Tuesday, March 5, 2013

NLD ဗဟို ညီလာခံ ကိုယ်စားလှယ် ၄ ဦးကို ကိုယ်စား လှယ်များ အဖြစ်က ရုပ်သိမ်း

ဂျော်ဒန်နိုင်ငံ CMJ စက်ရုံမှ တရုတ်များ၏ လုပ်ရပ်

မဆုံသော လမ်း
Mar 5, 2013 4:24am
ဂျော်ဒန်နိုင်ငံ CMJ စက်ရုံမှ တရုတ်များသည် ဂျော်နိုင်ငံသား အာလဗို များကို ခေါ်ဆောင်ကာ
CMJ စက်ရုံမှ မြန်မာအလုပ်သမားများ၏ အဆောင်သို့ 3.2.2013 နေ့  5.30 လာရောက်ပြီး
ဤသို့ သော အပြုအမူမျိုးများကို လုပ်ဆောင်ခဲ့ ပါသည် အရင်ကတင်ပြထားသလိုပါပဲ
သူတို့ ပြောတဲ့  အသက်အာမခံချက်ဆိုတာ ဒါလာဗျာ ၊၊

ဒေါ်အောင်ဆန်းစုကြည်ပုဗ္ဗသီရိမြို့နယ်မှလူထုဟောပြောပွဲ

RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်၊ စနေနေ့က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ လူထုဟောပြောပွဲတခု ပြုလုပ်ခဲ့ပါတယ်။ RFA အဖွဲ့သား မခင်ခင်အိက တင်ပြထားပါတယ်။

၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ

RFA

Tuesday, March 5, 2013

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများစာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။

ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင်ရလောက်အောင် များပြားတယ်လို့
နိုဘဲဆုဌာနက ပြောပါတယ်။ အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့ အဖွဲ့အစည်း ၅၀ ပါဝင်တဲ့အတွက် စာရင်းဝင်အရေအတွက် စုစုပေါင်း ၂၅၉ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အဆိုပြုခံရသူပေါင်း ၂၄၁ ဦးရှိခဲ့ပါတယ်။

ဒီနှစ်အဆိုပြုခံရသူများစာရင်းမှာ ပါကစ္စတန်နိုင်ငံက တာလီဘန်တွေ ပစ်ခတ်လုပ်ကြံလို့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးများ
ပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ရုရှားလူ့အခွင့်အရေးအဖွဲ့၊ ကိုလံဘီယာနိုင်ငံသမ္မတ စန်တို့စ်၊ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ပါဝင်ပြီး၊ GAVI ခေါ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့နဲ့ အမေရိကန် စစ်သည်တော်တို့ကလည်း ပါဝင်တယ်လို့ သိရပါတယ်။

နိုဘဲဆုဌာန အကြီးအကဲ Geir Kundestad က ငြိမ်းချမ်းရေးနိုဘဲဆုအတွက် အဆိုတင်သွင်းမှု အရေအတွက် ထိုးတက်လာတာဟာ နှစ်စဉ်မဟုတ်ပေမယ့် ခြုံကြည့်မယ်ဆိုရင် အတက်ဘက်ကိုပြနေကြောင်း၊ ဒါဟာဒီဆုအပေါ် ကမ္ဘာ့လူထုရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကို ထင်ဟပ်နေကြောင်း
ပြောပါတယ်။

ငြိမ်းချမ်းရေးနိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုလွှာတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား လက်ခံခဲ့တာဖြစ်ပါတယ်။

NLD ပါတီ ညီလာခံကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး - ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း

NLD Congress's photo.
ညီလာခံတွေနဲ့ ပတ်သက်ပြီး ပြေလည်တယ်ဆိုတဲ့အဆင့်ကို ကျွန်တော် သိပ်မပြောရဲဘူး - NLD ပါတီ ညီလာခံကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး - ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း ( အံ့ခေါင်မင်း )
( သတင်း - မြန်မာသံတော်ဆင့် - အတွဲ -၁ ၊ အမှတ် - ၅၁ ၊ မတ် - ၂ - ၈ ၊ ၂၀၁၃ ခုနှစ် )

လာမည့် မတ်လ ၈ရက်မှ စတင်ကာ နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်မှုမျိုးစုံကြားမှ ရုန်းကြွတိုက်ပွဲဝင်ခဲ့ရသော အမျိုးသားဒိမိုကရေစီအဖွဲ့၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပတော့မည်ဖြစ်သည်။ ယင်းညီလာခံကြီးသည် အာဏာရှင်လက်အောက်တွင် အင်အားချည့်နဲ့အောင် နည်းမျိုးစုံနှင့် ချောင်ပိတ်ခြင်း ခံခဲ့ရသော ဒီမိုကရေစီ လှုပ်ရှားမှု ပါတီကြီး၏ ရပ်/ကျေး အဆင့်မှ ဗဟိုအဆင့်ထိ အားသစ်လောင်းသည့် ပွဲကြီးတစ်ရပ် လည်းဖြစ်ပါသည်။ သို့သော် ယင်းညီလာခံကြီးနှင့် ပတ်သက်၍ ပါတီအောက်ခြေအဆင့်မှ စကားအမျိုးမျိုး ဝေဖန်ပြောကြားမှုများ၊ ပဋိပက္ခ အသွင်သဏ္ဍန် များသည်လည်း သြဇာအာဏာ ယစ်မူးမှုတို့၏ ဓမ္မတာအရ ဖြစ်ပေါ်လာခဲ့ကြသည်။ ပွင့်လင်းစွာဆောင်ရွက်လာနိုင်မှု နှင့် လူထုကြားကြီးမားသော ထောက်ခံမှုရခြင်းကြောင့် ဝင်လာမစဲ တသဲသဲ ဖြစ်ခဲ့ရသော NLD ပါတီအနေဖြင့် လူစုံသလို ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်အဆင့် ညီလာခံများ၌ ပြဿနာလည်း စုံခဲ့လေသည်။ 

ယင်းပြဿနာများကြားမှာပင် ယခုဗဟိုအဆင့်ညီလာခံကြီး ကျင်းပတော့မည်ဖြစ်သည်။ ထို့အတွက် ညီလာခံနှင့် ပတ်သက်၍ ညီလာခံကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှုး ဦးညာဏ်ဝင်း နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲသည်။ 

မေး - ဗဟိုညီလာခံလည်းကျင်းပတော့မည်ဆိုတော့ တိုင်းဒေသကြီး နဲ့ ပြည်နယ်ညီလာခံတွေရဲ့ အခြေအနေတွေက ဘယ်လိုရှိပါသလဲ။

ဖြေ - ပြည်နယ်နှင့် တိုင်းအဆင့်ဆင့် နောက်ဆုံးသိသလောက်တော့ (၉)ခုက ပြီးသည့် စာရင်းထဲရောက်တယ်။ ကျန်တဲ့ဟာတွေက ဒီနေ့ကျင်းပနေတာ တစ်ချို့ရှိတယ်။ မနေ့ကဆိုရင် ကယားပြည်နယ်ကျင်းပတယ်။ ဒီနေ့ ကချင်ပြည်နယ် ကျင်းပတယ်။ သူတို့လည်း ဆက်တိုက်ကျင်းပနေတယ်။ ကျွန်တော်တို့ ထင်ပါတယ် ဒီအပတ်ထဲမှာ တိုင်းဒေသကြီးအထိ အားလုံးပြီးသွားမှာပါ။

မေး - ဒါဆိုရင် ဗဟိုညီလာခံ မတိုင်ခင် တိုင်းဒေသကြီး၊ ပြည်နယ်ညီလာခံတွေ အကုန်ပြီးနိုင်မယ်ပေါ့။

ဖြေ - ဟုတ်တယ်။ အကုန်လုံးအပြီးပေါ့။

မေး - အခုဒီညီလာခံတွေ ကျင်းပတဲ့အချိန်မှာ ခုထက်ထိပေါ့လေ။ ညီလာခံ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်တွေ ဘယ်လောက်ထိများ အောင်မြင်တယ်လို့ သုံးသပ်လို့ရပါသလဲ။

ဖြေ - ပထမဆုံး အောင်မြင်တာက ပါတီအဖွဲ့ဝင်တွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ က လက်ရှိခြေအနေတွေပေါ် မူတည်ပြီးတော့ အရမ်း အပြောအဆိုများ လာတယ်။ ဒါကျွန်တော်က အပြစ်ပြောတာ မဟုတ်ဘူး။ ဒါက ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် အပြောများလာ တာ ကောင်းတယ်။ အပြောများတဲ့အထဲမှာ စေတနာ ကောင်းတာနဲ့ မကောင်းတာကတော့ ပါမှာပေါ့။

မေး - အခုဗဟိုညီလာခံ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ - ပြင်ဆင်မှု ကဏ္ဍအနေနဲ့ အချောတော့ မသတ်သေးဘူး။ အကြမ်းထည်တော့ အားလုံးပြီးနေပြီ။ နောက်ဆုံးအစီရင်ခံစာကအစ အကြမ်းထည်ပြီးပါပြီ။ စကားလုံးအသုံးအနှုန်း၊ အထားအသို ဘာညာ ဒါကတော့ ပြင်ရဦးမှာပေါ့။ ကျွန်တော်နေ့တိုင်း ဒါနဲ့ပဲ အလုပ်များနေပါတယ်။ ကျန်တဲ့ အခမ်းအနား အပြင်အဆင်တို့နဲ့ ပတ်သက်လို့ ဦးစိုးညွှန့်ကို တာဝန်ပေးထားတယ်။ သူလည်း ပြီးစီးအောင် လုပ်နေပါတယ်။ 

မေး - ဗဟို ညီလာခံ အတွက်ကော၊ ဒီဗဟိုအဆင့်အတွက်ကော ရွေးချယ်ခံဖို့ စာရင်းတင်ရမှာလားခင်ဗျ။

ဖြေ - အဲဒီလိုလည်းမရှိဘူး။ ရွေးချယ်ဖို့ ကိုယ်စားလှယ် စာရင်းမရှိဘူး။ လူ ၈၀၀၊ ၁၀၀၀ လောက်တက်လာမယ်။  ဒီ ၈၀၀၊ ၁၀၀၀ ထဲက ကြည့်ပြီးတော့ CC ရွေးမယ်။ ဗဟိုကော်မတီရွေးမယ်။ ၁၂၀ ရွေးမယ်။ ဗဟိုကော်မတီကမှ CEC ရွေးမယ်။ အဲဒီသဘောပါပဲ။ 

မေး -  ဒါဆိုရင် လာမယ့် ညီလာခံထဲမှာ လူငယ်နိုင်ငံရေးသမား မျိုးဆက်သစ်တွေလည်း ပါဝင်လာနိုင်သလား။

ဖြေ - အများကြီးပါလာမယ်။

မေး - ခန့်မှန်းခြေ ဘယ်လောက်ပါနိုင်ပါသလဲ။

ဖြေ - ကျွန်တော့် ခန့်မှန်းခြေက တစ်ပြည်လုံး အတိုင်းအတာနဲ့ သိပ်ခြုံမိမှာ မဟုတ်ဘူး။ ကျွန်တော်တို့က လူနာမည် တွေ့ပြီးတော့ ဦးထိပ်ထားပေမယ့်လို့ လူငယ်လည်း ဖြစ်ချင်ဖြစ်နေမှာကိုး။ သိတာက ရန်ကုန်တိုင်း မှာ တော့ တွေ့တာမြင်တာ များတာပေါ့။ ရန်ကုန်တိုင်းအနေနဲ့ဆိုရင် အမြင်အရပြောရရင် တစ်ဝက်လောက်ကတော့ လူငယ်ပညာတတ်တွေ များတာပေါ့။

မေး - အခု ညီလာခံဗဟိုမှာ တက်လာမယ့် အဆင့်အထိ လူဘယ်လောက် လောက်နဲ့ ဘယ်လိုအဆင့်အထိ ဘယ်လောက်အထိ ရွေးချယ်ခဲ့တာလဲ။ အဲဒါလေး သိပါရစေခင်ဗျ။

ဖြေ - အခုထိ ကျွန်တော်တို့ လူခုနှစ်ရာလောက်ရှိတယ်။ နောက်ထပ် လုပ်နေတာက တက်လာရင် ရှစ်ရာနဲ့ တစ်ထောင်ကြားမှယ ရှိမယ်လို့မှန်းထားတယ်။ ညီလာခံကိုယ်စားလှယ်ပေါ့။

မေး - အန်ကယ်လ်တို့ အောက်ခြေအဆင့် ရပ်/ကျေး ကနေပြီးတော့ ဘယ်လောက် ဘယ်နှစ်ဖွဲ့ ကျင်းပခဲ့ရလဲ။ မြို့နယ် ဘယ်လောက်၊ ခရိုင် ဘယ်လောက် အဲဒီစာရင်းလေးလည်း သိပါရစေ။

ဖြေ - အဲဒါက ကျွန်တော်က ခွဲပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရပ်/ကျေး ညီလာခံကို တိုင်းနဲ့ ပြည်နယ်တွေကို လုံးဝတာဝန်ပေးထားတယ်။ သူတို့ပဲသိမယ်။ ကျွန်တော်တို့ဆီကို ကြားဖြတ်အစီရင်ခံတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က ဗဟိုကို အစီရင်ခံစာ တင်ရမယ်လို့ကို ကျွန်တော်တို့ မထည့်ထားဘူး။ အဲတော့ တိုင်းနဲ့ ပြည်နယ် သိတယ်။ ကျွန်တော်တို့က မြို့နယ်နဲ့ ခရိုင်၊ တိုင်းကိုပဲ  ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်း ကြီးကြပ်တာ။ ရပ်/ကျေးကို တိုင်းကို လုံးဝလုပ်ပိုင်ခွင့် ပေထားပါတယ်။

မေး - အခု လာမယ့်ဗဟိုညီလာခံမှာပေါ့ အခုလက်ရှိ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကကော ပြန်လည်အရွေးခံဖို့ ရှိလား။

ဖြေ - စာရင်းထဲမှာတော့ မရှိဘူး။ စာရင်းကိုမရှိတာ။

မေး - ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ အနေနဲ့ ပြန်လည်ပြီးတော့ ရွေးချယ်မယ်ဆိုရင် အဲဒီမှာ တက်လာတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ရွေးချယ်ကြမှာပေါ့။

ဖြေ - ဟုတ်ပါတယ်။

မေး - ဒါဆိုရင် ညီလာခံ ရွေးချယ်မယ့်ပုံစံကတော့ ဥက္ကဌ နေရာအတွက်ဆိုရင် ဘယ်သူကို့ထားမယ်ဆိုတာ အားလုံးဆန္ဒမဲယူမယ်ပေါ့။

ဖြေ - ကျွန်တော်ခုနပြောတဲ့ အထဲမှာ ကျွန်တော်တို့က ဒီတက်လာတဲ့ လူအားလုံးကို CC ၁၂၀ ရွေးမယ်။ ဗဟိုကော်မတီ ၁၂၀ ကနေပြီးတော့မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅၊ ဒါမှမဟုတ်ရင် ၂၀ ဖြစ်မယ်။ အဲဒီ ၁၅၊ ၂၀ ကမှ ဥက္ကဌ ရွေးမယ်ဆိုတော့ အဆင့်ဆင့် သွားမယ်။

မေး - NLD ညီလာခံနဲု့ ပတ်သက်ပြီးတော့ အခုဆို ဗဟို ညီလာခံတွေ ကျင်းပတော့မယ်ပေါ့နော်။ ဒါပေမဲ့ တစ်ချို့ အောက်ခြေမှာပေါ့ ဥပမာ ပုသိမ်တို့ မြောင်းမြတို့ အဲလိုနေရာမျိုးတွေမှာ ပြဿနာတွေဖြစ်ခဲ့တာရှိတယ်။ ညီလာခံနဲ့ ပတ်သက်ပြီးတော့လေ။ အဲလိုမျိုးတွေဖြစ်ခဲ့တဲ့ အပေါ်မှာ ပြဿနာတွေရော ပြေလည်အောင် ဖြေရှင်းပြီးသွားပြီးလား ခင်ဗျ။ ဒီညီလာခံ မကျင်းပခင်ပေါ့။

ဖြေ - ညီလာခံနဲု့ ပတ်သက်ပြီး ပြေလည်တယ်ဆိုတဲ့ အဆင့်ကို ကျွန်တော် သိပ်မပြောရဲဘူးခင်ဗျ။ ဘာလို့လဲ ဆိုတော့ လူတိုင်းလူတိုင်း ကိုယ့်စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့လို့ လုပ်ငန်း သဘောအရ ပြောရရင်တော့ ပြေလည်မှုတွေရနေပြီ၊ လုပ်ငန်းသဘော အရ ပြဿနာတွေပြီးသွားပြီ မရှိတော့ဘူးလို့ ကျွန်တော်မဆိုလိုပါဘူး။ ရှိချင်ရှိမယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ ညီလာခံလုပ်မယ့် Process နဲ့ ပတ်သက်ရင်တော့ ပြီးသွားပါပြီ။

မေး - ဒါဆိုရင် ပြဿနာဖြစ်ခဲ့တဲ့ နေရာမျိုးတွေမှာရော အဲလိုနေရာတွေကို ညီလာခံမှာ ချန်ထားခဲ့တာမျိုးရောရှိလား။

ဖြေ - ချန်ထားတာ တစ်ခုမှမရှိဘူး။ အခုနောက်ဆုံး ကျွန်တော်ခုနပြောသလို တစ်ချို့ ကျန်နေသေးတယ်။ မမီရင်တော့ သူကျန်ခဲ့မှာပဲ။ ကျွန်တော်တို့ ချန်ထားမှာ မဟုတ်ဘူး။

မေး - သူ့ဟာသူ ဘာအကြောင်းကြောင်းကြောင့်နဲ့ပဲ ကြန့်ကြာကြန့်ကြာပေါ့။

ဖြေ - မမီရင်တော့ အချိန်လွန်သွားရင်တော့ မရဘူးပေါ့။

မေး - ပြဿနာဖြစ်ခဲ့တဲ့ နေရာမှာ ဟိုဘက်ဒီဘက် ပြောကြတာမျိုး အန်ကယ်လ်တို့လည်း ဂျာနယ်တွေမှာ ဖတ်ဖူးမှာပါ။ ကျွန်တော်တို့ လည်းတွေ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ တစ်ဖက်က အန်ကယ်လ် ဦးတင်ဦးကို လာပြောပြီးတော့ လုပ်သွားတဲ့ ကိစ္စမျိုးဆိုပြီးတော့ ပြောတာမျိုးတွေ၊ တစ်ချို့ကျတော့ အန်ကယ်လ်ဦးဥာဏ်ဝင်းကို ပြောပြီးတော့ လုပ်သွားတယ်ဆိုတဲ့ ကိစ္စမျိုးတွေပေါ့။ အဲဒါတွေနဲ့ ပတ်သက်လို့ကော ဘာပြောချင်ပါသလဲ။

ဖြေ - အဲဒီလိုပြောတဲ့ လူတွေက မှားတယ်။ ဘာလို့မှားလဲဆိုတော့ ကျွန်တော်တို့ ဦးတင်ဦးတို့က သူတို့ ညီလာခံတွေရဲ့ Process ကို ကျွန်တော်တို့ ကိုင်မှမကိုင်ပဲ။ ကျွန်တော်တို့က ကိုင်တာက ဒီစီမံချက်တို့ ဘာတို့၊  ညာတို့ ဒီအပေါ်မှာ ကျွန်တော်တို့ကို လာဆွေးနွေးရင် ကျွန်တော်တို့ ဆွေးနွေးတယ်။ ကျွန်တော်တို့ ညွှန်ကြားတာ မရှိဘူး။ သို့သော် ညွှန်ကြားသကဲ့သို့ ပြောတာလည်း ကျွန်တော်ကြားပါတယ်။ အပြစ်တင်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့လို့ လုပ်ငန်းသဘောအရ ကျွန်တော်တို့ ဒီ ရပ်/ကျေး၊ မြို့နယ်တွေကို ညွှန်ကြားစရာမရှိဘူး။ ညွှန်ကြားရင် အားလုံးခြုံပြီးတော့ ညွှန်ကြားမှာ တစ်ခုချင်းလိုက်ပြီး ညွှန်ကြားတာ ဘာမှမရှိဘူး။

မေး - ဗဟိုညီလာခံ ကျင်းပတော့မယ့် အဆင့်အထိ ရောက်လာတော့မယ့် အခြေနေမှာပေါ့လေ ပြဿနာတွေ ဖြစ်ခဲ့တာဆိုရင် ခရိုင်အဆင့်လောက် အထိပဲ ရှိတာလားခင်ဗျ။ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်မှာရောရှိသလား။

ဖြေ - တိတိကျကျ မပြောနိုင်ဘူး။ ကျွန်တော် ဒီနေ့ သတင်းကြားတာ တိုင်းတစ်ခုမှာ ပြဿနာဖြစ်နေတယ် ကြားတယ်။ အသေးစိတ်တော့ မသိဘူး။ အသေအချာလည်း မသိလို့ ကျွန်တော်ထုတ်မပြောတာပါ။

မေး - အဲဒီလိုဖြစ်ရတဲ့ အရင်းခံအကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ။

ဖြေ - အရင် အဟောင်းဆိုတာကတော့ လက်ရှိကတော့ မရှိတော့ဘူး။ ကျွန်တော်တို့က ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် ပါတီစပြီးတော့ မှတ်ပုံတင်ကတည်းက အဟောင်းဆိုတာ မရှိတော့ဘူး။ ဒါကျွန်တော်တို့ရဲ့အမြင်၊ ကျွန်တော် တို့ရဲ့သဘောထား။ ဒါကို အဲဒီပုဂ္ဂိုလ်တွေက အဲဒီလိုရှိတယ်လို့ဆိုပြီးတော့ တစ်ချို့ယူဆကြတယ်။ ယူဆပြီးတော့ ပြဿနာ ဖြစ်တာပဲ။ တစ်ကယ်က မရှိဘူး။

မေး - အခုဒီညီလာခံနဲ့ ပတ်သက်လို့ ပြဿနာဖြစ်ပေါ်နေတဲ့ အနေအထားတွေမှာရော လက်ရှိ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေအထားနဲ့ ဘယ်လိုမှတ်ချက်နဲ့ ဘယ်လိုသဘော ထားမျိုး ပေးတာမျိုးရှိလဲမသိဘူး ခင်ဗျ။

ဖြေ - ကျွန်တော်မှတ်မိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဓိပ္ပယ်က စည်းနဲ့ကမ်းနဲ့လုပ်ရမယ့်ဟာ စည်းကမ်းမလိုက်နာလို့ ညှာတာစရာမရှိဘူး။ လုပ်စရာရှိတာလုပ်ပါ။ ဒီလိုတော့ တိုက်တွန်းတယ်။

မေး - အခုဒီ ဗဟိုညီလာခံကြီးပြီးသွားတဲ့ အချိန်မှာပေါ့လေ လက်ရှိပါတီရဲ့ အနေအထားက ဘယ်လောက်အထိများ အခုထက်ပိုပြီးတော့ ကောင်းမွန်တွေ့ကြုံနိုင်မလဲ ခင်ဗျ။

ဖြေ - ကျွန်တော်တို့ ညီလာခံလည်းမရှိ၊ ရွေးချယ်မှုလည်းမရှိ ဗဟိုဦးစီးစနစ်နဲ့ပဲ လုပ်ခဲ့ရတယ်။ ဒါကလည်း အခြေအနေအရ ဒီလိုပဲလုပ်ခဲ့ရတာပေါ့။ အဲဒီ အခြေအနေကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီဟာ ပိုပြီးတော့ ခိုင်မာတယ်။ ပိုပြီးတော့ အားသန်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။

မေး - ပြီးခဲ့တဲ့ တစ်ခေါက်ကဆိုရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ညီလာခံကျင်းပ ခဲ့တယ်ခင်ဗျ။ အဲဒီမှာလည်း အသံတွေ အမျိုးမျိုးထွက် လာတာရှိပါတယ်။ အဲဒီပါတီတစ်ခုရဲ့ ညီလာခံပေါ်မူတည်ပြီးတော့ရော NLD ကကျင်းပမယ့် ညီလာခံကို သူတို့ကို နမူနာယူပြီးတော့ ဘာတွေရှောင်ရမယ်။ ဘာတွေလုပ်ရမယ်ဆိုပြီးတော့ အန်အယ်တို့ အနေနဲ့ သုံးသပ်လို့ ရတာရှိလားမသိဘူး။

ဖြေ - အဲဒီလို ယှဉ်ပြီးတော့ ပြောစရာသိပ်မရှိဘူး။ တစ်ခုပဲ ပြောစရာရှိတာက ကျွန်တော်တို့က ရွေးချယ်တင်မြှောက်ပြီး အာဏာအပ်တာ၊ သူတို့ဘက်မှာ အဲဒါမရှိဘူးလို့ ကျွန်တော်တို့ နားလည်တယ်။

စစ်ဆေးခံရသူ ဆက်သွယ်ရေး ဝန်ထမ်းတစ်ချို့ မူလနေရာတွေမှာ တာဝန်ထမ်းဆောင်နေ

RFA Burmese's photo.
စစ်ဆေးခံရသူ ဆက်သွယ်ရေး ဝန်ထမ်းတစ်ချို့ မူလနေရာတွေမှာ တာဝန်ထမ်းဆောင်နေ 

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပက်သက်ပြီး နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အကြီးတန်းအရာရှိ ၈ ဦးထဲက ၇ ဦးကို အခု မတ်လဆန်းက ပြန်လွှတ်ပေးလိုက်ပြီး၊ မူလရာထူးတွေမှာ ပြန်လည်ခန့်ထားလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွတ်လာတဲ့ ဆက်သွယ်ရေး အရာရှိတွေထဲမှာ ဦးမြင့်ဦး၊ ဦးစိုးအောင်၊ ဦးစိုးမိုးနိုင်၊ ဦးခင်မောင်တင်၊ ဦးဝင်းနိုင်၊ ဦးမျိုးညွန့်အောင်၊ ဦးဌေးဝင်းတို့ ပါဝင်ပြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဦးသိန်းဦးကိုတော့  ပြည်ထဲရေးဝန်ကြီးဌာနမှာ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေကို ရန်ကုန်အခြေစိုက် မှုခင်းတပ်ဖွဲ့ CID က ဦးဆောင် စစ်ဆေးနေတာ ဖြစ်တယ်လို့ နေပြည်တော် ဘုရားကုန်းရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အကျင့်ပျက်လာဘ်စားမှုတချို့ကြောင့် ရာထူးက တစ်နှစ်အနားပေးခံရတဲ့  အော်တိုအင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မူလရာထူးနဲ့ ပြန်လည်ခန့်ထားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒီအကျင့်ပျက်လာဘ်စားမှုနဲ့ ဆက်စပ်ပြီး တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ZTE၊ Huawei ကုမ္ပဏီတို့နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့  Elite၊ Asia Mega Link၊ တာမိုးညဲစတဲ့ ကုမ္ပဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ပါ ပြီးခဲ့တဲ့လတွေက ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။

မြန်မာ့ပြည်တွင်းရေးကို ထပ်ပြီး ဝင်ရောက် မနှောင့်ယှက်ကြပါနဲ့တော့

ငရဲ သား's photo.

ငြိမ်းချမ်းရေး နိုဘယ်ဆု အမှတ်တရ

အခုတစ်လောဖတ်ရတဲ့ ဂျာနယ်တွေမှာ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ စာရင်းတင်သွင်းကြတယ်ဆိုတဲ့ သတင်းပါလာပါတယ်။ ၀မ်းသာစရာ သတင်းကောင်းပေါ့ဗျာ။ သမ္မတကြီးသာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရရင် ကျွန်တော်တို့ ပြည်ထောင်စု တစ်ဝှမ်းလုံး နိုင်ငံသားအားလုံးက ၀မ်းသာပျော်ရွှင်ကြမှာ မလွဲပါဘူး။ ဂုဏ်ယူလို့ မဆုံးဖြစ်နေကြမှာပါ။ မြန်မာနိုင်ငံအဖို့လည်းဘဲ အာစီယံနိုင်ငံတွေထဲမှာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နှစ်ဦးရှိနေတဲ့ နိုင်ငံအဖြစ်နဲ့ ဂုဏ်ယူဝင့်ကြွားစရာ သိပ်ကိုကောင်းမှာပါ။ အခုဆိုရင် ဒီသတင်းကို ကြားကြတဲ့ ပြည်သူတွေကလည်း ဆုချီးမြှင့် ခံရဖို့ကို ၀ိုင်းဆုတောင်းနေကြမှာ မလွဲပါဘူး။

အဲဒီအကြောင်းတွေကို စဉ်းစားမိတော့ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုနဲ့ ပတ် သက်ပြီး ကြုံခဲ့ဆုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးကို ပြန်သတိရမိသွားပါတယ်။

၁၉၉၁ ခုနှစ် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဖြစ်ရွေးချယ်ကြောင်း ကြေညာပြီး တစ်ပတ်လောက်မှာ ထင်ပါတယ်။ ရက်စွဲကတော့ မမှတ်မိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိတဲ့အကြောင်း တစ်ပြည်လုံး အုံးအုံးကြွက်ကြွက် ဝေဖန်ပြောဆိုနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆီကို ဖိတ်စာတစ်စောင်ရောက်လာပါတယ်။ ပန်းပဲတန်းမြို့နယ် ပြည်သူ့ကောင်စီရုံး (အဟောင်း) နေရာကို နေ့လယ် ၁၂ နာရီ အရောက်ကြွခဲ့ဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပါတီတွေထဲမှာ အချင်းချင်းပြောဆို နောက်ပြောင်နေကြတာရှိပါတယ်။ ဖိတ်စာ ရပြီလားဟေ့ ဆိုရင် ဒါ ခေါ်ပြီး ဆူတော့မယ် ပူတော့မယ် ဆိုတဲ့ သဘောကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဒီလိုမျိုး နောက်ပြောင်နေကြ ဖြစ်ပါတယ်။

ကျွန်တော်တို့လည်း ဖိတ်စာရပြီပေါ့။ ဒါပေမဲ့ ဘာအတွက် ဖိတ်တာလည်း အကြောင်းအရာကိုတော့ မသိကြ ပါဘူး။ ခေါ်ရင်တော့ ရှောင်နေလို့လည်း မဖြစ်ပါဘူး။ အတိအကျကို သွားရပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ကျွန်တော်နဲ့ အတူသွားကြတာက ကျွန်တော်တို့ပါတီ ဥက္ကဌ ခွန်ထွန်းဦး ဖြစ်ပါတယ်။ ပထမ ကတော့ ကျွန်တော်တို့ တစ်ဖွဲ့ထဲကို ခေါ်ထားတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ကျွန်တော်တို့ရောက်သွားတော့ ပါတီတွေ အတော်များများ ရောက်နေတာတွေ့ ရပါတယ်။ ဘာအကြောင်းအရာနဲ့ ခေါ်ထားသလဲ ဆိုတာ မသိကြခင်မှာဘဲ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ရတဲ့အကြောင်းကို ၀ိုင်းပြီး ပြောနေကြတာပါ။ ဝေဖန်နေကြတာပါ။ ရှုထောင့် အမျိုးမျိုးကနေပြီး ပြောနေကြတာပါ။ မကြာပါဘူး ပန်းပဲတန်းမြို့နယ် ပြည်သူ့ကောင်စီရုံးအဟောင်းရဲ့ အပေါ်ထပ်မှာ စားပွဲတစ်ခုစီမှာ တပ်ကြပ်ကြီးစာရေးတစ်ယောက်စီဟာ ဖိုင်တွဲတစ်ခုကို ရှေ့ချထားပြီး ပါတီတွေရဲ့ အမည်ကို ခေါ်ပြီးတွေ့ပါတယ်။

အဲဒီမှာ ပြဿနာက စတော့တာပါဘဲ။ စားပွဲလေးငါးလုံး ခွဲပြီးချထားပါတယ်။ စားပွဲတစ်လုံးကို ဘယ်ပါတီဆိုပြီး တာဝန်ခွဲဝေထားကြပုံ ရပါတယ်။ တစ်ဖွဲ့ချင်းကို ခေါ်ပြီး ပြောပါတယ်။ အခု မကြာခင်က ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တာဟာ မြန်မာ့နိုင်ငံရေးထဲကို ထဲထဲဝင်ဝင် ၀င်ရောက်နှောက်ယှက်တာ ဖြစ်ကြောင်း၊ ပြည်တွင်းရေးကို ရှုပ်ထွေးအောင်လုပ်တာဖြစ်ကြောင်း။ ဒါကြောင့် ဒီလိုဆုချီးမြှင့်ခံရတာကို လက်မခံနိုင်ကြောင်း၊ သဘောမတူကြောင်း လက်မှတ်ထိုးပေးပါ ဆိုပြီး တောင်းဆိုပါ တော့တယ်။ ကျွန်တော်တို့က ပြောပါတယ်။ ဒီကိစ္စက ကျွန်တော်တို့ ပါတီနဲ့ မသက်ဆိုင်ကြောင်း၊ ဒါကြောင့် ဘာမှ သဘောထားမှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။ အဲဒီမှာ အခြေအတင်တွေဖြစ်ပြီး အတော်ကြာနေပါတော့တယ်။ တစ်ခြားစားပွဲက ပါတီတွေကတော့ ဘယ်လိုဖြေရှင်း သွားကြသလဲတော့ မသိပါဘူး။ ပြောကြဆိုကြပြီး အသီးသီး ပြန်သွားကြပါတော့တယ်။ ညနေစောင်းမှာတော့ ကျွန်တော်တို့ ပါတီနဲ့ ဆရာကြီး ဦးစောမြအောင်နဲ့ ဦးအေးသာအောင်တို့ ခေါင်းဆောင် တဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် တို့ဘဲ ကျန်နေပါတော့တယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့ ထိုင်နေတဲ့ စားပွဲရှေ့ကို ဖြတ်ပြီး ဗိုလ်မှူး ရာထူးတံဆိပ်တပ်ထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်က ခြေသံပြင်းပြင်းနဲ့ ခေါက်တုန့်ခေါက်ပြန် လျှောက်နေပါတယ်။ ပါးစပ်ကလည်း တောက်တစ်ခေါက်ခေါက်နဲ့ အတော့်ကို ဒေါသထွက်နေပုံ ရပါတယ်။ ခင်းထားတာက ပျဉ်ကြမ်းခင်းဆိုတော့ သူ့စစ်ဖိနပ်ခြေသံက အတော့်ကို ကျယ်လောင်ပါတယ်။ သူ့ပခုံးပေါ်မှာ တင်ထားတဲ့ ရာထူးတံဆိပ်တွေက ရွှေရောင်တောက်နေသလို သူ့ဘယ်ရင်အုံပေါ်က တံဆိပ်ရောင်စုံတွေဆီက ရောင်ပြန်ဟပ်လို့လားမသိပါဘူး သူ့မျက်နှာက နီမြန်းနေပါတယ်။ ခါးမှာလည်း သေနတ်နဲ့ စကားပြောစက်တွေနဲ့ တစ်ခြားကျွန်တော်မသိတဲ့ဟာတွေ ချိတ်ထားတာလည်း အပြည့်ပါဘဲ။ အဆိုးဆုံးကတော့ တင်းမာခက်ထန်နေတဲ့ သူ့မျက်နှာနဲ့ သူ့ရဲ့ ပါးစပ်က ထောက်ခေါက်သံ၊ ဆောင့်နင်းနေတဲ့ သူ့ရဲ့ ခြေသံတွေပါဘဲ။ တစ်ခါတစ်ခါမှာတော့ အလကားကောင်တွေ ကိုယ့်တိုင်းပြည်ကို ကိုယ်မချစ်တဲ့ကောင်တွေ ဆိုပြီး ရေရွတ်နေပါသေးတယ်။ ကျွန်တော်တို့ကိုတော့ ဘာမှမပြောပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နားကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတော့ ကျွန်တော်တို့နဲ့ အခြေအတင်ပြောနေတဲ့ တပ်ကြပ်ကြီးလည်း ဘယ်မှာ မျက်နှာကောင်းနိုင်ပါတော့မလဲ။ စဉ်းစားကြည့်ပေါ့။ နောင်အခါမှာတော့ ထောက်လှမ်းရေး -၁၄ က တပ်မှူး လို့ ပြောကြပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကျွန်တော်ကတော့ အဲဒီလောက်အမူအရာတွေနဲ့ အတင်းအကြပ် လုပ်နေတာကို အံ့လည်းအံ့သြတယ်။ စိတ်လည်း အတော်ပျက်မိတယ်။

ကျွန်တော်တို့က ရှင်းပြတယ်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရတာ လူပုဂ္ဂိုလ် တစ်ယောက်ချင်းအနေနဲ့ ကျွန်တော်တို့ကတော့ ဂုဏ်ယူတယ်။ ဒါပေမဲ့ ဒါဟာ NLD ရဲ့ အထွေထွေအတွင်းရေးမှူးကို ပေးတာ မဟုတ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးကို ဆုပေးတာဖြစ်လို့ ကျွန်တော်တို့ ပါတီထဲမှာတော့ ဒီကိစ္စကို ထည့်ဆွေးနွေးတာ မရှိခဲ့ဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပေးတာဆိုရင်တော့ ဆွေးနွေးကောင်း ဆွေးနွေးပါမယ်။ လူပုဂ္ဂိုလ် တစ်ယောက်အကြောင်းကတော့ ပါတီထဲမှာ ဆွေးနွေးတာ မရှိဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုနဲ့ ပတ်သက်ပြီး ဘာသဘောထားမှ မရှိပါဘူး။ ဒါကြောင့် ပါတီအနေနဲ့ ဘယ်လိုလုပ်ပြီးမှ လက်မှတ်ထိုးစရာ မရှိဘူး။ ဆုံးဖြတ်ချက် မရှိတဲ့ အကြောင်းအရာကို လက်မှတ်မထိုးနိုင်ဘူး ဆိုပြီး ငြင်းနေခဲ့တာပါ။

အတော်ကြာလာတော့ ဆရာကြီး ဦးစောမြအောင်နဲ့ ဦးအေးသာအောင်တို့ အဖွဲ့က ထပြန်သွားပါတယ်။ '' ဒါဘဲနော် နက်ဖြန်နေ့လယ် ၁၂ နာရီအထိ ကျုပ်တို့ ဒီမှာ စောင့်နေမယ်။ လာဖြစ်အောင် ပြန်လာရမယ် " လို့ အသံမာမာနဲ့ လှမ်းပြီး ပြောလိုက်သံကြားရပါတယ်။ ဟော ကျွန်တော်တို့ တစ်ဖွဲ့ဘဲ တစ်နည်း ကျွန်တော်တို့ နှစ်ယောက်ဘဲ ကျန်တော့ တာပေါ့။ ဘယ်လို လုပ်ရမလဲ။

ကျွန်တော် ကြိုးစားပြီး ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ၀င်စွက်ဖက်တယ်။ ပြည်တွင်းရေးကို စွက်ဖက်ခြင်းဖြစ်တယ် ဆိုတာ ကျွန်တော် တို့ ပါတီမှာ ဆုံးဖြတ်ဆွေးနွေးထားတာ မရှိလို့ လက်မှတ်မထိုးနိုင်တာ ဖြစ်ကြောင်း အကြိမ်ကြိမ် ရှင်းပြပေမဲ့ မရပါဘူး။ ဒါဟာ ကျွန်တော်တို့ ပြည်တွင်းရေးကို ရှုပ်အောင် ၀င်ရောက်စွက်ဖက်တာဖြစ်လို့ လက်မခံနိုင်ကြောင်း လက်မှတ်ထိုး ဖို့ချည်း ပြောနေပါတော့တယ်။ နေကလည်း အတော်စောင်းလာပါပြီ။ ခြေသံတွေကလည်း ပိုပြင်းလာပြီး ပါးစပ်က တောက်ခေါက် သံတွေလည်း ခပ်စိပ်စိပ် ဖြစ်လာနေပါပြီ။

နည်းလမ်းရှာတဲ့အနေနဲ့ တပ်ကြပ်ကြီးကို စာသားနည်းနည်း ပြောင်းလို့ မရဘူးလားလို့ မေးလိုက်ပါတယ်။ ဆရာကြီးကလည်း ချက်ချင်းဘဲ သူ့အရာရှိဆီကို ထသွားပြီး တင်ပြပါတယ်။ နောက် ပြန်လာပြီး စာရွက်လွတ် တစ်ရွက်ထိုး ပေးပြီး ဘယ်လိုပြင်ချင်လည်း ရေးပါ လို့ပြောပါတယ်။ ကျွန်တော်လည်း မတတ်သာတဲ့အဆုံးမို့ စာရွက်ပေါ်မှာ ဒေါ်အောင် ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ဖြစ်စေတယ်လို့ ဆိုခဲ့ရင် ကျွန်တော်တို့ မထောက်ခံပါဘူး လို့ ရေးပေးလိုက်ပါတယ်။ ပြဿနာ ပြီးသွားခဲ့ပါတယ်။

အခုနေ ပြန်တွေးကြည့်လိုက်တော့..... တကယ်ဆိုရင် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခိုင်အမာ ဆက်လက်ရပ်တည်နေရမှာပါ။ အမှန်ကို ၀န်ခံရရင် အဲဒီတုန်းက နိုင်ငံရေးပါး မ၀သေးပါဘူး။ ရပ်တည်ချက်ကလည်း မခိုင်မာသေးဘူးလို့ဘဲ ၀န်ခံရတော့မှာပါ။ မိုးကလည်းချုပ်တော့မယ်။ သူတို့ဖက်ကလည်း အလျှော့ပေးမယ့်ပုံလည်းမရှိပါ ဘူး၊ စိတ်ဓါတ်ကျတယ်ဆိုတာထက် အတော်ကို စိတ်ပျက်နေလှပါပြီ။ ဗိုလ်မှူးရဲ့ တောက်ခေါက်သံ ခြေပြင်းပြင်းနင်းနေသံ တွေကိုလည်း အတော်စိတ်ပျက်နေမိပါပြီ။ မြန်မြန်ပြီးဖို့ဘဲ စိတ်ကူးရှိနေပါတော့တယ်။ ဒါနဲ့ဘဲ "ဆိုခဲ့ရင်" ဆိုတဲ့ စကားလုံး အသုံးအနှုံးလေးကို သုံးပြီး နှစ်ဖက်အတွက် ထွက်ပေါက်ရှာလိုက်ရတာပါ။

အဲဒီအဖြစ်အပျက်က နှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။

အခု ကြားနေရတဲ့ သတင်းတွေအရ သမ္မတကြီးကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထား စာရင်းမှာ ပါတယ်ဆိုတော့ လွန်ခဲ့တာတွေကို ပြန်သတိရမိပြီး ရေးလိုက်တာပါ။ တစ်ဆက်ထဲမှာဘဲ အကယ်၍သာ သမ္မတကြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့ရင် ခြေသံပြင်းပြင်းနင်းနေတဲ့ ဗိုလ်မှူးရဲ့ မျက်နှာ ဘယ်လိုနေမှာပါလိမ့်။ နောက်ထပ်တစ်ဖန် ဒေါသ ထွက်နေအုန်းမလား။ ထောက်ခေါက်သံတွေ ညံနေအုန်းမလား။ နှစ်ဖက် ပြေလည်ရာ ပြေလည်ကြောင်း "ဆိုခဲ့ရင်" ဆိုတဲ့ စကားလုံးလေးတွေများ ထပ်ပြီး ရှာရလေအုန်းမလား။ စိတ်ကူးကြည့်မိပါတယ်။

ကဲ ခင်ဗျားတို့ကကော ဘယ်လို တွေးမိပြီး ဘယ်လိုထင်ပါသလဲ ?

အခုတော့လည်း တွေးစရာ မလိုတော့ဘူးပေါ့။ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဥရောပ သမဂ္ဂ အဖွဲ့ ကို ချီးမြှင့်လိုက်လို့ပါ။ ဟိုးအရင်က လူပုဂ္ဂိုလ် တစ်ချို့ တွေးထင်ခဲ့သလို မြန်မာ့ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ၀င်ရောက်စွက်ဖက်တာ (ဆိုခဲ့ရင်) ဆိုတာတွေလည်း စဉ်းစားစရာ မလိုတော့ဘူးပေါ့။ မြန်မာ့ဂုဏ်သိက္ခာ ထပ်တက်ရမယ့် အခြေအနေကတော့ လွဲသွားတာပေါ့လေ။ ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ။

မြန်မာ့ ဒီမိုကရေစီရေး ချီတက်မှုကြီး အနှောက်အယှက် ကင်းကင်းနဲ့ ချီတက်နိုင်ပါစေဗျာ။

စိုင်းညွန့်လွင်
၂၀၁၂ အောက်တိုဘာ (၁၈) ရက်။

http://www.sainyuntlwin.com/2012_10_01_archive.html

(မနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု သတင်းထွက်ပေါ်အပြီး ဖတ်မိလိုက်တဲ့ တကယ့်အဖြစ်အပျက် သမိုင်းတစ်ခုကို မျိုးဆက်သစ်လူငယ်များ ဗဟုသုတရစေသောငှာ ငရဲသားမှ မူရင်းအတိုင်း ပြန်လည်မျှဝေလိုက်ပါသည်.။)

ငြိမ်းချမ်းရေး နိုဘယ်ဆု အမှတ်တရ
---------------------------------

တရုတ်သံအမတ်ကြီး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

Tun Wai

ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာသံအမတ်ကြီး Mr. Li Junhua တို့သည် ယနေ့ ညနေ ၆း၃၀ နာရီတွင် ရွှေမြန်မာဟော်တယ် (နေပြည်တော်)တွင် တွေ့ဆုံစဉ်....

"photo Sun Ny

5.3.2013

ကြောက်ပြီး ပုန်းနေသူများ ရှိနေ။

ခွန် ဒီးယမ်'s photo.

ကြောက်ပြီး ပုန်းနေသူများ ရှိနေ။အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်သည်ဟု ဒေသခံများမှ ပြောကြားသော်လည်း ခုချိန်ထိ ဆေးရုံရောက်သည့်အထဲ မပါသေးပါ ။ဒဏ်ရာ များ ဖြင့် ပုန်းနေသူ ရွာသား(၅) ဦး ထပ်မံတွေ.ရှိခဲ့။ကွင်းထဲတွင် စုပြီးထိုင်နေသော ရွာသူ/သား (၂၀၀) ခန်.တွေ. ရှိခဲ့။ဆေးပါရင် ပေးခဲ့ပါဟုပြော သဖြင့် သူတို.ထဲတွင် ဒဏ်ရာရသူများရှိနေနိုင်သည်။( 3:14 AM) အဒိတ်ကျေးရွာ ၊ မအူပင်မြို. (27-2-2013)
>>>>>>>>>>>>>

အမေတို့နိုင်ငံမှာ နှစ်၅၀လောက် စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာဆိုတော့ အစိုးရရဲ့ ခွန်အားက အရမ်းကြီးနေပါပြီ။ အစိုးရရဲ့ အင်အားကို ထပ်ဖြည့်ပေးဖို့၊ အစိုးရရဲ့ အင်အား အခုထက်ပိုကြီးထွားလာအောင် အကူအညီ ထပ်မပေးသင့်ဘူး။ ပြည်သူတွေ အင်အားကြီးလာအောင်ပဲ ကူညီကြစေချင်တယ်။ (ဒေါ်အောင်ဆန်းစုကြည်) (22-11-2012)

အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်သည်ဟု ဒေသခံများမှ ပြောကြားသော်လည်း ခုချိန်ထိ ဆေးရုံရောက်သည့်အထဲ မပါသေးပါ ။ဒဏ်ရာ များ ဖြင့် ပုန်းနေသူ ရွာသား(၅) ဦး ထပ်မံတွေ.ရှိခဲ့။ကွင်းထဲတွင် စုပြီးထိုင်နေသော ရွာသူ/သား (၂၀၀) ခန်.တွေ. ရှိခဲ့။ဆေးပါရင် ပေးခဲ့ပါဟုပြော သဖြင့် သူတို.ထဲတွင် ဒဏ်ရာရသူများရှိနေနိုင်သည်။( 3:14 AM) အဒိတ်ကျေးရွာ ၊ မအူပင်မြို. (27-2-2013)
>>>>>>>>>>>>>

အမေတို့နိုင်ငံမှာ နှစ်၅၀လောက် စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာဆိုတော့ အစိုးရရဲ့ ခွန်အားက အရမ်းကြီးနေပါပြီ။ အစိုးရရဲ့ အင်အားကို ထပ်ဖြည့်ပေးဖို့၊ အစိုးရရဲ့ အင်အား အခုထက်ပိုကြီးထွားလာအောင် အကူအညီ ထပ်မပေးသင့်ဘူး။ ပြည်သူတွေ အင်အားကြီးလာအောင်ပဲ ကူညီကြစေချင်တယ်။ (ဒေါ်အောင်ဆန်းစုကြည်) (22-11-2012)

--------------------------------------------------------------------------------------------------------

Su Su Nway's photo.

ပလောင်အကြမ်းဖက်မှုမှ ဒဏ်ရာရရှိခဲ့ကြသော အဒိတ်/ပလောင်/ကွန်ဒိုင်းလေး ကျေးရွာမှ လူနာများကို မအူပင် အထွေထွေရောဂါကုဆေးရုံမှ ၁/၃/၂၀၁၃ ရက်နေ့တွင် ဆင်းခိုင်းခဲ့ရာ ဒဏ်ရာများ ရှင်းရှင်းလင်းလင်းမပျောက်ကင်းသေးတဲ့အတွက် လူနာများ၏ ဆန္ဒအရ မြောက်ဒဂုံ ရှိ ဦးကျော်သူ၏ ဆေးရုံသို့ ဆေးကုသမှုခံယူနိုင်ရန် လိုက်ပါပို့ဆောင်ပေးခဲ့ရပြီး၊
ဆေးလာရောက်ကုသသူလူနာ ၉ ဦးအနက်မှ သေနတ်ကျဉ်မှန်ထားသော ကိုစိုးမင်းဦးကို ဦးကျော်သူဆေးရုံမှာ မေးရိုးအား သေနတ်ကျဉ်မှန်ထားသဖြင့် အင်းစိန်ဆေးရုံသို့ လွှဲပြောင်း ပေးခဲ့ပြီး စမ်းသပ်စစ်ဆေးစဉ် စိုးရိမ်စရာမရှိဟု ဆိုသော်လည်း သွားဆရာဝန်နှင့် ထပ်မံ ကုသရန် ဆေးရုံမှပြောဆိုခဲ့ပါတယ်။

DVB TV News
Mar 5, 2013 6:36am
မအူပင်မြို.နယ်၊မလက်တိုကျေးရွာအုပ်စုမှာဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ.နဲ.လယ်သိမ်းခံလယ်သမားတွေရဲ.ပဋိပက္ခ မှာဒါဏ်ရာရရှိခဲ့တဲ့ လယ်သမားတွေဟာ ရန်ကုန်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှာလာရောက်ဆေးကုသမှုခံယူနေပါတယ်။ ဒေါ်ညိုမာသက် တင်ဆက်ထားပါတယ်။

ဝန်ကြီးနဲ့သမ္မတ ဘယ်သူက အထက်ကလဲ…?

မေးလ်သို့ပေးပို့လာ၍တင်ဆက်လိုက်ပါသည်။
မေတ္တာရှေ့ထားကြကုန်လော်...

    ပညာရှိများဟာ စည်ကဲ့သို့နေရမယ်လို့ ရှေးလူကြီးသူမများ ပြောကြားခဲ့ဖူးပါတယ်။ စည်ဆိုတဲ့အမျိုးဟာ တီးမှသာမြည်တဲ့အမျိုးမဟုတ်ပါလား။ အချို့အချို့သောလူများဟာ မတီးခင်က အလိုလိုထထမြည်နေတတ်ကြပါ တယ်။ တစ်ချို့ဆို အတောမသတ်နိုင်အောင်ဘဲ မြည်လို့ကိုမဆုံးတော့ပါဘူး။ ဒါကြောင့် “ အသံကြောင့် ဖားသေ”၊ “စကား၊ စကား ပြောပါများ စကားထဲကဇာတိပြ” ဆိုတဲ့စကားပုံတွေပေါ်ပေါက်လာရတယ်လို့ ထင်ပါတယ်။ မြန်မာစကားပုံတွေ လေ့လာလိုက်စားမှုအားနည်းလို့များ သတိလက်လွတ်ဖြစ်နေလေရော့သလားလို့ စကားကြော ရှည်လွန်းသူ ဝန်ကြီးတစ်ပါးကိုမေးခွန်းထုတ်လိုပါတယ်။
    နိုင်ငံတော်သမ္မတဟာ ဥရောပ(၅)နိုင်ငံခရီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ သမ္မတနဲ့အဖွဲ့က နော်ဝေရောက် မြန်မာ မိသားစုဝင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ သမ္မတက ငါးမိနစ်လောက်သာစကားပြောခဲ့တာဖြစ်ပြီး ဒီပွဲမှာ တော်တော်များများကို ပြောသွားတာကတော့ ဦးစိုးသိန်းပဲဖြစ်ပါတယ်။ ဒီပွဲအတွက် အချိန်တစ်နာရီသာ သတ်မှတ်ကြောင်း ဖိတ်စာမှာ အတိအလင်းသတ်မှတ်ထားသော်လည်း သူတစ်ယောက်တည်း မိနစ် ၂၀ လောက် မရပ်မနား ပြောသွားတဲ့အတွက် တက်ရောက်လာကြသူတွေနဲ့ မီဒီယာသမားတွေက အချိန်မလေးစားသူ၊ ထင်ရာမြင်ရာ ပြောတတ်သူအဖြစ် မှတ်ချက်ပြုကြကြောင်းကြားသိရပါတယ်။ “တက်ရောက်လာတဲ့ပရိသတ်ကို မေးခွင့်ပေးပါအုံးလို့” အခမ်းအနားမှူး လုပ်တဲ့ DVBသတင်းဌာန ဒုညွှန်မှူး ကိုခင်မောင်ဝင်းက ပြောယူရတဲ့အဆင့်ထိဖြစ်ခဲ့ရသလို“ဝန်ကြီးက သိပ်ပွားတာပဲ” လို့ ထပြီးဝေဖန် တာတွေလဲခံခဲ့ရပါတယ်။
အထက်ပါတွေ့ဆုံမှုမှာ ဦးစိုးသိန်းက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး “အင်ဒိုနီးရှား ပါလီမန်ထဲက စစ်သား ၂၅% ထွက်ဖို့အတွက် ပါလီမန်သက်တမ်း နှစ်ခါစောင့်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ အဲဒီလောက်အထိစောင့်စရာ မလိုလောက်ပါဘူး” လို့ ပြောကြားခဲ့တာတွေ့ရပါတယ်။ ဒီပြောကြားမှုကြောင့် မီဒီယာတွေနဲ့ ပြည်သူတွေကြား ၂၀၁၅ မှာ တပ်မတော်သားကိုယ်စားလှယ်တွေ မပါတော့ဘူးလားဆိုတဲ့ မေးခွန်းမျိုး တွေ၊ အတွေးမျိုးတွေနဲ့ ဂယက်ရိုက်စေခဲ့ပါတယ်။
ဦးစိုးသိန်းရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေများစွာရှိပါတယ်-
ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီးဖြစ်တဲ့အတွက် သမ္မတရဲ့သဘောထားတွေကို နောကြေအောင်သိနေလို့ ဒီလိုပြောခဲ့တာလား။
တစ်ဖက်ကစဉ်းစားပြန်ရင်လဲ ဦးစိုးသိန်းက သမ္မတရဲ့ယုံကြည်မှုကို အသုံးချပြီးအဖေ့ထက်သားတစ်လကြီး ဆိုသလို သမ္မတရဲ့သဘောထားမဟုတ်ဘဲ ကိုယ့်သဘောထားကိုယ်ပြောခဲ့တာလား။
ဝန်ကြီးတစ်ယောက်အနေနဲ့ လက်လွတ်စပယ်ပြောတာကို သမ္မတကထိန်းချုပ်နိုင်ဖို့ မတတ်နိုင်တဲ့ သဘောလား။ ၀န်ကြီးအပေါ် သမ္မတရဲ့အာဏာသက်ရောက်မှုများမရှိလေရော့သလား။ အားနာစရာ၊ မပြောရဲစရာ၊ ထောက်ထားစရာတွေများ ရှိနေပါသလား(ဦးစိုးသိန်းက MIC ဥက္ကဋ္ဌကြီးမဟုတ်ပါလား)။
ဦးစိုးသိန်းက သမ္မတကိုတောင် ဘေးဖယ်ထားပြီး ကိုယ်တိုင်ပဲသမ္မတရဲ့ဘိုးအေပုံစံမျိုး ဂိုက်ဖမ်းနေတာ ဆိုတော့ ၀န်ကြီးကသမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေများရှိနေပါသလဲ။ သမ္မတက ကျွန်တော်ပြီးရင် ပြီးတယ်။ ကျွန်တော်ဖြူဆိုဖြူ၊ ကျွန်တော်မဲဆိုမဲ၊ ကျွန်တော်ပြောတဲ့အတိုင်းဖြစ်တယ်ဆိုတာကို ဖော်ထုတ်ပြ(Show)ချင်တာလား။
 အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံမေးမြန်းမှုတွေလုပ်တဲ့နေရာမှာ သတင်းမီဒီယာ တွေရဲ့ မေးမြန်းမှုတွေအပေါ် အကျိုးအကြောင်းဆီလျော်မှု၊ အထောက်အထားခိုင်လုံမှု၊ တည်ကြည်ပြတ်သားမှုတွေနဲ့ မှန်မှန်ကန်ကန်ဖြေကြားဖို့က အလွန်ပဲအရေးကြီးပါတယ်။ စကားတစ်ခွန်း အစွန်းသုံးဖက်ဆိုတာကို ဒီအသက်အရွယ် ရောက်နေမှဖြင့် စဉ်းစားတတ်ပြီလို့ ယူဆထားခဲ့တာ လုံးဝလွဲသွားခဲ့ပါတယ်။ အဓိကရှောင်ရှားရမှာက“ ငါ့စကားနွားရ” မဖြစ်စေဖို့ပါ။ သိပ်ပွား၊ သိပ်ဖားတဲ့ ၀န်ကြီးတစ်ပါးရဲ့ ဦးနှောက်ထဲကအကြံဉာဏ်တွေ၊ ၀န်ကြီးနဲ့သမ္မတတို့ ဘယ်သူက အထက်ကလဲဆိုတာတွေကိုဖြင့် နိုင်ငံတကာမီဒီယာများနဲ့ နိုင်ငံရေးသုတေသီများ ယနေ့မှစအထူးဂရုပြုလေ့လာ စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျား…။
  
မြန်မာအစ

by Aung Zaw Bo on Tuesday, March 5, 2013 at 5:21am ·

မြန်မာအစ

ကြိုတင်ဝန်ခံထားလိုတာက ကိုထွန်းဟာ၊ ပထဝီပညာရှင်၊ သမိုင်းပညာရှင်၊ မနုဿဗေဒပညာရှင် နဲ့ Fossil Geologist ရုပ်ကြွင်းဆိုင်ရာဘူမိဗေဒပညာရှင်လည်း မဟုတ်ပါဘူး။http://www.geolfriends.com မှာ ၁၉၈၅ ခု ဇန်ဝါရီလထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးတဲ့၊ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဆရာကြီးဦးဘမော် ရဲ့ မြန်မာအစဆောင်းပါးကို၊ ဖတ်မိတာမို့၊ ကူးယူဖော်ပြ လိုက်ပါတယ်ခင်ဗျား။

မြန်မာအစဆောင်းပါး ဆောင်းပါးရဲ့ ငွေတာရီမဂွဇင်းစာမျက်နှာသရုပ်ဖော် ပန်းချီဆရာကို၊ ခေါါတ်ကာလအရ၊ ကောက်ကြောင်းပုံစံ Style အရကြည့်မယ်ဆိုရင် ဆရာမောင်မောင်သိုက်၊ ဆရာကျော်သောင်း၊ ဆရာမောင်ကျော်ညွန့်တို့နဲ့ ခေါါတ်ပြိုင် ဆရာတင်လှဝင်းထင် လို့ထင်ပါတယ်။ ဆရာဝသုန် ဆွဲလေ့ရှိတဲ့ ကောက်ကြောင်းပုံစံ Style နဲ့ အရောင်သဘောတရားအရ၊ အနည်းငယ်ကွဲပြား နေလို့ အခုလို ယူဆမိတာပါ။ မဂွဇင်းစာမျက်နှာသရုပ်ဖော် ပန်းချီနဲ့ ဆရာကြီးဦးဘမော် ရဲ့ ဆောင်းပါးအရ ၁၉၈၅ လောက်မှာ၊ မြန်မာလူမျိုး Fossil Geologist ရုပ်ကြွင်းဆိုင်ရာ ဘူမိဗေဒ ပညာရှင်တွေဟာ သမိုင်း၊ မနုဿဗေဒ နဲ့ ဒဿနိကဗေဒဆိုင်ရာ အယူအဆတခုကိုရှာဖွေခဲ့တယ်လို့ယူဆရပါတယ်။
မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော မြန်မာ၊ မွန်၊ ကချင်၊ ရှမ်း၊ ကရင်တို့ဖြစ်ပေါ်လာပုံ အကြောင်း ကို လွန်ခဲ့သော အနှစ် ၆၀လောက်ကပင် အစဉ်တစိုက် သမိုင်းပညာရှင် သုတေသီတို့များက ဖော်ထုတ်ခဲ့ကြသည်။ ၎င်းတို့မှာ ဟာဗေး၊ စကော့၊ မေဆင်၊ မာရှယ်၊ ဟန်တား၊ ဖရေဇာ၊ ဟာနီဘောခရစ်တီရင်၊ လူးဝစ်၊ ဖေမောင်တင်၊ ဟောလ်၊ ကေလစ်၊ မောင်မောင်၊ ဂျွန်စတုန်း၊ တရက်လာ၊ လုစ် အစ ရှိသူတို့ဖြစ်သည်။ ၎င်းတို့က တညီတညွတ်တည်းလိုပင် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ မွန်ဂို၊ တရုတ် အစရှိသည့် တိုင်းပြည်အမျိုးမျိုးမှ ၀င်ရောက်လာကာ နေထိုင်ကြသည်ဟု အဓိပ္ပာယ်ရရှိသော “ရေကြည်ရာ၊ မြက်နုရာ ရွေ့လျားသွားလာ နေထိုင်သည်ဟူသော အယူအဆ” ကိုပထမဆုံး ဖော်ထုတ်ခဲ့ကြသည်။

ဤပုဂ္ဂိုလ်ကြီးများ တင်ပြခဲ့သည့် အယူအဆသည် သမိုင်းဘာသာရပ်ဆိုင်ရာ သက်သေအထောက်အထားများ ဖြစ်ကြသော စေတီဘုရား၊ ကျောက်စာ၊ ဝေါဟာရစကား၊ ဓလေ့ထုံးတမ်းများဖြင့် တင်ပြခြင်း၊ ထိုပုဂ္ဂိုလ်ကြီးများသည် အရင်းရှင်လွှမ်းမိုးချိန် တင်ပြချက်များဖြစ်ခြင်း၊ နိုင်ငံခြားဂျာနယ်များ၌ ယင်းပုဂ္ဂိုလ်တို့၏ရေးသားတင်ပြချက်များကို တရားဝင်ရေးသား ပုံနှိပ်ထုတ်ဝေခွင့်ရခြင်း၊ မြန်မာပညာရှင်တို့သည် ယင်းပုဂ္ဂိုလ်များ၏ ရေးသားဖော်ပြချက် များကို ပြန်လည်ချေပနိုင်သော ခိုင်လုံသည့်သက်သေ အထောက်အထားများ မတွေ့သေးခြင်း၊ များစွာသောထိုပညာရှင် များကလက်ခံလာခဲ့သော အယူအဆတစ်ခုကို ပစ်ပယ်ရဲသော သတ္တိအားနည်းခြင်း စသော အကြောင်းများကြောင့် “မြန်မာတို့သည် တိုင်းတပါးမှ ၀င်ရောက်လာပါသည်” ၊“မြန်မာအစ တကောင်းက” နှင့်၊ “မြန်မာအစ ကျောက်ဆည်က” စသည့် အဆိုပြု ချက်များ ပေါ်ပေါက်လာခဲ့သည်။

ယင်းအယူအဆများကို မိမိတို့နှင့် နီးစပ်ရာ ပုဂ္ဂိုလ်များဖြစ်သည့်အတိုင်း ရှေးနှစ်ပေါင်းအတော်ကြာကာလမှ ယနေ့အထိစွဲမြဲစွာ ယုံကြည်ခြင်း၊ အခြားတင်ပြချက်ပေါ်လာပါက နိုင်ထက်ကလူပြုကာ အကျောက် အကန် အရှိန်အ၀ါပြ၍ ငြင်းပယ်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ လက်မခံနိုင်လောက်သော ဆင်ခြေပြု၍ ငြင်းချက်ထုတ်ခြင်းတို့ဖြင့် အချိန်အတော်ကြာသည်အထိ ဤအယူအဆကို ထိန်းသိမ်းလက်ခံခဲ့ကြပါသည်။

ယခုတင်ပြမည့် “မြန်မာအစ သမိုင်းမတိုင်မီက” အယူအဆသစ်သည် ဘူမိသိပ္ပံနှင့် မနုဿဗေဒ ရှုထောင့်မှ တွေ့ရှိလေ့လာထားချက်များကို အများပြည်သူ ရှင်လူအပေါင်းနှင့်တကွ ကျောင်းသားလူငယ်များကို ရှုထောင့်နှစ်မျိုးမှ အမြင်ကြည်လင်စွာဖြင့် ခံယူချက်အမှန်ရောက်အောင် ရည်သန်လျက် ရေးသားတင်ပြပါသည်။ ဤတင်ပြချက်တွင် ပထမဦးစွာ တင်ပြခဲ့သော ပညာရှင်များ၏ တင်ပြချက်နှင့် ယခုစာရေးသူ၏ အသစ်တွေ့ရှိချက်နှင့် ဆွေးနွေးတင်ပြချက်များကို စာရှုသူတို့ ဖတ်ရှုနှိုင်းချိန်နိုင်ရန် ရေးသားထားပါသည်။

Primate crania၊ အဆင့်မြင့်လူနှင့် လူဝံမျိုးနွယ် ပရိုင်းမိတ်

ပုံတောင် ဂျီးယား ကော်တာရိုင်း

မြန်မာလူမျိုး တိုင်းရင်းသားများ ပေါက်ဖွားဖြစ်ပေါ်ပုံဆင့်ကဲဖြစ်စဉ်ကို ဆက်လက်တင်ပြပါမည်။ မြန်မာနိုင်ငံ ပုံတောင်ဒေသ ယခုတွေ့ရသော အဆင့်မြင့်လူနှင့် လူဝံမျိုးနွယ် ပရိုင်းမိတ်၊ ပုံတောင် ဂျီးယား ကော်တာရိုင်း နှင့် အင်ဖီပိသိကပ်မိုးကောင်းဂျင်းနစ် တို့တွေ့ရှိရာဒေသဖြစ်သည်။ ဒေသ၏ ဘူမိသက်တမ်းသည် နှစ်ပေါင်းသန်း (၄၀) ခန့်က ဖြစ်၍ ကမ္ဘာပေါ်၌ အဆင့်မြင့်ပရိုင်းမိတ်အမျိုးအစားကို နှစ်အစောဆုံး တွေ့ရသည့် တစ်ခုတည်းသော နိုင်ငံသည် မြန်မာနိုင်ငံသာဖြစ်ပါသည်။ ဘူမိသက်တမ်း နှစ်ပေါင်းသန်း (၄၀) ခန့်မှ မွန်ဂိုလီးယားနိုင်ငံ၌ မြန်မာနိုင်ငံပုံတောင်မှ တွေ့ရသောကျောရိုးရှိ သတ္တ၀ါအုပ်စု၊ ရေမြင်း၊ ကြံ့၊ မိချောင်း အစရှိသည်တို့ကိုတွေ့ရသော်လည်း အဆင့်မြင့် ပရိုင်းမိတ်တို့ကိုမူ မြန်မာနိုင်ငံ ကဲ့သို့မတွေ့ရချေ။ ပုံတောင်သာလျှင်တစ်ခုတည်းသော လူဝံနှင့် လူမျိုးနွယ် အဆင့်မြင့် ပရိုင်းမိတ်တွေ့ရှိရာဒေသ ဖြစ်ပါသည်။

ထို့ကြောင့် လူ၊ မျောက်ဝံ၊ လူဝံတို့၏ အဆက်အနွယ်မှ ပေါက်ဖွားဆင်းသက်လာခဲ့ကြပုံအတိုင်းအစီစဉ်ဖြင့် ဖော်ပြရမည်ဆိုပါလျှင် ပရိုပလိုင်ယိုပိသိကပ်၊ အီဂျစ်တိုပိသိကပ်၊ ဒရိုင်ယိုပိသိကပ်၊ ရာမာပိသိကပ်၊ စီဗာပိသိကပ်၊ သြစတြေးလိုပိသိကပ်၊ ဂျိုင်ဂင်တိုပိသိကပ်၊ ဟိုမိုအီရက်တပ်၊ ဂေါ်ရစ်လာ နှင့်လူ ဟူ၍ အသီးသီးကွဲပြား၍ ဖြစ်ကြပါသည်။

ယင်းတို့၏စတင်ပေါက်ဖွားသော အခြေခံအစပျိုးသည့် အဆင့်မြင့်ပရိုင်းမိတ်မျိုးမှာ ပုံတောင်ဂျီးယားနှင့် အင်ဖီပိသိကပ်တို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ ရွှေမြင်တင်တောင်ပေါ်ရှိ နွယ်ခွေ ကျေးရွာအနီး၌ လူရိုး ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်သည့် အံသွား၊ ရှေ့အံသွားနှင့် အပေါ်မေးရိုးတွဲလျက်အနေအထားအတိုင်း တွေ့ရှိခြင်းသည် “လူဆင့်ကဲဖြစ် စဉ်၌ ဦးစောပိုင်းနှင့် နှောင်းပိုင်းဆက်နွယ်မှုကိုစတင်တွေ့ရခြင်းဟု ဆိုနိုင်ပါသည်။

ဤတွေ့ရှိထားသောလူကျောက်ဖြစ်ရုပ်ကြွင်းကို “ဘားမားမင်း” ဟုအမည်မှည့်ခေါ်ထားပါသည်။ ဤ ဘားမား မင်းသည် “ပီကင်းမင်း” တို့နှင့် တချိန်တည်းလောက်ကပေါ်ပေါက်လာနိုင်သည်။ ဤနွယ်ခွေ ဒေသမှကျောက်ဖြစ် ရုပ်ကြွင်းများသည်း ပီကင်းလူတွေ့ရှိသော တရုပ်ပြည် ဇောင်ဂိုဒီယမ် ကျောက်လိုဏ်ဂူ၌တွေ့ရသော နွား၊ ခွေး၊ သမင်နှင့် ချေတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ထပ်တူထပ်မျှ တူညီ နေသည်ကို တွေ့ရပါသည်။ ဤတွေ့ရှိချက်များသည် နှိုင်းယှဉ်လေ့လာမှုအတွက် အထောက်အထားဖြစ်ပါသည်။

ဆက်လက်၍ ယခုတင်ပြလိုသည်မှာ မြန်မာနိုင်ငံ၌ တွေ့ရှိခဲ့သော အခြေခံအဆင့်မြင့် ပရိုင်းမိတ်အမျိုးအစား ကို တရုတ်ပြည်၌မတွေ့ရသေးသဖြင့် လူ၏ဆင့်ကဲဖြစ်စဉ်စတင်ရာဒေသသည် မြန်မာနိုင်ငံသာ ဖြစ်မည်ဟု ကောက်ချက် ချရပါမည်။ ထို့ကြောင့်မြန်မာသည် မွန်ဂိုတရုတ်နွယ်မှ ဆင်းသက် လာခြင်းမဟုတ်ပဲ မွန်ဂိုတရုတ် အစရှိသည့်လူမျိုးများ သည်ပင် မြန်မာနိုင်ငံမှ ယင်းဒေသများသို့ ရေကြည်ရာ၊ မြက်နုရာ ရွှေ့သွား နိုင်စရာ အကြောင်းရှိပါသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့ ပေါ်ပေါက်ပုံအကြောင်းနှင့် ပတ်သက်၍ သမိုင်းပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များနှင့် ရှေးဟောင်းသုတေသန ပညာရှင်များသည် ထင်မြင်ယူဆချက် အမျိုးမျိုးကွဲလွဲခဲ့ကြသည်။ ထိုသို့ကွဲလွဲချက်များသည် သပွတ်အူကဲ့သို့ ရှုပ်ထွေးစေခဲ့ပါသည်။ ဤအခြေအနေများကို ယခုတွေ့ရှိရသော မြန်မာလူသားကျောက်ဖြစ်ရုပ်ကြွင်းက အဆုံးသတ် ဖြေရှင်းသွားပေလိမ့်မည်။ လူအများလက်ခံထား သော သမိုင်းပါမောက္ခဟာဗေး၏ မြန်မာလူမျိုးများပေါ်ပေါက်ပုံ အကြောင်းကို ပဏာမ တင်ပြပါမည်။ မြန်မာနိုင်ငံအတွင်း အစောဆုံးဝင်ရောက်နေထိုင်ခဲ့သော လူမျိုးတို့သည် “အင်ဒိုနီးရှား”လူမျိုးများဟုဖော်ပြသည်။ သို့ရာတွင် ယဉ်ကျေးမှု အထောက်အထားမရှိဟု အဆိုရှိပါသည်။ အချိန်ကာလကြာမြင့်သည့်အခါ တရုတ်ပြည်အနောက်ပိုင်းမှ ၀င်လာသော မွန်ဂိုများ လွှမ်းမိုး၍ပျောက်ကွယ်သွားခဲ့ပါသည်။ ဤအမျိုးအနွယ်များမှ “မွန်” လူမျိုးများဆင်းသက်ပေါက်ဖွားလာသည်။

တိဘက်ပြည်အရှေ့ပိုင်းမှ လူမျိုးတစ်မျိုးသည် တောင်ကြားများကိုဖြတ်ကျော်၍ မြစ်များစီးဆင်းရာမြစ်ကြောင်း အတိုင်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ခဲ့ကြသည်။ ဤလူမျိုးတို့သည် “တိဘက်တိုဘားမင်း” လူမျိုးများဖြစ်ကြောင်း ဟားဗေးက အခိုင်အမာရေးခဲ့သည်။ ဆက်လက်ဖော်ပြသည်မှာ ယင်းတိဘက်တိုဘားမင်းတို့သည် “သမိုင်းမတိုင်မီ နှစ်ပေါင်း ၅၀၀၀” ခန့်က၀င်ရောက်ခဲ့သည်ဟုဆိုခဲ့သည်။သို့သော်ယခုတွေ့ရသောလူ၏ကျောက်ဖြစ်ရုပ်ကြွင်းက ဤတိဘက်တိုဘားမင်းထက် နှစ်ပေါင်းသိန်းနှစ်ချီ၍ စောလျက် “ဘားမားမင်း” ရှိနေကြောင်း သက်သေအထောက်အထားအခိုင်အမာတင်ပြနိုင်ခဲ့ပြီ။ ထို့ကြောင့် မြန်မာသည် မြန်မာကစသည်။ “မြန်မာအစ သမိုင်းမတိုင်မီက” ဟုအဆိုပြုချက်သည် လုံးဝမှန်ကန်ပါမည်။။ ယခင်က ဟာဗေး၏ အရင်းရှင်ခေတ်နှင့်လျော်ညီသော ထင်မြင်ယူဆချက်များကို လူများက ယုံမှား သံသယနှင့် လက်ခံခဲ့ကြ ရပေသည်။

ဟာဗေး၏အဆိုပြုချက်ကို ဆက်လက်ရေးသားပါမည်။ “မွန်” တို့သည် ဟင်္သာတမြို့ တောင်ဘက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ နေထိုင်ခဲ့ကြပါသည်။ တိဘက်တိုဘားမင်းတို့မှ ပျူ၊ ကရင်နှင့် ရခိုင်တို့ ဆင်းသက်ပေါက်ဖွားကြ သည်။ သက်မျိုးနွယ်မှ ချင်းနှင့် ရခိုင်တို့ ဆင်းသက်လာသည်။ ပျူတို့သည် ယခုအချိန်ပျောက်ကွယ်သွား၍ လက်ရှိ “မြန်မာ” တို့၏မူလအဆက်အနွယ်မဖြစ်နိုင်ဟု ဟာဗေးက ယူဆသည်။ ပျူလူမျိုးပျောက်ကွယ်ခြင်းဟုမယူဆသင့်ပါ။ ပျုအခေါ်အဝေါ်မှ “မြန်မာ”သို့ ပြောင်းလဲခေါ်ခြင်းသာဖြစ်နိုင်သည်။ ဘူမိဗေဒပါမောက္ခ ဒေါက်တာသိန်းအဆိုအရမူ “မြန်မာ” များသည် နှစ်ပေါင်းတစ်ထောင်ခန့်ကမှ စတင်ပေါ်ပေါက်ခဲ့သည်။ ယခုမြန်မာတိုင်းရင်းသားလူမျိုးတို့သည် ရွှေမြင်တင်တောင်မှ စတင်အစောဆုံးပေါ်ပေါက်ခဲ့သော “ဘားမားမင်း” ဟူသောအယူအဆမှာ “ပြဒါးတလမ်း သံတလမ်း” ဖြစ်ကြောင်း မှတ်ချက်ရေးသားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရွှေမြင်တင်တောင်မှ တွေ့သော “ဘားမားမင်း” သည် ဟာဗေး၏ တိဘက်တိုဘားမင်းထက် နှစ် ပေါင်းသိန်းသောင်းစော၍ ပေါ်ပေါက်ခဲ့သည် ဟူသောအထောက်အထားမှာ ငြင်းဆိုရန် အကြောင်းမရှိချေ။

မြန်မာများသည် မိုးခေါင်ရေရှားရပ်ဝန်းဖြစ်သော မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်၏၀ဲယာမြေပြန့်လွင် ပြင်ဒေသများ၌ နေထိုင်ခဲ့ကြသည်။ မြန်မာပြည်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ မွန်လူမျိုးတို့ မြန်မာပြည် တွင်းသို့ ၀င်ရောက်လာခြင်းမှာ မိုးခေါင်ခြင်း၊ အစာရှားပါးခြင်း၊ လူဦးရေ တိုးပွားများပြားလာခြင်း စသည်တို့ကြောင့် တဖြည်းဖြည်း မြောက်ဘက်မှ တိုးဝင်လာကြရာ ရှေးယခင်က ၀င်ရောက်နေထိုင်ခဲ့သော လူမျိုးများကိုတောင်ဘက်သို့ တဖြည်းဖြည်း ရွေ့လျား၍သွားစေသည်။ လူအုပ်စုများသည် တစ်စုပြီးတစ်စု ဆက်ကာရောက်လာကြသည်။ ဤကဲ့သို့ဝင်ရောက်လာသော အချိန်သည် ခရစ်တော်မပေါ်မီ အချိန်က စတင်မည်ဟုဟာဗေးကခန့်မှန်းတင်ပြခဲ့သည်။

၎င်း၏ အဆိုအရ ရှမ်းလူမျိုးများသည် ရှမ်းကုန်းမြင့်မှ မြန်မာနိုင်ငံမြေပြန့်အရပ်သို့ ခရစ်နှစ် (၁၃)ရာစုနှစ်တိုင် အောင်ဝင်ရောက်နေထိုင်ခြင်း မပြုချေ။ ကချင်လူမျိုးများ မြောက်ဘက်မှ တဖြည်းဖြည်း ၀င်ရောက် လာမှုကို အင်္ဂလိပ် အစိုးရက မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး (၁၉)ရာစု အကုန်လောက်ရောက်မှ ပိတ်ပင်တားမြစ်ခဲ့ရသည်။ ကယားလူမျိုးများ နှင့် ကရင်လူမျိုးတို့သည် ရှမ်းကုန်းမြင့်၏ တောင်ဘက် ဒေသများ၌ နေထိုင်ပြီးဖြစ်ကြသည်။

ဟာဗေး၏ဆက်လက်တင်ပြချက်မှာ မြန်မာတို့သည် လူများစုဖြစ်၍ မွန်ဂိုအဆက်အနွယ်များဖြစ်ကြသည်။ သို့ရာတွင်မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့စသည်တို့မှာ တရုတ်၊ မွန်ဂိုတို့နှင့်မတူချေ။ ဗုဒ္ဓဘာသာ ကိုးကွယ်ခြင်းနှင့် စာပေ၊ ယဉ်ကျေးမှုတို့သည် အိန္ဒိယနိုင်ငံ ဟိန္ဒူများနှင့် တူကြ သည်။ ကိုးကွယ်သည့်ဘာသာ၊ စကား နှင့် စာပေတို့ သည် ပါဠိနှင့် သက္ကတတို့ဖြစ်ကြ၍ ဟိန္ဒူဘာသာစကား နှင့်ဆိုင်ရာ အမည်အခေါ်ဝေါဟာရ များကို ဧရာဝတီမြစ်ဝကျွန်း ပေါ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့၌တွေ့ရသည်။

အိန္ဒိယနိုင်ငံမှ ဟိန္ဒူယဉ်ကျေးမှုသည် ၀င်ရောက်လာသော လူမျိုးများနှင့်အတူရောက်ရှိလာခြင်းမှာ မှန်ကန်နိုင် ပါသည်။ သို့သော်ယခုတွေ့ရသော ဘားမားမင်းကျောက်ဖြစ်ရုပ်ကြွင်းက အခိုင်အမာ ပြောပြနေသောကြောင့် မြန်မာ နိုင်ငံ တိုင်းရင်းသားတို့သည် ဤပြည်တွင်းမှာပင် စတင်ပေါက်ဖွား သူများဖြစ်ကြသည်ဟု ဆိုနိုင်ပါသည်။ ဥဿာပဲခူးအမည်သည် အိန္ဒိယနိုင်ငံ သြရစ္ဆပြည်နယ်မှ စကားအသုံး အနှုန်းဖြစ်သည်။ ထို့ကြောင့်ပဲခူးသည် အိန္ဒိယနိုင်ငံ၏ ကိုလိုနီနိုင်ငံ တစ်ခုဖြစ်ခဲ့ဘူးသည်ဟုဟာဗေးကကောက်ချက်ချသည်။ ကိုလိုနီနိုင်ငံထူထောင်ခြင်းသည် ဒေသခံလူမျိုးများကို အာဏာလွှမ်းမိုးခြင်းဖြစ်၍ မူလကပင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့ကို အိမ်နီးခြင်းနိုင်ငံ၏ ယဉ်ကျေးမှုအယူဝါဒသြဇာလွှမ်းမိုးမှုခံရခြင်းကိုမူမငြင်းလိုပါ။ သို့သော် ဒေသခံလူမျိုးများသည် မြန်မာတိုင်းရင်းသားလူ မျိုးများသာ ဖြစ်ကြပါသည်။ တိုင်းတပါးသားအုပ်ချုပ်မှုကိုကား အများပြည်သူက လက်ခံဖွယ်မရှိ။

ခရစ်တော်မပေါ်မီနှစ်ပေါင်း (၂၆၀) ကအသောကမင်းလက်ထက်မှအစပြုလျက် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားမှုသည် ထိစပ် နေသော မြန်မာနိုင်ငံအတွင်းသို့သာမက တရုတ်ပြည်၊ ကမ္ဘောဒီးယား၊ လောနိုင်ငံနှင့် ယိုးဒယားတို့အထိ ရဟန်းရှင်လူများသာသနာပြုရန် ရောက်ရှိသွားကြသည်။ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခြင်းမှာ ပထ၀ီအနေအထားအရ အာသံပြည်ဘက်မှ အနောက်ဘက် တောင်တန်းကိုဖြတ်၍ တောင်ကြားလမ်းမှ ၀င်ခဲ့ကြသည်။ အခြားလမ်းကြောင်းမှာ ဘင်္ဂလားပင်လယ်ကိုဖြတ်၍ မြစ်ဝကျွန်းပေါ်ဒေသမှ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ “တလိုင်းလူမျိုး” ဟုခေါ်ခြင်းမှာ အိန္ဒိယပြည် တောင်ပိုင်းစကားအသုံးအနှုန်း တရပ်မှ ဆင်းသက်လာဖွယ်ရှိကြောင်း ဟာဗေးက ရေးသားခဲ့သည်။ “တလိုင်း” အမည်ကို ကျွန်ုပ် တို့၏ပင်ရင်းစကား “မွန်” နှင့်တွဲ၍ “မွန်”၊ “မွန်-တလိုင်း” ဟုခေါ်သောကြောင့် ဤစကားလုံးကိုဆန်းစစ်ကြည့်က ကျွန်ုပ်တို့မှာ မူလကပင် “မွန်” စကားလုံးရှိနေခြင်းသည် ခိုင်မာသောကြောင့် မြန်မာ နိုင်ငံ၌ ဒေသခံတိုင်းရင်းသားများ ရှိနေကြောင်းကို ထပ်ဆင့်တင်ပြလိုပါသည်။

ခရစ်နှစ် (၅)ရာစုလောက်တွင် ဗုဒ္ဓဘာသာထွန်းကားမှုသည် အိန္ဒိယပြည်၏ အရှေ့ဘက်နိုင်ငံများသို့ မြန်မာ နိုင်ငံအပါအ၀င် ပြန့်ပွားခဲ့သည်။ သို့သော်ဤထွန်းကားမှုသည် လူ့သမိုင်းဖြစ်စဉ် “အညာသီရံယဉ်ကျေးမှု” ခေတ်ထက် နှစ်ပေါင်းသောင်းနှင့်ချီ၍ နောက်ကျသည်။ မြန်မာ့ဘူမိသိပ္ပံပညာရှင် ကထိကဦးသော်တင့်က တင်ပြဖူးသည်မှာ မြန်မာ နိုင်ငံ၏ အညာသီရံယဉ်ကျေးမှု မြန်မာနိုင်ငံ၏ အညာသီရံ ယဉ်ကျေးမှုကာလဖြစ်သော ကျောက်ခေတ်ဦးမှသည် ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်းနှင့် သမိုင်းတင်သည်အထိ မူလကိုပင် ယဉ်ကျေးမှုများဆက်လက်တိုးထက် ထွန်းကားနေခဲ့သည်။ လူတို့၏ နေထိုင်ရာဒေသကြီးများ၌လည်း ယခုထိပြောင်းလဲ ရွေ့လျားခြင်းမရှိ၊ အစဉ်ဆက်လက် နေထိုင်ခဲ့ကြသည်။ ဤဗုဒ္ဓဘာသာပြန့်ပွားသည့်နှစ်ထက်စော၍ နှစ်ပေါင်း ထောင်သောင်းအချိန်ကစပြီး “မြန်မာတိုင်းရင်းသား များ ပေါ်ပေါက်ခဲ့ကြောင်း” ကျောက်လက်နက်အထောက်အထားဖြင့် တင်ပြနိုင်ပါသေးသည်။ အာရှတိုက် အရှေ့တောင်ပိုင်း နိုင်ငံများသို့ ဗုဒ္ဓဘာသာ ပြန့်ပွားခြင်းကြောင့် မြန်မာနိုင်ငံသို့ တစိတ်တဒေသအားဖြင့် အိန္ဒိယနိုင်ငံ သားများဝင်လာကြလိမ့်မည်ဟု အချို့သော သမိုင်းပညာရှင်များက ဖော်ပြခဲ့ကြသည်။

ဟာဗေး၏အဆိုအရ (၉)ရာစုနှစ်လောက်တွင် မြန်မာလူမျိုးတို့သည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် ရခိုင်ပြည်တို့ ကိုစတင်ဝင်ရောက်ခဲ့သည်။ ယင်းမြန်မာတို့သည် တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်နယ်မှ ၀င်ရောက်လာခဲ့ကြ သည်။ ခရစ်နှစ် ၈၃၅-ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် အထက်ပိုင်း၌နေထိုင်သော “ပျူ” လူမျိုးတို့ကို တိုက်ခိုက် ချေမှုန်းပစ်ခဲ့သည်။ ဤအကြောင်းကြောင့် “ပျူ”လူမျိုးများပျောက်၍ “မြန်မာ” လူမျိုးပေါ်လာနိုင်သော်လည်း ဤအယူ အဆတင်ပြချက်ကို လက်ခံနိုင်စရာအကြောင်းမရှိချေ။ “ပျူ” တစ်မျိုးလုံးပျောက်ကွယ်၍ လူမျိုးတုံးသည်အထိ သတ်ဖြတ်ခံရကြောင်း ခိုင်လုံသော သက်သေ အထောက်အထား လုံးဝမရှိခဲ့ချေ။ ယခုမြန်မာလူမျိုးများသည် ယခင်က “ပျူ”လူမျိုးများ၏ သားစဉ်မြေးဆက်ဖြစ်ကြပေမည်။ “ပျူ” မှ မြန်မာသို့တဖြည်းဖြည်းအခေါ်အဝေါ်ပြောင်းလဲခြင်းဖြစ်သည်။

“ပျူ”အခေါ်ကို အသုံးနည်းပြီးပျောက်ကွယ်သွားသည်။ ကျွန်ုပ်တို့အားအခြားတိုင်းတပါးနိုင်ငံတို့က အစဉ်အဆက် လူမျိုးအမည်နာမ သတ်မှတ်ချက်မှာ ခေတ်အလိုက် ပြောင်းလဲကွာခြားခဲ့မည် ဖြစ်သော်လည်း လူမျိုးကြီးတစု၏ မျိုးနွယ် ပေါက်ဖွားသက်ဆင်းခြင်းနှင့် ပင်မယဉ်ကျေးမှုကိုကား မည်သည့် အန္တရာယ်၊ မည်သူများကမှ ဖျောက်ဖျက်နိုင်မည် မဟုတ်ပေ။ လူမျိုးစုကြီးတခုလုံး ပျောက်သွားနိုင်မှုမှာ အဏုမြူခေတ်၌ပင် မဖြစ်နိုင်ပါ။

အစောဆုံးမြန်မာလူသားပေါ်ပေါက်ပုံကို ဆက်လက်တင်ပြပါဦးမည်။ ဤထင်မြင်ယူဆချက်နှင့်ပတ်သက်ပြီး “ပလိုင်ရက်စတိုဆင်း” ရေခဲခေတ် အတွင်း မြန်မာနိုင်ငံကိုဗဟိုပြု၍ ဂျဗားနှင့် ပီကင်းတို့သို့ လူမျိုးနွယ်များရွေးသွားနိုင် ဖွယ်ရှိခဲ့ကြောင်း ဒီတားရားနှင့် ဟယ်လင်မိုးဗီးယပ် တို့ကမြေပုံအထောက်အထားဖြင့် တင်ပြခဲ့ဖူးပါသည်။ သို့သော်ထို အဆိုကိုတင်ပြစဉ်အချိန်က ကျောက်ဖြစ်ရုပ်ကြွင်းဖြင့် အခိုင်အမာ သက်သေ မပြနိုင်သဖြင့် ထိုအဆိုမှာ မထင်မရှားဖြစ်ခဲ့ ရသည်။ ယခုအချိန်၌ကား “ဘားမားမင်း” ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိထားပြီးဖြစ်သောကြောင့် အထက်ပါအဆိုကို အခိုင်အမာ လက်ခံယုံကြည် သင့်ပါသည်။

ဆက်လက်တင်ပြလိုသည်မှာ အချို့သောမြန်မာဘူမိဗေဒပညာရှင်များက ပလိုင်ရက်စတိုဆင်းခေတ်ကမြန်မာ နိုင်ငံ၌တွေ့ရသော ဘားမားမင်း၏ ဘူမိသက်တမ်း သတ်မှတ်ချက်ဖော်ပြပုံကို ယုံကြည် လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ငြင်းဆိုကြသည်။ အချို့သော ဘူမိဗေဒပညာရှင်များက ရေဒီယိုဓါတ်ကြွနှုန်းသတ္တိကိုသုံး၍ တိုင်းတာသင့်ကြောင်း တင် ပြဆွေးနွေးဖူးသည်။ ဘူမိအချိန်ပြဇယား၌ ပလိုင်ရက်စတိုဆင်းနှစ်သက်တမ်းကို နှစ်အရေအတွက်အားဖြင့် နှစ်ပေါင်း နှစ်သန်း (၂-သန်း)ခန့်ကြာသည်ဟုခန့်မှန်းသည်။ ဤသက်တမ်းသည်ဘူမိအချိန်ပြဇယား၌ နှစ်အနည်းဆုံး နှင့် အသက် အနုဆုံး အပိုင်းအခြားဖြစ်သည်။ ထို့ကြောင့် ဘားမားမင်းကိုသက်တမ်းသတ်မှတ်ရာ၌ ရေဒီယိုဓါတ်ကြွနှုန်းသတ္တိ တိုင်းတာခြင်းကို အထူးမပြုနိုင်မီ “ပလိုင်ရက်စတိုဆင်းသက်တမ်းအပေါ်ဆုံးအပိုင်း” ခန့်မှန်းခြေနှစ်ပေါင်း တစ်သန်းခန့် ဟုသတ်မှတ်ခြင်းသည် အမှန်ဆုံးနှင့် အသင့်လျော်ဆုံး ဖြစ်ပါသည်။

ဘားမားမင်းသည် ကျောက်ခေတ်ဦးမတိုင်မီကပင် ပီကင်းမင်းနှင့် ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သော ဟိုမိုနစ် လူ အမျိုးအစား ဖြစ်သည်။ ဘားမားမင်းနှင့်အတူ ခွေးအံသွားကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရသည်။ ခွေးကိုအမဲလိုက်ရန် အတွက် အသုံးပြုပြီဟု ယူဆရသည်။ သမင်၊ နွား၊ ချေ အစရှိသည့် သတ္တ၀ါတို့၏ အရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းများကို ဘားမားမင်းနှင့် အတူတွေ့ရသည်။ ဤအရိုးစု ကျောက်ဖြစ် ရုပ်ကြွင်းများသည် ဘားမားမင်းတို့ ဖမ်းယူစားသောက်ပြီး ကြွင်းကျန်သော အရိုးများဖြစ်ကြသည်။ ဤအချက်သည် ပီကင်းမင်းကဲ့သို့ ဘားမားမင်းသည် အမဲလိုက်ခြင်း နှင့် အသက်မွေး၍ နေထိုင် ကြောင်းသိရသည်။ ပီကင်းမင်းနှင့်နေထိုင်ပုံကွာခြားသည်။ ပီကင်းမင်းသည် ဇောင်ဂိုဒီယမ် ကျောက်ဂူ၌ နေခဲ့သည်။ ဘားမားမင်းသည် ရေအလွယ်တကူရနိုင်သော ချောင်းဘေးကုန်းမြင့်ပေါ်၌ နေထိုင်ခဲ့သည်။ ကျောက်ဖြစ်နေသော အပိုင်းအစများစွာတွေ့ရသောကြောင့် ဘားမားမင်းသည် အုပ်စုဖွဲ့၍နေထိုင်ကြမည်။

ဘားမားမင်းသည် ယခုလက်ရှိမြန်မာနိုင်ငံ တိုင်းရင်းသား မြန်မာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်တို့၏ သမိုင်းမတင်မီ ကာလကပင် ပေါ်ပေါက်နေထိုင်ခဲ့သော လူမျိုးအဆက်အနွယ်ရင်းဖြစ်ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီက အလေးအနက်လက်ခံယုံကြည်သည်။ ၁၉၈၃-ခု စက်တင်ဘာလ ပထမအကြိမ်ထုတ်ဝေသော “သိင်္ဂါနဒီမြန် ပြည်မြောက်ဖျားသို့” စာအုပ်စာမျက်နှာ ၆၀၃-၆၀၄ ၌ မြန်မာပြည်ဖွား တိုင်းရင်းသားများသည် အမိမြန်မာနိုင်ငံအတွင်းရှိ ဘားမားမင်းနှင့် တပြိုင်တည်း ပေါက်ဖွားခဲ့ကြသော လူမျိုးနွယ်များဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ထို့ကြောင့် မုံရွာမြို့နယ် နှင့် ချောင်းဦးမြို့နယ် ကြားမှ မုံရွေးကျေးရွာ၏ အရှေ့ဘက်ရှိ ရွှေမြင်တင်တောင်တန်းသည် မြန်မာလူသား ဘားမားမင်း စတင်နေထိုင်ပေါ်ပေါက်ခဲ့သော ဒေသတခုအဖြစ်မှတ်တမ်းတင်ပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ တိုင်းရင်းသား အပေါင်းတို့သည် သမိုင်းမတိုင်မီကပင် နှစ်ပေါင်းသောင်းနှင့်ချီ၍ မြန်မာပြည်တွင်းမှ စတင်ပေါက်ဖွားခဲ့၊ နေထိုင်ခဲ့ကြသော လူမျိုးစုများ ဖြစ်ကြသည်ဟူသော အဆိုပြုချက်ကို အလေးအနက် တင်ပြပါသည်။

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားကူးယူဖော်ပြခြင်း : မန္တလေးတက္ကသိုလ် ဘူမိဗေဒ တွဲဖက်ပါမောက္ခ ဆရာကြီးဦးဘမော်၊ Myanmar type courtesy by Ko Saw Kyaw Htike (2002, DGGL),http://www.geolfriends.comhttp://myanmartravelinformation.comhttp://www.ace.huhttp://www.sacred-texts.com

မြန်မာအင်ဂျင်နီယာဖိုရမ်မှ ကိုထွန်း ကူးယူဖော်ပြထားသော ဆောင်းပါးအား တဆင့်ကူးယူဖော်ပြပါသည်.