Monday, March 4, 2013

ညီလာခံကိုယ်စားလှယ်များ စီစစ်ရေးအဖွဲ့

NLD Congress's photo.
ညီလာခံကိုယ်စားလှယ်များ စီစစ်ရေးအဖွဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ညီလာခံကျင်းပရေးကော်မရှင်

ရက်စွဲ - ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်

ကြေညာချက် ......

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကျင်းပမည့် နိုင်ငံလုံးဆိုင်ရာညီလာခံအတွက် တက်ရောက်မည့် ကိုယ်စားလှယ်များအား စိစစ်ရေး အတွက် အောက်ပါစိစစ်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်။

ညီလာခံကိုယ်စားလှယ်များစိစစ်ရေးအဖွဲ့

၁။	ဦးသန်းထွန်း (သဘာပတိအဖွဲ့ဝင်)			ဥက္ကဌ
၂။ 	ဦးလှဖေ (သဘာပတိအဖွဲ့ဝင်)				အဖွဲ့ဝင်
၃။	ဦးသန်းဦး (ရုံးအဖွဲ့)					အဖွဲ့ဝင်
၎။	ဦးမြင့်ဌေး (လူငယ်ညီလာခံကြိုတင်ပြင်ဆင်ရေးအဖွဲ့) 	အဖွဲ့ဝင်
၅။	ဒေါ်မြင့်မြင့်စိန် (ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်)   အဖွဲ့ဝင်
၆။	ဒေါ်ခင်သန်းလှ (ဘဏ္ဍာရေးဆပ်ကော်မတီအဖွဲ့ဝင်)	      အဖွဲ့ဝင်
၇။	ဦးစိုးဝင်း (ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်)	အတွင်းရေးမှူး

၂၅-၂-၂၀၁၃ ရက်တွင် ကျင်းပသော ညီလာခံကျင်းပရေးဗဟိုကော်မရှင် အစည်းအဝေးဆုံးဖြတ်ချက်အရ

ညီလာခံကျင်းပရေးဗဟိုကော်မရှင်

ဘာသာရေး တင်းမာမှုကြောင့် လှိုင်သာယာမှာ ဒေသန္တရ အမိန့်ထုတ်ပြန်

3 မတ်လ 2013 - 15:56 GMT

လှိုင်သာယာ အမှတ်၁နဲ့ ၃ရပ်ကွက်တို့မှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် ဘာသာ ဝင်တို့ကြား ပြဿနာ ဖြစ်ရာကနေ တင်းမာပြီး မွတ်ဆလင် အိမ်တွေကို ခဲပေါက်မှုတွေ ဖြစ်လို့ မတ်လ ၂ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးကနေ အများပြည်သူ ဥပဒေနဲ့အညီ နေကြဖို့ အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။အခုအခါ လုံခြုရေး ချထားပြီး ဥပဒေနဲ့ မညီတဲ့ လူစုလူဝေးနဲ့ နှောက်ယှက်ဖျက်ဆီးမှုတွေ မရှိအောင် အသံချဲ့စက်နဲ့ အသိပေးတာတွေ ထိန်းသိမ်းတာတွေ လုပ်နေကြောင်း မြို့နယ် ထွေအုပ်ဌာနမှ အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဘီဘီစီကိုပြောပါတယ်။ပြဿနာ စဖြစ်ရတဲ့အကြောင်းတခုက ဗုဒ္ဓဘာသာ တရားခွေကို လူမြင်ကွင်းမှာ မွတ်ဆလင် အမျိုးသမီးတဦးက ချနင်းရာကနေ ကန့်ကွက်မှုတွေ ဖြစ်လာပြီး အဲဒီမိသားစုလည်း ရပ်ကွက်ကနေထွက်ပြေး တိမ်းရှောင် သွားရတယ်လို့ ရပ်ကွက်နေသူတဦးက ဘီဘီစီကို ပြောပါတယ်။ အဲဒီလို ပြုမူဆောင်ရွက်သူကို သာသနာ ညစ်နွမ်းအောင်လုပ်မှုနဲ့ တရားစွဲထားတယ်လို့လည်း သိရပါတယ်။မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်းတွေကလည်း သူတို့ ဘာသာဝင်တွေကို ဥပဒေအရ အကာအအကွယ် ပေးဖို့ ရန်ကုန်တိုင်း အစိုးရကို တောင်းဆိုထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။ဘာသာရေး အရတင်းမာမှုတွေဟာမြို့နယ်အချို့မှာ ဖြစ်ပွားရာကနေ အခုအခါ အေးငြိမ်းသွားပေမယ့် တဖက်နဲ့တဖက် လှုံ့ဆော်မှုတွေတော့ ဆက်ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
bbc.co.uk

လူတူမရှား--- နာမည်တူ မရှား .. ကားနံပတ်တူ မရှား

FB ကားပွဲစားတန်း

၂၈။၂။၂၀၁၃ မှာ ကညန မှာ ဖြစ်နေတဲ့ ကား၂ စီး ပြသာနာလေးပါ။
သိရသလောက်ကတော့... ကားနံပတ်က တစ်စီးကို ၁စုံ ပဲ ထုတ်လေ့ ရှိပါတယ်။
ဘယ်လိုလုပ်ပြီးများ ၂စီးအတွက် ၂စုံ ကို နံပတ်တူ ထုတ်လိုက်လဲ မသိဘူး။
2စီးလုံး ကို စစ်ကြည့်တော့လည်း စာရွက် စာတမ်း အားလုံးစုံ ကြတယ်။
၂စီးလုံး တရားဝင်ကြတယ်ဆိုတော့......
Management ပိုင်းပဲ လျော့နေတာလား။ production အပိုင်းပဲ လျော့နေတာလား။
department အချိတ်အဆက် လွဲ နေတာလား။
ဒီတနေ့ရဲ့ ထူးဆန်းထွေလား ပြည် မြန်မာ တခွင် က ကညနမှာ တွေ့ ခဲ့ တဲ့ Identical twins ကားလေးပါ။

Copy from : Cherry Yoma Co.,LTD's photo.

ဆန္ဒပြမြန်မာလုပ်သားများအရိုက်ခံရမှု ဂျော်ဒန်ရဲစစ်ဆေး

ကိုကျော်ကျော်သိန်း
http://burmese.voanews.com/content/jordan-burma-workers-03-03-13/1614495.html
03.03.2013
ဂျော်ဒန်နိုင်ငံက မြန်မာအလုပ်သမားတွေ လုပ်ခလစာတိုးတောင်းလို့ ကုမ္ပဏီနဲ့ အချင်းများနေတဲ့ အထည်ချုပ် စက်ရုံဟာ အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဖက်ရှင် အ၀တ်အထည် လုပ်ငန်းကြီးတွေရဲ့ အပ်ထည်တွေကို လက်ခံ ချုပ်လုပ်ပေးတဲ့စက်ရုံတရုံ ဖြစ်တယ်လို့ မြန်မာ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီမှာ စနေနေ့က မြန်မာအလုပ်သမားတွေ အရိုက်ခံရ တဲ့ဖြစ်ရပ်ကို ဒေသဆိုင်ရာ ဂျော်ဒန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အစ္စရေးလ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးကလည်း ဆက်သွယ်လာပြီးတော့ ဘယ်လိုအကူအညီပေးရမယ် ဆိုတာ မေးမြန်းခဲ့တယ်လို့ အလုပ်သမားကိုယ်စားလှယ်တဦးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

တခြားနိုင်ငံက အလုပ်သမားတွေနဲ့တန်းတူ လုပ်ခလစာနဲ့ ခံစားခွင့်တွေပေးဖို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ တောင်းဆိုခဲ့ကြတာကြောင့် အလုပ်ရှင်နဲ့ အခြေအတင်ဖြစ်နေတဲ့ ဂျော်ဒန်က CMJ အထည်ချုပ်စက်ရုံဟာ တရုတ်လူမျိုးပိုင် ဖြစ်ပြီး သူတို့အများဆုံးချုပ်ပေးနေရတဲ့ အမျိုးသား အမျိုးသမီး တီရှပ်တွေနဲ့ သိုးမွေးထည်တွေဟာ အမေရိကန်နိုင်ငံဆီ အဓိက ပို့တာဖြစ်တယ်လို့ အလုပ်သမားကိုယ်စားလှယ်တဦးက ဗွီအိုအေကိုပြောတာပါ။

“The North Face ဆိုတာက ဒီ CMJ စက်ရုံတရုံလုံးမှာရှိတဲ့ အကြီးမားဆုံးအော်ဒါ တခုပေါ့။ နောက်ပြီးတော့ Laurel၊ Calvin Klein CK ။ ပထမဦးဆုံး အဓိက ထားပို့တာ U.S.A ပေါ့နော်။ အဓိကထားပို့တယ်။ နောက်ပြီးတော့ ကနေဒါကို ပို့တယ်ခင်ဗျ။ နောက်ပြီးတော့ ကာတာ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်ကို ပို့ပါတယ်။ အဲဒီ ၅ နေရာကိုတော့ အဓိကထားပြီး အများဆုံးပို့ပါတယ်။”

မြန်မာအလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်ဦးပါ။ သူပြောသွားတဲ့ Laurel၊ Calvin Klein CK နဲ့ The North Face တို့ဟာ အမေရိကန်နိုင်ငံအခြေစိုက် နံမည်ကျော် ဖက်ရှင်နဲ့ အ၀တ်အထည်မျိုးစုံကို ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက သူတို့နဲ့အလုပ်ရှင်အကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ပါ လုပ်ခလစာနဲ့ ခံစားခွင့်တွေအတိုင်း ပေးဖို့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကတည်းက တောင်းဆိုပြီး အလုပ်မဆင်းဘဲနေခဲ့ကြတာပါ။ အလုပ်ရှင်ဘက်က မလိုက်လျောတဲ့အတွက် မပြေလည်သေးဘဲရှိနေချိန် စနေနေ့မှာတော့ တခြားနိုင်ငံသား ကုမ္ပဏီဝန်ထမ်း ၄၀ လောက်က မြန်မာ အလုပ်သမားတွေနေတဲ့အဆောင်ဆီ ရောက်လာပြီး အတင်း တွန်းထိုးဆွဲငင်ပြီးတော့ ရိုက်နှက်တာတွေ လုပ်ခဲ့တာကြောင့် မြန်မာအမျိုးသမီး အလုပ်သမလေးဦး ဒဏ်ရာရခဲ့ကြပါတယ်။

ဒီဖြစ်ရပ်အတွက် ဒေသအတွင်းအခြေစိုက် The Trade Unions of Workers ဆိုတဲ့ အလုပ်သမားသမဂ္ဂရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့မှာ မြန်မာအလုပ်သမားတွေက ရဲစခန်းမှာ တိုင်ချက်ဖွင့် တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က စက်ရုံဝင်းအထိ လိုက်လာ ပြီး စုံစမ်းစစ်ဆေးပေမဲ့လည်း ရိုက်နှက်မှုမှာ တကယ်တမ်းပါဝင်ခဲ့သူတွေကို ကုမ္ပဏီတာဝန်ရှိသူတွေက ထုတ်မပေးသေးဘူးလို့ ကိုကျော်ဇင်ဦးက ပြောပါတယ်။

“သေချာကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူကို ထုတ်မပေးပါဘူးခင်ဗျ။ အဲဒီလူတွေ အကုန်လုံးထားပြီးတော့ တခြားသူတွေကို ထုတ်ပေးတယ်။ ဒီမှာ အရိုက်ခံရတဲ့အမျိုးသမီးတွေက ရိုက်တာသူတို့မဟုတ်ပါဘူးလို့ ပြောတဲ့အခါကျတော့ စက်ရုံက တကယ်ရိုက်တဲ့သူတွေ မရှိပါဘူးပေါ့နော်။ အဲဒီလူတွေက စက်ရုံတွင်းထဲမှာ အလုပ်လုပ်နေကြတာပါ။ အပြင်ကို မသွားကြပါဘူး ဆိုပြီးတော့ သူတို့က လိမ်ထားတာပေါ့။ အဲဒီမှာ ရဲစခန်းမှာရှိတဲ့ ဒုရဲအုပ်တယောက်က ဒီကိုလိုက်လာပြီးတော့ သေသေချာချာ ရိုက်သွားတယ်ဆိုတဲ့လူတွေရဲ့ ဓာတ်ပုံ ကျနော်တို့ဆီမှာ ရှိပါတယ်လို့၊ အဲဒီဓာတ်ပုံနဲ့ အတူတကွ လာမှရမှာပါလို့ ကျနော်တို့က အဲဒီလိုပြောတော့ ကျနော်တို့က လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို ယူသွားပြီးတော့ မနက်ဖြန်ကျရင် သူတို့တခါ ပြန်ဆင်းလာမယ်ပေါ့နော်။ ဒီဓာတ်ပုံထဲက လူအတိုင်းကို စက်ရုံထဲမှာဝင်ရှာမယ်ပေါ့။ ၀င်ရှာပြီး ရှိတဲ့သူကို တခါတည်း ဖမ်းပါမယ်ဆိုပြီး ကျနော်တို့ကို အဲဒီလို ပြောသွားပါတယ်။”

စနေနေ့က အခင်းဖြစ်ပြီးတဲ့နောက် အလုပ်သမားတွေက အစ္စရေးလ်နိုင်ငံအခြေစိုက် မြန်မာသံရုံးကို အကူအညီတောင်းဖို့ ဆက်သွယ်ခဲ့ကြပေမဲ့ မရခဲ့ဘဲ တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ သံရုံးတာဝန်ရှိသူတဦးက ပြန်ဆက်သွယ်လာတယ်လို့ သူက ပြောပါတယ်။ သူတို့ကို ဘယ်သူက အကူအညီပေးနေတယ်ဆိုတာနဲ့ ဘာဆက်လုပ်ချင်ကြတယ်ဆိုတာကို သံရုံးတာဝန်ရှိသူ က မေးမြန်းခဲ့တာကြောင့် အလုပ်သမားတွေရဲ့ လိုလားချက်တွေကို ပြောပြခဲ့တယ်လို့ ကိုကျော်ဇင်ဦးက ပြန်ပြောပြပါတယ်။

“ကျနော်တို့ တလပိုင်းမှာ ရစရာရှိတဲ့ ဘွန်းနက်စ် ပိုက်ဆံတွေပေါ့နော်၊ အဲဒီဘွန်းနက်စ် ပိုက်ဆံတွေကို လိုချင်ပါတယ်လို့။ နောက်ပြီးတော့ ကျနော်တို့ ၂ လပိုင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျနော်တို့ အလုပ်ဆင်းခဲ့ပါတယ်ခင်ဗျာ။ အဲဒီအလုပ်ဆင်းခဲ့တဲ့နေ့တွေက ရရမယ့်ကြေးတွေရယ်၊ အိုဗာတိုင်ကြေးတွေရယ်၊ ဘွန်းနက်စ်ကြေးတွေရယ်ကို ကျနော်တို့ လိုချင်ပါတယ်လို့ သူတို့ဆီကို ပြောခဲ့ပါ တယ်။ နောက်ပြီးတော့ ကျနော်တို့ စက်ရုံမှာရှိတဲ့ တဦးချင်းစီမှာ စုကြေးငွေတွေ ရှိတယ်။ အဲဒီစုကြေးငွေတွေရယ်၊ နောက်ပြီးတော့ ကျနော်တို့ နှစ်အလိုက်ရရှိတဲ့ သူတို့ဆီကပေးတဲ့ငွေတွေရယ်၊ နောက်ပြီးတော့ ရစရာရှိတဲ့ နစ်နာကြေးတွေကို ကျနော်တို့ လိုချင်ပါတယ်လို့ ပြောပါတယ်ခင်ဗျ။ နောက်ပြီးတော့ ဒီစက်ရုံကနေပြီးတော့ ကုန်ကျစရိတ်ခံပြီး ပြန်ပို့မယ်ဆိုတဲ့ လေယာဉ်လက်မှတ်ကို ယူပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံကို ပြန်ချင်ပါတယ်လို့။ အဲဒါ ကူညီပေးပါလို့တော့ သူတို့ကို ကျနော် ပြောပြလိုက်ပါတယ်ခင်ဗျ။”

သူ့အနေနဲ့ သံအမတ်ကြီးဆီကိုတင်ပြပြီး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးမယ့်အကြောင်း သံရုံးတာဝန်ရှိသူက ပြန်ပြောခဲ့တယ်လို့ ကိုကျော်ဇင်ဦးကပြောပါတယ်။ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗွီအိုအေက တိုက်ရိုက်ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။

အရိုက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ အလုပ်သမ လေးဦးထဲမှာ နှစ်ဦးရဲ့ဒဏ်ရာတွေက အတန်ငယ်ပြင်းထန်ပြီး သူတို့အားလုံး ဆေးကုသမှု ခံယူနေကြရပါတယ်။
ဂျော်ဒန်နိုင်ငံမှာအလုပ်လုပ်ဖို့ သူတို့ကို တာဝန်ယူပြီးပို့ခဲ့တဲ့ မြန်မာနိုင်ငံအခြေစိုက် အလုပ်အကိုင်အေဂျင်စီက တာဝန်ရှိသူတဦး ရောက်နေပေမဲ့လည်း ဘာမှ တာဝန်ယူ မဖြေရှင်းပေးနိုင်ဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားတွေနဲ့ အချင်းများနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စက်ရုံရဲ့သဘောထားကိုသိနိုင်အောင် ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းဖြေဆိုမယ့်သူ မရှိပါဘူး။

ကြေးနီစီမံကိန်း ဒေသခံတချို့ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ကြိုးပမ်း

RFA
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံတချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက် ဒီကနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို အစိုးရက အင်အားသုံးဖြိုခွဲခဲ့ရာမှာ သံဃာတွေနဲ့ ဒေသခံအတော်များများ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲဒီလိုဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေရာမှာ ဖော်ထုတ်အရေးယူဖြေရှင်းမှု မပြုလုပ်ပေးတဲ့အတွက် သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဦးတိုက်လျှောက်ထားတာဖြစ်တယ်လို့ လက်ပန်းတောင်းတောင် အရေးလှုပ်ရှားနေတဲ့ ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသား ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဦးတိုက်လျှောက်ထားရာမှာ လက်ပန်းတောင်းတောင် ဒေသခံတွေ ကိုယ်စား ဆည်တဲကျေးရွာက မရီဝင်း၊ မ၀င်းဝင်းဌေးနဲ့ အလယ်ရွာက ကိုဇော်နိုင်တို့က ဦးတိုက်လျှောက်ထား တရားစွဲဆိုတာ ဖြစ်ကြောင်း သိရပါတယ်။

ဆားလင်းကြီးမြို့နယ်တရားရုံး တရားသူကြီး ဒေါ်ခင်ခင်ဆွေက တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားလွှာကို လက်ခံထားလိုက်ပြီး တရားစွဲဆိုမှုကို ဆက်လက်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တင်ပြပေးသွားမှာဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုဖို့အတွက် တရားရုံးအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ သင့်မသင့်ကို မတ်လ ၁၁ ရက်နေ့မှာ အကြောင်းပြန်မယ်လို့ ပြောကြောင်းသိရပါတယ်။ 

မီးလောင်ဗုံးဖြစ်ကြောင်းထိုင်းနိုင်ငံဆေးရုံကြီးမှအတည်ပြုဆေးစာ

မီးလောင်ဒဏ်ရာရအရှင်သဇ္ဇနဆေးစာ

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်

Zaw Win's photo.
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများ စွာ၏ လုပ်ဆောင် ချက်များတွင် ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေးပညာရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

Australian သတင်းစာ၏ အဆိုအ ရဒေါ်အောင်ဆန်း စုကြည်၏ ယခုကဲ့သို့ ရွေးချယ်မှုကို ဒေါက်တာ Seal Turnell ကဝမ်း မြောက်စွာဖြင့် လက်ခံခဲ့ကြောင်း နှင့်၎င်းတို့ အနေဖြင့် ဆက်သွယ် ရေးကွန်ရက် မျိုးစုံမှတစ်ဆင့် အတွေးအ ခေါ်အယူအ ဆများတို့ကို အကြံပြုဆွေးနွေး ပေးသွားမည်ဟု သိရ သည်။

မစ္စတာSeal Turnell သည် ကမ္ဘာ့စီးပွားရေးရာ ကိစ္စ ရပ်များကို ပုံမှန်ဆွေး နွေးဝေဖန်သုံးသပ် နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေ အနေကိုလည်း မကြာခဏသုံး သပ်ပြောကြား နေသူဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ Turnell နှင့် ဒေါ် အောင်ဆန်း စုကြည်တို့ ယခင်ကတည်း က ရင်းနှီးမှုရှိကြသူ များဖြစ်သည့် အပြင်မစ္စတာTurnell ကိုယ်တိုင်က ဒေါ်အောင်ဆန်း စုကြည်ကို လေးစားအားကျ သူတစ်ဦး ဖြစ်သညဟု ထုတ်ဖော်ပြော ကြားထား ဖူးသူဖြစ်သည်။

မစ္စတာTurnell နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၂၀၁၀ ပြည့်နှစ်က မြန် မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မစ္စတွှာကမညနူ က ၁၀ ကြိမ် အထိလာရောက် ခဲ့ဖူးသည် ဟု သိရကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ Reform များကို ဝေဖန်သုံးသပ် အကြံဥာဏ်များ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်းသိရသည်။

Credit:  Pyi Myanmar

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများ စွာ၏ လုပ်ဆောင် ချက်များတွင် ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေးပညာရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

Australian သတင်းစာ၏ အဆိုအ ရဒေါ်အောင်ဆန်း စုကြည်၏ ယခုကဲ့သို့ ရွေးချယ်မှုကို ဒေါက်တာ Seal Turnell ကဝမ်း မြောက်စွာဖြင့် လက်ခံခဲ့ကြောင်း နှင့်၎င်းတို့ အနေဖြင့် ဆက်သွယ် ရေးကွန်ရက် မျိုးစုံမှတစ်ဆင့် အတွေးအ ခေါ်အယူအ ဆများတို့ကို အကြံပြုဆွေးနွေး ပေးသွားမည်ဟု သိရ သည်။

မစ္စတာSeal Turnell သည် ကမ္ဘာ့စီးပွားရေးရာ ကိစ္စ ရပ်များကို ပုံမှန်ဆွေး နွေးဝေဖန်သုံးသပ် နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေ အနေကိုလည်း မကြာခဏသုံး သပ်ပြောကြား နေသူဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ Turnell နှင့် ဒေါ် အောင်ဆန်း စုကြည်တို့ ယခင်ကတည်း က ရင်းနှီးမှုရှိကြသူ များဖြစ်သည့် အပြင်မစ္စတာTurnell ကိုယ်တိုင်က ဒေါ်အောင်ဆန်း စုကြည်ကို လေးစားအားကျ သူတစ်ဦး ဖြစ်သညဟု ထုတ်ဖော်ပြော ကြားထား ဖူးသူဖြစ်သည်။

မစ္စတာTurnell နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၂၀၁၀ ပြည့်နှစ်က မြန် မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မစ္စတာ
Turnell က ၁၀ ကြိမ် အထိလာရောက် ခဲ့ဖူးသည် ဟု သိရကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ Reform များကို ဝေဖန်သုံးသပ် အကြံဥာဏ်များ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်းသိရသည်။

Credit: Pyi Myanmar

ပြည်သူကိုဦးဆောင်ဖို့လား၊ပြည်သူကိုကာကွယ်ဖို့လား ဆုံးဖြတ်ချက်ချဖို့ရန်အချိန်တန်ပြီ။

(RFA)

ဖါးကန့်ပြည်သူများ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရဆဲ

အဲာပိုန် မတ်လ (၄) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံစီ ဒေသတွင်းရှိ ဒေသခံ ကျေးရွာများ၏ ပိုင်ဆိုင်သော ပစ္စည်းအား အဓမ္မ သိမ်းပိုက်ပြီး မတန်တဆ ပြန်ရောင်းစား နေကြကြောင်း ပစ္စည်း အသိမ်းခံရသော ကံစီ ဒေသခံ တစ်ဦးက ပြောပါသည်။

“အစိုးရ တပ်ဖွဲ့တွေပေါ့ သူတို့က ဒီဖားကန့်မြို့နယ် လုံးခင်း ကျေးရွာ အုပ်စုမှာ ရှိတဲ့ မောရှမ်း၊ ကံစီ၊ မိုဇာကြီး ကျေးရွာတွေကို ကျေးရွာ လုံခြုံရေး ယူပေးမယ် ဆိုပြီးတော့ ညပိုင်းမှာ ကင်းစောင့်ပေးတယ် နေ့ခင်းပိုင်းဆိုရင် ရွာထဲမှာရှိတဲ့ အကောင်းစား အိမ်သုံး ပစ္စည်းတွေ လိုက်သိမ်းတယ်ပြီးတော့ တခြား တနေရာကို ကားနဲ့ သယ်တယ်။ ပြီးတော့ အဲဒီ ပစ္စည်းတွေကို ရောင်း စား လိုက်ကြတယ်။ သူတို့က စိတ်ထင်တိုင်း ကျဲနေတော့ ရွာသားတွေက ဘာမှ မပြောရဲကြဘူး။ ရွာထဲက ပြန်ရောင်စား လို့ရတဲ့ ပစ္စည်း မှန်သမျှ အားလုံးကို သယ်သွားခဲ့ကြတယ်လို့” ဆိုပါသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန္နာဝါရီလ (၂၃) ရက်နေ့တွင်လည်း ယင်းအစိုးရ စစ်တပ်များသည် ဖားကန့်မြို့နယ် လုံးခင်းကျေး ရွာ အုပ်စုရှိ ဒေသခံ များ၏ နေအိမ်များအား ဖျက်ဆီး၍ ရွှေ၊ ငွေ၊ ကျောက်စိမ်းများအား လုယူခဲ့ကြရာ မခံမရပ်နိုင်ကြသော ဒေ သခံ တချို့က ပြန်လှန်ငြင်းဆိုမှုများ ဖြစ်ရာက သတ်ဖြတ်မှုများ ဖြစ်ခဲ့ကြသည်ဟု မျက်မြင် ရွာသားများက ဆိုပါသည်။

စကခ (၇) ၏ ဖေဖေါ်ဝါရီလ စစ်ဆင်ရေး အတွင်း လုံးခင်း ကျေးရွာအုပ်စု ဆန်ခါကျေးရွာသားများ အယောက် (၄၀)ခန့် သတ်ဖြတ် ခံခဲ့ရကြောင်း KIA ဖက်မှ ဆိုပါသည်။ အထူးသဖြင့် ဗိုလ်မှူး စိုင်းခမ်းလိတ်ဝင်း ဦးစီးသော ခမရ ၄၃၇ တပ်ဖွဲ့မှ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။ ထို့ပြင် မသင်ကာမှုကို အကြောင်းပြုပြီး ကျေးရွာ လူထုများကို တစ်အိမ်တက်ဆင်း လိုက်လံ ရှာဖွေခြင်း၊ စခန်းကုန်းသို့ ဖမ်းဆီးထားပြီး အချိန်ကြာမြင့်စွာ ချုပ်နှောင်မှုကို ခံခဲ့ရပါသည်။

ထိုဒေသ၌ လှုပ်ရှားနေသော အစိုးရ တပ်များမှာ ကယားပြည်နယ်၊ ဖယ်ခုံ အခြေစိုက် အမှတ်(၇) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ခမရ ၄၂၄၊ ခမရ ၄၂၅၊ ခမရ ၃၃၆၊ ခမရ ၄၂၇ နှင့် ခလရ ၁၀၂ တပ်ရင်းတို့ လှုပ်ရှားလျှက် ရှိ ကြောင်း ကံစီဒေသမှ KIA တပ်ရင်း(၆)မှုး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောပါသည်။

အဆိုပါ စကခ (၇) တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၃) ရက်နေ့၌ ကံစီ ဒေသဖြစ်သော KIA တပ်မဟာ (၁)၊ တပ်ရင်း (၆) ကံစီ စခန်းများကို စစ်အင်အား (၄၀၀) ခန့်ဖြင့် စစ်ကြောင်း (၃) ကြောင်း ခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဤသို့ကြောင့် ဇန္နာဝါရီလ (၁၈) ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် တို့သည် ထိုကံစီ စခန်းမှ ဆုတ်ခွာ ပေးခဲ့သည်ဟု ဆိုပါသည်။

အစိုးရ သတင်းစာ များကမူ ဖားကန့်မြို့နယ်အတွင်း၌ ရွာသား နေအိမ်များကို KIA တပ်ဖွဲ့မှ လုယက် မီးရှို့ ဖျက်ဆီး နေမှုများ ပြု လုပ်ခဲ့သည်ဟု ရေးသား ခဲ့ပါသည်။ ဤကဲ့သို့ အစိုးရသတင်းစာမှ ထုတ်ပြန်ခဲ့သဖြင့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာက အဆိုပါ လုပ်ရပ်သည် KIA တပ်ဖွဲ့များ မဟုတ်ဘဲ အစိုးရ တပ်များကသာ လုပ်ဆောင်ခြင်း ဖြစ်သည် ဟု ဇန္နာဝါရီလ (၂၄) ရက်နေ့၌ ပြောကြား ခဲ့ပါသည်။

“ဖားကန့်မြို့နယ်မှာ KIA တွေက ရှောင်ပေးထားတယ်။ အစိုးရ စစ်တပ်တွေက နေရာယူထားတယ်။ သော့ခတ်ထားတဲ့ အိမ်တွေကို ဖောက်ပြီး ပစ္စည်းတွေ ယူတယ်။ ရွှေတွေ ယူတယ်။ ဖားကန့် တမြို့လုံး လိုလို လုပ်နေတယ်။ တချို့အိမ် ဆိုရင် မီးရှို့ခဲ့တယ်။ ကုမ္ပဏီ တချို့မှာ ဆိုရင်လည်း ကျောက်စိမ်းတွေ သူတို့ လိုချင်တာတွေ ယူပြီး မီးရှို့ထားတာတွေ ရှိတယ်။ အဲဒါက စစ်တပ်က လုပ်တာပါ။ အဲဒါက KIA က ရှို့ပါတယ် ဆိုပြီး သတင်းစာတွေမှာ ပါတာ တွေ့ရလို့” ဟု ပြောပါသည်။

စကခ(၇) လှုပ်ရှားခဲ့သည့် ဇန္နာဝါရီလယ်မှ စပြီး ကံစီ၊ လုံခင်းရှိ ဒေသခံများသည် ကျောက်သိမ်း မှော်တွင်းမှ မောင်းထုတ် ခံရခြင်း၊ ကျောက်စိမ်း အပါဝင် အခြား ပစ္စည်းများ၊ အသိမ်းခံရခြင်း၊ မသင်ကာမှုကြောင့် အသတ်ခံရခြင်း၊ ကျေးရွာ တွင်းသို့ လက်နက်ကြီးများ ပစ်သွင်းပြီး မောင်းထုတ် ခံရခြင်း၊ ရှောင်တိမ်း နေရခြင်းကြောင့် ရိက္ခာ ပြတ်လတ်ခြင်း၊ ကယ်ဆယ်ရေးများ ၀င်ခွင့် ပိတ်ပင်ခြင်းများ ခံခဲ့ပါသည်။

အစိုးရ တပ်ဖွဲ့များသည် KIA နှင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် တရုတ် အစိုးရ၏ ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံ ရွှေ လီမြို့တွင် စစ်ပွဲပြေငြိမ်းရေး သဘော တူခဲ့ပါသည်။ သို့သော် အစိုးရ တပ်များသည် သဘောတူ ထားသည့် အတိုင်း မဟုတ်ဘဲ KIA အား ယခု အချိန်ထိ စစ်ဆင်နေဆဲဖြစ်ကြောင်း KIA ဖက်မှ ဆိုနေပါသည်။

ရှမ်းပြည်မြောက်ပိုင်း KIA ရှိရာသို့ အစိုးရတပ်များ အင်အားဆက်တိုက်တိုးချဲ့လာသောကြောင့် တိုက်ပွဲပြင်းထန်လာနိုင်

မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်းဒေသသို့ စစ်လက်နက်အင်အားများနေ့စဉ် တိုးချဲ့နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း KIA ဖက်ကသုံးသပ်ပြောဆိုသည်။

ယနေ့ညနေ ၅ နာရီခွဲချိန်တွင် နမ်ခမ်း (Nam Hkam) ဘက်မှ အစိုးရစစ်တပ် ကား ၁၆ စင်းသည် မူဆယ် (Muse) သို့ရောက်ရှိလာပြီး အင်အား ၄၀ ကျော်နှင့် မြင်း ၅ ကောင် တင်လာကြောင်း ဒေသခံများပြောသည်။

ယမန်နေ့မှစ၍ မြန်မာအစိုးရတပ်များသည် တပ်မဟာ(၄) နယ်မြေ သို့ စစ်အင်အားများကို ဆက်တိုက်တိုးချဲ့လာခြင်းဖြစ်ပြီး နမ်ဒူ (Nam Du) ဘက်မှ တပ်ရင်း (၈) မုန်းမော် (Mung Maw) ဒေသသို့ အစိုးရတပ်မှ အင်အား ၁၆၀ ကျော် ချထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“အဖွဲ့ ၂ ဖွဲ့ဟုတ်တယ်။ တစ်ဖွဲ့က လူတွေနဲ့ မြင်းတွေနဲ့ ၉ နာရီလောက်မှာ ရောက်လာတယ် .. ပြီးတော့ တစ်ဖွဲ့က ၁၁ နာရီခွဲလောက်မှာ လူအင်အားပဲ ၁၀၀ လောက်နဲ့ ရောက်လာ တယ်… ခြေလျင်နဲ့ဟုတ်တယ်။” ဟုပြောသည်။

ထို့အတူ KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) နယ်မြေတွင်လည်း အစိုးရအင်အား ၃၀ ကျော်သည် ကောင်းဂွင် (Kawng Gwi) စခန်းသို့ တိုးချလာကြောင်း တပ်ခွဲ(၅)မှ KIA အရာရှိတစ်ဦးပြောသည်။

“စစ်အင်အားက ဆုတ်တာမရှိဘူး နေ့တိုင်းလို နည်းနည်းစီပို့နေတာ။ နည်းအမျိုးမျိုးနဲ့ပို့ပြီး တစ်နေ့မှာ ၁၀ ယောက်လောက်ပို့နေကြတယ်။ နေရာတိုင်းပဲ …ဒီနေ့လည်း MHH တပ်က လူငယ်ကို ပန်ဆိုင်းရွာ အထွက် အစိုးရတပ်က သေနတ်နဲ့ထောက်ပြီး ကောင်းဂွင်စခန်းဖက်ကို ပို့ခိုင်းတယ်။ ၄ ယောက်ကို ၂ ကြိမ်ပို့ပေးခဲ့တယ်တဲ့” ဟု MHH အရာရှိပြောသည်။

မြန်မာအစိုးရတပ် (ခမရ ၂၄၀) စင်လီ၊ (ခလရ ၆၉၊ ၂၉၀) နမ်ဂျရပ် ရှိတပ်များတိုးချလာခြင်းဖြစ်ပြီး ဦးခွန်မြတ် ဦးဆောင်သော ပြည်သူ့စစ်၊ မုန်ဘော်ပြည်သူစစ် များလည်းဝင်ကြောင်းသိရသည်။

မြန်မာအစိုးရသည်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား စစ်ရေးတင်းမာမှုများ လျှော့သွားရန် ဆောင်ရွက်နေချိန် တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်းတွင် ထိုကဲ့သို့တပ်ပေါင်းစုများ စစ်အင်အား ၁၀၀၀ ကျော် တိုးချလာပြီး ဆက်လက်၍ အင်အား တိုးချနေဆဲဖြစ်သောကြောင့် မကြာမီနှစ်ဖက်တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း အရာရှိများပြောဆိုသည်။
(KNG)

ဦးခင်ရွှေကို ဦးနေမျိုးဝေတရားစွဲ မင်္ဂလာဒုံတရားရုံးက လက်မခံ

Nay Wai

ဦးခင်ရွှေအနေနဲ့ ဂျာနယ်စာမျက်နှာတွေပေါ်မှာ စည်းလွတ်ဘောင်လွတ် ပြောထားတဲ့ကိစ္စအတွက် အသရေထိခိုက်မှုဖြင့် မင်္ဂလာုံတရားရုံးမှာ တရားစွဲတဲ့အခါ တရားသူကြီးက လက်မခံခဲ့ပါဘူး လက်မခံခဲ့တဲ့အကြောင်းကတော့

အခင်းဖြစ်စဉ်ကို ပြောဆိုတဲ့ နေရာ ဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရရုံး စိုက်ရာ မြို့နယ် ဒဂုံမြို့နယ် တရားရုံးမှာ စွဲဆိုသင့်ကြောင်းပြောဆိုလာပါတယ် ။

အဲဒါကြောင့် ဒဂုံမြိုကနယ် တရားရုံးကို သွားရောက်ခဲ့တဲ့အခါ နေ့လည် ၁ နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ် ။

ဒါပေမဲ့ တရားရုံးက တရားစွဲတာကို လက်မခံကြောင်း မနက်ဖြန်မှ ပြန်လာခဲ့ပါ တရားစွဲဆိုတဲ့အချိန်ပိတ်ထားပြီလို့ ဆိုပါတယ် ။

ဒါ့ကြောင့် မေးကြည့်တာပါ - တောခိုတာနဲ့ တရားစွဲတာ ဘယ်ဟာလွယ်သလည်း။
-----------------------------------------------------------------------------------------------------------------------------------------------------
(တရားသူကြီးမင်း ===အကိုရေ ပြစ်မှုကျူးလွန်ရာ အရပ်မှာဘဲစွဲဆိုခွင့်ရှိပါတယ် နေ့လယ်တစ်နာရီနောက်ဆုံးထားပြီးလည်း အမှုသစ်လက်ခံလေ့ရှိပါတယ် နေ့တစ်နာရီကျော်သွားမှဆိုရင် ခြွင်းချက်နဲ့ဘဲ လက်ခံလေ့ရှိပါတယ် သာမာန်အားဖြင့်တော့ လက်မခံတော့ပါ ဒီစနစ်ကလည်း တနိုင်ငံလုံးမှာကျင့်သုံးတာဖြစ်ပီး ဟိုးရှေးရှေးကတည်းက ကျင့်သုံးခဲ့တာပါ ရဲတွေကအစ လိုက်နာရတယါ)

မိတ်ဆွေစစ်( အောင်ဆန်းစုကြည် )

Tun Wai's photo.
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။

မိတ်ဆွေစစ်
အောင်ဆန်းစုကြည်

လောကဓံအခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ ဟာ တကယ့်ကိုများပြားလှပါတယ်။ အဲဒီအထဲမှာ တန်ဖိုးအရှိဆုံးကတော့ ကျွန်မတို့နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လူသိနည်းသေးတဲ့ အကြောင်းအရာတွေကို စူးစမ်းလေ့လာဖို့ တခြားမှာ အခွင့်အရေးတွေပေးခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ညှင်းပန်းမှုဒဏ်ကို လှလှကြီးခံခဲ့ရတဲ့ ကျွန်မတို့တစ်တွေရဲ့ အတွေ့အကြုံဟာ အခါခပ်သိမ်း သက်သောင့်သက်သာရှိတာမဟုတ်ပေမယ့် အင်မတန်ကြွယ်ဝတဲ့အတွေ့အကြုံပါ။ တရားမျှတမှုကင်းမဲ့ခြင်းနဲ့ ရက်စက်ကြမ်းတမ်းခြင်းဆိုတာတွေဟာ စိတ်လှုပ်ရှားဖွယ်ရာ ၀တ္ထုဇာတ်လမ်းထဲမှာ ပါတတ်တာမျိုးအဖြစ်ကနေ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ အန္တရာယ်မျိုးအဖြစ်ကို ပြောင်းလဲကုန်ပါတယ်။

လေးစားဂုဏ်ယူဖွယ်ရာအပြုအမူနဲ့ ဆိုးသွမ်းကြမ်းတမ်းတဲ့အပြုအမူ၊ သူရဲဘောကြောင်တာနဲ့ သူရဲကောင်းဆန်တာတွေဟာ တစ်ခါတုန်းက ကဗျာအတွေးတွေ၊ အယူအဆတွေဖြစ်ခဲ့ပေမယ့်လည်း အခုနေအခါမှာတော့ သာမန်ဖြစ်ပျက်နေတဲ့အရာတွေဖြစ်လာကာ ကဗျာရှည်ကြီးတွေမှာ ဖွဲ့နွဲ့တတ်တဲ့အဖြစ်အပျက်တွေဟာ နေ့စဉ်ကြုံတွေ့ရတဲ့ဘ၀ဖြစ်နေပါတယ်။

လိမ်လည်လှည့်ဖျားခြင်းနဲ့ သစ္စာဖောက်ခြင်းဟာ စိတ်ကူးကောင်းတဲ့စာရေးဆရာတွေရဲ့ ကွက်ကွက်ကွင်းကွင်း ဖန်တီးရေးသားချက်မျှသာ မဟုတ်တော့ဘဲနဲ့ ကိုယ်ရဲ့ခင်မင်မှုကို ခံစားခဲ့တဲ့၊ ကိုယ်ရဲ့မေတ္တာစေတနာကို စိတ်တိုင်းကျသုံးဆောင်ခဲ့တဲ့ မိသားစုတွေရဲ့ အဆောင်အယောင်ဖြစ်လာပါတယ်။

Judas ရဲ့အနမ်းဆိုတာ တင်စားချက်မဟုတ်တော့ပါဘူး။ မိတ်ဆွေမပီသတဲ့ သစ္စာသွေဖည်မှုကြီး ကိုယ့်ပါးပြင်ပေါ်ကို လာလာပြီး ထိပါးနေတာပါ။ ယုံကြည်လေးစားခဲ့ရတဲ့သူတွေ ဟာလည်း သူများတကာကို လိမ်လည်ဖို့လုပ်တာနဲ့ သူတို့ကိုယ်သူတို့ အတိုင်းမသိ လိမ်လည်နိုင်စွမ်းရှိပုံကို ပြသနေကြပါတယ်။

Eternal Light Magazine
March 2013

မအူပင်ဆန္ဒပြပွဲ ပါဝင်သူတွေ တရားစွဲဆိုခံရ

 မအေးအေးမာ/ 04.03.2013
http://burmese.voanews.com/content/authorities-sues-maupin-farmers/1614637.html

မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာမှာ အသိမ်းခံ လယ်ယာမြေတွေကို ပြန် ရဖို့ တောင်းဆိုရင်း လယ်သမားနဲ့ ရဲတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အခုတော့ ရဲဘက်ကနေ လယ်သမားတွေကို အမှုဖွင့် တရားစွဲဆို လိုက်ပါပြီ။ ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် လူစုလူဝေးလုပ်မှု၊ ၀တ္တရားနှောင့်ယှက်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို အမှုဖွင့်လိုက်ကြောင်း လယ်သမားအရေး လုပ်ဆောင်နေသူတွေ က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မအေးအေးမာ က တင်ပြထားပါတယ်။

မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင်း ကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ ဒေသခံတွေနဲ့ လုံခြုံရေး အာဏာပိုင်တွေ ကြား သွေးထွက်သံယို ပဋိပက္ခနဲ့ပတ်သက်ပြီး အခုနောက်ဆုံး လယ်သမားတွေကို အရေးယူဖို့ ပြင်ဆင် လာတာ ဖြစ်ပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီ တခုဖြစ်တဲ့ Orchard ကုမ္ပဏီ လီမိတက်က ငါးကန်တူးထားတဲ့ သူတို့ လယ်ယာမြေတွေကို ပြန်လည် ရယူလိုမူနဲ့ တောင်းဆိုရင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း အတွင်း ရဲတပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ရပြီးနောက် လူသတ်မှု အပါအ၀င် ပုဒ်မ အတော်များများနဲ့ အမှု ဖွင့်လိုက်တဲ့အကြောင်း လယ်သမားတွေကို အကူအညီပေးနေတဲ့ လမ်းပြကြယ်အဖွဲ့က ဦးထွန်းနိုင် က ပြောပါတယ်။

“မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ တရားလို ပြုလုပ်ပြီး ရွာသူရွာသားတွေကို ၃၀၂ အရ ရဲတဦး သေဆုံးတဲ့အတွက် လူသတ်မှုနဲ့ ရွာသားတွေကို တရားစွဲ လိုက်ပါတယ်။ နောက်ထပ် ပုဒ်မတွေကတော့ ၃၃၃၊ ၃၃၂ လူစုလူဝေးလုပ်မှု ၁၄၂၊ ၁၄၃၊ ၁၄၅၊ ၁၂၇၊ ၁၂၈၊ ၃၀၊ ၄၀ တွေနဲ့ လယ်သမားတွေကို အမှုဖွင့်လိုက်တာပေါ့။ အဲ့တော့ လယ်သမားတွေထဲက တချို့ ရှောင်တိမ်းတဲ့ သူက ရှောင်တိမ်းပြီးတော့ အကုန်လုံး ဖရိုဖရဲတွေ ဖြစ်ကုန်တာပေါ့။ ၃၃၃ ၀တ္တရားနှောင့်ယှက်မှု၊ ၃၀၂ ဆိုတာ ထိခိုက်နာကျင်တယ်။ လူစုလူဝေးဆိုတာ ၁၄၄ ထုတ်ပြန်တယ်။ ၁၄၃၊ ၁၄၅ တွေက လူစုလူဝေးလုပ်တယ်။ အမိန့်ကို ဆန့်ကျင်တယ်။ ကျန်တာ အသေးစိတ် ဖော်ပြထားခြင်းကတော့ သိပ်မရှိဘူးလေ။”

အခင်းဖြစ်ပွားတဲ့နေရာမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်တွေ ထွက်ပေါ်နေပေမဲ့ မအူပင် ရဲစခန်းကတော့ တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိပါဘူး။ မအူပင် ရဲစခန်းကို ဆက်သွယ်
မေးမြန်းတဲ့အခါမှာတော့ တာဝန်ကျ ရဲဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“စခန်းမှူးပဲ သိမယ်အမရေ။”

တရားစွဲဆိုဖို့အတွက် အမှုဖွင့်ထားခြင်း ရှိ-မရှိကိုလည်း မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်ခဲ့ပေမဲ့ အထက်လူကြီးသာ သိနိုင်ကြောင်း တရားကျသူတဦးက အခုလို ပြောကြား ခဲ့ပါတယ်။

“အဲ့ဒါတော့ ကျနော်တော့ ဂဃနဏ မသိဘူးခင်ဗျ။ အထက်လူကြီးတွေမှ သိမှာ။”

လက်ရှိမှာတော့ လူမှုရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ရှေ့နေတွေက လယ်သမားတွေဘက် က ရှေ့နေလိုက်ပေးဖို့ ပြင်ဆင်နေသလို လယ်သမားတွေဘက်ကလည်း လယ် ပြန်လည်ရလို မှုတွေအတွက်လည်း ပြင်ဆင်နေတယ်လို့ ဦထွန်းနိုင်က ပြောဆိုသွားပါတယ်။

“လယ်ယာမြေ ပိုင်ဆိုင်မှုနဲ့ တရားစွဲဖို့လည်း စီစဉ်ထားပါတယ်။ တချို့ လူမှုရေး အဖွဲ့တွေကလည်း လယ်သမားတွေဘက်ကနေ လိုက်ဖို့ စိုင်းပြင်းနေသလို၊ ကျနော်တို့ လမ်းပြကြယ်အဖွဲ့ကလည်း လယ်သမားတွေဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဖို့ စိုင်းပြင်းနေတာပေါ့။ အဲ့ဒီအတွက်ကို ဥပဒေပိုင်းဆိုင်ရာနဲ့ ကျနော်တို့ အဖွဲ့အစည်းတွေကနေပြီးတော့ တချို့အဖွဲ့အစည်းတွေ၊ ကျန်တဲ့အဖွဲ့အစည်းတွေကနေ ဒါကို လယ်သမားတွေဘက်ကနေ ရှေ့နေလိုက်ဖို့ကို ဥပဒေနဲ့ ရင်ဆိုင်ဖို့ကို လယ်သမားတွေဘက်က ပါဖို့ကို စိုင်းပြင်းနေကြတယ်ပေါ့လေ။”

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင်းကျေးရွာ အပိုင် ကွင်းအမှတ် ၉၆၉ အတွင်း လယ်သမားများ စိုက်ပျိုးလုပ်ကိုင် စားသောက်လာတဲ့ ဘိုးဘွားပိုင် လယ်ယာမြေ ဧက ၅၀၀ ကျော်ကို Orchard ကုမ္ပဏီ လီမိတက်က ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားပြီး ငါးကန်အဖြစ် လုပ်ပြီး လက်ရှိကာလမှာ အသုံးမပြုတာကြောင့် ရွာပေါင်း ၆ ရွာက လယ်သမား ၅၀၀ ကျော်ဟာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ့နောက်မှာတော့ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြီး ဖယ်ရှားခိုင်းနေပေမဲ့ လယ်သမားတွေက လယ်ပြန်ရရေး တောင်းဆိုနေတဲ့အတွက် လယ်သမားတွေနဲ့ ရဲ အင်အား ၃၀၀ ခန့်အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပြီး ရဲတွေဘက်က သေနတ်နဲ့ ပစ်ခတ်မှုလုပ်ခဲ့သလို လယ်သမားတွေဘက်ကလည်း တုံ့ပြန်မှုတွေ လုပ်ခဲ့ပါတယ်။ နှစ်ဘက် အဓိကရုဏ်းအတွင်း ရဲတဦး သေဆုံးခဲ့ရသလို နှစ်ဘက်လုံးက လူ ၄၀ ကျော် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

လက်ပွတ္တာ ၉၆၉ တရားပွဲအားဦးစီးကျင်းပသူ လူငယ်ခေါင်ဆောင် သုံးဦးအား ဟာဂျီ လှတင်.မှ တရားစွဲ

ပုဂံပြည် မှ သူရဲကောင်း's photo.
..............လက်ပွတ္တာ ၉၆၉ တရားပွဲအားဦးစီးကျင်းပသူ လူငယ်ခေါင်ဆောင် သုံးဦးအား မွစလင် ဟာဂျီ လှတင်.မှ တရားစွဲ.........

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့မှာ ၉၆၉ တရားပွဲများကို ဦးစီးကျင်းပတဲ့
လူငယ်ခေါင်းဆောင် ၃ ဦးကို လပွတ္တာ မွတ်စလင်များအဖွဲ့မှ ဟာဂျီလှတင် 

ဆိုသူက ဧရာဝတီတိုင်း ၀န်ကြီးချုပ်အထိ ဘာသာရေးစော်ကားမှုများဖြင့် 

အဓိကရုဏ်းဖြစ်စေရန်ဆောင်ရွက်နေပါသည်ဟု 

တိုင်တန်းလိုက်ပါတယ်..အဲဒီအတွက် လပွတ္တာ  ရဲစခန်းမှ ၉၆၉ အဖွဲ့မှ 

လူငယ်ခေါင်းဆောင် ကိုဇော်တိုး ကိုမြတ်တိုး နဲ့ ကိုသိန်းတိုး တို့ကို 

ခေါ်ယူစစ်ဆေးရာမှာ တိုင်ကြားသူ ဟာဂျီ ဦးလှတင်ဟာ ၉၆၉ အဖွဲ့က 

မဖြန့်ဝေတဲ့စာရွက် စာတမ်း များဖန်တီးပီး လုပ်ကြံတိုင်တန်းတာ 

ပေါ်ပေါက်လာတဲ့အတွက် ၉၆၉ အဖွဲ့မှကိုဇော်တိုးက ဟာဂျီလှတင်ကို လပွတ္တာ တရားရုံးမှာ 

တရားစွဲဆိုလိုက်ပါတယ်..ထိုသို့တရားစွဲဆိုသောအခါမှ ဟာဂျီလှတင် က 

ကျေအေးပေးပါရန် ပြောကြားသဖြင့် ကျေအေးပေးပါရန် လပွတ္တာ မြို့ ၄ 

ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးတိုးတိုး မှ မြို့နယ် 

အတွေထွေအုပ်ချုပ်ရေးမှုးရုံးတွင်ခေါ်ယူ ညှိနိုင်း ခဲ့ရာမှာ..တရားစွဲဆိုသူ 

ကိုဇော်တိုးမှ မိမိသည် ဦးလှတင်ကို ရန်ညိုးရန်စဖြင့် 

တရားစွဲဆိုခြင်းမဟုတ်ကြောင်း  မိမိတို့အမျိုး ဘာသာ သာသနာ 

ရေရှည်တည်တန့်ရေးအတွက် ကြိုးစားအားထုတ်မှုသာဖြစ်ကြောင်း 

ထိုကြောင့် တရားမှု ဆောင်ရွက်နေသည်ကို မတရား လိမ်လည် 

လှည့်ဖျားဆောင်ရွက်လျင် ဥပဒေက မျက်ကွယ်မပြုသည်ကို သိရှိစေရန် 

တရားစွဲဆိုပါကြောင်းပြောကြားပြီး အောက်ပါ အချက်များကို 

ဖြည့်စွမ်းပေးလျင် သဘောထားကြီးစွာဖြင့်ကျေအေးလွှာ 

လက်မှတ်ထိုးပေးမည်ဖြစ်ကြောင်း  ပြန်ကြားပါတယ်
၁။ ဦးလှတင်မှ မှားယွင်းကြောင်းနှင့်နောက်နောင် ဤသို့ မပြုလုပ်ပါရန် ခံဝန် 

ကို တရားရုံး၌ လက်မှတ်ရေးထိုးရန်
၂။ ယခု ကုန်ကျထားသောတရားစရိတ်များ ပြန်လည်ပေးရန်
ဖြစ်ပါတယ်..
သို့သော် ဦးတိုးတိုးမှ ကုန်ကျစရိတ်မပေးနိုင်ကြောင်း(စစ်လဲရှုံးရ 

စစ်လျော်ကြေးလဲ ပေးရ မလုပ်နိုင်ပါ ဟု ဆိုသည်)
ခံဝန်ကတိကိုလဲ ၄င်း၏ လဘက်ရည်ဆိုင် တွင်သာ ထိုးနိင်မည်ဟု 

ဆိုလာပါသဖြင့်..(ဦးလှတင်မှပြောဆိုခြင်းမဟုတ်..ဥိးတိုးတိုးမှ 

တာဝန်ခံပြောသောစကား) ညှိနိုင်းမှု မပြေလည်ပဲ ၉၆၉ အဖွဲ့နာယက 

ဆရာတော်များထံ တင်ပြရာ ဥပဒေ အတိုင်းသာ ဆက်လက်ဆောင်ရွက်ပါဟု 

မိန့်ကြားသဖြင့် ..တရားဆက်လက်စွဲဆိုထားကြောင်း  သိရပါတယ်...
(ရုံးချိန်းကို ၇ ရက် ၃ လ ၂၀၁၃ သို့ ချိန်းဆိုလိုက်ကြောင်း နှင့် ဟာဂျီ လှတင်ဘက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးတိုးတိုးမှ တာဝန်ယူ လိုက်ပါ ပြောဆိုပေးနေကြောင်း နောက်ဆက်တွဲ သတင်းရရှိပါတယ်)

၉၆၉ လူငယ်များ ဦးဆောင်ကျင်းပသော လက်ပွတ္တာ တရားပွဲ ပုံ
‎.......................

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့မှာ ၉၆၉ တရားပွဲများကို ဦးစီးကျင်းပတဲ့
လူငယ်ခေါင်းဆောင် ၃ ဦးကို လပွတ္တာ မွတ်စလင်များအဖွဲ့မှ ဟာဂျီလှတင်
ဆိုသူက ဧရာဝတီတိုင်း ၀န်ကြီးချုပ်အထိ ဘာသာရေးစော်ကားမှုများဖြင့်
အဓိကရုဏ်းဖြစ်စေရန်ဆောင်ရွက်နေပါသည်ဟု
တိုင်တန်းလိုက်ပါတယ်..အဲဒီအတွက် လပွတ္တာ ရဲစခန်းမှ ၉၆၉ အဖွဲ့မှ
လူငယ်ခေါင်းဆောင် ကိုဇော်တိုး ကိုမြတ်တိုး နဲ့ ကိုသိန်းတိုး တို့ကို
ခေါ်ယူစစ်ဆေးရာမှာ တိုင်ကြားသူ ဟာဂျီ ဦးလှတင်ဟာ ၉၆၉ အဖွဲ့က
မဖြန့်ဝေတဲ့စာရွက် စာတမ်း များဖန်တီးပီး လုပ်ကြံတိုင်တန်းတာ
ပေါ်ပေါက်လာတဲ့အတွက် ၉၆၉ အဖွဲ့မှကိုဇော်တိုးက ဟာဂျီလှတင်ကို လပွတ္တာ တရားရုံးမှာ
တရားစွဲဆိုလိုက်ပါတယ်..ထိုသို့တရားစွဲဆိုသောအခါမှ ဟာဂျီလှတင် က
ကျေအေးပေးပါရန် ပြောကြားသဖြင့် ကျေအေးပေးပါရန် လပွတ္တာ မြို့ ၎
ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးတိုးတိုး မှ မြို့နယ်
အတွေထွေအုပ်ချုပ်ရေးမှုးရုံးတွင်ခေါ်ယူ ညှိနိုင်း ခဲ့ရာမှာ..တရားစွဲဆိုသူ
ကိုဇော်တိုးမှ မိမိသည် ဦးလှတင်ကို ရန်ညိုးရန်စဖြင့်
တရားစွဲဆိုခြင်းမဟုတ်ကြောင်း မိမိတို့အမျိုး ဘာသာ သာသနာ
ရေရှည်တည်တန့်ရေးအတွက် ကြိုးစားအားထုတ်မှုသာဖြစ်ကြောင်း
ထိုကြောင့် တရားမှု ဆောင်ရွက်နေသည်ကို မတရား လိမ်လည်
လှည့်ဖျားဆောင်ရွက်လျင် ဥပဒေက မျက်ကွယ်မပြုသည်ကို သိရှိစေရန်
တရားစွဲဆိုပါကြောင်းပြောကြားပြီး အောက်ပါ အချက်များကို
ဖြည့်စွမ်းပေးလျင် သဘောထားကြီးစွာဖြင့်ကျေအေးလွှာ
လက်မှတ်ထိုးပေးမည်ဖြစ်ကြောင်း ပြန်ကြားပါတယ်
၁။ ဦးလှတင်မှ မှားယွင်းကြောင်းနှင့်နောက်နောင် ဤသို့ မပြုလုပ်ပါရန် ခံဝန်
ကို တရားရုံး၌ လက်မှတ်ရေးထိုးရန်
၂။ ယခု ကုန်ကျထားသောတရားစရိတ်များ ပြန်လည်ပေးရန်
ဖြစ်ပါတယ်..
သို့သော် ဦးတိုးတိုးမှ ကုန်ကျစရိတ်မပေးနိုင်ကြောင်း(စစ်လဲရှုံးရ
စစ်လျော်ကြေးလဲ ပေးရ မလုပ်နိုင်ပါ ဟု ဆိုသည်)
ခံဝန်ကတိကိုလဲ ၄င်း၏ လဘက်ရည်ဆိုင် တွင်သာ ထိုးနိင်မည်ဟု
ဆိုလာပါသဖြင့်..(ဦးလှတင်မှပြောဆိုခြင်းမဟုတ်..ဥိးတိုးတိုးမှ
တာဝန်ခံပြောသောစကား) ညှိနိုင်းမှု မပြေလည်ပဲ ၉၆၉ အဖွဲ့နာယက
ဆရာတော်များထံ တင်ပြရာ ဥပဒေ အတိုင်းသာ ဆက်လက်ဆောင်ရွက်ပါဟု
မိန့်ကြားသဖြင့် ..တရားဆက်လက်စွဲဆိုထားကြောင်း သိရပါတယ်...
(ရုံးချိန်းကို ၇ ရက် ၃ လ ၂၀၁၃ သို့ ချိန်းဆိုလိုက်ကြောင်း နှင့်
ဟာဂျီ လှတင်ဘက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးတိုးတိုးမှ တာဝန်ယူ လိုက်ပါ ပြောဆိုပေးနေကြောင်း နောက်ဆက်တွဲ သတင်းရရှိပါတယ်)
၉၆၉ လူငယ်များ ဦးဆောင်ကျင်းပသော လက်ပွတ္တာ တရားပွဲ ပုံ

ဂျော်ဒန် နိုင်ငံရောက် အလုပ်သမားများအားကူညီဖြေရှင်းပေးရန်ဆွေးနွေး

Zaw Min Baung Baung's photo.
ဂျော်ဒန် နိုင်ငံတွင်လတ်တလော ဒုက္ခရောက်နေသော အလုပ်သမားများအားကူညီဖြေရှင်းပေးရန် မိသားစုဝင်များ၊ ရှေ့နေများနှင့် ၈၈မျိုးဆက် ရုံးမှ အလုပ်သမားရေးရာတာဝန်ရှိသူများရုံးတွင်ဆွေးနွေးနေစဉ်
ဂျော်ဒန် နိုင်ငံတွင်လတ်တလော ဒုက္ခရောက်နေသော အလုပ်သမားများအားကူညီဖြေရှင်းပေးရန် မိသားစုဝင်များ၊ ရှေ့နေများနှင့် ၈၈မျိုးဆက် ရုံးမှ အလုပ်သမားရေးရာတာဝန်ရှိသူများဆွေးနွေးနေစဉ်

လက်ပန်းတောင်းတောင်အရေး တွေ့ရှိချက်တွေကိုသာ တင်ပြသွားမည်

RFA Burmese

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် အကြံပြုတင်ပြသွားမှာမဟုတ်ပဲ အဖွဲ့ရဲ့စုံစမ်းတွေ့ရှိချက်တွေကိုသာ ပြည်သူတွေသိရှိအောင် တင်ပြသွားမှာဖြစ်တယ်လို့ မတ်လ ၄ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

မကြာခင်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ ထွက်တော့မယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် ဘယ်လိုသဘောထားရှိပါသလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က

“ကျမတို့ ကော်မရှင်အနေနဲ့ ရပ်ဖို့လဲမပြောဘူး၊ မရပ်ဖို့လည်းမပြောဘူး၊ ကျမတို့က အမှားအမှန်ကို ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး၊ ကျမတို့က စုံစမ်းစစ်ဆေးရေးကို ပြည်သူတွေရော အားလုံးကိုသိအောင် တင်ပြပေးမှာပါ၊ အဲအတွက်ကြောင့်မို့ ရပ်မရပ်ဆိုတာကို ကျမတို့လုံးဝမပြောဘူး၊ ကျမတို့တွေ့ရှိချက်ကို ပြောမှာပါ၊ ကျမတို့တင်ပြတာကို အမှားအမှန် ခွဲခြားတာ၊ ဆုံးဖြတ်တာအားလုံးဟာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူအားလုံးက ဆုံးဖြတ်ရမှာဖြစ်တယ်၊ ကျမတို့က စုံစမ်းပေးရတဲ့အဆင့်ပဲဖြစ်တယ်”

အစီရင်ခံစာကိုတော့ သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ်ကနေ မြန်မာနိုင်ငံကို ပြန်ရောက်ရင် တင်ပြသွားမှာဖြစ်ပြီး အလားတူပြည်သူတွေသိအောင်လည်း ထုတ်ပြန်သွားမယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ကျမတို့က သမ္မတကြီးဆီ တိုက်ရိုက်အစီရင်ခံရတာ ဖြစ်ပါတယ်၊ တင်ပြီးပြီဆိုတော့မှ ပြည်သူတွေအားလုံးကို ထုတ်ပြန်ကြေညာသွားမှာပါ၊ ပြည်သူတွေအားလုံး ကျေနပ်လောက်တဲ့ အဖြေတခုလည်းပါမယ်လို့ ကျမတို့ယူဆပါတယ်၊ ဘာလို့လဲဆိုတော့ ဥက္ကဌကြီးကိုယ်တိုင် ပြောပြီးသားပဲ”

လက်ပန်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းတွေကိုအင်အားသုံးဖြိုခွင်းခဲ့မှုနဲ့ဆက်စပ်ပြီးစုံစမ်းစစ်ဆေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မလက်တိုကျေးရွာအုပ်စု လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခ စုံစမ်းစစ်ဆေးမည်

RFA Burmese's photo.
မလက်တိုကျေးရွာအုပ်စု လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခ စုံစမ်းစစ်ဆေးမည် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာမှာ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မတ်လ ၄ ရက် ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။

အဲဒီအဖွဲ့ကို ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ဦးဆောင်မှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အဖွဲ့ဝင်တွေနဲ့ တိုင်ပင်လုပ်ဆောင်သွားမယ်လို့ ဘဏ္ဍာအခွန် ၀န်ကြီးက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ အဖွဲ့ဖွဲ့တုန်းပဲ ရှိပါသေးတယ်ခင်ဗျ၊ ကျနော်တို့ ပြန်လည်တိုင်ပင်ခြင်း ဘာညာပြောဖို့အတွက် အချက်အလက် ကျနော့်မှာ ဘာမှမရှိပါသေးဘူးခင်ဗျ၊ ကျနော်ရည်ရွယ်ထားတာက စစ်ဆေးစုံစမ်းပြီးတော့ ရသမျှအားလုံးကို သတင်းစာရှင်းလင်းပွဲလုပ်ဖို့အထိ ရည်ရွယ်ထားပါတယ်”

ဒီအဖွဲ့ထဲမှာ ဒေသခံတွေကိုလည်းပါဝင်စေမှာဖြစ်ပြီး လာမယ့် မတ်လ ၆ ရက်နေ့မှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေကို ကွင်းဆင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကော်မရှင်ဖွဲ့စည်းဆောင်ရွက်မယ့်အပေါ် အဲဒီကော်မရှင်နဲ့ ဒေသခံလယ်သမားတွေ တွေ့ဆုံပြီးမှသာ သိနိုင်မယ်လို့ ဒေသခံလယ်သမားတစ်ဦးဖြစ်တဲ့ ဦးလှမြင့်က ပြောပါတယ်။

"တဖက်က တောင်သူလယ်သမား အဖွဲ့ကနေပြီးတော့ ဦးစီးဦးဆောင် ဆောင်ရွက်မယ့်ပုဂ္ဂိုလ်တွေနဲ့ ခုနက စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ဆုံတွေ့တဲ့အခါမှသာ အဖြေနည်းနည်းချင်း ရလာမှာပါ"

လွန်ခဲ့တဲ့၂၀၀၄ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုက အဒိပ်၊ ပလောင်၊ ဇီးကုံး၊ ကုံဒိုင်းလေး စတဲ့ ကျေးရွာတွေက လယ်ဧက ၅၅၀ကျော်ကို ဒေါက်တာမြင့်စိန်ပိုင် ငါးမွေးမြုရေးကုမ္မဏီဖြစ်တဲ့ အောချက်ဒ်ကုမ္ပဏီက သိမ်းယူခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

အဲဒီလယ်ယာမြေတွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ လယ်သမားတွေက တောင်းဆိုခဲ့ရာကနေ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်မှုတြွေုဖစ်ခဲ့ကြရာမှာ ရဲတပ်သား တစ်ဦးသေဆုံးခဲ့ရပြီး လူပေါင်းလေးဆယ်နီးပါး ထိခိုက်ဒဏ်ရာရခဲ့တဲ့အထိ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လွှတ်တော်တွင် တပ်မတော်ပါဝင်မှု တဖြည်းဖြည်းချင်းလျှော့မည်ဟု သမ္မတပြောကြား

DVB TV News's photo.
လွှတ်တော်တွင် တပ်မတော်ပါဝင်မှု တဖြည်းဖြည်းချင်းလျှော့မည်ဟု သမ္မတပြောကြား

ဒီဗွီဘီ - ၄ မတ်လ ၂၀၁၃

လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (လေးပုံ တပုံ) နေရာရယူထားခြင်းဟာ လွှတ်တော်မှာ ဝိုင်းကူညီပေးဖို့  ဖြစ်ပြီး တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။
ဥရောပ ၅ နိုင်ငံ ခရီးထွက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီလ ၁ ရက်နေ့က ဖင်လန်သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့တာဖြစ်ပြီး ဒီလိုနေရာယူထားတာကလည်း လတ်တလော အခြေအနေအရ တိုင်းပြည်ရဲ့ သမိုင်းကြောင်း နောက်ခံတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံကာကွယ်ဖို့ ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သူခန့်အပ်တာပါလို့လည်း သမ္မတက ပြောပါတယ်။  

မြန်မာနိုင်ငံ အခြေအနေအရ၊ သမိုင်းကြောင်းနောက်ခံအရ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ချန်ထားလို့ မရဘူးလို့ ဆိုပါတယ်။

လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုကိုလည်း တဖြည်းဖြည်းလျှော့ချသွားမယ်လို့ သမ္မတက ဖြေဆိုပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ တပ်မတော်သားကိုယ်စားလှယ် ရှိပါဦးမလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေဆိုဖို့ ခက်ခဲကြောင်းနဲ့ တိုင်းပြည်ရဲ့အခြေအနေ၊ လွှတ်တော်ရဲ့ အခြေအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားတွေအပေါ်မှာ မူတည်ပါတယ်လို့ သမ္မတဦးသိန်းစိန်က ဖြေဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေဟာ ရပ်ဆိုင်းထားလို့ မရသလို နောက်ပြန်လှည်လို့လည်း မရကြောင်းနဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်လည်း ရလာပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ အောင်မြင်တာရှိသလို အခက်အခဲနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ သမ္မတက ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေမှာ ဖင်လန်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်လိုကြောင်း သမ္မတက ပြောဆိုပြီး ဖင်လန်ကုမ္ပဏီတွေ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဖင်လန်သမ္မတက မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အားပေးကူညီသွားမယ်လို့ ကတိပြုခဲ့ပြီး ၂ဝ၁၄-၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို ၆ ဒဿမ ၅ သန်း ကူညီ ထောက်ပံ့ဖို့ လျာထားကြောင်းနဲ့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုတွေကိုလည်း ဖယ်ရှားပေးဖို့အတွက် ကြိုးစားသွားမယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဖင်လန်နိုင်ငံဟာ မြန်မာနိုင်ငံကို သတ္တုတွင်းထွက်နဲ့ ပတ်သက်ပြီး မိမိတို့မှာရှိတဲ့ ကျွမ်းကျင်သူတွေကို ကူညီပေးသွားမယ်လို့ ဖင်လန်သမ္မတက ပြောဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေက ကျန်အမတ်တွေလို ရွေးကောက်တင်မြှောက်ခံစရာမလိုဘဲ လွှတ်တော်အမတ်နေရာရဲ့ လေးပုံတပုံကို  ကိုယ်စားပြုတက်ရောက်ပါတယ်။