Tuesday, March 12, 2013

လက်ပံတောင်းတောင်မှာ အာဏာပိုင်တွေ ဖော့စ်ဖရပ်စ် အသုံးပြုမှုအပေါ် အမေရိကန် ကန့်ကွက်

Burma-Newselite's photo.
လက်ပံတောင်းတောင်မှာ အာဏာပိုင်တွေ ဖော့စ်ဖရပ်စ် အသုံးပြုမှုအပေါ် အမေရိကန် ကန့်ကွက်

ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ မြန်မာ လုံခြုံရေးတပ် တွေဟာ ဖော့စ်ဖရပ်စ် ပါတဲ့ မီးခိုးဗုံးတွေ အသုံးပြုတယ် ဆိုတာကို အတည်ပြုထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုလို လူအုပ်စုကို ဖြိုခွင်းဖို့ ဖော့စ်ဖရပ်စ် အသုံးပြုတာတွေကို အမေရိကန်နိုင်ငံက ဆန့်ကျင် ကန့်ကွက်ကြောင်း အမေရိကန်
 နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မစ္စဗစ်တိုရီးယား နူလန်က
 ပြောပါတယ်။  ဖော့စ်ဖရပ်စ် ဓာတုပစ္စည်းဟာ လူကို အန္တရာယ်ပေးနိုင်ပြီး လူအုပ်စုကို ထိန်းသိမ်းဖို့ တခြားသင့်တော်တဲ့နည်းလမ်းတွေ ရှိတယ်လို့လည်း မစ္စနူလန်က ပြောသွားပါတယ်။

 နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လွတ်လပ်စွာ စုရုံးဆန္ဒပြခွင့်ကို အကာအကွယ်ပေးဖို့၊ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့နဲ့ လုံခြုံရေးတပ်တွေက အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်း
 ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်က တိုက်တွန်း ထားပါတယ်။
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို တဘက်က အားပေးကူညီနေသလို၊ တခြားတဘက်ကလည်း  လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တိုးတက် ကောင်းမွန်လာဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်း အကူအညီ ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။M
Source: US State Dept

..........................................................................................

လက်ပံတောင်းနှိမ်နင်းမှု မီးစုံးဓာတ်ပါဗုံး အသုံးပြုကြောင်းတွေ့ရှိ

အောင်ရဲ မောင်မောင်

12.03.2013
ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ထိခိုက်မှု ပြင်းထန်တဲ့ မီးစုံးဓာတ်ပါ မီးလောင်ဗုံးတွေ အသုံးပြုခဲ့တာကို တွေ့ရတဲ့ အကြောင်း ဖော်ပြလိုက်ပါတယ်။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေး တောင်းဆိုခဲ့တဲ့ ဆန္ဒပြသံဃာတော်တွေကို အကြမ်းဖက် ဖြိုခွင်းတုန်းက သုံးခဲ့တဲ့ ဗုံးအမျိုးအစားဟာ မီးစုံးဓာတ်ပါတဲ့ မီးခိုးဗုံးဖြစ်တယ်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာအပိုဒ် ၉၁ (က) မှာ ဖော်ပြထားတာကတော့ ဗုံးအတွင်းပါတဲ့ မီးစုံးစတွေဟာ ၈ မီတာအထိ ပြန့်ကျဲနိုင်ကြောင်းနဲ့ တချို့မီးစုံးစ အနည်းငယ်ဟာ စက္ကန့် ၃၀ ကနေ စက္ကန့် ၉၀ အထိကို လောင်ကျွမ်းနိုင်တယ်လို့ ဖော်ပြထားပြီး၊ အပိုဒ် ၉၁ (ခ) မှာတော့ ပလတ်စတစ် မိုးကာအစနဲ့ မြွေရေခွံအိတ်တွေဟာ မီးစုံးစ ထိမှန်တာနဲ့ မီးလောင်နိုင်တယ်လို့လည်း ပြော ထားပါတယ်။
မြန်မာအစိုးရပိုင် သတင်းစာတွေမှာ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဖော်ပြရာမှာတော့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေမှာ မီးစုံးဓာတ် ဖော့စ်ဖရပ် ပါဝင်တဲ့ မီးခိုးဗုံးတွေကို အသုံးပြုကြောင်း တွေ့ရတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထိခိုက်မှု ပြင်းထန်စေတတ်တဲ့ မီးခိုးဗုံးတွေ အသုံးပြုတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတဦးလည်းဖြစ် ဒီနေ့ ပြန်ဖွဲ့စည်းလိုက်တဲ့ အကောင် အထည်ဖော်ရေး ကော်မတီက တွဲဘက် အတွင်းရေးမှူး တာဝန်ယူထားတဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့် ကို မေးမြန်းရာမှာတော့ အခုလို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
“အသေးစိတ်ပါပြီးသားပါ။ ဖတ်ကြည့်လိုက်ပါ။ ကျနော်က ဒီမှာ အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေး တက်နေလို့ပါ။ အစိုးရကထုတ်တဲ့ မြန်မာ့အလင်းရယ်၊ ကြေးမုံရယ်မှာ ပါတာလေးတွေ ဖတ်ကြည့်လိုက်ပါ။ နောက်ပြီးတော့ အင်တာနက်မှာလည်း ပါပါတယ်ခင်ဗျ။”
ရဲတပ်ဖွဲ့ကတော့ ၂၀၀၇ ခုနှစ်မှာတုန်းကလည်း အလားတူ အသုံးပြုခဲ့ဖူးပေမဲ့ အခုတကြိမ် သုံးစွဲတဲ့ လက်နက်နဲ့ ကွာခြားမှု ရှိပုံရတယ်လို့ ထွက်ဆိုခဲ့ကြောင်းလည်း အစီရင်ခံစာ ထုတ်ပြန်ရာ မှာ ပြောဆိုထားတာပါ။
ရဲတပ်ဖွဲ့ရဲ့ လေ့ကျင့်မှု အားနည်းလို့ဆိုပြီး လက်ပံတောင်းအစီရင်ခံစာထဲမှာ ပါရှိတဲ့ အကြာင်းနဲ့ ပတ်သက်ပြီး ရန်ကုန် ရှေ့နေကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးလှထွန်း က အခုလို ပြောပါတယ်။
“အဲ့ဒါကို ကျနော်တို့ တစုံတရာ အရေးယူဖို့ လိုပြီးတော့ ခုနကပြောတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်ကတော့ လုံးဝကို အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။”
ဒီကနေ့ ထွက်ရှိလာတဲ့ လက်ပံတောင်း အစီရင်ခံစာအပေါ် ဒေသခံတွေအနေနဲ့ အားရကျေနပ်မှု မရှိဘူးလို့လည်း ဆိုကြပါတယ်။ ဒီကနေ့ အစီရင်ခံစာထဲမှာ လက်ပံတောင်းဒေသခံတွေက ပုဒ်မ ၁၄၄ အပါအ၀င် တခြားဥပဒေတွေကို ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ပြောလာတဲ့ အပေါ်မှာလည်း ဦးစောကျော်ကျော်မင်း က အခုလို တုံ့ပြန်ပါသေးတယ်။
“အဓိကအားဖြင့် ဒီလိုမျိုး သပိတ်စခန်းတွေဟာ ဥပဒေမဲ့ အစုအဝေးလားဆိုတာ ကျနော်တို့ ကြည့်ဖို့လိုတယ်ဗျ။ ၁၄၄ ထုတ်ထားတဲ့ဥစ္စာက ဥပဒေနဲ့မညီမှတော့ ဒီလူတွေက ဥပဒေမဲ့ အစုအဝေးတွေ မဟုတ်ဘူး။ အဲ့ဒီလို ဥပဒေမဲ့ အစုအဝေး မဟုတ်တာကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြဌာန်းထားတဲ့ လူစုလူဝေးတွေကို ဖြိုခွင်းဖို့ လုပ်ထုံးလုပ်နည်းအဆင့်တွေကို လိုက်နာဖို့လိုတယ်။ ကျင့်သုံးဖို့ လိုအပ်ပါတယ်။”
အခုလို ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်မျိုးဟာ နောက်တခါ မဖြစ်လာအောင် အစိုးရပိုင်းက အရေးယူဆောင်ရွက်တာမျိုးတွေ ဖြစ်သင့်တယ်လို့လည်း သူ က အခုလို ဗွီအိုအေ ကို ဆက်ပြောပါတယ်။
“အဓိကအားဖြင့် ကျနော်တို့ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ဟာတွေ၊ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ကိစ္စတွေဟာ အများကြီး၊ ဒီဟာတွေကို နောက်ထပ် ဒီလိုမျိုး လုပ်ခွင့်ပေးထားမယ်ဆိုရင် နောက်ထပ်ပြီး လုပ်နေဦးမှာပဲ။ ဒီလိုမျိုး အကြမ်းဖက် ဖြိုခွင်းတဲ့ကိစ္စတွေကို အရေးယူမှုတွေ လုပ်ပေးရမယ်။ တာဝန်ရှိတဲ့သူတွေကို အရေးယူမှုတွေ လုပ်ပေးရမယ်။ အဲ့ဒီလိုမျိုး အရေးယူမှု လုပ်တာဟာဆိုရင် ဥပဒေပါ အခွင့်အရေးအတိုင်းကို နစ်နာသူတွေက ခံစားရတယ်ဆိုတဲ့ အနေအထားမျိုးထက် ဥပဒေအရပဲ အရေးယူတာမျိုးဖြစ်ပြီး၊ ကလဲ့စားချေတာမျိုး၊ အာဃာတထားတဲ့ နေရာမျိုးမှာ မလုပ်ဘဲနဲ့ နောက်နောင် ဒါမျိုး အကြမ်းဖက်မှုတွေ ပေါ်ပေါက် မလာနိုင်ဖို့အတွက် တားမြစ်တဲ့အနေနဲ့ အရေးယူမှုတွေ လုပ်ကို လုပ်ပေးရမယ်လို့ ပြောချင်ပါတယ်။”
လက်ပံတောင်းဒေသဘက်က နောက်ဆုံး အခြေအနေတွေကတော့ လက်ရှိ အချိန်မှာ ဒေသခံ တွေကလည်း တောင်တွေကို ပြန်သိမ်းယူဖို့ ကြိုးစားနေသလို ရှေ့ဆက်ပြီး စီမံကိန်းတွေ ရပ်ဆိုင်းဖို့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့ လည်း ဒေသခံတွေက ပြောဆိုလာကြပါတယ်။
http://burmese.voanews.com/content/commission-released-a-report-on-lat-pa-daung-crackdown/1619947.html

ဦးပိုင် သဘောထား ထုတ်ပြန်

"ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ဒေသ သို့ မနက်ဖြန်သွားမည် "

Zaw Mintun Zawmintun's photo.
"ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ဒေသ သို့ မနက်ဖြန်သွားမည် "
မတ်လ. ၁၂ ရက်
လက်ပံတောင်းတောင် ၏ အစီရင်ခံစာကို ယနေ့နံနက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ခဲ့ပြီး မနက်ဖြန်(မတ်လ ၁၃ရက်) တွင် မုံရွာနှင့် လက်ပံတောင်းတောင် ရှိဒေသအချို့ သို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မည် ဖြစ်သည်။
"သက်ဆိုင်ရာ ရွာသူရွာသားတွေကိုရှင်းပြဖို့ ကော်မရှင်ရဲ့တွေ့ ရှိချက်တွေကိုရှင်းပြဖို သိချင်တဲ့ မေးခွန်းတွေကို မေးရင်ဖြေဖို့ပါ၊ဒေသခံတွေနဲ့ တွေ့ ဆုံ ပြီးရှင်းလင်းဖို့ ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် တွင် သတင်းထောက်များကို ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံရွာသူရွာသားများ၏ တုန့်ပြန်လာမည့် အခြေအနေနှင့်ပတ်သတ်၍ "အန်တီကမျှော်လင့်ချက်မထားဘူး အန်တီအမြဲ ပဲပြောတယ်မဟုတ်လား မျှော်လင့်တယ်ဆိုတာ အယုံအကြည် မရှိ ဘူး၊အလုပ်ကိုပဲ အန်တီ ယုံကြည်တယ်ကော်မရှင်ဥက္ကဌအနေနဲ့ 
လုပ်သင့်လုပ်ထိုက်တဲ့ ဟာကို အန်တီလုပ်မှာပါ"ဟု ထပ်လောင်းပြောသည်။sn

အစီရင်ခံစာအပေါ်ကိုမြအေးရဲ့သုံးသပ်ချက်

KIAနှင့်ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်

နိုင်ငံအဝှမ်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရေးအတွက် ပြည်ထဲရေးမှ မူကြမ်းဆွဲလျက်ရှိ

The Myanma Age
ရန်ကုန်၊ မတ်၁၁။

မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ
အချို့ဒေသများတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွား
 လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပါ ပဋိပက္ခများ နိုင်ငံ
အဝှမ်း မဖြစ်ပွားစေရေးအတွက် မူကြမ်းရေးဆွဲ နေပြီဖြစ်ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနရှိ လုံခြုံရေးနှင့် မှုခင်းဌာနမှ ရဲမှူးကြီး
မျိုးသန့်က ပြောကြားသည်။

အဆိုပါ မူကြမ်းအား ယမန်နေ့က ပြုလုပ်ခဲ့သော ဗဟိုအစည်း
အဝေးတွင် စတင်ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း
အတာဖြင့် လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းများ၊
ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း
၎င်းထံမှ သိရ သည်။

“မူကြမ်းကတော့ စဆွဲနေပါပြီ။ ဒါပေမယ့် မပြီးသေးတဲ့အတွက်
ပြောလို့တော့ မဖြစ်သေးပါဘူး။ အဓိကတော့ ဘာသာရေး၊
လူမျိုးရေးနဲ့နွယ်ပြီး အဓိကရုဏ်းတွေ မဖြစ်စေဖို့ပါ” ဟု ရဲမှူးကြီး
မျိုးသန့်က ပြောကြားသည်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် မတ်လ အစောပိုင်းတွင်
ဘာသာရေးနှင့် ဆက်နွယ်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း
သိရပြီး သာကေတမြို့နယ်တွင်လည်း ဖေဖော်ဝါရီလအတွင်း
အလားတူ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသအတွင်း ပဋိပက္ခများ မကူးဆက်နိုင်ရန်
အတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက
“ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ မြို့နယ်တွေကို မကူး
ဆက်အောင် မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ အစီအမံတွေ
လုပ်ထားပါတယ်” ဟု ပြောကြားသည်။

လှိုင်သာယာမြို့နယ်တွင်း ယခုလက်ရှိတွင် မြို့နယ်အုပ်ချုပ်
ရေးမှူးမှ ဒေသန္တရ အမိန့်ထုတ်ပြန်ထားပြီး ပဋိပက္ခများ
အဓိကရုဏ်းများ မဖြစ်ပွားစေရန်အတွက် လူစည်ကားရာ
နေရာများတွင် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိတော့ ဒေသန္တရ အမိန့်ထုတ်ထားတယ်။ မြို့နယ်
တိုင်းမှာလည်း သက်ဆိုင်ရာက စောင့်ကြည့် စီစဉ်နေပါတယ်”
ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဆိုသည်။

အထက်ပါ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများအနေဖြင့်
သက်ဆိုင်ရာမှ အမြန်ဆုံး ဖြေရှင်းပေးရန် မျှော်လင့်လျက်ရှိပြီး
၎င်းတို့အနေဖြင့် “ဘယ်အချိန် မီးကွင်းပစ်မလဲ ဆိုတာကို
ကြောက်လန့်နေရတယ်” ဟု ဖြစ်ပွားရာအနီးနေထိုင်သူများက
ဆိုသည်။

စူးရှ
ဓာတ်ပုံ - အောင်သိုက် နိုင်ငံအဝှမ်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ 
မဖြစ်ပွားစေရေးအတွက် ပြည်ထဲရေးမှ မူကြမ်းဆွဲလျက်ရှိ

ရန်ကုန်၊ မတ်၁၁။

မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ 
အချို့ဒေသများတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပါ ပဋိပက္ခများ နိုင်ငံ
အဝှမ်း မဖြစ်ပွားစေရေးအတွက် မူကြမ်းရေးဆွဲ နေပြီဖြစ်ကြောင်း
 ပြည်ထဲရေးဝန်ကြီးဌာနရှိ လုံခြုံရေးနှင့် မှုခင်းဌာနမှ ရဲမှူးကြီး 
မျိုးသန့်က ပြောကြားသည်။

အဆိုပါ မူကြမ်းအား ယမန်နေ့က ပြုလုပ်ခဲ့သော ဗဟိုအစည်း
အဝေးတွင် စတင်ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း
အတာဖြင့် လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းများ၊ 
ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း 
၎င်းထံမှ သိရ သည်။

“မူကြမ်းကတော့ စဆွဲနေပါပြီ။ ဒါပေမယ့် မပြီးသေးတဲ့အတွက်
ပြောလို့တော့ မဖြစ်သေးပါဘူး။ အဓိကတော့ ဘာသာရေး၊ 
လူမျိုးရေးနဲ့နွယ်ပြီး အဓိကရုဏ်းတွေ မဖြစ်စေဖို့ပါ” ဟု ရဲမှူးကြီး 
မျိုးသန့်က ပြောကြားသည်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် မတ်လ အစောပိုင်းတွင် 
ဘာသာရေးနှင့် ဆက်နွယ်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း 
သိရပြီး သာကေတမြို့နယ်တွင်လည်း ဖေဖော်ဝါရီလအတွင်း 
အလားတူ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသအတွင်း ပဋိပက္ခများ မကူးဆက်နိုင်ရန်
အတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက 
“ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ မြို့နယ်တွေကို မကူး
ဆက်အောင် မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ အစီအမံတွေ 
လုပ်ထားပါတယ်” ဟု ပြောကြားသည်။

လှိုင်သာယာမြို့နယ်တွင်း ယခုလက်ရှိတွင် မြို့နယ်အုပ်ချုပ်
ရေးမှူးမှ ဒေသန္တရ အမိန့်ထုတ်ပြန်ထားပြီး ပဋိပက္ခများ 
အဓိကရုဏ်းများ မဖြစ်ပွားစေရန်အတွက် လူစည်ကားရာ
နေရာများတွင် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိတော့ ဒေသန္တရ အမိန့်ထုတ်ထားတယ်။ မြို့နယ်
တိုင်းမှာလည်း သက်ဆိုင်ရာက စောင့်ကြည့် စီစဉ်နေပါတယ်” 
ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဆိုသည်။

အထက်ပါ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများအနေဖြင့် 
သက်ဆိုင်ရာမှ အမြန်ဆုံး ဖြေရှင်းပေးရန် မျှော်လင့်လျက်ရှိပြီး 
၎င်းတို့အနေဖြင့် “ဘယ်အချိန် မီးကွင်းပစ်မလဲ ဆိုတာကို
ကြောက်လန့်နေရတယ်” ဟု ဖြစ်ပွားရာအနီးနေထိုင်သူများက 
ဆိုသည်။

စူးရှ
ဓာတ်ပုံ - အောင်သိုက်

ဦးပိုင်က ဦးမြင့်အောင်နဲ့ မေးမြန်းခန်း

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ရဲ့ လက်ပန်းတောင်း စီမံကိန်း တာဝန်ခံ ဦးမြင့်အောင်ကတော့ အစီရင်ခံစာ အတိုင်း လိုက်နာမယ်လို့ ပြောပါတယ်။ ရန်ကုန်က ဘီဘီစီ အကြီးတန်း သတင်းထောက် ဦးကိုကိုအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။ https://soundcloud.com/bbcburmese/xmutedgq9rjx ဦးပိုင် လီမိတက်၏ သဘောထား ထုတ်ပြန်ချက်

သွဲ့သွဲ့ဝင်းရဲ့ တုံ့ပြန်ချက်

https://soundcloud.com/bbcburmese/y78cgwigdiny

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာPDF File download here

ရန်ကုန်-မြစ်ကြီးနားချစ်ကြည်ရေး

ဒီလိုပေါင်းယှက်မှုတွေတွေ့တော့မျက်ရည်
လည်တာတော့အမှန်...
ချစ်ရဲ့သားနဲ့ဟန်ဆောင်ကမ္ဘာကြီးထဲနေထိုင်
ကြတဲ့ကျွန်တော်တို့တတွေပါ.....။

The Voice Weekly's photo.
ငြိမ်ချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာထိ လမ်းလျှောက်လာကြသူ များကို မတ်လ ၁၂ရက်နေ့ နံနက် ၁၁ နာရီခန့်က မြစ်ကြီးနား မြို့ရှိ မနောကွင်းတွင် ဒေသခံ ၃၀၀၀ ကျော်ခန့် လာရောက်ကြိုဆို ခဲ့ကြသည်။