Wednesday, March 13, 2013

ဒေါ်အောင်ဆန်းစုကြည် ကြေးနီတောင်စီမံကိန်း ဒေသခံတွေနဲ့ တွေ့ဆုံ



RFA Burmese

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်မယ်ဆိုရင် မိမိတို့တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၃ ရက် ဒီကနေ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေနဲ့တွေ့ဆုံစဉ် ပြောလိုက်ကြောင်းသိရပါတယ်။

ဒါ့အပြင် စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေကို ကုမ္ပဏီတွေဖက်က တာဝန်ယူဖြေရှင်းပေးသင့်တဲ့ အချက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့ပါတယ်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ အလုပ်အကိုင်ရရှိရေးနဲ့ ပတ်သက်လို့ မြေယာလျော်ကြေးတွေနဲ့ ပတ်သက်လို့ ကျမတို့ရှင်းပြပြီးပါပြီ၊ အလုပ်အကိုင်တွေလည်း ဖန်တီးပေးရမယ်၊ ကျန်းမာရေးလည်း စောင့်ရှောက်ပေးရမယ်၊ ပညာရေးနယ်ပယ်လည်း တိုးတက်အောင် ကျမတို့လုပ်ပေးရမယ်၊ ဒါပေမယ့် ကျမရှင်းဖို့တစ်ခု လိုပါသေးတယ်၊ အဲ့ဒီကိစ္စကတော့ စေတီတော်နဲ့ သိမ်ကိစ္စပါ၊ လက်ပန်းတောင်းတောင်မှာ ကြေးနီစီမံကိန်းလုပ်လို့ရှိရင် စေတီတော်နဲ့ သိမ်ကိုမပျက်အောင် လုပ်စေချင်တယ်ဆိုပြီးတော့ ပြောကြပါတယ်၊ ဒါကိုကျမလည်း အများကြီးနားလည်ပါတယ်၊ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျောက် စေတီတော်ကို ကြည်ညိုလေးစားတဲ့ အလေ့အထဟာ အင်မတန်မှ အင်အားရှိပါတယ်၊ ဒါဟာကျမတို့ရဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီစီမံကိန်းကို လုပ်လိုက်လို့ရှိရင် စေတီနဲ့ သိမ်ကို ဝိုက်ပြီးတော့လုပ်လို့ရပါတယ်၊ ဝိုက်ပြီးတော့ အဲဒီဟာပဲချန်ပြီးတော့ ဘေးပတ်ဝန်းကျင်မှာ လုပ်လို့ရပါတယ်၊ အဲဒီလိုလုပ်လို့ရှိရင်တော့ ရတယ်ဆိုပေမယ့် ရေရှည်မှာတော့ ဒီစေတီရဲ့ခိုင်မာရေးကို ဘာမှအာမခံမရှိပါဘူး ”

စီမံကိန်းရပ်ဆိုင်းလိုက်မယ်ဆိုရင် မိမိတို့နိုင်ငံအပေါ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအရ ယုံကြည်မှုပျက်ပြားသွားစေနိုင်ကြောင်း၊ တရုတ်နိုင်ငံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိမိတို့အနေနဲ့အတူ ယှဉ်တွဲနေထိုင်သွားရမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။

မနေ့က ကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ အဲဒီအပေါ် မကျေနပ်ကြတဲ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေက ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတွေအနေနဲ့ ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေထကံ ခွင့်ပြုချက်ယူပြီးမှသာ လုပ်ဆောာင်သင့်ကြောင်း ဒေသခံအာဏာပိုင်တွေကလည်း ဆန္ဒပြဖို့ခွင့်ပြုချက်ပေးမယ်လို့ ကတိပေးပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် မိမိတို့ပြည်သူတွေအနေနဲ့ အနာဂတ်ကို ရဲရဲရင့်ရင့် ရင်ဆိုင်ရမှာဖြစ်ကြောင်းနဲ့ အပြောင်းအလဲတွေကို လက်ခံရမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ဒေသခံတွေနဲ့ တွေ့ဆုံဖို့အတွက် ကြေးနီတောင်ဒေသက ကျေးရွာတွေကိုအသွား လမ်းခရီးမှာ လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် မကျေနပ်လို့ ဆန္ဒပြနေတဲ့ဒေသခံတွေ တားဆီပိတ်ဆို့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

Fulbright လျှောက်လွှာတင်နိုင်ပြီ


RFA Burmese


အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားလိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ Fulbright နိုင်ငံရပ်ခြားကျောင်းသား ပညာသင်ဆုကို ၂၀၁၄ ခုနှစ်အတွက် စတင် လျှောက်ထားနိုင်ပြီလို့ အမေရိကန်သံရုံးက မတ်လ ၁၃ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

လျှောက်ထားမယ့် သူတွေဟာ မြန်မာနိုင်ငံသား ဖြစ်သူ၊ ဘွဲ့ရပြီးသူ၊ အင်္ဂလိပ်စာ TOEFL ရမှတ် (၅၇၅) မှတ် ဒါမှမဟုတ် IELTS ရမှတ် (၆.၅) အထက်ရရှိထားသူ၊ မိမိလျှောက်ထားမယ့် ဘာသာရပ်မှာ ဘွဲ့ရထားသူ ဒါမှမဟုတ် လုပ်ငန်းအတွေ့အကြုံရှိသူတို့ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီပညာသင်ဆု ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကို ပညာရေးစရိတ်၊ နေရာထိုင်ခင်းစရိတ်၊ ကျန်းမာရေးနဲ့ ထိခိုက်ဒဏ်ရာရခဲ့ရင် အကျိုးခံစားခွင့်၊ စာအုပ်စာတမ်းကြေးနဲ့ ခရီးစရိတ်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် ဧပြီလ၊ မေလနဲ့ ဇွန်လမှာ ဖူးလ်ဘရိုက် ပညာသင်ဆုအကြောင်းကို ရန်ကုန်မြို့၊ အမေရိကန်စင်တာမှာ ဆွေးနွေး ဟောပြောသွားမယ်လို့ သိရပါတယ်။

အိမ်သာတက်ခွင့်ပြုတယ် ၊ သေးတော့ မပေါက်နဲ့ လို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာ

ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများ သို့ အကြံပြုချက်

အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။

ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး ။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲ ဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာ အမြင်နဲ့ အကြံပေးကြည့်တာပါ ။

ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာ လို့ မြင်တယ်။ ဖော်ပြချက်တွေ ကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ ။
အိမ်သာတက်ခွင့်ပြုတယ် ၊ သေးတော့ မပေါက်နဲ့ လို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစား စရာတွေ အများကြီး ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင် ၊ ၀မ်ပေါင်နဲ့ အခြား အကျိုး အမြတ် ရရှိနေသူများ တွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။
( စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်းပါလည်း ဒေသခံတွေ အတွက် ဆောင်ရွက် ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြ ထားပါတယ် ။

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် -
ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ
အထူးသဖြင့်ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာ က သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည် ကို တွေ့ရှိရကြောင်း ။

အပိုဒ်ခွဲ(ခ) လေထုညစ်ညမ်းမှု အခြေအနေ ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကိုတွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။ ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက် ။ ဒီ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)အရ သေချာ ဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီလုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေ က ဆွဲထုတ်ပြပြီး စီမံကိန်း အပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံ သင့်ပါတယ် ။( အပိုဒ်ခွဲ-ဃ မှာလည်း အားနည်းချက်တွေ တွေ့ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍်လည်း -

စီမံကိန်း ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည် ဟု ပါရှိပါတယ် ။ထိုတင်ပြမှုမျိုး မှာ အရေးယူ ဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြ တောင်းဆိုသူတွေ အတွက် ) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ် ။
ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေ အရ အရေးယူ ပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့မရဘူးလို့ မြင်ပါတယ်။

( ၂၀၀၈ အခြေခံဥပဒေ ။ အခန်း(၈) ပုဒ်မ၃၄၇ ။ ဥပဒေ အရာ တွင် တန်းတူ ညီမျှ အခွင့်အရေး ရရှိစေရမည် ။ ထိုအပြင် ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူ ညီမျှစွာ ရယူခွင့်ပေးရမည် ။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။
စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။
စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင် တို့ကို မကျေနပ်တာလား ။
(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်) ။

အဘယ်သို့ ဖြစ်စေချင်တယ် ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့ အချိန် တင်ပြ အဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည် ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်းစဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံ အဝန်းမှ ချစ်ခင် ယုံကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ကော်မရှင် ဥက္ကဌ ရာထူး ပေး၍ စုံစမ်း စစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံ လူထုမှ လက်မခံလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ေးသခံ လူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည် မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထု အကြည်ညို ပျက်စေရန် ။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာ အပေါ် မကျေနပ်ဘူးဆိုသော ဒေသခံတို့အား ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံ အဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက် အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့ အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အစဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓကများစွာ ရှိသည် ကို သတိချပ်စေချင်သည်။

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည် ကို မယုံကြည်ဘူး ဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမလိုအပ်ပါ ဟု မည်သူ အာမခံ တာဝန်ယူမလဲ ။း

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ ၊ နောက် ဗုံးကိစ္စတွေ ကို ပြောကြားရာ မှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေ ကတော့ ကျွန်တော်တို့ ပြောချင်တာတွေကို ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေ ကို မလှုပ်သာအောင် တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။(ထိရောက်ဖို့ အရေးကြီးပါတယ်)

သို့ပါ၍ ကျွန်တော်တို့ အားလုံး ဟာ စိတ်ဓါတ်ပြင်းထန်မှု နှင့် အတူ မိမိရင်ထဲ ရှိနေသော အစိုင်အခဲကို ချက်ချင်း ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာ နှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံ့တရား ၊ ပိုင်းခြားဝေဖန်ခြင်း ၊ နှံစပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန်ေ မျှာ်မြင်သုံးသပ်ခြင်း တို့ကို မမေ့မလျောပဲ တိုက်ပွဲ သတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာ ကျကျ နည်းဗျုဟာ မှန်မှန် နဲ့ ဆက်လက် တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ် လို့ မျှော်လင့်ပါတယ်။ တိုက်ပွဲ ဝင်နေသူတွေ မိမိ တို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်းဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင်ရွက်ပေးနိုင်ရင် ဒီစီမံကိန်းက အသွင်ပြောင်း သွားနိုင်ပါတယ်။

စိတ်ဆန္ဒ ကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲ ဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာလည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ် လိမ္မာ၍ ပညာသား ပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း ၏ အမြင် ဖြစ်ပြီး ဗကသများ အဖွဲ့ချုပ်၏ အာဘော် မဟုတ်ကြောင်း ၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။

ကိုရဲရင့်ကျော်
၁၃-၃-၁၃

ဒေါ်စုရဲ့ ဆုံးဖြတ်ချက်ပာာ မှန်ကန်တယ်လို့ ကျွန်တော်တို့ တစ်မျိုးသားလုံးက ဒေါ်စုကို အားပေးလိုက်ကြရအောင်


တော်ရုံနိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့် ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြ အကြံပြုခဲ့သော ကော်မတီဥက္ကဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်။ သူမ၏ မေတ္တာစေတနာကို ယုံကြည်ကိုးစားစိတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါသည်။
(စာရေးဆရာ ကျော်ဝင်း)။



အတိုက်အခံခေါင်းဆောင် တစ်ယောက်က ဒီလို (ဘီလူးခေါင်းဆောင်းအလုပ် ဖြစ်တဲ့) လက်ပံတောင်းတောင် ဒေသခံတွေကို နှစ်သိမ့်ခြင်း ၊ ငွေကြေး လျော်ကြေးကိစ္စ ကတိများပေးခြင်း ဆိုင်ရာကိစ္စ သတင်းစကားတွေကို ဘာလို့လိုက်ပြီး ပြောဆိုနေရတာပါလိမ့် ။ ဒါဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ သမရိုးကျ နိုင်ငံတကာမှာလုပ်လေ့ရှိတဲ့ အစိုးရ လုပ်ထုံးလုပ်နည်းတွေထက် ဘောင်ကျော်နေတယ်လို့ ထင်တယ် ။ ပြီးတော့ ၀မ်ပေါင်ကြေးနီစီမံကိန်းက NLD နဲ့ ချုပ်ထားတဲ့ စာချုပ်လဲမဟုတ် ။

အမှန်တော့ ဒါဟာ လက်ရှိကာလမှာ အာဏာရနေတဲ့ ပါတီကလုပ်ရမည့် အလုပ် မဟုတ်ဘူးလား ။ ဦးသိန်းစိန်အစိုးရက လုပ်ရင် ပိုသင့်လျော်မယ် မဟုတ်ပါလား ။ ဦးသိန်းစိန် သြဇီသွားနေလို့ မအားဘူး ဆိုတောင် သူ့အစိုးရအဖွဲ့ဝင်တို့ ဒုသမ္မတတို့ ကန့်လန့်ကာရှေ့ ထွက်ပြီး ပြည်သူနဲ့ ထိတွေ့သင့်တာပေါ့ ။

-------------------------------------------

လက်ပံတောင်းတောင် စီမံကိန်းအတွက် သိမ်းဆည်းခံထားရသော လယ်ယာမြေများအတွက် လျော်ကြေးငွေများကို ယခုခေတ်ကာလ ပေါက်ဈေးဖြင့် ဒေသခံများအား ရက်ပိုင်းအတွင်း ပေးအပ်သွားမည်ဟု မုံရွာမြို့တွင် ရောက်ရှိနေသော ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"လျှောက်လွှာတင်ပြီးလို့ အချက်အလက်မှန်ရင် တစ်ပတ်အတွင်း လျော်ကြေးတွေ ပေးရမယ်လို့ သက်ဆိုင်ရာတွေကို ကျွန်မ မှာထားတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုစီမံကိန်းကို ရပ်ဆိုင်းလိုက်ပါက နိုင်ငံနှင့် ဒေသခံများအတွက် အကျိုးမရှိနိုင်သည့်အပြင် နိုင်ငံတကာမှ မိမိတို့ နိုင်ငံအပေါ် စီးပွားရေးအရ ယုံကြည်၍ မရသော နိုင်ငံအဖြစ် ထင်မြင်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဒါလုပ်လို့ လက်ပံတောင်းတောင် ပျောက်မလားလို့ မေးကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပျောက်သွားမှာပဲ။ ဒါကိုလည်း ကျွန်မအနေနဲ့ နားလည်တယ်။ အားလုံးလိုချင်တဲ့အတိုင်းတော့ မဖြစ်နိုင်ပါဘူး"ဟု ကော်မရှင်ဥက္ကဋ္ဌကဆိုသည်။

ယခုလ ၁၅ ရက်မှ ၁၇ ရက်အထိ အကြံပြုချက်များကို အကောင်အထည်ဖော်မည့် ကော်မတီမှ အဖွဲ့ဝင်များက လက်ပံတောင်းတောင်ဒေသသို့ ကွင်းဆင်းလေ့လာမည်ဖြစ်သည်။

Monywa Times


ခွန် ဒီးယမ်
မုံရွာမြို့ ဝင်းယူနတီဟိုတယ်၌ ညအိပ်ရပ်နားလျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး ယခုထက်ပိုမိုစိတ်ချရဖို့ အားဖြည့်ကူညီနိုင်ရန်
 မန္တလေးမြို့မှ ညတွင်းချင်း ထွက်ခွါလာကြသော NLD ပါတီဝင်များ မုံရွာမြို့သို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရ....
၁၄-၃-၂၀၁၃


ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းဘေးတွင် တွေ့ရသော အဆိုတော်လင်းလင်း။
ဆန္ဒပြသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းတွေ့ဆုံရာတွင် မည်သည့်ပြဿနာမှဖြစ်ပွားခဲ့ခြင်းမရှိပါ။

အွန်လိုင်းဝဏ္ဏ
ခေတ္တမုံရွာ
၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်။


ကြမ်းတမ်းတဲ့ စစ်အစိုးရခေတ်မှာ လူဖြစ်ရတာပာာ ဂျပန်ခေတ်မှာ လူဖြစ်တာထက် ဆိုးရွားခဲ့ပါတယ်။ ဦးသန့် ဈာပန အရေးခင်းတုန်းကလည်း လူးပေါင် မရေမတွက်နိုင်အောင် သေကြေခဲ့ရတယ်။၈၈၈၈ တုန်းကလည်း သေကြေခဲ့ကြတယ်။နောက်ပိုင်း......အရေးခင်း ဖြစ်လာရင် သေမယ်ဆိုတာသိတော့ လူတွေ ကြောက်ရွံ့ကုန်ကြတယ်။

ဘယ်လောက်အထိ ကြောက်ခဲ့ကြသလဲ။ အသံမြည်အောင် လေတောင် မလည်ရဲကြပါဘူး။ ဆူတယ်ဆိုပြီး အဖမ်းခံရမှာစိုးလို့ပါ။

ဆင်းရဲသား လူတန်းစားတွေ အငတ်ငတ် အပြတ်ပြတ်။ ကျောင်းနေအရွယ်ကလေးတွေ လဖက်ရည်ဆိုင်တွေမှာ အလုပ် လုပ်ပြီး ထမင်းရှာစားကြတယ်။ ၉၄ခုနှစ်လောက်က ဆိုရင် ဆန်မရှိလို့ အညာဒေသမှာ ပြောင်းဖူးစေ့တွေ ပြုတ်ပြီး စားခဲ့ကြရတယ်။

ပြောင်းဖူးစေ့ ၀ယ်စရာမရှိရင် ပာင်းရွက်တွေပြုတ်ပြီး စားခဲ့ကြရတယ်။ လူတစ်စုကောင်းစားဖို့ တစ်နိုင်ငံလုံး ငတ်ခဲ့တယ်။ သေခဲ့ကြတယ်။

အဲ့ဒီအချိန်မှာ ဘယ်သူမှ စစ်အစိုးရကို မဆန့်ကျင်ရဲကြဘူး။

ဒါပေမယ့် ဒေါ်စုကတော့ နိုင်ငံအတွက် ပြည်သူတွေအတွက် ထောင်ထဲမှာ ကိုယ့်ကိုယ်ကို စတေးခဲ့တယ်။ အမျိုးမျိုး ကြိုးစား ဆန့်ကျင်ခဲ့တယ်။ ဘယ်သူကများ အဲဒီအချိန်က အော်ရဲခဲ့ပါသလဲ။အော်ရင် သေမယ်ဆိုတာ သိနေတယ်လေ။

ဒေါ်စု အကျယ်ချုပ်က လွတ်ဖို့ တစ်နိုင်ငံလုံး ဆုတောင်းခဲ့တယ်။ ဆန္ဒပြခဲ့တယ်။ ကြိုးစားခဲ့တယ်။ အန္တရာယ် အခက်အခဲကို ခေါင်မရှောင်တတ်တဲ့ ဗိုလ်ချုပ်သွေး အပြည့် စီဆင်းနေတဲ့ ဒေါ်စုရဲ့စိတ်ဓာတ်ကြောင့် အားလုံးက ချစ်ခင်ခဲ့ကြတယ်။ တစ်လောက လုံးက ချစ်ခင်ကြတယ်။

ကမ္ဘာမှာ မြန်မာဆိုတာ သိသူရှားတယ်။ အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်က သိသူပိုများတယ်ဆိုတာ နိုင်ငံခြားရောက်ဖူးတဲ့လူတိုင်းသိကြတယ်။ဒါပာာ ဒေါ်စုရဲ့ အမှန်တရားမြတ်နိုးစိတ်ကြောင့်ဖြစ်တယ်။

အခုတော့ လူတွေရဲ့ အသံက ပြောင်းသွားပြီ။
ထွက်ပေါက်မရှိတဲ့ လမ်းကို လျှောက်ရတဲ့ ဒေါ်စုရဲ့ အခက်အခဲကို နားလည်မပေးကြတော့ဘူး။ ဒါကလည်း ခေါင်းမရှောင်တတ်လို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက သယံဇာတပာာ သိမ်းထားတာထက် ထုတ်ရောင်းတာပာာ ပိုကောင်းပါတယ်။ ရလာတဲ့ အကျိုးအမြတ်ပာာ နိုင်ငံအတွက် မဖြစ်ခဲ့မှသာလျှင် ဆန့်ကျင်သင့်တယ်။ မြေတစ်လက်မ ဆုံးရှုံးရင် မြေတစ်လက်မ အစားပြန်ရမယ်ဆိုရင် ဒါပာာ လုံးဝကို လုပ်ဆောင်သင့်ပြီး ဒေါ်စုရဲ့ ဆုံးဖြတ်ချက်ပာာ မှန်ကန်တယ်လို့ ကျွန်တော်တို့ တစ်မျိုးသားလုံးက ဒေါ်စုကို အားပေးလိုက်ကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။

(ပြည်ငြိမ်း)


(၁)ဦးပိုင်မှာရှယ်ယာဝင်ထားတဲ့ဦးသန်းရွှေနှင့်သမီးများကိစ္စမြင်သာရမည်။
(၂)အိုင်ဘင်ဟိုဆီကအပြောင်းမှာဦးသန်းရွှေသမီးတွေဖြောင်လိုက်တဲ့ကြေးနီတန်
၃၀၀ကျော်ကိစ္စရှင်းရမည်။
(၄)အစိုးရက၁၅ရာခိုင်နုန်းပဲရတာနည်းသည်။စာချူပ်ပြင်ရမည်။
စစ်သားအကြောင်းပြရသမျှဖြတ်မခုတ်နိုင်အောင်အများမြင်သာရမည်။
(၅)အမှုတွဲတွင်ပါဝင်သောဦးသန်းရွှေကဗိုလ်ချူပ်ကြီးကိုကိုကိုတိုက်ရိုက်အမိန့်ပေး၍
မီးလောင်ဗုံးနဲ့ပစ်ခိုင်းသည့်ကိစ္စရှင်းရမည်။တာပေါ်ရေကျော်ခံရတာသမ္မတ၀န်ခံရမည်။
(၆)ဒေသခံတွေကျေနပ်အောင်ပေါက်ဈေးနှင့်ပြင်ရော်ရမည့်အပြင်နစ်နာကြေးပါထပ်ဆောင်းရမည်။
နယ်မြေသစ်မှာလယ်ယာလုပ်န်ုင်ရန်မြေယာနှင့်လယ်ထွန်စက်ပါမကျန်ပံ့ပိုးပေးရမည်။
(၇)စွန့်ပြစ်မြေစာများအပါအက်စစ်မိုးရွာသွန်းမှုအစရှိသည်တို့တားဆီးနိုင်ရမည်။

(ရဲရင့်ငယ်)


ခွန် ဒီးယမ်
လက်ပံတောင်း အစီရင်ခံစာနဲ့ ပက်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အသေးစိတ် ပြန်လည်ဖြေကြားခဲ့တဲ့ ရုပ်သံပါ။ လက်ပံတောင်း ဒေသခံတွေ ကြည့်ရ စေချင်တယ်။(11-3-2013)
https://www.facebook.com/photo.php?v=463636723704775&set=vb.100001753555387&type=2&theater

မြင်းခြံ ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့ လိုင်ဇာရောက် ပြီ

N-gun Ja Wa's photo.
မြင်းခြံ ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့ လိုင်ဇာရောက် ပြီ
=========================---

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြင်းခြံမှ စတင်ထွက်ခွာလာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျောက်အဖွဲ့သည် မတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် လိုင်ဇာမြို့သို့ရောက်ရှိခဲ့သည်။

ဘုန်းကြီး ၉ ပါး၊ အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၃၄ ပါဝင်သည့် အဖွဲ့သည် လဂျားယန်တွင် အစိုးရ စစ်တပ် ပိတ်ဆို့မူကို ၅ ရက်တိုင်ခံခဲ့ရသည်။

“ လဂျားယန်မှာ ပိတ်ထားခံရတုန်းက လိုင်ဇာမြို့က ပြည်သူတွေမျောပေးလိုက်တဲ့ အားပေးစာ လေးတွေက တကယ့်ကို အားဖြစ်စေခဲ့ပါတယ်။ ” ဟု ငြိမ်းချမ်းရေးလမ်းလျာက်အဖွဲ့တွင် ပါဝင်သူ တဦးက ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့ လိုင်ဇာသို့ ရောက်တော့မည့် သတင်းကြားသည့် မတ်လ ၈ ရက်နေ့မှ စတင်ကာ လိုင်ဇာမြို့ပြည်သူများက လ၀ါယန်သို့ နေ့စဉ်သွားရောက်စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။

“ ဗမာစစ်တပ်က လုပ်တာဟာ ဗမာတွေနဲ့မဆိုင်ဘူးလို့ ပြောလို့မရပါဘူး၊ ကျနော်တို့ တာဝန်ယူပေးရမယ် ဖြေရှင်းပေးရမဲ့အရာတွေဖြစ်ပါတယ် ” ဟို ကိုသန့်ဇင်ကပြောသည်။

“ အလှူငွေတွေ ၁၄၈ သိန်းကိုတော့ ကေအိုင်အိုက တာဝန်ရှိသူတွေကို ပေးသွားမှာပါ။ ဒီအပေါ်မှာ ဘာမှ အမြတ်ထုတ်ဖို့ နာမည်ကြီးအောင်လုပ်ဖို့မရှိပါဘူး၊ ဒါပြီးရင် ဘာမှ ဆက်လုပ်ဖို့စီစဉ်ထားတာ မရှိပါဘူး ” ဟု ကိုသန့်ဇင်ကပြောသည်။

ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့သည် လိုင်ဇာမြို့ အဝေးပြေးကားဝင်းမှ ဟိုတယ်တွင် နေထို်င်လျက်ရှိပြီး ဒုက္ခသည် စခန်းများသို့လည်း သွားရောက်မည်ဖြစ်သည်။

(Kachinland News သတင်းကို မူရင်းအတိုင်း မျှ ဝေပါတယ်)

=========================---

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြင်းခြံမှ စတင်ထွက်ခွာလာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျောက်အဖွဲ့သည် မတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် လိုင်ဇာမြို့သို့ရောက်ရှိခဲ့သည်

ဘုန်းကြီး ၉ ပါး၊ အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၃၄ ပါဝင်သည့် အဖွဲ့သည် လဂျားယန်တွင် အစိုးရ စစ်တပ် ပိတ်ဆို့မူကို ၅ ရက်တိုင်ခံခဲ့ရသည်။

“ လဂျားယန်မှာ ပိတ်ထားခံရတုန်းက လိုင်ဇာမြို့က ပြည်သူတွေမျောပေးလိုက်တဲ့ အားပေးစာ လေးတွေက တကယ့်ကို အားဖြစ်စေခဲ့ပါတယ်။ ” ဟု ငြိမ်းချမ်းရေးလမ်းလျာက်အဖွဲ့တွင် ပါဝင်သူ တဦးက ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့ လိုင်ဇာသို့ ရောက်တော့မည့် သတင်းကြားသည့် မတ်လ ၈ ရက်နေ့မှ စတင်ကာ လိုင်ဇာမြို့ပြည်သူများက လ၀ါယန်သို့ နေ့စဉ်သွားရောက်စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။

“ ဗမာစစ်တပ်က လုပ်တာဟာ ဗမာတွေနဲ့မဆိုင်ဘူးလို့ ပြောလို့မရပါဘူး၊ ကျနော်တို့ တာဝန်ယူပေးရမယ် ဖြေရှင်းပေးရမဲ့အရာတွေဖြစ်ပါတယ် ” ဟို ကိုသန့်ဇင်ကပြောသည်။

“ အလှူငွေတွေ ၁၄၈ သိန်းကိုတော့ ကေအိုင်အိုက တာဝန်ရှိသူတွေကို ပေးသွားမှာပါ။ ဒီအပေါ်မှာ ဘာမှ အမြတ်ထုတ်ဖို့ နာမည်ကြီးအောင်လုပ်ဖို့မရှိပါဘူး၊ ဒါပြီးရင် ဘာမှ ဆက်လုပ်ဖို့စီစဉ်ထားတာ မရှိပါဘူး ” ဟု ကိုသန့်ဇင်ကပြောသည်။

ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့သည် လိုင်ဇာမြို့ အဝေးပြေးကားဝင်းမှ ဟိုတယ်တွင် နေထို်င်လျက်ရှိပြီး ဒုက္ခသည် စခန်းများသို့လည်း သွားရောက်မည်ဖြစ်သည်။

Kachinland News


Kachin Soldiers
Local civilians, members of ABSDF and KIO/KIA warmly welcome peace activists from lower Myanmar who have finally reached Laiza marching on foot. (March 13, 2013)