Sunday, March 24, 2013

မိတ္ထီလာလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် နှင့်မေးမြန်းချက် (DVB)

နိုင်ငံရေးဗေဒင်( ပဋိပက္ခဖြစ်ပွားနိုင်သည့် ဂြိုဟ်ပူးယှဉ်မှု )


 နိုင်ငံအုပ်ချုပ်ရေး၊ လူမျိုးရေး၊ နယ်စပ်ရေးရာနှင့် အောက်ခြေလူတန်းစားများအကြား ပဋိပက္ခဖြစ်ပွားနိုင်သည့် ဂြိုဟ်ပူးယှဉ်မှု မတ်လကုန်တွင် ဖြစ်ပေါ်မည်

    on Sunday, 24 March 2013 14:33


နိုင်ငံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လူမျိုးရေး၊ နယ်စပ်ရေးရာ ပြဿနာများနှင့် အောက်ခြေလူတန်းစားများအကြား ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် ဂြိုဟ်ပူးယှဉ်မှုတစ်ရပ် မတ်လကုန်တွင် မြန်မာနိုင်ငံ၌ မွန်းတည့်ချိန် မိုးကောင်းကင်၌ ဖြစ်ပေါ်ရန်ရှိကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ စီအီးအိုဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။

အဆိုပါ ဂြိုဟ်ပူးမှုဖြစ်စဉ်အဖြစ် လနှင့်စနေဂြိုဟ်သည် လာမည့်မတ်လ ၃၀ ရက်တွင် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၆ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လနှင့်စနေဂြိုဟ် ပူးယှဉ်မှုသည် ပုံမှန်အားဖြင့် တစ်လလျှင်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိသော်လည်း ဖြစ်စဉ်အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ ကွာခြားမှုများရှိသည်ဟု သိရသည်။

မတ်လကုန်တွင် ဖြစ်ပေါ်မည့် လနှင့်စနေဂြိုဟ်ပူးယှဉ်မှုမှာ ယိုင်ထောင့်အကွာအဝေး သုံးဒီဂရီဖြစ်သောကြောင့် အင်အားအသင့်အတင့်ရှိသည့် ဂြိုဟ်ပူးယှဉ်မှုဖြစ်စဉ်ဖြစ်ပြီး နေရာဒေသမှာ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၉ မိနစ်နှင့် တောင်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၄ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်သောကြောင့် ယင်းဂြိုဟ်ပူးယှဉ်မှုမှာ အိန္ဒိယသမုဒ္ဒရာအတွင်း၌ ဖြစ်ပေါ်မည်ဟု ၎င်းကပြောသည်။

"လနှင့်စနေဂြိုဟ် ပူးယှဉ်မှုဖြစ်ပေါ်တဲ့အချိန်မှာ စနေဂြိုဟ်ကလည်း ၎င်းရဲ့ဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်တဲ့အချိန်ဖြစ်တာကြောင့် ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီး မတ်လကုန် ဧပြီလအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ ထူးခြားတဲ့ဖြစ်စဉ်တွေ၊ ပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်သလို နယ်စပ်ရေးရာပြဿနာတွေ၊ လူမျိုးရေးပြဿနာတွေအပြင် လယ်သမား၊ အလုပ်သမားတွေ စတဲ့အောက်ခြေလူတန်းစားတွေ ကြားမှာပါ မငြိမ်သက်မှုတွေ ဖြစ်ပေါ်နိုင်တယ်" ဟု ဦးဇေယျာကိုက ပြောသည်။

အဆိုပါဖြစ်စဉ်ကို မတ်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီ ခန့်မှစတင်ပြီး အရှေ့ဘက်မိုးကောင်းကင် ဦးခေါင်းထိပ်တည့်တည့် မွန်းတည့်မိုးကောင်းကင်နှင့် အနောက်ဘက်မိုးကောင်းကင်တို့၌ လကို အလင်းအား ၈၀ ရာခိုင်နှုန်းရှိသည့် လခြမ်းသဏ္ဍန်ဖြင့်လည်းကောင်း၊ စနေဂြိုဟ်ကို လ၏အနီးအပေါ်ဘက်တွင် သေးငယ်သော အ၀ါရောင်ကြယ်ပွင့်သဏ္ဍန်ဖြင့် လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ထိုကဲ့သို့လနှင့်အင်္ဂါဂြိုလ် ပူးယှဉ်မှုဖြစ်စဉ် နှစ်ကြိမ်ခန့် ဖြစ်ပေါ်ရန်ရှိကြောင်းကိုလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

လနှင့်စနေဂြိုဟ် ပူးယှဉ်မှုဖြစ်စဉ်တွင် စနေဂြိုဟ်မှာ ၎င်း၏ဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုကြောင့်  ကြီးမားသည့် နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ပြည်သူများ ဘေးဥပါဒ်အန္တရာယ် ကြုံတွေ့ဖွယ်ဖြစ်နိုင်သည့် ပြောင်းလဲမှုဖြစ်သဖြင့် သတိပြုရမည့် ကာလဖြစ်ကြောင်းကိုလည်း ဦးဇေယျာကိုက ဂြိုဟ်ပူးယှဉ်မှုနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့ပါသည်။

ယင်းကဲ့သို့ စနေဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုများသည် မြန်မာနိုင်ငံသမိုင်းတွင် လွတ်လပ်ရေးရရှိခဲ့စဉ် ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ရှစ်လေးလုံးအရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၁၉၈၈ ခုနှစ်ဝန်းကျင်တွင် တစ်ကြိမ်၊ ရွှေဝါရောင် အရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်နှင့် နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်၍ လူအသေအပျောက်အများအပြား ရှိခဲ့သည့် ၂၀၀၈ ခုနှစ်ကာလက တစ်ကြိမ်နှင့် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၂ ခုနှစ် ကာလများတွင်လည်းကောင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
http://www.news-eleven.com

အနော်ရထာရပ်ကွက်မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး ဖျက်ဆီးခံရ


RFA Burmese
မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှု တချို့ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အနော်ရထာရပ်ကွက်မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး ဖျက်ဆီးခံရတဲ့အတွက် နေပြည်တော်က ရဲတပ်ဖွဲ့တွေကိုပါ ခေါ်ယူပြီး အခြေအနေကို ထိန်းသိမ်းနေရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ပြောကြားပါတယ်။

" ဒီနေ့ည သူတို့လာဖျက်စီးလို့ ပလီတစ်လုံးအပါအဝင်အိမ် လေးငါးခြောက်လုံးပါသွားတယ်။အခုတော့ သက်ဆိုင်ရာလူကြီးတွေ ဝိုင်းဝန်းထိန်းသိမ်းလို့ ငြိမ်သွားပါပြီ၊ ရဲတပ်ရင်းတော့ မဟုတ်ဘူးပေါ့၊ နေပြည်တော်ဘက်က ရဲတပ်ဖွဲ့ဝင်တွေ တော်တော်များများလာကြပါတယ်"

မနေ့ညကပဲ အမည်မသိ လူအုပ်စုတွေက ရွာသစ်ကြီးကျေးရွာ အနော်ရထာ ရပ်ကွက်၊ မြဝတီ ရပ်ကွက်နဲ့ ဗိုလ်မင်းရောင် ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော်သွားခဲ့တယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောပါတယ်။

" လုံခြုံရေး ရောက်သွားတဲ့ နေရာဆို သူတို့က ထွက်ပြေးတယ်၊ ဟိုဘက်ဝိုင်းလိုက်၊ ဒီဘက်ဝိုင်းလိုက် အဲ့လိုဖြစ်နေတာ၊ အနော်ရထာရယ်၊ မြဝတီရယ်၊ ဗိုလ်မင်းရောင်ရယ် ဒါလောက်ပဲ"

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက် ထိန်းသိမ်း နေတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့အရာရှိတဦးက RFA ကိုပြောပါတယ်။

" ကျွန်တော် သိသလောက်ကတော့ ပြောရင် သူတို့ဆီမှာသွားတာ အရပ်သားတွေက နည်းနည်းစုနေလို့ ကျွန်တော်တို့ဆီကနေ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်တွေ အင်အားနဲ့ သွားဖြေရှင်းလိုက်တော့ ပြီးသွားပါပြီခင်ဗျ၊ ဘာမှမဖြစ်တော့ပါဘူး"

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ စနေ့နေ့ ညက ဖြစ်ပွါးခဲ့တဲ့ ဆူပူမငြိမ်မသက်မှုသတင်းတွေဖြစ်ပါတယ်။

ရမည်းသင်းမြို့၊ ရွာတန်းတိုက်နယ်၌ လူစုလူဝေးဖြင့် လာရောက်၍ နေအိမ်များအား မီးရှို့ဖျက်ဆီး

on Monday, 25 March 2013 03:38

3.24.8
ဈေးကွက်သစ်ကျေးရွာမှ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးနေသည်ကို မတ်လ ၂၄ ရက်မွန်းလွဲပိုင်းက တွေ့ရစဉ်
ရမည်းသင်းမြို့နှင့် ၈ မိုင်အကွာ တွင်ရှိသော ရွာတန်းတိုက်နယ်၊ သဲကျွန်းကျေးရွာအုပ်စု၊ ဈေးကွက်သစ် ကျေးရွာ၌ မတ်လ ၂၃ ရက် ညပိုင်းက လူစုလူဝေးဖြင့် လာရောက်၍ နေအိမ်များ မီးရှို့ဖျက်စီးမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် အစ္စလာမ် ဘာသာဝင် နေအိမ်များနှင့် ဗုဒ္ဓဘာသာဝင် နေအိမ်အချို့ မီးလောင် ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ပြီး ခိုက်ရန် ဖြစ်ပွားမှု၊ လူသေဆုံးမှုများ မရှိကြောင်း သိရသည်။ ယင်းကဲ့သို့ နေအိမ်များ လာရောက်ဖျက်ဆီးသူများမှာ လူအင်အား ၂၀၀ ခန့် ရှိကြောင်း၊ မီးလောင်ကျွမ်းသွားသော နေအိမ်များမှာ အစ္စလာမ်ဘာသာဝင် နေအိမ် ၄၈ လုံး၊ ဗုဒ္ဓဘာသာဝင် နေအိမ် ၅ လုံး၊ ဗလီတစ်လုံးတို့ ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
“ညက လူတော်တော်များတယ်။ ကျွန်တော်ကအိမ်မှာ။ ကျွန်တော် ပွဲရုံက အခြားမှာ။ သူတို့ အစ္စလာမ် ဘာသာဝင်တွေအိမ်နဲ့ ဗလီကို မီးရှို့တော့ ကျွန်တော်ပွဲရုံက ကပ်နေတော့ မီးလောင်တဲ့အထဲ ပါသွားတယ်။ ညက ထွက်ကြည့်ဖို့လုပ်တော့ အိမ်တံခါး ဖွင့်လိုက်တာနဲ့ လေးခွနဲ့ လှမ်းပစ်လို့ အိမ်ထဲကို ပြန်ဝင်နေရတယ်။ မိုးလင်းမှ ပွဲရုံမီးထဲပါသွားမှန်း သိတာပါဟု” ရွာတန်းကျေးရွာမှ ပွဲရုံပိုင်ရှင် တစ်ဦးက ပြောပါသည်။
ထို့အပြင် ရမည်းသင်းမြို့နှင့် ၇ မိုင်အကွာရှိ ရွှေဒါး၊ သာစည်အုပ်စုတွင်လည်း မတ်လ ၂၃ ရက် ည ၁၁ နာရီ ခွဲခန့်၌ လူအင်အား ၅၀ ခန့်က ချိတ်ပိတ်ထားသော အမဲခြောက်စက်ရုံ တစ်လုံး၊ စက်ရုံတန်းလျား နှစ်လုံး၊ လူနေ အိမ်တစ်လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ရမည်းသင်းမြို့၌ လုံခြုံရေးအင်အားများ တိုးချဲ့ချထားပြီး မတ်လ ၂၄ ရက်နေ့မှ စ၍ အရက်ဆိုင်များ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်း မပြုရန် အမိန့်ထုတ် ပြန်ထားကြောင်း သိရသည်။
http://www.news-eleven.com

နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီပြောပြန်ပြီ

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ပြောကြား

  on Monday, 25 March 2013 03:30


မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မတ်လ ၂၄ ရက်နေ့နံနက် ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်များနှင့် လုံးဝမတူဘဲ ပြသာနာကြီးထွားအောင် ဖန်တီးပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆချက်များ ရှိနေမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အား အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က သာမန်ဖြစ်နိုင်တဲ့ ဖြစ်စဉ်လေး တစ်ခုကနေပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာထိ ရိုက်ခတ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြီး သုံးသပ်ရမယ်ဆိုရင် မဖြစ်နိုင်တဲ့ အခြေအနေတွေကို ရအောင်ဖန်တီးပြီးတော့ အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဒီနောက်ကွယ်မှာ ပြဿနာ မကြီး ကြီးအောင် ကြိုးကိုင်ပြီးတော့ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ ငြင်းစရာ အကြောင်းမရှိဘူး။ ရှိနေတယ်ဆိုတာ လုံးဝသေချာတယ်။ ဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း နောက်ကွယ်က ကျူးလွန်ခဲ့တဲ့သူတွေကို ခြေရာခံမိထားပြီး ပါပြီ။ ဒါကိုအမြန်ဆုံး စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “မိတ္ထီလာဖြစ်စဉ် ဖြစ်ပွားပြီး နောက်မှာပဲ နေရာတော်တော်များများမှာ အခုဖြစ်စဉ်နဲ့ အလားသဏ္ဍန်တူ ပဋိပက္ခမျိုးတွေ ဖြစ်ပွားနိုင်တဲ့ ကောလဟာလသတင်းတွေ အများကြီးထွက်ပေါ်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေထပ် ပြီးတော့ ပြည်နယ်နဲ့တိုင်း ဒေသတွေမှာ ထပ်မံမဖြစ်ပွားအောင် ကြိုတင်စီမံ ကာကွယ်ထားမှုတွေ ပြုလုပ်ဖို့ ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတအနေနဲ့ အခုလက်ရှိအချိန်မှာ အေးအေးချမ်းချမ်း ပြန်လည်ဖြစ်အောင် နေ့ရောညပါ စဉ်းစားပြီး ဆောင်ရွက်နေတယ်။ ဒီဖြစ်စဉ်ကို ဥပမာယူပြီး တော့နောင်အခုလိုပြဿနာမျိုးတွေ ထပ်မံမဖြစ်ပွားအောင် ဖော်ထုတ်အရေး ယူသွားမယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်နေ့က နယူးဝိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး မတ်လ ၂၂ ရက်နေ့တွင်မူ အရေးပေါ် အခြေအနေကြေညာကာ တပ်မတော်မှ ၀င်ရောက်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။
http://www.news-eleven.com/local/18720

"တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့"


RFA Burmese

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ(အနော်ရထာ)ရပ်ကွက် မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

မနေ့ညမှာတော့ တပ်ကုန်းမြို့နယ်အတွင်းကို အမည်မသိ လူအုပ်စုတွေ ဝင်လာပြီး ရွာသစ်ကြီးကျေးရွာ(အနော်ရထာ ရပ်ကွက်)၊ဓညဝတီ ရပ်ကွက်နဲ့ဗိုလ်မင်းရောင် ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော်သွားတယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့က အရာရှိတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက်ထိန်းသိမ်းနေတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။
..............................................................................................
ရန်ကုန်မင်္ဂလာဈေးတ၀ိုက်မှာလည်းသတင်းများကြောင့်ကင်းစောင့်နေရတယ်လို့သတင်းတွေတက်နေပါတယ်..
ရန်ကုန်ဖက်ကိုစီးဆင်းလာနိုင်တဲ့အတွက်ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့လိုပါတယ်။

မိတ္ထီလာ အဓိကရုဏ်း ပြင်ပ ပယောဂ ကြောင့်ဟု ဦးအောင်မင်းပြောကြား



RFA Burmese

2013-03-24

မိတ္ထီလာမြို့မှာ သာမန် အရောင်းအဝယ်ပြဿနာတစ်ခုကနေ ကြီးမားတဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ရတာဟာ ပြင်ပ ပယောဂကြောင့် ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနဲ့အတူ မိတ္ထီလာမြို့ကို ရောက်ရှိ လာတဲ့ ဝန်ကြီး ဦးအောင်မင်းက RFA ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ပြောဆိုခဲ့တာပါ။

အဓိကရုဏ်းဖြစ်ပွားစဉ် အကြမ်းဖက်ခဲ့ကြသူတွေဟာ ဒေသခံတွေမဟုတ်ဘဲ၊ မျက်နှာစိမ်းတွေဖြစ်တယ်လို့ ဒေသခံလူထုရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ မိတ္ထီလာမြို့က ဒုက္ခသည်စခန်း (၄) ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

..............................................................................

သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး ဆွေးနွေးပြီး အစိုးရပေါ်လစီ အနေနဲ့ မိတ္ထီလာအရေးပေါ် မူ ခြောက်ရပ် ချမှတ်လိုက် တယ်လို့ သိရပါတယ်။

ဒီကနေ့ မိတ္ထီလာမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မူ ခြောက်ရပ်ကို ချပြ ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အစ္စလာမ် ဘာသာရေး ကောင်စီ တွဲဖက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ဘီဘီစီကို ပြောပါတယ်။



မိတ္ထီလာမြို့ ဒုက္ခသည်တွေမှာ အမုန်းတရားတွေမတွေ့ရကြောင်း ဗီဂျေးနမ်ဘီယား ပြောကြား
2013-03-24

မိတ္ထီလာမြို့မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံတွေ စိုးရိမ် ကြောက်ရွံ့ နေကြပေမယ့် နှစ်ဖက်စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား (V J Nambiar) က ပြောကြားလိုက်ပါတယ်။

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်း၊ ပညာရေးကောလိပ်နဲ့ သာသနဝေပုလ္လကျောင်းတိုက်တို့မှာ စောင့်ရှောက်ထားတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် မစ္စတာ ဗီဂျေးနမ်ဘီယားက ပြောကြားခဲ့တာပါ။

" အိုးအိမ်ဆုံးရှုံးတဲ့သူတွေ၊ ပစ္စည်းဆုံးရှုံးတဲ့ နေရာတွေကို ကျွန်တော် သွားကြည့်ခဲ့ပါတယ်၊ ဒုက္ခသည်တွေနဲ့လည်း စကားပြောခဲ့ရပါတယ်၊ သူတို့ရဲ့မျက်လုံးတွေထဲမှာ ကြောက်နေတာတွေ စိုးရိမ်နေတာတွေ မြင်ခဲ့ရပါတယ်၊ ဒါပေမယ့် အမုန်းတရားကိုတော့ ကျွန်တော် မတွေ့ခဲ့ရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခုလိုအခြေအနေတွေကို သူ့အနေနဲ့စိုးရိမ်ကြောင်း၊ အထူးသဖြင့် ဒုက္ခသည် ကလေးငယ်တွေရဲ့ အနာဂတ်ကို အကူအညီပေးဖို့ လိုအပ်ကြောင်း၊ အစိုးရအနေနဲ့ ထိရောက်တဲ့ နည်းလမ်း တွေကို အသုံးပြုပြီး တိုင်းပြည်ရဲ့ ပြရုပ်ကို မြှင့်တင်ပေးဖို့လိုအပ်ကြောင်း၊ ဘာသာပေါင်းစုံကလည်း အခြေအနေတွေကို လာရောက်ဖြေရှင်းပေးတဲ့အတွက် ကျေနပ်အားရမိကြောင်း မစ္စတာ ဗီဂျေးနမ်ဘီယားက ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း အဓိကရုဏ်းကြောင့် မီးလောင်ခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ပေးမှာဖြစ်ပြီး၊ မြို့ကို မူလအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်အောင် စီမံဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်ကလည်း ညွှန်ကြားထားတယ်လို့  RFA ကို ပြောပါတယ်။

မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ မိတ္ထီလာခရီးစဉ်မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် အဆင့်မြင့် အရာရှိကြီးတွေ အပြင် ဆရာတော် အရှင်ဆေကိန္ဒ၊ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနဲ့ ရန်ကုန်အခြေစိုက် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေလည်း လိုက်ပါခဲ့ကြပါတယ်။

သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ သေဆုံးသူ (၃၂) ဦးရှိပြီး၊ ဒေသခံ (၉၆၀၀) ကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း မိတ္တီလာမြို့အကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ (၁၃ )ယောက်၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ (၅) ယောက်နဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ (၁၇) ယောက် တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးနေပြီး ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိတ္တီလာမြို့မှာ တုတ်ဓါးလက်နက် ကိုင်ဆောင်သွားလာသူ (၅၂) ဦးကို ထိန်းသိမ်းခဲ့ပြီး ခံဝန်နဲ့ ပြန်လွှတ်လိုက်ကြောင်း ဒီကနေ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘယ်နေရာမှာသင်ဝင်ပါမိသလဲ.....




ဒီဆောင်းပါဟာ...မလုပ်ပါနဲ့...(ဒါမှမဟုတ်)...လုပ်ပါ....လို့တိုက်တွန်းတာမဟုတ်ပဲထင်တာမြင်တာတင်ပြရုံပါ...
နည်းပြ..ကစားသမား...ပရိတ်ဿတ် လို့၃မျိုးခွဲထားပါတယ်။မိမိဘယ်ထဲပါလည်းဆန်းစစ်ကြည့်လို့ရပါတယ်။

ရဲရင့်ငယ်Blogကို၂၀၀၈..၄လပိုင်းမှာစဖွင့်ခဲ့တယ်..အခုဆို၅နှစ်ပြည့်လုရောပေါ့..
ဦးကျော်ဆန်းကမီဒီယာကိုမီဒီယာနဲ့တိုက်ရမယ်လည်းဆိုရောရုရှားကညီငယ်တွေBlogတွေအနည်းဆုံး၃၀ကျော်ဖွင့်ခဲ့တယ်။
နိုင်ငံရေးတန်ပြန်တာတွေလုပ်ကြတယ်။ဘာသာရေးမပါပါဖူး။

အဲဒီအချိန်မှာပဲဦးသန်းရွှေစစ်အစိုးရနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာသူ့လူကိုယ့်လူအငြင်းပွားခဲ့တယ်။အဲလိုလည်းဖြစ်ရော
မွတ်စလင်ဆန့်ကျင်ရေးBlogတွေဖြစ်သွားပြန်ရော...နိုင်ငံရေးတန်ပြန်တာကိုအွန်လိုင်းပရိတ်ဿတ်လက်မခံပေမဲ့
မွတ်စလင်ဆန့်ကျင်ရေးလုပ်တာကိုတော့မဆန့်ကျင်ပဲထောက်ခံသူတွေရှိလာပါတယ်...

တချိန်ထဲမှာဘင်္ဂလီ website လည်းပေါ်လာပြီးမြန်မာသတင်းတွေလောက်ပဲတင်နေရာကနေတိုင်းရင်းသားဖြစ်ရေးမူ
ကိုတဖြေးဖြေးဆွဲတင်လာတာတွေ့နေခဲ့တယ်...တတ်နိုင်သလောက်တော့ကျွန်တော်လည်းတုံ့ပြန်ခဲ့ဖူးပါတယ်။
ကျွန်တော်မူကစည်းမျဉ်းနဲ့ညီလို့နိုင်ငံသားဖြစ်တာမကန့်ကွက်ပေမဲ့တိုင်းရင်းသားဖြစ်ရေးကြိုးပမ်းမှုကိုတော့ဆန့်ကျင်ပါတယ်။
တချိန်ထဲမှာဦးသန်းရွှေဟာနေပြည်တော်တည်ဆောက်ရေး၊၂၀၁၀ရွေးကောက်ပွဲတွေနဲ့အလုပ်ရှုပ်နေလို့ဘင်္ဂလားဒေ့ရှ်
နယ်စပ်မှာ(နစက)ကိုအာဏာကုန်ပေးပြီးထိန်းထားခိုင်းလိုက်တယ်...

face book ပေါ်လာချိန်မှာတော့မွတ်စလင်ဆန့်ကျင်ရေးBlogတွေပျောက်သွားပြီးface bookမှာပြီးခဲ့တဲ့တနှစ်လောက်ထဲက
မွတ်စလင်ဆန့်ကျင်ရေးတွေပေါ်လာပြန်ပါတယ်။

ဒါတွေကတကယ်ဖြစ်ခဲ့တာပါ။အခုကျွန်တော်မြင်တာကိုတင်ပြပါမယ်...

ဦးသန်းရွှေသတိရလို့နယ်စပ်အရေးပြန်လှည့်တဲ့အချိန်မှာအရမ်းနောက်ကျသွားပါပြီ၊နစကဗိုလ်မှုးချူပ်တဦးတနှစ်ပဲအဲဒီမှာ
တာဝန်ထမ်းဆောင်တာသိန်းပေါင်း၂၀၀၀၀လောက်ရပြီးရန်ကုန်မှာအခုနှပ်နေပါပြီ..(အချက်အလက်ပြည့်စုံရင်ဖေါ်ပြပေးပါမယ်၊)
အကုန်လုံးရဲသားကအစလုပ်စားနေကြပြီ။အရင်ကပြစ်မှုရှိတဲ့ရဲတွေကိုအပြစ်ပေးရင်မောင်တောပို့တယ်။နောက်တော့ဘင်္ဂလီတွေ
နဲ့ဘယ်လိုလုပ်စားရမလဲသိလာတော့အဲမှာအမှုထမ်းချင်သူတွေများလာတယ်။။နယ်စပ်ဂိတ်တွေမှာထိုင်ခွင့်ရဖို့ကြိုးစားလာတယ်။
အထွက်လဲရ၊အ၀င်လဲရ၊ထွက်သွားတာဘယ်သူ၊ပြန်ဝင်လာတာဘယ်သူမသိတော့ဖူး။အကောက်ရပြီးရောဖြစ်နေတယ်။ဘယ်လို
မှတ်ပုံတင်လိုချင်လဲသူ့ဈေးနဲ့သူဖြစ်နေပြီ။ရွေးကောက်ပွဲအချိန်အထိမဲရဖို့သုံးခဲ့ပါသေးတယ်။ဦးအောင်သောင်းလဲအဲဒီကိစ္စတွေနဲ့
ပါတ်သက်ပြီးကျဆုံးခဲ့ရပါတယ်။နောက်ပိုင်းမှာပေါက်ကွဲနေပြီဖြစ်တဲ့ဘင်္ဂလီဦးရေကိုထိန်းဖို့ထင်သာမြင်သာရှိအောင်လုပ်ပါတော့
တယ်။အပေါ်မှာဖေါ်ပြထားတဲ့အချိန်ယူဖွဲ့တည်ထားတာတွေကဒီနေရာမှာဘယ်လောက်အသုံးဝင်လဲထင်သာလာပါပြီ၊
ကျောက်နီမော်လိုကိစ္စတွေဟာအရင်ကလည်းရှိခဲ့ပေမဲ့ဒီတခါတော့ဓါတ်ပုံလေး၂ပုံနဲ့အလုပ်ဖြစ်သွားပါတယ်။တောင်ကုတ်မှာအရင်ထဲ
ကဖွဲ့တည်ပေးထားတဲ့မုန်းတီးရေးကအသုံးဝင်ခဲ့တယ်၊ဘာမှလုပ်စရာမလိုဖူးတရက်လောက်လွှတ်ပေးလိုက်ရုံပါပဲ။
တချိန်ထဲမှာပဲဘူးသီးမောင်တောမှာလုပ်စားတဲ့နစကတွေကိုအရေးယူခဲ့တယ်၊အောင်ကြီးအနှစ်၄၀ကျတာအရေးအခင်းမထိန်းနိုင်တာ
အကြောင်းပြပေမဲ့တကဲ့ပြစ်မှုမှာလုပ်စားတာတွေကအဓိကပါ။
ရခိုင်အရေးပြီးတော့ခွဲသင့်တာခွဲခြားပြီးတာနဲ့ဒုက္ခမင်းကြီးကိုမြန်မာနိုင်ငံခေါ်ပြီးဝိတ်လျော့ဖို့လုပ်ပါတယ်။
(ဒါကဦးသန်းရွှေ၊ဦးသိန်းစိန်၊ဦးခင်ရီတို့ရဲ့တခုတည်းသောမဟာဗျူဟာလိုအပ်ချက်ပါ.....)
ဒုက္ခမင်းကြီးကတတိယနိုင်ငံတွေဆီမခေါ်ဖူးလဲဆိုရောဦးသန်းရွှေအလွန်အမျက်ထွက်ခဲ့ပါတယ်။မြန်မာအစိုးရကလိမ္မာစွာပဲကိုင်တွယ်
ခဲ့ပါတယ်။မခေါ်ချင်ရင်လာကျွေးကြနည်းပဲယာယီသုံးလိုက်ပါတယ်။မွတ်စလင်၂သန်းကျော်မှာ၈၀ရာခိုင်နုန်းလောက်ကရခိုင်ပြည်နယ်
မှာရှိပါတယ်။
မီးလောင်ရာလေပင့်လုပ်ပေးနေတာကအပြင်ကဘင်္ဂလီတွေပါ။အထဲကဘင်္ဂလီတွေအဆင်ပြေတဲ့နည်းနဲ့ရပ်တည်တဲ့လမ်းကိုဦးမတည်
ပဲတိုင်းရင်းသားဖြစ်ရေးပဲလုပ်နေတာကအစိုးရဖွဲ့တည်ထားတဲ့မုန်းတီးရေးပင့်ကူအိမ်ကိုပိုမိုခိုင်မာစေခဲ့တယ်..သူတို့ရွေးချယ်ခဲ့တဲ့ကစား
သမားတွေကပြည်ပမီဒီယာတွေရယ်၊ပြည်တွင်းကမော်လ၀ီအချို့ပါ။ရိုဟင်ဂျာလို့ခေါ်မှစာရွက်မှာလက်မှတ်ထိုးမယ်ဆိုတာလောက်
တော့ပြည်တွင်းကဘင်္ဂလီတွေကိုသုံးခဲ့ပါသေးတယ်။ဂျီဟာ့ဒ်တို့၊လက်ရှိဘူးသီးမောင်တောမှာလက်နက်မိတာတို့လောက်တော့မြန်မာ
အစိုးရကမှုမှာမဟုတ်ပါဖူး။အသာလေးနှိမ်နင်းနိုင်ပါတယ်။
ပြည်တွင်းနေမွတ်စလင်လုပ်ငန်းရှင်အချို့ရောလူဝင်မှုအရာရှိတချို့ကပါရန်ကုန်အရောက်မှတ်ပုံတင်အပေါက်ဘယ်လောက်
ဆိုပြီးလမ်းကြောင်းဖြစ်လာပြီးနောက်မှာမြန်မာအစိုးရကပြည်တွင်းကိုပါပြန်ပြီးအာရုံစိုက်လာပြန်ပါတယ်။
စနက်တံတခုထပ်တပ်ပေးလိုက်ပါတယ်၊အဲ့ဒါကတော့၆၉၆ပါ။လွတ်လွတ်လပ်လပ်လုပ်ခွင့်ဟောပြောခွင့်လေးပဲပေးလိုက်တာပါ။
ဝင်ပါစရာမလိုပါဖူး။အခုဆိုနေရာအနှံ့မှာနဲနဲလေးထိလိုက်တာနဲ့ထပေါက်မှာအသေအချာပါ။တရက်နှစ်ရက်လောက်ပစ်ထားလိုက်
ရုံပါ။ဒီလောက်သေကြေပျက်စီးတာဘာလို့ဒီနည်းသုံးလဲမေးစရာရှိပါတယ်၊တတိယနိုင်ငံတွေကဘာသာရေး၊လူမျိုးရေးဒုက္ခသည်
အဖြစ်လက်ခံလာအောင်လို့ပါ။အစိုးရကဖန်တီးတာမဖြစ်အောင်လို့တော့အတတ်နိုင်ဆုံးရှောင်တိမ်းနိုင်ခဲ့ပါတယ်။ကိုမင်းကိုနိုင်ပြောတဲ့
သံသယဖြစ်ဖွယ်နောက်ကွယ်ကဆိုတာမှန်ပေမယ့်နောက်ကြောင်းပြန်လှည့်နိုင်တယ်ဆိုတာကတော့မဟုတ်ပါဖူး။သူတို့ဗျူဟာသူတို့
နိုင်အောင်ကကြမှာပါ။ဘယ်သူကတာဝန်ခံလုပ်မှာလဲမေးစရာရှိပါတယ်။အစိုးရတာဝန်ခံလို့မရပါဖူး၊ဘင်္ဂလီကိစ္စအမှားလုပ်ခဲ့သူကပဲ
တာဝန်ယူရပါမယ်။ဒါကြောင့်သူ့ကိုအစိုးရနယ်ပယ်ကနေဘေးထုတ်ပြီးတာဝန်ခံခိုင်းလိုက်တာပါ။မိထ္ထီလာပဋိပက္ခဖြစ်ချိန်ထဲကရေးချင်
နေပေမယ့်မီးလောင်ရာလေပင့်ဖြစ်မှာစိုးလို့မရေးပဲနေခဲ့တာပါ။
အမှန်ဆိုမှတ်ပုံတင်စီစစ်တဲ့နည်းကိုပဲကောင်းကောင်းအသုံးချပြီးအရင်ထဲကနေတဲ့သူနဲ့ခိုးဝင်သူခွဲနိုင်အောင်လုပ်သင့်တာပါ။
ခိုးဝင်သူတွေကိုထိန်းသိမ်းရေးစခန်းတွေမှာတတိယနိုင်ငံတွေကမခေါ်မချင်းသီးသန့်ထားရမှာပါ။အရင်ထဲကနေသူတွေ
အတွက်လည်းပြောစရာရှိပါတယ်။အရင်ဆောင်းပါးမှာရေးဖူးသလို၊ခိုးဝင်အားပေးမလုပ်ရပါဖူး၊အန္တရာယ်အရမ်းများပါတယ်။
နောက်ပြီးကိုမြအေးအကြံပြုသလိုမြန်မာ့ဓလေ့နဲ့ကိုက်ညီတဲ့အစ္စလာမ်ဘာသာဖြစ်အောင်မော်လ၀ီဆရာတွေတိုင်ပင်ပြီးပြောင်းလဲ
သင့်ပါတယ်။ဗလီတွေလည်းလိုတာထက်ပိုပြီးဆောက်တာလဲရှောင်ကြင်သင့်ပါတယ်။
ပြောစကားတချို့ရှိပါတယ်။အပြစ်ရှိသူတွေသာဘုရားကျောင်းတက်ကြတာ..ငါတို့ကအပြစ်မလုပ်တော့သွားစရာမလိုဖူး..အိမ်မှာ
ပဲဘုရားရှစ်ခိုးရုံနဲ့လုံလောက်တယ်ဆိုတဲ့ပြောစကားပါ။
အပြစ်လုပ်သူတွေများနေမှဘုရားကျောင်းတွေအများကြီးလိုအပ်မှာပါ။

ပြည်ပကဒီလိုမလုပ်ဖို့ဘယ်လောက်ပဲဖိအားပေးပေးအစိုးရကလိုက်နာမှာမဟုတ်သလိုထိလွယ်ရှလွယ်ရှိသူတွေကလည်းတွန်းပို့
စရာမလိုပဲဝင်ပါဖို့အသင့်ဆိုတဲ့အချိန်ပါ။

အစိုးရအဓိကပစ်မှတ်ကခိုးဝင်တွေတတိယနိုင်ပို့နိုင်ရေးပါ။

ခိုးဝင်နဲ့အစိုးရကြားဝင်မပါမိအောင်၊အခြားဘာသာဝင်တွေနဲ့ထိပ်တိုက်မတိုးအောင်မြို့ပြနေအစ္စလာမ်ဘာသာဝင်တွေပါးပါးနပ်နပ်
နေထိုင်ရမယ့်အချိန်တခုပါပဲ။တိုင်းရင်းသားတွေအခြားဘာသာဝင်တွေနဲ့အဆင်ပြေအလျော့ပေးနည်းပဲလက်ရှိမှာသုံးစေချင်တယ်။

နိဒါန်းမှာကျွန်တော်ပြောသလို.....မလုပ်ပါနဲ့...(ဒါမှမဟုတ်)...လုပ်ပါ....လို့မပြောလိုပါဖူး....ဒါပေမယ့်ကျွန်တော်ခွဲထားတဲ့၃မျိုးထဲ
သင်ဘယ်အမျိုးအစားထဲပါလဲ..သုံးသပ်ပါ။
နည်းပြလား...ကစားသမားလား....ပရိတ်ဿတ်လား.....???
ဒီပွဲမှာကျွန်တော်ကတော့၁၀၀ရာခိုင်နူန်းပရိတ်ဿတ်ပါ......။   ။

ရဲရင့်ငယ်(3/24/2013)


ကျောက်နီမော်ကစတဲ့ဇတ်လမ်း...
သွေးနဲ့ရေးမဲ့ပြဇတ်...
အပြစ်မဲ့တဲ့ပြည်သူ...
ချကျွေးသူနောက်ကွယ်က...
ဆိုးလိုက်တဲ့ကံကြမ္မာ...
အော်..
ဘယ်တော့များမှအဆုံးသတ်မလဲ...



မိတ္တီလာအရေးအခင်း နောက်ကွယ်မှမီးစတခု(၂)





( March 18 မဖြစ်ပွားခင် ၂ ရက်အလို)
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)

ကိုယ့်အိမ်ပေါ်တက် မစင်စွန့်နေကြတာကို ငေးကြည့်နေရတဲ့ မိတ္ထီလာမြို့။

၉၆၉ လုပ်ကြပါ ဆိုပြီးတော့ အသည်းအသန် ကိုယ့် အမျိုးသားချင်းဆော်သြရ ၊ ဆရာတော်တွေ ကြတော့လည်း အဝေဖန်ခံရ ၊ အဆဲခံရ ။
တကယ်ပြန်တွေးမိရင် မြန်မာတွေ ရှက်ဖို့တောင် တော်တော်ကောင်းပါတယ် ။

ခုလည်း မိတ္ထီလာမြို့မှာ ဆားကလောက်တွေ အင်နှင့်အားနှင့် ဒင်းတို့အမျိုးဘာသာ အတွက်ကို တညီတညွတ်တည်း အင်အား
 ပြနေကြတယ်။ မြို့ခံ မြန်မာတွေကတော့ ကျီးလန့်အစာ စားပေါ့ကွယ် ။ အဲဒီလိုမျိုးဆို ဘယ်လိုလုပ်ပြီး ၉၆၉ ကို ဆော်သြဝံ့ ပါ့မလဲ။
ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ့်အမျိုးသား အရေးလုပ်ဖို့ကို ကြောက်နေရမယ့် အဖြစ်လေ ။ တာဝန်ရှိသူတွေကလည်း
အဂတိ မြိုးမြိုး မြတ်မြတ်ရနေပြန်တော့လည်း မသိချင် ယောင်ဆောင်ပြီး နှာစေးချောင်းဆိုး လုပ်နေကြတယ် ။
 မြို့နယ် သံဃနာယက ဥက္ကဌ ဆရာတော် ထံ လျှောက်ထားပေမယ့်လည်း ၊ ဆရာတော် စိတ်မကောင်း ဖြစ်ရုံက
လွဲပြီး သိပ်တော့ မျှော်လင့်လို့မှ မရတာ။ဆရာတော် ကလည်းနိုင်ငံရေးကိုယ်တော်
တွေကို သိက္ခာချ ၊ သင်္ဃန်းချွတ်ဖို့လောက်ပဲ အခွင့်အာဏာရှိတာ ဆိုတော့လည်း ... ။

ဒီလိုနည်းနှင့် ကိုယ့်အမျိုးသားတွေက ဒင်းတို့နှင့် ပဋိပက္ခဖြစ်မှာကို စိုးရိမ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေမယ် ဆိုပြန်တော့လည်း ဒင်းတို့က နည်းမျိုးစုံသုံး
ပြီး ပြဿနာဖန်တီးနေကြတယ် ။ (အင်အားကောင်းနေကြပြီကိုး) ။ဒီလိုနှင့် တစ်ရွာပြီး တစ်ရွာ ၊ တစ်မြို့ပြီး တစ်မြို့ ..... ။အဲဒီအခါ ကျတော့မှ
 အမျိုးသားရေး လုပ်ချင်ပါတယ် ဆိုပြီး ထကြွေးကြော်နေလို့ကတော့ အလကားဖြစ်ရပြီ ။ ယခုတောင် အတော်လေး နောက်ကျ
ကျန်နေခဲ့တဲ့ အဖြစ်မဟုတ်ပါလား ။

နောက်မှ ကိုယ့်ဘိုးဘွားတွေရဲ့ ကုသိုလ်ကောင်းမှု ဖြစ်တဲ့ ကျောင်းကန် ဘုရားတွေ ကိုယ့်လက်နှင့် ကိုယ်တိုင်ဖျက်မိပြီး တကယ့် ရင်နာစရာတွေ ဖြစ်ရမယ်ပ ။

ဦး ယဉ်ကျေး
....................................................................................
Myat Kyaw ....မိတ္တီလာ သာစည် ပျော်ဘွယ် က ဆားကလောက် လက်ထဲရောက်နေသလိုပဲနော်March 18 at 9:27am

ဝါ ဆို ....မိတ္ထီလာသားတွေတော့သွားပြီပေါ့March 18 at 9:28am

Aung Myat Thu... ကျောက်ပန်းတောင်းသွားပြီးနည်းခံအုံ။မိတ္ထီလာသားတွေMarch 18 at 7:56am

Mg Myo Min ..သာစည်အတွက် သိပ်စိတ်မပူပါနဲ့ ဦးMyat Kyaw ။ ဆော်စရာရှိရင် လက်မနှေးပါဘူး March 18 at 9:46am

Yoeyoe Tharthar.. မှန်တယ် ကြည့်၇တာဒီအတိုင်းဆို၇င် လူမသတ်လို့မ၇တော့ဘူးနဲ့တူတယ် ဘယ်သူ့ကိုမှအားကိုးလို့မှမ၇တာ
 ငြိမ်းချမ်းေ၇းယူလို့စစ်မတိုက်လူမသတ်၇တော့ဘူးထင်နေတာMarch 18 at 8:23am

Myo Zawswe... တချို့ကိုယ်တော်တွေ သူတို့ကိုယ်သူတို့ တမက်တဖိုများရနေလို့လား ဒီအချိန်မှာ သာသနာကိုမစောင့်ရှောက်ရင်
 နောင်အချိန်မှာ ဆွမ်းတောင်လှူမဲ့လူရှိမှာမဟုတ်ဘူး မလုပ်နိုင်ရင် လုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ မနေကြပါနဲ့ ဆရာတော်များ ဘုရားMarch 18 at 9:01am

Doekalay Par... သွေးအေးနေတဲ့ဗုဒ္ဓဘာသာတွေကိုသိနိုင်သမျှသိအောင်ဟောပြောရမယ်လက်ပိုက်ကြည့်နေလို့အဆင်
မပြေတော့ဘူးနော်၉၆၉နဲ့တက်လှမ်းကြမယ်March 18 at 9:47am ·

Toegyi Toelay.. ကျောက်ပန်းတောင်းသားတွေကိုအတုယူပါMarch 18 at 12:08pm

Thet Htoo Aung ..မိတ္ထိလာသားတွေ ထမိန်ဝတ်ထားကြကွာ။March 18 at 12:46pm

Kono Layးး တော့ပြောပါကိုရယ် ထမိန်တွေဈေးကြကုန်လိမ့်မယ် မြက်ပဲကြွေးလိုက်ပါMarch 18 at 12:51pm

SaiArkar Maung  ကျွန်တော်ကတော့ တစ်ခါမှလူမသတ်ဖူးဘူး ဒါပေမယ့်အချိန်တန်ရင်သတ်ဖို့ ဝန်မလေးဘူး သတ်မှာပါ
 ကျွန်တော်သတ်မှာ ကို့ ဗမာမဟုက်ဘူး ခွေးကုလားတွေကိုပဲသတ်မှာပါ ဗမာအချင်းချင်းအခုချိန်ကစလို့  လုံးဝရန်မဖြစ်ကြပါနဲ့
 သွေးစည်းညီညွတ်ကြပါ ကူညီရိုင်းပင်းကြပါ ကို့ ဗမာဆိုင်မှာပဲ ဈေးဝယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်March 19 at 1:50pm

Phyo Koko အလကားလေကြယ်နေကြတယ်.............။ပရစ်ဆိတ်တောင်သတ်ရဲတာမဟတ်တဲ့ကောင်တွေMarch 20 at 4:00pm

Nay Soe... Phyo Ko Ko လူအရေအတွက်ချင်းတူ လက်နက်တူ ချရဲတဲ့ ကုလားရှိရင်ခေါ်ခဲ့စမ်းပါ မသေခင် မြင်ဖူးအောင်လို့March 20 at 5:33pm

Myo Min ...အဲဒီနေရာ မှာတော့ ငါကိုယ်တိုင် လူသတ်ပွဲကျင်းပရမယ် ထင်တယ်။ ကုလားတွေမျိုးကန်းအောင် ဆော်ရမှာပဲMarch 18 at 10:29am via mobile

တောက် !!! ဒီနေ့ ခွေး တကောင် လက်မတင်လေး လွတ်သွားတယ်။ အရှင်ဘုရားတို့အရှေ့မှာ မို့ အားနာ လို့မသတ် လိုက်ရတာ။
 အခွင့် အရေးရင် သတ်ဦးမှာ။Thursday at 12:04pm via mobile

Pyinnyar Tharmi အခုလိုအဓိကရုဏ်းဖြစ်တော့မိတ္ထီလာသားတွေအကြောင်းသိပြီပေါ့နော်2 hours ago

မိတ္တီလာအရေးအခင်း နောက်ကွယ်မှမီးစတခု (၁)ဖတ်ရန် CLICK HERE

ယူဆရသူ ၁၇ ဦးမှာ တောင်သာ တပ်မတော်မပါ....


မိတ္ထီလာ မြို့  မငြိမ်သက် မှု တောင်သာ တပ်မတော် အဓိက နေ ရာ မှ ပါ
by FNG on March 23, 2013

စည်သူ ၊     ၊တောင်သာ တပ်မတော် ဟု ဟု လျှို့ ဝှက် အမည် ပေးထား သည့် အုပ်စု က မတ္ထီလာမြို့  တွင် မတ် လ ၂၀ ရက်နေ့ မှ စတင်ခဲ့သည့် ၃ ရက် ကြာ မငြိမ် သက် မှု တွင် ထဲထဲ ၀င်ဝင် ပါ ၀င်ခဲ့ ကြောင်း FNG မှ စုံစမ်း သိရှိရသည်။

ဓားလွတ် ကို သံဃာဝတ်များ က အရေး ပေါ် အခြေ အနေ မကြေငြာခင်မိနစ် ပိုင် အလို ထိ သတင်းထောက် များ ကို ခြိမ်ူခြောက် ခြင်း ၊ မွတ်ဆလင်ဘာသာ ၀င် များ ကို သတ်ဖြတ် ခြင်း များ ပြု လုပ် ခဲ့ ကြ ပြီး အိမ် ၂၀၀ ထက်မနည်း ကို အဆို ပါ သင်္ကန်း ၀တ် များ က မီး တင် ရှို့  ခဲ့ ကြသည်။

စစ်အုပ်ချုပ် ရေး စတင် ပြီး နောက် မိတ္ထီလာ မြို့  မှာ ငြိမ်သက် သွား သော်လည်း မူလ အခြေ အနေ ပြန်လည် ရရှိ ရန် မှာ ခက်ယဉ်း နေသေကြောင်းသိရှိ ရသည်။

ညနေ ခြောက် နာရီ က နေ မနက် ခြောက် နာရီ အထိ လမ်း မထွက် ရ ဘူး၊ဒါပေမယ့် မီးကွင်း ပြစ် တယ် တို့  ဘုန်းကြီး တွေ ၀င်လာ ပြီ ဆို တဲ့ အသံကြား ရင် လွတ် မယ် ထင် တဲ့ နေရာ ကို ထွက် ပြေး ဖို့  အသင့် ပြင်ထား ရတာပါ ပဲ လို့  မိတ္ထီလာ မြို့  မှ မွတ်ဆလင် မြန်မာ တစ်ဦး က FNG ကိုပြောသည်။

စစ်အုပ်ချုပ် ရေး ကြေငြာ ပြီး နောက် ၎င်းတို့  အချင်း ချင်း ဆက် သွယ်ရာတွင် မိုဘိုင်းဖုန်းများ ၊ မော်တော် ရိုလာ လမ်းလျှောက် စကား ပြောစက် များကို အသုံး ပြု ကြ ပြီး ၊ ၎င်း တို့  သည် ကောင်းစွာ လေ့ ကျင့် ထား ပုံ ရ ကြောင်းချမ်းအေး ရပ် ကွက် သား တစ်ဦး က ပြောသည်။

တောင် သာ မြို့  တစ်ဝိုက် ရှိ တောနယ် များ တွင် အခြေစိုက်သဖြင့်တောင်သာ တပ်မတော် ဟု ခေါ်သည့် အဖွဲ့  တွင် မိတ္ထီလာ မြို့  မငြိမ်သက်မှု တွင် အဓိက နေ ရာ မှ ပါရှိ ခဲ့ သည် ဟု မြို့ ခံ များ က ဆို ကြသည်။

သင်္ကန်းဝတ် ပုဂ္ဂိုလ် များ နှင့် အတူ ပါလာသူများ သည် တောင်သာ တပ်မတော် မှ ဖြစ် နိုင် သော် လည်း တောင်သာ တပ် မတော် နှင့် ဓား လွတ်ကိုင် ကိုယ်တော် များ မည် သို့  ဆက် သွယ် မှု ရှိ သည် ကို မူ မသိကြောင်းမိတ္ထီလာ မြို့  ကန်ဦး ကျောင်း တိုက် မှ သံဃာတော် တစ်ပါး က မိန့် သည်။

အရေး ပေါ် အခြေ အနေ ကြေငြာ ပြီး နောက်တပ် များ ၀င်ရောက် လာရာတောင်သာ တပ်မတော် နှင့် အခြား အဖွဲ့  များ သည် မလှိုင် မြို့  သို့  သွားရာကားလမ် မ အထွက် တွင် ရပ် ထား သည့် ၎င်း တို့  ၏ မော်တော် ကားများ ပေါ် သို့  အလျှို လျှို ပင် ပြန် လည် ထွက် ခွာ သွားကြသည်။

တောင်သာ တပ်မတော် ကို တောင် သာ ဗုဒ္ဓဘာသာ စစ်သွေးကြွ အဖွဲ့  ဟုလည်း ခေါ် ပြီး မည် သူ က ဦးဆောင် ဖွဲ့  စည်းထား မှန်း မသိရ ကြောင်းတပ်မတော် အရာ ရှိ ငယ် တစ်ဦး က FNG ကို ပြောသည်။
မိတ္ထီ လာ မြို့  ကို အနယ်နယ် အရပ်ရပ် က အကူ အညီ ပေး ရေး အဖွဲ့  တွေ ရောက်ရှိလာ ပြီးတဲ့ နောက် ဒုက္ခသည် ထောင်ပေါင်း များ စွာ ကို အကူ အညီ စတင် ပေး နေ ပြီ လို့  မိတ္ထီလာ မြို့  က အခြေခံ ကျောင်း ဆရာ တစ်ဦး က FNG ကို ပြောပါတယ်။ အခြေ အနေ တွေ ကတော့ တော်တော် လေး ငြိမ်သက် သွား ပြီး တောင်ကြောင် တွေ ၊ ဖျက်ဆီး သူ တွေ ကို ဖမ်းထားတယ်။ ဒါပေမယ့် အဓိ က တရားခံ တွေ ၊ လူ သတ်မှု ကျုး
လွန် တဲ့ သူ တွေ ကို အခု ထိ မဖမ်း နိုင် သေး ဘူး လို့  ဆိုပါတယ်။ မိတ္ထီလာ မြို့  နဲ့  အနီး တစ်ဝိုက် က ရွာ တွေ ကို ပြစ်မှု ကျုးလွန် သူ တွေ တိမ်းရှောင် သွား ကြတယ် လို့  သိရ ပြီး စိုးရိမ်ဖွယ် ကောင်းတာ က သူတို့  က ပြစ်မှု ကျုးလွန် ချိန် မှာ ငွေ
နဲ့  အဖိုးတန် လက်ဝတ်လက်စား တွေ ကို ပါ ရယူ ခဲ့ တာ တွေ ကြောင့် အဖျက် လုပ် ငန်း တွေ ကို ပြန်ပြီး တော့ အနီး အပါး က မြို့ တွေ မှာ လုပ် လို့  ရမှာ စိုးရိမ် ရမှာ စိုးရိမ်ရ
တယ် လို့  မိတ္ထီလာ ဒေသခံ တွေ က ပြောပါတယ်။ သူတို့  ကို သူတို့  ဗုဒ္ဓဘာသာ ကာကွယ်ရေး တပ် လို့  အမည် ခံ ထား တဲ့ လက်နက် ကိုင် အဖွဲ့  တွေ ဟာ သူတို့  ရဲ့  ရံပုံငွေ တောင့် တင်း ခိုင်မာ စေရေး အတွက် မိတ္ထီလာ အရေး
ကို ဖန်တီးခဲ့ ကြတာ ဖြစ်ပါတယ်။ မန္တလေး နဲ့  အခြား မြို့  တွေ က ရောက် လာ တဲ့ ဘုန်းတော်ကြီး တွေ ပြည်သူ တွေ က တော့ မိတ္ထီလာ မှာ လူမျိုး မရွေး ၊ဘာသာ မရွေး ကူညီ မှု ပေး နေကြပါတယ်။
http://freedomnewsgroup.com/2013/03/23/taung-militia/
........................................................................................................................
Ye Htut's status.
7 minutes ago
မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်း၊
မိတ္ထီလာမှာတုတ်ဓားလက်နက်ကိုင်ဆောင်သွားလာသူ ၅၂ ဦးကို ဖမ်းဆီးပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားညနေ လေးနာရီသတင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
........................................................................................................................
ရမည်းသင်း ရွာတန်းကျေးရွာတွင်လည်း ပဋိပက္ခဖြစ် ပွားမှုကြောင့် အိမ်ခြေ ၅၀ ကျော်မီးရှို့ခံရ
March 24, 2013
hotnewsweekly.com
ယမန်နေ့ညနက်ပိုင်းတွင် ရမည်းသင်းခရိုင်၊ရွာတန်းကျေးရွာအုပ်စုတွင် ဈေးကုန်း(ရွာတန်း)တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၅၀) ကျော် မီးရှို့ခံရကြောင်းသိရသည်။ရွာခံတစ်ဦးမှပြောကြားရာတွင် “ည၁၂ လောက်တွင် ဈေးကုန်းရှိရဲစခန်းမှ အခြေအနေကိုစတင်ကိုင်တွယ်နိုင်ကြောင်း စဖြစ်ခါစမှ လူအုပ်ကြီးများပြားသဖြင့် အခြေအနေကိုကြည့်ရှုနေကြောင်း ယနေ့နေ့လည် (၁)နာရီ တွင်ရမည်းသင်း ရဲလေ့ကျင့်ရေးကျောင်းမှ အဖွဲ့များဖြင့် အင်အားဖြည့်တင်းထားသဖြင့် အခြေအနေတည်ငြိမ်ပြီလို့ ပြောလို့ရကြောင်း၊လူအုပ်ကြီးမှနေပူကုန်းရွာဘက်သို့သွားရာ ရဲများမှတားဆီး နိုင်ခဲ့ကြောင်း”ပြောကြားခဲ့သည်။နိုင်ငံတော်မှ မိထ္တီလာ ခရီုင် လေးမြို့နယ်အားလုံခြုံရေး ဖြည့်တင်း၍ တရားဥပဒေစိုးမိုးရေးအတွက် ကိုင်တွယ်လျက်ရှိသော်လည်း မိထ္တီလာနှင့် ကပ်လျက်ရှိသော ရမည်းသင်း၊ပျော်ဘွယ်မြို့များတွင်လည်း လုံခြုံရေးတိုးမြှင့်ချထားသင့်ကြောင်းဒေသခံများမှပြောကြားလျက်ရှိသည်။
........................................................................................................................

The Myanma Age
မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား
မိတ္ထီလာ၊ မတ် ၂၄။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌနှင့် သမ္မတရုံးဝန်ကြီှးှဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မီးလောင်ဆုံးရှုံးခဲ့သော လူနေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးသွားမည်ဟု
ယနေ့မနက်တွင် မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းရှိ ကယ်ဆယ်ရေး စခန်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“အဓိက ကတော့ နဂိုအနေအထားအမှန် ရောက်အောင်ပြန်လုပ်မယ်၊ နဂိုအနေအထား အမှန်ဆိုတာက နဂိုတုန်းက ငြိမ်းငြိမ်းချမ်းချမ်း နဲ့
 နေကြထိုင်ကြ စားကြသောက်ကြလုပ်ကြ ကိုင်ကြ။ အဲပုံစံ အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာ၊ မီးလောင်သွားတဲ့ အိမ်တွေကိုလည်း
 ပြန်ဆောက်ပေးရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ
 ဗီဂျေနမ်ဘီးယား၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒတို့နှင့်အတူ မိတ္ထီလာမြို့ သို့ယနေ့မနက်တွင် ရောက်ရှိသွားခြင်းဖြစ်ပြီး မန္တလေးတိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့နှင့်အတူ မိတ္ထီလာမြို့
 ခရိုင်အားကစားကွင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သာသနဝေပုလ္လကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများမှ
ဒုက္ခသည်များအား သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ(၂ဝ)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူ (၃၂)ဦးရှိခဲ့ပြီး အကြမ်းဖက်
ဖျက်ဆီးမှုနှင့် မီးလောင်မှုများကြောင့် ဒုက္ခသည် စုစုပေါင်း (၉၆ဝဝ)ကျော်ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားလျက်ရှိကြောင်း
ပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ (၂၃)ရက်နေ့ ည(၈)နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

ထက်နောင်နောင်

တန်ဖိုးကို မပြောင်း . . .စကားလုံး ပြောင်း



Ko Zaw

နာမည်တွေ ပြောင်းကုန်ပြီ

တန်ဖိုးနည်း အိမ်ယာ ဆိုပြီးတော့ သိန်း၁၈၀ - သိန်း ၂၀၀ တန်တွေ လူတွေကို ရောင်းမယ် ဆိုတော့ ပြည်သူတွေက သိန်း ၂၀၀ ဝန်းကျင် ဆိုတော့ တန်ဖိုးနည်း မဟုတ်ဘူး ဘာညာပေါ့လေ။ ပြောကြတယ် မဟုတ်လား။ ဒါကြောင့်မို့ တန်ဖိုးနည်း အိမ်ယာ ဆိုတာကနေ နာမည်ပြောင်ပြီးတော့ တန်ဖိုးမျှတ အိမ်ယာ ဖြစ်သွားပါပြီ . . . တိန် . .

ဒါကြောင့် ပြောတာ မြန်မာ ဘာသာစကားက တယ်ကြွယ်ဝပါတယ် ဆိုနေမှ . . . တန်ဖိုးကို မပြောင်း . . .စကားလုံးကို ပြောင်းလိုက်လေပြီ :P

( အခုတော့ စပြီးတော့ ဆောက်လုပ်ဖို့ ပြင်ဆင်ကာ ဖောင်ဒေးရှင်းတွေ ဘာတွေ တူးနေပါပြီ။ ဒါပေမယ့် အခန်းတွေ ရောင်းဖို့ မကျန်တော့ပါဘူးလို့ အရပ်စကား အရ ကြားသိရတာပါပဲ။ ကောင်းလေစွ )

နေပူကုန်းက ပြန်လည်ခုခံတဲ့အတွက်ကားသုံးစီး ပြန်ထွက်သွား




ရမည်းသင်းမြို့ အနီး ရွာတန်းရွာ မီးရှို့ခံရ
2013-03-24
RFA Burmese
မတ်လ ၂၃ ရက်နေ့ ည၊ ၈နာရီခန့်က ရမည်းသင်းမြို့အနီး ရွာတန်းရွာမှာ မီးရှို့ခံရပြီး ည ၉ နာရီခန့်မှာ ရမည်းသင်းမြို့ အနောက်ဘက် နေပူကုန်းရွာ မီးရှို့ခံရကြောင်း သိရှိရတယ်လို့ မိတ္ထီလာမြို့က ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ရွာတန်းရွာ မီးလောင်မူမှာ ပလီတလုံးပါဝင်ပြီး အိမ်ခြေ ၃၀ ခန့် မီးလောင်ကြွမ်းသွားပါတယ်။

ခုလိုမီးရှို့ ခံရတာမှာ ဒေသခံတွေက ရှို့တာမဟုတ်ဘဲ ကား ၃ စီးဖြင့် လာရောက်သူတွေက ရှို့တာဖြစ်တယ်လို့ ရမည်းသင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သတင်းရကြောင်းရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။

" ပြည်သူ့ရဲနဲ့ ကျွန်တော်တို့ညီတစ်ယောက်နဲ့ ပြန်ချိတ်မိတော့ ရတန်းကိုရှို့တာ ကားသုံးစီးနဲ့လာတယ်၊ ပြီးတော့ နေပူကုန်းကို လာပြီးရှို့တယ်၊ နေပူကုန်းက ပြန်လည်ခုခံတဲ့အတွက် အဲ့ကားသုံးစီးက ပြန်ပြီးတော့ ထွက်သွားတယ်၊ ရမည်းသင်းတပ်ဖွဲ့က သတင်းရတော့ နောက်ကလိုက်တော့ အမြန်လမ်းမပေါ် ကားသုံးစီးထွက်ပြေးတယ်လို့ နောက်ဆုံးသတင်းရပါတယ်၊ အဲ့ဒီမှာ သက်ဆိုင်ရာ ခရိုင် အာဏာပိုင်တွေနဲ့ မီးသတ်က သွားငြိမ်းရာမှာ နိုင်နင်းတယ်လို့လည်း သတင်းရပါတယ်၊ ရမည်းသင်းမှာတော့ လတ်တလော တည်ငြိမ်တယ်လို့တော့ သတင်းရပါတယ်၊ ၁၁ နာရီလောက်ထိပေါ့ ခုတော့မသိသေးပါဘူး"

အခုမီးရှို့မူမှာ ပါဝင်ပတ်သက်သူ ၁၀၀ ခန့်ရှိကြောင်း ရမည်းသင်းမြို့ ခရိုင်ရဲတပ်ဖွဲ့က အရာရှိတဦးကလည်း ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်များ



DVB TV News
ဓာတ်ပုံ - တိုးဇော်လတ် —

မိတ္ထီလာမြို့။ ၂၄၊၃၊၂၀၁၃ နံနက် (၈း၀၀နာရီ)အခြေအနေ။


Min Thant Aung

အခြေအနေအားလုံးတည်ငြိမ်နေပါတယ်။ ကယ်ဆယ်ရေးစခန်းများကလဲ စည်းကမ်းတကျ ဆောင်ရွက်နေသောကြောင့် မနေ့ကလို စခန်းအပြင်ထွက် လက်ဘက်ရည်ဆိုင်ထိုင် ဟေလားဝါးလား လုပ်နေသော မြင်ကွင်းမျိုးကို မတွေ့ရတော့ပါ။ မြို့ထဲရှိအပျက်အစီးများ အမှိုက်များကိုလည်း တပ်တော်သားများမှစတင်ရှင်းလင်းပေးနေပါတယ်။
လည်ပင်းတွင် အနီပတ်စည်းထားပြီး ထိုအနီပတ်ပေါ်တွင်( ၇၀၈) ဆိုသောတံဆိပ်နှင့်ကြယ်ပွင့်ပါပါတယ်။ ကျွန်တော်က သံသယစိတ်ကြီးမားတတ်သူမို့ သူတို့ကလူမြင်ကောင်းအောင် ဟန်ဆောင်ပန်ဆောင်လုပ်နေတာလား ၊ တစ်ကယ်ကြိုးစား မာန်တတ်လုပ်နေတာလားဆိုတာကို သေသေချာချာ စောင့်ကြည့်ခဲ့ပါတယ်။ အမှန်တစ်ကယ်ကိုကြိုးစား ပမ်းစားလုပ်နေကြတာပါ။ သူတို့မျက်လုံးတွေမှာ လည်းမိတ္ထီလာမြို့ အတွက်၊ ပြည်သူ့အတွက် အတတ်နိုင်ဆုံးကြိုးစားပေးကြမယ်ဆိုတာမျိုးကို တွေ့ရပါတယ်။
ကျွန်တော်ဟာ စစ်တပ်အသိုင်းအဝိုင်း၊အခေါ်အဝေါ်တို့နဲ့ မနီးစပ်သောကြောင့် မည်သည့်တပ်ရင်း၊မည်သည့်တပ်မလက်အောင်ခံ တပ်ခွဲစသည်တို့ကိုတော့ ဖော်ထုတ် ဂုဏ်ပြု နိုင်ခြင်းမရှိတာကိုတော့သည်းခံပေးပါ။ ဒါပေမယ့် သေနတ်ကိုင်တဲ့လက်တွေက တိုင်းပြည်အတွက်လိုအပ် လာလျှင် တံမျက်စည်းနှင့်ဂေါ်ပြားလည်းကိုင်ပါတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲခင်ဗျား။
မင်းသန့်အောင်(မိတ္ထီလာမြို)။

ကုလား ဟု ခေါ်ဝေါ် သုံးနှန်းခြင်းကို တားမြစ်လိုက်တဲ့  အတွက် အသစ်ထွက်လာသောအသုံးအနုန်း

r "တိုင်းရင်းသားမဟုတ်သော လူ့ အသိုင်းအ၀ိုင်း" လို့ ဆိုတားတဲ့  မြန်မာပိုစ့်  ဂလိုဘယ် ရဲ့  မျက်နှာဖုံး သတင်း

အချိုးကျကိုယ်စားပြုစနစ် (PR) ကို NLD နှင့် တိုင်းရင်းသားပါတီများ ကန့်ကွက်မည်


The Voice Weekly

................................................................................

ရရှိသော မဲများအားလုံးပေါင်းကာ အချိုးကျစနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် နေရာရယူသော အချိုးကျ ကိုယ်စားပြုစနစ် (PR System) ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မကျင့်သုံးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားပါတီများက The Voice Weekly သို့ ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးစံကျော်လှကလည်း အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို လက်မခံကြောင်း ပြောကြားသည်။

နိုင်ငံရေးပါတီများ အားလုံးနှင့် မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြားထားပြီး အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး ကို ဆွေးနွေးနိုင်ဖွယ် ရှိသောကြောင့် နိုင်ငံရေးပါတီဝင်များ ကန့်ကွက်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ဆိုသည်။

အင်အားကြီးပါတီများနှင့် ယှဉ်ပြိုင်အရွေးခံပါက တိုင်းရင်းသား ပါတီငယ်များ အနေနှင့် ရွေးကောက်ပွဲ အနိုင်ရရန် ခက်ခဲနိုင်ပြီး လွှတ်တော်အတွင်း တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်နိုင်မည်ကို စိုးရိမ်သဖြင့် အချိုးကျကိုယ်စားပြု စနစ်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကဆိုသည်။

အချိုးကျ ကိုယ်စားပြုစနစ်မှာ မဲဆန္ဒရှင်ပြည်သူများက ပါတီကို ရွေးချယ်မဲပေးရခြင်း ဖြစ်ပြီး မဲရရှိသော ရာခိုင်နှုန်းအလိုက် သက်ဆိုင်ရာ ပါတီများက မိမိပါတီဝင်များ ထဲမှ လွှတ်တော်ကိုယ်စားလှယ် များကို ရွေးချယ်စေလွှတ်သော စနစ်ဖြစ်သည်။

တိုင်းရင်းသား ပါတီများကလည်း ပြည်နယ်များတွင် အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးပါက ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကဲ့သို့ တိုင်းရင်းသားပါတီ များ အပြတ်အသတ် အနိုင်မရမည်ကို စိုးရိမ်နေကြောင်း တိုင်းရင်းသားပါတီ ဝင်များက ပြောကြားသည်။
"PR စနစ် (အချိုးကျကိုယ်စားပြုစနစ်) ကို မကြိုက်ဘူး။ ကန့်ကွက်မယ်" ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောအောင်ကြည်စိုး က ဆိုသည်။

ယင်းစနစ် ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့တင်ပြပါက လွှတ်တော်က အတည်ပြု၊ မပြုအပေါ် မူတည်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောကြားသည်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပါက တစ်နိုင်ငံလုံးရှိ မဲဆန္ဒ နယ်များတွင် အင်အားကြီးပါတီများနှင့် တန်းတူယှဉ်ပြိုင် အရွေးခံနိုင်ရန် တိုင်းရင်းသား ၁၃ ပါတီ ပူးပေါင်း ဖွဲ့စည်း ထားသည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းက ကြိုတင်ပြင်ဆင် နေကြောင်း ယင်းဖက်ဒရေးရှင်းတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ တွဲဖက် ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောကြားထားသည်။

မိတ္ထီလာမြို့ကို ကုလအကြံပေး ဗီဂျေနမ်ဘီယား ရောက်ရှိ


RFA Burmese

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အကြံပေး မစ္စတာဗီဂျေးနမ်ဘီယားနှင့် အစိုးရအဖွဲ့ဝင်တွေ၊၊ဘာသာရေး ခေါင်းဆောင်တွေက ဒီကနေ့ မနက်မှာ သွားရောက်လေ့လာခဲ့ပါတယ်။


7Day News Journal
မြန်မာနိုင်ငံသို့ရောက်ရှိနေသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေးနမ်ဘီယား၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးဆန်းဆင့်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် ဘာသာရေးခေါင်းဆောင်အချို့မှာ ယနေ့မနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များကို လိုက်လံတွေ့ဆုံအားပေးခဲ့ကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
တပ်မတော်မှ လုံခြုံရေး တာဝန်ယူထားသော မိတ္ထီလာမြို့တွင် ထပ်မံ၍ ပဋိပက္ခဖြစ်ပွားခြင်းမရှိတော့ဘဲ ယနေ့နံနက်မှ စတင်၍ ၃ ရက်ကြာပိတ်ထားသော မိတ္ထီလာမြို့ ဈေးကို ပြန်လည်ဖွင့်လှစ် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။