Thursday, March 14, 2013

စစ်တုရင်ထိုးတတ်သူတွေကခေါင်းတညိမ့်ညိမ့်နဲ့ပါ

အစီရင်ခံစာမဖတ်ရသေးပဲဘုတောနေတဲ့ရွာသားတွေ
ကိုလဲနားလည်ပေးပါတယ်။
မမောနိုင်မပမ်းနိုင်လိုက်ရှင်းပြနေတဲ့အမေစုကိုလည်း
လေးစားတယ်၊
ရွာသားတွေသဘောတူလိုက်တာနဲ့အကြီးကြီးတခုရမှာ.....
တောင်တလုံးစာမကြည့်ပါနဲ့..တနိုင်ငံလုံးစာကြည့်ပါ..
၈၈တွေပါသွားနားချသင့်တယ်....နဲနဲရှင်းပြမှရမယ်။
အမေစုဝင်မပါရင်ကျွန်တော်တို့ရွာသားတွေဖက်မှာရှိမှာ။
တိုက်ရိုက်အချိုးကျတယ်လေ...စစ်တပ်နဲ့တရုတ်အကျိုး
ဆန့်ကျင်ရမှာလေ...
အမေစုပါလာပြီဆိုတော့နားလည်ကြည့်ရမှာတွေရှိတယ်။
ကျွန်တော်ပြောလိုက်ရင်စာဖတ်သူကြီးသိသွားမယ်။
အကွက်တွေပြောင်းသွားမှာစိုးလို့စဉ်းစားပဲကြည့်ကြပါ။
ဒါကြောင့်မနေ့ကကျွန်တော်ပြောတယ်။
စစ်တုရင်ထိုးတတ်သူတွေကခေါင်းတညိမ့်ညိမ့်နဲ့ပါလို့။
......................................................................
ဧရာဝတီဟာတနိုင်လုံးကိုစီးဆင်းတာ..မြစ်ဆုံအတွက်
လျှော်ရရင်တနိုင်ငံလုံးကိုလျှော်ရမယ်။တရုတ်ကလျှော်
မယ်ဆိုရင်တောင်လက်ခံဖို့မဖြစ်နိုင်ဖူး၊ဦးသိန်းစိန်
ခေါင်းခံလိုက်တယ်။မျက်နှာပျက်ရတယ်ပဲဆိုပါတော့၊
စာဖတ်သူကြီးကောင်းမှုတွေလေ။
လက်ပံတောင်းတောင်ကျတော့အဲဒေသကလူတွေ
အဆင်ပြေခဲ့ရင်ပြီးတယ်၊တရုတ်ကိုလည်းမျက်နှာ
မပျက်ရဖူး၊အမေစုသွားမဲ့အနာဂတ်နိုင်ငံရေးလဲ......
တော်ပြီဗျာ..ဆက်ပြောရင်ပေါ်တော့မယ်...
စာဖတ်သူကြီးနေ့တိုင်ဖေ့ဘွတ်တက်တယ်ကြားတယ် :P
.....................................................................
အကြမ်းဖက်နည်းကလွဲလို့အစိုးရ၀င်ပါလို့မ၇တော့ဖူး။
စစ်တုရင်မှာဆိုအပ်ကွက်လို့ခေါ်တယ်၊၈၈တွေဝင်ထောက်
လိုက်ရင်လှဲလိုက်ရုံပဲ...တိုက်တွန်းကြပါ။

အစီရင်ခံစာ ဖတ်ပြီးပီလား ဆိုတော့ တယောက်မှမဖတ်ရသေးဘူးတဲ့.

Thiha Min Wai's photo.
အမေစုက ဒီအထဲကနေ ထွက်လာတော့ သူ့လုံခြုံရေးတွေကို အနီးနားမှာ မနေခိုင်းဘူး... ခပ်လှမ်းလှမ်းမှာနေတဲ့ ဆန္ဒပြချင်သူတွေ သူနားကို တိုးးလာလိမ့်မယ်တယ် သူတို့ လာချင်လာရအောင်လို့ လုံခြုံရေးတွေး ဝေးဝေးနေလို့ ပြောသွားတယ်

ကော်မရှင်အစီရင်ခံစာနှင့် ပက်သက်၍ ဆည်တဲရွာဒေသခံများဒီမိုကရေစီပြည့်ဝစွာ အပြန်အလှန် ငြင်းခုန်ဆွေးနွေးခွင့်ရရှိခဲ့ (14-3-2013)

တုံရွာဆွေးနွေးပွဲ မြင်ကွင်း (၁၄ မတ်လ ၂၀၁၃)

တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်နိုင်အောင် ဆောင်ရွက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

RFA Burmese

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာဟာ နိုင်ငံအတွက် အကောင်းဆုံးဖြစ်နိုင်အောင် ဆောင်ရွက်ခဲ့တာဖြစ် တယ်လို့ တုံရွာသပိတ်စခန်းက ဆန္ဒပြ သံဃာတော်တွေနဲ့ တွေ့ဆုံစဉ်မှာ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသူတွေဟာ ဥပဒေနဲ့အညီ ဆောင်ရွက်သင့်ပြီး ဥပဒေပြင်ဆင်ရေးကိစ္စကို လွတ်တော်က ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်တယ်လို့ ပြောပါတယ်။

မြေယာသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး အရင်စီမံကိန်းစတင်စဉ်က လျော်ကြေးတွေဟာ အဆမတန် နည်းနေတာကြောင့် အခုအခါမှာ ပြန်လည်စိစစ်ပြီး လျော်ကြေးပေးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အခုရက်ပိုင်းအတွင်းပဲ စတင်အကောင်အထည် ဖေါ်တော့မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒေသခံကျေးရွာတွေမှာ ပညာရေး ကျန်းမာရေး တိုးတက်ဖို့အတွက် စီမံဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးလိုက်ပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်ပြီး သူ့မှာတာဝန်ရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ ဆန္ဒပြလိုရင် တရားဝင်ခွင့်ပြုချက်တောင်းခံပြီး မိမိကိုယ်သာ ဆန္ဒပြကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပါတယ်။ ကြေးနီတောင်စီမံကိန်းကိစ္စ အစီရင်ခံစာဟာ အစိုးရသော်လည်းကောင်း၊ ၀မ်ပေါင်ကုမ္ပဏီသော်လည်းကောင်း မသက်ဆိုင်တော့ပဲ စုံစမ်းစစ်ဆေးရေးကော်မရှင်က တာဝန်ယူထုတ်ပြန်တာဖြစ်တဲ့အတွက် သူ့အနေနဲ့ အပြည့်အ၀ တာဝန်ယူကြောင်းလည်း ပြောခဲ့ပါတယ်။

လက်ရှိ ကြေးနီတောင်စီမံကိန်းဒေသမှာ ဆန္ဒပြနေတာဟာ ခွင့်ပြုချက် တောင်းခံခြင်းမရှိပဲ ဆန္ဒပြနေတာဖြစ်ပြီး ဥပဒေမဲ့ဆန္ဒပြတာမျိုးမဖြစ်သင့်ပဲ ခွင့်ပြုချက်တောင်းခံသင့်တယ်လို့လည်း ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ကျောင်းတိုက်၊ ရွာသစ်ကျေးရွာနဲ့ တုံရွာတွေကို သွားရောက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မုံရွာမြို့ကို ပြန်လည်ထွက်ခွာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တည်းခိုမယ့် ဝင်းနယူးဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။

ရစရာရှိတာ တောင်းထား။ အားနာနေရမယ့်အချိန်မဟုတ်ဘူး။

အမေစု မျက်ရည်ဝဲခဲ့တယ်

ခွန် ဒီးယမ်

ဆည်တဲရွာမှာ အမေစု မျက်ရည်ဝဲသွားတယ်လို့ ပြောကြတော့ ပထမ တကယ်မယုံမိသေးဘူး.... ခုတော့.... ဒီမိုကရေစီရဲ့ အဖြားအနား အဖိုးအခဆိုတာ ဒါမျိုးကိုဆိုလိုချင်ခဲ့တာလား အမေ..
မျက်နှာကို စေ့စေ့ကြည့်ပြီး ဆန္ဒဖော်ထုတ်နေကြပေမယ့် ဘယ်ကိုမှ ပြေးဝင်မပုန်းခဲ့ဘူး..... (14-3-2013)

ကြေးနီမိုင်းတွင်းက အလုပ်သမတစ်ဦးရဲ့ အနမ်း (14-3-2013)

ဒေသခံများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အစီရင်ခံစာပါ တာဝန်ဝတ္တရားများနှင့်ပက်သက်၍ ဝမ်ဘောင် company မှ တာဝန်ရှိသူများကို ရှင်းလင်းပြောကြားနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်အား company ရှင်းလင်းဆောင်အတွင်း တွေ့ရစဉ် (13-3-2013)

တစ်ရွာဝင်တစ်ရွာထွက် ရုန်းကန်လှုပ်ရှားလျက်

လက်ပံတောင်းအစီရင်ခံစာကို ဒေသခံများ နားလည်သဘောပေါက်စေရန် တစ်ရွာဝင်တစ်ရွာထွက် ရုန်းကန်လှုပ်ရှားလျက် ဆွေးနွေးညှိနှိုင်း ရှင်းပြပေးနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်များ (14-3-2013)

ကြေးနီထုတ်လုပ်ဖို့ စမ်းသပ်ဖောက်ခွဲခြင်း သရုပ်ပြမှုတစ်ခုကို အန္တရာယ်များကြားမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုလေ့လာနေစဉ် (14-3-2013)