Wednesday, March 27, 2013

ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ


ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀...န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

မှတ်ချက်။။ ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။


Photo: ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး 

မှတ်ချက်။။  ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

ဖျက်ဆီးခံရသော ဗလီများကို ပြန်လည်ဆောက်လုပ်ခွင့် ပြုသင့် မပြုသင့်



“ မြန်မာနိုင်ငံမှာရှိသော ဗလီများအား မည်သည့်အချိန်တွင် မည်သူ့ခွင့်ပြုချက်နှင့် မည်သူက ဆောက်လုပ်သည်ကို သာသနာရေးဦးစီးဋ္ဌာနနှင့် ပြည်ထဲရေးမှ စုံစမ်းစစ်ဆေးသွား တော့မည်ဖြစ်ကြောင်း..... ဖျက်ဆီးခံရသော ဗလီများကို ပြန်လည်ဆောက်လုပ်ခွင့် ပြုသင့် မပြုသင့်ကို ဆုံးဖြတ်မည် ဖြစ်သည်....” အချို့ ကျေးရွာများတွင် ဆောက်လုပ်ထားသော ဗလီများသည် အထက်အစိုးရအုပ်ချုပ်သူလူကြီးများ မသိပဲ အောက်ခြေ မြို့နယ်အဆင့်တွင် လက်သိတ်ထိုး လုပ်ဆောင်ပြီး ဆောက်လုပ်ထားသော ဗလီများဖြစ်သည်ကို ယခုအချိန်အထိကရုန်းများ ဖြစ်မှ သိကြသည်။ ဘာသာရေး စာသင်ကျောင်းယောင်ယောင် တရားဆွေးနွေးရန်စုဝေးရာ အဆောင် ယောင်ယောင် ဆောက်လုပ်ထားသော တိတ်တိတ်ပုန်းဗလီများ မြောက်မြားစွာရှိနေပြီ ဖြစ်သည်....။ ရန်ကုန်မြို့သာကေတတွင် ခွင့်ပြုချက်မယူပဲ ဆောက်လုပ်သော စာသင်ကျောင်း အယောင်ဆောင် ဗလီများ နိုင်ငံအတွင်း မည်မျှပင် ရှိနေပြီ ဆိုတာကိုပါ ဆက်လက်ဖော်ထုတ်သင့်ပြီ ဖြစ်သည်။ ဗလီတစ်လုံး ဆောက်ပြီးသွားရင် မည်သည့်နည်းနဲ့မှ ပြန်လည်ဖယ်မပေးချင်တာ မရိုးသားသော နယ်ချဲ့မှု တစ်ခုဖြစ်သည်။ သာကေတမှ ဗလီဖျက်သိမ်းမှုသည် မြန်မာ့ အစိုးရ၏ ပထမဆုံးသော တိကျပြတ်သားသည့် ဥပဒေအရ ဆောင်ရွက်ချက်ဖြစ်သည်”

ဖေ့စ်ဘုတ်ခ်စာမျက်နှာမှ

.......................

အာရုံမှာပေါ်သလောက်ဆိုရင်ဗလီအရေတွက်လျော့ချင်ပုံပဲ..
ဗလီနဲ့ပတ်သက်တဲ့ခံစားမှုတွေကိုလဲပြေလျော့စေချင်ပုံပဲ..
နောက်ပြီးလိုအပ်သလောက်ပဲရှိစေချင်ပုံရတယ်.....
..........................................ပုံပဲ..
..........................................ပုံပဲ..
..........................................ပုံပဲ..။
ဘာပုံပဲဖြစ်ဖြစ်သွေးထွက်သံယိုတွေအသေအပျောက်တွေမရှိအောင်တော့တာဝန်ယူစေချင်တယ်။

ကျောင်းသားအရေးဆောင်ရွက်သူကို ပြန်ပေးဆွဲ လူသတ် အလောင်းဖျောက်လိုက်ပြီလား

ကိုရဲမင်းဦးကိစ္စ ရခိုင်လူငယ်ကွန်ယက် သတင်းစာရှင်းလင်း ကျောင်းသမဂ္ဂများဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူ ကိုရဲမင်းဦး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီ ဒီကနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ရွှေရသာ စားသောက်ဆိုင်တွင်း လူခိုင်လူငယ်ကွန်ယက်အဖွဲ့ကဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို မကွေးပရိယတ္တိစာသင်တိုက် ဦးပါမောက္ခ အပါအဝင် သင်္ဃတော် ၉ ဦးနဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။ ကိုရဲမင်းဦးပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရခိုင်လူငယ်အဖွဲ့မှ ဦးခင်မောင်လင်းက ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


ကျောင်းသားသမ္မဂ ဖြစ်မြောက်ရေးကော်မီတီ အတွင်းရေးမှူး ကိုရဲမင်းဦးကို
ဗဟန်းရဲစခမ်းကနေပြီး မတ်လ-၂၅-ရက်နေ့ က ည-၉-နာရီမှာ ခေါ်ယူသွားတယ် ။ ဒါပေမဲ
့သက်ဆိုင်သူများက စုံစမ်းတဲ့ အခါ ဘယ်မှာ ခေါ်သွားမှန်း မသိရတော့ဘူး ။
နောက်တရက်-၂၆-ရက်နေ့ မှာ စုံစမ်းလို့ မရတော့ ဗဟန်းရဲစခမ်းမှာ
လူပျောက်အမှတ်-၁၃/၂၀၁၃ နဲ့  အမှုဖွင့်တိုင်ကြားတယ် ။ ခုချိန်ထိ
သတင်းအစအန မသိရသေးဘူးလို့  ကိုရဲမင်းဦးပျောက်ဆုံးနေမှုနဲ့  ပါတ်သက်လို့ 
စိုးရိမ်နေကြတဲ့  မိသားစုဝင်တွေက ပြောပါတယ်။ ဒီပြသနာကို ကျွန်တော်တို့ 
အနီးကပ်စောင့်ကြည့် လေ့လာနေတယ် ။
     ဗဟန်းမြို့ နယ် ဆိုတာ မဟာရန်ကုန်မြို့ လယ်ဖြစ်တယ် ။ ဒီလိုမြို
့လယ်မှာ လူတယောက်ကို ခေါ်ယူပြီး ဘယ်နေရာမှာ ထားတယ်ဆိုတာ
မသိနိုင်လောက်အောင် ဖြစ်နေပြီဆိုရင် ဒါဟာပြန်ပေးဆွဲသမားတွေရဲ့ 
လုပ်ရပ်ဖြစ်တယ် ။ -၂၄-နာရီထိ ကျော်သွားလို့  စုံစမ်းလို့ မရတဲ့ အခါ
ကိုရဲမင်းဦးရဲ့  အသက်အန္တရယ်ကို စိုးရိမ်စရာ ဖြစ်လာရပြီ ။ဒီလိုဆိုရင်
လူသတ်ခံလိုက်ရပြီလို့  ပြောလို့ ရလာပြီ်ဖြစ်တယ် ။ တချိန်တည်းမှာဘဲ
လူသတ်အလောင်း ဖျောက်လိုက်တာဘဲ ဖြစ်နိုင်တယ် ။ ဒါတွေက ကွင်းဆက်စဉ်းစား
တွေးခေါ်တာဖြစ်တယ် ။
  ရန်ကုန်တိုင်းဝန်ကြီးချုပ်က တနေ့ က ခုလတ်တလောဖြစ်နေတဲ့ 
အကြမ်းဖက်ပဋိပက္ခတွေနဲ့  ပါတ်သက်လို့  နိုင်ငံရေးပါတီများကို ခေါ်ယူပြီး
နယ်မြေငြိမ်းချမ်းရေးကို ဦးတည်တဲ့  ဆွေးနွေးပွဲ အစည်းအဝေး တခုလုပ်ခဲ
့သေးတယ် ။ ခုတော့ ရန်ကုန်တိုင်းဗဟန်းမြို့ နယ်မှာ လူတယောက်ကို ခေါ်ယူပြီး
လူသတ် အလောင်းဖျောက်လိုက်တာဟာ အကြမ်းဖက်ပြန်ပေးသမားတွေရဲ့ 
လက်ချက်ဖြစ်နေတာမို့  ရန်ကုန်တိုင်းဝန်ကြီးချုပ်က အလျင်စလို ဆောင်ရွက်ရမဲ
့ ပြသနာဖြစ်တယ်။ ဒီကိစ္စကို ဘာဖြစ်လို့  မဆောင်ရွက်သေးတာလဲ ဆိုတာကိုဘဲ
ဦးတည်ပြောရမှာဖြစ်တယ် ။
    ဗဟန်းရဲစခမ်းက ဖုံးဆက်ပြီး အဆက်အသွယ်လုပ်တာသိပေမဲ့ 
ဗဟန်းရဲစခမ်းမှာဘဲ လူပျောက်တိုင်ထားတဲ့ အဆင့်ဘဲ ရှိနေသေးတာတွေ့ ရတယ် ။
တကယ်လို့  နောက်တကြိမ်အမှုဖွင့်တိုင်ကြားရရင် လူသတ်အလောင်းဖျောက်အမှုနဲ့ 
တိုင်ကြားရတော့မယ်ဖြစ်တယ် ။ ကျေင်းသားသမ္မဂဖြစ်မြောက်ရေးကော်မီတီ
အတွင်းရေးမှူး ကိုရဲမင်းဦးဟာ ဒီကနေ့ ဖြစ်နေတဲ့  မိတ္ထိလာအရေးအခင်းနဲ့ လဲ
ဘာမှ မပါတ်သက်သလို အခြားဆက်ဖြစ်လာတဲ့  ပြသနာတွေနဲ့ လဲ ဆက်နွယ်ပတ်သက်နေသူ
မဟုတ်ဘူးဆိုတာ သေချာပေါက်ပြောနိုင်တယ် ။ ထပ်မံပြီး
သေချာပေါက်ပြောနိုင်တာကတော့ အခုဖြစ်နေတဲ့  ပဋိပက္ခတွေကို ကြောက်လန်
့သွားအောင် ယခင်က လုပ်ခဲ့ တဲ့  စစ်အစိုးရရဲ့  ညဉ်အတိုင်း ကျောင်းသားသမ္မဂက
အရေးပါသူတဦးကို ဖမ်းဆီးထားလိုက်မယ်ဆိုရင်တော့ ဒါဟာကြီးမားတဲ့ 
စိန်ခေါ်မှုအမှားဘဲ ဖြစ်လိမ့်မယ် ။ အခုအစိုးရဟာ စစ်အစိုးရမဟုတ်ဘူးဆိုတာ
သက်သေပြဖို့  အချက်အလက်တခုအနေနဲ့  မှားနေတယ် ဆိုတာကို လက်ခံထားတယ်  ။
     ဘာမှမပါတ်သက်တဲ့  ကိုရဲမင်းဦးဟာ နိုင်ငံရေးလုပ်ကြံခံရတဲ့ 
နိုင်ငံရေးသားကောင်အဖြစ် အသုံးချမယ်ဆိုရင်တော့ အဲဒီတွက်ချက်မှုဟာ
လုံးဝဥသုံမှားယွင်းတယ်ဆိုတာ ပြောရပါလိမ့်မယ် ။  ဗုဒ္ဒဘာသာဝင်
လူမျိုးတဦးကို အခုလို အကြမ်းဖက်ပဋိပက္ခ ဖြစ်နေချိန်မှာ ဖမ်းဆီးခြင်း၊
လူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်း ၊ အလောင်းဖျောက်ခြင်း၊ ပြုလုပ်ကြတာဟာ
လူယဉ်ကျေးများအဖို့  အကြီးအကျယ် ထိပ်လန့် စိုးရိမ်စရာဖြစ်တယ် ။
ဗုဒ္ဒဘာသာကိုးကွယ်တဲ့ နိုင်ငံမှာ ဗုဒ္ဒမြတ်စွာဘုရားရဲ့ 
ရုပ်ထုတော်-စေတီပုထိုးပုံတော်-ပန်းချီကားချပ်-ဗုဒ္ဒရဲ့  မိန့် ဆိုချက်များ
စာတမ်း-လက်ကမ်းစာရွက်-ဗုဒ္ဒအမှတ်အသား-ဗုဒ္ဒဘာသာနဲ့ ပါတ်သက်တဲ့ 
မည်သည့်အမှတ်အသား မည်သည့်အလံကိုမဆို ဖြန့် ချှီခြင်း၊
နိုးဆော်ခြင်း၊လက်ဝယ်သုံးစွဲခြင်း၊ ကြော်ငြာခြင်းများကို မြန်မာနိုင်ငံ
ဗုဒ္ဒဘာသာ ကိုးကွယ်ယုံကြည်သူတိုင်းဟာ ဆောင်ရွက်ပြုလုပ်ပိုင်ခွင့်ရှိတယ် ။
ဘယ်သူမှ တားဆီးပိတ်ပင်ခွင့်မရှိဘူး။ ဒါဟာမြန်မာနိုင်ငံရဲ့ -၂၀၀၈-ခုနှစ်
နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တရားဝင်
ဖွင့်ဆိုပြဋ္ဌန်းထားတယ် ။ မြန်မာနိုင်ငံမှာ မိမိတို့ ယုံကြည်သည့် ဘာသာကို
လွပ်လပ်စွာကိုးကွယ်ခွင့် ရှိသည်ဆိုတာ ဖေါ်ပြထားတာရှိတယ် ။
    အကယ်၍-၉၆၉- အမှတ်အသားပါ စာရွက်စာတမ်းများကို သုံးစွဲဖို့ 
sအခုအချိန်မှာ ဦးဆောင်လှုပ်ရှားနေရင်တောင်မှ ဒီအကြောင်းအရာနဲ့ လောက်တော့
ခုလိုဖမ်းဆီး ပြန်ပေးဆွဲ- အလောင်းဖျောက်တာမျိုး မပြုလုပ်ရဘူးလို့ 
ပြောချင်တယ် ။ ဒါက ဥပမာပေး ပြောတာ ဖြစ်တယ် ။ ဘယ်သူမဆို-၉၆၉-ကို
ဆောင်ရွက်လုပ်ပိုင်နိုင်ခွင့်ရှိတယ် ဆိုတာကို ဥပဒေကပြဋ္ဌန်းထားရှိတယ် ဆိုတာ
ပြောတာဖြစ်တယ် ။ ကျွန်တော်ပြောနေတာက လူတွေခေါ်သွားတယ် ။ ခေါ်သွားတဲ့  လူ
ဘယ်သူမဆို သိတယ် ။ အချိန်တန်လို့  ပြန်မရောက်လာဘူး၊ ဒါကိုစုံစမ်းတော့
ပျောက်နေတယ် ။ ဒီတော့ အမှုဖွင့်ရတယ် ။ ဒီလိုဟာမျိုးဖြစ်နေလို့ 
ပြန်ပေးဆွဲ-လူသတ်-အလောင်းဖျောက်မှုလို့  ကျွန်တော်က ခေါင်းစဉ်တပ်
ပြောရတာဖြစ်တယ် ။ တကယ်လို့  အဲဒီလိုမှ မဟုတ်ရင် ပွင့်လင်းမြင်သာမှု
လုပ်ပေးရမယ် ။ ပွင့်လင်းမြင်သာမှု မရှိလို့  ပြောရ ရေးရ
စွပ်စွဲရတာဖြစ်တယ် ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဒီကိစ္စကို အရေးယူတာဝန်ခံ
ဖြေရှင်းပေးဖို့ လိုတယ် ။ ပဋိပက္ခကြမ်းဖက်ခြင်းများကို ပျောက်ကွယ်အောင်
ငြိမ်သက်အောင် ပြုလုပ်ပေးမဲ့ အစား ပဋိပက္ခတွေ -ဆက်လက်ဖြစ်ပွါးအောင်
မဖန်တီးပေးကြပါနဲ့ လို့  သက်ဆိုင်သူများအားလုံးကို ပြောချင်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

မင်းသမီးကြီးဒေါ်နှင်းဆီကွယ်လွန်

Zin Wyne's photo.

လိုက်ပါပို့ဆောင်ပေးကြပါရန်..

      ကွယ်လွန်သူမင်းသမီးကြီးအမေ
ဒေါ်နှင်းဆီရဲ့ကျန်ရစ်သောရုပ်ကလပ်ကို
(27.3.2013)နေ့ညနေ(5:00)နာရီမှာ
ရေဝေးသုသာန်မှာသင်္ဂြိုမှာဖြစ်ပါတယ်..
    ရုပ်ရှင်လောကသားများလိုက်ပါပို့
ဆောင်နိုင်ရန်အသိပေးအပ်ပါတယ်,
    အမေ့အတွက်အစည်းအရုံးမှနာရေး
ကူငွေခြောက်သောင်းကျပ်နဲ့အလှုရှင်တ
ဦးမှကူငွေတသိန်းကျပ်..စုစုပေါင်းတစ်
သိန်းခြောက်သောင်းကျပ်ကိုကျန်ရစ်သူမိသားစုထံပေးလှုပြီးဖြစ်ပါတယ်,.
   အမေကောင်းရာသုဂတိလားပါစေ..
်
လိုက်ပါပို့ဆောင်ပေးကြပါရန်..

ကွယ်လွန်သူမင်းသမီးကြီးအမေ
ဒေါ်နှင်းဆီရဲ့ကျန်ရစ်သောရုပ်ကလပ်ကို
(27.3.2013)နေ့ညနေ(5:00)နာရီမှာ
... ရေဝေးသုသာန်မှာသင်္ဂြိုလ်မှာဖြစ်ပါတယ်..
ရုပ်ရှင်လောကသားများလိုက်ပါပို့
ဆောင်နိုင်ရန်အသိပေးအပ်ပါတယ်,
အမေ့အတွက်အစည်းအရုံးမှနာရေး
ကူငွေခြောက်သောင်းကျပ်နဲ့အလှုရှင်တ
ဦးမှကူငွေတသိန်းကျပ်..စုစုပေါင်းတစ်
သိန်းခြောက်သောင်းကျပ်ကိုကျန်ရစ
သူမိသားစုထံပေးလှုပြီးဖြစ်ပါတယ်,.
အမေကောင်းရာသုဂတိလားပါစေ..

ဆိပ်ကမ်းရောက် ကုန်သေတ္တာများ စစ်ဆေးသော ပုံစံပြောင်းလဲ



 7Day News Journal's photo.



ရန်ကုန်၊ မတ်-၂၁

အကောက်ခွန်ဦးစီးဌာန ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကုန်သေတ္တာများကို တစ်လုံးချင်း ဖွင့်ဖောက်စစ...်ဆေးသောစနစ် မပြုလုပ်တော့ဘဲ မဲနှိုက်စစ်ဆေးသောစနစ် ပြောင်းလဲကျင့်သုံးနေကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

ကုန်သေတ္တာများ စစ်ဆေးရာတွင် ယခင်က တစ်လုံးချင်း ဖွင့်ဖောက်စစ်ဆေးခဲ့ပြီး ယခု မဲနှိုက်စစ်ဆေးသော စနစ်အရ ကုန်သေတ္တာ ၁၀ လုံးလျှင် တစ်လုံးကို X-Ray ဖြင့် စစ်ဆေးပြီး နှစ်လုံးကို အလုံးစုံ ဖွင့်ဖောက်စစ်ဆေးသည်။
ကျန်ခုနစ်လုံးအားစစ်ဆေးခြင်း မရှိတော့ကြောင်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

“အခု ဒီ Risk Management (စွန့်စားစီမံခန့်ခွဲမှု) စနစ်ကို အေးရှားဝေါလ် ဆိပ်ကမ်းနဲ့ အမ်အိုင်ပီ (မြန်မာ့စက်မှုဆိပ်ကမ်း) မှာစပြီး အသုံးပြုနေပါပြီ” ဟု အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်စိန်က ပြောကြားသည်။

ယခုကဲ့သို့ အကောက်ခွန် ဦးစီးဌာနက ဖြေလျှော့ပေးလိုက်သောကြောင့် ဆိပ်ကမ်းများတွင် ကုန်သေတ္တာသယ်ကားများ ကျပ်တည်းမှု မရှိတော့ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဒါက အကောက်ခွန်ရဲ့ အကြီးမားဆုံး ဖြေလျှော့မှုပါပဲ” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာတွင် အသုံးပြုနေသော Risk Mangement (စွန့်စားစီမံခန့်ခွဲမှု) စနစ်သည် ကုန်သေတ္တာတင်ပို့သော ကုမ္ပဏီ၏ နာမည်ကျော် ရှိ၊ မရှိကို ကြည့်ခြင်း၊ ကုန်သေတ္တာတွင်ပါသော ပစ္စည်းမှာ အလွယ်တကူ စစ်ဆေးရသော ပစ္စည်းများဖြစ်ခြင်း၊ အမျိုးအမည် နည်းသော ပစ္စည်းများဖြစ်ခြင်းတို့ကိုကြည့်၍ ကျင့်သုံးခြင်းဖြစ်သည်။

ယင်းစနစ်ကို အကောက်ခွန်ဦးစီးဌာနက မတ်လ ၄ ရက်မှ စတင်အသုံးပြုနေခြင်း ဖြစ်သည်။

မြောက်ကိုရီးယားထက်မိုက်တယ်....ကားဘီး.....

"မိတ္ထီလာဒုက္ခသည်များအရေး အမေရိကန်အစိုးရ ဒေါ်လာတစ်သိန်းထောက်ပံ့မည်"




Popular Myanmar News Journal

ရန်ကုန်၊ မတ် ၂၆

မိတ္ထီလာမြို့နယ်နှင့် အနီးဒေသ များတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သောပဋိပက္ခကြောင့် ဒဏ်ခံရသည့် ဒုက္ခသည်များအတွက် အမေရိကန်အစိုးရက ဒေါ်လာတစ်သိန်း ထောက်ပံ့ လှူဒါန်းမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်က ထုတ်ပြန်လိုက်သည်။
...
မိတ္ထီလာမြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် မတ်လ ၂ဝရက်နေ့မှ စ၍ သုံးရက်ကြာဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသောဒုက္ခသည် တစ်သောင်းခန့်ရှိနေရာအရေးပေါ်ကယ်ဆယ်ရေး အတွက်အမေရိကန်အစိုးရက ကန် ဒေါ်လာတစ်သိန်း ထောက်ပံ့မည်ဟု ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ပဋိပက္ခဒဏ် ခံစားခဲ့ရသော ဒုက္ခသည်များအတွက်စောင်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပလတ်စတစ်အိပ်ရာခင်းများအပြင် နေရပ်စွန့်ခွာနေရသူများအတွက် သန့်ရှင်းသော ရေနှင့် ကျန်းမာရေး အထောက်အပံ့ပေးရာတွင် အဆိုပါ လှူဒါန်းငွေကို အသုံးပြုသွားမည် ဟု သိရသည်။

''အစိုးရအနေနဲ့ အခြေအနေ တွေ ပြန်လည်တည်ငြိမ်ဖို့၊ အပြစ် ရှိတဲ့သူတွေကိုဥပဒေအတိုင်း အရေး ယူဖို့နဲ့ ဒုက္ခသည်တွေရဲ့လိုအပ်ချက် ကိုဖြည့်ဆည်းပေးဖို့ ကတိကဝတ်ပြု တာကို ကြိုဆိုပါတယ်''ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ ဒဲရစ်မစ်ချယ်လ်က ဆူပူအကြမ်းဖက်မှုများ ရပ်တန့် ရေး၊ အခြားဒေသများသို့ ပျံ့နှံ့ မသွားစေရေး၊ လူ့အဖွဲ့အစည်း နှစ်ခုအကြား အပြန်အလှန် နား လည်မှုနှင့်ယုံကြည်မှု တည်ဆောက် ရေးအတွက်ဘာသာရေး ခေါင်း ဆောင်များနှင့် နိုင်ငံသားများက တစ်စည်းတစ်ရုံးတည်း လုပ်ဆောင် နေခြင်းကို အားပေးထောက်ခံ သည်ဟု ဆိုသည်။

ထို့အပြင် အမေရိကန်သံရုံး အနေဖြင့်ဆွေးနွေးမှုများ၊ အပြန်အ လှန်နားလည်မှုနှင့် လေးစားချစ်ခင် မှု တည်ဆောက်ရေးများအတွက် ဆက်လက်ထောက်ပံ့မှု ပြုသွား မည်ဟု ဆိုထားသည်။

ကလေးသူငယ်များအတွက် ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းတော့မည်

a photo.
ကလေးသူငယ်များအတွက် ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းတော့မည်

ရန်ကုန်၊ မတ် - ၂၄

အရွယ်မရောက်သေးသော ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ မတော်မတရားပြုမူခြင်း၊ လျစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန် ဧပြီလ ၁ ရက်မှ စတင်၍ ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းသွားမည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

“အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ အခုနှစ် ဇန်န၀ါရီ ၂၄ ရက် စတင်ပြီး နိုင်ငံတော်က ဖွဲ့စည်းခွင့်ပြုခဲ့တာပါ” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (အဖွဲ့မှူး) ဒုတိယရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။

ကလေးသူငယ် ကာကွယ်ရေးတပ်ဖွဲ့တွင် တပ်စုသုံးခုပါဝင်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များ၌  ထားရှိသွားမည် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း စွန့်ပစ်ခံရသူ ကလေးသူငယ် ၆၈ ဦးရှိပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ လူကုန်ကူးခံရသူ ကလေးငယ် ၅၅ ဦးအထိရှိခဲ့သည်။

“သက်သေအထောက်အထားမရှိဘဲ လူကုန်ကူးခံနေရတဲ့ ကလေးသူငယ်တွေ အများကြီးရှိနေပါသေးတယ်။ အခုလို ကလေးတွေအတွက် သီးသန့်တပ်ဖွဲ့ ဖွဲ့စည်းပေးထားရင်တော့ ပြင်ပ အဖွဲ့အစည်းတွေအနေနဲ့ ရဲတပ်ဖွဲ့နဲ့ ပိုပြီး ပူးပေါင်းနိုင်မှာပါ” ဟု မြို့နယ်အခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (လှိုင်သာယာ) တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ကိုကျော်စွာလင်းက ပြောသည်။

ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မှုခင်းဆိုင်ရာများကို လေ့လာရန်နှင့် ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းရန် ယခုလ ၁၉ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသော ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မှုခင်းများဆိုင်ရာ အရှေ့တောင်အာရှအင်တာပို ကျွမ်းကျင်သူများ လုပ်ငန်းအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ခဲ့သည်။

ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသည့် မည်သူ့ကိုမဆို ကလေးအဖြစ် သတ်မှတ်ထားသည်ဟု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်တွင် ပါရှိသည်။ မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေကို     ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံကလေးသူငယ်ဥပဒေ၊ နည်းဥပဒေများကို ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ဆက်လက်ထုတ်ပြန်ခဲ့သည်။


ရန်ကုန်၊ မတ် - ၂၄

အရွယ်မရောက်သေးသော ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ မတော်မတရားပြုမူခြင်း၊ လျစ်လျူရှုခြင်...းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန် ဧပြီလ ၁ ရက်မှ စတင်၍ ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းသွားမည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

“အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ အခုနှစ် ဇန်န၀ါရီ ၂၄ ရက် စတင်ပြီး နိုင်ငံတော်က ဖွဲ့စည်းခွင့်ပြုခဲ့တာပါ” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (အဖွဲ့မှူး) ဒုတိယရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။

ကလေးသူငယ် ကာကွယ်ရေးတပ်ဖွဲ့တွင် တပ်စုသုံးခုပါဝင်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များ၌ ထားရှိသွားမည် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း စွန့်ပစ်ခံရသူ ကလေးသူငယ် ၆၈ ဦးရှိပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ လူကုန်ကူးခံရသူ ကလေးငယ် ၅၅ ဦးအထိရှိခဲ့သည်။

“သက်သေအထောက်အထားမရှိဘဲ လူကုန်ကူးခံနေရတဲ့ ကလေးသူငယ်တွေ အများကြီးရှိနေပါသေးတယ်။ အခုလို ကလေးတွေအတွက် သီးသန့်တပ်ဖွဲ့ ဖွဲ့စည်းပေးထားရင်တော့ ပြင်ပ အဖွဲ့အစည်းတွေအနေနဲ့ ရဲတပ်ဖွဲ့နဲ့ ပိုပြီး ပူးပေါင်းနိုင်မှာပါ” ဟု မြို့နယ်အခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (လှိုင်သာယာ) တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ကိုကျော်စွာလင်းက ပြောသည်။

ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မှုခင်းဆိုင်ရာများကို လေ့လာရန်နှင့် ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းရန် ယခုလ ၁၉ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသော ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မှုခင်းများဆိုင်ရာ အရှေ့တောင်အာရှအင်တာပို ကျွမ်းကျင်သူများ လုပ်ငန်းအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ခဲ့သည်။

ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသည့် မည်သူ့ကိုမဆို ကလေးအဖြစ် သတ်မှတ်ထားသည်ဟု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်တွင် ပါရှိသည်။ မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံကလေးသူငယ်ဥပဒေ၊ နည်းဥပဒေများကို ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ဆက်လက်ထုတ်ပြန်ခဲ့သည်။

တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်

Ye Htut
စစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်