Wednesday, March 6, 2013

သမ္မတကြီးရဲ့ငယ်မူငယ်သွေးလက်ရာလေးပါ

PDF file here by myawaddy

ညီလာခံပြီးတဲ့ အထိ အနားပေးထားတဲ့ သဘော ပါပဲ -- (NLD နာယက ဦးတင်ဦး)

ခွန် ဒီးယမ်
“ပါတီဝင်အဖြစ်က ရပ် ဆိုင်းထားတာ မဟုတ်ပါဘူး။ ညီလာခံကိုယ်စားလှယ်အဖြစ်က နေပဲ ညီလာခံပြီးတဲ့ အချိန်ထိ ရပ် ဆိုင်းထားတာပါ။ နည်းနည်း သတင်းတွေထွက်တယ်။ ဘာလဲ ဆိုတော့ သူတို့က အောက်ခြေ ပိုင်းမှာ လျှောက်ပြီးတော့ ဘယ်သူတွေပါရမယ်။ ဘယ်သူတွေ မပါရဘူး ဆိုပြီး လျှောက်လုပ်တယ်။ ဒီတိုင်းပြောတာ ဆိုတာ လောက်ဆိုလည်း ဘာမှမဖြစ်ပါ ဘူး။ အဲဒါကို သူတို့က စာရင်းတွေ အင်းတွေနဲ့ ဖြန့်ချိတာတွေလုပ် တယ်။ ဒါ လုံးဝမလုပ်သင့်ဘူး။ သင့်လည်း မသင့်တော်ဘူး။ ခုလို မျိုးညီလာခံကိုယ်စားလှယ်အဖြစ် က ရပ်ဆိုင်းတယ် ဆိုတာကလည်း ပြည်လုံး ကျွတ်ညီလာခံကျင်းပရေး မှာ ချောချောမွေ့မွေ့ ဖြစ်အောင် ပါ။ သူတို့ကို နစ်နာစေလိုတာမျိုး လည်း မရှိပါဘူး။ ညီလာခံပြီးတဲ့ အထိ အနားပေးထားတဲ့ သဘော ပါပဲ”-- (NLD နာယက ဦးတင်ဦး)

The Voice Weekly's photo.

မတ်လ (၅) ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရ သူ ဦးခင်မောင်ရှိန် (ဥက္ကဌ(ဗဟိုညီလာခံကိုယ်စားလှယ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြောက်ပိုင်းခရိုင်၊ရန်ကုန်တိုင်းဒေသကြီး)က ၄င်းထုတ်ပယ်ခံရမှုနှင့်ပတ်သက်၍ ယနေ့(မတ်လ၆ရက်) နေ့လည်ပိုင်းတွင် သတင်းမီယာများနှင့် တွေ့ဆုံရှင်းလင်းစဉ်။

bbc
ဦးခင်မောင်ဝင်းဟာ အန်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ ချိန်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ကိုယ်စားလှယ် အဖြစ် လမ်းမတော်မြို့နယ်မှာ ဝင်အရွေးခံ အနိုင်ရ ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ သူဟာ အန်အယ်ဒီ ပါတီနဲ့ ပြန်ပေါင်း စည်းခဲ့သူ ဖြစ်ပါတယ်။ရန်ကုန် မြောက်ပိုင်းခရိုင် ၈ မြို့နယ်ကို ကိုယ်စားပြုတဲ့ ဥက္ကဌ ဦးခင်မောင်ရှိန်ကတော့ သူ့အနေနဲ့ မြောက်ပိုင်း ခရိုင် ဗဟို ညီလာခံ ကိုယ်စားလှယ် တွေ အဖြစ် ဘယ်သူတွေ ဝင်အရွေးခံ ကြမယ် ဆိုတာကို ညှိနှိုင်းဖို့ ဖေဖော်ဝါရီလ ဆန်းတုန်းကရန်ကုန် သမိုင်းလမ်းဆုံ City Mart မှာ လူ ၂၀ ကျော် စည်းဝေး တိုင်ပင်ခဲ့တာ ရှိတယ်လို့ ပြောပါတယ်။ အဲဒီတွေ့ဆုံပွဲကို အန်အယ်ဒီ လူငယ် တချို့က သတင်းယူ တိုင်ကြားခဲ့တာ လို့ပြောပါတယ်။ဒါပေမယ့် သူ့ဖက် ကအမှား လုပ်ခဲ့တာ မဟုတ်ဘူးလို့ ဒီကနေ့မှာ သတင်းထောက်တွေကို တွေ့ဆုံရှင်းပြခဲ့ပါတယ်။ ဦးခင်မောင်ရှိန်က သူ့အနေနဲ့ အန်အယ်ဒီ ပါတီမှာ ဆက်မလုပ်တော့ဘူး လို့လည်း ပြောပါတယ်။ဦးခင်မောင်ဝင်း၊ ဦးခင်မောင်ရှိန်၊ ရွှေပြည်သာက ဦးသန့်ဇင်နဲ့ စစ်ကိုင်းတိုင်း ကောလင်း မြို့နယ်က ဒေါ်မိမိကြီး တို့လေးဦးတို့ အပေါ်စွပ်စွဲချက် တွေနဲ့ပတ်သက်ပြီး ကိုင်တွယ် ဆောင်ရွက်ဖို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က၊ ပါတီခေါင်းဆောင်ပိုင်းက လွှတ်တော် ကိုယ်စားလှယ် ငါးဦးကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။အဲဒီထဲက တဦးဖြစ်တဲ့ ဦးဝင်းထိန်ကို မေးကြည့်တော့ သူက ဖြေကြားဖို့ ငြင်းဆို ပါတယ်။အခုကျင်းပမယ့် အန်အယ်ဒီ ပါတီ ညီလာခံဟာ ပါတီရဲ့ ခေါင်းဆောင်သစ်တွေကို ရွေးချယ် တင်မြှောက်ကြမှာ ဖြစ်လို့ အရေးကြီး သလို၊ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် အရှိန်ယူ ပြင်ဆင်မှုတွေ စလုပ်တဲ့ ညီလာခံ ဖြစ်တာမို့လည်း ပါတီရဲ့ အနာဂတ် အတွက် အထူး အရေးပါတဲ့ အစည်း ဝေး တခုဖြစ်ပါတယ်။

မူးယစ်လူငယ် တစ်စု ရဲစခန်းဝင်းအတွင်းထိဝင်ရောက်ရိုက်နှက်

Popular Myanmar News Journal's photo.
ပြည်သူ့ရင်ပြင်ကစားကွင်းအတွင်း အမျိုးသားတစ်ဦးအား မူးယစ်လူငယ် တစ်စု အကြောင်းမဲ့ရန်စ၊ ရဲစခန်းဝင်းအတွင်းထိဝင်ရောက်ရိုက်နှက်

	အများပြည်သူ အပန်းဖြေအနားယူသည့်ပြည်သူ့ရင်ပြင် Happy Zone  အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စုက အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦး အား မူးယစ်ရမ်းကား ရန်စတိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
	ဖြစ်စဉ်မှာ မတ်လ ၃ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က စမ်းချောင်း မြို့နယ်နေ ကိုစိုင်းဇာဟန်သည် ၈ လ အရွယ် သမီးငယ်နှင့်အတူ ရှင်စောပုလမ်း ပေါ်ရှိ Happy Zone  ကလေးကစားကွင်း ရှိအပျော်စီးလှေ ဆိပ်ကလေးများ ကစား သည့်နေရာ၌ ရပ်ကြည့်နေကြောင်း၊ ထို အချိန်တွင် အသက် ၂ဝ ဝန်းကျင်ခန့် ဆံပင်ရှည်နှင့် လူငယ်တစ်ဦးသည်သူ၏ သူငယ်ချင်းများအား နောက်ပြောင်၍ ရေထဲသို့တွန်းချနေကြောင်း၊ ယင်း အချိန်၌အနီးရှိ အမျိုးသမီးကြီးတစ်ဦးက ကိုစိုင်းဇာဟန်အား ကလေးကိုမထိခိုက် မိစေရန် အခြားနေရာသွားရန်ပြော ကြောင်း၊ ထိုသို့ပြောပြီး မကြာမီ အထက်ပါ ဆံပင်ရှည်လူငယ်က ကိုစိုင်း ဇာဟန်အနီးရှိ သမီးရည်းစားစုံတွဲအား ရေထဲသို့တွန်းချကြောင်း ကာယကံရှင် ကိုစိုင်းဇာဟန်က ပြောသည်။
	
''သမီးရည်းစား စုံတွဲကို တွန်းချ လိုက်တော့ ကျွန်တော်တို့ သားအဖကို ထိသွားတယ်။ ဒါနဲ့ ကျွန်တော်က ညီလေး ဖြည်းဖြည်းဆော့ပါလို့ပြောလိုက် တယ်။ အဲဒီလူငယ်က ထိတော့ဘာဖြစ်လဲ ဆိုပြီး ပြန်ဆဲတယ်။ ဒါနဲ့ ကျွန်တော်ဘာမှ မပြောတော့ဘဲ လှည့်ထွက်လာတာကို ဆံပင်ရှည်ကောင်ေ လးနဲ့ အပေါင်းပါ ၈ ဦးလောက် နောက်ကလိုက်ပြီး ရန်စ တယ်။ ကျွန်တော့်သမီးကို အတင်းဆွဲ တယ်။ ကျွန်တော့် ပါးနဲ့ကုပ်ကို ရိုက် တယ်။ ဒါနဲ့ ကျွန်တော်မတတ်နိုင်လို့ Happy World  ဇုန်ပေါက်က ဂိတ် အစောင့် ကိုပြောတော့ သူလည်း ဘာမှ မတတ်နိုင်ဘူးလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်က ကလေးလည်းပါတော့ အနီးမှာရှိတဲ့ စမ်းချောင်း ရဲစခန်းကို တိုင်ဖို့သွားတာ ကျွန်တော့်ကိုနောက်က ခုံနဲ့ လိုက်ရိုက်တာပဲ''ဟု လက်ရှိ၌ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာနတွင် တက်ရောက်ဆေးဝါး ကုသမှု ခံယူနေသူ ကိုစိုင်းဇာဟန်က ပြောသည်။

အဆိုပါလူငယ်တစ်စုသည် ပြည်သူ့ရင်ပြင်အနီးရှိ အမှတ် ၂၄ စမ်းချောင်း ရဲစခန်းသို့ သွားရောက် တိုင်တန်းသူ ကိုစိုင်းဇာဟန်အား ပလက်ဖောင်းေ ပ်ါရှိ ဈေးဆိုင်တစ် ဆိုင်မှ သစ်သားခုံများဖြင့် ရိုက် ကြောင်း၊ ကိုစိုင်းဇာဟန် မှာလည်း ကလေးအားရဲစခန်းအတွင်းရှိ အ သက် ၁၂ အရွယ်ခန့် မိန်းကလေး ငယ်တစ်ဦးဆီသို့ သမီးငယ်အား ပေး၍ ပြန်လည်ခုခံ ရန် ပြင်ဆင်ခဲ့ ကြောင်း၊ သို့သော် ယင်းလူငယ်တစ် စုက ထမ်းပိုး၊ သတ္တုသံပုံး၊ ကော်ခုံ၊ သစ်သားခုံများဖြင့် ဝိုင်းဝန်းရိုက် နှက်ကြောင်း၊ ယင်းနောက် ရဲစခန်း မှလာရောက်ဖြန်ဖြေခေါ်ယူကြောင်း ကာယကံရှင် ကိုစိုင်းဇာဟန်ကဆက် လက်ပြောသည်။
	
''အဲဒီနေ့က ဖြစ်ပြီးတော့ သားကို ရန်ကုန်ဆေးရုံကြီးအရေး ပေါ် ကို ခေါ်လာတယ်။ သူတို့ကို တော့ စခန်းက ဖမ်းခေါ်ထား တယ်။ အခု အာမခံနဲ့ပြန်လွှတ်ပေး လိုက်ပြီလို့ စခန်းကပြောတယ်''ဟု ကိုစိုင်းဇာဟန်၏ ဖခင်ဦးမြင့်ဟန်က ပြောသည်။
	
ရဲစခန်းဝင်းအတွင်းထိ ဝင် ရောက်ရိုက်နှက်သူ လူငယ်တစ်စု ထဲမှ ဖမ်းထားေ သာ ၆ ဦးအား မတ်လ ၄ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ေ ကြာင်း၊ အ ရိုက်ခံရသူ ကိုစိုင်းဇာဟန်မှာ မတ် လ ၅ ရက်နေ့အထိ ရန်ကုန်ဆေးရုံ ကြီးတွင် ဆေးဝါးကုသမှုခံယူနေပြီး ဦးခေါင်းမှဒဏ်ရာကို သုံးချက်ချုပ် လိုက်ရကြောင်း သိရသည်။
	
''အမှုက အာမခံပေးလို့ရတဲ့ အမှုမို့ ပေးလိုက်တာပါ။ တရား ဥပဒေအရ အာမခံပေးလို့မရရင် မပေးပါဘူး။ သူတို့ဘက်က ယုံ လောက်တဲ့သူတွေနဲ့ အာမခံတောင်း လို့ပေးလိုက်တာပါ။ ဘယ်လိုလူမျိုး မဆို ပေးပါတယ်။ ဒဏ်ရာအခြေ အနေပေါ်မူတည်ပြီး နာကျင်စေမှု နဲ့အမှုဖွင့်တာပါ။ ဟိုဘက်ကလည်း အာမခံလျှောက်လို့ ပေးတာပါ''ဟု စမ်းချောင်းအမှတ် ၂၄ ရဲစခန်းသို့ မတ်လ ၅ ရက်မွန်းလွဲပိုင်းက ဆက် သွယ်မေးမြန်းရာ တာဝန်ကျရဲတစ် ဦးက ပြန်လည်ဖြေကြားသည်။
	
လူတစ်ဦးကို အပြင်းအထန် ထိခိုက်နာကျင်စေမှုပြုခဲ့သည့် လူ တစ်စုအား ရဲစခန်းမှ အာမခံဖြင့် ပြန်လွှတ်ပေးခြင်းအပေါ် နစ် နာသူကာယကံ ရှင်ဘက်မှ ကျေနပ် မှုမရှိကြောင်း ပြောသည်။ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်အ တွင်း ရန်ကုန်မြို့တွင် ညဘက်၌ လူ ငယ်အစုအဖွဲ့များ အုပ်စုဖွဲ့ရမ်း ကားခြင်း၊ နိုင့်ထက်စီးနင်းပြုခြင်း များ များစွာပြုလုပ်ခဲ့ပြီး အချို့ကို ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့သော် လည်းအချို့မှာ ယနေ့အထိဖမ်းဆီး ရမိ ခြင်းမရှိသေးပေ။

PN 041

မြန်မာ(၁)- အိန္ဒိယ(၀)

7Day News Journal
AFC Challenge Cup 2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား(၁-၀)ဂိုးဖြင့် အနိုင်ယူကာ သုံးပွဲကစား၊နှစ်ပွဲနိုင်၊တစ်ပွဲသရေ၊ ရမှတ်(၇)မှတ်ဖြင့် အုပ်စုပထမနေရာရရှိကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် အခြားခြေစစ်ပွဲအုပ်စု(၄)ခုမှ အုပ်စုပထမရသည့် အသင်း(၄)သင်း၊ အကောင်းဆုံးအုပ်စု ဒုတိယရသည့် အသင်း(၂)သင်းနှင့်အိမ်ရှင်မော်လဒိုက် စုစုပေါင်းအသင်း(၈)သင်းဖြင့် ၂၀၁၄ ခုနှစ်တွင်ံကျင်းပမည့် AFC Challenge Cup နောက်ဆုံးအဆင့်ပွဲစဉ်များသို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ ၂၀၁၂ ချန်ပီယံမြောက်ကိုရီးယားအသင်းနှင့်အတူ လာမည့် ၂၀၁၄ ပြိုင်ပွဲတွင် ဗိုလ်စွဲမည့် အသင်းသည် ၂၀၁၅ အာရှဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်အား ဖယ်ရှားရန်ရည်ရွယ်ချက်မရှိ အင်တိုက်အားတိုက်လိုက်ပါရန်သာရည်ရွယ်

-----------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ်မှဖယ်ရှားရန် ကြံစည် ဆောင်ရွက်နေသည်ဆိုသောသတင်း များ၊ လူမှုရေးသတင်းကွန်ရက်များ ပေါ်တွင် ပျံ့နှံ့နေသည်ဆိုသည်နှင့်ပတ် သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာအင်ဒီပဲန်ဒင့်သို့ဆက်သွယ်ပြော ကြားရာမှာ အထက်ပါအကြောင်း အရာကိစ္စနှင့် မည်သို့မျှပတ်သက်မှု မရှိခဲ့သလို၊ ဘာတစ်ခုမျှသိရှိခဲ့ခြင်းမရှိ ကြောင်း၊ ယင်းအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အရေးကြီးဆုံးဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ပါဝင်မှသာ ဒီမိုကရေစီပန်း တိုင် ကိုတက်လှမ်းနိုင်မည်ဖြစ်သော ကြောင့်
 ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနောက်မှ အင်တိုက်အား တိုက်လိုက်ပါရန်သာရည်ရွယ်ချက် ရှိကြောင်းဆိုပါသည်။

ထိုသို့သော ကောလာဟလ သတင်းများသည် ယင်းအား နိုင်ငံရေး အရတိုက်ခိုက်မှုဟု ယူဆကြောင်း ပြောရာတွင်ဒေါ်အောင်ဆန်းစုကြည် ကိုဖယ်ရှားဖို့၊ တစ်ခုခုလုပ်ဖို့ ဘာ ရည်ရွယ်ချက်မှမရှိပါဘူး။ ဒီလို သတင်းတွေလုပ်ကြံဖော်ပြနေတာဟာ ကျွန်တော့်ကို နိုင်ငံရေးအရတိုက်ခိုက် ခြင်းလို့မြင်တယ်။
 နုနယ်တဲ့ဒီမိုကရေ စီစနစ်မှာ သတင်းကောလာဟလ တွေနဲ့ နိုင်ငံရေးလုပ်ကြံမှုတွေကို ဖန် တီးသလိုဖြစ်နေတယ်။
ကျွန်တော် ပြောချင်တာက ဒေါ်အောင်ဆန်းစု ကြည်ကိုဖယ်ရှားဖို့ ဘာရည်ရွယ်ချက် မှမရှိသလို၊
အဲလိုလုပ်ဆောင်တဲ့အထဲ မှာလည်းကျွန်တော်မပါဘူးဟု ဆိုပါသည်။

Myanmar Independent

NLD ညီလာခံဆပ်ကော်မတီများ

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ

ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ

လက်ပန်တောင်းတောင်ဒေသကိုပုဒ်မ(၁၄၄)ထပ်မံထုတ်ပြန်

ဂဠုန်ဆရာစံနယ်မြေမှ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်.

March 5, 2013
P1120097
သာယာဝတီမြို့နယ် ဖားရွှေကျော် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တောင်သူလယ်သမားခေါင်းဆောင်ကြီး သုပဏ္ဍက ဂဠုန်ရာဇာ ဆရာစံအား အင်္ဂလိပ်အစိုးရမှ ကြိုးပေးကွပ်မျက်ခဲ့ သည့် မတ်လ ၅ရက်နေ့တွင် တောင်သူ လယ်သမားများကို ပါတီအဖွဲ့အစည်း များ၊ လူမှုရေးအဖွဲ့အစည်းများက သံဃာ တော်များကို ဆွမ်းကပ်အမျှဝေခြင်းနှင့် အထိမ်းအမှတ် စကားပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားကို သာယာဝတီမြို့ နယ်မှ ဒေါ်မူမူခင်၊ ဦးအောင်မြင့်၊ ဦးစိုး သိန်း၊ ဦးကျော်နိုင်ဦး၊ ဦးဂျာလေးတို့နှင့် ဒေသခံတောင်သူလယ်သမား ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့မှ သတင်းနှင့်စာနယ်ဇင်းမှ ပုဂ်္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။
ပင့်ဆောင် ဖိတ်ကြားထားသော သံဃာတော်များကိုတောင်သူလယ်သမား  ခေါင်းဆောင်ဆရာစံအတွက် ဆွမ်းကပ် အမျှဝေခဲ့ကြပြီးနောက် အခမ်းအနားကို တက်ရောက်လာသူများမှ သာယာဝတီ နယ်မြေမှတောင်သူလယ်သမားများက နောက်နောင်ကျင်းပမည့် တောင်သူ လယ်သမားနေ့ကိုတော်လှန်ရေးကောင်စီ မှ အာဏာသိမ်းသည့်နေ့အား တောင်သူ လယ်သမားနေ့ဟု သတ်မှတ်ထားခြင်း သည် မသင့်လျှော်ဟု ဆုံးဖြတ်ကြပြီး နောက် မသင့်တော်ဟု ဆုံးဖြတ်ကြပြီး နောက် ဆရာစံ၏ ပထမဦးဆုံးတော်လှန် သည့်နေ့ရက်ဖြစ်သော (ဖားရွှေကျော် ပထမတိုက်ပွဲ) ၁၂၉၂ ခုနှစ်ပြာသိုလဆန်း ၅ ရက်၊ ၁၉၃၀ ခုနှစ်ဒီဇင်ဘာလ ၂၃ ရက်ကို တောင်သူလယ်သမားနေ့ဟု အများဆန်္ဒသဘောတူညီရယူ သတ်မှတ် လိုက်ကြသည်။
ထို့နောက် အခမ်းအနားသို့ တက် ရောက်လာကြသူများကို ဒေသခံများမှ နံနက်စာ ထမင်းကျွေးမွေးပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဥယျာဉ်မှူး
http://www.hotnewsweekly.com/archives/18086

ဖိလစ်ပိုင်မွတ်ဆလင်သူပုန်တွေကို မလေးရှားစစ်တပ်မှ အပြင်းထန် ထိုးစစ်ဆင်တိုက်ခိုက်

Black Angle's photo.
Boon Myo Myo
မနေ့က (၅ -၃-၁၃) မှာ မလေးရှားနိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံး စစ်တပ်အင်အားပြနေ့လို့ ပြောလို့ရအောင် အရှေ့မလေးရှား ဘော်နီယိုကျွန်းရှိ ဆားဗားခရိုင်ကို ကျူးကျော်ဝင်ရောက်လာတဲ့ SULU ကျွန်းမှ ဖိလစ်ပိုင်မွတ်ဆလင်သူပုန်တွေကို မလေးရှားစစ်တပ်မှ အပြင်းထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်.အငြင်းပွားနယ်မြေတွင်တည်ရှိသော ဒေသခံ ဟန်ဒါဒူရွာသားများကို ဘေးလွတ်ရာနေရာသို့ ထွက်ခွါလာကြေငြာ၍ မလေးရှားအစိုးရဖက်မှ နေရာချထားပြီး...F.18 ခောတ်မှီတိုက်လေယာဉ်တွေနဲ့ ပိုက်စိတ်တိုက် ဗုံးကြံပစ်တယ်..ဒုံကျည်တွေနဲ့ထုတယ်....ခောတ်မှီတိုက်ခိုက်ရေး ဟယ်လီကော့ပတာတွေနဲ့ နေရာအနှံ့အသေးစိတ်ရှာပြီး စက်သေနတ်အကြီးစားနဲ့ တရစပ်ပစ်ခတ်တယ်..ကြည်းတပ်မှလည်း ထိုနယ်မြေမှ ဆူလူလက်နက်ကိုင်များ ထွက်မပြေးနိုင်ရန် အမြောက်တပ်တွေနဲ့ ဝိုင်းထားတယ်....ရေတပ်ကလည်း နောက်ထပ် ဆူလူကျွန်းမှ လက်နက်ကိုင်တပ်တွေ ဝင်လာမကူနိုင်အောင် စစ်သင်္ဘောကြီးတွေနဲ့ စောင့်ဆိုင်းထားတယ်...ကျူးကျော်သူဆူလူလက်နက်ကိုင်တွေကိုလည်း အရှင်လွတ်မြောက်သွားခြင်းမရှိပဲ တယောက်မကျန် ရှင်းပစ်နိုင်ရန် ပိတ်ဆို့ထားတယ် နောက်ထပ်မလေးရှားမှာ လက်ကိုင်သူပုန်ဆိုတာ မရှိစေရန် အမြစ်ပြတ်ချေမုန်းချင်းဟု ဆိုသည်.... (မွတ်ဆလင်အချင်းချင်းမို့ အရမ်းကြင်နာကြ၏) ။ထိုသို့ အင်အား(၃၀၀)ခန့်သာရှိသော ကျူးကျော်သူ ဆူလူမွတ်ဆလင်သူပုန်များကို စစ်လက်နက်စွမ်းအားမြင့် အသုံးပြုတိုက်ခိုက်ရခြင်းမှာ မလေးရှားရဲနှင့် စစ်သား(၈)ဦး ကျဆုံးသွားသောကြောင့် တန်ဖိုးရှိသော လူအရင်းမြစ် ရဲ/စစ်သားများ နောက်ထပ်ထိုသို့ကျဆုံးချင်းမရှိစေရန် ငွေကြေးအင်အားတတ်နိုင်သောမလေးက လက်နက်ကိုအဓိကထားသုံးချင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နာဇစ် ရာဆတ်က ပြည်သူနဲ့သတင်းထောက်တွေကို ပြောပါတယ်.။...စူလတန် ဆူလူဖက်မှလည်း ၎င်းတို့၏ ရှေးသရောအခါက နယ်မြေဖြစ်သောကြောင်း ယခုချိန်မှာ ဆူလူကျွန်းအပါဝင် ဖိလစ်ပိုင်မွတ်ဆလင်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရသွားပြီဖြစ်၍ မလေးရှားအစိုးရမှနေ၍ မိမိတို့နေရာဟောင်းကို မိမိတို့ကို ပြန်ပေးရမှာဖြစ်ကြောင်း ပြောရာ...မလေးရှားအစိုးရမှ ဒီလိုစကားမျိုး မလေးရှားမှာလာမပြောနဲ့ ဘူးသီးတောင်မောင်းတောမှာသွားပြော မင်းတို့ရီးပဲ့ရမယ်...ဘိုဒို! ဟုပြန်ဆဲ အပြတ်ရှင်း ချေမှုန်းပစ်မည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်ပါတယ်။ ဆူလူမွတ်ဆလင် လက်နက်ကိုင်တွေကတော့ အသေခံတိုက်ခိုက်ခုခံသွားမည်ဖြစ်ကြောင်း ဆူလူကျွန်းသားများသည် ယခင်အချိန်ကလည်း ဆာဗားပြည်နယ်ကို အခြေချ၍ ဖိလစ်ပိုင်အစိုးရကို တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း နယ်မြေကျွမ်းကျင်သူများဖြစ်၍ ကြိုက်တဲ့အချိန်ဝင်တိုက်နိုင်ကြောင်း ...မလေးရှားစစ်တပ်မှသာ အမြဲတမ်းထာဝရ ဒီနယ်မြေမှာ လာမစောင့်နိုင်ကြောင်း ပြောပါတယ်....
ဖိလစ်ပိုင် မွတ်ဆလင်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆူလူကျွန်းနှင့် မလေးရှားပိုင် ဆာဗားပြည်နယ်မှာ (၂)နာရီခန့်သာ လှေစီးလာရသည်။Boon Myo Myo
မလေးရှားအစိုးရက ကျူကျော်သူဆူလူကျွန်းသား ဖိလစ်ပိုင် မွတ်ဆလင်တွေကို F.18 ခောတ်မှီတိုက်လေယာဉ်တွေနဲ့ ဗုံးကျဲနေတာ ဘယ် OIC ဘယ်နှမလိုး လူ့အခွင်အရေးအဖွဲ့မှ မဟရဲဘူး....မြန်မာပြည်မှာ မွတ်ဆလင်ကုလားကို အဲလိုလုပ်ရင် ဘာဖြစ်တယ်..ညာဖြစ်တယ်နဲ့ ဖွကြမှာ..။
Boon Myo Myo
မနေ့က (၅ -၃-၁၃) မှာ မလေးရှားနိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံး စစ်တပ်အင်အားပြနေ့လို့ ပြောလို့ရအောင် အရှေ့မလေးရှား ဘော်နီယိုကျွန်းရှိ ဆားဗားခရိုင်ကို ကျူးကျော်ဝင်ရောက်လာတဲ့ SULU ကျွန်းမှ ဖိလစ်ပိုင်မွတ်ဆလင်သူပုန်တွေကို မလေးရှားစစ်တပ်မှ အပြင်းထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်.အငြင်းပွားနယ်မြေတွင်တည်ရှိသော ဒေသခံ ဟန်ဒါဒူရွာသားများကို ဘေးလွတ်ရာနေရာသို့ ထွက်ခွါလာကြေငြာ၍ မလေးရှားအစိုးရဖက်မှ နေရာချထားပြီး...F.18 ခောတ်မှီတိုက်လေယာဉ်တွေနဲ့ ပိုက်စိတ်တိုက် ဗုံးကြံပစ်တယ်..ဒုံကျည်တွေနဲ့ထုတယ်....ခောတ်မှီတိုက်ခိုက်ရေး ဟယ်လီကော့ပတာတွေနဲ့ နေရာအနှံ့အသေးစိတ်ရှာပြီး စက်သေနတ်အကြီးစားနဲ့ တရစပ်ပစ်ခတ်တယ်..ကြည်းတပ်မှလည်း ထိုနယ်မြေမှ ဆူလူလက်နက်ကိုင်များ ထွက်မပြေးနိုင်ရန် အမြောက်တပ်တွေနဲ့ ဝိုင်းထားတယ်....ရေတပ်ကလည်း နောက်ထပ် ဆူလူကျွန်းမှ လက်နက်ကိုင်တပ်တွေ ဝင်လာမကူနိုင်အောင် စစ်သင်္ဘောကြီးတွေနဲ့ စောင့်ဆိုင်းထားတယ်...ကျူးကျော်သူဆူလူလက်နက်ကိုင်တွေကိုလည်း အရှင်လွတ်မြောက်သွားခြင်းမရှိပဲ တယောက်မကျန် ရှင်းပစ်နိုင်ရန် ပိတ်ဆို့ထားတယ် နောက်ထပ်မလေးရှားမှာ လက်ကိုင်သူပုန်ဆိုတာ မရှိစေရန် အမြစ်ပြတ်ချေမုန်းချင်းဟု ဆိုသည်.... (မွတ်ဆလင်အချင်းချင်းမို့ အရမ်းကြင်နာကြ၏) ။ထိုသို့ အင်အား(၃၀၀)ခန့်သာရှိသော ကျူးကျော်သူ ဆူလူမွတ်ဆလင်သူပုန်များကို စစ်လက်နက်စွမ်းအားမြင့် အသုံးပြုတိုက်ခိုက်ရခြင်းမှာ မလေးရှားရဲနှင့် စစ်သား(၈)ဦး ကျဆုံးသွားသောကြောင့် တန်ဖိုးရှိသော လူအရင်းမြစ် ရဲ/စစ်သားများ နောက်ထပ်ထိုသို့ကျဆုံးချင်းမရှိစေရန် ငွေကြေးအင်အားတတ်နိုင်သောမလေးက လက်နက်ကိုအဓိကထားသုံးချင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နာဇစ် ရာဆတ်က ပြည်သူနဲ့သတင်းထောက်တွေကို ပြောပါတယ်.။...စူလတန် ဆူလူဖက်မှလည်း ၎င်းတို့၏ ရှေးသရောအခါက နယ်မြေဖြစ်သောကြောင်း ယခုချိန်မှာ ဆူလူကျွန်းအပါဝင် ဖိလစ်ပိုင်မွတ်ဆလင်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရသွားပြီဖြစ်၍ မလေးရှားအစိုးရမှနေ၍ မိမိတို့နေရာဟောင်းကို မိမိတို့ကို ပြန်ပေးရမှာဖြစ်ကြောင်း ပြောရာ...မလေးရှားအစိုးရမှ ဒီလိုစကားမျိုး မလေးရှားမှာလာမပြောနဲ့ ဘူးသီးတောင်မောင်းတောမှာသွားပြော မင်းတို့  -ီး ပဲရမယ်...ဘိုဒို! ဟုပြန်ဆဲ အပြတ်ရှင်း ချေမှုန်းပစ်မည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်ပါတယ်။ ဆူလူမွတ်ဆလင် လက်နက်ကိုင်တွေကတော့ အသေခံတိုက်ခိုက်ခုခံသွားမည်ဖြစ်ကြောင်း ဆူလူကျွန်းသားများသည် ယခင်အချိန်ကလည်း ဆာဗားပြည်နယ်ကို အခြေချ၍ ဖိလစ်ပိုင်အစိုးရကို တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း နယ်မြေကျွမ်းကျင်သူများဖြစ်၍ ကြိုက်တဲ့အချိန်ဝင်တိုက်နိုင်ကြောင်း ...မလေးရှားစစ်တပ်မှသာ အမြဲတမ်းထာဝရ ဒီနယ်မြေမှာ လာမစောင့်နိုင်ကြောင်း ပြောပါတယ်....
ဖိလစ်ပိုင် မွတ်ဆလင်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆူလူကျွန်းနှင့် မလေးရှားပိုင် ဆာဗားပြည်နယ်မှာ (၂)နာရီခန့်သာ လှေစီးလာရသည်။Boon Myo Myo
မလေးရှားအစိုးရက ကျူကျော်သူဆူလူကျွန်းသား ဖိလစ်ပိုင် မွတ်ဆလင်တွေကို F.18 ခောတ်မှီတိုက်လေယာဉ်တွေနဲ့ ဗုံးကျဲနေတာ ဘယ် OIC ဘယ်လူ့အခွင်အရေးအဖွဲ့မှ မဟရဲဘူး....မြန်မာပြည်မှာ မွတ်ဆလင်ကို အဲလိုလုပ်ရင် ဘာဖြစ်တယ်..ညာဖြစ်တယ်နဲ့ ဖွကြမှာ..။

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွင့်ရေးအဆို လွှတ်တော်တွင် အတည်မပြုနိုင်သေး

KIC (Karen Information Center)

မတ်လ ၆ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးကျော်ဒင်(ခ)ဦးထေးရယ် တင်သွင်းသည့် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေး ရာ ၀န်ကြီးဌာန ဖွင့်ပေးရေးအဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသည့်အတွက် အတည်မပြုနိုင်ဘဲ မှတ်တမ်း အဖြစ်သာ ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေအရ တိုင်းရင်းသားရေးရာဝန်ကြီး ဌာနကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရန် မလိုအပ်သဖြင့် ကန့်ကွက်မဲများရခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် မတ်လ ၄ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောဆိုသွားခဲ့သည်။

သူက “တိုင်းရင်းသားများအတွက် လိုအပ်ချက်တွေကို နိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေပေါ် မူတည်ပြီး ဖွံ့ဖြိုးတိုးတတ်မှု လွန်စွာ မကွာခြားဖို့ ထိန်းသိမ်းကြပ်မတ် ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။ နောက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်အခြေအနေအ ရ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရန်မလိုလို့ အဆိုကို မှတ်တမ်းအဖြစ်သာထားဖို့ တင်ပြတာပါ”ဟု လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့သည်။

၎င်းအဆိုကို အတည်မပြုနိုင်ခဲ့ခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုင်း ရင်းသားရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအဆင့်တွင်သာမက တိုင်းဒေသကြီးအဆင့်များပါ လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အကောင်အထည်ဖော်ရပါက ၀န်ကြီးဌာနတခုရှိ မှသာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုအတည်မပြုနိုင်ခြင်းသည် တို့တာဝန်အရေးသုံးပါးကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောကြားခဲ့သည်။

ဦးဇော်အေးမောင်က “အခု ငြိမ်းချမ်းရေး မရသေးတာက တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိလို့ပဲ။ ဒါကို အကောင်အထည် ဖော်ဖို့က တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ပြည်ထောင်စုအဆင့်မှာ လိုသလို တိုင်းဒေသကြီးအဆင့်မှာလည်း လိုတယ်။ အစိုး ရဖြစ်ဖြစ်၊ လွှတ်တော်ထဲက အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြည်ထောင်စုခိုင်မြဲရေးအတွက် သတင်းစာ၊ ဂျာနယ်တွေထဲမှာ ရိုက်ပြ၊ အစည်းအဝေးတွေမှာ ပြောနေမယ့်အစား လက်တွေ့ကျတဲ့ဟာတွေ လုပ်ပြဖို့ လိုတယ်”ဟု ပြောသည်။

ချင်းပြည်နယ်မဲဆန္ဒအမှတ်(၁၀)မှ ဦးမနားနိုင်ကလည်း “ယခင် နိုင်ငံရေးခေတ်ကာလတွေမှာ သမ္မတအဆင့်ကို တိုင်းရင်းသား တွေက တာဝန်ယူ ရွေးချယ်ခန့်ထားခဲ့ကြောင်းကို သိမှတ်ရသလို တိုင်းဒေသကြီးပြည်နယ်များအတွက် တိုင်းရင်းသား လူမျိုးစု ရေးရာဝန်ကြီးများ ရှိခဲ့ကြောင်းကို သိရပါတယ်။ ဒါကြောင့် ယခု ဆွေးနွေးချက်အပေါ် နိုင်ငံတော်တွင် ပြည်ထောင်စုအဆင့် တိုင်း ရင်းသားရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းနိုင်မယ်ဆိုရင် တိုင်းရင်းသားများအရေးကို ပိုပြီး ထိရောက်စွာ ဆောင်ရွက်လာလိမ့်မယ် လို့ ယူဆပါတယ်”ဟု ပြောကြားခဲ့သည်။

တိုင်းရင်းသားရေးရာကိစ္စသည် အလွန်နူးညံ့သိမ်မွေ့သော ကိစ္စဖြစ်သည့်အတွက် အချိန်ယူ စဉ်းစားသုံးသပ်ပြီး အတိမ်းအစောင်း မရှိအောင် ဆောင်ရွက်မှသာ တည်တံ့ခိုင်မြဲသော ထာဝရ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို တည်ဆောက်သွားနိုင်မည်ဖြစ် ကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးစောမြ၀င်း၏ ပြောကြားချက်ကို အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွင့်ပေးရေးအဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆ဦး တို့က ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။