Saturday, March 9, 2013

မိုးပေါ်ကပြုတ်ကျ လာရင်သိပ်ကောင်းမှာ.....။




မစ္စတာကင်တားနား၏ ကိုးကွယ်သည့်ဘာသာအပေါ် မူတည်ကာ
နှိမ့်ချခွဲခြားမှုမရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း ပြောကြား
မှုနှင့် ပတ်သက်၍လည်းအာဖဂန်နစ္စတန်အတွက်ကမ္ဘာ့ကုလသမဂ္ဂ
ရဲ့ ကိုယ်စားလှယ် ကရောအဲ့လိုပြောခဲ့ပါသလား ? ။ကမ္ဘာ့ကုလသမဂ္ဂ
ကမြန်မာနိုင်ငံတခုထဲအနိုင်ကျင့်တာလား...။၈၂ ဥပဒေ ပြင်တာမပြင်
တာမြန်မာလူမျိုးတွေကိစ္စ..လိုအပ်ရင်တောင်လွှတ်တော်မှာပဲပြင်ဆင်
ဆွေးနွေးရမယ့်ကိစ္စ၊ဒါကတပိုင်း......။
ကျောက်နီမော်နဲ့တောင်ကုတ်ကိစ္စမတိုင်ခင်အရင်ထဲက
ထောက်ပြခဲ့တာကဘင်္ဂလားနယ်စပ်မှာလုပ်စားနေတဲ့ကိစ္စ၊မှတ်ပုံတင်
မျိုးစုံဈေးနုံးမျိုးစုံကိစ္စ၊ခိုးဝင်သူလား၊အခြေချသူလား၊နိုင်ငံသားအဆင့်
လား၊စီစစ်ဖို့၊လုပ်စားသူတွေအရေးယူဖို့နောက်ပြီးမြန်မာနိုင်ငံအရှေ့
မြောက်ပိုင်းနဲ့မန္တလေးမှာတရုတ်တွေများပြားလာမှုအပေါ်စီစစ်ပေးဖို့
ဒီလောက်ပဲတွန်းအားပေးခဲ့တယ်။အဲ့ဒီအချိန်မှာရခိုင်-ဘင်္ဂလီကိစ္စဖြစ်
တယ်။အခုဆို ၉၆၉ထိဖြစ်လာတယ်။။။ကျွန်တော်တို့ ထောက်ပြနေ
တဲ့ကိစ္စတွေမှေးမှိန်သွားတာမျိုးတော့မဖြစ်သင့်ပါဖူး။စီစစ်ပေးပါလို့
ပဲပြောချင်တယ်။၉၆၉ကိစ္စဟာဘင်္ဂလီကိစ္စကနေဆက်ပွားခဲ့တဲ့ကိစ္စဖြစ်
တယ်။ဒါပေမယ့်ဘင်္ဂလီကိုဦးမတည်ပဲဘာသာရေးကိုဦးတည်လာပြီ။
ကျွန်တော်တို့သွားနေတာစီစစ်ရေး၊ဖြစ်နေတာကဆန့်ကျင်ရေး၊
မြန်မာနိုင်ငံမှာ ၈၂ နဲ့ပဲစံထားစံထားနိုင်ငံသားဖြစ်ပြီးဘိုးစဉ်ဘောင်
ဆက်နေလာတဲ့တရုတ်နဲ့ကုလား(မူဆလင်-ဟိန္နူ-ဗုဒ္ဒဘာသာ)
တွေကိုတော့ပစ်ပယ်ဆန့်ကျင်လိုက်တာမျိုးတော့မဖြစ်သင့်ပါဖူး။
သစ္စာမစောင့်သိဖူးဆိုရင်လဲအစိုးရကပဲစစ်ဆေးဖမ်းဆီးထောင်ချ
တာလုပ်သင့်တယ်၊တရုတ်ကတော့ပြောရခက်တယ်..."ဘာသာရေး
ဝမသိဖူး..နိုင်ငံသားဝဂီရုမီစိုက်ဖူး...တိုင်းရင်းသားဝကိုမီပေးနဲ့ရလယ်
ဝဆိုင်ကပေါက်စီတနေ့တလုံးသာလာဝယ်စားဝကျေနပ်လယ်......။"
ဆိုတော့ကာစီစစ်ရမဲ့သူတောင်ပေါက်စီဝယ်စားရမလိုဖြစ်နေတယ်။
အဓိကကျတာပဲဆက်ဆွေးနွေးချင်တယ်။။။ကုလား(ဟိန္နူ-ဗုဒ္ဒဘာသာ)
နဲ့ကျဘာမှအသံမကြားရပဲကုလား(မူဆလင်)တွေအပေါ်မှာပဲသဘော
ထားတင်းမာတာတွေ့ရတယ်။အဲ့ဒီတော့ကုလားဆိုတဲ့လူမျိုးကိုတိုက်
တာမဟုတ်ပဲဘာသာကိုတိုက်သလိုမျိုးတွေ့လာတယ်။တကယ်လုပ်ရ
မယ်မပြောပါဖူးတကယ်လို့အဲဒီမူဆလင်တွေ(ဟိန္နူ-ဗုဒ္ဒဘာသာ)အဖြစ်
အိန္ဒိယမှာလိုပြောင်းလိုက်ရင်သေချာတယ် ၉၆၉ စစ်ဆင်ရေးကြီးရပ်
သွားမယ်...။ပြောင်းတဲ့သူတယောက်စနှစ်ယောက်စပဲတွေ့ဖူးပါတယ်။
အဲဒီတော့အစ္စလာမ်နဲ့ဗုဒ္ဒဘာသာဝင်အကြားသင့်မြတ်ရေးကအဓိကကျ
လာပါပြီ။
လုပ်ဟေ့..လို့ပြောရင်လည်းလှုံဆော်သူဖြစ်မယ်...
မလုပ်နဲ့...ဆိုရင်လည်းဗမာဗုဒ္ဒဘာသာမဟုတ်ဖူးလားအဆဲခံရမယ်။
ဒီကိစ္စအစိုးရကစီစစ်တာတွေဆက်တိုက်လုပ်ပြခဲ့ရင်ဖြစ်လာစရာအ
ကြောင်းကိုမရှိတာ။
အဲဒီမှာတလောကဖေ့ဘွတ်ပေါ်မှာတွေ့လိုက်တာလေးမဆိုးဖူး၊သင့်မြတ်
ရေးလမ်းကြောင်းတခုပေါ်လာနိုင်တယ်။ဘာလဲဆိုတော့ ၈၈ ကိုမြအေး
ကအစ္စလာမ်ဘာသာရေးအဖွဲ့ကသူတွေကိုတွေ့ဆုံပြီးသင့်မြတ်ရေးနည်း
လမ်းတချို့ချပြခဲ့တယ်။
အစ္စလာမ်ဘာသာဆိုပေမယ့်မြန်မာဓလေ့နဲ့ကိုက်ညီတဲ့ပုံမျိုးသွားဖို့
ဆိုတာကိုဆွေးနွေးခဲ့တယ်။
အာရပ်နိုင်ငံတွေမှာကဘာသာရေးနဲ့အုပ်ချူပ်ရေးကတွဲနေတတ်တော့
အိမ်ထောင်သားမွေးအရွယ်မိန်းကလေးအပြင်ထွက်ရင်မျက်နှာအုပ်ရ
တာ၊မင်္ဂလာဆောင်သီချင်းမဆိုရတာ၊ဘာသာရေးကြောင့်လား၊ဥပဒေ
ကြောင့်လားမကွဲပြားတော့ဖူး..တွဲပြီးအုပ်ချူပ်နေတာဆိုတော့၊
မြန်မာနိုင်ငံမှာကဥပဒေအရမရှိဖူး၊ဘာသာရေးအရပဲရှိနိုင်တယ်၊ဆိုတော့
မြန်မာ့ဓလေ့နဲ့ကိုက်ညီအောင်ပြောင်းလို့ရတာတွေပြောင်းနိုင်အောင်
ရှင်းပြတာတွေရှိတယ်။ဥပမာဗလီသွားတာကအစမြန်မာအ၀တ်အစား
ပဲဝတ်ဖို့စသဖြင့်အချက်အတော်များများတင်ပြခဲ့ပေမယ့်..တုံ့ပြန်ရေး
တဲ့ဆောင်းပါးတခုမှာတော့အချက်အကုန်နီးပါးကိုပါပဲ..မဖြစ်နိုင်တဲ့ပုံ
ပြန်ရေးထာတာဖတ်ရတယ်..ပြန်ရှာတာမတွေ့တော့ဖူး....။
ဘယ်ဘာသာပဲဖြစ်ဖြစ်အလွန်အကျွံတင်းကျပ်ကျင့်သုံးတာလူကိုထိ
ခိုက်စေတယ်....ဥပမာ..တခုပြချင်တယ်။
ရေခဲတဲ့နိင်ငံတွေကဗုဒ္ဒဘာသာဘုန်းကြီးတွေတိုင်ပင်ဖူးတယ်။
ငါးပါးသီလမှာသူရာမေတာရကိုဖြုတ်ပြီးလေးပါးသီလပဲပေးဖို့...။
အရမ်းအေးတော့ကျမ်းမာရေးသွေးလည်ပတ်မှုအားကောင်းဖို့စသဖြင့်
ဝိုင်လေးလောက်ဆေးဖြစ်ဝါးဖြစ်မှီဝဲရတာရှိတယ်။အဲလိုလူတွေငါးပါးသီလ
ယူဖို့ခက်တယ်။ဘုန်းကြီးကျောင်းမလာချင်တာတွေရှိမယ်..လာစေချင်တယ်
ဖြုတ်ပေးလို့ဖြစ်နိုင်မလားဆွေးနွေးဖူးတယ်။
နောက်အရေးကြီးတဲ့တချက်ကရန်ကုန်လို့မြို့ကြီးတွေမှာနေတဲ့သူတွေ
သတိထားဖို့ပါ။ဘိုးစဉ်ဘောင်ဆက်နေခဲ့တဲ့သူတွေရဲ့မူလအစဟာအိန္ဒိယ
ကလည်းဖြစ်နိုင်တယ်။ဘင်္ဂလားဒေ့ရှ်ဖက်ကလည်းဖြစ်နိုင်တယ် ၈၂ လို
ဟာနဲ့လည်းကိုက်ညီလို့နိုင်ငံသားဖြစ်ပြီးသူတွေဖြစ်တယ်။အဲဒီသူတွေဟာ
လတ်တလောမတင်မကျဖြစ်နေတဲံဘူးသီးတောင်မောင်တောဖက်က
နေလာချင်သူတွေကိုစီစစ်မှုမလုပ်ရသေးခင်ဘယ်လိုဆက်သွယ်မှုနဲ့မှ
လက်ခံခေါ်ယူတာမလုပ်သင့်ပါဖူး။မိမိကိုပါထိခိုက်စေနိုင်တယ်။ပိုက်ဆံ
ယူပြီးပို့တဲ့အစိုးရ၀န်ထမ်းတွေကိုလည်းနိုင်ငံတော်သစ္စာဖေါက်ဖျက်မှု
နဲ့အရေးယူပေးပါ။
ထပ်ပြောချင်ပါတယ်။။ကျွန်တော်တို့လိုချင်တာစီစစ်ရေး..စီစစ်ရေး
ဖြစ်ပါတယ်။၉၆၉ကိစ္စနဲ့စီစစ်ရေးတွဲကြည့်လို့မရဖူးဖြစ်နေပါတယ်...။
ဒီအချိန်မှာဘာကို..ဘယ်သူ့ကို...တောင်းဆိုရမှာလည်းသုံးသပ်စေချင်တယ်။

အမေစုပြောဖူးတဲ့" Rule of the law " ဆိုတာကြီးအခုနေမိုးပေါ်ကပြုတ်ကျ
လာရင်သိပ်ကောင်းမှာပဲ...တကယ်ပါ......။

ရဲရင့်ငယ်
3/9/2013




ဂုဏ်သိက္ခာများကို မွေးဖွါးသူ၏ အနာဂါတ်မှာ



ဥရောပခရီးစဉ်မှ မြန်မာသမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ မြန်မာနိုင်ငံကို
ပြန်ရောက်လာပြီ ။ ကြိုဆိုသည့်သူများကိုလည်း သောင်းသောင်းဖြဖြ
ကြိုဆိုနေကြရာ မြင်ရသူအပေါင်းလည်း စိတ်ချမ်းသာရပါသည် ။
မြန်မာနိုင်ငံအတွက် ဥရောပခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးများကို
အုဋ္ဌ်မြစ်ချဆောင်ရွက်နိုင်ခဲ့ ကြ၍ မြန်မာနိုင်ငံသားများ ကြိုဆိုဝမ်းမြောက်
ပီတိဖြစ်ကြရသည်ဟု မြင်သည် ။ သမ္မတကြီး ဦးသိန်းစိန်၏ ဤခရီးစဉ်မှာ
နော်ဝေးနိုင်ငံ-ဖင်လန်နိုင်ငံတို့ တွင် ဒီမိုကရေစီအင်အားစုများက
ဆန္ဒပြတောင်းဆိုပွဲများကို ပြုလုပ်ခဲ့ ကြသည် ။ ၂၀၀၈-ခုနှစ် ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို လက်မခံကြောင်း ဆန္ဒပြကြခြင်းဖြစ်သည် ။
သူတို့ ၏ ဆန္ဒပြခြင်းကို ကျွန်တော်လည်း ထောက်ခံသည် ။  ပြည်ပနေ
မြန်မာနိုင်ငံသားတင် မဟုတ် -လွှတ်တော်အတွင်း တက်ရောက်နေသော
နိုင်ငံရေးပါတီများ လွှတ်တော်ကိုယ်စားလှယ်များပင် -၂၀၀၈- ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မကြိုက်နှစ်သက်ကြောင်း ထာဝစဉ်
ပြောဆိုနေကြသည်ကို မြင်ရကြားရသည် ။
    မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်သည် ယခုလို ဥရောပခရီးစဉ်အတွင်း
မြန်မာနိုင်ငံ၏ လက်ရှိ အစိုးရပေါ်လီစီများကို ချပြရာ၌ -၁၉၈၂-ခုနှစ်
မြန်မာနိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို မပြောင်းလဲဟု တိကျခိုင်မာစွာ
ပြောဆိုကြေညာခဲ့ သည် ။ ထို့ ကြောင့် ၄င်းကဲ့ သို့  ပြောဆိုကြေညာချက်ကို
မြန်မာနိုင်ငံ ဗုဒ္ဒဘာသာဝင် တိုင်းရင်းသားများက အထူးအားပေးထောက်ခံကြသည် ။
တချိန်တည်းမှာပင် သမ္မတကြီး ဦးသိန်းစိန် ပြန်ရောက်လာချိန်၌
တိုက်တိုက်ဆိုင်ဆိုင်ပင် ကုလသမ္မဂတွင် မြန်မာနိုင်ငံ၏ လူ
့အခွင့်အရေးကိုယ်စားလှယ်အဖြစ်ခန့် အပ်ခြင်း ခံထားရသူ မစ္စတာ သောမတ်အိုဟေး
ကင်တာနားက အစီရင်ခံတင်သွားနေသည် ။ မစ္စတာကင်တာနားသည် လွန်ခဲ့ သော
ဖေဖေါ်ဝါရီလ-၁၁-ရက်နေ့ မှ ၁၆-ရက်နေ့ ထိ -၅-ရက်ကြာ မြန်မာနိုင်ငံကို
သွားရောက်ခဲ့ သည် ။ ယင်းသို့ သွားရောက်ခဲ့ ချိန်
အစိုးရထိပ်တန်းအရာရှိများ ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်
အခြားနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများနှင့် တွေ့ ဆုံခဲ့ သည် ။
ယင်းသို့ တွေ့ ဆုံခဲ့ ခြင်းများကို အစီရင်ခံစာ တင်သွင်းခြင်းဖြစ်သည် ။
လာမည့် မတ်လ-၁၁-ရက်နေ့ တွင် သူ၏ အစီရင်ခံစာကို ကြားနာစစ်ဆေး ကြမည်ဟု
သိရသည် ။
   ဤကြားထဲတွင် -Amenesty International-ခေါ် နိုင်ငံတကာ
လွပ်ငြိမ်းချမ်းသာရေးအဖွဲ့ က မစ္စတာကင်တားနားကို ၄င်း၏
မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးကိုယ်စားလှယ်ရာထူးနေရာမှာပင်
ဆက်လက်ထမ်းဆောင်ခွင့်ပေးဖို့  တင်ပြလိုက်သည်ဟု သိရသည် ။
နိုင်ငံတကာလွပ်ငြမိးချမ်းသာရေးအဖွဲ့ သည် မစ္စတာကင်တာနားအား
မည်သည့်အတွက်ကြောင့် ၄င်းအား ၄င်း၏ရာထူးတွင်  ဆက်လက် ခန့် အပ်ပေးထားရန်
မည်သည့်အတွက်ကြောင့် တောင်းဆိုနေရသနည်း ။ ၄င်းနေရာမှာ မစ္စတာကင်တာနာအား
မခန့် တော့ပြီ ဆိုသည်ကို သိရှိနေ၍လား ။ အဓိကအနေဖြင့် မြန်မာနိုင်ငံအတွက်
အထူးစုံစမ်းစစ်ဆေးရန် လူ့ အခွင့်အရေးကိုယ်စားလှယ် တဦး၏ ရာထူးကို
မြန်မာအစိုးရမှ ရွေးချယ်ပိုင်ခွင့် ရှိရမည်ဖြစ်သည် ။ မည်သူမျှ
ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ရန် မည်သည့်အဖွဲ့ အစည်းကိုမျှ
ခွင့်ပြုမပေးသင့် ။  မြန်မာနိုင်ငံသားတို့ ၏ ပစ္စုပန်နှင့် အနာဂါတ်အတွက်
ကောင်းကျိုးမပေးသော မည်သည့်အဖွဲ့ အစည်းမှ လူများကို လက်သင့်ခံစရာ
အကြောင်းမရှိ ။ ယခုမစ္စတာ ကင်တားနား၏ အစီရင်ခံစာကို မြန်မာအစိုးရက
လက်မခံပယ်ချ ထားပြီဖြစ်သည် ။ ယင်းသို့  လက်မခံသော ကုလသမ္မဂ၏ ခန်
့အပ်ထားသော မစ္စတာကင်တာနားကို နောက်ထပ်မြန်မာနိုင်ငံ၏ အရေးအရာအား
ကိုင်တွယ်ဆောင်ရွက်ခွင့်ပေးရန် ကျွန်တော်တို့  ခေါင်းငြိမ့်မနေနိုင်ချေ ။
    သူ၏အစီရင်ခံစာမှာ ယခင်စစ်အစိုးရလက်ထက်က ကျူးလွန်ခဲ့ သော
ရာဇ၀တ်မှုများနှင့် ပြစ်မှုများကို အစိုးရ-အတိုက်အခံပါတီ-
တိုင်းရင်းသားအဖွဲ့ အစည်းများက ဖေါ်ထုတ်အရေးယူဖို့  အစီအစဉ် မရှိသေးဟု
ဖေါ်ပြထားသည်။ ဤသို့ ရေးသားပြီး အစီရင်ခံစာ တင်သွင်းခြင်းသည် ယခုလောလောဆယ်
ကုလားအောင်ထွန်းက သူ့ အား စစ်အစိုးရက မတရားဖမ်းဆီးနှိပ်စက်ခြင်းကြောင့်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် ကို
တရားစွဲဆိုရန် ပြင်ဆင်နေချိန်နှင့် တထပ်တည်း ကိုက်ညီနေသော အခြေအနေဖြစ်သည်
။ စင်စစ်အားဖြင့် မစ္စတာကင်တာနားသည် မြန်မာနိုင်ငံသို့ သွားပြီး
ကုလားဆိုလျှင် လက်ခံနေသော ကုလသမ္မဂ၏ တာဝန်ပေးခိုင်းခံထားရသော ရာထူးကို
အသုံးချကာ ဆောင်ရွက်နေသူဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရများ၏
ဆောင်ရွက်ခဲ့ ချက်များနှင့် ပတ်သက်ပြီး တခုသော အင်တာဗျူးတွင် သူမကိုပင်
ပြုလုပ်ခဲ့ သည်ဟု မမှတ်ယူပါကြောင်းနှင့် သင်ပုန်းချေပြီးဖြစ်သည့်
သဘောမျိုးကို ဖေါ်ထုတ် ပြောဆိုပြီးဖြစ်သည် ။ ယခင်စစ်အစိုးရ၏
ပေါ်လီစီများအောက်တွင် ခါးကော့အောင် ခံစားခဲ့ ရသော
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားသော အတိုက်အခံ နိုင်ငံရေးအဖွဲ
့အစည်းများသည် လွှတ်တော်ထဲမှာကော လွှတ်တော်ပြင်ပမှပါ
နိုင်ငံရေးဆောင်ရွက်ချက်များ၌ အစိုးရနှင့်
ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည် ။ ထို့ ကြောင့် မြန်မာနိုင်ငံမှာ
ယခင်စစ်အစိုးရလက်ထက်က ပြစ်မှုများကို ပြန်လည်တူးဆွစေရန် မည်သို့ ကြောင့်
ကုလသမ္မဂ၏ လူ့ အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ မစ္စတာကင်တာနားသည်
အစီရင်ခံတွင် မည်သည့်ရည်ရွယ်ချက်ကြောင့် ရေးသားရပါသနည်း။
ကာယကံရှင်များတောင်မှ ( ဒေါ်အောင်ဆန်းစုကြည်- ၈၈ ကျောင်းသားအဖွဲ့ များ ) -
လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီ ဆိုလျှင် မြန်မာနိုင်နှင့်
ကမ္ဘာကြီး၏ အဝေးဆုံးနေရာက နေသူများက မည်သည့်အတွက်ကြောင့်
ရန်စမီးပွါးများကို မည်သည့်အတွက်ကြောင့် သွေးထိုးလှုံ့ ဆော်နေရပါသနည်း ။
       မစ္စတာကင်တာနား၏ အစီရင်ခံပါ အချက်အလက်များအား အစိုးရက
လက်မခံဆိုခြင်းကို ကျွန်တော် အပြည့်အ၀ လက်ခံ သဘောတူ ထောက်ခံသည် ။
မြန်မာနိုင်ငံသားများကလည်း တခဲနက် ထောက်ခံသဘောတူကြောင်း ဆန္ဒများ
ထုတ်ဖေါ်ရန် လိုသည် ။ တချိန်တည်းမှာပင် မစ္စတာကင်တာနားအား မြန်မာနိုင်ငံ၏
လူ့ အခွင့်အရေးကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ပေးခြင်းကို လက်မခံကြောင်း
ပြတ်သားစွာ ဆန္ဒပြ တောင်းဆိုကြရမည်ဖြစ်သည် ။ ရခိုင်ပြည်နယ်က
ရခိုင်လူမျိုးများအနေဖြင့် မစ္စတာကင်တာနားအား လက်မခံကြောင်း တေင်းဆိုခဲ
့သည်ကို အမှတ်ရမိသည် ။ ဆက်လက်ပြီး တောင်းဆိုသင့်သည်ဟု
တိုက်တွန်းပြောချင်သည် ။  လာမည့် မတ်လ-၁၁-ရက်တွင် သူ အစီရင်ခံစာကို
ကြားနာလေ့လာကြမည်ဖြစ်ရာ ဤအပတ်အတွင်း သူ့ အား ကန့် ကွက်ဆန္ဒပြ
တောင်းဆိုရန်လိုသည် ။
    မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် ယခုအချိန်တွင်
နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ် ခံနိုင်ရန်အတွက် အမည်စာရင်း
ပေးသွင်းခံနေရပြီဖြစ်သည် ။ စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ဖြစ်ပြီး ၄င်း၏
အစိုးရလက်ထက်များမှ ယခုအချိန်ထိ စစ်တပ်အရိပ် အငွေ့ မကင်းသေးသော
စစ်ဗိုလ်လူထွက်တဦးမှာ နိုဘယ်ငြိမ်းရေးဆုရှင်အဖြစ် အမည်စာရင်း
တင်သွင်းခံရခြင်းသည် နဲနဲနောနော ဂုဏ်ပုဒ်မဟုတ်ချေ ။ အကယ်၍
နိုဘယ်ငြိမ်းချမ်းရေးဆု ရွေးချယ်ခံနိုင်ရန် ပံ့ပိုးကူညီလှုပ်ရှားသူများက
အင်တိုက်အားတိုက်သာ လှုပ်ရှားဆောင်ရွက်ကြမည်ဆိုပါက သမ္မတ ဦးသိန်းစိန်အဖို
့ နိုဘယ်ငြိမ်းချမ်းရေးဆုကို  လက်ခံရရှိသွားနိုင်သည် ။
အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်အတွက်
နိုဘယ်ငြိမ်းချမ်းရေးဆုရရှိရန် ကြိုးပမ်းသူများက မည်သို့  ကြိုးပမ်းခဲ
့ကြသည်ကို လေ့လာဖတ်ရှုခဲ့ ရ၍ သိရှိခြင်းဖြစ်သည် ။ အခြားတဖက်မှာ ကုလသမ္မဂ၏
လူ့ အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားကို လက်မခံကြောင်း
မြန်မာအအစိုးရမှ ကြေညာချက် ထုတ်ပြန်ခြင်းသည် - ၄င်း
နိုဘယ်ငြိမ်းချမ်းရေးဆု ရွေးချယ်ခြင်းနှင့် မည်သို့ မျှ မပတ်သက်ချေ ။
     မစ္စတာကင်တာနားသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သံတမန်အခွင့်အရေးကို
အသုံးချကာ သူနှင့် မဆီမဆိုင် သော ကိစ္စများကို ၀င်ရောက်ဖိအား ပေးနေသည်
။-၁၉၈၂-နှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ရန်
လိုအပ်ခြင်း ။ ဘင်္ဂလီကုလားများကို တိုင်းရင်းသားအဖြစ်
အသိအမှတ်ပြုရန်လိုအပ်ခြင်း ။ မြန်မာနိုင်ငံအတွင်း ဘင်္ဂလီကုလားများအား
သွားချင်သလို သွားရောက်ခွင့်ပြုရန်လိုအပ်ခြင်း ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
ခိုးဝင်လာသူများ မဟုတ်ဟု ပြောဆိုနေခြင်း ၊ သမ္မတဦးသိန်းစိန်က
တတိယနိုင်ငံသို့  ကုလသမ္မဂ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး-UNHCR-
ကနေပြီး ပို့ ဆောင်ပေးရန် အစီအစဉ်ကို ငြင်းဆိုခြင်း ။ ယခင်အစိုးရ၏
စစ်တပ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ရာဇ၀တ်ရုံးတွင်
ခုံရုံးတင်စစ်ဆေးရန် အရေးယူလိုစေခြင်းများကို ကြိုးပမ်းနေသူဖြစ်သည် ။ ထို
့ကြောင့် မနေ့ က ဥရောပခရီးစဉ်မှ အောင်ပွဲနှင့်အတူ ပြန်လာသူ
သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ ကို ကြိုဆိုသူများ၏ ကမ္ဘာပေါ်မှာ မြန်မာဆိုတဲ
့ ဂုဏ်သိက္ခာကို ပြန်လည်မွေးဖွါးစေခဲ့ သူ- သမိုင်းသစ် ရေးထိုးနေတဲ့ 
နိုင်ငံတော်သမ္မတကို ကြိုဆိုပါတယ် ဆိုသော ပိုစတာ ဆိုင်းဘုတ်များကို
မြင်ရသောအခါ ကျွန်တော့်အနေဖြင့် ဤသို့  တိုက်တွန်း ပြောချင်သည် ။
ကမ္ဘာပေါ်မှာ မြန်မာဆိုတဲ့  ဂုဏ်သိက္ခာကို မွေးဖွါးစေခဲ့ သူ သမ္မတ
ဦးသိန်းစိန် အဖို့  အနာဂါတ်မှာ မြန်မာဆိုတဲ့  ဂုဏ်သိက္ခာကို
ညိုးနွမ်းစေပြီး သိက္ခာကျစေအောင် ဆောင်ရွက်နေသူ မစ္စတာကင်တာနားကို
မြန်မာ့မြေကို တလက်မမျှ ခြေမချရအောင် မြန်မာနိုင်ငံ လူ
့အခွင့်ရေးကိုယ်စားလှယ်အဖြစ် လက်မခံ သဘောမတူ ကြောင်း ချက်ချင်း
ကြေညာပေးရန် လိုအပ်နေပါကြောင်း ။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )


နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တင်သွင်းသည့် NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့၏အစီရင်ခံစာ


 NLD Congress

ဘင်္ဂလီသမိုင်းပညာရှင်ဆိုသူ ဌေးလွင်ဦး အရှက်ကွဲခြင်း


Ashin Panna
၉.၃.၂၀၁၃ နေ့တွင် နိုင်ငံတကာအဆင့်မီ မဟိဒေါတက္ကသိုလ်တွင်ကျင်းပခဲ့သော ရခိုင်းသမိုင်းဆိုင်ရာများကို နိုင်ငံတကာမှ ရခိုင်သမိုင်း၊ မြန်မာ့သမိုင်း၊ အာရှသမိုင်းဆိုင်ရာများကို မွေနှောက်ထားတဲ့ ဆရာကြီးတွေက ပြောပြော၊ ရှင်းလင်းရာ…

ရိုဟင်ဂျာဆိုတာဟာ ရခိုင်သမိုင်း၊ မြန်မာ့သမိုင်းတွင် ဘယ်တုန်းကမှ မရှိခဲ့ ဟု မြန်မာ့သမိုင်း၊ဘင်္ဂလားဒေခ်ျသမိုင်း၊ အာရှသမိုင်း၊ အင်္ဂလိပ်အစိုးရ၊ ဂျပန်အစိုးရများ၏ သမိုင်းမှတ်တမ်းများ၊ အရှေ့အလယ်ပိုင်းသမိုင်းမှတ်တမ်းများကို ကိုးကား၍ သမိုင်းပညာရှင်ကြီးများ များပီသစွာ ရှင်းလင်းဟောပြောစဉ်…

အမေးအဖြေကဏ္ဍတွင် ဘင်္ဂလီ(ရိုဟင်ဂျာ)များ၏ သမိုင်းပညာရှင်(ဘာဘွဲ့မှမရခဲ့) ဌေးလွင်ဦးဆိုသူသည် အင်တာနက်မှ လက်သရမ်းသူများ ရေးထားသော အဆင့်မမီသော စာတန်းများ(Primary resources and secondary resources များကို သိဟန်၊ ကြားဖူးဟန်မရှိသော ပညာရှင်ဆိုသူ ဌေးလွင်ဦး ကိုးကားသည့် စာတန်းများ) ကို ကိုးကားပြီး...

ငါ ဆရာကြီးလုပ်ပြမယ်၊ အနိုင်ယူမယ်၊ ဒေါက်တာအေးချမ်းကို အလဲထိုးပြီး ရခိုင်နှင့် မြန်မာကို နယ်ချဲ့ယူမယ်၊ ကုလားပြည်လုပ်မယ်၊ ဘင်္ဂလီတွေ ကမ္ဘာမှာ ၀င့်ကြွား အောင်ပွဲခံမယ့်ဟန်ဖြင့် လာမေး၊ ပြောရာ…

ဒေါက်တာအေးချမ်းက အားမာန်၊ ယုံကြည်မှုအပြည့်ဖြင့်…

ငါ သမိုင်းပညာစစ်စစ်ကွ… ငါတို့လို ခိုင်မာတဲ့ သမိုင်းအထောက်ထားတွေနှင့် ပြောရတယ်ကွ… အဆင့်မရှိတဲ့ အင်တာနက်က လက်သရမ်းသူတွေရဲ့ စာတမ်းတွေထုတ်ပြီး နိုင်ငံတကာလက်ခံ၊ အဆင့်မီတဲ့ ငါတို့လို သမိုင်းပညာရှင်တွေကို မင်းလာမစမ်းနဲ့… မင်းတို့ဆရာ့အရာတွေကိုလည်း အချိန်မရွေး ဒီအကြောင်းအရာတွေကို နိုင်ငံတကာလယ်ပယ်မှာ ဆွေးနွေးရှင်းလင်းဖို့ ငါ ဖိတ်ခေါ်တယ်… ဟုပြောလိုက်ရာ…

ပရိတ်သတ်များက လက်ခုပ်သံများခန်းလုံးပြည့် ဆူညံသွားစေရာ ပညာရှင်ဆိုသူ ဌေးလွင်ဦးမှာ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်လိုက်ရတော့သည်။


နိုင်ငံတကာ သမိုင်းပညာရှင်များရှေ့တွင်ဟောပြောနေသော ဒေါက်တာ အေးချမ်း


သမိုင်းရှင်းလင်းပွဲသို့ တက်ရောက်လာသောပညာရှင်ဆိုသူ ဌေးလွင်ဦး

NLDညီလာခံမှတ်တမ်းဓါတ်ပုံများ

Sun Ny

သတင်းထောက်လက်လျှပ်စီးလက် နောက်ကျသွားပြီဘဘပြောင်

( ဟိုတစ်ခါလိုအဖြစ်မခံတော့ဘူး။ ငါအရင်ဖြုတ်မယ်နင်တို့မရိုက်ခင်) photo - jpaingလက္ခဏာဖတ်လိုသူများအတွက်....
သမ္မတကြီးဖေ့ဘွတ်ဝင်တာသေချာတယ်...

တောသူဌေးကတဲ့ အရပ်ဇာတ်.....ပြန်ရစ်......

တောသူဌေးကတဲ့ အရပ်ဇာတ်၊ သို့မဟုတ် ပြည်ထောင်စုဖလား ကွင်းဖွင့်ပွဲ

    မာဂျေ   |   Thursday, 07 March 2013

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နေပြည်တော်ခရီးကို အမြန်ကားစီးပြီးသွားခဲ့ရတာက ဆီးဂိမ်းအကြို
ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ဖြစ်ပါတယ် ခင်ဗျ။

စိတ်ကူးထဲမှာတော့ နှစ် ၄၀ ကျော် မှ ကံကြမ္မာမျက်နှာသာပေးပြီး ကျင်းပမယ့် ဆီးဂိမ်းအတွက်
အကြိုပြိုင်ပွဲမှာ ဘာတွေ ထူးထူးခြားခြားတွေ့ရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေသည့် ထင်သာ
ထင် မ၀င်ဘူး ကျောင်းအစ်မရေ့ ဆိုသလို စိတ်ညစ်ညူးစရာ အလွဲတွေနဲ့ချည်း တွေ့ခဲ့ရတာကို
ပြန်ရေးပြပါရစေ။

ပထမအလွဲကတော့ အစီအစဉ် ကြေညာသူတွေနဲ့ အခမ်းအနားကျင်းပရေး တာဝန်ရှိသူတွေ အချိတ်
အဆက်မမိတဲ့ ပြဿနာပါ။ နိုင်ငံတော်အကြီးအကဲ ရောက်ရှိပြီး ၁၀ မိနစ် လောက်ကြာ
တော့ အစီအစဉ်ကြေညာသူက နိုင်ငံတော် အကြီးအကဲရောက်ရှိလာရင် အားလုံး မတ်တတ်ထကြ
ပါတဲ့။

အဲဒီလိုလည်း ကြေညာပြီးရော စည်တော်ကြီးက တီးခတ်ပါလေရော။ ရောက်လို့ နေရာမှာ ထိုင်နေ
ပြီဖြစ်တဲ့ နိုင်ငံတော် ဒုတိယသမ္မတမှာ အပြင်ပြန်ထွက်ပြီး ပြန်ဝင်ရမလိုလိုတွေ ဖြစ်ကုန်ပါတယ်။

ထားပါတော့၊ နောက်ဆုံးမတော့ နိုင်ငံတော်အကြီးအကဲကလည်း သူ့နေရာမှာ မတ်တတ်ရပ်ပြ၊
အားလုံးကလည်း မတ်တတ်ရပ်ပြနဲ့ ပြီးသွားပါတယ်။

အကယ်၍သာ နိုင်ငံတော် ဒုတိယသမ္မတက မတ်တတ်ရပ်မပြခဲ့ရင် စည်တော်ကြီးကတော့ မနား
တမ်း တီးနေမယ့်သဘောပါခင်ဗျ။


ဒုတိယကြေညာတာကတော့ အခမ်းအနားအစီအစဉ်ပါပဲ။ အစီအစဉ်က ၁၉ ခုတောင် ရှိပါတယ်။
အချိန်အားဖြင့် ၂ နာရီ ၄၄ မိနစ်ပါ။

ဒါပေသည့်ပေါ့ ခင်ဗျာ၊ တကယ်တမ်းကျင်းပလိုက်တာ လေးနာရီကျော် ကြာသွားပါတယ်။ ရှေ့
အစီအစဉ်တွေကတော့ ထုံးစံအတိုင်း အခမ်းအနားဖွင့်လှစ်တာ ကြေညာတာတို့၊ မိန့်ခွန်းခြွေတာတို့
ဘာညာသာရကာ တွေပါ။

အဲဒါတွေလည်းပြီးရော ပင်မ မီးရှူးတိုင်ကို မြားပစ်မီးထွန်းတဲ့ အစီအစဉ် စပါတယ်။ အိုလံပစ်အလံနဲ့
မြားကို သယ်လာတဲ့ ဘိုးတော်ကြီးက အသက်လည်း ရနေပြီဆိုတော့ သူ့မှာအလံရော မြားရော
မနိုင်မနင်း သယ်လာရတယ်။

ပြီးတော့ မြားကို အသင့်စောင့်နေတဲ့ လက်ရွေးစင် မြားပစ်မယ်လေး လက်ထဲထည့်၊ ကလေးမက
မြားကိုလွယ်ပြီး ပစ်ဖို့ ဘာလုပ်တယ်ထင်လဲ။ လှေကားကြီးနဲ့ စင်ပေါ်ကို တက်ရသဗျ။

ဟိုတယ်တွေမှာ မော်ဒယ်လေးတွေတောင် lift နဲ့ တက်တာတွေ မြင်ဖူးနေတဲ့ မာဂျေ့အတွက်
တော့ အော် နိုင်ငံတကာကိုပြမယ့်ပွဲက ဒီလို လှေကားနဲ့တက်ပါသလားဆိုပြီး အံ့ဩမိပါတယ်။

အဲဒါတွေပြီးတော့ ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်အစီအစဉ်တဲ့။ ဘာတွေများ မြင်ရမလဲတွေးပြီး ကြည့်
လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က အရှေ့ ဥရောပ အားကစားပွဲတွေမှာ ခေတ်စားခဲ့တဲ့
mass sport လို့ခေါ်တဲ့ လူ ၁၀၀ ကျော် ကွင်းထဲဝင်လာပြီး အင်ဒီးယန်း ကလပ်လို့ခေါ်တဲ့ သစ်သား
လက်ကိုင်ကို ဘယ်မြှောက် ညာမြှောက်လုပ်တဲ့ အကွက်ကြီး။ ဥရောပမှာ ကွန်မြူနစ်တွေ တန်ခိုး
ထွားချိန်က ပြသခဲ့တဲ့ အကွက်မျိုးပေါ့။

လူတွေအများကြီး ကွင်းထဲဝင်၊ မျက်နှာ သေကြီးတွေနဲ့ တီးလုံးအတိုင်း ကိုယ်လက်လှုပ်ရှားတာ
လေ။ အရှေ့ဂျာမနီက ပြကွက်တွေပေါ့ဗျာ။ ခေတ်ပြောင်းသွားပြီဆိုတာ မသိတာလား၊ ကျင်းပရေး
ကော်မတီမှာ ၀န်ကြီး တွေပဲ ထည့်ထားလို့ သူတို့ခေတ်က သူတို့ မြင်ဖူးတာကိုပဲ ပြတာလားတော့
မသိ ပေဘူး။

မြေးတွေလုပ်ရမယ့်အလုပ်ကို အဘိုးတွေဝင်လုပ်နေတော့ သူတို့ ခေါင်းထဲစွဲနေတဲ့အမြင်ပဲ ထွက်လာ
မှာလေ။ ခေတ်ကြီးက အားကစားရယ်၊ အနုပညာရယ်၊ အင်တာတိန်းမန့်လို့ခေါ်တဲ့ ဖျော်ဖြေရေးရယ်
ရောစပ်ပြီး လုပ်နေကြတာကို မသိတာထင်တယ်။

ကြည့်ရင်း ကြည့်ရင်းနဲ့ အစီအစဉ်တွေက အိုင်ထွန်း နေတယ်။ ထိုင်ရတာလည်း တင်ပါးတွေနာလာ
တယ်။ ခဏနေတော့ အဆိုတော် တွေရဲ့ ဖျော်ဖြေခန်း ရောက်လာပါလေ ရော။ နိုင်ငံတော်အဆင့်
အခမ်းအနားမှာ ဂျင်းဘောင်းဘီတိုကို ပိတ်စပတ်၊ ပေါင်တစ်ခြမ်းဖော်ပြီးထွက်လာတဲ့ အဆိုတော်က
ရှိသေးတယ်။

အမေရိကန် အော်စကာ အကယ်ဒမီ ပေးပွဲမှာတောင် သရုပ်ဆောင်တွေ လုံလုံ ခြုံခြုံဝတ်စားဖို့
ကြိုတင်သတိပေးချက်ထုတ်တာကို သွားသတိရသေးတယ်။

အခု ဒီမှာတော့ အဆိုတော်တွေကို ဘယ်လိုဝတ် ဘယ်လိုစားဆိုပြီး တာဝန်ရှိ သူတွေက မပြောရဲ
ကြဘူးထင်တယ်။ ခေတ်ကိုက အားလုံးကိုကြောက်နေရတဲ့ ခေတ်လေ။ တော်ကြာ စိတ်ကောက်ပြီး
လာမဆိုဘူးဆိုရင် ပြဿနာက ရှိတာကိုးဗျ။

ခြုံပြီးပြောရရင် ဆီးဂိမ်းဖွင့်ပွဲဆိုတာက တစ်ကမ္ဘာလုံးက မြန်မာဆိုတာ ဘာလဲဆိုတာ နိုင်ငံတကာက
စောင့်ကြည့်မယ့် ပွဲပါ။ သိတဲ့အတိုင်း ဒီအချိန်မှာ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို စိတ်ဝင်စားနေကြ
တာ။

အဲဒီပွဲမှာ ခုနလို မကိုးမကားတွေသာ ပြလိုက်လို့ကတော့ အလကားနိုင်ငံပါကွာ ဖြစ်သွားမယ်။
ဆီးဂိမ်းအတွက် နိုင်ငံတော်ကလည်း ငွေအလုံအလောက်လျာထားပြီးသား။ ဒီငွေတွေကို အကျိုးရှိရှိ
အသုံးချစေချင်တယ်။

ဆီးဂိမ်းဖွင့်ပွဲမှာ ဘာတွေပြမှာလဲ၊ မြန်မာနိုင်ငံရဲ့ Land Mark ခေါ်တဲ့နေရာတွေကို ပြချင်တာလား၊
တိုင်းပြည်သွားနေတဲ့လမ်းကြောင်း ကိုပြချင်တာလား၊ နိုင်ငံ့ခေါင်းဆောင် တွေရဲ့ ညီညွတ်တာကို
ပြချင်တာလား၊ အေးချမ်းသာယာနေတာကို ပြချင်တာလား၊ တိုင်းပြည်တိုးတက်တာကို ပြချင်တာ
လား စသဖြင့် ကိုယ်ပေးချင်တဲ့ မက် ဆေ့ခ်ျကို နိုင်ငံတကာကို ပြရမှာလေ။

တစ်ခါလာလည်း ဓားတွေ၊ လှံတွေ ကိုင်ကိုင်ပြီးပြနေလို့လည်း မဖြစ်သေးဘူး။ အခုတော့ ကြီးကျယ်
သလားမေးရင် ကြီးကျယ်ပါတယ်၊ မခမ်းနားဘူးလားမေးရင် ခမ်းနားပါတယ်၊ ခေတ်မီမီနဲ့ ကိုယ်ပေး
ချင်တဲ့မက်ဆေ့ခ်ျ ပေးနိုင်သလားမေးရင် တော့ ဟင့်အင်းလို့ပဲ ဖြေရပါလိမ့်မယ်။

ဘာနဲ့တူနေသလဲဆိုတော့ တောသူဌေး တစ်ယောက်က ဘုန်းကြီးပျံပွဲမှာ သူ့ ပိုက်ဆံနဲ့ အရပ်ဇာတ်
ငှားကသလို ဖြစ်နေတယ်။

သူ ကြည့်ချင်တာ၊ သူသိတာတွေပဲ ကခိုင်းနေတော့ ပရိသတ်က စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေရ
သလိုပါပဲ။ ကွင်းထဲကိုထည့်ထားတဲ့ ပွဲကြည့်ပရိသတ်ကလည်း ကွန်မြူနစ်နိုင်ငံတွေကလို တူညီ
ဝတ်စုံတွေနဲ့ လိမ္မော် တစ်ကန့်၊ အဖြူတစ်ကန့်၊ အပြာတစ်ကန့်၊ အနီတစ်ကန့်၊ အစိမ်းတစ်ကန့်၊ အ၀ါ
တစ်ကန့်၊ ထိုင်ခိုင်းထားတာတွေကလည်းသွားနေတဲ့ ခေတ်စနစ်နဲ့ မကိုက်ညီသလိုပဲ။

ဖျော်ဖြေရေးအစီအစဉ်တွေကလည်း ထပ်နေတယ်။ ခဏနေရင် ဒီဆင်၊ ဒီတိုးနယား၊ ဒီလူတွေပဲ
ပြန်ပြန်ထွက်လာတယ်။ အစားအသောက်လိုပေါ့ မ၀ တ၀ကျွေးရင် အရသာရှိတယ်၊ စားစမ်းကွာ
ဆိုပြီး ပုံပေးထားရင် ဘာအရသာမှ မရှိတော့သလိုပေါ့။

အစီအစဉ်တွေက တိုတိုတုတ်တုတ်နဲ့ ခေတ်မီမီအရသာရှိဖို့ လိုတယ်။ ကြည့်လိုက်ရတဲ့သူတွေ
ရင်ထဲ မှာ တသသနဲ့ အော် မြန်မာဆိုတာ ဒါပါလားဆိုပြီး ရင်ထဲစွဲသွားဖို့လိုတယ်။

နေပြည်တော်မှာ ပွဲငတ်နေတဲ့အစိုးရ ၀န်ထမ်းတွေကို ကွင်းထဲထည့်၊ အခမဲ့ ပွဲကြည့်ခိုင်းလို့ ထွက်
လာတဲ့လက်ခုပ်သံကို အဟုတ်မှတ်နေရင်ဖြင့် ငါးပါးမှောက်ပါလိမ့်မယ်။

အော် စကားမစပ်ဗျာ၊ ကြေညာသွားတာတစ်ခု နားထောင်လိုက်ရတယ်။ ပြကွက်တစ်ခုမှာ စည်တို
အလုံး ၈၀ တီးပြပြီး တကယ့်ဆီးဂိမ်းကျရင် အသံပိုကျယ်အောင် စည်တိုအလုံး ၄၀၀ တီးမယ်တဲ့။

မလုပ်ကြပါနဲ့ဗျာ။ ဒီအလုံး ၈၀ နဲ့တင် ရင်ဘတ်မှာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရပါပြီ။ ၄၀၀ သာတီး
ရင် ချက်ချင်း နှလုံး သွေးရပ်သွားမှာစိုးလို့ပါ။ အဲဒီစည်တို ဆိုတာကလည်း မြန်မာ့ရိုးရာဂီတမှာ
တကယ်ရောရှိရဲ့လား၊ အခုမြင်ရတာက ကိုရီးယားဒရမ်လိုမျိုးတွေကို ခေါက်နေတာ မြင်ခဲ့ရလို့ပါ။

အဲဒီတော့ ခေတ်မီအောင်၊ လူမျိုး ပေါင်းစုံရင်ထဲ စွဲနေအောင် ပြနိုင်ဖို့ဆိုရင် တကယ်တတ်ကျွမ်းတဲ့
နိုင်ငံတကာက Event Management အဖွဲ့မျိုးငှားဖို့ လိုတယ်။ အဲဒီအဖွဲ့ကို ကိုယ်ပေးချင်တဲ့
မက်ဆေ့ခ်ျ၊ ကိုယ်ပြချင်တဲ့ Theme အနှစ် သာရဘာလဲ ပြောပြ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်
အနုပညာနဲ့ ပေါင်းစပ်ပြခိုင်းမှသာ ငွေကုန်ခံရကျိုး နပ်မယ်ထင်တာပဲ။

တကယ့်ဆီးဂိမ်းကျရင်တော့ တရုတ်ပညာရှင်တွေက ကူမယ်ပြောတယ်။ အဲဒီ ကျရင်လည်း တရုတ်
တီးလုံးနဲ့ တရုတ် ကကွက်တွေနဲ့ မြန်မာ့ယဉ်ကျေးမှု ပျောက်ပြီး ကမ္ဘာမှာ မြန်မာဆိုတာ တရုတ်နိုင်ငံ
တစ်ခုပါပဲ ဖြစ်မသွားဖို့ကလည်း အရေးကြီးသေးတယ်ဗျ။

ပြည်ထောင်စုဖလားဖွင့်ပွဲမှာ ဂုဏ်ယူစရာတစ်ကွက်ပဲ တွေ့တယ်။ အဲဒီ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း
ကြီးကို မြန်မာအင်ဂျင်နီယာတွေကပဲ တည်ဆောက်ခဲ့တဲ့ အချက်ပါ။

ပြောချင်တာတွေလည်းများသွားပြီ။ အခုလောက်ဆိုရင် ဒီမာဂျေဆိုတဲ့ကောင် ကို ဘယ်သူက
လက်ဆော့ပြီး ဖိတ်တာလဲဆိုတဲ့ ပြဿနာလည်း တက်နေလောက်ပြီ။

အရာရာကို အဆိုးမြင်နေတာ မဟုတ်ရပါဘူးဗျာ။ ကိုယ့်ဘ၀မှာ ပထမဆုံး ကိုယ့်မြေပေါ်မှာ မြင်ရ
တွေ့ရမယ့် ဆီးဂိမ်းအတွက် ကောင်းစေချင်လွန်းလို့ပါ။ ဂုဏ်ယူချင် လွန်းလို့ပါ။

အခုတော့ မလိုအပ်ဘဲ မီးရှူးမီးပန်း တွေ အကြိမ်ကြိမ်ဖောက်ပြ၊ အလွန်ပျင်းရိစရာ ပြကွက်တွေ
ထပ်တလဲလဲပြနေတာကလွဲရင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့် မရှိဘဲ တောဘုန်းကြီးပျံမှာ
တောသူဌေးစီစဉ်တဲ့ အရပ်ဇာတ် အဆင့်ပဲ ရှိနေလို့ အားမလိုအားမရဖြစ်ပြီး ရေးလိုက်ရတာပါ။

လွန်တာများရှိခဲ့ရင်တော့ ၀န္တာမိပါ။
myanmar.mmtimes.com

'ရန်ကုန်ဟာ တကယ်ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ အားလုံး ရှိနေပါတယ်'



မြန်မာတိုင်း(မ်)   |   Wednesday, 06 March 2013 1

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကိုလိုနီခေတ်လက်ရာ အ၊ဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကိုလိုနီခေတ်လက်ရာ အ၊ဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ရှိ ကိုလိုနီဗိသုကာလက်ရာ အဆောက်အအုံများကို စနစ်တကျ ပြန်လည်ပြုပြင်
ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် Yangon Heritage Trust (YHT) အား
တည်ထောင်သူတစ်ဦးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးအား လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ
နှင့် ပတ်သက်ပြီး မြန်မာတိုင်း(မ်)က မေးမြန်းထားသည်။
* ရန်ကုန်မြို့ ပြုပြင်ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး YHT ရဲ့ အမြင်တွေကို
မကြာသေးမီ ကပဲ
သမ္မတကြီးထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။ တင်ပြချက်ထဲမှာ
ဘာတွေပါသလဲဆိုတာ ပြောပြ
ပေးနိုင်မလား။
ကျွန်တော်တို့ တင်ပြချက်က နောင် ၁၀ နှစ်၊ အနှစ် ၂၀ မှာ ရန်ကုန်ဟာ ဒေသတွင်း မှာ အခြားမြို့
ကြီးတွေနဲ့ အပြိုင်ဖြစ်လာလိမ့်မယ်၊ ရန်ကုန်ကိုနေရာမှန်ရောက်ဖို့ နေချင်စဖွယ်လည်းဖြစ်၊ လှပတဲ့မြို့
လည်း ဖြစ်ဖို့ဆိုတာ တိုင်းပြည်ကအားထားရမယ့် ပညာရှင်တွေ၊ ဖန်တီးနိုင်စွမ်း မြင့်တဲ့လူတော်တွေ
ကို ဆွဲဆောင်ရာမှာ အရေးကြီးတဲ့အချက် ဖြစ်တယ်ဆိုတဲ့ အကြောင်းနဲ့၊ ဒါက ဒေါ်လာဘီလျံနဲ့ချီ
တန်တယ်လို့ ပြောရင်လည်းဖြစ်တယ်၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းကရတာတွေ အားလုံး
ပေါင်းတာထက်လည်းပိုတယ်လို့ပြောချင်တာဖြစ်တယ်။
အပိုင်းလေးပိုင်းပါဝင်တဲ့ ပါဝါပွိုင့် Presentation ကိုတင်ပြခဲ့တာဖြစ်ပြီး ဒါအတွက် ကျွန်တော်တို့
တစ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ပေါင်းများစွာ ပြင်ဆင်ခဲ့ကြပါတယ်။
ပထမဆုံးအပိုင်းကတော့ ၂၁ ရာစု ထင်ရှားတဲ့မြို့ကြီးတွေ့ရဲ့ ကြီးကျယ်ထင်းရှားရတဲ့ အကြောင်းရင်း
ကို တင်ပြတာဖြစ်ပါတယ်။
ဒီမြို့ကြီးတွေဟာ ခောတ်မီရုံတင်မက နေတဲ့သူတွေ အားလုံးအတွက် အဆင်ပြေတယ်။ အများ
ပြည်သူသုံး ပန်းခြံတွေ၊ ကွက်လပ်တွေ အများကြီးနဲ့ နေချင်စဖွယ်ကောင်းတယ်။ အများသုံး
သယ်ယူပို့ဆောင်ရေး စနစ်တွေ ကောင်းရုံမက လွတ်လွတ်လပ်လပ်လည်း လမ်းလျှောက်သွားလာ
နိုင်မယ့် မတူညီတဲ့ယဉ်ကျေးမှုတွေ အားလုံးကိုလည်း လက်ခံပြီးပေါင်းစည်းတည်ရှိမယ်။
ဒါ့ပြင် ဗိသုကာလက်ရာတွေ အပါအ၀င် မိမိရဲ့အမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းထားတဲ့
အတွက် သူမတူတဲ့အလှအပတွေရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ရန်ကုန်ဟာလည်း တကယ်ကြီးကျယ်တဲ့မြို့ကြီးဖြစ်ဖို့ လိုအပ်တဲ့ ဒီအရည်
အချင်းတွေ အားလုံးရှိနေကြောင်းနဲ့ ကျွန်တော်တို့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို
ပြသပါတယ်။
ရွှေတိဂုံစေတီတော်ကို မြို့နေရာအနှံ့က ဖူးမြော်ရတဲ့ ရှုမြင်ကွင်း တွေကအစ မြို့လယ်က ဗိသုကာ
လက်ရာ အစုအဝေးတွေ၊ ရေကန်တွေနဲ့ ဥယျာဉ် သစ်ပင်တွေ၊ ကွက်လပ်ရင်ပြင်တွေအထိ ပါဝင်ပါ
တယ်။
တတိယပိုင်းမှာ ဘာကြောင့် ချက်ချင်းလက်ငင်းလုပ်ဖို့ အရေးကြီးတဲ့အကြောင်းကို ရှင်းပြတာ ဖြစ်ပါ
တယ်။
ကျွန်တော်တို့ရဲ့ မြို့ပြအမွေအနှစ်တွေ ဆုံးရှုံးသွားနိုင်တဲ့အခြေအနေ ကြောင့်တင်မဟုတ်ဘဲ ဒီအချိန်
ဟာ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုကို အများကြီးရရှိနေချိန်ဖြစ်ပြီး (စီးပွားရေးအရရင်း နှီးမြှုပ်နှံချင်တဲ့သူ
တွေရော၊ လူမှုရေး ကူညီချင်သူတွေ ပါဝင်ပါတယ်) ဒီစိတ်ဝင်စားမှုကို အကြာကြီး ထိန်းနိုင်ဖို့မလွယ်
တဲ့ အတွက် အားလုံးကိုတွဲစပ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့လိုကြောင်း တင်ပြခဲ့ပါ
တယ်။
နောက်ဆုံးပိုင်းမှာတော့ ဘာတွေစပြီး လုပ်ဖို့လိုတယ်ဆိုတာကို ဖော်ပြပါတယ်။ ဇုန်သတ်မှတ်ပြီး
ဥပဒေနဲ့ ကာကွယ်ဖို့၊ အခိုင်အမာကာကွယ်ထိန်းသိမ်းဖို့လိုတဲ့ အဆောက်အအုံစာရင်းပြုစုဖို့၊
သက်ဆိုင်တဲ့ စီမံအုပ်ချုပ်မှု အစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖို့၊ လက်တွေ့ကျတဲ့ ငွေကြေး
ထောက်ပံ့မှုအစီအစဉ်စတာ တွေနဲ့တကွ ရန်ကုန်မြို့လယ် စည်ပင်ဖို့ အတွက် အများပြည်သူနဲ့
အထူးစီမံချက် တွေဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
* သမ္မတကြီးက ဘယ်လိုတုံ့ပြန်သလဲ။ ဆက်လက်ခွင့်ပေးပါသလား။
သမ္မတကြီးက အင်မတန် အားရဖွယ်ရာတုံ့ပြန်ပါတယ်။ သူက ကျွန်တော်တို့ ဘာလိုချင်သလဲဆို
တာ ချက်ချင်းပဲ သဘောပေါက်ပြီး ဆောင်ရွက်ဆဲမြို့ပြစီမံမှု အစီအစဉ်တွေကိုတောင် ပြန်စဉ်းစားဖို့
လိုတယ်ဆိုတာပြောပါတယ်။
ကျွန်တော်တို့ကိုလည်း အသေးစိတ် အဆင့်ဆင့်လုပ်ရမယ့် အစီအစဉ်တွေ တင်ပြရမယ်ပြောလို့
ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။
အများပြည်သူကို အသိပေးဖို့၊ မီဒီယာတွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့စိတ်ကူးတွေကို ရှင်းပြဖို့
လည်း သမ္မတက အကြံပေးပါတယ်။
* ရန်ကုန်မြို့တော်စည်ပင်လို အခြားအာဏာပိုင်အဖွဲ့တွေဆီကိုရော စီမံကိန်းကို
တင်ပြခဲ့
သေးလား။ သူတို့ကရော ဘယ်လိုတုံ့ပြန်သလဲ။ အကောင်အထည်ဖော်ဖို့
အတွက် အဓိက
ပူပန်ရမယ့်အရာက ဘာဖြစ်မလဲ။
ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်စည်ပင်သာယာရေးကော်မတီတို့နဲ့
အတူ အလုပ်လုပ်ကိုင်နေကြပါတယ်။
အထူးသဖြင့် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတဲ့ ဇုန်ဧရိယာ တွေသတ်မှတ်ပြီး ကန့်သတ်ချက်နဲ့စည်း
မျဉ်းတွေ၊ ဥပဒေတွေရေးဆွဲထုတ်ပြန် နိုင်ဖို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
အထူးသဖြင့် ရွှေတိဂုံစေတီတော် ၀န်းကျင်နဲ့ ရန်ကုန်မြို့လယ်အတွက် ဦးစားပေး ပြင်ဆင်နေပါ
တယ်။
ကျွန်တော်တို့အတွက် စိန်ခေါ်မှုက စည်းမျဉ်းဥပဒေအသစ် ထုတ်ပြန်ခြင်း မဟုတ်ဘဲ ရှေ့ဆက်ပြီး
ကြီးကြပ်ဖို့၊ ဥပဒေ နဲ့ညီညွတ်အောင် ဆောင်ရွက်နိုင်ဖို့ အပြင် စည်းမျဉ်းစည်းကမ်းအားလုံးဟာ ဒီမှာ
အမှီပြုနေထိုင်တဲ့ သာမန်လူတွေ အပေါ် ပထမဆုံးအကျိုးကျေးဇူး ရရှိနိုင် စေဖို့အတွက် ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်ခရီးဝန်ကြီးဌာန၊ သယ်ယူပို့ ဆောင်ရေး
ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ၀န်ကြီးများနဲ့လည်း တွေဆုံတင်ပြခဲ့ပြီး သမ္မတရုံး ပြည်ထောင်စုဝန်
ကြီး ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့နဲ့လည်း အကြိမ်များစွာ တွေ့ခွင့်ရခဲ့ပါတယ်။
* စတင်အကောင်အထည်ဖော်ရာမှာ ပထမခြေလှမ်းက ဘာဖြစ်မလဲ။ လုပ်ဆောင်
နေပြီလား။

ကျွန်တော်တို့အားလုံး အဘက်ဘက် မျက်နှာစာတွေအားလုံးမှာ ရှေ့တိုးဖို့ အားထုတ်နေကြတာပါ။
ဥပဒေသစ်တွေ၊ လမ်းညွှန်မှုအသစ်တွေကစလို့ ပြည်သူကို အသိပေးစရာတွေ၊ အရေးကြီးတဲ့
အဆောက်အအုံတွေကို သတ်မှတ်ဖို့ ကမ္ပည်းပြားထိုးဖို့တွေ၊ ပေါ်လစီပိုင်းနဲ့ စီမံဖို့အပိုင်းမှာ ပြန်လည်
သုံးစပ်စရာတွေ၊ တကယ်ပြင်ဆင်မှုစရမယ့် ပရိုဂျက်တွေ၊ ဒါ့အပြင် အဆောက်အအုံဟောင်းတွေ မှာ
နေထိုင်တဲ့ ၀င်ငွေနည်းမိသားစုတွေကို ကူညီပေးရမှာတွေအထိ အားလုံး ပါဝင်ပါတယ်။
ချက်ချင်းလုပ်ရမှာကတော့ သမ္မတကြီးတောင်းဆိုတဲ့အဆင့်လိုက် လုပ်ဆောင်စရာတွေကို
ပြန်လည် တင်ပြဖို့ဖြစ်ပါတယ်။
* ရန်ကုန် ၂၀၄၀ စီမံကိန်းထဲမှာ ဒီ ထိန်းသိမ်းရေးစီမံချက်ကို ထည့်သွင်းနိုင်ဖို့
အတွက် မြို့တော်
စည်ပင်၊ JICA တို့နဲ YHT က အတူလုပ်နေတာ ရှိပါသလား။
ဟုတ်ကဲ့။ ကျွန်တော်တို့ ရန်ကုန် စည်ပင်နဲ့ရော၊ JICA နဲ့ပါ တွဲဖက် လုပ်ကိုင်နေပါတယ်။ ကျွန်တော်
တို့နဲ့ ဆွေးနွေးမှုအပြီးမှာ JICA ကပြုပြင် ထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်သူ (conservation
expert) တစ်ယောက် ကို ချက်ချင်းခေါ်ခဲ့ပြီး အခုဆိုကျွန်တော်တို့နဲ့နေစဉ်နီးပါး အဆက်အသွယ်
ရှိနေပါတယ်။
ကျွန်တော်တို့တွေ ဥရောပသမဂ္ဂ၊ နယ်သာလန်နဲ့ ဩစတြေလျကပေးမယ့် သင်တန်းတွေအတွက်
လည်း အတူတကွ စီစဉ်နေပါတယ်။
သမ္မတကြီးကလည်း ရန်ကုန်မြို့ပြ စီမံကိန်းအသစ်ကို ကျွန်တော်တို့ရဲ့ ထိန်းသိမ်းရေးအမြင်နဲ့
ကြည့်ပြီး ပြင်စရာရှိတာပြင်နိုင်ဖို့ လမ်းဖွင့် ပေးပါတယ်။
* ဖြိုချတော့မယ့် အဆောက်အအုံက မိသားစုတွေနဲ့ မကြာသေးမီကတွေ့ခဲ့တယ်
ဆိုတော့
အဲဒီအဆောက်အအုံ ဖြိုဖို့အတွက် ဆက်လုပ်ဖြစ်ဦးမှာလား။ အဲဒီလူတွေနဲ့
တွေ့ပြီး ဒီလုပ်ငန်း
အတွက် ဘာတွေလေ့လာ သိလိုက်ရသလဲ။
ဒီလိုနေထိုင်သူတွေအများအပြားဟာ ၀င်ငွေနည်းသူတွေဖြစ်ကြပြီး သူတို့အတွက် အနာဂတ်မျှော်
လင့်ချက်ဟာလည်း သူတို့အိမ်ဟောင်းက ကွန်ဒိုတိုက်သစ်တစ်ခုဖြစ်သွားပြီး အဲဒီကနေအခန်းသစ်
တစ်ခန်း၊ ဒါမှမဟုတ် ၀င်ငွေအပို တစ်ခုခုရလာဖို့ပဲဖြစ်ပါတယ်။
ကျွန်တော် တို့က ဒါကိုပြောင်းလဲချင်ပါတယ်။ ရန်ကုန်မြို့လယ်ဟာ သူတို့အားလုံးရဲ့ အိမ်ဖြစ်တယ်၊
မြို့လယ်တစ်ခုလုံးရဲ့ စရိုက်သဘာဝနဲ့ အသက်ဝင်နေမှုဟာ လူတွေမပါရင် အဆောက်အအုံလွတ်
တွေသာ ကျန်နေလိမ့်မယ်။
ဒီလူတွေ ဆက်လက်နေထိုင်နေဖို့ ကျွန်တော်တို့ နည်းလမ်းရှာရမှာပါ။ ခရီးသွားလုပ်ငန်းနဲ့ အခြားက
ဝင်လာနိုင်တဲ့ ဒေါ်လာသန်း ပေါင်းများစွာနဲ့ ဒီဧရိယာတစ်ခုလုံးပြန်လည် ပြုပြင်နိုင်ပါတယ်။
ဒီမှာ မှီတင်း နေထိုင်နေကြသူတွေအားလုံး သူများနည်းတူ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူတွေနည်းတူ အကျိုးကျေးဇူးခံစားသင့်သလို အားလုံးအကျိုးများစေမယ့်
ရလဒ်တွေရဖို့ ကျွန်တော်တို့သူတို့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့လည်းလိုအပ်ပါတယ်။
* ပန်းဆိုးတန်းအဆောက်အအုံနဲ့ ပတ်သက်ပြီး နောက်ဆုံးသတင်းက ဘာလဲ။
နေထိုင်သူ
တွေက အနည်းဆုံးတော့ အစပိုင်းမှာ YHT ရဲ့ လုပ်ရပ်တွေကို ဝေဖန်တာ
တွေရှိတယ်လေ။
အနာဂတ်မှာ ဒီလိုနေထိုင်သူတွေနဲ့ ညှိနှိုင်းတွေ့ဆုံဖို့ ဘယ်လို
သင်ခန်းစာတွေ ရလိုက်သလဲ။

အခုတော့ အားလုံးကျေနပ်ကြပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ဘက်က မျက်နှာစာကိုချန်ပြီး အထဲ
မှာ အသစ် ပြန်လည်တည်ဆောက်ဖို့ အကြံပြုခဲ့ပြီး မျက်နှာစာခြမ်းကို ထိန်းသိမ်းဖို့ ကျွန်တော်တို့
ဘက်က ဗိသုကာပိုင်းနဲ့ အင်ဂျင်နီယာပိုင်းမှာ ကူညီခဲ့ပါတယ်။ အသစ်ကို မူလ အမြင့်ထက် ဘယ်
လောက်ကျော်လွန်အောင် ပေးဆောက်နိုင်မလဲဆိုတဲ့ မေးခွန်းပဲ ကျန်ပါတယ်။
စည်းမျဉ်းဥပဒေသစ်တွေ ထွက်ရင်တော့ ဒီလိုပြဿနာမျိုး တွေအတွက် ပုံမှန်စနစ်တစ်ခုရှိသွားမှာ
ပါ။
အဲဒီအချိန်မတိုင်ခင်တော့ ကျွန်တော်တို့က ကိစ္စတစ်ခုချင်းစီအတွက် အားလုံးအတွက်အဆင်ပြေနိုင်
မယ့် အဖြေတစ်ခုထွက်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
* အခြား အရေးကြီးဦးစားပေးရမယ့် အဆောက်အအုံတွေက ဘယ်ဟာတွေလဲ။
ဒီလိုဦးစားပေးစရာ ဒါဇင်ချီပြီးရှိပါတယ်။ ဗိုလ်အောင်ကျော်လမ်းထောင့်က ဂန္ဒီခန်းမလည်း
အခုဆိုရင် ဖြိုချဖို့ လျှောက်ထားပြီး ဖြစ်နေပါပြီ။
ဒါ့ပြင် ပုဂ္ဂလိကပိုင်အိမ်ဟောင်းတွေနဲ့ တိုက်ခန်းဟောင်းတွေဟာ မကြာခင် အများကြီး လျော့ပါး
သွားနိုင်ဖွယ် ရှိနေပါတယ်။
ကျွန်တော်တို့အတွက် အထူးပူပန်စရာက ကျွန်တော်တို့တွေ ထိန်းသိမ်းဖို့ရည် ရွယ်ထားတဲ့ဇုန်ထဲမှာ
ဆောက်ဖို့အဆိုပြုထားတဲ့ အထပ်မြင့်ပရိုဂျက်တွေပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်က ဗိုလ်ချုပ်ဈေး မျက်နှာချင်းဆိုင်က အဆောက်အအုံကောင်းလေးတစ်ခု ဖြိုချပစ်ခဲ့တာ
ဟာ နှမြောစရာဖြစ်ခဲ့ပြီး ပိုဆိုးတာကတော့ ပန်းဆိုးတန်းတစ်ဝိုက်က ရုပ်ရှင်ရုံတွေကို မကြာသေးခင်
က တစ်ခုချင်း ဖြိုပစ်ခဲ့တာပါပဲ။
ဒီလိုမျိုး နောက်တစ်ခုကတော့ သမ္မတရုပ်ရှင်ရုံရှေ့က စကော့တစ်ရှ် ဘုရားကျောင်းရှေ့မှာ ကပ်ပြီး
ဆောက်ဖို့ ရည်ရွယ်ခဲ့တဲ့ ပရိုဂျက်မျိုးတွေ ဖြစ်ပါ တယ်။
* ပန်းဆိုးတန်းအဆောက်အအုံမှာလိုပဲ အခြားအိမ်ပိုင်ရှင်တွေကလည်း သူတို့
အဆောက်အအုံကို
ဖြိုချတာ ထက်စာရင် ပြုပြင်ထိန်းသိမ်းရင် ပိုမကောင်းလာနိုင်ဘူးလို့
ယူဆကြဖို့ ဖြစ်နိုင်ခြေရှိ
နေပါတယ်။ အားလုံးက မပျော်ရွှင်ကြဘူးဆိုရင် ရလဒ်တွေ
အောင်မြင်အောင်လုပ်ဖို့ ဘယ်လို
ဖြစ် နိုင်မလဲ။
အခုကျွန်တော်တို့ ဒီလိုကိစ္စတစ်ခုချင်းစီအတွက် လုပ်ဆောင်နေပါတယ်။ တစ်ဖက်ကလည်း
တစ်ချိန်ကျရင် မြို့လယ်က အဆောက်အအုံဟောင်းတွေမှာ ရင်းနှီး မြှုပ်နှံမှုကနေရတဲ့ အကျိုး
အမြတ်ကို မြို့လယ်မှာနေထိုင်တဲ့လူတွေအတွက် ခွဲဝေခံစားနိုင်မယ့်စနစ်တစ်ခုကို တည်ဆောက်နိုင်
ဖို့ မျှော်လင့်နေပါတယ်။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကလည်း လာမယ့်နှစ်တွေမှာ ပိုမိုဖွံ့ဖြိုးလာမှာ ဖြစ်ပြီး ဒီဟာကိုရေရှည်
တည်တံ့ဖို့နဲ့ ၀င်လာတဲ့ ငွေကြေးအကျိုးအမြတ်ကို ဒေသခံလူမှုအသိုက်အ၀န်း ဒီကိစ္စမှာတော့
မြို့လယ်မှာ မှီတင်းနေကြတဲ့သူ တွေ ရရှိစေချင်ပါတယ်။
နိုင်ငံခြားသား တွေနဲ့ လူချမ်းသာတွေအတွက်သာ ကောင်းပြီး တိုးရစ်တွေအတွက် သက်သက်
ရည်ရွယ်တဲ့ ဧရိယာသန့်သန့် လုပ်ပေးတာမျိုး ကျွန်တော်တို့အလိုမရှိပါဘူး။
မြို့လယ်မှာနေတဲ့ မိသားစုတွေကို ဒီလိုပဲဆက်နေစေချင်ပြီး စီးပွားရေး အလားအလာကောင်းတွေ
ရလာရုံမက သူတို့ ဒီလိုဆက်နေချင်လာအောင် စီးပွားရေးအရ ဆွဲဆောင်မှုပါ ရှိလာစေချင်ပါတယ်။
* ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိနေတယ်ဆိုတော့ ရေရှည်နဲ့ ရေတိုမှာ ဘယ်ဟာက
အကြီးမားဆုံး
စိန်ခေါ်မှုဖြစ်နိုင်မလဲ။
စီးပွားရေးအရ အောင်မြင်ဖို့နဲ့ ပြည်သူလူထုက ကျွန်တော်တို့ဘက်မှာ ရှိလာဖို့ လိုပါတယ်။
ကျွန်တော်တို့လိုချင်တဲ့ ဥပဒေစည်းမျဉ်းတွေ ထွက်လာတယ်ဆိုရင်တောင်မှ လူတွေက ထိန်းသိမ်း
ခြင်း (conservation) ရဲ့ အကျိုးကျေးဇူးကို မြင်မှ၊ လိုချင်မှသာ ဒီစည်းမျဉ်းတွေကို လူတွေလိုက်နာ
လာအောင် လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်ကလည်း မှန်ကန်တဲ့မက်လုံးမျိုး ဖန်တီး ပေးနိုင်ဖို့ လိုပါတယ်။ လက်တွေ့ကျတဲ့
အစီအမံတစ်ခု ဖော်ဆောင်ပြီး ဆက်စပ်တဲ့အရာအားလုံး အံဝင်ခွင်ကျဖြစ်သွားအောင် ဖန်တီးယူရမှာ
ဖြစ်ပါတယ်။
မြို့လယ်ကိုပဲ နမူနာ ကြည့်မယ်ဆိုရင် အဲဒီမှာ နိုင်ငံပိုင် အဆောက်အအုံတွေ အများကြီးရှိနေတယ်။
အချို့က လစ်လပ်နေပြီး အတော်များများက အပြည့်အ၀အသုံးပြုမှု မရှိဘူး။ လူနေအဆောက်အအုံ
ဟောင်း ၈၀ ကျော်လောက်လည်း ဒီဧရိယာထဲမှာရှိပြီး ၁၂ လုံးလောက်က အန္တရာယ်ရှိ အဆောက်
အအုံ ဆိုင်းဘုတ်တပ်ထားတယ်၊ ဆက်စပ်နေတဲ့စိန်ခေါ်မှုတွေဖြစ် တဲ့ အိမ်ရာကဏ္ဍနဲ့ ယာဉ်ကြော
ကျပ်တာ တွေလည်း ဖြေရှင်းရမှာရှိတယ်။
တစ်ဖက်ကလည်း ဒေါ်လာသန်းပေါင်းရာ မဟုတ်ရင်တောင် ဆယ်ဂဏန်းရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့
ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှု သစ်တွေ ဖော်ထုတ်နိုင်တယ်။
ဒါတင်မက ကမ္ဘာအရပ်ရပ်ကနေ အကူအညီပေးမယ့် အဖွဲ့အစည်းတွေလည်း အများကြီးရှိနေတယ်။
လမ်းတိုင်းက အဆောက်အအုံတိုင်းဖြစ်နိုင်တယ်။
ဒီလိုဖြစ်ရမယ် လို့ ကျွန်တော်တို့ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဟောင်းနဲ့အသစ်ကို စဉ်းစဉ်း
စားစားနဲ့ ပေါင်းစပ်ပြီး၊ ထိန်းသိမ်းချင်တဲ့ ရပ်ကွက် - မြို့ပြအစိတ်အပိုင်း ရဲ့ ထူးခြားတဲ့စရိုက်သဘာဝ
ပျောက်မသွားအောင် စီမံဖို့လိုတာပါပဲ။
ရေရှည်အတွက်ဆိုရင် ထိန်းသိမ်းစောင့်ရှောက်မှုတွေ အကောင်အထည်ဖော်ဖို့ သင့်လျော်တဲ့
ငွေကြေးထောက်ပံ့မှု အစီအစဉ်တွေ လိုပါတယ်။
နှစ်တိုအတွက်တော့ မြို့အတွက်လည်း အကျိုးရှိ၊ အလုပ်အကိုင်တွေ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး
တွေ၊ အဲဒီကနေ နေထိုင်သူတွေ အကျိုးများစေမယ့် အကြောင်းရပ်တွေ ကို သေချာစဉ်းစားဖန်တီး
ပေးခြင်းက ကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်မှာပါ။
ကျွန်တော်တို့ အခုလမ်းကြောင်းပေါ် ရောက်နေပြီလို့တော့ ကျွန်တော်ယူဆပါ တယ်။ ဒါဟာ
ရန်ကုန်ကို ထိန်းသိမ်းနိုင်ဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နေနိုင်ပါတယ်။
(ကျေးဇူးတင်ပါတယ်။)
 myanmar.mmtimes.com

အလှည့်ကျအရောင်းစာရေးအဖမ်းခံရမှုစာတင်

မြန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲ


ကိုမိုးဇော်

08.03.2013
 မြန်မာပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း အဆင့်ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ သိသိသာသာ မြင့်တက်လာနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းအဆင့် အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့်ချိန်တွေမှာ နေပူထဲမထွက်ဖို့နဲ့ ထွက်မယ်ဆိုရင်လည်း အကာအကွယ်ယူပြီး သွားလာကြဖို့ကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်း အဆင့်မြင့်မားမှုဟာ မြန်မာပြည် တောင်ပိုင်းဒေသမှာ ဒီနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်း မှာတော့ မြန်မာပြည်တာင်ပိုင်းဒေသအထိ ပျံ့နှံ့လာနေတာဖြစ်ပါတယ်။ ဒီလို မြင့်တက်လာနေတဲ့ အခြေအနေကို မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က အခုလို ပြောပါတယ်။

“ခရမ်းလွန်ရောင်ခြည်မြင့်တာက မြန်မာပြည်တောင်ပိုင်းကနေ စလာတာ။ အခု အလယ်ပိုင်းလောက်အထိ မြင့်လာတယ်။ အဆင့်က ပုံမှန်ကတော့ ၁၁ ကျော်ကျော်လောက်ပေါ့။ အခုက အလယ်ပိုင်းလောက် တချို့နေရာတွေမှာ ၁၄ လောက်အထိ ရှိပါတယ်။ ကော့သောင်း ကနေပြီးတော့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေက ၁၂ ကနေ ၁၄ ကြားမှာ ရှိပါတယ်။ ၈ ရဲ့အထက်ရောက်ရင် အန္တရာယ်ရှိပါတယ်။ ခုတော့ မိုးပြန်အုံ့ရင်တော့ ပြန်သက်သာပါတယ်ဗျ။”

နေရောင်ခြည်မှာ ပါဝင်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ လူ့တွေအတွက် ဗိုက်တာမင်ဒီ ထုတ်လုပ်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပေမဲ့ လွန်လွန်ကဲကဲ ကျရောက်မယ်ဆိုရင် လူရဲ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အခုလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာတာကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေနဲ့ ကာကွယ်ဖို့အတွက်ကိုတော့ ဒေါက်တာထွန်းလွင်က အခုလို ဆက်ပြောပါတယ်။

“လူတွေမှာ အဓိကကတော့ အရေပြားဆိုင်ရာ ရောဂါပါပဲ။ နေလောင်တာတို့ ၊ အရွယ်ကျတာတို့ ၊ မျက်စေ့တိမ်စွဲတာတို့၊ နောက် ကိုယ်ခံအား ကျပြီးသားသမီးမရနိုင်တာတို့၊ နောက် အရေပြား ကင်ဆာတို့ အဲဒါတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ မနက် ၁၀ နာရီ- ၁၁ နာရီကနေ နေ့ ၁ နာရီကြားမှာ နေရောင်ထဲထွက်တာကို လျှော့ဖို့ပါပဲ။ ထွက်ရင်လည်း အကာအကွယ်ယူထွက်ဖို့ပါပဲ။ ”

ဒီလို အကာအကွယ်ယူဖို့ဆိုရင် နေပူထဲထွက်ရင် အင်္ကျီထူထူဝတ်ဖို့၊ ထီးဆောင်းဖို့ နဲ့ နေကာမျက်မှန်တပ်ဖို့ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ ဒီလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့်ဟာ ၁၁ လောက် အထိသာ ရှိခဲ့တာဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာနေတယ် ဆိုတာနဲ့ပတ်သက်ပြီး  မြန် မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတဦးကို မေးမြန်းရာမှာတော့  သူတို့ဌာနမှာ တိုင်းတာတဲ့ စက်ကိရိယာမရှိသလို ဒီလိုကျရောက်တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာလည်း ကြောင်း ဖြေဆိုပါတယ်။

အခုလို ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းအဆင့်မြင့်မားလာတာကတော့ စက်မှုထွန်းကား လာတာနဲ့အတူ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု များပြားလာတဲ့နောက် ခရမ်းလွန်ရောင်ခြည်ကို စစ်ယူတဲ့ ကမ္ဘာ့အိုဇုံးလွှာပေါက်ပြဲလာမှုကြောင့် ဖြစ်ပါတယ်။
burmese.voanews.com

ပထမနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြား


https://soundcloud.com/freeburma2013-1/daw-assk-speeh-nld-congress


DVB TV News


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ပထမနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားရာမှာ အလုပ်အမှုဆောင်ရွေးချယ်ရာမှာ ကိုယ်နဲ့နီးစပ်ရာလူပုဂ္ဂိုလ်တွေကို ရွေးချယ်တာမဟုတ်ပဲ တကယ်အလုပ်လုပ်နိုင်ပြီး ပြည်သူတွေအပေါ်အနစ်နာခံနိုင်တဲ့ လူမျိုးကိုသာရွေးချယ်ရန်ထည့်သွင်းပြောကြားသွားပါတယ်။