Friday, March 15, 2013

ကြေးနီတောင် ဒေသခံတွေ ကို လျော်ကြေးငွေပေးဖို့ ပြင်ဆင်



2013-03-15
RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် နစ်နာခဲ့တဲ့ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ပြည်သူတွေ အတွက် ငွေကျပ်သိန်းပေါင်း ၄၆၄၀၀ ကျော်ကို တရုတ်ဝမ်ပေါင်ကုမ္ပဏီက ပေးလျော်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီလျော်ကြေးတွေကို မတ်လ ၁၅ ရက် ဒီကနေ့စတင်ပြီး ပေးလျော်ဖို့ရှိတယ်လို့  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို အကောင်အထည်ဖော်မယ့် လုပ်ငန်းကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးတင်မြင့်က RFA ကို ဒီမနက်ပိုင်းက အတည်ပြု ပြောကြားပါတယ်။

“ကျနော်တို့ အကြမ်းဖျင်းတွက်တာကတော့ ကျပ်သိန်းပေါင်း ၄၆၅၁၈ ပေါ့၊ အဓိကကတော့ ဝမ်ပေါင်ကုမ္ပဏီက ပေးရမှာပေါ့၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ အကျိုးအမြတ်ထဲကနေပြီးတော့ လယ်သမားတွေနစ်နာတဲ့ မြေယာလျော်ကြေး၊ အဲ့ဒီထဲကမှ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ပြန်လုပ်ပေးဖို့၊ မြေကြီးတွေ ပြန်ဖို့ပေးဖို့ကအစ နောက်သစ်ပင်တွေ ပြန်စိုက်ပေးဖို့၊ သောက်သုံးရေတွေ ရရှိရေးကိစ၊္စ နောက် လယ်သမား ယာသမားတွေ ရွှေ့ပြောင်းတဲ့အခါမှာ အဲ့ဒီသူတို့ပြောင်းရွှေ့တဲ့အိမ်တွေကို အဆင့်မီပြန်လုပ်ပေးဖို့ သူတို့အတွက်လမ်းတွေဖောက်ပေးဖို့ သောက်သုံးရေရရှိဖို့ အဲဒါတွေအကုန်ပြန်လုပ်ပေးဖို့ကတော့ ဝမ်ပေါင်ကုမ္ပဏီက လုပ်ပေးမှာပါ”

ဒီလျော်ကြေးငွေတွေ ပြန်ပေးမယ့်ကိစ္စကို စီစဉ်ဆောင်ရွက်ဖို့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးတို့ ခေါင်းဆောင်တဲ့ လက်ပံတောင်းတောင် လုပ်ငန်းကော်မတီဟာ  ဒီကနေ့နေ့လယ်ပိုင်းမှာ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်သိမ်းခံပြည်သူတွေနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

သိမ်းယူထားတဲ့ လယ်မြေဧက ၆၇၈၄ဧက လက်ရှိ ကာလပေါက်ဈေးအတိုင်း ပေးလျော်သွားဖို့  စီစဉ်ထားပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို နားမလည်သေးတဲ့ လက်ပံတောင်းဒေသခံတွေအတွက် အစီရင်ခံစာ အနှစ်ချုပ်ကိုလည်း မကြာမီဖြန့်ဝေသွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ပံတောင်းဒေသခံတွေအတွက် စိုက်ပျိုးမြေဧက ၁၉၀၀ ကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ညှိနှိုင်းပြီး ပြန်လည်ဖော်ထုတ်ပေးဖို့လည်းရှိကြောင်း သိရပါတယ်။


သူကပြန်လာချင်နေတယ်

အဖြူရောင်မီဒီယာ's photo.

ဒီမျက်ဝန်းတစုံ



HZ Zane's photo.
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ ဖိနှိပ်ခဲ့တဲ့လူကို ကြောက်ရွံ့စေခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ ဖမ်းချုပ်ထားတဲ့ ချုပ်နှောင်မှုကို ကျော်ဖြတ်နိုင်ခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ ကြောက်ရွံ့မှုကင်းမဲ့စေခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ သေနတ်ကိုင်ထားတဲ့လက်ကို တုန်လှုပ်စေခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ အင်အားကြီးမားတဲ့လူတောင် သူ့ကိုလေးစားစေခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတဲ့ လူမျိုးကို ဂုဏ်ရောင်လွင့်တင်စေခဲ့တယ်…

အခုတော့…
ဒီမျက်ဝန်းအစုံဟာ သူချစ်တဲ့ ပြည်သူတွေရဲ့ရှေ့မှာ ညိုးနွမ်းခဲ့ရတယ်…
ဒီမျက်ဝန်းအစုံ ညိုးနွမ်းခဲ့တာ သူ့ အစီရင်ခံစာကို လက်မခံလို့ မဟုတ်ဘူး… 
ဒီမျက်ဝန်းအစုံ မှာ သူတွေ့နေတာ သူ့သားသမီးတွေ ရဲ့ ပူဆာမှုကို အမေဖြစ်သူက ကောင်းကောင်းမဖြည့်ဆီးပေးနိုင်ခဲ့လို့လား…
အမေရဲ့စေတနာကို ပညာရေးရဲ့အောက်ခြေမှာရှိနေခဲ့တဲ့ သားသမီးတွေက နားလည်မှုမပေးနိုင်တာလား…
အမေ့ရှေ့မှာ ငိုကြွေးနေတဲ့ သားသမီးတွေကို သူမြင်နေရတဲ့အခါ သံမဏိ မိန်းမသားလို့ ကမ္ဘာက သတ်မှတ်ခဲ့တဲ့ သူမျက်ဝန်းအစုံမှာ မျက်ရည်တွေလည်ခဲ့ရတယ်…

@[1203802796:2048:Zane]
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ <3

တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ ဖိနှိပ်ခဲ့တဲ့လူကို ကြောက်ရွံ့စေခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ ဖမ်းချုပ်ထားတဲ့ ချုပ်နှောင်မှုကို ကျော်ဖြတ်နိုင်ခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ ကြောက်ရွံ့မှုကင်းမဲ့စေခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ သေနတ်ကိုင်ထားတဲ့လက်ကို တုန်လှုပ်စေခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ အင်အားကြီးမားတဲ့လူတောင် သူ့ကိုလေးစားစေခဲ့တယ်…
တစ်ချိန်တုန်းက ဒီမျက်ဝန်းအစုံဟာ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတဲ့ လူမျိုးကို ဂုဏ်ရောင်လွင့်တင်စေခဲ့တယ်…

အခုတော့…
ဒီမျက်ဝန်းအစုံဟာ သူချစ်တဲ့ ပြည်သူတွေရဲ့ရှေ့မှာ ညိုးနွမ်းခဲ့ရတယ်…
ဒီမျက်ဝန်းအစုံ ညိုးနွမ်းခဲ့တာ သူ့ အစီရင်ခံစာကို လက်မခံလို့ မဟုတ်ဘူး…
ဒီမျက်ဝန်းအစုံ မှာ သူတွေ့နေတာ သူ့သားသမီးတွေ ရဲ့ ပူဆာမှုကို အမေဖြစ်သူက ကောင်းကောင်းမဖြည့်ဆီးပေးနိုင်ခဲ့လို့လား…
အမေရဲ့စေတနာကို ပညာရေးရဲ့အောက်ခြေမှာရှိနေခဲ့တဲ့ သားသမီးတွေက နားလည်မှုမပေးနိုင်တာလား…
အမေ့ရှေ့မှာ ငိုကြွေးနေတဲ့ သားသမီးတွေကို သူမြင်နေရတဲ့အခါ သံမဏိ မိန်းမသားလို့ ကမ္ဘာက သတ်မှတ်ခဲ့တဲ့ သူမျက်ဝန်းအစုံမှာ မျက်ရည်တွေလည်ခဲ့ရတယ်…

Zane

ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းမီးလောင်းကျွမ်းမှု ဖြစ်ပွား

r
RSV
 ၁၆.၃.၂၀၁၃ ရက် နံနက် ၂း၃၀ နာရီ ပတ်ဝန်ကျင်လောက်မှ စတင်ပြီး ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းကို မီးလောင်းမှုဖြစ်ပွားခဲ့ပြီး စာသင်ခန်း (၂)ခန်း မီးထဲကို ပါသွားပြီး မီးငြိမ်းသတ်ရန်အတွက် အခန်း (၁)ခန်း စုစုပေါင်း စာသင်ခန်း (၃)ခန်း မီးထဲကို ပါသွားပါသည်။ ယခုအချိန်သည် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) ကျောင်းသား/သူများ စာမေးပွဲ စစ်ဆေးနေသော အချိန်အခါလည်း ဖြစ်ပြီး ယခုဆိုလျှင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃)ဘာသာကိုသာ စစ်ဆေးပြီးဖြစ်ပါသည်။ မီးလောင်းခဲ့ပုံကို အနီအနားမှ လူတစ်ဦးမှ “ မီးက ဘယ်လို လောင်းတယ်ဆိုတာ ဘယ်လိုမှ စဉ်စားလို့မရဘူးဗျာ။ အဲဒီ အခမ်းမှာ လူလည်း မနေဘဲ။ မီးထွန်းထားတာလည်း မရှိဘူး။ စာမေးပွဲရာသီးဆိုတော့ ကျောင်းမှာ ကြီးကြပ်ရေးဆရာတွေရယ်၊ အစောင့်ရဲ တွေပဲရှိတာပါ။ ဒါပေမယ် အဲဒီဖက် အခြမ်းက သွားလာတာနည်းတဲ့အပိုင်းပါ။ ဒါပေမယ် ကျောင်းသား/ကျောင်းသူတွေ စာမေးပွဲရာသီဆိုတော့ ဘယ်လို့ဆက်လုပ်မလဲ မသိဘူး”ဟု ပြောပြသွားပါတယ်။ မီးဘယ်က စလောင်းရသည်ကို မည်သူမျှ မသိရှိဘဲဖြစ်နေရပြီး ကျောင်းကြီးကြပ်ရေးကို စုံစမ်းမေးမြန်ခဲ့သော်လည်း မည်သို့မှ မဖြေကြားခဲ့ပါ။ စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/သူများသည် တနင်္လာနေ့တွင် ဆက်လက် စာမေးပွဲ ဖြေကြားရမည်ဖြစ်သော်လည်း ဘယ်လို စီစဉ်ပေးမယ်ဆိုတာကိုတော့ မသိရှိရသေးဘဲ။ ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းသည် ယခင်း က ယခုလိုမျိုး မီးလောင်းမှု တကြိမ်းတခါမှ မရှိခဲ့ဘဲ ကျောင်းသက် နှစ်ပေါင်း (၆၀) ကျော်အတွင်း ဆရာဝန်ပေါင်းမြောက်မြားစွာနှင့် ပညာတတ်ပေါင်းမြောက်မြားစွာ မြန်မာနိုင်ငံလူ့အရင်းအမြစ်အတွက်မွေးထုတ်ပေးနေသော ရခိုင်ပြည်သူများ အားကိုးအားထားပြုရသော ကျောင်းတော်ကြီးလည်း ဖြစ်ပါသည်။ မီးလောင်းမှုကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးလျှက်ရှိပြီး မီးလောင်းမှုဖြစ်ပွားရမှုကို မြို့သူမြို့သားများလည်း စိတ်ဝင်စားလျှက်ရှိပါသည်။ Photo: Oo Kyaw Nyint


လက်ပံတောင်းကိစ္စ လူထုနဲ့ဒေါ်စု သဘောမကွဲသင့်ကြောင်း ကိုမင်းကိုနိုင် အကြံပြုသဘောထား



(ကိုမင်းကိုနိုင် -၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ - ဗွီအိုအေနဲ့ သီးခြားမေးမြန်းမှု)
“ကျနော်တို့က နားလည်မှုအခြေခံနဲ့ ဘာမဆို စဉ်းစားပါတယ်ဗျာ။ အဲဒီတော့ ညှပ်ပူးညှပ်ပိတ် ဖြစ်မသွားအောင် ရတောင့်ရခဲ နှစ်ပေါင်းများစွာ ခရီးကြမ်းကြီးမှာ ဖြတ်သန်းခဲ့ရတဲ့ ခေါင်းဆောင်၊ သူတို့နဲ့အတူ ယုံကြည်လက်တွဲခဲ့တဲ့ ပြည်သူတွေ- ဒီဆက်ဆံရေးကို ဘယ်လိုနည်းနဲ့မှ မထိခိုက်စေချင်ဘူးဗျာ။ ကျနော့်စိတ်ထဲမှာ တော်တော့်ကို စိုးရိမ်ကြောင့်ကျမှုတွေ ရှိတယ်ဗျ။ သဘောထားဆိုတာ နေရာတိုင်းမှာ တူရမယ်လို့ ဘယ်ရှိပါ့မလဲ၊ မတူတဲ့ကိစ္စတွေ ပေါ်လာပါစေ၊ ငြိမ်းချမ်းစွာ ပြောကြဆိုကြမယ်။ ပြီးရင် ရအောင်ညှိကြမယ်ဆိုတဲ့ စိတ်အခြေခံနဲ့ ကြိုးစားကြစေချင်တယ်ဗျာ။ လူတွေရဲ့ မြတ်နိုးမှုဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဗျ။ အဲဒါကို ရုပ်ဝတ္ထုတွေနဲ့သွားပြီးတော့ တိုက်ရိုက်လဲမယ်ဆိုပြီး စဉ်းစားလို့တော့ မရဘူး။ အဲဒါမျိုးလည်း သိပ်အရေးကြီးတယ်။ ခုနက ပြောသလိုပေါ့ဗျာ။ ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ညှပ်ပူးညှပ်ပိတ်မိသွားပြီးတော့ အခက်အခဲ အကျပ်အတည်းကြားထဲမှာ ထိခိုက်သွားတာမျိုး တကယ်တော့ ပြည်သူတွေကလည်း မလိုလားပါဘူး။ ကျနော်တို့ နှစ်ပေါင်းများစွာ ရင်းပြီး ခရီးကြမ်းကြီး အတူလျှောက်ခဲ့ကြတဲ့သူတွေပါ။”

“မီးခိုးဗုံးလို့ပဲမြင်မြင်၊ မီးလောင်ဗုံးလို့ပဲ ဆိုဆိုဗျာ။ လူတွေရဲ့ အရေပြားတွေကို မီးလောင်စေခဲ့တယ်ဗျာ။ ရိုးရိုးလူတောင် မဟုတ်ဘူး။ ရဟန်း၊ သံဃာတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့က ဒီဟာကို ဂလဲစား ချေမယ်ဆိုတဲ့စိတ်နဲ့ တောင်းဆိုနေတာ မဟုတ်ဘူး၊ ပြည်သူတွေ တောင်းဆိုနေတာ မဟုတ်ဘူး။ ဖော်ပြနိုင်စွမ်း တကယ်ရှိဖို့လည်း လိုတယ်။ အဲဒီ အစီရင်ခံစာအပေါ်မှာ သဘောထား ကွဲလွဲကြသည့်တိုင် နောက်နောင်ကို အေးချမ်းစွာ ဆန္ဒပြမယ့်ပြည်သူတွေဟာ ကမ္ဘာတည်သရွေ့ ရှိနေအုံးမှာပဲ။ အကြောင်းအရာတွေ ပေါ်လာတိုင်း အေးချမ်းစွာ ဆန္ဒပြကြအုံးမှာပဲ။ မီးလောင်စေတဲ့ လက်နက်မျိုးနဲ့ မီးခိုးဗုံးခေါ်ပြီးတော့ မီးလောင်စေတဲ့ လက်နက်မျိုးနဲ့ ပစ်လာခဲ့ရင် ကျနော်တို့ ပြည်သူတွေ ဘယ်နှယ်လုပ်မလဲ၊ အဲလိုမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်သလဲ၊ အဲဒါက နောက်ထပ် ခေါင်းဆောင်တွေရော- သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော စဉ်းစားပေးကြပါ။ ကျနော်တို့ ပြည်သူတွေဟာ သံသယတွေ၊ နောက်ထပ် စိုးရိမ်ပူပန်မှုတွေနဲ့ အရင်းခံပြီးတော့ နှစ်ပေါင်းများစွာလက်တွဲထားတဲ့ တွဲလက်တွေ မပြုတ်စေချင်ဘူး။ ဒါကြောင့်ပါ- ဒီကိစ္စကို ထပ်ပြီးတော့ လေးနက်ပေးစေချင်ပါတယ်။ တာဝန်ယူဖို့ကို ကျနော် ဆိုလိုပါတယ်။ တာဝန်ယူမှု လိုပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံပြင်ရန် လွှတ်တော် ခြေလှမ်းစပြီ


သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်း

March 15, 2013 by ရွှေအောင်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ နဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က သဘောတူလိုက်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးထဲမှာ ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။

သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်း

ပြည်သူ့လွှတ်တော်က ဆုံးဖြတ်သဘောတူလိုက်တဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနဲ့ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေးတိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်ထံ သ၀ဏ်လွှာပေးပို့သွားမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယကက ကော်မတီနဲ့ ကော်မရှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖွဲ့စည်း လုပ်ဆောင် သွားဖို့ရှိတယ်လို့ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဦးရဲထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ လွှတ်တော်ထဲမှာ သူရဦးအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီး အဆိုတင်တာ လွှတ်တော်က သဘောတူလိုက်တယ်လို့ သိရတယ်။

“ဟုတ်တယ်။ သူရဦးအေးမြင့်ကနေပြီး အရေးကြီးအဆိုအဖြစ်နဲ့ တင်တာပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေက အမှန်တကယ်ပြောမယ်ဆိုရင် ၂၀၀၈ က အတည်ပြုခဲ့ပြီးတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ အဲဒီဖွဲ့စည်းပုံအရ စပြီး ကျင့်သုံးတာဖြစ်တယ်ဆိုတော့ အခု ၂ နှစ်ကျော်ပဲ ရှိသေးတာ။ ပြောမယ်ဆိုရင် အသစ်ကျပ်ချွတ်ဖွဲ့စည်းပုံလို့တောင် ပြောလို့ရပါတယ်။ ဒီဖွဲ့စည်းပုံကို ပြင်ဖို့ စဉ်းစားလာတယ်ဆိုတာက တချက်က ပြည်တွင်းမှာ ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိစ္စတွေ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး မရနိုင်သေးတဲ့ ကိစ္စတွေကို သူတို့ ဆွေးနွေးကြရင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်သင့်တဲ့အပိုင်းတွေ ပါတယ်ဆိုတာ အသိအမှတ်ပြုလို့ ရိုးရိုးသားသား စေတနာထားပြီး သုံးသပ်တဲ့အပိုင်းက ကောင်းတယ်လို့ ကြိုဆိုရမှာပေါ့။

“ဒါပေမယ့် တဖက်က ပြောမယ်ဆိုရင်တော့လည်း အသစ်ကျပ်ချွတ်ဖွဲ့စည်းပုံကြီးကို ပြင်ဖို့ စဉ်းစားရတယ်ဆိုတော့ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံးရဲ့ သဘောဆန္ဒ၊ အများစုကို ကိုယ်စားပြုပြီးတော့ အတည်ပြုခဲ့တာ ဟုတ်မှဟုတ်ပါ့မလား ဆိုတဲ့သံသယကို ၀န်ခံလိုက်ရာ ရောက်သွားတာပေါ့။ ကျနော့်အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကောင်းတယ်၊ သူတို့ရဲ့ ရိုးသားမှုကို ဖော်ပြတာလို့ ခံယူပြီး ကြိုဆိုပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအဆိုကို လွှတ်တော်က သဘောတူလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပေးပို့ ဆောင်ရွက်သွားတယ်ဆိုတာ သူ့ရဲ့လုပ်ငန်းစဉ် ဘယ်လိုဆောင်ရွက်သွားမှာလဲ။

“ခန့်မှန်းကြည့်ရတာကတော့ ဒီကော်မတီ၊ ကော်မရှင်ကို ပြည်သူ့လွှတ်တော်အနေနဲ့ပဲ ဖွဲ့စည်းတာမျိုးမလုပ်ဘဲနဲ့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဖွဲ့စည်းတာမျိုး လုပ်စေချင်တဲ့သဘော ရှိပါတယ်။ အဲဒါဆိုရင်တော့ လွှတ်တော် ၂ ရပ်လုံးကို ခြုံငုံပြီး ပူးပေါင်းကော်မတီဖွဲ့တာမျိုးဖြစ်စေ၊ ကော်မရှင်ဖွဲ့တာမျိုးပဲ ဖြစ်စေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ့်သဘောပါ။ ကော်မတီသဘောမျိုး ဖွဲ့တယ်ဆိုရင်လည်း လွှတ်တော် ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပါဝင်နိုင်မှာပေါ့။ ကော်မရှင်ဆိုရင်လည်း လွှတ်တော် ၂ ရပ်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ပြင်ပပညာရှင်တွေ ပူးပေါင်းပြီးတော့ အပိုင်းလိုက်အပိုင်းလိုက် လေ့လာဖို့အတွက် ဆပ်ကော်မတီလေးတွေ၊ ဆပ်ကော်မရှင်လေးတွေ ဖွဲ့စည်းပြီး လုပ်ကြမယ်လို့ ယူဆပါတယ်။”

လွှတ်တော်ပိုင်းကနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပထမဆုံး စလှမ်းလိုက်တဲ့ ခြေလှမ်းလို့ ပြောလို့ ရမလား။

“လွှတ်တော်ပိုင်းကလို့ ပြောနိုင်သလို အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ စပြီးလှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်တယ်။ သို့သော် ကျနော်သိရသလောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ နိုင်ငံရေးအုပ်စုအသီးသီးတွေရဲ့ စိတ်ဝင်စားမှုတွေက တအုပ်စုနဲ့ တအုပ်စု မတူကြဘူး။ ဥပမာ တိုင်းရင်းသားတွေက ပြည်နယ်ရဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အုပ်ချုပ်ခွင့်အာဏာနည်းနေတဲ့ကိစ္စတွေကို တိုင်းရင်းသားတွေက စိတ်ဝင်စားသလို အန်အယ်လ်ဒီကကျတော့လည်း သမ္မတရွေးချယ်ရေး အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ပြင်ဖို့ စိတ်ဝင်စားနေတယ်။ နိုင်ငံတော်သမ္မတနဲ့ အုပ်ချုပ်ရေးအဖွဲ့ကကျတော့လည်း သမ္မတက ဥပဒေပြုရေးဖြစ်စဉ်မှာ သူ့ရဲ့ ၀င်ရောက်ပါဝင်နိုင်မှုအခန်းကဏ္ဍက အရမ်းနည်းနေတယ်။ ဆိုလိုတာက အမေရိကန်သမ္မတ တယောက်လို သိပ်ပြီးတော့ သဘောမတူတဲ့ ဥပဒေကို ဗီတိုအာဏာ ကျင့်သုံးခွင့် ကျနော်တို့ လွှတ်တော်မှာမရှိဘူး။ ဒါကြောင့် အုပ်ချုပ်ရေးကို အခိုင်အမာဆောင်ရွက်ရတဲ့ သမ္မတက ကိုယ့်စိတ်တိုင်းကျ ဥပဒေမပြုနိုင်ဘဲနဲ့ လွှတ်တော်ရဲ့ဥပဒေပြုမှုအောက်မှာ လိုက်လုပ်နေရသလိုဖြစ်တယ်။ အဲလိုဖြစ်တော့ သမ္မတကပြင်ချင်တဲ့အပိုင်းကလည်း ဥပဒေပြုရေးနဲ့ပတ်သက်တဲ့ အပိုင်းမှာပြင်ချင်တာတွေ ရှိလိမ့်မယ်။

“ထိုနည်းအတူပဲ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အခုရွေးကောက်ပွဲစနစ်အရဆိုရင် ပါတီကြီးတွေဖြစ်တဲ့ တစညတို့လို၊ ပြည်ခိုင်ဖြိုးလို ပါတီကြီးတွေက လွှတ်တော်ထဲမှာ အမတ်ဦးရေရမယ့် နေရာအချိုးအစား အရမ်းနည်းလိမ့်မယ်။ ရွေးကောက်ပွဲဥပဒေကို ပြင်ချင်တဲ့ ပါတီကြီးများထဲမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပါတယ်။ အဲတော့ အဲအစိတ်အပိုင်းကိုလည်း ပြည်ခိုင်ဖြိုးပါတီက ပြင်ချင်ပုံရတယ်။ ကျနော်သုံးသပ်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ချင်တဲ့ နိုင်ငံရေးအုပ်စုတွေဟာ သူတို့ရဲ့ အကျိုးစီးပွားအလိုက်၊ စိတ်ဝင်စားမှုအလိုက်၊ အပိုင်းလိုက် အပိုင်းလိုက် တအုပ်စုနဲ့တအုပ်စု မတူကြဘူး။ တဖွဲ့နဲ့တဖွဲ့မတူကြဘူး။ အသီးသီး ကွဲကွဲပြားပြားရှိပါတယ်။”

အဲတော့ အသီးသီးကွဲပြားနေတဲ့ဆန္ဒတွေအပေါ်မူတည်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီ၊ကော်မရှင်တွေဖွဲ့တဲ့အခါမှာ အင်အားစုတွေ၊ ပါတီတွေအားလုံးက ကိုယ်စားလှယ်တွေအားလုံးကို ထည့်သွင်းပြီး ဖွဲ့စည်းဆောင်ရွက်သွားမှာလား။

“ဒါတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းပေးမယ်ဆိုရင်တော့ လွှတ်တော်နာယကရဲ့သဘောထားက အဓိကကျပါလိမ့်မယ်။ အဲလို အကျယ်အပြန့်ပါနိုင်အောင်၊ ပညာရှင်တွေလည်းပါနိုင်အောင် ဖွဲ့မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်တာ၊ ပြင်ဖို့တွေကို မြန်မြန်ဆန်ဆန်လုပ်မယ့် သဘောတွေ့ရလား။

“မြန်မြန်ဆန်ဆန်လုပ်မယ့်သဘောတော့မတွေ့ရဘူး။ ခန့်မှန်းတာတော့ ဒီသက်တမ်း မတိုင်ခင် ၁ နှစ်၊ ၂ နှစ်အတွင်းမှာတော့ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ၂၀၁၅ မတိုင်ခင်ပေါ့။ ၂၀၁၅ မတိုင်ခင် ပြင်သင့်တာတွေပြင်ပြီးတော့ အဓိကအားဖြင့် ပြင်သင့်တယ်လို့ အဲဒီကော်မရှင်၊ ကော်မတီအဖွဲ့ခွဲတွေက သုံးသပ်ပေမယ့် အဓိကအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်လိုတဲ့ဆန္ဒရှိဖို့။ သူသဘောပေါက်ဖို့က အဓိက အချက်လိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ထဲမှာပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တယောက်မှ မထောက်ခံရင် အဲပြင်ဆင်ချက်ဟာ အောင်မြင်နိုင်မှာ မဟုတ်လို့ပါ။”
burmese.dvb.no

ဆန္ဒပြရန် အချိန်မဟုတ်တော့ကြောင်း မသွဲ့သွဲ့ဝင်းပြောကြား

လူမှုကွန်ယက်၌ ပျံ့နှံ့နေသည့် စွပ်စွဲချက်များအား ဒေါက်တာ နိုင်အောင် ငြင်းဆို
ဟင်္သာနီ (မွန်မြေ) | သောကြာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်
mizzimaburmese.com

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရပြီးနောက် ၎င်းဆန္ဒပြ မှုကို ချိတ်ဆက်ကာ
လုပ်ဆောင်နေကြသည်ဟု လူမှုကွန်ယက် (Social Media) များတွင် ပျံ့နှံ့လာသည့် အရေးအသားအပေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ်
အင်အားစု၏ အတွင်းရေးမှူးချုပ်  ဒေါက်တာ နိုင်အောင်က မိမိ၏ ပုံရိပ် (Image) အားဖျက်သည့် စွပ်စွဲချက်များ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အပြင်က လာတယ်ဆိုတော့ ခေါင်းစဉ်တပ်ရ လွယ်တဲ့ပစ်မှတ် အလွယ် (Easy Target) တွေလေ၊ အရင်တုန်းက သတင်းစာ
 ရှင်းလင်းပွဲတွေရှိတယ် မဟုတ်လား၊ တစ်ခုခု ကွဲပြီဆိုလို့ရှိရင် ကိုနိုင်အောင်တို့၊ ကိုမောင်မောင်တို့၊ ကိုမိုးသီးတို့ အဲလို မျိုးပဲပေါ့၊ ကျွန်တော်တို့ရဲ့
 Image ကို လွယ်လွယ်ကူကူ ဖျက်တာပါ” ဟု ဒေါက်တာနိုင်အောင် မှ မဇ္ဈိမအား ပြောကြားခဲ့သည်။

“လက်ပံတောင်း ဆန္ဒ ပြမှုတွေကို ဦးဆောင် နေသည့် မသွဲ့သွဲ့ဝင်း နောက်၌ မိုးသီးဇွန်၊ နိုင်အောင်နှင့် ခင်ဥမ္မာတို့ ရှိနေ” ဟုသဘော
သက်ရောက်သည့်  အရေးအသားများ လူမှု ကွန်ယက်များတွင် သိသာစွာ ပျံ့နှံ့လာသည်ကို ကိုနိုင်အောင်မှ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မသွဲ့သွဲ့ဝင်းအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂) ကြိမ်မြောက် အမျိုးသမီး နှီးနှော ဖလှယ်ပွဲကို တတ်ရောက်ရန်
ဖိတ်ကြားခဲ့သည်ဟုလည်း စွပ်စွဲ ထားကာ အခမ်းအနား တစ်ခု၌ မတ်တပ်ရပ်ကာ စကားပြောနေသည့် ဓါတ်ပုံနှင့် ရေးသားချက်အပေါ်လည်း
 ဒေါက်တာနိုင်အောင်မှ ၎င်းမသိရကြောင်းပြောကြားခဲ့ပါသည်။

၎င်းက “မသွဲ့သွဲ့ဝင်းတို့ ဆိုတာနဲ့ သိလည်း မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး၊ အဆက် အသွယ်လည်း မရှိပါဘူးခင်ဗျ၊
ဖေ့ဘွခ်မှာ ပြောပြီး ဓါတ်ပုံတွေ ပြပြီး စွပ်စွဲနေတာလေ အဲဒီလို လာသွားမှန်းတောင် ကျွန်တော်တို့ မသိလိုက်ရဘူး။ ဓါတ်ပုံထဲမှာ
ကျွန်တ်ာတို့ ပါတာလည်း မဟုတ်ဘူး၊ ဓါတ်ပုံဟာ ဘယ်ခေါင်းစဉ်နဲ့ ဘာလုပ်တယ် ကျွန်တော်တို့ မသိဘူး” ဟု ပြောသည်။

အလားတူပင် လက်ပံတောင်း ဆန္ဒပြမှုများကို ဒေါက်တာ နိုင်အောင်တို့နှင့် ဆက်စပ်ကာ ချိတ်ဆက် လုပ်ဆောင်
နေသည်ဟု စွပ်စွဲ ခံရသည့် လက်ပံတောင်း ဒေသခံ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း မှလည်း ၎င်းကိစ္စကို လုံးဝငြင်းဆိုခဲ့ပါသည်။

“ဒေါက်တာ နိုင်အောင် ဆိုတာ အခုချိန်ထိ ဖြူသလား၊ မဲသလား ဆိုတာတောင် ကျွန်မ အခုချိန်ထိ တစ်ခါဆို တစ်ခါမှ
မမြင်ဖူးပါဘူး၊ သိလည်းမသိဘူး၊ ဓါတ်ပုံက ပြီးခဲ့တဲ့ (၈) ရက်နေ့ (၃) လပိုင်းတုန်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ
နေ့တုန်းက women exchange ကို သွားတက်ခဲ့တဲ့ ဓါတ်ပုံပါ၊ နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို အဲဒီ တခါပဲ ခရီးစဉ်
သွားဖူးပါတယ်။ အွန်လိုင်းဆိုတာက မလိုတဲ့ လူတွေတင်တားတဲ့ စကားတွေပါ အဲဒီ ကိစ္စနဲ့ပတ်သက်လို့က ဘာမှ
မသိသေးပါဘူး။ ကျွန်မတို့က သပိတ်စခန်း နောက်ကွယ် ကနေ ကြိုးကိုင်ထားတာ ဆိုတာတွေ ဘာတစ်ခုမှ မရှိပါဘူး။
ကိုမိုးသီးဇွန်ကိုတော့ ကျွန်မတို့ ရွာကိုလာတုန်ကတော့ တစ်ခါ တွေ့ဖူးတယ်သာ ရှိပါတယ်”  ဟု မသွဲ့သွဲ့ဝင်းမှ မဇ္ဈိမအား
ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိ အနေအထားမှာ လက်ပံတောင်း အရေးကိစ္စသည် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်၍
မိမိတို့ဘက်မှ စားပွဲဝိုင်းပေါ်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ဆန္ဒပြရန် အချိန်မဟုတ်တော့ကြောင်း မသွဲ့သွဲ့ဝင်း
 က ဆက်လက်ပြောကြားသည်။

၎င်းစွပ်စွဲချက်သည် မိမိတို့အား ထင်ယောင်ထင်မှား ဖြစ်စေရန်ပုံဖော်ကာ စွပ်စွဲချက်သာဖြစ်သည်ဟုလည်းနှစ်ဖက်စလုံးမှ
 အသီးသီး ဆိုကြသည်။

လက်ပံတောင်းတောင် စုံစမ်းရေးကော်မီရှင်၏ အစီရင်ခံစာ ထွက်လာပြီး ဒေသခံရွာများသို့ သွားရောက်ညှိနှိုင်းခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဒေသခံရွာသားများမှ မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ပြီးနောက် ယခုလို စွပ်စွဲသည့်စာများ
 လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လျင်မြန်စွာပျံ့နှံ့လာခြင်း ဖြစ်သည်။

အထွေထွေ မကျေနပ်ချက်များအား ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံမချသင့်


The Street View's photo.
"အထွေထွေ မကျေနပ်ချက်များအား ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံမချသင့်ဟု စာရေးဆရာဦးကျော်ဝင်း သုံးသပ်"
======================================

 အစီရင်ခံစာကတော့ ကျွန်တော့်အမြင်ပြောရရင် တတ်နိုင်သလောက် ကိုယ့်ဘက်က နစ်နာဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် ကြိုးစားထားတာလို့ မြင်တယ် အခုအခြေအနေမှာ ကော်မရှင်က အကြံပြုတာဟာ အကောင်းဆုံးအဖြေပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ယေဘုယျပြောရရင်တော့ ကျွန်တော်ကတော့ ဘ၀င်ကျတယ်။ လက်ရှိဆန္ဒပြနေတဲ့ ကိစ္စတွေကို ကျွန်တော်နားလည်ပေးလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တောသူတောင်သား ၊တော်သူတောင်သားမှ မဟုတ်ပါဘူး ကျွန်တော်တို့ တွေလည်းအပါအ၀င်ပေါ့ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ဓါးမဦးချ လယ်ကို မဆုံးရှုံးချင်ကြဘူးပေါ့ဗျာ။ ဆန္ဒပြခွင့်လည်း ရှိနေတော့ ဆန္ဒပြကြတာဟာ သူဟာနဲ့သူတော့ သဘာဝကျပါတယ်။ သို့သော် တစ်ခုရှိတာက ဆန္ဒပြမယ်ဆိုလို့ရှိရင်လည်း ဘောင်တစ်ခုအတွင်းက ပြနိုင်ကြဖို့တော့လိုတာပေါ့ဗျာ နို့မို့ရင် မကောင်းဘူးပေါ့။ နောက်တစ်ခုက အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်လည်း သူကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ ကြိုးစားပြီးတော့  တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားတာပဲ အဲ့ဒါကို သူ့အပေါ် နားလည်ပေးဖို့လိုမယ်။ အဲ့တော့ အထွေထွေ မကျေနပ်ချက် တွေကို သူ့အပေါ်ပုံချတာကတော့ သိပ်သဘာဝမကျဘူးလို့ ထင်တယ် ဒါကတော့ စဉ်းစားစေချင်တယ်

ဓါတ်ပုံအား_ ဆရာဦးကျော်ဝင်း Facebook မှ ကူးယူဖေါ်ပြသည်။
‎"အထွေထွေ မကျေနပ်ချက်များအား ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံမချသင့်ဟု စာရေးဆရာဦးကျော်ဝင်း သုံးသပ်"
======================================

အစီရင်ခံစာကတော့ ကျွန်တော့်အမြင်ပြောရရင် တတ်နိုင်သလောက် ကိုယ့်ဘက်က နစ်နာဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် ကြိုးစားထားတာလို့ မြင်တယ် အခုအခြေအနေမှာ ကော်မရှင်က အကြံပြုတာဟာ အကောင်းဆုံးအဖြေပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ယေဘုယျပြောရရင်တော့ ကျွန်တော်ကတော့ ဘ၀င်ကျတယ်။ လက်ရှိဆန္ဒပြနေတဲ့ ကိစ္စတွေကို ကျွန်တော်နားလည်ပေးလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တောသူတောင်သား ၊တော်သူတောင်သားမှ မဟုတ်ပါဘူး ကျွန်တော်တို့ တွေလည်းအပါအ၀င်ပေါ့ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ဓါးမဦးချ လယ်ကို မဆုံးရှုံးချင်ကြဘူးပေါ့ဗျာ။ ဆန္ဒပြခွင့်လည်း ရှိနေတော့ ဆန္ဒပြကြတာဟာ သူဟာနဲ့သူတော့ သဘာဝကျပါတယ်။ သို့သော် တစ်ခုရှိတာက ဆန္ဒပြမယ်ဆိုလို့ရှိရင်လည်း ဘောင်တစ်ခုအတွင်းက ပြနိုင်ကြဖို့တော့လိုတာပေါ့ဗျာ နို့မို့ရင် မကောင်းဘူးပေါ့။ နောက်တစ်ခုက အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်လည်း သူကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ ကြိုးစားပြီးတော့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားတာပဲ အဲ့ဒါကို သူ့အပေါ် နားလည်ပေးဖို့လိုမယ်။ အဲ့တော့ အထွေထွေ မကျေနပ်ချက် တွေကို သူ့အပေါ်ပုံချတာကတော့ သိပ်သဘာဝမကျဘူးလို့ ထင်တယ် ဒါကတော့ စဉ်းစားစေချင်တယ်

ဓါတ်ပုံအား_ ဆရာဦးကျော်ဝင်း Facebook မှ ကူးယူဖေါ်ပြသည်။

ဒီလှိုင်း ဂျာနယ်တွင် (ဒေါ်) အောင်ဆန်းစုကြည် ရေးသားသော “ဒီစကား”


သဘောကျ နှစ်ခြိုက်လွန်းမိတာလည်း အပါအ၀င် ၊ အကြောင်း မညီညွတ်သောကြောင့် မဖတ်ရှုခဲ့ရသေးသောသူများ
ဖတ်ရှုနိုင်ရန် စာရိုက်ပြီး တင်ပေးလိုက်ပါတယ်။
 စာအကျအပေါက်များ သတ်ပုံ မှားယွင်းမှုများပါရှိပါက ကျွန်တော့်ရဲ့ တာဝန်သာဖြစ်ပါတယ်။)

ဟိန်း ထိုက် ဈာန်


အတွဲ ၁၊ အမှတ် ၄၇ ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ထုတ် ဒီလှိုင်း ဂျာနယ်တွင် (ဒေါ်) အောင်ဆန်းစုကြည် ရေးသားသော “ဒီစကား”

အချိန်တွေ ဘယ်လိုကုန်သွားသလဲဆိုတာ စဉ်းစားလို့မရဖြစ်နေပါတယ်။ မုံရွာက နောက်ကျပြန်ရောက်ပြီး မအိပ်မီ “ဒီစကား” ရေးတာ မနေ့တနေ့ကပဲလို့ ထင်နေတာ အခုတော့ တစ်ပတ်တောင်ကြာခဲ့ပြီပဲ။ ဒီကြားထဲမှာ အလုပ်တွေကများတော့ တစ်နေ့တစ်နေ့ ကူးသွားတာတောင် သတိမထားမိပါဘူး။ အချိန်ရဲ့ သဘောတရားနဲ့ အနိစ္စဆိုတဲ့ မတည်မြဲခြင်းသဘောတရားတွေကို တွဲပြီးဆင်ခြင်ကြည့်လိုက်မိပါတယ်။

ဘာမှ မပြောင်းမလဲရှိနေမယ်ဆိုရင် အချိန်ဆိုတာကို သတ်မှတ်လို့ရပါ့မလား။ ဒါကတော့ သိပ္ပံ ဒသနိကမေးခွန်းဆိုပါတော့။ တရားသဘောကို အခြေခံမယ်ဆိုရင် အနိစ္စဆိုတာ မရှိလို့က အချိန်ဆိုတာ အဓိပ္ပာယ်ရှိပါ့မလား။ မတည်မြဲ အစဉ်ပြောင်းလဲမှုတွေကြောင့်သာ အချိန်တွေရဲ့ ရွေ့လျောခြင်းကို သိနိုင်တာပဲ မဟုတ်လား။ ဒါကြောင့်လည်း အနိစ္စလောကကြီးမှာ နေရတဲ့ လူသားတွေ အချိန်ကို တန်ဖိုးထားဖို့လိုအပ်တာပါပဲ။

အချိန်ကို တန်ဖိုးထားပုံနှစ်မျိုးကို လေ့လာကြည့်ချင်ပါတယ်။ တစ်မျိုးကတော့ အချိန်ကို လေးစားခြင်း၊ အချိန်နဲ့ ပတ်သက်ရင် တိကျခြင်းပါ။ ကျွန်မတို့ကို ငယ်စဉ်ကတည်းက အချိန်လေးစားဖို့၊ အိမ်မှာကော၊ ကျောင်းမှာပါ သင်ပေးပါတယ်။ အလုပ်တစ်ခုကို လုပ်ရင် ဘယ်ာလောက်ကြာမလဲဆိုတာကို တွက်တတ်လာပါတယ်။ အခြား ပုဂ္ဂိုလ်များပါဝင်နေတဲ့ အစီအစဉ်တွေမှာဆိုရင် အချိန်တိကျရမယ်ဆိုတာ အရိုးစွဲနေတဲ့ ခံယူချက်ဖြစ်လာပါတယ်။ တစ်ပါးသူကို လေးစားသောအားဖြင့် အတူချိန်းထားတဲ့အတိုင်း အချိန်တိတိကျကျမလုပ်တာဟာ၊ ထိုသူကို မထီမဲ့မြင်လုပ်တယ်လို့ ခံယူပါတယ်။ ချိန်းထားတာထက် စောသွားပြန်ရင်လည်း တစ်ဖက်က အဆင်သင့်မဖြစ်သေးတာကြောင့် စိတ်အနှောက်အယှက်ပေးသလိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချိန်ကို တိတိကျကျထားပြီး လုပ်ကိုင်သင့်တယ်လို့ ကျွန်မက ယူဆတာပါ။ တစ်ခါတလေ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အလုပ်တွေကြောင့် ချိန်းထားတာတွေ နောက်ကျသွားရင် စောင့်နေရတဲ့သူကို အားလည်းနာ၊ လိပ်ပြာလည်း မသန့်ဖြစ်ရပါတယ်။ အချိန်တိကျမှုကို အလေးမထားဘဲ လုပ်လေ့လုပ်ထရှိသူတွေကို အံ့သြမိပါတယ်။

အချိန်ကိုတန်ဖိုးထားခြင်း နောက်တစ်မျိုးကတော့ အချိန်ကို တန်ဖိုးရှိအောင် သုံးခြင်းပါပဲ။ ပျောက်ပျက်သွားတဲ့ စက္ကန့်၊ မိနစ်တွေဟာ ဗလာနတ္ထိ၊ ပြစရာမရှိမဖြစ်ရအောင်က အရေးကြီးပါတယ်။ ဒီထက်ပိုအရေးကြီးတာကတော့ ပျောက်ကွယ်မြန်တဲ့အချိန်တွေကို အနှုတ်လက္ခဏာဆောင်တဲ့ အပြုအမူတွေနဲ့ မဖြုန်းလိုက်ဖို့ပါပဲ။ ကျွန်မတို့ရဲ့ အနိစ္စလောကကြီးမှာ ဖြစ်ပြီးကိစ္စတွေ မဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးနေ ဆွေးနေမယ်ဆိုရင် ကုက္ကုစ အကုသိုလ်မြောက်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရှေးရှုပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြရမှာပါ။ အခုအချိန်ဟာ ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးရှိအောင် သုံးရမယ့် အချိန်ဖြစ်ပါတယ်။

အတိတ်ကရခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေပျောက်ကင်းအောင် လုပ်ကြရင်းနဲ့ အနာဂတ်အတွက် အာမခံချက်ပေးနိုင်မယ့် ပစ္စုပ္ပန်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်မ ခဏ ခဏပြောနေတဲ့ အခက်ခဲဆုံးကာလလို့ဆိုရမယ့် အဝေးကမြင်နေရတဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်သွားရမယ့် ခရီးနောက်ဆုံးပိုင်းကို မှန်မှန်ကန်ကန်ကျော်ဖြတ်ဖို့ အထူးအရေးကြီးပါတယ်။ ဒီအချိန်ဟာ ကျွန်မတို့ ဘယ်လောက် ရင့်ကျက်နေပြီလဲဆိုတာကို အစမ်းသပ်ခံရမယ့် အချိန်ပါ။ ရင့်ကျက်သောသူများသည် စောင့်အပ်သောအရာများကို ဆောင်နိုင်စွမ်းရှိတယ်လို့ စိတ္တပညာရှင်များက မြင်ပါတယ်။ ရင့်ကျက်တဲ့ သူများဟာ သာမညနဲ့ အဓိက၊ ရေတိုအကျိုးနဲ့ ရေရှည်အကျိုး၊ လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နိုင်တာ စသည်တို့ကို ခွဲခြားသိတတ်မှုလည်းရှိတတ်ပါတယ်။ ဒါ့အပြင် ရင့်ကျက်သူများဟာ စေတနာကို စေတနာနဲ့ တုန့်ပြန်ခြင်း၊ အခွင့်အရေးကို တာဝန်သိစိတ်နဲ့ သုံးခြင်းဆိုတဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်စုံပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် ရင့်ကျက်ခြင်းဆိုတာဟာ အခြေအနေတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး၊ ဒီသုံးသပ်မှုအရ လုပ်ကိုင်ဆောင်ရွက်ခြင်းလို့ ပြောနိုင်ပါတယ်။

ယခု ကျွန်မတို့နိုင်ငံရဲ့ အရေးကြီးဆုံးအချက်က ဘာလဲဆိုရင် အမျိုးသားရင်ကြားစေ့ရေးလို့ ပြောရမှာပါပဲ။ ကျွန်မတို့တွေ အချင်းချင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား၊ အဖွဲ့အစည်းများအကြား၊ အဖွဲ့အစည်းများနဲ့ ပြည်သူများအကြား၊ ပြည်သူအချင်းချင်းအကြား၊ မုန်းငြိုးအာဃာတတွေ ကင်းစင်သွားပြီး အပြန်အလှန် လေးစားယုံကြည်မှုတည်ဆောက်ခြင်းနဲ့သာ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာနိုင်မှာပါ။ ဒီတော့ ကျွန်မက ပြည်သူ ပြည်သားတိုင်းကို ဆော်သြချင်ပါတယ်။ ကိုယ့်ရဲ့အချိန်တွေ အလဟာသ မဖြစ်သွားရအောင် နေ့တိုင်း နေ့တိုင်း၊ ည မအိပ်မီ (၅) မိနစ်လောက် နက်နက်နဲနဲ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်မေးမြန်းပါ။ ပြီးခဲ့တဲ့ တစ်နေ့တာအတွင်း အမျိုးသားရင်ကြားစေ့မှုကို အထောက်အကူဖြစ်စေရေးအတွက် လုပ်သင့်တာ ဘာလုပ်ခဲ့သလဲ၊ ရှောင်သင့်တာ ဘာရှောင်ခဲ့သလဲ။ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေမဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တာရှိလား။ ဒီမေးခွန်းတွေကို သတ္တိရှိရှိနဲ့ အမှန်အတိုင်း မေးဖြေတတ်မယ်၊ မေးဖြေရဲမယ်ဆိုရင် အင်မတန်မှ တန်ဖိုးရှိတဲ့ ယခုအချိန်အခါကို နိုင်ငံအတွက် ကျွန်မတို့တွေ ရင့်ကျက်စွာနဲ့ သွားနိုင်ကြမှာပါ။
ဒီတစ်ပတ်တော့ ဒီမျှသာ။ ။
အောင်ဆန်းစုကြည်။

အဆိုတော်လင်းလင်းမှ ရင်ဖွင့်သံ...



ဒေါ်အောင်ဆန်းစုကြည့်နှင့်အတူ ရွာတွင်းသို့ လိုက်ပါသွားသော .. အဆိုတော် လင်းလင်းရဲ့ အတွေ့အကြုံကိုလည်း လေ့လာစေချင်ပါတယ်..။
ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်
မောင်ဦး၊ ကိုစိုးဝင်း တို့ အမေ နဲ့  အတူဝင်ရောက်သွားရာတွင် ရွာသူတဦးရုတ်တရက် သေဆုံး ပြီဟု ဆိုကာ အမေနှင့် လုံခြုံရေး အဖွဲ့ အား
လွယ်အိတ်ထဲမှ ဓားတိုများကိုင်ပြီး လူစု၍ ခင်များတို့ အကုန်လုံးကို သွေးစွန်း တော့မယ်၊ အပြတ်ရှင်းတော့မယ် ဟုကျွန်တော့်အနား ကပ်လာ
 ပြီးခြိမ်းခြောက်သူ၊ Internet ပေါ်တွင်ပျံ့ နှံ့ နေသည့်သွေးထိုးလှုံ့ ဆော်သူ သံသယဖြစ်ဖွယ် လူစာရင်းထဲမှ နာမည်ကြီး ခေါင်းဆောင် တဦး၏
အစွယ်အပွားတဦးပါ၊
.......................................................................................................................
မနေ့က အင်မတန်စိတ်မကောင်းလဲဖြစ် ဒေါသလဲဖြစ်ရတယ်။သေသွားတော့မှ အာဇာနည်အဖြစ် သတ်မှတ်ပြီး လွမ်းစာတွေ ဖွဲ့တာ လက်မခံဘူး။
သူ ၆၇ နှစ်ရှိပါပြီ။ အချိန်မရှိပါဘူး။ သူလုပ်နိုင်တုန်းလေးမှာ လက်တွဲနိုင်တာ တွဲပါ။ မတွဲနိုင်ရင် ယဉ်ယဉ်ကျေးကျေး သဘောကွဲပါ။ဝေဖန်ပါ။
 ဆွေးနွေးပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ပိုင်ခွင့်ရှိတယ်။ဒါပေမဲ့ နိုင်ငံရေး ညစ်လုံးတွေ သတ်လုံးတွေနဲ့တော့ ခါးအောက်ပိုင်း မထိုးနဲ့။
 လူကြီးလူကောင်းလို ယှဉ်ပါ။ သူလုပ်တာကို လက်မခံရင် ခင်ဗျားတို့ တခြားရွေးချယ်စရာပေးပါ။ အကုန်လိုက်ဖျက်မယ် ဆန့်ကျင်မယ်ဆိုရင်
 ဒီမြန်မာလူထုအတွက် ဘာအကျိုးရှိမှာလဲ။

စစ်အုပ်စုရဲ့ လူထုလို့ နာမည်တပ်သူတွေက က ဒီစစ်ကိုင်းတိုင်းထဲက ဒီပဲရင်းမှာဘဲ ၂၀၀၃က ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့
 ကြိုးစားခဲ့သေးတယ်။ ခုတခါ ဒါမျိုးအဖြစ်မခံနိုင်ပါဘူး။ နောက်ကွယ်က မြှောက်ပေးသူတွေရော မနေ့က ရန်ကုန်ကလာတဲ့
သပိတ်သမားတွေရောသိထားသင့်တာက လူထု လူထု ဆိုပြီး လူတအုပ်နဲ့တော့ မခြိန်းခြောက်နဲ့။ ရန်ပြူဖို့ မကြိုးစားနဲ့။
၁၉၉၀ မှာရော ၂၀၁၂ မှာရော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြို
 နိုင်ခဲ့တာ ဒီမြန်မာပြည်သူလူထုကြောင့်ပါ။

နေသန်မောင် မနေ့ကကိုးကားတဲ့ ဗိုလ်ချုပ်အောင်ဆန်းစကားလေး ပြန်မျှချင်တယ်။

"ဘာလူထုလဲ။ ခင်ဗျားတို့တစ်ယောက်နှစ်ယောက် ထင်တာလုပ်နေတာ လူထုလား။ ကျုပ်သိတယ်။ ဘာလူထုလဲ။
လူထုစကားပြောပြီး မုန်လာဥလာလုပ်လို့မရဘူး"
သူ့ နာမည်က ဘထူး၊ ရွှေပြည်သာမှာ နေထိုင်ပါတယ်၊ အစွယ်အပွားတဦးပါ၊

Lynnlynn Artist

ဓားစာခံနဲ့ တရားခံ (ခင်မမမျိုး)




တောထဲမှာ
သူပစ်ကိုယ်ပစ်
မတိုက်ရဲလေတော့
ရွာထဲရောက်နေတဲ့
တော်လှန်ရေးသမားတွေကို
အလစ်ဝင်တိုက်တတ်တယ်၊

ရွာသားတွေကို
ဓားစာခံလုပ်ပြီးမှ
စစ်တိုက်တတ်တာ
အာဏာရှင်တွေရဲ့ အကျင့်။

မိုင်းကွင်းတွေကို
မဖြတ်ရဲလေတော့
အရပ်သားတွေကို
မတရားဖမ်းဆီးပြီး
ရှေ့ကတက်ခိုင်းတတ်တယ်။

ပြည်သူတွေကို
လူသားမိုင်းရှင်းကိရိယာသဖွယ်
အသုံးပြုတတ်တာ
အာဏာရှင်တွေရဲ့ အကျင့်။

ကိုယ်စထားတဲ့ပြဿနာတွေ
ကိုယ့်ဘာသာကိုယ်
မဖြေရှင်းတတ်လေတော့
လှောင်ချိုင့်ထဲက
အမေအိုကိုထုတ်ပြီး
ကြားဝင်ဖြေရှင်းခိုင်းပြန်တယ်၊

လူသားတွေကို
ဒိုင်းသဖွယ်အသုံးချဖို့
ဓားစာခံရှာတတ်တာ
အာဏာရှင်တွေရဲ့ အကျင့်။

မိတ်ဆွေတို့ရေ-

ဓားစာခံနောက်မှာ
တရားခံရှိတယ်၊
တရားခံကိုသာ
ဦးတည်တိုက်ကြ။

ခင်မမမျိုး (၁၄၊ ၃၊ ၂၀၁၃)

ကျမပိုင်တဲ့ အရာ အားလုံးကို စတေးထားတာ အခုမှ မဟုတ်ဘူး..

graphic design: ko myoe
photo: irrawaddy


ယနေ့လွှတ်တော်ကို ရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (15-3-2013)

ခွန် ဒီးယမ်

ဦးခင်ညွန့်ထောင်သွင်းအကျဉ်းချခဲ့သောသံဃာတော်များ

လက်ပံတောင်းမှ ပဲ့တင်သံများ...။



by ငရဲ သား (Notes) on Friday, March 15, 2013 at 7:13am

အစီရင်ခံစာကိုဖတ်ပြီး လက်ပံတောင်းတောင်အကြောင်း ဆောင်းပါးရေးဖို့ မလိုတော့ဘူးလို့ စိတ်ကူးမိပေမယ့် မနေ့က ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ချိန် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေကိုမြင်ကြားသိရတဲ့နောက်
ဒီဆောင်းပါးကို ရေးသားဖို့ စိတ်ကူးမိပါတယ်..။

ပထမဆောင်းပါးနှစ်ပုဒ်မှာ ..။

အပိုင်း(၁) လက်ပံတောင်းတောင်ဟာ .. မြစ်ဆုံလို မဟုတ်ကြောင်း .... အပေးအယူတွေ မဟာဗျူဟာတွေ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားပြီးသားပါ...။ ဆန္ဒပြရုံနဲ့ မဖြစ်နိုင်ကြောင်း ဘက်စုံထောင့်စုံက အချိန်ယူရမှာဖြစ်ကြောင်းလည်း ရှင်းပြထားပါတယ်..။

အပိုင်း(၂) မှာ  ဒေါ်စုအနေနဲ့  ပြည်သူကိုချပြလို့မရတဲ့ ကိစ္စတချို့ကို တိတိကျကျ သိခွင့်ရှိခဲ့လို့ ဒီစီမံကိန်းကြီးဟာ ဆက်လက်လုပ်ကိုင်သင့်တယ်ဆိုရင်လည်း ... ပြည်သူ့ရဲ့အငြိုအငြင်ကို ခံရမှာဖြစ်သလို ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းသင့်တယ်လို့ ပွင့်လင်းစွာစုံစမ်းဖော်ထုတ်နိုင်ပြန်ရင်လည်း undertable ကိစ္စများ၊ နောက်ပြန်လှည့်ချင်သူများရဲ့ ကြီးမားတဲ့ဖိအား/တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်..။ သေချာတာကတော့ အဲဒီသူတွေရဲ့နောက်ကွယ်မှာ အခြေခံဥပဒေဆိုတာကြီးက ရှိနေသလို မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြီးကလည်း အခြေခံဥပဒေကို ကာကွယ်ထားတယ်ဆိုတာ.............။
 အားလုံးသဘောပေါက်ကြရင်ဖြင့် .......
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြပြီး အခြေအနေကို ..စောင့်ကြည့်ကြပါစို့..........။

ဆိုပြီး ကျွန်တော် ရေးထားခဲ့ပါတယ်...။

======================================================================================================================
ဖြစ်စဉ်

အခုအချိန်မှာတော့ မကြာခင်ကဖြစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအသိုင်းအ၀ိုင်းတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေ အနေအထားတွေကို  ပြန်သုံးသပ်ကြည့်မှာဖြစ်ပါတယ်..။

၂၀၁၂ စက်တင်ဘာလဆန်းမှာ လက်ပံတောင်းတောင်ဆန္ဒပြပွဲတွေမှာ နာမည်ရလာတဲ့ ဦးဆောင်အမျိုးသမီးသုံးယောက် ဖြစ်တဲ့ မအေးနက်၊ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းတို့ အပါအ၀င် ၁၂ ဦးဟာ ဖမ်းဆီးခံရပါတယ်..။ စက်တင်ဘာ ၁၂ ရက်နေ့မှာ ပုလဲမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ ကိုဂျင်မီဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ မိမိ အစီအစဉ်နဲ့ ရောက်ရှိလာကြပြီး  ဒေသအာဏာပိုင်တွေနဲ့ သွားရောက်ညှိနှိုင်းခဲ့ပါတယ်..။  ၄င်းတို့ရဲ့  ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် ပထမ ရွာသူကိုးယောက် ပြန်လွတ်လာပြီး စက်တင်ဘာ ၁၄ မှာ မသွဲ့သွဲ့ဝင်းတို့ သုံးယောက် ပြန်လွတ်လာပါတယ်..။


လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းတို့အား ကိုဂျင်မီ သွားရောက်ကြိုဆိုစဉ်
လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းတို့အား ကိုဂျင်မီ သွားရောက်ကြိုဆိုစဉ်

အဲဒီည ရွာသားတွေနဲ့ တွေ့ဆုံပွဲမှာ  ကိုဂျင်မီက က ဒေသခံများကို  ထိပ်တိုက်ရင်မဆိုင်ရန် နဲ့ ဒီစီမံကိန်းဟာ နိုင်ငံခြင်းပတ်သက်နေတဲ့ စီမံကိန်းဖြစ်တဲ့အတွက် ချက်ချင်း ရပ်တန့်လို့မရကြောင်းလည်း ဖျောင်းဖျပါတယ်...။
ဝက်မှေးရွာကို ဒုတိယအကြိမ် ရောက်ခဲ့ရပြီပါပြီ ။ လက်ပန်းတောင်းတောင်အ
ရေးကို ဆက်လက်တိုက်ပွဲဝင်ဘို့ ရွာသူ/သားတွေနဲ့ လက်တွဲပြီးအတူတူရှိနေ မှာပါလို့ ကိုဂျင်မီ ကဆိုခဲ့ပါသေးတယ်..။



ဒေါ်ခင်စန်းလိုင် လက်ပံတောင်းအရေးအတွက် မုံရွာသို့ လာရောက်စဉ်
NLD လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကလည်း လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စကို လွှတ်တော် ထဲမှာ ဆွေးနွေးဖို့နဲ့ ဆွေးနွေးနေစဉ် စီမံကိန်း ရပ်ဆိုင်းထားဖို့၊ ဖမ်းဆီးထားသူ အမျိုးသမီး သုံးဦးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေ သူတွေကို နောက်ဆက်တွဲ အရေးယူမှုတွေ မလုပ်ဖို့ စတာတွေကို ဒေသခံတွေကိုယ်စား အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်၊



အဲဒီလို ဆောင်ရွက်ခဲ့ကြတာကြောင့် လက်ပံတောင်းတောင်ကို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအင်အားစုတွေက ပစ်မထားကြဘူးဆိုတာ လေ့လာလို့ရပါတယ်..။

ဒါပေမယ့်  
နောက်တစ်နေ့ စက်တင်ဘာ (၁၅) မှာ .. ၈၈ မျိုးဆက်အဖွဲ့ဟာ ဦးပိုင်လူ အသက် (၈၈) နှစ်၊ ဦးနှမ်းဖြူး(စေ့စပ်ညှိနှိုင်းရေးမှူးကြီး) အသက် (၈၈) နှစ်ဆိုတဲ့  အခေါင်းတွေနဲ့ အသုဘချတဲ့ပုံစံ သရုပ်ပြတာ ခံခဲ့ရပါတယ်..။ အကြောင်းပြချက်က ဒီစီမံကိန်းကို ချက်ချင်းမရပ်ဆိုင်းနိုင်၊ ထိပ်တိုက် ရင်ဆိုင်ဖို့ တားမြစ်တဲ့ အတွက် အစိုးရက ခိုင်းသဖြင့်လာခြင်းဟု ဆိုတာ အခေါင်းဖြင့် ဆန္ဒပြခြင်းပါ..။  
ူထူးခြားတာက မြန်မာလိုဖော်ပြတဲ့ ပြည်ပမီဒီယာအချို့က ၈၈ ရဲ့ ဆောင်ရွက်ချက်တွေကို မီးမောင်းထိုးမပြခဲ့သလို အခေါင်းနဲ့ သရုပ်ပြခဲ့တာကိုလည်း အကျယ်တ၀င့် မဖော်ပြခဲ့ပါဘူး...။







လာရောက်ညှိနှိုင်းပြီး ဒီ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် ကြိုးစားပေးခဲ့သူ..၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုခေါ်ယူပေးသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်တွေကို တစ်ရက်အတွင်း.. ဒီလို အခေါင်းရိုက်ပြီး အမည်တပ် တုန့်ပြန်ခဲ့တဲ့အတွက် အဲဒီကတည်း သွေးရိုးသားရိုးမဟုတ်သော ထူးခြားချက်အဖြစ် သတိထားမိပါတယ်..။

အဲဒီဖြစ်စဉ်တွေနောက်ပိုင်းမှာ သပိတ်စခန်းတွေ တိုးချဲ့ဖွင့်ပါတယ်..။ သံဃာတွေ ရှေ့တန်းက ၀င်လာပါတယ်..။ တောင်ကြည့်ပွဲတွေ လုပ်လာပါတယ်...။ ရန်ကုန်က ဆန္ဒပြနေကျ အင်အားစုတွေ၊ အထက် ဗကသတွေ ပါဝင်လာပါတယ်..။ ဒေသခံတွေအတွက်တော့ ၀မ်းသာစရာပါ..။ ၀မ်းနည်းစရာကောင်းတာက ၈၈ ဟာ အဲဒီကတည်းက လက်ပံတောင်းတောင်ကိစ္စကို တိုက်ရိုက်စွက်ဖက်မှု မရှိတော့တာပဲဖြစ်ပါတယ်..။

နောက်ပိုင်းတော့ အားလုံးသိကြတဲ့အတိုင်းပဲ .. ဒေါ်အောင်ဆန်းစုကြည် မုံရွာမရောက်ခင် တစ်ရက်အလိုမှာ အစိုးရက သပိတ်စခန်းကို မီးလောင်တိုက်သွင်းခဲ့တဲ့အတွက် သံဃာအများပြား ဒဏ်ရာရ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်..။

ရက်စွဲအရ ဆိုရင်..။

၂၀၁၂ ခုနှစ် သြဂုတ်လ
အသိမ်းခံမြေများပေါ်တွင် မကျူးကျော်ရ ဆိုင်းဘုတ်များစိုက်ထူ

စက်တင်ဘာ ၅ ရက်
ဒေသခံရွာသားများ ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲလမ်းဆုံအနီးတွင် ဆနထုတ်ဖော်

စက်တင်ဘာ ၁၀ ရက်  
စီမံကိန်းများ ရပ်တန့်ရန်အတွက် ဒေသခံများ မုံရွာမြို့သို့ သွားရောက်ဝတ်ပြုဆုတောင်းစဉ် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့ အပါအ၀င် ၁၂ ဦး ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးခဲ့

စက်တင်ဘာ ၃၀ ရက်  
မသွဲ့သွဲ့ဝင်း ဦးဆောင်သော ဒေသခံအချို့ ရန်ကုန်မြို့တွင် လာရောက်၍ လက်ပံတောင်းတောင် ကာကွယ်ထိန်းသိမ်းရေးနှင့် နှီးနှောဖလှယ်ပွဲ လာရောက်ကျင်းပ

နိုဝင်ဘာ ၁၇ ရက်
သပိတ်စခန်းများစတင်ဖွင့်

နိုဝင်ဘာ ၁၉ ရက်
အထွေထွေသပိတ်ကြီးစတင်ဖွင့်

နိုဝင်ဘာ ၂၃ ရက်
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် လွှတ်တော်မှ အတည်ပြု

နိုဝင်ဘာ ၂၅ ရက်
ကော်မရှင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆနထုတ်ဖော်သူအားလုံး သပိတ်စခန်းများမှ ဖယ်ရှားရန်ကြေညာ

နိုဝင်ဘာ ၂၉ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွဲ၊ သံဃာတော်များ မီးလောင်ဒဏ်ရာရ..။

နိုဝင်ဘာ ၂၉ ရက်
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

ဒီဇင်ဘာ ၁ ရက်
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် ၃၀ ဖြင့် ဖွဲ့စည်း

ဒီဇင်ဘာ ၃ ရက်
အဖွဲ့ဝင် ၁၆ ဦးဖြင့် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း

--------------------------------------------------------------------------------------------------------------------------------------------------
NLD ၏ လက်ပံတောင်းတောင်အရေး ပါဝင်ပတ်သက်မှု

 နိုဝင်ဘာ (၂၃) ရက်နေ့မှာ  NLD ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (မုံရွာသို့သွားရောက်ပြီး မသွဲ့သွဲ့ဝင်းတို့အား လွတ်မြောက်ရန် ကြိုးစားခဲ့သူ) က လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်..။

လက်ရှိလုပ်ဆောင်နေသော  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုအပေါ် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် အရေးကြီးအဆို ..။

စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် သတ္တုသိုက်များတွင် ၁၉၇၂-၇၄ ခုနှစ်အတွင်း ဂျပန်အစိုးရ၏ အကူအညီဖြင့် တိုင်းတာချက်အရ ကြေးနီ ၀ ဒသမ ၈၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန် ၉၄ သန်းခန့်ရှိကြောင်း၊ လက်ပံတောင် ကြေးနီသတ္တုသိုက်တွင် ၂၀၀၇ ခုနှစ်က မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ ကြေးနီလီမိတက်က ထုတ်ပြန်သော တိုင်းတာခန့်မှန်း တွက်ချက်မှုများအရ ကြေးနီ ၀ ဒသမ ၃၈ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၁၄၇၈ သန်းခန့် ရှိနိုင်ကြောင်းနှင့် သေချာသော ကြေးနီပမာဏ ၀ ဒသမ ၄၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၅၇၇ သန်းခန့်ရှိကြောင်း၊
စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင်တို့တွင် စီးပွားဖြစ်ကြေးနီထုတ်လုပ်မှုကို ၁၉၉၆ ခုနှစ်တွင် အိုင်ဗင်ဟို သတ္တုတွင်းကုမ္မဏီနှင့် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့ ဆတူ (၅၀/၅၀) ပိုင်ဆိုင်သော မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက်ကို ထူထောင်ပြီး စတင်ခဲ့ကြောင်း။
၂၀၁၀ ပြည့်နှစ် အစပိုင်းတွင် တရုတ်နိုင်ငံမှ China North Industries Corp (NORINCO) (စစ်လက်နက်ကုမဏီ) က မုံရွာကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာပြီး သဘောတူလက်မှတ် ထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနက ပိုင်ဆိုင်သော အစုရှယ်ရာ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ လည်းကောင်း၊ အိုင်ဗင်ဟိုက ပိုင်ဆိုင်သော အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို (NORINCO) လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော ၀မ်ဘိုကုမ္ပဏီသို့ လည်းကောင်း လွှဲပြောင်းခဲ့ကြောင်း။
ထို့နောက် လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေးနီသတ္တုစင်များ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ၁၉၁၂၉ ဒသမ ၈၆၉ တန် (အမေရိကန်ဒေါ်လာ ၁၅၃ သန်းဖိုး ခန့်) ထုတ်လုပ်ပြီးဖြစ်ကြောင်း။

လက်ပံတောင်းတောင် စီမံကိန်းတွင် စမ်းသပ်တိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး တည်ဆောက်ရေး လုပ်ငန်းများ၊ အပေါ်ယံမြေသား ဖယ်ရှားခြင်း၊ စွန့်ပစ်မြေ စုပုံခြင်းနှင့် တောင်ပတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း ။
Myanmar Yang TSE Copper Ltd (MYTCL) က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၉၆ ဒသမ ၃၃၇ သန်းနှင့် Myanmar wanbao Mining Copper Ltd (MWMCL) က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသွားဟု ကုမ္ပဏီများက ပြောကြားကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က အဆိုပါကုမ္ပဏီများနှင့် ထုတ်လုပ်မှုခွဲဝေခြင်း စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်ဟု သိရကြောင်း ။
သတ္တုတွင်းဝန်ကြီးဌာနက မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ်၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် သတ္တုတွင်းထူထောင်မှုကာလ သုံးနှစ်နှစ်နှင့် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ် စုစုပေါင်း ၂၈ နှစ် ထုတ်လုပ်ခွင့် ပြုထားကြောင်းလည်း ပြောကြားခဲ့ပါသည်။

အဆိုပါ သတ္တုတွင်းလုပ်ငန်းများအတွက် ယခင်က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်းအတွက် စုစုပေါင်း မြေဧရိယာ ၆၂၅၃ ဒသမ ၀၄ ဧက (၂၅ ဒသမ ၃၀၆ စတုရန်းကီလိုမီတာ- သုံးမိုင်ပတ်လည် စွန်းစွန်း) ကို သိမ်းယူထားခဲ့ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းအတွက် ထပ်မံသိမ်းယူသော စုစုပေါင်းမြေဧရိယာမှာ ၇၈၆၇ ဧက (၃၂ ဒသမ ၁၆ စတုရန်းကီလိုမီတာ -သုံးမိုင်ခွဲ ပတ်လည်) ရှိကြောင်းနှင့် ၎င်းမြေများပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စွန့်ပစ်မြေ စုပုံမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း။
ယင်းဧရိယာအတွင်းရှိ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများမှာ ရွှေ့ပြောင်းခံရပြီး ဒေသခံ တောင်သူလယ်သမားများ၏ နှစ်ရှည်ပင်များကို ခုတ်လှဲဈေးဖြင့်လည်းကောင်း၊ လယ်ယာမြေများကို တစ်ဧကအပေါ် ပျမ်းမျှသီးနှံအထွက်နှုန်း၏ သုံးဆလျော်ကြေးသာပေး၍ သိမ်းယူခဲ့ကြောင်း။
“သိမ်းယူမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသော ဒေသခံ တောင်သူလယ်သမားတို့မှာ မိမိတို့နားလည်သည့် သုံးနှစ်စာသီးနှံ လျော်ကြေးဟူသော ငွေကြေးနှင့် မိမိတို့ရပ်ရွာကို စွန့်ခွာရမည့် အန္တရာယ်၊ မိမိတို့နှစ်လများစွာ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍ အသက်မွေးဝမ်းကျောင်းဘ၀ နှစ်ရှည်လများ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍  အသက်မွေးဝမ်းကျောင်းဘ၀ ပျက်စီးရမည့် အန္တရာယ်၊ ရိုးရာဓလေ့ နေထိုင်မှု၊ ကိုး ကွယ်မှုများထိခိုက်ရမည့် အန္တရာယ်၊ သတ္တုသန့်စင်လုပ်ငန်းကြောင့် ကြုံ တွေ့နိုင်သည့် ကျန်းမာရေးအန္တရာယ် တို့ကို လဲလှယ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရပါကြောင်း၊ လိုအပ်ချက် များကို ဖြည့်ဆည်းမပေး ခြင်းအပြင် တာဝန်မဲ့စွာဆောင်ရွက်ထားသည်ဟု ကန့်ကွက်မှုများရှိနေခြင်းဖြစ်ကြောင်း။

လက်ပံတောင်းတောင် ၀န်းကျင်ဒေသခံ ပြည်သူများမှာ ယခင်စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းမှ အတွေ့အကြုံများနှင့် လက်ရှိကြုံတွေ့နေရမှုများအပေါ် မူတည်၍ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြခြင်း ဖြစ်ကြောင်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် ယင်းစီမံကိန်းများ၏ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံတော်၏ အကျိုးစီးပွားတို့နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် အဆိုကိုတင်သွင်းရခြင်း ဖြစ်ကြောင်းလို့ ပြောခဲ့ပါတယ်..။

အဲဒီဆိုဟာ  NLD ရဲ့ လက်ပတောင်းကိစ္စကို လွှတ်တော်ထဲမှာ ရဲရဲဝံ့ဝံ့ ချပြခဲ့တဲ့ အဆိုဖြစ်ခဲ့သလို..လက်ပံတောင်းတောင်ကိစ္စကို ထဲထဲဝင်ဝင် လေ့လာမှုပြုထားတယ်ဆိုတာ ခိုင်မာစေတဲ့ အဆိုဖြစ်ပါတယ်..။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်ကိုယ်တိုင် လာရောက် ရှင်းလင်းဆွေးနွေးခဲ့ရတဲ့အထိ အကျိုးသက်ရောက်မှုရှိလှပါတယ်..။

ထူးခြားတာက ကာကွယ်ရေးဝန်ကြီးဟာ အရေးကြီးအဆို (ချက်ချင်း ရုတ်တရက်တင်လိုက်တဲ့အဆို) ကို Powerpoint persentations နဲ့ Projector အကိုးအကားများဖြင့် (လွှတ်တော်ထဲ တချိန်မှာ ရောက်လာမည်မှန်းသိသဖြင့် ကြိုတင်ပြင်ဆင်ထားသကဲ့သို့) စနစ်တကျ ပြန်လည်ဆွေးနွေးသွားတာပဲဖြစ်ပါတယ်. ..။

ဒါပေမယ့် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုက ထောင့်စေ့လှတဲ့အတွက် ကာကွယ်ရေးဝန်ကြီးက မကန့်ကွက်ခဲ့ပါဘူး..။ အဲဒါကြောင့် အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်..။

စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးရင် စစ်ဆေးဖို့အတွက် စီမံကိန်းကို ခဏရပ်နားထားရမှာဖြစ်သလို သပိတ်စခန်းတွေကိုလည်း ရုတ်သိမ်းရမှာဖြစ်ပါတယ်..။ အဲဒီမှာ ပြဿနာရှိလာပါတယ်..။ သပိတ်တိုက်ပွဲက ပိုမို ကြီးထွားလာပါတယ်..။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သပိတ်စခန်းတွေ နောက်ဆုံးထာဖယ်ရှားဖို့ အစိုးရက ကြေညာပါတယ်..။

နိုဝင်ဘာ ၂၈ ရက်နေ့မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လာရောက်ပါတယ်..။ မသွဲ့သွှဲု့ဝင်းအပါအ၀င် ဒေသခံများနဲ့ စကား အခြေအတင်ဖြစ်ပါတယ်..။ ပြန်သွားပါတယ်...။ နောက်နေ့ နေမထွက်ခင် သံဃာတော်အများစုသာ သီတင်းသုံးတဲ့ သပိတ်စခန်းများကို မီးလောင်တိုက်သွင်းပါတယ်..။

အဲဒီမှာ လေ့လာမိတာက .. ဦးအောင်မင်းနဲ့ စကားပြောဖို့အတွက် ... အတွေ့အကြုံရင့်ကျက်သော အခြား ခေါင်းဆောင် တစ်ယောက်မှ မရှိဘူးလား ဆိုသော မေးခွန်းဖြစ်ပါတယ်..။ performance ပြပေးသူတွေ၊ ခေါင်းစဉ်တပ် ကဗျာဖွဲ့ပေးသူတွေ ဘယ်ရောက်နေကြပါသလဲ..။ ဒေသခံများဖြစ်ချင်သော ဆန္ဒများကို အထောက်အထားတိတိကျကျဖြင့် သမ္မတနားပေါက်မည့်သူအား ပြောကြားရန်အတွက် အကြံပေးသူ၊ ဦးဆောင်သူတွေ ဘာ့ကြောင့် ရှေ့တန်းထွက်မလာကြသနည်း...။ လူကြားထဲ  စကားဖြင့် အဆော်ခံ အတီးခံရသဖြင့် မျက်နှာအီးမှန်သွားသော ထိုဘိုးတော်မှ မတုန့်ပြန်ဟု .. မည်သူအာမခံမည်နည်း....။

လက်ပံတောင်းတောင် အရေးအခင်းအပြီးမှာ စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်လိုက်ပါတယ်..။ ကျွန်တော် ယခင် note မှာ ရေးခဲ့သလိုပါပဲ .. တနည်းအားဖြင့် ခေါင်းတည် ပေးခြင်းလို့ ပြောလို့ရပါတယ်..။ ဒေါ်စုအတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ.။

နောက်တစ်နေ့ မီးလောင်လူနာကိုသွားကြည့်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မုံရွာ ဇက်ဆိပ်သောင်ပြင်မှာ ပြောခဲ့တဲ့စကားရှိပါတယ်..။


မုံရွာကို ယခင်က ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
အာဏာရှင်လက်ထက်က ပြည်သူ့ဆန္ဒမပါဘဲပေးထားတဲ့ ကတိတွေကို တည်ဖို့လိုသလားမေးမယ်ဆိုရင် နိုင်ငံတကာမှာ ပြန်ကြည့်ပါမယ် နှစ်နိုင်ငံသဘောတူညီချက်တွေကို လေးစားရပါမယ် ပြည်သူ့ဆန္ဒမပါပဲ လုပ်ထားတဲ့ဟာတွေဆိုရင်လဲ တချို့ဟာတွေကို လိုက်နာရပါမယ် ငါတို့ဆန္ဒမပါလို့ ငါမလေးစားဘူး မရပါဘူး ဟိုဖက် ဒီဘက်ကိုကြည့်ရပါမယ်။ ကျမတို့ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့အဆင်ပြေအောင် နေတတ်ရပါမယ် အားလုံးနဲ့အဆင်ပြေအောင်နေတတ်ရပါမယ် အဆင်မပြေရင်ညှိုနှိုင်းရမယ် ဒါမှ နိုင်ငံကြီးပီသပါမယ် အိမ်နီးချင်းနိုင်ငံနဲ့မတည့်လို့နိုင်ငံရွေ့သွားလို့မရပါဘူး ကမ္ဘာတည်သရွေ့ ဒီလူတွေနဲ့နေရမှာဖြစ်တဲ့အတွက် လက်တွေ့ကျကျကြည့်ဖို့လိုပါတယ်။

ဒီပြသနာဖြေရှင်းဖို့ ဘယ်လိုသဘောတူညီချက်တွေနဲ့လုပ်ခဲ့တယ်ဆိုတာကျမတို့ပြည်သူတွေသိရပါမယ်။ ဒါပေါ်မှာအခြေခံပြီးမှမျှတအောင် အပေးအယူလုပ်ဖို့စဉ်းစားရပါမယ် ခုချိန်မှာကုမ္မဏိဘက်ကလည်း ဆွေးနွေးညှိုနှိုင်းချင်တဲ့စိတ်ရှိလာပါတယ် သူများလက်ကမ်းလာရင်ကျမတို့ဘက်ကလည်းလက်ပြန်ကမ်းရပါမယ် စိတ်ကောက်နေလို့မရပါဘူး ရေရှည်ကိုကြည့်ရပါမယ် ကျမကိုတချို့ကဒီစီမံကိန်းလုံးဝရပ်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ် ကျမမှာဒါကိုလုပ်ပေးနိုင်တဲ့အခြေမရှိပါဘူး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စုံစမ်းထားတဲ့ အဖြေပေါ်မှာ အခြေခံပြီးအကောင်းဆုံး ဆုံးဖြတ်ချက်ချသင့်တယ်လို့ထင်ပါတယ် အပေးးအးယူလုပ်တဲ့နည်းသာလျင် ယဉ်ကျေးတဲ့နည်းနဲ့ ဖြေရှင်းခြင်းဖြစ်ပါတယ် ကိုယ်နဲ့မတည့်တဲ့သူကို မီးဗုံးနဲ့ပစ်တာ သေနတ်နဲ့ပစ်တာမျိုးတော့ မရပါဘူး။

မနေ့မနက်က သံဃာတော်တွေကို ကြမ်းကြမ်းတမ်းတမ်း နိုမ်နင်းတယ်လို့သိရပါတယ် ကျမ သက်ဆိုင်ရာနဲ့ တွေ့ပါတယ် ဘာကြောင့် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းဖြေရှင်းရတာလဲလို့ ပြည်သူအနေနဲ့မေးပိုင်ခွင့်ရှိပါတယ် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းရှင်းဖို့လုံးဝမလိုအပ်ပါဘူး မနေ့ကဆေးရုံမှာ သွားကြည့်ပါတယ် ကျမနဲ့တွေ့တဲ့ ရွာသူရဲ့ကိုယ်ပေါ်မှာလည်း မီးလောင်ဒဏ်ရာတွေတွေ့ခဲ့ပါတယ်....။
အဲဒီလိုပြောခဲ့ပြီးနောက်ပိုင်း ၂၀၁၃  မတ်လမှာ  ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုလို စနစ်ကျ ပြည့်စုံလှတဲ့ အစီရင်ခံစာကို ကော်မရှင်အဖွဲ့ဝင်များနဲ့အတူ ပြုစုခဲ့ပါတယ်..။ ရုတ်တရက်ကြည့်ရင် ဝေ့နေတယ်ထင်ရပေမယ့် တကယ်တမ်းတော့ ဒီအစီရင်ခံစာဟာ စီမံကိန်းကို ပြင်ဆင်ပြီး ဆက်လုပ်ဖို့ အကြံပြုထားပါတယ်..။ တကယ်တမ်း ပြင်ဆင်မယ်ဆိုရင် ဦးပိုင်နဲ့ ၀မ်ပေါင်ဘက်က ပေးဆပ်မှုတွေ များပြားပြီး ရွာသားတွေအတွက် အကျိုးခံစားခွင့်တွေရလာမှာဖြစ်ပါတယ်..။ ၄င်းတို့ဘက်မှ ကော်မရှင်အကြံပြုချက်များကို တိကျစွာ မဆောင်ရွက်နိုင်လျှင် ပြဿနာ ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်..။



=====================================================================================

နိုင်ငံရေးလုပ်ကြံမှု

အခု ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသက ရွာတွေကို စည်းရုံးရေး ဆင်းနေချိန်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေဟာ နိုင်ငံရေးလုပ်ကြံမှုလောဟု သုံးသပ်ကြည့်ပါ့မယ်... ။

ပထမဆုံး စဉ်းစားမိတာက ...
၈၈ မျိုးဆက်တွေကို မနှစ်က စက်တင်ဘာလက ဦးနှမ်းဖြူး လို့ လက်ပံတောင်ဒဒေသမှာ အခေါင်းသွင်း သရုပ်ပြ သဂြိုဟ်ခဲ့တဲ့ ကိစ္စဟာ ပေါ့သေးသေးမဟုတ်ပါဘူး..။

နောက်တစ်ချက်က စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အဆို လွှတ်တော်မှာ နိုဝင်ဘာ (၂၃) မှာ တင်တယ်..။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ  ဒေါ်နော်အုန်းလှတို့ လက်ပံတောင်းတောင်အရေး ဆန္ဒပြလို့ အဖမ်းခံရတယ်..။ ဟန်ဝင်းအောင်အပါအ၀င် လူအချို့ မပါပါဘူး..။ ဒေါ်နော်အုန်းလှတို့ကိုဖမ်းစဉ်က သတင်းတွေထွက်ခဲ့တာက ဖမ်းတုန်းက ပုဒ်မ(၁၈) ၊ ရုံးတင် တရားစွဲတော့ ပုဒ်မ (၅၀၅-ခ)-အာမခံပေးလို့မရတဲ့ပုဒ်မ၊ ဒီဇင်ဘာ (၁၁) မှာ ၄င်းတို့ ပြန်လွတ်လာတော့ ကိုယ်တိုင်ခံဝန်ချက် (အာမခံ) နဲ့လို့ သိရပါတယ်...။ အဲဒီလို လွတ်လာပြီး နောက်တစ်ရက် နှစ်ရက်အတွင်းမှာ ပဲ ပြန် ဆန္ဒပြပါတယ်..။

 
ဒေါ်နော်အုန်းလှတို့ အပေါင်းပါများ..။

၎င်းတို့လွတ်လာပြီးနောက်ပိုင်းမှာ ကော်မရှင်ကို မယုံဘူးဆိုတဲ့အသံတွေ ကြားလာရပါတယ်..။ သပိတ်စခန်းတွေ ပြန်ဖွင့်တယ်ဆိုတာတွေကြားလာရပါတယ်..။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ချိန် တောင်ကြည့်ပွဲတွေ.. တောင်သိမ်းပွဲတွေ အင်အားသုံးဆန္ဒပြတာတွေ များလာပါတယ်.. ။ အဲဒီတော့ .. ဆိုလိုချင်တာက ဒေသခံတွေကို Guide လုပ်နေသူတွေအနေနဲ့ အစီရင်ခံစာကို အစကတည်းက အရေးစိုက်မှု မရှိဘူးဆိုတာ ပေါ်လွင်လာပါတယ်..။ ၄င်းတို့တွေ အစီရင်ခံစာ ထွက်မလာခင်မှာ ရန်ကုန်မှာ အစီရင်ခံစာကို ဆန္ဒပြဖို့ ခွင့်ပြုမိန့် ကြိုတင်ယူထားတာလည်း ပေါ့သေးသေးမဟုတ်သလို အဲဒီခွင့်ပြုမိန့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ဟာလည်း ပေါ့သေးသေးမဟုတ်ဘူး..။

အစီရင်ခံစာ ထွက်လာချိန် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိုလာပြီး အစီရင်ခံစာပါအချက်တွေကို ရှင်းပြဖို့ ကြိုးစားတယ်..။ အဲဒီအချိန်မှာ ဖြစ်သင့်တာက ၄င်းတို့ ဆန္ဒပြခေါင်းဆောင်တွေက နေရာတစ်ခုမှာ အတိအကျ ချိန်းပြီး  ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း၊ လိုအပ်ချက်ကို ရှင်းပြ၊ အားနည်းချက် အားသာချက်တွေ ထောက်ပြ၊ မကျေနပ်ရင် မကျေနပ်ကြောင်း ဆွေးနွေးရမယ့် ကိစ္စမလုပ်ပဲ ရွာလူထုနဲ့ ထိပ်တိုက်တွေ့ပေးလိုက်တယ်..။ အဲဒီတော့ ရွာလူထုက မိမိတို့ ခံစားချက်တွေ ပေါက်ကွဲလိုက်တယ်..။

အမှန်ဆို ၄င်းတို့က ခေါင်းဆောင်ပီပီ ရှေ့မှာ တာဝန်မယူပဲ ရည်ရွယ်ချက်ရှိရှိ ရွာနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ယူဆပါတယ်..။  တနည်းအားဖြင့်ပြောရရင် ကမ္ဘာ့မီဒီယာအလယ်မှာ ဒေါ်စုကို ဒေါသတကြီး တုန့်ပြန်နေကြတဲ့ပုံတွေကို ပါချင်ပုံရပါတယ်..။

နောက်တစ်ချက်က အစီရင်ခံစာကိစ္စ..။ အစီရင်ခံစာကို ၄င်းတို့လည်း သေချာစွာဖတ်မည်မဟုတ်သလို ရွာသားများကိုလည်း ရှင်းပြမည်မဟုတ်ပါ..။ ထူးခြားတာက ဘယ်ပြည်ပ မီဒီယာကမှ ရွာသားတွေ အစီရင်ခံစာ မဖတ်ကြကြောင်း အထူးပြုဖော်ပြခြင်းများ မပြုလုပ်ကြပါ..။
ဗီဒီယိုဖိုင်များတွင် အစီရင်ခံစာ ဖတ်ပြီလားဟု ဒေါ်စု မေးသည်ကို ဖြေသော လူငယ်မှာ ရန်ကုန်မှဖြစ်ကြောင်းသိရသဖြင့် အံ့သြမိပါတယ်..။
အဲဒီတော့ မေးစရာ ရှိလာပါတယ်...။

ဒေါ်အောင်ဆန်းစုကြည့်နှင့်အတူ ရွာတွင်းသို့ လိုက်ပါသွားသော .. အဆိုတော် လင်းလင်းရဲ့ အတွေ့အကြုံကိုလည်း လေ့လာစေချင်ပါတယ်..။
ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်
မောင်ဦး၊ ကိုစိုးဝင်း တို့ အမေ နဲ့  အတူဝင်ရောက်သွားရာတွင် ရွာသူတဦးရုတ်တရက် သေဆုံး ပြီဟု ဆိုကာ အမေနှင့် လုံခြုံရေး အဖွဲ့ အား လွယ်အိတ်ထဲမှ ဓားတိုများကိုင်ပြီး လူစု၍ ခင်များတို့ အကုန်လုံးကို သွေးစွန်း တော့မယ်၊ အပြတ်ရှင်းတော့မယ် ဟုကျွန်တော့်အနား ကပ်လာ ပြီးခြိမ်းခြောက်သူ၊ Internet ပေါ်တွင်ပျံ့ နှံ့ နေသည့်
သွေးထိုးလှုံ့ ဆော်သူ သံသယဖြစ်ဖွယ် လူစာရင်းထဲမှ နာမည်ကြီး ခေါင်းဆောင် တဦး၏ အစွယ်အပွားတဦးပါ၊

https://www.facebook.com/photo.php?fbid=175874562561539&set=a.100837463398583.1422.100004169881362&type=1&relevant_count=1





အထဲကို လူငါးယောက်သာ အ၀င်ခံပြီး နေပူထဲလမ်းလျှောက်ခိုင်းသော ဆန္ဒပြ ခေါင်းဆောင်များ၏ အမျှော်အမြင်ကိုလည်း သတိထားမိပါတယ်..။ တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်ခဲ့သော်.... အစားထိုးမရသော ဆုံးရှုံးမှုအဖြစ် တစ်နိုင်ငံလုံး၏အနာဂတ်နှင့် မိုင်သုံးဆယ်ဝန်းကျင်က လူဦးရေ/ သယံဇာတ များနှင့် အစားထိုးမရပေ..။


အဲဒီတော့ ယခု ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင်..။

(၁) ခေါင်းရောင်းခဲ့တာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၂) ဒေါ်အောင်ဆန်းစုကြည်မလာခင် သံဃာတွေကို မီးလောင်အောင်လုပ်ခဲ့သူက လုပ်ခဲ့တယ်..။ လာမယ်ဆိုတာ သိရက်နဲ့ သပိတ်စခန်းမီးရှို့ပြီး တက်သိမ်းတာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၃) ချက်ချင်း စုံစမ်းရေးကော်မရှင် ဥက္ကဌ ခန့်တာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၄) ဆန္ဒပြသူတွေကို  ထောင်ထဲက ထုတ်ပေးခဲ့တဲ့ သူတွေကို ၂၄ နာရီအတွင်း (အခေါင်းသွင်း နာမည်တပ်) ခါထုတ်လိုက်ခြင်း၊ နေပူထဲ လမ်းလျှောက်ခိုင်းခြင်းဟာလည်း နိုင်ငံရေးလုပ်ကြံမှုပဲ..။ (သက်ဆိုင်သူအမျိုးသမီးများ ရှက်တတ်ပါစ။ NLD ကျေးဇူး ၄င်းတို့ အပေါ်တွင်ရှိပါသည်..။)

(၅) ဒေါ်အောင်ဆန်းစုကြည်ကို ဒေါသထွက်နေတဲ့ ရွာလူ ထုနဲ့ ထိပ်တိုက်တွေ့ပေးတာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ.။

(၆) ဒီဖြစ်စဉ်တွေကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်စေအောင် ရည်ရွယ်ချက်ဖြင့် နှပ်ကျောင်းပေးနေခြင်းဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ ..
ဟု သုံးသပ်ပါသည်..။

အဲဒီတော့က  NLD ၏ လက်ပံတောင်းတောင် စီမံကိန်းကို ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိသည်ကို ဖော်ပြခဲ့ပြီးသလို ယခုဖြစ်စဉ်တွင် မည်သူတွေ ပါဝင်နေသည်ကို ရေးရေးလေး တွေးတတ်ရင် ဒီ Note ကို ဖတ်ရကျိုးနပ်ကြမည်ထင်ပါသည်..။

ဘာပဲပြောပြော

လက်ရှိအချိန်တွင်
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြဖို့ လိုပါသည်..။