Tuesday, March 19, 2013

မြောက်ကိုရီးယားမှ မြန်မာသို့ တင်ပို့ရန်ရှိသော အနုမြူ အပူခံ လောင်စာချောင်းများ ဖမ်းဆီးမိ

Maha Mingyi

Centrifuge rods’ from North Korea seized from ship in Tokyo
မြောက်ကိုရီးယားမှ မြန်မာသို့ တင်ပို့ရန်ရှိသော အနုမြူ အပူခံ လောင်စာချောင်းများ ဖမ်းဆီးမိ

============================================

ဂျပန်အစိုးရက မြောက်ကိုရီးယားမှမြန်မာသို့ တင်ပို့ရန်ရှိသော စကာင်္ကူအလံလွှင့်တင်ထားသည့်
သဘောင်္မှ နူကလီးယား အားဖြည့် လောင်စာချောင်းကြီး ၅ ခုအား ဂျပန်နိုင်ငံက တွေ့ရှိရပြီး
၎င်းလောင်စာချောင်းများသည် နိုကလီးယား လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ကြောင်း
တနင်္လာနေ့တွင် ကြေငြာလိုက်သည်။

Japan has seized aluminium alloy rods that can be used to make nuclear centrifuges from a Singapore-flagged ship found to be carrying cargo from North Korea, the government said Monday.

ဂျပန်နိုင်ငံ၏ ၀န်ကြီးများအဖွဲ့မှ ဒုတိယ အတွင်းဝန် ယိုရှီဟီဒီ ဆူဂါပြောကြားရာတွင် ၄င်း
လောင်စာချောင်း ၅ ချောင်းသည် လွန်ခဲ့သော သြဂုတ်လတွင် ဂျပန် ရေပိုင်နက်မှ အဆိုပါ
သဘောင်္အား ခေါ်ယူစစ်ဆေးရာမှ အမှန်တကယ်ပင် အလူမီနီယံ အပူခံလောင်စာချောင်းများဖြစ်နေသည်ဟု ဆိုပါသည်။

The five rods were discovered on the ship during its call at Tokyo port last August and were confirmed to be aluminium alloy through tests conducted over the past six months, said Chief Cabinet Secretary Yoshihide Suga.

ယနေ့ အတိုချုပ် သတင်းစာ၇ှင်းလင်းပွဲတွင် အဆိုပါလောင်စာချောင်းများသည် နူကလီးယား ဆိုင်ရာ တခုခု ထုတ်လုပ်ရန် အားဖြည့်ပေးသော အားဖြည့်လောင်စာချောင်းအဖြစ် အသုံးပြုရာတွင်
အလွန် အထောက်ကူပြုကြောင်း တင်ပြသွားသည်။
ယခု ဖမ်းဆီးမိသော လောင်စာချောင်းများသည် ၂၀၁၀ ခုနှစ်တွင် ပြဌာန်းခဲ့သော
မြောက်ကိုရီးယားနှင့် ပတ်သက်သော သဘောင်္များအား ရှာဖွေခွင့် ပြုထားသည့် ဥပဒေအရ
ပထမဆုံးအကြိမ် သိမ်းဆီးရမိသော လောင်စာချောင်းများဖြစ်ပြီး ဒုံးကျဉ်နည်းပညာများနှင့်
နူကလီးယား နည်းပညာများအတွက် အသုံးပြုရန်တင်ပို့သော လောင်စာချောင်းများဖြစ်နေ
သည်ဟုဆိုသည်။
၎င်းလောင်စာချောင်းများ သိုလောင်ထားရာ ဂိုထောင်မှတဆင့် အစိုးရအား အပ်နှင်းရန် ညွန်ကြားလိုက်ပြီဟုလဲသိရသည်။

“The aluminium alloy is extremely strong and can be used in centrifuges, which are products related to nuclear development,” Suga said at a regular news briefing.
The rods were being stored at a private warehouse and the government on Monday ordered the firm to hand them over. The items are the first to be confiscated under a special law passed in 2010 that allows Tokyo to inspect North Korea-related ships suspected of carrying materials that can be used in nuclear and missile programs.

တရုတ်ပြည် ဒါလီယန်ဆိပ်ကမ်းမှ မြန်မာသို့ တင်ပို့ရန် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ရောက်ရှိလာသော
သဘောင်္ကဖြစ်ပြီး ၄င်းသဘောင်္ပေါ်တွင် တင်ထားသော ကွန်တင်နာသည် တတိယနိုင်ငံသို့
တင်ပို့မည် ကုန်သေတ္တာဖြစ်နေကြောင်း ဆူဂါမှ အတည်ပြုပြောကြားပါသည်။

The ship was reportedly on its way to Myanmar when it arrived in Tokyo via the Chinese port of Dalian. Suga confirmed the ship arrived via Dalian but said its cargo was bound for a “third country.”

မြောက်ကိုရီးယားအနေဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း နူကလီးယားဗုံးစမ်းသပ်မှုများ
၃ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် လ အထိပင် ဆက်လက်ပြုလုပ်ခဲ့ကြောင်းသိရသည်။၂၀၁၀ မှ
ပြန်လည် အကောင်ထည်ဖေါ်ခဲ့သော ၄င်းတို့၏ နူကလီးယာ အစီစဉ်အား ယခု ယူရေနီယံ
အနုမြူလောင်စာချောင်းများ ပြုလုပ်မှုအား ဆက်လက်ဆောင်ရွက်နေသည်။ ထိုအနုမြူအစီစဉ်မှ
လည်း ရေရှည် အသုံးပြုနိုင်သော ပလူတိုနီယံလောင်စာများအပြင် နူကလီးယားဗုံးလက်နက်များ
အဆင်သို့ ရောက်ရှိစေသော ဒုတိယမြောက် အဆင့်ဖြစ်သည်။

The North has conducted three nuclear weapons tests, in 2006, 2009 and last month, and disclosed in 2010 that it is developing a program to enrich uranium using centrifuges. That would give it a second way to produce material for atomic weapons, in addition to its long-standing plutonium program.

ကုလသမဂ္ဂမှလည်း မြောက်ကိုရီးယား၏ နုကလီးယားလက်နက် ထုတ်လုပ်မှုအခြေနေအား
သံသယဖြစ်ခဲ့ပြီး ၄င်း၏ ပြည်ပသို့ တင်ပို့သော ကုန်သေတ္တာများအား သံသယရှိလျှင် ရှာဖွေနိုင်ကြောင်း ရာဇသံပေးထားခဲ့သည်။
၂၀၁၁ခုနှစ်မှ အဆုံးသတ်သွားသော မြန်မာ စစ်အာဏာရှင်တို့၏ ကာလကြာရှည်သော
အုပ်ချုပ်တလျောက်တွင် မြောက်ကိုရီးယားနှင့် နူကလီးယားဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုများ
ပြုလုပ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ လက်နက်များအား ၀ယ်ယူနေခဲ့သည်ဟု ဆိုပါသည်။
အိမ်ဖြူတော်မှ မြန်မာသည် ဒီမိုကရေစီလမ်းကြောင်းသို့ ဖြေးဖြေးချင်း အပြုသဘောဆောင်ခြေလှမ်းများ လှမ်းသွားနေပြီးဟုလည်း လွန်ခဲ့သော နိုဝင်ဘာလမှ ပြောဆိုခဲ့ဘူးသည်။

The North has conducted three nuclear weapons tests, in 2006, 2009 and last month, and disclosed in 2010 that it is developing a program to enrich uranium using centrifuges. That would give it a second way to produce material for atomic weapons, in addition to its long-standing plutonium program.
United Nations sanctions resolutions require member states to inspect cargo suspected to be linked to the North’s nuclear development.
Myanmar was suspected of pursuing military and nuclear cooperation with North Korea during the long rule of the military junta, which finally came to an end in 2011.
The White House said last November that the slowly democratizing nation had taken “positive steps” to reduce its military relationship with the North.
AFP
March 19, 2013

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
အေဖက်ပီ ယနေ့သတင်းအား သင့်တော်သလို ဘာသာပြန်ဆိုတင်ပြထားပါသည်

မုံရွာကြေးနီသိုက်များကိုသိပ္ပံနည်းကျလေ့လာခြင်း(ဒေါက်တာကျော်တင့်)

http://mingalaronline.biz/ebooks/copper.mine.monywa.pdf

http://www.mediafire.com/view/?60rnrixaa3bp49p

ယခု ဖိုးလပြည့် ကိုဘယ်လို အရေးယူမှာလဲ

ဒေါက်တာချက်ကြီးအထက်အမိန့်ကိုတိတိကျကျလိုက်နာ

Classic Burma News's photo.
စစ်သားတွေ Facebook မသုံးရ
မိတ်ဆွေတစ်ယောက်နဲ့  စကားစပ်မိတော့ စစ်သားတွေ Facebook မသုံးရဆိုတဲ့  ကိစ္စကိုမေးမြန်းမိတယ် ။ သူပြောပုံ အရဆိုရင်တော့ မသုံးရလို့ အမိန့်ထုတ်ထားတာ မှန်ကန်မှုရှိတယ်လို့ ဆိုပါတယ် ။
လူမှုကွန်ယက်ဆိုက်များဖြစ်တဲ့ Facebook, Twitter များ မသုံးရဘူးလို့  ကြားတဲ့အတွက် နေပြည်တော်မှ အတော်အလှမ်းဝေးတဲ့ နယ်မြို့တွေက တပ်မတော်သားများက အမိန့်ကိုစတင်နာခံပြီး မိမိတို့အကောင့်များကို ဖျက်သွားကြပါတယ် ။

ပိုပြီး သေသေချာချာ ပြောနိုင်တာကတော့ နေပြည်တော်မှ တပ်မတော်အကြီးတန်း တပ်မတော်ပိုင်းဆိုင်ရာ ထိပ်တန်း ဆိုက်ဘာစစ်ဆင်ရေး ညွှန်ကြားသူ ဗိုလ်ချုပ်ကြီးများ၏ အမိန့်ဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်းရန် နာမည်ကြီး အကောင့်များကို ဗဟိုကွန်ပြုတာစနစ်ဖြင့် အလိုအလျောက် လှမ်းဖျက်ပစ် ဘန်းပစ်တာဖြစ်ကြောင်း မှန်တယ်လို့ ဦးရဲထွဋ်ရဲ့ ရုံးမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ် ။

(((စရဖ တပ်တစ်တပ်က ဒုတပ်မှူးကိုရော
စစ်ရုံးက ဒုမှူးကြီးတစ်ဦးကိုရော....
ရေတပ်က အရာရှိကြီးတစ်ီးကိုရော မေးပြီးသွားပါပြီ ။
လုံးဝမသုံးရလို့အမိန့်ထုတ်ခြင်းဟာ
အရာရှိဝတ်စုံနဲ့ ပုံတွေတင်ခြင်း
စစ်ရေးတင်းတွေပေါက်ကြားစေခြင်း
မိမိမယားကို ပစ်ပယ်ကာ ကွယ်ရာတွင် မယားငယ်ထားသော တပ်မတော်အရာရှိတို့၏ မဖွယ်မရာသောပုံများ အင်တာနက်ပေါ် ပျံ့နှံ့လာခြင်း တို့ကြောင့် ခွင့်မပြုတဲ့အကြောင်း သိရပါတယ် ။
ဒီအပေါ်က အချက်သုံးခုကို ထပ်မံချိုးဖောက်သူများကို သိသိသာသာ အရေးယူမှာဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများအရ
သိရပါတယ် ။
သုံးခွင့်ရှိတယ်လို့ တိုက်ရိုက် အမိန့်ပေးတာမရှိပါဘူး .. ))

၎င်း တပ်မတော်သား ပြောထားတဲ့ အတိုင်း ပြန်ရေးသားပြီး တင်လိုက်ပါတယ် ... ။

ဖေ့စ်ဘုတ်ကို မှန်ကန်ရိုးသားစွာ သုံးစွဲတဲ့ တပ်မတော်သား အချို့ ကတော့ တစ်ချို့အချက် အလက်တွေကို မဖောက်ဖျက်ရင် ဘယ်စစ်သားမဆို social network ကို အသုံးပြုနိုင်ပါတယ်လို့ ခုခံဖြေရှင်းကြကြောင်းလည်း သိရပါတယ် ။

စစ်သည်တော်များ အင်တာနက် သုံးခွင့်မရှိတော့သော်လည်း အောင်ပန်းအလီလီဆွတ်ခူးနိုင်ပါစေ ။
တပ်မတော်သားများအား အစဉ်လေးစားလျက် ။

Credits - ကကြီး ခခွေး FOR preschool

Forward email တစ်ခုမှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည် ။
မိတ်ဆွေတစ်ယောက်နဲ့  စကားစပ်မိတော့ စစ်သားတွေ Facebook မသုံးရဆိုတဲ့  ကိစ္စကိုမေးမြန်းမိတယ် ။ သူပြောပုံ အရဆိုရင်တော့ မသုံးရလို့ အမိန့်ထုတ်ထားတာ မှန်ကန်မှုရှိတယ်လို့ ဆိုပါတယ် ။
လူမှုကွန်ယက်ဆိုက်များဖြစ်တဲ့ Facebook, Twitter များ မသုံးရဘူးလို့  ကြားတဲ့အတွက် နေပြည်တော်မှ အတော်အလှမ်းဝေးတဲ့ နယ်မြို့တွေက တပ်မတော်သားများက အမိန့်ကိုစတင်နာခံပြီး မိမိတို့အကောင့်များကို ဖျက်သွားကြပါတယ် ။

ပိုပြီး သေသေချာချာ ပြောနိုင်တာကတော့ နေပြည်တော်မှ တပ်မတော်အကြီးတန်း တပ်မတော်ပိုင်းဆိုင်ရာ ထိပ်တန်း ဆိုက်ဘာစစ်ဆင်ရေး ညွှန်ကြားသူ ဗိုလ်ချုပ်ကြီးများ၏ အမိန့်ဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်းရန် နာမည်ကြီး အကောင့်များကို ဗဟိုကွန်ပြုတာစနစ်ဖြင့် အလိုအလျောက် လှမ်းဖျက်ပစ် ဘန်းပစ်တာဖြစ်ကြောင်း မှန်တယ်လို့ ဦးရဲထွဋ်ရဲ့ ရုံးမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ် ။

(((စရဖ တပ်တစ်တပ်က ဒုတပ်မှူးကိုရော
စစ်ရုံးက ဒုမှူးကြီးတစ်ဦးကိုရော....
ရေတပ်က အရာရှိကြီးတ
ဦးကိုရော မေးပြီးသွားပါပြီ ။
လုံးဝမသုံးရလို့အမိန့်ထုတ်ခြင်းဟာ
အရာရှိဝတ်စုံနဲ့ ပုံတွေတင်ခြင်း
စစ်ရေးသတင်းတွေပေါက်ကြားစေခြင်း
မိမိမယားကို ပစ်ပယ်ကာ ကွယ်ရာတွင် မယားငယ်ထားသော တပ်မတော်အရာရှိတို့၏ မဖွယ်မရာသောပုံများ အင်တာနက်ပေါ် ပျံ့နှံ့လာခြင်း တို့ကြောင့် ခွင့်မပြုတဲ့အကြောင်း သိရပါတယ် ။
ဒီအပေါ်က အချက်သုံးခုကို ထပ်မံချိုးဖောက်သူများကို သိသိသာသာ အရေးယူမှာဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများအရ
သိရပါတယ် ။
သုံးခွင့်ရှိတယ်လို့ တိုက်ရိုက် အမိန့်ပေးတာမရှိပါဘူး .. ))

၎င်း တပ်မတော်သား ပြောထားတဲ့ အတိုင်း ပြန်ရေးသားပြီး တင်လိုက်ပါတယ် ... ။

ဖေ့စ်ဘုတ်ကို မှန်ကန်ရိုးသားစွာ သုံးစွဲတဲ့ တပ်မတော်သား အချို့ ကတော့ တစ်ချို့အချက် အလက်တွေကို မဖောက်ဖျက်ရင် ဘယ်စစ်သားမဆို social network ကို အသုံးပြုနိုင်ပါတယ်လို့ ခုခံဖြေရှင်းကြကြောင်းလည်း သိရပါတယ် ။

စစ်သည်တော်များ အင်တာနက် သုံးခွင့်မရှိတော့သော်လည်း အောင်ပန်းအလီလီဆွတ်ခူးနိုင်ပါစေ
တပ်မတော်သားများအား အစဉ်လေးစားလျက် ။

Credits - ကကြီး ခခွေး FOR preschool

Forward email တစ်ခုမှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည် ။
............................................
နာမည်ကြီးအပြာဘလော့
http://drchatgyi.blogspot.ca
လဲဒီနေ့ဖျက်လိုက်ပါပြီ..အမိန့်ကိုတိတိကျကျလိုက်နာပါတယ်။
http://doctorsatephwar.blogspot.ca/
ကတော့နာခံမှုမရှိသေးပါဖူး။။။

myanmar express ရဲ့ တာဝန်ခံ၊ Oppositeeye ဆိုတာ အခု ၇န်ကုန်ကိုေ၇ာက်နေတယ်။ သူက DSA အပတ်စဉ် ၃၀ က ဗိုလ်မှူးကြီးအောင်မျိုးသန့်ပါပဲ။ သူငယ်ချင်တွေကတော့ ဂွက်ထော်လို့ခေါ်ပြီး မင်းခန့်ဆိုတဲ့ နာမည်အပါအ၀င် နာမည်အချို့နဲ့ ရေးလေ့ရှိပါတယ်။ စစ်သားတွေ FB မသုံးရဘူးဆိုပေမယ့် သူတို့လို စရဖတွေနဲ့ ၀ါဒဖြန့်ချိရေးသမားတွေတော့ မပါဘူး။ အဲဒီ ဗိုလ်မှူးကြီးအောင်မျိုးသန့်ဆိုတဲ့ သူက စရဖချုပ်နဲ့ နေ့တိုင်းဖုန်းဆက်တယ်ဆိုတဲ့အကြောင်း၊ တပ်ချုပ်ကြီးနဲ့ပါတိုက်ရိုက်ဆက်သွယ်လို့ရတယ်ဆိုတဲ့ အကြောင်းတွေကို အပတ်စဉ်တူသူငယ်ချင်းတွေကို ကြွားလေ့ရှိပါတယ်။ Myanmar Express ကို US domain name ယူထားပြီး လုပ်တာကတော့ ဒီမှာပဲလုပ်တာပါ။ Myanmar Express ကိုတပ်ချုပ်ကြီးကတိုက်ရိုက် ခိုင်းတာဖြစ်လို့ သူ့ကိုဘယ်သူမှထိလို့မရဘူးလို့လည်း အပတ်စဉ်တူသူငယ်ချင်းတွေကို ကြွားသေးတယ်တဲ့။ အခုလည်း ပြီးခဲ့တဲ့ တစ်ပတ်က NDC သင်တန်းတက်ပြီး စာမေးပွဲဖြေပြီးလို့ ရန်ကုန်ရောက်နေတာ။ နိုင်ငံခြားသွားဦးမှာတဲ့။ သူ့ဇနီးနဲ့ကလေးတွေကရန်ကုန်မှာပါ။ မကြာခင်မှာသူ့မိသားစုပုံတွေ FB ပေါ်ရောက်လာပါလိမ့်မယ်။- (Kyaw Phyu)
ဦးရဲထွဋ္ဋ်၊မှုးဇော်ဖေ့ဘွတ်အကောင့်များလဲဖျက်သိမ်းခြင်းမရှိသေးပါ

နိုင်ငံတော်မှာ … အကြွေး ၂၆.၈၄ ဘီလျံဒေါ်လာ ကျော် ရှိနေချိန်မှာ ဦးပိုင်မှာ… ဒေါ်လာ သန်းရာချီ ၀င်တဲ့..၀င်ငွေ အကောင်းဆုံး လုပ်ငန်း ၆၀ ကျော်ရှိနေပါပြီ ..

Thein Win's photo.
နိုင်ငံတော်မှာ … အကြွေး ၂၆.၈၄ ဘီလျံဒေါ်လာ ကျော် ရှိနေချိန်မှာ

ဦးပိုင်မှာ… ဒေါ်လာ သန်းရာချီ ၀င်တဲ့..၀င်ငွေ အကောင်းဆုံး လုပ်ငန်း ၆၀ ကျော်ရှိနေပါပြီ ..
----------------------------------------------------------------------------------------------
မြန်မာ့ စီးပွားရေး ဦးပိုင် ၏ လီမိတက် လုပ်ငန်းများ
by Clean Text မှ ကူးယူ ဖော်ပြ ပါသည်။
Union of Myanmar Economic Holdings Limited operates as an industrial conglomerate that engages gem production and marketing, garment factories, wood industries, goods and beverages and other trading companies, supermarket, banking, hotels, tourism, transportation, construction and real estate, computers, telecommunications, electronics and equipment, and steel and cement industries. The company is based in Yangon, Myanmar.
Address:
189-191 Maha Bandoola Road
Botahtaung Township
Yangon,
Myanmar
ရာနှုန်းပြည့် ထောက်ပံ့ထားတဲ့ လုပ်ငန်းများ (၁၆)မျိုး    
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၉)မျိုး      
၁။ မြန်မာရူဘီအင်တာပရိုက်စ်         (Myanmar Ruby Enterprise)
၂။ မြန်မာအင်ပီးရီးရယ်ဂျိတ်ကုမ္ပဏီလီမိတက်  (Myanmar Imperial Jade Co.,Ltd.)
၃။ မြန်မာရာဘာဝုဒ်ကုမ္ပဏီလီမိတက်            (Myanmar Rubber Wood Co., Ltd.)
၎။ မြန်မာနာနတ်ရည်ထုတ်လုပ်ရေးလုပ်ငန်း
၅။ မြဝတီရေခဲစက်လုပ်ငန်း
၆။ မြဝတီသောက်ရေသန့် လုပ်ငန်း   (Myawaddy Purified Drinking Water)
၇။ ဆင်မင်း(၁/၂)ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း(ကျောက်ဆည်)         (Sinmin Cement Production)
၈။ အပ်ချုပ်လုပ်ငန်း
၉။ ရွှေပင်လယ်မွေးမြူရေးနှင့်ရေလုပ်ငန်းကုမ္ပဏီလီမိတက်         (Shwe Pin Lel)
(ခ) ကုန်သွယ်မှုလုပ်ငန်းများ(၁)မျိုး   (Trading)
၁။ မြဝတီထရေးဒင်းလီမိတက်         (Myawadding Trading Limited.)
(ဂ) ဝန်ဆောင်မှုလုပ်ငန်းများ (၆)မျိုး   (Service)
၁။ မြဝတီဘဏ်လီမိတက်   (Myawaddy Bank)
၂။ ဗန္ဓုလသယ်ယူပို့ ဆောင်ရေးကုမ္ပဏီလီမိတက်        (Bandoola Transportation Co., Ltd.)
၃။ မြဝတီခရီးသွားလုပ်ငန်း (Myawaddy Travel and Tour)
၎။ နဝဒေးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလီမိတက်        (Nawaddy Hotel & Tourism)
၅။ မြဝတီစိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီလီမိတက်
၆။ မြန်မာ့အားဆောက်လုပ်ရေးလုပ်ငန်း         (Myanma Arr Construction)
ဆင့်ပွားထောက်မ ပါဝင်ပူးပေါင်းမှု ပြုသော ဖက်စပ်လုပ်ငန်းများ (၂၁)မျိုး    (Joint Venture)
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၁၄)မျိုး     (Production)
၁။ မြန်မာဆေးဂဲလ် အင်တာနေရှင်နယ်လီမိတက်         (Myanmar Segye Int. Limited.)
၂။ မြန်မာဒေဝူး အင်တာနေရှင်နယ်လီမိတက်  (Myanmar Daewoo Int. Limited.)
၃။ မြန်မာယူနီမစ် အင်တာနေရှင်နယ်လီမိတက်           (Myanmar Unimix Int. Limited.)
၎။ ရော့သ်မင်အော့ဖ်ပေါလ်ဖေါလ်မြန်မာ ပရိုက်ဗိတ်လီမိတက်      (Paul Maul Myanmar Private Limited.)
၅။ မြန်မာဘရူဝါရီ လီမိတက်           (Myanmar Brewery Limited.)
၆။ မြန်မာပေါ်စကိုစတီးလ် ကုမ္ပဏီလီမိတက်   (Myanmar Posco Steel Co., Ltd.)
၇။ မြန်မာနိုဗိုစတီးလ် ကုမ္ပဏီလီမိတက်         (Myanmar Novo Steel Co., Ltd.)
၈။ ဘာဂျာပိန့် မင့်နုဖက်ချားရင်း ကုမ္ပဏီလီမိတက်
၉။ သည်ဖက်စ်အော်တိုမိုးတစ် ကုမ္ပဏီလီမိတက်         (The Fast Automotive Co., Ltd.)
၁ဝ။ အမ်ဂျီယူဘီ ကုမ္ပဏီလီမိတက်   (MGUB Co., Ltd.)
၁၁။ မြန်မာနိုဗို ကုမ္ပဏီလီမိတက်      (Myanmar Novo Co., Ltd.)
၁၂။ ရတနာကုဋေကုဋာ ကုမ္ပဏီလီမိတက်
၁၃။ မြန်မာဂျိတ်အင်တာနေရှယ် လီမိတက်     (Myanmar Jade Int. Limited.)
၁၄။ မြန်မာဆီးမင့် ကုမ္ပဏီလီမိတက် (Myanmar Cement Co., Ltd.)
ခ။ ကုန်သွယ်မှုလုပ်ငန်းများ (၃)မျိုး    (Trading)
၁။ မြန်မာ့ရှေ့ ဆောင်ထောက်ပံ့ရေး လီမိတက်
၂။ မြန်မာဖဲယားပရိုက် ပရိုက်ဗိတ်လီမိတက်    (Myanmar Fair Price Private Limited.)
၃။ ဘန့်ဟော့ဟင်မြန်မာ လီမိတက်
 
ဂ။ ဝန်ဆောင်မှုလုပ်ငန်းများ (၄)မျိုး   (Service)
၁။ စီးမင်း(စ်)လီမိတက်မြန်မာ          (Siemens Limited Myanmar)
၂။ မြန်မာလင်း(ဒ်)အင်(န်)ဒဲဗဲလော့မင့် လီမိတက်         (Myanmar Land and Development Limited)
၃။ နေရှင်နယ်ဒီဗဲလုပ်မင့် ကော်ပိုရေးရှင်း        (National Development Corporation.)
၎။ ဟံသာဝတီဂေါက်ကွင်းနှင့်မြို့ တော်ကလပ်အသင်း လီမိတက်  (Hanthawaddy Golf Club and City Golf Club Limited.)
ရာနှုန်းပြည့် တိုင်းရင်းသား၊ နိုင်ငံခြားသား၊ ရင်းနှီးမြှုပ်နှံမှုပြုသော လုပ်ငန်းများ (၁၁)မျိုး
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၈)မျိုး       (Manufacturing)
၁။ မာကျူရီရေးမင်နှူဖက်ချာရင်းကုမ္ပဏီလီမိတက်       (Mercury Ray Manufacturing Co., Ltd.)
၂။ ပန်ကာကြိုးထုတ်လုပ်ရေးလုပ်ငန်း
၃။ မြန်မာဟွာဖူးအင်တာနေရှင်နယ် လီမိတက်
၎။ မြန်မာထရိုင်းယင့်အင်တာနေရှင်နယ် လီမိတက်
၅။ မြန်မာမာမီးဒါဘယ်ဒက်ကာ လီမိတက်
၆။ မြန်မာဆမ်ဂေါင်းအင်ဒက်စရီရယ် လီမိတက်
၇။ မြန်မာတိုကီဝါ ကော်ပိုရေးရှင်း     (Myanmar Tokiwa Corporation.)
၈။ မြန်မာကုရိုဆာဝါထရပ်(စ်) ကုမ္ပဏီလီမိတက်          (Myanmar Kurosawa Trust Co., Ltd.)
(ခ) ကုန်သွယ်မှုလုပ်ငန်းများ (၁)မျိုး  (Trading)
၁။ ဒိုင်းမွန်းဒရက်ဂွန်ကုမ္ပဏီလီမိတက်           (Diamond Dragon Co. Ltd.)
(ဂ) ဝန်ဆောင်မှုလုပ်ငန်းများ (၂)မျိုး  (Service)
၁။ မိုးကုတ်မိုတယ်လုပ်ငန်း (Mogoke Motel)
၂။ မြန်မာဟိုတယ်နှင့်ခရုဆက်စ် လီမိတက်     (Myanmar Hotel & Cruise Limited.)
ထပ်မံ တိုးချဲ့လာသော လုပ်ငန်းများ
 
၁။ အထည်ချုပ်စက်ရုံလုပ်ငန်းကို မလေးရှားမှ Comfort International Incorporate (CII) နှင့် ပူးပေါင်းလုပ်ကိုင်ခြင်း
၂။ ငပလီကမ်းခြေနှင့် ကမ်းသာယာကမ်းခြေတို့တွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကိုကမ္ဘောဇ၊ ထူးမော်၊ အေးရှားဝေါလ်၊ ဝုဒ်လန်း၊ ယုဇန၊ ထွန်းလင်းရောင်၊ ဆဲဗင်းဖိုးဆဲဗင်းကုမ္ပဏီတို့ နှင့် ပူးပေါင်း လုပ်ကိုင်ခြင်း
၃။ဆပ်ပြာစက်ရုံတည်ဆောက်ခြင်းကို မွန်ပြည်နယ်၊ပေါင်မြို့ နယ်မှာ တည်ဆောက်ခြင်း
၎။မင်္ဂလာဒုံမြို့ နယ်၊ပျဉ်းမပင်မြေများကို မြန်မာမာမီးဒါဘယ်ဒက်ကာလီမိတက်ကို ခေါက်ဆွဲခြောက်စက်ရုံလုပ်ရန် ငှားရမ်းခြင်း
၅။ ဂရက်နိုက်အလှဆင်ကျောက်ပြားစက်ရုံကို ကျိုက်ထိုမြို့ မှာတည်ဆောက်ခြင်း
၆။ သူဌေးကျွန်းဟိုတယ်နဲ့ ကာဆီနိုလုပ်ငန်းကို ထိုင်းမှ အက်ဒမန်ကလပ်လီမိတက်ဒ်နဲ့ ပူးပေါင်းလုပ်ကိုင်ခြင်း
အခြားတွေ့ရှိသော လုပ်ငန်းများ
1.	မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း
2.	မိုင်းရှူး ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း
3.	နန်းယားဒေသ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း
4.	ရွှေသတ္ထု တူးဖော်ခြင်းလုပ်ငန်း
5.	မော်ချီးဒေသ ခဲသတ္ထု တူးဖော်ခြင်းလုပ်ငန်း
6.	ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်း
7.	ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း
8.	ဂရင်းနှိပ် ကျောက်ပြားစက်ရုံ (ကျောက်ဆည်)
9.	ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ (ကျောက်ဆည်)
10.	မြန်မာပေါ်စကို စတီးလ် သွပ်ပြားစက်ရုံ (Myanmar Posco Steel Co., Ltd.)
11.	မာမီး ခေါက်ဆွဲစက်ရုံ
12.	Red Rubby စီးကရက်စက်ရုံ
13.	ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)
14.	မြန်မာဘီယာ ဖြန့်ဖြူးရေးလုပ်ငန်း
15.	လန်းပီ ပင်လယ်ရေကြောင်းခရီး ပို့ဆောင်ရေးလုပ်ငန်း
16.	ငွေပင်လယ် မွေးမြူရေးနှင့်ရေလုပ်ငန်း
17.	ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်း
18.	ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း
19.	မွေးမြူရေးလုပ်ငန်းများ (ကြက်/ငါး/ပုဇွန်)
20.	ရေလုပ်ငန်း စက်မှုရုံ ဖော်ထုတ်ခြင်းလုပ်ငန်း
21.	တနင်္သာရီတိုင်း ငှက်သိုက် ထုတ်ယူခြင်းလုပ်ငန်း
22.	ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း (ကော့သောင်း)
23.	သကြားစက်ရုံ (ဥက္ကံ)
24.	ပဒုမ္မာ ဆပ်ပြာစက်ရုံ (ပေါင်)
25.	သကြားစက်ရုံ (အင်းငါးခွ)
26.	တော်ဝင် ပလပ်စတစ် လူသုံးကုန်စက်ရုံ (ကျောက်ဆည်)
27.	ဆာလဖြူရစ် အက်စစ်စက်ရုံ (မုံရွာ)
28.	နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်း
29.	တပ်မတော်သား သက်သာချောင်ချိရေး အရောင်းဆိုင်
30.	ဒို့ယာမြေ စိုက်ပျိုးရေးလုပ်ငန်း
31.	ပြည်သာယာ စိုက်ပျိုးရေးလုပ်ငန်း
32.	Ruby Mart Supermarket
33.	Pyininbin Industrial Park (in North Yangon’s suburbs)
34.	Myanmar Five Stars Shipping
35.	Gandamar Wholesale
36.	Myanandar Purified Drinking Water
37.	Myanmar Nobel College (Ahlone, Yangon)
38.	လွယ်ဂျယ်။မောတောင် (ကျောက်မီးသွေးမိုင်း)
39.	Myin Gyan Steel Mill
40.	Ywama Insein Steel Mill
41.	Kyauk Swe Gyo(near Aung LAN) Steel Mill
42.	Maymyo Iron Mill
43.	တာရာစက်ရုံကြီး (အင်းစိန် ရွာမ)
44.	တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ (ဘားအံ)
အချက်အလက် အားလုံး မှန်ကန်ကြောင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။ မှားယွင်းနေတာ ဖြည့်စွက်စရာ ရှိခဲ့ရင် သိသူများက ထပ်မံ ပြင်ဆင် ဖြည့်စွက်စေလိုပါတယ်။ တစ်ချို့ဟာတွေက ကုမ္ပဏီတစ်ခုရဲ့ နာမည်အောက်က လုပ်ငန်းခွဲတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အသေးစိတ် အချက်အလက်တွေကို အောက်ဖော်ပြပါ Reference Links တွေမှာ ဖတ်ရှုနိုင်ပါတယ်။
(FNG)Ref:
https://www.facebook.com/laynuaye.mya/posts/406355786103552
http://dazzlepod.com/cable/09RANGOON77/
http://en.wikipedia.org/wiki/Union_of_Myanmar_Economic_Holdings
http://htaytintnl.blogspot.sg/2012/10/blog-post_21.html

၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင်ဖို့ လေ့လာရေးကော်မတီဖွဲ့မည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ မကိုက်ညီတော့တဲ့ ဥပဒေအချက်တွေ ကို ပြင်ဆင်ဖို့အတွက် ပြန်လည်လေ့လာရေးကော်မတီဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ကြပါတယ်။

အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် ပညာရှင်များပါဝင်တဲ့ ပြန်လည်လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့အတွက် စစ်ကိ...ုင်းတိုင်းဒေသကြီး၊ ဝက်လက်မဲဆန္ဒနယ် ကိုယ်စားလှယ် သူရဦးအေးမြင့်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ကန့်ကွက်သူမရှိပဲ အတည်ပြုလိုက်ကြပါတယ်။

သူရဦးအေးမြင့်က အခုလိုပြောကြားလိုက်တာပါ။

"နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြင့်မားမှုကြောင့် ခေတ်ကာလအခြေနေ အချိန်အခါနဲ့ အန်ဝင်ခွင်ကျ မဖြစ်တော့တဲ့ လိုက်လျောညီထွေ မဖြစ်တော့တဲ့ ဥပဒေအချက်အလက်များ ရှိကောင်းရှိနေမှာဖြစ်ပါတယ်၊ ဒီအချက်တွေကို အခြေနေအချိန်အခါနဲ့ အန်ဝင်ခွင်ကျဖြစ်အောင် ပြန်လည်လေ့လာသုံးသပ်ဖို့လိုပြီလို့ ယူဆမိပါတယ်၊ လေ့လာသုံးသပ်ရာမှာတော့ တစ်ဦးချင်းတစ်ဖွဲ့ချင်း လိုရာဆွဲပြီးဆောင်ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့အတွက် သင့်တော်တဲ့ ဥပဒေပညာရှင်များ၊ အသိပညာပြည့်ဝသူများ၊ အတွေ့အကြုံ ရင့်ကျက်သူများနဲ့ ကော်မတီ၊ ကော်မရှင်များ ဆောင်ရွက်ကြရပါမယ်"

ဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလ ၁၀ ရက်နေ့က ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး မေလ ၂၉ ရက်နေ့မှာ အရင်စစ်အစိုးရလက်ထက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

Sanay Minthar

မြောက်ကိုရီးယား၏ ဝါဒဖြန့်ဗီဒီယိုအသစ် (မတ်လ ၁၈ ရက်) က လွှင့်တင်

lanet Myanmar Network

အမေရိကန်အား တိုက်ခိုက်သည့်ပုံရိပ်များ ပါဝင်သော ဝါဒဖြန့်ဗီဒီယိုအသစ်ကို မြောက်ကိုရီးယားနိုင်ငံက ထပ်မံ လွှင့်တင်လိုက်သည်။

တနင်္လာနေ့ (မတ်လ ၁၈ ရက်) က လွှင့်တင်လိုက်သည့် အဆိုပါ ဝါဒဖြန့်ဗီဒီယိုအသစ်တွင် မြောက်ကိုရီးယားစစ်တပ်၏ လှုပ်ရှားမှု၊ စစ်ရေးပြအခမ်းအနား၊ အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် မြို့တော် ဝါရှင်တန်ဒီစီ တိုက်ခိုက်ခံရသည့် ပုံရိပ်များ ပါဝင်ကြောင်း သိရှိရသည်။

မြောက်ကိုရီးယားသည် ဖေဖေါ်ဝါရီလအတွင်းကလည်း အမေရိကန်မြို့ကြီးများ တိုက်ခိုက်ခံရသည့် ပုံရိပ်များပါဝင်သည့် ဝါဒဖြန့်ဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ခဲ့သည်။

ဖေဖေါ်ဝါရီလအတွင်းက လွှင့်တင်ခဲ့သည့် မြောက်ကိုရီးယား၏ ဝါဒဖြန့်ဗီဒီယို -

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်အား ခြိမ်းခြောက်ထားသည့် ဝါဒဖြန့်ဗီဒီယိုကို အင်တာနက်မှတစ်ဆင့် လွှင့်တင်ခဲ့သည်။ ထိုဗီဒီယိုတွင် တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်မြို့ကြီးများ မီးလောင်ကျွမ်းပျက်စီးနေပုံများကို ထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် မြောက်ကိုရီးယားသည် တတိယမြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန် စီစဉ်နေပြီဖြစ်ပြီး နျူကလီးယားစမ်းသပ်မှုထက် ပိုမိုသော ဆောင်ရွက်မှုကိုလည်း ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။
မြောက်ကိုရီးယား၏ ဝါဒဖြန့်ဗီဒီယိုထွက်ပေါ်လာမှုနှင့် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ရန် စီစဉ်နေသည့် သတင်းအား CNN က ထုတ်လွှင့်သည်။
Video: CNN

အသိမ်းဆည်းခံ လယ်ယာမြေများအတွက် သဘောတူစာချုပ်ချုပ်နိုင်ပြီ

Su Su Nway
ယနေ့(၁၉၊၃၊၂၀၁၃)နေ့။ အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းခဲ့သောလယ်မြေများကို အောင်ဇေယျအိမ်ယာစီမံကိန်းအဖြစ် အကောင်ထည်ဖော်နေသော လုပ်ငန်းရှင်မိသားစုထံမှ နစ်နာကြေးရရှိရန်အတွက် အောင်ဇေယျအိမ်ယာစီမံကိန်းရုံးခန်းတွင် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံညှိနှိုင်းပွဲသို့ လုပ်ငန်းရှင်မိသားစုများ၊ လယ်မြေအသိမ်းဆည်းခံ တောင်သူလယ်သမားများ၊ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ နံနက်(၉း၀၀)နာရီမှ စတင်ညှိနှိုင်းရာတွင် နေ့လည်(၂း၀၀)နာရီကျော်တွင် သဘောတူညှိနှိုင်းမှုရရှိပြီး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါသည်။ အဆိုပါ သဘောတူညှိနှိုင်းမှုအရ အောင်ဇေယျအိမ်ယာစီမံကိန်းအဖြစ် အကောင်ထည်ဖော်နေသော လုပ်ငန်းရှင်မိသားစုမှ ကာလတစ်ခုအတွင်း တစ်ဧကလျှင် ကျပ်သိန်း(၄၀)နှုန်းဖြင့် တောင်သူလယ်သမားများကို နစ်နာကြေးပေးရမည်ဖြစ်သည်။

့ ခွတ်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ လူမျိုးဘာသာ မခွဲခြားပါဘူး (မင်းကိုနိုင်)

https://www.facebook.com/photo.php?v=350096578429755&set=vb.100002882466666&type=2&theater

ကြံဖွတ်ဥက္ကဌဦးရွှေမန်းပါ

April Maung Maung's photo.
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတာဝန် သူရဦးရွှေမန်းကို လွှဲပြီ

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ လုပ်ငန်းတာဝန်များအား လက်ရှိပါတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက အပြည့်အဝ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ပါတီဗဟို အတွင်းရေးမှူးက ထုတ်ဖော်ပြောကြားလိုက်သည်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရော ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းနဲ့အညီပဲ သမ္မတကြီးက ဥက္ကဋ္ဌတာဝန် ရယူခြင်း၊ ဆောင်ရွက်ခြင်း မပြုတော့ကြောင်း အတိအလင်း ပြောကြားနိုင်ပါတယ်” ဟု ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက “ဖွဲ့စည်းပုံအခြေခံ ဥပဒေစည်းမျဉ်းမှာတော့ နိုင်ငံတော်ရဲ့ တာဝန်၊ ပြည်ထောင်စုအဆင့် တာဝန်တွေယူရင် ပါတီတာဝန်တွေ ထမ်းဆောင်လို့မရလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် သမ္မတကြီးက ပါတီတာဝန် ထမ်းဆောင်လို့ မရပါဘူး။ နှုတ်ထွက်မယ်။ မထွက်ဘူးဆိုတာ သူ့ရဲ့ဆန္ဒ၊ ဗဟိုအလုပ်အမှုဆောင်ရဲ့ ဆန္ဒပါ။ ပြည်ထောင်စုအဆင့် တာဝန်ယူရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ပါတီတာဝန် ထမ်းဆောင်မရလို့ပဲ ပါပါတယ်။ ထွက်ပါလို့တော့ မပါဘူး” ဟု ပြောကြားခဲ့သည်။ ဦးရဲထွန်းက “ပါတီခေါင်းဆောင် အနေနဲ့ဆိုရင် လုပ်ပိုင်ခွင့် ပိုရလာမှာပါ။ လွှတ်တော် ကိုယ်စားလှယ်တွေကို ပါတီတွင်းမှာပဲ တရားဝင် စည်းရုံးလို့ ရလာမယ်။ သူ့ရဲ့ သြဇာနဲ့ လုပ်ပိုင်ခွင့် ပိုရှိလာမှာပေါ့” ဟု ယင်းက သူ၏အမြင်ကို ရှင်းပြသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၆၄) တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများသည် ရွေးချယ်တင်မြှောက် ခံရသည့်နေ့မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ပါရှိကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

myanmar new

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးအားဆန္ဒပြရန် လျှောက်ထားချက်အား ငြင်းပယ်

ဟာဂျူလီ ကသာ
“စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးအား ထုတ်ပယ်အရေးယူပေးရေး နေပြည်တော်တွင်ဆန္ဒပြတောင်းဆိုမှုပြုလုပ်ရန် လျှောက်ထားချက်အား ဇမ္ဗူသီရိ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ငြင်းပယ်”

လက်ပံတောင်းတောင်နှင့် မဟာဗျူဟာ အပျော့/အမာ..

by ငရဲ သား (Notes) on Tuesday, March 19, 2013 at 4:12am
ဟိုတနေ့က လက်ပံတောင်းတောင် အစီရင်ခံစာနဲ့ ပတ်သက်ပြီး note တစ်ခု တင်ထားပါတယ်..။ နောက်ပိုင်းမှာ အစီရင်ခံစာကို သုံးသပ်သူတွေက ပတ်ဝန်းကျင်ကိစ္စ၊ မီးခိုးဗုံးကိစ္စမှာ အစီရင်ခံဖော်ပြချက် အားနည်းတာကို ထောက်ပြကြပါတယ်..။
ဒါပေမယ့် တချို့က ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းပြီး ပတ်ဝန်းကျင်ထိမ်းသိမ်းမှုနဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုမယ့် အခြားကုမဏီတွေနဲ့ လုပ်လို့မရဘူးလားလို့ ဝေဖန်လာကြပါတယ်..။ မြန်မာပြည်မှာ နိုင်ငံရေးသြဇာရှိသူတွေ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေအပါအ၀င် ဒီအချက်ကို ထောက်ပြကြပါတယ်။

အဲဒီဝေဖန်ချက်တွေကို ပြန်လည်လေ့လာမိတဲ့အတွက် ဒီ ပို့စ်ကို ရေးပါတယ်...။

ပထမဆုံးအနေနဲ့ ဒီစီမံကိန်းကို ၀မ်ပေါင် အနေနဲ့ ရပ်ဆိုင်းခဲ့ရင် ....
အစိုးရအနေနဲ့  ဘာတွေမှာ ကျွံထားသလဲ...။
အခုလို လက်လှုပ်မရ  ... ခြေလှုပ်မရ အခြေအနေကို ဘယ်လို တဖြေးဖြေးချင်း ဆွဲထုတ်ပေးနေသလဲ....
ဆိုတာတွေကို .... မဟာဗျူဟာနဲ့ ယှဉ်ပြီး ပြန်လေ့လာမိပါတယ်..။

တရုတ်-မြန်မာ စီးပွားရေးနှင့် မဟာဗျူဟာ..။

အဲဒီနေရာမှာ ရှင်းပြလိုတာက တရုတ်နိုင်ငံရဲ့ ကုမဏီတွေဟာ စင်းလုံးချော ပုဂလိက တွေ မဟုတ်ဘူးဆိုတာကို အားလုံး သိထားဖို့လိုပါတယ်..။ တရုတ် ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ရပ်တည်ဖွဲ့စည်းခဲ့တာတွေ များပါတယ်..။ ယနေ့အထိလည်း ဘယ် နာမည်ကြီးကုမဏီမှ တရုတ်အစိုးရနဲ့ မကင်းပါဘူး..။ နည်းအားဖြင့် မဟာဗျူဟာနဲ့ ပေါ်လစီကို ဖော်ဆောင်တဲ့နေရာမှာ တဖက်တလမ်း ပါဝင်နေသူတွေပါ..။
အခု လက်ပံတောင်းကြေးနီသတ္တုတွင်းကိစ္စမှာ ဦးပိုင်နဲ့ တိုက်ရိုက်တွဲလုပ်တဲ့ မြန်မာယန်စီ၊ မြန်မာယန်စီ နောက်က ၀မ်ပေါင်၊ ၀မ်ပေါင်နောက်က Norinco, ဆိုတဲ့ ကမ္ဘာ့ ထိပ်တန်းအဆင့် စစ်လက်နက်ကုမဏီပါ..။ အဲဒီ Norinco ဟာ တရုတ်ကွန်မြူနစ်ပါတီကို သစ္စာခံကုမဏီ ဆိုတာ ကျွန်တော် ပြောခဲ့ပြီးသားပါ..။
ပြည်ပ သုတေသီတွေရဲ့ အဆိုအရ မြန်မာပြည်အပေါ် ထားရှိတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၇) ချက် ထားရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ -

၁။ တရုတ်ပြည် အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
၂။ UWSA နဲ့ တရုတ်နယ်စပ် တိုင်းရင်းသား အပစ်ရပ်များ အပါအ၀င် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
၃။ တရုတ်ပြည်ရဲ့ လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
၎။ တရုတ် - မြန်မာအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စီးပွားရေး လုပ်ကိုင်သည့် တရုတ်လူမျိုးများ၏ လုံခြုံရေး။
၅။ အိန္ဒိယနိုင်ငံ အနေနဲ့ အင်အားကြီးပြီး ခေါင်းထောင်ထလာမှာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရေး။
၆။ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရေး။
၇။ တရုတ်ပြည်ရဲ့ အနောက်ဘက် တံခါးဝတွင် အမေရိကန်နိုင်ငံရဲ့ ကိုလိုနီနယ်ချဲ့ လက်သစ် အင်ပါယာ မချဲ့ထွင်လာနိုင်ရေးအတွက် ကြားခံဇုန်အဖြစ် ထားရှိရေး။

အဲဒီအချက်တွေဟာ မြန်မာနိုင်ငံနဲ့ တရုတ်ပြည်ရဲ့ စီးပွားရေးဆိုင်ရာပတ်သက်မှုနောက်ကွယ်က တရုတ်ရဲ့ မဟာဗျူဟာ တစိတ်တပိုင်း ဖြစ်ပါတယ်...။

၁ အချက်အရ အိန္ဒိယ ကူမင်း လမ်းကို မြန်မာပြည်ဖြတ်ပြီး ဖောက်လုပ်နေပါပြိ..။
၂ အချက်အရ UWSA ကို ကြားခံထားပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို ကစားနိုင်ပါပြီ..။
၃ အချက်အရ လောင်စာစွမ်းအင်စိတ်ချ ဖူလုံစေရန်အတွက် ကုန်ကျစရိတ်ကြီးမားပြီး အမေရိကန် ထိန်းချုပ်နိုင်တဲ့
   မလက္ကာရေလက်ကြားကို လောင်စာပို့လမ်းကြောင်းအဖြစ် အသုံးမပြုတော့ပဲ
   မြန်မာနိုင်ငံ၊ ရခိုင် ကျောက်ဖြူနဲ့ ကူမင်းကို တိုက်ရိုက် ပိုက်လိုင်းတွေ ဖောက်၊ ရထားလမ်း၊ ကားလမ်းဖောက်ပြီး. ..။ သွားနေတဲ့ ကျောက်ဖြူကူမင်း ပိုက်လိုင်းများ..။
၎ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့အတွက် မြန်မာနိုင်ငံမှာ သယံဇာတ တူးဖော်ရေးများအပါအ၀င် ရင်းနှီးမြုပ်နှံမှုများ
   အကြီးအကျယ်ပြုလုပ်ခဲ့ကြခြင်း..။
၅ အိန္ဒိယအနေနဲ့ အင်အားမကြီးလာရန် မြန်မာနိုင်ငံအား ကြားခံကာ ကိုယ့်လက်ကိုယ့်ခြေ ဖန်တီးထားခြင်း..။  
   (ဥပမာ ကျောက်ဖြူကူမင်း ကား/ရထားလမ်း သည် အိန္ဒိယအတွက် မဟာဗျူဟာလမ်းကြောင်းဖြစ်လာမည်)
၆ ယခုထက်ထိ ဆက်ဆံနေပါသည်..။ တချို့ဗိုလ်ချုပ်တွေ နှစ်ကူးမှာ တရုတ်သံရုံးတွင် အန်ပေါင်းတွေ တောင်းကြသည်..။
၇ ထိုအချက်ကတော့ ရှင်းပြစရာမလိုပြီ...။

ကျောက်ဖြူ-ကူမင်း (ရွှေ) သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း
၁၉၉၇ ခုနှစ်ကစပြီးအနောက်နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု
အကူအညီတွေ ရရေးဟာ မြန်မာနိုင်ငံရဲ့နိုင်ငံခြားအကူအညီတွေမှာ အကြီးဆုံးရေသောက်မြစ် ဖြစ်လာပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တခြားနိုင်ငံတွေထောက်ပံ့သလိုဘဲ ဗဟိုအစိုးရက ထောက်ပံ့တဲ့ပုံစံ၊ ဗဟိုဘဏ်မှတဆင့်
အတိုးမဲ့ချေးငွေပုံစံ၊ အထူးလျှော့ပေးတဲ့အတိုးနှုန်းချေးငွေပုံစံ၊ ကြွေးမြီလျှော့ပေါ့တဲ့ပုံစံ၊ ကုမ္ပဏီများကတဆင့်
ချေးငွေတွေနဲ့ ပုံသဏ္ဍန်အမျိုးမျိုးကူညီထောက်ပံ့နေပါတယ်။ တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုက
စိတ်ရင်းစေတနာကောင်းဟန်ပြသော်လဲ နောက်ကွယ်တွင်သြဇာလွှမ်းမိုးမှု အကြံအစည် ရှိနေပါတယ်။ မြန်မာနိုင်ငံအပေါ်
တရုတ်နိုင်ငံကျင့်သုံးနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမူဝါဒကတော့ အမျိုးသားအကျိုးစီးပွားအပေါ်မှာဘဲ အခြေပြုထားကြောင်း
ရှင်းလင်းလှပါတယ်။ မြန်မာပြည်ကသဘာဝသယံဇာတ အရင်းအမြစ်တွေ ရဖို့အတွက် မြန်မာစစ် အစိုးရကို နိုင်ငံရေး၊
စစ်ရေး၊ စီးပွားရေး၊ငွေကြေးအထောက်အကူတွေ အများကြီးပေးအပ်ခဲ့ပါတယ်။ မြန်မာ့စွမ်းအင်ကဏ္ဍမှာ
အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီးရင်းနှီးမြူပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့
ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ ရှိပါတယ်..။ အဲဒီထဲမှာ တရုတ်က အများဆုံးပါ..။ ဒါဟာ တရားဝင်ရင်းနှီးမြုပ်နှံမှု စာရင်းဇယားပါ..။ မြန်မာနိုင်ငံသား အမည်ခံပြီး ပြည်တွင်းကုမဏီအနေနဲ့ ရင်းနှီးမြုပ်နှံထားတာတွေလည်း အများကြီးပါပဲ..။

လွှမ်းမိုးမှု နှင့် ကျွံဝင်ခြင်း
တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံ၊ infrastructure ပေါင်းစုံမှာ ရင်းနှီးမြုပ်နှံထားပါတယ်..။ ရွှေတွင်းက စပြီး ရေထဲက ငါး အထိ ပါဝင်ပါတယ်..။
ရေအားလျှပ်စစ် စပြီး အင်ကျင်းကျောက် အထိ တရုတ်ပြည်ကို ပို့ပါတယ်..။ သာမန် အစိုးရနဲ့ မဟုတ်တဲ့ ဒေသန္တရ ဈေးကွက်တွေကို ကြည့်ရင်လည်း မြန်မာ့ကျောက်စိမ်းဈေးကွက်ကို တရုတ်က လုံးဝ လွှမ်းမိုးထားပါတယ်..။

မြစ်ဆုံကို ရပ်ဆိုင်းအပြီးမှာ နေပြည်တော် နှစ်လည် ကျောက်မျက် ပြပွဲဈေးကွက် ပျက်သွားတာကို သတိရကြမယ်ထင်ပါတယ်..။ အဲဒီအတွက် အစိုးရအပါအ၀င် ကျောက်မျက်ကုန်သည်တွေ ဒေါ်လာ သန်း ရာချီ နစ်နာသွားတာ သက်သေပါပဲ...။ ဒါ တစ်ကွက်ပဲ ပြသွားတာပါ..။
အရင်တုန်းက တရုတ်အစိုးရက ပေါ်လစီအရ ကုန်သည်တွေကို မြန်မာ့ကျောက်စိမ်း တွေဝယ်ဖို့ တစ်နှစ်ကို ၄ ကျပ်တိုးနဲ့ ငွေချေးပါတယ်..။ အဲဒီငွေနဲ့ တရုတ်ကုန်သည်တွေ ပြည်တွင်းလာပြီး ဈေးကစားကြပါတယ်၊ အရောင်အ၀ယ်လုပ်ကြပါတယ်..။ မြစ်ဆုံအပြီးမှာ ဒီငွေကို မချေးတော့ပါဘူး..။ နောက်ပြီး တရုတ်ပြည်ကို မြန်မာပြည်က သွင်းတဲ့ ရတနာတွေကို အခွန် တိုးမြှင့်ကောက်ခဲ့ပါတယ်..။ အဲဒီတော့ တရုတ်ကုန်သည်က လာမ၀ယ်နိုင်ပါဘူး..။ လာမ၀ယ်တော့ ကျွန်တော်တို့ဆီက ကျောက်စိမ်းတွေ ငုတ်တုတ်မေ့ကုန်ပါတယ်..။
 ကျောက်စိမ်း ကျောက်မျက်ဈေးကွက် ယနေ့အထိ နာလံမထူတော့ပါဘူး..။
ဒါ ... ဥပမာ တစ်ခုပါ...။

အိမ်ခြံမြေဈေးကွက်လည်း ဒီအတိုင်းပါပဲ..။ တရုတ်ပြည်က ဘဏ်တွေမှာ တစ်နှစ်ကို အတိုးအနည်းငယ်နဲ့ ချေးလာသူ ငွေလုံးငွေရင်းသမားတွေက မန္တလေး၊ ရန်ကုန်အထိ လာပြီး အိမ်ခြံမြေ ဈေးကစားကြတယ်..။ ငွေတိုးချေးစားကြတယ်..။ ၄င်းတို့နဲ့ မကင်းတဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးပါပဲ..။ အဲဒီတော့က တရုတ်ဘက်က သူတို့ကို မချေးတော့ရင် ဒီဘက်မှာ ငွေကြေးပြဿနာတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်..။
ဒါလည်း ဥပမာ တစ်ခုပါပဲ..။

အဲဒီအချက်တွေဟာ စတော့ရှယ်ယာတွေ၊ အများပိုင် ကုမဏီတွေ ပေါ်ပေါက်များပြားလာတဲ့ခေတ်ကျရင် မြန်မာ့စီးပွားရေးကို ဇောက်ထိုးဆင်းသွားအောင် ကိုင်လှုပ်နိုင်တဲ့ key တွေပါပဲ...။

အစိုးရနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်တဲ့နေရာမှာလည်း ကြားပွဲစားတွေက တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ၀င်တာတွေရှိပါတယ်..။ အစိုးရချင်း တိုက်ရိုက် ရင်းနှီးမြုပ်နှံတာတွေရှိပါတယ်..။ အပေးအယူတွေလည်းရှိပါတယ်...။
အရင်တုန်းက ဗီတိုအာဏာသုံးပေးတဲ့အတွက် စီမံကိန်းတွေ ပေးလိုက်ရတာတွေ ရှိသလို အကြွေးလိုချင်လို့ ပေးလိုက်ရတာတွေလည်းရှိပါတယ်..။ ယခင် စစ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှုအားနည်းခြင်းပါပဲ..။
 ဆက်သွယ်ရေးကဏ္ဍ မှာလည်း ခင်ဗျားတို့ သိကြတဲ့ အတိုင်းပါပဲ..။ နည်းပညာပိုင်းကို အကုန်လုံး တရုတ်ကုမဏီတွေပဲ ရင်းနှီးမြုပ်နှံထားပြီး ဖုန်းတစ်လုံးကို ဆယ့်ငါးသိန်းကနေ ယနေ့ခေတ် နှစ်သိန်းကျော်အထိ ဌာနဆိုင်ရာနဲ့ပေါင်းပြီး ဈေးတင်ရောင်းချနေခဲ့တာ နှစ်ပေါင်း အများကြီးပါပဲ..။
ခုထက်ထိလည်း သူတို့ကို ကျော်ပြီး မလုပ်နိုင်ကြသေးပါဘူး..။ လက်ရှိအချိနမှာလည်း တရုတ်ကုမဏီကဦးဆောင်ပြီး မြန်မာနိုင်ငံအတွက် ပင်လယ်ရေအောက် ဆက်ကြောင်းအသစ်ကို အကောင်အထည်ဖော်နေတုန်းပါ..။

လျှပ်စစ်ပိုင်းဆိုင်ရာမှာလည်း ဒီအတိုင်းပါပဲ.. ရေအားလျှပ်စစ် စက်ရုံတွေကို နှစ်ရှည်စီမံကိန်း (နှစ် ခြောက်ဆယ်စာချုပ်) နဲ့ တရုတ်ကို ရင်းနှီးမြုပ်နှံလုပ်ကိုင်စေပြီး တရုတ်ဘက်ခြမ်းကို မီးပေးနေခဲ့တာပါ...။ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးတောင် မြန်မာ့မြေပေါ်က ဓါတ်အားပေးစက်ရုံက တရုတ်ကိုပို့တဲ့ လျှပ်စစ်မီးကို  တစ်ယူနစ်ကို ၂၅ ကျပ်နဲ့  တရုတ်ဆီက မိမိ နိုင်ငံအတွက် ပြန်ဝယ်ယူပြီး လျှပ်စစ်မီး ဖြန့်ဖြူးခဲ့ရတယ်လို့ .. လွှတ်တော်မှာ ၀န်ခံခဲ့ဖူးပါတယ်...။

အဲဒီလို ဖြစ်စဉ်တွေဟာ .... အနောက်အုပ်စုက စီးပွားရေးပိတ်ဆို့တာကြောင့်ထက်  ကိုယ့်သယံဇာတ ကိုယ် မစီမံနိုင်လို့ ဘ၀ပျက်တဲ့ ...... ကုဋေရှစ်ဆယ် သူဌေးသား ပုံပြင်နဲ့ ပိုတူပါတယ်...။

အခု Digital မီတာတွေ တပ်ပါတော့မယ်...။ မီတာတွက်ချက်မှုတွေ မြန်လာပါလိမ့်မယ်..။ အဲဒီမီတာကို .. တရုတ်ကုမဏီက သွင်းတာပါပဲ..။

သယံဇာတပေါင်းစုံတူးဖော်ရေးကဏ္ဍတွေမှာ ..  ... သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းတွေ အားလုံးမှာလည်း မြန်မာအစိုးရဟာ .. ကျွံခဲ့ပါပြီ....။ ကျွံခဲ့တာမှ အဲဒီကဏ္ဍတွေမှာ နှစ်အနည်းငယ်အတွင်း အခြားနိုင်ငံက နောက်ထပ်ရင်းနှီးမြုပ်နှံသူတွေ လာရောက်ဖို့ နေရာ မရှိတဲ့အထိ နှစ်ရှည်စာချုပ်များနဲ့ ကျွံခဲ့ခြင်းပါ..။ နှစ်သုံးဆယ်၊ နှစ်ခြောက်ဆယ်... ပေါ့..။

တရုတ် စွမ်းအင်လိုအပ်ချက် ပေါ်လစီအရ ကျောက်ဖြူနဲ့ ကူမင်းကြားမှာ မြန်မာ့မြေပုံကို ကန့်လန့်ဖြတ်ပေးလိုက်ရတယ်...။ မြစ်ဆုံအစား ချီဗွေငယ်နဲ့ အခြားရေအားလျှပ်စစ်စီမံကိန်းတွေကို ရပိုင်ခွင့်ရာနှုန်းအနည်းငယ်နဲ့ တည်ဆောက်ပေးလိုက်ရတယ်..။ အခြား နီကယ်၊ ကြေးနီ၊ ရွှေ၊ ငွေ၊ ခဲမဖြူ၊ အဖြိုက်နက် သစ် အပါအ၀င် သယံဇာတ တူးဖော်ရေး စီမံကိန်းတိုင်းက နှစ်ရှည်တွေချည်းပဲ..။

အခု မြစ်ဆုံကို ရပ်ဆိုင်းတယ်ထား ..ဒေါ်လာ အနည်းဆုံး သန်းနှစ်ထောင် လျော် ရမယ်..။ နိုင်ငံခြားကြွေးမြီ တင်မယ်..။ အဲဒီလို စီမံကိန်းတွေ အများကြီး..။ မြစ်ဆုံရပ်ဆိုင်းချိန်မှာ တရုတ် အစိုးရက တိုက်ရိုက် အသံထွက်ခဲ့တာကို ကြည့်ရင် ဒီစီမံကိန်းတွေ လုပ်ကိုင်နေတဲ့ ကုမဏီတွေဟာ အစိုးရထိန်းချုပ်မှုအောက်မှ ရှိသလား မရှိသလား...။ သက်သေပါပဲ..။

ယခင် အစိုးရလက်ထက် ပွင့်လင်းမြင်သာမှုမရှိတဲ့အချိန်က အကောင်အထည်ဖော်ခဲ့တဲ့  တရုတ်ကုမဏီတွေရဲ့ စီမံကိန်းတိုင်းဟာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်တာတွေချည်းပါပဲ..။ ပြဿနာတွေလည်း အများကြီးပါပဲ..။
၎င်းတို့ကို စာချုပ်ဖျက်စေဖို့အတွက် ၄င်းတို့ဖက်က အားနည်းချက်ကို ရှာဘောင်ထဲကမှ ရပါလိမ့်မယ်...။ အဲဒီမှာ ပြဿနာတစ်ခု ရှိတာက တချို့ရင်းနှီးမြုပ်နှံမှုတွေက (မြစ်ဆုံလို) ပွဲစားတွေနဲ့ လုပ်ထားတာပါ..။ အဲဒီတော့ ပွဲစားမျက်နှာ ကြည့်ရပြန်ရော...။ အဲဒီလို အထုပ်အရှုပ်တွေ အများကြီး..။ မြစ်ဆုံကို ရပ်လိုက်ရလို့ ပွဲစား Asia World ထွန်းမြင့်နိုင်ကို ဘာအခွင့်အရေးတွေ ပေးလိုက်ရသလဲဆိုတာ ကာယကံရှင်တွေပဲ သိမှာပါ..။

မုံရွာ ကြေးနီစီမံကိန်းများအပါအ၀င် စီမံကိန်းပူးပေါင်းဆောင်ရွက်မှုများ ၀မ်ကျားပေါင်နှင့် ဦးသိန်းစိန်ရှေ့တွင် လက်မှတ်ထိုးနေစဥင်္ အဲဒီလိုမျိုးပါပဲ..။ လက်ပံတောင်းတောင်ဟာလည်း ၀မ်ကျားပေါင်နဲ့ ချုပ်ထားတဲ့ စာချုပ်ပေါင်း ၁၅ ခုထဲက တစ်ခုပါပဲ..။ ယခင် အိုင်ဗင်ဟိုဆီက ဦးပိုင်နာမည်သုံးပြီး ၀မ်ပေါင်က ငွေသွင်းတယ်ပြောပေမယ့် တကယ် အဲဒီစီမံကိန်းတွေကို စာချုပ်ချုပ်ခဲ့တာက ဦးသိန်းစိန်နဲ့ ၀မ်ကျားပေါင်ရှေ့မှာ ချုပ်ခဲ့တာပါ..။ အဲဒီ ငွေကြေး အပြောင်းအရွှေ့ဖြစ်သွားတဲ့ အချက်ကို တွေ့လို့  လွှတ်တော်မှာ ထ ပြောတဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်တောင်မှ ပြုတ်သွားခဲ့တာ .. အားလုံးအသိပါပဲ..။

ဒီတော့ ဒီတစ်ခုကို ၀မ်ပေါင်နဲ့ ဦးပိုင်/ ၀မ်ပေါင်နဲ့ အစိုးရ တိုက်ရိုက်ချုပ်တယ်ဆိုရင် ဖျက်ပစ်ရတာ လွယ်လွယ်လေးပဲ...။ အခုဟာက ကျန်တဲ့ သဘောတူညီချက်တွေလည်း ရှိပါသေးတယ်..။ ယူထားတာတွေ၊ မျိုထားတာတွေ၊ မထွေးနိုင် မအန်နိုင် ဖြစ်နေတာတွေအများကြီး..။ တပ်မတော်ဘက်ကလည်း ဒီအတိုင်းပါပဲ..။ အဲဒီအတွက် တပ်မတော်ကဘာရခဲ့သလဲ..။ အဲဒီတုန်းက တာဝန်ရှိသူတွေ ဦးတင်အေးတို့ ဗိုလ်ချုပ်ခင်ဇော်ဦးတို့ အသိဆုံးပါ..။ ဒါတွေအားလုံးကို ပြည်သူကို ချပြဖို့ မလွယ်ပါဘူး..။ သိကြရင်လည်း ဒေါသထွက်တာကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး..။
ဘယ်နိုင်ငံကမှလည်း လက်ရှိအခြေအနေမှာ မကယ်နိုင်ကြသေးဘူးလို့ ရဲရဲကြီး ပြောချင်ပါတယ်....။

ဒီစီမံကိန်းအတွက် .. အကျိုးအမြတ် ဘယ်လောက်ရာနှုန်းကို တပ်မတော်က ရတယ်ဆိုတာလည်း NLD ကတင်တဲ့ လက်ပံတောင်းတောင်အရေး အဆိုမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင် ပြန်လည်ရှင်းပြသွားတာကိုလည်း ကြားမိပါတယ်..။

သေချာတာက ၀မ်ပေါင် မိခင် ကုမဏီ ဖြစ်တဲ့ Norinco က ထုတ်လုပ်တဲ့  MBT 2000 တင့်ကားတွေနဲ့ ကေအိုင်အေ တိုက်ပွဲတွေမှာ အစွမ်းပြခဲ့တဲ့ K8 အမောင်းသင်လေယာဉ်တွေဟာ တရုတ်နိုင်ငံထုတ်တွေဖြစ်ပြီး ၀မ်ကျားပေါင် လာပြီးမှ တပ်မတော်က ရလာခဲ့တာကို တော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး..။

မြန်မာ့လေတပ်မတော်သုံး တရုတ်လုပ် K-8 အမောင်းသင်လေယာဉ်
အဲဒီအတွက် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ၀င်ပြီး ကစားတယ် လို့ ယူဆပါတယ်..။ အဲဒီတုန်းက စာချုပ်ချုပ်ထားသူတွေ  ကျွံထားသူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့သင့်ပါတယ်..။ ၄င်းတို့ အထုပ်ရှုပ်တွေကို ရှင်းပေးလို့လေ..။

တရုတ်အစိုးရရဲ့ ကုမဏီတွေအပေါ် သြဇာညောင်းမှုကြောင့် လက်ပံတောင်းတောင် အပါအ၀င် စီမံကိန်းတချို့ရပ်သွားရင် ဖြစ်လာမယ့် အကျိုးဆက်ဟာ မြန်မာ့စီးပွားရေးအတွက် မကောင်းပါဘူး..။ စီးပွားရေးလုပ်ကြံမှုတွေ အများကြီးနဲ့ ကြုံရမှာဖြစ်ပါတယ်..။

၂၀၁၀ မှာ ၀မ်ကျားပေါင်လာတုန်းက ပြောသွားတယ်..။ တရုတ်နိုင်ငံသား စီးပွားရေးသမားတွေကို .. လုံခြုံစေချင်တယ် ... တဲ့..။

မန္တလေးကျောက်ဝိုင်းမှာ တရုတ်ကုန်သည်က ဗမာ ပွဲစားကို ၀ိုင်းထိုးတော့ ဖြစ်လာတဲ့ ပြဿနာလေး တစ်ခုရဲ့ နောက်ပိုင်းမှာ ......မန္တလေးကျောက်ဝိုင်း .. အရောင်းအ၀ယ်ဘယ်လောက် အေးသွားသလဲ.....။

ဒါ .. ပါးပါးလေးပါ..။

အဲဒီတော့က ... တရုတ်ရဲ့ စီးပွားရေး စစ်ရေး မဟာဗျူဟာ ကစားကွက်ထဲမှာ ခွက်ခွက်လန်အောင် ကျရှုံးနေတဲ့ မြန်မာအစိုးရ လုပ်လို့မရတဲ့ ကိစ္စတွေကို ပါးပါးလေးနဲ့ ဖြေပေးနိုင်ဖို့ ကိစ္စမှာ  တိုက်ရိုက်ပတ်သက်နေတဲ့ အစိုးရနဲ့လည်း မဖြစ်  ဦးပိုင်လည်း မတတ်နိုင်ပါ...။
ဘယ်သူနဲ့မှ ကြိုးစားလို့ရနိုင်မလဲ.. အားလုံး အသိပါ..။

ဒါကို .. အသုံးချ ခံရတယ်လို့ ..ပြောလို့မရပါ၊ အခိုင်းခံနေရတယ်လို့ အဓိပ္ပါယ် ဖော်မရပါ..။ ကာဗာပေးတယ်လိုလည်း နာမည်တပ်လို့ မရပါ ..။ လယ်သမားတွေ မျက်နှာ မကြည့်ဘူး လို့လဲ ခေါ်ဆိုလို့မရပါ ..။ ဒီလိုဗျူဟာမျိုးကို ဖြည်ချင်ရင် ဘောင်ထဲက ဖြည်မှပဲ ရမယ်ဆိုတာ.. activists တွေ သတိထားမိဖို့ လိုပါတယ်...။

မျက်တောင်တဆုံး ကြည့်လို့ မရပါဘူး..။ မျက်စိတဆုံး ကြည့်မှ ရပါမယ်....။

ဒါဟာ... သန်းခြောက်ဆယ်သော ပြည်သူပြည်သားတွေ မနစ်နာဖို့ အတွက် လုပ်နေတယ်လို့ မြင်ပါတယ်...။
အခုဟာက ဦးပိုင်အပြင် ...၀မ်ပေါင်ကိုပါ ..... Rule အတွင်းကနေ တရစ်ပြီး တစ်ရစ် .. ကျပ်လိုက်တာပါပဲ..။
(၀မ်ပေါင် လုပ်ထားတဲ့ စီမံကိန်းတွေ မြန်မာနိုင်ငံမှာ အများကြီး ကျန်ပါသေးသည်..။ ကျန်တာတွေလည်း လာပါဦးမည်)

မဟာဗျူဟာနဲ့ ရစ်ပတ် လာတဲ့သူကို  မဟာဗျူဟာနဲ့ပဲ ဘောင်ထဲကနေ သိမ်သိမ်မွေ့မွေ့ ပါးပါးလေး ဖြည်ရမှာပါပဲ..။ ထိပ်တိုက်တွေ့လို့မရပါ....။

ဒေါ်အောင်ဆန်းစုကြည် .. ပြောဖူးပါသည်..။

“တရုတ်ဟာ မြန်မာနဲ့ ကပ်လျက်မှာရှိနေပြီး အမေရိ
ကန်ကတော့ ခပ်လှမ်းလှမ်းမှာ ရှိနေတယ်ဆိုတာကို မေ့ပစ်
လို့ မရပါဘူး”

အဲဒီစကားရဲ့ အနက်ကို သုံးသပ်နိုင်ကြပါကြောင်း...။

====================================================================================

နောက်ဆက်တွဲ တစ်ခုတော့ ပြောချင်ပါသည်. ...။

လက်ရှိတွင် ဂျပန်နှင့် အကောင်အထည်ဖော်နေသော သီလ၀ါ စက်မှုဇုံစီမံကိန်း မြေသိမ်းမှုများအား ဆန့်ကျင်ရေးအတွက် လယ်သမားများ ဖက်မှ ကူညီဆောင်ရွက်နေသူများကိုပါ ...။

လက်ပံတောင်းတောင်ဆန္ဒပြမှု၏ ရိုက်ခတ်မှုသည် ထိုဒေသရှိ ရင်းနှီးမြုပ်နှံမှုများကိုပါ ရိုက်ခတ်လာပါလိမ့်မည်...။
အဘယ်ကြောင့်ဆိုသော် လက်ပံတောင်းတောင်မှ ကူညီဆောင်ရွက်နေသူများ ပါဝင်လာနိုင်သောကြောင့်ပင်..။

ထို စီမံကိန်းများသည် လူဦးရေ ဘယ်လောက်ကို အလုပ်အကိုင်တိုးပွားစေပြီး ဒေသအတွက် ဘယ်လောက်အကျိုးပြုနိုင်သည်ကိုလည်း သတိထားစေချင်ပါသည်..။

နိုင်ငံခြားကြွေးမြီ ဘီလီယံနှင်ချီ လျှော်ပေးခဲ့သော အားလုံးကို အကျိုးရှိစေမည့် ဂျပန်၏ အမှန်အကန် ရင်းနှီးမြုပ်နှံမှုများကို မထိခိုက်စေချင်ပါ ..။

ထို့အတူ ... ထိုစီမံကိန်းကို စောင့်ကြည့်နေသော အခြား .. အခြားသော ကမ္ဘာ့ ရင်းနှီးမြုပ်နှံသူများ ရှိနေသည်ကိုလည်း မမေ့စေလိုပါ..။

လက်ပံတောင်းတောင်နှင့် အနေအထားမတူသည်ကိုလည်း သတိရစေချင်ပါသည်...။

လျော်သူ. ..။ ပေးသူ....၊ ရရှိသူ ....ဆောင်ရွက်ပေးသူ......အားလုံး  ရိုးသားကြဖို့ပါ...။

လက်ရှိနိုင်ငံရေးအခင်းအကျင်းသည် .. ဒီမိုကရေစီတ်ာလှန်ရေးခေါင်းစဉ်တပ်ပြီး ပစ္စည်းမဲ့တော်လှန်ရေး လုပ်ရလောက်သည့် အဆင့်အထိ မဆိုးသေးဟု ...မြင်ပါသည်..။

လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါကြောင်း...။

မည်သူမဆို Share နိုင်ပါသည်..။

================================================================================================================
 ကိုးကား

photayokeking.org

Mizzima news

Weekly eleven journal

ပြည်သူ့လွှတ်တော် website

Blogger's comment
Ye Yint Nge
တရုတ်ကိုခွာဖို့အခြားနည်းနဲ့အရင်တိုးတက်အောင်လုပ်ရမယ်။
ဒါကြောင့်ဦးသိန်းစိန်ရော..ဒေါ်စုပါနိုင်ငံတကာပတ်နေကြတာ..
ကျွန်တော်တို့ကမျက်စိရှေ့မှာတွေ့တာလေးပဲပြောနေကြတာ
သူတို့ကြုံနေရတာကအကြီးကြီးပါ။လက်ရှိမှာတရုတ်ကိုသစ်စိမ်း
ချိုးချိုးနိုင်တဲ့အင်အားမရှိဖူး၊လက်ပံတောင်းလိုဟာအမှန်တော့ပြည်
သူဖက်ကမမှားပါဖူး၊အမေစုလဲရင်နာနာနဲ့ဆုံးဖြတ်လိုက်ရပုံရပါတယ်။
ဒီဆောင်းပါးကတော်တော်လေးဖေါ်ပြနိုင်ပါပေတယ်။
ကျေးဇူးပါ။

သမဂ္ဂအမေ

Ko Marky

သမဂ္ဂအမေ

တေးရေး - ကိုခွန်ဆိုင်း
တေးဆို - ကိုမာကီ၊စိမ်းလဲ့လဲ့
တေးဂီတ - Ever Green Music Network
အသံဖမ်း - Dozen Wave
Mixing - Myo Kyaw(String Studio)
တည်းဖြတ် - N ထွန်းလွင်(Ever Green Music Network)

ရန်ကုန်ကနေ လမ်းလျှောက်ခဲ့တဲ့ အဖွဲ့ဝင်တွေလိုင်ဇာကို မနေ့က ရောက်ရှိ

Mar 19, 2013

ရန်ကုန်ကနေ ကချင်ပြည်နယ် နယ်စပ်မြို့ လိုင်ဇာကို ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်ခဲ့တဲ့ အဖွဲ့ဝင်တွေဟာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရုံးချုပ် တည်ရှိတဲ့ လိုင်ဇာကို မနေ့က ရောက်ရှိခဲ့ပါတယ်။ ဒီအဖွဲ့ဝင်တွေကို ကချင်ပြည်သူလူထုက ကြိုဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို လိုင်ဇာကို ရောက်နေတဲ့ RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။