Saturday, March 2, 2013

အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်လို့မရ



ဂျော်ဒန်ရောက် ဆန္ဒပြမြန်မာအလုပ်သမားတွေ အရိုက်ခံရ

 ကိုဇော်ဝင်းလှိုင် 02.03.2013
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံမှာ လုပ်အားခ တိုးမြင့်ပေးရေး၊ တန်းတူ အလုပ်သမားအခွင့်အရေး ရရှိရေးတို့အတွက် ငြိမ်းချမ်းစွာ တောင်းဆိုနေကြတဲ့ မြန်မာ အလုပ်သမားတွေရှိရာ တန်းလျားကို စက်ရုံဝန်ထမ်းတွေ မနက်အစောကြီး အတင်းဝင်ရောက်ပြီး အရိုက်နှက်ခဲ့တယ်လို့ အရိုက်ခံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျော်ဒန်ရဲဌာနမှာ တိုင်ချက်ဖွင့်ထားပြီး သက်ဆိုင်သူတွေကို အရေးယူဖို့ ဂျော်ဒန်အလုပ်သမား အဖွဲ့အစည်းတွေကလည်း ကူညီနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အလုပ်သမားတန်းလျားမှာ အိပ်နေကြတဲ့ မြန်မာအလုပ်သမားတွေရှိရာကို စနေနေ့မနက် ၅ နာရီ ခွဲလောက်မှာ CMJ အထည်ချုပ်စက်ရုံက တရုတ်နဲ့ အာရဘူဝန်ထမ်းတွေ အမျိုးသမီးဆောင်ကိုရောက်လာပြီး အလုပ်ဆင်းဖို့ အတင်း တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အမျိုးသမီးတွေက သူတို့တောင်းဆိုချက်တွေ မရသေးတာရော၊ ကုမ္ပဏီနဲ့ ညှိနှိုင်းနေတဲ့ကိစ္စတွေ မပြီးပြတ်သေးတာရောကြောင့် အလုပ်မဆင်းဖို့ ငြင်းဆန်တဲ့အတွက်
စက်ရုံဘက်က စေလွတ်လိုက်တဲ့သူတွေက တုတ်တွေကိုင်ဆောင်ပြီး လူစုလူဝေးနဲ့ အတင်းဝင်ရောက် ရိုက်နှက်ခဲ့တဲ့အတွက် အမျိုးသမီးတချို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြတာပါ။

သူတို့ကို ၀င်ရောက် ရိုက်နှက်ခဲ့တဲ့ အခြေအနေတွေကို အမျိုးသမီးဝန်ထမ်းတဦးက အခုလို ရှင်းပြပါတယ်။

“ကျမတို့ မနက်မိုးလင်းတော့ သူတို့တွေက အုပ်လိုက်ကျင်းလိုက်၊ သူတို့တွေက တရုတ်တွေရော၊ ဒီနိုင်ငံကလူမျိုးတွေရော အလုပ်ဆင်းဖို့လာခေါ်တယ်။ ကျမတို့က ကျမတို့အဆောင်မှာပဲ ကျမတို့နေတာ။ သူတို့က အတင်းလာခေါ်တာ။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ထိုးတာ။ လက်သီးတွေနဲ့ ထိုးတာ။ အခု အခန်းထဲကို ၀င်တယ်။ ကျမတို့က မဆင်းဘူးပြောတယ်။ လှေခါးထစ်မှာလည်း လူတွေ အများကြီးရှိတဲ့အတွက် ကိုယ့်လူတွေကိုယ် ပြန်ခေါ်တယ်။ သူတို့ကမရဘူး အတင်းဆွဲတယ်။ ဒါပေမဲ့ ကျမတို့ဘက် ဘယ်သူမှမလိုက်ဘူး။ သွားတော့နဲ့သွားတယ်။ နှုတ်ခမ်းပေါက်သွားတယ်။ မျက်နှာတွေ ယောင်သွားတယ်။ နှုတ်ခမ်းယောင်သွားတယ်။ ကျမတို့ကို အရေးယူပေးမယ်လို့တော့ ပြောတယ်။”

သူ့လိုပဲ အရိုက်ခံရပြီး မျက်လုံးမှာ ဒဏ်ရာရသွားတဲ့ အမျိုးသမီး အလုပ်သမားကတော့ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အနေအထားဖြစ်လာတာမို့ အဲဒီမှာ ဆက်မနေရဲတော့ဘူး လို့ ပြောပါတယ်။

“အထိုးခံရတယ်။ မျက်လုံးကိုထိမိသွားတယ်။ နားလည်းထိတယ်။ လက်ကိုလည်းထိသွားတယ်။ သူတို့ သံတုတ်နဲ့ရိုက်တာ လက်ထိသွားတယ်။ လက်နဲ့ကာလိုက်တာ မျက်လုံးကတော့ အခု ကြည့်လို့မရဘူး။ မျက်လုံးတော်တော်အောင့်နေတယ်။ ကျမကတော့ အရမ်းဝမ်းနည်းတယ် အစ်ကိုရေ။ ပြန်လည်းပြန်ချင်တယ်။ ဒီမှာ အသက်အန္တရာယ်အရမ်း စိုးရိမ်ရတယ်။ အခုတောင် အခန်းထဲထိ ကိုယ်ထိလက်ရောက် စော်ကားတယ်ဆိုတော့ နောက်ဆိုရင် မတွေးရဲဘူး။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ အင်မတန်လည်း ကြောက်ပါတယ်။”

အခုလို လာရောက် ရိုက်နှက်တဲ့သူတွေထဲမှာ တရုတ်နဲ့ အာရဘူ ၀န်ထမ်း ၇၀ ပတ်ဝန်းကျင်လောက် ပါတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် ဂျော်ဒန်နိုင်ငံက ဒေသခံ အလုပ်သမားအဖွဲ့ဖြစ်တဲ့ INUTC အဖွဲ့က လာရောက် ကူညီပေးခဲ့တာတွေကိုလည်း အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ပြောပြပါတယ်။

“အခုနောက်ဆုံးက INUTC က အမျိုးသမီးတယောက်နဲ့ အလုပ်သမားရုံးက အမျိုးသားတယောက်နဲ့ ကျနော်တို့ ဒီကိစ္စတွေကို ရဲစခန်းကိုသွားပြီး ရှင်းကြပါတယ်။ ရှင်းပြီးတော့ မနက်ဖြန်ကျရင်တော့ ဒီလိုထပ်မဖြစ်အောင် သူတို့ တာဝန်ယူပါတယ်ဆိုပြီး လာပြောသွားပါတယ်။ နောက်ပြီးတော့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ဖို့အတွက်ကိုလည်း ဒီ မှုခင်းဖြစ်တဲ့နေရာက ကလေးတွေရဲ့ ပက်စ်ပို့စာအုပ်တွေရယ်၊ နေထိုင်ခွင့်ကဒ်တွေရယ်၊ သူတို့နံမည်တွေ၊ သူတို့ရဲ့ လိပ်စာတွေကို အဓိက ယူသွားပါတယ်။ နောက်ပြီးတော့ ကျနော်တို့ကိုလည်း အာမခံချက်တခုတော့ ပေးသွားပါတယ်။ အဲဒါဘာလဲဆိုတော့ မနက်ဖြန်ကျလို့ရှိရင် ခုလိုပဲလာပြီးတော့ ထပ်ပြီးတော့ အခန်းထဲဝင်ပြီး ရိုက်တာမျိုးတို့၊ လာလုပ်တာမျိုးတို့၊ နောက်ထပ်ဝင်လာတာမျိုးတို့ တကယ်လို့ဖြစ်လာခဲ့မယ်ဆိုရင် သူတို့အနေနဲ့ လာတဲ့သူတွေအကုန်လုံးကို သူတို့အရေးယူပေးပါမယ်ဆိုပြီး အာမခံသွားပါတယ်။”

လတ်တလောဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ဆွေးနွေး တင်ပြရအောင် အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးကို အလုပ်သမားတွေဘက်က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရဘဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“မနေ့ကအထိတော့ သံရုံးက အဆက်အသွယ်ရပါတယ်။ သံရုံးကတော့ မနေ့ကပြောပါတယ်။ ဒီကိစ္စမျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲဒီလိုမျိုး ဖြစ်လာနိုင်တဲ့အတိုင်းအတာမျိုးကို သံရုံးကိုပြောထားပါတယ် ဆိုပြီးတော့ သံရုံးက သံအမတ်ကြီးကနေပြီးတော့ ကျနော့်ကိုပြောပါတယ်။ ဒီနေ့ အဲဒီလိုဖြစ်လာတဲ့ အတိုင်းအတာမှာ လက်ရှိအနေအထားအရ သံရုံးကိုခေါ်တာ မနက်က အမှုခင်းဖြစ်တဲ့အချိန်ကစပြီး ခုချိန်ထိ သံရုံးကို ဆက်သွယ်လို့မရသေးပါဘူး။”

ဂျော်ဒန်နိုင်ငံက အလုပ်သမား အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက စက်ရုံထဲမှာ နောက်နောင် ဒါမျိုးမဖြစ်အောင် သူတို့အနေနဲ့ ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ လည်း မြန်မာအလုပ်သမားတွေကတော့ အခုလို ကိုယ်ထိလက်ရောက် စော်ကားတဲ့ အထိ ဖြစ်လာတာကြောင့် အသက်အန္တရာယ်ပါ စိုးရိမ်လာရပြီး မြန်မာပြည်ပြန်ဖို့ ကူညီ ဆောင်ရွက်ပေးမယ့်သူ အမြန်ဆုံး လိုအပ်နေတယ်လို့ ပြောကြပါတယ်။

အလုပ်ဆင်းတဲ့နေ့တွေမှာ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို ထမင်းချက်ကြွေးပေမဲ့ ရေရှည်မှာ စားမရတော့တဲ့အထိ အရည်အသွေး ညံ့ဖျင်းလာတဲ့အကြောင်း အလုပ်သမားတွေဘက်က စောဒကတက်ရာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစပြီးတော့ အခုလို သပိတ်မှောက် တောင်းဆိုမှုတွေ ဖြစ်လာတာပါ။

သောကြာနေ့တုန်းကတော့ ဒီတောင်းဆိုမှုကို ဦးဆောင်သူ ၂၁ ဦး မြန်မာပြည်ကိုပြန်ရင် အလုပ်ရှင်ဘက်က လုပ်အားခလစာ ဒေါ်လာ ၁၈၀ အထိ တိုးပေးဖို့ သဘောတူတဲ့အကြောင်း အလုပ်သမားတွေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ စက်ရုံတစ်ခုထဲမှာ အတူတူ အလုပ်လုပ်နေကြတဲ့ တရုတ်ဝန်ထမ်းတွေကိုတော့ အခြေခံလစာ ဒေါ်လာ ၂၀၀ ကျော်အပြင် တခြား ရှားပါးစားရိတ်၊ အချိန်ပိုလုပ်ခ စတာတွေကို အလုပ်ရှင်ဘက်က လိုက်လျောပေးထားတာကြောင့် လက်ရှိရနေတဲ့ လုပ်အားခ ဒေါ်လာ ၁၅၅ ကနေပြီးတော့ ဒေါ်လာ ၂၀၀ အထိ တိုးပေးဖို့ မြန်မာ အလုပ်သမားတွေဘက်ကလည်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံ Amman မြို့အပြင်က Al Hassan မြို့မှာ ရှိတဲ့ CMJ အထည်ချုပ်စက်ရုံမှာ မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။


http://burmese.voanews.com/content/burma-workers-jordan-03-02-13/1613963.html

အသုံးစရိတ်ဒေါ်လာ ၈၅ ဘီလျံ ဖြတ်တောက်ရေး အိုဘားမားလက်မှတ်ထိုး




အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ သတင်းထောက်တွေကို စကားပြောကြားနေစဉ်။ (မတ်လ ၁ ရက်၊ ၂၀၁၃)။

ဗွီအိုအေ (မြန်မာဌာန)

02.03.2013
အမေရိကန်ပြည်ထောင်စုမှာ အစိုးရရဲ့ အသုံးစားရိတ် ဒေါ်လာ ၈၅ ဘီလျံ အလိုလျှောက်ဖြတ်တောက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတအိမ်ဖြူတော်တို့ကြား ဆွေးနွေးနေရာမှာ တခြားရွေးချယ်စရာနည်း ရှာဖွေနိုင်မယ့် သဘောတူညီမှုတစုံတရာ မရရှိတဲ့အတွက် အလိုအလျောက် ဘတ်ဂျက်ဖြတ်တောက်ရေး အစီအစဉ်ကို သမ္မတ ဘရက်အိုဘားမားက လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

အခုလို ဘတ်ဂျက်ဖြတ်တောက်လိုက်တဲ့အတွက် နိုင်ငံနဲ့တ၀ှမ်း အပြည့်အ၀ သက်ရောက်မှုဖြစ်စေဖို့ ကတော့ ရက်သတ္တပတ် အတော်အချိန်ယူရမှာ ဖြစ်ပေမဲ့ လူထုအတွင်းမှာတော့ တော်တော်လေး ရိုက်ခတ်မှုတွေ ဖြစ်နေပါပြီ။

တချို့အစိုးရဌာနတွေမှာ ပြဿနာကိုရှောင်ရှားနိုင်အောင် စီမံကိန်းတွေ လျှော့ချတာတွေ၊ အလုပ်သမားငှားရမ်းမှုတွေကို ရပ်ဆိုင်းပစ်တာတွေ လုပ်ဆောင်နေကြပါပြီ။ တချို့အစိုးရ ၀န်ထမ်းတွေကလည်း အခုလို ဘတ်ဂျက်ဖြတ်တောက်မှု ဖြစ်လာနိုင်တဲ့အတွက် ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလို့ ပြောကြပါတယ်။

အလိုအလျောက် အစိုးရအသုံးစားရိတ်ဖြတ်တောက်မယ့် အစီအစဉ်တွေ တဖြည်းဖြည်း ဖြစ်လာတာနဲ့အမျှ ဆင်းရဲသား မိသားစုတွေ နဲ့ အလုပ်လက်မဲ့တွေကိုပေးနေတဲ့ ခံစားခွင့်တွေဟာလည်း ရတော့မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

အသားငါးစစ်ဆေးမှု ပြုလုပ်တာတွေ နည်းလာမှာဖြစ်တဲ့အတွက် ဈေးဆိုင်တွေမှာ အသားငါးရောင်းချနိုင်မှုတွေ နည်းပါး လာနိုင်တယ်လို့လည်း ပြောပါတယ်။ ပြည်ပကနေ အမေရိကန်ပြည်ထောင်စုကို ကုန်ပစ္စည်း တင်ပို့နေတာတွေလည်း နှောင့်နှေးလာနိုင်တဲ့ အတွက် ကုန်သွယ်ဘက် နိုင်ငံတွေမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အသုံးစားရိတ်တွေ မသေချာ မရေရာဖြစ်လာတဲ့အတွက် စစ်ဆင်ရေးကိစ္စတွေ လုပ်ဆောင်တဲ့နေရာမှာ ထိခိုက်နိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးအသစ် Chuck Hagel ကပြောဆိုပါတယ်။
http://burmese.voanews.com/content/us-budget-03-02-13/1613909.html

ပါတီဥက္ကဌ သမ္မတ မလုပ်ရ

ပါတီဥက္ကဌ သမ္မတ မလုပ်ရ ဟု ၂၀၀၈ အခြေခံဥပဒေ (ပုဒ်မ ၆၄ - ပုဒ်မ- ၂၃၂ ဋ) က ပြဌာန်းထားသော်လည်း ဦးသိန်းစိန် ရာထူး ၂ ခုလုံးမှာတာဝန်ယူထားခြင်း ကိစ္စ အခြေခံဥပဒေခုံရုံးအဖွဲ့အသစ်ခန့်အပ်ပြီးဖြစ်တာမို့ အဆုံးအဖြတ် ရယူရတော့မည် (မြန်မာသံတော်ဆင့် မတ် ၂-၈ ၂၀၁၃)

သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ် ချောင်းသာတွင် မြေသိမ်း

မြေသိမ်းခံရသူ ၉ဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ထံ စာရေးတိုင်ကြားထား (မြန်မာသံတော်ဆင့် မတ် ၂-၈ ၂၀၁၃)

အသုံးစရိတ် (၂၄) ရာခိုင်နှုန်း စစ်တပ်အတွက် သတ်မှတ်တာကို လွှတ်တော်မှာ ဆွေးနွေးဝေဖန်မယ့်သူ မရှိ



Voa Burmese

    ဧပြီလကစမယ့် ဘဏ္ဍာရေးနှစ်မှာ အစိုးရအသုံးစရိတ် (၂၄) ရာခိုင်နှုန်း စစ်တပ်အတွက် သတ်မှတ်တာကို လွှတ်တော်မှာ ဆွေးနွေးဝေဖန်မယ့်သူ မရှိကြောင်း သိရှိရပါတယ်။ မြန်မာပြည်မှာ စစ်တပ်ရဲ့  အသုံးစရိတ်အများဆုံးဖြစ်နေတာ (၅၁) နှစ်ရှိပြီဖြစ်လို့ ဓလေ့ထုံးစံဖြစ်နေတဲ့အတွက် မဆွေးနွေးတာ ဖြစ်နိုင်ပါတယ်။ လွှတ်တော်ထဲမှာ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းက အများစုဖြစ်နေလို့ စစ်စရိတ်ကို မကန့်ကွက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို တိုင်းပြည်ကထမ်းနေရတာ အနှစ် (၅၀) ကျော်သွားပါပြီ။ အလွန်ကြီးမားတဲ့ နေပြည်တော်အသုံးစရိတ်ဟာလည်း ဝန်ထုပ်ဝန်ပိုးကြီးပါ။

    တကမ္ဘာလုံး စစ်အင်အားဖြန့်ထားပြီး အရှေ့ အလယ်ပိုင်းမှာ စစ်ဆင်ရေးလုပ်နေတဲ့ အမေရိကန်ရဲ့  (၂၀၁၂) ကာကွယ်ရေးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့  (၁၉) ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်းမာရေး အသုံးစရိတ် (၂၃) ရာခိုင်နှုန်းဖြစ်ပြီး လူမှုဖူလုံရေးက (၂၀) ရာခိုင်နှုန်းဖြစ်လို့ စစ်စရိတ်ထက် များပါတယ်။ မြန်မာစစ်တပ်က ပုံစံအမျိုးမျိုးနဲ့ (၅၁) နှစ် ကြီးစိုးတဲ့အခါ အဆင်းရဲဆုံးဘဝက ရုန်းမထွက်ဘဲ ဖြစ်နေပါတယ်။

    အစိုးရအသုံးစရိတ်မှာ စစ်တပ်ကို ခွဲဝေပေးရတဲ့ ရန်ပုံငွေ အများဆုံးဖြစ်နေတာကြာပြီ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းစတဲ့ လုပ်ငန်းတွေကတဆင့် မြန်မာ့စီးပွားရေး စစ်တပ်က လက်ဝါးကြီးအုပ်ထားတာလည်း ရှိပါသေးတယ်။ စခန်းချရာအရပ်မှာ ဗမာစစ်တပ်ဟာ မြေယာသိမ်းယူပြီး စီးပွားရှာနေတာလည်းကြာပြီ ဖြစ်ပါတယ်။ ဒါတွေကို ထည့်တွက်မယ်ဆိုရင် မြန်မာ့စီးပွားရေးမှာ စစ်တပ်ချုပ်ကိုင်တဲ့ ပမာဏဟာ အစိုးရဖော်ပြတာထက်များမှာ သေချာပါတယ်။ GDP ခေါ် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်းဖိုးရဲ့  (၅) ရာခိုင်နှုန်းက (၁၀) ရာခိုင်နှုန်းအထိ ဗမာစစ်တပ်က ယူထားနိုင်တယ်လို့ Jane ကာကွယ်ရေးစာစောင်က မနှစ်က ခန့်မှန်းပါတယ်။ အချိုးအစားနဲ့ကြည့်ရင် စစ်အင်အားအကြီးမားဆုံး အမေရိကန်တောင် ဒီလောက်မများတာကို တွေ့ရပါတယ်။

    တကမ္ဘာလုံးမှာ စစ်စခန်းတွေ ဖွင့်ထားတဲ့ အမေရိကန်အစိုးရရဲ့  စစ်စရိတ်ဟာ ပုံမှန်ဆိုရင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့  (၃) ရာခိုင်နှုန်းသာ ရှိပါတယ်။ ၂၀၀၃ မှာ အီရတ်ကို ဝင်တိုက်တဲ့နောကိပိုင်း (၄) ရာခိုင်နှုန်းအထိ ထိုးတက်သွားပါတယ်။ အမေရိကန်ရဲ့  စစ်စရိတ်ဟာ နှစ်ပေါင်းများစွာ ကမ္ဘာမှာ အမြင့်ဆုံးဖြစ်နေတဲ့အတွက် အခြားနေရာတွေမှာ နိမ့်ကျလာတ တွေ့ရပါတယ်။ ဥပမာ လွန်ခဲ့တဲ့နှစ်က ကျင်းပတဲ့ World Economic Forum က ထုတ်ဝေတဲ့ (၁၄၄) နိုင်ငံရဲ့  ပြိုင်ဆိုင်နိုင်မှု စွမ်းရည်အစီရင်ခံစာကိုကြည့်ရင် အခြေခံအဆောက်အအုံမှာ အမေရိကန်ဟာအဆင့် (၂၅) မှာ ရှိနေပြီး မူလတန်းပညာရေးမှာအဆင့် (၃၈) ရောက်နေပါတယ်။ အထက်တန်းပညာရေးစနစ်မှာ အဆင့် (၂၈) ရောက်နေပါတယ်။ နောက်ဆုံးပေါ် အတတ်ပညာအသုံးပြုအသုံးပြုနိုင်မှုမှာ အဆင့် (၁၄) ကို ရောက်နေတာ တွေ့ရပါတယ်။

    World Economic Forum က ၁၄၄ နိုင်ငံရဲ့  ပြိုင်ဆိုင်နိုင်မှုအဆင့်ကို တိုင်းတာသတ်မှတ်ပြီး စာရင်းလုပ်တဲ့အထဲမှာ မြန်မာနိုင်ငံ မပါဝင်တာဟာ သိသာထင်ရှားပါတယ်။ ပြိုင်ဆိုင်နိုင်တဲ့ အရည်အသွေးကင်းမဲ့နေလို့ စာရင်းထဲမထည့်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်က (၅၁) နှစ် အုပ်ချုပ်မင်းလုပ်လိုက်တဲ့အခါ မြန်မာပြည်ဟာ ပြိုင်ဆိုင်နိုင်တဲ့အဆင့်အတန်း ကင်းမဲ့သွားပါတယ်။ အရေအတွက်များပြီး အရည်အချင်းမရှိတဲ့ဘဝကို 'လယ်ကွင်းထိုထို တက္ကသိုလ်၊ မြင်မြင်သမျှ ပါမောက္ခ၊ တွေ့ကရာလူ ပါရဂူ' ဆိုတဲ့ဆောင်ပုဒ်က သက်သေပြနေပါတယ်။ ဒါပေမဲ့ နေရပ်ကိုစွန့်ခွါတဲ့ ဒုက္ခသည်ဦးရေကတော့ မြန်မာပြည်ကို ယှဉ်ပြိုင်နိုင်မယ့် အာရှနိုင်ငံ မရှိသေးပါဘူး။ အစိုးရတပ်ကျင့်သုံးတဲ့ ဖြတ် (၄) ဖြတ် စစ်ဆင်ရေးနဲ့ လယ်မြေသိမ်းပိုက်မှုတွေကြောင့် နေရပ်ကိုစွန့်ခွါရသူဦးရေ တိုးပွားနေပါတယ်။ စစ်တပ်ရဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ခံနေရတာကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပြန်လည်ဆန်းစစ်သင့်ပြီ ဖြစ်ပါတယ်။

    ၁၉ ရာစု ဂျပန်ပြည် မေဂျီဘုရင်လက်ထက်မှာ ဆာမူရိုင်းစစ်ဗိုလ်တစု ခေါင်းဆောင်ပြီး ပြုပြင်ရေးလုပ်လို့ အနှစ် (၄၀) ကျော်ကြားတဲ့အခါ ဂျပန်ပြည်ဟာ အနောက်တိုင်းနဲ့ ရင်ဘောင်တန်းနိုင်တဲ့အဆင့်ကို ရောက်သွားပါတယ်။ တိုးတက်ဖွံ့ဖြိုးအောင် တိုင်းပြည်ကိုပြုပြင်ပြောင်းလဲရာမှာ မေဂျီခေတ် (၄၅) နှစ်ကို စံနမူနာအဖြစ် ကိုးကားကြတာဟာ ကမ္ဘာမှာထုံးစံလို ဖြစ်နေပါပြီ။ ပွင့်လင်းမှု၊ စမ်းသပ်တီထွင်မှု၊ ပညာဥာဏ်ထက်မြက်သူကို ချီးမြှင့်မှု စတာတွေဟာ မေဂျီခေတ်ရဲ့  ထင်ရှားတဲ့ အသွင်လက္ခဏာတွေ ဖြစ်ပါတယ်။ ပထမဦးဆုံး ပြုပြင်ရေးလုပ်သူဖြစ်လို့ ဂျပန်စစ်ဗိုလ်မှာ အတုယူစရာ မရှိပါဘူး။ တိုင်းပြည်ကြီးပွားတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ပြည်ချစ်စိတ်တခုတည်းနဲ့ အစွမ်းကုန်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

    ဗမာမင်းကတော့ ပထမအကြိမ် စစ်ရှုံးသွားတာတောင် အင်္ဂလိပ်ကိုမီအောင်လိုက်ဖို့ စိတ်ကူးတာ မဟုတ်ပါဘူး။ အာဏာတည်မြဲရေးနဲ့ နန်းတွင်းအရှုပ်အထွေးမှာ အချိန်ကုန်ကြတာ များပါတယ်။ နိုင်ငံ့အရေးကို ဦးစားမပေးဘဲ အာဏာအလွဲသုံးစားလုပ်ဖို့နဲ့ အချင်းချင်းအနိုင်ကျင့်ဖို့သာ စိတ်ဝင်စားပုံရပါတယ်။ စစ်တပ်တခုတည်းကိုသာ ဦးစားပေးတဲ့နည်းဟာ တိုင်းပြည်ကို မတည်ဆောက်နိုင်ကြောင်း မေဂျီစစ်ဗိုလ်တွေ နားလည်းတဲ့အတွက် ဂျပန်ပြည်ဟာ တိုးတက်တဲ့ခေတ်မီနိုင်ငံဘဝကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံ CMJ စက်ရုံမှ မြန်မာအလုပ်သမားများ၏ မတရားခံရမှုမြင်ကွင်း

မဆုံသော လမ်း
6 hours ago
Mar 2, 2013 9:14am
ယနေ့ (၂.၃.၂၀၁၃)(စနေ)နံနက် ၅နာရီခွဲခန့်မှစ၍
တရုတ်အယုတ်တမာကောင်၏ ဦးဆောင်ခေါ်လာ
မှုဖြင့် တရုတ်ကောင်များနှင့် ဂျော်ဒန်နိုင်ငံသား
(အာလဗို)များမှ မြန်မာမိန်းကလေးအဆောင်တွင်း
သို့ဝင်ရောက်ကာ သဘောမတူပဲ အတင်းအကြပ်
ဆွဲခေါ်ထိုးကြိတ်ရိုက်နှက်ပြီး အလုပ်ဆင်းရန်
အဓမ္မ ခေါ်ဆောင်မှု မတရားခံနေရသည့်
ဗွီဒီယိုအား မျက်မြင်သက်သေကြည့်ရှုနိုင်ရန်
တင်ပြလိုက်ပါသည်။
(၀ိုင်းဝန်းကူညီ၍ ဤသတင်းအား ရှယ်ပေး
ကြပါရန် အကူအညီတောင်းခံအပ်ပါသည်။)


(ရုံးချုပ်မှ မဖြေရှင်းပေးနိုင်သဖြင့်
ရဲစခန်းသို့သွားရောက်စုရုံးတိုင်ကြားစဉ်)

တာဝန်ရှိပုဂ္ဂိုလ် များထံ CMJ နဲ့  ဂျော်ဒန်နိုင်ငံ
တာဝန်ရှိသော ရဲများထံ သို့ သွားရောက် ပြီး
တိုင်ကြားခဲ့ ရာ တုန့် ပြန်မူမရှိပဲ ပြန်ခဲ့ ရသော
မြန်မာလူမျိုးများရဲ့ မြင်ကွင်း

သာကေတ ဂယက် လှိုင်သာယာသို့ ကူးဆက်လာ

The Myanma Age

ရန်ကုန်၊ မတ် ၂။
ယနေ့ည ၁၂ နာရီ ၂၀ မီနစ်ဝန်းကျင်တွင် လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း(၃ ထိပ်)ရှိ အောင်ပရဟိတ ကျောင်း တိုက်၏ ခေါင်မိုးပေါ်သို့ ဘာသာခြားတစ်ဦး တက်ရောက်နေ သည်ဟူသော သတင်းကြောင့် အဆိုပါရပ်ကွက်တွင်း ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရပ်ကွက်တွင်း နေထိုင်သူ လူအချို့က တွေ့မြင်ခဲ့၍ ဟစ်အော် ရာမှ ရပ်ကွက်တစ်ခုလုံး တုတ်၊ ဓါးဆွဲကာ ကျောင်းဆောင်အတွင်း ဝင်ရာက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါ ကျောင်း ဆောင်အား သက်ဆိုင်ရာ ရဲအရာရှိများက ဝိုင်းဝန်းပိတ်ဆို့ထား ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း ကျောင်းတိုက်အတွင်းရှိ သံဃာ တော် တစ်ပါးက မိန့်သည်။
"ကျောင်းဆောင်ရဲ့ ခေါင်မိုးပေါ်မှာ လူကိုမြင်လို့ ဓါတ်မီးနဲ့ထိုး ကြည့်ပြီး ဘယ်သူလဲလို့ မေးတယ်။ ပြန်မဖြေဘူး။ ဒါပေမယ့် ဘုန်းကြီးကျောင်း ခေါင်မိုးပေါ်ကို တက်တာ မြန်မာလူမျိုးတော့ မဖြစ်နိုင်ဘူး။ အဲဒါနဲ့ အော်လိုက်တော့ တစ်ရပ်ကွက်လုံး တုတ်ဓါး ဆွဲပြီး ထွက်လာတာပဲ" မြင်တွေ့ခဲ့သည်ဟု ဆိုသူ အသက် ၄၀ အရွယ်ခန့် ယောက်ျားကြီး တစ်ဦးက မြန်မာ့ခေတ်သို့ ပြောသည်။
မြင်တွေ့ရသည်ဟုဆိုသော ကျောင်းဆောင်အတွင်းသို့ ရပ်ကွက် တွင်း နေထိုင်သူများက အော်ဟစ်ရှာဖွေနေစဉ်တွင် သက်ဆိုင်ရာ တာဝန်ရှိ သူများရောက်ရှိလာပြီး ပိတ်ဆို့တားမြစ်ရသည်အထိပြု လုပ်ခဲ့ရကြောင်း သိရသည်။
ရပ်ကွင်းတွင်း နေထိုင်သူ လူဦးရေ ၂၀၀ ခန့်သည် တုတ်ဓါးများဆွဲ ကာ ကျောင်းဝင်းရှေ့မှ အော်ဟစ်ပြီး တာဝန်ရှိသူများကို အဆိုပါ ကျောင်းဆောင်ပေါ်သို့ တက်ထိုင်နေသူအား ရှာဖွေပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။
ကျောင်းဆောင်ပေါ်သို့ တက်ထိုင်နေသူ မရှိခဲ့ကြောင်း သက်ဆိုင်ရာ မှ အတည်ပြုပြီးသော်လည်း ရပ်ကွက်တွင်းနေထိုင်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ လမ်းအလိုက် အဆိုပါ ဘာသာခြားဟု ယူဆရသူ ကို လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
"လူတွေကလည်း အော်ဟစ်ပြီး တုတ်တွေ ဓါးတွေဆွဲသွားကြတယ်။ ကျွန်မတို့လည်း အပြင်ထွက်ကြည့်တဲ့ အချိန်မှာပဲ ရဲကားတွေအများကြီး ရောက်လာတယ်။နောက်တော့ ဒီဘက်မှာ ငြိမ်သွားပြီး ဒါပေမယ့် ၁၁ ကွေ့ဘက်မှာ အစ္စလမ်အချို့နဲ့ ထပ်ပြီး ပြသနာတက်တယ်ကြားတယ်။" ဟုရပ်ကွက်တွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုသည် ည ၁ နာရီခန့်ထိ ဖြစ်ပွား ခဲ့ကြောင်း သိရပြီး အဆိုပါရပ်ကွက် အနီးရှိ သံတံတားလမ်းတွင် အခင်းဖြစ်ပွားချိန် တစ်ဝိုက်၌ PASSPORT မပြနိုင်သူ နိုင်ငံခြားသား နှစ်ဦးအား သက်ဆိုင်ရာမှ ထိန်းသိမ်းခဲ့ရသည်ဟု အောင်ပရဟိတ ကျောင်းတိုက်ရှိ သံဃာတော်တစ်ပါးထံမှ သိရသည်။
ထို့ပြင် လွန်ခဲ့သော ၃ ရက်ခန့်က အောင်ဇေယျတံတားအနီးရှိ ၁၁ ကွေ့တွင် အိမ်ရာအား ဘာသာရေး အဆောက်အဦး ဆောက် လုပ်မှုနှင့် ပက်သက်၍ ဆောက်လုပ်သူ အစ္စလမ်ဘာသာဝင်အချို့နှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရပြီး ယနေ့ နံနက် အစော ပိုင်းတွင် ၃ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအပေါ်ထိပ်ရှိ ဆိုင်ခန်းအချို့အား အမည်မသိသူများက ဖျတ်ဆီးသွားခဲ့ကြောင်း သိရသည်။
"မနက်က ကျွန်မဆိုင်ဖွင့်မလို့လာတော့ ဒီနားက ဈေးဆိုင်တွေ ဖျတ်ဆီးခံထားရတယ်။ ဆိုင်ပိုင်ရှင်ကလည်း လာမဖွင့်ရဲဘူး။ ဟို တစ်ခါက ၁၁ ကွေ့ဘက်မှာ ဘုန်းကြီးတရားဟောတဲ့အခွေကို ခြေထောက်နဲ့ စပြီး နင်းချေတာက စတဲ့ပြသနာပဲ" ဟုရပ်ကွက်ထိပ် တွင် ဈေးရောင်းသူ ရခိုင်အမျိုးသမီးတစ်ဦးက မြန်မာ့ခေတ်သို့ ပြောသည်။
အဆိုပါ ကိစ္စများနှင့် ပက်သက်ပြီး အောင်ပရဟိတ ကျောင်းတိုက် ကျောင်းတိုင်ဆရာတော် အရှင် သူရိယက "ကိုယ့်နိုင်ငံကို ကိုယ် ကာကွယ်ရမှာက မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ သူတို့ ကို ဘာသာရေး အဆောအအုံ မဆောက်နဲ့လို့လည်း ပြောတာ လည်း မဟုတ်ဘူး။ သာသနာရေး ဌာနက ခွင့်ပြုရင်ဆောက်ပေါ့ ခုဟာက မဟုတ်ဘူး။ နေရာတိုင်းကို ဝါးမြိုချင်နေတာ။ ဒီတော့ ၁၁ ကွေ့က ကိစ္စမှာလည်း ဦးဇင်းတို့က ဆောက်တာကို သွားတား တာပါပဲ။ ဒီလိုတော့ ခွင့်မပြုနိုင်ဘူး" ဟု မြန်မာ့ခေတ်သို့ မိန့်ကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် ရန်ကုန် မြို့နှင့် အခြားသော မြို့ကြီးများသို့ တစ်ရွေ့တစ်ရွေ့ ကူးဆက် နေကြောင်း၊ ယခင်လက သာကေတမြို့နယ်အတွင်း၌လည်း အလားတူ အိမ်ရာအား ဘာသာရေး အဆောက်အဦး ဆောက် လုပ်မှုနှင့် ပက်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်းနှင့် ယခု လှိုင် သာယာမြို့နယ်တွင်းတွင်လည်း အလားတူ ပဋိပက္ခများ ဖြစ်ပွား ရန် အသွင်သဏ္ဍန်ဆောင်လျက်ရှိကြောင်း ဆရာတော်မှ ဆက် လက်မိန့်ကြားသည်။
"ဒီလိုကိစ္စတွေကို အစိုးရက ကောင်းကောင်းကိုင်တွယ်သင့် တယ်။ ဒါမျိုးတွေကို ပြေလည်အောင် မဖြေရှင်းလို့ရှိရင် ပြသနာ တစ်ခုကနေ တစ်ခု အမျိုးမျိုး ကူးဆက်လာနိုင်တယ်" ဟု အဆိုပါ လှိုင်သာယာမြို့နယ်တွင်း ဖြစ်ပွားမှုများနှင့် သာကေတ မြို့နယ်တွင်း ဖြစ်ပွားခဲ့မှုများကို ရည်ညွှန်းကာ သုံးသပ်သူအချို့ က ဝေဖန်ပြောဆိုသည်။
စူးရှ

သေဆုံးချိန်အထိ လူသတ်မှု၌မပတ်သက်ရကြောင်း စိုင်းနော်ခမ်းငြင်းဆို


သေဆုံးချိန်အထိ လူသတ်မှု၌မပတ်သက်ရကြောင်း စိုင်းနော်ခမ်းငြင်းဆို

Friday, March 01, 2013 Posted by သျှမ်းသံတော်ဆင့်

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့ ၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည်  အဆိုပါအမှု၌ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌  စိုင်းနော်ခမ်းက “ သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျနော် တရုတ်အာဏာပိုင်တွေကိုတခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ  မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေကို ပြန်သွားပြုစုစောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ” ဟု သျှမ်းဘာသာစကားဖြင့် ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအောင်မြင်ဘဲ မတ်လ ၁ ရက် ၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်းများက ဖော်ပြပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တော်တွင် မတ်လ ၁ ရက် ဒေသစံတော်ချိန် ၂ နာရီ ၅၅ မိနစ်၌ စိုင်းနော်ခမ်း နှင့် စိုင်းဆန်ခမ်းအား တရုတ်အာဏာပိုင်းများက ဆေးထိုးသတ်လိုက်ပါသည်။

ရုပ်အလောင်းအားသက်ဆိုင်ရာနိုင်ငံ သံရုံးမှတဆင့် မိသားစုထံပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း တရုတ်အာဏာ ပိုင်များကပြောကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာများဖော်ပြပါသည်။

စိုင်းနော်ခမ်းအပါအဝင် မြန်မာနိုင်ငံသား ၃ ဦးအား ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်းထုတ်ပြီးမကြာခင် ၂၀၁၂  ဧပြီလ ၂၄ က လာအိုနိုင်ငံ၌ အဖမ်းခံရသော ရွှေတြိဂံ မူးယစ်ရာဇာအမည်ရ သျှမ်းပြည်သား စိုင်းနော်ခမ်းအား ၂၀၁၁ အောက်တိုဘာ ၅ ရက်က မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရမှုအတွက် စစ်ဆေးရန်ဟုဆိုကာ ၂၀၁၂ မေလ ၁၀ ရက်နေ့က တရုတ်နိုင်ငံအစိုးရက လွှဲပြောင်းယူဆောင်ပြစ်ဒဏ် စီရင်ခဲ့ခြင်းဖြစ်သည်။

စိုင်းနော်ခမ်းနှင့်အတူ လက်အောက်ငယ်သားများဖြစ်ကြသော စိုင်းအောင်မြတ်(မြန်မာအစိုးရမှ တရုတ်ပြည်သို့ ပို့ပေးသည့် နိုင်ငံသက်သေ)၊ ဆန်ခမ်း၊ ယီလိုင်း၊ ဂျဆီးကား၊ ဂျထူးပိုး၊ ဂျပိုး တို့လည်း ကူမင်းတရားရုံး၌ ရုံးတင်စစ်ဆေးခြင်းခံရပြီးနောက် ယမန်နှစ် နိုဝင်ဘာလဆန်းက စိုင်းအောင်မြတ်မှလွဲ၍ စိုင်းနော်ခမ်း၊ ဆန်ခမ်း၊ ယီလိုင်း နှင့် ဂျဆီးကားတို့ အားသေဒဏ်၊ လားဟူအမျိုး သား၂ ယောက်အနက် ဂျပိုး မှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာမူ ထောင်ဒဏ် ၈ နှစ် စသည့်ပြစ် ဒဏ်များ  မှတ်ခဲ့ပါသည်။

စိုင်းနော်ခမ်းက အဆိုပါ ပြစ်ဒဏ်ချမှတ်ချက်ကို အယူခံဝင်ရန် ကြိုးစားရာ ( Yunnan Provincial People’s Court) တရားရုံးတော် ကပယ်ချသဖြင့် နောက်ဆုံးအနေဖြင့် ပေကျင်းမြို့တော် အမြင့်ဆုံး ပြည် သူ့တရားရုံးတော်သို့ ထပ်မံအယူခံဝင်ခဲ့သော်လည်း မအောင်မြင်ဘဲ မတ်လ ၁ ရက်နေ့ ဆေးထိုးသတ်ရန် တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါ ဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ် တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည်  စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲ သောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေ နှောက်ခဲ့၏။  ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်လှုပ်ရှားခဲ့သည်မှာ ယခုကဲ့သို့ ဖမ်းဆီးစီရင်ခြင်းခံရသည့်အချိန်အထိ ဖြစ်ပါသည်။ စိုင်းနော်ခမ်း ကွယ်လွန်ချိန်တွင် အသက် ၄၅  နှစ် ရှိပါသည်။



Friday, March 01, 2013 Posted by သျှမ်းသံတော်ဆင့်

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့ ၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည် အဆိုပါအမှု၌ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌ စိုင်းနော်ခမ်းက “ သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျနော် တရုတ်အာဏာပိုင်တွေကိုတခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေကို ပြန်သွားပြုစုစောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ” ဟု သျှမ်းဘာသာစကားဖြင့် ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအောင်မြင်ဘဲ မတ်လ ၁ ရက် ၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်းများက ဖော်ပြပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တော်တွင် မတ်လ ၁ ရက် ဒေသစံတော်ချိန် ၂ နာရီ ၅၅ မိနစ်၌ စိုင်းနော်ခမ်း နှင့် စိုင်းဆန်ခမ်းအား တရုတ်အာဏာပိုင်းများက ဆေးထိုးသတ်လိုက်ပါသည်။

ရုပ်အလောင်းအားသက်ဆိုင်ရာနိုင်ငံ သံရုံးမှတဆင့် မိသားစုထံပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း တရုတ်အာဏာ ပိုင်များကပြောကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာများဖော်ပြပါသည်။

စိုင်းနော်ခမ်းအပါအဝင် မြန်မာနိုင်ငံသား ၃ ဦးအား ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်းထုတ်ပြီးမကြာခင် ၂၀၁၂ ဧပြီလ ၂၄ က လာအိုနိုင်ငံ၌ အဖမ်းခံရသော ရွှေတြိဂံ မူးယစ်ရာဇာအမည်ရ သျှမ်းပြည်သား စိုင်းနော်ခမ်းအား ၂၀၁၁ အောက်တိုဘာ ၅ ရက်က မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရမှုအတွက် စစ်ဆေးရန်ဟုဆိုကာ ၂၀၁၂ မေလ ၁၀ ရက်နေ့က တရုတ်နိုင်ငံအစိုးရက လွှဲပြောင်းယူဆောင်ပြစ်ဒဏ် စီရင်ခဲ့ခြင်းဖြစ်သည်။

စိုင်းနော်ခမ်းနှင့်အတူ လက်အောက်ငယ်သားများဖြစ်ကြသော စိုင်းအောင်မြတ်(မြန်မာအစိုးရမှ တရုတ်ပြည်သို့ ပို့ပေးသည့် နိုင်ငံသက်သေ)၊ ဆန်ခမ်း၊ ယီလိုင်း၊ ဂျဆီးကား၊ ဂျထူးပိုး၊ ဂျပိုး တို့လည်း ကူမင်းတရားရုံး၌ ရုံးတင်စစ်ဆေးခြင်းခံရပြီးနောက် ယမန်နှစ် နိုဝင်ဘာလဆန်းက စိုင်းအောင်မြတ်မှလွဲ၍ စိုင်းနော်ခမ်း၊ ဆန်ခမ်း၊ ယီလိုင်း နှင့် ဂျဆီးကားတို့ အားသေဒဏ်၊ လားဟူအမျိုး သား၂ ယောက်အနက် ဂျပိုး မှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာမူ ထောင်ဒဏ် ၈ နှစ် စသည့်ပြစ် ဒဏ်များ မှတ်ခဲ့ပါသည်။

စိုင်းနော်ခမ်းက အဆိုပါ ပြစ်ဒဏ်ချမှတ်ချက်ကို အယူခံဝင်ရန် ကြိုးစားရာ ( Yunnan Provincial People’s Court) တရားရုံးတော် ကပယ်ချသဖြင့် နောက်ဆုံးအနေဖြင့် ပေကျင်းမြို့တော် အမြင့်ဆုံး ပြည် သူ့တရားရုံးတော်သို့ ထပ်မံအယူခံဝင်ခဲ့သော်လည်း မအောင်မြင်ဘဲ မတ်လ ၁ ရက်နေ့ ဆေးထိုးသတ်ရန် တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါ ဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ် တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည် စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲ သောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေ နှောက်ခဲ့၏။ ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်လှုပ်ရှားခဲ့သည်မှာ ယခုကဲ့သို့ ဖမ်းဆီးစီရင်ခြင်းခံရသည့်အချိန်အထိ ဖြစ်ပါသည်။ စိုင်းနော်ခမ်း ကွယ်လွန်ချိန်တွင် အသက် ၄၅ နှစ် ရှိပါသည်။

လှိုင်သာယာ (၃) ရပ်ကွက်၊လူမျိုးရေး ရုန်းရင်းဆန်ခတ် မှုတခု ဖြစ်ပွား



Nay Myo Zin
နိုင်ငံရေး မတည်ငြိမ်မှုများ ဟိုမှ သည်မှ တစတစ ဖြစ်ပွားလာသည်။ အဓိကဖြစ်သော မြန်မာနိုင်ငံသား တိုင်းရင်းသားတို့ အတွက် အခြေခံ လူမှုဘ၀ တည်ငြိမ်လုံခြုံရေး နှင့် လောက်ငှသော စားဝတ်နေရေး တို့ အတွက် လုံလောက်သော အာမခံချက် များ မျှော်လင့်ခြင်း ကုန်ခန်းလာသော အခါ လူထု အတွင်း မတည်ငြိမ်ခြင်းတို့ဖြစ်လာပါသည်။

တောင်သူတို့ လယ်စိုက်စရာ လယ်မြေမရှိ၊ မတရားသိမ်းဆည်းခံထားရသည်။ မည်သူကမျှ တောင်သူတို့ဘက်မှ ရပ်တည်တောင်းဆို မပေး။ သို့နှင့် ဆူပူမှုများ အုံကြွမှုများဖြစ်လာသည်။

ယခုလည်း ဘာသာရေး အဓိကရုဏ်းသို့ ဦးတည် တွန်းပို့နေသည့်ဖြစ်စဉ်များ တရစပ်ဖြစ်ပွားလာသည်။

သာကေတမြို့နယ် တွင်းတွင် ဗလီကျောင်းဆောင် ဆောက်လုပ်မှုနှင့် လူထုက တားမြစ်ပိတ်ပင်ခြင်းဖြစ်ခဲ့သည်။

ယနေ့လည်း ရန်ကုန်တိုင်း၊ လှိုင်သာယာ (၃) ရပ်ကွက်၊ သာယာကုန်း ( အောင်ဇေယျ တံတားထိပ်) ရပ်ကွက် တွင် ရပ်ကွက်သူ ရပ်ကွက်သားများ အကြား ထိတ်လန့်ပြာပြာ ဖြစ်နေစေရသော လူမျိုးရေး ရုန်းရင်းဆန်ခတ် မှုတခု ဖြစ်ပွားခဲ့သည်။

ဗလီဆောက်လုပ်ရန် ပလပ်မြေနေရာ ကို ရောင်းစားရန် ကြိုးစားသော အုပ်ချုပ်ရေး တာဝန်ရှိသူ က လမ်းသွားလမ်းလာတို့ကို ပုဆိုးလှန်ပြ ရမ်းကားသော ဘာသာခြား လူမျိုးခြား တဦး ဘက်မှ အုပ်ချုပ်ရေး အဖွဲ့များက ရပ်တည်ပြီး ပြည်သူလူထုကို ကာကွယ်ပေးခြင်း မရှိသောဖြစ်စဉ် တချို့ဖြစ်ပွားခဲ့သည်ဟု သာယာကုန်း ရပ်ကွက်နေထိုင်သူ မနှင်းနှင်းအေး ( ဖုန်း 09450001551 ) ဒေါ်မော်မော်ကြည် တို့ က MSDN သို့ တိုင်ကြားသတင်းပို့လာပါသည်။

လူမျိုးရေး အဓိကရုဏ်းဖြစ်ပေါ်အောင် စနစ်တကျ အကွက်ချ ဖန်တီးပြီး တိုင်းပြည် မတည်မငြိမ်အောင် လုပ်ကာ သေနက်ပြောင်းမှ အာဏာကို ယစ်မူးသော လက်နက်ကိုင်တို့ အာဏာ စားကွက် တည်ဆောက်တတ်သော ခေတ်ကို မိမိတို့ ဖြတ်သန်းခဲ့ဖူးပြီးဖြစ်သောကြောင့် ခေတ်ပြောင်း တော်လှန်ရေး သတိ ရှိရှိဖြင့် လူထုကို ဆွဲဆောင်ကျုံးသွင်းရာ ဆူပူ အကြမ်းဖက်မှု ရပ်ဝန်းဆီသို့ မြန်မာလူမျိုးများ သက်ဆင်းနွံနစ် မခံရရန် အထူးသတိပြုစေလိုပါကြောင်း လှိုင်သာယာ၊ သာယာကုန်းနေ မြန်မာတိုင်းရင်းသားပြည်သူ များအား ပန်ကြားလိုပါသည်။

သက်ဆိုင်ရာ သတင်း မီဒီယာများ အသေးစိတ်သိရှိလိုပါလျှင် မနှင်းနှင်းအေး ဖုန်း 09450001551 သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း။

လူမျိုးရေး အဓိကရုဏ်း မဖြစ်ပေါ်စေရအောင် သတိရှိရှိဖြင့် တိုင်းရင်းသား အားလုံးစောင့်ကြပ်ကာကွယ် ထိန်းသိမ်းပေးကြပါရန်။

ဘာသာရေး လူမျိုးရေး အစ ဆွဲတင် ဆွဲထုတ် မီးပျိုးသူ လက်သည် တရားခံကို အသေးစိတ် ဖြစ်စဉ်များ မှ အစ စောင့်ကြပ်မှတ်တမ်းတင် ဖေါ်ထုတ်ကာ တိုင်းပြည်ကို စစ်အာဏာစနစ်ဆိုး အောက်သို့ တကြော့ပြန် ငရဲ ခံတွင်း သွတ်သွင်းဖျက်ဆီးလိုသူ အဖျက်သမားအဖြစ် ၀ိုင်းဝန်းအရေးယူ ဖေါ်ထုတ်ကြရန် ကြိုးစားစေလိုပါကြောင်း မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ တိုက်တွန်းလိုက်ပါသည်။

မုံရွာခရိုင် မြောက်ယမားချောင်းကူးတံတားမှကတ္တားအလေးချိန်မမှန်

ThanLarWaddy Times
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ယင်းမာပင်မြို့နယ်အတွင်းရှိ မြောက်ယမားချောင်းကူး တံတားတွငိတပ်ဆင်ထားရှိသော တန်ပိုချိန်ကတ္တားမှာ အလေးချိန်မှန်ကန်တိကျမှုလုံးဝမရှိကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးကဆိုပါတယ်။
ကတ္တားပေါ်ကို(၅)ခါတိတိတက်ခိုင်းပါတယ်။နာရီဝက်ကျော်ကြာအောင်ကတ္တားတက်ရပါတယ်။တစ်ခါချိန်တစ်မျိုးထွက်တယ်။အလေးချိန်အများဆုံးအကြိမ်ကဟာကိုယူပြီး ငွေပေးဆောင်ရတယ်။စကားများရတယ် စကားများတော့ ကြိုက်တဲ့ဆီသွားတိုင်ထည့်မတွက်ပါဘူးတဲ့ သူတို့ကတ္တားလေလံပိုင်ရှင်က စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုတောင် ပါးခေါ်ရိုက်လို့ရတယ်လို့ပြောလွတ်တယ်လို့ အဆိုပါကုန်တင်ယာဉ်မောင်းကို စိုးမင်းဦးဆိုသည့်က က္တားချိန်သည့်ဝန်ထမ်းပြောဆိုပြီးလွတ်လိုက်တယ်လို့ဆိုပါတယ်။
မြောက်ယမားကတ္တားဂိတ်မှနာရီဝက်မျှမောင်းနှင်လာသောအခါတွင် ချင်းတွင်းတံတား တန်ပိုကတ္တားဂိတ်သို့ရောက်ရှိခဲ့ရာ ချင်းတွင်းတံတားတန်ပိုကတ္တားဂိတ်မှ အလေးချိန်နှင့်မတူဘဲ ပေးဆောင်ရသည့်ငွေကြေးပမာဏလည်းအတော်လေးကွာခြားနေတယ်လို့ဆိုပါတယ်။ —
ပထမဆုံးအကြိမ်ကတ္တားတက်သည့် အလေးချိန်(13:01)အချိန် မြောက်ယမားတံတားကတ္တား


ဒုတိယအကြိမ်ကတ္တားတက်သည့်အလေးချိန်(13:07)အချိန် မြောက်ယမားတံတားကတ္တား


တတိယအကြိမ်ကတ္တားတက်သည့်အလေးချိန်(13:10)အချိန် မြောက်ယမားတံတားကတ္တား


စတုတ္ထအကြိမ်ကတ္တားတက်သည့်အလေးချိန်(13:12)အချိန် မြောက်ယမားတံတားကတ္တား


ပဉ္စမအကြိမ်ကတ္တားတက်သည့်အလေးချိန်(13:16)အချိန် မြောက်ယမားတံတားကတ္တား


မြောက်ယမားကတ္တားတွင် ပေးဆောင်ခဲ့ရသော ငွေကြေး


ချင်းတွင်းတံတားသို့အရောက် ကတ္တားတက်ရသည့်အလေးချိန် (13:49)နာရီအချိန်

စိုင်းနော်ခမ်းCaseမြန်မာအစိုးရ သဘောထားနဲ့ဥပဒေရှုဒေါင့်က ဟောသလိုမြင်ပါတယ်


မူးယစ်ရာဇာ စိုင်းနော်ခမ်းဟာ လေးနိုင်ငံက အလိုရှိနေတဲ့သူ ဖြစ်လို့ အခုလို တရုတ်တို့ ကွပ်မျက် တာကို ဘာမှ ပြောစရာ မရှိပါဘူးလို့ မြန်မာ သမ္မတ ဥပေဒ အကြံပေးလည်း ဖြစ်၊ နယ်စပ် ဖြတ်ကျော် မှုခင်းများ ဆိုင်ရာ အငြိမ်းစာ ရဲမှူးကြီးလည်း ဖြစ်တဲ့ ဦးစစ်အေးက ပြောပါတယ်။ အပြည့် အစုံကို မရီရီအောင်က မေးမြန်း တင်ဆက် ပေးထားပါတယ်။



Hkam Awng
နော်ခမ်း က ”ဘယ်သူမပြု မိမိမှု ” ဆိုတဲ့အတိုင်း သူ့ လမ်းသူရွေးချယ်သွားတာပါ ။ ဇာတ်လမ်းကတော့ ရှုပ်တယ်။ အရင်က ခွန်ဆာရဲ့ MTA မှာ ဆက်ကြေးကောက်တာဝန်ခံအဆင့်ပဲရှိပါတယ်။ နောက် ခွန်ဆာအလင်းဝင်တော့ သူလည်းပါလာပြီး တာချိလိတ်မှာအခြေချခဲ့တာ.. နောက်တော့ သူ့ အဖွဲ့ ငယ်လေးဖွဲ့ ပြီး တောပြန်ခို၊ တာချိလိတ် နဲ့ မဲခေါင်မြစ်ရိုးတလျှောက် လှုပ်ရှားသောင်းကြမ်းခဲ့တယ်။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးမှောင်ခိုနဲ့  ဆက်ကြေးကောက်စားတဲ့ ဒါးပြဂိုဏ်းသာသာပါပဲ။ နောက်ပိုင်းဆိုးလာတာကတော့ မြန်မာ ကနေ လာအို၊ အဲဒီကမှ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ် မူးယစ်ဆေးဝါးအဓိကလမ်းကြောင်း လုပ်လာတော့ မြန်မာရော၊ လာအိုရော၊ ထိုင်းရော အလိုရှိသူဖြစ်လာတယ်။ စိတ်ကြွဆေးတွေ သန်းနဲ့ ချီပြီး လာအိုကိုဖြတ်၊ ထိုင်းထဲပြန်ပတ်ဝင်တဲ့လမ်းကြောင်းမှာ ထိုင်နေတော့ နယ်မြေဖြတ်သန်းခ အခွန်တွေကောက်ခဲ့တယ်။ ပြီးတော့ လာအိုမှာ ဖွင့်ထားတဲ့ ကာစီနိုကြီး (မကာအို ပိုင်) ကိုလည်း ဆက်ကြေးကောက်တယ်။ ပြသနာ စလာတာကတော့ မြန်မာနို်င်ငံမူးယစ်အထုးအဖွဲ့ တွေ မဲခေါင်မြစ်ထဲ လုံခြုံ ရေးကင်းလှည့်တဲ့ မော်တော်ဘုတ်ကို ကမ်းစပ်ကနေစောင့်ခြုံခိုတိုက်ခဲ့တာ၊ မူးယစ်က ၄ ယောက်ကျဆုံးသွားတယ်။ တစ်ချို့ အလောင်းတွေ မဲခေါင်ထဲမျောပါသွားလို့  ပြန်မရတော့ဘူး။ (မိသားစုနဲ့ သင်းဂြိုလ်တော့ ကျနော် တာချီလိတ်မှာရှိနေတာ မှတ်မိတယ်) နော်ခမ်းကို သဲသဲမဲမဲ လိုက်တော့ သူ လာအိုရွာတစ်ရွာမှာခိုအောင်းနေတယ်။ ပြီးတော့ မဲခေါင်မြစ်ရေကျရင်ပေါ်နေတဲ့ ကျွန်းတွေမှာ လှုပ်ရှားခိုအောင်းတယ်။ နယ်မြေနဲ့ ရွာတွေမှာ terrorize လုပ်တဲ့အနေနဲ့  စကားနားမထောင်တဲ့ ရွာသားတွေ ခေါင်းဖြတ်သတ်တယ်။ ရွာလယ်မှာ ခေါင်းကို တရွာလုံးမြင်အောင် ထားထားတယ်။ တပ်နဲ့ ရဲနဲ့ တခါလိုက်ရှင်းတော့လည်း တိုက်ပွဲမှာ ရဲ (၈) ယောက်၊ အရပ်သား ၅ ယောက် ကျဆုံးခဲ့တယ်။ သူလည်းအထိနာတယ်။ ဒီလိုနဲ့ နောက်ပိုင်း တရုတ်သင်းဘောတွေကို အခွန်မပေးရင် ပစ်ခတ်လေ့ရှိတယ်။ လုံခြုံရေးနဲ့ သွားရတဲ့အဆင့်ရောက်သွားတယ်။ ထိုင်း၊ လာအို နဲ့ မြန်မာ ပူးပေါင်းကင်းလှည့်ဖို့ အစီအမံတွေလုပ်ကြပေမဲ့  မအောင်မြင်ခဲ့ဘူး။ ထိုင်း၊ တရုတ်က ကင်းလှည့် မော်တော်တွေပေးတယ်..အလကား၊ ဒီကဆီဘိုးမတတ်နိုင်ဘူး။ဒီတော့ မဲခေါင်ကို နော်ခမ်းပဲ ကြီးစိုးနေတာ ဖမ်းမမိဘူး။ နောက်ဆုံးတရုတ်သင်းဘောကို စီးပြီး သဘောသားတွေကို လက်ပြန်ကြိုးတုပ်၊ ပစ်သတ်ပြီး မျောချလိုက်တာ ၄ နိုင်ငံကသည်းခံနိုင်တဲ့ အတို်င်းအတာကျော်သွားတယ်ပေါ့ဗျာ။ အဲဒါလည်း အတည်မပြုနိုင်တဲ့သတင်းတွေက လာအိုကာစီနို နဲ့ တရုတ်သင်းဘောတွေ သူ့ ကိုဆက်ကြေးမပးတဲ့ပြသနာတွေပဲ လို့ ကြားရတယ်။ နောက်ဆုံး လာအိုမှာခိုအောင်းနေတုန်း လာအို သတင်းပေးတွေကြောင့် လာအိုရဲတွေဖမ်းမိသွားတာပဲ။ မကောင်းမှုကတော့ တာရှည်မခံဘူး၊ ခွေးရူးကောင်းစား တစ်မွန်းတည့် ဆိုသလိုပေါ့။ ဖမ်းမိပြီး မြန်မာကပြန်မတောင်းတာက အကြောင်းအမျိုး မျိုး ရှိမယ်ထင်ပါတယ်။ တရုတ်ဆီကပြန်တောင်းရင် ပေးမယ်လို့ ထင်ပါတယ်။ ပြန်ပေးခဲ့တဲ့ အစဉ်အလာတွေလည်းအများကြီးပဲ။ တရားခံအပြန်အလှန်လဲလှယ်ကြတာ မနည်းပါဘူး။ မှတ်မိသလောက် ကျနော်တို့ အရမ်းအလိုရှိနေတဲ့ တစ်ယောက်ဆို၇င် ရှာပေးဖို့ ပြောပြီး ၂ ပါတ်အတွင်း ရှန်ဟိုင်းမှာ ဖမ်းပေးတယ်။ ကူမင်းမှာသွားခေါ်ယူတယ်။ နောက်တစ်ယောက် ကအခုလိုပဲ လာအိုထဲပြေးတယ်.. ဗီယက်နမ်နယ်စပ်တောင်ရောက်နေပြီ၊ လာအိုရဲကဖမ်းပေးတယ်။ ဗီယန်ရှင်းမှာ သွားခေါ်တယ်။ နောက်ကျတော့ တရုတ်နိုင်ငံသားဖြစ်နေတယ်။ ဟိုမှာလည်း ပြစ်မှုကျူးလွန်ထားတာမနည်းဘူး။ သူတို့ ပြန်တောင်းတယ်။ အင်းစိန်ကနေထုတ်ပြီး ပြန်ပေးတယ်။ အထူးလေယာဉ်နဲ့ ကို လာခေါ်သွားတယ်။ အလားတူပဲ ထိုင်းအလိုရှိမူးယစ်ဆေးဝါးသမားတစ်ယောက် ကျနော်တို့ ဖမ်းပေးတယ်။ သူတို့ အထုးလေယာဉ်နဲ့ လာခေါ်ခဲ့ တယ်။ ကျနော်တို့ အလိုရှိတဲ့တစ်ယောက်ကို DEA,ထိုင်းမူးယစ်နဲ့ ပေါင်းပြီး သူအမျိုးသမီး အမေရိကန်ကအလာ ဘန်ကောက်လေဆိပ်မှာဖမ်း ပြီး နောက်တနေ့ မှာပဲ ခရိးသည်တင်လေယာဉ်နဲ့ ရန်ကုန်ပြန်ခေါ်ခဲ့ပါတယ်။ ဒါတွေကျနော်ပြောနေတာ အထောက်အထားနဲ့ ပါ။ သတင်းစာထဲလည်းပါပါတယ်။ အဲဒီတုန်းက သတင်းစာရှင်းလင်းပွဲတွေမှာ ရှင်းခဲ့ဘူးတယ်။ ပြန်မတောင်းတာလည်းအများကြီးပဲ။ case by case basis ပါပဲ။ မူးယစ်ရဲအချင်းချင်း နိုင်ငံကျော်၊၊ ဥပဒေခြားပေမဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ အရမ်းကောင်းပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လည်း 1988 UN Convention Against Illicit Traffic in Narcotic Drug and Psychotropic Substances ကိုဒီနို်င်ငံတွေအားလုံး လက်မှတ်ရေးထိုးကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက တရားခံလဲလှယ်ခြင်း ဆိုတဲ့ article ကို ခြွင်းချက် reservation နဲ့ ထိုးခဲ့တာပါ။ International Court of Justice (ICJ) ရဲ့ အဆုံးအဖြတ်ကိုရယူမည် ဆိုတာလည်း reservation ထားခဲ့တယ်။ ဒါကြောင့်လည်း အနောက်နို်င်ငံတွေက အလိုရှိ ဆုငွေ ဒေါ်လာ သန်းနဲ့ ချီထုတ်ထားတဲ့ ခွန်ဆာတို့ ၊ ဝ ခေါင်းဆောင်တွေ ကို မြန်မာနိုင်ငံက လုံးဝမပေးဘူး။ ခွန်ဆာကတော့အကြွင်းမဲ့လက်နက်ချထားလို့ ၊ တခြားလည်းငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ အစည်းတွေပဲ။ ဒီတော့ နော်ခမ်း ကိုပြန်တောင်းသင့်မသင့် ဆိုတာ အကျိုးအပြစ် အားသာချက် အားနည်းချက် စဉ်းစားချင့်ချိန်ကြည့်ပေါ့လေ။ ကျနော်တို့ နိုင်ငံရဲ့ မူး.ယစ်ဥပဒေလည်း သေဒဏ်ပါပြီး ပြင်းထန်တဲ့ဥပဒေပါ။ ခင်မင်တဲ့ တားဆီးနှိမ်နှင်းရေးအရာရှိတွေအချင်းချင်းမှာ တခါတခါ မင်းတို့ ဥပဒေနဲ့ ပဲကောင်းပါတယ်တဲ့..ဒို့ ဥပဒေနဲ့ ဆိုရင် ၄=၅ နှစ်နဲ့ ပြန်ထွက်လာ၊ ပြန်လုပ်ကြတာပဲ တဲ့။ မနည်းဖမ်းထားရတာတောင် အားမနာဘူးတဲ့။ ဘာပြောပြောပါ ကျနော်လည်း Capital punishment သေဒဏ်ပေးတာကိုတော့ မကြိုက်ဘူးဗျာ.. တရုတ်တွေလို လူထုရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာလည်း ဆန့် ကျင်ပါတယ်။ လူပဲ..လူဆန်ဆန်ပဲ သူ့ ပြစ်ဒဏ်သူပေးရင် တော်ပါပြီ။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားခံများ လွှဲပြောင်းပေးမှု



‎(၁) မနေ့က တင်ဖြစ်တဲ့ပုံက အားချင်း ရှာလိုက်ရတာမို့ နည်းနည်းဟောင်းနေပါတယ်။ ဒီတော့ အပြစ်ပြောလိုသူတချို့က အရင်တုန်းက ဟာကြီးပါလို့ ပြောလာတာကြောင့် လတ်တလောပုံလေးတွေ ပြန်ရှာပြီး တင်ပေးတာပါ။

 (၂) စိုင်းနော်ခမ်း ဟာ မူးယစ်ရာဇာ၊ ဘိန်းကုန်သည် (၁၃) ယောက်ကို သတ်တဲ့အမှုမှာ သူ့အမိန့်မပေးခဲ့ဘူးငြင်းသော်လည်း သတ်တဲ့လူတွေက သူ့တပည့်တွေ၊ ဒါကြောင့် စိုင်းနော်ခမ်း အပြစ်ရှိတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ အပြစ်ရှိတဲ့လူ အပြစ်ရှိတဲ့အလျောက်ဖြစ်တာ မထူးဆန်းပါဘူး။ ခုက တရုတ်အစိုးရက မထီမဲ့မြင်လုပ်တာ၊ ဘောင်ကျော်တာ၊ CCTV က တိုက်ရိုက်ထုတ်လွှင့်တာ၊ သေဒဏ်ပေးခံရတဲ့ အကျဉ်းသားဟာ မြန်မာ မြန်မာ လို့ထပ်တလဲလဲကြေညာနေတာဟာ နိုင်ငံကြီးက နိုင်ငံလေးကို စော်ကားတာပါ။ ကျွန်တော်ရေးထားတာက အဲဒီ့ အကြောင်းပါ။ စိုင်းနော်ခမ်း အပြစ်ရှိကြောင်း/မရှိကြောင်း၊ စိုင်းနော်ခမ်း ခွေးထက်မိုက်ကြောင်း/မမိုက်ကြောင်း ဆွေးနွေးနေတာမဟုတ်ပါဘူး ခင်ဗျာ။

 (၃) စိုင်းနော်ခမ်းကိစ္စကြောင့် လူမျိုးရေးမုန်းတီးမှုစိတ်တွေ ဖြစ်ကြမဲ့အစား တရုတ်အစိုးရရဲ့ ၀င်ရောက်စွက်ဖက်ချယ်လှယ်နေမှုကို ဆန့်ကျင်တာမျိုးဖြစ်စေချင်ကြောင်း အကြံပြုပါတယ် ခင်ဗျာ။
By: Moe Zay Nyein

မြေဖို့သတ်တော့မှာလား ကိုရွှေသူဌေးရယ်


Nay Wai

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အစုကြီးကျေးရွာ ရန်ကုန်ပုသိမ်ကားလမ်းနဘေး ကွင်းအမှတ် ၃၆၀ ဦးပိုင်အမှတ် ၁/၅ ဧရိယာ ၁.၁၂
ဧက မြေပေါ်ရှိ အိမ်အမှတ် ၁၂၆ နှင့် ၁၈၉ တို့အားပိုင်ရှင်များကိုညှိနှိုင်းခြင်းမရှိဘဲ ဖယ်ရှားခိုင်းခြင်းကို ပိုင်ရှင်များက ထန်းတပင်မြို့နယ်
အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက် တိုင်ကြားခဲ့ရာ၂၂-၂-၂၀၁၃ နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့်တာဝန်ရှိသူများက အိမ်ရှင်များနှင့်
ညှိနှိုင်းသဘောတူချက်မရှိဘဲမလုပ်ဆောင်ရန် တားမြစ်ထားခဲ့ပါတယ် ။
၂၃ - ၂ - ၂၀၁၃ ည ၇ နာရီ ၃၀ မိ နစ်မှာတော့ ကုမ္မဏီဘက်မှ
အယောက် ၃၀ ခန့် တုတ်များဓါတ်မီးများကိုင်ဆောင်ပြီးနေအိမ်များအတွင်းရှိ ဘဲ ခြံများကိုစတင်ဖျက်ဆီးကာ နာရီဝက်အတွင်းမှာပင်
မြေသယ်ကားကြီးများဖြင့် မြေများလာရောက် ( ပုံပါအတိုင်း ) လာရောက်စုပုံသွားခဲ့ပါတယ် ။


အိမ်ရှင်အမျိုးသမီးတွေမှာ ယောက်ျားသားမရှိတဲ့ မုဆိုးမ သားအမိတွေဖြစ်ပါတယ် ။
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဆွေမျိုးသားချင်းတွေ ရပ်မိရပ်ဖတွေကိုသွားရောက်အကူအညီတောင်းတဲ့အခါ လိုက်လာပြီးပြောခဲ့ပေမဲ့ ပြောလို့မရပါဘူး ။ လူအင်အားများတဲ့ကုမ္မဏီဝန်ထမ်းတွေက ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ပါတယ် ။
ကုမ္မဏီနာမည် မပါပါဘူး ။ ကားတွေကလည်း နံပါတ်တွေမပါပါဘူး ။ မြို့နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့တွေ တပ်သစ် ရဲစခန်းက ရဲတွေကပါ အမည်မသိပါဘူး ။
၂၅ ရက်နေ့မှာတော့ သတင်းသမားတွေ နဲ့ ပီဒီပီ ရှေ့နေမ သုံးယောက်က နစ်နာသူဘက်က မေးမြန်းစုံစမ်းပြီးရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ် ။
ရဲစခန်းထဲမှာတော့ အတော်လေးကို ပြောဆိုခဲ့ရပါတယ် ။ ရဲနဲ့ ထွေအုပ်က မသိချင်ယောင်ဆောင်နေတယ်လို့ ထင်မြင်ယူဆရပါတယ် ။
အဲဒီအိမ်နှစ်ကွက်ကို ၀ယ်တာလည်းမဟုတ်ဘူး - သိမ်းတာလည်းမဟုတ်ပါဘူး - ဘလိုင်းကြီးအနိုင်ကျင့်စော်ကားနေတာဖြစ်ပါတယ် ။ မျက်နှာမွဲ မုဆိုးမ သားအမိတွေကို လူဝါးဝသူတွေကို ပြတ်ပြတ်သားသား နှိပ်ကွပ်ပါ။

နော်ခမ်းဂယက် ရှမ်းပြည် ကို ရိုက်

" လာရှိုး မှာ တရုတ် အိမ် တွေ ကို မီးကွင်း ပစ်မယ့် သတင်းတွေ ထွက် "

"တရုတ် အစိုးရ က မြန်မာ နိုင်ငံ ရှမ်း ပြည်နယ် လာရှိုးဇာတိ ဖွား ပြည်သူ့  စစ် ခေါင်းဆောင် နဲ့ 
ဘိန်းရာဇာ နော်ခမ်း ကို လူ့ အခွင့် အရေး ချိုးဖောက် ပြီး ကွပ်မျက် ခဲ့တာ နဲ့  ပတ်သက် ပြီး တရုတ်
တရုတ် နိုင်ငံ သား တွေ ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူ တွေ ၊ လူ့  အခွင့် အရေး အဖွဲ့  တွေ က ဝေဖန်ထောက် ပြ မှု တွေ နဲ့  ပွက် လော ညံ နေ ပြီး နော်ခမ်း ရဲ့  ဇာတိ လားရှိုး မှာ တော့ တရုတ် ရဲ့  အကြင်နာ တရား ကင်း မဲ့ စွာ မြန်မာ နိုင်ငံ သား တစ်ယောက် ကို သတ် ဖြတ် ခဲ့ မှု နဲ့  ပတ်သက် ပြီး လက်တုံ့  ပြန် မယ် လို့  ခြိမ်းခြောက် မှု တွေ ဒီနေ့ မနက် အစောပိုင်း မှာ စတင် ပေါ် ထွက် ခဲ့ ပါတယ်။

လားရှိုး မြို့ ခံ တစ်ဦး ကို FNG က ဆက်သွယ် မေးမြန်း ကြည့် တဲ့ အခါ ” ဘိန်းဓမြ ပဲ မှန်တယ်။ တရုတ်တွေ ကို သတ် လို့  အား ရတယ်။ နော်ခမ်း က သူ ရဲကောင်း ပဲ၊ ဒါပေမယ့် သူ သေခါ နီး မှာ လူမြင်ကွင်းရှေ့ မှာ လမ်းလျှောက် ပြခဲ့တာ မတရား ဘူး ၊ တရုတ် တွေ ကို လက်စား ချေရမယ် ၊ ဒီနေ့  ည မီးကွင်းပြစ်မယ် လို့  သတင်း တွေ ထွက် နေတယ် လို့  လာရှိုး မြို့  က လက်ဖက် စိုက်ပျိုး သူ တစ်ဦး က FNGကို ပြောတာ ပါ။

မဲခေါင်မြစ် တွင်း မှာ တရုတ် သင်္ဘော သား ၁၃ ဦး ကို ၂၀၁၁ ခုနှစ် အတွင်း မှာ သတ်ဖြတ် မှု နဲ့  ပတ်သက်ပြီး မြန်မာ ဘိန်းရာဇာ နော်ခမ်း ကို တရုတ် အစိုး ရ က ၂၀၁၂ ခုနှစ် အတွင်း မှာ ဖမ်းဆီး ပြီး မနေ့ ကလူ့  အခွင့် အရေး နဲ့  လျှော် ညီ မှု မရှိ ပဲ သေဒဏ် ပေး ခဲ့ ပါတယ်။

အသက် ၄၄ နှစ် အရွယ် ရှိ နော်ခမ်း နှင့် အတူ ထိုင်း နိုင်ငံ သား ဆာခမ်း၊
လာအို နိုင်ငံသား များ ဖြစ်သူ ယိလိုင် နှင့် ဇာဆိက တို့  ကို လည်း ကွပ် မျက်
ခဲ့သည်။ နော် ခမ်း အား ဆေးထိုး ၍ သေဒဏ် ပေး ကွပ် မျက် သည် ကို တရုတ် အစိုးရ
ပိုင် CCTV မှ တစ်ဆင့် ထုတ် လွှင့် ပြသခဲ့သည်။

နောက်ခမ်း အား ယမန်နေ့  က တရုတ် အစိုးရ ရုပ်သံ မှ ထုတ် လွှင့်ပြ
သရာ တွင် သူ့  မိခင် နှင့် ကလေး များ ကို သတိရသည် ဟု ပြောကြား ခဲ့သည်။

မဲခေါင်မြစ် တွင်း တရုတ် သင်္ဘော သားများ ကို သတ်ဖြတ်မှု တွင် နော်ခမ်း သည် ပါဝင် ခြင်း
မရှိ အမိန့် ပေး ခဲ့ ခြင်း လည်း မရှိ ဟု ငြင်း ဆို သော် လည်း တရုတ် အစိုး ရ နော်ခမ်း တပည့်
များ သတ်ဖြတ် သည် ဟု စွပ်စွက် ချက ဖြင့် သေဒဏ် ပေး ခဲ့ ခြင်း ဖြစ်သည်။

တရုတ် အစိုးရ က မြန်မာနိုင်ငံ သား နော်ခမ်း ကို သေဒဏ် စီရင် မှု မှာ မြန်မာ အစိုးရ က တရုတ် ကျေး
ဇူး ရှိတာ ကြောင့် ရေငုံ နှုတ် ပိတ် ပဲ နေ ခဲ့ ပါတယ်။

စိုင်းနော်ခမ်း က တော့ သေဒဏ် ပေး ချိန် အထိ တည်တည် ငြိမ်ငြိမ် နဲ့  ပဲ ရင် ဆိုင် သွား တာကို
တရုတ် ရုပ် သံ တွေ မှာ တွေ့  ရ မှာပါ"

Freedom News Group(Burma)


"နော်ခမ်းဂယက် ရှမ်းပြည် ကို ရိုက် ၊ လာရှိုး မှာ တရုတ် အိမ် တွေ ကို မီးကွင်း ပစ်မယ့် သတင်းတွေ ထွက် "

"တရုတ် အစိုးရ က မြန်မာ နိုင်ငံ ရှမ်း ပြည်နယ် လာရှိုးဇာတိ ဖွား ပြည်သူ့  စစ် ခေါင်းဆောင် နဲ့ 
ဘိန်းရာဇာ နော်ခမ်း ကို လူ့ အခွင့် အရေး ချိုးဖောက် ပြီး ကွပ်မျက် ခဲ့တာ နဲ့  ပတ်သက် ပြီး တရုတ်
တရုတ် နိုင်ငံ သား တွေ ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူ တွေ ၊ လူ့  အခွင့် အရေး အဖွဲ့  တွေ က ဝေဖန်ထောက် ပြ မှု တွေ နဲ့  ပွက် လော ညံ နေ ပြီး နော်ခမ်း ရဲ့  ဇာတိ လားရှိုး မှာ တော့ တရုတ် ရဲ့  အကြင်နာ တရား ကင်း မဲ့ စွာ မြန်မာ နိုင်ငံ သား တစ်ယောက် ကို သတ် ဖြတ် ခဲ့ မှု နဲ့  ပတ်သက် ပြီး လက်တုံ့  ပြန် မယ် လို့  ခြိမ်းခြောက် မှု တွေ ဒီနေ့ မနက် အစောပိုင်း မှာ စတင် ပေါ် ထွက် ခဲ့ ပါတယ်။

လားရှိုး မြို့ ခံ တစ်ဦး ကို FNG က ဆက်သွယ် မေးမြန်း ကြည့် တဲ့ အခါ ” ဘိန်းဓမြ ပဲ မှန်တယ်။ တရုတ်တွေ ကို သတ် လို့  အား ရတယ်။ နော်ခမ်း က သူ ရဲကောင်း ပဲ၊ ဒါပေမယ့် သူ သေခါ နီး မှာ လူမြင်ကွင်းရှေ့ မှာ လမ်းလျှောက် ပြခဲ့တာ မတရား ဘူး ၊ တရုတ် တွေ ကို လက်စား ချေရမယ် ၊ ဒီနေ့  ည မီးကွင်းပြစ်မယ် လို့  သတင်း တွေ ထွက် နေတယ် လို့  လာရှိုး မြို့  က လက်ဖက် စိုက်ပျိုး  သူ တစ်ဦး က FNGကို ပြောတာ ပါ။

မဲခေါင်မြစ် တွင်း မှာ တရုတ် သင်္ဘော သား ၁၃ ဦး ကို ၂၀၁၁ ခုနှစ် အတွင်း မှာ သတ်ဖြတ် မှု နဲ့  ပတ်သက်ပြီး မြန်မာ ဘိန်းရာဇာ နော်ခမ်း ကို တရုတ် အစိုး ရ က  ၂၀၁၂ ခုနှစ် အတွင်း မှာ ဖမ်းဆီး ပြီး မနေ့ ကလူ့  အခွင့် အရေး နဲ့  လျှော် ညီ မှု မရှိ ပဲ သေဒဏ် ပေး ခဲ့ ပါတယ်။

အသက် ၄၄ နှစ် အရွယ် ရှိ နော်ခမ်း နှင့် အတူ ထိုင်း နိုင်ငံ သား ဆာခမ်း၊
လာအို နိုင်ငံသား များ ဖြစ်သူ ယိလိုင် နှင့် ဇာဆိက တို့  ကို လည်း ကွပ် မျက်
ခဲ့သည်။ နော် ခမ်း အား ဆေးထိုး ၍  သေဒဏ် ပေး ကွပ် မျက် သည် ကို တရုတ် အစိုးရ
ပိုင် CCTV မှ တစ်ဆင့် ထုတ် လွှင့် ပြသခဲ့သည်။

နောက်ခမ်း အား ယမန်နေ့  က တရုတ် အစိုးရ ရုပ်သံ မှ ထုတ် လွှင့်ပြ
သရာ တွင် သူ့  မိခင် နှင့် ကလေး များ ကို သတိရသည် ဟု ပြောကြား ခဲ့သည်။

မဲခေါင်မြစ် တွင်း တရုတ် သင်္ဘော သားများ ကို သတ်ဖြတ်မှု တွင် နော်ခမ်း သည် ပါဝင် ခြင်း
မရှိ အမိန့် ပေး ခဲ့ ခြင်း လည်း မရှိ ဟု ငြင်း ဆို သော် လည်း တရုတ် အစိုး ရ နော်ခမ်း တပည့်
များ သတ်ဖြတ် သည် ဟု စွပ်စွက် ချက ဖြင့် သေဒဏ် ပေး ခဲ့ ခြင်း ဖြစ်သည်။

တရုတ် အစိုးရ က မြန်မာနိုင်ငံ သား နော်ခမ်း ကို သေဒဏ် စီရင် မှု မှာ မြန်မာ အစိုးရ က တရုတ် ကျေး
ဇူး ရှိတာ ကြောင့် ရေငုံ နှုတ် ပိတ် ပဲ နေ ခဲ့ ပါတယ်။

စိုင်းနော်ခမ်း က တော့ သေဒဏ် ပေး ချိန် အထိ တည်တည် ငြိမ်ငြိမ် နဲ့  ပဲ ရင် ဆိုင် သွား တာကို
တရုတ် ရုပ် သံ တွေ မှာ တွေ့  ရ မှာပါ"

Freedom News Group(Burma)

ဂျော်ဒန်မှာမြန်မာအလုပ်သမားတွေ တော်တော် ကိုဒုက္ခ ရောက်နေကြပါပြီ

Bright Aungaung

ဒီနေ့ မနက် စက်ရုံကတရုတ်မတွေက ကုလားတွေကိုခေါ်လာပြီး အလုပ်သမားတွေကိုအလုပ်ဆင်းဖို့ အတင်းခေါ်ကြပါတယ် အလုပ်သမားတွေက မဆင်းဘူးလို့ငြင်းဆိုတဲ့အခါ လာခေါ်သောကုလားများမှ မြန်မာအလုပ်သမား အမျိုးသမီးတွေကို ၀င်ရိုက်တဲ့ အတွက် အလုပ်သမား အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရသွား ကြပါတယ် ယခု မြန်မာအလုပ်သမားတွေ ရဲစခန်းမှာ အားလုံးရောက်နေကြပါတယ်လို့ သတင်းပေးပို့ထားပါတယ်။ သံရုံးမရှိတဲ့နိုင်ငံဆိုတော့ ပိုဆိုးတာပေါ့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ တာဝန်ယူဖြေရှင်းပေးကြပါအုံး ကိုယ့်လူမျိုး တွေ အဲဒီလိုဖြစ်နေတာကို ဒီအတိုင်းကြည့်နေကြမယ်ဆိုရင်တော့ နော်ခန်း တရုက်ပြည်မှာအသတ်ခံ ရသလို အဖြစ်မျိုးတွေနဲ့ ကြုံလာနိုင်ပါတယ် အားလုံးဝိုင်းပြီး ကူညီပေးစေလိုပါတယ်..

ဂျော်ဒန်ယောက်မြန်မာ cmj အလုပ်ဆန္ဒပြအလုပ်သမားများကိုnew sai ကုပ္မဏီတာဝန်ရှိသူကိုစိုင်းကတာဝန်ယူဖြေရှင်းပေးမည်ဆိုပြီး ၁၄ ရက်ကြာရှိနေပြီးဘာမှထူးခြားမှုမရှိသေးပါ

----------------------------------------------------------------------------------------------------------


ဂျော်ဒန်ရောက် ဆန္ဒပြ မြန်မာ အလုပ်သမားများမှ ပေးစာ
Saturday, March 2, 2013
ဧရာဝတီ သတင်း
ဂျော်ဒန်နိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြနေမှုဟာ အခုထိ အဆင်မပြေသေးဘူးလို့ သိရပါ တယ်။ ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေရဲ့ ဆန္ဒပြမှု ဖြစ်စဉ်နှင့် အကူအညီတောင်းခံမှုပေးစာ တစောင်ကိုလည်း အဆိုပါ အလုပ်သမားတချို့ က ဧရာဝတီကို ပေးပို့လာပါတယ်။ အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ဂျော်ဒန်ရောက် CMJ အထည်ချုပ်စက်ရုံရှိမြန်မာအလုပ်သမားများ၏ ဆန္ဒပြမှု ပြဿနာဖြစ်စဉ်

(13.2.2013) (Wed:) တွင်စက်ရုံမှကျွေးသောထမင်းကိုစား၍ အလုပ်သမားများဝမ်းလျှော ခဲ့ကြပါသည်။
နောက်တစ်ရက် (14.2.2013) (Thu:)တွင်ဝမ်းလျှောသည့်သူများအတွက်ဆေးခွင့်တောင်း ရာ ဆေးခွင့်မပေးခဲ့ပါ။ ဒါကိုရုံးခန်းသို့ သူတို့ကျွေးတဲ့ထမင်း ၊ ဟင်း ပန်ကန်ကိုယူပြီး ကောင်းမွန်စွာပြောပြီး တင်ပြခဲ့သော်လည်း တာဝန်ရှိတရုတ်လူမျိုးမှ ရိုင်းပျစွာပြောဆို ဆက်ဆံပြီး အမူအရာကြမ်းတမ်း စွာဖြင့် ခုံကိုလက်သီးဖြင့်ထုခဲ့ပါသည်။ ထို့ကြောင့် မြန်မာတာဝန်ခံ ဦးရဲထွန်းမှ စက်ရုံတွင်း၌အလုပ်သမားများအုံကြွက်လာမှုများမဖြစ်စေရန် မြန်မာအလုပ်သမား အမျိုးသား/သမီးအယောက်(၂၀)ကျော်အား တိုင်ပင် ဆွေးနွေး ရန်ခေါ်ဆောင်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တောင်းဆိုချက်(၃)ချက်ကို မြန်မာအလုပ်သမားများမှ တစ်ညီတစ်ညွတ် တည်းတောင်းဆို ခဲ့ကြပါသည်။
(၁) အခြေခံလစာကို အမေရိကန်ဒေါ်လာ (၁၅၅ ဒေါ်လာ) မှ (ဒေါ်လာ ၂၀၀) သို့ တိုးမြှင့်ပေးရန်၊
(၂) လူမျိုးခွဲခြားဆက်ဆံခြင်းမျာကို အခြားလူမျိုးများနည်းတူ တန်းတူဆက်ဆံပေးရန်၊
(၃) ကျန်းမာရေးနှင့်ညီညွတ်ပြီး မြန်မာလူမျိုးများနှင့်ကိုက်ညီသောအစားအသောက် များကျွေးရန်၊
အခြေခံလစာကိုတိုးမြှင့်တောင်းဆိုရခြင်းမှာ ဒီနိုင်ငံကငွေကြေး(အခေါ်အဝေါ် JD) သည် ဒေါ်လာ ထက်မြင့်ပြီး ကွာခြားချက်မှာ ဒေါ်လာ ၁၀၀လျှင် JD ၇၀ ဖြစ်ပါသည်။ အလုပ်သမားများသည် စက်ရုံမှကျွေးသော ထမင်း၊ဟင်းများလည်းမကောင်းသောကြောင့် ကိုယ်တိုင် ချက်ပြုတ်စားသောက်ရခြင်း ၊ လုပ်အားခနှင့် သုံးစွဲမှုကုန်ကျစရိတ်မမျှတမှုစသည့် အခက်အခဲများနှင့် ရင် ဆိုင်နေကြရပါသည်။
ယခုနှစ်တွင် ကုန်ဈေးနှုန်းပိုမြင့်လာသဖြင့် မူလအဆင်မပြေမှုအပြင် အခက်အခဲများမှာ ပိုမိုဆိုးရွား လျက်သာရှိနေရပါသည်။
ဤကဲ့သို့ မိမိတို့၏ အခက်အခဲအကြပ်အတည်းများဖြင့်သာ လုံးပန်းနေရသဖြင့် မိသားစုများထံသို့ ငွေပို့နိုင် ရန်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ပါ။ အချိန်ကုန်၍လူပင်ပန်းမှုများသာဖြစ်နေကြရပါသည်။ သို့ဖြစ်ပါ၍ အလုပ်သမားများမှ ယင်းဒုက္ခများမခံစားနိုင်ပဲမခံမရပ်နိုင်သောကြောင့် အဆုံးတွင် အလုပ်သမားများ အားလုံးမှအထက်ပါအချက်များအား အသနားခံတောင်းခံခဲ့ကြပါသည်။
(17.2.2013) (Sun:) တွင် Aman စက်မှုဇုန်ရှိ အလုပ်သမားရုံး နှင့် CMJ စက်ရုံသို့ တိုင်ကြားစာပို့ခဲ့ပါသည်။
အလုပ်သမားရုံးသို့တိုင်ကြားစာ သွားရောက်ပို့ရာတွင် အကြီးအကဲနှင့်မတွေ့ခဲ့ရပဲ ရုံးတာဝန်ခံ (ဤနိုင်ငံ သား) ၏ပြောကြားမှုများဟုဆိုကာ မြန်မာတာဝန်ခံ ဦးရဲထွန်းမှစကားပြန်ပေးခဲ့ပါသည်။ ( '' မင်းတို့ ခုလိုတောင်းဆိုချင်ရင် ဒီအလုပ်သမားရုံးနဲ့ မင်းတို့ အခုအလုပ်လုပ်နေ တဲ့ စက်ရုံကို (၁၄) ရက်ကြိုတင် အကြောင်းကြားပြီးတင်မှ တရားဝင်တယ်။ ဒီတော့အခု မင်းတို့က (၁၄) ရက်ကြိုတင်အကြောင်းမကြားပဲ ဒီလို လုပ်တဲ့အတွက် တရားမ၀င်တာကြောင့် မင်းတို့ကိုတရားစွဲပြီးဒဏ်ကြေးပေးဆောင်ခိုင်းလို့ရ တယ်။ ဒါကြောင့် အလုပ်ပြန်ဆင်းပါ ၊ မဆင်းရင် ပထမဆုံး ရက်ကို JD ၅၀ ဖြတ်မယ်။ နောက်ရက်တွေထပ်ပျက်ရင် တစ်ရက်ကို JD ၅ ကျပ်နှုန်းနဲ့ဖြတ် သွားလိမ့်မယ် '' ) ယင်းမှာ ဦးရဲထွန်း၏ စကားပြန်ပြောကြားချက်ဖြစ်ပါသည်။
နောက်တစ်ရက် (19.2.2013) (Tue:) တွင် အဆောင်၌ အထက်ပါသတိပေးစာလာ ကပ်ထားပါသည်။ အလုပ်သမားများ၏လစာရငွေမှာ ဒေါ်လာဖြစ်ပြီး ဖြတ်မည့်ငွေ မှာ JD ဟုဆိုသဖြင့် မတရားမှုမှာသိသာလှပါသည်။ အမှန်တွင် လစာရ သင့်သည်မှာ JDဖြစ်ပြီး ဒေါ်လာနှင့်နှိမ်ပေးခြင်းဖြစ်ပါသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ မြန်မာလူမျိုးတို့၏ တာဝန်ခံဖြစ်သူ မြန်မာပြည်ပေါက် မွတ်စလင်လူမျိုး ဦးရဲထွန်းမှ company ပိုင်ရှင်သူဌေးနှင့် တွေ့ဆုံဆွေးနွေးပေးမည်ဟုဆိုကာ ခေါ်ဆိုသဖြင့် (25.2.2013) (Mon:) နေ့လည် 2:00 တွင် အစည်းအဝေးခန်းမသို့ အလုပ်သမား ၂၀ ကျော်မှ အလုပ်သမားများ၏ ကိုယ်စားသွားရောက်ခဲ့ပါသည်။
ဂျော်ဒန်နိုင်ငံအလုပ်သမားရုံးမှ တာဝန်ရှိသူ (၂)ဦး အရင် လာရောက်ခဲ့ရာ အလုပ်သမားများမှ မှတ်တမ်း တင် ဗွီဒီယို၊ဓါတ်ပုံရိုက်သောအခါတွင် လုံးဝလက်မခံပဲ ခါးသီးစွာငြင်းပယ်ခဲ့ပါသည်။ အစည်းအဝေး လာ ရောက်သူများမှာ ယောင်္ကျားလေးများဖြစ်သည်ကိုအကြောင်းပြ၍ မိန်းကလေး (၅) ဦး အားခေါ်ဆောင် ခိုင်းကာ အချိန်ဆွဲပြီး အစည်းအဝေးကိုခေတ္တရပ်ဆိုင်းထားပါသည်။
မိန်းကလေးများရောက်လာသော်လည်း ''သူဌေးက ၄င်း၏အလုပ်မပြီးသေးသဖြင့် ခဏစောင့်ပါ''ဟု ဦးရဲထွန်းနှင့် အားဝေ ဆိုသော စကားပြန်တစ်ယောက်ကပြောခဲ့ပါတယ်။ ထိုသို့စောင့်နေစဉ်တွင် အဆောင်မှကျန်ရှိနေခဲ့သောမိန်းကလေးတစ်ဦး အား ခေါ်ဆောင်လာ ခဲ့ ပါသည်။ ယင်းမိန်းကလေးမှာ မည်သည့်အကြောင်းကြောင့်ခေါ်လာမှန်းမသိပဲ အထက်လူကြီး မှခေါ် သဖြင့် လိုက်လာခဲ့ခြင်းသာဖြစ်ပါသည်။ အမှန်မှာ ဦးရဲထွန်း မှ ၄င်းတို့၏လူအဖြစ်ခေါ်ဆောင်လာခြင်းသာဖြစ်ပြီး အလုပ်သမားအချင်းချင်း သူ့ဘက်ကိုယ့်ဘက် သူ့လူကိုယ့်လူ ဤသို့ဖြစ်ကာ သွေးကွဲစေရန် လိမ်ညာမှုတစ်ခုသာဖြစ်ပါသည်။
အလုပ်သမားများမှ ၂နာရီ စမည့်အစည်းအဝေးကို ၄နာရီအထိ စောင့်ဆိုင်းခဲ့သော် လည်း ဤသို့ အချိန်များဆွဲ ၊ သူဌေးလည်းရောက်မလာ ၊ ဦးရဲထွန်းမှလည်း မူမမှန်သော အပြုအမူ လုပ်ဆောင်မှု များကြောင့် မယုံသင်္ကာဖြစ်ကာ ဆက်လက်မစောင့်ဆိုင်းတော့ပဲပြန်လာခဲ့ကြပါတယ်။ ထိုအချိန်မှစ၍ မြန်မာတာဝန်ခံ ဦးရဲထွန်း ကို ယနေ့အချိန်ထိ မတွေ့ရတော့ပဲ ပုန်းရှောင်နေပါသည်။
(27.2.2013) (Wed:) နေ့လည် 12:00 အချိန်တွင် သူဌေးနှင့်တွေ့ပေးမည်ဟု အေးဂျင့် ကိုစိုင်း မှ ချိန်းဆိုသဖြင့် အဆောင်အောက်တွင်အလုပ်သမားများမှစောင့်ဆိုင်းနေစဉ် CMJ စက်ရုံမှ လွှတ် လိုက် သည်ဟုဆိုကာ ဤနိုင်ငံမှရဲများရောက်လာပါသည်။ ဤသည်မှာ တဖက်လှည့်ဖြင့် အလုပ်သမားများ ထိတ်လန့်ဆူပူပြီး အပြစ်ဖြစ်အောင်လုပ်ခြင်းဖြစ်ပါသည်။
အေးဂျင့် ကိုစိုင်းမှ အလုပ်သမားများအားမခေါ်ပဲ '' CMJ စက်ရုံသို့သွားရောက်ကာ သူဌေးနှင့်တွေ့ခဲ့ပြီးပြီ။ သူဌေးက အလုပ်သမားများအားအလုပ်ပြန်ဆင်းရန်နှင့် မဆင်းပါက မည်သို့မျှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ် ''ဟုဆိုသည့် ၄င်း၏နှုတ်ထွက်စကား ကိုသာကြားခဲ့ကြရပါ သည်။
အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးမှလူကြီးများအား တင်ပြအကုညီတောင်ခံရာတွင်လည်း (အစ္စရေးနိုင်ငံနဲ့  အာရပ်နိုင်ငံရဲ့ သံတမာန် ဆက်ဆံရေးကလဲ သိပ်အဆင်ပြေလှတာ မဟုတ်ဘူး။ အဲဒီတော့ကဂျော်ဒန်နိုင်ငံ ကိုလာဖို့ ကသိပ်မလွယ်လှဘူး၊ စိတ်ရတဲ့ အခါမှသာလိုင်းဖွင့်ပေးလို့ ဖုန်းဆက်လို့  ရတာ။ ငါတို့ တွေကလဲ ဒီ ကနေဖုန်းနဲ့ လှမ်းပြီးတက်နိုင်သလောက်မေတ္တာရပ်ခံပေးမှာပါ။ မင်းတို့ အနေနဲ့ လည်း သူများ နိုင်ငံမှာ ဆိုတော့ ကာ သူတို့ ခြံ၊ သူတို့ အိမ်၊ သူတို့ ပိုင်နက်ထဲမှာနေရတာ၊ လုပ်လို့ မရဘူးမထင်နဲ့ နောက်ဆုံး သူတို့ အနေ နဲ့ မောင်ဖြူပြန်၊ မောင်မဲပြန် ဆိုပြီး ခေါင်းခေါက်ပြီး ပြန်လွှတ်လို့  ရတယ်)လို့ သံရုံးမှ သံအမတ်ကြီး မှပြောပြသွါးပါတယ်။
( ပြဿနာဖြစ်ချိန်ကာလ(၁၄.၂.၂၀၁၃)မှစ၍ ယနေ့ (၁.၃.၂၀၁၃) အချိန်ကာလထိ သူဌေးဆိုသူနှင့် တိုက်ရိုက်တွေ့ဆုံပေးခြင်းမရှိပဲ ဦးရဲထွန်း ၊ အေးဂျင့် ကိုစိုင်း တို့၏ လိမ်ညာမှုများဖြင့်သာ အချိန်ဆွဲ လှည့်စားခံနေကြရပါသည်။
မည်သူ့ထံမျှလည်း ယခုအချိန်ထိ အကူအညီရရှိခြင်းမရှိသေးပါဘူးခင်ဗျာ။ထိုကဲ့ သို့ သော် အခက်အခဲ များအား ကူညီဖြေရှင်းပေးပါရန် အသနားခံတောင်းဆိုလိုက်ရပါသည်ခင်ဗျာ။)
http://blog.irrawaddy.org/2013/03/blog-post_8446.html#sthash.0BB2Wwhn.dpufhttp://blog.irrawaddy.org/2013/03/blog-post_8446.html

နော်ဝေးနိုင်ငံရောက် သမ္မတဦးသိန်းစိန် နဲ့ ဒီဗွီဘီ တွေ့ ဆုံမေးမြန်းခန်း။

လက်ပံတောင်းစုံစမ်းရေးကော်မရှင်သို့အစီရင်ခံစာဖိုင်ထွက်ရှိ

Signed cover letter to Letpadaung Investigation Committee 1.2.2013.


DOWNLOAD HERE --- Re-Submission of Evidence and Exhibits on Letpadaung case 1.2.2013 pdf file





ဦးဖြိုးဇေယျာသော် အစား ဒေါ်အောင်ဆန်းစုကြည်က ခေတ္တခဏ တာဝန်ယူ


DVB TV News

၀၂ မတ်လ ၂၀၁၃။ နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ် မှာ ဒေါ်အောင်ဆန်းစုကြည်က လူထု ဟောပြောပွဲ တစ်ခုပြုလုပ်သွားပါတယ်။ ပုဗ္ဗသီရိ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ဟာ ကျန်းမာရေးကြောင့် ခေတ္တခဏ အနားယူရမှာဖြစ်တဲ့အတွက် သူ့အစား ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒိ့မြို့နယ်မှာ ခေတ္တခဏ တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရပါတယ်။
(သတင်းဓါတ်ပုံ - စူပါ) 

ဂျော်ဒန်နိုင်ငံက ဟောင်ကောင်တရုတ်ပိုင် စက်ရုံမှာ ရိုက်နှက်ခံရတဲ့ အမျိုးသမီး


ဂျော်ဒန်နိုင်ငံက ဟောင်ကောင်တရုတ်ပိုင် စက်ရုံမှာ ဒီမနက်ခင်းက
အဆောင်မှာ ကင်းစောင့်နေတဲ့ အစောင့်အမျိုးသမီး ၃ ဦးကို တရုတ်မန်နေဂျာရဲ့ ခိုင်းစေမှုနဲ့ အာရဂူကုလားတွေက ၀င်ရောက်ရိုက်နှက်ခံရတဲ့ အမျိုးသမီး

ဧရာဝတီအင်တာနက်သတင်း နှင့် စပ်လျဉ်း၍ မန္တလေး ဗဟိုအကျဉ်းထောင်၏ ဆင့်ခေါ်ချက် အပေါ် ကျွန်တော်တို့ သဘောထား ။





(၂၆-၂-၂၀၁၃) နေ့စွဲဖြင့် ဧရာဝတီအင်တာနက်သတင်း၌( မန္တလေး အိုးဘိုထောင်တွင် နိုင်ကျဉ်းများ ညင်းပန်း ခံနေရ ) ခေါင်းစဉ်ဖြင့် သတင်း တပုဒ် ပါရှိလာပါ၍ စုံစမ်း စစ်ဆေးရန် ရှိပါသဖြင့် အဆိုပါ သတင်းရေးသားမှုတွင် ဆက်စပ် ပါရှိသည့် အမည် ဖြစ်သော အောက်ဖော်ပြပါ လူပုဂ္ဂိုလ်အား သက်သေ အဖြစ် မေးမြန်းလိုပါသည် ဟု ဖော်ပြလျက် ဗကသများအဖွဲ့ချုပ် မှ ကိုသန်းထိုက် ၊ ကိုအောင်မှိုင်းဆန်း ၊ ကိုကျော်မင်းလွင် တို့ အား ဖော်ပြပါ စာများနှင့် သက်ဆိုင်ရာ ရပ်ကွက်များမှ တဆင့် ဆင့်ခေါ်စာများ ပေးပို့လာပါသည်။

ထိုပုဂ္ဂိုလ်များ ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်စဉ်ကာလတွင်လည်း အိုးဘို အကျဉ်းထောင်တွင် ခွေးတိုက်တွင်ထား၍ အနွေးထည စောင် မပါ ပဲ နံနက်စောစော ပုံစံ အကြားကြီး ထိုင်ခိုင်းသည် ဆိုသော သတင်း ထွက်ပေါ် လာစဉ်က လည်း ကျွန်တော်တို့ ၏ စာမျက်နှာမှ တဆင့် ကိုအောင်မှိုင်းဆန်း အား ရုံးချိန်းတွင် မေးမြန်ပြီး မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး ဖြစ်သည်။

ယခုတစ်ခါတွင်လည်း သတင်းတွင် မည်သို့ ဖော်ပြပါရှိသည် ကို အကျယ်တဝင့် မပါရှိပဲ နိုင်ကျဉ်းများ ညင်းပန်းခံနေရ ဆိုသည့် ခေါင်းစဉ် ပါ သတင်းကို ( စုံ စမ်း စစ် ဆေး ရန် ) ဆိုသော စကားရပ် သုံး၍ လာရောက်ရန် ဆင့်စာ ပို့လာသည့် အတွက် ကျွန်တော်တို့၏ သဘောထား ကို ဖော်ပြလိုက်ပါသည်။

*
စာရောက်မှ သိတာ သတင်းထဲ ဘာရေးမှန်း မသိရသေးဘူး။ ခုမှ ရှာဖတ်ရမှာ ... ဒါပေမယ့် ကျွန်တော်တို့ ရှိစဉ်က အခြားအကျဉ်းသားတွေ ဖိနပ် မစီးရတာတွေ လိုတာထက်ပိုတဲ့ ပုံစံ ထိုင်ရတာတွေ တော့ ရှိတယ်။ ညင်းပန်း နှိပ်စက်တယ် ဆိုတာ အကြမ်းနည်း အနုနည်း ၂ မျိုးရှိတယ် ။ ရိုက်နှက်တာ တိုက်ပိတ်ရေပက်တာ ၊ကော်ကြွေးတာ အစရှိတာတွေ က သိသာထင်ရှားလို့ အကြမ်းနည်းထဲမှာ ထားရင်း သံမံသလင်းပေါ် အိပ်ရတာ (မတတ်နိုင်သူတွေ အခင်းပါးပါးနဲ့) ဖိနပ်မစီးရတာ သတ်မှတ်ပုံစံ အစားအသောက် ကို ပုံမှန် မရတာ ၊ အိမ်နဲ့ဝေးတဲ့ အကျဉ်းထောင်တွေ ပို့တာ စတာတွေက အနုနည်း နဲ့ နှိပ်စက်တာ ..။ ဒီလို ကိုလိုနီခေတ်က သူ့ကျွန်မခံလိုတဲ့ မျိုးချစ်တွေကို ဦးကျိုးအောင် ဖိနှိပ်ဖို့ ပြဌာန်း ခဲ့တဲ့ အကျဉ်းထောင် ဥပဒေ ကို ဆက်ကျင့်သုံးနေသ၍ ဝေဖန်ခံနေရဦးမှာပဲ။ (ကိုသန်းထိုက်)

**
ကိုလိုနီအကျဉ်းထောင် အုပ်ချုပ်ရေးကို နိုင်ငံတကာ စံနှုန်းတွေ ထောင်တွေ ပြန်လေ့လာပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီအောင် ဥပဒေကို ပြင်ဆင်သင့်တယ်။ လူ့အခွင့်အရေး ဆိုတာ ကျယ်ပြန့်ပါတယ် ။ အကျဉ်းသား တစ်ယောက် အတွက် လိုအပ်တဲ့ စံနှုန်းတွေ မရရှိဘူး ဆိုရင် အနုနည်း နဲ့ နှိပ်စက်တာပါပဲ ...။ (ရဲရင့်ကျော်)

***
ကျွန်တော်က တော့ သွားမတွေ့ဘူး ၊ ကျွန်တော်တို့ နေစဉ်ကာလ ထက် ထောင်ထဲမှာ နှစ်ရှည် နေရသူတွေ ၊ ပြစ်မှု မပြီးမြောက်ပဲ ရက်လကြာအောင် ချုပ်နှောင်ခံရသူတွေ ရှိနေတာကိုက မဟုတ်သေးဘူး ။ ဒါတွေ ဟာ စွတ်စွဲချက် တစ်ခုအောက်မှာ အနုနည်းနဲ့ ညင်းဆဲတဲ့ သဘောတွေပဲ ..။ တင်းကျပ်တဲ့ ထောင်စည်းကမ်းကို အမှန်ထားပြီး ညင်းပန်းမှုမရှိဘူး ဆိုရင် ဘာမှပြောစရာ မရှိဘူး ။ ( ကျော်မင်းလွင်)

****
ကျွန်တော် အထွေအထူး ပြောစရာ မရှိဘူး တစ်သဘောထဲပဲ။ ပြောချင်တာက ကျွန်တော်တို့ကို (စုံစမ်း စစ်ဆေးရန် ) ဆိုတဲ့ စကားရပ်ကို လက်မခံဘူး ။ ကျွန်တော်တို့က တရားခံတွေ မဟုတ်ဘူး။ (မိုးထက်နေ)

*********************
အင်တာနက်ပေါ်တွင် သတင်း အမျိုးမျိုး တင်လျက်ရှိရာမှာ သက်ဆိုင်ရာ သတင်းဌာန နှင့် သာ ဖြေရှင်းရန် ကန့်ကွက်ရန် ဆောင်ရွက်ရမည် ဖြစ်ပြီး လူအမျိုးမျိုး၏ အမြင်များ ရေးသားလျက်ရှိရာမှာ သတင်းဌာန ၏ တာဝန်ယူမှု နှင့်သာ သက်ဆိုင်ပါသည်။ လွတ်တော်တွင်လည်း ဒေါက်တာ ဆိတ်ဖွား ဆိုသူအား စုံစမ်းရန် ကော်မရှင် ဖွဲခဲ့သည် ဟု ကြားသိခဲ့ရပြီး ဖြစ်သည်။

အထက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ အကျဉ်းထောင် နေစဉ်ကာလ အနေအထား ကို ဧရာဝတီ သတင်းဌာန မှ ဆက်သွယ် မေးမြန်းခြင်း မရှိခဲ့ပါ။ ဆင့်ခေါ်ခံရသူများထဲမှ ကိုအောင်မှိုင်းဆန်းမှာ ရန်ကုန် ရောက်ရှိနေပါ၍ ၎င်းသဘောထားကို မဖော်ပြခြင်းဖြစ်ပါသည်။ ဖြည့်၍ ဖော်ပြပေးပါမည်။

ရဲရင့်ကျော်
သတင်းနှင့် ပြန်ကြားရေး ကော်မတီ
ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်)
၂-၃-၁၃

    Sithu Aung Myint - ကျွန်တော် စည်သူအောင်မြင့်ပါ ဂျာနယ်လစ်ပါ။ ကျွန်တော် သိသမျှ အကြံပေးလိုပါတယ်။ အကျဉ်းဦးစီးဌာနဟာ ဒီလူတွေကို ခေါ်ဆိုပိုင်ခွင့် မရှိပါ။ တရားရုံး တစ်ခုခုကသာ ခေါ်ဆိုနိုင်ခွင့်ရှိပါတယ်။ ဒါဟာ အခြေခံဥပဒေ နဲ့ တည်ဆဲ့ တရားဥပဒေ ကို ချိုးဖေါက်တာ ဖြစ်ပါတယ်။ ဒါကြောင့် သွားစရာမလိုပါ။ ဒီကိစ္စ မီဒီယာတွေ သိအောင် ကျယ်ကျယ်ပြန့်ပြန့် ပြောသင့်ပါတယ်။ ဖြစ်နိုင်ရင် ပြန်ပြီး တရားစွဲရင်တောင် ရပါတယ်။ သူတို့ ရှင်းရမှက ဖော်ပြတဲ့ မီဒီယာကို တာဝန်ခံတဲ့ လူတွေကိုပဲ ဖြစ်ပါတယ်။
 
    ကိုဝိုင် ဝိုင်ကေ - ဟုတ်ပါတယ် ဒါကြောင့် မသွားကြပါဘူး ။