Sunday, March 10, 2013

မြို့သစ်ရွာမှာ ဘင်္ဂါလီများ အုပ်စုဖွဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်

Wira Thu's photo.
“ရခိုင်ပြည် တတိယဂျီဟတ် စစ်ပွဲ စ,တော့မည်လော”
	
       ယမန်နေ့ည ညဥ့်နက်သန်းခေါင် နာရီပြန်တစ်ချက် (10-2-2013 AM 1း00)ခန့်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ငခူရအုပ်စု၊ မြို့သစ်ရွာမှာ ဘင်္ဂါလီများ အုပ်စုဖွဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ 
	ဘင်္ဂါလီအုပ်စုမှာ လူဦးရေ (၁၈)ယောက်ပါဝင်ပြီး (၄)ယောက်က န.စ.က ဝတ်စုံတွေ ဝင်ဆင်ထားကာ ကျန်(၁၄)ယောက်က အရပ်ဝတ်များ ဝတ်ဆင်ထားပါတယ်။ ဘင်္ဂါလားဒေ့ရှ်လုပ် သေနတ်နှစ်လက်ကို န.စ.က နှစ်ယောက်က ကိုင်ဆောင်ထားပြီး ကျန်(၁၆)ယောက်က ဓားလှံလက်နက်တွေ ကိုင်ဆောင်ထားပါတယ်။ 
	မြို့သစ်ရွာ ဦးဘဒင်အိမ်ကို ဝင်စီးတာပါ။ န.စ.ကတွေထင်ပြီး တံခါးဖွင့်ပေးလိုက်တာနဲ့ သေနတ်နဲ့စပစ်တာ ခံခဲ့ရတာပါ။ ဦးဘဒင်အိမ်မှာ အမျိုးသားချည်း လေးယောက်နေကြတာပါ။ လေးယောက်လုံးက ပြန်လည်ခုခံခဲ့ကြပါတယ်။ လေးယောက်ထဲက သုံးယောက် သေနတ်ထိမှန်သွားပြီး ကျန်တစ်ယောက်က ဓားနဲ့ အခုတ်ခံရတာပါ။ 
	သေနတ်ထိမှန်သွားတဲ့ သုံးယောက်ထဲက ဦးအေးမောင်(ဦးမောင်အေး)ဟာ ဆေးရုံးအသွား လမ်းတစ်ဝက်မှာ သေဆုံးခဲ့ရပြီး ဒီနေ့ မွန်းလွဲ(၁)နာရီမှာ အသုဘချဖို့ စီစဉ်နေပါတယ်။ 
	ဇော်လင်းအောင်(၂၀)နှစ်ဟာ ခြေထောက်နှစ်ဘက်လုံး သေနတ်ဒဏ်ရာရထားပါတယ်။ အခြားတစ်ယောက်နှင့်အတူ ဆေးရုံးတက်ရောက် ကုသနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိ ဘူးလို့ သိရပါတယ်။ 
	ဦးဘဒင်ကတော့ ဦးခေါင်း၊ ဆီးစပ်၊ ပေါင်၊ ပုခုံးတို့မှာ ဓားဒဏ်ရာရထားပြီး ဆေးရုံအရေးပေါ်ကုသဆောင်မှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောပါတယ်။ 
	မြို့သစ်ရွာဆိုတာ ရခိုင်ရွာဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် (တောင်ပြို)သွား ကားလမ်းဘေး ငခူရ၊ တောတန်း၊ ကြက်ဖြူမ-စတဲ့ ဘင်္ဂလီရွာတွေကြားမှာ တည်ရှိကာ အိမ်ခြေ(၁၂)အိမ်သာရှိ ရွာငယ်လေးပါ။ ခြံကြီးများ ကျယ်ဝန်းတာကြောင့် တစ်အိမ်နှင့်တစ်အိမ် အဆက်အသွယ် ပျက်ကြကြောင်း သိရပါတယ်။ 
	ဘင်္ဂါလီများဟာ လူသတ်ဖို့လာတာဖြစ်လို့ ပစ္စည်းတွေယူမသွားဘူးလို့ သိရပါတယ်။ အခင်းဖြစ်ပြီး တစ်နာရီခန့်မှာ လုံခြုံရေးတွေ ရောက်လာပေမယ့် အစအနကို ရှာမတွေ့တော့ပါဘူး။ ဘင်္ဂါလီရွာတွေကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာကြောင့် ရွာထဲရောက်သွားရင် တရားခံပျောက်သွားတက်ပါတယ်။ ဒီလို တိုက်ခိုက်ခံရတာ အခြားမဒိန်းကျင့်ခံရတာ လုပ်ကြံသတ်ဖြတ် ခံရတာတွေ ကြုံတိုင်း ဘယ်သောအခါမှ လက်သည်မပေါ်ခဲ့ပါဘူး။ ရခိုင်တွေ မနေနိုင်အောင် ဒီနည်းနဲ့မောင်းထုတ်တာ နှစ်ပေါင်းခြောက်ဆယ်ကျော်ခဲ့ပါပြီ။ 
	ဘင်္ဂလီရွာတွေကြားထဲက ရခိုင်ရွာတွေကို ရွေ့ပြောင်းခိုင်းပြီး စစ်အခြေစိုက် စခန်းတွေချထားဖို့ ကျန်ရစ်ရခိုင်စီးပွားရေးတွေကို စစ်တပ်(ဦးပိုင်)က စီမံကိမ်းတွေချမှတ် အကောင်အထည်ဖေါ်ဖို့ ရခိုင်ရွာတွေ ရက်ကွက်တွေမှာ အမြဲတမ်း လုံခြုံရေးစစ်တပ်တွေ မျှော်စင်တွေ လှည့်ကင်းတွေ စီမံပေးဖို့လိုပါပြီ။ 
	ထိုင်းတောင်ပိုင်းလို ရခိုင်ပြည်မရမချင်း အကြမ်းဖက်လုပ်ကြံနေဦးမှာပါ။ မြန်မာမြေ တစ်လက်မမှ အပဲ့မခံနိုင်ဘူးဆိုတဲ့ ကြွေးကြော်သံတွေ ရခိုင်ပြည်ကို ကုလားပြည်အလုပ်မခံနိုင်ဘူး ဆိုတဲ့ အုပ်ချုပ်သူတွေ ရခိုင်အရေး ပေါ့ပေါ့မတွေးနဲ့နော်..။ ပေါ့ပေါ့တွေးတဲ့သူတွေကို ဘင်္ဂလီတွေက လျှော့လျှော့တွေးမှာလည်း မဟုတ်ဘူး။ ပြော့ပြော့လေးပေးမှာလည်း မဟုတ်ဘူးနော်.။
					သတင်းရင်းမြစ် 
					ဟစ်တိုင်စစ်
					10-2-2013
					AM-10.00
                                                         ဆက်သွယ်ရန်= 09-49270939
									09421740556

“ရခိုင်ပြည် တတိယဂျီဟတ် စစ်ပွဲ စ,တော့မည်လော”

ယမန်နေ့ည ညဥ့်နက်သန်းခေါင် နာရီပြန်တစ်ချက် (10-2-2013 AM 1း00)ခန့်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ငခူရအုပ်စု၊ မြို့သစ်ရွာမှာ ဘင်္ဂါလီများ အုပ်စုဖွဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ဘင်္ဂါလီအုပ်စုမှာ လူဦးရေ (၁၈)ယောက်ပါဝင်ပြီး (၄)ယောက်က န.စ.က ဝတ်စုံတွေ ဝင်ဆင်ထားကာ ကျန်(၁၄)ယောက်က အရပ်ဝတ်များ ဝတ်ဆင်ထားပါတယ်။ ဘင်္ဂါလားဒေ့ရှ်လုပ် သေနတ်နှစ်လက်ကို န.စ.က နှစ်ယောက်က ကိုင်ဆောင်ထားပြီး ကျန်(၁၆)ယောက်က ဓားလှံလက်နက်တွေ ကိုင်ဆောင်ထားပါတယ်။
မြို့သစ်ရွာ ဦးဘဒင်အိမ်ကို ဝင်စီးတာပါ။ န.စ.ကတွေထင်ပြီး တံခါးဖွင့်ပေးလိုက်တာနဲ့ သေနတ်နဲ့စပစ်တာ ခံခဲ့ရတာပါ။ ဦးဘဒင်အိမ်မှာ အမျိုးသားချည်း လေးယောက်နေကြတာပါ။ လေးယောက်လုံးက ပြန်လည်ခုခံခဲ့ကြပါတယ်။ လေးယောက်ထဲက သုံးယောက် သေနတ်ထိမှန်သွားပြီး ကျန်တစ်ယောက်က ဓားနဲ့ အခုတ်ခံရတာပါ။
သေနတ်ထိမှန်သွားတဲ့ သုံးယောက်ထဲက ဦးအေးမောင်(ဦးမောင်အေး)ဟာ ဆေးရုံးအသွား လမ်းတစ်ဝက်မှာ သေဆုံးခဲ့ရပြီး ဒီနေ့ မွန်းလွဲ(၁)နာရီမှာ အသုဘချဖို့ စီစဉ်နေပါတယ်။
ဇော်လင်းအောင်(၂၀)နှစ်ဟာ ခြေထောက်နှစ်ဘက်လုံး သေနတ်ဒဏ်ရာရထားပါတယ်။ အခြားတစ်ယောက်နှင့်အတူ ဆေးရုံးတက်ရောက် ကုသနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိ ဘူးလို့ သိရပါတယ်။
ဦးဘဒင်ကတော့ ဦးခေါင်း၊ ဆီးစပ်၊ ပေါင်၊ ပုခုံးတို့မှာ ဓားဒဏ်ရာရထားပြီး ဆေးရုံအရေးပေါ်ကုသဆောင်မှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောပါတယ်။
မြို့သစ်ရွာဆိုတာ ရခိုင်ရွာဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် (တောင်ပြို)သွား ကားလမ်းဘေး ငခူရ၊ တောတန်း၊ ကြက်ဖြူမ-စတဲ့ ဘင်္ဂလီရွာတွေကြားမှာ တည်ရှိကာ အိမ်ခြေ(၁၂)အိမ်သာရှိ ရွာငယ်လေးပါ။ ခြံကြီးများ ကျယ်ဝန်းတာကြောင့် တစ်အိမ်နှင့်တစ်အိမ် အဆက်အသွယ် ပျက်ကြကြောင်း သိရပါတယ်။
ဘင်္ဂါလီများဟာ လူသတ်ဖို့လာတာဖြစ်လို့ ပစ္စည်းတွေယူမသွားဘူးလို့ သိရပါတယ်။ အခင်းဖြစ်ပြီး တစ်နာရီခန့်မှာ လုံခြုံရေးတွေ ရောက်လာပေမယ့် အစအနကို ရှာမတွေ့တော့ပါဘူး။ ဘင်္ဂါလီရွာတွေကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာကြောင့် ရွာထဲရောက်သွားရင် တရားခံပျောက်သွားတက်ပါတယ်။ ဒီလို တိုက်ခိုက်ခံရတာ အခြားမဒိန်းကျင့်ခံရတာ လုပ်ကြံသတ်ဖြတ် ခံရတာတွေ ကြုံတိုင်း ဘယ်သောအခါမှ လက်သည်မပေါ်ခဲ့ပါဘူး။ ရခိုင်တွေ မနေနိုင်အောင် ဒီနည်းနဲ့မောင်းထုတ်တာ နှစ်ပေါင်းခြောက်ဆယ်ကျော်ခဲ့ပါပြီ။
ဘင်္ဂလီရွာတွေကြားထဲက ရခိုင်ရွာတွေကို ရွေ့ပြောင်းခိုင်းပြီး စစ်အခြေစိုက် စခန်းတွေချထားဖို့ ကျန်ရစ်ရခိုင်စီးပွားရေးတွေကို စစ်တပ်(ဦးပိုင်)က စီမံကိမ်းတွေချမှတ် အကောင်အထည်ဖေါ်ဖို့ ရခိုင်ရွာတွေ ရက်ကွက်တွေမှာ အမြဲတမ်း လုံခြုံရေးစစ်တပ်တွေ မျှော်စင်တွေ လှည့်ကင်းတွေ စီမံပေးဖို့လိုပါပြီ။
ထိုင်းတောင်ပိုင်းလို ရခိုင်ပြည်မရမချင်း အကြမ်းဖက်လုပ်ကြံနေဦးမှာပါ။ မြန်မာမြေ တစ်လက်မမှ အပဲ့မခံနိုင်ဘူးဆိုတဲ့ ကြွေးကြော်သံတွေ ရခိုင်ပြည်ကို ကုလားပြည်အလုပ်မခံနိုင်ဘူး ဆိုတဲ့ အုပ်ချုပ်သူတွေ ရခိုင်အရေး ပေါ့ပေါ့မတွေးနဲ့နော်..။ ပေါ့ပေါ့တွေးတဲ့သူတွေကို ဘင်္ဂလီတွေက လျှော့လျှော့တွေးမှာလည်း မဟုတ်ဘူး။ ပြော့ပြော့လေးပေးမှာလည်း မဟုတ်ဘူးနော်.။
သတင်းရင်းမြစ်
ဟစ်တိုင်စစ်
10-2-2013
AM-10.00
ဆက်သွယ်ရန်= 09-49270939
09421740556

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များ



NLD Congress

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လက်ဂျားယန်မှ ရှေ့ဆက်သွားခွင့် မရ

photo-Myawady





RFA Burmese

2013-03-10

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း မြင်းခြံမြို့ကနေ လမ်းလျှောက်ခဲ့ကြတဲ့ အဖွဲ့ဟာ မနေ့က လိုင်ဇာမြို့ကို မရောက်ခင် လက်ဂျားယန် အစိုးရတပ်စခန်းက ရှေ့ဆက်သွားခွင့် မပေးတာကြောင့် အခုအချိန်အထိ လက်ဂျားယန် မိုးလဲချောင်းတံတားထိပ်မှာရှိနေဆဲလို့ သိရပါတယ်။

မြင်းခြံအဖွဲ့ဟာ မနေ့ညနေ ၃ နာရီလောက်ကတည်းက လိုင်ဇာမြို့နဲ့ ၇ မိုင်လောက်အကွာ လက်ဂျားယန် တံတားထိပ်ကို ရောက်နေခဲ့ကြတာပါ။

နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ လမ်းလျှောက်အဖွဲ့ ဦးဆောင်ပါဝင်သူ ကိုသန့်စင်က အခုလိုပြောပါတယ်။

" ကျွန်တော်တို့ မနေ့ကတည်းက ခုချိန်ထိပါပဲ လက်ဂျားယန် တံတားထိပ်မှာ မကူးရသေးဘူး၊ အဓိကကတော့ ဟိုဘက်က ထောင်ထားတဲ့ မိုင်းရော ဒီဘက်က ထောင်ထားတဲ့မိုင်းရော အန္တရာယ်ရှိတယ်၊ မသွားစေချင်ဘူး မစွန့်စားစေချင်ဘူးလို့ ပြောတာပေါ့ တားတာမဟုတ်ပါဘူးလို့လည်းပြောတယ်၊ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်နေတဲ့ သူတွေကို အေးအေးဆေးဆေး ဖွင့်ပေးသင့်တယ် လမ်းမှာ မိုင်းတွေရှိရင်လည်း ရှင်းပေးသင့်တယ်လို့ တော့မြင်တာပဲ၊ သူတို့က ပုခုံးမှာအပွင့်တပ်မထားဘူးဗျ၊ ပြောလည်းမပြောဘူး၊ ထင်ရတာတော့ အရာရှိစီနီယာနဲ့တူတယ်"

မြင်းခြံအဖွဲ့မှာ အမျိုးသမီး ၁၁ ယောက် ၊ သံဃာတော် ၉ ပါး အပါအဝင်စုစုပေါင်း ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မနေ့ညက လက်ဂျားယန်တံတားထိပ်မှာ ဖြစ်သလို အိပ်ကြရပြီး သံဃာတွေ အတွက်တော့ စစ်တပ်က အခင်းတွေ လာပို့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ပါလာတဲ့ အစားအသောက်တွေ သိပ်မကျန်တော့ပဲ တချို့က အစာငတ်ခံဆန္ဒပြသဘောမျိုးနဲ့ အစာမစားကြတော့ဘူးလို့ ကိုသန်စင်က ပြောပါတယ်။

" နေ့လည်စာမှာ ကျွန်တော်တို့ လူတွေအားလုံး ထမင်းမစားဘူး ဘုန်းကြီး ၂ ပါး ဆွမ်းဘုန်းမပေးဘူးပေါ့၊ ကျွန်တော်တို့ နောက်က ထမင်းလာပို့တာလည်း မရှိဘူး၊ လမ်းဘေး ထမင်းဆိုင်လည်း မရှိဘူးပေါ့၊ ကျွန်တော်တို့ ပါတဲ့ဟာပဲ ချွေတာပြီးတော့ စားနေရတယ်၊ အလုံအလောက်တော့မရှိတော့ဘူးပေါ့၊ ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုလားလို့ သွားတာပဲလေ၊ ငြိမ်းချမ်းရေးလိုလားသူတွေကို အနှောက်အယှက် ပြုတာလို့ပဲမြင်တယ်၊ ကျွန်တော်တို့ လိုင်ဇာမရောက်မချင်းသွားမှာပါ"

လိုင်ဇာမြို့ လူထုနဲ့ ကေအိုင်အို အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေ ရောက်လာမယ် အထင်နဲ့ မနေ့ညနေကတည်းက အစားအသောက်၊ နေရေးထိုင်ရေးနဲ့ သွားရေးလာရေး လုံခြုံရေးတွေ စီမံထားပြီး အဆင်သင့် ကြိုဆိုနေကြကြောင်း သိရတယ်လို့ ကိုသန့်စင်က ပြောပါတယ်။

ကိုသန့်စင်နဲ့အဖွဲ့ဟာ မြင်းခြံမြို့ကနေ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က စတင်လမ်းလျှောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်း နိုင်ငံတကာ ပညာရှင်များ ရှင်းလင်း

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ ပြုလုပ် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်း
http://news-eleven.com Sunday, 10 March 2013 11:43

3.10.1
ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။
ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်း မီဒီယာတွေဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီး သုံးနေကြတာကို တွေ့ရှိရတယ်။ အမှားကြာလျှင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချ ခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင် ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။
ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင် နိုင်ငံ၏ နယ်ပယ်ဖြစ်လာသောအခါ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းရာတွင် ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်အနိုင်ယူသည့် သမိုင်းဆိုင်ရာ အခြေအနေ၊ စေ့ဆော်ချက်များကို ပြောကြားခဲ့ပြီး စေ့ဆော်ချက်များတွင် နိုင်ငံရေးနှင့် သဘောတရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့ကြောင်း ရှင်းလင်းခဲ့သည်။
ထို့ပြင် ရခိုင်ကို မြန်မာများ (၁၇၈၅-၁၈၂၅) ခုနှစ်များအတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြောင်းလဲလာမှု အခြေအနေများကို ၎င်းက ရှင်းလင်းရာတွင် (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်း ရခိုင်အထက်တန်းလွှာများအား နယ်နှင်ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်း၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်း အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်းမှုများ ပြုလုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်သို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်း၊ (၁၇၈၇-၁၈၁၅) ခုနှစ်အတွင်း မြန်မာဘုရင်၏ အုပ်စိုးမှုကို ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ ရခိုင်များ အလုံးအရင်းနှင့် ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ (၁၈၁၅ -၁၈၂၅) ခုနှစ်အတွင်း စီးပွားရေးပုံစံ ကူးပြောင်းလာခြင်းနှင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက်သည့် ခြိမ်းခြောက်ခံရမှု မရှိခဲ့ခြင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အလားတူ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းခဲ့သည်။
၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာပုံ၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာမှုများတွင် ကုန်သွယ်ရေးမှ ရရှိသည့် အခွန်ဘဏ္ဍာများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပုံ၊ ရခိုင်နှင့် ဘင်္ဂလားဒေသတွင် ဒတ်ခ်ျတို့၏ ကုန်သွယ်ပုံများကို ၎င်းကပြောကြားခဲ့ပြီး ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလား အရှေ့တောင်ဘက်တွင် ရခိုင်များ၏ ထိန်းချုပ်မှု လျော့နည်းလာရခြင်းမှာ အခွန်ဘဏ္ဍာရရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း အားမကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျကုန်သည်များ ထွက်ခွာသွားခြင်းမှာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ရှင်းလင်းခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် (၁၈၂၆-၁၉၇၅) ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသားများ၏ ပြောင်းရွှေ့နေထိုင်မှုများ များပြားလာခြင်း၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်းတို့ ကို ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေါက်တာအေးချမ်းက ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးပုံ၊ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေကြောင်း ပြောသည်။
“ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဖိတ်ကြားထားသူများ၊ ပညာရှင်များက ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရခိုင်သမိုင်း ပညာရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ပုဂံခေတ် ရခိုင်ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက “သက်သေအထောက်အထား မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
အလားတူ လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်က “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး။ တခြား ယဉ်ကျေးမှုတွေလည်း မြောက်ဦးမှာ ရှိနေပါပြီ။ ၁၆၀၈ ခုနှစ်မှာ ပထမဆုံး ဒတ်ခ်ျလူမျိုး မြောက်ဦးကို ရောက်ပါတယ်။ ၁၆၄၀ ပြည့်နှစ်မှာ ရခိုင်မိခင်တွေနဲ့ ရတဲ့ ဒတ်လူမျိုးကလေးတွေ အများကြီး ရှိနေပါပြီ။ မြောက်ဦးမြို့ဟာ အသွေးအရောင် စုံတဲ့မြို့လို့ ပြောရမှာပဲ” ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သည်။
ထို့ပြင် ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က “၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟုလည်း ဖြေကြားခဲ့သည်။
ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ စကားလုံး မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲ၊ မည်သူ စတင်သုံးစွဲခဲ့သလဲဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့ စကားရပ်ပါ” ဟု ဖြေကြားသည်။
ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက ရိုဟင်ဂျာနှင့် ရခိုင်ပြည်နယ် အကြောင်းကို မေးမြန်းခဲ့ရာတွင် ဒေါက်တာအေးချမ်းက ဦးဌေးလွင်ဦး ပြောကြားသည့် စကားရပ်သည် ရိုဟင်ဂျာဟု မဆိုလိုကြောင်း၊ ဘင်္ဂါလီများက ရခိုင်ကိုခေါ်သည့် စကားလုံးသာ ဖြစ်ပြီး Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင် အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း ရှင်းလင်းခဲ့သည်။
“ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါက်တာအေးချမ်းက ရှင်းရှင်းလင်းလင်း ပြောသွားတယ်။ နောက်ပြီး လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခကတော့ နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အကြီးအကဲတွေက ဖြေရှင်းပေးမှပဲ ပြေလည်မယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ကြားနေရ၊ မြင်နေရတာလည်း မကောင်းဘူး။ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။ အကုန်လုံး ကိုယ့်စီးပွားနဲ့ကိုယ်၊ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ဖြစ်စေချင်ပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဘာသာ ပထမနှစ်ကို တက်ရောက်နေသည့် အရှင်တေဇက မိန့်သည်။
ဆွေးနွေးပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြား နေကြသည့် ရခိုင်ရဟန်းသံဃာများနှင့် ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

မီဒီယာများရဲ့မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားချက်များ



The Modern News Journal

ညီလာခံမှာဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောအပြီး ထမင်းစားခေတ္တနားကာ နေပြည်တော်သို့ မပြန်ခင် မီဒီယာတွေနဲ့ တွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ
မီဒီယာများက မေးခွန်းများမေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှပြန်လည်ဖြေကြားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အဖြေများ အားလုံးကိုပြန်လည်ဖေါ်ပြလိုက်ပါတယ်။

မီဒီယာများရဲ့မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားချက်များ

အားလုံးသိတဲ့အတိုင်း ဗဟိုကော်မတီကိုရွေးချယ်တယ်။အဲဒီ့ကတဆင့် ဗဟိုအလုပ်အမှုဆောင် ဥကဌကိုရွေးချယ်တယ်။ ဥကဌက အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကိုရွေးလိုက်တယ်။ အတွင်းရေးအဖွဲ့က ပထမဆုံး cec အစည်းအဝေးမှ ဆုံးဖြတ်မှာပါ။ ဘယ်လိုတာဝန်ခွဲမလဲဆိုတာ ဆုံးဖြတ်မယ်။ ဂျပန် ကိုဧပရယ်မှာ သွားမယ်။ လေးယောက်ကိစက ကျွန်မနဲ့မဆိုင်ဘူး။ သူတို့မဲနည်းရွေးတာ အများစုသဘောထားပဲ။ ကျွန်မဘက် ကကြည့်မယ်ဆိုရင် သဘောထားကြီးတဲ့ဘက်မှာရှိပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ အများရဲ့ဆုံးဖြတ် ချက်ပဲဖြစ်ပါတယ်။ နောက်တစ်ခုက ဒီတစ်ခါအယူခံဝင်လို့မအောင်မြင်ဘူးဆိုပေမဲ့ နောင်အခါမ၀င်ရဘူးလို့ စဉ်းမျဉ်းစည်းကမ်းလည်း မရှိပါဘူး။ ဒါဟာလုံးဝလမ်းကိုပိတ်လိုက်တဲ့သဘောမျိုးမဟုတ်ပါဘူး။ ပါတီဝင်က အချိုးအစားတွက်လို့မရသေးပါဘူး ဒါမျိုးတွက်လို့မရပါဘူး။ ပါတီဝင်တွေဟာလည်း တသဲသဲ ၀င်နေတာပဲ အဲဒီဟာတွေမှာ ဘယ်ဟာအဟောင်းတွေလဲ အသစ်တွေလဲခွဲပြီးလုပ်တာမှမဟုတ်တာပဲ အားလုံး အသစ်ရောအဟောင်းရောပုံတူ ဖောင်တွေဖြည့်ပြီးလျှောက်တာပဲ တယောက်ချင်းလိုက်မေးမှသာ ဒီဟာအဖြေ ပေါ်မှာပဲ။ ကယားပါတီဝင်တစ်သောင်းထွက်တယ်ဆိုတာမသိဘူး။ တစ်သောင်းတောင်ရှိပါ့မလား မေးစရာဖြစ် နေတယ်။ ကယားမှာပါတီဝင်တစ်သောင်းထွက်တာ ဘယ်သူက ဘယ်လိုကိန်းဂဏန်းကို ဘယ်ကရသလဲမသိ ဘူး။ သိသလောက်တော့ ကယားမှာ တစ်သောင်းတောင်ရှိမယ့်ကိစဟာ တော်တော်ခက်မဲ့ကိစပါ။ လက်ပံ တောင်းတောင်နဲ့ပက်သက်လို့ အစီရင်ခံစာထွက်တဲ့အထိစောင့်ပါ။ cc ထဲမှာလူငယ်တွေအများကြီးပါတယ်။ cec မှာ လူငယ်နည်းတာဟုတ်တယ်။ cec လုပ်ဖို့ အတွေ့အကြုံလိုတယ်။ အတွေ့အကြုံမှာ ပါတီအတွေ့ တွင်သာမက အလုပ်အတွေ့အကြုံပါလိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီ၂၅ နှစ်တာလျှောက်လှမ်းခဲ့တဲ့ကာလ တစ်လျှောက်မှာ ဒီလူတွေဘယ်လောက် လုပ်နိုင်လဲ၊ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို သိတဲ့သူက အမှန် ပြောရရင် ၀ါရင့်ပါတီဝင်တွေပဲဖြစ်တယ်။ ပါတီဝင် အသစ်တွေက အရည်အချင်း အသစ်တွေယူလာတာ သဘော ကျတယ်။ သူတို့တွေ ပါတီရဲ့လုပ်ငန်းတွေ၊ ပါတီရဲ့အခြေအနေသမိုင်းနဲ့ပိုပြီးရင်းနှီးဖို့လိုပါတယ်။ ဒါကြောင့် cec မှာ လူငယ်တွေနည်းတယ်ပေါ့။ အရန်ထဲမှာ တတ်နိုင်သလောက်လူငယ် ၂ /၃ ယောက်လောက်ထည့်ထားပါ တယ်။ နောက်ဆုံးကျတော့ အလုပ်အတွေ့အကြုံအတွက်အချိန်ပေးဖို့ပါပဲ။ လူငယ်တွေရဲ့အရည်အချင်းမြှင့်ဖို့ လိုတယ်။ ဒါက nld မှာတင်မဟုတ်ဘူး။ တတိုင်းပြည်လုံးပါပဲ ။ ဘယ်သူကိုမှ ကျွန်မ ရန်ဘက်အသွင်မဆောင်ပါ ဘူး။ ရန်ဘက်အသွင်ဆိုတာ လူကြီးလူငယ်မှ မဟုတ်ဘူး။ စိတ်ထားပေါ်မှာပဲတည်ပါတယ်။ ရန်ဘက်ပုံစံရပ်တည် တာလား။ ပြေလည်ရေးဘက်က ရပ်တည်တာလား လူတစ်ဦးစီရဲ့ သဘောထားအတွေ့အကြုံအမြောင်အမြင် ပေါ်မှာတည်တာပေါ့။ cec ရွေးတုန်းက မူ၃ခု ချပြထားတယ်။ တစ်ခုက ဆက်စပ်မှုရှိရမယ်။ အတိတ်၊ ပစပန်၊ အနာဂတ်ကို ဆက်သွားနိုင်မယ့်အခြေအနေရှိရမယ်။ ဒါကြောင့် လူဟောင်းတွေကို ဘယ်လိုမှပစ်ပယ်လို့မရဘူး။ တကယ်လည်း ကျွှမ်းကျင်မှုလိုတယ်။ အသက်ကြီးပိုင်းတွေမှာကျွှမ်းကျင်မှုပိုများနေတယ်။ ကျွှမ်းကျင်မှုလိုတယ်။ သွေးသစ်တွေလည်း ထည့်နိုင်ဖို့ကြိုးစားနေတယ်။ အဲဒီ့ထဲမှာ တိုင်းရင်းသားတို့အမျိုးသမီးတို့ ပိုပြီး ဦးစားပေးနိုင် ဖို့ကြိုးစားနေတယ်။ ဘာပဲဖြစ်ဖြစ် cec ထဲမှာ အမျိုးသမီး ၂ဦးကနေ ၄ဦးဖြစ်သွားတယ်ဆိုတော့ တစ်စတိုးသွား တာပေါ့။ မူဝါဒ- အမြဲပြောင်းနေရမှာပဲ အခြေခံကိုတော့ကိုင်ထားရမှာပဲ။ ဒီလိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွေအတွက် အခြေခံမူကလိုမယ်။ ဒါပေမဲ့ အခြေခံမူပေါ်က ဒုတိယအဆင့်မူ တွေကတော့အခြေအနေအရ ပြောင်းသင့်ရင်ပြောင်းရမယ်။ အခုပြောလို့ရတာဆိုရင် အခြေအနေသစ်ထဲမှာ အလုပ်လုပ်နိုင်ရမယ်။ အရင်က အတိုက်အခံအုပ်စုလို လှုပ်ရှားရတယ်။ အခုကြတော့ ပိုပြီးတော့ တည်ဆောက် ရေး ပုံစံအသွင်ဆောင်ရမယ်လို့ ယုံကြည်တယ်။ သမတဖြစ်ဖို့မေးခွန်း- ပြည်သူရဲ့ထောက်ခံမှု ယုံကြည်မှုကို မူတည်ပြီး လုပ်သွားမယ်။ ဒီမိုကရေစီကိုယုံကြည်တယ်ဆိုရင်အခြား ဘယ်နည်းမှ မရှိပါဘူး။
လူထုထောက်ခံမှုအခြေအနေ- တနေ့နဲတနေ့အပြောင်းအလဲတွေရှိနေမှာပဲ။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲ ပြောရ ခက်တယ်ပေါ့။ ဥပမာ- ကော့မှူးမှာ အခြေအနေတိုးတက်တယ်ပေါ့။ အချို့နေရာတွေမတိုးတက်ဘူးပေါ့။ အဲဒီ့ တော့ ၂၀၁၂နဲ့ ၁၃ တူသလားဆိုတော့ မတူဘူးပေါ့ တနေ့နဲ့တနေ့တောင် မတူတာပဲ။

ကမ္ဘောဒီယားကတိမ်းရှောင်အတိုက်အခံခေါင်းဆောင်ညီလာခံ တက် ဒေါ်အောင်ဆန်းစု ကြည် နဲ့  လည်း တွေ့ ဆုံ

rအဂ္ဂမဟာ ဒီမိုဖက်တီး

ကမ္ဘောဒီယားနိုင်ငံ အမျိုးသားလွတ်မြောက်ရေးပါတီ ခေါင်းဆောင် Sam Rainsy ဟာ လက်ရှိ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ အဓိကပြိုင်ဘက်အတိုက်အခံ ပါတီခေါင်းဆောင်ဖြစ်ပြီး ပြင်သစ်နိုင်ငံကို တိမ်းရှောင်နေရပါတယ်။
Mr Sam Rainsy ဟာ သောကြာနေ့က ရန်ကုန်မြို့ကို ရောက်ရှိပြီး NLD ပါတီရဲ့ နိင်ငံလုံးကျွတ် ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။


  
ဒေါ်အောင်ဆန်းစုကြည် နဲ့  မစ္စတာ ဆမ်ရိန်ဆီ ဒုတိယ အကြိမ်တွေ့ ဆုံ
by FNG on March 10, 2013

ပြင်သစ် နိုင်ငံ မှာ ခိုလှုံ နေတဲ့ ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် မစ္စတာ ဆမ်ရိန်ဆီဟာ ရန်ကုန် မြို့ 
 မှာ ကျင်းပတဲ့ ပထမ အကြိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ရဲ့  ညီလာခံကို တက် ရောက် ခဲ့ ပြီး
 ဒေါ်အောင်ဆန်းစု ကြည် နဲ့  လည်း တွေ့ ဆုံ ခဲ့ ပါတယ်။

၁၉၉၆ ခုနှစ် မှာ မစ္စတာ ဆမ်ရိန်ဆီ ဟာ မြန်မာ နိုင်ငံ ကို တစ်ခါ လာရောက်လည် ပတ်ခဲ့ ဖူး
ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့  ဆုံ တွေ့  ခဲ့ ဖူး ပါတယ်။

မြန်မာ နိုင်ငံ ကို ရောက်ရှိ နေတဲ့ ဆမ်ရိန်ဆီ ဟာ ရွှေတိဂုံ စေတီတော် ၊ ခြောက်ထပ်ကြီး ဘုရား
ကမ္ဘာ့ ဗုဒ္ဓဘာသာ သာသနာ ပြု တက္ကသိုလ် တွေ ကို လဲ သွားရောက် လေ့လာ ခဲ့ ပါတယ်။

ဆမ်ရိန်ဆီ ဟာ ဒေါ်အောင်ဆန်းစုကြည် နေ အိမ် အကျယ်ချုပ် ကျခံ နေရစဉ်ကာလ တွေ အတွင်း ဒေါ်အောင်
ဆန်းစုကြည် ကို လွှတ်ပေး ဖို့  ကျယ်ကျယ် လောင်တောင်းဆို ခဲ့ တဲ့ အရှေ့ တောင် အာရှ ရဲ့  တစ်ဦး
တည်းသော အတိုက် အခံ ခေါင်းဆောင် ဖြစ်ပါတယ်။
freedomnewsgroup.com

တထောင်ရလည်းမနည်းပါဖူးဘဘပြောင်






အဘတို့ထုတ်ထားတဲ့ဥပဒေပဲလေ။။

(ပါးရိုက်=၅၀၀ + ကုတ်ဖြဲ=၅၀၀)စုစုပေါင်းတထောင်ကျပ်

NDF (၄) ဦးအန်အယ်ဒီပါတီထဲ ပြန်လည် ၀င်ခွင့်အများစုက လက်မခံ

လေးယောက်ကိစ္စက ကျွန်မနဲ့မဆိုင်ဘူး။ သူတို့မဲနည်းရွေးတာ အများစုသဘောထားပဲ။ ကျွန်မဘက် ကကြည့်မယ်ဆိုရင် သဘောထားကြီးတဲ့ဘက်မှာရှိပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ အများရဲ့
ဆုံးဖြတ် ချက်ပဲဖြစ်ပါတယ်။ နောက်တစ်ခုက ဒီတစ်ခါအယူခံဝင်လို့မအောင်မြင်ဘူးဆိုပေမဲ့ နောင်အခါ
မ၀င်ရဘူးလို့ စဉ်းမျဉ်းစည်းကမ်းလည်း မရှိပါဘူး။ဒါဟာလုံးဝလမ်းကိုပိတ်လိုက်တဲ့သဘောမျိုးမဟုတ်ပါဘူး။


စဉ်းစားသင့်သည် NLD

by May Thingyan Hein on Sunday, March 10, 2013 at 8:30am ·

NLDရဲ့ တစ်နိုင်ငံလုံးပါဝင်တဲ့ ညီလာခံကို မတ်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ နှစ်ရက်စလုံး တက်ရောက်ပြီးသတင်းယူဖြစ်ခဲ့ပါတယ်။  မြစ်မခ မီဒီယာနဲ့ dpa အတွက်သတင်းလည်း ရေးဖြစ်ပါတယ်။

ဒီ post ကတော့ ထုံးစံအတိုင်း facebook ပေါ်က ကျမရဲ့ မိတ်ဆွေများအတွက်ပါ။အန်အယ်ဒီညီလာခံမှာ ကျမမြင်ရကြားရတာတွေကိုလည်း ကျမမိတ်ဆွေတွေကို ပြန်ပြောတဲ့ သဘောမျိုးနဲ့  ပြောပြချင်ပါတယ်။

အန်အယ်ဒီပါတီရဲ့ ညီလာခံမှာ အခက်အခဲတွေ အဆင်မပြေမှုတွေ ရှိလိမ့်မယ်ဆိုတာကို ကျမတို့အားလုံး ကြိုတင်နားလည်ပြီးသားပါ။ ဘာကြောင့်လဲ ဆိုတော့ အန်အယ်ဒီပါတီဟာ အခက်အခဲပေါင်းများစွာကနေ ထိုးဖောက်လာခဲ့ရတဲ့ ပါတီဖြစ်ပါတယ်။ဒီလို ညီလာခံ ကျင်းပနိုင်အောင်ကို စောင့်ခဲ့ရတာ နှစ်ပေါင်း မနည်းလှပါဘူး ၊ဖြစ်မြောက်လာတဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်ရတာပါပဲ။

အန်အယ်ဒီရဲ့ နှစ် ၂၅ နှစ်သက်တမ်းမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ညီလာခံဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ အားလုံးက စိတ်ဝင်စားကြပါတယ်။ သတင်းမီဒီယာတွေကလည်း ဒီညီလာခံအတွက်ကို ကြိုတင်ပြင်ဆင်ကြပါတယ်။  အန်အယ်ဒီအဖွဲ့ဝင်တွေကတော့ မီဒီယာတွေအတွက်နေရာကိစ္စကို စဉ်းစားခဲ့ပုံအားနည်းဟန်တူပါတယ်။

စတိတ်စင်နဲ့ အဝေးကြီး နောက်ဆုံးတန်းမှာ စင်၃ စင်ထိုးပြီး မီဒီယာကိုနေရာပေးပါတယ်။့ စင်နဲ့နေရာက ဝေးလွန်းတော့ အသံကောင်းကောင်းမရသလို၊ ကင်မရာတော်တော်ကြီး ကောင်းမှ အရုပ်ကောင်းကောင်း ရပါတယ်။ သိန်း ဆယ်ဂဏန်းတန်မကိုင်နိုင်တဲ့ သာမန်မီဒီယာလေးတွေအတွက်ကတော့ ဓါတ်ပုံဟာ  မှိန်ဝါး သေးငယ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ကြရပါတယ်။

ဒါပေမဲ့ မီဒီယာတွေအားလုံး ဒီချုပ် ညီလာခံမှာ သတင်းယူရတာကို ၀မ်းသာဂုဏ်ယူကြပါတယ်။ ပြည်သူချစ်တဲ့ ခေါင်းဆောင်၊ပြည်သူ ချစ်တဲ့ပါတီနဲ့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးရတာကိုး။ တော်ဝင်နှင်းဆီရှေ့က နေပူကျဲကျဲမှာ သတင်းထောက်တွေ အစုလိုက်အပြုံလိုက်စောင့်ပြီး သတင်းယူခဲ့တာပါပဲ။ အကြိုညီလာခံကျင်းပတဲ့ ရက်နဲ့ဆိုရင် စုစုပေါင်း ၃ ရက်မှာ ဘယ်လောက်ပူပူ အားလုံး ၀မ်းသာအားရ သတင်းယူခဲ့တာပါပဲ။

ဖွင့်ပွဲနေ့ကတည်းက အန်တီရဲ့ အဖွင့် မိန်ခွန်းကလည်း တော်တော်ကောင်းပါတယ်။ ပါတီဝင်တွေမပြောပါနဲ့  နားထောင်ရတဲ့ သူတိုင်း အတွက် အကျိုး ရှိစေတဲ့ မိန့်ခွန်းပါ။ ကျမ ဘေးမှာ ထိုင်တဲ့ နိုင်ငံခြားသားကို မကြာခဏ ဘာသာပြန်ပေးတော့ သူကလည်း တော်တော်လေး သဘောကျတယ်။ သူ့ကို ပြောနေရင်း ဒါဟာ မြန်မာပြည်က  ခေါင်းဆောင်တစ်ယောက်၊အနေနဲ့  ကျမတော့ ဂုဏ်ယူကျေနပ်မိတာ အမှန်ပါပဲ။

၁၀ နာရီကျော်လောက်မှာ ဖွင့်ပွဲပြီး ညီလာခံက ပြန်ထွက်ရတော့ သတင်းချက်ချင်းတင်နိုင်အောင် ရုံးကို ပြေးပြီး အလုပ်လုပ်ကြတယ်၊ ညနေ ၃ နာရီမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပေးမယ်ဆိုလို့ နေ့လည် ၂နာရီအရောက် တော်ဝင်နှင်းဆီရှေ့ကို အရောက်ပြေးလာကြပြန်ရော။

ကျမတို့ သတင်းသမားတွေတင်မကပါဘူး ပြည်သူအချို့ကလည်း စိတ်ဝင်စားလို့ထင်ပါတယ်။ တော်ဝင်နှင်းဆီရှေ့မှာ တ၀ဲလည်လည်နဲ့ပါ။

ညီလာခံထဲကို ၀င်ခွင့်ရတော့ ညီလာခံမှာ ပါတီဝင်ဖို့ (၄) ဦးရဲ့ လျှောက်ထားခြင်း  ကိစ္စကို ညီလာခံကိုယ်စားလှယ်တွေရဲ့ သဘောထားကို မေးမြန်းနေတာနဲ့ ကြုံပါတယ်။

ရှင်းအောင်ပြောရရင်တော့ ၂၀၁၀ခုနှစ်တုန်းက အန်အယ်ဒီပါတီက ရွေးကောက်ပွဲမ၀င်ကြောင်း ဆုံးဖြတ်ပြီးတဲ့ နောက်မှာ အန်အယ်ဒီပါတီထဲက ရွေးကောက်ပွဲဝင်လိုသူ အချို့က ပါတီကနေ နှုတ်ထွက်ပြီး  NDF ပါတီကို ထူထောင်ပါတယ်။(ဒါကိုလည်း အများသိပြီးသားပါ)

အဲဒီလို NDF ပါတီထဲမှာ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ သူ (၄) ဦး(ယခင် အန်အယ်ဒီ ပါတီဝင်ဟောင်း( အချို့က ၁၉၉၀ မှာလည်း အနိုင်ရရှိခဲ့ဖူးတဲ့ သူတွေလို့သိရပါတယ်) က အန်ဒီအက်ဖ်ပါတီက ထွက်ပြီး အန်အယ်ဒီပါတီမှာ ဘယ်နေရာကဖြစ်ဖြစ် သာမန် အဖွဲ့ဝင်အနေနဲ့ ပြန်ဝင်ခွင့်ပြုဖို့ လျှောက်ထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်လည်း ရရှိခဲ့တဲ့ ရန်ကုန်တိုင်းက ဒေါက်တာသန်းဝင်း(လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ ဦးကြည်မြင့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ မန္တလေးတိုင်းက ဦးတင်အောင်အောင်၊ ဦးမြင့်တင် တို့က  အန်အယ်ဒီပါတီထဲ ပြန်လည် ၀င်ခွင့်ပြုဖို့  လျှောက်ထားတာလည်း တော်တော်ကြာခဲ့ပြီလို့ သိရပါတယ်။

အဲဒါကို ခုလိုညီလာခံမှာ  တက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို မေးမြန်းပြီး သူတို့ကို လက်ခံသင့်မခံသင့် ဆုံးဖြတ်ကြတာပါပဲ။

သူတို့ကို လက်ခံပါသလား ခင်ဗျားလို့ ဦးဥာဏ်ဝင်းက စင်ပေါ်ကနေ မေးမြန်းတော့ အများစုက လက်မခံကြောင်း ပြောကြပါတယ်။

အများစုက လက်မခံကြောင်း ပြောကြတာကို ပြန်စဉ်းစားကြည့်မိတယ်။ခုတက်လာတဲ့ ညီလာခံကိုယ်စားလှယ်တွေမှာ ဒီ ၄ ဦးရဲ့ အကြောင်းကို သိတဲ့ သူက ဘယ်လောက်ရှိသလဲ ဆိုတာ ကျမ တွေးကြည့်မိပါတယ်။

အဲလို လက်မခံကြောင်း ပြောနေချိန်မှာ အမျိုးသမီးငယ်တဦးကတော့ မိုက်ကို ဆွဲယူပြီး`ကျမတို့ ရန်သူနဲ့တောင် လက်ဆွဲနှုတ်ဆက်နေတဲ့ အချိန်မှာ အရင်တုန်းက ရဲဘော်ရဲဘက်ဟောင်းဖြစ်ခဲ့တဲ့ သူတွေနဲ့ဘာကြောင့် ပြန်မတွဲနိုင်ရမှာလဲ၊ ကျမကတော့ လက်ခံပါတယ်`လို့ ဖြေဆိုတာလည်း တွေ့ရပါတယ်။

နောက်တယောက်ကတော့`ဒီလူတွေက အဖွဲ့ချုပ်ကို သစ္စာဖောက်သွားတဲ့ သူတွေဖြစ်တဲ့အတွက် လက်မခံပါ`လို့ ထဖြေပြန်တယ်။

အဲလို သစ္စာဖောက်လို့ ပြောလိုက်တဲ့ စကားကို လက်ခုပ်တဗြောင်းဗြောင်း တီးသံတွေလည်း ထွက်ပေါ်လာပါတယ်။

အဲဒီလို ပါတီပြန်ဝင်ဖို့ လျှောက်ထားတဲ့ (၄) ဦးကို ပါတီဝင်အဖြစ် လက်မခံသူနဲ့ လက်ခံသူတွေ ရှိနေတဲ့အတွက် စင်ပေါ်ကနေ ဦးဥာဏ်ဝင်းက လက်ခံတဲ့ သူတွေ ထပါ၊ လက်မခံတဲ့ သူတွေ ထိုင်ပါ ဆိုပြီး ပြည်နယ်နဲ့ တိုင်းအလိုက် ဆောင်ရွက်ခဲ့ပါတယ်။

ပါတီရဲ့ ခေါင်းဆောင်နေရာမှာ ရှိနေတဲ့ သူတွေအားလုံးက လက်ခံဖို့ သဘောတူကြောင်း မတ်တပ်ထရပ်ပြကြတာလည်း  တွေ့ရပါတယ်။

ဒါပေမဲ့ ဒီလူ ၄ ဦးအကြောင်း တောင် သေသေချာချာ သိရဲ့လား မသေချာတဲ့ လူတွေက လက်ခံလိုက်ရင်ပဲ ကိုယ်ကပါ သစ္စာဖောက် ဖြစ်တော့မလိုလို သဘောထားမျိုးနဲ့ မျက်စိမှိတ်ပြီးတော့ ကန့်ကွက်ပါတယ်လို့ အော်နေတဲ့ သူတွေ အများကြီးကိုလည်း တွေ့ရတယ်။

အဲလို ဆောင်ရွက်ရာမှာ ဒီ ၄ ဦးကို လက်ခံကြောင်း သဘောတူသူ  ၃၁၉ ဦးရှိပြီး၊ လက်မခံကြောင်း ကန့်ကွက်သူ ၄၆၂ ဦး ရှိတာ တွေ့ရပါတယ်။အဲဒါကြောင့် အန်ကယ် ဦးဥာဏ်ဝင်းက ဒီကိစ္စကို အများစုရဲ့ သဘောနဲ့ လက်မခံကြောင်း ကြေငြာလိုက်ပါတယ်။

အဲဒီနေ့ ညီလာခံပြီး အိမ်ပြန်ရောက်ချိန်ထိ  ကျမ ခေါင်းထဲ ရောက်သွားပြီး တနှုံနှုံဖြစ်ရတာကတော့ ဒီကိစ္စပါပဲ။

ကျမက ပါတီဝင်မ ဟုတ်ပါဘူး။ ဒါပေမဲ့  ကျမ စဉ်းစားမိပါတယ်။ ပါတီအနေနဲ့ လက်ခံသင့်မသင့်ဆိုတာကို ကျမ စဉ်းစားမိပါတယ်။

အခု ပါတီဝင်ဖို့ လျှောက်ထားတဲ့ သူ ၄ ဦးမှာ ၂ ဦးက လွှတ်တော်ထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။

တကယ်လို့သာ သူတို့ကို လက်ခံခဲ့ရင် လက်ရှိ လွှတ်တော်ထဲမှာ အန်အယ်ဒီပါတီက အမတ်ဦးရေ ၂ ဦးပိုလာပါမယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ မဲဟာ ဘယ်လောက်တောင် အရေးကြီးသလဲ၊ ဒီနှစ်ဦးကလည်း  မဲခွဲတဲ့အခါမှာ တစ်တပ်တစ်အားဆိုတာကို ကျမတို့ ထည့်စဉ်းစားရပါမယ်။

နောက်တချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ အန်အယ်ဒီအနေနဲ့ ပြင်ဆင်နိုင်တဲ့ မဲ ရရှိဖို့အတွက် တနိုင်ငံလုံးမှာ မဲအများဆုံး ရဖို့ လိုပါတယ်။ အဲဒီလိုသာ ရေရှည်အတွက် စဉ်းစားမယ်ဆိုရင်တော့ ဒီ ၄ ဦးကို လက်ခံသင့်တယ်လို့ မြင်ပါတယ်။

နောက်တချက်ကတော့ ဒေါက်တာသန်းဝင်းဟာ စိတ်သဘောထားကောင်းမွန်တဲ့ ဆရာဝန်တယောက်လို့ ပြောသံကြားရသလို၊ ဦးကြီးမြင့်ကလည်း စီးပွားရေးပညာရှင်တယောက်လို့ သိရပါတယ်။(သူများ ပြောတာ ကြားရခြင်းဖြစ်ပါတယ်)

ဒီလိုလူတွေ အန်အယ်ဒီထဲကို ၀င်ခွင့်ပြန်လျှောက်ထားတာကို လက်ခံခြင်း အားဖြင့် လွှတ်တော်ထဲမှာရော ပါတီတွင်းမှာပါ အသုံးမတည့်နိုင်ဘူးလား။

တကယ်တော့ ဒီ (၄) ဦးစလုံးဟာ ကျမနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု မရှိပါဘူး။ဒါပေမဲ့ ကျမစိတ်ထဲမှာတော့တချိန်တုန်းက ၂၀၁၀ တုန်းက သူတို့က ရွေးကောက်ပွဲ ၀င်ချင်တယ်။ ပါတီက မ၀င်ဘူးဆုံးဖြတ်တဲ့အခါ၊ သူတို့ဟာ ပါတီကနေ ထွက်ပြီး တခြားပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်တယ်။ အဲဒါဟာလည်း သူတို့ အခွင့်အရေးပဲလို့ ကျမ မြင်ပါတယ်။

နောက်စဉ်းစားမိတာကတော့ နောက်တချက်ကတော့ ဒီ ၄ ဦးဟာ NLD ပါတီရဲ့ မိုးထဲလေထဲ ကာလတွေတုန်းက ဖြတ်သန်းခံခဲ့ရတဲ့ ထောင်ကျခံ စီးပွားပျက်ခံနိုင်တဲ့ မှတ်ကျောက်ရှိပြီးသား သူတွေလို့ သိရပါတယ်။

ယခု အသစ်ဝင်လာတဲ့ အန်အယ်ဒီအဖွဲ့ဝင်တွေထဲမှာ ဒီလို မှတ်ကျောက်တင်ခံနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိပါသလဲ၊  အန်အယ်ဒီပါတီကို ဖြတ်သိမ်းမယ်လို့ အသံတွေ ထွက်လာတုန်းက အန်အယ်ဒီပါတီဝင်တွေနဲ့ စကားတောင် မပြောရဲတဲ့ သူတွေ၊ ပါတီနဲ့ မပတ်သတ်ရဲ့တဲ့ သူတွေ အခု ပါတီထဲ ရောက်နေတဲ့ ကိစ္စတွေကိုလည်း  ထည့်စဉ်းစားကြည့်သင့်ပါတယ်။

နောက် သူတို့ ၄ ဦးဟာ အခြားပါတီဝင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တာကို မှားခဲ့တယ်လို့ ယူဆမယ်ဆိုရင် သူတို့ဟာ အမှား ပြင်ဆင်ခွင့်မရှိသင့်ဘူးလား။

အမှားပြင်ဆင်ခွင့် ဆိုတာကရော လူ့အခွင့်ရေး မဟုတ်ဘူးလား။ မည်သူမဆို ပြန်လည် ဖြေရှင်းခွင့် ရှိသလို၊ အမှားပြင်ဆင်ခွင့်ဆိုတာလည်း ရှိတယ် မဟုတ်လား။

ကျမ စိတ်ထဲ တနှုံ့နှုံ့နဲ့ပါ။

သူတို့ ၄ ဦး ပါတီအဖွဲ့ဝင် ဖြစ်ခြင်း မဖြစ်ခြင်းဟာ ကျမအတွက်တော့  အရေးမကြီးလှပေမဲ့ တိုင်းပြည်နဲ့ ဒီမိုကရေစီလမ်းကို အတူတူလျှောက်လှမ်းချင်တာခြင်း တူနေသူ အချင်းချင်းအပေါ်မှာ အညှိုးအတေးတွေ မရှိသင့်သလို၊ ကိုယ်နဲ့ အဆင်မပြေပေမဲ့ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးရှိရင် လက်ခံမယ်ဆိုတဲ့ စိတ်နှလုံးမျိုး ရှိစေချင်တာပါပဲ။

 ကျမအနေနဲ့ကတော့ ပါတီဝင်လည်း မဟုတ်၊ သာမန်ပြည်သူသာဖြစ်တဲ့ အတွက် အန်အယ်ဒီပါတီနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ကိုတော့ လွယ်လွယ်ကူကူ မပေးရဲပါဘူး။

ဒါပေမဲ့ NLD ပါတီရဲ့ နောက်မှာ တိုင်းပြည်ရဲ့ အနာဂတ် ရှိနေတဲ့အတွက် ဒီလို ကိစ္စရပ်များကစပြီး အလေးအနက်ထားပေးဖို့နဲ့ တိုင်းပြည်အတွက် အကျိုးဖြစ်နိုင်ရေး ကိစ္စရပ်များအပေါ်မှာ ခုထက်ပိုပြီး အရာရာကို သေသေချာချာလေးလေးနက်နက် စဉ်းစားပေးပါလို့ အကြံပြု တိုက်တွန်းချင်တာပါပဲ။

မေသင်္ကြန်ဟိန် (မြစ်မခ)

Zaw Thura ဆရာမ မေသင်္ကြန်ဟိန် ခင်ဗျ....ကျွန်တော်လည်း ပါတီဝင်တစ်ယောက်မဟုတ်ပါ ၊ ၂၀၁၀အတွက် အန်အယ်ဒီ စီအီးစီတွေ ဆုံးဖြတ်ပါတယ် မ၀င်တဲ့ဘက်ကအနိုင်ရတယ်ခင်ဗျ ၊ နောက် ဘဘဦးတင်ဦးလည်း ပါတီခွဲထောင်မယ်လို့ သတင်းထွက်နေတဲ့ အဲ့ဒီလူတွေကို ပွင့်ပွင့်လင်းလင်းထပ်မေးပါတယ် ခင်ဗျားတို့ ဘာလုပ်ချင်လဲလို့ ...ဘယ်သူမှ ဘာမှမဖြေပဲနုတ်ဆိတ်နေတယ်ခင်ဗျ...တတ်/သိက သူတို့ နဲ့ လုပ်ဖော်ကိုင်ဘက် ပန်းချီဆရာတွေ စာရေးဆရာမကြီးတွေလည်း ဒီလိုမလုပ်ဖို့ ဝိုင်းဝန်းဖြောင်းဖျခဲ့ပါတယ် တစ်ချို့ လူငယ်တွေဆို လက်အုပ်ချီပြီး တောင်းပန်ခဲ့ကြပါသေးတယ် ၊ နောက်ရက်တွေမှာ အန်ဒီအက်ဖ်ဆိုပြီး မှတ်ပုံတင်လိုက်ပါတယ် အဲ့ဒီ့အချိန်မှာ အန်အယ်ဒီဆိုတဲ့ပါတီဟာ တရားမ၀င်တော့ပါဘူး ရှေ့ ဆက်ဘာဖြစ်မယ်မှန်းလည်း မသိနိုင်ပါဘူး..ဒီလူတွေဟာတစ်ချိန်တုန်းက အန်အယ်ဒီပါတီမှာ တာဝန်ကြီးကြီးတွေ ယူထားတဲ့ ထိပ်တန်းခေါင်းဆောင်တွေပါ သူတို့ စွန့် ခွါတော့ ပါတီဝင်တော်တော်များများလည်း သူတို့ နဲ့ အတူပါသွားပါတယ် ကျွန်တော်ကတော့ သူတို့ ဘ၀တွေစတေးပြီး အန်အယ်ဒီအတွက်လုပ်ခဲ့ကိုင်ခဲ့တာတွေကို သိတဲ့အတွက်ကြောင့် သူများတွေလို သစ္စာဖောက်လို့ မပြောရက်ပါဘူး....၊ ဒါပေမယ့်ဗျာ ဓေါ်စုပြောခဲ့သလို ယုံကြည်ချက်မရှိရင် နိုင်ငံရေးသမားလို့ ကိုယ့်ကိုကိုယ် မခံယူပါနဲ့ လို့ ပြောရမလိုဖြစ်နေပြီ ကိုယ်ယုံကြည်ရာကိုလုပ်ပြီးမှ ကိုယ်သိက္ခာမထောက် ပြန်လာတယ်ဆိုတာလည်း မဖြစ်သင့်ဘူးလို့ ယူဆပါတယ် ၀င်လိုက်ထွက်လိုက်လည်း လုပ်ကောင်းတဲ့အရာမဟုတ်ဘူးလို့ ထင်မိပါရဲ့ ...စွန့် ခွါသွားတဲ့ သူတွေကို ပါတီမှာပဲဖြစ်ဖြစ် စစ်တပ်မှာပဲဖြစ်ဖြစ် ယုတ်အဆွဆုံး လင်မယားတွေမှာပဲဖြစ်ဖြစ် ပြန်လက်ခံမကောင်းဘူးလို့ သုံးသပ်မိပါတယ် ။



Ye Yint Nge ပါတီတခုဟာဝင်လိုက်ထွက်လိုက်လုပ်လို့ရတဲ့ရုပ်ရှင်ရုံဇတ်ရုံမဟုတ်တာတော့သေချာတယ်။
ပါတီတွင်းပြစ်မှုအကြီးစားတခုပါ၊၂ယောက်ကိုမက်လိုက်ရင်နောက်ပိုင်းဝင်လိုက်ထွက်လိုက်နဲ့
ဇရပ်ဖြစ်သွားရင်ဒွတ်ခ။







အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်၁၅ဦး၊ အရံ ၅ ဦး



un Ny
C.E.C.အဖွဲ့ဝင် သစ်များ... — at တော်ဝင်နှင်းဆီ.




အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့(၁၀-၃-၂၀၁၃)
၁။ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဌ)
၂။ဦးဥာဏ်ဝင်း
၃။ဦးဟံသာမြင့်
၎။ဦးအုန်းကြိုင်
၅။ဦးဝင်းမြင့်
၆။ဦးထွန်းထွန်းဟိန်
၇။ဒေါက်တာမေ၀င်းမြင့်
၈။ဦးဝင်းထိန်
၉။ဒေါက်တာဇော်မြင့်မောင်
၁၀။ဒေါက်တာအောင်မိုးညို
၁၁။ဒေါ်ခင်ဌေးကြွယ်
၁၂။နန်းခင်ထွေးမြင့်
၁၃။ဦးကျော်ခင်
၁၄။ဦးညီပု
၁၅။ဒေါက်တာမျိုးအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့(၁၀-၃-၂၀၁၃)
၁၆။မန်းဂျော်နီ
၁၇။ဒေါက်တာသိန်းလွင်
၁၈။ဦးအောင်စိုး
၁၉။ဦးဇိုတွဲ
၂၀။ဒေါ်ဖြူဖြူသင်း






ဒေါ်အောင်ဆန်းစုကြည် ပါတီညီလာခံမိန့် ခွန်း (မတ်လ ၁၀ )

DVB TV News
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ၁၅ဦး၊ အရံ ၅ ဦးနဲ့ ရွေးချယ်ဖွဲ့စည်းသွားဖို့ရှိကြောင်း ညီလာခံ ပထမနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးအုန်းကြိုင်က ပြောဆိုလိုက်ပါတယ်။
ကိုခန့်

ဒေါ်အောင်ဆန်းစုကြည် ညီလာခံမိန့် ခွန်း ( မတ်လ ၁၀ )

ဒေါ်အောင်ဆန်းစုကြည် ညီလာခံမိန့် ခွန်း ( မတ်လ ၁၀ ) ဒုတိယပို်င်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အမှတ်စဉ် (၁) မှ (၂၀) ထိ ဗဟိုကော်မတီဝင်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင် ထပ်တိုးဦးရေ (၂၀) နှင့် အရံဗဟိုကော်မတီဝင် ဦးရေ (၃၀)အား တက်ရောက်လာကြသော ဗဟိုညီလာခံ ကိုယ်စားလှယ်များထဲမှ ထပ်မံရွေးချယ်ထားသော ကော်မတီဝင် (၈၅) ဦးကို ကိုယ်စားလှယ်များ၏ မဲခွဲဆုံးဖြတ်ချက်မဲ ရမှတ်စာရင်း

ရွေးချယ်ခံရသူများ -

အမှတ်စဉ် (၁) မှ (၂၀) ထိ ဗဟိုကော်မတီဝင်

အမှတ်စဉ် (၂၁) မှ (၅၀) ထိ အရံဗဟိုကော်မတီဝင်

မူရင်း NLD Congress

ဌေးလွင်ဦးအမေးအား ဒေါက်တာအေးချမ်း ရှင်းလင်းချက်


RSV

--------------------------------
၉.၃.၂၀၁၃ နေ့တွင် နိုင်ငံတကာအဆင့်မီ မဟိဒေါတက္ကသိုလ်တွင်ကျင်းပခဲ့သော ရခိုင်းသမိုင်းဆိုင်ရာများကို နိုင်ငံတကာမှ ရခိုင်သမိုင်း၊ မြန်မာ့သမိုင်း၊ အာရှသမိုင်းဆိုင်ရာများကို မွေနှောက်ထားတဲ့ ဆရာကြီးတွေက ပြောပြော၊ ရှင်းလင်းခဲ့ပါသည်။
ရိုဟင်ဂျာဆိုတာဟာ ရခိုင်သမိုင်း၊ မြန်မာ့သမိုင်းတွင် ဘယ်တုန်းကမှ မရှိခဲ့ ဟု မြန်မာ့သမိုင်း၊ဘင်္ဂလားဒေခ်ျသမိုင်း၊ အာရှသမိုင်း၊ အင်္ဂလိပ်အစိုးရ၊ ဂျပန်အစိုးရများ၏ သမိုင်းမှတ်တမ်းများ၊ အရှေ့အလယ်ပိုင်းသမိုင်းမှတ်တမ်းများကို ကိုးကား၍ သမိုင်းပညာရှင်ကြီးများ များပီသစွာ ရှင်းလင်းဟောပြောစဉ်… အမေးအဖြေကဏ္ဍတွင် ဘင်္ဂလီ(ရိုဟင်ဂျာ)များ၏ သမိုင်းပညာရှင်(ဘာဘွဲ့မှမရခဲ့) ဌေးလွင်ဦးဆိုသူသည် အင်တာနက်မှ လက်သရမ်းသူများ ရေးထားသော အဆင့်မမီသော စာတန်းများ(Primary resources and secondary resources များကို သိဟန်၊ ကြားဖူးဟန်မရှိသော ပညာရှင်ဆိုသူ ဌေးလွင်ဦး ကိုးကားသည့် စာတန်းများ) ကို ကိုးကားပြီး... မေးခွန်းအား ဒေါက်တာအေးချမ်းမှ ဒီလို ရှင်းပေးခဲ့ပါသည်။
“ရိုဟင်ဂျာဆိုတာ ဘင်္ဂါ (သို့) ရွှင်ဂျာကို ခေါ်တာ။ ဒါက ဒေခံ နာမည်မဟုတ်ဘူး။ အရင်းကို စစ်ရင် ဘင်္ဂလီပဲ ဖြစ်တယ်။ အိုခေတယ်နော်။ ငါ သမိုင်းပညာစစ်စစ်ကွ… အဓိက သမိုင်း အချက်အလက်နဲ့ နောက်ထပ် ကော်ပီးပွား Secondary resource ကို ငါကောင်းကောင်းသိတယ်။ မင်း မေးတာက Primarry resource မဟုတ်ဘူး။ ထိုနည်းတူစွာ ဒီဖက်က ပုဂ္ဂိုလ်လည်း သမိုင်းပညာရှင်းပါ။ ငါတို့က သမိုင်းကို ရေးတဲ့အခါ Primar resources (ပင်မရင်းမြစ်သမိုင်းကိုပဲ ရေးရတယ် ပြောရတယ်) ။ သမိုင်းပညာရှင်ဆိုတာ ဘယ်တော့မှ Secondary resource ကို မရေးရဘူး။ မပြောရဘူး။ ငါတို့က ရေးလည်း မရေးဘူး ပြောလည်း မပြေဘူး။ ဘင်္ဂလီဆိုတာ အာရကန်မဟုတ်ဘူး။ မင်းတို့ဆရာ့အရာတွေကိုလည်း အချိန်မရွေး ဒီအကြောင်းအရာတွေကို နိုင်ငံတကာလယ်ပယ်မှာ ဆွေးနွေးရှင်းလင်းဖို့ ငါ ဖိတ်ခေါ်တယ်… ”ပြန်လည် ရှင်းပြခဲ့ရာ ပရိတ်သတ်များက လက်ခုပ်သံများခန်းလုံးပြည့် ဆူညံသွားစေရာ ပညာရှင်ဆိုသူ ဌေးလွင်ဦးမှာ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်ရတောမလိုလို ပြန်ထနေရတောမလိုလိုနဲ့ ကုတ်ကုတ်လေးထွက်သွား ကြောင်း စုံစမ်းသိရှိရပါသည်။




ကိုလိုနီခေတ်အင်္ဂလိပ်အစိုးရကဘင်္ဂလီတွေကိုရိုဟင်ငါ(ဂျာ) ခေါ်ဝေါ်ခဲ့တဲ့မှတ်တမ်းမရှိခဲ့ဖူး၊ဆရာအေးချမ်းပြောသလိုတဖက် ခြမ်းကကုလားတွေကဒီဖက်ခြမ်းကရခိုင်မြေပေါ်ကလူတွေကို ရိုဟင်-ရခိုင်မြေ.........ဂျာ-လူမျိုး..........အဲ့လိုခေါ်တယ်မှတ်သား ဖူးတယ်..ရှေးဘင်္ဂလီစကားတခုလို့ပြောတယ်..ဒါနာမည်ကို ရခိုင်မြေရောက်ဘင်္ဂလီတွေကယူသုံးလိုက်ရာကအခုလိုတွေဖြစ်တယ်။
ဒီအကြောင်းအရာဟုတ်မဟုတ်လက်ရှိဘင်္ဂလားဒေ့ရှ်ကသမိုင်းပညာ တွေကသာအမှန်ဖေါ်ထုတ်ပေးနိုင်မယ်ထင်တယ်.....
ရိုဟင်ဂျာဆိုတာဘာအဓိပ္ပါယ်ပဲထွက်ထွက်၊ဘယ်သူ့ကိုပဲခေါ်ခေါ် လက်ရှိအစိုးရ။လက်ရှိမြန်မာနိုင်ငံသားတွေကလက်မခံဖူး၊နောင် လည်းလက်ခံမှာမဟုတ်ဖူး။ဟိုကလက်မခံ၊ကိုယ်ကအတင်းအခေါ်ခံ ချင်ရင်အခြေအနေကပိုတင်းမာလာမယ်...ရခိုင်မြေပေါ်ကဘင်္ဂလီ တွေဒီထက်ဘ၀ပျက်မယ်..
အပြင်မှာနိုင်ငံထူထောင်ချင်ရတာနဲ့တိုင်းရင်းသားဖြစ်ချင်နေရတာ နဲ့အထဲမှာဖြစ်ပျက်ခံစားနေကြရတာတွေဘ၀ခြင်းတခြားစီ၊ အထဲကဘင်္ဂလီတွေပြောတာရိုဟင်ဂျာဆိုတဲ့ အသုံးအနုံးဟာသူတို့အတွက်အရေးမပါပါဖူး။တချို့သိတောင် မသိဖူး..အပြင်ကဘင်္ဂလီတွေကတခုခုအထိရောက်အောင် ဆွဲယူနေတဲ့သဘောပဲ...

တကယ်တော့အထဲကဘင်္ဂလီတွေကိုသတ်နေတာအပြင်က ဘင်္ဂလီတွေပဲ....

(ရဲရင့်ငယ်)