Thursday, March 21, 2013
မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိထ္ထီလာမြို့ မြင်ကွင်းများ။
RFA Burmese
မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း
မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေ ပြန်ဖြစ်
မတ်လ ၂၀ ရက်နေနဲ့ ၂၁ ရက်ညနေအထိ နှစ်ရက်ကြာ ဖြစ်ပွားပြီး အနည်းငယ်ငြိမ်သက်သွားတဲ့ မိတ္ထီလာမြို့မှာ ဒီကနေ့ မနက် ၅ နာရီကစပြီး မီးလောင်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်လို့ RFA ကစုံစမ်းသိရပါတယ်။
ဒီမီးလောင်ကျွမ်းမှုတွေဟာ ရန်ကုန်-မန္တလေးကားလမ်းမဘေး၊အဝေးပြေးကားဝင်း အနီးက သီရိမင်္ဂလာရပ်ကွက်မှာ ဖြစ်ပွားနေတာလို့ မိတ္ထီလာမြို့နယ်မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။ "ပြည်သူတစ်ချို့က သောင်းကျန်းနေတာပါ။ရဲတွေလည်း ထိန်းဖို့ကြိုးစားနေတယ်"လို့ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။
Eleven Media Group
 21 minutes ago
မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိထ္ထီလာမြို့ သီရိမင်္ဂလာ ရပ်ကွက်ရှိ ကားကြီးဝင်းအနီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေစဉ်။
မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိထ္ထီလာမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ထားစဉ်။
မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့ မြင်ကွင်းများ
မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။
စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေအဖြစ် တရုတ်သို့ပို့ဆောင်ခံရသူအား မြန်မာသို့ပြန်လည်လွှဲအပ်
စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေအဖြစ် တရုတ်သို့ပို့ဆောင်ခံရသူအား မြန်မာသို့ပြန်လည်လွှဲအပ်
မတ် ၁၉ ရက်၊ ၂၀၁၃
 ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု၌စွပ်စွဲခံရပြီး တရုတ်နိုင်ငံ၌ ရုံးတင်စစ်ဆေးခံရသော စိုင်းနော်ခမ်းအမှုအတွက် နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးဖို့ အပို့ခံရသူ စိုင်းအောင်မြတ်အား တရုတ်အစိုးရက မြန်မာ အစိုးရထံ ပြန်လည်လွှဲအပ်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
“မနေ့က ၁၁ နာရီ လောက်ပေါ့ ကျိုင်းတုံကိုရောက်လာတာ။ လောလောဆယ်တော့  သူ့ရဲ့လုံခြုံရေးအတွက် သူ့ကိုဘယ်မှာ ထားတယ်ဆိုတာ အာဏာပိုင်တွေ မပြောပြသေးဘူး။ နေပြည်တော် သို့မဟုတ် ရန်ကုန်မှာ သွားထားမယ်လို့လဲ သတင်းတွေ ထွက်နေတယ်၊ သူ့မိသားစုကော ခေါ်မယ်လို့ ကြားတယ် ” ဟု စိုင်းအောင်မြတ်၏ မိတ်ဆွေတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ 
ယမန်နှစ် ဩဂတ်စ်လ က နိုင်ငံတော်သက်သေအဖြစ် ကျိုင်းတုံ-မိုင်းလားလမ်းမှ တရုတ်ပြည်သို့ ပို့ဆောင်ခြင်းခံရသော စိုင်းနော်ခမ်း၏တပည့်တဦးဖြစ်သူ စိုင်းအောင်မြတ်အား စိုင်းနော်ခမ်းဆေးထိုးသတ်ခံရပြီး ၂ ပတ်အကြာ မတ်ခ်ျလ ၁၇ ရက် တနင်္ဂနွေနေ့၌ ကျိုင်းတုံမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
“နေပြည်တော်ကနေ လာတဲ့ စရဖအရာရှိ ကျိုင်းတုံကိုရောက်လာတယ်။ မိုင်းလားဘက်ဆက်တက်သွားပြီး စိုင်းအောင်မြတ် ကိုသွား ကြိုတာလေ။ သူအသွားတုန်းကလမ်းအတိုင်းဘဲ ပြန်ပို့တာ၊ တရုတ်ရဲတွေလဲ မိုင်းလားအထိလာပို့တယ်” ဟုလည်း ဆွေမျိုးတော်စပ်သူ တဦးကပြောပါသည်။
စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရခင် ၁၀ ရက်အလိုဖြစ်သော ၂၀၁၂ ဧပြီလ ၁၅ ရက်နေ့တွင် နောက်လိုက် ၂၅ ယောက်နှင့်အတူ တာချီလိတ်၌ လက်နက်ချခဲ့သည်။ စိုင်းနော်ခမ်းအမှု၌ စိုင်းအောင်မြတ်အား နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးရန် တရုတ်ကတောင်းဆိုသဖြင့် မြန်မာအစိုးရ မှ တရုတ်အစိုးရထံသို့ ကျိုင်းတုံ၌ အခမ်းအနားအဖြင့် ၂၀၁၂ ဂျူလိုင်လ ၂၈ ရက် မနက် ၄ နာရီ က လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား ကျိုင်းတုံ - မိုင်းလားလမ်း မှတဆင့် တရုတ်နယ်စပ် ဖြတ်သန်းကာ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
စိုင်းနော်ခမ်းကိုလည်း  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အစိုးရက မတ်လ ၁ ရက်နေ့ ဆေးထိုးသတ် သေဒဏ်ပေး လိုက်ပြီး ၂ ပတ်အကြာ ဆွေမျိုးမောင်နှမများက တာချီလိတ်မြို့နယ် ပါမိတ်ရပ်ကွက်တွင် (စိုင်းနော်ခမ်း၏အလောင်းအစား ၎င်း၏ အဝတ်အစားများ အသုဘ အခေါင်းထဲထဲ့၍ ) ၎င်း၏ဓါတ်ပုံဖြင့် အသုဘအခမ်းအနား ကျင်းပပေးခဲ့ ကြောင်း၊ သတင်းထောက်များနှင့် အစိုးရစစ်တပ်ပိုင်းမှ လာရောက်မေးမြန်းမှုများကြောင့် အသုဘ ၇ ရက်ထားမည့် အစီအစဉ်အား ဖျက်လိုက်ရပြီး  အလောင်းမဲ့အခေါင်းကို ၃ ရက်မြောက်နေ့၌ မီးသဂြိုဟ်လိုက်ရကြောင်း နီးစပ်သည့်ဆွေမျိုးတဦးကလည်းပြောပါသည်။
စိုင်းနော်ခမ်းအား မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်ရာတွင်အမိန့်ပေးသူအဖြစ် စွပ်စွဲခံရသော်လည်း တရုတ် အစိုးရ ဆေးထိုးသတ်သေဒဏ်ပေးလိုက်သည်အထိ အမှုဝန်ခံသွားခြင်းမရှိပေ။ ၎င်းအလောင်းအားလည်း မြန်မာသို့ ပြန်ပို့ ပေးမည်ဟု တရုတ်အစိုးရ ပြောဆို ခဲ့ဘူးသော်လည်း မြန်မာအစိုးရဘက်မှ အရေးယူပြောဆိုမှုမရှိသဖြင့် အလောင်း အား ပို့ဆောင်ပေးခြင်းမရှိကြောင်း ၎င်း၏ဆွေမျိုးဘက်မှ တောင်းဆိုခြင်းလည်းမရှိခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြန်လည်ပြောပြပါသည်။
သျှမ်းသံတော်ဆင့်
မတ် ၁၉ ရက်၊ ၂၀၁၃
ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု၌စွပ်စွဲခံရပြီး တရုတ်နိုင်ငံ၌ ရုံးတင်စစ်ဆေးခံရသော စိုင်းနော်ခမ်းအမှုအတွက် နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးဖို့ အပို့ခံရသူ စိုင်းအောင်မြတ်အား တရုတ်အစိုးရက မြန်မာ အစိုးရထံ ပြန်လည်လွှဲအပ်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
“မနေ့က ၁၁ နာရီ လောက်ပေါ့ ကျိုင်းတုံကိုရောက်လာတာ။ လောလောဆယ်တော့ သူ့ရဲ့လုံခြုံရေးအတွက် သူ့ကိုဘယ်မှာ ထားတယ်ဆိုတာ အာဏာပိုင်တွေ မပြောပြသေးဘူး။ နေပြည်တော် သို့မဟုတ် ရန်ကုန်မှာ သွားထားမယ်လို့လဲ သတင်းတွေ ထွက်နေတယ်၊ သူ့မိသားစုကော ခေါ်မယ်လို့ ကြားတယ် ” ဟု စိုင်းအောင်မြတ်၏ မိတ်ဆွေတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ယမန်နှစ် ဩဂတ်စ်လ က နိုင်ငံတော်သက်သေအဖြစ် ကျိုင်းတုံ-မိုင်းလားလမ်းမှ တရုတ်ပြည်သို့ ပို့ဆောင်ခြင်းခံရသော စိုင်းနော်ခမ်း၏တပည့်တဦးဖြစ်သူ စိုင်းအောင်မြတ်အား စိုင်းနော်ခမ်းဆေးထိုးသတ်ခံရပြီး ၂ ပတ်အကြာ မတ်ခ်ျလ ၁၇ ရက် တနင်္ဂနွေနေ့၌ ကျိုင်းတုံမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
“နေပြည်တော်ကနေ လာတဲ့ စရဖအရာရှိ ကျိုင်းတုံကိုရောက်လာတယ်။ မိုင်းလားဘက်ဆက်တက်သွားပြီး စိုင်းအောင်မြတ် ကိုသွား ကြိုတာလေ။ သူအသွားတုန်းကလမ်းအတိုင်းဘဲ ပြန်ပို့တာ၊ တရုတ်ရဲတွေလဲ မိုင်းလားအထိလာပို့တယ်” ဟုလည်း ဆွေမျိုးတော်စပ်သူ တဦးကပြောပါသည်။
စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရခင် ၁၀ ရက်အလိုဖြစ်သော ၂၀၁၂ ဧပြီလ ၁၅ ရက်နေ့တွင် နောက်လိုက် ၂၅ ယောက်နှင့်အတူ တာချီလိတ်၌ လက်နက်ချခဲ့သည်။ စိုင်းနော်ခမ်းအမှု၌ စိုင်းအောင်မြတ်အား နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးရန် တရုတ်ကတောင်းဆိုသဖြင့် မြန်မာအစိုးရ မှ တရုတ်အစိုးရထံသို့ ကျိုင်းတုံ၌ အခမ်းအနားအဖြင့် ၂၀၁၂ ဂျူလိုင်လ ၂၈ ရက် မနက် ၄ နာရီ က လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား ကျိုင်းတုံ - မိုင်းလားလမ်း မှတဆင့် တရုတ်နယ်စပ် ဖြတ်သန်းကာ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
စိုင်းနော်ခမ်းကိုလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အစိုးရက မတ်လ ၁ ရက်နေ့ ဆေးထိုးသတ် သေဒဏ်ပေး လိုက်ပြီး ၂ ပတ်အကြာ ဆွေမျိုးမောင်နှမများက တာချီလိတ်မြို့နယ် ပါမိတ်ရပ်ကွက်တွင် (စိုင်းနော်ခမ်း၏အလောင်းအစား ၎င်း၏ အဝတ်အစားများ အသုဘ အခေါင်းထဲထဲ့၍ ) ၎င်း၏ဓါတ်ပုံဖြင့် အသုဘအခမ်းအနား ကျင်းပပေးခဲ့ ကြောင်း၊ သတင်းထောက်များနှင့် အစိုးရစစ်တပ်ပိုင်းမှ လာရောက်မေးမြန်းမှုများကြောင့် အသုဘ ၇ ရက်ထားမည့် အစီအစဉ်အား ဖျက်လိုက်ရပြီး အလောင်းမဲ့အခေါင်းကို ၃ ရက်မြောက်နေ့၌ မီးသဂြိုဟ်လိုက်ရကြောင်း နီးစပ်သည့်ဆွေမျိုးတဦးကလည်းပြောပါသည်။
စိုင်းနော်ခမ်းအား မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်ရာတွင်အမိန့်ပေးသူအဖြစ် စွပ်စွဲခံရသော်လည်း တရုတ် အစိုးရ ဆေးထိုးသတ်သေဒဏ်ပေးလိုက်သည်အထိ အမှုဝန်ခံသွားခြင်းမရှိပေ။ ၎င်းအလောင်းအားလည်း မြန်မာသို့ ပြန်ပို့ ပေးမည်ဟု တရုတ်အစိုးရ ပြောဆို ခဲ့ဘူးသော်လည်း မြန်မာအစိုးရဘက်မှ အရေးယူပြောဆိုမှုမရှိသဖြင့် အလောင်း အား ပို့ဆောင်ပေးခြင်းမရှိကြောင်း ၎င်း၏ဆွေမျိုးဘက်မှ တောင်းဆိုခြင်းလည်းမရှိခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြန်လည်ပြောပြပါသည်။
သျှမ်းသံတော်ဆင့်
တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀၀ ကြောင့်ဟုဆို
Lachid Kachin
===============
(သျှမ်း)
ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ်သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေးနေကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။
“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့ ဆမ်ပူးဘက်မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကားများပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော် တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေက ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော်ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးကပြောပါသည်။
ဖေဖော်ဝါရီလအတွင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဆမ်ပူးရွာ၌ ယာဘအစည်းပေါင်း ၇၀၀ ကို ဖမ်းဆီးမိသဖြင့် ခွဲဝေယူကြရာ ခမရ ၃၃၁ အတွက်ဝေစုမှာ ယာဘအစည်း ၃၀၀ ဖြစ်ကြောင်း၊ အစည်း ၃၀၀ အနက် ၎င်းတို့ဗျူဟာမှူးမှ အစည်း ၂၀၀ ယူဆောင်သွားကြောင်း ထို့သို့ဖြစ်ရာကနေ ခွဲဝေယူကြရာမှ စကားများ၍ သေနတ်လုကြရာမှ ၄ ချက် ပစ်မိ ကြခြင်းဖြစ်ကြောင်း ဆိုပါသည်။
“ ဖေဖော်ဝါရီလ ၂၈ ညက ဒု-တပ်ရင်းမှူးက - ကျနော့်မှာ သေနတ်ရှိတယ် ဆိုထုတ်လာတော့ အဲဒီသေနတ်ကို တပ်ရင်းမှူးက လုယူလို့ ကျည် ၄ လုံးပစ်မိတယ်။ ၃ လုံးကတော့ မထိဘူး။ နောက်ဆုံးတလုံးမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇေယျာဝင်းရဲ့ဘယ် လည်ချောင်းကနေဝင်ပြီး နားထင် နားရွက်ဘက် ပွင့်ထွက်သွားတော့ လည်တိုင်တခြမ်းထိမိပြီးတော့ သေတာ။ အဲဒီ ကိစ္စက နေ ဝှစ်သောက်ကားမှု၊ မတရားချစားမှုတွေက အစ ပေါ်လာပြီး အခု တပ်တွင်းမှာ တပ်ကြပ်ကြီး အဆင့်ထိ အမှုမှာ ပါဝင်နေ တယ်။ သူတို့နဲ့ဆိုင်တဲ့ ရွှေငွေ ဥစ္စာပစ္စည်းတွေလဲ သိမ်းဆည်းနေတာတွေရှိတယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။
တပ်ရင်းမှူး ဗိုလ်မှူးကြီးဇေယျာဝင်း၏ ရုပ်အလောင်းအား မတ်ခ်ျလ ၄ ရက်နေ့က တာချီလိတ်မြို့ရှိ မြို့မ သုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါအမှုအခင်းအား မတ်ခ်ျလ ၂ ရက်နေ့က တြိဂံတိုင်းမှူးကလည်းကောင်း၊ သက်ဆိုင်ရာ အဆင့်အဆင့်မှ လည်းကောင်း စစ်ဆေးမေးမြန်းရာတွင် ယာဘ ဖမ်းမိ၍ အထက်သို့တင်ပြမှုမရှိဘဲ အချင်းချင်းဝေငှပေးခြင်း၊ လိုင်စင်မဲ့ကားများဖမ်းဆီး၍ အထက်သို့တင်ပြမှုမရှိခြင်း အစရှိသဖြင့် ပြစ်မှုများတွေ့ ရှိလာကြောင်း၊ ထို့ကြောင့် တာချီလိတ်ရှိမူးယစ်ရဲ ၅ ဦးကိုပါ ဖမ်းဆီး၍ အချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း၊ အဆိုပါရဲ ၅ ဦးအနက် သျှမ်းလူမျိုး မူးယစ်ရဲတဦးလည်း ပါဝင်ကြောင်း၊ နေပြည်တော်မှ တပ်မတော်စစ်ဆေးရေးမှူး/ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသောင်းအေး ကိုယ်တိုင် လာရောက်စစ်ဆေးနေကြောင်း တပ်အရာရှိများနှင့် ဝင်ဆန့်သည့် ဒေသခံအမျိုးသားတဦးက ဆက်လက်ပြောပြသည်။
အဆိုပါ ယာဘ အစည်းပေါင်း ၇၀၀ မှာ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး အသတ်ခံရမှုကြောင့် ဖမ်းဆီးစွပ်စွဲကာ တရုတ် ပြည် ကူမင်းမြို့၌ဆေးထိုးသတ်ခံရသော စိုင်းနော်ခမ်း၏ ပစ္စည်းများဖြစ်သည်ဟုလည်း ဒေသတွင်း၌ သတင်းများထွက်နေ ကြောင်း ဒေသခံတချို့ကပြောပါသည်။
Photo: တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘ
=============================
အစည်း ၇၀၀ ကြောင့်ဟုဆို
===============
(သျှမ်း)
ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ်သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေးနေကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။
“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့ ဆမ်ပူးဘက်မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကားများပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော် တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေက ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော်ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးကပြောပါသည်။
ဖေဖော်ဝါရီလအတွင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဆမ်ပူးရွာ၌ ယာဘအစည်းပေါင်း ၇၀၀ ကို ဖမ်းဆီးမိသဖြင့် ခွဲဝေယူကြရာ ခမရ ၃၃၁ အတွက်ဝေစုမှာ ယာဘအစည်း ၃၀၀ ဖြစ်ကြောင်း၊ အစည်း ၃၀၀ အနက် ၎င်းတို့ဗျူဟာမှူးမှ အစည်း ၂၀၀ ယူဆောင်သွားကြောင်း ထို့သို့ဖြစ်ရာကနေ ခွဲဝေယူကြရာမှ စကားများ၍ သေနတ်လုကြရာမှ ၄ ချက် ပစ်မိ ကြခြင်းဖြစ်ကြောင်း ဆိုပါသည်။
“ ဖေဖော်ဝါရီလ ၂၈ ညက ဒု-တပ်ရင်းမှူးက - ကျနော့်မှာ သေနတ်ရှိတယ် ဆိုထုတ်လာတော့ အဲဒီသေနတ်ကို တပ်ရင်းမှူးက လုယူလို့ ကျည် ၄ လုံးပစ်မိတယ်။ ၃ လုံးကတော့ မထိဘူး။ နောက်ဆုံးတလုံးမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇေယျာဝင်းရဲ့ဘယ် လည်ချောင်းကနေဝင်ပြီး နားထင် နားရွက်ဘက် ပွင့်ထွက်သွားတော့ လည်တိုင်တခြမ်းထိမိပြီးတော့ သေတာ။ အဲဒီ ကိစ္စက နေ ဝှစ်သောက်ကားမှု၊ မတရားချစားမှုတွေက အစ ပေါ်လာပြီး အခု တပ်တွင်းမှာ တပ်ကြပ်ကြီး အဆင့်ထိ အမှုမှာ ပါဝင်နေ တယ်။ သူတို့နဲ့ဆိုင်တဲ့ ရွှေငွေ ဥစ္စာပစ္စည်းတွေလဲ သိမ်းဆည်းနေတာတွေရှိတယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။
တပ်ရင်းမှူး ဗိုလ်မှူးကြီးဇေယျာဝင်း၏ ရုပ်အလောင်းအား မတ်ခ်ျလ ၄ ရက်နေ့က တာချီလိတ်မြို့ရှိ မြို့မ သုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါအမှုအခင်းအား မတ်ခ်ျလ ၂ ရက်နေ့က တြိဂံတိုင်းမှူးကလည်းကောင်း၊ သက်ဆိုင်ရာ အဆင့်အဆင့်မှ လည်းကောင်း စစ်ဆေးမေးမြန်းရာတွင် ယာဘ ဖမ်းမိ၍ အထက်သို့တင်ပြမှုမရှိဘဲ အချင်းချင်းဝေငှပေးခြင်း၊ လိုင်စင်မဲ့ကားများဖမ်းဆီး၍ အထက်သို့တင်ပြမှုမရှိခြင်း အစရှိသဖြင့် ပြစ်မှုများတွေ့ ရှိလာကြောင်း၊ ထို့ကြောင့် တာချီလိတ်ရှိမူးယစ်ရဲ ၅ ဦးကိုပါ ဖမ်းဆီး၍ အချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း၊ အဆိုပါရဲ ၅ ဦးအနက် သျှမ်းလူမျိုး မူးယစ်ရဲတဦးလည်း ပါဝင်ကြောင်း၊ နေပြည်တော်မှ တပ်မတော်စစ်ဆေးရေးမှူး/ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသောင်းအေး ကိုယ်တိုင် လာရောက်စစ်ဆေးနေကြောင်း တပ်အရာရှိများနှင့် ဝင်ဆန့်သည့် ဒေသခံအမျိုးသားတဦးက ဆက်လက်ပြောပြသည်။
အဆိုပါ ယာဘ အစည်းပေါင်း ၇၀၀ မှာ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး အသတ်ခံရမှုကြောင့် ဖမ်းဆီးစွပ်စွဲကာ တရုတ် ပြည် ကူမင်းမြို့၌ဆေးထိုးသတ်ခံရသော စိုင်းနော်ခမ်း၏ ပစ္စည်းများဖြစ်သည်ဟုလည်း ဒေသတွင်း၌ သတင်းများထွက်နေ ကြောင်း ဒေသခံတချို့ကပြောပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူတစ်ဦးထံမှ သေနပ်၊ကျည်ဆံ၊ လက်ကိုင်ဖုန်းတို့နှင့်အတူ ဖမ်းဆီးရရှိ
RSV
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူတစ်ဦးထံမှ သေနပ်၊ကျည်ဆံ၊ လက်ကိုင်ဖုန်းတို့နှင့်အတူ မောင် တောမြို့နယ်မြောက်ပိုင်း၊ နယ်မြေ (၂) အပိုင် မင်္ဂလာညွှန့်စံပြကျေးရွာရှိ ရဲစခန်းနီးတွင် ဖမ်းဆီးရရှိ
-------------------------------------------------------------
မတ်လ ၁၉ ရက်နေ့ ညဆယ်နာရီခန့်က မောင်တောမြို့နယ်၊ မြောက်ပိုင်း၊နယ်မြေ(၂)အပိုင်၊ သက်ကိုင်းညာကျေးရွာအနီးတွင် တံရားခံပြေးနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး၊
၂၀ ရက်နေ့ နံနက် ကိုးနာရီခန့်တွင် တမန်းသားကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာဘက် ကမ်း၊ သုဿာန်အနီး တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး နောက်
ထပ်မံပြီး မင်္ဂလာညွှန့်စံပြကျေးရွာအနီးရှိ လမ်းမပေါ်မှ တဆင့် ရဲစခန်းအနီးသို့ ချဉ်းကပ်လာသော ဘင်္ဂလီတစ်ဦးအား မသင်္ကာသဖြင့်စစ်ဆေးရာ ထိုဘင်္ဂလီ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူဖြစ်ကြောင်းသိရသည်။
ယင်းဘင်္ဂလီ၏ လက်ထဲတွင် မြန်မာငွေ ၃ သိန်းခန့် တန်ဖိုးရှိသော ပြောင်းရှည်ပီစတို တစ်လက်နှင့် တစ်တောင့်လျင် မြန်မာငွေ ၈ ထောင်ခန့်တန်ဖိုးရှိသော ကျည်ဆံ ၆ တောင့်၊ ဘင်္ဂလားဒေ့ရှ်တာကာငွေ ၂ သောင်း ခန့် တန်ဖိုးရှိ အဆင့်မြင့် လက်ကိုင်ဖုန်းတစ်လုံး ၊ တို့ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးက ကြိမ်ချောင်းရဲစခန်းသို့ပို့ဆောင်ကာ ယင်းမှတစ်ဆင့် နစကဌာနချုပ်(ကျီးကန်းပြင်)သို့ ပို့ဆောင်လိုက် သည်ဟု သိရသည်။
၂၀ ရက်နေ့သတင်းများအရ အဆိုပါဖမ်းဆီးမိသူများကို ကျီးကန်းပြင်ထောင် တွင် ယာယီထောင်ချထားလိုက်ပြီဖြစ်ကြောင်းသိရသည်။
မိတ္ထီလာပဋိပက္ခသတင်းများ
မိတ္ထီလာပဋိပက္ခ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း
Thursday, March 21, 2013
မိတ္ထီလာတွင် ဖြစ်ပေါ်နေသော အဓိကရိုဏ်းနဲ့ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိပါတယ်။
စုံစမ်းရေး အဖွဲ့ကို မန္တလေးတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ
ဖြစ်ပါတယ်။
အပြည့်အစုံမှာ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
အမိန့်အမှတ်(၁၉/၂၀၁၃)
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်စိုး၊ အဖွဲ့ဝင်များအဖြစ်
ဒုတိယ ရဲမှူးကြီးထွန်းနိုင် (ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး)၊
ဒုတိယ ရဲမှူးကြီးမောင်မောင်မြင့် (မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး)၊
ဦးကျော်အေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊
အတွင်းရေးမှူးအဖြစ် ဦးတင်မောင်စိုး (မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး) တို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်။
http://blog.irrawaddy.org/2013/03/blog-post_4292.html#sthash.SZIrhet9.dpuf
....................................................................................................................
Mandalay City Development Committee
(၂၁-၃-၁၃) ရက်နေ့ နံနက် ၀၈၃၀ နာရီ အချိန်က မိတ္ထီလာမြို့ သဓမ္မ၀ံသာရုံ စာသင်တိုက်၌ မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသုမန၊ တိုင်းသံဃနာယက ဆရာတော် ဦးသူရိယ၊ တိုင်းသံဃာ့ဝန်ဆောင် ဦးဇ၀နနှင့် မြို့နယ်တွဲဖက် အကျိုးတော်ဆောင် ဆရာတော်များအပါအ၀င် စုစုပေါင်း ဆရာတော်(၈)ပါးအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် တိုင်းသာသနာရေးဦးစီးမှူး ဦးဇော်မင်း၊ ခရိုင်သာသနာရေးမှူး ဦးစိန်လင်းတို့နှင့် အတူသွားရောက်ဖူးမြော်ပြီး သာသနာရေးဆိုင်ရာ များလျှောက်ထားခဲ့ကြောင်း၊ ဆရာတော်ကြီးများ အနေဖြင့် တပည့်သံဃာ သာမနေများအား ကျောင်းတိုက်များတွင် စည်းကမ်းတကျ သီတင်းသုံးနေထိုင်ကြရန် မှာကြားထားပြီးဖြစ်သော်လည်း သံဃာငယ်အချို့မှာ ထိန်းသိမ်းရန် ခက်ခဲကြောင်း၊ နယူးဝိန့်စိန် ရွှေဆိုင်အား လူထုအချို့ စတင်ဖျက်ဆီးစဉ်ကပင် သံဃာများက ၀င်ရောက် တားမြစ်ပေးခဲ့ သည်ကို အများသိမြင်ပါကြောင်း ပြန်လည် မိန့်ကြားခဲ့သည်ဟု သိရသည်။
.......................................................................................................................
မတ္ထီလာ မှာ မီးရှို့ မှု တွေ ထပ်ဖြစ် ပြီး သေဆုံးသူ တိုးလာ
by FNG on March 21, 2013
မတ်လ ၂၁ ရက်နေ့ မှာ ဒုတိယ မြောက်နေ့  အဖြစ် မတ္ထီလာ မြို့  မှာ  မငြိမ်သက် မှုတွေ
တွေ ပါ မီးရှို့ ခံရ ပြီး ၊ ရန် မျိုး အောင် ရပ် ကွက် ၊ မိတ္ထီလာ စည် ပင်ဈေး အနီး နဲ့  အာရှ
စိမ်းလန်း ဖွံ့  ဖြိုး ရေး ဘဏ်ခွဲ ပါ မီးစွဲ လောင် ခဲ့ တယ်လို့  သိရပါတယ်။ မင်္ဂလာ ဇေယုံ
ရပ် ကွက် မှာ တော့ ရပ် ကွက် ရဲ့  နေရာ အတော် များများ ကို မီးစွဲ လောင်ခဲ့ ပါတယ်။
ဝန်ဇင်း ရပ် ကွက် မှာ ဆိုရင် ဓား ခုတ် မှု တွေ အပြန် အလှန် ဖြစ် ပွား နေတာ တရုတ်
သိုင်းကား ထဲ က လို ပဲ တချွမ် ချွမ် နဲ့  လို့  ၀န်ဇင်း ရပ် ကွက် က တက္ကသိုလ် ကျောင်း
သား တစ်ဦး က ပြောပါတယ်။ သူ က ဆက် ပြီး တော့ မြို့  ရဲ့  နေရာ အတော် များမှာ
မီးလောင်နေတယ်။ မီးခိုး တွေ တက် လာ တာ နေရာ အနှံ ပဲ လို့ ဆို ပါတယ်။
တရား ၀င် သိရ သလောက် သေဆုံး သူ ငါး ဦးခန့်  ရှိ ပြီး ဆေးရုံ မှာ တက်နေရတာ
ထိခိုက် ဒဏ်ရာ ရတဲ့ ရဲတပ် ဖွဲ့  ၀င် တွေ ၊ အစိုးရ ၀န်ထမ်းတွေ အပါ ဆို ၂၅ ဦး ရှိ
တယ် လို့ မိတ္ထီလာ ဆေးရုံ ကြီး က တရား ၀င် ပြောပါတယ်။
မိတ္ထီ လာ မြို့  ရဲ့  အချို့  ရပ်ကွက် တွေ မှာ ဆယ်တန်း စာ မေး ပွဲ ဖြေရ မယ့် ကျောင်း
သာား တွေ ဟာ အိမ် မီးလောင် မှု နဲ့  တခြား အကြောင်း တွေ ကြောင့် စာ မေး ပွဲ
မဖြေ ဆို နိုင် ဘူး လို့  သိရပါတယ်။
မန္တလေး တိုင်း နဲ့  တခြား မြို့ နယ် က ရဲတပ် ဖွဲ့  ၀င် တွေ ရောက် လာပေမယ့် မီးသတ်
ကား လုံ လောက် မှု မရှိတာ ကြောင့် မီး ငြိမ်း သတ်မှု မှာ အလျှင် မမှီ ဘူး လို့  အဲဒီ
ကို ရောက် နေတဲ့ ရန်ကုန် အခြေစိုက် သတင်း ထောက် တစ်ဦး က ပြောပါတယ်။
သေဆုံး သူ အရေ အတွက် ဟာ ဆယ် ဂဏန်း လောက် ဖြစ် နိုင် ပြီး ဒေါ်အောင်ဆန်း
စုကြည် ကတော့ မိတ္ထီလာ မှာ လိုအပ် ရင်း လုံခြုံရေး တင်းတင်း ကျပ် ကျပ် ကိုင်တွယ်
ဖို့  သက် ဆိုင်ရာ အာဏာ ပိုင် တွေ ကို မိန့် ကြားထား ပါတယ်။
CNN သတင်း ဌာန ကတော့ သေဆုံး သူ ၁၀ ဦး ရှိတယ် လို့  ကြေငြာ သွား ပါတယ်။
http://freedomnewsgroup.com/2013/03/21/communal-attack/
........................................................................................
မိတ္ထီလာအရေး ဒေါ်အောင်ဆန်းစုကြည်ပြောပြီ
Thursday, March 21, 2013
မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း သတင်းရရှိသည်။
"အခုအချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေအနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတယ်" ဟု မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောဆိုသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းရန် ကြိုးစားနေရဆဲဖြစ် ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ယနေ့မနက်အထိ ရဲတပ်ဖွဲ့သို့ရောက်လာသော စရင်းများအရ သံဃာတော် ၁ ပါး၊ ဗုဒ္ဓဘာသာဝင် ၁ဦး၊ အစ္စလမ် ဘာသာဝင် ၁ ဦး၊ မည်သူဟု အတည်မပြုနိုင်သောသူ ၁ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရသူ ၂၅ ဦးအထိရှိကြောင်း ဆေးရုံလူနာမှတ်တမ်းများအရ သိရကြောင်း မိတ္ထီလာ ခရိုင်ရဲမှူးက အတည်ပြုပြောကြား သည်။
ယနေ့မနက်ပိုင်းတွင် ပိတ်မိနေသော အစ္စလမ်ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်ကြီးမှ ၀ိုင်းပြီး ရန်ပြုနေရာ လူအများအပြား ရိုက်နှက်ခံရသည်ကိုတွေခဲ့ရကြောင်း၊ အခင်းဖြစ်ရာနေရာတွင် လူ ၁၀ ဦးထက်မနည်း
သေဆုံးနိုင်မည်ဟု ခန့်မှန်းကြောင်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြော သည်။
http://blog.irrawaddy.org/2013/03/blog-post_1443.html#sthash.UT2Tv9Kl.dpuf
.......................................................................................................................
he Myanma Age
မိတ္ထီလာမြို့တွင်းနေ မွတ်ဆလင်လူမျိုးအားမြို့ပြင်ဘောလုံးကွင်းသို့ ပို့ဆောင်ပေးလျက်ရှိ
မိတ္ထီလာ၊ မတ် ၂၁။
မိတ္ထီလာမြို့အတွင်း မတ်လ ၂၀ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော လူမျိုးရေးပဋိပက္ခများ
ကြောင့် မတ်လ ၂၁ရက်နေ့တွင် သီရိလင်္ကာရပ်ကွက်နေမွတ်ဆလင်လူမျိုးပေါင်း ပထမအသုတ်ဖြစ်သည့် လူဦးရေ
၁၀၀၀ကျော်မှာ မြို့အတွင်း ဆက်လက်မနေထိုင်ရဲသောကြောင့် မြို့ခံလူငယ်အချို့မှ ကာကွယ်ဝန်းရံပေးကာ မြို့နှင့်
မိုင်၃၀ဝေးသည့် ခရိုင်ဘောလုံးကွင်းသို့ လိုက်ပါပို့ဆောင်လျက်ရှိကြောင်း မိတ္ထီလာမြို့ခံတစ်ဦးဖြစ်သူ ဒေါက်တာ
စန်းလှိုင်က ပြောကြားသည်။
“အခု ညနေ ၄ခွဲအကျော်ပေါ့။ လမ်းမပေါ်မှာ မွတ်ဆလင်၁၀၀၀နီးပါးလောက် လက်တွေမြှောက်ပြီး လမ်းလျှောက်
နေတယ်။ သိရတာကတော့ သူတို့က မြို့ပြင်ကိုထွက်ချင်တယ်ဆိုလို့ လက်နက်ချ လက်တွေမြှောက်ခိုင်းပြီး မြို့ခံ
လူငယ်တွေက မြို့နဲ့ မိုင်၃၀ဝေးတဲ့ ခရိုင်ဘောလုံးကွင်းကို လိုက်ပို့ပေးနေတယ်။ ဘာအဖွဲ့အစည်း အာဏာပိုင်တွေမှ
မပါဘူး”ဟု ၎င်းက ပြောကြားသည်။
ယင်းသို့ မြို့ခံလူငယ်အချို့မှ မွတ်ဆလင်လူမျိုး ၁၀၀၀နီးပါးခန့်ကို လိုက်ပို့နေစဉ် မွတ်ဆလင်လူမျိုး လူဦးရေ ၅၀၀ခန့်အား
သက်ဆိုင်ရာ အာဏာပိုင် ၂၀နီးပါးမှ ၎င်းတို့အဖွဲ့နောက်မှ ကာကွယ်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မိတ္ထီလာမြို့နှင့် မိုင်ပေါင်း ၄၈မိုင်ဝေးသည့် ဆူးလေကုန်းကျေးရွာတွင်လည်း ဒုက္ခသည် မွတ်ဆလင်လူမျိုး လူဦးရေ
၃၀၀နီးပါးခန့် ထားရှိထားကြောင်း ဒေါက်တာ ဦးကျော်တင့်၏ပြောကြားချက်အရ သိရသည်။
TMA
...............................................................................................................
The Myanma Age
မိတ္ထီလာ၊ မတ် ၂၁။
ယမန်နေ့မှစတင် ဖြစ်ပွားသော မိတ္ထီလာမြို့ရှိ ပဋိပက္ခများအား နှစ်ဦးနှစ်ဖက် ပြေလည်မှုများ ရရှိစေရန် ရွှေညဝါဆရာတော်၊
ဆရာတော်ဦးဝီရသူနှင့် ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့နံနက် ၈နာရီခွဲခန့်မှ စတင်၍ ငြိမ်းချမ်းရေးတရားများ
 လှည့်လည်ဟောပြောခဲ့ကြသည်။
ထိုသို့ဟောပြောကြစဉ် အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်ပါက စစ်အာဏာရှင် လက်အောက်သို့ ပြန်လည်ရောက်ရှိ
 သွားနိုင်သောကြောင့် မိမိတို့အိမ်သို့ အေးအေးချမ်းချမ်း ပြန်၍ ဖြစ်ပျက်သမျှ အမှားများအား ဥပဒေအကြာင်းအရသာ
 ဖြေရှင်းသွားကြရန် တိုက်တွန်းပြောကြားခဲ့ကြသည်။
.......................................................................................................
88 Generation Students
မိတ္ထီလာမြို့တွင် ရောက်ရှိနေကြသော ရွှေညဝါဆရာတော်၊ ဦးဝီရသူနှင့် မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်များသည် ယနေ့နံနက်
၁ဝး၃ဝ နာရီတွင် မိတ္ထီလာပြည့်သူ့ဆေးရုံကြီးသို့ရောက်ရှိကြပြီး လက်ရှိပဋိပက္ခဖြစ်စဉ်အတွင်း ဒဏ်ရာရ၍ ဆေးရုံတက်ရောက်ကုသနေ
ကြရသူများကို သွားရောက်ကြည့်ရှုအားပေးကာ အလှူငွေများလည်းပေးအပ်ခဲ့ကြသည်။
လက်ရှိဆေးရုံတွင် တက်ရောက်ကုသနေသူ၁ဝဦးရှိပြီး၊ဆေးရုံရောက်ပြီးမှ သေဆုံးသူ မရှိသေးကြောင်းသိရသည်။
...........................................................................................
ယနေ့ နေ့လည် မိထ္တီလာအခြေအနေ ကိုမင်းကိုနိုင်၏ ပြောကြားချက်။
"ကျနော်တို့နဲ့အတူအရှင်ဝီရသူလည်း ရောက်နေတယ်။ ရွှေည၀ါဆရာတော် လည်း ရောက်တယ်။ ကျနော်တို့တွေ အကြမ်းဖက်မှု
ဖြစ်နေတဲ့ နေရာထဲ အထိရောက်ပါတယ်။ အခြေအနေကိုအတက်နိုင်ဆုံးထိန်းသိမ်းကြဖိုမေတ္တာ ရပ်ခံတယ်။ အများကြီး ကြိုးစား
ခဲ့တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥက္ကဋ္ဌ နဲ့လည်း တွေ့ခဲ့ပါတယ်။
အခြေအနေတွေကို အမြန်ဆုံးထိန်း သိမ်းဖို့၊ ကူးစက်ပြန့်ပွားမှုမဖြစ်အောင် ပြီးတော့ တရားဥပဒေစိုးမိုးရေးအတွက် အထပ်ထပ် ဆွေးနွေးပါတယ်။ သူတို့ကလည်း သဘောတူကြပါတယ်။ အားလုံးက စွမ်းသမျှတော့ လုပ်ကြပါတယ်။ အသက်တွေ ကယ်တင်နိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အကြမ်းဖက်ဖြစ်တဲ့အထဲမှာ အဖိတ်အစဉ်တွေလည်း ရှိခဲ့ပါတယ်။
နောက်ထပ်မဖြစ်အောင်၊ နောက်ထပ် မပြန့်ပွားအောင် အားလုံး အတက်နိုင်ဆုံး ၀ိုင်းဝန်းထိန်းသိမ်းကြပါ။ ကျွန်တော်တို့ အသက်တွေနဲ့ ရင်းခဲ့ရတဲ့ လမ်းကြောင်း ပျောက်သွားလို့ မဖြစ်ပါဘူး။ အခု သွားနေတဲ့ လမ်းကြောင်း မပျက်သွားအောင် အားလုံး ၀ိုင်းထိန်းကြရမှာပေါ့။
နောက်တစ်ခါ ညက မီးလောင်ထားတဲ့အတွက် အိမ်ခြေရာမဲ့သွားတဲ့ ဒုက္ခသည်တွေ၊ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ၅၇၀ ရှိပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ကျနော်တော်တို့ လိုက်အားပေးတယ်။ သူတို့ ထမင်းစားနိုင်အောင် အလှူခံပေးခဲ့ တယ်။ ဆေးရုံကိုရောက်ခဲ့တယ်။ဆေးရုံကို ဒဏ်ရာရလို့ရောက်လာတဲ့သူတွေကို အားပေးတယ်။
ဆေးရုံကလည်း ကျွန်တော်တို့နဲ့ အားလုံး ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။သေနတ်နဲ့ ပစ်ခတ်လို့ ခြေထောက်မှာ ကျည်ဆံ မှန်တဲ့လူတွေ လည်းရှိပါတယ်။
အခြေအနေတွေကို ထိန်းလိုက်နိုင်တဲ့ အနေအထားရောက်လာတဲ့အတွက် အခု ကျွန်တော်တို့ ရန်ကုန်ကို ပြန်မယ်။ တပြည်လုံးမှာ မပြန့်ပွားအောင် ဆက်ပြီးတော့ ထိန်းကြရမယ်။ ရန်ကုန်ရောက်ရင် သက်ဆိုင်ရာ သံရုံးတွေကိုရော၊ အသိပေးရမယ့် လှုပ်ရှားတက်ကြွတဲ့သူတွေရော၊ သြဇာတိက္ကမ ရှိတဲ့သူတွေရော မေတ္တာရပ်ခံမယ်။
ဒီကိစ္စကို အဆက်မပြတ် နိုးနိုးကြွားကြွားနဲ့ ထိန်းသိမ်းရမှာပေါ့။ ကျွန်တော်တွေ့ခဲ့တာ ဒဏ်ရာရတဲ့သူတွေ ဆေးရုံမှာရောက်နေတာ
၁၀ ဦး မပြည့်ခဲ့ပါဘူး။
အသက်ဒဏ်ရာ စိုးရိမ်ရတာ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ ကျွန်တော် မသိတဲ့အပိုင်းတွေမှာတော့ မပြောတတ်ဘူးပေါ့။ ခြေထောက်နဲ့
ပေါင်တွေမှာ ဒဏ်ရာရကြတယ်။ လူတွေလည်း ရွှင်ရွှင်လန်းလန်းရှိကြတယ်။ ဆေးရုံက တော်တော် ဂရုစိုက်ကြပါတယ်။
သေဆုံးတာတွေတော့ အတိအကျ ကျွန်တော်မကြားဘူး။
ဒီသတင်းတွေကို ပုံဖော်တဲ့နေ ရာမှာလည်း ကျွန်တော် မေတ္တာရပ်
ခံချင်တယ်။ ပဋိပက္ခ ထပ်မဖြစ်အောင် ပုံဖော်ကြဖို့ပါ" ဟု ဧရာဝတီသို့ ပြောသည်။
........................................................................................................
“မတ္ထီလာဖြစ်ရပ်မှန် အဆက်”
by Wira Thu (Notes) on Wednesday, March 20, 2013 at 9:26pm
            ည(၁၂း၀၀)နာရီတွင် တစ်မြို့လုံး ပုံမှန်အနေအထား ပြန်ရောက်နေပြီး ကိုမင်းကိုနိုင် တို့အဖွဲ့လည်း ရန်ကုန်မှ(၁၁း၀၀)နာရီခန့်တွင် ထွက်လာပြီဖြစ်ကြောင်း ရွှေညဝါ ဆရာတော်လည်း မနက်ဖြန်မနက် (၄း၀၀)နာရီတွင် စစ်ကိုင်းမှ ထွက်လာမည် ဖြစ်ကြောင်း သိရပါသည်။
ဦးဝီရသူသည် လူအုပ်ကြီး ရွှေဆိုင်တိုက်များကို ဖျက်နေချိန်မှ စ၍ ဖုန်းဖြင့် အချိန်ပြည့် မေတ္တာရပ်ခံခဲ့ကြောင်း၊ သံဃာများကလည်း ဗလီဘက်ကူးမသွားအောင် စောင့်ရှောက်နေခဲ့ကြောင်း၊ လူအင်အားက များပြားလာခြင်း၊ ဘုန်းကြီးတစ်ပါး အသတ်ခံရသည့်သတင်း ကြားသည့်အချိန်မှ စ၍ ဦးဝီရသူ မန္တလေးမှ အမြန်ထွက်လာခဲ့ကြောင်း၊ ည(၈း၀၀)ခန့်တွင် ရောက်သော်လည်း အခင်းဖြစ်နေရာများကို သွားခွင့်မသာခဲ့ကြောင်း၊ တွေ့ရာလူများကို ကိုယ့်ရပ်ကွက်ထဲမှာပဲ နေပြီး ကိုယ့်အိုးကိုယ့်အိမ်ကိုပဲ စောင့်ရှောက်ဖို့၊ သူများရပ်ကွက်ထဲ ကျွံမသွားဖို့ လမ်းထွက်ပြီး လျှောက်မသွားဖို့၊ သြဝါဒပေးလျက်ရှိကြောင်း သိရသည်။
             စစ်/ရဲ လုံခြုံရေးများ အမြဲတမ်း ကင်းလှည့်နေပြီး၊ မိတ္ထီလာသည် အဓိကရုဏ်းမီးများ ငြိမ်းစပြုနေပြီး ဖြစ်သော်လည်း တစ်ဖက်နှင့်တစ်ဖက် ကောလာဟလများကြောင့် တစ်မြို့လုံးမအိပ်ကြဘဲ ရရာလက်နက်ဆွဲ ကိုင်ကာ လမ်းထွက်စောင့်ကြည့် ရှိကြောင်း သိရပါသည်။
            ယင်းတော်မှ ကုလား(၅၀၀)ကျော်ကားများဖြင့် ချီတက်လာ စည်းကုန်ကြီးမှ ရွာခံကုလားများနှင့် မြို့ထဲမှ ထွက်ပြေးလာသော ကုလားများ (တစ်ထောင်ကျော်) ခြေလျင်ချီတက်လာ သတင်းများကြောင့် မနက်(၁း၀၀)ခန့်မှာ တစ်ကြိမ်၊ (၂း၀၀)တစ်ကြိမ် တစ်မြို့လုံး သံချောင်းခေါက်ပြီး လူစုကြ အသင့်ပြင်ကြသော်လည်း လေးနာရီထိ ဘာမှ မထူး၍ လူခြုံရေးများ ရုတ်သိမ်းသွားကြသည်။ လုံခြုံရေးများ ရုတ်သိမ်းသွားသည်နှင့် မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ ကုလားများက ဗေဒါကန်ဘေး ဝက်လံပင်တောထဲမှ “ဗမာဆိုရင် သတ်ပစ်”သံပြိုင်ကြွေးကြော်ကြသည်။ ဂွဖြင့်ပစ်ကြသည်။ ဦးဇင်းတစ်ပါး ခေါင်းပေါက်သွားသည်။ သံဃာများ မကျေနပ်၍ ဗေဒါကန်ရပ်ကွက်ထဲ ချီတက်သွားကြသည်။ GTC-ကျောင်းသားများကို ကုလားများ တိုက်ခိုက်နိုင်၍ လုံခြုံရေး အမြန်ခေါ်ကြသည်။ သံဃာများနှင့် လူများတားဖို့ ပြင်ဆင်ကြသည်။
          (၆း၀၀)အချိန်တွင် မင်္ဂလာဇေယျုံရပ်ကွက်ကို ဗမာများက စတင်မီးရှို့ခဲ့ကြသည်။ မင်္ဂလာဇေယျုံ ရက်ကွက်သည် ကုလားရပ်ကွက်ဖြစ်ကြောင်း၊ အိမ်ခြေစိပ်ခြင်း၊ တဲအိမ်ငယ်များပြားခြင်းတို့ကြောင့် မီးများ ထိန်းမနိုင်ဖြစ်ခဲ့သည်။ ကုလားများ အော်ဟစ်ကြိမ်းမောင်းခြင်း ရပ်သွားကြသည်။ (၆း၁၅)နာရီတွင် မီးညွှန့်များ ကျိုးသွားသည်။ မီးလောင်ချိန် (၁၅)မိနစ်ခန့် ကြခဲ့သည်။ (၆း၃၀)ခန့်တွင် ၄င်းရပ်ကွက်ထဲမှ မီးခိုးလုံးကြီးများ တက်လာသည်။ မီးသတ်ကား တစ်ဆင်းသာရောက်သေးသည်။ အော်ဟစ်ကြိမ်း မောင်းခဲ့သော ကုလား(၁၀၀-မှ ၁၅၀/၂၀၀ခ)ခန့် ပိတ်မိနေသည်။ (၆း၃၀)မိနစ်ခန့်တွင် မီးသတ်ကား တစ်စီးထပ်ရောက်လာပြီး ကုလားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့မှ သတင်းရသည်။ ကုလားတစ်ယောက် ထွက်ပြေးလာပြီး လူအုပ်ကြီးထဲမှာ လူအချို့ ဝိုင်းရိုက်သည်။ ကုလားတစ်ယောက် လဲကျသွားသည်။ လဲပြီးနောက်ပိုင်း ထပ်မရိုက်ကြတော့ ကြောင်း သိရသည်။ ခေါင်းထောင်ပြီး ကြည့်နေနိုင်သေးသည်။ ထွက်ပြေးလာစဉ် လက်နက်ဘာမျှ မပါဟု ဆိုသည်။
          (၆း၃၀)မိနစ်ကျော်ကျော်တွင် ရွှေညဝါဆရာတော်ရောက်လာသည်။ (၇း၀၀)တွင် မင်းကိုနိုင် အဖွဲ့ရောက်လာသည်။ အားလုံး Dr-စန်းလှိုင်တိုက်မှာ နားကြသည်။
         (၇း၀၀)နာရီတွင် မီးညွှန့်ကျိုးသွားသည်။ ပိတ်မိနေသော ကုလားများမှာ မောလဝီစာသင်ကျောင်းမှ အများစုဖြစ်ပြီး လူငယ်လူရွယ်များ ဖြစ်ကြသည်။ အုပ်ချုပ်ရေးမှူးက ဝှက်ပေးထားပါလျက် “ဗမာဆို အလိုမရှိ၊ ဗမာမြင်ရင် သတ်ပစ်၊”အော်ဟစ် ကြိမ်းမောင်းရာမှ ပြည်သူများသိသွားခြင်းဖြစ်သည်။
         ရွှေညဝါဆရာတော်၊ မစိုးရိမ်ဆရာတော်၊ မင်းကိုနိုင်တို့အဖွဲ့သည် မြို့လူထုနှင့် တွေ့ဆုံဖို့ ကြိုးစားနေကြပြီး၊ မြို့ထဲသို့ ကုလားများ မဝင်အောင် လုံခြုံရေး တာဝန်ယူပေးဖို့ စီစဉ်ပေးရန် မေတ္တာရပ်ခံနေသည်။
မိတ္ထီလာ ဖြစ်စဉ်(၃)
Thursday, 21 March 2013
မနက်(၈း၀၀)နာရီတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ချုပ်က
ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ ကိုမင်းကိုနိုင်တို့ကို တွေ့ဆုံလျှောက်ထား ရှင်းပြ၊ ကယ်ဆယ်ရေး၊ ကာကွယ်ရေးအတွက် ညှိနှိုင်းသဘောတူညီမှုရရှိ (၈း၁၅)နာရီအချိန်တွင် ယျေဇမင်္ဂလာရပ်ကွက်တွင် ပိတ်မိနေသော အာရဗီစာသင်ကျောင်းအတွင်းရှိ ကျောင်းသားတစ်ရာ့ငါးဆယ်နှင့် အရပ်သားတစ်ရာခန့်တို့ကို ဝန်းရံစောင့်ရှောက်ပေးနေသော လုံခြုံရေးများကို ဝိုင်းအုံကြည့်ရှုနေသော ပြည်သူလူထုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ ကိုမင်းကိုနိုင် တို့က သြဝါဒနှင့် မိန့်ခွန်းပြောကြား၊ မေတ္တာရပ်ခံပေးကြ။
ပဌမကျော် ဓမ္မာစရိယစာသင်တိုက်အတွင်းသို့ ဝင်၍ ဒုက္ခသည်များအား အားပေးစကားပြော။ ထိုအချိန်တွင် ပိတ်မိနေသော မူလဆင်များက ဝိုင်းကြည့်နေသော လူအုပ်ကြီးထဲ အက်ဆစ်ထုပ်နှင့် ပစ်ပေါက်၊ မူဆလင်နှစ်ဆယ်ခန့်ထွက်လာပြီး တိုက်ခိုက်၊ အပြန်အလှန်တိုက်ပွဲဖြစ်၊ ကယ်ဆယ်ရေးတပ်များ နောက်ဖေးမှာဝင်၍ မူဆလင်များကို ကယ်ထုတ်နိုင်ခဲ့၊ အပြန်အလှန်တိုက်ခိုက်နေသော မူဆလင်များမှ အများစုလည်း ကယ်ဆယ်ရေးနှင့် လိုက်ပါသွားနိုင်ခဲ့၊ (၉း၀၀)နာရီတွင် ဓမ္မာစရိယစာသင်တိုက်မှ ပြန်လည်ထွက်ခွာ၊ အခင်းဖြစ်နေရာ မီးလောင်နေ၊ အာရဗီစာသင်ကျောင်းအိမ် မီးလောင်၊ လူများကို ကယ်ထုတ်သွားမှန်း လူအုပ်ကြီးမသိကြ။
(၉း၃၀)နာရီတွင် ဆေးရုံကြီးရောက် ကုတင်(၂၈)လုံးတွင် (၃)လုံးသာ နေရာလပ်ကျန်၊ လူနာအစိတ်ခန့် တုံးလုံးပလပ် အမျိုးသမီးတွေလည်းပါ၊ ဟိန္ဒူတစ်ယောက်လည်းတွေ့ရ၊ အရေးပေါ်လူနာများ ရှိနေ၍ လူနာအားလုံးနှင့်တွေ့ခွင့်မရ၊ တစ်ယောက်စနှစ်ယောက်စသာ တွေ့ခွင့်ရ။
အခင်းဖြစ်နေရာတွင် အပြန်အလှန်တိုက်ခိုက်စဉ် သေနတ်(၁၂)ချက် ပစ်ဖောက် ဟန့်တားကြောင်း သိရ၊ ပေါင်ကို ထိမှန်၍ ကျဆုံးသူ မြန်မာများလည်း ရင်ခွဲရုံမှာ ရောက်နေ၊ ရဲနှိမ်နှင်းရေး လက်ကျိုး၊ ခေါင်းကွဲသူများလည်း ဆေးရုံတက်ရာတွင်ပါ။
ရွှေညဝါဆရာတော်က လူနာတစ်ယောက် တစ်သောင်းကျပ်လှူ၊ ဦးဝီရသူက လူနာအားလုံးအတွက် တစ်သိန်းကျပ်လှူ၊ ဓမ္မာစရိယစာသင်တိုက်ရှိ ဒုက္ခသည်များ ဆန်သာဝယ်ရ ဟင်းလျာဝယ်မရ၊ ရွှေညဝါဆရာတော်က ငွေနှစ်သိန်း၊ ၈၈-မှ တစ်သိန်း၊ ဒေါက်တာ ဆန်းလှိုင်မှ တစ်သိန်း၊ ဆရာတော်ဦးဝီရသူ မှ တစ်သိန်း စုစုပေါင်း ဒုက္ခသည်များအား ငါးသိန်းလှူဒါန်းနိုင်ခဲ့။
ဆေးရုံမှ ပြန်အလာ (၁၀း၁၀)နာရီတွင် ကယ်ထုတ်လာသော ကုလားများကို စစ်တပ်နှင့် အလုံခြုံရေးတို့က အကာပကွယ်ပေးကာ ကားများဖြင့် လုံခြုံရာသို့ ပို့ဆောင်၊ ရှေ့ဆုံးမှ ဂျစ်ကားပေါ်တွင် သံဃာတစ်ပါးက သာသနာ့အလံလွှင့် ထူသွား၊ လုံခြုံရေးများက သံဃာနောက်နှင့် ဘေးမှာ အသင့်အနေအထား ရှိနေ၊ ၄င်းနောက်မှ ကုလားများတင်ဆောင်လာသော RTC-ကားများဖြင့် လာပါသွားတာတွေ့ရ၊
(၁၁း၁၅)နာရီမှာ မင်းကိုနိုင်အဖွဲ့ နှုတ်ဆက်ကန်တော့ပြီး ပြန်သွား၊ (၁၁း၄၀)မှာ ရွှေညဝါဆရာတော်ပြန်ကြွ၊ ယနေ့နှင့် မနက်ဖြန် တရားပွဲနှစ်ည (ကျောက်မဲ) ဖျက်လိုက်ရ၊ ကယ်ဆယ်ရေးနှင့် လုံခြုံရေးအတွက် စီမံဖို့ နေခဲ့ရ၊
Wira Thu
ဆရာတော် အရှင်ဝီရသူ
“မိတ္ထီလာဖြစ်စဉ် (၄)”
*************
မန္တလေး မတ်(၂၁)
-------------------
၂၁-၃-၂၀၁၃-ရက်နေ့ မွန်းတည့် (၁၂း၀၀)နာရီခန့်တွင် ပုလိပ်ကားကြီး (၆)စီးဖြင့် မွတ်ဆလင်များ ကယ်ထုတ်တင်ဆောင် သွားသည်ကိုတွေ့ရ။ ဘယ်ရပ်ကွက်ကမှန်း မသိရ။
မွန်းလွဲ(၁၂း၃၀)နာရီခန့်တွင် နာရီစင်ဘက်မှ ဆိုင်ကယ်များ အမြန်မောင်းနှင်လာ။ ကုလားတွေ နာရီစသ်ဘက် ချီတက်လာပြီး။ ဗမာတွေကို ဓားတွေနှင့်လိုက် ခုတ်နေပြီဟု အော်ပြောသွား။ ဓာတ်တိုင်တွေ ခေါက်ပြီး အချက်ပေးကြ။ လုံခြုံရေးတွေ တောင်းကြ။ ဆိုင်ကယ်ဖြင့် သွားကြည့်ခိုင်းရာ ဘာမျှမတွေ့ရ။
ကားကြီးဝင်းအနီး သီရိမင်္ဂလာ(ခ)ရပ်ကွက်တွင် မူဆလင်များက သူ့အိမ်သူ မီးရှို့ပစ်၊ ဗမာများက ဓားနှင့်လိုက်ခုတ်။ ဗမာကောင်မလေး နှစ်ယောက် ဓားခုတ်ခံရ။ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ပစ်ကြ။ မွတ်ဆလင်များရာ ရပ်ကွက်တွေမှ ဗမာအိမ်များ မီးရှို့ခံနေရချိန်တွင် ဗမာများကလည်း မွတ်ဆလင်များအိမ်ကို မီးရှို့ပစ်ကြ။ မွတ်ဆလင်ပိုင် အိမ်များကို မီးလိုက်ရှို့နေ။ မွတ်ဆလင်ပိုင် နှင်းပုလဲ တည်းခိုခန်း မီးထဲပါသွား။
ဦးရာလူစနစ်ဖြင့် မီးရှို့နေ။ မီးခိုးလုံးများကို မြင်နေရ။ ညနေ(၆း၁၀)နာရီတွင် ချမ်းအေးရပ်ကွက်မှ မူဆလင်များ ကိုယ့်အိမ်ကို မီးရှို့ပစ်ကြ။ စာရင်းစစ်ရုံး၊ ပညာရေးရုံးများလည်း မီးထဲပါသွား။
ညနေ(၆း၃၀)နာရီတွင် အလံဖြူထောင်ထားသော မူဆလင်တန်းကြီး သီရိမင်္ဂလာ(ခ)ရက်ကွက်မှ ထွက်လာ။ ကလေးငယ်များ၊ အမျိုးသမီးများ၊ အဖိုးအဖွားများ ရှေ့တန်းမှာဦးဆောင်လာကြ။ အရွယ်အမျိုးစုံ အမျိုးသားများလည်း အနည်ငယ်ပါ။ အားလုံး ခေါင်းပေါ်လက်တင်လာကြ။ အသက်(၆၀)အရွယ် အဖိုးကြီးများလည်းပါ။ ထိုင်ပါရစေ၊ ထိုင်ပါရစေ၊ အော်ဟစ်ငိုယို တောင်းပန်သူများလည်းရှိ။
အလံဖြူထောင် အဖွဲ့ကြီးသည် မြနန္ဒာတိုက်နှင့် ကြေနန်းစာတိုက်ကြားရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်ခိုင်းထား။ လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မပါကြကြောင်း အစစ်ဆေးခံကြ။ ထိုင်နေသော လူတန်းကြီးသည် စာတိုက်ရှေ့မှ တောင်ဘက် မီးပွိုင့်ထိ ရှည်ကြောင်း၊ ဦးရေတစ်ထောင်ကျော် ရှိသည်ဟု ခန့်မှန်းရ။ ခရိုင်အားကစားကွင်းထဲမှာ ဒုက္ခသည်စခန်းဖွင့်ပေးထား။
ညနေ(၉း၀၀)နာရီထိ သံချောင်းခေါက်သံများ ဆူညံနေသေး။
...............................................................................................
အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို
MoMo Aung
    By သီတဂူဆရာတော်
    ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပထမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် သီတဂူစတား စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။
    ဧည့်သည်ဘာသာဝင်တွေ
    ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။
    ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ်
    ပြီးတော့ တခါ “ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင် ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်လာတာပဲ”လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။
    မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို
    အဲဒါကြောင့် “နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာမြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင် ဗုဒ္ဓဘာသာတွေနဲ့ နေဖို့ ကောင်းတယ်။” ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။
    မြန်မာ့ရာဇ၀င်က မွတ်စလင်
    ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။
    ငြိမ်းချမ်းစွာ လက်တွဲလို
    အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား ဆော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။
    အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။
    မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။
    ရွှင်လန်းချမ်းမြေ့ပါစေ
    သီတဂူစတား
    ၂၁-၃-၂၀၁၃
    မူရင်း။ ။http://www.sitagustar2020.net/2013/03/by.html
အစ္စလာမ် ဘာသာဝင် အား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ ပို့ဆောင်ပေး
မိတ္ထီလာနောက်ဆုံးအခြေအနေ ၆း၃၀ pm
ကုလား အယောက် ၁၀၀၀ ကျော် ကျွန်တော်တို့ မြို့မလေး ရပ်ကွက်ကိုချီတက်လာနေပြီဆို၍ ကိုယ့်အိမ်ကိုယ်ကာကွယ်ရန် ကျွန်တော်တို့ တုတ်ဆွဲရပါတော့တယ်။ဒါပေမယ့် တိုက်ခိုက်ရန်လာ
နေတာမဟုတ်ပါ။ ရှေ့ဆုံးမှ မော်လဝီတစ်ဦးခေါင်ဆောင်ကာ အားလုံးလက်မြှောက်ပြီးလာနေတာပါ။ သူတို့အားလုံးမြို့မှထွက်ပေးမယ်၊လမ်းပေးပါဟုတောင်းဆိုကြတာပါ။
စိတ်မကောင်းလိုက်တာဗျာ။ ရေငတ်နေတဲ့ လူကြီး၊လူငယ်များ၊မိန်းမများကိုမြင်ရတော့ကျွန်တော်လည်းဆွဲထားတဲ့တုတ်ကိုလွှတ်ချပြီး အိမ်ထဲမှရှိသမျှရေသန့်ဘူးအားလုံးထုတ်ပေးလိုက်တယ်ဗျာ။ဘယ်သူဘာပြောပြော ဘယ်လိုပဲကဲ့ရဲ့ကဲ့ရဲ့ ကျွန်တော့နှလုံးသားက မနေနိုင်ဘူးဗျာ။ ပျော့ညံတယ်ပဲပြောပြော ရင်ထဲကို မချိဘူးဗျာ။
ဒီအထဲမှာမှ ကျွန်တော်နဲ့သူငယ်တန်းထဲကပေါင်းခဲ့တဲ့ လူမျိုးခြားသူငယ်ချင်းနဲ့ မျက်နှာချင်းဆိုင်တွေ့မိတယ်ဗျာ။ သူမျက်လုံးမှာ ကြောက်ရွံအားငယ်မူတွေအပြည့်နဲ့ပေါ့။
ရင်တစ်ခုလုံး ဗျောင်းဆန်သွားအောင်ပဲဗျာ။ နောင်ဘဝအဆက်ဆက် သည်လိုအဖြစ်ဆိုးမျိုးတွေမကြုံပါရစေနဲ့တော့။သူငယ်ချင်းရေမင်းရောငါရောက ခေတ်စနစ်ဆိုးရဲ့ သားကောင်တွေပါ။
ဓါတ်ပုံတွေအများကြီးရိုက်လိုက်နိုင်ပါတယ်။ဒါပေမယ့် မတင်သင့်ဘူးထင်လို့မတင်တော့ပါ။သူတို့အားလုံးထွက်သွားနိုင်အောင် လက်နက်ကိုင်ဗမာတွေကိုလုံးဝ စမလုပ်ဖို့ တတ်နိုင်သလောက်စည်းရုံးအော်ဟစ်ခဲ့ရပါတယ်။ နောက်တစ်သုတ်မှာတော့ ရဲအစောင့်အရှောက်တွေပါလာပါတယ်။
လူများစုကတော့သူတို့ကိုမယုံရဲပါ။ညအချိန်လူပြန်စု ပြီး မီးကွင်းပြန်ပစ်မှာကို ဆိုးရိမ်နေကြပါတယ်။ လောလောဆယ်သူတို့ကို မြို့အထွက်က ခရိုင်ဘောလုံးကွင်းမှာနေရာချထားမယ်လို့သိရပါတယ်။\
ကန်အနောက်ဘက် ကုလားရွာ၊ချမ်းအေးဘက် သွားဖို့သူတို့ကတောင်းဆိုပေမယ့်။ လူအင်အားတွေပေါင်းမိသွားမှာဆိုးလို့ မြိုခံတွေက ခွင့်မပြုရဲပါ။ ချမ်းသာတဲ့ ကုလားမိသားစုတွေက်တော့ မနေ့ကကတည်းက ကားတွေနဲ့ပြေးကြပြီ။
ကဲ... သူတို့လဲထွက်သွားပြီဖြစ်လို့ အားလုံးတော်ကြပါတော့ဗျာ။ မိတ္ထီလာမြို့အခြေအနေက အကောင်းဘက်ကိုပြောင်းလာပြီထင်တာပဲဗျာ။ ညတော့ကင်းစောင့်ရဦးမှာပေါ့။ ဘာလို့လဲဆိုတော့ အခုထွက်တဲ့လူတွေက သဘောထားပျော့ပြောင်းသူတွေနဲ့မိန်းမတွေလို့ပြောနေကြတယ်။
တစ်ကယ့်fighters တွေက ညမှမြို့ပေါ်မှာသူသေကိုယ်သေတိုက်ဖို့ ပုန်းနေတယ်လို့ ကောလဟာလတွေကလဲထွက်နေတယ်။
မဟုတ်ပါစေနဲ့ဗျာ။ ထပ်ပြီးသွေးထွက်သံယိုတွေမမြင်ပါရစေနဲ့တော့။ အားလုံးကျန်းမာ၊ချမ်းသာ အန္တရာယ်ကင်းကြပါစေ။
(မင်းသန့်အောင်။မိတ္ထီလာမြို့)
မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးနေစဉ်
ဘီဘီစီ ဖော်ပြထားသော မိတ္ထီလာ ပဋိပက္ခတွင် မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိ
ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာ၏ facebook စာမျက်နှာတွင် ဖော်ပြထားသော မိတ္ထီလာ ပဋိပက္ခတွင် မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိ
-------------------------------------------
မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် မွတ်စလင် (၁၀) ဦး သေဆုံးခဲ့သည်ဆိုသော ဘီဘီစီ (မြန်မာပိုင်း) facebook စာမျက်နှာတွင် ဖော်ပြထားသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း Eleven Media Group အနေဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။
ဘီဘီစီ (မြန်မာပိုင်း) ၏ facebook စာမျက်နှာတွင် "မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခုနောက်ဆုံး သတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်" ဟု ဖော်ပြထားသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး Eleven Media Group မှ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးထွန်းနိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် သေဆုံးသူ (၆) ဦးရှိပြီး သံဃာတော်တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ်ဘာသာဝင် (၃) ဦးဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။
ဘီဘီစီ သတင်းဌာနအနေဖြင့် ၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည်နယ်အား ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်။ ဤသတင်းကို ထပ်ဆင့် ဖြည့်စွက်နိုင်ဖို့အတွက် RSV မှ မန္တလေးတိုင်းဒေသကြီး ရဲစခန်းအား ဖုန်းဆက်ခဲ့ပြီး ထပ်ဆင့် အတည့်ပြုအပ်ပါသည်။
Eleven Media Group
မိတ္ထီလာပဋိပက္ခပုံရိပ်များ