အင်္ဂလိပ်တွေစစ်ရှုံးပြီးကနေဒါနိုင်ငံအဖြစ်သီးခြားရပ်တည်နိုင်ခဲ့တယ်။
မကြာခင်မှာပဲကနေဒါမှာရှိတဲ့အင်္ဂလိပ်နဲ့ပြင်သစ်စစ်ဖြစ်တယ်။ပြင်သစ်ရှုံး
သွားတယ်။ရှုံးတာမှအပ်တိုတချောင်းမကျန်အောင်အင်္ဂလိပ်ကတိုက်ပစ်တာ။
အမြစ်ဖြတ်တယ်ခေါ်ရမှာပေါ့။အရှေ့ခြမ်းကကွိဘက်ပြည်နယ်ဟာပြင်သစ်
တွေနေတဲ့ပြည်နယ်ဖြစ်တယ်။နိုင်ငံရဲ့ရုံးသုံးဘာသာစကားကိုအင်္ဂလိပ်-ပြင်
သစ်နှစ်မျိုးလုံးသတ်မှတ်တယ်။ဖက်ဒရယ်စနစ်ပဲကျင့်သုံးတယ်။အခြားပြည်
နယ်တွေလိုပဲဖွဲ့စည်းပုံအရစည်းမျဉ်းစည်းကမ်းအတူတူပါပဲ။စစ်တပ်နဲ့ရဲကို
ဗဟိုပြည်ထောင်စုကနေဒါအစိုးရကတိုက်ရိုက်ကိုင်တယ်။။စစ်တပ်ဆိုတာ
တိုင်းပြည်တခုမှာ၁ခုထက်ပိုရှိနေသ၍ပြည်တွင်းစစ်ဆိုတာမဖြစ်သေးရင်
တောင်ကျွဲ၂ကောင်ချိုသွေးနေလိုပါပဲ၊အချိန်မရွေးခွေ့နိုင်တယ်လေ။
ကွိဘက်ပြည်နယ်ဟာအခြားပြည်နယ်တွေနဲ့မတူတာတွေကတော့ပြည်နယ်
တခုလုံးပြင်သစ်ဘာသာစကားပဲသုံးတယ်။လွှတ်တော်ကစလို့လမ်းဘေးမှတ်
တိုင်အဆုံးအကုန်ပါပဲ။တခါကွိဘက်စီးတီးလည်တုန်းကအသက်၂၀လောက်
ကောင်တာထိုင်တဲ့ကောင်မလေးအင်္ဂလိပ်လိုလုံးဝမတတ်တာ..ဒီမှာမွေးတာနော်၊
မီးဖိုချောင်ကပြောတတ်တဲ့တယောက်ထွက်လာမှကိုယ်စားချင်တာမှာလို့အဆင်
ပြေသွားတယ်။ပြောချင်တာပြည်ထောင်စုအတွင်းမှာပေါင်းစည်းနေပေမဲ့၊မိမိဒေသ
ဘာသာစကားကိုပဲသုံးခွင့်ရှိတယ်။bloc ကွိဘက်ပါတီပြည်နယ်အစိုးရအဖြစ်အမြဲ
လိုမဲအနိုင်ရပြီးအုပ်ချူပ်ခွင့်ရတယ်။ဗဟိုပြည်ထောင်စုလွှတ်တော်မှာပါနေရာ၅၀
ကျော်အမြဲရလို့နိုင်ငံရေးချိန်ခွင်ကစားလို့တောင်ရတဲ့အနေအထားရှိတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာကNLDလိုပါတီNDP(New Democratic party)
ကကနေဒါကွိဘက်သမိုင်းမှာပထမဆုံးနိုင်တယ်။ဟာဒါဆိုပြည်နယ်တခုလုံး
သူများလက်အောက်ကျပြီမထင်လိုက်ပါနဲ့၊ကွိဘက်ပြင်သစ်တွေပဲမဲပေးခဲ့တာ၊
နာမည်ကပဲ NDPပါ၊လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကဌာနေပြင်သစ်
တွေပါပဲ၊ပါတီနာမည်ပဲကွဲတယ်။လူမျိုးကအတူတူပါပဲ၊မိမိပြည်နယ်ရဲ့အဆိုး
အကောင်းမိမိလူမျိုးတွေပဲဆုံးဖြတ်ခွင့်ရတာဆိုတော့ပါတီမတူလဲဘာမှပြောင်း
လဲမသွားဖူး။ပါတီဗဟိုကဒီပြည်နယ်ကောင်းဖို့မူဝါဒမဲဆွယ်မှုအပေါ်မူတည်ပြီး
အနိုင်ရမှာဖြစ်တယ်။NDPကအဲဒီကွိဘက်မှာမဲအများကြီးနိုင်လိုက်တော့ပြည်
ထောင်စုအစိုးရလွှတ်တော်မှာတတိယကနေဒုတိယအင်အားအများဆုံးနေရာ
ကိုပါရှိခဲ့တယ်။အခြားပြည်နယ်အားလုံးမှာတော့အင်္ဂလိပ်ဘာသာစကားပဲသုံး
ပါတယ်။
...........................................................................................

အပေါ်မှာဖေါ်ပြခဲ့သလို ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးများစုစည်းပြီး
 မိမိတို့ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများကို မိမိတို့စိတ်တိုင်းကျ
 ရေးဆွဲပြဌာန်းနိုင်ဖို့ ဆိုတဲ့စကားရပ်ကလက်ရှိကနေဒါကကွိဘက်ပြည်နယ်
သွားနေတဲ့ပုံစံမျိုးဆိုရင်တော့ဖြစ်နိုင်လောက်မှာပါ။မိမိတို့ပြည်နယ်
 ဖွဲ့စည်းပုံအခြေခံဥပဒေများကို မိမိတို့စိတ်တိုင်းကျ ရေးဆွဲပြဌာန်းရာမှာ
လက်ရှိပြည်ထောင်စုလွှတ်တော်၊အမျိုးသားလွှတ်တော်ကကျင့်သုံးမယ့်
နာဂစ်ပြန်ပြင်၂၀၁၅အခြေခံဥပဒေအတွင်းကနေပဲသွားမှပဲရမှာပါ။
ပြည်ထောင်စုလွှတ်တော်နဲ့အတော်အခြေအတင်ဆွေးနွေးပြီးမှအသစ်
တခုလိုပြဌာန်းလို့ရမှာပါ။(ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးများစုစည်းပြီး)
ဆိုတဲ့စကားရပ်ကတော့ဗြုန်းကနဲဖတ်လိုက်ရင်တော့အဓိပ္ပါယ်တမျိုး
သက်ရောက်နေပေမယ့်နားလည်မှုပေးရမယ့်အခြေအနေအခုပါပဲ။
လက်ရှိကျားဖြူပါတီဟာအပေါ်ကကွိဘက်ပါတီနဲ့တူတယ်ပြောလို့ရတယ်။
ပြည်နယ်အစိုးရမိမိပြည်နယ်တိုးတက်အောင်ဖန်တီးနိုင်ခွင့်တွေကောင်းကောင်း
မွန်မွန်ရရှိဖို့တော့လိုအပ်ပါတယ်။ဒါမှယုံကြည်လက်တွဲမှုမြင့်မားတည်တံ့မှာဖြစ်
တယ်။
လက်ရှိမြန်မာနိုင်ငံရဲ့အဓိကအကြပ်အတည်းကတော့စစ်တပ်တခုထက်ပိုနေတာ
ပဲ၊အခုလိုအချိန်မှကနေဒါမှာအင်္ဂလိပ်ကပြင်သစ်ကိုအပ်တိုတချောင်းတောင်မကျန်
အောင်တိုက်သလိုတိုက်ဖို့ဆိုတာတော့တိုးတက်နေတဲ့လူ့ဘောင်နဲ့လူ့အခွင့်အရေး
စောင့်ကြည့်မှုတွေအောက်မှာမလွယ်ကူတော့ပါဖူး၊လွန်ခဲ့တဲ့နှစ်ပေါင်း၆၀လောက်က
ဆိုရင်တော့ဖြစ်နိုင်လောက်ပါတယ်။ဘာလို့မတိုက်ခဲ့လဲဆိုတဲ့မေးခွန်းကတော့ရှင်းပါ
တယ်။တပ်မတော်သာအမိ၊တပ်မတော်သာအဖ၊တပ်မတော်သာကျေးဇူးရှင်ကြီးဖြစ်
ချင်နေခဲ့တာပါပဲ။ရန်ကုန်အစိုးရမဖြစ်ရအောင်အကာအကွယ်ပေးနေတာ...ဆိုတဲ့စ
ကားလုံးကြီးကြီးတွေနဲ့ပြည်တွင်းစစ်ကိုပိုးမွေးသလိုမွေးခဲ့တဲ့ကျေးဇူးရှင်ဦးနေ၀င်း
လက်ချက်တွေလဲပါပါတယ်။ဒီအချိန်မှာတော့ငြိမ်းချမ်းရေးကိုယုံကြည်ချက်နဲ့လဲရ
တော့မယ်။လက်ရှိပြည်ထောင်စုလွှတ်တော်၊အစိုးရကဖွဲ့ထားတဲ့ဦးအောင်မင်းအဖွဲ့
တိုင်းရင်းသားအဖွဲ့ပြေပြေလည်လည်နဲ့ဥပဒေတွေပြဌာန်းနိုင်ပါမှအနာဂတ်မှာလက်
နက်ကိုင်အဖွဲ့အစည်းတခုထဲရှိတဲ့ငြိမ်းချမ်းတဲ့ဖက်ဒရယ်နိုင်ငံတော်ကိုတွေ့ရမှာပါ။
သီဟတင်စိုးဇတ်ကား၂ခါပြန်မကြည့်ရဖို့တော့ကျွန်တော်တို့တိုင်းရင်းသားပြည်သူ
တွေမှာတော့ရင်တမမနဲ့ပေါ့ဗျာ.....

ရဲရင့်ငယ်(၂၈-၂-၂၀၁၃)