Saturday, March 16, 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း(သီတဂူဆရာတော်ကြီး)

Wai Yan De Mo's photo.

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း
သီတဂူဆရာတော်

လက်တလော လက်ပန်တောင်းတောင်.. အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ...

ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ 

ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ 

အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့
စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး

နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ
အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ 

အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)
ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနော်ရထာ မို့လားကွ၊ အနော်ရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။
 
Credit by သီတဂူစတား
http://www.sitagustar2020.net/2013/03/blog-post_16.html

အပြီးသတ်အစီရင်ခံစာအပေါ် ဆေးဝါးကုသမှုခံနေရသော ဦးတိက္ခဥာဏ၏သားသဘောထား

by Nay Thiha (Notes) on Saturday, March 16, 2013 at 10:20am လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထွက်ရှိလာပြီးနောက် ထိုအစီရင်ခံစာကို ကန့်ကွက်သူ၊ ထောက်ခံသူများရှိသလို ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သူ၊ ဆန္ဒပြသူများရှိသလို သနားကရုဏာသက်သူများလည်းရှိခဲ့သည်။

မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းစောစောတွင် ထိုင်းနိုင်ငံဘန်ကောက်သို့ ရောက်ရှိနေသော ကျွန်တော့်ညီ ဒေါက်တာနေသူရိန်က ဖုန်းဆက်လာပါတယ်။ ဦးဇင်းကြီး ဦးတိက္ခဥာဏက အစီရင်ခံစာနဲ့ ပတ်သက်တာကို မိန့်ချင်တယ်ဟုပြောသဖြင့် ဦးဇင်းကြီး နှင့် ဖုန်းပြောရပါတယ်။ (ထိုအချိန်က ကျွန်တော်သည်အစီရင်ခံစာ အစအဆုံးကိုမဖတ်ရသေးသလို ဦးဇင်းကြီး ဦးတိက္ခဥာဏနှင့် ကျွန်တော့်ညီသည်လည်း အင်တာနက်တွင် 7Days News က အစီရင်ခံစာမှထုတ်နှုတ်တင်ပြထားသောအချက်ကိုသာ ဖတ်ထားခြင်းဖြစ်သည်။)

ဦးဇင်းကြီးက လယ်တီဆရာတော်ကြီးရဲ့ စေတီ၊ သိမ်၊ ကျောင်းရွှေ့တာကိုတော့ လုံးဝလက်မခံနိုင်ဘူးဆိုတာကို အင်တာနက်ပေါ်တင်လိုက်စမ်းကွာလို့ပြောပါတယ်။ ကျန်တဲ့အချက်တွေကိုတော့ ဘာမှမှတ်ချက်မပေးချင်ဘူးလို့ လိုတိုရှင်းစွာနဲ့ ကျွန်တော့်ကိုမိန့်ခဲ့ပါတယ်။ ဦးဇင်းကြီးမိန့်ကြားသည့်အတိုင်း မတ်လ(၁၂)မှာပဲ ဦးဇင်းကြီးရဲ့သဘောထားကို ဦးဇင်းကြီးကန့်ကွက်သောအချက်နှင့်ယှဉ်တွဲ၍ ကျွန်တော့် Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

 ဦးဇင်းကြီးနှင့်ဖုန်းဆက်ပြီးကတည်းက သတင်းစာရောက်မလာခင်အထိ လက်ပံတောင်းတောင်အစီရင်ခံစာအပြည့်အစုံကို အင်တာနက်မှာ လိုက်ရှာပါတော့တယ်။ မြန်မြန်တွေ့ချင်သဖြင့် သူငယ်ချင်းများကိုလည်း သူတို့ထိုအစီရင်ခံစာကို တွေ့ရှိပြီးဖြစ်ပါက Link ပေးရန် အကူအညီတောင်းပါတယ်။ အင်တာနက်မှ ရရှိသောအစီရင်ခံစာကို မျက်စိအားကိုအထူးစိုက်ကာဖတ်နေရတဲ့ဒုက္ခသည် သတင်းစာရောက်လာမှ သက်သာရပါတော့သည်။

(ပထမ) အစအဆုံး အကြမ်းမျဉ်းတစ်ခေါက် အရင်ဖတ်လိုက်သည်။ (ဒုတိယ) ဆက်စပ်မှုရှိနိုင်သည့် စကားလုံး၊ ဝါကျ၊ အပိုဒ်တွေကို လိုက်လံမှတ်သားသည်။(တတိယ) အပိုဒ်တစ်ပိုဒ်စီ၊ အပိုဒ်ခွဲ တစ်ပိုဒ်စီရဲ့ စကားလုံး၊ ဝါကျအဓိပ္ပါယ်များကို သေချာနားလည်အောင်ဖတ်သည်။ (စတုတ)္ထ မှတ်သားထားသည့် စကားလုံး၊ ဝါကျ၊ အပိုဒ်တို့ကို ချိန်ထိုးသုံးသပ်ကြည့်ခဲ့ပါသည်။

ကျွန်တော်ကြားဖြတ်၍ပြောလိုသည်မှာ ကျွန်တော့်ကို သိသူများရှိသလို မသိသူများစွာရှိသည်ဟု နားလည်လက်ခံထားသဖြင့် ကိုယ်တိုင်မိတ်ဆက်လိုပါသည်။ လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲခံရတုန်းက မီးလောင်ဒဏ်ရာရရှိမှု အပြင်းထန်ဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှုခံနေရသော ဦးတိက္ခဥာဏသည် ကျွန်တော်၏ ခမည်းတော်ဖြစ်ပါသည်။ (မှတ်ချက်။     ။ခမည်းတော် ဦးဇင်းကြီး ဒဏ်ရာရသည့်အချိန်မှစ၍ မတ်လ (၁၁)ရက်နေ့အထိ ဦးဇင်းကြီး၏ဒဏ်ရာကို မီးလောင်ဗုံးဒဏ်ရာဟုသာ သုံးစွဲခဲ့သည်။)

စတင်ဖြိုခွဲခံရသည့် တန်ဆောင်တိုင်မနက်(၃း၀၀)နာရီကျော်ခါစတွင် ခမည်းတော်ဦးဇင်းကြီးက ကျွန်တော့်ဆီဖုန်းဆက်ပါသည်။ မီးလောင်ဗုံးနဲ့ပစ်တယ်၊ အခြေအနေမကောင်းဘူး၊ လာခေါ်ရန်ပြောသဖြင့် သူငယ်ချင်းနှစ်ယောက်ကိုခေါ်ကာ မုံရွာအနောက်ဖက်ကမ်းသို့ ကားဖြင့်သွားခဲ့ကြပါသည်။ ထိုနေ့ညက ကျွန်တော်တို့သည် အမေစုဟောပြောမည့် ချင်းတွင်းမြစ်သောင်ပြင်ပေါ်ဆောက်ထားသည့် ဟောပြောစင်ကို လုံခြုံရေးတာဝန်ကျနေခဲ့ကြပါသည်။ ဦးဇင်းကြီးဖုန်းဆက်စဉ်ကလည်း အသံဖမ်းထားပါသည်။

မုံရွာအနောက်ဖက်ကမ်း တောင်ကြားကျောင်းသစ်သို့ရောက်သောအခါ ဦးဇင်းကြီး၏အခြေအနေကို မမြင်ဝံ့စရာ၊ မကြည့်ရက်စရာ တွေ့ရပါတော့သည်။ ကျွန်တော်တို့ရောက်ချိန်၌ မတ်တပ် မရပ်နိုင်တော့ပါ။ ထိုင်နိုင်နေပါသေးသည်။ ထိုအချိန်တွင် ကျန်းမာရေးမှူးတစ်ဦးရောက်လာကာ (အမည်မသိပါ) မေးခိုင်ကာကွယ်ဆေးနှင့် Antibiotic ထိုးပေးပြီးနောက် ဦးဇင်းကြီးကို ကားပေါ်ပွေ့တင်၍ မုံရွာသို့ချက်ခြင်းပြန်မောင်းခဲ့ကြပါသည်။ ပထမတွင် ထိုင်လျက်လိုက်ပါနိုင်သော်လည်း မိနစ်(၂၀)ခန့်ကြာသောအခါ မထိုင်နိုင်တော့ပါ။ သူငယ်ချင်း မြတ်နိုးဝင်းအပေါ်လှဲမှီကာ မုံရွာရောက်သည်အထိ လိုက်ပါခဲ့ပါသည်။ နံနက် (၄း၃၀)ခန့်တွင် မုံရွာသို့ပြန်ရောက်ခဲ့ပြီး ကားပေါ်၌ မီးခိုးညှော်နံ့များ၊ သွေးညှီနံ့များ ဖုံးလွှမ်းနေခဲ့သည်။ မုံရွာမှာ ခဏရပ်ကာ လိုအပ်သောဆေးဝါးပစ္စည်းများကိုယူပြီး ကျွန်တော့်ညီမက ကားမောင်းပြီး ဦးဇင်းကြီး ဦးတိက္ခဥာဏကို မန္တလေးဆေးရုံးကြီးသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ကြရပါတယ်။

ဦးဇင်းကြီး ဦးတိက္ခဥာဏနှင့်ပတ်သက်၍ ခံစားရမှုများ၊ လုပ်ကိုင်ရမှုများကို အချုပ်ဆိုရလျှင် မိမိခမည်းတော်ဖြစ်ခြင်းကြောင့် ဦးဇင်းကြီး၏ အသက်အန္တရာယ်ကိုစိုးရိမ်ပူပန်ရခြင်း၊ ခံစားနေရသော ဝေဒနာဆိုးများကို ကြိတ်မှိန်သည်းခံ၍နေသည်ကို အနီးကပ်သိရှိ၍ စိတ်မကောင်းရခြင်း၊ လုပ်ရက်ကြလေခြင်းဟု ဒေါသထွက်ရခြင်း၊ မိခင်ကြီးလွန်စွာအလုပ်ရှုပ်၊ စိတ်ပင်ပန်းရသည်ကိုမြင်ရ၍ စိတ်မကောင်းရခြင်း၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေများ၏ သောကအပူ၊ ဒေါသအပူတို့ ထပ်မံကူးစက်ခံရခြင်း၊ လိုအပ်သောကုသမှုများအတွက် ညီအစ်ကိုမောင်နှမများ စိတ်ပင်ပန်း၊ လူပင်ပန်း၊ ငွေပင်ပန်းဖြစ်ရခြင်းစသော အဖြစ်အပျက်များကို ယခင်က စိတ်ကူးနဲ့တောင် မတွေးဖူးပါ။

ယခုအခါ ဦးတိက္ခဥာဏ၏ မီးလောင်ဒဏ်ရာများ သက်သာပျောက်ကင်းလာပြီဖြစ်သော်လည်း ခွဲစိတ်ခန်းခဏခဏဝင်ရ၍ မေ့ဆေးဒဏ်၊ မော်ဖင်းဒဏ်တို့ကြောင့် ဒဏ်ရာများ၏နာကျင်မှုကို ခံနိုင်ရည်လျော့ပါးနေပါသည်။ ခြေထောက် အကွေးအဆန့်လေ့ကျင့်ခန်းကို (၁၅)စက္ကန့်မျှပြုလုပ်လျှင်တောင် မျက်ရည်များဝေ့လာသည်အထိ နာကျင်မှုကိုခံစားနေရရှာသည်။ ယခင်က ခန္ဓာနှင့် စိတ်ရဲ့ နာကျင်မှုဒဏ်၊ ပင်ပန်းမှုဒဏ်များကို ခံနိုင်ရည်အလွန်ရှိခဲ့သော ဦးတိက္ခဥာဏသည် ခွဲခန်းဝင်ရသောဒုက္ခ၊ Dressing Change သောဒုက္ခများကို တညည်းညည်း၊ တငြူငြူနှင့် ခံစားချက်များကို ပြောပြတတ်နေရှာပြီ။

ကျွန်တော့်အနေဖြင့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မတီ၏အပြီးသတ်အစီခံစာကို အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သေချာစေ့ငုအောင် လေ့လာခဲ့ပြီး မျှတသောအစီခံစာတစ်စောင်ဟုတ် မဟုတ် ဥာဏ်စွမ်းရှိသမျှသုံးသပ်မိသောအခါ ထိုအစီရင်ခံစာ၌ပါသော အကြံပြုချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ၏၊ သည်မလွဲ လုပ်ဆောင်ပါက အလွန်ကောင်းမွန်ကာ နိုင်ငံအတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေမည်ဖြစ်သလို ထိုသို့လုပ်ဆောင်ချက်များကို အပြည့်အဝလုပ်ဆောင်စေရန် ပြည်သူများအနေနှင့် စောင့်ကြည့်ထိန်းမတ်ပေးသင့်သည်ဟု ညွှန်းထားကြောင်း ယုံကြည်မိပါသည်။ ထို့ကြောင့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို သဘောကျပါသည်။

တဖက်တွင်မူ မိမိခမည်းတော်ကြီး ဦးတိက္ခဥာဏ ခံစားနေရသောဒုက္ခဝေဒနာများကလည်း မျက်ဝါးထင်ထင်ရှိနေဆဲပင်ဖြစ်သည်။ ထိုခံစားချက်များ၊ ဒေါသများ၊ မကျေနပ်မှုများကိုမွေးမြူ၍ ပေါက်ကွဲနေပါကလည်း အကျိုးရှိမည်မဟုတ်နိုင်သဖြင့် ခမည်းတော်ကြီး ဦးတိက္ခဥာဏ၏ ကျန်းမာရေးလုံးဝပျောက်ကင်းသွားသည်အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိမိတို့မိသားစု ညှိနှိုင်းဆွေးနွေးအဖြေရှာရန်လိုအပ်ကြောင်း သဘောပေါက်မိပါသည်။

ထို့ကြောင့်ကျွန်တော့်သဘောဆန္ဒသည် ခမည်းတော် ဦးတိက္ခဥာဏအပါအဝင် မီးလောင်ဒဏ်ရာရသူများ၏ကျန်းမာရေးကို သက်ဆိုင်ရာကော်မတီက လုံးဝပျောက်ကင်း၊ သက်သာသည်အထိ အပြည့်အဝတာဝန်ယူစေရန် ညှိနှိုင်း၊ စောင့်ကြည့်နေမည်ဖြစ်သလို စီမံကိန်းနှင့်ပတ်သက်သော ကော်မတီ၏လုပ်ကိုင်ဆောင်ရွက်မှုအချက်အလက်များကိုလည်း တတ်အားသရွေ့၊ လက်လှမ်းမီသရွေ့ လေ့လာနေမည်ဖြစ်ပါသည်။

နိဂုံးချုပ်ဆိုရသော် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို လုံးဝထောက်ခံပါသည်။

နေသီဟ
မတ်လ၊ (၁၆)ရက်၊ ၂၀၁၃
စနေနေ့။

The Choice -အမေစု၏ မိသားစု သူငယ်ချင်းတချို့ရဲ့ ပြောပြချက်တွေ

Spring Flowers's photo.
‎( ဟီလာရီ ကလင်တန် ) ။ ။ သူမဟာ အခု စွန့်စားမှုတရပ်လုပ်နေတယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး ။ ဒါပေမယ့် အစိုးရက တကယ်လုပ်ချင်စိတ်ရှိသလားဆိုတာကို သိဖို့နဲ့ အပြောင်းအလဲတွေကို အားပေးဖို့ ဒီလို လုပ်မှလည်း ဖြစ်မယ်လေ ။ ဒီလိုမှ မလုပ်ရင် နောက်ထပ်ရွေးချယ်စရာဘာလဲဆိုတာလည်း သူသိပါတယ် ။ နောက်ရွေးချယ်မှုဆိုတာကတော့ အခြေအနေတွေ အရင်အတိုင်းဘဲ ပြန်ဖြစ်သွားရုံပေါ့ ....အနားယူသွားတဲ့ စစ်ခေါင်းဆောင်တွေနေရာမှာ စစ်ခေါင်းဆောင်မျိုးဆက်သစ်တစ်ခု ၀င်လာမယ် ။ ၊ တိုင်းပြည်ပွင့်လင်းတိုးတက်လာတာလည်း ရှိမှာမဟုတ်ဘူး ၊ ဒီထက်ကောင်းတဲ့ အနာဂတ်ကို သွားဖို့ လမ်းလည်း ရှိမှာ မဟုတ်ဘူး .......ဒါတွေကို သူလုံးဝ နားလည်ပါတယ် ။
Aung San Suu Kyi : The Choice  ဆိုတဲ့ documentary ကို ကိုဗညား @[1649962070:2048:Ba Nyar]  က စာတန်းထိုးလို့ ပြီးသွားပါပြီ ။ တကယ်တော့ ဘာသာပြန်ပြီး သူ့ကို ပေးထားတာ အတော်ကြာပြီ .....သူလည်း အလုပ်တွေပိနေတာနဲ့ ပေါ်မလာပေါ်မလာ.... ကြာတော့ မေ့တေ့တေ့တောင် ဖြစ်နေပြီ ။ ဒီနေ့မှ ဆိုင်းမဆင့်ဘုံမဆင့် ပြီးပြီလို့ သိလိုက်ရတော့ အတော်လေး ၀မ်းသာသွားမိပါတယ် ။ မအားတဲ့ ကြားက သတိတရ စာတမ်းထိုးပေးတာကို အလွန်တရာ ကျေးဇူးတင်မိပါတယ် ။ အရင်က ဒေါ်စုရဲ့ Rule of Law ခေါင်းစဉ်နဲ့ ပြောသွားတဲ့ ယေးလ်တက္ကသိုလ် မိန့်ခွန်းရယ် ၊ CNN မှ ဒေါ်စု အင်တာဗျူးတွေကိုလည်း သူကဘဲ လိုလိုလားလား မြန်မာ စာတန်းထိုးပေးခဲ့တာပါ ။

အခု ဒီ The Choice ကို ပြန်ကြည့်မိတော့ ဘာသာပြန်နေစဉ်တုန်းက အထပ်ထပ် ကြည့်ထားပေမယ့် အသစ်ဖြစ်ရပြန်ပါတယ် ။ မြန်မာပြည် ခေတ်သစ်သမိုင်းက ပုံရိပ်ပေါင်းများစွာနဲ့ အတူ ဒေါ်စုရဲ့ အောက်စ်ဖို့ဒ်က မိသားစုဘ၀လေးကိုလည်း လွမ်းမောစဖွယ်တွေ့ရတယ် ။ သူတို့မိသားစု သူငယ်ချင်းတချို့ရဲ့ ပြောပြချက်တွေကလည်း အလှည့်အပြောင်း ပြင်းထန်တဲ့ သူတို့ ဘ၀များကို ပီပြင်စွာ နားလည်စေပါတယ် ။မြန်မာစာတန်းထိုးနဲ့ ကြည့်ချင်ရင်  link  က ဒီမှာပါ ။

http://www.youtube.com/watch?v=-6ub4O2L1Kc&feature=youtu.be

အမြည်းအနေနဲ့ ဒီဇာတ်လမ်းထဲ ပါဝင်သူတွေ ပြောတဲ့ စကားအချို့ကို ဖော်ပြလိုက်ပါတယ် 

*********************************************

( ဒေါ်စု ) ။      ။  ကျမ မိသားစုနဲ့ အတူမနေနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတာပေါ့ ။ သားတွေနဲ့ နေချင်ခဲ့တာပေါ့ ။ မိသားစုဆိုတာ အတူတူနေဖို့ဘဲဟာ ။ အဲဒီအတွက် ကျမမှာ ပုဂိုလ်ရေးအရ ၀မ်းနည်းစိတ်မကောင်းဖြစ်ရမှုတွေတော့ ရှိတာပေါ့လေ ။ ဖြစ်နိုင်ရင် မိသားစုနဲ့ အတူ နေရင်း သားလေးတွေ ကြီးပြင်းလာတာကို ကိုယ်တိုင် မြင်ခွင့်ရချင်ခဲ့ပါတယ် ။ ဒါပေမယ့် မြန်မာပြည်သူတွေနဲ့နေဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး နောင်တ ၊ သံသယဆိုတာတွေ
တော့ ကျမမှာ မရှိပါဘူး ။

( မိုက်ကယ်အဲရစ်စ် ) ။       ။  ကျနော်တို့ ဇနီးမောင်နှံရဲ့ အနာဂတ်ကို သူဟာ လွန်ခဲ့တဲ့ အနှစ် ( ၂၀ ) ကျော်က ကျနော်တို့ မင်္ဂလာရက် မတိုင်ခင်တစ်နေ့ကတည်းက ကြိုပြီး ပြောခဲ့ပါတယ် ။ ပြောတာမှ ရုတ်တရက်တွေးမိလို့ခန့်မှန်းပြောတဲ့ပုံမျိုး မဟုတ်ဘဲ တကယ့်ကို သေသေချာချာ သိနေတဲ့ အသိမျိုးနဲ့ ပြောခဲ့တာပါ ။ သူဟာ တနေ့တော့ မြန်မာပြည်သူပြည်သားတွေကို အလုပ်အကျွေးပြုရမယ် တဲ့ ။

( ဒေါ်စု ) ။    ။ ကျမတိုင်းပြည်ဟာ ကျမအတွက် အရမ်းကို အရေးပါတယ်ဆိုတာ အစကတည်းက သူ့ကို သေချာသိစေချင်ခဲ့တာပါ ။ မြန်မာပြည်အတွက် လိုအပ်လာလို့ ကျမ သွားပြန်နေဖို့လိုလာရင် ကျမနဲ့ ကျမတိုင်းပြည်ကြားမှာ သူဝင်ပြီး တားမြစ်ပိတ်ပင်တာမျိုး မလုပ်ရဘူးလို့ ကျမ သေချာပြောခဲ့တယ် ။

( ဟီလာရီကလင်တန် ) ။      ။ ဒေါ်စုဟာ ဘေးကနေထိုင်ပြီး သက်သက်မဲ့ တရားဟောချင်နေတဲ့လူမျိုး မဟုတ်ပါဘူး ။ တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်အောင် ကူညီချင်တယ် ။ ရေရှည်ခံတဲ့ ဒီမိုကရေစီစနစ်တစ်ခုကို ဖန်တီးပေးချင်တယ် ။ ဒီလိုလုပ်ဖို့ဆိုရင် အလုပ်ကို ရေကုန်ရေခန်း ကြိုးစားလုပ်ရမှာဘဲ ၊ နေရာအတွက် ၀င်ပြိုင်တာမျိုးတွေ လုပ်ရမှာဘဲ ။ ပြီးရင် ဆုံးဖြတ်ချက်တွေချဖို့အတွက် ရှုပ်ထွေးလှတဲ့လွှတ်တော်အလုပ်ကို လုပ်ရတာမျိုးတွေ ရှိမှာဘဲ ။ ဒီလို လုပ်တဲ့နေရာမှာ အရင်က ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ လူတွေနဲ့လည်း ဆက်ဆံရတာမျိုး ရှိလာမှာဘဲ ။ ဖိနှိပ်ခဲ့တဲ့လူတွေတွင်ဘယ်ဟုတ်မလဲ ၊ လူသတ်သမားဖြစ်ခဲ့သူတွေနဲ့လည်း သိသိကြီးနဲ့ တွဲလုပ်ရတာမျိုးတွေ ကြုံရမှာပါဘဲ ။

( Peter Caray မိုက်ကယ့်သူငယ်ချင်း ) ။       ။ သူတို့က NLD ပါတီကို ရုံးခွဲတွေ ဖွင့်ဖို့နဲ့ ဒေါ်စုကို ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ဖို့ ခွင့်ပြုပေးခဲ့ကြတယ် ။ ဒီတော့ အခု သူမဟာ လွတ်လပ်နေပြီပေါ့ ။ ဒါပေမယ့် ရက်စက်မှုရဲ့ အကျိုးဆက်အမွေ ၊ ထောင်ကျသွားရသူများရဲ့ အကျိုးဆက်အမွေ ၊ အသက်ပေးလိုက်ရသူများရဲ့ အကျိုးဆက်အမွေ ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ အများစုဖြစ်တဲ့ဗမာတွေကြားထဲက ဆက်ဆံရေးအကျိုးဆက်အမွေ ......ဒါတွေအားလုံးဟာ ခါးသီးမုန်းတီးဖွယ်အဆိပ်တွေလိုပါဘဲ ။ ဆိုလိုတာက '' လက်လွှဲဝင်ယူဖို့ အင်မတန်ခက်ခဲတဲ့  အကျိုးဆက်အမွေတွေ '' ပါ ။ ဒီတော့ မြန်မာပြည်ရဲ့ အနာဂတ်ကို ကြည့်ရင် မပြီးသေးတဲ့ အလုပ်တွေက တောင်ပုံယာပုံပါဘဲ ။ အဲဒီလုပ်ဖို့ကျန်နေတဲ့ အလုပ်တွေရဲ့ အဓိကအခရာနေရာမှာ မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကလည်း ရှိနေပြန်တယ် ။

(ကင်မ်) ။    ။ အဖေက ပညာတတ်တစ်ယောက်ပါ ။ ဒါပေမယ့် ရယ်စရာဘာညာ ပြောလေ့ရှိတဲ့သူတော့ မဟုတ်ဘူး ။ ဘူတန်မှာ (၅) နှစ်လောက်နေပြီး ဘုရင့်မိသားစုကို စာသင်ပေးခဲ့ဖူးတော့ အရမ်းသဘောထားကြီး အမြင်ကျယ်တဲ့လူတစ်ယောက်ပါ ။ ကျနော့်အမေလို မိန်းမတစ်ယောက်ကို ယူထားမှာတော့ ကြုံလာသမျှကို ပျော့ပျော့ပြောင်းပြောင်းနဲ့ခံနိုင်အောင် လုပ်ထားရတာပေါ့ဗျာ။

(မေးသူ ) ။    ။  ဘယ်လိုပုံနဲ့ ပျော့ပြောင်းတာကို ပြောတာလဲဗျ ။

( ကင်မ် ) ။     ။ ပြောရရင်တော့ အမေလုပ်နေတာတွေကို ဆက်လုပ်နိုင်အောင် ခွင့်ပြုပေးတာမျိုးပေါ့ဗျာ ။ အမေ့ကိုလည်း အားပေးရင်း ကျနော်တို့ညီအစ်ကိုလည်း စောင့်ရှောက်ရင်းပေါ့ ။ တချိန်တည်းမှာ သူ့ရဲ့ အလုပ်တွေကိုလည်း မပျက်မကွက် လုပ်ရင်းပေါ့ ။ တစ်ချိန်တည်းမှာ သူလုပ်ရတဲ့အလုပ်တွေက နည်းတာမှ မဟုတ်တာ ။

( Karma phunchu မိုက်ကယ့်တပည့် ) ။      ။ ဇန်န၀ါရီလ ၆ ရက်နေ့မှာ မိုက်ကယ်က ကျနော့်ကို ပြောတယ် ။ ငါ့ကိုလာကူပါဦးကွာ ၊ ငါတော့ နေမကောင်း ဖြစ်နေပြီ တဲ့ ။
 
( Peter မိုက်ကယ့်သူငယ်ချင်း ) ။      ။  မိုက်ကယ်က ကျနော့်ကို ခေါ်ပြောတယ် ။ ငါ့မှာ သတင်း နှစ်ခု ပြောစရာရှိတယ်ကွာ တဲ့ ။ သတင်းဆိုးကတော့ ငါ့မှာ ကင်ဆာရောဂါ ရနေပြီဆိုတာဘဲ ။ သတင်းကောင်းကတော့ ငါဒီရောဂါကို နိုင်အောင်ကို တိုက်မှာ တဲ့ 

( Karma phunchu ) ။     ။  မိုက်ကယ်က ဒီရောဂါကို သူကျော်လွှားမှာ ၊ အနိုင်ရမှာလို့ချည်း ကျနော်တို့အားလုံးနဲ့ စုကို တချိန်လုံးပြောနေခဲ့တာပါ ။ သူ့စိတ်ထဲမှာ အဲဒီလို တကယ်ယုံနေတာလားဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး ။

( Peter ) ။     ။  မိုက်ကယ် ကင်ဆာရောဂါရတာနဲ့ ဒီရောဂါဒီလောက်အပွားမြန်သွားတာဟာ ၁၉၉၀ နှစ်များတစ်လျှောက်မှာ သူ့ရဲ့ အထီးကျန်ဆန်စွာ ဘ၀ကို ဖြတ်သန်းရမှုနဲ့လည်း အတိုင်းအတာတစ်ခုထိ ဆိုင်မယ်လို့ ကျနော်ထင်ပါတယ် ။ ဒေါ်စုအတွက်စဉ်းစားရင်း အိပ်ပျက်ရတဲ့ ညတွေလည်း ပါမှာပေါ့ဗျာ ။

(မေးသူ) ။     ။ ဒေါ်စုနဲ့ မိုက်ကယ် အဲဒီတုန်းက ဘယ်လိုဆက်သွယ်ခဲ့ကြသလဲ ။
(ဒေါ်စု ) ။     ။ ကျမသူနဲ့ အကြိမ်တော်တော်များများ ဖုန်းပြောဖြစ်ပါတယ် ။
(မေးသူ) ။      ။  ဒေါ်စုအိမ်က ဖုန်းနဲ့လား ။
(ဒေါ်စု) ။      ။  မဟုတ်ပါဘူး ။ ကျမအိမ်က ဖုန်းက အဖြတ်ခံထားရတယ်လေ။ သူငယ်ချင်းတွေအိမ်ကို သွားပြီး ဆက်တာပါ ။

( ( Robert Gordon မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ၁၉၉၅-၂၀၀၀ ) ။     ။ ဒေါ်စုကျနော်တို့ဆီကို ရောက်လာလေ့ရှိတယ် ။ သံရုံးတော့မဟုတ်ပါဘူး ။ ကျနော်တို့အိမ်ကို လာတာပါ ။ ပြီးတော့ မိုက်ကယ်နဲ့ ဖုန်းပြောကြတယ် ။ တခါတလေတော့လည်း ကျနော်နဲ့ ကျနော့်အမျိုးသမီးက သူ့ကို နှစ်သိမ့်ရတာ ၊ အားပေးရတာတွေ ရှိတာပေါ့ဗျာ ။ 

( Karma မိုက်ကယ့်တပည့်) ။    ။  ကျနော် လုံးဝမှတ်မိနေတာတစ်ခုရှိတယ်ဗျ ။ မိုက်ကယ်က ကျနော့်ကို ပြောတယ် ၊ Karma ရေ ...ငါတို့ လုပ်နိုင်တာတစ်ခုခုတော့ ရှိရမယ်ကွာ ၊ ရှိကို ရှိရမယ် တဲ့ ။ ( မြန်မာပြည်ကို ပြန်ပြီး ဇနီးသည်နှင့် နောက်ဆုံးအကြိမ်တွေ့ဖို့ ကြိုးစားစဉ် ဗီဇာအကြိမ်ကြိမ် ငြင်းပယ်ခံရတာကို ရည်ညွှန်းပြောသောစကား )

(Karma phunchu ) ။     ။ သူ့နောက်ဆုံးနေ့မှာ မိုက်ကယ်က ပြောတယ် ...Karma ရေ ..စုကို ပြောလိုက်ပါကွာ ....တို့တွေ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ် တဲ့ ။

( ဒါရိုက်တာ မိုးသူ ) ။     ။ ကျနော်ထောင်ထဲရောက်နေတုန်း ကျနော့်မိန်းမဆုံးကြောင်း အကြောင်းကြားလာတယ် ။ ဒေါ်စုလည်း အသုဘကို ရောက်နေတယ်တဲ့ ။ ဒီလိုနဲ့ ကျတော်လည်း ရေဝေးကို လိုက်သွားတယ် ။ ကျနော်မိန်းမအလောင်းနားမှာ ကျနော်ရော ဒေါ်စုရော ရှိတုန်း ဒေါ်စု ပြောလိုက်တာ တစ်ခုက ကျနော့်ရင်ကို အတော်ထိခိုက်သွားစေတယ်ဗျာ ။ သူက '' ဆရာ....ဆရာရော ကျမရော ခင်ပွန်းကောင်း ၊ ဇနီးကောင်းတွေ မဟုတ်ကြဘူးနော် ''  တဲ့ ။ ဘာကြောင့်လည်းဆိုတော့ ကျနော့်မိန်းမဆုံးတော့ ကျနော်က ထောင်ထဲမှာ ။ မိုက်ကယ်ဆုံးတုန်းကလည်း သူ မသွားလိုက်ဘူးလေ ။ သူက ဆက်ပြောသေးတယ် ....'' ကျမက မိခင်ကောင်းတောင် မဟုတ်ပါဘူး ဆရာရယ် ။ ကျမသားအခု ဆေးလိပ်သောက်တတ်နေပြီလေ '' တဲ့ ။ သူ့မှာ သူ့သားတွေကို စောင့်ရှောက်ခွင့်မှ မရခဲ့တာကိုးဗျာ ။

( Christopher  ဒေါ်စုတို့ မိသားစုမိတ်ဆွေ ) ။      ။  စုကို အားပေးဖို့ ကျနော် မြန်မာပြည်ကို အရမ်းပြန်လာချင်ခဲ့တယ် ။ စုဟာ မိုက်ကယ်ဆုံးသွားတော့ သူ့ဘ၀ရဲ့ အခန်းကဏ္ဍတစ်ခု လုံးဝပြီးဆုံးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ ကျနော်ထင်ပါတယ် ။ အနာဂတ်ကိုဘဲ တွေးတော့မယ် ၊ ငါ့နိုင်ငံအတွက်ဘဲ လုံးဝကို အာရုံနှစ်လိုက်တော့မယ် ဆိုတဲ့ ပုံစံမျိုးပေါ့ ။ 

(ကင်မ် ) ။      ။  အမေဟာ တကယ့်ကို စိတ်ဓါတ်ကြံခိုင်သူလို့ ကျနော်ထင်ပါတယ် ။ တစ်ခုခုဝမ်းနည်းစိတ်မကောင်းစရာရှိနေရင်တောင်မှ သူ့ဘ၀ကိုသူ ဆက်လျှောက်ရမယ်ဆိုတာသိတယ် ။ အဲဒါကို တွေးပြီး အချိန်ကုန်ခံငိုနေတတ်တဲ့သူမျိုး မဟုတ်ဘူး ။

(ဦးတင်ဦး) ။      ။ ကျနော်တို့အခုလုပ်နေတာတွေက ကျနော်တို့ဘာသာ တွက်ချက်ပြီး စွန့်စားလုပ်နေကြတာပါ ။ သတိထားတဲ့ အကောင်းမြင်မှုတော့ ရှိရသေးတာပေါ့လေ ။ ဒေါ်စုက သမ္မတကြီးကို ယုံတယ်လို့ ပြောတော့ လူတွေက မေးကြတယ် ....ဒါဆိုရင် အစိုးရကိုရော တဲ့ ။ အဲဒါကို ဒေါ်စုက ဘာမှ ပြန်မဖြေထားဘူး ။ ဒီတော့ ဆိုလိုတာက ကျနော်တို့မှာ ဒီအစိုးရနဲ့ တွဲလုပ်လို့ ရလားမရဘူးလားဆိုတဲ့ ပြသာနာက ရှိနေသေးတယ် ။ အဲဒါက ပြသာနာအဖြစ် ရှိနေသေးတယ် ။

( ဟီလာရီ ကလင်တန် ) ။     ။  သူမဟာ အခု စွန့်စားမှုတရပ်လုပ်နေတယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး ။ ဒါပေမယ့် အစိုးရက တကယ်လုပ်ချင်စိတ်ရှိသလားဆိုတာကို သိဖို့နဲ့ အပြောင်းအလဲတွေကို အားပေးဖို့ ဒီလို လုပ်မှလည်း ဖြစ်မယ်လေ ။ ဒီလိုမှ မလုပ်ရင် နောက်ထပ်ရွေးချယ်စရာဘာလဲဆိုတာလည်း သူသိပါတယ် ။ နောက်ရွေးချယ်မှုဆိုတာကတော့ အခြေအနေတွေ အရင်အတိုင်းဘဲ ပြန်ဖြစ်သွားရုံပေါ့ ....အနားယူသွားတဲ့ စစ်ခေါင်းဆောင်တွေနေရာမှာ စစ်ခေါင်းဆောင်မျိုးဆက်သစ်တစ်ခု ၀င်လာမယ် ။ ၊ တိုင်းပြည်ပွင့်လင်းတိုးတက်လာတာလည်း ရှိမှာမဟုတ်ဘူး ၊ ဒီထက်ကောင်းတဲ့ အနာဂတ်ကို သွားဖို့ လမ်းလည်း ရှိမှာ မဟုတ်ဘူး .......ဒါတွေကို သူလုံးဝ နားလည်ပါတယ် ။

( သတင်းထောက် ) ။    ။ စစ်တပ်က ဆက်ပြီး လူအခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတယ်နော် ။ ကလေးစစ်သားတွေသုံးတာမျိုး ၊ အလိုမတူဘဲ ကလေးတွေကို ခေါ်သွားမျိုး ၊ မုဒိန်းကျင့်တာကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ သုံးတာမျိုးတွေ ရှိနေသေးတယ် ။ ဒီလို အခြေအနေမျိုးမှာ သူတို့ကို ကိုယ့်ဘက်ပါလာအောင် ဒေါ်စုအနေနဲ့ ဘယ်လိုအလျော့ပေးစေ့စပ်တာမျိုးတွေ လုပ်ရမလဲ ။ တစ်ချိန်ထဲမှာဘဲ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းရဦးမယ်မဟုတ်လား ။

(ဒေါ်စု) ။   ။ စစ်တပ်အနေနဲ့ ဒီတိုင်းပြည်ရဲ့ အနာဂတ်ဟာ သူတို့ရဲ့ အနာဂတ်လည်း ဖြစ်တယ်ဆိုတာကို နားလည်မယ်လို့ ကျမထင်ပါတယ် ။ ဒီတိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့အတွက် ပြုပြင်ပြောင်းလဲရေးတွေလည်း ဖြစ်ပါတယ် ။ ဟုတ်ပါတယ် ...အခု ရှင်ပြောတဲ့ လူ့အခွင့်ချိုးဖောက်မှုတွေလည်း ဆက်ဖြစ်နေပါတယ် ။ ဒါတွေက ဘာကြောင့်လည်းဆိုတော့ တိုင်းပြည်ရဲ့ စနစ်မှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ မရှိသေးလို့ပါဘဲ ။ ကျမတို့တွေ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ နားလည်အောင် စစ်တပ်ကို ကျမတို့ စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

( ဟီလာရီ ) ။     ။ နယ်ဆင်မင်ဒဲလားက ဘာကြောင့် အာဏာရှင် ဒီကလပ်ခ်ကို ယုံကြည်မှု ပေးခဲ့တာလဲ ။ နိုင်ငံရေး ပြုပြင်မှုတွေလုပ်ဖို့ ဆိုပြီး ဘာကြောင့် မင်ဒဲလားက ဒီကလပ်ခ်နဲ့ ပူပေါင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ ။ ဒီကလပ်ခ် ဆိုတာ လူမဲတွေကို ဖိနှိပ်ငြှင်းပန်းခဲ့တဲ့ အာဏာရှင်ခေါင်းဆောင်ဘဲလေ ။ ဒါတွေဟာ တွေးခေါ်ခံစားပြီး လုပ်ရတဲ့ အပိုင်းတွေဘဲ ။ ဒါလို ကိစ္စမျိုးအတွက် သိပ္ပံနည်းကျတဲ့တွက်လို့ရတဲ့ ပုံစံဆိုတာ မရှိပါဘူး ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်အတွက်ကတော့ ဒီကိစ္စဟာ မသေချာပေမယ့် အန္တရာယ်များနိုင်ပေမယ့် လုပ်သင့်လုပ်ထိုက်ရဲ့လားဆိုတာကို ကိုယ်တိုင် ချင့်ချိန်စဉ်းစားပြီး ဆုံးဖြတ်ရမှာဘဲ ။ လုပ်သင့်လို့ လုပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ကျမယူဆတယ် ။ ဒီအတွက် ကျမဘက်ကတော့ သူ့ကို ဒီထက်ကောင်းတဲ့ ပံ့ပိုးမှု မှန်သမျှကို ပေးမှာဘဲ ။

( ဒေါ်စု ) ။     ။  ကျမနဲ့ ကျမမိသားစု လုံးဝကွဲသွားခဲ့တဲ့ အချိန်ကတော့ ကျမ အကျယ်ချုပ်ကျသွားတဲ့ အချိန်ပါဘဲ ။ ကျမတို့ မိသားစုရဲ့ ဆက်ဆံရေးဟာ အတော်လေးတော့ ပြောင်းလဲသွားတော့မယ်ဆိုတာ အဲဒီအချိန်မှာ ကျမလည်း သိလိုက်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ ဆက်သွယ်လို့ မရတော့ဘူးလေ ။
 
ကျမအကျယ်ချုပ်ကျပြီး ပထမဆုံး ခရစ်စမတ်မှာ မိုက်ကယ်ကို လာခွင့်ပြုခဲ့ကြတယ် ။ ကလေးတွေကတော့ လာခွင့်မရခဲ့ပါဘူး ။

ဘ၀မှာ မိသားစုနဲ့ အတူတူ လုပ်ရတဲ့ အလုပ်တွေ ရှိတယ်လေ ။ သူတို့မပါဘဲဆိုတာ လုပ်ဖို့ မလွယ်ပါဘူး ။ မိသားစုဆိုရာ တန်ဖိုးထားရတဲ့ အရာပါ ။ မိသားစုကွဲတယ်ဆိုတာ မကောင်းပါဘူး ။ ဘယ်တော့မှ မကောင်းပါဘူး .............။
Aung San Suu Kyi : The Choice ဆိုတဲ့ documentary ကို ကိုဗညား Ba Nyar က စာတန်းထိုးလို့ ပြီးသွားပါပြီ ။ တကယ်တော့ ဘာသာပြန်ပြီး သူ့ကို ပေးထားတာ အတော်ကြာပြီ .....သ...ူလည်း အလုပ်တွေပိနေတာနဲ့ ပေါ်မလာပေါ်မလာ.... ကြာတော့ မေ့တေ့တေ့တောင် ဖြစ်နေပြီ ။ ဒီနေ့မှ ဆိုင်းမဆင့်ဘုံမဆင့် ပြီးပြီလို့ သိလိုက်ရတော့ အတော်လေး ၀မ်းသာသွားမိပါတယ် ။ မအားတဲ့ ကြားက သတိတရ စာတမ်းထိုးပေးတာကို အလွန်တရာ ကျေးဇူးတင်မိပါတယ် ။ အရင်က ဒေါ်စုရဲ့ Rule of Law ခေါင်းစဉ်နဲ့ ပြောသွားတဲ့ ယေးလ်တက္ကသိုလ် မိန့်ခွန်းရယ် ၊ CNN မှ ဒေါ်စု အင်တာဗျူးတွေကိုလည်း သူကဘဲ လိုလိုလားလား မြန်မာ စာတန်းထိုးပေးခဲ့တာပါ ။

မြန်မာနိုင်ငံသို့ ထွက်ပြေးလာသော ဘင်္ဂလီ အနည်းဆုံး ၅ သိန်းကျော် ရှိကြောင်း ၀န်ခံ

Kyaw H Aung

ဖော်ပြပါပုံသည် နိုင်ငံတကာ အသိအမှတ်ပြု သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါ ၏ ဟောပြောချက်ထဲတွင် ဖော်ပြထားသော ဆလိုက်တစ်ခုဖြစ်သည်။ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ဗြိတိသျှသံရုံး၏ မှတ်တမ်းကို ကိုးကား၍ ဖော်ပြထားခြင်း ဖြစ်သည်။ ယင်းမှတ်တမ်းအရ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် မစ္စတာ ကေ အမ် ကိုင်ဇာ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထူထောင်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ ထွက်ပြေးလာသော ဘင်္ဂလီ အနည်းဆုံး ၅ သိန်းကျော် ရှိကြောင်း ၀န်ခံခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် တရားမ၀င်ခိုးဝင်လာသူများကို မြန်မာနိုင်ငံမှ ပြန်လည်နှင်ထုတ်နိုင်ကြောင်း၊ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြုံတွေ့နေရသော ပြဿနာများကို ထောက်ရှု၍ ငဲ့ညှာပါရန် မြန်မာအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များကို တောင်းပန်ခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် အဆိုပါကိစ္စအား မကိုင်တွယ်သေးသည့်အတွက် ကျေနပ်မိကြောင်း ပြောဆိုသည်ဟု အဆိုပါ ဗြိတိသျှမှတ်တမ်းက ဆိုထားသည်။

ယနေ့လွှတ်တော်မှ ပြည်ခိုင်ဖြိုးအမတ်များ (အများစု လား တချို့လား စဉ်းစားကြပါကုန်။) တာဝန်မဲ့နေကြသကဲ့သို့ ဗိုလ်နေ၀င်းအစိုးရသည်လည်း ခိုးဝင်ဘင်္ဂလီကို မနှင်ထုတ်ခဲ့ပဲ နိုင်ငံတော်၏ အချုပ်ခြာအာဏာကိုသာ အထိပါးခံခဲ့ကြသည်။ နယ်စပ်မြို့များ ဘင်္ဂလီလက်ထဲသို့ ကျရောက်ရန် ကူညီရာ ရောက်ကုန်ကြသည်။ အပ်နှင့် ထွင်းရမည့် အရာများကို မထွင်းခဲ့သည့်အတွက် အခုအချိန်မှာ ပုဆိန်နှင့်ပဲ ပေါက်ရမလို ဖြစ်နေကြရပြီ။

ဘင်္ဂလီများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများသည် နဂါးမင်းစီမံချက် (၁၉၇၈)၊ ဟသာင်္စီမံချက်များကို ရံဖန်ရံခါ ဖော်ညွှန်း၍ သူ့တို့ကို နှင်ထုတ်သည်ဟု ဖော်ပြကြသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်ပွဲကြောင့် မြန်မာနိုင်ငံဘက်သို့ လျှံကျလာသော ခိုးဝင်များကိုမူ ပြောဆိုရန် ရေငုံနေကြသည်။

ငရမန်ကန်းလိုတော့မပြောရက်ပါဖူး

Ye Yint Nge

လျော်ကြေးရတာနဲတယ်၊မြေယာမရှိသူတွေနစ်နာနေတယ်ဆိုရာကနေဒီပြဿနာဖြစ်တာ၊
နယ်မြေသစ်ကိုပြောင်းသွားသူတွေရှိသလိုစီမံကိန်းမှာဝင်လုပ်နေသူတွေရှိတယ်၊သွဲ့သွဲ့ဝင်း
တို့လိုမပြောင်းပဲနေသူတွေလည်းကျန်တယ်။ဒါအရင်စစ်တပ်အုပ်ချူပ်စဉ်ထဲကဖြစ်နေတာ၊
ဒေသခံပြည်သူတွေရဲ့ခံစားချက်ကိုလည်းလုံးဝမျက်ကွယ်ပြုလို့လည်းမရပါဖူး၊ခက်တာက
အများစုကလျော်ကြေးယူလက်မှတ်ထိုးပြီးပြီ။နေရာသစ်တောင်ပြောင်းပြီးပြီ၊၀ှက်မှေးရွာဆိုရင်
လည်းပြောင်းသွားတာအိမ်၁၀၀လောက်တော့ကျန်သေးတယ်ပြောတယ်။
နအဖလက်ထက်တလျောက်အိုင်ဗင်ဟိုးလုပ်လာတာဘာသံမှမထွက်ပဲ(မထွက်ရတာလဲပါ)
ပဲအရေပြောင်းအရပ်သားအစိုးရလက်ထက်ကြမှအဖမ်းမခံရဖူးအပစ်မခံရဖူးသေချာမှတောင်
သိမ်းပွဲတွေဖြစ်လာတယ်...တဖက်ကိုပြန်ကြည့်ရင်ကနေဒါပင်စင်ရံပုံငွေအကြောင်းပြပြီးပိတ်
ဆို့ဆန်ရှင်ကြားကသွားလုပ်နေတဲ့အိုင်ဗင်ဟိုးကိုCanadian friends of Burmaကနေဦးဆောင်
ပြီးဆန့်ကျင်နေခဲ့တာပါ။ဆယ်စုတခုလောက်ရှိပါပြီ။ဒါကိုဦးပိုင်ကလက်လွှဲယူ၊၀မ်ပေါင်နဲ့ပေါင်း
ဒေါ်လာ၁ဘီလျံလောက်ရင်းပြီးထပ်လုပ်။တခုမေးရမှာကအဲလောက်များတဲ့ရှယ်ယာဝင်
နိုင်တာစစ်တပ်သက်သာချောင်ချိရေးရံပုံငွေနဲ့လားဒါဆိုရင်တော့စစ်သားအမှုထမ်းတွေကအမေ
ရိကန်ကစစ်သားတွေထက်တောင်ဝင်ငွေကောင်းပုံရမယ်။သိရသလောက်ကတ၀က်ကျော်က
ကျေးဇူးရှင်တွေရဲ့ရှယ်ယာတွေ၊အရိုးအရင်းလောက်ပဲစစ်တပ်သက်သာချောင်ချိရေးရံပုံငွေထဲ
ပြန်သွားမှာ။အဲ့ကိစ္စလဲစုံစမ်းသင့်တယ်။
အမေစုလုပ်ပေးတာရှဥ့်လဲရှောက်သာပျားလဲစွဲသာပါ။ဒီလုပ်ငန်းကအခုမှစတာမဟုတ်ပါဖူး။
တောင်အတော်များများလည်းကုန်နေပါပြီ၊လျော်ကြေးတွေလည်းယူပြီးပါပြီ။နဲတာလေးတခုပါ၊
ဒီစီမံကိန်းအခုမှစတာဆိုရင်၊လျော်ကြေးတွေလည်းမယူရသေးဖူးဆိုရင်၊သူတို့ဆောက်ပေးတဲ့
အိမ်တွေမှာမနေရသေးဖူးဆိုရင်၊စီမံကိန်းမှာလည်းဝင်အမှုမထမ်းရသေးဖူးဆိုရင်၊စီမံကိန်းဖျက်
သိမ်းရေးတောင်းဆိုတာဖြစ်နိုင်ပါတယ်။တင်းခံနေတဲ့သူနဲ့ပြောင်းသွားသူ၊ပြောင်းသွားသူကပို
များတယ်။ဖျက်ပစ်ဖို့ရာနုန်းနည်းသွားပြီ။နစ်နာတာလေးတွေရပါစေတော့ဆိုပြီးအမေစုဝင်ပေး
တာ၊တချက်ခုတ်နှစ်ချက်ပြတ်အနာဂတ်အခြားစီမံကိန်းတွေအတွက်ပါကန့်သန့်စဉ်းမျဉ်းတွေရော
ထုတ်ပစ်လိုက်တာ။တခုတော့ဒေသခံတွေ၊ဟန်ဝင်းအောင်တွေသိစေချင်တယ်၊၊အမေစုတာဝန်
ယူတယ်ဆိုတာနစ်နာတာတွေကိုရအောင်လုပ်ပေးမယ်လို့ပြောတာ၊မယူဖူးဖျက်သိမ်းရေးပဲဦး
တည်တယ်ဆိုရင်အမေစုတာဝန်ပြီးပြီမရှိတော့ဖူး၊ငရမန်ကန်းလိုတော့မပြောရက်ပါဖူး။
ကံကောင်းကြပါစေလို့ပဲဆုတောင်းရမှာပဲ။

 ဒီပွဲနဲ့ ဒေါ်စုကို အထိနာလောက်အောင် ထိုးနိုင်လိမ့်မယ်လို့ ထင်ရင်တော့ တကယ့်ကို အလွဲကြီး လွဲသွားပါပြီ .....

ပညာမတတ်လို့နည်းပညာမရှိလို့တိုင်းပြည်မှာသယံဇာတတွေရောင်းစားနေရတာ
ကျွန်တော်တို့ကရောပျော်နေတယ်ထင်လို့လား၊အမေရိကန်မှာရေနံထွက်တဲ့နေရာတွေ
အများကြီးရှိတယ်....မထုတ်ပဲသိမ်းထားတယ်၊ပြည်ပကရေနံပဲသုံးတယ်၊သူတို့ကလုပ်နိုင်
တယ်ကျွန်တော်တို့အဲလိုလုပ်နိုင်ပြီလား...ပညာတတ်ဖို့နည်းပညာရှိဖို့ငွေလိုတယ်၊
ဖြတ်ခုတ်မယ့်သူတွေလက်ထဲမရောက်ဖို့ကိုလည်းကျွန်တော်ထောက်ပြပြီးသား၊ခေတ်
ပြောင်းစနစ်ပြောင်းမှာသီဟတင်စိုးဇတ်ကားထိုင်ကြည့်နေချင်ရင်တော့လဲသဘောပဲ၊
ဒီစနစ်လောက်လေးဖြစ်လာဖို့ကျွန်တော်တို့၁၇နှစ်သားလောက်ထဲကဆန့်ကျင်ခဲ့ရတာ
အခြေခံအားဖြင့်ကျေနပ်တယ်၁၀၀ရာနုန်းကောင်းဖို့ဝိုင်းပြင်နေတာပဲရှိတယ်။ဆန့်ကျင်
ဆိုတဲ့စကားအချိန်တိုင်းမှာမသင့်လျော်ဖူး၊အချိန်တခုတော့ပေးပြီးစောင့်ကြည့်ရမှာပဲ၊
ဥုံဖွ...အမေရိကန်ကြီးလိုဖြစ်စေလို့မန်းမှုတ်ရအောင်ဦးသိန်းစိန်ကလည်းဝတလုံးကနေနှစ်လုံး
လေးလုံးတိုးလာအောင်လုပ်နိုင်တဲ့ဘိုးဘိုးအောင်မှမဟုတ်တာကို....အစိုးရမတရားတော့ဘူး
ဆိုတာနဲ့အမေစု။ကိုမင်းကိုနိုင်တို့ချက်ချင်းသိပြီးထိပ်တိုက်ရင်ဆိုင်မှာပဲ၊ကိုကိုကြီးလဲဒီသဘော
သာကေတမှာပြောပြီးပြီ။သူတို့အကျိုးစီးပွားဆိုတာကြီးလည်းလုံးလုံးမဖြစ်အောင်အစီရင်ခံစာ
မှာထည့်သွင်းထားတာတွေရှိတယ်၊အကုန်လုံးကိုသစ်စိမ်းချိုးချိုးသလိုချက်ချင်းလုပ်ပစ်ချင်ရင်
လုပ်နိုင်တဲ့အင်အားရှိဖို့လိုတယ်...ပြောင်းလဲရေးမှာဝင်ပါမှာလားအခွင့်အရေးအတွက်အသက်
အသေခံဆက်လက်တိုက်ပွဲဝင်နေအုံးမှာလားဆိုတာတော့ကာယကံရှင်တွေရဲ့ခံစားချက်အပေါ်
ပဲမူတည်တယ်။ဒီမိုကရေစီစနစ်မှာအမှားနဲ့အမှန်အတွက်ဥပဒေဆိုတာလည်းသတိပြုပါ။
တခုငြင်းမရနိုင်တာကြီးကတော့အနာဂတ်အတွက်နောက်ကြောင်းပြန်မလှည့်ဖူးဆိုတာကြီးပဲ....
အဲ့ဒီအတွက်လက်ပိုက်ကြည့်နေရတာတွေအများကြီးပဲ...ကျေနပ်နေတာမဟုတ်ဖူး
......................................................................................................
ဧရာဝတီနဲ့လက်ပံတောင်းတောင်းချိန်ထိုးလို့မရဖူး၊
အလျှော်အစားမတူဖူး၊အရင်အစိုးရရဲ့အမွေဆိုးတွေ
ခါးစီးခံနေ၇တဲ့အချိန်အခါတခုပါပဲ......။