Wednesday, March 20, 2013

ဟာသမင်းသားကြီးဘဲလုပ်ပါတော့ ဦးစိုးသိန်းရယ်



Wednesday, March 20 , 2013

ကိုနစ်နေမန်းရဲ့ Blog မှာတင်ထားတဲ့ အူဝဲစကားနှင့် ၀န်ကြီးစကား နှိုင်းယှဉ်စဉ်းစားခြင်းဆိုတဲ့ Post ကို ဖတ်လိုက်ရတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ မြန်မာနိုင်ငံစီးပွားရေးလောကကြီးမှာ ပုံစံအမျိုးမျိုးနဲ့ ကွက်ကျော်ရိုက် ပြောခြင်ရာပြော၊ လုပ်ချင်ရာလုပ်ခဲ့တာတွေကို သိရှိရပါတယ်။ ကျွန်တော့် အနေနဲ့ ဦးစိုးသိန်းရဲ့ တပ်ထဲကအကြောင်းတွေကို သိပ်မသိပေမဲ့ မြန်မာနိုင်ငံအပေါ် စေတနာဗလဖွနဲ့ ဆောင်ရွက်နေတာတွေ ကျွန်တော်သိသလောက် ထပ်မံဖြည့်စွက်၍ ဂုဏ်ပြုအားပေးလိုပါတယ်။
    ဦးစိုးသိန်းဟာ အဆင့်နှင့်မလျှော်ညီစွာ လေလုံးထွားပုံများကတော့ ရွှေတောင်ကုမ္ပဏီနဲ့ပင်းပြီး ရယူ ထားတဲ့ လှည်းတန်းခုံးကျော်တံတားကို လေးလနဲ့အပြီးတည်ဆောက်မယ်လို့ ပြောခဲ့တာကတော့ အံ့သြစရာ ပါပဲဗျာ။ အင်ဂျင်နီယာတစ်ဦးတောင်မှ အာမခံမပြောနိုင်တဲ့ကိစ္စကို မသိနားမလည်စွာနဲ့ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်ပြီး ရွှေတောင်အိုက်ထွန်းက မြှောက်ပင့်ပေးတဲ့အတိုင်း ပြောခဲ့ပါတယ်။ ခုတော့ မပြီးနိုင် မစီးနိုင်ဖြစ်နေတဲ့ ဂုံးကျော်တံတားကြီးကြောင့် Traffic Jamp ဖြစ်နေရတဲ့ ပြည်သူတွေရဲ့ မြို့မေတ္တာခံယူလို့ ကောင်းနေတုန်းပါဘဲ။ လှည်းတန်းခုံးကျော်နဲ့ပတ်သက်ပြီး ဘာတွေများ ဘယ်လောက်တောင်ရထားလို့ အာမခံရဲရဲကြီးပေးနေတယ်ဆိုတာ ပြည်သူအများစဉ်းစားကြည့် ကြပါတော့ဗျာ။
    ယခင်အစိုးရလက်ထက်က ပြည်သူတွေအကျိုးမဲ့စေလို့ ခွင့်မပြုခဲ့တဲ့ ဘီယာ၊ အရက်တွေကို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းဟာ ဘီယာစက်ရုံသစ် တစ်ရုံပဲ တရားဝင်ခွင့်ပြုပေးခဲ့ကြောင်း ပြောခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဘီယာစက်ရုံ ၆ ရုံအထိ ရင်းနှီးမြှုပ်နှံခွင့် ချထားပေးခဲ့တာကို ဂျာနယ်တွေက ဖော်ပြပေးခဲ့လို့ တိုင်းသိပြည်သိပါပဲ။ ဘီယာစက်ရုံအပြင် အရက်စက်ရုံသစ်တစ်ရုံနဲ့ စီးကရက်စက်ရုံသစ် နှစ်ရုံကိုလည်း ခွင့်ပြုထားပါသေးတယ်။ ဒီအတိုင်းသာဆိုရင် မြန်မာနိုင်ငံမှာ ရေဆာရင် ဘီယာသောက်ဆိုတာ တကယ်ဖြစ်လာတော့မှာပါ။ မြန်မာရိုးရာ ပွဲလမ်းသဘင်တွေဟာလည်း အရက်၊ ဘီယာ၊ စီးကရက်များနဲ့ ခေတ်မီလာတော့မှာပါ။ သူ့ရဲ့သားသမီးတွေကိုတော့ နိုင်ငံခြားမှာထားပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လူရွယ် တွေကိုခေတ်မီစွာ မူးယစ်သောက်စားတတ်စေဖို့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ရိုက်မှု၊ နှက်မှု၊ မုဒိမ်းမှုစတဲ့ ဒုစရိုက်မှုတွေ တလှေကြီးရစေဖို့ စေတနာထား လုပ်ဆောင်ပေးနေတာလား ကိုရွှေဝန်ကြီးရယ်။
    ရင်းနှီးမြှုပ်နှံမှုအတွက် ရုံးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ တစ်နာရီနဲ့ပြီးအောင်လုပ်ပေး ပါမယ်လို့ အာမခံပြောကြားခဲ့ပြီး တကယ်တမ်းသွားလုပ်တော့ တစ်နေကုန်တာတောင်မပြီးခဲ့ပါဘူး။  စောင့်ရတဲ့သူသာ စိတ်ညစ်ညူးပြီး ဆံဖြူသွားကျိုး ဖြစ်ပါတော့မယ်။ ဘာပဲပြောပြော အိန္ဒြာကျော်ဇင်ရဲ့ သုံးမိနစ်ဘဲ စောင့်ဆိုတဲ့ ကြေငြာလေးကိုဘဲ သတိရမိပါတယ်။ အဲဒီလိုပြောလို့ သတ်မှတ်တဲ့အချိန်မှာ မပြီးနိုင်ဘူးလို့ မထင်လိုက်ပါနဲ့ဗျာ။ သူနဲ့အဆင်ပြေတဲ့ ကုမ္ပဏီများ၊ ပေးနိုင်ကမ်းနိုင်တဲ့သူများကျတော့ တစ်နာရီတောင်မကြာပါဘူး ရှောရှောရှူရှူနဲ့ အဆင်ပြေသွားပါတော့တယ်။ ပေးမှ၊ ကမ်းမှ ကတိတည်အောင်လုပ်တတ်တဲ့ ၀န်ကြီးကိုလည်း လေးစားပါ တယ်ဗျာ။
    သူကြီးဘဲ အစွမ်းထက်တယ်လို့မထင်လိုက်ပါနဲ့ဗျာ။ သူ့ရဲ့သားတော်မောင်ကလည်း နိုင်ငံခြားမှာ ပြုလုပ်တဲ့ ဆက်သွယ်ရေးလုပ်ငန်း အစည်းအဝေးတစ်ခုကိုသွားတက်ခဲ့ပြီး သူဟာ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းရဲ့သား ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ဖခင်ဟာ ပြည်ထောင်စုဝန်ကြီး အဆင့်သာဖြစ်ပေမဲ့ ဒုတိယ သမ္မတထက် လုပ်ပိုင်ခွင့် ပိုရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးကိုရရှိဘို့ သူ့အနေနဲ့ဆောင်ရွက်ပေးနိုင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အဖေနဲ့သား စည်းဝါးကိုက်ပြီး အဖေကပြည်တွင်း၊ သားကပြည်ပ ချိတ်ဆက်ပြီးတော့  မြန်မာနိုင်ငံရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ် ရိုက်စားလုပ်ဖို့ ကြိုးစားနေတာကို စီးပွားရေးလောကမှာ တော်တော် များများလည်း သိနေကြပါတယ်။ သားအဖတွေပေါင်းပြီး မြန်မာပြည်ကြီးကို ရောင်းစားတော့မှာလားဗျာ။
    အေးပေါ့လေ ..သူတို့က မြန်မာပြည်သားစစ်စစ်လို့ ပြောရမှာလဲ တော်တော်ခက်ပါတယ်။မြန်မာနိုင်ငံကို တိုးတက်အောင် အာနဲ့လုပ်ပေးနေတဲ့ ၀န်ကြီးဦးစိုးသိန်းဟာ သူ့ရဲ့သား/သမီး တွေကြတော့ နိုင်ငံခြားမှာ အခြေချနေခိုင်းထားပါတယ်။ သားဖြစ်သူ အေးချမ်းဆိုသူဟာ စင်္ကာပူမှာ နိုင်ငံသားခံယူပြီး မလေးရှားနိုင်ငံဖွား တရုတ်မတစ်ဦးနဲ့ အေးချမ်းစွာ အိမ်ထောင်ပြုထားပါတယ်။ သမီးအကြီးဖြစ်သူ သီတာအေးက အမေရိကန်မှာ အေးအေးဆေးဆေးနေထိုင်ကာ ပြင်သစ်နိုင်ငံသားနဲ့ အိမ်ထောင်ပြုထားပြီး သမီးအငယ် ရည်မွန်အေးက အင်္ဂလန်မှာ အင်္ဂလိပ်တစ်ဦးနှင့် အိမ်ထောင်ကျကာ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ မိသားစုများ တကွဲတပြားနဲ့ သနားစရာကောင်းလှပါတယ်။ ဦးစိုးသိန်းရဲ့ဇနီး ဒေါ်အေးအေးကြင်ကလည်း ပြည်တွင်းပေါက် တိုင်းရင်းသူတရုတ်မကြီးဖြစ်ပြီး လင်တော်မောင်ရဲ့ စီးပွားရေးလုပ်ငန်းများကို မအူမလည်နဲ့ ကျွမ်းကျင်စွာ ထိန်းသိမ်းလျက်ရှိကြောင်း သိရှိရပါတယ်။ သြော်...သားသမီးတွေကို ကမ္ဘာအနှံ့ဖြန့်ထားပြီး တစ်ကမ္ဘာလုံးကို ချုပ်ကိုင်ဖို့ကြိုးစား နေသလားဆိုတာကို စဉ်းစားစရာပါဘဲနော်။
    ဒီလိုမျိုးရိုးစဉ်ဆက်ရှိတဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ကိုယ့်နိုင်ငံနဲ့အမျိုးကိုမကြည့်ဘဲ ထင်ရာ လျောက်လုပ်နေတာကတော့ မထူးဆန်းတော့ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေဟာ သားမက်ဖြစ်သူက သြဇီနိုင်ငံသားခံယူထားလို့ ဒုတိယသမ္မတမဖြစ်ခဲ့ကြောင်း ကြားဘူး ခဲ့ပါတယ်။ ခင်ဗျား ကြီးကတော့ အလွန်ကံကောင်းလို့ ရိုးရိုးဝန်ကြီးကနေ နှစ်သီးစား၊ သုံးသီးစား ၀န်ကြီးဖြစ်လိုက်၊ လုပ်ပိုင်ခွင့် အရှိဆုံး ၀န်ကြီးဖြစ်လိုက်နဲ့ သမ္မတကြီးကို ဘယ်လို ဆီမန်း ဆန်မန်းတွေနဲ့ ဖုံးဖိထားသလဲဆိုတာမသိလို့ လေးစားလောက်ပါတယ်ဗျာ။ သူလိုဝန်ကြီးမျိုးတွေ ထပ်မပေါ်လာအောင် ကာကွယ်နိုင်ဖို့ အခြေခံဥပဒေ ကိုတောင် ပြင်ဆင်ရမလိုဖြစ်နေပြီဗျာ။ လွှတ်တော်အမတ်မင်းတို့ရေ  ကူညီပေးကြပါအုံး။
    ဟိုတလောက မီဒီယာမေးမြန်းမှုတစ်ခုမှာလဲ GSM/WCDMA ဆင်းကဒ်များနဲ့ပတ်သက်လို့ ကျပ် ၂ သောင်းလောက်နဲ့ ရအောင်ဆောင်ရွက်ပေးမှာပါဆိုပြီး ခပ်တည်တည်နဲ့ဖြေကြားခဲ့ပါတယ်။ အခုကျတော့ မဟုတ်ပြန်ဘူး GSM/WCDMA  ဆင်းကဒ်များကို ထောင်ဂဏာန်းလောက်နဲ့သာ ရောင်းချတော့မယ်လို့ သူကဘဲပြောနေပြန်ပါတယ်။ နောက်တစ်ခါဆိုရင်တော့ Red Link ကပြောသလို အလကားနဲ့ အိမ်တိုင် ရာရောက် လိုက်ပို့ပေးမယ်လို့ ပြောဦးမလားမသိတော့ပါဘူး။ ဒါဟာ ၀မ်းသာစရာဖြစ်ပေမယ့် ဆက်သွယ်ရေး ၀န်ကြီးက ပြောရမဲ့စကားကို သူ့အလုပ်မဟုတ်ဘဲ ပြောချင်သလို ပြောနေတာတော့ မဖြစ်သင့်သလို နိုင်ငံတော် အစိုးရရဲ့ အတွင်းရေးကိစ္စရပ်တွေကို သူတစ်ဦးတည်းဘဲ အားလုံးသိနေသယောင် ပြောဆိုနေတာတွေ များနေပါပြီဗျာ။ ဒါတွေကို သမ္မတကြီးရောသိရဲ့၊ ကြားရဲ့လားဆိုတာ စဉ်းစားစရာပါဘဲ။ ခင်ဗျားကပဲ သမ္မတကြီးထက်၊ ဒုတိယသမ္မတတွေထက် ပိုပြီးသိနေတာလားဗျာ။ ပေါ်ပြူလာဖြစ်ချင်လို့ ငါ့စကားနွားရ ပြောနေတာကတော့ မကောင်းပါဘူးဗျာ။ ကြာရင်တော့ ခင်ဗျားကြောင့် သမ္မတကြီးပါ ဒုက္ခများတော့ မယ်နဲ့တူတယ်။ ကျွန်တော့်အမြင်မှာတော့ ခင်ဗျားကြီးပြောဆိုနေပုံက အငြိမ့်ဇာတ်ခုံပေါ်မှာ လူရွှင်တော်တွေ ပြက်လုံးထုတ်သလို လောကကြီးမှာ နှစ်မျိုးဘဲရှိတယ်။ အဲဒါကတော့ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးဆိုတဲ့ စကားလို ဖြစ်နေပြီလား ၀န်ကြီးရယ်။
    ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ဆောင်ရွက် နေရတဲ့အချိန်မှာ မှန်မှန်ကန်ကန်၊ သစ္စာရှိရှိ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ရှေ့ရှုဆောင်ရွက်တာကိုဘဲ မြင်ချင် ပါတယ်ဗျာ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာတဲ့အခါ ပြည်ပကိုအားကိုးပြီး ပြည်ပနိုင်ငံက  လုပ်ငန်းရှင် များသာ အားကိုးနေမဲ့အစား ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များကို မြေတောင် မြှောက်ပေးဖို့နဲ့ သူတို့တွေရဲ့အသံကိုလည်း နားထောင်ပေးပါဦး။ မြန်မာပြည်သား ပီသတယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား တွေကိုလည်း ငဲ့ကြည့်ပါဦးဗျာ။ ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏လို့ ငယ်ငယ် က မှတ်သားဘူးပါတယ်။ ခုတော့ ခင်ဗျားကြီးရဲ့ ချမ်းသာ ချင်တဲ့စိတ်နဲ့ လုပ်ချင်ရာလုပ်၊ ထင်ပေါ်ချင်တဲ့စိတ်နဲ့ ပြောချင်ရာပြောနေတာတွေဟာ ခေတ်စနစ်နဲ့ မလျော်ညီတော့ပါဘူး။ ပေါ်ပြူလာဖြစ်ချင်ရင် နံမည်ကြီးချင်ရင် တော့ မကြာခင်ကမှသေသွားတဲ့ သရုပ်ဆောင် အကယ်ဒမီ ဦးမော့စ်လို ဟာသမင်းသားကြီးဘဲ လုပ်ပါတော့ဗျာ။ အဲဒါဆိုရင်တော့ အပြောအဟော အက်ရှင်ကောင်းလွန်းလို့ ထပ်ဆင့်အကယ်ဒမီပါ ချီးမြှင့်ခံရမှာ သေချာ ပါတယ်။ ကျွန်တော်တို့လည်း လက်ခုပ်သြဘာသံတွေနဲ့အတူ အားပေးချီးမြှောက်ဂုဏ်ပြုနေမှာပါလို့ တင်ပြလိုက် ပါရစေ။


                                   တိုင်းပြည်ကောင်းစားစေချင်သူတစ်ဦး

အမြင်သဘောထား ရပ်တည်မှု ပြောင်းလဲသွားတဲ့ မနှင်းပန်းဖြူ


https://www.facebook.com/photo.php?v=466520090083105&set=vb.100001753555387&type=2&theater

ဗိုလ်ချုပ်လွန်းမောင် ဘာလုပ်နေလဲ




Khin Htay

သမ္မတကြီးကတော်က အငြိမ်းစားယူရင် မုန့်ဟင်းခါးရာင်းမယ်လို့ပြောတဲ့ သတင်းကိုကြားလိုက်ရတုန်းက over ဖြစ်တယ်လို့ထင်လိုက်မိတယ်၊ဒါပေမဲ့ သမ္မတကြီးလိုဘဲ "ကင်း" တဲ့လူကြီးတစ်ယောက် မုန့်ဟင်းခါးနဲ့ထမင်း၊ဟင်းရောင်းနေတာကို ကိုယ်တိုင်တွေ့မြင်လိုက်ရတော့......................။ တစ်နေ့က သထုံ ဘက်ကိုခရီးထွက်ရင်း ဘီးလင်း က အောင်ပြည့်စုံ ဆိုတဲ့ ထမင်းဆိုင်မှာနေ့လည်စာ ၀င်စားဖြစ်တယ်။ကျွန်တော်တို့အေ၇ာက်မှာ ခရီးသည်တင်ကားကြီး ၂စီးကအထွက်ပါ။ဆိုင်ထဲမှာ ခရီးသည်တွေစားသွားတဲ့ပန်းကန်တွေကိုသိမ်းခိုင်းပြီး စားပွဲတွေကို ကိုယ်တိုင်သုတ်သင်ရှင်းလင်းနေတဲ့၊မြင်ဘူးတဲ့လူကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ဆိုင်ကမြန်မာထမင်း၊ဟင်းေ၇ာင်းပြီး မုန့်ဟင်းခါးလည်းတစ်နေကုန်ေ၇ာင်းပါတယ်။ကျွန်တော်တို့လည်းထမင်း ဟင်းတွေမှာပြီး ဆိုင်အလုပ်သမားကိုသေချာအောင်မေးကြည့်လိုက်တော့"ဟုတ်ပါတယ်၊အဲဒါဆိုင်ရှင်ပါ၊အဘလွန်းပါ"ဖြေပါတယ်။အဲဒီအချိန်မှာ ထမင်းဆိုင်ရှင်ကြီး အငြိမ်းစားပြည်ထောင်စုစာရင်းစစ်ချုပ်၊ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း)ကတော့စားပွဲတွေသန့်ရှင်ရေး လုပ်ပြီးလို့ ကောင်တာမှာပြန်ထိုင်နေပါပြီ။ ဗိုလ်ချုပ်လွန်းမောင် ဘယ်လိုလူဆိုတာကိုသူနဲ့အတူ သိကျွမ်း၊ဆက်ဆံ၊လုပ်ကိုင်ဘူးတဲ့စစ်ဖက်၊အရပ်ဖက်ကလူတွေအားလုံးသိကြမှာပါ။ရိုးသားဖြောင့် မတ်တဲ့သူတစ်ဦးပါ။တပ်မတော်မှာစစ်ဆေးရေးချုပ်အထိတာဝန်ထမ်းဆောင်ပြီးမှ အရပ်ဖက်မှာ စာရင်းစစ်ချုပ်တာဝန်ထမ်းဆောင်တာပါ။လွှတ်တော်ပေါ်တော့ ဇာတိဖြစ်တဲ့ ဗန်းမော်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ်ဆက်လက်တာဝန်ပေးခံရတာပါ။ရာထူးကပြုတ်သွားရတဲ့အမှုကတော့္စကြီးကျယ်တယ်ဘဲပြောရမလား၊ဘယ်လိုပြောရမယ်မှန်းတောင်မသိပါဘူး၊သေချာတာ ကတော့အကျင့်စာရိတ္တပျက်ပြားပြီးတိုင်းပြည်ငွေကြေးဥစ္စာနစ်နာစေတဲ့အလွဲသုံးစားမှု၊ခိုးမှုမဟုတ်တာပါဘဲ။ ဗိုလ်ချုပ်လွန်းမောင် ဟာယခင်ကတည်းက ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး၊ဗိုလ်ချုပ်ကြီးရွှေမန်း၊ဒုတိယဗိုလ်ချုပ်ကြီးတင်အေးတို့နဲ့ဂေါက်ရိုက်ဖက်ပါ၊ဒု ချုပ်ကြီးအနားယူသွားတော့လည်း သူတို့အတူတူဆက်လက်ပြီးဂေါက်ရိုက်နေကျပါ။တစ်နေ့မှာတော့ ဦးရွှေမန်းက အစိုးရ၀န်ကြီးဌာနတွေကိုစစ်ဆေးထားတဲ့စာရင်းစစ်အစီရင်ခံစာကိုတောင်းလို့ ဦးလွန်းမောင်ကပုဂိုလ်ရေးယုံကြည်မှုအရရော၊ယခင် န့.ယ.က မှာနံပါတ်(၃)ဖြစ်ခဲ့တဲ့အရှိန်ရယ်၊လက်ရှိမှာလည်း အလေးထားလေးစားရတဲ့ပြည်သူ့လွှတ်တော်ဥက္ကဌကြီးဖြစ်နေလို့ရယ်ဆိုပြီး စာရင်းစစ်အစီရင်ခံစာကို"အလွတ်"ပေးလိုက်မိတယ်။ဥပဒေအရကတော့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာမိမိရဲ့လုပ်ငန်းဆောင်ရွက်ချက်ကိုနိုင်ငံတော်သမ္မတထံမှတဆင့်သာပြည်ထောင်စုလွှတ်တော်ကိုတရားဝင်တင်ပြရမှာပါ။ ဦးရွှေမန်းကဒီလိုနည်းနဲ့တောင်းယူရရှိလာတဲ့စာရင်းစစ်အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုဖြန့်ဝေလိုက်တယ်၊လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့်မီဒီယာတွေဆီရောက်သွားပြီး ဂျာနယ်တွေမှာလည်းဖေါ်ပြခံရတော့တာဘဲ။အဲဒီမှာ သတ္ထုတွင်းဝန်ကြီးဌာနက Voice ဂျာနယ်ကိုတရားစွဲတဲ့အမှုပေါ်ပေါက်လာတယ်။လက်ပံတောင်းတောင်စီမံကိန်းကိုလူတွေစိတ်ဝင်စားမှုပိုလာတာဟာလည်း ဒီအမှုကြောင့်တစ်ချက်ပါတာပေါ့။ဒီကီစ္စတွေဖြစ်တော့ သမ္မတကြီးက ဦးလွန်းမောင်ကိုအရေးယူ၊ဖြုတ်ဖို့စီစဉ်ခဲ့ပေမယ်.ရပ်ဆိုင်းသွားပါတယ်၊စာရင်းစစ်ချုပ်ရုံးက ၀န်ထမ်းတွေလည်းငိုကြတာပေါ့၊ထင်ကြတာကတော့ အဲဒီတုန်းက ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးနဲ့ဦးရွှေမန်းတို့က ကာ တယ်လို့။ဒါပေမဲ့ နောက်တစ်ကြိမ်လွှတ်တော်ပြန်စတော့ စာရင်းစစ်ချုပ်အစီရင်ခံစာကိုသမ္မတနဲ့တစ်ပြိုင်တည်း လွှတ်တော်ကိုလည်းတင်ပြရမယ်လို့စာရင်းစစ်ချုပ်ဥပဒေကိုပြင်ဆင်ဖို့လုပ်ကြပြန်တော့ သမ္မတကြီးလည်း သည်းမခံနိုင်တော့ဘဲ၊ယခင်ဆိုင်းငံ့ထားပေမဲ့၊ပြသ၁နာစတင်ပေါ်ပေါက်လာစေတဲ့၊တာဝန်ရှိတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးလွန်းမောင်ကို အနားယူခိုင်းလိုက်တော့တာပါဘဲ။ဒီအချိန်မှာတော့ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးလည်း ကျန်းမာရေးကြောင့် ဂေါက်မရိုက်နိုင်တော့ဘဲအိမ်မှာသူ့ကျန်းမာရေးကိုဘဲဂရုစိုက်နေရတဲ့အချိန် ဖြစ်သလို၊ပြည်သူ့လွှတ်တော်ဥက္ကဌကြီးကလည်းခုံရုံးကိစ္စတို့၊စာရင်းစစ်ချုပ်အစီရင်ခံစာသမ္မတနဲ့အတူတရားဝင်ရရှိရေးအလုပ်တွေရှုပ်နေချိန်ပေါ့။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဆိုတဲ့ရာထူးဟာ သိကြတဲ့အတိုင်းလုပ်ပိုင်ခွင့်အများကြီးရှိပါတယ်။"၀ိုက်"မယ်ဆိုရင် အများကြီးပါ။"စစ်တောင်း"ဆိုတဲ့စကားတောင်ရှိသေးတာဘဲ။ဒါပေမဲ့ဦးလွန်းမောင်ကတော့ပြော လောက်အောင်ပိုင်ဆိုင်မှုမရှိပါဘူး၊ဒီနေရာမှာတော့ သမ္မတကြီးနဲ့အတူတူပါဘဲ၊ဒါကြောင့်မို့လည်း တခြားအငြိမ်းစားလူကြီးအချို့ကုမ္ပဏီကြီးတွေ၊လုပ်ငန်းကြီးတွေမှာ ရှယ်ယာ/ပိုင်ဆိုင်မှုတွေနဲ့ နှပ် နေချိန်မှာဦးလွန်းမောင်ကတော့ ကိုယ်တိုင်ကောင်တာထိုင်၊ကိုယ်တိုင်စားပွဲရှင်းနဲ့လုပ်နေရတာပေါ့။ပြီးတော့ တစ်ချို့ဌာနဆိုင်ရာအရာရှိတွေကို"ညောင်မြစ်တူး၊ပုတ်သင်ဥပေါ်"မှာစိုးလို့အရေးမယူရဲတဲ့အခြေအနေမှာ ပတ်သက်ရာပတ်သက်ကြောင်းတွေအပါအ၀င် ဌာန/တာဝန်ရှိသူအချို့ရဲ့အားနည်းချက်၊ချို့ယွင်းချက်တွေကိုအများကြီးသိရှိထားတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ပြန်မဖွလိုတဲ့၊မလှန်လိုတဲ့ သဘောထားကြီးမြတ်မှုကိုလည်းလေးစားမိပါတယ်။ကျွန်တော့် စိတ်ထဲမှာစွပ်ကျယ်ချိုင်းပြတ်ဝတ်ပြီးထမင်းဆိုင်မှာလုပ်နေတဲ့လူနဲ့ခေါင်းပေါင်းကြီးတွေ၊တိုက်ပုံ ကြီးတွေဝတ်ပြီးမိန့်မိန့်ကြီးထိုင်နေတဲ့လူတွေကိုနှိုင်းယှဉ်ပြီး"ပန်ကာအောက်မှာထိုင်နေတဲ့သူခိုး"အကြောင်းစပ်ဆိုထားတဲ့ကဗျာကိုသတိရနေတုန်းမှာဘဲ၊ဘုရားဖူးကား၂စီးဝင်လာလို့"ကားတွေဝင်လာပြီဟေ့၊ခရီးသည်တွေ ဘာသုံးဆောင်မလဲမေးကြ" ဆိုတဲ့ အောင်ပြည့်စုံ ထမင်းဆိုင်ရှင်ကြီးရဲ့အလုပ်သမားတွေကိုတပ်လှန့်သံကြောင့် ကျွန်တော့်အတွေးများရပ်တန့်သွားပါတော့တယ်။ ကျွန်တော်ရယ်၊ဇနီးသည်ရယ်၊အတူပါလာတဲ့အဖွဲ့တွေက သူ့အကြောင်းတော်တော်များများကြားသိထားတာမို့လို့ စိတ်မကောင်း၊လေးစားစွာနဲ့ဘဲ ထမင်းဆိုင်ရှင်ကြီးကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ပါတော့တယ်။

မိထ္ထီလာမြို့ ရွှေဆိုင်နှစ်ဆိုင် ဗွီဒီယိုဖိုင်


https://www.facebook.com/photo.php?v=4002680565354&set=vb.1831311223&type=2&theater

“မိတ္ထီလာဖြစ်စဉ်”(၀ီရသူ)



အရှင်ဝီရသူ၏ဖေါ်ပြချက်တွင်မီးလောင်ခံရပြီးပျံလွန်တော်မူသောဦးဇင်းပုံပါရှိသော်လည်းဤပို့စ်တွင်မထည့်ထားပါ။
အဖြစ်အပျက်ကိုသာသိစေလိုပြီးပြဿနာများကြီးထွားလာခြင်းမရှိစေရန်ဖြစ်သည်။

by Wira Thu (Notes) on Wednesday, March 20, 2013 at 4:09pm



                                                                                                        မန္တလေးမတ်(၂၀)

          ယနေ့(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်-တို့က ရွှေဆံကုတ်(ဘီးကုတ်)လာရောင်းပါသည်။ ဦးခင်မောင်ဝင်း(၄၆) နှစ် ဒေါ်အေးအေးနိုင်(၄၅)နှစ်နှင့်အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။

          ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။

ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက်သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော်စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့်ဟု ဝိုင်းအော်ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူးဝိန့်စိန် ရွှေဆိုင်(မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။

          ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော်စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက်ရှာသော်လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေးမလေးနှစ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့မိမြို့ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက်ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။

          ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲသွားကြပြီး ဖြစ်သည်။

          ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀)ခန့်တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသနာ့အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။

          လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်းရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။

          ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင်ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ်မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူသွားကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။

          ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ်တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆလင်များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင်ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံတက်ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင်အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။

          ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန်မာတစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွားခဲ့သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေးသို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။

          ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄-အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံးသွားခြင်း ဖြစ်သည်။

          မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကားတန်းကြီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ်ကွက်ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်းသာ တည်ငြိမ်လျက်ရှိပါသည်။

          မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည် အနှံ့အပြားမှ ထွက်ပြေးလာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်းရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ်ရာမှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက်မာခြင်း၊ အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများသို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန်အလှူပေးဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။

မိတ္ထီလာမြို့ပဋိပက္ခနှင့်ပတ်သက်၍ ၈၈မျိုးဆက်မှ အရေးတကြီး သဘောထား ထုတ်ပြန်


https://www.facebook.com/photo.php?v=358926990879561

အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ဆွေးနွေးမည်



VOA
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ၄ ပုံ ၁ ပုံ နေရာယူထားတာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ထိပ်တန်းနေရာတွေ တာဝန်ယူခွင့်မရှိဘဲ ဖြစ်နေရတာတွေ အပါအ၀င် အချေအတင် ပြောစရာ ဖြစ်နေရတဲ့ အပိုင်းတွေကို ဦးစားပေး ပြင်ဆင်သွားဖို့ ရည်ရွယ်ထားတဲ့အကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ပြောလိုက်ပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်ရေးအဆို ကို ပြည်ထောင်စုလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ကျရင် ဆွေးနွေးအတည်ပြုနိုင် မယ်ဆိုရင်တော့ စစ်မှန်တဲ့ ပြည်ထောင်စု စနစ်တရပ် ဖြစ်လာအောင် ပြင်ဆင်ဖို့ တွန်းအားပေးမယ်လို့လည်း တိုင်းရင်းသား နိုင်ငံရေး သမားတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြပေးပါမယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ ဖြစ်ပေမဲ့လည်း နိုင်ငံခြားသား နဲ့ ဆွေမျိုးသားချင်း တော်စပ်သူ တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတနဲ့ ဒုသမ္မတတာဝန် ယူခွင့်မရှိတာ၊ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ကို နေရာပေးထားတာတွေ ကို အဓိက ပြင်ဆင်ဖို့ အာဏာရပါတီရော၊ တခြားနိုင်ငံရေး အင်အားစုတွေကပါ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးလှဆွေ ကတော့ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးကို အာမခံချက်ပေးတဲ့ အခြေခံဥပဒေမျိုး ဖြစ်သင့်တဲ့အတွက် ပြင်ဆင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

“သူကိုယ်တိုင်က နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျထားတယ်။ သူ့ရဲ့သားနှစ်ယောက် ကလည်း နိုင်ငံခြားမှာပဲ နေနေတဲ့အခါကျတော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက သူ့ကို သမ္မတဖြစ်ဖို့ရာ ဘယ်လိုနည်းနဲ့မှ ဥပဒေအရဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ အရင် အစဉ်အလာအရ ပြောရလို့ရှိရင်တော့ ကျနော်တို့ ဥက္ကဌကြီး ဦးနေ၀င်းလည်း ရတနာနတ်မယ်ကို အိမ်ထောင်ပြုခဲ့တာပဲလေ။ သူလည်း နိုင်ငံခြားသူ တယောက်ပဲ မဟုတ်ဘူးလား။ အဲ့တော့ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံခြားသား တယောက်ကို လက်ထပ်ထားတဲ့သူ တယောက်ဖြစ်ပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အခုအချိန်မှာ သူ့ကို ပြည်သူတွေကသာ ရွေးချယ်မယ်ဆိုရင် ဥပဒေကလည်း လက်ခံတယ်ဆိုရင် သူဟာ တာဝန် ထမ်းဆောင်ချင်ပါတယ်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြော ဆိုထားတာ ရှိပါတယ်။ ကျနော်တို့ ပြည်သူပြည်သားတွေ အနေနဲ့ကလည်း ဒါကို လက်မခံနိုင်စရာ မရှိဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်ဗျ။”

အခုလိုမျိုး ၂၀၀၈ ခုနှစ်က အချေအတင် အငြင်းပွားဖွယ်ရာ အခြေအနေမှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင်ဖို့ အာဏာရပါတီကြီး
ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က အရေးပေါ် တင်သွင်းခဲ့တဲ့ အဆိုကို ဦးဆောင်တင်သွင်းတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေအပါအဝင် တပ်မတော်သား ကိုယ်စားလှယ်တွေကပါ ဝိုင်းဝန်းထောက်ခံ့ခဲ့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုလိုက် တာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ ပြန်လည်ပြင်ဆင်ဖို့ အမှန်တကယ် လိုအပ်နေတဲ့အတွက်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေကပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့တာဖြစ် တယ်။ အဲ့ဒီခေတ်က ပြည်သူလူထုက ဒါလုပ်ဆိုရင် လုပ်ပေါ့နော်။ ဒါမလုပ်နဲ့ဆိုရင် မလုပ်နဲ့ပေါ့။ အဲ့လိုမျိုး အနေအထားဖြစ်ပါတယ်။ အခုခေတ်မှာတော့ သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ ကျနော်တို့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ ခေတ်မှာတော့ အခုဟာ ပွင့်ပွင့်လင်းလင်း ကိုယ်ပြောစရာရှိတာကို ရဲရဲဝံ့ဝံ့ ပြောလို့ရတဲ့ခေတ် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီခေတ်နဲ့ လျော်ညီစွာ အခြေခံဥပဒေကို ပြန်ပြင်ဆင်ဖို့ လိုအပ်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်တဲ့အတွက် ကျနော်တို့ ပါတီက တင်တာလို့ ကျနော် ထင်မြင်ယူဆ ပါတယ်ခင်ဗျာ။”

အဓိက လွှတ်တော်တွင်း ကိုယ်စားလှယ်အနေနဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေမှု ကိုလည်း မပါဝင်သင့်တော့ဘူးလို့ ဦးလှဆွေကထောက်ပြပြောဆိုလိုက်ပါတယ်။

“တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်လို့ကလည်း ဒါ ပါသင့် - မပါသင့်ပေါ့ ကျနော့် အမြင်ကတော့ ရွေးကောက်ထားတဲ့ အမတ်တွေပဲ လွှတ်တော်ထဲမှာ ရှိသင့်တယ်လို့ မြင်ပါ တယ်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲတဲ့အခါ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ အညီ အခြေခံဥပဒေပါ အချက်တွေကို ထည့်သွင်းရေးဆွဲဖို့ ပြင်ဆင်နေကြပါတယ်လို့ အမျိုးသား ဒီမိုကရေစီပါတီသစ်က ဦးသိန်းညွန့် က ပြောပါတယ်။

“ဒီအခြေခံဥပဒေမှာ ကောင်းတဲ့အချက်တွေကို ထိန်းသိမ်းပြီးတော့ ဒီမိုကရေစီစံနှုန်းတွေ အားကောင်းဖို့အတွက် အဲ့ဒီအပေါ်မှာ ကျနော်တို့ ကြိုးစားဆောင်ရွက်သွားမှာပါ။”

တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအနေနဲ့ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး ဆွဲတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုနေကြတဲ့ တိုင်းရင်းသား ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေအပါအဝင် ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ဆောင်ရွက် သင့်တယ်လို့ ကချင်ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူ က ပြောပါတယ်။

“အဓိကကတော့ ကျမတို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင်
ပေါ်ပေါက်လာဖို့ပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဖြစ်ဖို့ ဒါ အဓိက ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နောက်တခါ ကျမတို့ တိုင်းရင်းသားအရေးတွေနဲ့ပတ်သက်ပြီး ဒါ ပြည်နယ်နဲ့ ပြည်ထောင်စု ခွဲခွဲခြားခြားပေါ့နော် ဒါလည်း ဖက်ဒရယ်ထဲမှာ ပါပါတယ်။ ဖက်ဒရယ်စနစ်ဖြစ်အောင် ပြင်သွားယုံနဲ့တင် တော်တော်များများက ပြည့်စုံလုံလောက်မှာပါ။”
အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး အဆိုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုပြီးနောက် အခု ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည်ပြင်ဆင်ရေးကော်မတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေး ဆုံးဖြတ်မှာပါ။ ဒီအဆိုကို အတည်ပြုနိုင်ပြီဆိုရင်တော့ ကော်မတီတရပ် ဖွဲ့စည်းပြီး အခြေခံဥပဒေမှာ ပြင် ဆင်ရမယ့် အပိုင်းတွေကို သုံးသပ် လေ့လာသွားကြမှာလည်း ဖြစ်ပါတယ်။

စိန်မျောက်မျောက်အားဖမ်းဆီးအရေးယူနိုင်ရန်

(လက်သီးနှင့်ထိုး၊ရေခဲရည်ဖြင့်ပက်၊ ဒူးထောက်ခိုင်းပြီးပါးရိုက်)

မိထ္ထီလာ ပဋိပက္ခ



မိထ္ထီလာ ပဋိပက္ခ တိုးလာခြင်းမှာ နောက်ကြောင်း
ပြန်လှည့်နိုင်ကြောင် ကိုမင်းကိုနိုင်ပြော

မိထ္ထီလာ၊ မတ် ၂၀။

မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ 
နယူးဝိန့်စိန် ရွှေဆိုင်တွင် စတင်ဖြစ်ပွားသော ပဋိ
ပက္ခများ ထပ်မံ တိုးပွားလာခြင်းနှင့် ပတ်သတ်၍ နိုင်ငံရေး 
နောက်ကြောင်းပြန်လှည့်သွားနိုင်ကြောင်း ၈၈ မျိုးဆက် 
ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်က ပြောကြားသည်။ 

“စစ်အုပ်ချုပ်ရေးကို လက်ယက်ခေါ်မိတဲ့ အပြုအမှုမျိုးတွေကို 
ရှောင်ကိုရှောင်ရမှာ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်လာရင် သုညကို ပြန်ရောက်သွားလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။ 
ရွှေဆိုင်တွင် ရောင်းသူနှင့် ၀ယ်သူအကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် နောက်ဆက်တွဲအဖြစ် ရွှေဆိုင် ၂ ဆိုင် ယနေ့ 
ညနေ ပိုင်းက ဖျက်ဆီးခံလိုက်ရ ပြီးနောက်ပိုင်း ပိုမိုအခြေအနေဆိုးရွားလာကြောင်း ဒေသခံများက 
ပြောကြားသည်။ 

ဒေသဆိုင်ရာ အုပ်ချုပ်ရေး ရဲဝန်ထမ်းများက ထိုကဲ့သို့ အဓိကရုန်းများ ဖြစ်ပွားနေခြင်းကို တားဆီးခြင်းမရှိဘဲ ရပ်ကြည့်နေကြသည့်အတွက် အဆိုပါ ကိစ္စရပ်မှာ မေးခွန်း ထုတ်စရာဖြစ်ကြောင်း ကိုမင်းကိုနိုင်က ပြောကြားသည်။ 

“ရဲတွေက မတားဆီးကြဘူး။ လူလုံးပြပြီး ရပ်ကြည့်
နေကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ မဟုတ်ဘူး။ အဓိကရုန်းဖြစ်နေတာ တားကြရလိမ့်မယ်” ဟု ၎င်းက 
ပြောကြားသည်။ 

မိထ္ထီလာမြို့ နာရီစင် အနီးရှိ မှန်လုံဗလီ(ခေါ်) သီရိမင်္ဂလာ
ဗလီ ရှေ့တွင် သံဃာတော်တစ်ပါး ဓါးဒါဏ်ရာဖြင့် ဆုံးပါး
သွားကြောင်း နှင့် မည်သည့်ဘက်ဟု အတည်ပြု၍ မရသော 
ဆေးရုံပေါ်တွင် လူနာ ၁၅ ဦးခန့်  ရှိနေကြောင်း မိထ္ထီလာမြို့တွင် 
ရောက်ရှိနေသည့် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။ 

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က နှစ်
ဘက် ဘာသာရေး ခေါင်းဆောင်များ ပြိုင်တူထိန်းကြရန် 
လိုအပ်နေကြောင်း တိုက်တွန်းပြောကြားသည်။  

မိထ္ထီလာ ကားဝန်းရှေ့ရှိ မြို့နယ် ပညာရေးမှူးရုံး မီးလောင်
သည့်အထဲတွင် ပါဝင်သွားပြီဖြစ်ကြောင်း နှင့် လက်ရှိအချိန်
တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာနေကြောင်း ဒေသခံများ၏ ပြောကြားချက်
အရသိရသည်။

မြန်မာ့ခေတ်


  The Myanma Age
မိထ္ထီလာမြို့တွင် ရွှေဆိုင်နှစ်ဆိုင် ဖျက်ဆီးခံရ

မိတ္ထီလာ၊ မတ် ၂၀။

မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ ရွှေဆိုင် တစ်တွင်  ရွှေလာရောင်းသူ အမျိုးသမီးတစ်ဦးနှင့် ၀ယ်သူတို့အကြားပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ဆိုင်ခန်း နှစ်ခန်ဖျက်ဆီးခံလိုက်ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း မိထ္ထီလာ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင်က ပြောကြားသည်။

“အမျိုးသမီးတစ်ဦး ရွှေလာရောင်းတာ။ ပထမ တစ်သိန်း
ရှစ်ထောင်ပေးမယ်လို့ ပြောတယ်။ ပြီးတော့ မှတ်ကျောက်တိုက်တယ်။ ငရဲမီးစားတယ်။ အဲဒါတွေပြီးတော့မှ မ၀ယ်နိုင်ဘူး။  ၀ယ်မယ်ဆိုရင်လည်း ငါးသောင်းပဲ ရမယ်လို့ ဆိုင်က ပြောတယ်။ အဲဒါကြောင့် နောက်ဆက်တွဲတွေ ဖြစ်လာတာပါ”ဟု ဒုရဲအုပ်
ကျော်ဝင်းနိုင်က ပြောကြားသည်။

မနက် ၉ နာရီ ၀န်းကျင်ကတည်းက စတင်ဖြစ်ပွားခဲ့သော 
အဓိကရုန်းများသည် ညနေ ၄ နာရီအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အမှတ် ၂ ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက
ပြောကြားသည်။

“လုံခြုံရေး ရဲဝန်ထမ်း အယောက် ၅၀ ကျော်လောက်ရှိတယ်။ 
ဖျက်ဆီးတာတွေတော့ မရှိတော့ဘူး”ဟု မိထ္ထီလာမြို့အတွင်း နေထိုင်သူ ကိုသန့်က ပြောကြားသည်။ ပျက်ဆီးဆုံးရှုံးမှု တန်ဖိုး
ကို အမှတ် ၂ ရဲစခန်းမှ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း ပျက်ဆီးသည့် ပစ္စည်းများမှာ အလွန်ပင် များပြားကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

“အိမ်ရှေ့လမ်းမပေါ်မှာ အိမ်ထဲက ပစ္စည်းတွေ ပြန့်ကျဲပြီး ပျက်ဆီးနေတာ အများကြီးပဲ”ဟု ကိုယ်တိုင် မြင်တွေ့ရသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဓိကရုန်းအတွင်း အမျိုးသမီး တစ်ဦး သေဆုံးသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း သေဆုံးခြင်း 
မရှိကြောင်း မိထ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှ အတည်ပြု ပြော
ကြားသည်။

ဟိန်းသူ
    မိထ္ထီလာ ပဋိပက္ခ တိုးလာခြင်းမှာ နောက်ကြောင်း
ပြန်လှည့်နိုင်ကြောင် ကိုမင်းကိုနိုင်ပြော


မိထ္ထီလာ၊ မတ် ၂၀။

မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ
နယူးဝိန့်စိန် ရွှေဆိုင်တွင် စတင်ဖြစ်ပွားသော ပဋိ
ပက္ခများ ထပ်မံ တိုးပွားလာခြင်းနှင့် ပတ်သတ်၍ နိုင်ငံရေး
နောက်ကြောင်းပြန်လှည့်သွားနိုင်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်က ပြောကြားသည်။

“စစ်အုပ်ချုပ်ရေးကို လက်ယက်ခေါ်မိတဲ့ အပြုအမှုမျိုးတွေကို ရှောင်ကိုရှောင်ရမှာ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်လာရင် 
သုညကို ပြန်ရောက်သွားလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။
ရွှေဆိုင်တွင် ရောင်းသူနှင့် ၀ယ်သူအကြား ဖြစ်ပွားသော 
ပဋိပက္ခကြောင့် နောက်ဆက်တွဲအဖြစ် ရွှေဆိုင် ၂ ဆိုင် ယနေ့ ညနေ ပိုင်းက ဖျက်ဆီးခံလိုက်ရ ပြီးနောက်ပိုင်း  ပိုမိုအခြေအနေဆိုးရွားလာကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေး ရဲဝန်ထမ်းများက ထိုကဲ့သို့ 
အဓိကရုန်းများ ဖြစ်ပွားနေခြင်းကို တားဆီးခြင်းမရှိဘဲ  ရပ်ကြည့်နေကြသည့်အတွက် အဆိုပါ ကိစ္စရပ်မှာ မေးခွန်း ထုတ်စရာဖြစ်ကြောင်း ကိုမင်းကိုနိုင်က ပြောကြားသည်။

“ရဲတွေက မတားဆီးကြဘူး။ လူလုံးပြပြီး ရပ်ကြည့်နေကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ မဟုတ်ဘူး။
 အဓိကရုန်းဖြစ်နေတာ တားကြရလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

မိထ္ထီလာမြို့ နာရီစင် အနီးရှိ မှန်လုံဗလီ(ခေါ်) သီရိမင်္ဂလာဗလီ ရှေ့တွင် သံဃာတော်တစ်ပါး ဓါးဒါဏ်ရာဖြင့် ဆုံးပါးသွားကြောင်း နှင့် မည်သည့်ဘက်ဟု အတည်ပြု၍ မရသော ဆေးရုံပေါ်တွင် လူနာ ၁၅ ဦးခန့် ရှိနေကြောင်း မိထ္ထီလာမြို့တွင် ရောက်ရှိနေသည့် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က နှစ်ဘက် ဘာသာရေး ခေါင်းဆောင်များ ပြိုင်တူထိန်းကြရန် လိုအပ်နေကြောင်း တိုက်တွန်းပြောကြားသည်။

မိထ္ထီလာ ကားဝန်းရှေ့ရှိ မြို့နယ် ပညာရေးမှူးရုံး မီးလောင်သည့်အထဲတွင် ပါဝင်သွားပြီဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင်ပုဒ်မ၁၄၄ထုတ်ပြန်ချက်ကိုအသံချဲ့စက်များဖြင့်လိုက်လံ ကြေညာနေကြောင်း ဒေသခံများ၏ ပြောကြားချက်
အရသိရသည်။

မြန်မာ့ခေတ်
 



BBC Burmese

မိတ္ထီလာမြို့မှာ မနေ့ည ၉ နာရီနောက်ပိုင်းကစလို့ သက်ဆိုင်ရာက
ပုဒ်မ ၁၄၄ ထုတ်ပြီးနောက်ပိုင်းမှာ ဒီကနေ့ မတ် ၂၁ က စလို့
အခြေအနေတွေ ငြိမ်ဖို့ ရှိတယ်၊ လူအုပ်နဲ့ အနိုင်ကျင့်လို့ ရမှာ
မဟုတ်တော့ဘူးလို့ မိတ္ထီလာအမတ် ဦးဝင်းထိန်က
ညဥ့်သန်းခေါင်ကျော် အချိန်မှာပဲ ဘီဘီစီကို ပြောပါတယ်။

အခြေအနေတွေကို ပြေလည်အောင် ကြိုးစားရမယ်၊
မိတ္ထီလာမြို့ဟာ နဂိုကထဲက မြန်မာမွတ်ဆလင်တွေ အများကြီး
နေထိုင်ကြတဲ့ မြို့ဖြစ်ပြီး အားလုံး ပြေပြေလည်လည် ရှိကြတယ်၊
အခုမှ ရုတ်တရက် ထဖြစ်တာပါလို့ သူက သုံးသပ်ပါတယ်။

ညတွင်းချင်း အနီးပတ်ဝန်းကျင် ရွာတွေက ကားတွေနဲ့ တုတ်တွေ၊
ဓားတွေ ကိုင်ပြီး တက်လာကြလို့ တားခဲ့ရတယ်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးလည်းဖြစ်သူ ဦးဝင်းထိန်က
ပြောပါတယ်။

တောကြောင်တွေလို့ခေါ်တဲ့ ပြဿနာပေါ်မှာ အမြတ်ထုတ်သူတွေ
ရှိတယ်၊ ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ ကဲ့လာသူတွေလည်း တွေ့ရတယ်လို့
သူက ဆိုပါတယ်။

အာဏာပိုင်တွေဟာ ဒီလိုကိစ္စတွေကို မကြုံဘူးတော့
စနစ်တကျ ကိုင်တွယ် ဆောင်ရွက်တာကို မလုပ်နိုင်ကြဘူး။
ညမှောင်မိုက်တဲ့ အချိန်လည်း ဖြစ်၊ လူအုပ်ကလည်း ကြီးမားလွန်းတော့
ခပ်လှမ်းလှမ်းကသာ ထိန်းသိမ်းဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း လုံခြုံရေးဝန်ကြီးကိုယ်တိုင် ဆင်းချလာပြီး
အခြေအနေတွေကို ကွပ်ကဲ ဆောင်ရွက်နေသလို တပ်ကို မသုံးဘဲ
ရဲတပ်ဖွဲ့ အင်အားနဲ့သာ ထိန်းသိမ်း ဆောင်ရွက်ခဲ့လို့ အထိုက်အလျောက်ပဲ
ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ တပ်အရာရှိဟောင်းတဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

မတ် ၂၀ မနက်ပိုင်းက မိတ္ထီလာမြို့၊ ရွှေဆိုင်တဆိုင်မှာ ရွှေလာရောင်းရာက နှစ်ဘက် အချေအတင်ဖြစ်ပြီး ဆိုင်ပိုင်ရှင် မွတ်ဆလင်က ရွှေလာရောင်းတဲ့ ဇနီးမောင်နှံအနက် ယောက်ျားလုပ်သူကို
ရိုက်နှက်ခဲ့ရာကနေ နောက်ဆက်တွဲ လူအုပ်နဲ့ ဆိုင်နဲ့ အိမ်တွေ ဖျက်စီး၊
ဘာသာရေးစာသင်ကျောင်းနဲ့ ဗလီတွေ ဖျက်စီး/ မီးရှို့တွေ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။




မိတ္ထီလာအရေး ရဲတပ်ဖွဲ့ ထုတ်ပြန်အသိပေးချက်

Posted by Irrawaddy on March 20, 2013

မိတ်္ထီလာမြို့ ရွှေဆိုင်တွင်ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ဖျက်ဆီးမှုများအား ရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မတ် ၂၀ ၂၀-၃-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်

မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ ““နယူးဝိန့်စိန်”” ရွှေဆိုင်သို့ မိတ်္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုး ကျွတ်ဖာ လုပ်ငန်းလုပ်ကိုင်သည့် ဦးခင်မောင်ဝင်း (၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း (၃၆)နှစ်တို့ ၃ ဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ်(၁၄၀၀၀၀ိ/-)ခန့်တန်ဘိုးရှိ ရွှေဆံညှပ်တစ်ခုအား သွားရောက်ရောင်းချရာ ဆိုင်ရှင် ဒေါ်တင်အေး၏သမက် ထွန်းထွန်းဦး(ခ) အာရှစ်(၂၃)နှစ်မှ ငွေကျပ် (၁၀၅၀၀၀ိ/-)သာပေးမည် ဖြစ်ကြောင်းပြောကြား၍ မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူဆောင်သွားခဲ့သည်။

ထို့နောက် ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဘိုးငွေကျပ် (၅၀၀၀၀ိ/-)သာ ပေးမည်ဖြစ်ကြောင်း ပြောကြားရာမှ နှစ်ဖက်အချင်းများကာ ဆိုင်ရှင် မမြင့်မြင့်အေး က ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ)အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့်ထိုး/ သစ်သားတုတ်နှင့်ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဦးခေါင်းဝဲဘက် ချိုစောင်းပေါက်ပြဲ၊ မျက်နှာဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ်္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ) မင်းအောင်နှင့် မြင့်မြင့်အေးတို့ ၃ ဦးအား မိတ်္ထီလာအမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/ ၄၂၇/၁၁၄ ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူခဲ့သည်။

၎င်းဖြစ်စဉ်အားကြားသိသော လူ(၂၀၀)ခန့်က ၁၄၁၅ အချိန်တွင် ထွန်းထွန်းဦး(ခ) အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအရှေ့ဘက်တိုက်(၃)လုံး၌ရှိသော ဆိုင်ခန်း(၆)ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်း ၀င်၍ ပစ္စည်းများရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိ ရပ်ဖများမှ လူစုခွဲတားဆီးခဲ့ကြောင်း၊ ၁၄၃၀ အချိန်တွင် အဆောက်အဦဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အဆိုပါဆိုင်ခန်း(၆)ခန်း ပျက်စီးခဲ့ကြောင်း၊ ၁၅၁၀ အချိန်တွင် ၎င်းင်းလူအုပ်စုမှ အဆိုပါတိုက်(၃)လုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ်္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၁၇၁၅ အချိန်တွင် ဈေး အနောက်ဘက်ရှိ ပါကစ္စတန်ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး ၁၇၂၀ အချိန်တွင် လူအင်အား (၁၀၀)ခန့် ဖြစ်လာခဲ့သည်။

၎င်းနောက် ဗလီအတွင်းရှိပစ္စည်းများအား ဖျက်ဆီးခဲ့ပြီး ၁၇၂၅ အချိန်တွင် ဗလီထိပ်ဖူးများအား ဖျက်ဆီးကာ ဆိုင်ကယ်(၅)စီးခန့်အား ဖျက်ဆီးခဲ့သည်။

၁၇၃၅ အချိန်တွင် အဆိုပါဗလီအား မီးရှို့ခဲ့ရာ လူထုမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၇၃၅ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ၁၇၄၅ အချိန်တွင် အဆိုပါလူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ(၂၀၀) ခန့်သည် ကားလမ်းမအတိုင်း ကားကြီးဝန်းထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ် ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦး တို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရရှိသတင်းဆက်များအား ဆက်တင်ပြပေးသွားပါမည်။

ရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်မှု သတင်းဆက်

မိတ်္ထီလာမြို့ ရွှေဆိုင်တွင်ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ဖျက်ဆီးမှုများအား နေပြည်တော်၊ မတ် ၂၀

၁၇၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ဗမာ ကျား ၁ ဦး၊ မွတ်ဆလင်ကျား ၄ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-

(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။

(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊

ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။

(ဂ ) ကိုမင်း(၁၈)နှစ်၊ မွတ်ဆလင်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။

(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ မွတ်ဆလင်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။

(င) ကိုဇော်(၂၃)နှစ်၊ မွတ်ဆလင်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။

(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ မွတ်ဆလင်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။

၂၀၅၅ အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။



မိတ္ထီလာမြို့တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှစတင်ပြီး ပဋိပက္ခဖြစ်ပွား

Created on Wednesday, 20 March 2013 17:28



မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှစတင်ပြီး ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ မတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မိတ္ထီလာမြို့ ဈေးအရှေ့ဘက်တန်းရှိ နယူးဝိန့်စိန်ရွှေဆိုင်တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စကားများပြီး အမျိုးသမီးတစ်ဦး အပါအ၀င် လူလေးဦးမှ လာရောက်ရောင်းချသူ နှစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်သဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်ပြောဆိုခဲ့ရာ လူစုလူဝေး ဖြစ်ပေါ်လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လူစုလူဝေးသည် မွန်းလွဲပိုင်းတွင် နယူးဝိန့်စိန်ရွှေဆိုင်နှင့် တော်ဝင်ရွှေဆိုင်တို့အား ၀ိုင်းဝန်းဖျက်ဆီးခဲ့သဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့က အခြေအနေကို ၀င်ရောက်ထိန်းသိမ်းနေရကြောင်း သိရှိရသည်။ မွန်းလွဲသုံးနာရီတွင် မိတ္ထီလာဈေးအား ပိတ်ခဲ့ရသလို မြို့ပေါ်ဈေးဆိုင် အချို့လည်း ပိတ်သွားကြပြီး လူနှစ်ရာကျော်ရှိသော လူအုပ်မှာ ညနေ ၅ နာရီခန့် ဆက်လက်စုဝေးနေဆဲဟု သိရသည်။

"ရွှေဆိုင်မှာ ရွှေလာရောင်းတဲ့အခါ မှတ်ကျောက်တိုက်ပြီး ရွှေအရည်အသွေးကို စစ်ပါတယ်။ မှတ်ကျောက်တိုက်ရင်း ရွှေထည်က ကျိုးသွားတယ်လို့ သိရပါတယ်။ ရွှေဆိုင်ပိုင်ရှင်က ရှစ်သောင်းပေးတာကို လက်မခံဘဲ အလျော်တောင်းတဲ့အခါ စကားများပြီး ဆိုင်ဝန်ထမ်းတွေ အပါအ၀င် လူလေးဦးက ၀ိုင်းရိုက်တယ်လို့ သိရပါတယ်။ အရိုက်ခံရသူနှစ်ဦးက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရာကစပြီး လူစုလူဝေး ဖြစ်လာတယ်။ နေ့ခင်းရောက်တော့ အရိုက်ခံရသူနှစ်ယောက်ထဲက မိန်းမဖြစ်တဲ့သူ သေသွားတယ်ဆိုပြီး သတင်းထွက်လာတော့ လူစုလူဝေးကြီးက ပြဿနာဖြစ်တဲ့ရွှေဆိုင်ကို ၀င်ဖျက်ကြတယ်။ လောလောဆယ်တော့ လူစုမကွဲသေးဘူး။ လူအုပ်က အယောက် ၂၀၀ ကျော်တယ်။ ရဲအင်အား (၇၀) လောက်နဲ့ ထိန်းသိမ်းနေတာ တွေ့ရတယ်။ ရွှေဆိုင်ပိုင်ရှင်နဲ့ လူအချို့ကို သက်ဆိုင်ရာရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရတယ်။" ဟု မိတ္ထီလာမြို့ရှိ Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့ပါသည်။

နောက်ဆုံးရရှိသော သတင်းများအရ လူအုပ်မှာ ၃၀၀ ကျော်အထိ ရှိလာပြီး ဈေးအနီးမှ တိုက်လေးလုံးအား ၀ိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ ရိုက်နှက်ခံရသော ဒဟတ်တန်းကျေးရွာနေ အသက် (၄၀) ၀န်းကျင် လင်မယားနှစ်ဦးမှာ လက်ရှိအချိန်တွင် မိတ္ထီလာ အမှတ် (၂) ရဲစခန်း၌ရှိနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

Updated

မတ်လ ၂၀ ရက်နေ့ ည ၇ နာရီ

ည ၇ နာရီအထိ သိရှိရသော သတင်းများအရ မိတ္ထီလာမြို့ မြို့မဈေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေသည် မငြိမ်သက်သေးသော်လည်း လူသေဆုံးမှုနှင့် ဒဏ်ရာရှိမှု မရှိသေးကြောင်း၊ အခြားရပ်ကွက်များသို့ ကူးစက်ခြင်း မရှိသေးကြောင်းနှင့် မိတ္ထီလာ မြို့မဈေးအနီးတွင် လူစုလူဝေးမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်းသိရသည်။

Updated

မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ

မိတ္ထီလာမြို့တွင် သိရိမင်္ဂလာဗလီနှင့် အခြားဗလီအချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် မီးရှို့မှုများ ဖြစ်ပေါ်နေကြောင်း နေရာအနှံ့ မီးလောင်မှုများအား ည ၈ နာရီ အချိန်တွင် ငြိမ်းသက်နိုင်ပြီဖြစ်ကြောင်း အခြားနေရာအချို့တွင် ဒဏ်ရာရရှိသူအချို့ ရှိနေပြီး မြို့နေလူထုမှာ အရွှေအပြောင်းလုပ်နေပြီ ဖြစ်ကြောင်း မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရသိရသည်။

Updated

မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေ နှင့်ပတ်သက်၍ Eleven Media Group မှ မိတ္ထီလာ အမှတ် (၃) ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "လောလောဆယ်မှာ တည်ငြိမ်မှုမရှိသေးတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေး ရယူနေပါတယ်။ လူတစ်စုက ရုန်းရင်းဆန်ခတ်မှုတွေ လုပ်ဆောင်နေဆဲမို့ တည်ငြိမ်အောင်ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့ပါသည်။

Updated

မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်

လက်ရှိအချိန်တွင် မိတ္ထီလာမြို့၏ အရှေ့ဘက်မန္တလေးမှ အဝင်နှင့် အနောက်ဘက် ကျောက်ပန်းတောင်းမြို့မှ အဝင် မြို့အဝင်အထွက်ရှေ့နောက်ကို ပိတ်ထားပြီဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူအချို့ရှိနေပြီး မီးရှို့ဖျက်ဆီးခံရသည့် ဆိုင်ကယ် ၁၀ စီးကျော်ရှိနေပြီဖြစ်ကြောင်း ဓာတ်ပုံရိုက်သည့် သတင်းထောက်နှင့် ရဲဝန်ထမ်းအချို့ကို ခဲများဖြင့် ပစ်ပေါက်မှုများလည်းရှိခဲ့ကြောင်း မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။

Updated

မတ်လ ၂၀ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင် လူတစ်စုမှ ကားအရောင်းပြခန်းအချို့အား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရုန်းရင်းဆန်ခတ် အခြေအနေအား ထိန်းသိမ်းနိုင်ရေးအတွက် လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း လိုက်လံကြေညာလျက်ရှိသည်ဟု Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့ခဲ့သည်။

Updated

မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေ နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးဖြစ်သူအား Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ ၎င်းက "အခုလက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားတဲ့နေရာမှ လူအချို့ပဲကျန်ရှိနေပါတော့တယ် အဲဒါကို ညှိနှိုင်းဖြေရှင်းမှု ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

Updated

မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေနှင့် ပတ်သက်၍ အခြေအနေတည်ငြိမ်အောင် ထိန်းသိမ်းရေးတွင် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ (မတ်လ၂၀ ရက်) ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် မိတ္ထီလာမြို့သို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။

Updated

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး မတ်လ ၂၀ရက်နေ့ညပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ရာ သံဃာတော်တစ်ပါးနှင့်အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အမျိုးသား လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး အခြေအနေအားတည်ငြိမ်မတ်လ ၂၀ရက် ည ၉နာရီ ၄၅မိနစ်အချိန်တွင် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄အားထုတ်ပြခဲ့သည်။ ယင်းသို့ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄သည် ၅ဦးနှင့်အထက် လူစုလူဝေးမပြုလုပ်ရန်နှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များအား အနှောက်အယှက်မပြုရန်ရည်ရွည်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Updated

မတ်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၅၅ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ Eleven Media Group မှ မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက "လက်ရှိအချိန်မှာ အခြေအနေက ပြန်လည်တည်ငြိမ်မှု ရရှိနေပါပြီ၊ရမည်းသင်းဘက်က နယ်မြေခံ ရဲတပ်ရင်းနှစ်ရင်း ရောက်ရှိနေပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်။ တိုင်းအဆင့် အရာရှိကြီးတွေကိုယ်တိုင် စီမံကွပ်ကဲနေပါတယ်၊ နယ်မြေမှာ လှည့်ကင်း ဆောင်ရွက်ပြီး မြို့ရဲ့လုံခြုံရေးကို ရယူနေပါတယ်။ အခုအချိန်မှာတော့ လူစုကွဲသွားပြီဖြစ်ပေမယ့် ဟိုတစ်စု ဒီတစ်စုတော့ ရှိနေပါသေးတယ်။ သတင်းရရှိမှုအပေါ်မူတည်ပြီး ဒေသခံများ လုံခြုံရေးအတွက် ဆောင်ရွက်နေပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။

news-eleven.com