Friday, March 8, 2013

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့တွင် ဗဟိုကော်မတီဝင် ဦးရေ ၁၀၀ ရွေးချယ်

eleven media group
သုံးရက်ကြာ ကျင်းပမည်ဖြစ်သော NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့တွင် ဗဟိုကော်မတီဝင် ဦးရေ ၁၀၀ ရွေးချယ်
Friday, 08 March 2013

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့ကို မတ် ၈ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဗဟိုကော်မတီဝင်ဦးရေ ၁၀၀ ရွေးချယ်
ခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်
 နိုင်ငံလုံးဆိုင်ရာ ညီလာခံအဖြစ် မတ် ၈ ရက်မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့တွင် ညီလာခံ ကိုယ်စားလှယ် ၈၆၂ ဦး တက်ရောက်ခဲ့ကာ ၁၀ ဦးလျှင် ဗဟိုကော်မတီဝင် တစ်ဦးနှုန်း
 ရွေးချယ်ခဲ့ပြီး စုစုပေါင်း ဗဟိုကော်မတီဝင် ၁၂၀ ဦး ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံအတွင်း ပါတီဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များ နှင့် ဗဟိုကော်မတီ
ဝင်များကို ရွေးချယ်သွားမည် ဖြစ်ကာ ပါတီ၏ ရှေ့ဆက်သွားမည့် မူဝါဒ
များနှင့် ဗဟိုလုပ်ငန်း ကော်မတီများ ခွဲဝေခြင်းများကိုလည်း လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း သိရသည်။

“နက်ဖြန်ခါ ကျရင် လိုနေတဲ့ဦးရေရယ်။ နောက် အရန် သုံးဆယ်ရယ် ထပ်ရွေးပြီးတော့ စီအီးစီကနေ တစ်ခါထပ်ချပေးမယ်” ဟု ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
 ဒေါ်ဖြူဖြူသင်းက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ညီလာခံ မတိုင်မီ ရပ်/ကျေး ညီလာခံများနှင့် မြို့နယ်/တိုင်း ညီလာခံများ ပြုလုပ်ခဲ့ရာတွင် သဘောထား ကွဲလွဲမှုများ ရှိခဲ့ကာ မတ် ၅ ရက်နေ့ကလည်း အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသော သတင်းရရှိထားသည်ဟု ဆိုကာ ကိုယ်စားလှယ် လေးဦးအား နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲမှုများ ရှိခဲ့သည်။

ယင်းနှင့်ပတ်သက်၍လည်း ဒေါ်ဖြူဖြူသင်းက “ဒီနေ့မြင်ရတဲ့ ပုံစံအရ ဆိုရင်တော့ စည်းလုံးမှု ပြိုကွဲတယ်လို့တော့ မထင်ရပါဘူး။ အစပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေတော့ ရှိပါတယ်။ အောက်ခြေကနေ စရွေးတဲ့အခါမှာလည်း ပြဿနာတွေ တော်တော် များများဖြစ်ခဲ့တာ
 တွေ့ရတယ်။ နီးတဲ့နေရာမှာလည်း ပြဿနာတွေ ဖြစ်ခဲ့တယ်ပေါ့နော်။ 
ဒါကတော့ ပြောရမယ်ဆိုရင် ပထမဦးဆုံး စပြီးတော့ ကျင်းပဖြစ်တဲ့ ညီလာခံဆိုတော့ အခက်အခဲတွေ တွေ့မယ်။ အနှောက်အယှက်တွေ၊ အတားအဆီးတွေ အများကြီး ကြုံမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ဒီနေ့လည်း သဘာပတိ ပြောသွားပါတယ်။ ဘာမှန်တယ်၊ မှားတယ်၊ ဘာလိုအပ်ချက်တွေ ရှိတယ်ဆိုတာ ပြန်ကြည့်သွားမယ်။ မှန်ရင်လည်း မှန်တဲ့အတိုင်း မှားရင်လည်း မှားတဲ့အတိုင်း လုပ်ကိုင် ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။

ယခုညီလာခံအတွင်း ၂၅ နှစ်လုံးလုံး အထက်မှ အောက်ကိုသာ စီးဆင်းနေ
သည့် ပုံစံကို ပြောင်းလဲလိုက်နိုင်ကြောင်း၊ စနစ်တစ်ခုကို သွားသည့် လမ်းကြောင်း တစ်ခုကို ဖော်ထုတ်လိုက်နိုင်သည်ဟု မြင်ကြောင်းလည်း ၎င်းက ပြောသည်။

“ဒီနေ့ ကျွန်တော်တို့ ရန်ကုန်တိုင်းက ကိုယ်စားလှယ် ၁၀၄ ဦး တက်တယ်။ ဗဟိုကော်မတီဝင် ရွေးတော့ ၁၀ ရာခိုင်နှုန်းဆိုတော့ ၁၁ ဦးရွေးရတယ်။ အပေါင်း နှစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်မေ၀င်းမြင့်တို့ကို ရွေးတယ်။ သူတို့ကိုလည်း ဗဟိုကော်မတီဝင် အနေနဲ့ပဲ ရွေးထားတာ။ ဥပမာ မန္တလေးတိုင်း အတွက်ဆိုရင် အပေါင်းအနေနဲ့ ဦးအုန်းကြိုင်၊ မွန်ပြည်နယ် အတွက်ဆိုရင် ဦးဥာဏ်ဝင်း၊ ဧရာဝတီတိုင်း အတွက်ဆိုရင် ဦးဝင်းမြင့် စသဖြင့် ရွေးထားတယ်။ မနက်ဖြန်ဆိုရင်တော့ ဗဟိုအလုပ် အမှုဆောင်တွေ
 ရွေးမယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှ ညီလာခံကိုယ်စားလှယ် ကိုမိုးဇော်သိန်းက ပြောသည်။

ပထမနေ့တွင် ရွေးချယ်ခံထားရသော ဗဟိုကော်မတီဝင်များမှာ ရန်ကုန်တိုင်း
 ဒေသကြီးမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၁၃ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ
၉ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၁၂ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၂ ဦး၊ မကွေးတိုင်း ဒေသကြီးမှ ၉ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၃ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၁၀ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး၊ ကချင်ပြည်နယ်မှ ၅ ဦး၊ ကရင်ပြည်နယ်မှ ၃ ဦး၊ ရှမ်းပြည်နယ်မှ ၈ ဦး၊ ချင်းပြည်နယ်မှ ၃ ဦး၊ မွန်ပြည်နယ်မှ ၄ ဦး၊ ကယားပြည်နယ်မှ ၁ ဦးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ
 ဒေသများဖြစ်သော နာဂ၊ ဓနု၊ နမ့်ဆမ်၊ ပအို့ဝ် ဒေသများမှ တစ်ဦးစီ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မဲအပြတ်
အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် မှတ်ပုံတင် တည်ထောင်ခဲ့သော ပါတီဖြစ်သည်။

ယင်းကဲ့သို့ မဲဆန္ဒနယ် ရာခိုင်နှုန်း အများစု အနိုင်ရရှိ ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အာဏာလွှဲပြောင်းမှု မရှိခဲ့ခြင်းကြောင့် အစိုးရအဖွဲ့ မဖွဲ့နိုင်ခဲ့ပေ။

၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သည့် နိုင်ငံရေးပါတီ ၉၃ ပါတီ အနက် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီးမှ ပယ်ဖျက်ခဲ့သည့် ပါတီ ၈၃ ပါတီ ရှိခဲ့ပြီး ကျန်ရှိသည့် တရားဝင် ဆက်လက်ရပ်တည်ခဲ့သော
 နိုင်ငံရေးပါတီ ၁၀ ပါတီထဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်ခဲ့သည်။

သို့သော် ယခင်စစ်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ် မတ် ၈ ရက်က ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရက်ပေါင်း 
၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံ မှတ်ပုံတင်
ရမည် ဖြစ်သော်လည်း ကန့်သတ်ချက်များနှင့် လက်မခံနိုင်သော အချက်များ ပါဝင်နေသောကြောင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက် တွင် ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထပ်မံမှတ်ပုံ မတင်ရန် ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး
 ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခြင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်
 ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပထမဆုံး
 တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် လက်မခံနိုင်သည့် အချက်များအဖြစ် ပါဝင်နေသော ပါတီဝင်များသည် ထောင်
ဒဏ်ကျခံနေရသူမဟုတ်ခြင်းဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်ခြင်း၊
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်း
 စောင့်ရှောက်ရေး” ဟူသော စကားရပ်အား “လေးစားလိုက်နာရေး” ဟု
 ပြင်ဆင်ခြင်း စသည့် အပြောင်းအလဲများကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီမှတ်ပုံတင်ရန် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် အဖြစ် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ရွေးချယ်ခဲ့ပြီး ပါတီမှတ်ပုံတင်ခြင်းကို
 နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ၂၀၁၁ ခုနှစ် 
ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထို့နောက်၂၀၁၂ ခုနှစ်ဧပြီလ ၁ရက်တွင် ပြုလုပ်သောကြားဖြတ် ရွေးကောက်ပွဲ
ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၀င်ပြိုင်သည့် မဲဆန္ဒနယ် ၄၄ နေရာတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

ရွေးချယ်ခံထားရသော ဗဟိုကော်မတီဝင်များစာရင်း

ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်
၇။ ဦးဖြိုးမင်းသိန်း
၈။ ဦးမျိုးမြင့်
၉။ ဦးကျော်ထွေး
၁၀။ ဦးမျိုးညွန့်
၁၁။ ဦးမြင့်ဌေး
၁၂။ ဦးမောင်မောင်ဦး
၁၃။ ဦးအေးနိုင်

ပဲခူးတိုင်းဒေသကြီး
၁။ ဦးမြင့်ဦး
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးစံဦး
၎။ ဒေါက်တာကျော်ကျော်
၅။ ဦးမင်းဦး
၆။ ဒေါက်တာခင်မောင်ဝင်း
၇။ ဦးအောင်သန်း
၈။ ဦးကျော်မင်း
၉။ ဦးအောင်မြင့်

စစ်ကိုင်းတိုင်းဒေသကြီး
၁။ ဦးဟံသာမြင့်
၂။ ဦးဝင်းမြင့်အောင်
၃။ ဒေါက်တာဝင်းအောင်
၎။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
၅။ ဦးကျော်သောင်း
၆။ ဒေါက်တာမြင့်နိုင်
၇။ ဒေါ်ခင်စန်းလှိုင်
၈။ ဒေါ်အေးအေးမူ(ခ)ရှားမီး
၉။ ဒေါ်ခင်မွှေးလွင်
၁၀။ ဦးခင်မောင်သိန်း
၁၁။ ဦးမြင့်ကြည်
၁၂။ ဦးဘမင်း

မန္တလေးတိုင်းဒေသကြီ:
၁။ ဦးအုန်းကြိုင်
၂။ ဒေါက်တာဇော်မြင့်မောင်
၃။ ဦးမင်းသူ
၎။ ဦးဝင်းထိန်
၅။ ဦးမောင်မောင်သန်း
၆။ ဦးကျော်စိုးလင်း
၇။ ဦးနိုင်ငံလင်း
၈။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
၉။ ဦးဖြိုးဇေယျာသော်
၁၀။ ဒေါ်ခင်သန္တာ
၁၁။ ဒေါ်စန္ဒာမင်း
၁၂။ ဦးပေါခင်

မကွေးတိုင်းဒေသကြီး
၁။ ဒေါက်တာအောင်မိုးညို
၂။ ဦးတာ
၃။ ဒေါ်ခင်စောဌေး
၎။ ဦးအောင်ကြည်ညွှန့်
၅။ ဦးသိန်းဇော်
၆။ ဦးကံဦး
၇။ ဒေါက်တာကျော်ငွေ
၈။ ဦးချစ်ထွေး
၉။ ဦးပိုက်ကို

တနင်္သာရီတိုင်းဒေသကြီး
၁။ ဦးခင်ဇော်
၂။ ဦးအောင်စိုး
၃။ ဦးစိုးရီ

ဧရာဝတီတိုင်းဒေသကြီး
၁။ ဦးဝင်းမြင့်
၂။ ဦးမန်းဂျော်နီ
၃။ ဒေါက်တာမျိုးညွန့်
၎။ ဦးသိန်းဆွေ
၅။ ဒေါက်တာလှမြတ်သွေး
၆။ ဦးမန်းညွှန့်သိန်း
၇။ ဦးကြည်ဝင်း
၈။ ဦးကျော်ဟိုး
၉။ ဦးသောင်းအေး
၁၀။ စခင်ဇော်လင်း

ရခိုင်ပြည်နယ်
၁။ ဦးညီပု
၂။ ဦးမောင်ကြွင်းအောင်
၃။ ဦးမင်းအောင်
၎။ ဦးသိန်းမောင်

ကချင်ပြည်နယ်
၁။ ဦးအောင်သိန်း
၂။ ဦးကျော်ငြိမ်း
၃။ ဦးယောဆီ
၎။ ဦးလင်းလင်းဦး
၅။ ဦးအင်ဆုံးခါးနော်ဆန်

ကရင်ပြည်နယ်
၁။ ဒေါ်နန်းခင်ထွေးမြင့်
၂။ ဦးစောတင်ဝင်း
၃။ ဦးသန်းနိုင်

ရှမ်းပြည်နယ်
၁။ ဦးထွန်းထွန်းဟိန်း
၂။ ဒေါက်တာသန်းငွေ
၃။ ဦးထွန်းရွှေ
၎။ ဦးခင်မောင်စီ
၅။ ဦးစိုင်းစွံဆိုင်း
၆။ ဦးစိုင်းဝင်းမြင့်
၇။ ဦးကျော်ခင်
၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း

ချင်းပြည်နယ်
၁။ ဦးဇိုဘွဲ
၂။ ဦးလိန်းနိုင်း
၃။ ဦးဘွဲ့ခိန်း

မွန်ပြည်နယ်
၁။ ဦးညဏ်ဝင်း
၂။ ဒေါ်ခင်ဌေးကြွယ်
၃။ ဒေါက်တာအေးဇံ
၎။ ဒေါ်နွယ်နွယ်အောင်

ကယားပြည်နယ်
၁။ ဒေါက်တာခင်စည်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
၁။ ဦးကယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
၁။ ဦးညီညီ (ခ) ညီလေးချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
၁။ ဦးမိုင်းရဲကျော်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
၁။ ဦးစိုင်းမြင့်ဆွေ

eleven media group<

လူငယ်တွေ အလုပ်အကိုင်ရရေးနဲ့ ပညာရေးကိစ္စ လွှတ်တော်မှာ ဆွေးနွေး

RFA Burmese

မြန်မာနိုင်ငံ ပညာရေးစနစ်ကို အရည်သွေးမြှင့်တင်ဖို့နဲ့ ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိစေမယ့် ပညာရေးဥပဒေတစ်ရပ်ကို လွှတ်တော်က ဦးစားပေးရေး ဆွဲသင့်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မတ်လ ၈ ရက် ဒီကနေ့မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဘွဲ့ရလူငယ်တွေ များနေတဲ့အပေါ် နိုင်ငံတော်အစိုးရအနေနဲ့ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးဖို့ မေးမြန်းရာမှာ သူရဦးရွှေမန်းက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

“ပညာရေးစနစ် ပညာရေးဥပဒေဟာလည်း အမြန်ပေါ်ပေါက်လာဖို့လိုပါတယ်၊ ကျနော်တို့ လွှတ်တော်မှာဖွဲ့စည်းထားတဲ့ ပညာရေးမြှင့်တင်မှုကော်မတီနဲ့ ပညာရေးကို အင်မတန် စိတ်ဝင်စားပြီးတော့ စွမ်းဆောင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း ပြည်သူများရဲ့အားကို ပူးပေါင်းပြီးတော့ ပညာရေးစနစ် ပညာရေးဥပဒေတစ်ခု ဖြစ်ပေါ်လာရေးအတွက် ဦးစားပေး ရေးဆွဲတင်ပြဖို့လိုကြောင်း လွှတ်တော်ကတဆင့် တင်ပြပါတယ်”

အလားတူ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီကလည်း လက်ရှိအစိုးရလက်ထက်မှာ ဘွဲ့ရအရေအတွက်များများရှိတာထက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ဖြစ်အောင် ကြိုးပမ်းနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ကာလတွေမှာ နိုင်ငံတော်အနေနဲ့ ဘွဲ့ရများအရေအတွက် များများရရှိဖို့ ရည်မှန်းခဲ့ပါတယ်၊ အခုအခါမှာတော့ အရည်အချင်းပြည့်ဝမှာသာ အလုပ်အကိုင်ရရှိနိုင်မှာဖြစ်သလို၊ ဝင်ငွေရရှိနိုင်မှာလည်းဖြစ်တဲ့အတွက် ပညာရေးရည်မှန်းချက်ကို Quality Education ဖြစ်ဖို့ ဆောင်ရွက်လျှက်ရှိပါတယ်ရှင်၊ ဘွဲ့ရလူငယ်များဟာ အလုပ်အလွယ်တကူရရှိနိုင်တဲ့ အလုပ်ခန့်ထားနိုင်တဲ့ အရည်အချင်းတွေပြည့်ဝဖို့ ယခုအခါမှာ တက္ကသိုလ်အသီးသီးက နောင်လာမယ့်ကာလမှာ လိုအပ်မယ့်အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေးအခွင့်အလမ်းများပေါ် မူတည်ပြီးတော့မှ လိုအပ်ချက်အတိုင်း မွေးထုတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်”

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းထားဟာ လူဦးရေသန်း ၆၀ ရဲ့ ၃၇ရာခိုင်နှုန်းလောက်ရှိကြောင်း အစိုးရကိန်းဂဏန်းတွေအရ သိရှိရပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု ရင်ဆိုင်နေရတာကြောင့် မလေးရှား၊ ထိုင်း၊ စင်္ကာပူနဲ့ တခြားဝေးလံတဲ့နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ လူငယ်တွေ သန်းအတော်များများရှိနေပါတယ်။

မြန်မာနိုင်ငံ လူဦးရေ သန်းပေါင်း ၆၀ မှာ ၁၅ သန်းလောက်ဟာ ဆင်းရဲမွဲတေမှု တိုင်းထွာမှုအရဆိုရင် အဆိုးဝါးဆုံးအဆင့်မှာ ရှိနေတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။

တော်ဝင် ဆူလူးတပ်မတော်နဲ့မလေး ၀န်ကြီးချုပ် နာဂျစ်

James Mint's photo.
ထိုင်းတောင်ပိုင်းနဲ့ ဖိလစ်ပိုင် တောင်ပိုင်းက ဒေသတွေဟာ မလေးရှားအပိုင်တွေပါလို့ ကြွေးကျော်ခဲ့ကြပီး မသိမသာကော သိသိသာသာပါ ထောက်ပံ့ စွက်ဖက်နေတဲ့ မလေးရှားအတွက် မိုရိုတို့ ဆာဘားကျွန်းကို သူတို့ဘိုးဘွားတွေရဲ့အပိုင်လို့ ကြွေးကျော်ပီး သိမ်းပိုက်ဖို့ ကြံစည်တာကို ခံလိုက်ရတာဟာ အရှိုက်ကို ထိုးနှက်ခံလိုက်ရသလို ဖြစ်သွားတာပါပဲ….. အခြားသူများကို လူသားခြင်းစာနာမှု လူ့အခွင့်အရေး အစရှိတာတွေကို တွင်တွင်အော်တဲ့ မလေးရှားအစိုးရ သူစိုက်ပျိုးတဲ့ အသီးအပွင့်ကို သူစားသုံးရချိန်မှာတော့ ဟန်မဆောင်နိုင်တော့ပဲ လေယာဉ်နဲ့ ဗုံးကျဲ မော်တာနဲ့ထုလို့ အသည်းအသန် ဖြေရှင်းရတော့တာပါပဲ…….

ထိုင်းတောင်ပိုင်းက အကြမ်းဖက် ဖြစ်ရပ်တွေကို ထောက်ခံခဲ့တဲ့လူတွေ၊ ဖိလစ်ပိုင် မိုရိုတွေဟာ သူတို့လွတ်လပ်ရေးအတွက် ကြိုးပန်းတာ ဟိုးဘိုးစဉ်ဘောင်ဆက် ကတည်းက နေလာတာလို့ လော်ဘီလုပ်ခဲ့သူတွေဟာ မလေးရှား ဖြစ်ရပ်မှာတော့ အာစေးထည့်ထားသလို ဆွံ့အလို့နေပါတယ်….. ထိုင်းတောင်ပိုင်းနဲ့ ဖိလစ်ပိုင် တောင်ပိုင်းတို့ဟာ မလေးတို့အရင်ကတည်းက နေထိုင်လာတဲ့အတွက် မလေးတို့ ရသင့်တယ်လို့ တွင်တွင်ကြွေးကျော်ရင်း ဘင်္ဂါလီတွေဟာ ရခိုင်မှာ အရင်ကတည်းက နေလာတာလို့ လော်ဘီလုပ်နေသူတွေလည်း အခုကိစ္စမှာ ပါးစပ်ပိတ်နေကြပါတယ်…. တစ်ခုခုဆိုရင် အမြဲလိုလို ရှေ့တန်းက ပါလေ့ရှိတဲ့ OIC လည်း အခုကိစ္စမှာ သူ့လူအချင်းချင်း ဖြစ်လေတော့ ၀င်ရောက် ဖြန်ဖြေခြင်း၊ ကျေအေးခြင်းတောင် လုပ်နိုင်စွမ်း မရှိတာ ပေါ်နေပါတယ်….

အခုဖြစ်ရပ်မှာ တရားသည် မတရားသည် ဆိုတာထက် စစ်နိုင်သူက သမိုင်းကို ပြင်ယူသည်ဆိုတဲ့ စကားအတိုင်း မိုရိုတို့ ကျင့်သုံးဖို့ ကြိုးစားလာတာ တွေ့ရပါတယ်….. ပထမဦးဆုံး သူ့လူ အယောက် ၂၀၀ လောက်ကို လက်နက်အပြည့်အစုံ တပ်ဆင်ပီးတော့မှ ဆာဘားကျွန်းစုဘက်ကို လွှတ်လိုက်တာပါပဲ…… အဲ့ဒါတွေကြောင့် မလေး ဒေသန္တရတပ်တွေ မခံနိုင်တော့လို့ လေတပ်က အသည်းအသန် ပစ်ကူပေး၊ ဗုံးကျဲရတဲ့အထိ အခြေအနေကို ရောက်ခဲ့ရတာပါ…… မလေးတပ်သာ အရောက်နောက်ကျပီး မိုရိုတပ်တွေ သိမ်းပိုက်နိုင်သွားရင် ဖြစ်ရပ်က တစ်မျိုးပြောင်းလဲ သွားနိုင်ပါတယ်…… အရင် မိုရိုတို့ ဖိလစ်ပိုင်တောင်ပိုင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းခဲ့စဉ်က မလေးအစိုးရ ပြောခဲ့တဲ့ စကားတွေနဲ့ သူ့ကို ပြန်ချည်သွားရင် ငါးပါးမှောက်မှာပါ…..

မိုရိုအဖွဲ့က အီဘရာဟမ်ကတော့ သူ့လူတွေဟာ လုံးဝလက်နက်မချဘူး၊ ဗုံးကျဲတာလည်း မသေပဲ လွတ်သွားတယ်လို့ ဆိုလာပါတယ်…. သူနဲ့ အဲ့ဒိကို တိုက်ဖို့သွားတဲ့အဖွဲ့က ကီရမ် ညီအစ်ကိုတွေနဲ့ ဖုန်းပြောခဲ့တုန်းက အားလုံး အခြေအနေကောင်းတယ်လို့ သူသိရပါတယ်တဲ့…. သူတို့ကို ဗုံးကျဲဖို့ လာတာကို သူတို့နိုးနိုးကြားကြား ရှိနေလို့ ရှောင်နိုင်တယ်….. အခုလို နေရာမှာ နိုးနိုးကြားကြား ရှိမနေပဲ ဘယ်လိုသွားတိုက်မလဲလို့ ဆိုလာပါတယ်….. နောက်ဆုံး တစ်ယောက်ကျန်တဲ့အထိ သူတို့ ဘိုးဘေးတွေ နေခဲ့တဲ့ နေရာကို ရအောင်ယူမယ်လို့လည်း ကြွေးကျော်ခဲ့ပါတယ်…. လိုအပ်ရင် စစ်ကူတွေထပ်လွှတ်ဖို့လည်း အဆင်သင့်လို့ ဆိုပါတယ်…. အဲဒိအချိန်မှာ ဘန်ကီမွန်းက သူ့ထုံးစံအတိုင်း အချင်းချင်း ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ ပြောလိုက်ချိန်မှာ မိုရိုတို့ အကြီးအကဲက အထာနပ်စွာပဲ အပစ်အခတ် ရပ်ဆဲရအောင်လို့ လေသံပစ်လာပါတယ်…….. တစ်လက်စတည်းမှာ မလေးတို့အနေနဲ့ အဆိုပါဒေသတွေအတွက် ငှားရမ်းခ သူတို့ကို ပေးသင့်တယ်လို့ အသံတွေ ထွက်လာပါတယ်……

မလေး ၀န်ကြီးချုပ် နာဂျစ်ကတော့ သူတို့မွေးထားတဲ့ မျောက်ရဲ့ အထာကို နပ်ပုံရပါတယ်…… အပစ်အခတ် ရပ်ဆဲတာကို လုံးဝလက်မခံဘူးလို့ ခပ်ပြတ်ပြတ်ပဲ ဆိုလိုက်ပါတယ်….. အဲ့ဒိ ကျူးကျော်မှုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ ဒေသကို ရောက်တုံးမှာပဲ သူပုန်တွေဟာ ချွင်းချက်မရှိ လက်နက်ချရမှာကိုပဲ ငါတို့အလိုရှိတယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်….. လုံးဝ လက်နက်မချရင်တော့ ဘယ်လောက်ပဲ ကြာပါစေ လုံးဝကို အပြတ်ရှင်းပစ်မယ်လို့ ဆိုလိုက်ပါတယ်….. လက်နက်မချပဲ ငြိမ်းချမ်းရေး ယူလိုက်ခြင်းရဲ့ အကျိုးဆက်တွေဖြစ်တဲ့ အခြားတစ်ဖက်က စစ်ကူတွေ မလိမ့်တပါတ် ဖြည့်တင်းလာခြင်း၊ ယခု အသာစီးရနေတဲ့ စစ်ရေးအရှိန်ကို လျော့ကျသွားမှာကို စိုးရိမ်တဲ့အတွက်လည်း ပါဝင်ပုံ ရပါတယ်…..

နာဂျစ်ကတော့ ပြည်သူလူထုမှတောင်းဆိုသော နိုင်ငံတော်၏ ဂုဏ်၊ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် အစိုးရအနေဖြင့် လိုအပ်သည်များကို အရေးယူမှု ဆောင်ရွက်မှုများကို လုပ်ဆောင်သွားရမယ်လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်…… သူပြောခဲ့တဲ့ စကား အပြည့်အစုံကတော့ “The government has to take the appropriate action to protect national pride and sovereignty as our people have demanded.” လို့ပဲ ဖြစ်ပါတယ်….. အခုလက်ရှိမှာတော့ မလေးအစိုးရအနေနဲ့ ဆာဘား ဒေသမှာ တစ်အိမ်တစ်ဆင်းကို အဲ့ဒိ ကျူးကျော်သူ လက်နက်ကိုင်တွေကို လိုက်လံရှင်းလင်းနေတာ ဒီနေ့အထိ နောက်ထပ် ရှင်းလင်းခဲ့တာ ၃၁ ယောက်ရှိပီး အကြမ်းဖက် ဖြစ်ရပ် စဖြစ်ခဲ့ချိန်မှာ ၁၉ ယောက်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်……… အချို့သောသူများကတော့ အဆိုပါ ရှင်းလင်းခဲ့သူများထဲမှ အများစုဟာ တိုက်ပွဲအတွင်း သေဆုံးခြင်းလား၊ လက်နက်ချပီးမှ အသတ်ခံရခြင်းလား ရှင်းရှင်းလင်းလင်း မသိရှိရဘူးလို့ ဆိုပါတယ်…….

အခုဖြစ်ရပ်ဟာ မလေးနိုင်ငံပိုင် ဆာဘားကျွန်းကို ဖိလစ်ပိုင်တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တော်ဝင် ဆူလူးတပ်မတော်လို့ သူတို့ကို သူတို့သုံးနှုံးထားတဲ့ မိုရိုလက်နက်ကိုင် အုပ်စုက ကျူးကျော်သိမ်းပိုက်ဖို့ ကျိုးစားတာ ဖြစ်ပေမယ့်လည်း မီဒီယာတွေပေါ် ရောက်သွားချိန်မှာတော့ မလေးရှားနဲ့ ဖိလစ်ပိုင် ဖြစ်သွားပါတယ်….. မော်ရိုတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် အသိအမှတ်ပြုလိုက်ရတဲ့ ဖိလစ်ပိုင် အစိုးရလည်း ဒီကိစ္စမှာ ပဠိပက္ခ အမြန်ဆုံး ရပ်ဆဲသွားဖို့ ဖိအားပေး ခံနေရပါတယ်…… ဖိလစ်ပိုင် သမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရစ်ကီကတော့ မလေးရှားမှာ ရောက်နေစဉ်အတွင်း ပြောဆိုခဲ့တာကတော့ ဒီဖြစ်ရပ်တွေကို ရှောင်ကျဉ်နိုင်ဖို့ ငါတို့ဘက်က လုပ်နိုင်သလောက် လုပ်ပီးသွားပီ၊ ဒါပေမယ့် အဆုံးသတ်ကတော့ ကီရန်ရဲ့ လူတွေက သူတို့လမ်းကို သူတို့ရွေးနေတာပဲ လို့ ဆိုလိုက်ပါတယ်…. ဖိလစ်ပိုင် သမ္မတ အကွီနိုကလည်း မိုရိုတို့ ခေါင်းဆောင် ဂျမာလူးကို အပြစ်ပေးချင်တယ်လို့ ထုတ်ဖော်ပြောလာပါတယ်…….

အခုဖြစ်ရပ်ကို သုံးသပ်ကြည့်ရင်တော့ ကိုယ်မွေးတဲ့မျောက် ကိုယ်ပြန်ချောက်ခံရတဲ့ မလေးရှားဟာ သူကိုယ်တိုင် မီးခဲကိုင်မိချိန်မှာတော့ ဘယ်သူ့မျက်နှာမှ မထောက်တော့ပဲ ချွင်းချက်မရှိ လက်နက်ချ၊ မချရင် အပြုတ်တိုက်မယ်လို့ ထုတ်ဖော်ပြောလာတဲ့အပြင် သူ့နိုင်ငံရဲ့ ဂုဏ်၊ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အရေးယူမှု မှန်သမျှ လုပ်သွားမယ်လို့ကို ခပ်ပြတ်ပြတ်ပဲ ဆိုလာပါတယ်….. မလေး သတင်းတွေကလည်း ဆာဘားကို တရားမ၀င် ကျူးကျော်လာသူတွေဟာ မလေးရှားနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပီလို့ တညီတညွတ်တည်း ထွက်ဆိုလာကြပါတယ်…… ဒါတွေကို သင်ခန်းစာယူရင်း ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ကျူးကျော်သူ စစ်တကောင်းသား ဘင်္ဂါလီ ခေါ်တောများနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာ ခပ်ပြတ်ပြတ် ဖြေရှင်းဖို့ လိုနေပီဆိုတာ မိုရိုတို့ အခြေပြု စတင်ခဲ့သည်မှသည် အခုလုပ်ရပ်တွေကို ကြည့်ရင်း သင်ခန်းစာယူဖို့လိုပီလို့ပဲ ဆိုပါရစေ……

မြောက်ကိုရီးယားမှ တောင်ကိုရီးယားနှင့် စစ်ရပ်ဆိုင်းရေးစာချုပ်အားလုံး ဖျက်သိမ်း၊ မြို့တော်ဆိုးလ်နှင့် အရေးပေါ်ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများကို ဖြတ်တောက်

 Published on 8 Mar 2013

အကယ်၍ မိမိတို့ နိုင်ငံကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည် ဆိုပါက မြောက်ကိုရီးယားဆိုသော နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မည် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကုလသမဂ္ဂက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်မှုနှင့် ပတ်သက်ပြီး ပိတ်ပင်တားဆီးမှု အသစ်များ ပြုလုပ်ခဲ့သည့်နောက် မြောက်ကိုရီးယားက မိမိတို့နှင့် တောင်ကိုရီးယားတို့ကြား ငြိမ်းချမ်းရေး ကာလများ ပြီးဆုံးသွားနိုင်ကြောင်း ကြေညာခဲ့သည်။
ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာက ထင်မြင်ချက် အမျိုးမျိုးနှင့် စောင့်ကြည့်နေချိန်တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကင်မ်မင်ဆွတ်ခ်က "လူသားမျိုးနွယ်ဝင် တစ်ယောက် အနေနဲ့ ကျွန်တော် ပြောနိုင်တာကတော့ မြောက်ကိုရီးယားဘက်က ကျွန်တော်တို့ကို နျူကလီးယားနဲ့ တိုက်မယ်ဆိုရင် ကင်မ်ဂျုံအန်း အစိုးရရဲ့ နိုင်ငံဟာလည်း ကမ္ဘာမြေပေါ်က အပြီးတိုင် ပျောက်ဆုံးသွားလိမ့်မယ်။ ဒါဟာ လူသားဆန်မှုရဲ့ အလိုတော်အရပဲ"ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီယားက မိမိတို့သည် ရန်မလိုရေး နှစ်နိုင်ငံ သဘောတူထားမှုအတွက် တောင်ကိုရီးယားနှင့် ဆက်လက် လက်တွဲရန် ဆန္ဒမရှိတော့ကြောင်း ပိတ်ဆို့မှုအသစ် ကြေညာချက် အပြီးတွင် ပြောကြားခဲ့သည်။ လတ်တလောတွင် ကုလသမဂ္ဂသည် မြောက်ကိုရီးယား၏ ကုန်တင်သင်္ဘောနှင့် ကုန်တင် လေယာဉ်များကို စိတ်တိုင်းကျ စီစစ်ခွင့်အပြင် အခြားပိုမိုတင်းကျပ်သည့် ပိတ်ဆို့ တားမြစ်မှုများကို ကုလသမဂ္ဂက ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို (၁၅)နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ဒီဇင်ဘာလက မြောက်ကိုရီးယား၏ အရဲကိုးသော ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အရေးယူ ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်ပြီး မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်လိုက်ရာတွင်မူ ပိတ်ဆို့မှုကို ရှောင်လွှဲရန် ပိုမို ခက်ခဲသွားခဲ့သည်။
Source: Xinhua
http://www.planet.com.mm/news/read.cfm/id/21150

The Lady ရဲ့ စားဖိုမှူး

မြန်မာနိုင်ငံမှာ အထင်ရှားဆုံးသူ တဦးအတွက် လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က ချက်ပြုတ်ကျွေးမွေးရေး တာဝန်ကို လွဲပြောင်းယူလိုက်ရတဲ့ အချိန်မှာ ဦးမြင့်စိုးရဲ့ ပထမဆုံး လုပ်ရတာကတော့ သူဘာလုပ်မယ်ဆိုတာကို လူတွေ မမြင်နိုင်တဲ့ လျှို့ဝှက်နေရာတခု ကိုရှာရတာပါ။
အဲဒီနောက်မှာတော့ ဦးမြင့်စိုးဟာ အလုပ်လုပ်ဖို့အတွက် ဂက်စ်မီးဖိုလေး တလုံးနဲ့ ချက်ပြုတ်ဖို့ အိုးခွက်တချို့ကို ပထမဆုံး ၀ယ်ရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဆံပင်ရှည်တွေကို ပိုနီတေလ်းပုံစံ စည်းထားပြီး ခပ်ဖိုင့်ဖိုင့် ပုံစံရှိတဲ့ ဦးမြင့်စိုးဟာ အခန်းတခုထဲကနေ နေ့စဉ် နံနက် ၉ နာရီခွဲဆိုတာနဲ့ ထွက်လာလေ့ ရှိပါတယ်။ အဲဒီအချိန်မျိုးမှာ သူ့လက်ထဲမှာလည်း အစားအသောက်တွေ အပြည့်နဲ့ ပလပ်စတစ်အိတ်ကြီး၂ လုံးကို ဆွဲ၊ တက္ကသိုလ် ရိပ်သာလမ်းဘက်ကို ဦးတည်သွားတော့တာပါပဲ။
“ဒါက ကျနော့်ရဲ့ လျှို့ဝှက် မီးဖိုချောင်ပေါ့။ ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ ကျနော် ခင်ဗျားကို မပြောနိုင်ပါဘူး။ ဘယ်သူမှလည်း မသိခဲ့ဘူး၊ ဒါက သူ့လုံခြုံရေးကြောင့်ပါ” လို့ အခု အသက် ၆၁ နှစ်အရွယ် ဦးမြင့်စိုးက ဧရာဝတီကို ပြောပါတယ်။
သူ့အနေနဲ့ အခုလို လျှို့ဝှက်နေရတဲ့ အကြောင်းကတော့ ဦးမြင့်စိုးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် ကာလတလျှောက် သူ့အတွက် အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးရတဲ့ တာဝန်ယူထားသူ ဖြစ်လို့ပါပဲ။ သူ အစားအသောက်တွေ ဘယ်မှာချက်တယ် ဆိုတာကို လူတွေ သိသွားရင် ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားသူတွေက အစားအသောက်တွေထဲ အဆိပ်လာခတ်မှာကို သူက စိုးရိမ်ပါတယ်။
“ဖိုးလေး” လို့လည်း လူသိများတဲ့ ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သီးသန့် စားဖိုမှူးအဖြစ် ၁၉၉၅ တည်းက တာဝန်ယူခဲ့တာပါ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု စားဖိုမှူးဆီကနေ ၁၉၉၅ ခုနှစ် ဇူလိုင်လကတည်းက တာဝန်လွဲယူခဲ့သူလည်း ဖြစ်ပါတယ်။
နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်ရဲ့ အင်းလျားကန်ဘေးအိမ်က မီးဖိုချောင်မှာ သူဟာ ၁၉၉၅ ကနေ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ထပ်ကျခံခဲ့ရတဲ့ အချိန်မတိုင်ခင်အထိ အစားအသောက်တွေကို ပြင်ဆင် ချက်ပြုတ်ခဲ့ပါတယ်။ ဒါပေမယ့် အကျယ်ချုပ် စတင်ချိန်ကစပြီး ခြံဝန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တခြား အမျိုးသမီး ၂ ဦး တည်းနဲ့သာ အတူနေထိုင်ခွင့် ရတော့တယ်။
၂၀၀၄ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်အရ ဦးမြင့်စိုးနဲ့ သူ့သူငယ်ချင်း တယောက်ဟာ အပြင်ကနေ အစားအသောက်တွေ ချက်ပြုတ်ပြီး နေအိမ်ခြံဝန်းထဲကို ပို့ပေးခွင့်ရခဲ့ပါတယ်။ ၂၀၀၅ မှာတော့ သူ့ သူငယ်ချင်း ကျန်းမာရေးအရ အနားယူလိုက်ရတဲ့အချိန်မှာ ဦးမြင့်စိုးဟာ တာဝန်တွေကို တဦးတည်း ယူလိုက်ရပါတော့တယ်။
“အဲဒီကာလတွေတုန်းက ကျနော် တရက်ပဲ ထမင်းဟင်းပို့တဲ့ တာဝန် ပျက်ကွက်ခဲ့ဖူးတယ်။ ဘာကြောင့်လဲ ဆိုတော့ ၂၀၀၈ ခုနှစ် မေလ ၃ ရက်နေ့တုန်းက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကိုသွားတဲ့ လမ်းတိုင်းလိုလို သစ်ပင်တွေ အတုံးအရုန်း လဲပြိုကျပြီး လမ်းတွေ ပိတ်ဆို့နေခဲ့လို့ပါ” လို့ ဦးမြင့်စိုးက ဆိုပါတယ်။
သူ့အလုပ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု လုပ်တဲ့နေရာမှာ ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည် စားသောက်တဲ့ ဟင်းလျာတွေမှာ ရှောင်ရန် ဆောင်ရန်တွေနဲ့ ပတ်သက်ပြီး သိအောင် အရင်လုပ်ရပါတယ်။
“အစ်မက ၀က်သား၊ အမဲသား၊ ဆိတ်သား မစားဘူး။ နောက်ပြီး အချိုမှုန့်၊ ဆီများတာကို ရှောင်တယ်။ အငံမစားဘူး။ ငါး၊ ပုဇွန်နဲ့ အသီးအရွက်တွေကိုတော့ သူ့အကြိုက်တွေပဲ။ ကြက်နဲ့ ဘဲလည်း ပါတယ်” လို့ သူက ပြန်ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ ချက်ရတုန်းကတော့ နံနက်စာအတွက် ဦးမြင့်စိုးဟာ နေ့စဉ် မနက် ၈ နာရီ၊ ၉ နာရီ ၀န်းကျင် အချိန်ရောက်တိုင်း မြန်မာ့ရိုးရာ အစားအသောက် တချို့ကို စီစဉ်ပေးရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် အသားဟင်းတခွက်၊ salad, ဟင်းရည်နဲ့ ထမင်းနည်းနည်းကို အချိုးကျ သူက ပြင်ဆင်ပေးခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေ့လယ်စာဆိုရင် နေ့လည် ၁၂ နာရီ ၀န်းကျင်လောက်မှာ စားတတ်ပြီး ညစာကိုတော့ ညဘက် ၇ နာရီလောက်မှာ စားသုံးတယ်လို့ သူက ဆိုပါတယ်။
“သူက ကျန်းမာရေးကို သိပ်ဂရုစိုက်တာ။ အချိုမှုန့်အစား သကြားကိုပဲ သုံးဖို့ ကျနော့်ကို ပြောတယ်။ ဒီ့အပြင် သူက မ၀ချင်ဘူး” လို့ ဦးမြင့်စိုးက ပြောပါတယ်။
နိုင်ငံရဲ့ အကျော်ကြားဆုံးသူတဦးကို အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးရပေမယ့် တကယ်တော့ ဦးမြင့်စိုးဟာ ချက်နည်းပြုတ်နည်း သင်တန်း တခါမှ မတက်ဖူးပါဘူး။
ဒါပေမယ် ငယ်ငယ်တုန်းက သူ့အမေရဲ့ မီးဖိုချောင် အလုပ်တွေကို ကူညီ လုပ်ဆောင်ပေးခဲ့ရလို့ သူ့ရဲ့ အချက်အပြုတ် စွမ်းရည်ဟာ တိုးတက်လာခဲ့ပြီး NLD ပါတီဝင်တွေ၊ အပေါင်းအသင်းတွေကြား သူဟင်းချက်ကောင်းတယ်ဆိုတာ လူသိများလာခဲ့တယ်။
“အစ်မက စားဖိုမှူးအသစ် လိုချင်ခဲ့တုန်းက ကျနော့် သူငယ်ချင်းတွေက လွယ်လင့်တကူပဲ ကျနော့်ကို ညွှန်းခဲ့ကြတယ်။ အဲဒီကနေ ကျနော်လည်း အစ်မရဲ့ စားဖိုမှူးဖြစ်လာခဲ့တာ။ ကျနော် ချက်ပြုတ်ကျွေးတဲ့ အစားအသောက်တွေနဲ့ ပတ်သက်လို့ အစ်မက တခါမှ ချိုသည်၊ ခါးသည် မပြောဖူးဘူးသလို သူ ဘာစားချင်တယ် ဆိုတာလည်း တခါမှ မပြောခဲ့ဖူးဘူး” လို့ ဦးမြင့်စိုးက ရှင်းပြပါတယ်။
ခြံအမှတ် ၅၄၊ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ကာလ တလျှောက် ဒေါ်အောင်ဆန်းစုကြည် အတွက် အစားအသောက်တွေ သွားပို့တဲ့ အချိန်တိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စိစစ်မှု စီစဉ်မှုတွေနဲ့ ဖြတ်သန်းသွားခဲ့ရတာလို့ အဲဒီတုန်းက အဖြစ်တွေကိုသူက ဒီလို ပြောပြပါတယ်။
“ကျနော် ယူသွားပြီး ပို့ပေးတာတွေဟာ အစားအသောက်တွေချည်း ဆိုတာ ဟုတ် မဟုတ်၊ ဒီအပြင် ဘာမှ မပါဘူး ဆိုတာ သေချာအောင် သူတို့က နေ့တိုင်း စစ်ဆေးတယ်၊ ပြီးတော့ ဓာတ်ပုံရိုက်တယ်။ သူတို့ နေ့တိုင်း လုပ်တာဗျာ” လို့ သူက ပြန်ပြောပြပါတယ်။
အဲဒီလို စစ်ဆေးပြီးရင်တော့ နေအိမ်ဂိတ် အရှေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်ခဲ့တဲ့ အမျိုးသမီး တဦးဆီကို အစားအသောက်တွေ ထည့်ထားတဲ့ ပလပ်စတစ်ဗူးတွေ သူက လက်လွှဲပေးခဲ့ရတာပါ။ ဒီလို ပေးတဲ့အခါမှာလည်း အဆိုပါ အမျိုးသမီးရဲ့ ဘေးမှာ မတ်တတ်ရပ်ပြီး စောင့်ကြည့်နေတဲ့ လုံခြုံရေးတပ်သားရဲ့ မျက်လုံးအစုံတွေရှေ့မှာပဲ လုပ်ရပါတယ်။
အဲဒီ အခါမှာတော့ နောက်တခေါက်လာရင် ဒေါ်အောင်ဆန်းစုကြည်က ဘာတွေကို လိုချင်တယ်ဆိုတဲ့ စာရင်းကို အဲဒီ အမျိုးသမီးကြီးက ရွတ်ပြတာကို သူ့က လိုက်မှတ်ပါတယ်။
“ဒီလိုပဲ နေ့စဉ် ကျနော် လုပ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အစ်မ အခြေအနေ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ သိနိုင်တဲ့လမ်းက ဒီတလမ်းပဲ ရှိတာကိုး” လို့ သူက ပြောပါတယ်။
တကယ်တော့ ဦးမြင့်စိုးဟာ ကလေးဘ၀ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို ကြည်ညိုသူပါ။။ ဒါကြောင့် သူဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို အစကတည်းကနေ အခုအထိ အခိုင်အမာ ထောက်ခံသူဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် NLD ပါတီကို စတင် တည်ထောင်လိုက်စဉ်က သူဟာ NLD ပါတီကို ၁၅ ဦးမြောက် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။
“အစ်မက အဖေတူ သမီးလေ။ ကျနော်က နိုင်ငံနဲ့ တိုင်းသူပြည်သားတွေ အတွက် သူတို့ ဘ၀တွေကို စွန့်လွှတ်ကြတဲ့ သူတို့ကို လေးစားတယ်” လို့ ဦးမြင့်စိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွှန်းပြီး ပြောပါတယ်။
NLD နာယက အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်က “ဆယ်စုနှစ်နဲ့ ချီပြီး နေ့စဉ် ဒေါ်အောင်ဆန်းစုကြည်ကို သူက အလုပ်အကျွေးပြုခဲ့တာ၊ သူကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကြည့်ခြင်းအားဖြင့် ဖိုးလေးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူဘယ်လောက် သစ္စာရှိတယ်ဆိုတာ လူတိုင်း အလွယ်တကူ ခန့်မှန်းနိုင်မှာပါ” လို့ မှတ်ချက်ပြုပါတယ်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ခဲ့တယ်။ အဲဒီ နောက်ပိုင်း ဦးမြင့်စိုး ဟာ NLD ခေါင်းဆောင်အတွက် စားဖိုမှူး မဟုတ်တော့ပါဘူး။
အခုဆိုရင် သူဟာ အသက် ၆၀ ထဲ ၀င်လာခဲ့ပါပြီ။ စားဖိုမှူး ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်ပြောင်း အောက်မေ့ရင်း စာရေးတဲ့ဘက် လှည့်သွားပြီး စာတွေရေးနေပါပြီ။ မကြာသေးမီက သူ့ရဲ့ “အောင်ဆန်းရဲ့ သမီး” လို့ အမည်ရတဲ့ စာအုပ်ကတော့ ရောင်းအကောင်းဆုံး ဖြစ်လာပါတယ်။
“ကျနော် ယုံကြည်ရတဲ့ သူတွေကို အစ်မအတွက် ဟင်းချက်တဲ့ အလုပ် လွဲပေးလိုက်ပြီ။ အစ်မ အတွက်တော့ သူတို့ ကောင်းကောင်း လုပ်ပေးနိုင်မှာပါ” လို့ သူက ဆိုပါတယ်။
ဦးမြင့်စိုးက ဆက်လက်ပြီး “အခုတော့ ကျနော့်မှာ အစ်မရဲ့ ဘ၀မှတ်တမ်းကို လုပ်ဖို့ အချိန်ရပြီ။ အစ်မနဲ့ အနီးကပ်ဆုံး နေခဲ့တဲ့သူတွေထဲက တဦးအနေနဲ့ ကျနော့်မှာ အစ်မအကြောင်း ရေးစရာတွေ အများကြီး ရှိပါတယ်” လို့ ပြောပါတယ်။
ဒါပေမယ့်လည်း အကျင့်ဟောင်းဆိုတာ့ ဖြတ်ရခက်သား။
“အစ်မ လွှတ်တော်ကို မတက်ရတဲ့အချိန်မျိုးဆို တလကို ၁ ကြိမ်၊ ၂ ကြိမ်လောက်တော့ ကျတော် ၀င်ချက်ပေးနေတုန်းပဲ” လို့ ဦးမြင့်စိုးက ဆိုပါတယ်။ ။

NLABR
Web-site: www.nlabr.com
Facebook: Sa Maung

၉၆၉ လက်ပတ်များပတ်ပြီး ရမ်းကားနေသူများတွေ့ရှိပါကဂန္တ၀ါစကအဖွဲ့သို့ ဆက်သွယ်ပါ

လူထု မောင်ကာဠု
 ယောကျာ်းလေး ၃ ယောက်နဲ့ မိန်းကလေး ၂ ယောက်ခန့်သည် ၉၆၉ လက်ပတ်များပတ်ပြီး ကြိုတင်စည်းဝါးရိုက်ထားသော ကုလားဆိုင်များတွင် ဈေးဝယ်ချင်ယောင်ဆောင်နေသော မြန်မာများနှင့်ကုလားများအား ကုလားဆိုင်တွင် ဈေးမ၀ယ်ရန်
 ပြောဆိုနေကြပါသည်။ ထိုသို့ ပြောဆိုနေစဉ်အတွင်း ကုလားဆိုင်များမှ CCTV များဖြင့် ရိုက်ယူထားပါသည်။

ကျွန်တော်တို့ ၉၆၉ ဆောင်၇ွက်နေသူများသည် ငြိမ်းချမ်းစွာ လုပ်ဆောင်နေကြ သူများ ဖြစ်ပြီး ထိုသို့ ပြောဆိုလုပ်ကိုင်ခြင်းလုံးဝမရှိပါ။
ထိုသို့ ၉၆၉ လက်ပတ်များပတ်ပြီး ရမ်းကားနေသူများတွေ့ရှိပါကလည်း ပြည်သူများအနေဖြင့် ဖုန်းနံပါတ် ဂန္တ၀ါစကအဖွဲ့
၀၉၄၂၁၁၄၆၅၃၄ သို့ ဆက်သွယ်သတင်းပေးကြပါရန် လေးစားစွာ ဖြင့် မေတ္တာရပ်ခံ အပ်ပါသည်ခင်ဗျာ။

ဟိုဆွဲခေါ် ဒီဆွဲခေါ်မှန်းသိသာ......

r
Hmuu Zaw
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပငါးနိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆို
============================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဥရောပနိုင်ငံများ ဖြစ်သည့် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ယနေ့ နံနက် (၈) နာရီ (၄၅) မိနစ်တွင် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ထိုင်း၊ ပြင်သစ်၊ နော်ဝေ၊ အီတလီနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံရုံးယာယီ တာဝန်ခံများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့အတူ ဧည့်ကြိုခန်းမဆောင် အတွင်း၌ တိုင်းရင်းသူလေးများက နိုင်ငံတော် သမ္မတအား ပန်းစည်းဆက်၍ ကြိုဆိုကြပြီး နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်ရုံအလုပ်ရုံများ၊ ကုမ္ပဏီများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ အဖွဲ့ဝင်များနှင့် ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်း အတွင်းနှင့် လေဆိပ်လမ်း တစ်လျှောက်၌ နိုင်ငံတော် အလံငယ်များအား ဝှေ့ယမ်း၍လည်းကောင်း၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြရာနိုင်ငံတော် သမ္မတကြီးကလည်း ကြိုဆိုနှုတ်ဆက်ကြသူများအား ရင်းရင်းနှီးနှီး ပြန်လည် နှုတ်ဆက်သည်။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/03/08/id-2831